” သင်္ချိုင်းကပါလာတယ် “(စ-ဆုံး)

Unicode Version

” သင်္ချိုင်းကပါလာတယ် “(စ-ဆုံး)
——————————————–

” ရွက်ဝါရေ … ညနေကြရင် အကင်တန်းသွားရအောင်လေ ”

ဒီနေ့မှ အာသီသပြင်းပြနေတာနဲ့ ရွက်ဝါကိုဖုန်းဆက်ညှိ
လိုက်မိတယ်။ ကျွန်မစားချင်တယ်ဆိုတော့ သူငယ်ချင်း
ရွက်ဝါကလည်းစားမယ်လို့ပြန်ဖြေလာတယ်။

ရွက်ဝါနဲ့ကျွန်မကငယ်သူငယ်ချင်း။ ၅တန်းလောက်က
တည်းက စားအတူ၊ သွားအတူ ညီအစ်မအရင်းလိုနေလာ
ကြတာ။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်အိမ်က တစ်နေ
ရာစီပါ။

ရွက်ဝါအိမ်နဲ့ ကျွန်မအိမ်ကြားမှာ ရပ်ကွက်နှစ်ခုလောက်
ခြားသေးတယ်။ ကျောင်းသွားရင်လမ်းမကြုံတာတောင်
ဆုံလို့ရတဲ့နေရာအထိ တစ်ကွေ့တစ်ပတ်ကြီး ချိန်းပြီးမှ
တူတူသွားတာ။

ခုဆိုကျောင်းပြီးလို့ ရွက်ဝါက ကုမ္ပဏီတစ်ခုမှာ အလုပ်
ဝင်နေပြီ။ ကျွန်မကတော့ခုထိအလုပ်မရသေးပါဘူး။
အလုပ်ရှာလို့ကောင်းတုန်းပေါ့။

ဒါကြောင့်လည်း ရွက်ဝါအလုပ်ပိတ်ရက်တွေမှသာ ဆုံ
ဖြစ်ကြတော့တယ်။ အဲ့ဒီအချိန်အထိ ကျွန်မတို့ဘဝမှာ
ပူပင်စရာကြီးကြီးမားမားရယ်လို့မရှိခဲ့ဘူး။

ဒါပေမယ့် ထိတ်လန့်စရာ အဖြစ်အပျက်ကြီးဟာ ကျွန်မ
တို့ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာချိန်မှာတော့ …။

ည ( ၁၁ ) နာရီလောက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
နေတုန်း ဖုန်းမြည်လာခဲ့တယ်။ အိပ်မှုံစုံမွှားနဲ့ ဖုန်းကိုင်
လိုက်တဲ့အခါ ရွက်ဝါရဲ့တုန်ယင်နေတဲ့အသံကို အရင်
ဆုံး ကြားလိုက်ရတော့ ကျွန်မရင်ထဲထိတ်သွားတယ်လေ။

” ဘာဖြစ်တာလဲ ရွက်ဝါ ”

” ကဗျာ ကားအက်ဆီးဒင့်ဖြစ်လို့တဲ့ဟာ … ခုနကပဲဆုံး
သွားပြီတဲ့ဟ ”

ကျွန်မမျက်လုံးတွေပြူးကျယ်သွားခဲ့ရတယ်။ အိကဗျာ
မေဆိုတာ ကျွန်မတို့နဲ့ တစ်ဖွဲ့တည်း။ ရွက်ဝါနဲ့ကျွန်မက
ပိုအတွဲညီလို့ အမြဲတတွဲတွဲဖြစ်ပေမယ့် မိန်းကလေးသူ
ငယ်ချင်း ၄ ယောက်၊ ယောကျာ်းလေးသူငယ်ချင်း ၃
ယောက်နဲ့ ကျွန်မတို့ကျောင်းတုန်းကအဖွဲ့က( ၇ )ယောက်
အဖွဲ့ပေါ့။

ကျွန်မတို့ ကျောင်းပြီးထားတာ ( ၅ )လလောက်ပဲရှိပါ
သေးတယ်။ အရင်လိုမတွေ့ဖြစ်တာလည်း ဒီ ( ၅ )လ
ပဲ။ ဒီအတောအတွင်းတော့ တစ်ခါ နှစ်ခါလောက်ဆုံဖြစ်
ကြတာကလွဲလို့ ထပ်မတွေ့ဖြစ်သေးဘူး။

ကျောင်းပြီးတာနဲ့အလုပ်တန်းရတာဆိုလို့ ရွက်ဝါရယ်၊
အောင်ဖြိုးသူရယ်၊ အိကဗျာမေရယ် ( ၃ ) ယောက်ပဲရှိ
တာပါ။ ကျန်တဲ့သူတွေက အလုပ်ရှာနေကြတုန်း၊ အလုပ်
မရှိကြသေးဘူးပေါ့။

အိကဗျာမေနဲ့ မတွေ့ဖြစ်တာသိပ်မကြာသေးသလိုမလို့
ကျွန်မအရမ်းလန့်သွားမိတယ်။ လုံးဝမထင်မှတ်ထားတဲ့
ကိစ္စကြီး။

” သေချာလို့လားဟာ … နင့်ကိုဘယ်သူပြောလဲ ”

” သူ့ဘဲဖုန်းဆက်လာတာ … ငါတို့တွေကိုမနက်ဖြန်လာ
ခဲ့ပေးပါဦးတဲ့ ”

” ငါမယုံနိုင်သေးဘူးရွက်ဝါ … ဘယ်လိုဖြစ်ရတာတဲ့လဲ ”

” ငါပိုဆိုးတာပေါ့ဟ … နင်သိတဲ့အတိုင်းပဲ ”

ရွက်ဝါပြောမှ သတိရသွားမိတယ်။ ဟိုတလောက ရွက်ဝါ
နဲ့ ကဗျာ စကားအချေအတင်များထားလို့ တစ်ယောက်နဲ့
တစ်ယောက်မခေါ်ကြဘူး။

” အဲ့ဒါတွေမေ့ထားလိုက်တော့ … သူ့နောက်ဆုံးအချိန်
လေး … နင်စိတ်ထဲဖြေလိုက်ပါ‌ေတာ့ဟာ ”

” ငါစိတ်ထဲမထားပါဘူး … မနက်ဖြန်အတူသွားမယ်
နော် ”

” အေ… ဘယ်လိုဖြစ်တာတဲ့လဲ ပြောဦး ”

” သူ့ဘဲပြောတာကတော့ သူတို့ Night out ထွက်ရင်း
အပြန်မှာ ကားမှောက်တာတဲ့ … ကျန်တဲ့သူအကုန်ဒဏ်
ရာနည်းနည်းပဲရတယ် … ကဗျာတစ်ယောက်ပဲ … ”

” ဖြစ်ရလေဟယ် … ငါရင်ထဲဘယ်လိုကြီးလဲမသိဘူး…
ငိုချင်ပေမယ့် ငိုမရဘူးဟ ”

” ငါရောပဲ … ငါတခြားသူတွေကိုပြောပြလိုက်ဦးမယ် ”

” အေးပါ … ”

ရွက်ဝါဆီကဖုန်းချသွားပြီး ကျွန်မအိပ်မရတော့ပါဘူး။
ကျောင်းအတူတက်ခဲ့တာမလို့ သူ့ပုံရိပ်တွေမျက်လုံးထဲ
မြင်ယောင်နေမိတယ်။

နောက်နေ့မနက် ရွက်ဝါနဲ့ချိန်းပြီး အိကဗျာရဲ့ အသုဘ
ကိုရောက်သွားတာပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ လောက
ကြီးကို နှုတ်ဆက်သွားတော့ သူ့နာရေးက တော်တော်
လေးစည်ပါတယ်။

သူငယ်ချင်းတွေအားလုံးလူစုံတက်စုံပြန်ဆုံကြပေမယ့်
ကျွန်မတို့ ရင်ထဲ နာကျင်မှုတွေနဲ့ပါပဲ။ ကဗျာရဲ့ရုပ်ကလပ်
ဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်မနေဘူး။ အိပ်နေတဲ့အတိုင်းပဲ။
မအိကဗျာ‌ေမ အသက် ( ၂၂ ) နှစ် ဆိုတဲ့ နာရေးဖိတ်စာလေး
ကို ကျွန်မတို့ငေးကြည့်နေမိကြတယ်။

” မနက်ဖြန်စောစောလာခဲ့ဦးနော် … ကူလုပ်ပေးစရာရှိ
တာလုပ်ရအောင် ”

