ဝဇီဗေဒထိတိုင်းရှ

*ဝဇီဗေဒထိတိုင်းရှ*📖📖📖

*****************************,

ကိုယ်တို့ငယ်ငယ်တုန်းကနေခဲ့တဲ့အိမ်ရှေ့မှာကွင်းကြီးတစ်ခုရှိတယ်အဲဒီကွင်းမှာရပ်ကွက်ပေါင်းစုံကလာပြီးဘောလုံးလာကစားကြတဲ့မတစ်ရာသားတွေပါပေသည်။

မိဘအမျိူးမျိူးလူနေမှု့အဆင့်အတန်းအမျိူ းမျိူ းမွေးလာတဲ့သူတွေဆိုတော့စရိုက်စုံတယ်အဆင့်အတန်းရှိသူပါသလိုအဆင့်အတန်းမရှိသူတွေလည်းပါ၏

ထိုကွင်းကအစိုးရသတ်မှတ်ပေးထားသည့်ကစားကွင်းလည်းမဟုတ်သူ့့တို့ဖာသာမြေညှိကာကန်နေကြခြင်းဖြစ်ကာဖုန်တထောင်းထောင်းနှင့်လှုမှု့ရေးနားမလည်အသံသေးအသံကြောင်ဖြင့်အော်ဟစ်ဆဲဆိုကာကန်ကြတာဖြစ်၏

တစ်သက်လုံးအေးချမ်းခဲ့သောရပ်ကွက်အတွင်းကြမ္မာမုန်တိုင်းဝင်လာသည်ထင်ရ၏

အဲဒီမှာပြသာနာကမဖိတ်ပဲကိုယ်တို့အိမ်ရောက်လာပေသည်။အဲဒီကွင်းမှာဘောလုံးကန်တိုင်းကိုယ်တိ့ု့အိမ်ထဲကိုဘောလုံးကအမြဲဝင်လာ၍ထွက်ပြောလည်းမရဘူးအရွဲ့တိုက်ပြီးကန်ကြပေသည်။

တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်အကြိမ်ကြိမ်ဝင်နေလို့ဘောလုံးကောက်ပေးရတာအလုပ်တစ်လုပ်လို့ဖြစ်နေ၏

အိမ်မှာလေဖြတ်ထားတဲ့အမေရှိတော့ဘောလုံးဝင်လာတိုင်းလန့်လန့်သွားတတ်၏တစ်ရက်မှာအမေ့အခန်းကပြင်တင်းပေါက်မှန်ကိုဘောလုံးလာမှန်လို့မှန်ကွဲသွားပေသည်။

ကံကောင်းလို့အမေ့ကိုမထိပေမဲ့အမေကလန့်ပြီးအော်ငိုတာပေါ့ဒါနဲ့ဘောလုံးကိုပရမ်းပတာကန်တဲ့ဘောလုံးသမားတွေနဲ့ကိုယ်တို့နဲ့ရန်ထွက်ဖြစ်ပြီးစကားများကြ၏

စိတ်တိုနေတဲ့ညီမလတ်ကဘောလုံးကိုဓါးနဲ့ခွဲလိုက်တယ်အဲမှာတင်အခြေအတင်ဖြစ်ပြီးစကားများကြတာအဲဘောလုံးသမားတွေကဓါးတွေတုတ်တွေဆွဲပြီးမိန်ကလေးတွေကိုသတ်မယ်တကဲကဲဖြစ်ကြသည်။

သူ့တို့ကလည်းမှားသေးသူတို့ကမတောင်းပန်တဲ့အပြင်လူကမွေးသူတွေနဲ့လုံးလုံးမှမတူအောင်မိုက်ရိုင်းချက်ကကမ်းကုန်၏

ရပ်ကွက်လူကြီးကလည်းဘောလုံးသမားတွေကကွင်းကြေးလေးပေးထားတော့ထမင်းနပ်မှန်နေတယ်ထင်ပါ့သူများရပ်ကွက်ကလာကန်တဲ့ကလေကဝတွေဘက်ကပါပေသည်။

အဲဒီကွင်းကိုအကြောင်းပြပြီးစျေးရောင်းစားမှထမင်းဝတဲ့သူတွေကလည်းကိုယ်တို့အိမ်ကိုအခြောက်တိုက်မကျေနပ်ကြဘူး

အဲဒီတော့ဘောလုံးသမားတွေနဲ့ပေါင်းပြီးဝိုင်းဆဲလိုက်ဆိုလိုက်ကြတာနားမခံသာဘူးကိုယ်တို့ကတော့ကိုယ်နဲ့အဆင့်မတူတဲ့ပြိုင်ဘက်မဟုတ်တာတွေနဲ့ဖက်မဖြစ်ချင်လို့ရဲစခန်းကိုဖုန်းဆက်ခေါ်လိုက်၏

