လူသတ်သမားနှင့်လူဝင်စား

လူသတ်သမားနှင့်လူဝင်စား(စ/ဆုံး)

——————————-

ဒီဖြစ်ရပ်မှန်ဇာတ်လမ်းက ဆန်းကြယ်တဲ့လူဝင်စားတစ်ယောက်
လောဘ၊ ဒေါသ၊ မောဟ ထူပြောလှတဲ့ လူသားတစ် ယောက်တို့ရဲ့ ဆုံတွေ့မှုကနေ ဖြစ်ပေါ်လာတဲ့ ချောက်ချားစရာ အဖြစ်အပျက်တစ်ခုပါ။
ဒီဖြစ်ရပ်ကို စာရေးဆရာလည်းဟုတ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေး သမားလည်းဟုတ်တဲ့၊စာရေးသူရဲ့ မိတ်ဆွေတစ်ယောက်က ပြောပြခဲ့ခြင်း ​ြဖစ် ပါတယ်။

သူဟာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က နိုင်ငံရေး ၅ (ည)နဲ့ အင်းစိန်တောရကို လေ့လာရေးခရီးရောက်သွား တယ်၊အဲဒီခရီးစဉ်မှာ လူသတ်မှုနဲ့ အပြစ်ကျလာတဲ့ လူသတ်တစ်ယောက်နဲ့ အပေါင်းအသင်းဖြစ်ခဲ့တယ်။

ယခုတင်ပြမယ့် လူသတ်သမားနဲ့ လူဝင်စားဇာတ်လမ်း ဟာ အဲဒီ လူသတ်သမားကိုယ်တိုင်… ဇာတ်ကောင် တစ်ကောင်အဖြစ် ပါဝင်ခဲ့ရတဲ့ ဇာတ်လမ်း တစ်ပုဒ်ဆိုတာလည်း ပြောပြခဲ့ပါတယ်။ကြက်သီးဖြန်းဖြန်း ထလောက်အောင် ရုတ်တရတ် ထွက်ပေါ်လာတဲ့ ငှက်ဆိုးထိုးသံတွေ……..။ ဒီအသံတွေက ကြားရသူတိုင်းကို အသည်းငယ်စေလိပ်ပြာလွင့်စေ၊ လန့်ဖျပ်သွားစေရဲ့…..။ ညကလည်း ချောက်ချားစရာကောင်းအောင် မှောင်လို့ မည်းလို့…။

လောကကြီးတစ်ခုလုံး ကြောက်မက်ဖွယ် အမိုက်တိုက် ကြီးထဲ ထိတ်လန့်စရာ ကျရောက်ငြိမ်သက်နေတယ်။သက်ရှိတစ်စုံတစ်ယောက်မျှ မရှိသလို တိတ်ဆိတ်နေ တဲ့ လယ်တဲအိမ်ကြီးတစ်ခုထဲမှာ….။အိပ်မရနိုင်သူ လူတစ်ယောက် ရှိနေတယ်၊ သူ့နာမည်က ကျော်တင့်။ လယ်တဲအိမ်ကြီးပိုင်ရှင် ဦးတင်မောင်၊ ဒေါ်နှင်းရည်တို့ ရဲ့ မွေးစားသားကျော်တင့်…..။

ကျော်တင့်၊ ဦးတင်မောင်အိမ် ရောက်လာတာကြာပြီ၊ သူ့အသက်နဲ့ အမျှလို့တောင် ပြောလို့ရတယ်၊ နို့စို့အရွယ် ဘတည်းက ရောက်လာတာ၊
ကျော်တင့်မှာ အဖေခေါ်စရာ မရှိဘူး၊ ကျော်တင့်အမေက ရွာမှာ သတင်းမကောင်းတဲ့ မိန်းက လေးတစ်ယောက်၊ကျော်တင့်အမေဟာ ကျော်တင့် လူ့လောကထဲရောက် လာအောင် နည်းအမျိုးမျိုး ကြိုးစားခဲ့တယ်၊

ဒါပေမဲ့ ကျော်တင့်က အသက်ပြင်းတယ်၊ လူ့ လာက ထဲ ရောက်ဖြစ်အောင် ရောက်လာတယ်။ကျော်တင့် လသားအရွယ်လေးမှာပဲ သူ့အမေ အပြင်း ဖျားပြီး ဆုံးသွားတယ်။

ကံဆိုးခြင်းတွေကိုသာ ယူဆောင်လာပြီး မျိုးစေ့မမှန်တဲ့ ကျော်တင့်ကို ဘယ်ဆွေမျိုးသားချင်းတွေကမှ မမွေးချင် ဘူး၊ခါးခါးသီးသီး ငြင်းကြတယ်၊

နောက်ဆုံးမှာ ကျော်တင့် ကို သားသမီးမထွန်းကားတဲ့ ဦးတင်မောင်+ ဒေါ်နှင်းရည်တို့လင်မယားက မွေးစားလိုက်ကြ တယ်…..။
ဦးတင်မောင်တို့ လင်မယားဟာ စိတ်ကောင်းစေတနာ ကောင်းရှိတဲ့ သူတော်ကောင်းတွေဖြစ်တာကြောင့် ကျော်တင့်ကို သားအရင်းလိုပဲ ချစ်ကြတယ်၊ပြုစုယုယ ကျွေးမွေးသုတ်သင်ပေးကြတယ်၊

