” ဝိညာဉ်စိမ်း (သတိထားခေါ်ပါ) ” (စ/ဆုံး)

” ဝိညာဉ်စိမ်း (သတိထားခေါ်ပါ) ” (စ/ဆုံး)

============================

အခန်း….၁

ညကား..ဆောင်း၏ ပွေ့ဖက်မှု့ကြောင့် ထိကိုင်မိသမျှ အရာ တိုင်း အေးစက်နေသည် သူခိုးဘလှသိန်း တယောက် ဒီကုန်းမြင့်ပေါ်က အိမ်ကို လေ့လာနေသည်မှာ ဒီကနေ့ဆိုရင်

၂ရက်ခန့် ရှိပြီ လူအဝင် အထွတ် ဝင်လမ်းထွက်လမ်းတွေကို
အားလုံး လေ့လာပြီးမှ ဒီနေ့လို လမိုက်ရက်ညမှာ အိမ်ခြံစည်းရိုး အုတ်တံတိုင်ံးနား ကပ်လာခြင်း ဖြစ်သည်။သူခိုးဆိုသည့်

အတိုင်း အုတ်တံတိုင်းကို ပေါ့ပါးစွာ တွယ်တက်၍ အတွင်းဖက်ကို အသံမမြည်စေပဲဒူးတဖက်ထောက်၍ အောင်မြင်စွာ သက်ဆင်းလိုက်နိူင်သည်။အတွင်းရောက်ကာမှ မျက်လုံးကို ဘယ်ညာ ကစား၍ လမိုက်ည၏ အမှောင်ထုကို အားပြုလျက် အိမ်

ဆီကို တိတ်ဆိတ်ပေါ့ပါးသော ခြေလှမ်းတို့နှင့် ချဉ်းကပ်လိုက်သည်။ဆင်ဝင်အောက် ရောက်၍ အိမ်တံခါးမကြီးအသာတွန်းကြည့်ရာ့ စေ့ရုံစေ့ထားသဖြင့် ဧည့်ခန်းမ တွင်းကို အလွယ်လေးပင် ရောက်လာသည်။ အိမ်တွင်း၌

အလင်းရောင် ဆိုသည်မှာ ကင်းမဲ့လျက် အမှောင်ရိပ်တို့သာ
ကြီးစိုးနေသည်။သူခိုး မျက်လုံးကို အသုံးချ၍ အောက်ထပ်

တခုလုံးကို ဝေ့ဝဲကြည့်သောအခါ အခန်းတိုင်း သော့ခတ်လျက် ရှိခြင်းကြောင့် အပေါ်ထပ်သို့သာ တက်ရန် ရှိတော့သည်။

ထို့ကြောင့် လှေကားနားအသာ ချဉ်းကပ်၍ လှေကားထစ်များ အတိုင်း ခြေဖော့နင်းလျက် တက်လာစဉ် တခုသော အခန်းသည် အလင်းရောင် မှိန်ပျပျ ရှိနေခြင်းကြောင့် ဖွဖွညင်သာ ချဉ်း

ကပ်၍ တံခါးရွက်ကြားမှ အသာဟ၍ အတွင်းသို့ ကြည့်လိုက်စဉ် ခဏ သူခိုးဘလှသိန်း သူလာရင်း အကြောင်းပင် မေ့လျော့သွား၏။ပုရိသတို့၏ သဘောသည် က္ကိတ္တိယတို့ အဆင်း

ပေါ် တွယ်တာ တပ်မက်ခြင်း သဘော ရှိသည်။အရွယ်အားဖြင့် ၂၀ကျော်၃၀ အတွင်းရှိ မိန်းကလေးတယောက် ပြတင်းတံခါးနား ရပ်လျက် အပြင်၌ ရှိသော နှင်းမှုန် နှင်းဖတ်လေးများကို သူမ၏ လက်ခုံလေးနှင့် ဆော့ကစားနေသည့် မြင်ကွင်း

သည် သူခိုးဘလှသိန်းရဲ့ အလုပ်တာဝန် ကိုပင် မေ့လျော့သွားစေနိူင် လောက်အောင် ဖမ်းစားထားလေ တော့သည်။
သူ၏ မျက်လုံးတို့သည် ဤအိမ်တွင်းမှ ပစ္စည်းများကို ယူမည်

ဟူသော လောဘ၏ အရိပ်အရောင်တို့ မတွေ့ရတော့ပဲ မိန်းမပျိုကို ကြည့်၍ ချစ်ခင်ကြင်နာခြင်း တို့သည်သာ မျက်လုံးအိမ်၌

ဖြစ်ပေါ် နေတော့သည်။အခုလို မိန်းမပျိုပေါ်ကို ချစ်မိသည့် အဖြစ်ကြောင့်ပင် သူ၏ အသက် ပေးဆပ်ရမည်ကို သူခိုးဘလှသိန်းတယောက် သိမသွားနိူင်တော့ပေ။တံခါးရွက်ကို ထောက်ထားသော သူ၏လက်အား ချွန်ထက်သည့် အရာနှင့် ရိုက်နှက်ခံလိုက် ရသည်ကိုသာ နောက်ဆုံး သိလိုက်ရတော့သည်။

“ဒုန်း..ဒုန်း..အား”

“ခွေးမသား သူခိုး သေစမ်း”

“အဖေ ဒီသူခိုး အလောင်းကို ဘယ်လိုလုပ်မလဲ”

“နေပိုင် မင်းမလဲအရန်ကော အစဖျောက်ပစ်ရမှာပေါ့ကွ မင်းကသူခိုး အလောင်းကို အိမ်မှာ အလှကြည့်ထားမလို့လား?”

“မဟုတ် ပါဘူး အဖေရ ဘယ်မှာ လက်စဖျောက်ရမလဲ မေးတာပါ”

“ကဲ.စကားများ မနေနဲ့ အခန်းထဲက မင်းအမေ မသိခင်
ဒီအလောင်းကို မြန်မြန်မလာ”
မဟူရာစံနန်း ပိုင်ရှင် ကိုဘလှသိန်းနှင့် သားဖြစ်သူ နေပိုင်တို့ နှစ်ယောက် သူခိုးဘလှသိန်း၏ မသတီစရာ အတ္တဘောကြီး

ကို မနိုင့်တနိုင်မ၍ လှေကားမှ ဆင်းကာ ခြံတွင်းသို့ သယ်လာကြတော့သည်။ထို့နောက် ဖျာကြမ်းတခုနှင့် ပက်ကာ မြင်းလှည်းပေါ် တင်၍ မြို့ပြင်ရှိ သချိင်္်င်းကို မောင်းသွားကြတော့သည်။
_______________________

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး ၂နှစ်ခန့် ုကြာသော အချိန်တွင် ရွှေရတူမြို့ငယ်လေး၏ ထိန်တောသချိင်္်င်း၌ အသုဘ တလောင်းသည် ငိုသံများဝက်ဝက်ကွဲ ကြေးစည်သံ
တနောင်နောင်ဖြင့် မသာချလာ လေသည်။

“နောင်…ဝေ..ဝေ..” ”အမလေး..သူတော်ကောင်းကြီး ဘလှသိန်းရဲ့ မောင်လေးရဲ့ အသေစောလှချည်လား မင်းမိန်းမနဲ့ မင်းရဲ့ မိမနိူင် ဖမနိူင် သားတွေကို စိတ်ချသွားပြီလား…အီး..ဟီး..ဟီး..”

