‘ လူမနေရဲတဲ့လက်သည်အိမ် ‘(စ-ဆုံး)

Unicode version

‘ လူမနေရဲတဲ့လက်သည်အိမ် ‘(စ-ဆုံး)
———————————————

သော်တာလမင်းစန္ဒာ

တစ္ဆေသရဲဆိုတာကို ခင်ဗျားတို့မြင်ဖူးတွေ့ဖူးကြလား။ ဒီမေးခွန်းကို
လူတော်တော်များများလည်းမေးဖူးကြလိမ့်မယ်ထင်ပါတယ်။ တော်
တော်များကတွေ့ဖူးတယ်လို့ဖြေကြသလို တချို့ကလည်းမတွေ့ဖူး
ကြဘူးဖြေမှာပဲ။ အယုံအကြည်မရှိတဲ့သူတွေလည်းဒုနဲ့ဒေးပေါ့။
ကျွန်တော်လည်း အယုံအကြည်မရှိတဲ့သူအမျိုးအစားထဲပါတယ်ဗျ။
ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့
စကားစပ်မိတိုင်းငြင်းကြခုန်ကြတာခဏခဏပေါ့။ သူငယ်ချင်းတွေထဲမှာ ကျွန်တော်နဲ့ ဘုန်းမြတ်ကတစ်ဖွဲ့။ ကျန်တဲ့သူတွေက ရှိတယ်၊ ယုံတယ်ဆိုတာပဲ။ ဒါတွေကို အရင်ကတည်းကငြင်းနေကြ။

ဒါပေမယ့် တစ္ဆေသရဲ တကယ်ရှိ၊ မရှိ ဆိုတာဘယ်သူမှသက်သေမ
ပြနိုင်ခဲ့ကြဘူးဗျ။ ဒီလိုနဲ့ သက်သေပြနိုင်တဲ့တစ်နေ့ကိုရောက်လာခဲ့တယ်။အယုံအကြည်လုံးဝမရှိခဲ့တဲ့ ကျွန်တော့ကို ပြောင်းလဲစေခဲ့တဲ့ နေ့လေးကိုတော့ ကျွန်တော်မေ့လို့ရမယ်မထင်ဘူး။ တစ်ရက် ကျွန်
တော့သူငယ်ချင်းရဲ့ မိတ်ဆွေတစ်ယောက်က သူနဲ့စကားစပ်မိရင်း၊
” မင်းတို့မယုံဘူးဆို သွားလေ့လာလိုက် ” ဆိုပြီး နေရာတစ်ခုကိုညွှန်
ပေးလာတယ်။ သူညွှန်ပေးတဲ့နေရာက မြစ်ဝကျွန်းပေါ် ကမြို့ငယ်
လေးရဲ့အနီးမှာရှိတဲ့ ရွာငယ်ဇနပုဒ်လေးပဲ။ ရွာနာမည်ကကိုင်းတော တဲ့။

ကျွန်တော်နဲ့ ဘုန်းမြတ်က သွားချင်တယ်။ ကျန်တဲ့သူတွေကမသွား
ရဲကြဘူး။ သူတို့ကို မရအရအတင်းခေါ်ရတာပေါ့။ ဒါမှတစ္ဆေဆိုတာ
တကယ်မရှိဘူးလို့ လက်တွေ့ရှင်းပြလို့ရမှာမလား။ သူတို့မလိုက်ရဲ
ရတဲ့အကြောင်းရင်းက ကိုယ်ဝန်ဖျက်ချရင်းသေသွားပြီး မကျွတ်ဘဲ
ခြောက်နေတယ်ဆိုတဲ့ တစ္ဆေမ ကြောင့်ပဲ။ နောက်ဆုံးတော့ကျန်တဲ့
သူငယ်ချင်းသုံးယောက်လည်းမငြင်းသာတော့ဘဲလိုက်လာရတော့
တယ်။ ကျွန်တော်တို့အကုန်စုစုပေါင်း ၅ ယောက်ဗျ။ ကျွန်တော်ရယ်၊
ဘုန်းမြတ်၊ ရဲသွေးအောင်၊ ဖြိုးသူရ နဲ့ ထူးနိုင် အားလုံး၅ ယောက် ခရီးစထွက်လိုက်ကြတယ်။ အဲ့ဒီရွာကိုရောက်ဖို့ Expressကားအ
ရင်စီး ပြီးရင် စက်လှေတစ်ခါထပ်စီးပြီးမှရောက်တာဗျ။

ကျွန်တော်တို့ရောက်သွားတော့ ယောင်လည်လည်နဲ့ပေါ့။ အသိမိတ်
ဆွေလည်းမရှိ။ သရဲတကယ်ရှိမရှိ ဆိုတာစုံစမ်းချင်ရုံနဲ့ လာကြတာ
ကိုး။ လမ်းညွှန်ပေးတဲ့သူက သူလည်းတစ်ဆင့်စကားနဲ့သိရတာဆို
တော့ နေရာပဲညွှန်ပေးလိုက်နိုင်တယ်။ ကျွန်တော်တို့လည်းဖြစ်ချင်
ရာဖြစ်ဆိုပြီးရွာထဲဝင်လာကြတာပေါ့။ ရွာအိမ်ခြေကတစ်ရာလောက်
တော့ရှိပေမယ့် လူလူသူသူသိပ်မတွေ့ရဘူး။ တစ်အ်ိမ်နဲ့တစ်အိမ်
လည်းနဲနဲလှမ်းတယ်။ ရွာလယ်လမ်းအတိုင်းဝင်လာရင်း တည်းလို့
ခိုလို့အဆင်ပြေနိုင်မယ့်အိမ်အရင်ရှာကြတာပေါ့ဗျာ။ ကျွန်တော်တို့
ရွာထဲဝင်လာပြီးမကြာဘူး ရွာခံတွေကအသီးသီးအိမ်ထဲကနေထွက်
ကြည့်လာကြတယ်။

ရွာလေးကနဲနဲခေါင်လို့လားမသိဘူး။ လူစိမ်းဝင်လာရင်အကုန်ထွက်
ကြည့်ကြတာများ ကျွန်တော်တို့မှာ နိုင်ငံကျော်မင်းသားတွေလိုလို
တောင်ဖြစ်လာမိသေး။ အနီးနားကလူကိုစကားစပြီးမေးကြည့်လိုက်
တယ်။ ကျွန်တော်တို့လည်းကိုယ့်ကိုယ်မိတ်ဆက်ကြတာပေါ့။ သူတို့
ကလည်းဖော်ဖော်ရွေရွေတွေပါပဲ။ ဘာအကူအညီလိုသလဲလို့မေး
ကြတယ်။ မီးတွင်းထဲသေသွားလို့မကျွတ်ဘူးဆိုတာကို လာလေ့လာ
တာလို့လည်းဆိုရော သူတို့အကုန် အနောက်ဆုတ်သွားကြတယ်ဗျ။
ကျွန်တော်တို့လည်းစကားများမှားပြီလားလို့ထိတ်ကနဲဖြစ်သွားကြ
တာပေါ့။ သူတို့ထဲကအသက် ၆၀ ဝန်းကျင်ဦးလေးကြီးတစ်ယောက်
ကပြောတယ်။

” ငါ့တူရီးတို့… ဒီလောက ကမစမနောက်ကောင်းဘူး… မစူးစမ်းချင်
ကြနဲ့… လှည့်သာပြန်ကြတော့ ”

” ဒီလိုပါဦးလေး…ကျွန်တော်တို့ကလေ့လာချင်ရုံပါ… စဖို့နောက်ဖို့
မဟုတ်ပါဘူးခင်ဗျာ… တကယ်ရှိမရှိပဲသိရရုံတော်ပါပြီ… နှုတ်စည်း
လည်းစောင့်ပါမယ်ဗျ ”