ပညာတွေလည်း သင်ပေးကြတယ်၊ခက်နေတာက ကျော်တင့်…..။ အသက်တွေသာ တဖြည်းဖြည်းရလာတယ်၊ အရွယ် သာ တစ်စတစ်စကြီးပြင်းလာတယ်၊

“မျိုးစေ့မမှန်၊ ပင်မသန်”ဆိုတဲ့ စကားအတိုင်း ဘာတစ် ခုမှ ဖြစ်မြောက်မလာခဲ့ဘူး၊ ဒီကြားထဲ အရက်ကလေးတမြမြ လုပ်လာတယ်၊ ကြက်
တိုက်တတ်၊ ဖဲရိုက်တတ်လာတယ်….။ အဖ​ေဘက်က ပါလာတဲ့ စရိုက်ဆိုးလား၊ အမိဘက်က ပါလာတဲ့ ဗီဇဆိုးလား မသိဘူး၊ ဆုံးမ ပြု ့ပြင်လို့လည်း မရဘူး။ဆုံးမတဲ့သူ သူ့ရန်သူဖြစ်နေတယ်။

ဦးတင်မောင်တို့ ဇနီးမောင်နှံလည်း ကုသိုလ်ကံပဲလို့ သ ဘောထားပြီး ဆုံးမ မရတဲ့ကျော်တင့်ကို ဥပေက္ခာပြုထားလှိုက် ကြတယ်။ကံအားလျော်စွာပဲ ကျော်တင့် အသက်(၂၀) အရောက် က ဦးတင်မောင်တို့ဇနီးမောင်နှံ…လေးဆယ်ကျော်မှ ကံပေါ်ပြီး သားလေးမောင်မင်းနိုင် ကို ထွန်းကားတယ်။

ခုဆိုရင် မောင်မင်းနိုင် ရှစ်နှစ်သားအရွယ် ရောက်နေပြီ၊ဖြေသာတာတစ်ခုက မွေးစားသားကျော်တင့် ဆိုးသ လောက်၊ သွမ်းသလောက်….။မောင်မင်းနိုင်လေးက လိမ္မာရေးခြား ရှိနေခြင်းပါ၊အရွယ်နဲ့မလိုက်အောင်လည်း မိဘအပေါ် သိတတ် ဘယ်၊ အကူအညီပေးတယ်။

ကျော်တင့် မောင်မင်းနိုင်ကို ကြည့်မရဘူး၊ အလိုလို မုန်းတီးနေတယ်…..။တစ်ဦးတည်းသော သားအဖြစ်ကနေ မောင်မင်းနိုင်ဆိုတဲ့ ပြိုင်ဖက်နောက်တစ်ဦး ပေါ်လာတာရယ်….၊

သူ၊ အိမ်က ပစ္စည်းပစ္စယတွေ အလစ်သုတ်ခိုးယူတဲ့အ ခါ မောင်မင်းနိုင်ကို ဂရုတစိုက်၊ သတိထားနေရတာတွေကြောင့် ဖြစ်တယ်။

မောင်မင်းနိုင်ကလည်း ကျော်တင့်ရဲ့ မကောင်းတဲ့အ ကျင့်စရိုက်ကို သိတယ်၊ဂရုတစိုက် စောင့်ကြည့်တယ်၊

ကျော်တင့်ရဲ့မသမာမှုတွေ တွေ့တာနဲ့ မိဘတွေဆီ ချက် ခြင်းပြန်တိုင်လေ့ရှိတယ်။

ဒါတွေကြောင့်လည်း ကျော်တင့်ရဲအမုန်းတွေ မောင်မင်း နိုင်ဆီ စုပြုံရောက်နေတာဖြစ်တယ်၊.

ဒီနေ့ ကျော်တင့် အပြစ်တစ်ခုကျူးလွန်တယ်၊ ကျီထဲက စပါးတွေ လှည်းတစ်စီးတိုက်လောက် ခိုးချင်တယ်။
သူ စားဖို့သောက်ဖို့တော့ မဟုတ်ဘူး၊ ဖိုးတုတ်ကို ဖဲ​ြေကြွးပေးဖို့။
ဒီနေ့ ဦးတင်မောင်နဲ့ ဒေါ်နှင်းရည်တို့ အခြားရွာက ဆွေ မျိုးတစ်​ယောက်ရဲ့ အသုဘကို ညအိပ်ညနေသွားရယ်၊ဒီလိုအခွင့်အရေးမျိုးက ရတောင့်ရခဲ အခွင့်အရေး၊ ဦးတင်မောင်ရော၊ ဒေါ်နှင်းရည်ပါ အိမ်ကခွာတဲ့အ တဲ့အလေ့အဓရှိဘူး၊