ထိုသို့ ငိုနေသော ဒေါ်ကြီးပိုကို အသုဘ လိုက်ပို့သူထဲမှ ကိုသူတော်က အမြင်မတော်၍ ဝင်တားရသေးသည်။

“အော်..ဒေါ်ကြီးပိုရယ် ခများမလဲ အဲ့လောက် မငိုနဲ့လေ တကယ်ဆို ဒီထဲမယ် ခင်ဗျားက လူကြီးလေ နဲနဲ ဆင်ခြင်အုံးပေါ့ ခင်ဗျား အဲ့လောက် ငိုနေတော့ဟိုမယ်မြနှစ်လေး အားငယ်နေမှာပေါ့ဗျ”

“ဘာဖြစ်လဲတော့ ကိုယ့်မောင်သေလို့ ငိုတာကိုလာပြီး ပိတ်ပင်နေတဲ့သူက ရှိသေးတယ်”

“ရော်.ခက်ပြီကျုပ်က ပိတ်ပင်တာ မဟုတ်ဘူး မြနှစ်လေး စိတ်မကောင်း ဖြစ်မှာစိုးလို့ ပြောနေတာ တားမရလဲ ခင်ဗျား စိတ်ကြိုက်သာငိုဗျာ..တကထဲ”

“အီး..ဟီး..ဟီး..အမလေး ကိုသူတော်ရဲ့”

ဒေါ်ကြီးပို၏ ငိုသံကြောင့် ကိုသူတော် တွန့်ကနဲဖြစ်သွားကာ…

“ဟ..ဘယ်နှယ့်ကိုသူတော်လဲ ခုသေတာ ခင်ဗျားမောင် ဘလှသိန်း.လေ သူ့နံမည်ပြောပြီးငိုလေ”

“အီး..ဟီး..ဟီး..မောင်လေး ဘလှသိန်းရဲ့ သူတော်ကောင်းကြီး..ဟီး..ဟီး”

တကယ်ဆို ဒေါ်ကြီးပို ပြောလည်းပြောချင်စရာ ဘလှသိန်းနှင့်မြနှစ်တို့မှာ သားသုံးယောက်ရှိပေမဲ့သူမတူအောင် တယောက်

တမျိုးဆိုးတဲ့သူတွေ အကြီးကောင် ဟန်အေးက အရက်သမား
အရက်သာ သောက်ရမယ်ဆို ငရဲပြည်ကယမမင်းက ချီးယား

လုပ်ရင်တောင် ခွက်တိုက်ဖို့ ဝန်မလေးတဲ့သူ၊အလတ်ကောင် နေပိုင်ကျတော့ အသောက်အစား မရှိလို့ သူတော်ကောင်းလေးလို့ မအောက့်မေ့နဲ့ ရွှေရတူမြို့လေးမှာ လောင်းကစားခြင်းအရာမှာ ပါရဂူဘွဲ့ ရထားတာ ရပ်ထဲ ရွာထဲက ဖဲဝိုင်း၊ကြက်

ဝိုင်း၊ဂျင်ဝိုင်း မှန်သမျှမှာ မိုးလင်းကမိုးချုပ် ကျန်တဲ့လူတွေသာ
ပြောင်းသွားမယ် ကိုယ်တော်ချောကတော့ အမာခံ လောင်းကစားများ လုပ်ရမယ်ဆို အိမ်ကို နှစ်ရက်သုံးရက်ပြန်မလာ

အငယ်ဆုံးကောင် ဇေယျကျတော့ မျက်နှာကအမြဲမှုန်ကုတ် နေတတ်ပြီး ပြသာနာကိုအမြဲ မီးထွန်းရှာတတ်သူ။အရပ်ထဲမှာ

သူနဲ့ မျက်နှာချင်းဆိုင် လျောက်လာတဲ့လူက တချက်လေးကြည့်မိတာနဲ့ ဘာကြည့်တာလဲ ဆိုပြီး ရန်ဖြစ်ပြီ။ဒေါသက အမြဲ

ငယ်ထိပ်တက်နေပြီး ရပ်ထဲရွာထဲမယ် ဘယ်သူနှင့်မှ မတည့် ဒါကြောင့်ပဲ ကိုဘလှသိန်း ရှိစဉ်က အချုပ်ထဲ ခဏခဏလက်
မှတ်ထိုးပြီး သူ့သားအငယ်ကောင်ကို ပြန်ပြန်ထုတ်ရတာ အမော။မဟူရာစံနန်းဆိုတာ တချိန်ကတော့ ရွေရတူမြို့လေး
မှာအချမ်းသာဆုံးအိမ်တအိမ်ဖြစ်ခဲ့တာ နောက်တော့ ကိုဘလှသိန်းလဲ စီးပွားရေး

ချို့ယွင်းလာတော့ ဟန်သာရှိပြီးအဆံ မရှိတဲ့ အဖြစ်ကို ရောက်တော့သည်။ခုတောင် သူ့အသုဘအတွတ် ကျန်ရစ်ခဲ့တဲ့ သူ့ဇနီး မြနှစ်မှာ သူ့အတွတ် ရည်စူးပြီး ရက်လည်လုပ်ဖို့ပင်
ပိုက်ဆံကမရှိ အခြေနေက အဲ့လောက်ထိတောင် ဖြစ်သွားတာ။

“အင်း..မြနှစ်တော့ လင်ယောင်္က်ျားကမရှိ ကျန်ခဲ့တဲ့ သားသုံးယောက်ကလဲ လောက်လောက်လားလား အားမကိုးရတော့ ခမျာရှေ့ဆက် ဘယ်လို ရုန်းမလဲ မသိဘူးဗျာ”

“အံမယ်..ကိုသူတော် ခင်ဗျားက မုဆိုးဖိုဆိုတော့ ဘာလဲ မုဆိုးမလေး မြနှစ်ကို သနားနေတာလား ခင်ဗျားအကြံကို
ကျုပ်သိတယ်နော် သူသားတွေက လူမိုက်တွေ သွားမလုပ်နဲ့
တော်ကြာခင်ဗျား အသက်ကြီးမှ အထုအထောင်း ခံနေရမယ်”

“အော်..မောင်လုံးရယ် မင်းမလဲ ကိုယ်ပြောချင်ရာကို ငါ့စကားနွားရကို ပြောနေတော့တာပဲ မြနှစ်ကြားသွားရင် စိတ်မကောင်းဖြစ်နေပါအုံးမယ်ကွ”

သုသာန်တစပြင်ရှိ ဇရပ်ပေါ်၌ ကိုဘလှသိန်း၏ အလောင်းအား သံဃာတော်တို့ သရဏဂုံ ရွတ်ဖတ်၍ပြန်ကြွသွားပြီးချိန်
မှာတော့မြနှစ်လည်း ခင်ပွန်းဖြစ်သူ၏ ရုပ်ကလပ်အား နောက်ဆုံး အနေဖြင့် အားရအောင် ကြည့်နေရင်း စိတ်ကထိန်းချုပ်ခြင်းဌာ မစွမ်းသာတော့ပဲ ချုံးပွဲချ၍ ငိုလေတော့သည်။

