ဝဋ်၏ ကြောက်မက်ဖွယ်ဖြစ်(စ/ဆုံး)

Unicode Version

ဝဋ်၏ ကြောက်မက်ဖွယ်ဖြစ်(စ/ဆုံး)
——————————————-
ဝဋ်ဆိုတာ လည်တတ်တဲ့ … သဘောရှိ ကြောင်း ဘုရားဟော ဇာတက ဇာတ်ဝတ္ထု၊ များမှာ လည်း ကျွန်တော်တို့ ဖတ်ဖူးကြပါ
တယ်။ ရှေးဘဝက ပြုခဲ့တဲ့ အကုသိုလ်ကံ
ကြောင့် သံသရာအဆက်ဆက် အဖန်ဖန်
အပြန်ပြန် ခံကြရတဲ့ ဝိပါကဝဋ်ကြွေးဆိုရင်
ပိုကြောက်စရာ ကောင်းလှပါတယ်။ ငယ်စဉ်
ကတည်းက ကြားဖူး၊ သင်ဖူးခဲ့ရတဲ့ စကား တစ်ခွန်း ရှိပါတယ်။ ဝဋ်မှာ အမြဲ ငရဲမှာ အပ
ကျွန်တော်တို့ လူသာမန်ကို မဆိုထားဘိ။ ရဟန္တာအချို့ပင်လျှင်
ဗုဒ္ဓါပစ္စေက၊သံသရာဝဋ်ကို ပြန်လည်ပေးဆပ်ကြရသည့်
သာဓကများ ရှိခဲ့ဖူးပါတယ်။
ရှင်မဟာမောဂ္ဂလန် ကိုယ်တော်မြတ်
ကြီးဆိုလျှင် လူ့ဘဝတုန်းက မယားစကားကို
အကြွင်းမဲ့ ယုံကြည်ပြီး မိခင်အရင်းခေါက်
ခေါက်ကို ခိုးသားဓားပြယောင်ဆောင်၍ သေ
လမ်းပို့ခဲ့ဖူးရာ ရဟန်း ဘဝရောက်တော့ အဲဒီ
ဝဋ်ကြွေးကို သူ တစ်ဖန် ပြန်ခံရပါတယ်။
ခိုးသားလူသွမ်းတို့ ရဲ့ ရက်စက်စွာ လုပ်ကြံ
ခြင်းကြောင့် သွေးစိမ်းရှင်ရှင်ကျပြီး ဘဝဆုံး
ခဲ့ရပါသတဲ့ ။
ရှင်တော်ဂေါတမ ဘုရားရှင်သည် ပင် ဂိ
ဇ္ဈကုဋ်တော်ခြေမှာ စင်္ကြံလျှောက်နေစဉ်
ဒေဝဒတ်ရဲ့ ကျောက်မောင်းဆင် လုပ်ကြံခံရ လို့ ခြေမကွဲပြီး သွေးစိမ်းရှင်ရှင် ကျခဲ့ရ တာသည် လည်း ဟိုဘဝက ဝဋ်ကြွေးကြောင့် လို့ ဖတ်ခဲ့ရဖူးပါတယ်။
ဘုရားလောင်းသတို့ သား သူကြွယ်အမျိုး ဇာတ်ဖြစ်စဉ်ဘဝက ညီလုပ်သူကို လှည့်စား လှည့်ဖြား ခေါ်ဆောင်သွားပြီး ကျောက်နှင့် ဖိ
ညှစ်ထုကြိတ်သတ်ခဲ့တဲ့ ကျောက်ဝိပါက် ကြောင့် ယခုလို အသစ်တစ်ဖန် ပြန်ခံစားရ
တယ်လို့ ဝိပါက်တော် (၁၂)ပါးမှာ ဆိုထားပါ
တယ်။
ဝဋ်ဆင်းရဲဆိုတာ
အလွန်ကြောက်စရာ
ကောင်းမှန်း ဝိပါတ်တော် (၁၂)ပါးကို ဖတ်
ကြည့်ရင် သိသာပါတယ်။ ဝဋ်ကြောင့် ကိုယ် ဆင်းရဲ၊ စိတ်ဆင်းရဲရတဲ့ ဘဝသည် ဝဋ်ခံရသူ မှာ သာမက အဲဒီလူရဲ့ အဝန်းအဝိုင်းကိုပါ သောကလည်း ပွားစေ၊ တရားလည်း ရစေပါ
တယ်။
ကျွန်တော့်ကိုယ်တွေ့ မျက်စိရှေ့မှောက်မှာ လောကဝဋ် ခံစားရတဲ့ အကြောင်းအချို့ကို အနေနဲ့ ပြောပြချင်ပါတယ်။
သာဓကကျွန်တော် ငယ်စဉ်က လောက်လေးခွတစ် ချောင်းနဲ့ ငှက်မျိုးစုံကို ပစ်ခတ်ဖမ်းလှောင် သတ်ဖြတ်လေ့ရှိပါတယ်။ အသေရရင်
မီးကင်စားပြီး အရှင်ရရင် . လှောင်အိမ်ထဲ ထည့်လို့ အလှကြည့်ပြီး ပျော်နေတတ်ပါ တယ်။ အဲဒီမှာ ဝယ်သူရှိရင်လည်း ရတဲ့ ဈေး နဲ့ ရောင်းပြီး သုံးပစ်တာလည်း မကြာခဏပါ ပဲ။ တစ်နေ့တော့ ကျွန်တော့်အဘိုးက – “မင်းတို့ နော် သူများ အသက်ကို မသတ်ပါ နဲ့ ။ လှောင်အိမ်ထဲ ထည့်မလှောင်ကြပါနဲ့ ။ တစ်နေ့ ကိုယ်ပြန်ပြီး ဝဋ်ခံစားရတတ်တယ်။ သိရဲ့ လား”
“ဝဋ်ဆိုတာ တကယ်ရောရှိလို့ လား အဘိုး
“ဟ ရှိတာပေါ့ လူမိုက်ရ၊ ရှေးက ဝိပါက် ခုနစ်ရက်၊ အခု ဝိပါက် ဒူးခေါက်ကနေ တက် သတဲ့ ။ မြန်တယ် သိရဲ့ လား”
အဘိုးက အဲဒီလိုပြောတော့ ကျွန်တော်တို့ က အဘိုးကို လှောင်ပြုံးပြုံးပြီး ဥပေက္ခာပြုခဲ့ ကြပါ တယ်။ ပြီးနောက် ကိုယ်လုပ်နေကျ
အတိုင်း ငှက်ပေါင်းစုံလိုက်ပစ်၊ ဖမ်းလှောင်၊
ရောင်းစား၊ သတ်စား နဲ့ ငယ်ဘဝတစ်ခုကို ကျော်လို့ သားနဲ့ မယားနဲ့ အခြေတကျ ဘဝ
ပျော်ပျော်ရှိနေချိန်မှာ မှ …
အဲဒီတုန်းက အသက်က (၄၀)၊ သားမယား နဲ့ ပျော်လို့ မော်လို့ ကောင်းချိန်မှ ဗြုန်းခနဲ ပြစ်မှု တစ်ခုနဲ့ ကျွန်တော် အဖမ်းခံလိုက်ရပါ တယ်။ အမှုပြီးသည် အထိ တစ်နှစ်ခန့် ကြာခဲ့ ပါတယ်။ သန်လျင် အချုပ်၊ နောက်တစ်ခါ အင်းစိန်အကျဉ်းထောင်၊ ပြီးတော့ မဟာဗန ဓုလပန်းခြံလမ်းအချုပ်။ ထိုလှောင်အိမ်သုံးခု မှာ ချာချာလည်ရင်း ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ မျိုးစုံနဲ့ ကြုံခဲ့ရပါတယ်။
အဲဒီတော့မှ အဘိုးပြောခဲ့သည့် စကားရဲ့ အဓိပ္ပါယ်ကို မျက်ရည်နဲ့ နားလည်ခံစားခဲ့ရပါ တယ်။ သားမယား၊ ညီအစ်ကိုမောင်နှမ၊ မိဘများ နှင့် ရက်ရှည်လများ ခွဲခွာနေရတဲ့ ဒုက္ခ ကို ခံစားရမှ ကျွန်တော် ပစ်ခတ်ဖမ်းလှောင်ခဲ့ တဲ့ ငှက်ပေါင်းစုံရဲ့ သောကကို ပြန်သတိရခဲ့ပါ တယ်။ ထောင်မှ လွတ်သည့်နေ့ကဆိုရင် ဘုရားစေတီရှေ့က စာကလေးတွေ လှောင် ရောင်းနေတဲ့ လူတွေဆီက ငှက်တွေ အကုန် ဝယ်ပြီး ကျွန်တော် ကုသိုလ်ဖြစ် လွှတ်ပေး
လိုက်တယ်။
နောင်သံသရာမှာ မပါချင်လို့ ပါ။ သို့သော်
လောကဝဋ်ကိုတော့ ကျွန်တော် ထိုက်တန်စွာ
ခံစားခဲ့ရပြီးပါပြီ။ နောင်သံသရာရဲ့ ဝိပါက်ကို
တော့ ဘယ်လိုရှိမည် ကျွန်တော် မခန့်မှန်းနိုင်သေး။
ဒီမှာ ကြုံတုန်း ဝဋ်လိုက်ပြန်ပုံအကြောင်း ပြောပြချင်ပါတယ်။ တကယ့်အဖြစ်အပျက် များ ပါ။ အကြောင်းကြောင်းကြောင့် အမည်၊