ရွာကလူတွေက လက်မခံချင်ကြဘူး။ ကျွန်တော်တို့ကိုပြန်ပဲပြန်ခိုင်း
ကြတယ်။ ကျွန်တော်တို့ကလည်း မသိရမချင်းမပြန်ဘူးလို့ခံငြင်းကြ
တာပေါ့။ တကယ်ခံငြင်းတာက ကျွန်တော်နဲ့ဘုန်းမြတ်ကဒိုင်ခံ။ ဟို
ကောင်တွေက နဂိုကမှမလိုက်ချင်တာ ပြန်မယ်ချည်းပဲဗျ။ နောက်
တော့ ရွာကလူတွေကပြောရတာမောလာတယ်ထင်တယ်။ ဒါဆို
လည်း အဲ့ဒီအိမ်မှာတစ်ညလောက်နေကြည့်လိုက်လို့ပြောလာတယ်။
သူတို့ပြောတဲ့အိမ်ဆိုတာ ကောင်မလေးသေသွားတဲ့အိမ်ကိုပြောကြ
တာ။ နေမယ်လို့ပြောပြီးလိုက်ပို့ခိုင်းလိုက်တာပေါ့။ ရွာကလူနှစ်
ယောက်ကလိုက်ပို့ပေးတယ်။

အိမ်က မြေနိမ့်ပိုင်းထဲမှာဗျ။ ဘေးမှာအိမ်တွေမရှိဘူး။ သူတို့ပြောတာတော့ လက်သည်ရဲ့အိမ်လို့ပြောတယ်။ ကောင်မလေးကဒီရွာက
ကမဟုတ်ဘူး။ တခြားကနေလက်သည်ဆီ ကလေးလာဖျက်ချတာ။
ကလေးဖျက်ရင်းသေတာလို့ပြောတယ်။ ကောင်မလေးကသေပြီး
တော်တော်လေးခြောက်နေလို့ လက်သည်လည်းအိမ်ကိုပစ်ခဲ့ပြီး
တစ်ခြားမှာအိမ်ပြန်ဆောက်နေတယ်တဲ့။ သူတို့ပို့ပေးတဲ့အိမ်နား
ရောက်တော့ လိုက်ပို့ပေးတဲ့လူနှစ်ယောက်ကအိမ်ကိုလက်ညိုးထိုး
ပြပြီး ပြန်ပြေးသွားကြတာပဲ။ ကျွန်တော်နဲ့ဘုန်းမြတ်က တစ်ယောက်
ကိုတစ်ယောက်ကြည့်ပြီးပြုံးမိသေးတယ်။ တော်တော်ကြောက်
တတ်တဲ့သူတွေဆိုပြီး။

အိမ်ထဲဝင်ဖို့ လမ်းကနေလှေကားထစ်ပုံဖော်ထားတဲ့မြေသားကနေ
ဆင်းရတယ်။ အိမ်ကလမ်းအောက်မှာ။ ထရံအိမ်ဟောင်းလေး။ လူ
မနေတာကြာပြီမလို့ ယိုင်နဲ့နဲ့ ပုံဖြစ်နေတယ်။ ခြံစည်းရိုးလည်းမရှိဘူး။အိမ်ဘေးမှာလည်းခြုံတွေချည်းပဲ။ ကျွန်တော်တို့လည်းခြုံတိုးပြီးအိမ်ထဲဝင်လာကြတယ်။ အိမ်အတွင်းပိုင်းမှာလည်းဘာပစ္စည်းမှမရှိဘူးဗျ။အခန်းကသုံးခန်းကန့်ထားတယ်။ အိပ်ခန်းလိုလိုကနှစ်ခန်း၊
နောက်တစ်ခန်းကမီးဖိုချောင်လိုထင်တယ်။ ထမင်းစားဘာညာအ
တွက်ဖြစ်မယ်ဗျ။ တချို့ထရံတွေဆို ပေါက်ပြဲနေပြီ။ ကြမ်းခင်းက
လည်းဝါးကပ်လိုမျိုးခင်းထားတယ်။ ကျွန်တော်တို့ ဝိတ်နဲ့အိမ်ပြိုကျမှာတောင်စိုးမိသွားသေးရဲ့ဗျာ။ အိမ်ထဲကညှင်းသိုးသိုးအနံ့ကတော်တော်ဆိုးတာမလို့အိမ်ပြူတင်းတံခါးတွေအကုန်ဖွင့်လိုက်ကြတာပေါ့။

ခရီးပန်းလာလို့လှဲတဲ့သူကလှဲ၊ တစ်ယောက်တစ်ပေါက်ပြောတဲ့သူက
ပြောပေါ့ဗျာ။ ဖြိုးသူရကတော့ တော်တော်ကြောက်နေပုံရတယ်။ လူ
နောက်တစ်ကောက်ကောက်ကိုလိုက်နေတာ။ ဒီငါးယောက်နဲ့အိမ်
တစ်ခြမ်းကပြည့်နေပြီကို သူကလိုက်ကပ်တုန်း။ ရေမိုးချိုးချင်ပေမယ့်
လည်း ရေချိုးဖို့မပြောနဲ့ခြေလက်ဆေးဖို့တောင်ရေမရှိဘူး။ အဲ့ဒီအိမ်မှာခဏနားပြီး အထုပ်အပိုးတွေထားခဲ့ပေါ့။ ရွာလယ်ဖက်ပြန်ထွက်လာကြတယ်။ဗိုက်ကဆာပြီလေ။ ရွာထဲကလူတွေက ကျွန်
တော်တို့ကိုတွေ့တာနဲ့ ဝိုင်းလာကြတယ်။ သရဲတွေ့ခဲ့လားဆိုတာ သူတို့လည်းစိတ်ဝင်စားနေကြတာကိုးဗျ။

ကျွန်တော်တို့ဗိုက်ဆာလို့စားစရာလေးဝယ်ချင်တယ်ဆိုတော့ ရွာ
မှာဘာဆိုင်မှမရှိဘူးတဲ့။ ရွာကလူတွေကသူတို့အိမ်မှာလာစားပါလို့
အတင်းလုယက်ခေါ်ကြတယ်။ ချစ်စရာဓလေ့လေးပေါ့ဗျာ။ ကျွေးချင်
မွေးချင်ကြတဲ့စေတနာသဒ္ဓါတရားကို မျက်ဝါးထင်ထင်တွေ့ခဲ့ရ
တယ်။ နီးစပ်ရာအိမ်တစ်အိမ်ကိုဝင်ပြီး စားလိုက်ကြတယ်ပေါ့ဗျာ။ စားရင်းနဲ့ အိမ်ပိုင်ရှင်လက်သည်အကြောင်းမေးတော့ လက်သည်
က ရွာတောင်ဖက်မှာနေတာတဲ့။ ကျွန်တော်တို့လည်းလက်သည်ကိုသွားတွေ့လိုက်ကြတယ်။ အချိန်ကလည်းပိုနေတာကိုး။ လက်
သည်အိမ်ရောက်တော့ သူကပြောပြတယ်။

သေသွားတဲ့ကောင်မလေးနာမည်က အေးမြမွန် တဲ့။ အသက်က
(၂၀)ပဲရှိသေးတယ်လို့ဆိုတယ်။သူ့ဆီလာတော့ကိုယ်ဝန် ၄လရှိပြီ
ပြောတယ်။လက်သည်က ဖျက်လို့မလွယ်လို့မွေးခိုင်းပေမယ့်
ကောင်မလေးအမေက အတင်းဖျက်ချခိုင်းခဲ့တာဆိုပဲဗျ။ လက်
သည်လည်းကြိုးစားပြီးဖျက်ချပေးပေမယ့် ကောင်မလေးက အ
သက်ဆုံးသွားခဲ့ရတာပေါ့။ကောင်မလေးသေသွားမှသူ့အမေကယူကျုံးမရဖြစ်တော့တာ။ အေးမြမွန်အလောင်းကို ကိုင်းတောသုဿာန်မှာပဲမြုပ်လိုက်တယ်တဲ့။ ဒါပေမယ့် အေးမြမွန်က လက်သည်ရဲ့
အိမ်မှာတော်တော်လေးကိုခြောက်နေလို့ ဆက်မနေရဲဘဲပြောင်းလာတာလို့ပြောတယ်ဗျ။

