လိပ်ပြာခွဲတဲ့နေ့(စ/ဆုံး)

Unicode Version

လိပ်ပြာခွဲတဲ့နေ့(စ/ဆုံး)
—————————-
[ရေးသားသူ_အောင်ဓူဝံ]
+++++++++++++++++
“ကိုအောင်ကျော်
ရှင်အရက်သောက်တာလျှော့လို့
မရတော့ဘူးလား’
“ငါ့ပါးစပ်နဲ့ငါသောက်တာ
ဘယ်သူ့ဂရုစိုက်နေရမှာလဲ မသန်းအေးရ
“ဘယ်သူ့ကိုဂရုစိုက်ရမယ်လို့
ပြောနေတာမဟုတ်ဘူး၊မကြာခင်
ကျွန်မလည်းမွေးရဖွားရတော့မယ်။
မကြာခင်ရှင်လည်းကလေးဖအေဖြစ်
တော့မယ်လေ၊ဒါကြောင့်အရက်ကို
ဖြစ်နိုင်ရင်မသောက်ဖို့ပြောနေတာ။
ရှင်ကတခြားလူတွေလိုမဟုတ်ဘူး
မူးလာရင်သွေးဆိုးတယ်၊ရမ်းကားတယ်
ဒီလိုလုပ်နေရင်နောင်လာမယ့်
အိမ်ထောင်ရေးကဘယ်လိုလုပ် သာယာနိုင်ပါတော့မလဲရှင်.”
“ဟ…ငါကမင်းကိုရိုက်နှက်နှိပ်စက်နေလို့လား.
ငါမင်းကိုဝမ်းဝအောင်ရှာကျွေးနေတာ လူတိုင်းအသိပဲ၊ငါပင်ပန်းလို့အရက်သောက်တာ
ငါဘယ်သူ့ကိုဂရုစိုက်နေရမှာလဲကွာ”
“ရှင်ကပြောလေကဲလေပဲ
ဘယ်တော့ဖြစ်ဖြစ်ကျွန်မပြောရင်
နားမထောင်ဘူး။
အကယ်၍ကျွန်မသေသွားခဲ့ရင်တောင်
ကျွန်မကလေးကိုရှင်နဲ့ထားခဲ့ရမှာ
စိတ်မဖြောင့်ပါဘူးတော်”
“ဟာဒီမိန်းမ ဗိုက်ကြီးကြီးနဲ့
မပြောကောင်းမဆိုကောင်းကွာ”
မသန်းအေးနဲ့ကိုအောင်ကျော်တို့
လင်မယားနှစ်ယောက် တစ်ဦးနဲ့တစ်ဦး
ကတောက်ကဆဖြစ်ကာစကားများနေ
ကြလေတယ်။
ကိုအောင်ကျော်နဲ့မသန်းအေးက
အသက်ကြီးမှအိမ်ထောင်ကျကြပြီး
အိမ်ထောင်သက်၄နှစ်ကျော်မှ
ပထမဆုံးသောရင်သွေးလေးအား
ရရှိထားခြင်းဖြစ်ပါတယ်။
ကိုအောင်ကျော်ကပန်းရံလုပ်ပြီး
ဇနီးသည်မသန်းအေးအားရှာဖွေ
ကျွေးမွေးလေတယ်၊ကိုအောင်ကျော်က
အလုပ်ပင်ပန်းသည်ဟုဆိုကာ
အရက်ကလေးအားညစဉ်ညတိုင်း
သောက်တတ်ပါတယ်။
အဲသလိုညစဉ်ညတိုင်းအရက်တွေ
သောက်ပြီးမူးရူးကာပတ်ဝန်းကျင်အား
ရမ်းတဲ့ဒဏ်တွေကိုမသန်းအေး တစ်ယောက်မခံနိုင်ဖြစ်ရပါတော့တယ်။
မသန်းအေးကနာမည်နဲ့လိုက်အောင်
အေးသူတစ်ယောက်ဖြစ်ပါတယ်။
ထို့ကြောင့်မည်သူနဲ့မှလည်းစကားများ
ပြဿနာဖြစ်ခြင်းမရှိခဲ့ပေ။
ယခုမူအရက်သောက်တတ်သည့်
ခင်ပွန်းသည်အားအရက်မသောက်ရန်
ပြောဆိုရင်းစကားများနေရပါတော့တယ်
=================
“အမယ်လေး ဗိုက်နာလိုက်တာ
ကိုအောင်ကျော် ကိုအောင်ကျော်
ကျွန်မဗိုက်နာနေပြီ မွေးတော့မယ်နဲ့
တူတယ် ကိုအောင်ကျော်’
မသန်းအေးတစ်ယောက် ခင်ပွန်းဖြစ်သူအားအော်ခေါ်နေပေမယ့်
ကိုအောင်ကျော်မှာအိမ်မှာရှိမနေပဲ
အရက်ဆိုက်၌အရက်သောက်ရင်း
အချိန်ဖြုန်းနေပါတယ်။
အိမ်ကြီးထဲ၌ မသန်းအေးတစ်ယောက်တည်းသာ
ရှိနေပါတယ်။
မသန်းအေးလည်းနာကြင်သည့်ဝေဒနာ
အားကြိတ်မှိတ်ခံစားရင်း ပတ်ဝန်းကျင်အား အကူအညီတောင်းရပါတော့တယ်။
အချိန်ကလည်းည၈နာရီခန့် ရှိပြီဖြစ်သည့်အတွက် မသန်းအေးတစ်ယောက် ကြောက်စိတ်ဖြစ်ခြင်း၊အားငယ်ခြင်းများ
ဖြစ်ကာမျက်ရည်များပင်ကျလာပါတော့
တယ်။
မသန်းအေးရဲ့အကူအညီတောင်းသံအား
ပတ်ဝန်းကျင်မှကြားသိကာ
မသန်းအေးထံသို့အပြေးအလွှား
ရောက်လာကြပါတော့တယ်၊
ထိုအခါမသန်းအေးကသူနှင့်အစ်မတော်စပ်သူမသီတာအားခေါ်ပေးရန်
ပြောသဖြင့်အိမ်နီးချင်းတစ်ယောက်က
မသီတာအားခေါ်ပေးလိုက်လေတယ်။
မသီတာလည်းညကြီးအချိန်မတော်
ရပ်ကွက်အတွင်းမှဆိုက်ကားအား
ငှားကာဆေးရုံသို့ ညီမဖြစ်သူအား
ခေါ်လာပါတော့တယ်။
အိမ်နီးချင်းများကမသန်းအေးမီးဖွား
တော့မည့်အကြောင်းအား အရက်ဆိုင်မှာ
ရှိနေသည့်ကိုအောင်ကျော်အား
သွားရောက်အသိပေးလိုက်ကြပါတယ်။
သို့ပေမယ့် အိုးကမပူစလောင်းကပူ
ဆိုသည့်စကားအတိုင်း ကိုအောင်ကျော်မှာ အရက်သောက်ပင်
မပျက်ခဲ့ပေ။
ဆေးရုံပေါ်တွင်တော့ မသန်းအေး
တစ်ယောက်ကလေးမီးဖွားရန်အတွက်
လုံးပန်းနေရပါတော့တယ်။
“လူနာရှင် လူနာရှင်ရှိပါသလား”
“ဟုတ် ကျွန်မမွေးလူနာသန်းအေးရဲ့
အစ်မပါ ဒေါက်တာ”
“မသန်းအေး မွေးပြီးပါပြီ
ကလေးကမိန်းကလေးပါ။
ဒါပေမယ့်လူကြီးရဲ့ကျန်းမာရေးကတော့
သိပ်ပြီးအားမရဘူး၊ဒါနဲ့မွေးလူနာရဲ့
ခင်ပွန်းရောပါလာသလား”
“ဟို ဟို သူအလုပ္မအားလို့
လိုက်မလာနိုင်တာပါ ဒေါက်တာ”
“ဒီလိုမွေးခါနီးဖွားခါနီးအချိန်ရောက်တာ
တောင်မှမအားရအောင်သူကဘာအလုပ်
တွေများလုပ်နေသလဲရှင်”
ဆရာဝန်ကြီးကမွေးလူနာ၏
ကိုယ်စားဒေါသဖြစ်ကာပြောလိုက်ခြင်း
ဖြစ်ပါတယ်။
မသန်းအေးတစ်ယောက်သမီးလေးအား
အောင်မြင်စွာမွေးဖွားပြီးသွားပေမယ့်
ခင်ပွန်းသည်ကတော့ယခုထိဆေးရုံသို့
ရောက်မလာခဲ့ချေ။
မသန်းအေးလည်းခင်ပွန်းသည်အား
နာကျည်းခြင်းများဖြင့်မျက်ရည်များ
ကျဆင်းလာပါတော့တယ်.