နေရပ်လိပ်စာများကို လွှဲပြောင်းရေးလိုက်ရပါတယ်။
ကျွန်တော်နေတဲ့ (…) ရပ်ကွက်ထဲမှာ ကို ခင်ဝင်းဆိုတာ ရှိပါတယ်။ သူက ဖဲသမား၊
ကြက် သမားခင်ဗျာ။ ဖဲနိုင်၊ ကြက်နိုင်ရင် မူး
တော့တာပါပဲ။ လူက နာမည်ကြီး ကြက် နယ်လှည့် ကြက်တိုက်တဲ့
သမား၊လောင်းကြေးကြီးတစ်ဦးရယ်။
သူ့မှာ အကျိုးပေးကောင်းတဲ့ တိုက်ကြက်ဥ ဖန်းလေးတစ်ကောင်ရှိတယ်။ ထောင်ပွဲကနေ သောင်းပွဲအထိတော့ နိုင်ပြီးပြီ။
လောင်းပွဲက သိန်းပွဲ။
အခုကိုခင်ဝင်းက သူ့ကြက်ကို သူယုံတယ်။ ယုံ လို့ လည်း ပုံအောပြီး လောင်းတာကိုး။ ကံဆိုး ချင် တော့ ဒီပွဲကြီးမှာ မှ ကိုခင်ဝင်းရဲ့ ကြက်ဥ ဖန်းကလေး တစ်ဖက်ကြက်ခွပ်လို့ မျက်လုံး တစ်လုံးထွက်ပြီး ပြေးပါလေရော။ သူရော၊
သူ့ပါတနာတွေပါ လက်ရင်းလက်ဖျား အော်ရှုံးတာပဲ။
ကိုခင်ဝင်းဆိုတာ … ဒေါသထွက်လွန်းလို့
မျက်လုံးတစ်လုံးမရှိဘဲ သွေးစက်စက်ကျပြီး
ငိုင်နေတဲ့ … သူ့တိုက်ကြက်ဥဖန်းကလေးကို ခြေနှစ်စုံကိုင်ပြီး မန်ကျည်းပင်နှင့် ကိုင်ရိုက်
လိုက်တာဗျာ။ နောက် မျက်လုံးတစ်လုံးပါ ထွက်ပြီး ကြက်ကလေး သေပါလေရော။
အဲဒီ ကြက်ကိုပဲ
ထန်းရည်ဆိုင်မှာ
ကာလသားချက် ချက်ခိုင်းပြီး ထန်းရည်နဲ့
အမြည်းလုပ်ပစ် လိုက်တယ်။
သိပ်မကြာပါဘူး၊ တစ်ပတ်လောက်လည်း ကြာရော၊ ဖဲဝိုင်းတစ်ခုမှာ စကားများ ရန်ဖြစ် ကြပါ လေရော။ ဖြစ်ဆို ရိုက်ကြနှက်ကြ ပြေး ကြလွှားကြပေါ့ဗျာ။ ဒီအချိန်မှာ တစ်ဖက်လူ ထဲက တစ်ယောက် က လောက်လေးခွနဲ့ လှမ်းပစ်လိုက်တာ ကိုခင်ဝင်း ညာဘက်
မျက်လုံး ထွက်သွားပါရောဗျာ။
နောက်ဆုံး အကုန်အဖမ်းခံရတယ်။ ပြစ်ဒဏ်အသီးသီး ခံလိုက်ကြရတယ်။ ကြက်သမားဝဋ်က အဲဒီလောက်နဲ့ မပြီး သေးဘူး။ သူက အင်းစိန်ထောင်ထဲရောက် နေတုန်း အပြင်မှာ ကိုးနစ်အရွယ် သူ့သား
ကလေး မြင်းကန်ခံလိုက်ရတယ်။ ကလေး ခမျာ ကံဆိုးချင်တော့ ဘယ်ဘက်မျက်လုံး တစ်လုံး ထွက်သွားခဲ့ရှာတယ်။ အခု သားအဖ နှစ်ယောက်စလုံး မျက်လုံးအတု ကိုယ်စီနဲ့ ။
တစ်ခုတော့ရှိတယ်။ သူတို့ ကြက်တိုက်၊ ဖဲရိုက် … မကောင်းမှု ဒုစရိုက် မှန်သမျှကို အပြီးတိုင် စွန့်ပြီး ဘုရားအလုပ်၊ တရား အလုပ်လုပ်လို့ သမ္မာအာဇီဝနဲ့ အသက်မွေး ပြီး ကုသိုလ်ကောင်းမှုများ နဲ့ နေထိုင်နေကြ ပါတယ်။ ဒီကောင်းမှုကုသိုလ်တရားများက နောင်သံသရာမှာ တော့ တစ်စုံတစ်ခု
အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။
နောက်အဖြစ်အပျက်တစ်ခုကတော့အ
တော့်ကို ထူးဆန်းလှပါတယ်။ ကျွန်တော် လုပ်ငန်း ကိစ္စတစ်ခုနဲ့ ပဲခူးရိုးမတောင်ခြေက
ရွာကလေးတစ်ရွာကို ရောက်ခဲ့စဉ်ကပေါ့။
အဲဒီရွာမှာ ကိုညွန့်တင်ကျော်ဆိုတဲ့ မုဆိုး ကျော်တစ်ဦး ရှိတယ်။ ဝဝဖိုင့်ဖိုင့်၊ နှာရောင်
ကောက် ကောက်နဲ့ ။ အရက်လည်း သောက်
သလားမမေးနဲ့ ။ ဒူးလေးလင်းလေးပစ်လည်း
သိပ်ဖြောင့်တယ်။ ရာသက်ပန် မုဆိုးအလုပ်နဲ့
အသက်မွေးနေသူဆိုတော့ အမဲလိုက်လို့ ရ လာတဲ့ သားကောင်မှန်သမျှ သူ့မိန်းမက ပေါ် ပြီး ရွာထဲလည်ရောင်း၊ များ ရင် မြို့ပေါ်တက် ရောင်း လုပ်စားလာကြတာ ကလေး
နှစ်ယောက်ရတဲ့ အထိ ပါပဲ။
မုဆိုးဆိုတာစည်းရှိရပါတယ်။
သားကောင်ကိုပစ်ရင် အားနည်းချိန် မပစ်ရ
ဘူး။ အထူးသဖြင့် ဇီးရှိတဲ့ သားကောင်ကို ရှောင်ကြဉ်ရတယ်။ ဒါ မုဆိုးထုံးစံပဲ။ ဒါပေမဲ့ ဦးညွန့်တင်ကျော်က စည်း မစောင့်ဘူး။ တစ်နေ့ပေါ့ဗျာ၊ မပြေးနိုင်မလွှားနိုင်ဖြစ်နေ တဲ့ မျောက်မကြီးတစ်ကောင်ကို ဒူးလေးနဲ့ ပစ်ချ လာတယ်။ အိမ်ရောက်တော့ ကိုယ်ဝန် ကြီးနဲ့ ၊ သူ့မိန်းမကို “ဖျက်ကွာ”ဆိုပြီး လှမ်း ပေးလိုက်တယ်။ ဝမ်းတွင်းသားကို အရက်နဲ့ မြည်းဖို့ မြန်မြန်လုပ်လို့ လည်း အမိန့် ပေးလိုက်သေးတယ်။
ဒါနဲ့ သူ့မိန်းမက ကပျာကသီပဲ မျောက် ဝမ်းဗိုက်ကို ဓားနဲ့ ခွဲလိုက်တယ်။
“ဟယ်”
“ဘာလဲကွ မစိုးရ၊ မင်းဟာက အလန့်တကြား၊ ဓားရှသွားပြီလား”
“ဓား ဓား ထိ ထိတာ မဟုတ်ဘူး ။ ဒီ ဒီမှာ
လာကြည့်ပါဦးတော့”
ကိုညွန့်တင်ကျော်က
အရက်တစ်ခွက်ကို
ကောက်မော့ပြီး သူ့မိန်းမ လုပ်နေတဲ့ မျောက် ကို သေသေချာချာ ကြည့်လိုက်တယ်။
“ဟာ ဇီးကြီးနဲ့ ကိုး။ ဒါများ အလန့်တကြား လုပ်လို့ ၊ ဖယ်စမ်း။ အဲဒီမျောက် မြေမနင်း သားနဲ့ အရက်နဲ့ မြည်းရင် ပိုအားရှိသပေါ့ ကွာ။ ဖယ် ငါလုပ်မယ်”
သူက ဝမ်းသာအားရနဲ့ မျောက်သန္ဓေသား လောင်းကို အိတ်လိုက်ဖြတ်ယူပြီး ဆီပူအိုးထဲ ကို ပစ်ထည့်လို့ ရှဲရှဲမြည်အောင် ကြော်လိုက် တယ်။ ကျက်လည်း ကျက်ရော သူ့လူတွေနဲ့ မီးတောက်ပုလင်း ဖွင့်ပြီး သောက်လိုက်၊ မြည်းလိုက်၊ ကလိုက်၊ ခုန်လိုက် .