ရွာကမယုံတဲ့သူတွေလည်းလက်သည်အိမ်မှာစောင့်အိပ်ကြဖူးတယ်
တဲ့။ ဒါပေမယ့်အေးမြမွန်ဝိဥာဉ်ကအရမ်းခြောက်လို့ပြေးကြတဲ့သူ
တွေချည်းလို့ဆိုတော့ ကျွန်တော့သူငယ်ချင်းတွေမျက်စိမျက်နှာ
ပျက်သွားတာတွေ့မိသေး။ ဒီကောင်တွေကြားရရုံနဲ့တင်ဒီလောက်
ချောက်ချားနေရင် ဆိုပြီး တွေးမိသေးတယ်။ လက်သည်အိမ်ကနေ
ပြန်ပြီး အိမ်ထဲလာဝင်နားကြတာပေါ့။ ပင်ပန်းလာလို့အကုန်လုံးနှစ်
နှစ်ခြိုက်ခြိုက်ကြီးကိုအိပ်ပျော်သွားကြတာ။ ကျွန်တော့ကို ရဲသွေး
အောင်လာနိုးမှနိုးလာတယ်။ သူလာနိုးတော့မှောင်ရီပျိုးနေပြီ။ ထူး
နိုင် ပျောက်နေလို့ဆိုပြီးလာနိူးတာ။ အကုန်လိုက်ရှာကြတာပေါ့။
ဖယောင်းတိုင်ထွန်းတဲ့သူကထွန်း၊ ဓါတ်မီးထိုးပြီးရှာကြတာ။

တွေ့မယ့်တွေ့တော့ အိမ်အနောက်ဖက်မှာငုတ်တုတ်ထိုင်နေတယ်
ဗျ။ ဘာဖြစ်တာလဲမေးတော့လည်းအူကြောင်ကြောင်နဲ့။ သူ့သူဘယ်
ရောက်နေမှန်းသိပုံမရဘူး။ ကျွန်တော်တို့ကိုမြင်မှအသိစိတ်ဝင်လာ
ပြီးကယောင်ကတမ်းတွေပြောလာတာ။ ကျွန်တော်လည်းသူတို့အ
ကြောက်လွန်နေမှန်းရိပ်မိလို့ အကုန်အိမ်ထဲဝင်ပြီးတာနဲ့ သူတို့ကို
စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ နဲနဲအိပ်လိုက်ရတော့လူကလန်း
လာပြီလေ။ ကျန်တဲ့သူတွေလည်းမအိပ်ကြတော့ဘူး။ စကားဝိုင်းဖွဲ့
ပြောရင်း အေးမြမွန်ဝိဥာဉ်ဘယ်အချိန်ထွက်လာမလဲပဲစောင့်နေကြ
တော့တယ်။

ည ၁၀နာရီလောက်ရောက်တော့ ဘုန်းမြတ်က တစ်ယောက်တည်း
ထရယ်ပါလေရော။ ကျွန်တော်တို့အားလုံးကြောင်သွားကြမိတယ်။
ရယ်စရာလည်းမပြောဘဲနဲ့သူ့တစ်ယောက်တည်းရယ်နေတာ။ ပြီး
တော့ သူ့ဗိုက်ကိုလက်နှစ်ဖက်နဲ့ပိုက်ထားသေးတယ်။ ကျွန်တော့
သူငယ်ချင်းတွေက ဘုန်းမြတ်ကိုသရဲပူးနေပြီဆိုပြီး အိမ်ကနေပြန်
ထွက်ဖို့ပြောကြပေမယ့် ကျွန်တော်ခေါင်းမာမာနဲ့ငြင်းမိခဲ့တယ်။
တကယ်ဆိုသူတို့ပြောသလိုပြန်ထွက်ခဲ့ရင် ကောင်းမှပဲလို့ တခါခါ
ပြန်တွေးမိပါတယ်။ ကျွန်တော်ကမကြောက်တတ်တဲ့သူဆိုတော့
ဘာမှမဖြစ်ဘူးလို့ပဲပြောနေတာ။ ဘုန်းမြတ်က ရယ်နေရင်း
” ဗိုက်ဆာလိုက်တာ ” လို့ပြောတယ်။

ကျွန်တော်က ကျောပိုးအိတ်ထဲက မုန့်တွေထုတ်ပေးတော့ မစား
ချင်ဘူးတဲ့။ ဒါပဲ ပါလာတာလို့ပြောပြီးမုန့်တွေပြန်ထည့်နေတုန်း
ရဲသွေးအောင်ကိုလည်ပင်းထညှစ်ပါလေရော။ ကျွန်တော်တို့လည်း
ဝိုင်းဆွဲကြပေမယ့် ဒီကောင်ကအားတော်တော်ကိုကောင်းနေတော့
တော်တော်နဲ့ဆွဲလို့မရဘူး။ ထူးနိုင်ကပိုက်ဆံအိတ်ထဲက မဟာ
မြတ်မုနိဘုရားပုံတော်ကိုထုတ်ပြီးဘုန်းမြတ်နဖူးပေါ်ကပ်ပေးလိုက်မှ
ငြိမ်သွားတာ။ အဲ့ဒီတော့မှဘုန်းမြတ်လည်းသတိပြန်ကပ်လာတော့တယ်။အကုန်လုံးကကြောက်နေကြပြီ။ ကျွန်တော်လည်းနဲနဲတော့
လန့်လာပြီလေ။

အိမ်ကနေပြန်ထွက်ရမလားလို့တွေးနေတုန်း အိမ်ဝမှာမိန်းမတစ်ယောက်ကျောပေးပြီးထိုင် နေတာကိုရုတ်တရက်တွေ့လိုက်ရတာပဲ။
ဖယောင်းတိုင်မီးတွေအများကြီးထွန်းထားတော့ သေသေချာချာကို
မြင်နေရတာ။ ဆံပင်ကဂုတ်ဝဲကျော်ကျော်လေးနဲ့ဗျ။ ခေါင်းငုံ့ပြီးထိုင်နေတာ။ အကုန်လုံးကအိမ်ထဲပိတ်မိနေသလိုဖြစ်နေပြီလေ။ သူကအိမ်အဝမှာထိုင်နေတာကိုး။ကျွန်တော်လည်းသရဲမှန်းသိနေပြီ။
ကျောရိုးထဲစိမ့်လာပြီး ခေါင်းကဆံပင်လည်းထောင်တက်လာတယ်။ သူငယ်ချင်းတွေအကုန်ပူးကပ်ပြီး အနောက်ဆုတ်လာကြတာ အိမ်
ထောင့်အထိပဲ။ အနောက်မှာထရံပဲကျန်တော့တယ်ဗျ။

အဲ့ဒီသရဲမက ကျောပေးထိုင်နေရင်း သူ့ခေါင်းကိုပြန်မော့လာတယ်။
ပြီးတော့ ကိုယ်ကမရွေ့ပါပဲနဲ့ ခေါင်းတစ်လုံးတည်း တဖြည်းဖြည်း
လှည့်လာတယ်ဗျာ။ ကျွန်တော့တစ်သက်နဲ့တစ်ကိုယ် ခုလိုမျက်ဝါး
ထင်ထင်တွေ့ဖူးတာပထမဆုံးပဲ။ ဘယ်လောက်တောင်ကြောက်မိ
လဲဆို ဒူးနှစ်ဖက်ကတစ်ဆတ်ဆတ်တုန်တက်လာပြီး စကားသံ
တောင်မထွက်လာနိုင်တော့ဘူး။ သူငယ်ချင်းတွေအကုန်လုံးပါးစပ်
က အာစေးမိထားသလို အော်မရဟစ်မရနဲ့ အသံမထွက်ကြဘူးဗျ။ လှည့်လာတဲ့ခေါင်းက ကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်။ ပြီးတော့ ထရပ်လာတယ်ဗျာ။

ကျွန်တော်အသည်းတွေအူတွေဗြောင်းဆန်ကုန်သလိုပဲ။ သရဲမက
ကျွန်တော်တို့ဆီနောက်ပြန်လျှောက်လာနေတာ။ စဉ်းစားကြည့်ဗျာ။
ကျောဖက်ကနေ ခေါင်းကမျက်နှာဖြူဖြူကြီးနဲ့ နောက်ပြန်လျှောက်
လာတာ ဘယ်သူမလန့်ဘဲရှိမလဲ။ ဖြိုးသူရနဲ့ ဘုန်းမြတ်က အဲ့မှာ
တင်မေ့လဲကျသွားတယ်။ ကျွန်တော်တို့ကတစ်ဖက်ကအိမ်ထောင့်
ဆီအရင်ပြေးတာပေါ့။ ဒူးတုန်နေပေမယ့်အားတင်းပြီးပြေးကြတာ။
အိမ်တစ်ဖက်ကိုရောက်တာနဲ့ အိမ်အဝဆီတစ်ခါထပ်ပြေးတာ။
အိမ်အပြင်ကိုဘယ်လိုရောက်လာကြမှန်းမသိဘူး။

