” ဝိညဉ်ခေါ်သောရွာ “(စ/ဆုံး)

Unicode Version

” ဝိညဉ်ခေါ်သောရွာ “(စ/ဆုံး)
——————————

ကြို့ပင်ရွာလေးသည် ရွှေဘိုခရိုင်နယ်အတွင်းတည်ရှိနေသော ရွာငယ်လေးဖြစ်သည်။မြို့နှင့်အလှမ်းဝေးလှသည့်အတွတ် လမ်းပန်းဆက်သွယ်ရေးအနေနှင့်သွားလာရတာခက်ခဲလွန်းလှသည်။ကျေးလက်ဆေးပေးခန်းမရှိ စာသင်ကျောင်းမရှိတော့ရွာရှိလူမှု့့့ဖွိ့ဖြိုးတိုးတက်မှု့ဆိုတာ ဗလာနထ္ထိ။

ဒီလိုရွာငယ်လေးမှာမှခုတလော လူအများဟာ တစုံတခုဖြစ်လာမည်ကို ကြိုသိနေသလို စိုးတထိတ်ထိတ်ရှိနေကြသည်။ဒီလိုဖြစ်ရသည့်အကြောင်းကလည်း ရွာမှာသေဆုံးသွားသောဘဦး၏ဇနီး ကိုယ်ဝန်သည်အေးပုံနှင့်တနည်းတဖုံပက်သက်နေသည်ဆိုတာကို ယုံကြည်နေကြပေပြီ။

မယုံကြည်၍လည်းမရပေ သူ့တို့ရှေ့မှာဖြစ်ပျက်ခဲ့သော အကြောင်းအရာတွေကစကားဝိုင်းမှာစပ်မိလို့ ပြန်ပြောဖြစ်ကြရင်တောင် ကြက်သီးတဖြန်းဖြန်းထလောက်အောင် ကြောက်စရာကောင်းလှပေသည်။

အခုလည်းအချိန်အားဖြင့် နေဝင်သွားလို့ ညနေ၆နာရီခန့်ပင်ရှိပေတော့မည်။ဒီလိုအချိန်ကမြို့ပေါ်မှာတော့အစည်ကားဆုံးအချိန်လို့ဆိုပေမဲ့ တောရွာတွေမှာတော့လူသွားလူလာပြတ်ပြီး အမှောင်ရိပ်တို့ကြီးစိုးနေသည့်အချိန်လို့ပင်ပြောရပေမည်။

ဒီချိန်မျိုးမှာမှ လူနှစ်ဦးက ရွာပြင်ရှိလယ်ကွင်းများကိုဖြတ်ကျော်လာပြီး ရွာဝင်လမ်းမပေါ်ရောက်ရန် ခပ်သုတ်သုတ် ခြေလှမ်းများနှင့် လက်နှိပ်မီးလေးများအလင်းရောင်ကိုအသုံးပြု၍ လှမ်းလာနေကြသည်။

“ဟဲ့ကောင် သာရင်မြန်မြန်လာပါဟ ”

“ကျုပ်လည်းလျောက်နေတာပဲ ဘလေးရာခြေထောက်တွေက ညောင်းပြီး လှမ်းတောင်မလှမ်းချင်တော့ဘူး”

“ငါလူကြီးတောင် လျောက်နိုင်သေးတာ မင်းကလူငယ်ဖြစ်ပြီး တယ်နုသကိုး မြန်မြန်လျောက် ဒီလယ်ကွင်းတွေကျော်မှ ရွာပြင်သချိင်းကိုဖြတ်ပြန်ရမှာ”

သာရင်လည်းနဂိုထဲကကြောက်ပါတယ်ဆိုမှ ဘလေးပြောစကားကြောင့် ဆံပင်မွေးများပင်ထောင်မတတ်ဖြစ်သွားရသည်။

“အဲ့ဒါကြောင့် ဘလေးကိုပြောတယ် မနက်ကျမှစောစောထပြီးဒီအကြွေးသွားတောင်းလည်းရတာကို အချိန်မရှိမှရွာကထွက်လာတော့ ခုပြန်တော့မိုးချုပ်တာပေါ့”

“ဟ.ဟိုဖက်ရွာက ဖိုးသာအောင်က မနက်အစောကိုမြို့တက်မှာလေ ဒါကြောင့်သွားရတာပေါ့”

သူတို့နှစ်ဦးစကားတပြောပြောနှင့် လျောက်လာကြရာ ရွာပြင်သချိင်းအစပ်ကို ရောက်လာကြသည်။သာရင်ကမျက်လုံးကို စုံမှိတ်၍ဘလေး၏လက်မောင်းတဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်၍ လျောက်လာသည်။မျက်လုံးမှိတ်၍လမ်းလျောက်နေသောကြောင့် ဘလေးရဲ့ဖိနပ်ကိုတက်နင်းမိတော့ ပြတ်သွားသေးသည်။

“အာ ဟဲ့ကောင် ငါ့ဖိနပ်ကိုဘာလို့တက်နင်းလဲ? ”

“ကျုပ် ကျုပ် ကြောက် ကြောက်လို့”

“ဒီကောင်နဲ့တော့ မျက်လုံးမှိတ်ပြီးလျောက်မှ တော့ဘယ်လိုခရီးတွင်မလဲ လာ မြန်မြန်လျောက်”

ထိုစဉ်…”အူ.ဝူး ဝူး ဝု ဝု အု အူးးးးးး”

“ဘ ဘ ဘလေး ခွေး..ခွေးအူသံကြီးကြားလား ကျုပ် ကျုပ် ကြောက် ကြောက် ကြောက်လာပြီဗျာ လာပါနောက်ကြောင်းပြန်လှည့်ရအောင်”

“ဟာ မင်း မင်းကလည်းကွာ ရွာနားပဲရောက်ခါနီးပြီ လာပါ”

“ဖျတ် ဖျတ် ဖျတ်”

နောက်နားဆီမှ ခြေသံကြားလိုက်ရပြီး မီးနေသည်နနွင်းမှိုင်းနံ့ကဘလေးနှင့်သာရင်တို့၏နှာခေါင်းတွင်းကိုထောင်းကနဲတိုးဝင်လာသည်ကြောင့် နောက်ကိုပြိုင်တူလှည့်ကြည့်လိုက်သည့်အခါတွင် မိန်းမတယောက်ကမှောင်ရိပ်ထဲမှ ဆံပင်ဖားလျားချကာသူတို့နှစ်ဦးအနီးကိုလျောက်လာလေသည်။

အနီးရောက်ကာမှ ကြည့်လိုက်ကြသည့်အခါ လွန်ခဲ့သောတလခန့်ကရွာမှမီးမဖွားနိုင်ပဲ သေဆုံးသွားသောကိုယ်ဝန်သည်အေးပုံ ဖြစ်နေသည်ကိုတွေ့လိုက်ကြရသောအခါ သာရင်နှင့်ဘအေးတို့လည်း ပုဆိုးများပင်ကျွတ်ကျသည်ကိုဂရုမစိုက်နိုင်ပဲရွာဆီကို ခြေကုန်သုတ်၍ပြေးကြလေတော့သည်။

လမ်းတလျောက်သူတို့၏နောက်မှ ရီသံကြီးသည်တောက်လျောက်လိုက်လာပြီး ရွာဦးကျောင်းအတွင်းဝင်ပြေးမှသာ ကြောက်မက်ဖွယ်ရီသံကြီးနှင့် အေးပုံ၏ဝိညဉ်လည်းရုတ်ကနဲ ပျောက်ကွယ်သွားတော့သည်။

“အရှင်ဘုရား တပည့်တော်တို့ကို ကယ်ပါအုံးဘုရား”

“”ဟဲ့ ကပ္ပိယကြီး ကျောင်းအောက်ကဘယ်သူတွေလည်း သွားကြည့်စမ်း”

“တင်ပါ့ ”

ကပ္ပိယကြီးလည်း ဆရာတော်မိန့်သောကြောင့် ရေနံဆီမီးအိမ်လေးဆွဲ၍ ကျောင်းအောက်ဆင်းကြည့်သောအခါ ဘလေးနှင့် သာရင်တို့ကို တကိုယ်လုံးတုန်ယင်လျက် တွေ့လိုက်ရလေသည်။

“ဟဲ့ သာရင်နဲ့ဘလေးပါလား ဘယ်လိုဖြစ်လာကြတာလဲ?”ဘောင်းဘီတိုလေးတွေနဲ့နှစ်ယောက်လုံးလဲချွေးတွေကရွဲလို့ပါလား”

“ကပ္ပိယကြီး ကျုပ်တို့ကျောင်းပေါ်ရောက်မှ ပြောပြမယ်”

“ကဲ ဒါဖြင့် လာ လာ”

ကျောင်းပေါ်ကိုရောက်သည့်အခါ ဘလေးနှင့် သာရင်တို့သည်အလွန်ကြောက်လန့်၍ တကိုယ်လုံးတုန်ယင်နေသည့်အတွတ်ဆရာတော်က ဘုရားခန်းမှ ပရိတ်ရေကိုတိုက်လိုက်မှ
ကြောက်စိတ်များပြေပျောက်သွားကြလေသည်။ထို့နောက်သူတို့ကြုံခဲ့ရသည့်အကြောင်းများကိုဆရာတော်အားလျောက်လိုက်ကြလေသည်။

“အဲ့ဒါပါပဲဘုရား တပည့်တော်တို့မှာ ကြောက်လွန်းလို့ဆရာတော့်ကျောင်းထဲဝင်ပြေးမှ ဆက်မလိုက်လာတော့တာဘုရား”

“ဟဲ့ သာရင်တို့ရယ် နင်တို့ဟာ ဟုတ်မှဟုတ်ရဲ့လား?”

“မှန်ပါ တပည့်တော်တို့ ဆရာတော်ဘုရားကိုမလိမ်ဝံ့ပါဘူးဘုရား”

ဆရာတော်လည်းသူတို့ကိုကြည့်တော့ ချွေးသံတရွဲရွဲနှင့်အလွန်ကြောက်လန့်နေသည်ကို တွေ့တော့ နှုတ်မှတလုံးချင်းမိန့်လိုက်လေတော့သည်။

“အင်း ဒီတိုင်းသာ မှန်ရင်တော့ ဒကာမကြီးအေးပုံတယောက်မကျွတ်မလွတ်ဖြစ်နေပြီ ထင်တယ် ကဲ ကဲဒကာတို့လည်း အခုတော့ အိမ်မပြန်ကြနဲ့တော့ ဒီညတော့ကျောင်းမှာပဲအိပ်လိုက်ကြ ဟုတ်ပြီလား”

“တင်ပါ့ဘုရား”

ဆရာတော်လည်းမိန့်မှာပြီးတာနှင့် တရားမှတ်၍ ကျောင်းပေါ်၌စင်္က်ြကြွနေလေတော့သည်။ူ

☠☠☠☠☠☠☠☠☠😹☠☠☠☠☠☠☠

မနက်ခင်းရောက်တော့ ကြို့ပင်တရွာလုံး ဘလေးတို့ကြုံခဲ့ရသည့်အကြောင်းကို ဟိုနားတစုသည်နားတစုဆိုသလို ပြောနေကြလေသည်။ဒီတိုင်းသာမှန်ရင်တော့ ဒီရွာလေးမှာ ယခင်လိုပဲ ထိတ်လန့်စရာတခုခုဖြစ်လာအုံးတော့မည်ကို တရွာလုံးစိုးတထိတ်ထိတ်ရှိနေကြလေသည်။ဘာကြောင့်ဆိုရင် ဒီအေးပုံဝိညဉ်လိုက်ခံရပြီး မကြာမီပင်ရွာမှာထန်းတက်သောမှုံကြီးတယောက် ထန်းပင်ပေါ်မှ လိမ့်ကျသေဆုံးသွားခြင်းကြောင့်ဖြစ်သည်။တခုထူးခြားသည်က ဝိညဉ်လိုက်ခံရသော လူများကဘာမှမဖြစ်ပေမဲ့ ရွာတွင်းရှိဒိပြင်တခြားတဦးကတော့ ရက်အနည်းငယ်အတွင်း အန္တရာယ်တခုမဟုတ်တခုနှင့်ကြုံရပြီး မကြာမီပင်သေဆုံးသွားတတ်သောကြောင့်ဖြစ်သည်။ဒါကြောင့် ရွာမှာရှိနေသောသူများက ကြောက်ရွံ့လာပြီး ဒီအခါလည်းဘယ်သူ့အလှည့်ဖြစ်မလဲဟူသော စိုးရိမ်စိတ်များကြီးစိုးနေကြတော့သည်။

ဒီလိုကြို့ပင်ရွာသူ/သားတို့ အပူလုံးကြွ၍ မှိုင်းညို့နေသောအချိန်မှာပဲ ရွာပြင်ရှိအရိပ်ကောင်းသော ကုက္ကိုပင်ကြီး၏အောက်တွင်ရှိသော ဇရပ်ငယ်လေးဆီကို ဗိုက်ကအလွန်ပူလျက်ဝဝဖိုင့်ဖိုင့်ရှိသော ဖိုးသူတော်ကြီးတဦးရောက်လာလေသည်။

ထိုဖိုးသူတော်၏အသားအရေသည် ဝါဝင်းသောအဆင်းရှိလေသည်။မျက်နှာသည်ကား ပြုံးရွှင်လျက် မြင်ရသူများအဖို့ကြောက်လန့်တတ်သောစိတ်များကင်းဝေးစေလျက် ငြိမ်းအေးသောစိတ်များဖြစ်ပေါ်စေနိုင်သည့် ဥပဓိရုပ်ပိုင်ရှင်ပင်ဖြစ်သည်။ပြောရရင်တော့ ထိုဖိုးသူတော်၏အသွင်အပြင်သည် အားကိုးချင်စရာကောင်းလှပေသည်။

ဖိုးသူတော်ကြီးလည်း ဇရပ်ပေါ်ကိုလှမ်းတက်လာပြီး အိတ်တွင်းမှဘူးသီးခြောက်ရေဗူးလေးကိုထုတ်၍ တငုံမျှသောက်လိုက်ပြီး အမောဖြေနေလေသည်။ထို့နောက်လည်ပင်းမှ စိတ်ပုတီးကိုချွတ်၍ မျက်လုံးအစုံမှိတ်လျက် ဂုဏ်တော်ပွားနေလေသည်။ပုတီးပတ်ရေများလာသည်နှင့်ဖိုးသူတော်ကြီး၏

စိတ်သည်လည်းသမာဓိစွမ်းအားတို့နှင့် တထပ်တည်းကျလျက်ရှိလာသည်။ထိုအချိန်မှာပင် သူ၏နှာခေါင်းတွင်းသို့ နနွင်းမှိုင်းနံ့နှင့်ထန်းရည်နံ့တို့ရောပြွမ်းဝင်လာသဖြင့် မဲနက်ထူထဲသောမျက်ခုံးကြီးနှစ်ဖက်ကို အပေါ်ကိုတွန့်တက်သွားသည်အထိပင့်တင်လျက် တည်ငြိမ်အေးချမ်းသောမျက်နှာသည်ပြုံးယောင်သမ်းလာပေသည်။မျက်လုံးကိုဖွင့်ကြည့်လိုက်တော့

ရွာအဝင်စည်းရိုးနား၌ ဆံပင်ဖားလျားချထားသော မိန်းမတယောက်နှင့် ထန်းလှီးဓားကိုကိုင်ထားသော ယောက်ကျာင်္်းတယောက်တို့သည် ဖိုးသူတော်ကြီးကို မီးကျီးခဲကဲ့သို့ရဲရဲနီသောမျက်လုံးတို့နှင့်မနှစ်မြို့စွာကြည့်နေကြလေသည်။

“ဒီရွာကို ဘာလာလုပ်တာလဲ လာရာလမ်းကိုအခုချက်ချင်းပြန်သွား သွားးးးးးး”