သိပ်မကြာဘူး၊ တစ်ညမှာ သူ့မိန်းမ မစိုး မွေးချင်လို့ ဗိုက်နာလာတယ်။ ရွာထဲက
နာမည်ကျော် အရပ်လက်သည် မကြီး ဒေါ် သောင်းကို သွားခေါ်လိုက်တယ်။ မီးဖွားဖို့
ကိစ္စအတွက် ရေနွေးကျိုပေးရင်း ဘာကလေး မွေးမလဲလို့ သူ နားစွင့်နေလိုက်တယ်။ အိမ် မှာ သမီးချည်းနှစ်ယောက် ဖြစ်နေတယ်လေ။ သူလိုချင်တာက သားယောက်ျားလေးပဲ။
မကြာဘူး “မွေးပြီဟေ့”
သူ ထရံနားက ကပ်နားထောင်ရင်း ဒေါ်
သောင်းအသံကြောင့်
ဝမ်းသာသွားတယ်။
ဘာလေး လဲဆိုတာ ပြေးဝင်ကြည့်ချင်ပေ
မယ့် မသင့်တော်လို့ အောင့်အည်းနေလိုက်ရာ ကနေ မအောင့်နိုင်တဲ့ အဆုံး…
“ဘာ ဘာလေးလဲဗျ၊ အမေသောင်း”
“အ အထီးလေးဟေ့”
“ဟယ် ဝမ်းသာလိုက်တာဗျာ”
သူ ဝမ်းသာလုံးဆို့နေပေမယ့် အထဲမှာ တော့ လူသံက တိတ်နေတယ်။ ကလေးငိုသံ လည်း မကြားရဘူး။
မကြာဘူး၊ ဒေါ်သောင်း ပုဆိုးပိုင်း အနှီးနဲ့ ထုပ်ထားတဲ့ အထုပ်ကို ပွေ့လို့ မီးနေခန်းက နေ ထွက်လာတယ်။ ဒေါ်သောင်းမျက်နှာက တစ်ခုခုကို လန့်နေပုံမျိုး။
“ရော့ ညွန့်တင်ကျော်၊ ဒါ ဒါ နင့်ကလေးပဲ” သူ . အနှီးထုပ်ကလေးကို လှမ်းယူပြီး ပူပူနွေးနွေး နမ်းချင်လွန်းလို့ မျက်နှာကို ဖွင့် လည်း ကြည့်လိုက်ရော…
“ဟာ ဘာ ဘာကြီးလဲ၊ ဘာ ဘာကြီးလဲ”
“နင့် သားလေ”
ကိုညွန့်တင်ကျော် လက်ထဲက အနှီးထုပ်ကို လန့်ပြီး ဝါးကြမ်းခင်းပေါ် ပစ်ချလိုက်တယ်။ ဒေါ်သောင်းလည်း ကောက်ချိန်မရလိုက်ဘူး၊
ကိုညွန့်တင်ကျော် မျက်နှာကို လက်ဝါးနဲ့ အုပ် ပြီး တိုင်နဲ့ ခေါင်းနဲ့ ပြေးတိုက်လိုက်တယ်။ ပြီးတော့ မဝံ့မရဲနဲ့ လူးလွန့်နေတဲ့ အနှီးကြား က သက်ရှိသတ္တဝါကလေးကို လှမ်းကြည့် လိုက်တယ်။ အမွေးအမှ င် နီနီရဲရဲနှင့် မျောက် ပေါက်စကလေးက ပါးစပ်ကို ဟစိဟစိလုပ် ရင်း ညည်းနေတယ်။
မကြာပါဘူး၊ ပစ်ချလိုက်တဲ့ ဒဏ်ကြောင့် မျောက်ကလေး အကြောဆွဲပြီး အသက်ထွက်
သွား ခဲ့တယ်။ တစ်ပတ်ကြာတော့ သူ့မိန်းမ စိုးလည်း အပုပ်ဆန်သလို၊ သွေးတက်သလို လိုနဲ့ ကွယ်လွန် သွားခဲ့တယ်။
ကိုညွန့်တင်ကျော်လည်း နောင်တတွေရပြီး မုဆိုးအလုပ်ကို စွန့်လွှတ်လို့ ရဟန်းဘောင် ကို ဝင်သွားခဲ့တယ်။ လောကဝဋ်က ကြောက်
စရာကောင်းလှပါတယ်ဗျာ။
ပစ္စုပ္ပန်လောကဝဋ်လည်ပုံ၊ လိုက်ပုံ မြန်
တာတော့ ရှာမှ ရှားပါပဲဗျာ။ ကျွန်တော် မြင် ဖူးတဲ့ အထဲမှာ အခုဝဋ်က လူတိုင်း ဆင်ခြင် သင့်တဲ့ ဝဋ်ပဲဗျ။
ကျွန်တော် (…) မြို့မှာ နေစဉ်ကပေါ့။ သိပ်
ရင်းနှီးတဲ့ သောက်ဖော်သောက်ဖက် တစ် ယောက် ရှိခဲ့ဖူးတယ်။ သူ့အမည်က ကိုဇော် ဝင်းခိုင်တဲ့ ။
ဗိုက်ရွှဲရွှဲ၊ အသားနီစပ်စပ်၊ အရပ်ပုပု၊ စိတ် ကတိုတိုဗျ။ ရုပ်က ဂေါ်ရင်ဂျီကုလားလိုလို၊ ပေါ်တူဂီလိုလို ရုပ်မျိုး။ အလုပ်က အိမ်ခြံမြေ ပွဲစား၊ ကားပွဲစား စသည် လုပ်တော့ လက်ထဲ မှာ ငွေက မပြတ်ဘူး။ အပေါင်းအသင်းက လည်း စုံမှ စုံပဲ။ အရက်ကို ဝိုင်းစုံအောင် သောက်တယ်။ မိန်းမက လည်း ပွေသလားမ မေးနဲ့ ။ မိန်းမမှန်ရင် ချဉ်ချဉ်တူးတူး မူးပြီး ရော လူစားဗျ။ ဝါသနာပါလို့ သူ့စရိုက်နဲ့ သူလိုက်စားတာ သူ့အပိုင်းပါ။
ပြောချင်တာက လင်ရှိမယားကို ပြစ်မှား ကိုကြည်အောင်ဆိုတာ ကျွန်တော် အရက်ဆိုင်ပိုင်ရှင်ပဲ။
တို့ … ဖောက်သည်ပိုက်ဆံ မရှိရင် အကြွေးသောက်လို့ ရတယ်။
သူကလည်း ဇိုးသမားပဲ။ ကိုကြည်အောင့် မိန်းမက မဝင်းရွှေတဲ့ ။ သိပ်လှတယ်။ တင်ပါးကားကား၊ ရင်သား မို့မို့၊ ဂီတာရှိတ် ဗျ။ ကြာပေးလေးနဲ့ ရယ်။ ကိုကြည်အောင် ကတော့ အမြဲမူးနေလို့ ပိန်ခြောက်ပြီး ကမ္မဋ္ဌာန်း ရုပ်ပေါက်နေတယ်။
ဒီမှာ စားနေကျကြောင်ဖားဖြစ်တဲ့ ကိုဇော် ဝင်းခိုင်က ငွေကလေး ချေးလိုက်၊ အထည်စ လေး လက်ဆောင်ပေးလိုက်၊ စားစရာလေး ဝယ်ပေးလိုက်နဲ့ သွေးဆောင်တော့တာပဲ။ ကို ကြည်အောင် လစ်ရင်လစ်သလို နှုတ်သရမ်း လိုက်သေးတယ်။
ကျုပ်တို့ က သူ့အကြံအစည်ကို သိလို့ တားတယ်။
“မလုပ်ပါနဲ့ ကိုဇော်ဝင်းခိုင်ရာ၊ ခင်ဗျား လည်း သားကြီးမယားကြီးနဲ့ ။ သူလည်း ကာမပိုင် လင်သားနဲ့ ပါဗျာ။ လွတ်လွတ်လပ်
လပ်ကို ရှာချင်ရှာပါ”
“ငါကြိုက်လို့ ငါဖန်တာကွာ။ မင်းတို့ ကြိုက်ရင် ငါနဲ့ လာမသောက်နဲ့ ”
စေတနာနဲ့ ပြောတဲ့ ကျုပ်တို့ ကိုတောင် သူက ရန်လုပ်နေသေးရဲ့ ဗျ။ ဘာကြာလဲဗျာ၊ သူနဲ့ မဝင်းရွှေနဲ့ ငြိသွားကြတယ်။ ကိုကြည် အောင် သိပေမယ့် မိန်းမလုပ်စာစားပြီး အချိန်ပြည့် မူးနေတော့ ဘာတတ်နိုင်မှာ လဲ။ နောက်ဆုံး နေ့နေ့ညည မဝင်းရွှေတို့ အိမ်မှာ ကိုဇော်ဝင်းခိုင် မိုးမမြင် လေမမြင် ဖြစ်နေ ရော။