နောက်ရက်မီးသဂြိုလ်မှာဆိုတော့ ကျွန်မတို့စောစောဆုံ
ကြဖို့ ပြောထားကြတယ်လေ။ အားလုံးကတော့မျက်
နှာနွမ်းလျလျတွေနဲ့ပြန်ခဲ့ရတာပေါ့။

နောက်နေ့‌မနက် ( ၁၀ )နာရီလောက်ကတည်းက ကဗျာ
ရဲ့အိမ်မှာလူစုံနေကြပါပြီ။ ကဗျာရဲ့နောက်ဆုံးခရီးအ
တွက် ပန်းလှလှလေးတွေကိုသီပေးဖြစ်ကြတယ်။

နေ့လည် ( ၁၂ ) ခွဲလောက်မှာ မီးသဂြိုလ်ဖို့အိမ်ကစထွက်
ကြတာပေါ့။ ကျွန်မတို့သူငယ်ချင်းတစ်ဖွဲ့လုံးက ကား
တစ်စီးအတူစီးကြပါတယ်။

သင်္ချိုင်းကိုရောက်တော့ ကဗျာရဲ့မိသားစုဝင်တွေက
ငိုယိုနေကြတာကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ရတယ်။
ကျွန်မတို့လည်းထိန်းထားတဲ့ကြားကမျက်ရည်ကျလာ
ကြတယ်။ မထိန်းနိုင်လာတော့ဘူး။

” ကဗျာရေ ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေနော် ”

ကျွန်မနှုတ်က ခပ်တိုးတိုးရေရွတ်လိုက်ရင်း ကားပေါ်ပြန်
တက်မလို့ပြင်နေတုန်း သင်္ချိုင်းမြေပေါ်က သစ်ငုတ်စလေး
နဲ့ ခလုတ်တိုက်မိပြီး ခြေမကနေ သွေးထွက်လာခဲ့တော့
တယ်။

” ဟဲ့ အိစံ … ဘယ်လိုဖြစ်ရတာလဲ ”

ရွက်ဝါကဘေးနားရောက်လာပြီး ကျွန်မခြေထောက်ကို
လှမ်းကြည့်ရင်းမေးတယ်။

” ခလုတ်တိုက်မိလို့ဟ … ”

ရွက်ဝါကလည်း သူ့အိတ်ထဲကနေ Tissue ထုတ်ပြီး
လှမ်းပေးရင်း စိုးရိမ်တကြီးနဲ့ဒဏ်ရာကိုငုံ့ကြည့်နေ
တယ်။ ကျွန်မလည်း ဘာမှမဖြစ်ပါဘူးလို့ပြောရင်း
Tissueယူပြီး သွေးတိတ်အောင်ခဏဖိထားလိုက်ရ
တယ်။

အများကြီးမထိမိလို့တော်သေးတာ၊ အသားနည်းနည်း
လန်ပြီး သွေးနည်းနည်းထွက်တာကလွဲလို့ ဘာမှကြီး
ကြီးမားမားမဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ ခြေထောက်ကစစ်ခနဲ
ကိုက်တာကို သည်းခံရင်းကားပေါ်တက်ပြီးပြန်လာခဲ့
လိုက်တယ်။

ကဗျာအိမ်ရောက်တဲ့အခါ အိမ်ရှေ့မှာချထားပေးတဲ့
သရော်ကင်မွန်းရည်နဲ့ ခြေလက်ဆေးကြရတယ်။ ပြီး
တဲ့အခါ မျိုးမင်းဦးက အနာကပ်ပလာစတာ သွားဝယ်
ပေးလို့ ကပ်လိုက်တာပေါ့။ အဲ့ဒီအချိန်အထိက ပုံမှန်
အတိုင်းပါပဲ။

ကျွန်မအိမ်ပြန်ရောက်ပြီး ညနေရောက်လာတဲ့အခါ လူ
တစ်ကိုယ်လုံးချမ်းစိမ့်စိမ့်ဖြစ်လာပြီးတော့ ဖျားချင်သ
လိုဖြစ်လာတော့တယ်။ နေလို့မကောင်းနေတော့ဘူး။
အဲ့ဒါနဲ့ ညစာစားပြီးတာနဲ့ ဒီကိုလ်ဂျင် တစ်လုံးသောက်
ပြီး အစောကြီးအိပ်ရာဝင်ခဲ့လိုက်ရတယ်။

အိပ်နေရင်း ကျွန်မအသက်ရှုကြပ်လာတာ၊ နိုးတစ်
ဝက်အိပ်တစ်ဝက်နဲ့သိလိုက်တာကတော့ ကျွန်မကို
တစ်ယောက်ယောက်ကလည်ပင်းညစ်ထားတာပါ။
အရမ်းလန့်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်
မကိုယ်ပေါ်မှာ မိန်းမတစ်ယောက်က ခွထိုင်ပြီး ကျွန်မ
လည်ပင်းကိုညှစ်နေတာ။

အဲ့ဒီမိန်းမကိုတစ်ခါမှမမြင်ဖူးဘူး။ မျက်နှာတစ်ခြမ်း
က မည်းနက်ပြီး သွေးစရဲရဲတွေထွက်နေတယ်။ ကျန်
တစ်ခြမ်းက လူသေမျက်နှာကြီး။ ကြောက်အားလန့်
အားနဲ့ ကုန်းအော်လည်း အသံကထွက်မလာခဲ့ဘူး။

အဲ့ဒီမိန်းမက ကျွန်မကို တော်တော်မုန်းတီးနေပုံရတယ်။
လည်ပင်းညှစ်ထားတာကိုမလွှတ်သလို အချိန်ကြာလာ
တာနဲ့အမျှ ပိုအားကြီးလာတယ်။ ကျွန်မတော့သေပြီလို့
ထင်နေမိပြီ။

ရုန်းလို့လည်းမရနဲ့ ဘာလုပ်ရမှန်းမသိတဲ့အခါ တတ်
သမျှဘုရားစာတွေကို ဆက်တိုက်ရွတ်လိုက်မိတော့
တယ်။ အဲ့ဒီအခါ လည်ပင်းညှစ်ထားတဲ့လက်က တဖြည်း
ဖြည်း ပြေလာပြီး အဲ့ဒီမိန်းမဟာ ကုတင်ခြေရင်းနားကို
လွှင့်ကျသွားတော့တာပဲ။

ကျွန်မလည်း ကြောက်လန့်တကြားအော်ရင်း ကုတင်
ပေါ်ကနေဆင်းပြေးမိတော့တယ်။ အခန်းမီးအမြန်ဖွင့်
ပြီး ပြန်လှည့်ကြည့်လိုက်တော့ ဘာမှရှိမနေတော့ဘူး။
ကျွန်မမိဘနဲ့ အစ်မဖြစ်တဲ့သူက အော်သံကြားလို့ကျွန်မ
အခန်းထဲ ပြေးလာကြတာပေါ့။

ကျွန်မလည်းဖြစ်ကြောင်းကုန်စင်ပြောပြတဲ့အခါ သူတို့
လည်း လန့်နေကြတယ်။ ပြီးတော့ ကျွန်မကို ဘုရားစင်
ကနေ သောက်တော်ရေစွန့်ပြီး တိုက်ကြတယ်။ ဒါပေ
မယ့် ကျွန်မအကြောက်မပြေခဲ့ပါဘူး။

အဲ့ဒီအချိန်ကည ( ၁၂ ) နာရီကျော်လောက်ဖြစ်တာ။
အခန်းထဲလည်းမအိပ်ရဲတော့လို့ ကျွန်မအစ်မနဲ့တူတူ
သွားအိပ်ရတော့တယ်။ ကျွန်မဘေးမှာ အစ်မရှိနေလို့
စိတ်ချလက်ချအိပ်ပျော်သွားခဲ့တယ်။

ဒါပေမယ့် ကျွန်မအစ်မက ကျွန်မကိုအတင်းလှုပ်နိုး
လာတဲ့အတွက် လန့်သွားပြီး အမြန်ထထိုင်လိုက်တဲ့
အခါ အစ်မကကျွန်မကို တအံ့တဩနဲ့ သေချာစိုက်
ကြည့်နေတယ်လေ။

” ဘာလို့လဲ … ဘာဖြစ်လို့လဲ ”

” နင်ဘာလို့ ညကြီးသီချင်းဆိုနေတာတုန်း ”

” ဟမ် … မဆိုပါဘူး ငါအိပ်နေတာလေ ”