“အီး.ဟီး.ဟီး..ရှင်ကတော့ စိတ်ချလက်ချ ထွက်သွားပြီပေါ့ ကိုဘလှသိန်းရယ် ရှင်မရှိတော့ ကျမတို့ မိသားစု ဘယ်လိုရပ်တည်ရမလဲတော်…ဟီး..ဟီး..ဟီး”
“ကဲပါ မြနှစ်ညီမလေးရယ် အကိုကြီးတို့လည်း ရှိပါသေးတယ် အဲ့လောက်လဲ စိတ်ဓာတ်မကျပါနဲ့.. မငိုနဲ့တော့နော်..တိတ်..တ်ိတ်.ငါ့ညီမ”

“ဒါတော့ဒါပေါ့ အကိုကြီးရယ် သူ့သားတွေက ဆိုးတယ် ကျမရှေ့ဆက် ဘယ်လိုထိန်းမလဲ နောက်ပြီး စီးပွားရေးဆိုတာလည်း ကျမတို့မှာ ဘာမှရှိတော့တာမဟုတ်ဘူး.ဟင့်..ဟင့်..ဟင်.့..”

“အော်..မြနှစ်ရယ် စီးပွားရေး အကြောင်းကိုတော့ ထည့်မစဉ်းစားပါနဲ့ ကိုသူတော် ရှိပါတယ် ကိုသူတော်တို့က အိမ်နီးချင်းကောင်းတွေပဲ ကူညီရမှာပေါ့”

ဘေးမှ ကိုသူတော်၏ စေတနာဗရပွ စကားကို မြနှစ်အကို ထွန်းမောင်က ရိပ်မိဟန်ဖြင့်…

“ကဲ ကိုသူတော် ခင်ဗျားသိပ်ကူညီချင်နေရင် ခုကျုပ်ယောက်ဖရဲ့ အလောင်းကို ဂူသွင်းဖို့ကို အရင်ကူညီပါအုံး”

“ရပါတယ်..ကိုကြီးထွန်းမောင်ရဲ့”

ဒီခါတွင် ဘလှသိန်းရဲ့အမကြီး ဒေါ်ပိုက ထွန်းမောင်ကို ပြောလိုက်သည်။

“ကဲကဲမောင်ထွန်းမောင်မြနှစ်ှနဲ့တူတူ ဘလှသိန်းကို နောက်ဆုံးကန်တော့ဖို့ မင်းတူတွေ ခေါ်လိုက်”

“ဟေ့..ငါ့တူတို့ လာကြ မင်းတို့အမေနဲ့ အတူတူ လာကန်တော့ကြ”

ထိုအခါ အုတ်ဂူတလုံးကို မှီကာ အရက်သောက်နေသော ဟန်အေးက သိုင်းကွက်နင်း ထလာသလို သုသာန်မှ သုဘရာဇာ ဟေသာနှင့် လောင်းကစားလုပ်နေသော နေပိုင်လဲ ဆော့နေသော ဖဲချပ်ကို ခဏမှောက်၍ သူ့တို့အဖေကို နောက်ဆုံး ကန်တော့ရန် ထလာကြတော့သည်။အငယ်ဆုံးကောင် ဇေယျကတော့ သူ့အဖေ သေသည်ကို မြို့ကိုသံကြိုးရိုက်ထားပေမဲ့ ခုထက်ထိ ရောက်မလာသေးပေ။
———————————————————

“ကဲ.အားလုံး ကန်တော့ကြ ကန်တော့ကြ ဒါဟာ မင်းတို့ အဖေရဲ့ နောက်ဆုံး ခရီးပဲ”

“ဟဲ့..ထွန်းမောင် မင်းတူအငယ်ကောင်က ခုထိမြို့ကမလာသေးဘူးလား နေတောင်စောင်းတော့မယ်”

“ကျနော်လည်း သံကြိုး ရိုက်ထားတာပဲ ဒီကောင်သင်္ဘေ်ာမရလို့လား မသိဘူး ကဲပါထားလိုက်တော့ သုဘရာဇာဟေသာရေ ဂူသာသွင်းလိုက်တော့ နေစောင်းတော့မယ်”

“ကဲ.ဒါဆို ငါနဲ့မြနှစ်တို့ ပြန်နှင့်တော့မယ် ဂူသွင်းတာကို မင်းတို့ပဲ ကြည့်လုပ်လိုက်ကြတော့”

“ဟုတ်ကဲ့..ဒေါ်ပို.ဟုတ်ကဲ့”

ဒေါ်ပိုနှင့်အတူ အသုဘ လိုက်ပို့သူများ သုသာန်တွင်းမှ ပြန်ထွက်သွား ကြသော အခါ သုဘရာဇာဟေသာလည်း ဘလှသိန်း၏ အလောင်းကို ဂူသွင်းလိုက်ပြီးတဲ့နောက် ဂူပိတ်မလို့ လုပ်နေစဉ်…

“အဖေ..အီး..ဟီး.ဟီးအဖေ အဖေဘယ်မှာလဲ ”

“မင်းကွာ နောက်ကျလိုက်တာ သားငယ်ရယ် ခုမင်းအဖေရဲ့ ရုပ်ကလပ်ကိုတောင် ဂူပိတ်တော့မှာကွ. ကဲမပိတ်ခင်လေး ကန်တော့လိုက်..ကန်တော့လိုက်”

“ဟာ..မလုပ်..မလုပ်ပါနဲ့ ဦးလေးထွန်းမောင်ရယ် ကျုပ်အဖေ့ကို ဒီတိုင်း မကန်တော့ချင်ဘူး အဖေ့မျက်နှာကို ကျုပ် နောက်ဆုံး ကြည့်ပါစေ”

ဒီခါ သုဘရာဇာ ဟေသာက ဇေယျအကြောင်းကို မသိပဲ ဝင်ပြောလိုက်သည်။

“ဟာ..မင်းကလဲ ဂူကပိတ်ပြီးပြီကွ ဂူပိတ်ပြီးရင် ပြန်မဖော်ကောင်းဘူး လုပ်မနေနဲ့ ဟိတ်ကောင် ဒီတိုင်းသာ ကန်တော့လိုက်”

“ဟာ..ဒီသုဘရာဇာတော့ သေတော့မယ် ခင်ဗျား စောက်စကားမများနဲ့ ခုဂူကိုဖွင့်မလား မဖွင့်ဘူးလားပြော”

အခန်း(၂)…

“ကဲပါ.ဟေသာရယ် ဖွင့်ပေးလိုက်ပါ သူ့အဖေကို နောက်ဆုံး မြင်ချင်ရှာမှာပေါ့ ဖွင့်ပေးလိုက်..ဖွင့်ပေးလိုက်”

“မဖွင့်ပေးချင်လို့ မဟုတ်ဘူး ကိုကြီးထွန်းမောင်ရ ဒီဂူလုပ်တာ ဘိလပ်မြေတို့ သဲတို့ မကျန်ရင် ကျုပ်အရှုံးပေါ်မှာဗျ ဒါကြောင့်ပြောနေတာ”

“ဟာ..ဒီကောင် ငါလုပ်ရင် သေတော့မယ် ခုဖွင့်မလား မဖွင့်ဘူးလား”?