ဒီအကြောင်းကို တစ်နေ့ ကိုဇော်ဝင်းခိုင်
မိန်းမ သိသွားတော့ ယမ်းပုံမီးကျ ဖြစ်သွား ပြီး ချောင်းပါလေရော။ မိတာပါပဲ။ သူတို့ ကမြင်းကြောထနေတုန်း ပက်ပင်းပါပဲ။ ဆဲ ကြဆူကြ သတ်ကြဖြတ်ကြဗျို့။ ဒါပေမဲ့ ကိုယ့်လူက ဒုတိယအငယ်အနှောင်းဘက်က ပါပြီး မယားကြီးကို ပါးရိုက် နားရိုက်လုပ်ပြီး
မောင်းထုတ်ပါလေရော။ သူ့မိန်းမက မိန်းမ
အေးကြီးပါဗျာ။
လုံးကြီးပေါက်လှပါပဲ။
အမျိုးသမီးက အံကြိတ်ပြီး ပြန်သွားခဲ့တယ်။
ကြားထဲက ကျုပ်တို့ တောင် အချောင်အဆဲ
ခံလိုက်ရသေးရဲ့ ဗျ။ ဒီလိုနဲ့ အရှက်မရှိ သူများ
မယားကြာခိုနေလိုက်တာနှစ်လလောက်
ကြာခဲ့ပေါ့ဗျာ။ မဝင်းရွှေကလည်း ရွှေစငွေစ လေးကလည်း ရနေတော့ ရမ္မက်နဲ့ ညှို့ထား လေရဲ့ ။
တစ်နေ့ မဝင်းရွှေက ကိုဇော်ဝင်းခိုင်ကို ပူဆာတယ်။ ဟိုမယားကြီးမှာ လက်ကောက်
ငါးကွင်း ရှိတယ်။ သူ့ကို တစ်ကွင်းတောင်း ပေးပါတဲ့ ။ ဒါမှ အစ်ကို့ကို ညီမ ကြာရှည် လက်ခံနိုင်မယ်တဲ့ ။ မင်းသားကြီးကလည်း ရာဂစိတ်မွှန်နေတော့ စိတ်ချ၊ လွယ်လွယ်နဲ့ မ ရရင် လက်ရိုက်ချိုးပြီး ချွတ်ယူ ခဲ့မယ်လို့ ကတိပေးပြီး မယားကြီးအိမ်ကို လာခဲ့လိုက် တယ်။
နေ့ခင်း (၁၂) နာရီလောက် မယားကြီးအိမ် ကို ရောက်လာတယ်။ အိမ်ထဲမှာ တိတ်နေ တယ်။ ဒါနဲ့ အိမ်ရှေ့တံခါးက မဝင်ဘဲ သူမူး ရင် ဝင်လေ့ရှိတဲ့ နောက်ဖေးဘက် မလွယ် တံခါးပေါက်ကနေ အိမ်ထဲကို ဝင်လိုက် တယ်။ သူ့မိန်းမ အခန်းနားလည်း ရောက် ရော .. အထဲကနေ ခိုးခိုးခစ်ခစ် ရယ်သံ ကြားလိုက်ရလို့ သူ ခေါင်းနားပန်းကြီးသွားခဲ့ တယ်။ အမူးတောင် ပြေချင်သလိုလို ဖြစ်သွား ပြီး ဂရုတစိုက် နားစွင့်လိုက်တော့ သူ့မိန်းမနဲ့
အခြားယောက်ျားတစ်ယောက်
ရာဂအဆိပ်တက်ပြီး ဆူဝေ နေတဲ့ အသံ။ သူ ဘာ
မှ မပြောဘူး။ ခန်းဆီးလိုက်ကာ ဖွင့်ဖယ်ပြီး ကြည့်လိုက်တယ်။
“ဟယ်”
မြင်ကွင်းက သူမြင်လိုက်ရတဲ့ ထောင်ထောင်မောင်းမောင်း ယောက်ျားတစ်
ယောက်နဲ့ သူ့ မိန်းမ။ စိတ်လွတ်ကိုယ်လွတ် ခုတင်ပေါ်မှာ ပျော်ပါးနေတဲ့ မြင်ကွင်း။ ဒီလို လည်း မြင်လိုက်ရရော ယမ်းပုံမီးကျ ဒေါသ တွေပေါက်ကွဲပြီး သားလှီးဓားနဲ့ သူတို့ နှစ် ယောက်စလုံးကို ဝင်ထိုးသတ်ပစ် လိုက် တယ်။
သူ ထောင်အနှစ် (၂၀) ကျသွားခဲ့တယ်။ ကျွန်တော် ထောင်ဝင်စာ သွားတွေ့တော့ ရူး ကြောင် ကြောင် အူကြောင်ကြောင် ဖြစ်နေ တယ်။ စကားပြောတာ စိတ်သိပ်မမှန်ချင်
ဘူး။ သတိ ကောင်းကောင်း ရတဲ့ အချိန်ကျ ရင်တော့
“ဝဋ် အဲဒီလောက်မြန်မှန်း ငါမသိဘူးကွာ”
ဆိုတဲ့ စကားကို ပြောရင်း ရှိုက်ကြီးတငင် ငို
ရှာ တယ်ဗျာ။
ကျွန်တော့်မျက်စိရှေ့မှောက်မှာ ကြုံခဲ့ရ၊
မြင်ခဲ့ရတဲ့ လောကဝဋ်အလည်မြန်ပုံတွေကို တန်းစီ ရေးပြရရင် လုံးချင်းစာအုပ်လောက် ရနိုင်ပါတယ်။
ပစ္စုပ္ပန်မှာ လည်း အကျိုးပေးမကောင်း၊ နောင်သံသရာမှာ လည်း ဝိပါကဝဋ်ကြွေးက ပေးဆပ် ရဦးမည့်အဖြစ်ကို သိရှိနားလည်ကြ ဖို့ ကောင်းပါတယ်။
ဒုစရိုက်အလုပ်မှန်သမျှ ဝဋ်လည်ကြမယ် ဆိုတာကို ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံ သဘော ပေါက်ကြမှာ ပါပဲ။
ဟိုး ဘုရားရှင်တော်မြတ် လက်ထက် ကတည်းက သက်သေသာဓက ရှိခဲ့ဖူးတဲ့ ဝဋ် သည် နောင်လူ့ဘဝဆက်တိုင်း၊ သံသရာ ဆက်တိုင်းမှာ ရှိနေကြဦးမှာ ပါ။
ဒါကြောင့် ကြောက်မက်ဖွယ်ကောင်းတဲ့ ဝဋ်အကြောင်းကို ပြောကြရင် သံသရာဝဋ် ထက် ပစ္စုပ္ပန်လောကဝဋ်ကို မြင်ရ၊ ကြုံရ၊
စိတ်ချမ်းသာစရာ မရှိလှသမို့ ဝဋ်လည်နိုင်တဲ့
မကောင်းမှု မှန်သမျှကို ရှောင်နိုင်ရှားနိုင်ကြ
ပါစေလို့ မေတ္တာရည်၍ ဤစာစုကို ရေးသား
လိုက်ရပါတယ်။
မောင်ညိုမှိုင်း (သန်လျင်)

Zawgyi Version

ဝဋ္၏ ေၾကာက္မက္ဖြယ္ျဖစ္(စ/ဆုံး)
——————————————-
ဝဋ္ဆိုတာ လည္တတ္တဲ့ … သေဘာရွိ ေၾကာင္း ဘုရားေဟာ ဇာတက ဇာတ္ဝတၳဳ၊ မ်ားမွာ လည္း ကြၽန္ေတာ္တို႔ ဖတ္ဖူးၾကပါ
တယ္။ ေရွးဘဝက ျပဳခဲ့တဲ့ အကုသိုလ္ကံ
ေၾကာင့္ သံသရာအဆက္ဆက္ အဖန္ဖန္
အျပန္ျပန္ ခံၾကရတဲ့ ဝိပါကဝဋ္ေႂကြးဆိုရင္
ပိုေၾကာက္စရာ ေကာင္းလွပါတယ္။ ငယ္စဥ္
ကတည္းက ၾကားဖူး၊ သင္ဖူးခဲ့ရတဲ့ စကား တစ္ခြန္း ရွိပါတယ္။ ဝဋ္မွာ အၿမဲ ငရဲမွာ အပ