” ဟဲ့ … နင်မျက်လုံးကြီးပြူးပြီး မျက်တောင်လည်း
မခတ်ဘဲ သီချင်းဆိုနေလို့ ငါတောင်ကြောင်သွား
တာကို ”

” မမကလဲ … ငါအိပ်နေတာပါဆို … ဘယ်ကသီချင်း
ဆိုရမှာတုန်း ”

ကျွန်မအစ်မက ကျွန်မကို နားမလည်နိုင်သလိုပြန်ကြည့်
နေတယ်။

” အိပ်မက်ယောင်နေတာလားမသိပါဘူး … အဲ့လို
မနောက်နဲ့ဟ … ငါကြောက်တယ် … ”

ပြောပြီးတာနဲ့ သူလည်းအိပ်သွားတယ်။ အိပ်မပျော်
တော့တဲ့သူက ကျွန်မ။ အစ်မပြောတဲ့စကားကို စဉ်းစား
လို့မရနေဘူး။ ကျွန်မကဘာကိစ္စသီချင်းဆိုရမှာလဲ။

နောက်ပြီး ကျွန်မကသီချင်းဆိုတာမျိုး လုပ်လေ့မရှိ
ဘူး။ တခါတလေမှပဲသီချင်းနားထောင်တတ်တာ။
ဒါကိုကျွန်မက ခုလိုညကြီးအချိန်မတော်သီချင်းဆိုနေ
တယ်တဲ့လေ။

ကျွန်မလည်းဟိုလှိမ့်ဒီလှိမ့်အိပ်မပျော်ဖြစ်နေတုန်းမှာပဲ
အိမ်အပြင်ဘက်ကနေ ကျွန်မနာမည်ကို ခေါ်လိုက်တဲ့
အသံကြားလိုက်ရတယ်။ တကယ်ရှင်းရှင်းကြီး။ အသံ
ကျယ်ကြီးနဲ့အော်ခေါ်လိုက်သံပါ။

” အိအိစံ ” ဆိုပြီး သေချာကိုကြားလိုက်တာ။ ကျွန်မလည်း
ခေါင်းနဘမ်းကြီးပြီးချွေးစေးတွေပျံလာမိတယ်။ ခုလို
ညကြီးအချိန် ဘယ်သူက အော်ခေါ်မှာတဲ့လဲ။

ကြောက်လွန်းလို့ အစ်မနားအတင်းတိုးကပ်နေမိတော့
တာပဲ။ စောင်ခေါင်းမြီးခြုံထားတုန်း အခန်းတံခါးက
လော့ချထားရက်သားနဲ့ လော့ပွင့်သွားသံကြားလိုက်ရတယ်။

ကျွန်မအမေထင်လို့ စောင်ကိုဖယ်ကြည့်လိုက်တော့
တံခါးကပွင့်မလာပါဘူး။ ကျွန်မလည်း တအံ့တဩနဲ့
မှင်သေသေဖြစ်ပြီး တံခါးကိုပဲမျက်တောင်မခတ်ကြည့်
နေမိတယ်လေ။

၅မိနစ်လောက်ကြာတဲ့အထိ ဘာမှမထူးခြားလာတော့
ကုတင်ပေါ်ကထပြီး တံခါးနားကပ်သွားကြည့်လိုက်
တယ်။ တံခါးလော့ကတကယ်ပွင့်နေတာပါ။ တံခါး
ချောင်နေတာများလားပေါ့။

တံခါးကို ဆွဲဖွင့်လိုက်တဲ့အခါ မျက်လုံးတွေပြာသွား
သလိုပါပဲ။ အခန်းဝမှာ မိန်းမတစ်ယောက်ရပ်နေတယ်။
ရှပ်အင်္ကျီအကွက်နဲ့ ထမိန်က ချည်ထမိန်ဝတ်ထားတာ။
အသားညိုညိုနဲ့ အရမ်းကြောက်စရာကောင်းပါတယ်။
အသံကုန်အော်ပြီး ကျွန်မမေ့လဲသွားတော့တာပဲ။

ကျွန်မသတိရလာတဲ့အခါ မျက်နှာနဲ့ရင်ဘတ်တစ်ခုလုံး
ရေတွေစိုနေတာကိုအရင်ဦးဆုံးခံစားလိုက်ရပါတယ်။

” အိစံ … အိစံ ”

အမေကစိုးရိမ်တကြီးနဲ့ ကျွန်မကိုလှုပ်နိုးနေတာလည်း
သိလိုက်တယ်။ မျက်လုံးကိုကြိုးစားဖွင့်ကြည့်လိုက်
တော့ အခန်းဝမှာ ကျွန်မလဲကျနေပြီး ဘေးမှာတော့
အဖေ၊ အမေ နဲ့ အစ်မ စုစုစံ ကိုတွေ့လိုက်ရတော့တယ်။

အားယူပြီးထထိုင်လိုက်တဲ့အခါ ကျွန်မခေါင်းထဲမိုက်ခနဲ
တစ်ချက်ဖြစ်သွားပြီး ဘာမှမသိခဲ့တော့ဘူး။ ကျွန်မပြန်
နိုးလာတော့ နေ့ခင်းဘက်ဖြစ်နေပြီ။ ကျွန်မအခန်းထဲက
ကုတင်ပေါ်မှာပေါ့။

အခန်းထဲ ဆွေမျိုးတွေအများကြီးရောက်နေကြတယ်။
အပြင်ဘက်မှာလည်း စကားပြောသံတွေနဲ့ ဆူညံနေတာ
ပဲ။ ကျွန်မအားယူပြီးထထိုင်လိုက်တော့ ဘေးနားကိုပြေး
လာကြတယ်။

” ဘယ်လိုနေသေးလဲ သမီး ”

” ခေါင်းနည်းနည်းမူးတယ်မေမေ ”

” ရှုဆေးလေးရှုထား … ရော့ … ရော့ … ”

အဖေက ရှုဆေးဗူးလေးလှမ်းပေးလာတယ်။ လှမ်းယူ
ပြီးရှုနေတုန်း အမေက ပြောတယ်။

” သမီး ဘာဖြစ်တာလဲ မှတ်မိလား .. ”

ကျွန်မခေါင်းခါပြလိုက်တယ်။

” တစ်ခုမှမမှတ်မိဘူးလား ”

” မမှတ်မိဘူးမေမေ ”

” သူဘယ်သိပါ့မလဲ မိချိုရာ … ငါ့သမီးပင်ပန်းနေပြီ…
ဗိုက်ဆာနေရောပေါ့ … သမီး … တစ်ခုခုအရင်စားလိုက်
ဦး … ဘာစားချင်လဲ ”

အဖေမေးမှ ကျွန်မဗိုက်ဆာနေတာသတိရသွားမိတော့
တယ်။

” ဗိုက်ဆာတယ် … ဘာစားရမလဲမသိဘူး ”

အမေကကျွန်မနဖူးကိုအသာစမ်းရင်း

” အဖျားငွေ့ငွေ့ရှိနေတယ် … အစာမာ မစားသေးနဲ့ဦး
မောင်ထူးရေ ”

” ဟုတ် အန်တီကြီး ”

” ဟိုဘက်လမ်းက ရသာစုံ ဆိုင်မှာ ကြက်သားဆန်ပြုတ်
လေး သွားဝယ်ပေးဦး…သားရေ … တစ်ပွဲ ၂၀၀၀ လား
မသိဘူး … ရော့ … ရော့…ဒီမှာ … ”

အမေက အဖေ့တူလေး ထူးမြတ် ကို ငါးထောင်တန်
တစ်ရွက်ထုတ်ပေးပြီး သွားဝယ်ခိုင်းလိုက်တယ်။

” ချိုင့်ယူသွားရမလား အန်တီကြီး ”

” အေ အေ ယူသွားလိုက်သား ”

ထူးမြတ်ထွက်သွားတော့ အဖေ့ညီမ ကျွန်မအဒေါ်က
ကျွန်မဘေးလာထိုင်ပြီး

” ကံကောင်းလို့ပေါ့ သမီးရယ် … သရဲမက ဘယ်က
လိုက်လာလဲ မသိဘူး … သမီးဘယ်တွေသွားသေးလဲ…
ဘာတွေလုပ်မိသေးလဲ ”

” ရှင် ”

” သူ့ကိုဝင်ပူးတာသူမမှတ်မိဘူး ရွှေမိရေ … ”