အထူးသဖြင့် ဘယ်ကိုမှ ညအိပ်ညနေခရီး မထွက်ကြဘူး။
ဘာ့ကြောင့်လည်းဆိုတော့ ကျော်တင့်ကို အိမ်အပ်ပြီး ထားတာ၊ သူခိုးလက် ရွှေထုပ်အပ်ပြီးသွားတာနဲ့ တူနေလို့ပါ။ ကျော်တင့်ကို စိတ်မချတာကြောင့် အချုပ်မိသလိုဖြစ်ပြီးဘယ်ကိုမှ ညအိပ်ခရီးမသွားရဲတာ၊ ခုတောင်၊ ဆွေမျိုးသားချင်းထဲက နာရေး၊ မဖြစ်အနေ သွားရမယ့်နာရေး ဖြစ်နေလို့ မလွဲမရှောင် သွားရတာဖြစ်တယ်။

ဦးတင်မောင်တို့လင်မယား အိမ်ကထွက်တာနဲ့ ကျော်တင့် သူ့အစီအစဉ်ကို စပြီးအကောင်အထည်ဖေါ်တယ်၊ ဖိုးတုတ်ကို လှည်းနဲ့ချက်ချင်းလာပြီး စပါးယူဖို့ အ ကြာင်းကြားတယ်။

ဖိုးတုတ်ရောက်ဖို့ နီးလာချိန်မှာ မောင်မင်းနိုင်ကို ရွာထဲ လွတ်ပြီး ဈေးဝယ်ခိုင်းလိုက်တယ်၊သူတို့လယ်တဲအိမ်နဲ့ ပျဉ်းမပင်ရွာက တစ်မိုင်လောက် ဂေးတယ်၊

ဦးတင်မောင်တို့လင်မယားဟာ အိမ်ထောင်ဦးကတည်း က ရွာထဲမှာမနေဘူး၊မိဘတွေလက်ဖွဲ့တဲ့ လယ်ထဲမှာပဲ အိမ်ဆောက်ပြီး သီးခြားနေထိုင်တာ ဖြစ်တယ်။ ရွာကိုရောက်အောင် ဧရာဝတီမြစ်ကမ်းဘေး လူသွား လမ်းလေးအတိုင်း သွားရတယ်၊

အသွားအပြန် တစ်နာရီလောက်ကြာမယ်၊မောင်မင်းနိုင် ပြန်မရောက်ခင် ကျီထဲကစပါးတစ်စီးအေးအေးဆေးဆေး ထုတ်နိုင်မယ်…တာ ကျော်တင့်တွက်ထား တယ်၊

ဒါက ကျော်တင့်ရဲ့အတွေးပဲ။ကျော်တင့် မောင်မင်းနိုင်ကို လျော့တွက်ခဲ့တာဖြစ်တယ်။

မောင်မင်းနိုင်က အကင်းပါးတယ်။မိဘတွေသွားတာနဲ့ ကျော်တင့် ပျာယာခတ်၊ အလုပ်လှုပ်ရှားနေတာကို သတိထားမိတယ်၊ ပြီးတော့ သူ့ကို ရွာဈေးဆိုင်သွားခိုင်းပြီး ပထုတ်လိုက်တာဘည်း သဘောပေါက်တယ်၊

ဒီကြားထဲ လမ်းမှာ လှည်းကိုအပြင်းမောင်းလ တဲ့ ဖိုး တု တ်ကိုတွေ့တယ်။
“ဟေ့…… ကောင်လေး၊ ဘယ်သွားမလို့လဲ.. ”

ဖိုးတုတ်၊ မောင်မင်းနိုင်ကို မေးတယ်။
“ရွာထဲ ဈေးသွားဝယ်မလို့ဗျ…၊

ကိုဖိုးတုတ်ကြီးကော… ဘယ်သွားမလို့တုန်း

““ငါလား….. ကျီးပင်ပေါက်ရွာ သွားမလို့ဟေ့. ..” ဖိုးတုတ်ပြောတာကို မောင်မင်းနိုင် မယုံဘူး၊ ကျီးပင်ပေါက်ရွာကို မြစ်ကမ်းပါးလမ်းအတိုင်း သွားလို့ရပေမဲ့ ကွေ့ပတ်နေတယ်၊

အခြားနီးတဲ့လမ်းတွေက မသွားဘဲ၊ တစ်ကွေ့ငစ်ပတ် သွားရတဲ့လမ်းက သွားတယ်ဆိုတာ မဖြစ်နိုင်ဘူး။

နောက်ပြီး ဖိုးတုတ်ဆိုတာက သူ့အစ်ကိုကျော်တင့်ရဲ့ ဖဲရိုက်ဖော် ရိုက်ဖက်၊ ကြက်တိုက်ဖော် တိုက်ဖက်ဆိုတာ မောင် မင်းနိုင် သိတယ်။

အားလုံးကို ခြုံကြည့်လိုက်ကော့ အစ်ကိုကျောတင့်နဲ့ ဖိုးတုတ်တို့ပေါင်းပြီး မဟုတ်တာတစ်ခုခု လုပ်တော့မယ်လို့ မောင်မင်းနိုင် စဉ်းစားမိတယ်၊

ဒါ့ကြောင့် ရွာနားရောက်ကာမှ ရွာထဲမဝင်တော့သ လယ်ထဲအိမ်ကို အပြေးပြန်လာခဲ့တယ်၊သူထင်တဲ့အတိုင်းပဲ။