ကြၽန္ေတာ္တို႔ လူသာမန္ကို မဆိုထားဘိ။ ရဟႏၲာအခ်ိဳ႕ပင္လွ်င္
ဗုဒၶါပေစၥက၊သံသရာဝဋ္ကို ျပန္လည္ေပးဆပ္ၾကရသည့္
သာဓကမ်ား ရွိခဲ့ဖူးပါတယ္။
ရွင္မဟာေမာဂၢလန္ ကိုယ္ေတာ္ျမတ္
ႀကီးဆိုလွ်င္ လူ႔ဘဝတုန္းက မယားစကားကို
အႂကြင္းမဲ့ ယုံၾကည္ၿပီး မိခင္အရင္းေခါက္
ေခါက္ကို ခိုးသားဓားျပေယာင္ေဆာင္၍ ေသ
လမ္းပို႔ခဲ့ဖူးရာ ရဟန္း ဘဝေရာက္ေတာ့ အဲဒီ
ဝဋ္ေႂကြးကို သူ တစ္ဖန္ ျပန္ခံရပါတယ္။
ခိုးသားလူသြမ္းတို႔ ရဲ႕ ရက္စက္စြာ လုပ္ႀကံ
ျခင္းေၾကာင့္ ေသြးစိမ္းရွင္ရွင္က်ၿပီး ဘဝဆုံး
ခဲ့ရပါသတဲ့ ။
ရွင္ေတာ္ေဂါတမ ဘုရားရွင္သည္ ပင္ ဂိ
ဇၩကုဋ္ေတာ္ေျခမွာ စႀကႍေလွ်ာက္ေနစဥ္
ေဒဝဒတ္ရဲ႕ ေက်ာက္ေမာင္းဆင္ လုပ္ႀကံခံရ လို႔ ေျခမကြဲၿပီး ေသြးစိမ္းရွင္ရွင္ က်ခဲ့ရ တာသည္ လည္း ဟိုဘဝက ဝဋ္ေႂကြးေၾကာင့္ လို႔ ဖတ္ခဲ့ရဖူးပါတယ္။
ဘုရားေလာင္းသတို႔ သား သူႂကြယ္အမ်ိဳး ဇာတ္ျဖစ္စဥ္ဘဝက ညီလုပ္သူကို လွည့္စား လွည့္ျဖား ေခၚေဆာင္သြားၿပီး ေက်ာက္ႏွင့္ ဖိ
ညႇစ္ထုႀကိတ္သတ္ခဲ့တဲ့ ေက်ာက္ဝိပါက္ ေၾကာင့္ ယခုလို အသစ္တစ္ဖန္ ျပန္ခံစားရ
တယ္လို႔ ဝိပါက္ေတာ္ (၁၂)ပါးမွာ ဆိုထားပါ
တယ္။
ဝဋ္ဆင္းရဲဆိုတာ
အလြန္ေၾကာက္စရာ
ေကာင္းမွန္း ဝိပါတ္ေတာ္ (၁၂)ပါးကို ဖတ္
ၾကည့္ရင္ သိသာပါတယ္။ ဝဋ္ေၾကာင့္ ကိုယ္ ဆင္းရဲ၊ စိတ္ဆင္းရဲရတဲ့ ဘဝသည္ ဝဋ္ခံရသူ မွာ သာမက အဲဒီလူရဲ႕ အဝန္းအဝိုင္းကိုပါ ေသာကလည္း ပြားေစ၊ တရားလည္း ရေစပါ
တယ္။
ကြၽန္ေတာ့္ကိုယ္ေတြ႕ မ်က္စိေရွ႕ေမွာက္မွာ ေလာကဝဋ္ ခံစားရတဲ့ အေၾကာင္းအခ်ိဳ႕ကို အေနနဲ႔ ေျပာျပခ်င္ပါတယ္။
သာဓကကြၽန္ေတာ္ ငယ္စဥ္က ေလာက္ေလးခြတစ္ ေခ်ာင္းနဲ႔ ငွက္မ်ိဳးစုံကို ပစ္ခတ္ဖမ္းေလွာင္ သတ္ျဖတ္ေလ့ရွိပါတယ္။ အေသရရင္
မီးကင္စားၿပီး အရွင္ရရင္ . ေလွာင္အိမ္ထဲ ထည့္လို႔ အလွၾကည့္ၿပီး ေပ်ာ္ေနတတ္ပါ တယ္။ အဲဒီမွာ ဝယ္သူရွိရင္လည္း ရတဲ့ ေဈး နဲ႔ ေရာင္းၿပီး သုံးပစ္တာလည္း မၾကာခဏပါ ပဲ။ တစ္ေန႔ေတာ့ ကြၽန္ေတာ့္အဘိုးက – “မင္းတို႔ ေနာ္ သူမ်ား အသက္ကို မသတ္ပါ နဲ႔ ။ ေလွာင္အိမ္ထဲ ထည့္မေလွာင္ၾကပါနဲ႔ ။ တစ္ေန႔ ကိုယ္ျပန္ၿပီး ဝဋ္ခံစားရတတ္တယ္။ သိရဲ႕ လား”
“ဝဋ္ဆိုတာ တကယ္ေရာရွိလို႔ လား အဘိုး
“ဟ ရွိတာေပါ့ လူမိုက္ရ၊ ေရွးက ဝိပါက္ ခုနစ္ရက္၊ အခု ဝိပါက္ ဒူးေခါက္ကေန တက္ သတဲ့ ။ ျမန္တယ္ သိရဲ႕ လား”
အဘိုးက အဲဒီလိုေျပာေတာ့ ကြၽန္ေတာ္တို႔ က အဘိုးကို ေလွာင္ၿပဳံးၿပဳံးၿပီး ဥေပကၡာျပဳခဲ့ ၾကပါ တယ္။ ၿပီးေနာက္ ကိုယ္လုပ္ေနက်
အတိုင္း ငွက္ေပါင္းစုံလိုက္ပစ္၊ ဖမ္းေလွာင္၊
ေရာင္းစား၊ သတ္စား နဲ႔ ငယ္ဘဝတစ္ခုကို ေက်ာ္လို႔ သားနဲ႔ မယားနဲ႔ အေျခတက် ဘဝ
ေပ်ာ္ေပ်ာ္ရွိေနခ်ိန္မွာ မွ …
အဲဒီတုန္းက အသက္က (၄၀)၊ သားမယား နဲ႔ ေပ်ာ္လို႔ ေမာ္လို႔ ေကာင္းခ်ိန္မွ ျဗဳန္းခနဲ ျပစ္မႈ တစ္ခုနဲ႔ ကြၽန္ေတာ္ အဖမ္းခံလိုက္ရပါ တယ္။ အမႈၿပီးသည္ အထိ တစ္ႏွစ္ခန႔္ ၾကာခဲ့ ပါတယ္။ သန္လ်င္ အခ်ဳပ္၊ ေနာက္တစ္ခါ အင္းစိန္အက်ဥ္းေထာင္၊ ၿပီးေတာ့ မဟာဗန ဓုလပန္းၿခံလမ္းအခ်ဳပ္။ ထိုေလွာင္အိမ္သုံးခု မွာ ခ်ာခ်ာလည္ရင္း ကိုယ္ဆင္းရဲ စိတ္ဆင္းရဲ မ်ိဳးစုံနဲ႔ ႀကဳံခဲ့ရပါတယ္။
အဲဒီေတာ့မွ အဘိုးေျပာခဲ့သည့္ စကားရဲ႕ အဓိပၸါယ္ကို မ်က္ရည္နဲ႔ နားလည္ခံစားခဲ့ရပါ တယ္။ သားမယား၊ ညီအစ္ကိုေမာင္ႏွမ၊ မိဘမ်ား ႏွင့္ ရက္ရွည္လမ်ား ခြဲခြာေနရတဲ့ ဒုကၡ ကို ခံစားရမွ ကြၽန္ေတာ္ ပစ္ခတ္ဖမ္းေလွာင္ခဲ့ တဲ့ ငွက္ေပါင္းစုံရဲ႕ ေသာကကို ျပန္သတိရခဲ့ပါ တယ္။ ေထာင္မွ လြတ္သည့္ေန႔ကဆိုရင္ ဘုရားေစတီေရွ႕က စာကေလးေတြ ေလွာင္ ေရာင္းေနတဲ့ လူေတြဆီက ငွက္ေတြ အကုန္ ဝယ္ၿပီး ကြၽန္ေတာ္ ကုသိုလ္ျဖစ္ လႊတ္ေပး
လိုက္တယ္။
ေနာင္သံသရာမွာ မပါခ်င္လို႔ ပါ။ သို႔ေသာ္
ေလာကဝဋ္ကိုေတာ့ ကြၽန္ေတာ္ ထိုက္တန္စြာ
ခံစားခဲ့ရၿပီးပါၿပီ။ ေနာင္သံသရာရဲ႕ ဝိပါက္ကို
ေတာ့ ဘယ္လိုရွိမည္ ကြၽန္ေတာ္ မခန႔္မွန္းႏိုင္ေသး။
ဒီမွာ ႀကဳံတုန္း ဝဋ္လိုက္ျပန္ပုံအေၾကာင္း ေျပာျပခ်င္ပါတယ္။ တကယ့္အျဖစ္အပ်က္ မ်ား ပါ။ အေၾကာင္းေၾကာင္းေၾကာင့္ အမည္၊
ေနရပ္လိပ္စာမ်ားကို လႊဲေျပာင္းေရးလိုက္ရပါတယ္။
ကြၽန္ေတာ္ေနတဲ့ (…) ရပ္ကြက္ထဲမွာ ကို ခင္ဝင္းဆိုတာ ရွိပါတယ္။ သူက ဖဲသမား၊
ၾကက္ သမားခင္ဗ်ာ။ ဖဲႏိုင္၊ ၾကက္ႏိုင္ရင္ မူး