ပြေးရင်းနဲ့မှသတိရသွားမိတယ်။ အိမ်ထဲမှာ ဖြိုးသူရနဲ့ဘုန်းမြတ်ကျန်
ခဲ့တယ်ဆိုတာနောက်မှသတိရသွားတာ။ ကျွန်တော်တို့အိမ်ထဲပြန်
မဝင်ရဲတော့ဘူး။ သူငယ်ချင်းနှစ်ယောက်ကိုလည်းချန်ခဲ့လို့မဖြစ်ဘူး
ဗျ။ အိမ်အဝကနေပဲအော်ခေါ်ပြီးထွက်လာခိုင်းမယ်ပေါ့။ သုံးယောက်
သား တုန်တုန်ယင်ယင်နဲ့ အိမ်နားကပ်သွားကြတာ။ အိမ်ပေါ်တက်
တဲ့လှေကားအတိုင်းတက်လာပြီးအိမ်ပေါက်ဝမှာသုံးယောက်သား
ပူးကပ်နေရင်းအိမ်ထဲလှမ်းကြည့်လိုက်တာဗျာ။ သတိမေ့နေတဲ့
ဖြိုးသူရနဲ့ ဘုန်းမြတ်တို့နှစ်ယောက်ကြားမှာ သရဲမက ရပ်နေတာ
တွေ့တာနဲ့ ကျွန်တော်တို့ပြန်ဆင်းပြေးကြတာပဲ။

ရွာခံတွေကိုအကူအညီတောင်းပြီးမှ ပြန်သွားခေါ်မယ်လို့တိုင်ပင်
လိုက်ကြတယ်။ ရွာထဲပြေးကြတာပေါ့။ ကျွန်တော်တို့အသံကြား
တော့ရွာကလူတွေထွက်လာကြတယ်။ ကျွန်တော်တို့လည်းအကျိုးအကြောင်းပြောပြပြီးအကူအညီတောင်းတော့ ရွာကလူတွေလည်းလိုက်လာပေးကြပါတယ်။ လူ ၂၀လောက်အင်အားဆိုတော့ ကြောက်စိတ်ကနဲနဲလျော့သွားသလိုပဲ။ အိမ်နားပြန်သွားပြီး အိမ်ပေါ်ကို
ပြန်တက်ကြတာပေါ့။ လူများလို့လားမသိဘူး။ သရဲမကိုမတွေ့တော့ပါဘူး။သူငယ်ချင်းနှစ်ယောက်ကိုသတိပြန်လည်အောင်လှုပ်နိုးတော့သူတို့သတိပြန်ရလာကြတယ်။

သတိရလာတာနဲ့ငိုကြတာဗျ။ သူတို့ကိုတွံခေါ်ပေးတဲ့သူတွေရယ်၊
အထုပ်အပိုးတွေပြန်သယ်ပေါ့လေ။ ထွန်းထားတဲ့ဖယောင်းတိုင်တွေ
ပြန်လိုက်သိမ်းရသေးတယ်။ မတော်အိမ်မီးလောင်ရင်အမှုပတ်မှာစိုး
ရသေး။ အကုန်လုံးအိမ်ကနေပြန်ထွက်လာကြတော့အားလုံးအေး
အေးဆေးဆေးပဲ။ ရွာလယ်လမ်းပေါ်လည်းရောက်ရော ရွာထဲက
ခွေးတွေက ဆက်တိုက်အူတော့တာ။ ကျွန်တော်တို့လူအုပ်ကိုကြည့်
ပြီးထိုးဟောင်တော့တာပဲ။ ကျွန်တော်တို့လည်း ကျောချမ်းချမ်းနဲ့
ဆက်လျှောက်လာကြတာပေါ့။ ဒါပေမယ့်ကျွန်တော်မြင်လိုက်တယ်
ဗ်။

ကျွန်တော့ရှေ့နှစ်ယောက်ကျော်မှာ ဆံပင်ဂုတ်ဝဲနဲ့သရဲမကအတူ
လိုက်ပါလာတယ်ဆိုတာ။ ကျွန်တော်လန့်ပြီးအော်ဟစ်ပစ်လိုက်
တော့လူတွေလည်းလန့်ကုန်ကြတယ်။ ဘာဖြစ်တာလဲပေါ့။ ကျွန်
တော်ပြောပြတယ်။ ဒီထဲမှာသရဲမပါလာတယ်ဆိုတာ။ သူတို့ကနားလည်တယ်ထင်တယ်။ ရွာထဲကဘုန်းကြီးကျောင်းကိုအရင်ဆုံးသွား
ကြတာပဲ။ ဘုန်းကြီးကျောင်းရောက်တာနဲ့ စိတ်ထဲနွေးသွားသလို
ဖြစ်သွားတယ်ဗျ။ ကျောင်းထိုင်ဘုန်းဘုန်းကိုယ်တိုင်ကြွလာပြီးပရိတ်
ရေတွေဖြန်းပေးတယ်။ အမျှတွေဝေပေးတယ်။ ကျွန်တော်တို့လည်းဘုန်းကြီးကျောင်းမှာပဲအိပ်လိုက်ကြတယ်ဗျ။ ကျွန်တော်တို့ကိုကူညီပေးတဲ့ရွာခံတွေလည်းအိမ်မပြန်ကြဘူး။

ဘုန်းကြီးကျောင်းမှာပဲအိပ်ကြတယ်။ သူတို့ပြောတာတော့ သူတို့
အိမ်ပြန်ရင် သူတို့နောက်လိုက်ပြန်တတ်လို့တဲ့ဗျာ။ ကျွန်တော်က
တော့အဲ့ဒီအဖြစ်အပျက်ကြုံပြီးကတည်းက သရဲတစ္ဆေ တကယ်ရှိ
မရှိဆိုတာမျိုး ယောင်လို့တောင်မစမ်းသပ်ဖြစ်တော့ဘူး။ တကယ်လို့
မယုံတဲ့သူတွေစမ်းသပ်ချင်တယ်ဆိုရင်တောင် ကိုင်းတောရွာက
လူမနေရဲတဲ့လက်သည်အိမ်ကိုတော့ရှောင်ကြဗျာ။ ကျွန်တော်တို့
တောင်သည်းခြေပျက်ခဲ့ရတာမဟုတ်လားဗျ။

သော်တာလမင်းစန္ဒာ

Zawgyi Version

‘ လူမေနရဲတဲ့လက္သည္အိမ္ ‘(စ-ဆုံး)
———————————————

ေသာ္တာလမင္းစႏၵာ

တေစၦသရဲဆိုတာကို ခင္ဗ်ားတို႔ျမင္ဖူးေတြ႕ဖူးၾကလား။ ဒီေမးခြန္းကို
လူေတာ္ေတာ္မ်ားမ်ားလည္းေမးဖူးၾကလိမ့္မယ္ထင္ပါတယ္။ ေတာ္
ေတာ္မ်ားကေတြ႕ဖူးတယ္လို႔ေျဖၾကသလို တခ်ိဳ႕ကလည္းမေတြ႕ဖူး
ၾကဘူးေျဖမွာပဲ။ အယုံအၾကည္မရွိတဲ့သူေတြလည္းဒုနဲ႔ေဒးေပါ့။
ကြၽန္ေတာ္လည္း အယုံအၾကည္မရွိတဲ့သူအမ်ိဳးအစားထဲပါတယ္ဗ်။
ဒီကိစၥနဲ႔ပတ္သက္ၿပီးကြၽန္ေတာ့သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔
စကားစပ္မိတိုင္းျငင္းၾကခုန္ၾကတာခဏခဏေပါ့။ သူငယ္ခ်င္းေတြထဲမွာ ကြၽန္ေတာ္နဲ႔ ဘုန္းျမတ္ကတစ္ဖြဲ႕။ က်န္တဲ့သူေတြက ရွိတယ္၊ ယုံတယ္ဆိုတာပဲ။ ဒါေတြကို အရင္ကတည္းကျငင္းေနၾက။