ကျော်တင့်နဲ့ဖိုးတုတ်တို့ ကျီထဲကစပါးတွေ၊ အိတ်နဲ့ထည့်လှည်းပေါ်တင်နေတာ ပက်ပင်းမိတယ်။ကျော်တင့်၊ မောင်မင်းနိုင်ကို အဖေအမေနဲ့မတိုင်အောင် ချော့မော့ပြောနေတုန်း ဖိုးတုတ်က တင်ပြီးသား စပါးအိတ်တွေ လှည်းမောင်းထွက်သွားတယ်..။သူ ကျီထဲကစပါးတွေ ခိုးထုတ်တဲ့ကိစ္စ လူကြီးတွေ သွားတော့မယ်…..။

မိဘတွေပြန်လာရင် တိုင်မပြောဖို့ မောင်မင်းနိုင်ကို ဘယ်လိုမှ တားလို့ရမှာမဟုတ်ဘူးဆိုတာ ကျော်တင့်နားလည်တယ်။

အရင်ကလည်း သူ၊ ခဏခဏလုပ်ခဲ့လို့ ဦးတင်မောင်းသ ဆူပူကြိမ်းမောင်းမှုကို ခံခဲ့ရပြီးပြီ။ ဒီတစ်ကြိမ်သာသိသွားရင် သူ အိမ်ပေါ်က ဆင်းရမယ် ခြေထောက်နဲ့တောင် မဟုတ်ဘူး၊ ခေါင်းနဲ့ဆင်းရမှာ သေချာတယ်၊။

အိမ်ပေါ်ကနှင်ချခံရတာနဲ့ သူ့ဘဝ စုတ်ပြတ်သွားပြီ၊ သောင်ပြင်လွှတ်တဲ့ ခွေးတစ်ကောင်လိုဘဝမျိုး ရောက်မယ်။ သူ့ဘဝ ဒီလိုဖြစ်သွားမှာ သူ အရမ်းကြောက်တယ် သောင်ပြင်မှာ ဦးတည်ရာမဲ့ ပြေးလွှားနေတဲ့ ခွေးတစ်ကောင်လိုဘဝမျိုး သူ. ဘယ်တော့မှအဖြစ်မခံနိုင်ဘူး၊ “ငါ…. ဘာလုပ်ရမလဲ….။ ဘာလုပ်ရင် ကောင်းမလဲ…”

ကြောက်လန့်စိတ်ကြောင့် သူ့ခေါင်းကို တူတစ်ချက် ပြီးတစ်ချက် ထုနှက်နေတဲ့အတိုင်း ခံစားနေရတယ်…။ပြဿနာက သူ့ကိုတစ်နေကုန် ဖိစီးထားတယ်၊ ည ရောက်တဲ့အထိ လေးလေးလံလံ ဖိစီးနေတယ်၊

မောင်မင်းနိုင် အိပ်ပျော်သွားပေမဲ့ ကျော်တင့်ကတော့ အိပ်မရအောင် စိတ်တွေပူပန်နေတယ်.. ညက တစ်စတစ်စ နက်လာကယ်၊ ချောက်ချားစရာကောင်းအောင် မှောင်မည်းလာတယ်၊ လောကကြီးတစ်ခုလုံး ကြောက်မက်ဖွယ် အမှောင်တိုက်ကြီးထဲ ထိတ်လန့်စရာကျရောက် ငြိမ်သက်နေချိန်မှာ၊ လယ်တဲအိမ်ကြီးကလည်း တိတ်ဆိတ်လို့…..၊

သူတို့အိမ်ခေါင်မိုးပေါ် ထိုးချလိုက်တဲ့ ငှက်ဆိုးအော်သံ နှစ်ချက် ရုတ်တရက်ထွက်ပေါ်လာတယ်၊ငှက်ဆိုးထိုးသံဆိုတာ မရဏမင်းရဲ့ အချက်ပေးသံ.. သေခြင်းတရားရဲ့ အတိတ်နိမိတ်တွေ….။ သူ့စိတ်ထဲမှာ ရိုင်းမိုက်တဲ့ အကြံအစည်တစ်ခု ဖျတ်ဆီးဝင်လာတယ်၊

“ဒီကောင် သေမှ….၊ ဒီကောင်မင်းနိုင် မရှိမှ…. သရဲတစ္ဆေ ပူးကပ်ခံရသလို ကျော်တင့် အိပ်ရာထဲကစေ ဝုန်းခနဲ ထလိုက်တယ်။

မီးခွက်ထွန်းပြီး လက်နက်တစ်စုံတစ်ခုကို ရှာတယ် ရဲဒင်းတစ်လက်ကို တွေ့တယ်၊ ရဲတင်းက အဟောင်းကြီး၊ အသွားတုံးနေလို့ ခုတ်မရတော့ပေမဲ့၊ရဲတင်းအနှောင့်နဲ့ သံရိုက်တူသဘောမျိုး သုံးနေကြတယ်။