“အေး..အေး.ပါကွာ ဖွင့်ပေးပါ့မယ်”

သုဘရာဇာ ဟေသာလည်း အုတ်ဂူကိုပိတ်ထားသော အင်္ဂ်တေနှင့် ဘိလပ်မြေများကိုခွာ၍ အတွင်းမှ ဘလှသိန်း၏ အခေါင်းကို အပြင်သို့ ဆွဲထုတ်လိုက်သောအခါ ထိန်တောသချိင်္်င်းတွင်း၌ လေပြင်းများ ရုတ်တရက် ကျလာပြီး ကြည်လင်နေသော ကောင်းကင် ယံတွင် မုိးသားတိမ်လိပ်တို့ ဖြစ်ပေါ်

လာကာ လျှပ်နွယ်များ တဝင်းဝင်းဖြစ်လာသည်ကို ကျန်သူ များက သတိပြုမိသော်လည်း ဘာကိုမှ အယုံကြည်မရှိသော

ဇေယျကတော့ သူ့အဖေ ဘလှသိန်း၏ မျက်နှာကို စိတ်မကောင်းစွာ ကြည့်၍ နောက်ဆုံးအနေနှင့် ကန်တော့လိုက်တော့သည်။

အားလုံးပြီးစီးတော့ ထွန်းမောင်က သူ့တူများကိုအနီးသို့ ခေါ်ပြီး အရေး ကြီးသော စကားတခွန်းကို ပြောလိုက်သည်။

“ကဲ.ငါတူတွေ ခုက အရမ်းအရေးကြီးတဲ့အချိန်ရောက်ပြီ မင်းတို့သေချာ နားထောင်ကြ”

“အကြီးကောင် ဟန်အေး မင်းအဲ့အရက်ပုလင်းမော့်နေတာ ခဏထားပါအုံး ပုလင်းထဲမယ် သိပ်လဲမကျန်တော့ပဲ မော့်နေတယ်”

“အေးလေ ကိုကြီးကလည်း ဒီအရက်ပဲ သောက်နေတာပဲ”

“ဘာဖြစ်လဲကွာ ငါ့ဟာငါ သောက်တာ မင်းကရော ကောင်းလို့လား လောင်းကစားသမားရဲ့”

“ကဲ.ကျေးဇူးရှင်တို့ရဲ့ တော်ကြပါတော့ စကားများမနေပါနဲ့ ဦးလေးခု မင်းတို့အဖေရဲ့ ဝိညဉ်ကို ပြန်ခေါ်တော့မယ်”

“ဟာ..ဦးလေးကလည်း မဖြစ်နိူင်တာတွေ ပြောနေပြန်ပြီ အဖေက သေသွားပြီလေ ပြန်ခေါ်တော့ရော လိုက်နိူင်လို့လား?”

“အငယ်ကောင် မင်းမသိရင် ဘာမှမပြောနဲ့ ငြိမ်ငြိမ်နေစမ်းပါ သေသူရဲ့ ဝိညဉ်ကို အိမ်ကိုပြန်လိုက်ခဲ့ဖို့ကို ခေါ်လို့ရတယ် သူက ရက်မလည်မချင်း အိမ်မှာလိုက်နေခွင့် ရှိပြီး ၇ရက်ပြည့်တာနဲ့ သူ့အတွတ် ရက်လည်ဆွမ်းသွတ် အမျှဝေပြီးရင် သာဓု ခေါ်ခွင့် ရှိတယ် အဲ့လို ခေါ်ရင်လဲ ခေါ်တဲ့သူက လမ်းတလျောက်လုံး စကားမပြောရဘူး အိမ်ရောက်မှ သေသူရဲ့ ဓာတ်ပုံရှေ့မှာ ရှိတဲ့ပန်းအိုးထဲမှာ ဝိညဉ်ခေါ်လာတဲ့ပန်းကို စိုက်လိုက်ပြီးမှသာ ကျန်တဲ့ လူတွေနဲ့ စကားပြန်ပြောလို့ရတယ်”

“အာ့ဆိုလဲ ဦးလေးဘာသာ ကြိုက်သလို လုပ်တော့ဗျာ”

ထွန်းမောင်လဲ ထိုခါမှ ကိုဘလှသိန်းရဲ့ အုတ်ဂူပေါ်တွင်ရှိသော ပန်းအိုးထဲမှ နှင်းဆီပန်း တပွင့်ကို ယူလျက် ပြောလိုက်တော့သည်။

“ကဲ.ဘလှသိန်းရေ မင်းကို အိမ်ပြန် လိုက်ခဲ့ဖို့ ငါတို့ခေါ်ပါတယ် မင်းငါတို့နဲ့ပြန်လိုက် ခဲ့ပါ ၇ရက်မပြည့်မချင်း မင်းအိမ်မှာနေပြီးတော့ ငါတို့မင်းအတွတ် ရည်စူးပြီး လုပ်ပေးတဲ့ ကုသိုလ် ကောင်းမှု့့တွေကို သာဓုခေါ်ခွင့် ရှိပါတယ် ခုမင်း ငါတို့နဲ့ ပြန်လိုက်ခဲ့ပါ”

ထွန်းမောင်က ထိုသို့ပြောကာ ဘလှသိန်း၏ ဝိညဉ်အား ခေါ်လိုက်သည့်အခါ ခပ်လှမ်းလှမ်းရှိ ဘလှသိန်းဟု ဆိုင်းပုဒ် ထောင်ထားသော မြေပုံ မို့မို့တခုသည် မြေစိုင်မြေခဲတို့ အထက်

ကိုကြွတက်လာပြီး အလောင်းကောင် တခုသည် ငုတ်တုတ် ထထိုင်ကာ မတ်တပ်ရပ်လိုက်သည်ကိုတော့ မည်သူမျှ သတိ

မထားမိပေ။ထိုအလောင်းကောင်သည် ပုပ်နံညီလှောင်နေသော သူ၏ ပါးစပ်ကို အစွမ်းကုန်ဖြဲလိုက်သည်နှင့် အတွင်း

မှ အပုပ်ရည်တို့ တတောက်တောက်ကျလာကာ ကြက်သီးထဖွယ် ကောင်းသော ဝမ်းခေါင်းသံကြီးနှင့် ရီလျက် ပြောလိုက်တော့သည်။

“ဟား..ဟား..ဟီး..ဟီးဟီး..ဒီသချိင်္်င်းမှာ ဘလှသိန်းဆိုတာ ငါပဲရှိတယ် ငါ့ကိုခေါ်တော့လည်း လိုက်ရတာပေါ့ကွာ ဟား.ဟား..ဟား..ဟီး..ဟီး”

ထွန်းမောင်တို့လည်း ဘလှသိန်း၏ ဝိညဉ်ကိုခေါ်လျက်ပြန်သွားကြသောအခါ သူတို့၏ အနောက်မှ လွန်ခဲ့သော အနှစ်၂၀ကျော်က မဟူရာစံနန်းမှာ သေဆုံးသွားသော သူခိုးဘလှသိန်း၏ ဝိညဉ် လိုက်လာသည်ကိုတော့ ထွန်းမောင်နှင့် သူ့တူတသိုက်တို့ လုံးဝ မသိရှိတော့ပေ။