“ညီမလေး ညည်းကျန်းမာရေးကို
ဂရုစိုက် ဟိုကောင်ကိုခေါင်းထဲထည့်ပြီး
စဉ်းစားမနေနဲ့ ညည်းပဲရောဂါရလိမ့်မယ်
ဒေါက်တာကပြောတယ် ညည်းကျန်းမာရေးကိုသိပ်အားမရဘူးတဲ့
ဒါကြောင့်ကိုယ့်ဟာကိုယ်အားရှိအောင်
နေထိုင်ပါ ငါ့ညီမ။
ငါ့ညီမနားမှာအစ်မတစ်ယောက်လုံးရှိ
တယ်”
“ညီမလေးသူ့ကိုနာကျည်းလွန်းလို့ပါ
အစ်မရယ် ကိုယ့်ရဲ့ပထမဆုံးကလေး
တစ်ယောက်ဖွားမြင်တာကိုတောင်
လာမကြည့်နိုင်ရအောင် အရက်လောက်
ညီမလေးမီးဖွားတာကအရေးမပါလို့လား
အရက်လောက်ညီမကိုတန်ဖိုးမထား
တာလား၊ညီမကိုမငဲ့ရင်တောင် မွေးလာတဲ့ကလေးကိုတော့
သူလာပြီးကြည့်သင့်တာပေါ့အစ်မရယ်”
“သြော် အစ်မပြောပြီးပြီပဲညီမလေးရဲ့
ညီမလေးနားမှာဘယ်သူမှမရှိရင်နေ
အစ်မတစ်ယောက်လုံးရှိတယ်
ဘာမှစိတ်အားမငယ်နဲ့ကြားလား”
“ဟုတ်အစ်မ
အစ်မရှိလို့သာပေါ့ရှင်၊မဟုတ်ရင်
ညီမလေးမွေးခန်းထဲမှာပဲ အားငယ်ပြီး
သေမလားအောင့်မေ့ရတယ်။
“အို… ညီမလေးကလည်း
ဘာတွေလျှောက်တွေးနေတာလဲ
အခုညည်းမှာသမီးလေးလည်းရှိနေပြီ
အစ်မကြီးလည်းညည်းအနားမှာ
ရှိနေတာပဲမလား။
ဘာမှစိတ်ဓာတ်မကျနဲ့ ကြားလား”
“ဟုတ်အစ်မ”
မသန်းအေးဆေးရုံမှဆင်းသည့်
တိုင်အောင်ကိုအောင်ကျော်တစ်ယောက်
မသန်းအေးထံသို့ရောက်မလာခဲ့ပေ။
ထို့ကြောင့်မသန်းအေးလည်း
အိမ်ပြန်ရောက်ကတည်းက
ကိုအောင်ကျော်အားစကားတစ်ခွန်းမှ
မပြောပဲနေနေလိုက်တယ်။
အစ်မဖြစ်သူမသီတာကတော့
အားရင်အားသလိုညီမဖြစ်သူထံ
ရောက်လာကာပြုစုလုပ်ကိုင်ပေးရှာ
တယ်။
ကလေးအနှီးလျှော်တာဖွတ်တာ
မသန်းအေး၏အဝတ်အစားကအစ
မသီတာကပဲဒိုင်ခံလျှော်ဖွတ်လဲလှယ်
ပေးလေတယ်။
ကိုအောင်ကျော်ကတော့
မသန်းအေးအားဂရုစိုက်ဖို့နေနေသာသာ
သူမွေးထားသည့်ကလေးကိုပင်
အရေးတယူလုပ်ပြီးမကြည့်ပေ။
ထို့ကြောင့်မသန်းအေးလည်း
ကိုကျော်အောင်အားမုန်းတီးသထက်
မုန်းလာခဲ့ပါတော့တယ်။
ကလေးမီးဖွားပြီး၇ရက်မြောက်သည့်ညတွင်တော့မသန်းအေးတစ်ယောက်
အတွင်းကြောများတက်ကာ
သတိလစ်သွားလေတယ်။
ကိုအောင်ကျော်လည်းထိုအခါမှ
ပြာပြာသလဲဖြစ်ကာဘာလုပ်လို့
ဘာကိုင်ရမှန်းမသိပဲဖြစ်နေပါတော့တယ်
ထို့ကြောင့်မသန်းအေး၏အစ်မမသီတာကိုပြေးပြီးခေါ်လိုက်ပါတယ်။
မသီတာကညီမဖြစ်သူမသန်းအေးအား
တတ်ကျွမ်းသလောက်ပြုစုလုပ်ကိုင်
ပေးပေမယ့် ညသန်းခေါင်လောက်တွင်
တော့လူ့လောကထဲမှ မသန်းအေး
တစ်ယောက်ထွက်ခွာသွားပါတော့တယ်။
မသီတာလည်းညီမဖြစ်သူအတွက်
ယူကျုံးမရဖြစ်ပြီးငိုချလိုက်ပါတော့တယ်
ကိုအောင်ကျော်လည်းအသိစိတ်ကင်းမဲ့
သွားသည့်အလားငူငူကြီးထိုင်နေလေ
တယ်။
မသီတာ၏ငိုသံအားကြားသိသော
အိမ်နီးချင်းများကအိမ်ထဲဝင်လာကြပြီး
မသန်းအေးရဲ့အလောင်းအားညတွင်း
ချင်းပင်ပြင်ဆင်လိုက်ကြပါတယ်။
မသန်းအေးသေရသည်မှာ
ကိုအောင်ကျော်ကြောင့်ဟုအားလုံးက
စွပ်စွဲပြောဆိုကြပါတော့တယ်။
ကိုအောင်ကျော်လည်းမိမိလုပ်ရက်များကိုနောင်တအကြီးအကျယ်ရကာ
အများပြောသမျှခါးစည်းခဲရပါတော့
တယ်။
မနက်လင်းသည်နှင့်မသီတစ်ယောက်
အသက်ခပ်ကြီးကြီးအမျိုးသမီးတစ်ဦး
အားနာရေးအိမ်သို့ခေါ်လာခဲ့တယ်။
ထိုမိန်းမကြီး၏လက်ထဲ၌ အရွယ်အစား
ခပ်သေးသေးချိန်ခွင်တစ်ခုလည်းပါလာ
ပါတယ်။
“ဒေါ်ကြီးဆွေ လုပ်စရာရှိတာလုပ်ပါ”
မသီတာကဒေါ်ကြီးဆွေဆိုသည့်
မိန်းမကြီးအားလုပ်စရာရှိတာလုပ်ပါဟု
ပြောလိုက်တော့ ဒေါ်ကြီးဆွေဆိုသည့်
မိန်းမကြီးလည်း မသန်းအေး၏
အလောင်းနား၌ချိန်ခွင်ကိုချိတ်ဆွဲလိုက်
ပါတော့တယ်။
ပြီးနောက်လက်ထဲမှဝါဂွမ်းစအနည်းငယ်ကိုယူကာချိန်ခွင်၏တစ်ဖက်၌ထည့်ပြီး
“သန်းအေးရေ ဒါကနင်”
ဒေါ်ကြီးဆွေကနောက်ထပ်
ချိန်ခွင်တစ်ဖက်တွင်လည်းတူညီသည့်
ဝါဂွမ်းစအနည်းငယ်အားထည့်ကာ
“ဒါက အောင်ကျော်”
တူညီသောဝါဂွမ်းစများကြောင့်
ချိန်ခွင်ဟာဘယ်ဘက်မှတိမ်းစောင်း
မနေပဲဘောင်ပိတ်နေပါတယ်။