ကျော်တင့် ရဲတင်းကို ကောက်ယူလိုက်တယ်၊ အိပ်နေတဲ့မောင်မင်းနိုင်ဆီ တဖြည်းဖြည်း တိုးကပ်သွားတယ်။မောင်မင်းနိုင်. တစ်ဘက်စောင်းပြီးအိပ်နေတာ တွေ့ရတယ်။ကျော်တင့်၊ ရဲတင်းကိုမြှောက်ပြီး မောင်မင်းနိုင်ရဲ့ ဦးခေါင်းနောက်စေ့ဘက် ခုတ်ချလိုက်တယ်။

ရဲတင်းအသွားနဲ့ ဦးခေါင်းခွံထိသံက တိတ်ဆိတ်တဲ့ညမှာ ကျယ်လောင်လွန်းတယ်၊

ခွပ်ခနဲ အသံတစ်ချက် ​ြမည်သွားတယ်၊

သူ မောင်မင်းနိုင်ရဲ့ ဦးခေါင်းကို ဆက်တိုက်ဆက်တိုက်ရဲတင်းနဲ့ခုတ်တယ်၊

ညည်းညူသံလိုလို အသံတစ်ချက်ထွက်ပေါ်ပြီး မောင် မင်းနိုင် ငြိမ်ကျသွားတယ်။ကျော်တင့် အချိန်အနည်းငယ်ကြာတဲ့အထိ ရဲတင်းကိုင် ရင်း၊ စောင့်ကြည့်တယ်။

မောင်မင်းနိုင် အသက်မရှိတာသေချာသွားမှ စပါးကျီကို အောက်မြေကြီးကို ခပ်နက်နက်တူးပြီး အလောင်းရော၊ ရဲတင်းရော မြုပ်တယ်။နောက်နေ့မနက်စောစောမှာ ဦးတင်မောင်တို့သွားက ရွာကို လိုက်သွားတယ်၊မောင်မင်းနိုင်တစ်ယောက် မြစ်ထဲရေသွားချိုးရာက အိမ်ကိုပြန်မလာတော့ဘဲ ပျောက်နေတဲ့အကြောင်း ပြောတယ်။ ပျဉ်းမပင်တစ်ရွာလုံး အိမ်ရှိလူကုန်ထွက်ပြီး မောင်မင်း နိုင်ကို ရှာဖွေကြတယ်….။

မြစ်ရေစီးကြောင်းအတိုင်း ပိုက်စိပ်တိုက်ရှာဖွေကြ တယ်၊ ရေငုပ်ကျွမ်းကျင်သူက ရေငုပ်ပြီးရှာတယ်။မြစ်အောက်ဘက် အဝေးကြီးထိရောက်အောင် လေ တွေ၊ မော်တော်တွေနဲ့ လိုက်ရှာသူကလည်း ရှာတယ်…..။

မောင်မင်းနိုင်ရဲ့အလောင်းကို မြှုပ်ထားတာက ရှာဖွေနေကြတာက တစ်နေရာမို့ ဘယ်လိုမှမတွေ့ ကြဘူး နောက်ဆုံးတော့ မောင်မင်းနိုင်တစ်ယောက် မြစ်ထဲ က ဆင်းချိုးရင်း ရေနစ်သေဆုံးသွားပြီလို့ပဲ သတ်မှတ်လိုက်ြတယ် ဦးတင်မောင်နဲ့ ဒေါ်နှင်းရည်တို့ရဲ့ ဆုံးရှုံးမှုက ကြီးမား​​​ြဖ စ်ပါတယ်…။

မိခင်ဖြစ်တဲ့ ဒေါ်နှင်းရည်ဆိုရင် အသည်းဝေ ပြတ်ကြွေ မတတ် ခံစားရလွန်းတဲ့အတွက် စိတ်နဲ့လူနဲ့မကပ်တဲ့.. ထိ စိတ္တဇ ဝေဒနာ စွဲကပ်သွားရတယ်၊ရက်၊ လ များစွာ ကြာမြင့်ပြီးချိန်မှာတော့ ေသောသူကြာရင်မေ့ ဆိုတဲ့စကားအတိုင်း မောင်မင်းနိုင်ရဲ့မြစ်နဲ့ ပတ် သက်ပြီး တစ်စတစ်စ မေ့မေ့ပျောက်ပျောက် ဖြစ်သွား ကြတယ်၊ ဒီလိုနဲ့ မောင်မင်းနိုင် သေဆုံးတာ ခုနစ်နှစ် ရှစ်နှစ် လောက် ကြာမြင့်ခဲ့ပြီး တစ်ရက်မှာတော့ ပျဉ်းမပင်ရွာ ထဲကို ဧည့် သည်လူစိမ်းသုံးယောက် ရောက်ရှိလာတယ်။

ခြောက်နှစ်အရွယ် သားယောက်ျားလေးတစ် ယောက်နဲ့ သူတို့မိဘနှစ်ပါးတို့ပဲ ဖြစ်တယ်…။သူတို့က ဦးတင်မောင်၊ ဒေါ်နှင်းရည်တို့အိမ် ပေးမြန်း ရှာဖွေပြီး ရောက်လာကြတယ်၊