ရဲကချက်ချင်းရောက်လာပြီးဆဲတဲ့ကောင်တွေမှန်ကွဲဖိုးလျှော်ခိုင်းပြီးဖမ်းမယ်လုပ်တော့ထွက်ပြေးသွားကြတာအစအနတောင်မတွေ့ရပေ

အဲဒီညမှာအောက်တန်းစားတွေကမကျေနပ်လို့ဆိုပြီးလူစုကာအိမ်ရှေ့ကွင်းထဲမှာညဘက်ကြီးလာဆဲတာမိုးမွန်နေရောပဲရဲကားရောက်လာမှထွက်ပြေးသွားကြပေသည်။

နောက်ရက်တွေမှာလဲမကြာမကြာလာဆဲပြီးထွက်ပြေးသွားကြသလိုအဲအထဲမှာမှသူတို့ရဲ့ခေါင်းဆောင်မိမဆုံးမဖမဆုံးမတစ်ယောက်ကလူမိုက်လိုလိုဘာလိုလိုနဲ့စိန်ခေါ်လိုက်သေး၏

ထိုအချိန်အခါကအဖေ၏မိတ်ဆွေကခရိုင်ရဲမှုးကြီးဖြစ်၍သူ့တို့ကိုဖမ်းပြီးအချူ ပ်ထဲထည့်ထားလို့ရပေမဲ့ကိုယ်တို့မိသားစုကစိတ်သဘောထားကြီးစွာမဖမ်းခိုင်းခဲ့ဘူး

ဒါကိုဖားတုပြီးခရုခုန်ကာကွင်းထဲကနေလူမဆန်စွာစိတ်ခေါ်နေသေး၏

“”တိုင်ချင်တဲ့နေရာသွားတိုင်ဘယ်သူ့့မှ$ဂရုမစိုက်ဘူး
—ီး ပဲကြိုက်တဲ့နေရာသွားတိုင်ကြိုက်တဲ့ကောင်ခေါ်လာခဲ့””

ကိုယ်တို့မိသားစုကအကုန်ရုံးသမားတွေဆိုတော့ပြသာနာကိုအကျယ်ကျယ်မဖြစ်ချင်လို့သည်းခံနေတာတဖြေးဖြေးလွန်လာပေသည်။

အဲဒီခေါင်ဆောင်ကောင်ကမိန်းမနဲ့ကလေးနဲ့ပွဲစားယောင်ယောင်ဘာယောင်ယောင်ယောင်ခြောက်ဆယ်ကောင်ဆိုတော့အားရင်ကိုယ့်တို့ရပ်ကွက်လာပြီးလူမိုက်လုပ်နေတတ်ကာသူနေတာကပျံကျရပ်ကွက်မှာနေပေသည်။

ရပ်ကွက်ထဲကအခြေအမြစ်မရှိသူတချို့ကလည်းသူနဲ့ပေါင်းပြီးကိုယ်တို့မိသားစုကိုကူဆဲပေးကြ၍မီးပျက်သည့်ညဆိုအိမ်ကိုခဲနဲ့လာပေါက်ကြသေး၏

တစ်ညမှာတော့အိမ်ရှေ့ကွင်းထဲမီးပုံလုပ်ပြီးအရက်ဝိုင်းဖွဲ့ကာစောင်းမြောင်းဆဲတာပေါ့လေလူမမာအမေလည်းတစ်ညလုံးမအိပ်လို့တစ်မိသားစုလုံးမအိပ်လိုက်ရပါဘူး

ဒါကိုစိတ်ဓတ်မကောင်းတဲ့ရပ်ကွက်လူကြီးကသူများရပ်ကွက်ကလာစော်ကားသူကိုဖအေတော်ပြီးမြှောက်ပေးလိုက်သေးတာ

အဲဒီမိုက်ရိုင်းထွားကြိုင်းတဲ့ခေါင်းဆောင်အကောင်ကအဲဒီညမှာသူ့့မီးပုံသူတက်နင်းမိပြီးနောက်ရက်လမ်းမရှောက်နိုင်တော့လို့ဆိုက်ကားနဲ့လာဆဲသေးတာ

အေးအေးဆေးဆေးနေချင်တဲ့ကိုယ်တို့မိသားစုအတွက်တော့စိတ်အနှောက်အယှက်ဖြစ်စေပြီးအလွန်စိတ်ဆင်းရဲကြ၏သူုအကုသိုလ်သူသွားမယ်သဘောထားပေမဲ့အခြောက်တိုက်လာစော်သူကိုတော့ရင်ထဲမှာကလိကလိနဲ့အလွန်ခံပြင်းနေမိသည်။

ကိုယ်အလုပ်ပိတ်ရက်တစ်ရက်မှာတော့ရွှေတိဂုံဘုရားမှာသန့်ရှင်းရေးသွားလုပ်ရင်းဆုတောင်းပြည့်သည်ဆိုသည့်ရှင်စောပုဘုရားမှာသစ္စာဆိုပြီးတိုင်တည်လိုက်တယ်

“”သူ့ဝဇီကံသူပြန်သူ့မနောကံသူခံရပါစေ””