ေတာ့တာပါပဲ။ လူက နာမည္ႀကီး ၾကက္ နယ္လွည့္ ၾကက္တိုက္တဲ့
သမား၊ေလာင္းေၾကးႀကီးတစ္ဦးရယ္။
သူ႔မွာ အက်ိဳးေပးေကာင္းတဲ့ တိုက္ၾကက္ဥ ဖန္းေလးတစ္ေကာင္ရွိတယ္။ ေထာင္ပြဲကေန ေသာင္းပြဲအထိေတာ့ ႏိုင္ၿပီးၿပီ။
ေလာင္းပြဲက သိန္းပြဲ။
အခုကိုခင္ဝင္းက သူ႔ၾကက္ကို သူယုံတယ္။ ယုံ လို႔ လည္း ပုံေအာၿပီး ေလာင္းတာကိုး။ ကံဆိုး ခ်င္ ေတာ့ ဒီပြဲႀကီးမွာ မွ ကိုခင္ဝင္းရဲ႕ ၾကက္ဥ ဖန္းကေလး တစ္ဖက္ၾကက္ခြပ္လို႔ မ်က္လုံး တစ္လုံးထြက္ၿပီး ေျပးပါေလေရာ။ သူေရာ၊
သူ႔ပါတနာေတြပါ လက္ရင္းလက္ဖ်ား ေအာ္ရႈံးတာပဲ။
ကိုခင္ဝင္းဆိုတာ … ေဒါသထြက္လြန္းလို႔
မ်က္လုံးတစ္လုံးမရွိဘဲ ေသြးစက္စက္က်ၿပီး
ငိုင္ေနတဲ့ … သူ႔တိုက္ၾကက္ဥဖန္းကေလးကို ေျခႏွစ္စုံကိုင္ၿပီး မန္က်ည္းပင္ႏွင့္ ကိုင္႐ိုက္
လိုက္တာဗ်ာ။ ေနာက္ မ်က္လုံးတစ္လုံးပါ ထြက္ၿပီး ၾကက္ကေလး ေသပါေလေရာ။
အဲဒီ ၾကက္ကိုပဲ
ထန္းရည္ဆိုင္မွာ
ကာလသားခ်က္ ခ်က္ခိုင္းၿပီး ထန္းရည္နဲ႔
အျမည္းလုပ္ပစ္ လိုက္တယ္။
သိပ္မၾကာပါဘူး၊ တစ္ပတ္ေလာက္လည္း ၾကာေရာ၊ ဖဲဝိုင္းတစ္ခုမွာ စကားမ်ား ရန္ျဖစ္ ၾကပါ ေလေရာ။ ျဖစ္ဆို ႐ိုက္ၾကႏွက္ၾက ေျပး ၾကလႊားၾကေပါ့ဗ်ာ။ ဒီအခ်ိန္မွာ တစ္ဖက္လူ ထဲက တစ္ေယာက္ က ေလာက္ေလးခြနဲ႔ လွမ္းပစ္လိုက္တာ ကိုခင္ဝင္း ညာဘက္
မ်က္လုံး ထြက္သြားပါေရာဗ်ာ။
ေနာက္ဆုံး အကုန္အဖမ္းခံရတယ္။ ျပစ္ဒဏ္အသီးသီး ခံလိုက္ၾကရတယ္။ ၾကက္သမားဝဋ္က အဲဒီေလာက္နဲ႔ မၿပီး ေသးဘူး။ သူက အင္းစိန္ေထာင္ထဲေရာက္ ေနတုန္း အျပင္မွာ ကိုးနစ္အ႐ြယ္ သူ႔သား
ကေလး ျမင္းကန္ခံလိုက္ရတယ္။ ကေလး ခမ်ာ ကံဆိုးခ်င္ေတာ့ ဘယ္ဘက္မ်က္လုံး တစ္လုံး ထြက္သြားခဲ့ရွာတယ္။ အခု သားအဖ ႏွစ္ေယာက္စလုံး မ်က္လုံးအတု ကိုယ္စီနဲ႔ ။
တစ္ခုေတာ့ရွိတယ္။ သူတို႔ ၾကက္တိုက္၊ ဖဲ႐ိုက္ … မေကာင္းမႈ ဒုစ႐ိုက္ မွန္သမွ်ကို အၿပီးတိုင္ စြန႔္ၿပီး ဘုရားအလုပ္၊ တရား အလုပ္လုပ္လို႔ သမၼာအာဇီဝနဲ႔ အသက္ေမြး ၿပီး ကုသိုလ္ေကာင္းမႈမ်ား နဲ႔ ေနထိုင္ေနၾက ပါတယ္။ ဒီေကာင္းမႈကုသိုလ္တရားမ်ားက ေနာင္သံသရာမွာ ေတာ့ တစ္စုံတစ္ခု
အေထာက္အကူျပဳလိမ့္မယ္လို႔ ယုံၾကည္ၾကပါတယ္။
ေနာက္အျဖစ္အပ်က္တစ္ခုကေတာ့အ
ေတာ့္ကို ထူးဆန္းလွပါတယ္။ ကြၽန္ေတာ္ လုပ္ငန္း ကိစၥတစ္ခုနဲ႔ ပဲခူး႐ိုးမေတာင္ေျခက
႐ြာကေလးတစ္႐ြာကို ေရာက္ခဲ့စဥ္ကေပါ့။
အဲဒီ႐ြာမွာ ကိုၫြန႔္တင္ေက်ာ္ဆိုတဲ့ မုဆိုး ေက်ာ္တစ္ဦး ရွိတယ္။ ဝဝဖိုင့္ဖိုင့္၊ ႏွာေရာင္
ေကာက္ ေကာက္နဲ႔ ။ အရက္လည္း ေသာက္
သလားမေမးနဲ႔ ။ ဒူးေလးလင္းေလးပစ္လည္း
သိပ္ေျဖာင့္တယ္။ ရာသက္ပန္ မုဆိုးအလုပ္နဲ႔
အသက္ေမြးေနသူဆိုေတာ့ အမဲလိုက္လို႔ ရ လာတဲ့ သားေကာင္မွန္သမွ် သူ႔မိန္းမက ေပၚ ၿပီး ႐ြာထဲလည္ေရာင္း၊ မ်ား ရင္ ၿမိဳ႕ေပၚတက္ ေရာင္း လုပ္စားလာၾကတာ ကေလး
ႏွစ္ေယာက္ရတဲ့ အထိ ပါပဲ။
မုဆိုးဆိုတာစည္းရွိရပါတယ္။
သားေကာင္ကိုပစ္ရင္ အားနည္းခ်ိန္ မပစ္ရ
ဘူး။ အထူးသျဖင့္ ဇီးရွိတဲ့ သားေကာင္ကို ေရွာင္ၾကဥ္ရတယ္။ ဒါ မုဆိုးထုံးစံပဲ။ ဒါေပမဲ့ ဦးၫြန႔္တင္ေက်ာ္က စည္း မေစာင့္ဘူး။ တစ္ေန႔ေပါ့ဗ်ာ၊ မေျပးႏိုင္မလႊားႏိုင္ျဖစ္ေန တဲ့ ေမ်ာက္မႀကီးတစ္ေကာင္ကို ဒူးေလးနဲ႔ ပစ္ခ် လာတယ္။ အိမ္ေရာက္ေတာ့ ကိုယ္ဝန္ ႀကီးနဲ႔ ၊ သူ႔မိန္းမကို “ဖ်က္ကြာ”ဆိုၿပီး လွမ္း ေပးလိုက္တယ္။ ဝမ္းတြင္းသားကို အရက္နဲ႔ ျမည္းဖို႔ ျမန္ျမန္လုပ္လို႔ လည္း အမိန႔္ ေပးလိုက္ေသးတယ္။
ဒါနဲ႔ သူ႔မိန္းမက ကပ်ာကသီပဲ ေမ်ာက္ ဝမ္းဗိုက္ကို ဓားနဲ႔ ခြဲလိုက္တယ္။
“ဟယ္”
“ဘာလဲကြ မစိုးရ၊ မင္းဟာက အလန႔္တၾကား၊ ဓားရွသြားၿပီလား”
“ဓား ဓား ထိ ထိတာ မဟုတ္ဘူး ။ ဒီ ဒီမွာ
လာၾကည့္ပါဦးေတာ့”
ကိုၫြန႔္တင္ေက်ာ္က
အရက္တစ္ခြက္ကို
ေကာက္ေမာ့ၿပီး သူ႔မိန္းမ လုပ္ေနတဲ့ ေမ်ာက္ ကို ေသေသခ်ာခ်ာ ၾကည့္လိုက္တယ္။
“ဟာ ဇီးႀကီးနဲ႔ ကိုး။ ဒါမ်ား အလန႔္တၾကား လုပ္လို႔ ၊ ဖယ္စမ္း။ အဲဒီေမ်ာက္ ေျမမနင္း သားနဲ႔ အရက္နဲ႔ ျမည္းရင္ ပိုအားရွိသေပါ့ ကြာ။ ဖယ္ ငါလုပ္မယ္”
သူက ဝမ္းသာအားရနဲ႔ ေမ်ာက္သေႏၶသား ေလာင္းကို အိတ္လိုက္ျဖတ္ယူၿပီး ဆီပူအိုးထဲ ကို ပစ္ထည့္လို႔ ရွဲရွဲျမည္ေအာင္ ေၾကာ္လိုက္ တယ္။ က်က္လည္း က်က္ေရာ သူ႔လူေတြနဲ႔ မီးေတာက္ပုလင္း ဖြင့္ၿပီး ေသာက္လိုက္၊ ျမည္းလိုက္၊ ကလိုက္၊ ခုန္လိုက္ .