ဒီအခါမှာ ဖိုးသူတော်ကြီးလည်း အပြုံးမပျက်ပင် ပြန်ပြောလိုက်သည်။

“ငါလို အကျင့်စာရဏနဲ့ပြည့်စုံသူကို ဒင်းတို့လို ပရလောကသားတွေက အမိန့်ပေးရိုး ရရောလား စဉ်းစားပြီးပြောကြစမ်း ငါနှင်ရင်နင်တို့ ဒီရွာမှာမပြောနဲ့ ကမ္ဘာမြေပေါ်ကတောင်ပျေက်ကွယ်သွားမယ်”

“ဟားးးး ဟားးးး ဟီးးးး ဟီးးး ဖိုးသူတော်မတောက်တခေါက်ကများ ဒီရွာကငါတို့ပိုင်နက် နင်ရွာထဲတောင် ဝင်လို့ရလား စမ်းကြည့်စမ်း ဟားးးး ဟားးးး ဟားးးး”

“တယ် မိစ္ဆာတွေ ငါကသနားလို့ ကောင်းကောင်းပြောနေတာကို ငါ့ကိုနိုင်ဖို့မပြောနဲ့ ငါ့ကြေးစည်သံကိုပဲနားထောင်ကြည့်ကြစမ်း”

ဖိုးသူတော်ကြီးကအိတ်တွင်းမှ ရွှေကြေးစည်လေးကိုထုတ်၍ တီးလိုက်သည့်အခါ ထိုမကောင်းဆိုးဝါးတို့၏နားများဆီမှမဲနက်ညစ်ပုပ်သောသွေးများ ကျလာပြီး နားများကိုလက်နှင့်အုပ်လျက် ပူလောင်စွာ အော်ဟစ်ကြတော့သည်။

“အားးးးးးး ပူလိုက်တာ နာလိုက်တာ တော်ပါတော့ ကြေးစည်ကိုမတီးပါနဲ့တော့ ”

” နင်တို့လို မိစ္ဆာတွေက လူဘုံဌာန လူ့အရပ်မှာ နေခွင့်မရှိဘူး ဒီရွာစည်းရိုးကနေ အခုဖယ်ကြစမ်း”

ဖိုးသူတော်ကြီးကလက်ဝှေ့ယမ်းလိုက်သည်နှင့် မီးနေသည်အေးပုံနှင့်ထန်းသမားမှုံကြီးတို့၏ ဝိညဉ်များသည် ကြောက်ရွံ့လျက် ကွယ်ပျောက်သွားကြလေတော့သည်။
ထိုအချိန်မှာပင် ကြို့ပင်ရွာလေးအတွင်းမှ ခမောက်ကလေးဆောင်းလျက်နွားကျောင်းထွက်လာသော လူတယောက်သည်ဖိုးသူတော်ကြီးရှိသော ဇရပ်အနီးကိုရောက်လာလေသည်။

“ဟေ့ မောင်ရင် ခဏလာအုံးကွယ့်”

“အော် ဖိုးသူတော်ကြီးတပါးပါလား ကိစ္စရှိလို့လားဗျ ”

“အေးကွယ် မင်းနွားတွေကို ဟောဟိုက မြက်နုလေးတွေနားလွတ်ထားပြီး မောင်ရင်ဒီကိုခဏလာပါအုံး”

“ဟုတ်ကဲ့ ခင်ဗျ”
နွားကျောင်းလာသော ထိုလူလည်းဖိုးသူတော်ကြီးက ဖိတ်ခေါ်သဖြင့် ဇရပ်ပေါ်ကိုတက်လာလေသည်။

ကဲ ထိုင်ကွာ မင်းမောလာတယ်မလား ရော့ ဒီထဲကရေကိုသောက်ကြည့် မင်းအတွတ်ထူးခြားစေရမယ် မောင်ဖိုးအေး”

“ဟာ ဖိုးသူတော်ကြီးက ကျုပ်နံမည်ကိုတောင်သိနေပါလား အံ့ဩစရာပဲ”

“နံမည်လေး သိရုံနဲ့ အံ့ဩစရာမဟုတ်ပါဘူးကွာ ဒါတွေက ကိုယ့်စိတ်ကိုလေ့ကျင့်ယူရင် ဖြစ်နိုင်တဲ့အရာတွေပါ ”

နွားကျောင်းသားဖိုးအေးလည်း ဖိုးသူတော်ကြီကမ်းပေးသောဗူးသီးခြောက်ကိုလှမ်းယူ၍ တငုံနှစ်ငုံမျှသောက်လိုက်သောအခါ သူ၏ခန္ဓာကိုယ်တွင်ထွက်နေသော ချွေးများသည် တဖြည်းဖြည်းတိတ်သွားကာ အေးမြသော လန်းဆတ်မှု့့ရှိလာသလို အမျိုးအမ

ည်မသိသောခွန်အားတမျိုးသည်သူ၏ခန္ဓာကိုယ်၌ဖြစ်ပေါ်လာသည်ဟုခံစားလိုက်ရသည်။သည့်နောက်ဖိုးသူတော်ကြီးက ဖိုးအေးအားကြည့်၍ ကြို့ပင်ရွာတွင် လတ်တလောဖြစ်ပေါ်နေသည့်အကြောင်းအရာများနှင့်ပက်သက်၍ မေးမြန်းသောအခါတွင်ဖိုးအေးလည်း သူတို့ရွာနှင့်ပက်သက်သည့်အကြောင်းအရာများကို တလုံးမကျန်ပြောပြလိုက်လေတော့သည်။

“အဲ့ဒါပဲ ဖိုးသူတော်ကြီး ရွာမှာကိုယ်ဝန်သည်အေးပုံသေပြီးတည်းက ခြောက်လိုက်တဲ့သရဲ ညဆိုလဲခွေးအူသံတွေကိုညံနေတာပဲ အခုလည်းမနေ့ညက ဘလေးနဲ့သာရင်တို့ကိုအဲ့ဒိသရဲမကလိုက်လို့ ရွာဦးကျောင်းထဲဝင်ပြေးမှ ဆက်မလိုက်တော့တာ… ရွာမှာဘာတွေများဖြစ်အုံးမယ်မသိပါဘူးဗျာ”

“အင်း ရွာမှာက ရွာဦးကျောင်းရှိလို့တာ တော်သေးတယ်ပြောရမယ်”

“ဖိုးသူတော်ကြီး ဘာကိုဆိုလိုတာလဲ?”

“ကဲ ဖိုးအေး ခုအချိန်မှာ ငါမင်းကိုအများကြီး ရှင်းပြလို့မရသေးဘူး လောလောဆယ်ငါရွာဦးကျောင်း ဆရာတော်နဲ့တွေ့မှဖြစ်မယ် အဲ့တော့မင်းနွားတွေလှန်ထားတာပြန်သိမ်းပြီးငါနဲ့ရွာထဲပြန်လိုက်ခဲ့”

“ဟုတ်ကဲ့ ဖိုးသူတော်ကြီး အာ့ဆိုခဏစောင့်”

ဖိုးအေးလည်း နွားများကိုပြန်သိမ်းပြီး ဖိုးသူတော်ကြီးနှင့်အတူ ရွာအတွင်းကို ပြန်ဝင်လာခဲ့သည်။

💀💀💀💀💀💀💀😈😈💀💀💀💀💀💀💀

“ဘာ ဘာပြောတယ်ကွ”

“ဟုတ်တယ် ဘဦး အခုရွာထဲမှာ မင်းမိန်းမနဲ့ပက်သက်တဲ့အကြောင်းတွေက မကြားချင်မှအဆုံးပဲ ပြီးတော့သူတို့ပြောနေကြတာရှိသေးတယ် ထန်းတက်သမားမှုံကြီးသေရတာလဲ မင်းမိန်းမရဲ့ ဝိညဉ်ကရွာကတဦးတယောက်ကိုလိုက်လို့ သေရတာတဲ့”

“အဓိပ္ပါယ်မရှိလိုက်တာကွာ မှုံကြီးသူ့ဟာသူ မှုးမူးရှုးရှုးထန်းရေသောက်ပြီးတက်လို့ လိမ့်ကျသေတာလေ သေသွားတဲ့ငါ့မိန်းမအေးပုံနဲ့ဘာဆိုင်လို့လဲ?”

“အဲ့ဒါတော့မသိဘူး ရွာထဲကလူတွေကတော့ အဲ့အတိုင်းပြောနေကြတာပဲ”

“ဒါသေသွားတဲ့ ငါ့မိန်းမကို သက်သက် အပြစ်ပုံချနေတာ တောက် ဘဦးအကြောင်းသိကြသေးတာပေါ့”

ဘဦးတယောက် ဝင်းရွှေတို့ညီအကို၏ပြောစကားကြောင့် ရှုးရှုးရှဲရှဲဖြစ်သွားကာကောက်လှိုင်းစည်းများကို လှည်းပေါ်အမြန်တင်၍ ရွာတွင်းကိုဒုန်းစိုင်းမောင်းသွားလေသည်။အိမ်ရောက်သည်နှင့်လှည်းမှနွားနှစ်ကောင်ကိုဖြုတ်၍ တင်းကုပ်အတွင်းထားပြီးသည်နှင့် သူ့မိန်းမနှင့်ပက်သက်သောအကြောင်းများကို သွားပုပ်လေလွင့်ပြောနေကြသော လူများကိုစာရင်းရှင်းရန် ရွာတွင်းကို ထွက်လာခဲ့သည်။
ရွာသူပျိုမေညုိုမြတို့စုစုရှိနေသောနေရာကို ဘဦးလှမ်းတွေ့သွားပြီး ဒီလိုနေရာမျိုးမှာသူ့မိန်းမအကြောင်းပြောတတ်သည်ကိုတွေးမိသည်နှင့် ရွာလယ်မန်းကျည်းပင်ရိပ်အောက်ကိုလျောက်သွားလေသည်။
ဘဦးသူတို့ဆီလာနေသည်ကို ပန်းအိကတွေ့သွားပြီး..

“ဟဲ့ ညိုမြတို့နင်တို့ပြောနေတာကိုခဏရပ်အုံး ဟိုမှာကိုဘဦးကြီးငါတို့ဆီ လာနေတယ်”

“အိုအေ. သူဟာသူ လာလာပေါ့ ငါတို့ပြောနေတာက အမှန်ဖြစ်နေတာပဲလေ ”

ဘဦးလည်း ညိုမြတို့အနားကိုရောက်သည်နှင့်..

“ဒီမှာ ညိုမြတို့ ပန်းအိတို့ နင်တို့ ငါ့မိန်းမအကြောင်းပြောနေကြတာလား?”

“အော် ကိုဘဦးရယ် ကျွန်မတို့မပြောလည်း ဒီကိစ္စကတရွာလုံးအုတ်အော်သောင်းနင်းဖြစ်နေတာပဲလေ”

“အေး နင်တို့အဲ့လိုအခြေအမြစ်မရှိတာတွေပြောနေရအောင် တော်တော်အားနေကြလား?”

“ကိုဘဦး ဒီရွာမှာရှိနေတဲ့လူတွေအကုန်လုံးက ကိုယ့်အလုပ်ကိုယ်လုပ်ချင်တဲ့လူတွေချည်းပဲ အခုဟာကရှင့်မိန်းမအေးပုံကြောင့်ဘယ်သူမှတောင် အလုပ်ကိုဖြောင့်ဖြောင့်မလုပ်ရဲကြတော့ဘူး နောက်ပြီးရွာမှာဖြစ်နေတာတွေကရှင်လဲ တွေ့နေကြားနေရတာပဲလေ”

“သွားစမ်းပါဟာ နင်တို့အဲ့လိုပြောနေရအောင် နင်တို့မှာသက်သေရှိလို့လား”

“သက်သေရှိရင်ရော မောင်ရင်ယုံမှာလား?”

ဘဦးအသံလာရာကိုကြည့်လိုက်တော့ ဝဝဖိုင့်ဖိုင့် ဖိုးသူတော်ကြီးတဦးသူတို့ဆီ လာနေသည်ကိုတွေ့လိုက်ရသည်။

“ဘယ်က ဖိုးသူတော်လဲ?”

“အခု မင်းတို့ရွာမှာကျရောက်နေတဲ့ မကောင်းဆိုးဝါးတွေကိုရှင်းဖို့ရောက်လာတဲ့ဖိုးသူတော်လို့သိထားပါ”

“လာပြန်ပြီနောက်တယောက် ခင်ဗျားတို့ ဒိထက်မက ကျုပ်မိန်းမရဲ့အကြောင်းကိုသိက္ခာချနေကြမယ်ဆိုရင် ရှေ့လျောက်ကျုပ်အဆိုးမဆိုနဲ့နော် ဒါပဲကျုပ်ပြောမယ်”

ဘဦးလည်းတရွာလုံးနှင့်တယောက်ဆိုသလိုဖြစ်သွားကာ ဘယ်သူ့ပြောစကားမှအယုံအကြည်မရှိပဲ နေရာမှချာကနဲလှည့်ထွက်သွားလေသည်။ဖိုးသူတော်ကြီးလည်းဘဦး၏ကျောပြင်အားကြည့်၍ လက်တွေ့မှယုံကြည်ချင်သူတွေသည်သူတို့ကိုယ်တိုင်တွေ့ကြုံရသောအခါမှပင်လက်ခံတတ်လာနိုင်သည့်သဘောကိုကြိုတင်သိထားသည့်အတွတ် မည်သို့မျှပြန်လည်မပြောတော့ပဲ နှုတ်ဆိတ်၍သာနေလိုက်လေတော့သည်။

💀💀💀💀💀💀💀😈💀💀💀💀💀💀💀💀

ည. ကြို့ပင်ရွာ၏ ညလက်တံကား နေ့ပူလို့ညချမ်းတပေါင်းလသရမ်းဟူသောစာဆိုအတိုင်းပင် အရိုးကွဲမတတ်အေးလှသောတပေါင်းလ၏ မဲနက်အေးစက်နေသော ညဝတ်ရုံလွှာအောက်၌ အထီးထည်းအိပ်မောကျနေပြီ။ကောင်းကင်ယံ၌ တခြမ်းပဲ့လကွေးလေး၏အလင်းရောင်နှင့် ဝန်းကျင်တခိုကိုတော့ဖြင့်ခပ်ဝါးဝါးရေးရေးလေးမြင်နိုင်ပေသည်။
ဘဦး၏တဲအနီး၌ကား စိန်ပန်းညိုပင်ကြီးတွေ၏ မဲနက်ရှည်လျား၍ တွဲလောင်းကျနေသော နွယ်နှာမောင်းတို့ကား လေတိုက်လိုက်တိုင်း တအီအီအသံပြုလျက် ယိမ်းထိုးလှုပ်ရှားနေကြလေသည်။ထိုအခိုက်နွားတင်းကုပ်ဘက်ဆီမှ ဘဦး၏နွားနှစ်ကောင်သည် တစုံတခုကိုတွေ့သည့်အလား တဘူးဘူးနှာမှုတ်လျက် မြေပြင်ကိုခွာနှင့် တဗျင်းဗျင်းယက်နေလေသည်။

ဘဦးလည်း နွားတင်းကုပ်ဘက်ဆီမှ အသံများကြောင့် သူ၏နွားများဆီမြွေပါးကင်းပါးများဝင်ရောက်နေသလားဟူသောအတွေးနှင့် ရေနံဆီမီးအိမ်လေးကို မီးစာမြင်ှ့တင်၍ အဆစ်ပိတ်ဝါးဒုတ်တခုကိုယူကာအိမ်ပေါ်မှဆင်းလာလေသည်။

နွားတင်းကုပ်အနီးကိုရောက်သောအခါ အတွင်း၌ ဆံပင်ဖားလျားချထားသောမိန်းမတယောက်၏ အရိပ်ကို ဝိုးတဝါး လရောင်အောက်၌တွေ့လိုက်ရပြီး ထိုအမျိုးသမီးဆီက ဝမ်းနည်းစွာငိုနေသောရှိုက်သံ တစွန်းတစကိုကြားလိုက်ရသည်။

ဘဦးလည်း ဒီအချိန်ကြီးဘယ်က အမျိုးသမီးများ သူ၏အိမ်ခြံဝိုင်းထဲရှိနွားတင်းကုပ်အတွင်း လာငိုနေပါလိမ့်ဟုသိချင်စိတ်ဖြင့်ထိုမိန်းမအားလှမ်းမေးလိုက်၏။

“ဟေ့ ဒီမှာ ဘယ်သူလဲ ”

“အီး အစ် အစ် ဟင့် ဟင့် ”

“ဒီမှာ မေးနေတယ်လေ အဲ့ဒိမှာဘာလို့ လာငိုနေတာလဲလို့”

“အီး အစ် အစ် ဟင့် ကိုဘဦးရှင်ကျွန်မကိုတောင်မမှတ်မိတော့ဘူးလား အီး ဟီးးးး ဟီးးးး”

“ဟင် မင်း မင်း အေးပုံ အေးပုံမလား?”