လို့ဆုတောင်းခဲ့တယ်တော်ရုံတော့ဆုမတောင်းတတ်ပေမဲ့ဘလိုင်းကြီးလာစော်ကားတာနည်းနည်းများနေပြီထင်သည်တရားမပေါက်သေးသည့်ပုထုစဉ်ဆိုတော့သည်းခံစိတ်ကုန်သွား၏

ဆုတောင်းပြီးမကြာခင်မှာပဲသူ့့အကုသိုလ်သူအကျိူ းပေးတာထင်သည်သူ့မိသားစုနဲ့အတူဆိုင်ကယ်နဲ့အပြင်သွားတာဆိုင်ကယ်မှောက်ပြီးခေါင်းထိသွားလို့ရူးကြောင်ကြောင်ဖြစ်သွားကာစိတ်ကျမ်းမာရေးဆေးရုံပို့လိုက်ရ၏

နောက်ခံအသိုင်းအဝိုင်းမရှိမျက်နှာမွဲပိုက်စံမရှိသူတွေဆိုတော့သူ့့့မိစုကလည်းဒုက္ခရောက်သွားသလိုသူလည်းဆေးရုံကဆင်းပြီးရူးကြောင်မူးကြောင်နဲ့လမ်းဘေးရောက်ပြီးတောင်းစားရတဲ့အဆင့်ရောက်သွား၏

သူဖက်ကပါတဲ့ရပ်ကွက်ထဲကလူတချို့လည်းဒုက္ခအသီးသီးရောက်ကုန်ကြကာတချို့ကအိမ်ရောင်ပြောင်းသွားကြသလိုတချို့ကအသေဆိုးနဲ့သေကုန်ကြတာလည်းရှိပေသည်။

ရပ်ကွက်ထဲကသူ့့ဖက်ပါသူတစ်ယောက်ကတော့ကိုယ်တို့အိမ်ကခြံတံခါးကိုခြေထောက်နှင့်ကန်ကာဆဲသွားတာတစ်လလောက်နေတာချော်လဲလို့ခြေကျိူ းသွား၏

အခုဆိုရင်အဲရပ်ကွက်မှာကိုယ်တို့အိမ်ရှိသေးလို့အိမ်ဌားတွေကိုတစ်ခါတစ်ခါသွားပြန်ကြည့်တဲ့အခါကိုယ်တို့မိသားစုအပေါ်အခြောက်တိုက်လာစော်ကားသူများစုတ်ပြတ်သတ်နေတာကိုမမြင်ချင်ပဲမြင်နေရတဲ့အတွက်သံဝေဂရမိပါသည်။

ကိုယ့်စေတနာကိုယ့်အကျိူ းပေးသည်ဟုဆိုရပါမည်အမိယုတ်တော့နှုတ်ကြမ်းအဖယုတ်တော့ကိုယ်ကြမ်းဆိုသူတွေအတွက်ပါးစပ်ကဆဲလိုက်တာဘာမှအဟုတ်ပေမဲ့အဆဲခံရသူကမယူသောအခါကိုယ်ဝဇီကံကကိုယ့်ကိုအကျိူး းပေးတတ်ပေသည်။

တလောကငယ်ငယ်ကနေခဲ့သည့်ရပ်ကွက်ရောက်တော့စာရေးသူတို့မိသားစုအားလာဆဲသူသည်လမ်းပေါ်တောင်းစား၍ရှာက်သွားရင်းကားတိုက်ကာဆုံးသွားသည်ဟုကြားရ၏

လူတိုင်းကကိုယ်စိုက်ပျိူ းသည့်အသီးကိုယ်စားရမှာဖြစ်ပြီးချဉ်သည့်အသီးစိုက်ပါကချဉ်တာစားရမှာဖြစ်သလိုချိူသည့်အသီးစိုက်ပါကချိူတာစားရမှာဖြစ်ပေသည်။

လူတိုင်းမှာအကောင်းရှိသလိုမကောင်းတာလည်းရှိသည့်အတွက်ကိုယ့်ကြောင့်သူတစ်ပါးစိတ်သောကရောက်သည်ဆိုပါကကိုယ်လည်းသူ့့ထက်ဆယ်ဆဆိုးသည့်သောကရောက်မှာသေချာပေသည်။

သူတော်ကောင်းမဖြစ်ချင်နေပါသူယုတ်မာတော့မဖြစ်ပါစေနဲ့လူယုတ်မာတစ်ယောက်၏အကျိူ းပေးကကံမကောင်းတတ်ပေ

ယခုလည်းကိုယ့်ကိုအခြောက်တိုက်လာဆဲသောစာရေးသူတစ်ယောက်ကိုရှေ့ရှောက်မဲ့ဘဝမှာထမင်းဝဝစားနိုင်ပါစေဆုတောင်းပေးလိုက်ပါတယ်

စာရေသူ တိမ်လွှာမိုးအားလေးစားလျက်

ရွင်လန်းချမ်းမြေ့ကြပါစေ