သိပ္မၾကာဘူး၊ တစ္ညမွာ သူ႔မိန္းမ မစိုး ေမြးခ်င္လို႔ ဗိုက္နာလာတယ္။ ႐ြာထဲက
နာမည္ေက်ာ္ အရပ္လက္သည္ မႀကီး ေဒၚ ေသာင္းကို သြားေခၚလိုက္တယ္။ မီးဖြားဖို႔
ကိစၥအတြက္ ေရေႏြးက်ိဳေပးရင္း ဘာကေလး ေမြးမလဲလို႔ သူ နားစြင့္ေနလိုက္တယ္။ အိမ္ မွာ သမီးခ်ည္းႏွစ္ေယာက္ ျဖစ္ေနတယ္ေလ။ သူလိုခ်င္တာက သားေယာက္်ားေလးပဲ။
မၾကာဘူး “ေမြးၿပီေဟ့”
သူ ထရံနားက ကပ္နားေထာင္ရင္း ေဒၚ
ေသာင္းအသံေၾကာင့္
ဝမ္းသာသြားတယ္။
ဘာေလး လဲဆိုတာ ေျပးဝင္ၾကည့္ခ်င္ေပ
မယ့္ မသင့္ေတာ္လို႔ ေအာင့္အည္းေနလိုက္ရာ ကေန မေအာင့္ႏိုင္တဲ့ အဆုံး…
“ဘာ ဘာေလးလဲဗ်၊ အေမေသာင္း”
“အ အထီးေလးေဟ့”
“ဟယ္ ဝမ္းသာလိုက္တာဗ်ာ”
သူ ဝမ္းသာလုံးဆို႔ေနေပမယ့္ အထဲမွာ ေတာ့ လူသံက တိတ္ေနတယ္။ ကေလးငိုသံ လည္း မၾကားရဘူး။
မၾကာဘူး၊ ေဒၚေသာင္း ပုဆိုးပိုင္း အႏွီးနဲ႔ ထုပ္ထားတဲ့ အထုပ္ကို ေပြ႕လို႔ မီးေနခန္းက ေန ထြက္လာတယ္။ ေဒၚေသာင္းမ်က္ႏွာက တစ္ခုခုကို လန႔္ေနပုံမ်ိဳး။
“ေရာ့ ၫြန႔္တင္ေက်ာ္၊ ဒါ ဒါ နင့္ကေလးပဲ” သူ . အႏွီးထုပ္ကေလးကို လွမ္းယူၿပီး ပူပူေႏြးေႏြး နမ္းခ်င္လြန္းလို႔ မ်က္ႏွာကို ဖြင့္ လည္း ၾကည့္လိုက္ေရာ…
“ဟာ ဘာ ဘာႀကီးလဲ၊ ဘာ ဘာႀကီးလဲ”
“နင့္ သားေလ”
ကိုၫြန႔္တင္ေက်ာ္ လက္ထဲက အႏွီးထုပ္ကို လန႔္ၿပီး ဝါးၾကမ္းခင္းေပၚ ပစ္ခ်လိုက္တယ္။ ေဒၚေသာင္းလည္း ေကာက္ခ်ိန္မရလိုက္ဘူး၊
ကိုၫြန႔္တင္ေက်ာ္ မ်က္ႏွာကို လက္ဝါးနဲ႔ အုပ္ ၿပီး တိုင္နဲ႔ ေခါင္းနဲ႔ ေျပးတိုက္လိုက္တယ္။ ၿပီးေတာ့ မဝံ့မရဲနဲ႔ လူးလြန႔္ေနတဲ့ အႏွီးၾကား က သက္ရွိသတၱဝါကေလးကို လွမ္းၾကည့္ လိုက္တယ္။ အေမြးအမွ င္ နီနီရဲရဲႏွင့္ ေမ်ာက္ ေပါက္စကေလးက ပါးစပ္ကို ဟစိဟစိလုပ္ ရင္း ညည္းေနတယ္။
မၾကာပါဘူး၊ ပစ္ခ်လိုက္တဲ့ ဒဏ္ေၾကာင့္ ေမ်ာက္ကေလး အေၾကာဆြဲၿပီး အသက္ထြက္
သြား ခဲ့တယ္။ တစ္ပတ္ၾကာေတာ့ သူ႔မိန္းမ စိုးလည္း အပုပ္ဆန္သလို၊ ေသြးတက္သလို လိုနဲ႔ ကြယ္လြန္ သြားခဲ့တယ္။
ကိုၫြန႔္တင္ေက်ာ္လည္း ေနာင္တေတြရၿပီး မုဆိုးအလုပ္ကို စြန႔္လႊတ္လို႔ ရဟန္းေဘာင္ ကို ဝင္သြားခဲ့တယ္။ ေလာကဝဋ္က ေၾကာက္
စရာေကာင္းလွပါတယ္ဗ်ာ။
ပစၥဳပၸန္ေလာကဝဋ္လည္ပုံ၊ လိုက္ပုံ ျမန္
တာေတာ့ ရွာမွ ရွားပါပဲဗ်ာ။ ကြၽန္ေတာ္ ျမင္ ဖူးတဲ့ အထဲမွာ အခုဝဋ္က လူတိုင္း ဆင္ျခင္ သင့္တဲ့ ဝဋ္ပဲဗ်။
ကြၽန္ေတာ္ (…) ၿမိဳ႕မွာ ေနစဥ္ကေပါ့။ သိပ္
ရင္းႏွီးတဲ့ ေသာက္ေဖာ္ေသာက္ဖက္ တစ္ ေယာက္ ရွိခဲ့ဖူးတယ္။ သူ႔အမည္က ကိုေဇာ္ ဝင္းခိုင္တဲ့ ။
ဗိုက္႐ႊဲ႐ႊဲ၊ အသားနီစပ္စပ္၊ အရပ္ပုပု၊ စိတ္ ကတိုတိုဗ်။ ႐ုပ္က ေဂၚရင္ဂ်ီကုလားလိုလို၊ ေပၚတူဂီလိုလို ႐ုပ္မ်ိဳး။ အလုပ္က အိမ္ၿခံေျမ ပြဲစား၊ ကားပြဲစား စသည္ လုပ္ေတာ့ လက္ထဲ မွာ ေငြက မျပတ္ဘူး။ အေပါင္းအသင္းက လည္း စုံမွ စုံပဲ။ အရက္ကို ဝိုင္းစုံေအာင္ ေသာက္တယ္။ မိန္းမက လည္း ေပြသလားမ ေမးနဲ႔ ။ မိန္းမမွန္ရင္ ခ်ဥ္ခ်ဥ္တူးတူး မူးၿပီး ေရာ လူစားဗ်။ ဝါသနာပါလို႔ သူ႔စ႐ိုက္နဲ႔ သူလိုက္စားတာ သူ႔အပိုင္းပါ။
ေျပာခ်င္တာက လင္ရွိမယားကို ျပစ္မွား ကိုၾကည္ေအာင္ဆိုတာ ကြၽန္ေတာ္ အရက္ဆိုင္ပိုင္ရွင္ပဲ။
တို႔ … ေဖာက္သည္ပိုက္ဆံ မရွိရင္ အေႂကြးေသာက္လို႔ ရတယ္။
သူကလည္း ဇိုးသမားပဲ။ ကိုၾကည္ေအာင့္ မိန္းမက မဝင္းေ႐ႊတဲ့ ။ သိပ္လွတယ္။ တင္ပါးကားကား၊ ရင္သား မို႔မို႔၊ ဂီတာရွိတ္ ဗ်။ ၾကာေပးေလးနဲ႔ ရယ္။ ကိုၾကည္ေအာင္ ကေတာ့ အၿမဲမူးေနလို႔ ပိန္ေျခာက္ၿပီး ကမၼ႒ာန္း ႐ုပ္ေပါက္ေနတယ္။
ဒီမွာ စားေနက်ေၾကာင္ဖားျဖစ္တဲ့ ကိုေဇာ္ ဝင္းခိုင္က ေငြကေလး ေခ်းလိုက္၊ အထည္စ ေလး လက္ေဆာင္ေပးလိုက္၊ စားစရာေလး ဝယ္ေပးလိုက္နဲ႔ ေသြးေဆာင္ေတာ့တာပဲ။ ကို ၾကည္ေအာင္ လစ္ရင္လစ္သလို ႏႈတ္သရမ္း လိုက္ေသးတယ္။
က်ဳပ္တို႔ က သူ႔အႀကံအစည္ကို သိလို႔ တားတယ္။
“မလုပ္ပါနဲ႔ ကိုေဇာ္ဝင္းခိုင္ရာ၊ ခင္ဗ်ား လည္း သားႀကီးမယားႀကီးနဲ႔ ။ သူလည္း ကာမပိုင္ လင္သားနဲ႔ ပါဗ်ာ။ လြတ္လြတ္လပ္
လပ္ကို ရွာခ်င္ရွာပါ”