ဒါေပမယ့္ တေစၦသရဲ တကယ္ရွိ၊ မရွိ ဆိုတာဘယ္သူမွသက္ေသမ
ျပႏိုင္ခဲ့ၾကဘူးဗ်။ ဒီလိုနဲ႔ သက္ေသျပႏိုင္တဲ့တစ္ေန႔ကိုေရာက္လာခဲ့တယ္။အယုံအၾကည္လုံးဝမရွိခဲ့တဲ့ ကြၽန္ေတာ့ကို ေျပာင္းလဲေစခဲ့တဲ့ ေန႔ေလးကိုေတာ့ ကြၽန္ေတာ္ေမ့လို႔ရမယ္မထင္ဘူး။ တစ္ရက္ ကြၽန္
ေတာ့သူငယ္ခ်င္းရဲ႕ မိတ္ေဆြတစ္ေယာက္က သူနဲ႔စကားစပ္မိရင္း၊
” မင္းတို႔မယုံဘူးဆို သြားေလ့လာလိုက္ ” ဆိုၿပီး ေနရာတစ္ခုကိုၫႊန္
ေပးလာတယ္။ သူၫႊန္ေပးတဲ့ေနရာက ျမစ္ဝကြၽန္းေပၚ ကၿမိဳ႕ငယ္
ေလးရဲ႕အနီးမွာရွိတဲ့ ႐ြာငယ္ဇနပုဒ္ေလးပဲ။ ႐ြာနာမည္ကကိုင္းေတာ တဲ့။

ကြၽန္ေတာ္နဲ႔ ဘုန္းျမတ္က သြားခ်င္တယ္။ က်န္တဲ့သူေတြကမသြား
ရဲၾကဘူး။ သူတို႔ကို မရအရအတင္းေခၚရတာေပါ့။ ဒါမွတေစၦဆိုတာ
တကယ္မရွိဘူးလို႔ လက္ေတြ႕ရွင္းျပလို႔ရမွာမလား။ သူတို႔မလိုက္ရဲ
ရတဲ့အေၾကာင္းရင္းက ကိုယ္ဝန္ဖ်က္ခ်ရင္းေသသြားၿပီး မကြၽတ္ဘဲ
ေျခာက္ေနတယ္ဆိုတဲ့ တေစၦမ ေၾကာင့္ပဲ။ ေနာက္ဆုံးေတာ့က်န္တဲ့
သူငယ္ခ်င္းသုံးေယာက္လည္းမျငင္းသာေတာ့ဘဲလိုက္လာရေတာ့
တယ္။ ကြၽန္ေတာ္တို႔အကုန္စုစုေပါင္း ၅ ေယာက္ဗ်။ ကြၽန္ေတာ္ရယ္၊
ဘုန္းျမတ္၊ ရဲေသြးေအာင္၊ ၿဖိဳးသူရ နဲ႔ ထူးႏိုင္ အားလုံး၅ ေယာက္ ခရီးစထြက္လိုက္ၾကတယ္။ အဲ့ဒီ႐ြာကိုေရာက္ဖို႔ Expressကားအ
ရင္စီး ၿပီးရင္ စက္ေလွတစ္ခါထပ္စီးၿပီးမွေရာက္တာဗ်။

ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ ေယာင္လည္လည္နဲ႔ေပါ့။ အသိမိတ္
ေဆြလည္းမရွိ။ သရဲတကယ္ရွိမရွိ ဆိုတာစုံစမ္းခ်င္႐ုံနဲ႔ လာၾကတာ
ကိုး။ လမ္းၫႊန္ေပးတဲ့သူက သူလည္းတစ္ဆင့္စကားနဲ႔သိရတာဆို
ေတာ့ ေနရာပဲၫႊန္ေပးလိုက္ႏိုင္တယ္။ ကြၽန္ေတာ္တို႔လည္းျဖစ္ခ်င္
ရာျဖစ္ဆိုၿပီး႐ြာထဲဝင္လာၾကတာေပါ့။ ႐ြာအိမ္ေျခကတစ္ရာေလာက္
ေတာ့ရွိေပမယ့္ လူလူသူသူသိပ္မေတြ႕ရဘူး။ တစ္အ္ိမ္နဲ႔တစ္အိမ္
လည္းနဲနဲလွမ္းတယ္။ ႐ြာလယ္လမ္းအတိုင္းဝင္လာရင္း တည္းလို႔
ခိုလို႔အဆင္ေျပႏိုင္မယ့္အိမ္အရင္ရွာၾကတာေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔
႐ြာထဲဝင္လာၿပီးမၾကာဘူး ႐ြာခံေတြကအသီးသီးအိမ္ထဲကေနထြက္
ၾကည့္လာၾကတယ္။

႐ြာေလးကနဲနဲေခါင္လို႔လားမသိဘူး။ လူစိမ္းဝင္လာရင္အကုန္ထြက္
ၾကည့္ၾကတာမ်ား ကြၽန္ေတာ္တို႔မွာ ႏိုင္ငံေက်ာ္မင္းသားေတြလိုလို
ေတာင္ျဖစ္လာမိေသး။ အနီးနားကလူကိုစကားစၿပီးေမးၾကည့္လိုက္
တယ္။ ကြၽန္ေတာ္တို႔လည္းကိုယ့္ကိုယ္မိတ္ဆက္ၾကတာေပါ့။ သူတို႔
ကလည္းေဖာ္ေဖာ္ေ႐ြေ႐ြေတြပါပဲ။ ဘာအကူအညီလိုသလဲလို႔ေမး
ၾကတယ္။ မီးတြင္းထဲေသသြားလို႔မကြၽတ္ဘူးဆိုတာကို လာေလ့လာ
တာလို႔လည္းဆိုေရာ သူတို႔အကုန္ အေနာက္ဆုတ္သြားၾကတယ္ဗ်။
ကြၽန္ေတာ္တို႔လည္းစကားမ်ားမွားၿပီလားလို႔ထိတ္ကနဲျဖစ္သြားၾက
တာေပါ့။ သူတို႔ထဲကအသက္ ၆၀ ဝန္းက်င္ဦးေလးႀကီးတစ္ေယာက္
ကေျပာတယ္။

” ငါ့တူရီးတို႔… ဒီေလာက ကမစမေနာက္ေကာင္းဘူး… မစူးစမ္းခ်င္
ၾကနဲ႔… လွည့္သာျပန္ၾကေတာ့ ”

” ဒီလိုပါဦးေလး…ကြၽန္ေတာ္တို႔ကေလ့လာခ်င္႐ုံပါ… စဖို႔ေနာက္ဖို႔
မဟုတ္ပါဘူးခင္ဗ်ာ… တကယ္ရွိမရွိပဲသိရ႐ုံေတာ္ပါၿပီ… ႏႈတ္စည္း
လည္းေစာင့္ပါမယ္ဗ် ”

႐ြာကလူေတြက လက္မခံခ်င္ၾကဘူး။ ကြၽန္ေတာ္တို႔ကိုျပန္ပဲျပန္ခိုင္း
ၾကတယ္။ ကြၽန္ေတာ္တို႔ကလည္း မသိရမခ်င္းမျပန္ဘူးလို႔ခံျငင္းၾက
တာေပါ့။ တကယ္ခံျငင္းတာက ကြၽန္ေတာ္နဲ႔ဘုန္းျမတ္ကဒိုင္ခံ။ ဟို
ေကာင္ေတြက နဂိုကမွမလိုက္ခ်င္တာ ျပန္မယ္ခ်ည္းပဲဗ်။ ေနာက္
ေတာ့ ႐ြာကလူေတြကေျပာရတာေမာလာတယ္ထင္တယ္။ ဒါဆို
လည္း အဲ့ဒီအိမ္မွာတစ္ညေလာက္ေနၾကည့္လိုက္လို႔ေျပာလာတယ္။
သူတို႔ေျပာတဲ့အိမ္ဆိုတာ ေကာင္မေလးေသသြားတဲ့အိမ္ကိုေျပာၾက
တာ။ ေနမယ္လို႔ေျပာၿပီးလိုက္ပို႔ခိုင္းလိုက္တာေပါ့။ ႐ြာကလူႏွစ္
ေယာက္ကလိုက္ပို႔ေပးတယ္။