အမေက ဝင်ပြောနေတယ်လေ။ အဲ့ဒီအခါမှ ကျွန်မ
သဘောပေါက်မိတော့တယ်။ ညက လည်ပင်းလာညှစ်
တဲ့မိန်းမ၊ အခန်းတံခါးဝမှာရပ်နေတဲ့ မိန်းမက ကျွန်မ
ကိုယ်ထဲဝင်ပူးကပ်တာဖြစ်မှာ။

” ကဗျာကို သဂြိုလ်လို့ လိုက်ပို့တာပဲရှိတာ အန်တီလေး…
သမီးဘယ်မှမသွားမိပါဘူး … ဘာမှလည်းမလုပ်မိပါ
ဘူး ”

” သဂြိုလ်ပြီးပြန်လာတော့ရော ခြေလက်ဆေးရဲ့လား ”

” ဆေးတယ် … သူ့အိမ်ရှေ့မှာ တရော်ကင်မွန်းရေ ထား
ထားပေးလို့ သေချာဆေးခဲ့သေးတယ် … ”

” အင်း … ဒီလိုဆိုဘယ်ကနေလိုက်လာလဲမပြောတတ်
ဘူး … သင်္ချိုင်းကနေလိုက်လာတာပဲဖြစ်မှာပါ … ”

” နေကပူပူနဲ့ ခြေလက်ဆေးလိုက်တော့ အပူရှပ်သွား
တာလည်းပါမယ် ”

အမေပြောမှ ခြေထောက်ကဒဏ်ရာကိုသတိရသွားမိ
တော့တယ်။

” ခြေထောက်ထိမိထားလို့ ဖျားတာလားမသိဘူးမေမေ ”

” ဟင် … ဘယ်မှာထိတာလဲ ”

ကျွန်မလည်း ခြေထောက်ကဒဏ်ရာကိုပြလိုက်ပြီးတော့

” သဂြိုလ်ပြီးပြန်တော့ ကားပေါ်မတက်ခင် သစ်ငုတ်နဲ့
ခလုတ်တိုက်မိတာ … အသားနည်းနည်းလန်သွားရုံပါ
ပဲ … ဘာမှတော့မဖြစ်ဘူး ”

” ဟဲ့ … သင်္ချိုင်းမှာလဲတာလား ”

” ဟုတ်အန်တီလေး ”

” အဲ့ဒါကြောင့်ကိုး … ”

” မီပြီးလိုက်လာတာနေမယ် ရွှေမိ ”

” ဆရာထွန်းနိုင်လာရင် ပြောပြလိုက်ပေါ့ မမချို ”

ကျွန်မအဒေါ်ပြောတဲ့ ဆရာထွန်းနိုင်ဆိုတာ အထက်
လမ်းဆရာလေ။ သူ့ကိုပင့်ထားတာဆိုရင် ညကအခြေ
အနေဆိုးလို့များလား။ သိချင်တာနဲ့မေးကြည့်လိုက်တယ်။
အမေနဲ့ အစ်မပြောပြတာနားထောင်ပြီး ကျွန်မအရမ်း
လန့်သွားမိတာပဲ။

ညကအော်ရင်းမေ့လဲသွားပြီး ကျွန်မကိုဝင်ပူးသွားချိန်မှာ
တစ်အိမ်လုံးနိုးလာကြတယ်။ ကျွန်မက အခန်းထဲကနေ
အိမ်အပြင်ဘက်ပြေးထွက်လို့ အကုန်ဝိုင်းဖမ်းရသတဲ့။

အိမ်ထဲပြန်ရောက်တော့ စကားတွေအမျိုးမျိုးလျှောက်
ပြောနေတယ်လို့ပြောတယ်။ ပြီးတော့ အိမ်အပြင်ဘက်
ပဲထွက်ပြေးနေလို့ ကြိုးတုပ်ထားမှရမယ်ဆိုပြီး ကြိုး
တုပ်ထားကြတာ။

ကျွန်မက ကြိုးကို ရုန်းရင်းရုန်းရင်း ပြေသွားရောပေါ့။
ကြိုးပြေတာနဲ့ အိမ်နံရံကိုတွယ်တက်တော့တာပဲတဲ့။
အိမ်နံရံတစ်ဝက်ထိရောက်နေပြီ၊ အဖေက အတင်းဆွဲ
ထားလို့ အပေါ်အထိမရောက်တာ။

ပြီးတာနဲ့ ကျွန်မအစ်မကိုကြည့်ပြီးပြောသေးတယ်။
” ငါကနင့်ဆီဝင်ချင်တာ … ဝင်မရလို့ ” တဲ့။ ကျွန်မကို
မနိုင်ကြတဲ့အခါ အိမ်နီးနားချင်းတွေကို အကူအညီတောင်း
ရတော့တာပေါ့။

လူတွေအများကြီးရှေ့မှာ ကျွန်မက ရှိုက်ကြီးတငင်ငို
လာရောတဲ့။ ပြီးတော့ သရဲမက သူ့သမီးနဲ့တွေ့ချင်တဲ့
အကြောင်း၊ လိုက်ပို့ပေးပါလို့ ပြောတယ်ပေါ့။ ဘယ်ကို
လိုက်ပို့ရမလဲမေးတော့ ဇီးကုန်းရွာကိုပါတဲ့။

ဇီးကုန်းဆိုတဲ့နာမည်ကအများကြီး နေရာအတိအကျ
ပြောလို့ထပ်မေးတော့ သူနေရာသေချာမမှတ်မိဘူး။
သူသိတာ ဇီးကုန်းရွာက ခင်မြထွေး ဆိုတာပဲလို့ပြော
တယ်။

ခင်မြထွေးကသူ့သမီး။ သူ့သမီးဆီခေါ်သွားပေးပါပဲ
ထပ်ခါထပ်ခါပြောနေတယ်။ နေရာပြောမှခေါ်သွားလို့
ရမှာပေါ့၊ မှတ်မိသလောက်ပြောဆိုတော့ သူကပြောပြီး
သားစကားပဲထပ်ပြောနေတော့ တခြားဟာထပ်မေးကြ
တယ်။

ဘာဖြစ်လို့အိစံဆီဝင်ပူးတာလဲဆိုတဲ့အခါ ကျွန်မနောက်
ကိုသူလိုက်လို့ရလို့လိုက်လာတာတဲ့။ ကျွန်မကနေတဆင့်
သူ့သမီးဆီသွားချင်လို့ပေါ့။ အဲ့ဒါ‌ေကြာင့်ကျွန်မကို
ခြောက်လှန့်တော့တာ။

သရဲမက ပြောပြီးပြန်မထွက်ပေးဘူး။ ခင်မြထွေးဆီ
ပို့ပေးဆိုပြီးပဲ ထပ်သောင်းကျန်းပြန်ရော။ အဲ့ဒါနဲ့ ဘေး
အိမ်က အဒေါ်ကြီးက သူ့မှာ ဆရာတော်ပေးထားတဲ့
ပုတီးရှိတယ်ဆိုပြီး အိမ်ပြန်သွားယူလာတယ်။ ပြီးတော့
ကျွန်မလည်ပင်းကိုဆွဲလည်းဆွဲပေးရော ကျွန်မကိုယ်ထဲ
ကနေ ထွက်ပြေးသွားတော့တာပဲ။ ကျွန်မလည်း ခွေကျပြီး
မေ့လဲသွားတာ အခုမှပြန်နိုးလာခဲ့တာပေါ့။

ညကအဖြစ်အပျက်တွေကိုနားထောင်ပြီး အရမ်းအံ့ဩ
နေမိတယ်။ ကျွန်မအဲ့လိုတောင်ဖြစ်ခဲ့သတဲ့လား။ အဲ့နေ့
တနေ့လုံး လူကမလန်းခဲ့ဘူး။ ရှိန်းတိန်းတိန်းဖြစ်နေတုန်း
ပဲ။ ကျွန်မကိုဝင်ပူးခဲ့တဲ့သရဲမ ရှိနေသေးတဲ့ပုံရတယ်။

ညနေရောက်တော့ ဦးလေးနဲ့အဒေါ်က ဆရာထွန်းနိုင်
နဲ့သူ့တပည့်ကို အိမ်ပင့်လာခဲ့တော့တယ်။ ဆရာက
ဘုရားစင်ရှေ့မှာထိုင်ခိုင်းပြီး ဘုရားကန်တော့စေတာ
ပေါ့။ ကျွန်မလည်း ဘုရားကိုဦးချကန်တော့လိုက်တယ်။