“ငါႀကိဳက္လို႔ ငါဖန္တာကြာ။ မင္းတို႔ ႀကိဳက္ရင္ ငါနဲ႔ လာမေသာက္နဲ႔ ”
ေစတနာနဲ႔ ေျပာတဲ့ က်ဳပ္တို႔ ကိုေတာင္ သူက ရန္လုပ္ေနေသးရဲ႕ ဗ်။ ဘာၾကာလဲဗ်ာ၊ သူနဲ႔ မဝင္းေ႐ႊနဲ႔ ၿငိသြားၾကတယ္။ ကိုၾကည္ ေအာင္ သိေပမယ့္ မိန္းမလုပ္စာစားၿပီး အခ်ိန္ျပည့္ မူးေနေတာ့ ဘာတတ္ႏိုင္မွာ လဲ။ ေနာက္ဆုံး ေန႔ေန႔ညည မဝင္းေ႐ႊတို႔ အိမ္မွာ ကိုေဇာ္ဝင္းခိုင္ မိုးမျမင္ ေလမျမင္ ျဖစ္ေန ေရာ။
ဒီအေၾကာင္းကို တစ္ေန႔ ကိုေဇာ္ဝင္းခိုင္
မိန္းမ သိသြားေတာ့ ယမ္းပုံမီးက် ျဖစ္သြား ၿပီး ေခ်ာင္းပါေလေရာ။ မိတာပါပဲ။ သူတို႔ ကျမင္းေၾကာထေနတုန္း ပက္ပင္းပါပဲ။ ဆဲ ၾကဆူၾက သတ္ၾကျဖတ္ၾကဗ်ိဳ႕။ ဒါေပမဲ့ ကိုယ့္လူက ဒုတိယအငယ္အေႏွာင္းဘက္က ပါၿပီး မယားႀကီးကို ပါး႐ိုက္ နား႐ိုက္လုပ္ၿပီး
ေမာင္းထုတ္ပါေလေရာ။ သူ႔မိန္းမက မိန္းမ
ေအးႀကီးပါဗ်ာ။
လုံးႀကီးေပါက္လွပါပဲ။
အမ်ိဳးသမီးက အံႀကိတ္ၿပီး ျပန္သြားခဲ့တယ္။
ၾကားထဲက က်ဳပ္တို႔ ေတာင္ အေခ်ာင္အဆဲ
ခံလိုက္ရေသးရဲ႕ ဗ်။ ဒီလိုနဲ႔ အရွက္မရွိ သူမ်ား
မယားၾကာခိုေနလိုက္တာႏွစ္လေလာက္
ၾကာခဲ့ေပါ့ဗ်ာ။ မဝင္းေ႐ႊကလည္း ေ႐ႊစေငြစ ေလးကလည္း ရေနေတာ့ ရမၼက္နဲ႔ ညႇိဳ႕ထား ေလရဲ႕ ။
တစ္ေန႔ မဝင္းေ႐ႊက ကိုေဇာ္ဝင္းခိုင္ကို ပူဆာတယ္။ ဟိုမယားႀကီးမွာ လက္ေကာက္
ငါးကြင္း ရွိတယ္။ သူ႔ကို တစ္ကြင္းေတာင္း ေပးပါတဲ့ ။ ဒါမွ အစ္ကို႔ကို ညီမ ၾကာရွည္ လက္ခံႏိုင္မယ္တဲ့ ။ မင္းသားႀကီးကလည္း ရာဂစိတ္မႊန္ေနေတာ့ စိတ္ခ်၊ လြယ္လြယ္နဲ႔ မ ရရင္ လက္႐ိုက္ခ်ိဳးၿပီး ခြၽတ္ယူ ခဲ့မယ္လို႔ ကတိေပးၿပီး မယားႀကီးအိမ္ကို လာခဲ့လိုက္ တယ္။
ေန႔ခင္း (၁၂) နာရီေလာက္ မယားႀကီးအိမ္ ကို ေရာက္လာတယ္။ အိမ္ထဲမွာ တိတ္ေန တယ္။ ဒါနဲ႔ အိမ္ေရွ႕တံခါးက မဝင္ဘဲ သူမူး ရင္ ဝင္ေလ့ရွိတဲ့ ေနာက္ေဖးဘက္ မလြယ္ တံခါးေပါက္ကေန အိမ္ထဲကို ဝင္လိုက္ တယ္။ သူ႔မိန္းမ အခန္းနားလည္း ေရာက္ ေရာ .. အထဲကေန ခိုးခိုးခစ္ခစ္ ရယ္သံ ၾကားလိုက္ရလို႔ သူ ေခါင္းနားပန္းႀကီးသြားခဲ့ တယ္။ အမူးေတာင္ ေျပခ်င္သလိုလို ျဖစ္သြား ၿပီး ဂ႐ုတစိုက္ နားစြင့္လိုက္ေတာ့ သူ႔မိန္းမနဲ႔
အျခားေယာက္်ားတစ္ေယာက္
ရာဂအဆိပ္တက္ၿပီး ဆူေဝ ေနတဲ့ အသံ။ သူ ဘာ
မွ မေျပာဘူး။ ခန္းဆီးလိုက္ကာ ဖြင့္ဖယ္ၿပီး ၾကည့္လိုက္တယ္။
“ဟယ္”
ျမင္ကြင္းက သူျမင္လိုက္ရတဲ့ ေထာင္ေထာင္ေမာင္းေမာင္း ေယာက္်ားတစ္
ေယာက္နဲ႔ သူ႔ မိန္းမ။ စိတ္လြတ္ကိုယ္လြတ္ ခုတင္ေပၚမွာ ေပ်ာ္ပါးေနတဲ့ ျမင္ကြင္း။ ဒီလို လည္း ျမင္လိုက္ရေရာ ယမ္းပုံမီးက် ေဒါသ ေတြေပါက္ကြဲၿပီး သားလွီးဓားနဲ႔ သူတို႔ ႏွစ္ ေယာက္စလုံးကို ဝင္ထိုးသတ္ပစ္ လိုက္ တယ္။
သူ ေထာင္အႏွစ္ (၂၀) က်သြားခဲ့တယ္။ ကြၽန္ေတာ္ ေထာင္ဝင္စာ သြားေတြ႕ေတာ့ ႐ူး ေၾကာင္ ေၾကာင္ အူေၾကာင္ေၾကာင္ ျဖစ္ေန တယ္။ စကားေျပာတာ စိတ္သိပ္မမွန္ခ်င္
ဘူး။ သတိ ေကာင္းေကာင္း ရတဲ့ အခ်ိန္က် ရင္ေတာ့
“ဝဋ္ အဲဒီေလာက္ျမန္မွန္း ငါမသိဘူးကြာ”
ဆိုတဲ့ စကားကို ေျပာရင္း ရႈိက္ႀကီးတငင္ ငို
ရွာ တယ္ဗ်ာ။
ကြၽန္ေတာ့္မ်က္စိေရွ႕ေမွာက္မွာ ႀကဳံခဲ့ရ၊
ျမင္ခဲ့ရတဲ့ ေလာကဝဋ္အလည္ျမန္ပုံေတြကို တန္းစီ ေရးျပရရင္ လုံးခ်င္းစာအုပ္ေလာက္ ရႏိုင္ပါတယ္။
ပစၥဳပၸန္မွာ လည္း အက်ိဳးေပးမေကာင္း၊ ေနာင္သံသရာမွာ လည္း ဝိပါကဝဋ္ေႂကြးက ေပးဆပ္ ရဦးမည့္အျဖစ္ကို သိရွိနားလည္ၾက ဖို႔ ေကာင္းပါတယ္။
ဒုစ႐ိုက္အလုပ္မွန္သမွ် ဝဋ္လည္ၾကမယ္ ဆိုတာကို ဗုဒၶဘာသာဝင္တိုင္း လက္ခံ သေဘာ ေပါက္ၾကမွာ ပါပဲ။
ဟိုး ဘုရားရွင္ေတာ္ျမတ္ လက္ထက္ ကတည္းက သက္ေသသာဓက ရွိခဲ့ဖူးတဲ့ ဝဋ္ သည္ ေနာင္လူ႔ဘဝဆက္တိုင္း၊ သံသရာ ဆက္တိုင္းမွာ ရွိေနၾကဦးမွာ ပါ။
ဒါေၾကာင့္ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ဝဋ္အေၾကာင္းကို ေျပာၾကရင္ သံသရာဝဋ္ ထက္ ပစၥဳပၸန္ေလာကဝဋ္ကို ျမင္ရ၊ ႀကဳံရ၊
စိတ္ခ်မ္းသာစရာ မရွိလွသမို႔ ဝဋ္လည္ႏိုင္တဲ့
မေကာင္းမႈ မွန္သမွ်ကို ေရွာင္ႏိုင္ရွားႏိုင္ၾက
ပါေစလို႔ ေမတၱာရည္၍ ဤစာစုကို ေရးသား
လိုက္ရပါတယ္။
ေမာင္ညိဳမႈိင္း (သန္လ်င္)