“ကျွန်တော်တို့ရဲ့သားလေး မောင်ရဲရင့်ပါ၊ သူက ပျဉ်းမပင်ရွာမှာ ဟိုဘက်ဘဝက သူရဲ့ မိဘနှစ်ပါး ဖြစ်ခဲ့တဲ့ ဦးတင်မောင်၊ ဒေါ်နှင်းရည်တို့ရှိတဲ့အကြောင်း ခဏခဏ ပြောလို့ ရှာဖွေပြီးလာတွေ့ ကြတာ ဖြစ်ပါတယ်..ဧည့်သည်လင်မယားရဲ့စကားကြောင့် ဦးတင်မောင်ရော၊ ဒေါ်နှင်းရည်ပါ အံ့ဩသွားကြတယ်၊

မောင်ရဲရင့်လေးဟာ ဦးတင်မောင်နဲ့ ဒေါ်နှင်းရည်တို့ကို မြင်မြင်ချင်း ဟိုဘက်ဘဝဟောင်းက သူ့ရဲ့မိဘနှစ်ပါးဆိုတာ ပြော ပြနိုင်တယ်…..။
နောက်ပြီး..“ ဟိုဘက်ဘဝတုန်းက ကျွန်တော်နေခဲ့ တဲ့အိမ်က ဒီအိမ်မဟုတ်ဘူး၊လယ်ထဲမှာဆောက်ထားတဲ့ လယ်တဲအိမ်ကြီး၊ ခေါင်းရင်းခြံထောင့်မှာ စပါးကျီရှိတယ်လေ….” လို့ ပြောတယ်။ မောင်ရဲရင့်ကို အတိတ်ဘဝကမောင်မင်းနိုင်ဆိုတာ အား လုံး ယုံကြည်လက်ခံသွားကြတယ်….။

ဟုတ်တယ်၊ ဟိုးတုန်းက ဦးတင်မောင်တို့အိမ်ဟာ လယ် ထဲမှာ သီးခြားဆောက်ထားတဲ့အိမ် ဖြစ်တယ်.…..။ပြီးခဲ့တဲ့နှစ်ကမှ မြစ်ရေတွေကြီးပြီး ကမ်းပါးတွေပြိုကျ ခဲ့တယ်၊

မြစ်ကြောင်းက ဦးတင်မောင်တို့ လယ်ထဲအိမ်အနီး ရောက်လာတယ်။
ဒါ့ကြောင့် သူတို့အိမ်ကို ရွာထဲပြန်ရွှေ့ ခဲ့တာ ဖြစ်တယ်။စပါးကျီကိုလည်း အမိုးအကာတွေဖျက်ပြီး ယူခဲ့ပြီးပြီ။ တိုင်နဲ့အခင်းပဲ ဖျက်ယူဖို့ ကျန်တော့တယ်….။ ဦးတင်မောင်တို့လင်မယားဟာ ရေနစ်သေဆုံးသွားခဲ့တဲ့ သားလေးမောင်မင်းနိုင် လူဝင်စားဖြစ်ပြီး..သူတို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့အတွက် ဝမ်းအသာကြီး သာနေကြတယ်။

သေဆုံးရတဲ့အကြောင်း မေးမြန်းကြည့်ကြတယ်၊ “ကျွန်တော်အိပ်နေတုန်း လူတစ်ယောက်က ခေါင်းကို ရဲတင်းနဲ့ ခုတ်သတ်တာကြောင့် သေခဲ့ရတာပါ…”

ဦးတင်မောင်ရော၊ ဆွေမျိုးအချို့ပါ အံ့အားသင့်သွားကြတယ်။“သေသေချာချာ ပြန်စဉ်းစားပါဦးသားရဲ့…၊ ဟိုဘက်ဘဝတုန်းက သား ရေနစ်ပြီးသေဆုံးခဲ့တာ မဟုတ်ဘူးလား..”

“မဟုတ်ပါဘူး ခင်ဗျာ… ကျွန်တော့်ကို ရဲတင်းနဲ့ခုတ်သတ်လို့ ကျွန်တော်သေဆုံး ရတာပါ..”

“ဒါဆိုရင် သားကိုသတ်တာ ဘယ်သူလဲသား
“အဲဒါတော့ ကျွန်တော်မမှတ်မိပါဘူး..”
“ဒါဆိုရင် သားဟိုဘက်ဘဝကအကြောင်းတွေ နောက် ထပ် ဘာများမှတ်မိသေးလဲ..

ဦးတင်မောင်က ထပ်မေးတယ်။

“ကျွန်တော့်အလောင်းကို ခြံထဲမှာ မြှုပ်ထားတယ်၊ အဲ ဒါတော့ သေသေချာချာ မှတ်မိတယ်…
“ဟုတ်ရဲ့လား သားရယ်….
“ဟုတ်ပါတယ် ခင်ဗျာ…

ကျွန်တော့်အလောင်းနဲ့အတူတူ ကျွန်တော့်ကိုခုတ်သတ် ဟဲ့ ရဲတင်းကိုပါ မြှုပ်ထားပါတယ်…” မောင်ရဲရင့်ပြောတဲ့စကား ဟုတ်၊ မဟုတ်/ မှန်၊ မမှန်ရှာဖွေကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သွားမယ့်အဖွဲ့ကို ရွာလူကြီးနှစ်ယောက်က ဦးဆောင် ပြီး မောင်ရဲရင့်နဲ့ ကာလသားနှစ်ယောက်ပဲ ခေါ်သွားတယ်။