ပြီးတာနဲ့ ဆရာက ကျွန်မကိုလက်ဖဝါးဖြန့်ခိုင်းပ်တယ်။
အမှောင့်ပရောဂနှောင့်ယှက်နေတာမှန်ရင် လက်ချောင်း
တွေလှုပ်ပြစမ်းလို့ ဆိုတဲ့အခါ ကျွန်မလက်ချောင်းတွေ
က သူ့အလိုလို ခွဲသွားပြီး တရစပ်လှုပ်လာတော့တယ်။

ကျွန်မလှုပ်နေတာမဟုတ်မှန်း ကျွန်မသေချာသိနေတာ
လေ။ ခိုလေးတွေ ငှက်ကလေးတွေ တောင်ပံတဖျပ်ဖျပ်
ခတ်နေသလိုမျိုး လက်ချောင်းတွေက လက်ဖမိုးကို
လာထိနေကြတယ်။ အဲ့ဒါကို တအံ့တဩငေးနေရင်း
ကျွန်မ ထပ်မေ့မျောသွားပြန်ရော။

ပြန်သတိရလာတဲ့အခါ ကျွန်မကို ဆရာက အားလုံးသိ
လားလို့မေးတယ်။ ကျွန်မဘာမှမသိတဲ့အရာမလို့ ခေါင်း
ခါပြလိုက်တာပေါ့။ ဆရာထွန်းနိုင်က ရေမန်းတစ်ခွက်
မန်းမှုတ်ပြီး တိုက်ပါတယ်။

အဲ့ဒါသောက်ပြီးတဲ့အခါ လက်ဖွဲ့ကြိုးအနီလေး လည်
ပင်းမှာဆွဲပေးတယ်။ ဆရာထွန်းနိုင်တို့ပြန်သွားတဲ့အခါ
မှ အိမ်သားတွေပြန်ပြောပြကြလို့သိရတာကတော့ မေ့
သွားတဲ့အချိန် ကျွန်မအသံဩဩကြီးထွက်လာသတဲ့။

ခင်မြထွေးဆီပို့ပေးဖို့ပြောတော့ နေရာလည်းမသိ၊ လိပ်
စာလည်းအတိအကျမသိလို့ ပို့ပေးဖို့မလွယ်ဘူးပေါ့။
ဒီလိပ်ပြာရှင်ကိုထပ်‌မနှောင့်ယှက်ဖို့ ဆရာကမေတ္တာ
ရပ်ခံတဲ့အခါ ခင်မြထွေးဆီပို့ပေးရင် မနှောင့်ယှက်ဖို့
ကတိပေးသတဲ့။

ဆရာက မေတ္တာရပ်ခံလို့မရရင် ကြိုးချည်ထားရလိမ့်
မယ်လို့ဆိုမှ ဒါဆိုလည်း သူ့အတွက်အလှူလုပ်ပေးပါ
လို့တောင်းဆိုလာတာပေါ့။ သူ့နာမည်က မခင်ဦး တဲ့။

ဘုရားဖူးလိုက်လာရင်း ကားမှောက်ပြီးဆုံးတာလို့ပြော
တယ်။ နောက်ရက်မှာတော့ မခင်ဦးအတွက်ရည်စူးပြီး
သံဃာတွေပင့်ဖိတ်လို့ အမျှပေးဝေ‌ေပးလိုက်ပါတယ်။

အဲ့ဒီညမှာ ကျွန်မအိပ်မက်မက်ခဲ့တယ်။ မခင်ဦးဆိုတဲ့
မိန်းမက သူ့ကိုအမျှပေးတာ ကျေးဇူးတင်တဲ့အကြောင်း
လာပြောတယ်။ ပြီးတော့ သူပြောတဲ့စကားကြောင့်
ကျွန်မ အရမ်းလန့်သွားရတော့တာပဲ။ သူပြောတာက

” နင့်သူငယ်ချင်းလည်း နင်တို့‌ေနာက်ကို ငါနဲ့အတူ
လိုက်လာတာ … သူကငါ့လို ဝင်ပူးမရလို့ အိမ်အပြင်က
ပဲ စောင့်နေရတယ် … သူက နင်တို့အတွက် စကားပါး
ခိုင်းလိုက်တယ် … နောက် ( ၂ ) ပတ်နေပြီးရင် ရွက်ဝါ
ဆိုတဲ့ ကောင်မလေးကို လာခေါ်ကြတော့မယ်တဲ့ … သူ့
သူငယ်ချင်းနဲ့ အတူသွားဖို့ သူစောင့်နေတယ်လို့ပြော
ပေးပါတဲ့ ”

အဲ့လိုမက်ပြီးတဲ့နောက် ရွက်ဝါအတွက် ကျွန်မစိတ်ပူ
သွားမိတယ်။ သူ့ကိုဘယ်လိုပြောပြရမှန်းလဲမသိဘူး။
နောက်ဆုံးတော့ ဘယ်လိုဖြစ်ဖြစ် ပြောတော့မယ်ဆို
ပြီး ပြောပြတဲ့အခါ ရွက်ဝါမျက်နှာပျက်သွားတာကို
သတိထားမိလိုက်တာပေါ့။

ပြီးတော့ ရွက်ဝါက ငိုရှိုက်ပြီး ကျွန်မကိုဇာတ်စုံခင်းပြ
လာတော့တယ်။

” လွန်ခဲ့တဲ့ ( ၃ ) လကျော်လောက်က ငါ့ဆီ ကဗျာရောက်
လာတယ် … သူ့ကိုကူညီပေးဖို့လာပြောတာ … ဘာကူ
ညီရမလဲဆိုတော့ သူပေးစရာအကြွေးရိှတယ်တဲ့ … သူ့
အလုပ်မှာ လျှော်ရမယ်ဆိုတော့ သူ့လက်ထဲလည်း ပိုက်
ဆံမရှိတာနဲ့ … သူများဆီခဏချေးပြီး လျှော်ပေးလိုက်
ရတယ်ပေါ့ … အဲ့ဒီ အကြွေးရှင်က သူ့ဆီပြန်တောင်းနေ
ပြီ … သူ့မှာပေးစရာပိုက်ဆံမရိှလို့ အကြွေးတောင်းပန်
ဖို့ လိုက်ကူပေးပါလို့ ပြောတယ် … ငါ့ကိုဘာလို့ခေါ်ရ
တာလဲမေးတော့မှ … သူ့အကြွေးရှင်က မယုမွန် တဲ့
ဟေ ”

မယုမွန်ဆိုတဲ့သူက ရွက်ဝါနဲ့ တော်တော်ရင်းနှီးတဲ့မိတ်
ဆွေတွေ။ မယုမွန်ကို သူများတွေက သိပ်မခေါ်မပြောရဲ
ကြဘူး။ ဘာလို့လဲဆိုတော့ ရပ်ကွက်ထဲမှာ မယုမွန်က
ပညာသည်လို့ နာမည်ထွက်နေလို့ပဲ။ ရွက်ဝါကတော့
အလိုက်တသင့် ပြောတတ်ဆိုတတ်တဲ့အခါ သူနဲ့နည်း
နည်းတည့်တယ်ပြောရမှာပေါ့လေ။

” အဲ့တော့ ငါလိုက်ကူသွားရော … ဟိုရောက်တဲ့အခါ
ပြောရင်းဆိုရင်း စကားများကြရောဟာ … မယုမွန်က
ထပ်မစောင့်ပေးနိုင်တော့ဘူး … အခုပဲ ပြန်ပေးဖို့ပြော
တယ် … ငါကြားထဲကတောင်းပန်ပေးတာတောင်မရ
တော့ဘူး … နောက်ဆုံး ကဗျာကလည်း တိုင်ချင်ရာ
တိုင်တဲ့ ငွေယူတုန်းက သက်သေလည်းမရှိ အလွတ်ယူ
ထားတာပေါ့ … အတိုးပေးနေတာနဲ့တင် ယူထားတဲ့ငွေ
ပြည့်နေပြီ … ဆက်မပေးနိုင်တော့ဘူးတဲ့ … အဲ့မှာမယု
မွန်က ဒေါသတွေကြီးပြီး ငါ့ငွေကို ပြန်မပေးရင် နင်
အသေပဲလို့ပြောလာတယ် … ငါကတော့ ခဏစောင့်
ပေးပါလို့ကြားဝင်ပြီး ညှိပေးခဲ့တာပဲ … ဒါကို မယုမွန်
ကဘယ်လိုထင်လဲမသိ … အဲ့ပိုက်ဆံယူတဲ့ကိစ္စမှာ ငါ
ရောပါတယ်လို့ ထင်သွားတယ်ထင်တယ်နော် … ”