ဘဦးကိုကျောပေး၍အမှောင်ရိပ်ထဲတွင် ငိုနေသော မိန်းမသည် ခန္ဓာကိုယ်ကြီးကလှည့်မလာပဲ လည်ပင်းကြီးသာဆုံလည်ကုလားထိုင်ကဲ့သို့ သူ့ရှေ့ကိုလှည့်လာသည့်အခါတွင် မျက်နှာကြီးကား မသတီချင်စရာကောင်းလောက်အောင် လောက်များတဖွားဖွားကျလျက် ပါးစပ်အတွင်းမှလျာသည်သူမ၏မျက်နှာဆီကိုယက်၍ထိုလောက်များကိုစားနေပြီး အပုပ်ရည်များတတောက်တောက်ကျနေသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ရသော ဘဦးတယောက်နှလုံးသွေးများရပ်မတန့်ဖြစ်သွားကာပျို့အန်ချင်စိတ်များပင်ဖြစ်နေမိတော့သည်။
သူနှင့်အိမ်ထောင်ကျခါစက ရွာ၏ကွမ်းတောင်ကိုင်ဖြစ်ခဲ့သောအေးပုံသည် အခုပြိတ္တာဘဝကိုရောက်ခါမှ ရုပ်ပျက်ဆင်းပျက်ဖြစ်သည့်အဖြစ်ကြောင့် ဘဦးစိတ်မကောင်းလဲဖြစ်ရလေသည်။
ထိုအချိန်မှာပဲ အေးပုံသရဲမ၏ မနှစ်မြို့စရာအသွင်အပြင်သည်ရုတ်တရက်ပျောက်သွားကာ သူမိန်းမအေးပုံ၏ အချိုးအဆစ်ကျလှ၍ စွဲမက်ဖွယ်ကောင်းသော အသွင်အပြင်ကိုဘဦး၏ မျက်လုံးထဲ၌ ထင်ထင်ရှားရှားတွေ့နေရသည်။အေးပုံသည်ဝိုးတဝါးလရောင်အောက်၌ အလှကြီးလှနေကာ သူမထံကို ဘဦးအားလာရန် လက်ကိုဆန့်တန်း၍ ခေါ်ငင်နေသောကြောင့် ဘဦး၏အသိစိတ်တို့လည်းမိန်းမောတွေဝေသွားကာ ရေနံဆီမီးအိမ်နှင့် ဝါးဆစ်ဒုတ်အားလွှတ်ချ၍ အေးပုံဆီကိုတပ်မက်သောစိတ်တို့နှင့် လှမ်းသွားလေတော့သည်။
အနီးကိုရောက်လေ အေးပုံသည်အပျိုစင်လေးတဦးကဲ့သို့ လရောင်အောက်၌ဆွဲဆောင်အားကောင်းလွန်းနေသည်ကို ဘဦးမျက်တောင်မခတ်တမ်း မိန်းမောငေးကြည့်ကာ အေးပုံ၏ရင်ခွင်အတွင်းကိုရောက်ရန် လက်တကမ်းအလိုလောက်တွင် သူတို့နှစ်ဦး၏အလယ်၌စူးရှ လင်းလက်သောအလင်းတန်းကြီးဖြစ်ပေါ်လာပြီး အေးပုံ၏ဝိညဉ်လည်းကြောက်လန့်စွာအော်၍ လွင့်ထွက်သွားကာ ဘဦးလည်းနေရာတွင်ပင်မူးမေ့လဲကျသွားတော့လေသည်။

💀💀💀💀💀💀💀😈😈💀💀💀💀💀💀💀
ရွာဦးကျောင်းပေါ်တွင်တော့ ဆရာတော်ကကုလားထိုင်ထက်တွင်ထိုင်နေပြီး ရွာတွင်အသက်အရွယ်အကြီးဆုံးဖြစ်သောဘဒွေးက မနီးမဝေးရှိသင့်လျော်ရာနေရာတွင် ဆရာတော်မိန့်ကြားမည့်စကားများကိုငံ့လင့်နေသည်။ထိုအချိန်မှာပင်ဖိုးသူတော်ကြီးက ကျောင်း၏အတွင်းခန်းအတွင်းမှထွက်လာပြီး ဆရာတော်နှင့်ဘဒွေးတို့ဆီကို ချဉ်းကပ်လာသည့်အချိန်မှာပဲ ဆရာတော်ကမိန့်လိုက်လေသည်။

“ဖိုးသူတော်ကြီး ဒကာဘဦးအခြေအနေ ဘယ်လိုရှိလဲ စိုးရိမ်ရလား?”

“တင်ပါ့ဘုရား မစိုးရိမ်ရပါဘူးဘုရား တပည့်တော်ရဲ့ရွှေရောင်စက်ဝန်းအစွမ်းကြောင့် ခဏမူးမေ့လဲသွားတာပါ မကြာခင်သတိပြန်ရလာပါလိမ့်မယ်”

ဒီအခါမှာ ဘဒွေးက ဖိုးသူတော်ကြီးအားကြည့်၍…

“ဒါဖြင့်ရင် မနေ့ညက ဘဦးသရဲခြောက်ခံရတဲ့အချိန်မှာ ဖိုးသူတော်ကြီးရှိနေတာလား?”

“ဟုတ်တယ် ဘဒွေး ဒီတခါအေးပုံ ခေါ်မဲ့လူဟာ သူ့ယောက်ကျား ဘဦးဖြစ်နေတယ်ဆိုတာ ကျုပ်အာရုံထဲပေါ်လာလို့ ညဦးတည်းက ဘဦးတို့ခြံနားမှာသွားစောင့်နေတာ ထင်တဲ့အတိုင်းပဲ သန်းခေါင်ချိန်မှာအေးပုံဝိညဉ်ရောက်လာပြီး ဘဦးကိုအမျိုးမျိုးလှည့်စားပြီး ခေါ်မယ်လုပ်နေလို့ ကျုပ်ဝင်ဟန့်တားလိုက်တာပဲ”

ဖိုးသူတော်နှင့်ဘဒွေးတို့အပြန်အလှန်ပြောနေမှု့ကို ဆရာတော်ကခေါင်းတညိမ့်ညိမ့်ဖြင့်နားထောင်နေပြီး အရေးကြီးသောစကားတခွန်းကိုမိန့်လိုက်လေသည်။

“အိမ်း ဒီမြေဖုတ်ဘီလူး ပြိတ္တာတစ္ဆေသရဲတို့ဆိုတာ ဒို့ဘုရားရှင်လက်ထက်တော်တည်းက ဝေသာလီပြည်မှာအထင်အရှားရှိခဲ့တာ ဒါကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရှင်အာနဒ္ဒါကို ရတနသုတ်ပရိတ်တော်ကိုညဉ့်သုံးယံပတ်လုံး ရွတ်ဖတ်စေခဲ့လို့ ဝေသာလီပြည်သူပြည်သားတွေဟာ ဒီမကောင်းဆိုးဝါးအနှောင့်အယှက်တွေက ကင်းဝေးကြပြီး ချမ်းသာရာရကြတယ် ဒကာတို့”

“တင်ပါ့ဆရာတော်ဘုရား အဲ့ဒါကြောင့် ခုတပည့်တော်တို့ရွာမှာဖြစ်နေတဲ့ အရေးတွေကိုဘယ်လိုဆက်လုပ်ရမလဲ မိန့်ပါအုံးဘုရား”

“အင်း ဒီကိစ္စကတော့ တရွာလုံးအရေးဆိုတော့ ဒကာဘဒွေးကပဲ ဦးဆောင်ပြီးဆောင်ရွတ်လေကွယ်”

ဒီအခါတွင်ဖိုးသူတော်ကြီးက ဆရာတော်အားလျောက်လိုက်လေသည်။

“အရှင်ဘုရား ဦးဆောင်ပြီး ကျောင်းမှာရှိတဲ့သံဃာတော် နှစ်ပါးနဲ့အတူ ရွာတွင်းကိုပတ်ပြီး ရတနပရိတ်တော်ကိုရွတ်ဖတ်ရင်ပိုပြီးထိရောက်ပါတယ်ဘုရား”

“အိမ်း ပရိတ်ရွတ်တာက ရတယ် သူတော် ဒါပေမဲ့လူတွေရဲ့ဆန္ဒကရှိသေးတယ်”

“မှန်ပါ့ အဲ့ဒိအတွတ်တော့ တပည့်တော်
တာဝန်ထားပါဘုရား ”
ရွာလူကြီးဘဒွေးက ဝင်ပြောလိုက်
သည့်နောက်မှာတော့ ဆရာတော်ကြီးက ဘဒွေးနှင့်ဖိုးသူတော်ကြီးတို့အား ဆက်လက်လုပ်ရမည့် အစီအစဉ်များကို အသေးစိတ်မိန့်မှာ လိုက်တော့လေသည်။
💀💀💀💀💀😸😸💀💀💀💀💀💀💀💀💀

ဘဦးလည်းကောင်းစွာသတိရလာသောအခါတွင် အနား၌ဖိုးသူတော်ကြီးကို ဦးစွာတွေ့လိုက်ရလေသည်။

“အင်း ကျွတ် ကျွတ် ”

“မောင်ဘဦး သတိရပြီလား? ”

“ကျုပ် ကျပ် ဘာဖြစ်သွားတာလဲ ဖိုးသူတော်ကြီး အခုရောဘယ်ရောက်နေတာလဲ?”

“ဒကာ ဘုန်းကြီးရဲ့ကျောင်းကိုရောက်နေတာ အခုရော ကောင်းကောင်းသတိရပြီလား ဒကာဘဦး”

အသံလာရာကိုကြည့်လိုက်သော အခါတွင်ရွာဦးကျောင်းဆရာတော်ကြီးသည် တည်ငြိမ်ရင့်ကျက်သော အိဒြေတို့နှင့် ဘဦးတို့ရှိရာကိုကြွလာလေသည်။ဘဦးနှင့်ဖိုးသူတော်ကြီးလည်း အရိုအသေပြု၍ကြမ်းပြင်၌ ဝပ်တွားနေကြလေသည်။

“ဒကာဘဦး ညကကြုံခဲ့ရတာတွေကိုသတိရရဲ့လား?”

ဆရာတော်ကြီးကမိန့်သဖြင့် ဘဦးကသူမနေ့ညကကြုံခဲ့ရသောအကြောင်းများကို မျက်လုံးအိမ်တွင်း၌ ရုပ်ရှင်အနှေးပြကွက်များပြသလိုကိုထင်ထင်ရှားရှားပြန်မြင်လာလေသည်။ ဒါဆိုရင်ဒီကြို့ပင်တရွာလုံးကပြောနေသလိုပင် သူ့ဇနီးအေးပုံသည် ပြိတ္တာဘဝကိုရောက်နေပြီး ရွာကိုနှောင့်ယှက်နေသည်မှာ မှန်ပေတော့သည်။အေးပုံတယောက် ဒီရွာနှင့်ပက်သက်၍ ဘာကိုမကျေမနပ်ဖြစ်ကာ အခုလိုမျိုးနှောင့်ယှက်နေသည်ဆိုတာကိုတော့သူ့အနေနှင့် လုံးဝကိုနားမလည်နိုင်တော့ပေ။

ဖိုးသူတော်ကြီးကဘဦးတွေးနေသည်ကိုသိသွားပြီး အခုလိုပင်ပြောလိုက်လေသည်။

“မင်း ဇနီးက ဘာကိုမှမကျေမနပ်ဖြစ်နေတာ မဟုတ်ဘူး သူ့ရဲ့အစွမ်းနဲ့ ရွာမှာကံနိမ့်တဲ့လူတွေကို တစ္ဆေသရဲဘဝကိုခေါ်ဖို့ကြိုးစားနေတာ ဒီတိုင်းသာဖြစ်နေမယ်ဆို ကြာရင်ရွာပျက်သွားနိုင်တယ် ဘဦး”

“ဒါ ဒါ ဒါဆိုရင်ညတုန်းက ကျုပ်ကိုခေါ်တာလား ဖိုးသူတော်ကြီး”

“အမှန်ပဲ”

ဘဦးဖိုးသူတော်ကြီးဆီကကြားလိုက်ရတဲ့စကားများကြောင့် အလွန်ထိတ်လန့်မိတော့သည်။ဒီလိုဆိုရင်ဖြင့်သူ့ဇနီးအေးပုံသည် ကြောက်စရာကောင်းလှသော သရဲတဘက်အကြီးစားကြီးတကောင်ပင် ဖြစ်နေလေတော့သည်။

💀💀💀💀💀💀💀😈😈💀💀💀💀💀💀💀

နေဝင်ပြီဆိုတာနှင့် ရွာမှာရှိနေသောအိမ်များအားလုံးသည် ရွာဦးကျောင်းဆရာတော်ကြီး ချီးမြှင့်ထားသောပရိတ်ကြိုးများကို အိမ်၏ပတ်လည်၌ချည်နှောင်ထားလိုက်ကြပြီးအိမ်တံခါးများကိုပိတ်ထားလိုက်ကြတော့သည်။
ရွာဦးကျောင်းဆရာတော်ကြီး ဦးဆောင်းပြီးသံဃာတော်နှစ်ပါးတို့သည် ညဦးပိုင်းထဲမှစ၍ ရတနသုတ်ပရိတ်တော်ကို ရွာတွင်း၌ တညလုံးနီးပါးရွတ်ဖတ်သရဇယ်ကြတော့သည်။
ဖိုးသူတော်ကြီးအပါအဝင်ဘဒွေးဦးဆောင်သော ရွာကာလသား၅ယောက်တို့သည်လည်း သံဃာတော်တို့၏နောက်မှ လိုက်ပါလာကြလေသည်။ရတနသုတ်ပရိတ်တော်တပိုဒ်ဆုံးသည်နှင့်
ဖိုးသူတော်ကြီးက သူ၏ရွှေကြေးစည်လေးကိုတနောင်နောင်တီးခတ်နေလေသည်။

ထိုအချိန်မှာပင် ရွာတွင်း၌ လေပြင်းများရုတ်တရက်ကျရောက်လာပြီးတစ္ဆေ၊သရဲ၊မြေဖုတ်ဘီလူးများသည်ပုန်းအောင်း၍မနေဝံ့ကြတော့ပဲအပြင်ကိုထွက်လာကြလေသည်။ခွေးများကလည်း မကောင်းဆိုးဝါးများကိုတွေ့သည့်အတွတ်သည်းထန်စွာအူနေကြတော့သည်။ကြို့ပင်ရွာလေး၏ညသည်ကားနာနာဘာဝတို့၏အော်ညည်းသံများနှင့်ခွေးအူသံတို့ဖြင့်ငရဲပွတ်သည့်အလားဆူညံနေတော့သည်။ဒီလိုအသံများကြားနေရပေမဲ့ သံဃာတော်တို့သည် ပရိတ်ရွတ်ဖတ်ခြင်းကိုရပ်တန့်သွားခြင်းမရှိပဲဆက်လက်ရွတ်ဖတ်မြဲ ရွတ်ဖတ်နေကြလေသည်။

“ပဏိဓာနတော ပဌာယ……ဒသ ပါရမိယော….
ဒသ ဥပပါရမိယော….ဒသ ပရမတ္တပါရမိယောတိ….
သမတိ သ ပါရမိယော…..”