* မောင်ရဲရင့်ရဲ့ မိဘနှစ်ပါးကိုတော့ ခရီးပန်းလာလို့ဆိုပြီး ခေါ်မသွားတော့ဘူး၊ဦးတင်မောင်က အသက်အရွယ် ကြီးရင့်နေပြီး၊ ဒေါ်နှင်းမည်ကလည်း စိတ်ဝေဒနာသည် ဖြစ်နေတာကြောင့် ရွာမှာ ပဲ ထားရစ်တယ်…။

အရင်လယ်တဲအိမ်ဟောင်းနေရာက မြစ်အောက် ဘက် ရှိတာကြောင့် လှေနဲ့သွားဖို့အတွက် မြစ်ဆိပ်ဆင်းလာကြတယ်၊ မြစ်ဆိပ်မှာ ကူးတို့လှေသမားတစ်ယောက် လှေပေါ်ထိုင် ပြီး လူစောင့်နေတယ်၊

*ကျော်တင့်ရေ….။
မင်းတို့အရင်ကနေခဲ့တဲ့ လယ်တဲအိမ်နေရာဟောင်းကို လိုက်ပို့စမ်းဟေ့.
ရွာလူကြီးက ကူးတို့လှေသမားကို ပြောလိုက်တယ်၊ မောင်ရဲရင့်ဟာ ကျော်တင့်ဆိုတဲ့နာမည်ကို ကြားတာနဲ့ ကူးတို့လှေသမားကို မျက်တောင်မခတ်တမ်း ကြည့်နေတယ်၊ သူ့စိတ်ထဲမှာ ကျော်တင့်ကို ရင်းရင်းနှီးနှီး သိခဲ့ဖူးတဲ့ သူလို့ ထင်နေတယ်။

ဒါပေမဲ့ ဘာ့ကြောင့်လဲမသိဘူး၊ သဲသဲကွဲကွဲတော့ ထုတ်ပြန်ဘူး..။

“ဘာကိစ္စရှိလို့တုန်းဗျ….”
ကျော်တင့် လှေကိုကမ်းကခွာရင်း ရွာလူကြီးကို မေးလိုက်တယ်။

“ဒါ မင်းညီ မောင်မင်းနိုင်ဝင်စားတဲ့ ကလေးလေ၊ ငါတို့အားလုံးက သူ့ကို ရေနစ်သေသွားတာလို့ ထင်ခဲ့ကြတယ်…..။ ခု၊ သူပြောမှ ခေါင်းကို ရဲတင်းနဲ့ ခုတ်သတ်ခံရတဲ့အ ကြောင်း သိတော့တယ်၊

သူ့အလောင်းကို မင်းတို့ခြံထဲမှာ မြှုပ်ထားတာတဲ့…။ အဲဒါ ဟုတ်၊ မဟုတ် သွားဖော်ကြည့်ကြမလို့ကွ…..” ရွာလူကြီးရဲ့စကားကြောင့် ကျော်တင့် ထိတ်လန့်သွား တယ်……။

သူ ​မောင် မင်းနိုင် ဝင်စားတယ်ဆိုတဲ့ ကောင်လေးကို လှမ်း ကြည့်လိုက်တယ်…၊ကောင်လေးကလည်း သူ့ကို မျက်တောင်မခတ် ငေး စိုက်ကြည့်နေတာတွေ့တော့ သူ ကြက်သီးထသွားတယ်၊

လက်တွေကသာ လှေကို ရေစီးကြောင်းထဲပို့ပြီး ထိန်း နေပေမဲ့ သူ့စိတ်တွေက ဟိုးတုန်းက သွေးပျက်စရာကောင်းတဲ့ ညကို ပြန်သွားနေတယ်၊

ချောက်ချားစရာ မှောင်မည်း တိတ်ဆိတ်နေကဲ့ည.. ငှက်ဆိုးထိုးသံတွေနဲ့ ပရဏည….။အဲဒီညမှာ သူ မောင်မင်းနိုင်ကို ရဲတင်းနဲ့ခုတ်သတ်ပစ် တယ်..

နောက်ပြီး အလောင်းကို စပါးကျီအောက်မှာမြှုပ်ပြီး မြစ်ထဲမှာ ရေနစ်သေသွားသယောင် ဇာတ်လမ်းဆင်ခဲ့တယ်….။ အခု မောင်မင်းနိုင် ဝင်စားတယ်ဆိုတဲ့ ကောင်လေး။မောင်မင်းနိုင် .. အသတ်ခံရတဲ့အကြောင်း ပြောပြီး အ လောင်းမြှုပ်ထားတဲ့နေရာကို လိုက်ပြတော့မယ်၊
စပါးကျီအောက်က မြေကြီးကိုသာ တူးဆွလိုက် င် မောင်မင်းနိုင်ရဲ့အရိုးစုကို ပလွဲမသွေ တွေ့လိမ့်မယ်….။လူသတ်လက်နက်ဖြစ်တဲ့ ရဲတင်းကိုလည်း တွေ့မယ်၊ နောက်ဆုံး အချက်အလက်အားလုံး ဆက်စပ်ပြီးဉ်း စားလိုက်ရင် လူသတ်တရားခံပေါ်ပေါက်လာမှာ မြေကြီးလက် ခတ်မလွဲ ဖြစ်တယ်၊