အိမ္က ေျမနိမ့္ပိုင္းထဲမွာဗ်။ ေဘးမွာအိမ္ေတြမရွိဘူး။ သူတို႔ေျပာတာေတာ့ လက္သည္ရဲ႕အိမ္လို႔ေျပာတယ္။ ေကာင္မေလးကဒီ႐ြာက
ကမဟုတ္ဘူး။ တျခားကေနလက္သည္ဆီ ကေလးလာဖ်က္ခ်တာ။
ကေလးဖ်က္ရင္းေသတာလို႔ေျပာတယ္။ ေကာင္မေလးကေသၿပီး
ေတာ္ေတာ္ေလးေျခာက္ေနလို႔ လက္သည္လည္းအိမ္ကိုပစ္ခဲ့ၿပီး
တစ္ျခားမွာအိမ္ျပန္ေဆာက္ေနတယ္တဲ့။ သူတို႔ပို႔ေပးတဲ့အိမ္နား
ေရာက္ေတာ့ လိုက္ပို႔ေပးတဲ့လူႏွစ္ေယာက္ကအိမ္ကိုလက္ညိဳးထိုး
ျပၿပီး ျပန္ေျပးသြားၾကတာပဲ။ ကြၽန္ေတာ္နဲ႔ဘုန္းျမတ္က တစ္ေယာက္
ကိုတစ္ေယာက္ၾကည့္ၿပီးၿပဳံးမိေသးတယ္။ ေတာ္ေတာ္ေၾကာက္
တတ္တဲ့သူေတြဆိုၿပီး။

အိမ္ထဲဝင္ဖို႔ လမ္းကေနေလွကားထစ္ပုံေဖာ္ထားတဲ့ေျမသားကေန
ဆင္းရတယ္။ အိမ္ကလမ္းေအာက္မွာ။ ထရံအိမ္ေဟာင္းေလး။ လူ
မေနတာၾကာၿပီမလို႔ ယိုင္နဲ႔နဲ႔ ပုံျဖစ္ေနတယ္။ ၿခံစည္း႐ိုးလည္းမရွိဘူး။အိမ္ေဘးမွာလည္းၿခဳံေတြခ်ည္းပဲ။ ကြၽန္ေတာ္တို႔လည္းၿခဳံတိုးၿပီးအိမ္ထဲဝင္လာၾကတယ္။ အိမ္အတြင္းပိုင္းမွာလည္းဘာပစၥည္းမွမရွိဘူးဗ်။အခန္းကသုံးခန္းကန္႔ထားတယ္။ အိပ္ခန္းလိုလိုကႏွစ္ခန္း၊
ေနာက္တစ္ခန္းကမီးဖိုေခ်ာင္လိုထင္တယ္။ ထမင္းစားဘာညာအ
တြက္ျဖစ္မယ္ဗ်။ တခ်ိဳ႕ထရံေတြဆို ေပါက္ၿပဲေနၿပီ။ ၾကမ္းခင္းက
လည္းဝါးကပ္လိုမ်ိဳးခင္းထားတယ္။ ကြၽန္ေတာ္တို႔ ဝိတ္နဲ႔အိမ္ၿပိဳက်မွာေတာင္စိုးမိသြားေသးရဲ႕ဗ်ာ။ အိမ္ထဲကညႇင္းသိုးသိုးအနံ႔ကေတာ္ေတာ္ဆိုးတာမလို႔အိမ္ျပဴတင္းတံခါးေတြအကုန္ဖြင့္လိုက္ၾကတာေပါ့။

ခရီးပန္းလာလို႔လွဲတဲ့သူကလွဲ၊ တစ္ေယာက္တစ္ေပါက္ေျပာတဲ့သူက
ေျပာေပါ့ဗ်ာ။ ၿဖိဳးသူရကေတာ့ ေတာ္ေတာ္ေၾကာက္ေနပုံရတယ္။ လူ
ေနာက္တစ္ေကာက္ေကာက္ကိုလိုက္ေနတာ။ ဒီငါးေယာက္နဲ႔အိမ္
တစ္ျခမ္းကျပည့္ေနၿပီကို သူကလိုက္ကပ္တုန္း။ ေရမိုးခ်ိဳးခ်င္ေပမယ့္
လည္း ေရခ်ိဳးဖို႔မေျပာနဲ႔ေျခလက္ေဆးဖို႔ေတာင္ေရမရွိဘူး။ အဲ့ဒီအိမ္မွာခဏနားၿပီး အထုပ္အပိုးေတြထားခဲ့ေပါ့။ ႐ြာလယ္ဖက္ျပန္ထြက္လာၾကတယ္။ဗိုက္ကဆာၿပီေလ။ ႐ြာထဲကလူေတြက ကြၽန္
ေတာ္တို႔ကိုေတြ႕တာနဲ႔ ဝိုင္းလာၾကတယ္။ သရဲေတြ႕ခဲ့လားဆိုတာ သူတို႔လည္းစိတ္ဝင္စားေနၾကတာကိုးဗ်။

ကြၽန္ေတာ္တို႔ဗိုက္ဆာလို႔စားစရာေလးဝယ္ခ်င္တယ္ဆိုေတာ့ ႐ြာ
မွာဘာဆိုင္မွမရွိဘူးတဲ့။ ႐ြာကလူေတြကသူတို႔အိမ္မွာလာစားပါလို႔
အတင္းလုယက္ေခၚၾကတယ္။ ခ်စ္စရာဓေလ့ေလးေပါ့ဗ်ာ။ ေကြၽးခ်င္
ေမြးခ်င္ၾကတဲ့ေစတနာသဒၶါတရားကို မ်က္ဝါးထင္ထင္ေတြ႕ခဲ့ရ
တယ္။ နီးစပ္ရာအိမ္တစ္အိမ္ကိုဝင္ၿပီး စားလိုက္ၾကတယ္ေပါ့ဗ်ာ။ စားရင္းနဲ႔ အိမ္ပိုင္ရွင္လက္သည္အေၾကာင္းေမးေတာ့ လက္သည္
က ႐ြာေတာင္ဖက္မွာေနတာတဲ့။ ကြၽန္ေတာ္တို႔လည္းလက္သည္ကိုသြားေတြ႕လိုက္ၾကတယ္။ အခ်ိန္ကလည္းပိုေနတာကိုး။ လက္
သည္အိမ္ေရာက္ေတာ့ သူကေျပာျပတယ္။

ေသသြားတဲ့ေကာင္မေလးနာမည္က ေအးျမမြန္ တဲ့။ အသက္က
(၂၀)ပဲရွိေသးတယ္လို႔ဆိုတယ္။သူ႔ဆီလာေတာ့ကိုယ္ဝန္ ၄လရွိၿပီ
ေျပာတယ္။လက္သည္က ဖ်က္လို႔မလြယ္လို႔ေမြးခိုင္းေပမယ့္
ေကာင္မေလးအေမက အတင္းဖ်က္ခ်ခိုင္းခဲ့တာဆိုပဲဗ်။ လက္
သည္လည္းႀကိဳးစားၿပီးဖ်က္ခ်ေပးေပမယ့္ ေကာင္မေလးက အ
သက္ဆုံးသြားခဲ့ရတာေပါ့။ေကာင္မေလးေသသြားမွသူ႔အေမကယူက်ဳံးမရျဖစ္ေတာ့တာ။ ေအးျမမြန္အေလာင္းကို ကိုင္းေတာသုႆာန္မွာပဲျမဳပ္လိုက္တယ္တဲ့။ ဒါေပမယ့္ ေအးျမမြန္က လက္သည္ရဲ႕
အိမ္မွာေတာ္ေတာ္ေလးကိုေျခာက္ေနလို႔ ဆက္မေနရဲဘဲေျပာင္းလာတာလို႔ေျပာတယ္ဗ်။