———-–—————————————-
မဟူရာစံနန်းသို့ ရောက်သောအခါ ထွန်းမောင်က သချိင်္်င်းမှ ခေါ်လာခဲ့သော ဘလှသိန်း၏ ဝိညဉ် ရှိနေနိူင်သည့်နှင်းဆီပန်း

ပွင့်လေးအား ကိုဘလှသိန်းဓာတ်ပုံရှေ့ရှိ ပန်းအိုးလေးတွင်းသို့
ထိုးစိုက်၍ နှုတ်မှလည်းဤသို့ ပြောလိုက်လေသည်။

“ကဲ..ဘလှသိန်းရေ အခု မင်းအိမ်ရောက်ပြီ ဒီအိမ်မှာ ၇ရက် မပြည့်မချင်း မင်းနေနိူင်ပါတယ်”

ထွန်းမောင်က ထိုသို့ပြောလိုက်သောအခါ ထွန်းမောင်နားတွင် ရစ်ဝဲနေသော သူခိုးဘလှသိန်း၏ ဝိညဉ်သည် အလွန်အားရကျေနပ်ဟန်နှင့် သေသူကိုဘလှသိန်းအတွတ် စားပွဲ

ခုံလေးပေါ်တွင် ချပေးထားသော ထမင်းပန်းကန်ကို ယူလျက် အလွန်ဆာလောင် မွတ်သိပ်စွာနှင့် အငမ်းမရ စားနေတော့သည်။အနီးနားတွင် မည်သည့်အရာမှ မရှိပါလျက် ပန်းကန်တွင်းမှ ထမင်းတို့သည် တဖြည်းဖြည်းလျော့လာလျက်

နောက်ဆုံးတွင် ထမင်းစေ့များ အကုန်ပျောက်သွားခြင်းကို
မြင်ရသော ကိုထွန်းမောင်နှင့် သူ့တူများ အားလုံးလည်း အလွန်အံ့ဩသော အကြည့်နှင့်ကြည့်နေကြလေသည်။သူတို့

တသက်တွင် ဤမျှထူးဆန်းသော အဖြစ်ကို ယခုမှပင် မျက်ဝါးထင်ထင် တွေ့မြင်ကြရပေသည်။ထို့နောက် သူတို့၏ နှာခေါင်းတွင်းသို့ မသတီစရာ ကောင်းလှသော အနံ့ဆိုးကြီးတခု သည်လည်း ဝင်ရောက် လာပေတော့သည်။

“အေ့..ဝေါ့..အား.နံလိုက်တာကွာ အပုပ်နံ့ကြီးက တော်တော်ဆိုးတာပဲ”

ဒီခါတွင် ဒေါ်ကြီးပိုသည် မြနှစ်အနားတွင် ထိုင်နေရာမှ မူမမှန်သော အသွင်သ္ဏန်တို့ဖြစ်လာကာ မျက်ဖြူလန်လျက် အလွန်ကြောက်မက်ဖွယ် ကောင်းလောက်သော ယောင်္က်ျားကြီးတယောက်၏ ကွဲအက်ခြောက်ကပ်နေသော အသံကြီးဖြင့်
နှုတ်မှ တလုံးချင်း ပြောလိုက်တော့သည်။

“ဟားးးး…ဟားးး မင်းတို့အားလုံးကို ကျေးဇူးတင်တယ် ငါစားရမဲ့ သောက်ရမဲ့ဖြစ်နေတာအနှစ်နှစ်ဆယ်လောက်ရှိပြီ အခုမှပဲ ဝဝလင်လင် ရှိတော့တယ် ဟီးးးးး ဟီးးးး ဟီးးးး”

ဒေါ်ကြီးပိုလည်း ထိုသို့ပြောပြီး လဲကျသွားသော အခါတွင် အိမ်ပေါ်ထပ် မှလူတယောက်၏ ပြင်းထန်သော တောက် ခေါက်သံကြီးနှင့်အတူ အရာဝထ္ထုများအား ဆွဲချသောအသံများကိုလည်း တဆက်တည်း ကြားလိုက်ကြရတော့သည်။

ဤကဲ့သို့သော အသံဗလံများကြောင့် ကျန်သောသူများက အလွန် ကြောက်ရွံ့တုန်လှုပ် နေကြသော်လည်းမြနှစ် ကား ကြောက်ရွံ့ခြင်း ကင်းလျက် ကိုဘလှသိန်း၏ ဓာတ်ပုံအား ဆို့နင့်စွာ ကြည့်၍် စိတ်နှလုံးမသာယာသော အသံနှင့်ပြောလိုက်တော့သည်။

“ကိုဘလှသိန်း ရှင်အဲ့လိုတွေ မလုပ်ပါနဲ့ ရှင့်ဘဝသစ်မှာ စိတ်ဖြောင့်ဖြောင့်နေပါ ကျမရှင့်တွတ် ရည်စူးပြီး ကုသိုလ် လုပ်ပေးပါမယ် အဲ့ဒိခါကျရင်သာ ရှင်သာဓုခေါ်နိူင်အောင် ကြိုးစားပါ အခုတော့ကျန်တဲ့လူတွေကို မခြောက်မလှန့်ပါနဲ့”

မြနှစ်က ထိုသို့ ပြောလိုက်သည်နှင့် တအိမ်လုံးဝုန်းဒိုင်းကြဲနေသောအသံများလည်းချက်ချင်းငြိမ်သက်သွားတော့သည်။ သူခိုးဘလှသိန်း၏ ဝိညဉ်သည်ကား မြနှစ်၏စကားကိုတော့ နားထောင်ပုံ ရပေသည်။

———————————————————
“အူ.အူ..အု.ဝူးးး”

ထိန်တောသုသာန်တွင်းမှ ခွေးတကောင်၏ အူလိုက်သံသည် အခုလို အကာလညအခါမျိုးတွင် အသည်းငယ်တတ် သူဆို ခေါင်းနပန်းပင်ကြီးသွားလောက်သည်။သုသာန်တစပြင်၏ အထက် အဇ္ဖဠာတွင်မတော့ တိမ်မဲ တိမ်ညစ်တို့ကား ဖုံးအုပ်လျက် ရှိသဖြင့် တခြမ်းပဲ့ လ၏ အလင်းရောင်သည် တစပြင်ထက်ဆီကို မှုန်တိမှုန်မွားသာ ကျရောက်လျက် ရှိသည်။

ထိုအလင်းအောက်မှာပင် အုတ်ဂူဖြူဖြူတို့ကိုမြင်ရသည်မှာလည်း စိတ်ကိုညိုးနွမ်းစေလေသည်။ထိုဂူများထဲမှ ညနေက မှဂူ

သွင်းထားသော ကိုဘလှသိန်း၏ အုတ်ဂူထက်မှ လက်တဖက်သည် ခဲရာခဲဆစ် ထွက်လာလျက် နောက်ဆုံးတွင် တကိုယ်လုံး ရုံးကြွ၍ အုတ်ဂူထက်၌ တက်ထိုင်နေတော့သည်။