ပေါ်ပေါက်လာမယ့် တရားခံက…..၊ တစ်ချိန်က ဦးတင်မောင်၊ ဒေါ်နှင်းရည်တို့ရဲ့ မွေးစားသား ကျော်တင့်၊ ဆိုးမိုက်လွန်းပေတေလွန်းတဲ့ အိမ်ကနေ အပြီးပိုင် င်ချခြင်းခံထားရတဲ့ ကျော်တင့်…..။ဘဝကို ပင်ပန်းဆင်းရဲခြင်းတွေနဲ့ ရုန်းကန်၊ လှေခတ် စားနေရတဲ့ ကျော်တင့်….။

လူသတ်တရားခံတာ သူဆိုတဲ့ ကျော်တင့်ဆိုတာ တစ် လောကလုံး သိသွားကြတာနဲ့ တစ်ပြိုင်နက်…..။ကျော်တင့်မျက်လုံးထဲမှာ လည်ပင်း ကြိုးတန်းလန်းနဲ့ ကြိုးစင်ပေါ်မှာရပ်နေတဲ့ သူ့ကိုယ်ကိုမြင်နေတယ်။
“ဂျိုင်း” ခနဲအသံကြီးရဲ့ ပြည်သံကို နားထဲမှာ ကျယ် ကျယ်လောင်လောင် ကြားယောင်လိုက်တယ်၊ကြိုးက တုန်ခါနေတယ်၊ သူ့ခန္ဓာကိုယ်ကြီးကလည်း တဆတ်ဆတ်တုန်လို့၊ အ သက်ငင်လို့….။

“မဖြစ်ဘူး…၊ မဖြစ်ဘူး…။ ဒီလို အဖြစ်အခံနိုင်ဘူး…”

ထိတ်လန့်မှု၊ စိတ်လှုပ်ရှားမှုတွေကြောင့် သူ အသံထွက် ပြီး အော်လိုက်မိတယ်။သူ့အော်သံကြောင့် လှေပေါ်ပါလာတဲ့သူအားလုံး အံ့အား သင့်သွားတယ်။.ဒီအချိန်မှာပဲ ကျော်တင့်ဟာ စိတ်ဖောက် ပြန် သွားတဲ့
အရူးတစ်ယောက်လို ရေထဲကို ဝုန်းခနဲခုန်ချတယ်။

လှေနံရံကိုကိုင်ပြီး မှောက်ပစ်လိုက်ပါတော့တယ်။ “ဝဋ်မှာအမြဲ ငရဲမှာအပ” တဲ့…။ ကိုယ်ပြုမှားမိခဲ့တဲ့ ကြမ္မာဆိုးကို ငရဲကျနေတဲ့ကာလက လွဲပြီး ဝဋ်ကြွေးဆပ်ကြရတယ်။

ကြမ္မာဝဋ်ကြွေးကလည်း နွားခြေရာနောက်ကဲ လှည်း ဘီးလိုက်သလို ထပ်ကြပ်မကွာ လိုက်နေခဲ့တယ်။တစ်ချို့က တင်ရှိခဲ့တဲ့ဝဋ်ကြွေးကို တစ်ဘဝတည်းနဲ့ အကြေအလည် ဆပ်နိုင်ခဲ့သလို…..။

အချို့ကျတော့လည်း ဘဝပေါင်းများစွာ မကြေမချင်းပေးဆပ်ကြရတယ်။မောင်မင်းနိုင်နဲ့ ကျော်တင့်တို့နှစ်ယောက်အနေနဲ့လည်း အတိတ်သံသရာမှာ ဘယ်လိုကံကြမ္မာဆိုးတွေ ပါလာခဲ့ လဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး….။

မောင်မင်းနိုင်ဘဝမှာလည်း ကျော်တင့်ရဲ့ရဲတင်းနဲ့ ခုတ် သတ်တာ ခံခဲ့ရတယ်။မောင်မင်းနိုင်ဘဝကနေ ​ေသဆုံးပြီး မောင်ရဲရင့်ဘဝ လူ ဝင်စားဖြစ်လာပြန်တော့လည်း ကျော်တင့်ရဲ့ လှေမှေက်သတ်ခဲ့တာကိုပဲ ထပ်မံခံခဲ့ရပြန်တယ်။ ဖြတ်ခဲ့တ သူတို့ရဲ့ ကြမ္မာဝဋ်ကြွေဒတွေ အဆုံးသတ်သွားပြီလာ မှမဟုတ် ကျန်ရှိနေသေးသလား….။ သူတ် သူတို့ကိုယ်တိုင်ပင်လျှင် သိနိုင်မှာမဟုတ်ပါဘူး။

#မောင်မှိုင်းညို့(ချောင်းဦး)