“နောင်..ဝေ ဝေ နောင်..ဝေ.ဝေ”
“အူ..ဝူး..ဝူး..အု..အု”

“အား..ကြောက်ပါပြီ ဒီရွာမှာမနေတော့ပါဘူး ပရိတ်တွေမရွတ်ပါနဲ့တော့ ကြေးစည်လည်းမတီးပါနဲ့တော့ အီး အစ် အစ် ဟီး ဟီး ဟီး အား ပူ..လိုက်.. တာ”

ကြို့ပင်ရွာလေးအတွင်း၌ ခွေးအူသံများနှင့် မကောင်းဆိုးဝါးတို့၏ အသည်းပျက်စရာ အော်ညည်းသံကြီးများကို အိမ်များအတွင်း၌ရှိနေကြသောလူအားလုံးကြားလိုက်ကြရလေသည်။
ထိုအချိန်မှာပင် ကောင်းကင်ဆီမှ မိုးခြိမ်းသံကြီးများကို ထစ်ချုန်းစွာကြားလိုက်ကြရပြီး အလွန်သည်းထန်သောမိုးကြီးသည် ကြို့ပင်ရွာလေးပေါ်သို့သည်းထန်စွာရွာချလိုက်လေတော့သည်။

အိမ်များအတွင်း၌ရှိနေကြသော လူများသည်လည်း ထရံပေါက်များကြားမှ ရွာလယ်လမ်းမထက်ဆီကိုခြောင်းကြည့်နေကြစဉ်တွင် ရွာတွင်း၌ မဲမဲအရိပ်သဏ္ဏန်များသည်သဲသဲလှုပ်မျှရွာသွန်းနေသောမိုးရေစက်များကြား၌မီးတောက်မီးလျံများတောက်လောင်လျက် ရွာအပြင်ဖက်ဆီကို သွေးပျက်စရာ အော်သံကြီးများနှင့် ထွက်ပြေးသွားကြပေမဲ့ တချို့သော

အရိပ်များသည်အိမ်များဆီကိုပြေးကပ်လာကြသော်လည်း အိမ်များအနီး၌ အရောင်အဝါလင်းလက်လျက်ရှိသောအိမ်စောင့်နတ်များက မောင်းထုတ်လိုက်သည်နှင့် ရွာအတွင်း၌ မကောင်းဆိုးဝါးများ တကောင်တမြီးမျှမနေရဲကြတော့ပဲ ရွာအပြင် သချိင်းထဲကို အကုန်ပြေးဝင်သွားကြလေတော့သည်။

မကြာမီပင် ကြို့ပင်ရွာလေးအတွင်း၌ အနိဌာရုံအသံများကွယ်ပျောက်သွားပြီး သံဃာတော်တို့၏ပရိတ်ရွတ်သံများနှင့်ဖိုးသူတော်ကြီး၏ ကြေးစည်သံဟူသောက္ကဌာရုံအသံများသာလွှမ်းမိုး၍နေပေတော့သည်။

💀💀💀💀💀💀💀💀😈😈💀💀💀💀💀💀
“အောက်..အီ..အီ…အွတ်”
အရုဏ်ဦး၏ရှေ့ပြေးရောင်နီဖျော့ဖျော့များသည် ကြို့ပင်ရွာလေးပေါ်သို့ မှုန်ဝါးဝါးကျရောက်နေပေသည်။မကြာမီနေ၏အလင်းစက်တို့၏ပွေ့ဖက်မှု့့ကို ရရှိပေတော့မည်။
အခုဆိုရင်တော့ဖြင့် အေးမြလန်းဆန်းနေသောလေပြေလေညင်းလေးများသည်လည်း တသုန်သုန်တိုက်ခတ်လျက်ရှိပေတော့သည်။မုန်တိုင်းပြီးကလေပြေလာသည်ဆိုသကဲ့သို့ ကြို့ပင်ရွာလေး၏ ခြောက်ခြားစရာ နေ့ရက်တို့သည်အဆုံးသတ်၍ သွားပေတော့သည်။
အလင်းရောင်ကောင်းစွာရရှိသည်နှင့် ဖိုးသူတော်ကြီးသည်သူ၏ ပြည့်ဖောင်းနေသောလွယ်အိတ်ကြီးကိုလွယ်လျက် ရွာဦးကျောင်းပေါ်မှ ဆင်းလာကာ ရွာလယ်လမ်းအတိုင်းလျောက်လာနေသည်။
ဘဦးအပါအဝင် ရွာကလသား အချို့သည်လှည်းပေါ်၌ ခြံထွက် သီးနှံများကို နွားလှည်းပေါ်တင်လျက် ဖိုးသူတော်ကြီးထွက်သွားရာ ရွာလယ်လမ်းမကြီးသို့ဒုန်းစိူင်းမောင်းနှင်လာကြသည်။ရှေ့တူရှုကိုကာလသားတဦးကလက်ညိုးညွန်၍ ဘဦးကိုပြောလိုက်သည်။

“ဟာ ကိုရင်ဘဦး ဟိုရှေ့မှာ ဖိုးသူတော်ကြီး”

“ဖိုးသူတော်ကြီး ဖိုးသူတော်ကြီး ခဏနေပါအုံးဗျို့”

ဦးသူတော်လည်းနောက်မှ လှမ်းခေါ်နေသောကြောင့် လှည့်ကြည့်သည့်အခါ ဘဦးတို့လူစုသူ့ဆီလာနေသဖြင့်ရပ်စောင့်နေလိုက်သည်။
အနီးကိုရောက်လာသည်နှင့် ဘဦးက လှည်းပေါ်မှဆင်း၍ ဖိုးသူတော်ကြီး၏လက်ကိုဆွဲ၍ နှုတ်ဆက်လိုက်လေသည်။

“ဦးသူတော် ရွာကနေပြန်တော့မလို့လား ကျုပ်တို့ရွာမှာပျော်သလောက်နေပါအုံးလား”

“ကိစ္စတွေကအားလုံးပြီးပြီလေ မောင်ဘဦးရဲ့ ကျုပ်မှာဒိပြင်တနေရာမှာ အခက်အခဲဖြစ်နေရင် ကူညီရမဲ့ဝတ္တရားရှိသေးတယ် ”

“ဖိုးသူတော်ကြီးကိုကျုပ် မယုံမကြည်နဲ့ လေသံမာမာပြောခဲ့တာကိုတောက်းပန်ပါတယ် ကျုပ်ကိုခွင့်လွှတ်ပါဗျာ”

“ကျုပ်နားလည်ပါတယ် ဘဦးဒီရွာမှာရှိနေတဲ့လူတွေအကုန်လုံးဘေးကင်းပြီဆို ကျုပ်ကျေနပ်ပါပြီ”

“တော်သေးတာပေါ့ ဆရာတော်နဲ့ဦးသူတော်သာမကယ်ရင် ကျုပ်တို့တရွာလုံး ဒီမကောင်းဆိုးဝါးတွေရဲ့ရန်က ဘယ်လောက်များ ဒုက္ခတွေရောက်လိုက်မလဲဗျာအခုဆိုရင် ကျုပ်တို့ရွာကလူတွေဟာ မိစ္ဆာတွေရဲ့ခေါ်ယူခြင်းကိုခံရမဲ့ဘေးကနေကင်းဝေးခဲ့ရတော့ ကျုပ်ဝမ်းသာမိတယ်”

“စိတ်ချပါ မောင်ဘဦးတို့ရွာမှာ ဘယ်လိုအန္တရာယ်မှမရှိတော့ပါဘူး ”

“အဲ့ဒိအတွတ် ဖိုးသူတော်ကြီးကို ကျေးဇူးတင်ပါတယ် ေဩာ် ဒါနဲ့ ဒီမှာဖိုးသူတော်ကြီးကို လက်ဆောင်ပေးပါရစေ”

ဘဦးကနွားလှည်းပေါ်က သစ်သီးများကို ချ၍ဖိုးသူတော်ကြီးကိုပေးလိုက်သောအခါ သယ်ရခက်သောဌက်ပျောခိုင်များ၊သစ်သီးခြင်းများကို မယူတော့ပဲ ပန်းသီးလေးလေးငါးလုံးနှင့် ဩဇာသီး သုံးလေးလုံးသာယူ၍ သူ၏ဖောင်းအိနေသောလွယ်အိတ်ကြီးတွင်းကို ထည့်၍ အားလုံးကိုနှုတ်ဆတ်ကာ ရွာတွင်းမှ တဖြည်းဖြည်းထွက်ခွာသွားပေတော့သည်။
ဘဦးတို့လည်းတရွေ့ရွေ့ဝေးကွာသွားသောဖိုးသူတော်ကြီးအားကြည့်၍ မည်သည့်ပိုင်ဆိုင်မှု့မှမရှိ အများဒုက္ခရောက်နေသောအခါ အမြဲတမ်းကူညီဖို့ အသင့်ရှိနေတတ်သော ဖိုးသူတော်ကြီးကိုကြည့်၍ လေးစားအားကျမိတော့လေသည်။

အခုဆိုရင်ဖြင့် ကြို့ပင်ရွာလေးတွင် ငွေကြေးချမ်းသာသောဘဒွေးက ကမကထပြု၍ သက်ဆိုင်ရာ၏အကူအညီကိုယူကာရွာရှိလူများ၏ကျန်းမာရေးအတွတ် ကျေးလက်ဆေးပေးခန်းလေးတခုကိုဖွင့်လှစ်နိုင်ခဲ့သလို ကလေးတွေပညာရေးအတွတ်လည်း စာသင်ကျောင်းလေးတဆောင်ကို ဆောက်လုပ်နိုင်ခဲ့ပေပြီ။

အရှေ့ဆီမှ နေလုံးကြီးသည် လယ်ကွင်းပြင်များအောက်မှခေါင်းပြုထွက်လာကာ အထက်အဇဠာသို့တရိပ်ရိပ်တက်လာနေသကဲ့သို့ ကြို့ပင်ရွာလေး၏အနာဂတ် နေ့ရက်များတို့သည်လည်း ဤနေမင်းကြီးကဲ့သို့ပင် လှပသောနေ့သစ်ပေါင်းများစွာကို ဖန်တီးပေးစွမ်းနိုင်တော့မည်ဆိုသည်ကို ရွာသူ/ရွာသားအားလုံးကယုံကြည်နေမိတော့သည်။

လမ်းပန်းဆက်သွယ်ရေးအနေနှင့်လည်း ရွှေဘိုမြို့ကြီးနှင့်တိုက်ရိုက်ဆက်သွယ်ထားသော ကွန်ကရစ် လမ်းမရှည်ကြီးကိုဖောက်လုပ်နိုင်ခဲ့သဖြင့် တောင်ယာဦးကြီးများတို့၏ ခြံထွက်သီးနှံများကို တင်ဆောင်ထားသော ထော်လာဂျီလေးများသည်လည်းထိုလမ်းမကြီးထက်ဆီ၌ ဥဒဟိုသွားလာ၍နေပေတော့သည်။
ယခင်ကလရောင်ကိုသာ အမှီပြုရသော ဤရွာလေးသည်ခုချိန်မှာတော့မဂ္ဂဝပ် သုံးသောင်းကျော်မျှပေးစွမ်းနိုင်သည့် ထရန်စဖော်မာစက်သစ်ကြီးနှင့်တာဝါတိုင်ကြီးများကြောင့် ရွာလုံးကျွတ်အိမ်တိုင်းမီးလင်းနိုင်သလို ကြည့်စရာရုပ်သံလိုင်းများ၊ဓာတ်စက်သံတညံညံနှင့်ညနေ၆နာရီမပြောနှင့် ည၉နာရီ၁၀နာရီခန့်တိုင်အောင် လူသူမပြတ်ရွာနီးချုပ်စပ်များကိုသွားလာနိုင်ကြတော့သည်။

ဒီလိုကြို့ပင်ရွာလေးပြောင်းလဲနိုင်ခဲ့သည်ကား ကျွန်ုပ်တို့၏ဇာတ်လိုက်ကျော်ကြီး ဘယ်ကရောက်လာမှန်းမသိသောပစ္စည်းမဲ့လူတန်းစားဖိုးသူတော်ကြီး၏စွမ်းဆောင်ချက်များပင်ဖြစ်ပေတော့သည်။

ပြီး၏…

ဝါသနာအရရေးခြင်းမို့ အမှားအယွင်းနှင့်လိုအပ်ချက်များ ရှိခဲ့ရင်သည်းခံဖတ်ပေးပါနော်….

ရောင်နီ(ရွှေဥက္ကလာ)

Zawgyi Version

” ဝိညဥ္ေခၚေသာ႐ြာ “(စ/ဆုံး)
——————————

ႀကိဳ႕ပင္႐ြာေလးသည္ ေ႐ႊဘိုခ႐ိုင္နယ္အတြင္းတည္ရွိေနေသာ ႐ြာငယ္ေလးျဖစ္သည္။ၿမိဳ႕ႏွင့္အလွမ္းေဝးလွသည့္အတြတ္ လမ္းပန္းဆက္သြယ္ေရးအေနႏွင့္သြားလာရတာခက္ခဲလြန္းလွသည္။ေက်းလက္ေဆးေပးခန္းမရွိ စာသင္ေက်ာင္းမရွိေတာ့႐ြာရွိလူမႈ႕့့ဖြိ႕ၿဖိဳးတိုးတက္မႈ႕ဆိုတာ ဗလာနထၳိ။

ဒီလို႐ြာငယ္ေလးမွာမွခုတေလာ လူအမ်ားဟာ တစုံတခုျဖစ္လာမည္ကို ႀကိဳသိေနသလို စိုးတထိတ္ထိတ္ရွိေနၾကသည္။ဒီလိုျဖစ္ရသည့္အေၾကာင္းကလည္း ႐ြာမွာေသဆုံးသြားေသာဘဦး၏ဇနီး ကိုယ္ဝန္သည္ေအးပုံႏွင့္တနည္းတဖုံပက္သက္ေနသည္ဆိုတာကို ယုံၾကည္ေနၾကေပၿပီ။

မယုံၾကည္၍လည္းမရေပ သူ႔တို႔ေရွ႕မွာျဖစ္ပ်က္ခဲ့ေသာ အေၾကာင္းအရာေတြကစကားဝိုင္းမွာစပ္မိလို႔ ျပန္ေျပာျဖစ္ၾကရင္ေတာင္ ၾကက္သီးတျဖန္းျဖန္းထေလာက္ေအာင္ ေၾကာက္စရာေကာင္းလွေပသည္။

အခုလည္းအခ်ိန္အားျဖင့္ ေနဝင္သြားလို႔ ညေန၆နာရီခန္႔ပင္ရွိေပေတာ့မည္။ဒီလိုအခ်ိန္ကၿမိဳ႕ေပၚမွာေတာ့အစည္ကားဆုံးအခ်ိန္လို႔ဆိုေပမဲ့ ေတာ႐ြာေတြမွာေတာ့လူသြားလူလာျပတ္ၿပီး အေမွာင္ရိပ္တို႔ႀကီးစိုးေနသည့္အခ်ိန္လို႔ပင္ေျပာရေပမည္။

ဒီခ်ိန္မ်ိဳးမွာမွ လူႏွစ္ဦးက ႐ြာျပင္ရွိလယ္ကြင္းမ်ားကိုျဖတ္ေက်ာ္လာၿပီး ႐ြာဝင္လမ္းမေပၚေရာက္ရန္ ခပ္သုတ္သုတ္ ေျခလွမ္းမ်ားႏွင့္ လက္ႏွိပ္မီးေလးမ်ားအလင္းေရာင္ကိုအသုံးျပဳ၍ လွမ္းလာေနၾကသည္။

“ဟဲ့ေကာင္ သာရင္ျမန္ျမန္လာပါဟ ”

“က်ဳပ္လည္းေလ်ာက္ေနတာပဲ ဘေလးရာေျခေထာက္ေတြက ေညာင္းၿပီး လွမ္းေတာင္မလွမ္းခ်င္ေတာ့ဘူး”

“ငါလူႀကီးေတာင္ ေလ်ာက္ႏိုင္ေသးတာ မင္းကလူငယ္ျဖစ္ၿပီး တယ္ႏုသကိုး ျမန္ျမန္ေလ်ာက္ ဒီလယ္ကြင္းေတြေက်ာ္မွ ႐ြာျပင္သခ်ိင္းကိုျဖတ္ျပန္ရမွာ”

သာရင္လည္းနဂိုထဲကေၾကာက္ပါတယ္ဆိုမွ ဘေလးေျပာစကားေၾကာင့္ ဆံပင္ေမြးမ်ားပင္ေထာင္မတတ္ျဖစ္သြားရသည္။