သူကား မဟူရာစံနန်း၏ အရှင်သခင် ကိုဘလှသိန်းပင် ဖြစ် တော့သည်။သွေးမရှိကာ ဖြူလျော်သော မျက်နှာဖြစ်လျက်

မဲနက်သော မျက်လုံးပြူးပြူးများက သုသာန်တွင်းကိုဘေးဘီ ဝဲယာ ကျီးကန်းတောင်မှောက် ကြည့်နေစဉ်မှာပင် သူ၏ အုတ်ဂူ အရပ်လေးမျက်နှာမှ အရိပ်မဲများထွက်လာကာ အုတ်ဂူ
ပေါ် ဆောင့်ကြောင့်ထိုင်နေသော ကိုဘလှသိန်းကို ဝင်ဆွဲုကြတော့သည်။

“အာ..ဟ..ဟ..ဘာကောင်တွေလဲ..သွားးး..သွားးး သွားးး ကြပါ ငါကြောက်လို့ပါ ကယ်တော်မူကြပါဗျို့..အ..အားးးး”

ကိုဘလှသိန်း၏ ကြောက်မက်ဖွယ် အသံကို ခပ်လှမ်းလှမ်းရှိ အုတ်ဂူ တလုံးထက်၌ သချိင်းဓူတင်ဆောက်တည် နေသော

ဆရာတော်တပါးက ကြားသည့်အခါ မေတ္တာကမ္မဌာန်းပွားများ၍ သတ္တဝါအပေါင်း ဘေးရန်ကင်းပါစေဟု ဆုတောင်း

လိုက်သည်နှင့် ကိုဘလှသိန်းကို ဝင်ဆွဲနေသော မဲမဲသဏ္ဏန် များလည်း ပျောက်သွားလေသည်။ထိုခါမှသူ့အား ကယ်ဆယ်

သူကိုကြည့်လိုက်သောအခါ အုတ်ဂူတလုံးပေါ်၌ ဆရာတော် တပါးကို တွေ့သဖြင့် ထိုနေရာကို လေ၏ အလျင်ကဲ့သို့ရောက်သွားပြီးနောက် ဆရာတော်အား လက်အုပ်ချီလျက်..လျောက်လိုက်လေသည်။

“ဆရာတော်ဘုရား ဒီနေရာက ဘယ်နေရာလဲဘုရား ဘေး ပတ်လည်မှာလဲ အုတ်ဂူတွေနဲ့ပြီးတော့ တပည့်တော်ကိုလဲ ဘာမှန်းမသိတဲ့ အကောင်တွေက ဝင်ဆွဲနေကြတယ်ဘုရား”

“အင်း..ဒကာကြီး..လောကမှာ ဘယ်အရာမှ မမြဲပါဘူး အရာရာကိုလည်း ပုံသေကားချပ် မတွတ်ထားပါနဲ့”

“ခု ဒကာကြီးရောက်နေတဲ့ နေရာဟာ လူသားတွေရဲ့ကံနိမိတ်တွေ အဆုံးသတ်တဲ့နေရာပဲ”

“ဘုရား..ဘုရား..ဒါဖြင့် တပည့်တော် သေသွားပြီလားဘုရား”

“ဦးဇင်းပြောခဲ့ပြီးပြီလေ လူသားတွေရဲ့ ကံနိမိတ်တွေ အဆုံးသတ်တဲ့နေရာလို့”

“အမလေး..ဒါဖြင့်ရင် တပည့်တော်ကို ကယ်ပါအုံး ဘုရား”

“ဘုရားရှင်တောင် လွန်ဆန်လို့ မရတဲ့ သေခြင်းကို ဦးဇင်းက ဘယ်လိုကယ်မလဲ ခုဒကာရောက်နေတဲ့နေရာဟာ လူသားတွေ ကုသိုလ်ကံကြီးကြီးမားမား မရှိခဲ့ရင် ရောက်ကြရတဲ့ ပေတလို့ခေါ်တဲ့ ပရလောကဘုံ တခုကို ရောက်နေတာ ဒကာ”

“အရှင်ဘုရား..အဲ့ဒါဆို တပည့်တော်ရဲ့ မိသားစုတွေကို အခုချိန်မှာ မတွေ့နိူင်တော့ဘူးလား ဘုရား..”

“အဲ့လိုလဲ မဟုတ်ပါဘူး ဒကာ့အနေနဲ့ ခုချိန်မှာ မိသားစုတွေကို တွေ့ချင်တွေ့လို့ ရပါသေးတယ် ပြီးတော့ ဒကာ့မှာလဲ ကုသိုလ်အငွေ့အသက်လေး နဲနဲကျန်နေတော့ ဒကာနေခဲ့တဲ့အိမ်ကို ပြန်သွားလို့ ရပါသေးတယ်”

“မှန်ပါဘုရား အဲ့ဒါဆို တပည့်တော် ပြန်ချင်ပါတယ်ဘုရား အဲ့ဒါလေးတော့ တပည့်တော်ကို ကူညီပါ”

“ကောင်းပြီလေ ဦးဇင်းဒီကနေ ဒကာသွားမဲ့လမ်းမှာ အတားအဆီး မရှိရအောင် မေတ္တာပို့ပေးပါမယ်”

“ကျေးဇူးကြီးလှပါတယ်ဘုရား”

ကိုဘလှသိန်း ဝိညဉ်လဲ ထိုသို့ပြောပြီး ဆရာတော်ကို ဦးချ ကန်တော့ ပြီးသည့်နောက်တွင် ကွယ်ပျောက်သွားလေသည်။

“အူးးးး…ဝူးးးး…..ဝူးးးး..အု….အူးးးးး”

မဟူရာစံနန်းရှေ့၌ ခွေးတကောင်သည် မည်သည်ကို တွေ့သည်မသိ အပေါ်ကို ကြည့်၍ စူးစူးဝါးဝါး အသံရှည် ဆွဲ၍ကြောက်မက်ဖွယ် အူနေတော့သည်။

ခြံဝန်းတံခါးသည် ရုတ်တရက်ပွင့်လာကာ ဖြူလွလွ အရိပ်သဏ္ဏန်တခုသည် အိမ်အဝင်ဝဆီကို တရွေ့ရွေ့ဖြင့် ချဉ်းကပ်လာ၏။အဝင်ဝဆီကို ရောက်သောအခါ အတွင်းသို့ ဝင်၍

မရပဲ ထိုသဏ္ဏန်သည် အတွင်းမှ တစုံတယောက်က တွန်းထုတ်လိုက်သလိုဖြစ်ကာ နောက်ကိုလွင့် ထွက်သွားသည်။ထို့နောက်အတွင်းမှနေ၍…

“သင်.ဒီအိမ်တွင်းကို ဝင်ခွင့်မရှိဘူး ဒါကြောင့် ဒီကနေ ထွက်သွားပါ”

“ဘာလို့ ဝင်လို့မရရမှာလဲ ဒီအိမ်က ကျုပ်အိမ်ပါ ဒါကြောင့်ကျုပ်ပြန်လာခွင့်ရှိတယ်လေ”