“သန်းအေးရေ ဒီနားမှာနင့်ယောကျ်ားရော၊နင့်ရဲ့သမီးလေးရော၊နင့်ရဲ့ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတွေ
ရောအားလုံးစုံစုံညီညီရောက်နေကြတယ်
ငါတို့ဒီလိုလုပ်ရတာ နင့်သမီးလေးရဲ့
ရှေ့ရေးအတွက်ပါကွယ်။
နင့်သမီးလေးကိုနင်ဘယ်လောက်ထိ
ချစ်မယ်၊စွဲလန်းမယ်ဆိုတာငါတို့အားလုံး
သိပါတယ် ဒါပေမယ့် နင်နဲ့နင့်သမီးက
ဘဝချင်းမတူတော့ဘူး။
ဘဝခြားသွားကြပြီ ဒီတော့နင်ဟာ
နင့်သမီးလေးနဲ့အတူနေဖို့ မဖြစ်နိုင်ဘူး။
နင့်သမီးလေးကိုချစ်လို့ နင့်နောက်ကို
အပါခေါ်သွားရင် နင့်ယောကျ်ားရော
နင့်ရဲ့အမျိုးတွေပါ ဝမ်းနည်းပူဆွေးနေရမယ်၊စိတ်ဆင်းရဲ
နေကြလိမ့်မယ် နင့်သမီးလေးအတွက်လည်း
မကောင်းဘူး။
ပြီးတော့ကလေးကဘဝအဆက်ဆက်က
ကုသိုလ်ကောင်းမှုတွေရှိချင်ရှိလိမ့်မယ်
ဒါကြောင့်နင်နဲ့အတူနေဖို့ဆိုတာ
မဖြစ်နိုင်ဘူး။
ဒါကြောင့်နင့်သမီးလေးကို ကျန်းကျန်းမာမာ၊ပျော်ပျော်ရွှင်ရွှင်နေရဖို့
အတွက်နင့်ကလေးကိုနင့်ယောကျ်ားဆီမှာထားခဲ့ပါ။
နင့်သမီးကိုနင့်ယောကျ်ားဆီမှာ
ထားခဲ့မယ်ဆိုရင် နင့်ယောကျ်ားအောင်ကျော်ရဲ့ဘက်ကို
ချိန်ခွင်စောင်းပြပါ။
လိပ်ပြာခွဲသည့်ဒေါ်ကြီးဆွေ၏
စကားဆုံးတော့အားလုံးရဲ့အကြည့်
တွေကချိန်ခွင်ဆီ၌သာရှိနေပါတယ်။
၅မိနစ်ခန့်ကြာသည်အထိချိန်ခွင်က
လှုပ်ရှားခြင်းမရှိပေ။
ထို့ကြောင့်မသန်းအေးက သမီးလေးအား
သူ့ယောကျ်ားနှင့်အတူမထားနိုင်ဟု
အားလုံးကသိလိုက်ရပါတော့တယ်။
“အဟမ်း အဟမ်း
သန်းအေးရေ ငါထပ်မေးမယ်နော်
နင့်သမီးကိုနင့်ယောကျ်ားဆီမှာ
စိတ်ချပြီးထားခဲ့မယ်ဆိုရင်
နင့်ယောကျ်ားအောင်ကျော်ရဲ့ဘက်ကို
ချိန်ခွင်စောင်းပြပါ……”
ဒုတိယအကြိမ်ထပ်မံပြီး
မေးလိုက်ပေမယ့်ချိန်ခွင်ကတော့
တုတ်တုတ်မျှမလှုပ်ရှားပေ။
ကိုအောင်ကျော်လည်းဇနီးဖြစ်သူ
မသန်းအေးကသမီးလေးအားသူနှင့်
မထားချင်မှန်းသိလိုက်ရပြီး ငိုနေပါတော့တယ်။
“ကဲ…သန်းအေးရေ နင့်ယောကျ်ား
ဆီမှာနင့်ကလေးကိုမထားခဲ့ချင်မှန်း
ငါတို့သိလိုက်ရပါပြီ။
ဒါကြောင့်နင့်ယောကျ်ားဘက်က
ဝါဂွမ်းစကိုငါဖယ်လိုက်ပါ့မယ်”
ဒေါ်ကြီးဆွေကကိုအောင်ကျော်
ဘက်မှဝါဂွမ်းစအားချိန်ခွင်ထဲမှ
ယူပြီးအများမြင်အောင်လွှင့်ပစ်လိုက်
ပါတယ်။
“ဒီထဲမှာရှိကြတဲ့ လူတွေထဲမှာ
မသန်းအေးရဲ့သမီးလေးကို
မွေးစားချင်ကြတဲ့သူများရှိပါသလား။
“ကျုပ်မွေးစားမယ်ဗျို့ ”
“ဟာ…ကိုအောင်ကျော်ရဲ့အစ်ကို
ကိုလူမင်းပါလား”
“သူကပိုက်ဆံရှိတဲ့သူဆိုတော့
မသန်းအေးကသူ့ကိုပဲရွေးလောက်တယ်”
နာရေးအိမ်၌ရှိနေကြသော
လူများကသူတို့အမြင်အားပြောဆိုနေကြ
ပါတယ်။
“ကျုပ်တူမကို အမွေစားအမွေခံနဲ့
မွေးစားပါ့မယ်”
“ကောင်းပါပြီ ဒါဆိုရင်အများရှေ့မှာ
ကိုလူမင်းကိုကိုယ်စားပြုတဲ့
ဝါဂွမ်းစကိုချိန်ခွင်ထဲထည့်လိုက်ပါ့မယ်”
“သန်းအေးရေ ဒါကနင်
ဟောဒီဘက်က နင့်သမီးလေးကိုမွေးစားမယ့်ကိုလူမင်းပဲ”
ဒေါ်ကြီးဆွေကအများမြင်သာအောင်
ဝါဂွမ်းစအသစ်များလဲကာအဟောင်း
များကိုတော့လွှင်ပစ်လိုက်ပါတယ်။
“သန်းအေးရေ နင့်သမီးလေးနဲ့
ဦးလေးတော်စပ်တဲ့ ကိုလူမင်းကတော့
နင့်သမီးကိုအမွေစားအမွေခံနဲ့
မွေးစားမတဲ့ အဲဒါနင့်ဘက်ကလက်ခံရင်
ကိုလူမင်းဘက်ကိုချိန်ခွင်စောင်းပြပါ”
ဒေါ်ကြီးဆွေ၏စကားဆုံးသည်နှင့်
အားလုံးကချိန်လွင်အားစိတ်ဝင်တစား
ဖြင့်ကြည့်နေကြပါတယ်။
အချိန်အတော်ကြာသည်အထိ
ချိန်ခွင်ကမလှုပ်ရှားပဲရှိနေပါတယ်။
ဒေါ်ကြီးဆွေလည်းလိပ်ပြာခွဲသည့်
ဓလေ့အားအများမယုံကြည်မှာ
စိုးသဖြင့်ချက်ချင်းပဲမေးခွန်းပြောင်းလိုက်
ပါတော့တယ်။
“သန်းအေးရေ ဒီလိုတော့မလုပ်ပါနဲ့ဟယ်
နင့်သမီးလေးကို ကိုလူမင်းဆီမှာ
မထားချင်ဘူးဆိုရင် နင့်ဘက်ကို
ချိန်ခွင်စောင်းပြပါ။
ဒေါ်ကြီးဆွေ၏စကားဆုံးသည်နှင့်
ချိန်ခွင်ကရုတ်တရက် မသန်းအေး
ဘက်သို့လျင်မြန်စွာစောင်းသွားပါတယ်။
“ဟာ”
“ဟင်”
“ဟယ်”
“မသန်းအေးက ကိုလူမင်းဆီမှာလည်း