” အဲ့လိုတွေတောင်ဖြစ်ခဲ့တာလားဟ ”

” အေးပေါ့ … အဲ့ကိစ္စကြောင့် ငါနဲ့ ကဗျာ ရန်ဖြစ်တာ
လေ … ဟိုတလောက ပြဿနာတက်တယ်ဆိုတာ အဲ့
ဒါပေါ့ ”

ရွက်ဝါပြောပြမှ အကြောင်းစုံသိရတော့တယ်။ အစတုန်း
က သာမာန်စကားများရင်းငြင်းခုန်တာလို့ထင်နေမိတာ။

” အဲ့ဒါနဲ့ ငါ့အိပ်မက်နဲ့ ဘာပတ်သက်လို့လဲ ”

ရွက်ဝါက သက်ပြင်းချပြီး မျက်ရည်ကျနေတယ်။

” ငါလည်းအိပ်မက်မက်တယ်အိစံ ”

” ဟင် … ဘယ်လို မက်တာလဲ ”

” ငါနဲ့ကဗျာ ကို မယုမွန်က ချောက်ကမ်းပါးကနေတွန်း
ချပစ်တယ်လို့မက်ခဲ့တာ … အဲ့ဒါမက်ပြီး နောက်ရက်
ကဗျာ ဆုံးတာပဲ … သူက ပညာသည်လို့ လူပြောများ
နေတာဟ … ငါလည်း တစ်ခုခုဖြစ်တော့မလားမသိ
ဘူးနော် ”

” ဟာ လွဲပါစေ ပယ်ပါစေ ဟဲ့ … ဖီး … ဖတ် … ဖတ် …
အိပ်မက်တွေကတိုက်ဆိုင်နေတာဆိုရင် နင်ဒီလိုနေလို့
မဖြစ်ဘူး … တစ်ခုခုလုပ်မှရမယ် ”

” ဘာလုပ်ရမှာလဲ … ”

” ကဗျာတို့အိမ်သွားပြီး မယုမွန်ဆီပေးစရာရှိတဲ့အကြောင်း
ပြောရမှာပေါ့ … သူများအကြွေးရှိနေတော့ ဘဝကူးမ
ကောင်းတာဖြစ်တတ်တယ်ဆိုလား … ”

” သူတို့အိမ်ကယုံပါ့မလား ”

” ယုံယုံ မယုံယုံ ပြောကြည့်တာကောင်းမယ် ”

အဲ့လိုနဲ့ ကဗျာရဲ့မိဘတွေကိုသွားတွေ့ပြီး အကျိုးအ
ကြောင်းပြောပြဖြစ်ကြတယ်။ ကဗျာက မယုမွန်ဆီ
ပေးစရာကျန်နေတဲ့အကြောင်းပဲပြောပြဖြစ်ပါတယ်။
သူ့မိဘတွေက မယုမွန်နဲ့တွေ့ပြီး ပြောချင်တယ်ဆိုလာ
တော့ ရွက်ဝါနဲ့ကျွန်မ သူတို့တွေ့ဖို့ ချိန်းဆိုပေးလိုက်
ကြတာပေါ့။

‌နောက်ရက် ကဗျာရဲ့မိဘတွေနဲ့ မယုမွန်တွေ့ပြီး ပြော
ကြဆိုကြတဲ့အခါ ကဗျာမိဘတွေက တစ်လကို ( ၂ )
သိန်းပုံမှန်ပေးပါမယ်လို့ကတိပေးလိုက်ကြတယ်။
အဲ့ဒီအခါ မယုမွန်လည်းကျေနပ်သွားပုံပါပဲ။

အပြန်ကြတော့ မယုမွန်က ရွက်ဝါကိုပြောတယ်။ နင်
ဖြေရှင်းပေးနိုင်လို့ ကံကောင်းသွားတာ တဲ့လေ။ အဲ့ဒီ
ကိစ္စဖြစ်ပြီး မခင်ဦးပြောတဲ့ ( ၂ ) ပတ်ကျော်တဲ့အခါ
ဘာမှထူးထူးခြားခြားမဖြစ်လာတော့ပါဘူး။

ရွက်ဝါကတော့ မယုမွန်ဆိုတာနဲ့ အရင်လိုရင်းရင်းနှီး
နှီးမပြောဆိုရဲတော့ပဲ ရှောင်တော့တယ်လေ။ နောက်
( ၆ ) လ ကျော်လာတဲ့အခါ ရွက်ဝါက ကျွန်မကိုပြော
ပြတယ်။

ကဗျာကိုအိပ်မက်မက်တယ်တဲ့။ သူ့အကြွေးတွေကျေ
သွားလို့ သူသွားလိုရာသွားလို့ရသွားပါပြီလို့လာပြော
တယ်ပေါ့။ ကျွန်မနဲ့ ရွက်ဝါကိုလည်း ကျေးဇူးတင်ပါ
တယ်တဲ့လေ။

အဲ့ဒီအခါကြမှပဲ သက်ပြင်းချနိုင်တော့တာ။ သင်္ချိုင်းမှာ သွေးထွက်သံယိုဖြစ်ရာကစလိုက်တဲ့ အကြောင်းဇာတ်
လမ်းတွေကို အမြဲအမှတ်ရနေမှာဖြစ်သလို နောင်များ
တော့ နာရေးလိုက်ပို့ရင် ထိမိခိုက်မိတာ မဖြစ်အောင်
ဂရုပြုသွားတော့မယ်လို့ စိတ်ကူးထားပါတော့တယ်။

သော်တာလမင်းစန္ဒာ

Zawgyi Version

” သခ်ႋဳင္းကပါလာတယ္ “(စ-ဆုံး)
——————————————–

” ႐ြက္ဝါေရ … ညေနၾကရင္ အကင္တန္းသြားရေအာင္ေလ ”

ဒီေန႔မွ အာသီသျပင္းျပေနတာနဲ႔ ႐ြက္ဝါကိုဖုန္းဆက္ညႇိ
လိုက္မိတယ္။ ကြၽန္မစားခ်င္တယ္ဆိုေတာ့ သူငယ္ခ်င္း
႐ြက္ဝါကလည္းစားမယ္လို႔ျပန္ေျဖလာတယ္။

႐ြက္ဝါနဲ႔ကြၽန္မကငယ္သူငယ္ခ်င္း။ ၅တန္းေလာက္က
တည္းက စားအတူ၊ သြားအတူ ညီအစ္မအရင္းလိုေနလာ
ၾကတာ။ ဒါေပမယ့္ ကြၽန္မတို႔ႏွစ္ေယာက္အိမ္က တစ္ေန
ရာစီပါ။

႐ြက္ဝါအိမ္နဲ႔ ကြၽန္မအိမ္ၾကားမွာ ရပ္ကြက္ႏွစ္ခုေလာက္
ျခားေသးတယ္။ ေက်ာင္းသြားရင္လမ္းမႀကဳံတာေတာင္
ဆုံလို႔ရတဲ့ေနရာအထိ တစ္ေကြ႕တစ္ပတ္ႀကီး ခ်ိန္းၿပီးမွ
တူတူသြားတာ။

ခုဆိုေက်ာင္းၿပီးလို႔ ႐ြက္ဝါက ကုမၸဏီတစ္ခုမွာ အလုပ္
ဝင္ေနၿပီ။ ကြၽန္မကေတာ့ခုထိအလုပ္မရေသးပါဘူး။
အလုပ္ရွာလို႔ေကာင္းတုန္းေပါ့။

ဒါေၾကာင့္လည္း ႐ြက္ဝါအလုပ္ပိတ္ရက္ေတြမွသာ ဆုံ
ျဖစ္ၾကေတာ့တယ္။ အဲ့ဒီအခ်ိန္အထိ ကြၽန္မတို႔ဘဝမွာ
ပူပင္စရာႀကီးႀကီးမားမားရယ္လို႔မရွိခဲ့ဘူး။

ဒါေပမယ့္ ထိတ္လန႔္စရာ အျဖစ္အပ်က္ႀကီးဟာ ကြၽန္မ
တို႔ဆီကို မဖိတ္ေခၚဘဲ ေရာက္လာခ်ိန္မွာေတာ့ …။