“ဒါတော့မသိဘူး ဒီအိမ်တွင်းမှာ သင့်ထက်အရင်ရောက်တဲ့ ဝိညဉ် တဦးရှိနေတယ်”

အိမ်တွင်းမှ ထိုအသံ ပျောက်သွားသည်နှင့် ဟားတိုက်ရီမောလိုက်သံကို ကိုဘလှသိန်း ကြားလိုက်ရသည်။

“ဟားးးးး ဟားးး ဟားးးး…သနားစရာပါလား ဘလှသိန်းရယ် ကျွတ်…ကျွတ်..မင်းအတွတ် ငါစိတ်မကောင်းပါဘူးကွာ…ဟင်းးး…ဟင်းးးး”

“သူခိုးဘလှသိန်း ငါ့အိမ်ထဲကို ရောက်နေတာ လက်စသတ်တော့မင်းကိုး..ငါ့အိမ်ထဲကို မင်းဘာလို့ လာနေတာလဲ အခုချက်ချင်းထွက်သွားစမ်း”

“ဒီမယ် ဘလှသိန်းမင်းကအခုချိန်မှာ ငါ့ကို အမိန့်ပေးဖို့ တန်လို့လား ကိုယ့်ကိုကိုယ်ပြန်ကြည့်အုံး မင်းဟာ အပါယ်ခံ ဝိညဉ်တဦးဖြစ်နေပြီလေ..ဟားးးး ဟားးးး”

် ”သူခိုးဘလှသိန်းမင်းက ငါနဲ့နံမည်တူလိုီ့အခွင့်အရေးကို အသုံးချပြီး ဒီအိမ်ထဲကို မင်းဝင်လို့ရသွားတာနော်”

“ငါ..အဲ့ဒါတွေ မသိဘူး ပြီးတော့ငါချစ်တဲ့မြနှစ်လေး အနားမှာအခုလို နေခွင့်ရသွားတာလဲ ငါ့တွတ်မဟာ အခွင့်အရေးလေ..ဟား..ဟား..ဟား..”

“ဟာ..မင်းခွေးစကား မပြောနဲ့ ဒီလိုဘဝကြီးရောက်နေတာတောင် မင်းသူများမယားကို ကြာခိုချင်နေသေးတယ် ဟုတ်လား?”

“မင်းတို့သားအဖသတ်လို့ငါဒီလိုဘဝမျိုး ရောက်ရတာ အဲ့တော့မင်းတို့မိသားစုကို ငါဘယ်လို ဒုက္ခပေးမလဲလို့ စောင့်ကြည့်လိုက်”

“ငါ့အတွတ်ရည်စူးပြီးလုပ်မဲ့ ကုသိုလ်တွေကို မင်းကအချောင်သာဓုခေါ်မယ်ပေါ့”

“အမှန်ပဲ ဘလှသိန်း ဒါကြောင့် ဒီအိမ်မှာ ၇ရက်မပြည့်မချင်း ငါချစ်တဲ့ မြနှစ်လေးအနားမှာ နေအုံးမှာ မင်းကတော့ အဲ့ဒိ တံခါးဝကနေ ဒီမြင်ကွင်းတွေကို စိတ်မကောင်းစွာနဲ့ ကြည့်နေပေတော့…ဟားးးးးးးဟားးးးးးးဟားးးးး”

“ဟဲ့ကောင်သရဲယုတ်မင်းဒီအခွင့်အရေးတွေမယူနဲ့မြနှစ်ရေ.မြနှစ် အကို့အဖြစ်တွေ ကြည့်ပါအုံးကွာ မြနှစ်…မြနှစ်ရေ..အီးးးးဟီးးးဟီးးးးး…”

ကုတင်ပေါ်တွင်မြနှစ်ှအိပ်နေရာမှ ကိုဘလှသိန်း၏အသံ ကြားလိုက်စဉ် ဆတ်ကနဲ လန့်နိုးသွားသည် အိမ်မက်ထဲတွင်

သူ့ခင်ပွန်းအပြင် အခြားတယောက်ကိုပါ တွေ့လိုက်ရတော့ အိမ်အတွင်းမှာ ရောက်နေသောဝိညဉ်သည် မိမိခင်ပွန်းမှ ဟုတ်ပါရဲ့လားဟု သံသယစိတ်ဖြစ်နေတော့သည်။
———————————————————-
ထိန်တောသုသာန်တွင်း၌ အသုဘကမ္မဌာန်း စီးဖြန်းနေသည်မှာ ဆရာတော်အဖို့ ဒီနေ့ညသည် နောက်ဆုံးနေ့ပင်ဖြစ်သည်။သချိုင်းအတွင်းသာမက လောကကြီးကို မေတ္တာပွား၍

မိမိ၏ဝိပသာနာ ပွားများအားထုတ်ခြင်းကို စိတ်အေးချမ်းသာ
စွာပွားများနေမိသည်။ထိုစဉ် ဆရာတော်၏အနားကို ကိုဘလှသိန်း၏ ဝိညဉ်ရောက်လာသည်။

“အင်း..အိမ်ရှင်နဲ့ဧည့်သည်ဟာ နေရာလွဲနေပြီ မဟုတ်လားဒကာ”

“မှန်ပါအမှန်ပါပဲဘုရား တပည့်တော် အိမ်ထဲကို နံမည်တူတာကို အသုံးချပြီး ကောက်ကျစ်တဲ့ ဝိညဉ်တကောင်ကနေရာယူထားပါတယ်ဘုရား”

“ဖြစ်ချိန်တန်လို့ ဖြစ်လာတယ်လို့ နှလုံးသွင်းပါ ဒကာ”

“တပည့်တော်မိသားစုအတွတ်စိုးရိမ်လို့ပါဘုရား”

ဆရာတော်လဲ ကိုဘလှသိန်းဝိညဉ်၏ လျောက်နေမှု့ကို ခေါင်းတဆတ်ဆတ်ည်တ်၍ နားထောင်နေသည်။

“ဒကာတို့ရဲ့ တယောက်အပေါ်တယောက်ထားတဲ့ အငြိုးတွေ ဂလဲ့စားတွေကို ဒီဘဝမှာပင် ဖြတ်ကြတော့”

“တပည့်တော်ကတော့ သူတို့သားအဖကို ဒီဘဝတင်မဟုတ်ဘူး နောင်ဆယ်သက်ရှိတောင်မကြေဘူးဘုရား”

ဆရာတော်နှင့်ကိုဘလှသိန်းဝိညဉ်တို့ ပြောနေစဉ် ထိန်တောသုသာန်တခွင်လုံး ပြင်းထန်သော လေပြင်းများကျလာပြီး ကိုဘလှသိန်း၏ ဝိညဉ်အား အလွန်အားပြင်းသော လေပြင်းတခုကဆွဲမွေ့သွားသည့်အတွတ် ခပ်လှမ်းလှမ်းရှိ အုတ်ဂူတလုံးနှင့် ကိုဘလှသိန်း၏ ဝိညဉ်သည်ဆောင့်မိလေတော့သည်။

ဒီခါတွင် ဆရာတော်လဲ ဝိညဉ်ဆိုးတကောင်၏ နှောင့်ယှက်မှု့မှ ဝေးစေရန် ရတနသုတ်ပရိတ်တော်ကို ရွတ်ဖတ်လိုက်သည့် အခါတွင်..