“အဲ့ဒါေၾကာင့္ ဘေလးကိုေျပာတယ္ မနက္က်မွေစာေစာထၿပီးဒီအေႂကြးသြားေတာင္းလည္းရတာကို အခ်ိန္မရွိမွ႐ြာကထြက္လာေတာ့ ခုျပန္ေတာ့မိုးခ်ဳပ္တာေပါ့”

“ဟ.ဟိုဖက္႐ြာက ဖိုးသာေအာင္က မနက္အေစာကိုၿမိဳ႕တက္မွာေလ ဒါေၾကာင့္သြားရတာေပါ့”

သူတို႔ႏွစ္ဦးစကားတေျပာေျပာႏွင့္ ေလ်ာက္လာၾကရာ ႐ြာျပင္သခ်ိင္းအစပ္ကို ေရာက္လာၾကသည္။သာရင္ကမ်က္လုံးကို စုံမွိတ္၍ဘေလး၏လက္ေမာင္းတဖက္ကိုခပ္တင္းတင္းဆုပ္ကိုင္၍ ေလ်ာက္လာသည္။မ်က္လုံးမွိတ္၍လမ္းေလ်ာက္ေနေသာေၾကာင့္ ဘေလးရဲ႕ဖိနပ္ကိုတက္နင္းမိေတာ့ ျပတ္သြားေသးသည္။

“အာ ဟဲ့ေကာင္ ငါ့ဖိနပ္ကိုဘာလို႔တက္နင္းလဲ? ”

“က်ဳပ္ က်ဳပ္ ေၾကာက္ ေၾကာက္လို႔”

“ဒီေကာင္နဲ႔ေတာ့ မ်က္လုံးမွိတ္ၿပီးေလ်ာက္မွ ေတာ့ဘယ္လိုခရီးတြင္မလဲ လာ ျမန္ျမန္ေလ်ာက္”

ထိုစဥ္…”အူ.ဝူး ဝူး ဝု ဝု အု အူးးးးးး”

“ဘ ဘ ဘေလး ေခြး..ေခြးအူသံႀကီးၾကားလား က်ဳပ္ က်ဳပ္ ေၾကာက္ ေၾကာက္ ေၾကာက္လာၿပီဗ်ာ လာပါေနာက္ေၾကာင္းျပန္လွည့္ရေအာင္”

“ဟာ မင္း မင္းကလည္းကြာ ႐ြာနားပဲေရာက္ခါနီးၿပီ လာပါ”

“ဖ်တ္ ဖ်တ္ ဖ်တ္”

ေနာက္နားဆီမွ ေျခသံၾကားလိုက္ရၿပီး မီးေနသည္နႏြင္းမႈိင္းနံ႔ကဘေလးႏွင့္သာရင္တို႔၏ႏွာေခါင္းတြင္းကိုေထာင္းကနဲတိုးဝင္လာသည္ေၾကာင့္ ေနာက္ကိုၿပိဳင္တူလွည့္ၾကည့္လိုက္သည့္အခါတြင္ မိန္းမတေယာက္ကေမွာင္ရိပ္ထဲမွ ဆံပင္ဖားလ်ားခ်ကာသူတို႔ႏွစ္ဦးအနီးကိုေလ်ာက္လာေလသည္။

အနီးေရာက္ကာမွ ၾကည့္လိုက္ၾကသည့္အခါ လြန္ခဲ့ေသာတလခန္႔က႐ြာမွမီးမဖြားႏိုင္ပဲ ေသဆုံးသြားေသာကိုယ္ဝန္သည္ေအးပုံ ျဖစ္ေနသည္ကိုေတြ႕လိုက္ၾကရေသာအခါ သာရင္ႏွင့္ဘေအးတို႔လည္း ပုဆိုးမ်ားပင္ကြၽတ္က်သည္ကိုဂ႐ုမစိုက္ႏိုင္ပဲ႐ြာဆီကို ေျခကုန္သုတ္၍ေျပးၾကေလေတာ့သည္။

လမ္းတေလ်ာက္သူတို႔၏ေနာက္မွ ရီသံႀကီးသည္ေတာက္ေလ်ာက္လိုက္လာၿပီး ႐ြာဦးေက်ာင္းအတြင္းဝင္ေျပးမွသာ ေၾကာက္မက္ဖြယ္ရီသံႀကီးႏွင့္ ေအးပုံ၏ဝိညဥ္လည္း႐ုတ္ကနဲ ေပ်ာက္ကြယ္သြားေတာ့သည္။

“အရွင္ဘုရား တပည့္ေတာ္တို႔ကို ကယ္ပါအုံးဘုရား”

“”ဟဲ့ ကပၸိယႀကီး ေက်ာင္းေအာက္ကဘယ္သူေတြလည္း သြားၾကည့္စမ္း”

“တင္ပါ့ ”

ကပၸိယႀကီးလည္း ဆရာေတာ္မိန္႔ေသာေၾကာင့္ ေရနံဆီမီးအိမ္ေလးဆြဲ၍ ေက်ာင္းေအာက္ဆင္းၾကည့္ေသာအခါ ဘေလးႏွင့္ သာရင္တို႔ကို တကိုယ္လုံးတုန္ယင္လ်က္ ေတြ႕လိုက္ရေလသည္။

“ဟဲ့ သာရင္နဲ႔ဘေလးပါလား ဘယ္လိုျဖစ္လာၾကတာလဲ?”ေဘာင္းဘီတိုေလးေတြနဲ႔ႏွစ္ေယာက္လုံးလဲေခြၽးေတြက႐ြဲလို႔ပါလား”

“ကပၸိယႀကီး က်ဳပ္တို႔ေက်ာင္းေပၚေရာက္မွ ေျပာျပမယ္”

“ကဲ ဒါျဖင့္ လာ လာ”

ေက်ာင္းေပၚကိုေရာက္သည့္အခါ ဘေလးႏွင့္ သာရင္တို႔သည္အလြန္ေၾကာက္လန္႔၍ တကိုယ္လုံးတုန္ယင္ေနသည့္အတြတ္ဆရာေတာ္က ဘုရားခန္းမွ ပရိတ္ေရကိုတိုက္လိုက္မွ
ေၾကာက္စိတ္မ်ားေျပေပ်ာက္သြားၾကေလသည္။ထို႔ေနာက္သူတို႔ႀကဳံခဲ့ရသည့္အေၾကာင္းမ်ားကိုဆရာေတာ္အားေလ်ာက္လိုက္ၾကေလသည္။

“အဲ့ဒါပါပဲဘုရား တပည့္ေတာ္တို႔မွာ ေၾကာက္လြန္းလို႔ဆရာေတာ့္ေက်ာင္းထဲဝင္ေျပးမွ ဆက္မလိုက္လာေတာ့တာဘုရား”

“ဟဲ့ သာရင္တို႔ရယ္ နင္တို႔ဟာ ဟုတ္မွဟုတ္ရဲ႕လား?”

“မွန္ပါ တပည့္ေတာ္တို႔ ဆရာေတာ္ဘုရားကိုမလိမ္ဝံ့ပါဘူးဘုရား”

ဆရာေတာ္လည္းသူတို႔ကိုၾကည့္ေတာ့ ေခြၽးသံတ႐ြဲ႐ြဲႏွင့္အလြန္ေၾကာက္လန္႔ေနသည္ကို ေတြ႕ေတာ့ ႏႈတ္မွတလုံးခ်င္းမိန္႔လိုက္ေလေတာ့သည္။

“အင္း ဒီတိုင္းသာ မွန္ရင္ေတာ့ ဒကာမႀကီးေအးပုံတေယာက္မကြၽတ္မလြတ္ျဖစ္ေနၿပီ ထင္တယ္ ကဲ ကဲဒကာတို႔လည္း အခုေတာ့ အိမ္မျပန္ၾကနဲ႔ေတာ့ ဒီညေတာ့ေက်ာင္းမွာပဲအိပ္လိုက္ၾက ဟုတ္ၿပီလား”

“တင္ပါ့ဘုရား”

ဆရာေတာ္လည္းမိန္႔မွာၿပီးတာႏွင့္ တရားမွတ္၍ ေက်ာင္းေပၚ၌စကၤ္ျႂကြေနေလေတာ့သည္။ူ

☠☠☠☠☠☠☠☠☠😹☠☠☠☠☠☠☠

မနက္ခင္းေရာက္ေတာ့ ႀကိဳ႕ပင္တ႐ြာလုံး ဘေလးတို႔ႀကဳံခဲ့ရသည့္အေၾကာင္းကို ဟိုနားတစုသည္နားတစုဆိုသလို ေျပာေနၾကေလသည္။ဒီတိုင္းသာမွန္ရင္ေတာ့ ဒီ႐ြာေလးမွာ ယခင္လိုပဲ ထိတ္လန္႔စရာတခုခုျဖစ္လာအုံးေတာ့မည္ကို တ႐ြာလုံးစိုးတထိတ္ထိတ္ရွိေနၾကေလသည္။ဘာေၾကာင့္ဆိုရင္ ဒီေအးပုံဝိညဥ္လိုက္ခံရၿပီး မၾကာမီပင္႐ြာမွာထန္းတက္ေသာမႈံႀကီးတေယာက္ ထန္းပင္ေပၚမွ လိမ့္က်ေသဆုံးသြားျခင္းေၾကာင့္ျဖစ္သည္။တခုထူးျခားသည္က ဝိညဥ္လိုက္ခံရေသာ လူမ်ားကဘာမွမျဖစ္ေပမဲ့ ႐ြာတြင္းရွိဒိျပင္တျခားတဦးကေတာ့ ရက္အနည္းငယ္အတြင္း အႏၲရာယ္တခုမဟုတ္တခုႏွင့္ႀကဳံရၿပီး မၾကာမီပင္ေသဆုံးသြားတတ္ေသာေၾကာင့္ျဖစ္သည္။ဒါေၾကာင့္ ႐ြာမွာရွိေနေသာသူမ်ားက ေၾကာက္႐ြံ႕လာၿပီး ဒီအခါလည္းဘယ္သူ႔အလွည့္ျဖစ္မလဲဟူေသာ စိုးရိမ္စိတ္မ်ားႀကီးစိုးေနၾကေတာ့သည္။

ဒီလိုႀကိဳ႕ပင္႐ြာသူ/သားတို႔ အပူလုံးႂကြ၍ မႈိင္းညိဳ႕ေနေသာအခ်ိန္မွာပဲ ႐ြာျပင္ရွိအရိပ္ေကာင္းေသာ ကုကၠိဳပင္ႀကီး၏ေအာက္တြင္ရွိေသာ ဇရပ္ငယ္ေလးဆီကို ဗိုက္ကအလြန္ပူလ်က္ဝဝဖိုင့္ဖိုင့္ရွိေသာ ဖိုးသူေတာ္ႀကီးတဦးေရာက္လာေလသည္။

ထိုဖိုးသူေတာ္၏အသားအေရသည္ ဝါဝင္းေသာအဆင္းရွိေလသည္။မ်က္ႏွာသည္ကား ၿပဳံး႐ႊင္လ်က္ ျမင္ရသူမ်ားအဖို႔ေၾကာက္လန္႔တတ္ေသာစိတ္မ်ားကင္းေဝးေစလ်က္ ၿငိမ္းေအးေသာစိတ္မ်ားျဖစ္ေပၚေစႏိုင္သည့္ ဥပဓိ႐ုပ္ပိုင္ရွင္ပင္ျဖစ္သည္။ေျပာရရင္ေတာ့ ထိုဖိုးသူေတာ္၏အသြင္အျပင္သည္ အားကိုးခ်င္စရာေကာင္းလွေပသည္။

ဖိုးသူေတာ္ႀကီးလည္း ဇရပ္ေပၚကိုလွမ္းတက္လာၿပီး အိတ္တြင္းမွဘူးသီးေျခာက္ေရဗူးေလးကိုထုတ္၍ တငုံမွ်ေသာက္လိုက္ၿပီး အေမာေျဖေနေလသည္။ထို႔ေနာက္လည္ပင္းမွ စိတ္ပုတီးကိုခြၽတ္၍ မ်က္လုံးအစုံမွိတ္လ်က္ ဂုဏ္ေတာ္ပြားေနေလသည္။ပုတီးပတ္ေရမ်ားလာသည္ႏွင့္ဖိုးသူေတာ္ႀကီး၏

စိတ္သည္လည္းသမာဓိစြမ္းအားတို႔ႏွင့္ တထပ္တည္းက်လ်က္ရွိလာသည္။ထိုအခ်ိန္မွာပင္ သူ၏ႏွာေခါင္းတြင္းသို႔ နႏြင္းမႈိင္းနံ႔ႏွင့္ထန္းရည္နံ႔တို႔ေရာႁပြမ္းဝင္လာသျဖင့္ မဲနက္ထူထဲေသာမ်က္ခုံးႀကီးႏွစ္ဖက္ကို အေပၚကိုတြန္႔တက္သြားသည္အထိပင့္တင္လ်က္ တည္ၿငိမ္ေအးခ်မ္းေသာမ်က္ႏွာသည္ၿပဳံးေယာင္သမ္းလာေပသည္။မ်က္လုံးကိုဖြင့္ၾကည့္လိုက္ေတာ့

႐ြာအဝင္စည္း႐ိုးနား၌ ဆံပင္ဖားလ်ားခ်ထားေသာ မိန္းမတေယာက္ႏွင့္ ထန္းလွီးဓားကိုကိုင္ထားေသာ ေယာက္က်ာၤ္းတေယာက္တို႔သည္ ဖိုးသူေတာ္ႀကီးကို မီးက်ီးခဲကဲ့သို႔ရဲရဲနီေသာမ်က္လုံးတို႔ႏွင့္မႏွစ္ၿမိဳ႕စြာၾကည့္ေနၾကေလသည္။

“ဒီ႐ြာကို ဘာလာလုပ္တာလဲ လာရာလမ္းကိုအခုခ်က္ခ်င္းျပန္သြား သြားးးးးးး”

ဒီအခါမွာ ဖိုးသူေတာ္ႀကီးလည္း အၿပဳံးမပ်က္ပင္ ျပန္ေျပာလိုက္သည္။

“ငါလို အက်င့္စာရဏနဲ႔ျပည့္စုံသူကို ဒင္းတို႔လို ပရေလာကသားေတြက အမိန္႔ေပး႐ိုး ရေရာလား စဥ္းစားၿပီးေျပာၾကစမ္း ငါႏွင္ရင္နင္တို႔ ဒီ႐ြာမွာမေျပာနဲ႔ ကမာၻေျမေပၚကေတာင္ေပ်က္ကြယ္သြားမယ္”

“ဟားးးး ဟားးးး ဟီးးးး ဟီးးး ဖိုးသူေတာ္မေတာက္တေခါက္ကမ်ား ဒီ႐ြာကငါတို႔ပိုင္နက္ နင္႐ြာထဲေတာင္ ဝင္လို႔ရလား စမ္းၾကည့္စမ္း ဟားးးး ဟားးးး ဟားးးး”

“တယ္ မိစာၦေတြ ငါကသနားလို႔ ေကာင္းေကာင္းေျပာေနတာကို ငါ့ကိုႏိုင္ဖို႔မေျပာနဲ႔ ငါ့ေၾကးစည္သံကိုပဲနားေထာင္ၾကည့္ၾကစမ္း”

ဖိုးသူေတာ္ႀကီးကအိတ္တြင္းမွ ေ႐ႊေၾကးစည္ေလးကိုထုတ္၍ တီးလိုက္သည့္အခါ ထိုမေကာင္းဆိုးဝါးတို႔၏နားမ်ားဆီမွမဲနက္ညစ္ပုပ္ေသာေသြးမ်ား က်လာၿပီး နားမ်ားကိုလက္ႏွင့္အုပ္လ်က္ ပူေလာင္စြာ ေအာ္ဟစ္ၾကေတာ့သည္။

“အားးးးးးး ပူလိုက္တာ နာလိုက္တာ ေတာ္ပါေတာ့ ေၾကးစည္ကိုမတီးပါနဲ႔ေတာ့ ”