သူ့သမီးကိုစိတ်မချတဲ့ပုံပဲဟဲ့”
“ဘယ်စိတ်ချပါ့မလဲအေ
ကိုလူမင်းက ပိုက်ဆံရှိတယ်ဆိုပြီး
မသန်းအေးကိုနှိမ်ချပြောဆိုထားတာ
ဒါကြောင့်မသန်းအေးက ကိုလူမင်းဆီ
သူ့သမီးလေးကိုမထားချင်တာ
ဖြစ်မယ်အေ့”
ကိုလူမင်းလည်း အဖြေမှန်ကို
သိသွားသဖြင့်နောက်သို့ဆုတ်နေလိုက်
ပါတယ်။
“ကဲ.မသန်းအေးရဲ့သမီးကို
မွေးစားချင်တဲ့ဆွေမျိုးများရှိပါသလား”
“ကျွန်မမွေးစားမယ် ကျွန်မကိုကိုယ်စားပြုပြီး ချိန်ခွင်ထဲကို
ဝါဂွမ်းစထည့်ပေးပါ။
“မသန်းအေးအစ်မ မသီတာပါလား
သူကဆင်းရဲတယ်အေ့ သူ့ဆီမှာရော
မသန်းအေးကသူ့ကလေးကိုထားခဲ့ပါ့
မလား။
“ပြောမရဘူးလေဟယ်
မသီတာကသူ့အစ်မပဲ ထားချင်ထားမှာပေါ့ဟာ”
“ကောင်းပါပြီ မသီတာက
သူ့တူမလေးကိုသူမွေးစားမယ့်
အကြောင်းအများရှေ့မှာပြောလိုက်ပါပြီ။
သန်းအေးရေ ဒါကနင်
ဟောဒီဘက်ကနင့်အစ်မ မသီတာပဲ”
ဒေါ်ကြီးဆွေက ထုံးစံအတိုင်း
ဝါဂွမ်းစများအသစ်လဲကာ ချိန်ခွင်ထဲ
ထည့်လိုက်ပါတယ်။
“သန်းအေးရေ နင့်သမီးလေးကို
နင့်အစ်မဆီမှာထားခဲ့ချင်တယ်ဆိုရင်
မသီတာဘက်ကိုချိန်ခွင်စောင်းပြပါ။
“ဟာ”
“ဟင်”
“ဟယ်”
“မသီတာဘက်ကိုချိန်ခွင်စောင်းသွားပြီ”
ဒေါ်ကြီးဆွေစကားဆုံးသည်နှင့်
ချိန်ခွင်ကလျင်လျင်မြန်မြန်ပင်
မသီတာဘက်သို့စောင်းသွားပါတယ်။
မသီတာလည်းဝမ်းသာပြီးမျက်ရည်များ
ပင်ကျလာပါတော့တယ်။
“ကဲ ဟုတ်ပြီ ဟုတ်ပြီ
အားလုံးသံသယရှင်းသွားအောင်
ထပ်ပြီးမေးပေးပါ့မယ်။
ဒေါ်ကြီးဆွေက သံသယရှင်းစေချင်သည့်
စိတ်ဖြင့်ထပ်မံ၍မေးလိုက်ပြန်တယ်.
“သန်းအေးရေ နင့်သမီးလေးကို
နင့်အစ်မသီတာဆီမှာ ထားခဲ့ချင်တာ
မှန်တယ်ဆိုရင်၊နင့်ဘက်ကိုချိန်ခွင်
စောင်းပြပါကွယ်.
အားလုံးကစိတ်ဝင်တစားဖြင့်
ကြည့်နေခိုက် ချိန်ခွင်မှာချက်ချင်းပင်
မသန်းအေးဘက်သို့စောင်းသွားပါ
တော့တယ်။
“ဟာနှစ်ကြိမ်မေးလည်းဟ
မသန်းအေးကသူ့အစ်မမသီတာကိုပဲ
ရွေးသွားတာအေ့။
“ရွေးမှာပေါ့ဟယ်
သူမသေခင်က မသီတာကပဲ
ပြုစုလုပ်ကိုင်ပေးသွားမလား
ဒါကြောင့်သူ့သမီးလေးကိုသူ့အဒေါ်
လက်ထဲပဲစိတ်ချတာနေမှာပေါ့အေ”
မသီတာလည်းတူမလေးအား
ပွေ့ချီပြီးနမ်းရှုံ့နေပါတော့တယ်။
ကိုအောင်ကျော်လည်းမိမိအား
နားကျည်းမုန်းတီးသွားသည့်ဇနီးသည်အားအပြစ်မမြင်ပဲ နောင်တနှင့်အတူ
ငိုကြွေးနေပါတော့တယ်။
မသန်းအေး၏ရက်လည်ပြီးသွားသည့်
ညတစ်ညတွင်တော့ မသီတာတစ်ယောက် အိပ်မက်တစ်ခုကို
မက်ပါတယ်။
အိပ်မက်ထဲ၌ မသန်းအေးက သမီးလေးအား အစ်မနှင့်သာထားခဲ့ချင်၍
လိပ်ပြာခွဲသည့်နေ့က အစ်မဖြစ်သူမသီတာကိုရွေးခဲ့ကြောင်း
သူမသေခင်ကပြုစုလုပ်ကိုင်ပေးခဲ့တာ
တွေကိုကျေးဇူးတင်ကြောင်းပြောကာ
ပျောက်သွားပါတော့တယ်။
မသီတာလည်းတူမလေးအား
သမီးရင်းနှင့်မခြာချစ်ခင်ကာ
ပြုစုစောင့်ရှောက်ခဲ့ပါတယ်။
ကိုအောင်ကျော်တစ်ယောက်လည်း
နောင်တတရားတို့ကိုရင်ဝယ်ပိုက်၍
အရက်ကိုရာသက်ပန်စွန့်လွတ်လိုက်ပါ
တော့တယ်။
မသန်းအေးတစ်ယောက်ကတော့
သမီးလေးကိုစိတ်ချစွာဖြင့်ထားခဲ့ပြီး
ဘဝသစ်ကိုကူးပြောင်းသွားလေရဲ့။
ပြီးပါပြီ။ ဇာတ်လမ်းလေးအား
ကြိုက်နှစ်သက်ပါက လက်မလေးတွေ
ပေးခဲ့ပါနော်။
ရွှင်လန်းကြပါစေ…………
#အောင်ဓူဝံ #ပရလောက #ဖြစ်ရပ်မှန်

Zawgyi Version

လိပ္ျပာခြဲတဲ့ေန႔(စ/ဆံုး)
—————————-
[ေရးသားသူ_ေအာင္ဓူဝံ]
+++++++++++++++++
“ကိုေအာင္ေက်ာ္
ရွင္အရက္ေသာက္တာေလွ်ာ့လို႔
မရေတာ့ဘူးလား’
“ငါ့ပါးစပ္နဲ႔ငါေသာက္တာ
ဘယ္သူ႔ဂ႐ုစိုက္ေနရမွာလဲ မသန္းေအးရ
“ဘယ္သူ႔ကိုဂ႐ုစိုက္ရမယ္လို႔
ေျပာေနတာမဟုတ္ဘူး၊မၾကာခင္
ကြၽန္မလည္းေမြးရဖြားရေတာ့မယ္။
မၾကာခင္ရွင္လည္းကေလးဖေအျဖစ္
ေတာ့မယ္ေလ၊ဒါေၾကာင့္အရက္ကို
ျဖစ္ႏိုင္ရင္မေသာက္ဖို႔ေျပာေနတာ။
ရွင္ကတျခားလူေတြလိုမဟုတ္ဘူး
မူးလာရင္ေသြးဆိုးတယ္၊ရမ္းကားတယ္
ဒီလိုလုပ္ေနရင္ေနာင္လာမယ့္
အိမ္ေထာင္ေရးကဘယ္လိုလုပ္ သာယာႏိုင္ပါေတာ့မလဲရွင္.”