“အားးးးးးးးအ.အားးးးး ပရိတ်ရွတ်တာကို ရပ်ပေးပါတော့
တပည့်တော် မီးလိုပူလို့ပါဘုရား..အ..အားးးးးး”

“ဦးဇင်းပရိတ်ရွတ်ခြင်းက သတ္တဝါတွေကို ညဉ်းဆဲလို၍မဟုတ်ဘူး ဒကာရဲ့တပါးသူအပေါ် အနိုင်အထက်ပြုခြင်းကို ရပ်တန့်စေရန်သာဖြစ်တယ်”

“ဒါဖြင့်ရင် တပည့်တော်ကျသူတို့သားအဖရဲ့ ရက်စက်မှု့ကို မေ့လိုက်ရတော့မှာလား”

ဒီအခါတွင် လဲကျနေသော ကိုဘလှသိန်းဝိညဉ်က ပြန်ထလာပြီး သူခိုးဘလှသိန်းအား တောင်းပန်စကားဆိုသည်။

“ငါတောင်းပန်ပါတယ် ဘလှသိန်း ငါတို့အတိတ်က မင်းအပေါ် မှားခဲ့တာရှိရင်ငါ့ကိုပဲအပြစ်ပေးပါကွာ မြနှစ်နဲ့ ငါ့သားတွေကိုတော့ ဘာမှမလုပ်ပါနဲ့ကွာ”

“အေးလေ..အဲ့ဒါဆိုလဲ မင်းကိုနောက်တခါသေအောင် လုပ်ပေးရတာပေါ့”

“ဟဲ့..ဟဲ့..ဒကာဦးဇင်းဒီလောက်ပြောနေတာ စိတ်ကိုထိန်းမှပေါ့”
ဆရာတော်၏ တားမြစ်မှု့ကြောင့် သူခိုးဘလှသိန်း၏ဝိညဉ်လဲ ဒေါသကို ထိန်းလိုက်သည်။

“သာဓုဒကာ..သာဓု..သာဓုအဲ့ဒိဒေါသကို ထိန်းခြင်းဟာ ဒကာဒီဘဝက ကျွတ်လွတ်ဖို့ အချိန်တန်ပြီပဲ”

ဒီခါမှာ သူခိုးဘလှသိန်းဝိညဉ်လဲ ဆရာတော်အား ဒူးထောက်ချ၍ အဆုံးမကိုခံယူလိုက်သည်။

“တကယ်တော့ ဒကာတို့နှစ်ဦးလုံး အပြစ်ရှိတယ် တဦးက သူ့အသက်သတ်သလို တဦးကလဲ သူများ အိမ်ခြံအားကျုးနင်းဝင်ရောက်ရခြင်းကြောင့်ဖြစ်တယ်”

“မှန်ပါတပည့်တော်တို့ အမြင်မှန်ရပါပြီဘုရား”

ထို့နောက်ဆရာတော်၏ တရားသံအဆုံးတွင်တော့ သူခိုးဘလှသိန်းဝိညဉ်နှင့်ကိုဘလှသိန်းဝိညဉ်တို့သည် ပြိုင်တူသာဓုခေါ်လိုက်သည်နှင့် သူတို့၏တင့်တယ်မှု့မရှိသော ခန္ဓာကိုယ်အတ္တဘောတို့သည် အလွန်ပြည့်ဖြိုးလာ၍ အရောင်အဆင်းတို့လဲ ကြည်လင်တောက်ပလာကြတော့သည်။
ထို့နောက် ဆရာတော်အား ရိုသေစွာကန်တော့ပြီးသည်နှင့် ထိန်တော သချိင်္်င်းတွင်းမှကွယ်ပျောက်သွားကြလေတော့သည်။

အထက်ပါ အဖြစ်ပျက်များဖြစ်ပွားပြီးတလခန့်ကြာသည့် အခါမဟူရာစံနန်းတွင်းမှ သာယာသော ဆည်းလည်းသံ
လေးများကိုကြားလိုက်ရတော့သည်။

“အူငဲ..အူငဲ..အူငဲ..”

“မွေးပြီတော်ရေမွေးပြီ ကိုသူတော်ရှင်တော့ အားကိုးစရာလေးတွေရပြီယောက်ကျားလေးတွေတော့ အမြွာလေးတွေတော်ရေ”

“ဒေါ်…ဒေါ်ဆုံ.မြနှစ်ရောနေကောင်းလား မြနှစ် ဘယ်လိုနေသေးလဲ ပြီးတော့ကျုပ်ကလေးတွေရော ”

“အမလေး..ကိုသူတော်တို့က ခုမှ မိန်းမနဲ့ကလေးတွေကို စိတ်ပူတတ်တဲ့အဖေဖြစ်ပြီပေါ့”

“အော်ဒေါ်ဆုံရယ် သူတို့က ကျုပ်ဘဝလေးတွေဗျ

ကိုသူတော်လည်း ပြောပြောဆိုဆို အမြွာသားလေးနှစ်ယောက်အား ရင်ခွင်တွင်းထဲ့၍ကျေနပ်ပီတိဖြစ်သော အပြုံးတို့နှင့် ကြည့်နေလိုက်သည့်ချိန်တွင် အပြင်မှပြန်ရောက်လာကြသော ဇေယျ၊၊ဟန်အေးနှင့်နေပိုင်တို့လည်း သူတို့၏ အမြွာညီအကိုဝမ်းကွဲလေးတွေကို ကြည့်၍ အလွန်ပျော်နေမိတော့သည်။ထိုမြင်ကွင်းကို မီးနေခန်းအတွင်းရှိခုတင်ပေါ်တွင် လက်သည်ဒေါ်ဆုံလုပ်ပေးသော စမုံနက်ထုပ်လေးရှုကာကြည့်နေသော မြနှစ်၏ မျက်လုံးအိမ်တွင်လဲ ဝမ်းသာမှု့့ကြောင့် မျက်ရည်လေးများ ရစ်ဝိုင်းနေတော့သည်။
ထိုအမြွာ ကလေးနှစ်ယောက်သည်ကား တချိန်က မဟူရာစံနန်းနှင့်တနည်းတဖုံ ပက်သက်မှု့့ရှိခဲ့မည်ကိုတော့ မည်သူမျှ အတတ်ပြောနိူင်မည်မဟုတ်တော့ချေ။

ပြီး၏..

စာကြွင်း..ထိုကလေးနှစ်ယောက် အရွယ်ရောက်လာသည့် အချိန်တွင် ကိုဘလှသိန်းနှစ်ကိုယ်ခွဲထားသကဲ့ အလွန်ပင် တူလှသောကြောင့် မိဘတွေဖြစ်သည့် ဦးသူတော်နှင့် ဒေါ်မြနစ်တို့ကိုယ်တိုင်ပင် အကြီးနှင့်အငယ်ကို ခွဲခြားဖို့ရန် အလွန်ပင်ခက်ခဲနေပေတော့သည်။

ရေးသားသူ-ရောင်နီ(ရွှေဥက္ကလာ)

#crd