” နင္တို႔လို မိစာၦေတြက လူဘုံဌာန လူ႔အရပ္မွာ ေနခြင့္မရွိဘူး ဒီ႐ြာစည္း႐ိုးကေန အခုဖယ္ၾကစမ္း”

ဖိုးသူေတာ္ႀကီးကလက္ေဝွ႔ယမ္းလိုက္သည္ႏွင့္ မီးေနသည္ေအးပုံႏွင့္ထန္းသမားမႈံႀကီးတို႔၏ ဝိညဥ္မ်ားသည္ ေၾကာက္႐ြံ႕လ်က္ ကြယ္ေပ်ာက္သြားၾကေလေတာ့သည္။
ထိုအခ်ိန္မွာပင္ ႀကိဳ႕ပင္႐ြာေလးအတြင္းမွ ခေမာက္ကေလးေဆာင္းလ်က္ႏြားေက်ာင္းထြက္လာေသာ လူတေယာက္သည္ဖိုးသူေတာ္ႀကီးရွိေသာ ဇရပ္အနီးကိုေရာက္လာေလသည္။

“ေဟ့ ေမာင္ရင္ ခဏလာအုံးကြယ့္”

“ေအာ္ ဖိုးသူေတာ္ႀကီးတပါးပါလား ကိစၥရွိလို႔လားဗ် ”

“ေအးကြယ္ မင္းႏြားေတြကို ေဟာဟိုက ျမက္ႏုေလးေတြနားလြတ္ထားၿပီး ေမာင္ရင္ဒီကိုခဏလာပါအုံး”

“ဟုတ္ကဲ့ ခင္ဗ်”
ႏြားေက်ာင္းလာေသာ ထိုလူလည္းဖိုးသူေတာ္ႀကီးက ဖိတ္ေခၚသျဖင့္ ဇရပ္ေပၚကိုတက္လာေလသည္။

ကဲ ထိုင္ကြာ မင္းေမာလာတယ္မလား ေရာ့ ဒီထဲကေရကိုေသာက္ၾကည့္ မင္းအတြတ္ထူးျခားေစရမယ္ ေမာင္ဖိုးေအး”

“ဟာ ဖိုးသူေတာ္ႀကီးက က်ဳပ္နံမည္ကိုေတာင္သိေနပါလား အံ့ဩစရာပဲ”

“နံမည္ေလး သိ႐ုံနဲ႔ အံ့ဩစရာမဟုတ္ပါဘူးကြာ ဒါေတြက ကိုယ့္စိတ္ကိုေလ့က်င့္ယူရင္ ျဖစ္ႏိုင္တဲ့အရာေတြပါ ”

ႏြားေက်ာင္းသားဖိုးေအးလည္း ဖိုးသူေတာ္ႀကီကမ္းေပးေသာဗူးသီးေျခာက္ကိုလွမ္းယူ၍ တငုံႏွစ္ငုံမွ်ေသာက္လိုက္ေသာအခါ သူ၏ခႏၶာကိုယ္တြင္ထြက္ေနေသာ ေခြၽးမ်ားသည္ တျဖည္းျဖည္းတိတ္သြားကာ ေအးျမေသာ လန္းဆတ္မႈ႕့ရွိလာသလို အမ်ိဳးအမ

ည္မသိေသာခြန္အားတမ်ိဳးသည္သူ၏ခႏၶာကိုယ္၌ျဖစ္ေပၚလာသည္ဟုခံစားလိုက္ရသည္။သည့္ေနာက္ဖိုးသူေတာ္ႀကီးက ဖိုးေအးအားၾကည့္၍ ႀကိဳ႕ပင္႐ြာတြင္ လတ္တေလာျဖစ္ေပၚေနသည့္အေၾကာင္းအရာမ်ားႏွင့္ပက္သက္၍ ေမးျမန္းေသာအခါတြင္ဖိုးေအးလည္း သူတို႔႐ြာႏွင့္ပက္သက္သည့္အေၾကာင္းအရာမ်ားကို တလုံးမက်န္ေျပာျပလိုက္ေလေတာ့သည္။

“အဲ့ဒါပဲ ဖိုးသူေတာ္ႀကီး ႐ြာမွာကိုယ္ဝန္သည္ေအးပုံေသၿပီးတည္းက ေျခာက္လိုက္တဲ့သရဲ ညဆိုလဲေခြးအူသံေတြကိုညံေနတာပဲ အခုလည္းမေန႔ညက ဘေလးနဲ႔သာရင္တို႔ကိုအဲ့ဒိသရဲမကလိုက္လို႔ ႐ြာဦးေက်ာင္းထဲဝင္ေျပးမွ ဆက္မလိုက္ေတာ့တာ… ႐ြာမွာဘာေတြမ်ားျဖစ္အုံးမယ္မသိပါဘူးဗ်ာ”

“အင္း ႐ြာမွာက ႐ြာဦးေက်ာင္းရွိလို႔တာ ေတာ္ေသးတယ္ေျပာရမယ္”

“ဖိုးသူေတာ္ႀကီး ဘာကိုဆိုလိုတာလဲ?”

“ကဲ ဖိုးေအး ခုအခ်ိန္မွာ ငါမင္းကိုအမ်ားႀကီး ရွင္းျပလို႔မရေသးဘူး ေလာေလာဆယ္ငါ႐ြာဦးေက်ာင္း ဆရာေတာ္နဲ႔ေတြ႕မွျဖစ္မယ္ အဲ့ေတာ့မင္းႏြားေတြလွန္ထားတာျပန္သိမ္းၿပီးငါနဲ႔႐ြာထဲျပန္လိုက္ခဲ့”

“ဟုတ္ကဲ့ ဖိုးသူေတာ္ႀကီး အာ့ဆိုခဏေစာင့္”

ဖိုးေအးလည္း ႏြားမ်ားကိုျပန္သိမ္းၿပီး ဖိုးသူေတာ္ႀကီးႏွင့္အတူ ႐ြာအတြင္းကို ျပန္ဝင္လာခဲ့သည္။

💀💀💀💀💀💀💀😈😈💀💀💀💀💀💀💀

“ဘာ ဘာေျပာတယ္ကြ”

“ဟုတ္တယ္ ဘဦး အခု႐ြာထဲမွာ မင္းမိန္းမနဲ႔ပက္သက္တဲ့အေၾကာင္းေတြက မၾကားခ်င္မွအဆုံးပဲ ၿပီးေတာ့သူတို႔ေျပာေနၾကတာရွိေသးတယ္ ထန္းတက္သမားမႈံႀကီးေသရတာလဲ မင္းမိန္းမရဲ႕ ဝိညဥ္က႐ြာကတဦးတေယာက္ကိုလိုက္လို႔ ေသရတာတဲ့”

“အဓိပၸါယ္မရွိလိုက္တာကြာ မႈံႀကီးသူ႔ဟာသူ မႈးမူးရႈးရႈးထန္းေရေသာက္ၿပီးတက္လို႔ လိမ့္က်ေသတာေလ ေသသြားတဲ့ငါ့မိန္းမေအးပုံနဲ႔ဘာဆိုင္လို႔လဲ?”

“အဲ့ဒါေတာ့မသိဘူး ႐ြာထဲကလူေတြကေတာ့ အဲ့အတိုင္းေျပာေနၾကတာပဲ”

“ဒါေသသြားတဲ့ ငါ့မိန္းမကို သက္သက္ အျပစ္ပုံခ်ေနတာ ေတာက္ ဘဦးအေၾကာင္းသိၾကေသးတာေပါ့”

ဘဦးတေယာက္ ဝင္းေ႐ႊတို႔ညီအကို၏ေျပာစကားေၾကာင့္ ရႈးရႈးရွဲရွဲျဖစ္သြားကာေကာက္လႈိင္းစည္းမ်ားကို လွည္းေပၚအျမန္တင္၍ ႐ြာတြင္းကိုဒုန္းစိုင္းေမာင္းသြားေလသည္။အိမ္ေရာက္သည္ႏွင့္လွည္းမွႏြားႏွစ္ေကာင္ကိုျဖဳတ္၍ တင္းကုပ္အတြင္းထားၿပီးသည္ႏွင့္ သူ႔မိန္းမႏွင့္ပက္သက္ေသာအေၾကာင္းမ်ားကို သြားပုပ္ေလလြင့္ေျပာေနၾကေသာ လူမ်ားကိုစာရင္းရွင္းရန္ ႐ြာတြင္းကို ထြက္လာခဲ့သည္။
႐ြာသူပ်ိဳေမညဳိုျမတို႔စုစုရွိေနေသာေနရာကို ဘဦးလွမ္းေတြ႕သြားၿပီး ဒီလိုေနရာမ်ိဳးမွာသူ႔မိန္းမအေၾကာင္းေျပာတတ္သည္ကိုေတြးမိသည္ႏွင့္ ႐ြာလယ္မန္းက်ည္းပင္ရိပ္ေအာက္ကိုေလ်ာက္သြားေလသည္။
ဘဦးသူတို႔ဆီလာေနသည္ကို ပန္းအိကေတြ႕သြားၿပီး..

“ဟဲ့ ညိဳျမတို႔နင္တို႔ေျပာေနတာကိုခဏရပ္အုံး ဟိုမွာကိုဘဦးႀကီးငါတို႔ဆီ လာေနတယ္”

“အိုေအ. သူဟာသူ လာလာေပါ့ ငါတို႔ေျပာေနတာက အမွန္ျဖစ္ေနတာပဲေလ ”

ဘဦးလည္း ညိဳျမတို႔အနားကိုေရာက္သည္ႏွင့္..

“ဒီမွာ ညိဳျမတို႔ ပန္းအိတို႔ နင္တို႔ ငါ့မိန္းမအေၾကာင္းေျပာေနၾကတာလား?”

“ေအာ္ ကိုဘဦးရယ္ ကြၽန္မတို႔မေျပာလည္း ဒီကိစၥကတ႐ြာလုံးအုတ္ေအာ္ေသာင္းနင္းျဖစ္ေနတာပဲေလ”

“ေအး နင္တို႔အဲ့လိုအေျခအျမစ္မရွိတာေတြေျပာေနရေအာင္ ေတာ္ေတာ္အားေနၾကလား?”

“ကိုဘဦး ဒီ႐ြာမွာရွိေနတဲ့လူေတြအကုန္လုံးက ကိုယ့္အလုပ္ကိုယ္လုပ္ခ်င္တဲ့လူေတြခ်ည္းပဲ အခုဟာကရွင့္မိန္းမေအးပုံေၾကာင့္ဘယ္သူမွေတာင္ အလုပ္ကိုေျဖာင့္ေျဖာင့္မလုပ္ရဲၾကေတာ့ဘူး ေနာက္ၿပီး႐ြာမွာျဖစ္ေနတာေတြကရွင္လဲ ေတြ႕ေနၾကားေနရတာပဲေလ”

“သြားစမ္းပါဟာ နင္တို႔အဲ့လိုေျပာေနရေအာင္ နင္တို႔မွာသက္ေသရွိလို႔လား”

“သက္ေသရွိရင္ေရာ ေမာင္ရင္ယုံမွာလား?”

ဘဦးအသံလာရာကိုၾကည့္လိုက္ေတာ့ ဝဝဖိုင့္ဖိုင့္ ဖိုးသူေတာ္ႀကီးတဦးသူတို႔ဆီ လာေနသည္ကိုေတြ႕လိုက္ရသည္။

“ဘယ္က ဖိုးသူေတာ္လဲ?”

“အခု မင္းတို႔႐ြာမွာက်ေရာက္ေနတဲ့ မေကာင္းဆိုးဝါးေတြကိုရွင္းဖို႔ေရာက္လာတဲ့ဖိုးသူေတာ္လို႔သိထားပါ”

“လာျပန္ၿပီေနာက္တေယာက္ ခင္ဗ်ားတို႔ ဒိထက္မက က်ဳပ္မိန္းမရဲ႕အေၾကာင္းကိုသိကၡာခ်ေနၾကမယ္ဆိုရင္ ေရွ႕ေလ်ာက္က်ဳပ္အဆိုးမဆိုနဲ႔ေနာ္ ဒါပဲက်ဳပ္ေျပာမယ္”

ဘဦးလည္းတ႐ြာလုံးႏွင့္တေယာက္ဆိုသလိုျဖစ္သြားကာ ဘယ္သူ႔ေျပာစကားမွအယုံအၾကည္မရွိပဲ ေနရာမွခ်ာကနဲလွည့္ထြက္သြားေလသည္။ဖိုးသူေတာ္ႀကီးလည္းဘဦး၏ေက်ာျပင္အားၾကည့္၍ လက္ေတြ႕မွယုံၾကည္ခ်င္သူေတြသည္သူတို႔ကိုယ္တိုင္ေတြ႕ႀကဳံရေသာအခါမွပင္လက္ခံတတ္လာႏိုင္သည့္သေဘာကိုႀကိဳတင္သိထားသည့္အတြတ္ မည္သို႔မွ်ျပန္လည္မေျပာေတာ့ပဲ ႏႈတ္ဆိတ္၍သာေနလိုက္ေလေတာ့သည္။

💀💀💀💀💀💀💀😈💀💀💀💀💀💀💀💀

ည. ႀကိဳ႕ပင္႐ြာ၏ ညလက္တံကား ေန႔ပူလို႔ညခ်မ္းတေပါင္းလသရမ္းဟူေသာစာဆိုအတိုင္းပင္ အ႐ိုးကြဲမတတ္ေအးလွေသာတေပါင္းလ၏ မဲနက္ေအးစက္ေနေသာ ညဝတ္႐ုံလႊာေအာက္၌ အထီးထည္းအိပ္ေမာက်ေနၿပီ။ေကာင္းကင္ယံ၌ တျခမ္းပဲ့လေကြးေလး၏အလင္းေရာင္ႏွင့္ ဝန္းက်င္တခိုကိုေတာ့ျဖင့္ခပ္ဝါးဝါးေရးေရးေလးျမင္ႏိုင္ေပသည္။
ဘဦး၏တဲအနီး၌ကား စိန္ပန္းညိဳပင္ႀကီးေတြ၏ မဲနက္ရွည္လ်ား၍ တြဲေလာင္းက်ေနေသာ ႏြယ္ႏွာေမာင္းတို႔ကား ေလတိုက္လိုက္တိုင္း တအီအီအသံျပဳလ်က္ ယိမ္းထိုးလႈပ္ရွားေနၾကေလသည္။ထိုအခိုက္ႏြားတင္းကုပ္ဘက္ဆီမွ ဘဦး၏ႏြားႏွစ္ေကာင္သည္ တစုံတခုကိုေတြ႕သည့္အလား တဘူးဘူးႏွာမႈတ္လ်က္ ေျမျပင္ကိုခြာႏွင့္ တဗ်င္းဗ်င္းယက္ေနေလသည္။

ဘဦးလည္း ႏြားတင္းကုပ္ဘက္ဆီမွ အသံမ်ားေၾကာင့္ သူ၏ႏြားမ်ားဆီေႁမြပါးကင္းပါးမ်ားဝင္ေရာက္ေနသလားဟူေသာအေတြးႏွင့္ ေရနံဆီမီးအိမ္ေလးကို မီးစာျမင္ွ႔တင္၍ အဆစ္ပိတ္ဝါးဒုတ္တခုကိုယူကာအိမ္ေပၚမွဆင္းလာေလသည္။

ႏြားတင္းကုပ္အနီးကိုေရာက္ေသာအခါ အတြင္း၌ ဆံပင္ဖားလ်ားခ်ထားေသာမိန္းမတေယာက္၏ အရိပ္ကို ဝိုးတဝါး လေရာင္ေအာက္၌ေတြ႕လိုက္ရၿပီး ထိုအမ်ိဳးသမီးဆီက ဝမ္းနည္းစြာငိုေနေသာရႈိက္သံ တစြန္းတစကိုၾကားလိုက္ရသည္။

ဘဦးလည္း ဒီအခ်ိန္ႀကီးဘယ္က အမ်ိဳးသမီးမ်ား သူ၏အိမ္ၿခံဝိုင္းထဲရွိႏြားတင္းကုပ္အတြင္း လာငိုေနပါလိမ့္ဟုသိခ်င္စိတ္ျဖင့္ထိုမိန္းမအားလွမ္းေမးလိုက္၏။

“ေဟ့ ဒီမွာ ဘယ္သူလဲ ”

“အီး အစ္ အစ္ ဟင့္ ဟင့္ ”

“ဒီမွာ ေမးေနတယ္ေလ အဲ့ဒိမွာဘာလို႔ လာငိုေနတာလဲလို႔”

“အီး အစ္ အစ္ ဟင့္ ကိုဘဦးရွင္ကြၽန္မကိုေတာင္မမွတ္မိေတာ့ဘူးလား အီး ဟီးးးး ဟီးးးး”

“ဟင္ မင္း မင္း ေအးပုံ ေအးပုံမလား?”