႐ြာကမယုံတဲ့သူေတြလည္းလက္သည္အိမ္မွာေစာင့္အိပ္ၾကဖူးတယ္
တဲ့။ ဒါေပမယ့္ေအးျမမြန္ဝိဥာဥ္ကအရမ္းေျခာက္လို႔ေျပးၾကတဲ့သူ
ေတြခ်ည္းလို႔ဆိုေတာ့ ကြၽန္ေတာ့သူငယ္ခ်င္းေတြမ်က္စိမ်က္ႏွာ
ပ်က္သြားတာေတြ႕မိေသး။ ဒီေကာင္ေတြၾကားရ႐ုံနဲ႔တင္ဒီေလာက္
ေခ်ာက္ခ်ားေနရင္ ဆိုၿပီး ေတြးမိေသးတယ္။ လက္သည္အိမ္ကေန
ျပန္ၿပီး အိမ္ထဲလာဝင္နားၾကတာေပါ့။ ပင္ပန္းလာလို႔အကုန္လုံးႏွစ္
ႏွစ္ၿခိဳက္ၿခိဳက္ႀကီးကိုအိပ္ေပ်ာ္သြားၾကတာ။ ကြၽန္ေတာ့ကို ရဲေသြး
ေအာင္လာႏိုးမွႏိုးလာတယ္။ သူလာႏိုးေတာ့ေမွာင္ရီပ်ိဳးေနၿပီ။ ထူး
ႏိုင္ ေပ်ာက္ေနလို႔ဆိုၿပီးလာႏိူးတာ။ အကုန္လိုက္ရွာၾကတာေပါ့။
ဖေယာင္းတိုင္ထြန္းတဲ့သူကထြန္း၊ ဓါတ္မီးထိုးၿပီးရွာၾကတာ။

ေတြ႕မယ့္ေတြ႕ေတာ့ အိမ္အေနာက္ဖက္မွာငုတ္တုတ္ထိုင္ေနတယ္
ဗ်။ ဘာျဖစ္တာလဲေမးေတာ့လည္းအူေၾကာင္ေၾကာင္နဲ႔။ သူ႔သူဘယ္
ေရာက္ေနမွန္းသိပုံမရဘူး။ ကြၽန္ေတာ္တို႔ကိုျမင္မွအသိစိတ္ဝင္လာ
ၿပီးကေယာင္ကတမ္းေတြေျပာလာတာ။ ကြၽန္ေတာ္လည္းသူတို႔အ
ေၾကာက္လြန္ေနမွန္းရိပ္မိလို႔ အကုန္အိမ္ထဲဝင္ၿပီးတာနဲ႔ သူတို႔ကို
ေစာင့္ၾကည့္ဖို႔ဆုံးျဖတ္လိုက္တယ္။ နဲနဲအိပ္လိုက္ရေတာ့လူကလန္း
လာၿပီေလ။ က်န္တဲ့သူေတြလည္းမအိပ္ၾကေတာ့ဘူး။ စကားဝိုင္းဖြဲ႕
ေျပာရင္း ေအးျမမြန္ဝိဥာဥ္ဘယ္အခ်ိန္ထြက္လာမလဲပဲေစာင့္ေနၾက
ေတာ့တယ္။

ည ၁၀နာရီေလာက္ေရာက္ေတာ့ ဘုန္းျမတ္က တစ္ေယာက္တည္း
ထရယ္ပါေလေရာ။ ကြၽန္ေတာ္တို႔အားလုံးေၾကာင္သြားၾကမိတယ္။
ရယ္စရာလည္းမေျပာဘဲနဲ႔သူ႔တစ္ေယာက္တည္းရယ္ေနတာ။ ၿပီး
ေတာ့ သူ႔ဗိုက္ကိုလက္ႏွစ္ဖက္နဲ႔ပိုက္ထားေသးတယ္။ ကြၽန္ေတာ့
သူငယ္ခ်င္းေတြက ဘုန္းျမတ္ကိုသရဲပူးေနၿပီဆိုၿပီး အိမ္ကေနျပန္
ထြက္ဖို႔ေျပာၾကေပမယ့္ ကြၽန္ေတာ္ေခါင္းမာမာနဲ႔ျငင္းမိခဲ့တယ္။
တကယ္ဆိုသူတို႔ေျပာသလိုျပန္ထြက္ခဲ့ရင္ ေကာင္းမွပဲလို႔ တခါခါ
ျပန္ေတြးမိပါတယ္။ ကြၽန္ေတာ္ကမေၾကာက္တတ္တဲ့သူဆိုေတာ့
ဘာမွမျဖစ္ဘူးလို႔ပဲေျပာေနတာ။ ဘုန္းျမတ္က ရယ္ေနရင္း
” ဗိုက္ဆာလိုက္တာ ” လို႔ေျပာတယ္။

ကြၽန္ေတာ္က ေက်ာပိုးအိတ္ထဲက မုန္႔ေတြထုတ္ေပးေတာ့ မစား
ခ်င္ဘူးတဲ့။ ဒါပဲ ပါလာတာလို႔ေျပာၿပီးမုန္႔ေတြျပန္ထည့္ေနတုန္း
ရဲေသြးေအာင္ကိုလည္ပင္းထညႇစ္ပါေလေရာ။ ကြၽန္ေတာ္တို႔လည္း
ဝိုင္းဆြဲၾကေပမယ့္ ဒီေကာင္ကအားေတာ္ေတာ္ကိုေကာင္းေနေတာ့
ေတာ္ေတာ္နဲ႔ဆြဲလို႔မရဘူး။ ထူးႏိုင္ကပိုက္ဆံအိတ္ထဲက မဟာ
ျမတ္မုနိဘုရားပုံေတာ္ကိုထုတ္ၿပီးဘုန္းျမတ္နဖူးေပၚကပ္ေပးလိုက္မွ
ၿငိမ္သြားတာ။ အဲ့ဒီေတာ့မွဘုန္းျမတ္လည္းသတိျပန္ကပ္လာေတာ့တယ္။အကုန္လုံးကေၾကာက္ေနၾကၿပီ။ ကြၽန္ေတာ္လည္းနဲနဲေတာ့
လန္႔လာၿပီေလ။

အိမ္ကေနျပန္ထြက္ရမလားလို႔ေတြးေနတုန္း အိမ္ဝမွာမိန္းမတစ္ေယာက္ေက်ာေပးၿပီးထိုင္ ေနတာကို႐ုတ္တရက္ေတြ႕လိုက္ရတာပဲ။
ဖေယာင္းတိုင္မီးေတြအမ်ားႀကီးထြန္းထားေတာ့ ေသေသခ်ာခ်ာကို
ျမင္ေနရတာ။ ဆံပင္ကဂုတ္ဝဲေက်ာ္ေက်ာ္ေလးနဲ႔ဗ်။ ေခါင္းငုံ႔ၿပီးထိုင္ေနတာ။ အကုန္လုံးကအိမ္ထဲပိတ္မိေနသလိုျဖစ္ေနၿပီေလ။ သူကအိမ္အဝမွာထိုင္ေနတာကိုး။ကြၽန္ေတာ္လည္းသရဲမွန္းသိေနၿပီ။
ေက်ာ႐ိုးထဲစိမ့္လာၿပီး ေခါင္းကဆံပင္လည္းေထာင္တက္လာတယ္။ သူငယ္ခ်င္းေတြအကုန္ပူးကပ္ၿပီး အေနာက္ဆုတ္လာၾကတာ အိမ္
ေထာင့္အထိပဲ။ အေနာက္မွာထရံပဲက်န္ေတာ့တယ္ဗ်။

အဲ့ဒီသရဲမက ေက်ာေပးထိုင္ေနရင္း သူ႔ေခါင္းကိုျပန္ေမာ့လာတယ္။
ၿပီးေတာ့ ကိုယ္ကမေ႐ြ႕ပါပဲနဲ႔ ေခါင္းတစ္လုံးတည္း တျဖည္းျဖည္း
လွည့္လာတယ္ဗ်ာ။ ကြၽန္ေတာ့တစ္သက္နဲ႔တစ္ကိုယ္ ခုလိုမ်က္ဝါး
ထင္ထင္ေတြ႕ဖူးတာပထမဆုံးပဲ။ ဘယ္ေလာက္ေတာင္ေၾကာက္မိ
လဲဆို ဒူးႏွစ္ဖက္ကတစ္ဆတ္ဆတ္တုန္တက္လာၿပီး စကားသံ
ေတာင္မထြက္လာႏိုင္ေတာ့ဘူး။ သူငယ္ခ်င္းေတြအကုန္လုံးပါးစပ္
က အာေစးမိထားသလို ေအာ္မရဟစ္မရနဲ႔ အသံမထြက္ၾကဘူးဗ်။ လွည့္လာတဲ့ေခါင္းက ကြၽန္ေတာ္တို႔ကိုစိုက္ၾကည့္ေနတယ္။ ၿပီးေတာ့ ထရပ္လာတယ္ဗ်ာ။