ည ( ၁၁ ) နာရီေလာက္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္
ေနတုန္း ဖုန္းျမည္လာခဲ့တယ္။ အိပ္မႈံစုံမႊားနဲ႔ ဖုန္းကိုင္
လိုက္တဲ့အခါ ႐ြက္ဝါရဲ႕တုန္ယင္ေနတဲ့အသံကို အရင္
ဆုံး ၾကားလိုက္ရေတာ့ ကြၽန္မရင္ထဲထိတ္သြားတယ္ေလ။

” ဘာျဖစ္တာလဲ ႐ြက္ဝါ ”

” ကဗ်ာ ကားအက္ဆီးဒင့္ျဖစ္လို႔တဲ့ဟာ … ခုနကပဲဆုံး
သြားၿပီတဲ့ဟ ”

ကြၽန္မမ်က္လုံးေတြျပဴးက်ယ္သြားခဲ့ရတယ္။ အိကဗ်ာ
ေမဆိုတာ ကြၽန္မတို႔နဲ႔ တစ္ဖြဲ႕တည္း။ ႐ြက္ဝါနဲ႔ကြၽန္မက
ပိုအတြဲညီလို႔ အၿမဲတတြဲတြဲျဖစ္ေပမယ့္ မိန္းကေလးသူ
ငယ္ခ်င္း ၄ ေယာက္၊ ေယာက်ာ္းေလးသူငယ္ခ်င္း ၃
ေယာက္နဲ႔ ကြၽန္မတို႔ေက်ာင္းတုန္းကအဖြဲ႕က( ၇ )ေယာက္
အဖြဲ႕ေပါ့။

ကြၽန္မတို႔ ေက်ာင္းၿပီးထားတာ ( ၅ )လေလာက္ပဲရွိပါ
ေသးတယ္။ အရင္လိုမေတြ႕ျဖစ္တာလည္း ဒီ ( ၅ )လ
ပဲ။ ဒီအေတာအတြင္းေတာ့ တစ္ခါ ႏွစ္ခါေလာက္ဆုံျဖစ္
ၾကတာကလြဲလို႔ ထပ္မေတြ႕ျဖစ္ေသးဘူး။

ေက်ာင္းၿပီးတာနဲ႔အလုပ္တန္းရတာဆိုလို႔ ႐ြက္ဝါရယ္၊
ေအာင္ၿဖိဳးသူရယ္၊ အိကဗ်ာေမရယ္ ( ၃ ) ေယာက္ပဲရွိ
တာပါ။ က်န္တဲ့သူေတြက အလုပ္ရွာေနၾကတုန္း၊ အလုပ္
မရွိၾကေသးဘူးေပါ့။

အိကဗ်ာေမနဲ႔ မေတြ႕ျဖစ္တာသိပ္မၾကာေသးသလိုမလို႔
ကြၽန္မအရမ္းလန႔္သြားမိတယ္။ လုံးဝမထင္မွတ္ထားတဲ့
ကိစၥႀကီး။

” ေသခ်ာလို႔လားဟာ … နင့္ကိုဘယ္သူေျပာလဲ ”

” သူ႔ဘဲဖုန္းဆက္လာတာ … ငါတို႔ေတြကိုမနက္ျဖန္လာ
ခဲ့ေပးပါဦးတဲ့ ”

” ငါမယုံႏိုင္ေသးဘူး႐ြက္ဝါ … ဘယ္လိုျဖစ္ရတာတဲ့လဲ ”

” ငါပိုဆိုးတာေပါ့ဟ … နင္သိတဲ့အတိုင္းပဲ ”

႐ြက္ဝါေျပာမွ သတိရသြားမိတယ္။ ဟိုတေလာက ႐ြက္ဝါ
နဲ႔ ကဗ်ာ စကားအေခ်အတင္မ်ားထားလို႔ တစ္ေယာက္နဲ႔
တစ္ေယာက္မေခၚၾကဘူး။

” အဲ့ဒါေတြေမ့ထားလိုက္ေတာ့ … သူ႔ေနာက္ဆုံးအခ်ိန္
ေလး … နင္စိတ္ထဲေျဖလိုက္ပါ‌ေတာ့ဟာ ”

” ငါစိတ္ထဲမထားပါဘူး … မနက္ျဖန္အတူသြားမယ္
ေနာ္ ”

” ေအ… ဘယ္လိုျဖစ္တာတဲ့လဲ ေျပာဦး ”

” သူ႔ဘဲေျပာတာကေတာ့ သူတို႔ Night out ထြက္ရင္း
အျပန္မွာ ကားေမွာက္တာတဲ့ … က်န္တဲ့သူအကုန္ဒဏ္
ရာနည္းနည္းပဲရတယ္ … ကဗ်ာတစ္ေယာက္ပဲ … ”

” ျဖစ္ရေလဟယ္ … ငါရင္ထဲဘယ္လိုႀကီးလဲမသိဘူး…
ငိုခ်င္ေပမယ့္ ငိုမရဘူးဟ ”

” ငါေရာပဲ … ငါတျခားသူေတြကိုေျပာျပလိုက္ဦးမယ္ ”

” ေအးပါ … ”

႐ြက္ဝါဆီကဖုန္းခ်သြားၿပီး ကြၽန္မအိပ္မရေတာ့ပါဘူး။
ေက်ာင္းအတူတက္ခဲ့တာမလို႔ သူ႔ပုံရိပ္ေတြမ်က္လုံးထဲ
ျမင္ေယာင္ေနမိတယ္။

ေနာက္ေန႔မနက္ ႐ြက္ဝါနဲ႔ခ်ိန္းၿပီး အိကဗ်ာရဲ႕ အသုဘ
ကိုေရာက္သြားတာေပါ့။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေလာက
ႀကီးကို ႏႈတ္ဆက္သြားေတာ့ သူ႔နာေရးက ေတာ္ေတာ္
ေလးစည္ပါတယ္။

သူငယ္ခ်င္းေတြအားလုံးလူစုံတက္စုံျပန္ဆုံၾကေပမယ့္
ကြၽန္မတို႔ ရင္ထဲ နာက်င္မႈေတြနဲ႔ပါပဲ။ ကဗ်ာရဲ႕႐ုပ္ကလပ္
ဟာ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္မေနဘူး။ အိပ္ေနတဲ့အတိုင္းပဲ။
မအိကဗ်ာ‌ေမ အသက္ ( ၂၂ ) ႏွစ္ ဆိုတဲ့ နာေရးဖိတ္စာေလး
ကို ကြၽန္မတို႔ေငးၾကည့္ေနမိၾကတယ္။

” မနက္ျဖန္ေစာေစာလာခဲ့ဦးေနာ္ … ကူလုပ္ေပးစရာရွိ
တာလုပ္ရေအာင္ ”

ေနာက္ရက္မီးသၿဂိဳလ္မွာဆိုေတာ့ ကြၽန္မတို႔ေစာေစာဆုံ
ၾကဖို႔ ေျပာထားၾကတယ္ေလ။ အားလုံးကေတာ့မ်က္
ႏွာႏြမ္းလ်လ်ေတြနဲ႔ျပန္ခဲ့ရတာေပါ့။

ေနာက္ေန႔‌မနက္ ( ၁၀ )နာရီေလာက္ကတည္းက ကဗ်ာ
ရဲ႕အိမ္မွာလူစုံေနၾကပါၿပီ။ ကဗ်ာရဲ႕ေနာက္ဆုံးခရီးအ
တြက္ ပန္းလွလွေလးေတြကိုသီေပးျဖစ္ၾကတယ္။

ေန႔လည္ ( ၁၂ ) ခြဲေလာက္မွာ မီးသၿဂိဳလ္ဖို႔အိမ္ကစထြက္
ၾကတာေပါ့။ ကြၽန္မတို႔သူငယ္ခ်င္းတစ္ဖြဲ႕လုံးက ကား
တစ္စီးအတူစီးၾကပါတယ္။

သခ်ႋဳင္းကိုေရာက္ေတာ့ ကဗ်ာရဲ႕မိသားစုဝင္ေတြက
ငိုယိုေနၾကတာၾကည့္ၿပီးစိတ္မေကာင္းျဖစ္ခဲ့ရတယ္။
ကြၽန္မတို႔လည္းထိန္းထားတဲ့ၾကားကမ်က္ရည္က်လာ
ၾကတယ္။ မထိန္းႏိုင္လာေတာ့ဘူး။

” ကဗ်ာေရ ေကာင္းရာဘုံဘဝမွာ ေအးခ်မ္းပါေစေနာ္ ”