ဘဦးကိုေက်ာေပး၍အေမွာင္ရိပ္ထဲတြင္ ငိုေနေသာ မိန္းမသည္ ခႏၶာကိုယ္ႀကီးကလွည့္မလာပဲ လည္ပင္းႀကီးသာဆုံလည္ကုလားထိုင္ကဲ့သို႔ သူ႔ေရွ႕ကိုလွည့္လာသည့္အခါတြင္ မ်က္ႏွာႀကီးကား မသတီခ်င္စရာေကာင္းေလာက္ေအာင္ ေလာက္မ်ားတဖြားဖြားက်လ်က္ ပါးစပ္အတြင္းမွလ်ာသည္သူမ၏မ်က္ႏွာဆီကိုယက္၍ထိုေလာက္မ်ားကိုစားေနၿပီး အပုပ္ရည္မ်ားတေတာက္ေတာက္က်ေနသည္ကို မ်က္ဝါးထင္ထင္ျမင္ေတြ႕ရေသာ ဘဦးတေယာက္ႏွလုံးေသြးမ်ားရပ္မတန္႔ျဖစ္သြားကာပ်ိဳ႕အန္ခ်င္စိတ္မ်ားပင္ျဖစ္ေနမိေတာ့သည္။
သူႏွင့္အိမ္ေထာင္က်ခါစက ႐ြာ၏ကြမ္းေတာင္ကိုင္ျဖစ္ခဲ့ေသာေအးပုံသည္ အခုၿပိတၱာဘဝကိုေရာက္ခါမွ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သည့္အျဖစ္ေၾကာင့္ ဘဦးစိတ္မေကာင္းလဲျဖစ္ရေလသည္။
ထိုအခ်ိန္မွာပဲ ေအးပုံသရဲမ၏ မႏွစ္ၿမိဳ႕စရာအသြင္အျပင္သည္႐ုတ္တရက္ေပ်ာက္သြားကာ သူမိန္းမေအးပုံ၏ အခ်ိဳးအဆစ္က်လွ၍ စြဲမက္ဖြယ္ေကာင္းေသာ အသြင္အျပင္ကိုဘဦး၏ မ်က္လုံးထဲ၌ ထင္ထင္ရွားရွားေတြ႕ေနရသည္။ေအးပုံသည္ဝိုးတဝါးလေရာင္ေအာက္၌ အလွႀကီးလွေနကာ သူမထံကို ဘဦးအားလာရန္ လက္ကိုဆန္႔တန္း၍ ေခၚငင္ေနေသာေၾကာင့္ ဘဦး၏အသိစိတ္တို႔လည္းမိန္းေမာေတြေဝသြားကာ ေရနံဆီမီးအိမ္ႏွင့္ ဝါးဆစ္ဒုတ္အားလႊတ္ခ်၍ ေအးပုံဆီကိုတပ္မက္ေသာစိတ္တို႔ႏွင့္ လွမ္းသြားေလေတာ့သည္။
အနီးကိုေရာက္ေလ ေအးပုံသည္အပ်ိဳစင္ေလးတဦးကဲ့သို႔ လေရာင္ေအာက္၌ဆြဲေဆာင္အားေကာင္းလြန္းေနသည္ကို ဘဦးမ်က္ေတာင္မခတ္တမ္း မိန္းေမာေငးၾကည့္ကာ ေအးပုံ၏ရင္ခြင္အတြင္းကိုေရာက္ရန္ လက္တကမ္းအလိုေလာက္တြင္ သူတို႔ႏွစ္ဦး၏အလယ္၌စူးရွ လင္းလက္ေသာအလင္းတန္းႀကီးျဖစ္ေပၚလာၿပီး ေအးပုံ၏ဝိညဥ္လည္းေၾကာက္လန္႔စြာေအာ္၍ လြင့္ထြက္သြားကာ ဘဦးလည္းေနရာတြင္ပင္မူးေမ့လဲက်သြားေတာ့ေလသည္။

💀💀💀💀💀💀💀😈😈💀💀💀💀💀💀💀
႐ြာဦးေက်ာင္းေပၚတြင္ေတာ့ ဆရာေတာ္ကကုလားထိုင္ထက္တြင္ထိုင္ေနၿပီး ႐ြာတြင္အသက္အ႐ြယ္အႀကီးဆုံးျဖစ္ေသာဘေဒြးက မနီးမေဝးရွိသင့္ေလ်ာ္ရာေနရာတြင္ ဆရာေတာ္မိန္႔ၾကားမည့္စကားမ်ားကိုငံ့လင့္ေနသည္။ထိုအခ်ိန္မွာပင္ဖိုးသူေတာ္ႀကီးက ေက်ာင္း၏အတြင္းခန္းအတြင္းမွထြက္လာၿပီး ဆရာေတာ္ႏွင့္ဘေဒြးတို႔ဆီကို ခ်ဥ္းကပ္လာသည့္အခ်ိန္မွာပဲ ဆရာေတာ္ကမိန္႔လိုက္ေလသည္။

“ဖိုးသူေတာ္ႀကီး ဒကာဘဦးအေျခအေန ဘယ္လိုရွိလဲ စိုးရိမ္ရလား?”

“တင္ပါ့ဘုရား မစိုးရိမ္ရပါဘူးဘုရား တပည့္ေတာ္ရဲ႕ေ႐ႊေရာင္စက္ဝန္းအစြမ္းေၾကာင့္ ခဏမူးေမ့လဲသြားတာပါ မၾကာခင္သတိျပန္ရလာပါလိမ့္မယ္”

ဒီအခါမွာ ဘေဒြးက ဖိုးသူေတာ္ႀကီးအားၾကည့္၍…

“ဒါျဖင့္ရင္ မေန႔ညက ဘဦးသရဲေျခာက္ခံရတဲ့အခ်ိန္မွာ ဖိုးသူေတာ္ႀကီးရွိေနတာလား?”

“ဟုတ္တယ္ ဘေဒြး ဒီတခါေအးပုံ ေခၚမဲ့လူဟာ သူ႔ေယာက္က်ား ဘဦးျဖစ္ေနတယ္ဆိုတာ က်ဳပ္အာ႐ုံထဲေပၚလာလို႔ ညဦးတည္းက ဘဦးတို႔ၿခံနားမွာသြားေစာင့္ေနတာ ထင္တဲ့အတိုင္းပဲ သန္းေခါင္ခ်ိန္မွာေအးပုံဝိညဥ္ေရာက္လာၿပီး ဘဦးကိုအမ်ိဳးမ်ိဳးလွည့္စားၿပီး ေခၚမယ္လုပ္ေနလို႔ က်ဳပ္ဝင္ဟန္႔တားလိုက္တာပဲ”

ဖိုးသူေတာ္ႏွင့္ဘေဒြးတို႔အျပန္အလွန္ေျပာေနမႈ႕ကို ဆရာေတာ္ကေခါင္းတညိမ့္ညိမ့္ျဖင့္နားေထာင္ေနၿပီး အေရးႀကီးေသာစကားတခြန္းကိုမိန္႔လိုက္ေလသည္။

“အိမ္း ဒီေျမဖုတ္ဘီလူး ၿပိတၱာတေစၦသရဲတို႔ဆိုတာ ဒို႔ဘုရားရွင္လက္ထက္ေတာ္တည္းက ေဝသာလီျပည္မွာအထင္အရွားရွိခဲ့တာ ဒါကို ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးက ရွင္အာနဒၵါကို ရတနသုတ္ပရိတ္ေတာ္ကိုညဥ့္သုံးယံပတ္လုံး ႐ြတ္ဖတ္ေစခဲ့လို႔ ေဝသာလီျပည္သူျပည္သားေတြဟာ ဒီမေကာင္းဆိုးဝါးအေႏွာင့္အယွက္ေတြက ကင္းေဝးၾကၿပီး ခ်မ္းသာရာရၾကတယ္ ဒကာတို႔”

“တင္ပါ့ဆရာေတာ္ဘုရား အဲ့ဒါေၾကာင့္ ခုတပည့္ေတာ္တို႔႐ြာမွာျဖစ္ေနတဲ့ အေရးေတြကိုဘယ္လိုဆက္လုပ္ရမလဲ မိန္႔ပါအုံးဘုရား”

“အင္း ဒီကိစၥကေတာ့ တ႐ြာလုံးအေရးဆိုေတာ့ ဒကာဘေဒြးကပဲ ဦးေဆာင္ၿပီးေဆာင္႐ြတ္ေလကြယ္”

ဒီအခါတြင္ဖိုးသူေတာ္ႀကီးက ဆရာေတာ္အားေလ်ာက္လိုက္ေလသည္။

“အရွင္ဘုရား ဦးေဆာင္ၿပီး ေက်ာင္းမွာရွိတဲ့သံဃာေတာ္ ႏွစ္ပါးနဲ႔အတူ ႐ြာတြင္းကိုပတ္ၿပီး ရတနပရိတ္ေတာ္ကို႐ြတ္ဖတ္ရင္ပိုၿပီးထိေရာက္ပါတယ္ဘုရား”

“အိမ္း ပရိတ္႐ြတ္တာက ရတယ္ သူေတာ္ ဒါေပမဲ့လူေတြရဲ႕ဆႏၵကရွိေသးတယ္”

“မွန္ပါ့ အဲ့ဒိအတြတ္ေတာ့ တပည့္ေတာ္
တာဝန္ထားပါဘုရား ”
႐ြာလူႀကီးဘေဒြးက ဝင္ေျပာလိုက္
သည့္ေနာက္မွာေတာ့ ဆရာေတာ္ႀကီးက ဘေဒြးႏွင့္ဖိုးသူေတာ္ႀကီးတို႔အား ဆက္လက္လုပ္ရမည့္ အစီအစဥ္မ်ားကို အေသးစိတ္မိန္႔မွာ လိုက္ေတာ့ေလသည္။
💀💀💀💀💀😸😸💀💀💀💀💀💀💀💀💀

ဘဦးလည္းေကာင္းစြာသတိရလာေသာအခါတြင္ အနား၌ဖိုးသူေတာ္ႀကီးကို ဦးစြာေတြ႕လိုက္ရေလသည္။

“အင္း ကြၽတ္ ကြၽတ္ ”

“ေမာင္ဘဦး သတိရၿပီလား? ”

“က်ဳပ္ က်ပ္ ဘာျဖစ္သြားတာလဲ ဖိုးသူေတာ္ႀကီး အခုေရာဘယ္ေရာက္ေနတာလဲ?”

“ဒကာ ဘုန္းႀကီးရဲ႕ေက်ာင္းကိုေရာက္ေနတာ အခုေရာ ေကာင္းေကာင္းသတိရၿပီလား ဒကာဘဦး”

အသံလာရာကိုၾကည့္လိုက္ေသာ အခါတြင္႐ြာဦးေက်ာင္းဆရာေတာ္ႀကီးသည္ တည္ၿငိမ္ရင့္က်က္ေသာ အိေျဒတို႔ႏွင့္ ဘဦးတို႔ရွိရာကိုႂကြလာေလသည္။ဘဦးႏွင့္ဖိုးသူေတာ္ႀကီးလည္း အ႐ိုအေသျပဳ၍ၾကမ္းျပင္၌ ဝပ္တြားေနၾကေလသည္။

“ဒကာဘဦး ညကႀကဳံခဲ့ရတာေတြကိုသတိရရဲ႕လား?”

ဆရာေတာ္ႀကီးကမိန္႔သျဖင့္ ဘဦးကသူမေန႔ညကႀကဳံခဲ့ရေသာအေၾကာင္းမ်ားကို မ်က္လုံးအိမ္တြင္း၌ ႐ုပ္ရွင္အေႏွးျပကြက္မ်ားျပသလိုကိုထင္ထင္ရွားရွားျပန္ျမင္လာေလသည္။ ဒါဆိုရင္ဒီႀကိဳ႕ပင္တ႐ြာလုံးကေျပာေနသလိုပင္ သူ႔ဇနီးေအးပုံသည္ ၿပိတၱာဘဝကိုေရာက္ေနၿပီး ႐ြာကိုေႏွာင့္ယွက္ေနသည္မွာ မွန္ေပေတာ့သည္။ေအးပုံတေယာက္ ဒီ႐ြာႏွင့္ပက္သက္၍ ဘာကိုမေက်မနပ္ျဖစ္ကာ အခုလိုမ်ိဳးေႏွာင့္ယွက္ေနသည္ဆိုတာကိုေတာ့သူ႔အေနႏွင့္ လုံးဝကိုနားမလည္ႏိုင္ေတာ့ေပ။

ဖိုးသူေတာ္ႀကီးကဘဦးေတြးေနသည္ကိုသိသြားၿပီး အခုလိုပင္ေျပာလိုက္ေလသည္။

“မင္း ဇနီးက ဘာကိုမွမေက်မနပ္ျဖစ္ေနတာ မဟုတ္ဘူး သူ႔ရဲ႕အစြမ္းနဲ႔ ႐ြာမွာကံနိမ့္တဲ့လူေတြကို တေစၦသရဲဘဝကိုေခၚဖို႔ႀကိဳးစားေနတာ ဒီတိုင္းသာျဖစ္ေနမယ္ဆို ၾကာရင္႐ြာပ်က္သြားႏိုင္တယ္ ဘဦး”

“ဒါ ဒါ ဒါဆိုရင္ညတုန္းက က်ဳပ္ကိုေခၚတာလား ဖိုးသူေတာ္ႀကီး”

“အမွန္ပဲ”

ဘဦးဖိုးသူေတာ္ႀကီးဆီကၾကားလိုက္ရတဲ့စကားမ်ားေၾကာင့္ အလြန္ထိတ္လန္႔မိေတာ့သည္။ဒီလိုဆိုရင္ျဖင့္သူ႔ဇနီးေအးပုံသည္ ေၾကာက္စရာေကာင္းလွေသာ သရဲတဘက္အႀကီးစားႀကီးတေကာင္ပင္ ျဖစ္ေနေလေတာ့သည္။

💀💀💀💀💀💀💀😈😈💀💀💀💀💀💀💀

ေနဝင္ၿပီဆိုတာႏွင့္ ႐ြာမွာရွိေနေသာအိမ္မ်ားအားလုံးသည္ ႐ြာဦးေက်ာင္းဆရာေတာ္ႀကီး ခ်ီးျမႇင့္ထားေသာပရိတ္ႀကိဳးမ်ားကို အိမ္၏ပတ္လည္၌ခ်ည္ေႏွာင္ထားလိုက္ၾကၿပီးအိမ္တံခါးမ်ားကိုပိတ္ထားလိုက္ၾကေတာ့သည္။
႐ြာဦးေက်ာင္းဆရာေတာ္ႀကီး ဦးေဆာင္းၿပီးသံဃာေတာ္ႏွစ္ပါးတို႔သည္ ညဦးပိုင္းထဲမွစ၍ ရတနသုတ္ပရိတ္ေတာ္ကို ႐ြာတြင္း၌ တညလုံးနီးပါး႐ြတ္ဖတ္သရဇယ္ၾကေတာ့သည္။
ဖိုးသူေတာ္ႀကီးအပါအဝင္ဘေဒြးဦးေဆာင္ေသာ ႐ြာကာလသား၅ေယာက္တို႔သည္လည္း သံဃာေတာ္တို႔၏ေနာက္မွ လိုက္ပါလာၾကေလသည္။ရတနသုတ္ပရိတ္ေတာ္တပိုဒ္ဆုံးသည္ႏွင့္
ဖိုးသူေတာ္ႀကီးက သူ၏ေ႐ႊေၾကးစည္ေလးကိုတေနာင္ေနာင္တီးခတ္ေနေလသည္။

ထိုအခ်ိန္မွာပင္ ႐ြာတြင္း၌ ေလျပင္းမ်ား႐ုတ္တရက္က်ေရာက္လာၿပီးတေစၦ၊သရဲ၊ေျမဖုတ္ဘီလူးမ်ားသည္ပုန္းေအာင္း၍မေနဝံ့ၾကေတာ့ပဲအျပင္ကိုထြက္လာၾကေလသည္။ေခြးမ်ားကလည္း မေကာင္းဆိုးဝါးမ်ားကိုေတြ႕သည့္အတြတ္သည္းထန္စြာအူေနၾကေတာ့သည္။ႀကိဳ႕ပင္႐ြာေလး၏ညသည္ကားနာနာဘာဝတို႔၏ေအာ္ညည္းသံမ်ားႏွင့္ေခြးအူသံတို႔ျဖင့္ငရဲပြတ္သည့္အလားဆူညံေနေတာ့သည္။ဒီလိုအသံမ်ားၾကားေနရေပမဲ့ သံဃာေတာ္တို႔သည္ ပရိတ္႐ြတ္ဖတ္ျခင္းကိုရပ္တန္႔သြားျခင္းမရွိပဲဆက္လက္႐ြတ္ဖတ္ၿမဲ ႐ြတ္ဖတ္ေနၾကေလသည္။

“ပဏိဓာနေတာ ပဌာယ……ဒသ ပါရမိေယာ….
ဒသ ဥပပါရမိေယာ….ဒသ ပရမတၱပါရမိေယာတိ….
သမတိ သ ပါရမိေယာ…..”