ကြၽန္ေတာ္အသည္းေတြအူေတြေျဗာင္းဆန္ကုန္သလိုပဲ။ သရဲမက
ကြၽန္ေတာ္တို႔ဆီေနာက္ျပန္ေလွ်ာက္လာေနတာ။ စဥ္းစားၾကည့္ဗ်ာ။
ေက်ာဖက္ကေန ေခါင္းကမ်က္ႏွာျဖဴျဖဴႀကီးနဲ႔ ေနာက္ျပန္ေလွ်ာက္
လာတာ ဘယ္သူမလန္႔ဘဲရွိမလဲ။ ၿဖိဳးသူရနဲ႔ ဘုန္းျမတ္က အဲ့မွာ
တင္ေမ့လဲက်သြားတယ္။ ကြၽန္ေတာ္တို႔ကတစ္ဖက္ကအိမ္ေထာင့္
ဆီအရင္ေျပးတာေပါ့။ ဒူးတုန္ေနေပမယ့္အားတင္းၿပီးေျပးၾကတာ။
အိမ္တစ္ဖက္ကိုေရာက္တာနဲ႔ အိမ္အဝဆီတစ္ခါထပ္ေျပးတာ။
အိမ္အျပင္ကိုဘယ္လိုေရာက္လာၾကမွန္းမသိဘူး။

ေျပးရင္းနဲ႔မွသတိရသြားမိတယ္။ အိမ္ထဲမွာ ၿဖိဳးသူရနဲ႔ဘုန္းျမတ္က်န္
ခဲ့တယ္ဆိုတာေနာက္မွသတိရသြားတာ။ ကြၽန္ေတာ္တို႔အိမ္ထဲျပန္
မဝင္ရဲေတာ့ဘူး။ သူငယ္ခ်င္းႏွစ္ေယာက္ကိုလည္းခ်န္ခဲ့လို႔မျဖစ္ဘူး
ဗ်။ အိမ္အဝကေနပဲေအာ္ေခၚၿပီးထြက္လာခိုင္းမယ္ေပါ့။ သုံးေယာက္
သား တုန္တုန္ယင္ယင္နဲ႔ အိမ္နားကပ္သြားၾကတာ။ အိမ္ေပၚတက္
တဲ့ေလွကားအတိုင္းတက္လာၿပီးအိမ္ေပါက္ဝမွာသုံးေယာက္သား
ပူးကပ္ေနရင္းအိမ္ထဲလွမ္းၾကည့္လိုက္တာဗ်ာ။ သတိေမ့ေနတဲ့
ၿဖိဳးသူရနဲ႔ ဘုန္းျမတ္တို႔ႏွစ္ေယာက္ၾကားမွာ သရဲမက ရပ္ေနတာ
ေတြ႕တာနဲ႔ ကြၽန္ေတာ္တို႔ျပန္ဆင္းေျပးၾကတာပဲ။

႐ြာခံေတြကိုအကူအညီေတာင္းၿပီးမွ ျပန္သြားေခၚမယ္လို႔တိုင္ပင္
လိုက္ၾကတယ္။ ႐ြာထဲေျပးၾကတာေပါ့။ ကြၽန္ေတာ္တို႔အသံၾကား
ေတာ့႐ြာကလူေတြထြက္လာၾကတယ္။ ကြၽန္ေတာ္တို႔လည္းအက်ိဳးအေၾကာင္းေျပာျပၿပီးအကူအညီေတာင္းေတာ့ ႐ြာကလူေတြလည္းလိုက္လာေပးၾကပါတယ္။ လူ ၂၀ေလာက္အင္အားဆိုေတာ့ ေၾကာက္စိတ္ကနဲနဲေလ်ာ့သြားသလိုပဲ။ အိမ္နားျပန္သြားၿပီး အိမ္ေပၚကို
ျပန္တက္ၾကတာေပါ့။ လူမ်ားလို႔လားမသိဘူး။ သရဲမကိုမေတြ႕ေတာ့ပါဘူး။သူငယ္ခ်င္းႏွစ္ေယာက္ကိုသတိျပန္လည္ေအာင္လႈပ္ႏိုးေတာ့သူတို႔သတိျပန္ရလာၾကတယ္။

သတိရလာတာနဲ႔ငိုၾကတာဗ်။ သူတို႔ကိုတြံေခၚေပးတဲ့သူေတြရယ္၊
အထုပ္အပိုးေတြျပန္သယ္ေပါ့ေလ။ ထြန္းထားတဲ့ဖေယာင္းတိုင္ေတြ
ျပန္လိုက္သိမ္းရေသးတယ္။ မေတာ္အိမ္မီးေလာင္ရင္အမႈပတ္မွာစိုး
ရေသး။ အကုန္လုံးအိမ္ကေနျပန္ထြက္လာၾကေတာ့အားလုံးေအး
ေအးေဆးေဆးပဲ။ ႐ြာလယ္လမ္းေပၚလည္းေရာက္ေရာ ႐ြာထဲက
ေခြးေတြက ဆက္တိုက္အူေတာ့တာ။ ကြၽန္ေတာ္တို႔လူအုပ္ကိုၾကည့္
ၿပီးထိုးေဟာင္ေတာ့တာပဲ။ ကြၽန္ေတာ္တို႔လည္း ေက်ာခ်မ္းခ်မ္းနဲ႔
ဆက္ေလွ်ာက္လာၾကတာေပါ့။ ဒါေပမယ့္ကြၽန္ေတာ္ျမင္လိုက္တယ္
ဗ္။

ကြၽန္ေတာ့ေရွ႕ႏွစ္ေယာက္ေက်ာ္မွာ ဆံပင္ဂုတ္ဝဲနဲ႔သရဲမကအတူ
လိုက္ပါလာတယ္ဆိုတာ။ ကြၽန္ေတာ္လန္႔ၿပီးေအာ္ဟစ္ပစ္လိုက္
ေတာ့လူေတြလည္းလန္႔ကုန္ၾကတယ္။ ဘာျဖစ္တာလဲေပါ့။ ကြၽန္
ေတာ္ေျပာျပတယ္။ ဒီထဲမွာသရဲမပါလာတယ္ဆိုတာ။ သူတို႔ကနားလည္တယ္ထင္တယ္။ ႐ြာထဲကဘုန္းႀကီးေက်ာင္းကိုအရင္ဆုံးသြား
ၾကတာပဲ။ ဘုန္းႀကီးေက်ာင္းေရာက္တာနဲ႔ စိတ္ထဲေႏြးသြားသလို
ျဖစ္သြားတယ္ဗ်။ ေက်ာင္းထိုင္ဘုန္းဘုန္းကိုယ္တိုင္ႂကြလာၿပီးပရိတ္
ေရေတြျဖန္းေပးတယ္။ အမွ်ေတြေဝေပးတယ္။ ကြၽန္ေတာ္တို႔လည္းဘုန္းႀကီးေက်ာင္းမွာပဲအိပ္လိုက္ၾကတယ္ဗ်။ ကြၽန္ေတာ္တို႔ကိုကူညီေပးတဲ့႐ြာခံေတြလည္းအိမ္မျပန္ၾကဘူး။

ဘုန္းႀကီးေက်ာင္းမွာပဲအိပ္ၾကတယ္။ သူတို႔ေျပာတာေတာ့ သူတို႔
အိမ္ျပန္ရင္ သူတို႔ေနာက္လိုက္ျပန္တတ္လို႔တဲ့ဗ်ာ။ ကြၽန္ေတာ္က
ေတာ့အဲ့ဒီအျဖစ္အပ်က္ႀကဳံၿပီးကတည္းက သရဲတေစၦ တကယ္ရွိ
မရွိဆိုတာမ်ိဳး ေယာင္လို႔ေတာင္မစမ္းသပ္ျဖစ္ေတာ့ဘူး။ တကယ္လို႔
မယုံတဲ့သူေတြစမ္းသပ္ခ်င္တယ္ဆိုရင္ေတာင္ ကိုင္းေတာ႐ြာက
လူမေနရဲတဲ့လက္သည္အိမ္ကိုေတာ့ေရွာင္ၾကဗ်ာ။ ကြၽန္ေတာ္တို႔
ေတာင္သည္းေျခပ်က္ခဲ့ရတာမဟုတ္လားဗ်။

ေသာ္တာလမင္းစႏၵာ