“ဟ…ငါကမင္းကို႐ိုက္ႏွက္ႏွိပ္စက္ေနလို႔လား.
ငါမင္းကိုဝမ္းဝေအာင္ရွာေကြၽးေနတာ လူတိုင္းအသိပဲ၊ငါပင္ပန္းလို႔အရက္ေသာက္တာ
ငါဘယ္သူ႔ကိုဂ႐ုစိုက္ေနရမွာလဲကြာ”
“ရွင္ကေျပာေလကဲေလပဲ
ဘယ္ေတာ့ျဖစ္ျဖစ္ကြၽန္မေျပာရင္
နားမေထာင္ဘူး။
အကယ္၍ကြၽန္မေသသြားခဲ့ရင္ေတာင္
ကြၽန္မကေလးကိုရွင္နဲ႔ထားခဲ့ရမွာ
စိတ္မေျဖာင့္ပါဘူးေတာ္”
“ဟာဒီမိန္းမ ဗိုက္ႀကီးႀကီးနဲ႔
မေျပာေကာင္းမဆိုေကာင္းကြာ”
မသန္းေအးနဲ႔ကိုေအာင္ေက်ာ္တို႔
လင္မယားႏွစ္ေယာက္ တစ္ဦးနဲ႔တစ္ဦး
ကေတာက္ကဆျဖစ္ကာစကားမ်ားေန
ၾကေလတယ္။
ကိုေအာင္ေက်ာ္နဲ႔မသန္းေအးက
အသက္ႀကီးမွအိမ္ေထာင္က်ၾကၿပီး
အိမ္ေထာင္သက္၄ႏွစ္ေက်ာ္မွ
ပထမဆုံးေသာရင္ေသြးေလးအား
ရရွိထားျခင္းျဖစ္ပါတယ္။
ကိုေအာင္ေက်ာ္ကပန္းရံလုပ္ၿပီး
ဇနီးသည္မသန္းေအးအားရွာေဖြ
ေကြၽးေမြးေလတယ္၊ကိုေအာင္ေက်ာ္က
အလုပ္ပင္ပန္းသည္ဟုဆိုကာ
အရက္ကေလးအားညစဥ္ညတိုင္း
ေသာက္တတ္ပါတယ္။
အဲသလိုညစဥ္ညတိုင္းအရက္ေတြ
ေသာက္ၿပီးမူး႐ူးကာပတ္ဝန္းက်င္အား
ရမ္းတဲ့ဒဏ္ေတြကိုမသန္းေအး တစ္ေယာက္မခံႏိုင္ျဖစ္ရပါေတာ့တယ္။
မသန္းေအးကနာမည္နဲ႔လိုက္ေအာင္
ေအးသူတစ္ေယာက္ျဖစ္ပါတယ္။
ထို႔ေၾကာင့္မည္သူနဲ႔မွလည္းစကားမ်ား
ျပႆနာျဖစ္ျခင္းမရွိခဲ့ေပ။
ယခုမူအရက္ေသာက္တတ္သည့္
ခင္ပြန္းသည္အားအရက္မေသာက္ရန္
ေျပာဆိုရင္းစကားမ်ားေနရပါေတာ့တယ္
=================
“အမယ္ေလး ဗိုက္နာလိုက္တာ
ကိုေအာင္ေက်ာ္ ကိုေအာင္ေက်ာ္
ကြၽန္မဗိုက္နာေနၿပီ ေမြးေတာ့မယ္နဲ႔
တူတယ္ ကိုေအာင္ေက်ာ္’
မသန္းေအးတစ္ေယာက္ ခင္ပြန္းျဖစ္သူအားေအာ္ေခၚေနေပမယ့္
ကိုေအာင္ေက်ာ္မွာအိမ္မွာရွိမေနပဲ
အရက္ဆိုက္၌အရက္ေသာက္ရင္း
အခ်ိန္ျဖဳန္းေနပါတယ္။
အိမ္ႀကီးထဲ၌ မသန္းေအးတစ္ေယာက္တည္းသာ
ရွိေနပါတယ္။
မသန္းေအးလည္းနာၾကင္သည့္ေဝဒနာ
အားႀကိတ္မွိတ္ခံစားရင္း ပတ္ဝန္းက်င္အား အကူအညီေတာင္းရပါေတာ့တယ္။
အခ်ိန္ကလည္းည၈နာရီခန႔္ ရွိၿပီျဖစ္သည့္အတြက္ မသန္းေအးတစ္ေယာက္ ေၾကာက္စိတ္ျဖစ္ျခင္း၊အားငယ္ျခင္းမ်ား
ျဖစ္ကာမ်က္ရည္မ်ားပင္က်လာပါေတာ့
တယ္။
မသန္းေအးရဲ႕အကူအညီေတာင္းသံအား
ပတ္ဝန္းက်င္မွၾကားသိကာ
မသန္းေအးထံသို႔အေျပးအလႊား
ေရာက္လာၾကပါေတာ့တယ္၊
ထိုအခါမသန္းေအးကသူႏွင့္အစ္မေတာ္စပ္သူမသီတာအားေခၚေပးရန္
ေျပာသျဖင့္အိမ္နီးခ်င္းတစ္ေယာက္က
မသီတာအားေခၚေပးလိုက္ေလတယ္။
မသီတာလည္းညႀကီးအခ်ိန္မေတာ္
ရပ္ကြက္အတြင္းမွဆိုက္ကားအား
ငွားကာေဆး႐ုံသို႔ ညီမျဖစ္သူအား
ေခၚလာပါေတာ့တယ္။
အိမ္နီးခ်င္းမ်ားကမသန္းေအးမီးဖြား
ေတာ့မည့္အေၾကာင္းအား အရက္ဆိုင္မွာ
ရွိေနသည့္ကိုေအာင္ေက်ာ္အား
သြားေရာက္အသိေပးလိုက္ၾကပါတယ္။
သို႔ေပမယ့္ အိုးကမပူစေလာင္းကပူ
ဆိုသည့္စကားအတိုင္း ကိုေအာင္ေက်ာ္မွာ အရက္ေသာက္ပင္
မပ်က္ခဲ့ေပ။
ေဆး႐ုံေပၚတြင္ေတာ့ မသန္းေအး
တစ္ေယာက္ကေလးမီးဖြားရန္အတြက္
လုံးပန္းေနရပါေတာ့တယ္။
“လူနာရွင္ လူနာရွင္ရွိပါသလား”
“ဟုတ္ ကြၽန္မေမြးလူနာသန္းေအးရဲ႕
အစ္မပါ ေဒါက္တာ”
“မသန္းေအး ေမြးၿပီးပါၿပီ
ကေလးကမိန္းကေလးပါ။
ဒါေပမယ့္လူႀကီးရဲ႕က်န္းမာေရးကေတာ့
သိပ္ၿပီးအားမရဘူး၊ဒါနဲ႔ေမြးလူနာရဲ႕
ခင္ပြန္းေရာပါလာသလား”
“ဟို ဟို သူအလုပၼအားလို႔
လိုက္မလာႏိုင္တာပါ ေဒါက္တာ”
“ဒီလိုေမြးခါနီးဖြားခါနီးအခ်ိန္ေရာက္တာ
ေတာင္မွမအားရေအာင္သူကဘာအလုပ္
ေတြမ်ားလုပ္ေနသလဲရွင္”
ဆရာဝန္ႀကီးကေမြးလူနာ၏
ကိုယ္စားေဒါသျဖစ္ကာေျပာလိုက္ျခင္း
ျဖစ္ပါတယ္။
မသန္းေအးတစ္ေယာက္သမီးေလးအား
ေအာင္ျမင္စြာေမြးဖြားၿပီးသြားေပမယ့္
ခင္ပြန္းသည္ကေတာ့ယခုထိေဆး႐ုံသို႔
ေရာက္မလာခဲ့ေခ်။
မသန္းေအးလည္းခင္ပြန္းသည္အား
နာက်ည္းျခင္းမ်ားျဖင့္မ်က္ရည္မ်ား
က်ဆင္းလာပါေတာ့တယ္.