“ေနာင္..ေဝ ေဝ ေနာင္..ေဝ.ေဝ”
“အူ..ဝူး..ဝူး..အု..အု”

“အား..ေၾကာက္ပါၿပီ ဒီ႐ြာမွာမေနေတာ့ပါဘူး ပရိတ္ေတြမ႐ြတ္ပါနဲ႔ေတာ့ ေၾကးစည္လည္းမတီးပါနဲ႔ေတာ့ အီး အစ္ အစ္ ဟီး ဟီး ဟီး အား ပူ..လိုက္.. တာ”

ႀကိဳ႕ပင္႐ြာေလးအတြင္း၌ ေခြးအူသံမ်ားႏွင့္ မေကာင္းဆိုးဝါးတို႔၏ အသည္းပ်က္စရာ ေအာ္ညည္းသံႀကီးမ်ားကို အိမ္မ်ားအတြင္း၌ရွိေနၾကေသာလူအားလုံးၾကားလိုက္ၾကရေလသည္။
ထိုအခ်ိန္မွာပင္ ေကာင္းကင္ဆီမွ မိုးၿခိမ္းသံႀကီးမ်ားကို ထစ္ခ်ဳန္းစြာၾကားလိုက္ၾကရၿပီး အလြန္သည္းထန္ေသာမိုးႀကီးသည္ ႀကိဳ႕ပင္႐ြာေလးေပၚသို႔သည္းထန္စြာ႐ြာခ်လိုက္ေလေတာ့သည္။

အိမ္မ်ားအတြင္း၌ရွိေနၾကေသာ လူမ်ားသည္လည္း ထရံေပါက္မ်ားၾကားမွ ႐ြာလယ္လမ္းမထက္ဆီကိုေျခာင္းၾကည့္ေနၾကစဥ္တြင္ ႐ြာတြင္း၌ မဲမဲအရိပ္သဏၰန္မ်ားသည္သဲသဲလႈပ္မွ်႐ြာသြန္းေနေသာမိုးေရစက္မ်ားၾကား၌မီးေတာက္မီးလ်ံမ်ားေတာက္ေလာင္လ်က္ ႐ြာအျပင္ဖက္ဆီကို ေသြးပ်က္စရာ ေအာ္သံႀကီးမ်ားႏွင့္ ထြက္ေျပးသြားၾကေပမဲ့ တခ်ိဳ႕ေသာ

အရိပ္မ်ားသည္အိမ္မ်ားဆီကိုေျပးကပ္လာၾကေသာ္လည္း အိမ္မ်ားအနီး၌ အေရာင္အဝါလင္းလက္လ်က္ရွိေသာအိမ္ေစာင့္နတ္မ်ားက ေမာင္းထုတ္လိုက္သည္ႏွင့္ ႐ြာအတြင္း၌ မေကာင္းဆိုးဝါးမ်ား တေကာင္တၿမီးမွ်မေနရဲၾကေတာ့ပဲ ႐ြာအျပင္ သခ်ိင္းထဲကို အကုန္ေျပးဝင္သြားၾကေလေတာ့သည္။

မၾကာမီပင္ ႀကိဳ႕ပင္႐ြာေလးအတြင္း၌ အနိဌာ႐ုံအသံမ်ားကြယ္ေပ်ာက္သြားၿပီး သံဃာေတာ္တို႔၏ပရိတ္႐ြတ္သံမ်ားႏွင့္ဖိုးသူေတာ္ႀကီး၏ ေၾကးစည္သံဟူေသာကၠဌာ႐ုံအသံမ်ားသာလႊမ္းမိုး၍ေနေပေတာ့သည္။

💀💀💀💀💀💀💀💀😈😈💀💀💀💀💀💀
“ေအာက္..အီ..အီ…အြတ္”
အ႐ုဏ္ဦး၏ေရွ႕ေျပးေရာင္နီေဖ်ာ့ေဖ်ာ့မ်ားသည္ ႀကိဳ႕ပင္႐ြာေလးေပၚသို႔ မႈန္ဝါးဝါးက်ေရာက္ေနေပသည္။မၾကာမီေန၏အလင္းစက္တို႔၏ေပြ႕ဖက္မႈ႕့ကို ရရွိေပေတာ့မည္။
အခုဆိုရင္ေတာ့ျဖင့္ ေအးျမလန္းဆန္းေနေသာေလေျပေလညင္းေလးမ်ားသည္လည္း တသုန္သုန္တိုက္ခတ္လ်က္ရွိေပေတာ့သည္။မုန္တိုင္းၿပီးကေလေျပလာသည္ဆိုသကဲ့သို႔ ႀကိဳ႕ပင္႐ြာေလး၏ ေျခာက္ျခားစရာ ေန႔ရက္တို႔သည္အဆုံးသတ္၍ သြားေပေတာ့သည္။
အလင္းေရာင္ေကာင္းစြာရရွိသည္ႏွင့္ ဖိုးသူေတာ္ႀကီးသည္သူ၏ ျပည့္ေဖာင္းေနေသာလြယ္အိတ္ႀကီးကိုလြယ္လ်က္ ႐ြာဦးေက်ာင္းေပၚမွ ဆင္းလာကာ ႐ြာလယ္လမ္းအတိုင္းေလ်ာက္လာေနသည္။
ဘဦးအပါအဝင္ ႐ြာကလသား အခ်ိဳ႕သည္လွည္းေပၚ၌ ၿခံထြက္ သီးႏွံမ်ားကို ႏြားလွည္းေပၚတင္လ်က္ ဖိုးသူေတာ္ႀကီးထြက္သြားရာ ႐ြာလယ္လမ္းမႀကီးသို႔ဒုန္းစိူင္းေမာင္းႏွင္လာၾကသည္။ေရွ႕တူရႈကိုကာလသားတဦးကလက္ညိဳးၫြန္၍ ဘဦးကိုေျပာလိုက္သည္။

“ဟာ ကိုရင္ဘဦး ဟိုေရွ႕မွာ ဖိုးသူေတာ္ႀကီး”

“ဖိုးသူေတာ္ႀကီး ဖိုးသူေတာ္ႀကီး ခဏေနပါအုံးဗ်ိဳ႕”

ဦးသူေတာ္လည္းေနာက္မွ လွမ္းေခၚေနေသာေၾကာင့္ လွည့္ၾကည့္သည့္အခါ ဘဦးတို႔လူစုသူ႔ဆီလာေနသျဖင့္ရပ္ေစာင့္ေနလိုက္သည္။
အနီးကိုေရာက္လာသည္ႏွင့္ ဘဦးက လွည္းေပၚမွဆင္း၍ ဖိုးသူေတာ္ႀကီး၏လက္ကိုဆြဲ၍ ႏႈတ္ဆက္လိုက္ေလသည္။

“ဦးသူေတာ္ ႐ြာကေနျပန္ေတာ့မလို႔လား က်ဳပ္တို႔႐ြာမွာေပ်ာ္သေလာက္ေနပါအုံးလား”

“ကိစၥေတြကအားလုံးၿပီးၿပီေလ ေမာင္ဘဦးရဲ႕ က်ဳပ္မွာဒိျပင္တေနရာမွာ အခက္အခဲျဖစ္ေနရင္ ကူညီရမဲ့ဝတၱရားရွိေသးတယ္ ”

“ဖိုးသူေတာ္ႀကီးကိုက်ဳပ္ မယုံမၾကည္နဲ႔ ေလသံမာမာေျပာခဲ့တာကိုေတာက္းပန္ပါတယ္ က်ဳပ္ကိုခြင့္လႊတ္ပါဗ်ာ”

“က်ဳပ္နားလည္ပါတယ္ ဘဦးဒီ႐ြာမွာရွိေနတဲ့လူေတြအကုန္လုံးေဘးကင္းၿပီဆို က်ဳပ္ေက်နပ္ပါၿပီ”

“ေတာ္ေသးတာေပါ့ ဆရာေတာ္နဲ႔ဦးသူေတာ္သာမကယ္ရင္ က်ဳပ္တို႔တ႐ြာလုံး ဒီမေကာင္းဆိုးဝါးေတြရဲ႕ရန္က ဘယ္ေလာက္မ်ား ဒုကၡေတြေရာက္လိုက္မလဲဗ်ာအခုဆိုရင္ က်ဳပ္တို႔႐ြာကလူေတြဟာ မိစာၦေတြရဲ႕ေခၚယူျခင္းကိုခံရမဲ့ေဘးကေနကင္းေဝးခဲ့ရေတာ့ က်ဳပ္ဝမ္းသာမိတယ္”

“စိတ္ခ်ပါ ေမာင္ဘဦးတို႔႐ြာမွာ ဘယ္လိုအႏၲရာယ္မွမရွိေတာ့ပါဘူး ”

“အဲ့ဒိအတြတ္ ဖိုးသူေတာ္ႀကီးကို ေက်းဇူးတင္ပါတယ္ ေဩာ္ ဒါနဲ႔ ဒီမွာဖိုးသူေတာ္ႀကီးကို လက္ေဆာင္ေပးပါရေစ”

ဘဦးကႏြားလွည္းေပၚက သစ္သီးမ်ားကို ခ်၍ဖိုးသူေတာ္ႀကီးကိုေပးလိုက္ေသာအခါ သယ္ရခက္ေသာဌက္ေပ်ာခိုင္မ်ား၊သစ္သီးျခင္းမ်ားကို မယူေတာ့ပဲ ပန္းသီးေလးေလးငါးလုံးႏွင့္ ဩဇာသီး သုံးေလးလုံးသာယူ၍ သူ၏ေဖာင္းအိေနေသာလြယ္အိတ္ႀကီးတြင္းကို ထည့္၍ အားလုံးကိုႏႈတ္ဆတ္ကာ ႐ြာတြင္းမွ တျဖည္းျဖည္းထြက္ခြာသြားေပေတာ့သည္။
ဘဦးတို႔လည္းတေ႐ြ႕ေ႐ြ႕ေဝးကြာသြားေသာဖိုးသူေတာ္ႀကီးအားၾကည့္၍ မည္သည့္ပိုင္ဆိုင္မႈ႕မွမရွိ အမ်ားဒုကၡေရာက္ေနေသာအခါ အၿမဲတမ္းကူညီဖို႔ အသင့္ရွိေနတတ္ေသာ ဖိုးသူေတာ္ႀကီးကိုၾကည့္၍ ေလးစားအားက်မိေတာ့ေလသည္။

အခုဆိုရင္ျဖင့္ ႀကိဳ႕ပင္႐ြာေလးတြင္ ေငြေၾကးခ်မ္းသာေသာဘေဒြးက ကမကထျပဳ၍ သက္ဆိုင္ရာ၏အကူအညီကိုယူကာ႐ြာရွိလူမ်ား၏က်န္းမာေရးအတြတ္ ေက်းလက္ေဆးေပးခန္းေလးတခုကိုဖြင့္လွစ္ႏိုင္ခဲ့သလို ကေလးေတြပညာေရးအတြတ္လည္း စာသင္ေက်ာင္းေလးတေဆာင္ကို ေဆာက္လုပ္ႏိုင္ခဲ့ေပၿပီ။

အေရွ႕ဆီမွ ေနလုံးႀကီးသည္ လယ္ကြင္းျပင္မ်ားေအာက္မွေခါင္းျပဳထြက္လာကာ အထက္အဇဠာသို႔တရိပ္ရိပ္တက္လာေနသကဲ့သို႔ ႀကိဳ႕ပင္႐ြာေလး၏အနာဂတ္ ေန႔ရက္မ်ားတို႔သည္လည္း ဤေနမင္းႀကီးကဲ့သို႔ပင္ လွပေသာေန႔သစ္ေပါင္းမ်ားစြာကို ဖန္တီးေပးစြမ္းႏိုင္ေတာ့မည္ဆိုသည္ကို ႐ြာသူ/႐ြာသားအားလုံးကယုံၾကည္ေနမိေတာ့သည္။

လမ္းပန္းဆက္သြယ္ေရးအေနႏွင့္လည္း ေ႐ႊဘိုၿမိဳ႕ႀကီးႏွင့္တိုက္႐ိုက္ဆက္သြယ္ထားေသာ ကြန္ကရစ္ လမ္းမရွည္ႀကီးကိုေဖာက္လုပ္ႏိုင္ခဲ့သျဖင့္ ေတာင္ယာဦးႀကီးမ်ားတို႔၏ ၿခံထြက္သီးႏွံမ်ားကို တင္ေဆာင္ထားေသာ ေထာ္လာဂ်ီေလးမ်ားသည္လည္းထိုလမ္းမႀကီးထက္ဆီ၌ ဥဒဟိုသြားလာ၍ေနေပေတာ့သည္။
ယခင္ကလေရာင္ကိုသာ အမွီျပဳရေသာ ဤ႐ြာေလးသည္ခုခ်ိန္မွာေတာ့မဂၢဝပ္ သုံးေသာင္းေက်ာ္မွ်ေပးစြမ္းႏိုင္သည့္ ထရန္စေဖာ္မာစက္သစ္ႀကီးႏွင့္တာဝါတိုင္ႀကီးမ်ားေၾကာင့္ ႐ြာလုံးကြၽတ္အိမ္တိုင္းမီးလင္းႏိုင္သလို ၾကည့္စရာ႐ုပ္သံလိုင္းမ်ား၊ဓာတ္စက္သံတညံညံႏွင့္ညေန၆နာရီမေျပာႏွင့္ ည၉နာရီ၁၀နာရီခန္႔တိုင္ေအာင္ လူသူမျပတ္႐ြာနီးခ်ဳပ္စပ္မ်ားကိုသြားလာႏိုင္ၾကေတာ့သည္။

ဒီလိုႀကိဳ႕ပင္႐ြာေလးေျပာင္းလဲႏိုင္ခဲ့သည္ကား ကြၽႏ္ုပ္တို႔၏ဇာတ္လိုက္ေက်ာ္ႀကီး ဘယ္ကေရာက္လာမွန္းမသိေသာပစၥည္းမဲ့လူတန္းစားဖိုးသူေတာ္ႀကီး၏စြမ္းေဆာင္ခ်က္မ်ားပင္ျဖစ္ေပေတာ့သည္။

ၿပီး၏…

ဝါသနာအရေရးျခင္းမို႔ အမွားအယြင္းႏွင့္လိုအပ္ခ်က္မ်ား ရွိခဲ့ရင္သည္းခံဖတ္ေပးပါေနာ္….

ေရာင္နီ(ေ႐ႊဥကၠလာ)