“ညီမေလး ညည္းက်န္းမာေရးကို
ဂ႐ုစိုက္ ဟိုေကာင္ကိုေခါင္းထဲထည့္ၿပီး
စဥ္းစားမေနနဲ႔ ညည္းပဲေရာဂါရလိမ့္မယ္
ေဒါက္တာကေျပာတယ္ ညည္းက်န္းမာေရးကိုသိပ္အားမရဘူးတဲ့
ဒါေၾကာင့္ကိုယ့္ဟာကိုယ္အားရွိေအာင္
ေနထိုင္ပါ ငါ့ညီမ။
ငါ့ညီမနားမွာအစ္မတစ္ေယာက္လုံးရွိ
တယ္”
“ညီမေလးသူ႔ကိုနာက်ည္းလြန္းလို႔ပါ
အစ္မရယ္ ကိုယ့္ရဲ႕ပထမဆုံးကေလး
တစ္ေယာက္ဖြားျမင္တာကိုေတာင္
လာမၾကည့္ႏိုင္ရေအာင္ အရက္ေလာက္
ညီမေလးမီးဖြားတာကအေရးမပါလို႔လား
အရက္ေလာက္ညီမကိုတန္ဖိုးမထား
တာလား၊ညီမကိုမငဲ့ရင္ေတာင္ ေမြးလာတဲ့ကေလးကိုေတာ့
သူလာၿပီးၾကည့္သင့္တာေပါ့အစ္မရယ္”
“ေၾသာ္ အစ္မေျပာၿပီးၿပီပဲညီမေလးရဲ႕
ညီမေလးနားမွာဘယ္သူမွမရွိရင္ေန
အစ္မတစ္ေယာက္လုံးရွိတယ္
ဘာမွစိတ္အားမငယ္နဲ႔ၾကားလား”
“ဟုတ္အစ္မ
အစ္မရွိလို႔သာေပါ့ရွင္၊မဟုတ္ရင္
ညီမေလးေမြးခန္းထဲမွာပဲ အားငယ္ၿပီး
ေသမလားေအာင့္ေမ့ရတယ္။
“အို… ညီမေလးကလည္း
ဘာေတြေလွ်ာက္ေတြးေနတာလဲ
အခုညည္းမွာသမီးေလးလည္းရွိေနၿပီ
အစ္မႀကီးလည္းညည္းအနားမွာ
ရွိေနတာပဲမလား။
ဘာမွစိတ္ဓာတ္မက်နဲ႔ ၾကားလား”
“ဟုတ္အစ္မ”
မသန္းေအးေဆး႐ုံမွဆင္းသည့္
တိုင္ေအာင္ကိုေအာင္ေက်ာ္တစ္ေယာက္
မသန္းေအးထံသို႔ေရာက္မလာခဲ့ေပ။
ထို႔ေၾကာင့္မသန္းေအးလည္း
အိမ္ျပန္ေရာက္ကတည္းက
ကိုေအာင္ေက်ာ္အားစကားတစ္ခြန္းမွ
မေျပာပဲေနေနလိုက္တယ္။
အစ္မျဖစ္သူမသီတာကေတာ့
အားရင္အားသလိုညီမျဖစ္သူထံ
ေရာက္လာကာျပဳစုလုပ္ကိုင္ေပးရွာ
တယ္။
ကေလးအႏွီးေလွ်ာ္တာဖြတ္တာ
မသန္းေအး၏အဝတ္အစားကအစ
မသီတာကပဲဒိုင္ခံေလွ်ာ္ဖြတ္လဲလွယ္
ေပးေလတယ္။
ကိုေအာင္ေက်ာ္ကေတာ့
မသန္းေအးအားဂ႐ုစိုက္ဖို႔ေနေနသာသာ
သူေမြးထားသည့္ကေလးကိုပင္
အေရးတယူလုပ္ၿပီးမၾကည့္ေပ။
ထို႔ေၾကာင့္မသန္းေအးလည္း
ကိုေက်ာ္ေအာင္အားမုန္းတီးသထက္
မုန္းလာခဲ့ပါေတာ့တယ္။
ကေလးမီးဖြားၿပီး၇ရက္ေျမာက္သည့္ညတြင္ေတာ့မသန္းေအးတစ္ေယာက္
အတြင္းေၾကာမ်ားတက္ကာ
သတိလစ္သြားေလတယ္။
ကိုေအာင္ေက်ာ္လည္းထိုအခါမွ
ျပာျပာသလဲျဖစ္ကာဘာလုပ္လို႔
ဘာကိုင္ရမွန္းမသိပဲျဖစ္ေနပါေတာ့တယ္
ထို႔ေၾကာင့္မသန္းေအး၏အစ္မမသီတာကိုေျပးၿပီးေခၚလိုက္ပါတယ္။
မသီတာကညီမျဖစ္သူမသန္းေအးအား
တတ္ကြၽမ္းသေလာက္ျပဳစုလုပ္ကိုင္
ေပးေပမယ့္ ညသန္းေခါင္ေလာက္တြင္
ေတာ့လူ႔ေလာကထဲမွ မသန္းေအး
တစ္ေယာက္ထြက္ခြာသြားပါေတာ့တယ္။
မသီတာလည္းညီမျဖစ္သူအတြက္
ယူက်ဳံးမရျဖစ္ၿပီးငိုခ်လိုက္ပါေတာ့တယ္
ကိုေအာင္ေက်ာ္လည္းအသိစိတ္ကင္းမဲ့
သြားသည့္အလားငူငူႀကီးထိုင္ေနေလ
တယ္။
မသီတာ၏ငိုသံအားၾကားသိေသာ
အိမ္နီးခ်င္းမ်ားကအိမ္ထဲဝင္လာၾကၿပီး
မသန္းေအးရဲ႕အေလာင္းအားညတြင္း
ခ်င္းပင္ျပင္ဆင္လိုက္ၾကပါတယ္။
မသန္းေအးေသရသည္မွာ
ကိုေအာင္ေက်ာ္ေၾကာင့္ဟုအားလုံးက
စြပ္စြဲေျပာဆိုၾကပါေတာ့တယ္။
ကိုေအာင္ေက်ာ္လည္းမိမိလုပ္ရက္မ်ားကိုေနာင္တအႀကီးအက်ယ္ရကာ
အမ်ားေျပာသမွ်ခါးစည္းခဲရပါေတာ့
တယ္။
မနက္လင္းသည္ႏွင့္မသီတစ္ေယာက္
အသက္ခပ္ႀကီးႀကီးအမ်ိဳးသမီးတစ္ဦး
အားနာေရးအိမ္သို႔ေခၚလာခဲ့တယ္။
ထိုမိန္းမႀကီး၏လက္ထဲ၌ အ႐ြယ္အစား
ခပ္ေသးေသးခ်ိန္ခြင္တစ္ခုလည္းပါလာ
ပါတယ္။
“ေဒၚႀကီးေဆြ လုပ္စရာရွိတာလုပ္ပါ”
မသီတာကေဒၚႀကီးေဆြဆိုသည့္
မိန္းမႀကီးအားလုပ္စရာရွိတာလုပ္ပါဟု
ေျပာလိုက္ေတာ့ ေဒၚႀကီးေဆြဆိုသည့္
မိန္းမႀကီးလည္း မသန္းေအး၏
အေလာင္းနား၌ခ်ိန္ခြင္ကိုခ်ိတ္ဆြဲလိုက္
ပါေတာ့တယ္။
ၿပီးေနာက္လက္ထဲမွဝါဂြမ္းစအနည္းငယ္ကိုယူကာခ်ိန္ခြင္၏တစ္ဖက္၌ထည့္ၿပီး
“သန္းေအးေရ ဒါကနင္”
ေဒၚႀကီးေဆြကေနာက္ထပ္
ခ်ိန္ခြင္တစ္ဖက္တြင္လည္းတူညီသည့္
ဝါဂြမ္းစအနည္းငယ္အားထည့္ကာ
“ဒါက ေအာင္ေက်ာ္”
တူညီေသာဝါဂြမ္းစမ်ားေၾကာင့္
ခ်ိန္ခြင္ဟာဘယ္ဘက္မွတိမ္းေစာင္း
မေနပဲေဘာင္ပိတ္ေနပါတယ္။
“သန္းေအးေရ ဒီနားမွာနင့္ေယာက်္ားေရာ၊နင့္ရဲ႕သမီးေလးေရာ၊နင့္ရဲ႕ေဆြမ်ိဳးမိတ္သဂၤဟအေပါင္းေတြ
ေရာအားလုံးစုံစုံညီညီေရာက္ေနၾကတယ္
ငါတို႔ဒီလိုလုပ္ရတာ နင့္သမီးေလးရဲ႕
ေရွ႕ေရးအတြက္ပါကြယ္။
နင့္သမီးေလးကိုနင္ဘယ္ေလာက္ထိ
ခ်စ္မယ္၊စြဲလန္းမယ္ဆိုတာငါတို႔အားလုံး
သိပါတယ္ ဒါေပမယ့္ နင္နဲ႔နင့္သမီးက
ဘဝခ်င္းမတူေတာ့ဘူး။
ဘဝျခားသြားၾကၿပီ ဒီေတာ့နင္ဟာ
နင့္သမီးေလးနဲ႔အတူေနဖို႔ မျဖစ္ႏိုင္ဘူး။
နင့္သမီးေလးကိုခ်စ္လို႔ နင့္ေနာက္ကို
အပါေခၚသြားရင္ နင့္ေယာက်္ားေရာ
နင့္ရဲ႕အမ်ိဳးေတြပါ ဝမ္းနည္းပူေဆြးေနရမယ္၊စိတ္ဆင္းရဲ
ေနၾကလိမ့္မယ္ နင့္သမီးေလးအတြက္လည္း
မေကာင္းဘူး။
ၿပီးေတာ့ကေလးကဘဝအဆက္ဆက္က
ကုသိုလ္ေကာင္းမႈေတြရွိခ်င္ရွိလိမ့္မယ္
ဒါေၾကာင့္နင္နဲ႔အတူေနဖို႔ဆိုတာ
မျဖစ္ႏိုင္ဘူး။
ဒါေၾကာင့္နင့္သမီးေလးကို က်န္းက်န္းမာမာ၊ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရဖို႔
အတြက္နင့္ကေလးကိုနင့္ေယာက်္ားဆီမွာထားခဲ့ပါ။
နင့္သမီးကိုနင့္ေယာက်္ားဆီမွာ
ထားခဲ့မယ္ဆိုရင္ နင့္ေယာက်္ားေအာင္ေက်ာ္ရဲ႕ဘက္ကို
ခ်ိန္ခြင္ေစာင္းျပပါ။
လိပ္ျပာခြဲသည့္ေဒၚႀကီးေဆြ၏
စကားဆုံးေတာ့အားလုံးရဲ႕အၾကည့္
ေတြကခ်ိန္ခြင္ဆီ၌သာရွိေနပါတယ္။
၅မိနစ္ခန႔္ၾကာသည္အထိခ်ိန္ခြင္က
လႈပ္ရွားျခင္းမရွိေပ။
ထို႔ေၾကာင့္မသန္းေအးက သမီးေလးအား
သူ႔ေယာက်္ားႏွင့္အတူမထားႏိုင္ဟု
အားလုံးကသိလိုက္ရပါေတာ့တယ္။
“အဟမ္း အဟမ္း
သန္းေအးေရ ငါထပ္ေမးမယ္ေနာ္
နင့္သမီးကိုနင့္ေယာက်္ားဆီမွာ
စိတ္ခ်ၿပီးထားခဲ့မယ္ဆိုရင္
နင့္ေယာက်္ားေအာင္ေက်ာ္ရဲ႕ဘက္ကို
ခ်ိန္ခြင္ေစာင္းျပပါ……”
ဒုတိယအႀကိမ္ထပ္မံၿပီး
ေမးလိုက္ေပမယ့္ခ်ိန္ခြင္ကေတာ့
တုတ္တုတ္မွ်မလႈပ္ရွားေပ။
ကိုေအာင္ေက်ာ္လည္းဇနီးျဖစ္သူ
မသန္းေအးကသမီးေလးအားသူႏွင့္
မထားခ်င္မွန္းသိလိုက္ရၿပီး ငိုေနပါေတာ့တယ္။
“ကဲ…သန္းေအးေရ နင့္ေယာက်္ား
ဆီမွာနင့္ကေလးကိုမထားခဲ့ခ်င္မွန္း
ငါတို႔သိလိုက္ရပါၿပီ။
ဒါေၾကာင့္နင့္ေယာက်္ားဘက္က
ဝါဂြမ္းစကိုငါဖယ္လိုက္ပါ့မယ္”
ေဒၚႀကီးေဆြကကိုေအာင္ေက်ာ္
ဘက္မွဝါဂြမ္းစအားခ်ိန္ခြင္ထဲမွ
ယူၿပီးအမ်ားျမင္ေအာင္လႊင့္ပစ္လိုက္
ပါတယ္။
“ဒီထဲမွာရွိၾကတဲ့ လူေတြထဲမွာ
မသန္းေအးရဲ႕သမီးေလးကို
ေမြးစားခ်င္ၾကတဲ့သူမ်ားရွိပါသလား။
“က်ဳပ္ေမြးစားမယ္ဗ်ိဳ႕ ”
“ဟာ…ကိုေအာင္ေက်ာ္ရဲ႕အစ္ကို
ကိုလူမင္းပါလား”
“သူကပိုက္ဆံရွိတဲ့သူဆိုေတာ့
မသန္းေအးကသူ႔ကိုပဲေ႐ြးေလာက္တယ္”
နာေရးအိမ္၌ရွိေနၾကေသာ
လူမ်ားကသူတို႔အျမင္အားေျပာဆိုေနၾက
ပါတယ္။
“က်ဳပ္တူမကို အေမြစားအေမြခံနဲ႔
ေမြးစားပါ့မယ္”
“ေကာင္းပါၿပီ ဒါဆိုရင္အမ်ားေရွ႕မွာ
ကိုလူမင္းကိုကိုယ္စားျပဳတဲ့
ဝါဂြမ္းစကိုခ်ိန္ခြင္ထဲထည့္လိုက္ပါ့မယ္”
“သန္းေအးေရ ဒါကနင္
ေဟာဒီဘက္က နင့္သမီးေလးကိုေမြးစားမယ့္ကိုလူမင္းပဲ”
ေဒၚႀကီးေဆြကအမ်ားျမင္သာေအာင္
ဝါဂြမ္းစအသစ္မ်ားလဲကာအေဟာင္း
မ်ားကိုေတာ့လႊင္ပစ္လိုက္ပါတယ္။
“သန္းေအးေရ နင့္သမီးေလးနဲ႔
ဦးေလးေတာ္စပ္တဲ့ ကိုလူမင္းကေတာ့
နင့္သမီးကိုအေမြစားအေမြခံနဲ႔
ေမြးစားမတဲ့ အဲဒါနင့္ဘက္ကလက္ခံရင္
ကိုလူမင္းဘက္ကိုခ်ိန္ခြင္ေစာင္းျပပါ”
ေဒၚႀကီးေဆြ၏စကားဆုံးသည္ႏွင့္
အားလုံးကခ်ိန္လြင္အားစိတ္ဝင္တစား
ျဖင့္ၾကည့္ေနၾကပါတယ္။
အခ်ိန္အေတာ္ၾကာသည္အထိ
ခ်ိန္ခြင္ကမလႈပ္ရွားပဲရွိေနပါတယ္။
ေဒၚႀကီးေဆြလည္းလိပ္ျပာခြဲသည့္
ဓေလ့အားအမ်ားမယုံၾကည္မွာ
စိုးသျဖင့္ခ်က္ခ်င္းပဲေမးခြန္းေျပာင္းလိုက္
ပါေတာ့တယ္။
“သန္းေအးေရ ဒီလိုေတာ့မလုပ္ပါနဲ႔ဟယ္
နင့္သမီးေလးကို ကိုလူမင္းဆီမွာ
မထားခ်င္ဘူးဆိုရင္ နင့္ဘက္ကို
ခ်ိန္ခြင္ေစာင္းျပပါ။
ေဒၚႀကီးေဆြ၏စကားဆုံးသည္ႏွင့္
ခ်ိန္ခြင္က႐ုတ္တရက္ မသန္းေအး
ဘက္သို႔လ်င္ျမန္စြာေစာင္းသြားပါတယ္။
“ဟာ”
“ဟင္”
“ဟယ္”
“မသန္းေအးက ကိုလူမင္းဆီမွာလည္း
သူ႔သမီးကိုစိတ္မခ်တဲ့ပုံပဲဟဲ့”
“ဘယ္စိတ္ခ်ပါ့မလဲေအ
ကိုလူမင္းက ပိုက္ဆံရွိတယ္ဆိုၿပီး
မသန္းေအးကိုႏွိမ္ခ်ေျပာဆိုထားတာ
ဒါေၾကာင့္မသန္းေအးက ကိုလူမင္းဆီ
သူ႔သမီးေလးကိုမထားခ်င္တာ
ျဖစ္မယ္ေအ့”
ကိုလူမင္းလည္း အေျဖမွန္ကို
သိသြားသျဖင့္ေနာက္သို႔ဆုတ္ေနလိုက္
ပါတယ္။
“ကဲ.မသန္းေအးရဲ႕သမီးကို
ေမြးစားခ်င္တဲ့ေဆြမ်ိဳးမ်ားရွိပါသလား”
“ကြၽန္မေမြးစားမယ္ ကြၽန္မကိုကိုယ္စားျပဳၿပီး ခ်ိန္ခြင္ထဲကို
ဝါဂြမ္းစထည့္ေပးပါ။
“မသန္းေအးအစ္မ မသီတာပါလား
သူကဆင္းရဲတယ္ေအ့ သူ႔ဆီမွာေရာ
မသန္းေအးကသူ႔ကေလးကိုထားခဲ့ပါ့
မလား။
“ေျပာမရဘူးေလဟယ္
မသီတာကသူ႔အစ္မပဲ ထားခ်င္ထားမွာေပါ့ဟာ”
“ေကာင္းပါၿပီ မသီတာက
သူ႔တူမေလးကိုသူေမြးစားမယ့္
အေၾကာင္းအမ်ားေရွ႕မွာေျပာလိုက္ပါၿပီ။
သန္းေအးေရ ဒါကနင္
ေဟာဒီဘက္ကနင့္အစ္မ မသီတာပဲ”
ေဒၚႀကီးေဆြက ထုံးစံအတိုင္း
ဝါဂြမ္းစမ်ားအသစ္လဲကာ ခ်ိန္ခြင္ထဲ
ထည့္လိုက္ပါတယ္။
“သန္းေအးေရ နင့္သမီးေလးကို
နင့္အစ္မဆီမွာထားခဲ့ခ်င္တယ္ဆိုရင္
မသီတာဘက္ကိုခ်ိန္ခြင္ေစာင္းျပပါ။
“ဟာ”
“ဟင္”
“ဟယ္”
“မသီတာဘက္ကိုခ်ိန္ခြင္ေစာင္းသြားၿပီ”
ေဒၚႀကီးေဆြစကားဆုံးသည္ႏွင့္
ခ်ိန္ခြင္ကလ်င္လ်င္ျမန္ျမန္ပင္
မသီတာဘက္သို႔ေစာင္းသြားပါတယ္။
မသီတာလည္းဝမ္းသာၿပီးမ်က္ရည္မ်ား
ပင္က်လာပါေတာ့တယ္။
“ကဲ ဟုတ္ၿပီ ဟုတ္ၿပီ
အားလုံးသံသယရွင္းသြားေအာင္
ထပ္ၿပီးေမးေပးပါ့မယ္။
ေဒၚႀကီးေဆြက သံသယရွင္းေစခ်င္သည့္
စိတ္ျဖင့္ထပ္မံ၍ေမးလိုက္ျပန္တယ္.
“သန္းေအးေရ နင့္သမီးေလးကို
နင့္အစ္မသီတာဆီမွာ ထားခဲ့ခ်င္တာ
မွန္တယ္ဆိုရင္၊နင့္ဘက္ကိုခ်ိန္ခြင္
ေစာင္းျပပါကြယ္.
အားလုံးကစိတ္ဝင္တစားျဖင့္
ၾကည့္ေနခိုက္ ခ်ိန္ခြင္မွာခ်က္ခ်င္းပင္
မသန္းေအးဘက္သို႔ေစာင္းသြားပါ
ေတာ့တယ္။
“ဟာႏွစ္ႀကိမ္ေမးလည္းဟ
မသန္းေအးကသူ႔အစ္မမသီတာကိုပဲ
ေ႐ြးသြားတာေအ့။
“ေ႐ြးမွာေပါ့ဟယ္
သူမေသခင္က မသီတာကပဲ
ျပဳစုလုပ္ကိုင္ေပးသြားမလား
ဒါေၾကာင့္သူ႔သမီးေလးကိုသူ႔အေဒၚ
လက္ထဲပဲစိတ္ခ်တာေနမွာေပါ့ေအ”
မသီတာလည္းတူမေလးအား
ေပြ႕ခ်ီၿပီးနမ္းရႈံ႕ေနပါေတာ့တယ္။
ကိုေအာင္ေက်ာ္လည္းမိမိအား
နားက်ည္းမုန္းတီးသြားသည့္ဇနီးသည္အားအျပစ္မျမင္ပဲ ေနာင္တႏွင့္အတူ
ငိုေႂကြးေနပါေတာ့တယ္။
မသန္းေအး၏ရက္လည္ၿပီးသြားသည့္
ညတစ္ညတြင္ေတာ့ မသီတာတစ္ေယာက္ အိပ္မက္တစ္ခုကို
မက္ပါတယ္။
အိပ္မက္ထဲ၌ မသန္းေအးက သမီးေလးအား အစ္မႏွင့္သာထားခဲ့ခ်င္၍
လိပ္ျပာခြဲသည့္ေန႔က အစ္မျဖစ္သူမသီတာကိုေ႐ြးခဲ့ေၾကာင္း
သူမေသခင္ကျပဳစုလုပ္ကိုင္ေပးခဲ့တာ
ေတြကိုေက်းဇူးတင္ေၾကာင္းေျပာကာ
ေပ်ာက္သြားပါေတာ့တယ္။
မသီတာလည္းတူမေလးအား
သမီးရင္းႏွင့္မျခာခ်စ္ခင္ကာ
ျပဳစုေစာင့္ေရွာက္ခဲ့ပါတယ္။
ကိုေအာင္ေက်ာ္တစ္ေယာက္လည္း
ေနာင္တတရားတို႔ကိုရင္ဝယ္ပိုက္၍
အရက္ကိုရာသက္ပန္စြန႔္လြတ္လိုက္ပါ
ေတာ့တယ္။
မသန္းေအးတစ္ေယာက္ကေတာ့
သမီးေလးကိုစိတ္ခ်စြာျဖင့္ထားခဲ့ၿပီး
ဘဝသစ္ကိုကူးေျပာင္းသြားေလရဲ႕။
ၿပီးပါၿပီ။ ဇာတ္လမ္းေလးအား
ႀကိဳက္ႏွစ္သက္ပါက လက္မေလးေတြ
ေပးခဲ့ပါေနာ္။
႐ႊင္လန္းၾကပါေစ…………
#ေအာင္ဓူဝံ #ပရေလာက #ျဖစ္ရပ္မွန္