ကြၽန္မႏႈတ္က ခပ္တိုးတိုးေရ႐ြတ္လိုက္ရင္း ကားေပၚျပန္
တက္မလို႔ျပင္ေနတုန္း သခ်ႋဳင္းေျမေပၚက သစ္ငုတ္စေလး
နဲ႔ ခလုတ္တိုက္မိၿပီး ေျခမကေန ေသြးထြက္လာခဲ့ေတာ့
တယ္။

” ဟဲ့ အိစံ … ဘယ္လိုျဖစ္ရတာလဲ ”

႐ြက္ဝါကေဘးနားေရာက္လာၿပီး ကြၽန္မေျခေထာက္ကို
လွမ္းၾကည့္ရင္းေမးတယ္။

” ခလုတ္တိုက္မိလို႔ဟ … ”

႐ြက္ဝါကလည္း သူ႔အိတ္ထဲကေန Tissue ထုတ္ၿပီး
လွမ္းေပးရင္း စိုးရိမ္တႀကီးနဲ႔ဒဏ္ရာကိုငုံ႔ၾကည့္ေန
တယ္။ ကြၽန္မလည္း ဘာမွမျဖစ္ပါဘူးလို႔ေျပာရင္း
Tissueယူၿပီး ေသြးတိတ္ေအာင္ခဏဖိထားလိုက္ရ
တယ္။

အမ်ားႀကီးမထိမိလို႔ေတာ္ေသးတာ၊ အသားနည္းနည္း
လန္ၿပီး ေသြးနည္းနည္းထြက္တာကလြဲလို႔ ဘာမွႀကီး
ႀကီးမားမားမျဖစ္ခဲ့ပါဘူး။ ဒီလိုနဲ႔ ေျခေထာက္ကစစ္ခနဲ
ကိုက္တာကို သည္းခံရင္းကားေပၚတက္ၿပီးျပန္လာခဲ့
လိုက္တယ္။

ကဗ်ာအိမ္ေရာက္တဲ့အခါ အိမ္ေရွ႕မွာခ်ထားေပးတဲ့
သေရာ္ကင္မြန္းရည္နဲ႔ ေျခလက္ေဆးၾကရတယ္။ ၿပီး
တဲ့အခါ မ်ိဳးမင္းဦးက အနာကပ္ပလာစတာ သြားဝယ္
ေပးလို႔ ကပ္လိုက္တာေပါ့။ အဲ့ဒီအခ်ိန္အထိက ပုံမွန္
အတိုင္းပါပဲ။

ကြၽန္မအိမ္ျပန္ေရာက္ၿပီး ညေနေရာက္လာတဲ့အခါ လူ
တစ္ကိုယ္လုံးခ်မ္းစိမ့္စိမ့္ျဖစ္လာၿပီးေတာ့ ဖ်ားခ်င္သ
လိုျဖစ္လာေတာ့တယ္။ ေနလို႔မေကာင္းေနေတာ့ဘူး။
အဲ့ဒါနဲ႔ ညစာစားၿပီးတာနဲ႔ ဒီကိုလ္ဂ်င္ တစ္လုံးေသာက္
ၿပီး အေစာႀကီးအိပ္ရာဝင္ခဲ့လိုက္ရတယ္။

အိပ္ေနရင္း ကြၽန္မအသက္ရႈၾကပ္လာတာ၊ ႏိုးတစ္
ဝက္အိပ္တစ္ဝက္နဲ႔သိလိုက္တာကေတာ့ ကြၽန္မကို
တစ္ေယာက္ေယာက္ကလည္ပင္းညစ္ထားတာပါ။
အရမ္းလန႔္သြားၿပီး မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ကြၽန္
မကိုယ္ေပၚမွာ မိန္းမတစ္ေယာက္က ခြထိုင္ၿပီး ကြၽန္မ
လည္ပင္းကိုညႇစ္ေနတာ။

အဲ့ဒီမိန္းမကိုတစ္ခါမွမျမင္ဖူးဘူး။ မ်က္ႏွာတစ္ျခမ္း
က မည္းနက္ၿပီး ေသြးစရဲရဲေတြထြက္ေနတယ္။ က်န္
တစ္ျခမ္းက လူေသမ်က္ႏွာႀကီး။ ေၾကာက္အားလန႔္
အားနဲ႔ ကုန္းေအာ္လည္း အသံကထြက္မလာခဲ့ဘူး။

အဲ့ဒီမိန္းမက ကြၽန္မကို ေတာ္ေတာ္မုန္းတီးေနပုံရတယ္။
လည္ပင္းညႇစ္ထားတာကိုမလႊတ္သလို အခ်ိန္ၾကာလာ
တာနဲ႔အမွ် ပိုအားႀကီးလာတယ္။ ကြၽန္မေတာ့ေသၿပီလို႔
ထင္ေနမိၿပီ။

႐ုန္းလို႔လည္းမရနဲ႔ ဘာလုပ္ရမွန္းမသိတဲ့အခါ တတ္
သမွ်ဘုရားစာေတြကို ဆက္တိုက္႐ြတ္လိုက္မိေတာ့
တယ္။ အဲ့ဒီအခါ လည္ပင္းညႇစ္ထားတဲ့လက္က တျဖည္း
ျဖည္း ေျပလာၿပီး အဲ့ဒီမိန္းမဟာ ကုတင္ေျခရင္းနားကို
လႊင့္က်သြားေတာ့တာပဲ။

ကြၽန္မလည္း ေၾကာက္လန႔္တၾကားေအာ္ရင္း ကုတင္
ေပၚကေနဆင္းေျပးမိေတာ့တယ္။ အခန္းမီးအျမန္ဖြင့္
ၿပီး ျပန္လွည့္ၾကည့္လိုက္ေတာ့ ဘာမွရွိမေနေတာ့ဘူး။
ကြၽန္မမိဘနဲ႔ အစ္မျဖစ္တဲ့သူက ေအာ္သံၾကားလို႔ကြၽန္မ
အခန္းထဲ ေျပးလာၾကတာေပါ့။

ကြၽန္မလည္းျဖစ္ေၾကာင္းကုန္စင္ေျပာျပတဲ့အခါ သူတို႔
လည္း လန႔္ေနၾကတယ္။ ၿပီးေတာ့ ကြၽန္မကို ဘုရားစင္
ကေန ေသာက္ေတာ္ေရစြန႔္ၿပီး တိုက္ၾကတယ္။ ဒါေပ
မယ့္ ကြၽန္မအေၾကာက္မေျပခဲ့ပါဘူး။

အဲ့ဒီအခ်ိန္ကည ( ၁၂ ) နာရီေက်ာ္ေလာက္ျဖစ္တာ။
အခန္းထဲလည္းမအိပ္ရဲေတာ့လို႔ ကြၽန္မအစ္မနဲ႔တူတူ
သြားအိပ္ရေတာ့တယ္။ ကြၽန္မေဘးမွာ အစ္မရွိေနလို႔
စိတ္ခ်လက္ခ်အိပ္ေပ်ာ္သြားခဲ့တယ္။

ဒါေပမယ့္ ကြၽန္မအစ္မက ကြၽန္မကိုအတင္းလႈပ္ႏိုး
လာတဲ့အတြက္ လန႔္သြားၿပီး အျမန္ထထိုင္လိုက္တဲ့
အခါ အစ္မကကြၽန္မကို တအံ့တဩနဲ႔ ေသခ်ာစိုက္
ၾကည့္ေနတယ္ေလ။

” ဘာလို႔လဲ … ဘာျဖစ္လို႔လဲ ”

” နင္ဘာလို႔ ညႀကီးသီခ်င္းဆိုေနတာတုန္း ”

” ဟမ္ … မဆိုပါဘူး ငါအိပ္ေနတာေလ ”

” ဟဲ့ … နင္မ်က္လုံးႀကီးျပဴးၿပီး မ်က္ေတာင္လည္း
မခတ္ဘဲ သီခ်င္းဆိုေနလို႔ ငါေတာင္ေၾကာင္သြား
တာကို ”

” မမကလဲ … ငါအိပ္ေနတာပါဆို … ဘယ္ကသီခ်င္း
ဆိုရမွာတုန္း ”

ကြၽန္မအစ္မက ကြၽန္မကို နားမလည္ႏိုင္သလိုျပန္ၾကည့္
ေနတယ္။

” အိပ္မက္ေယာင္ေနတာလားမသိပါဘူး … အဲ့လို
မေနာက္နဲ႔ဟ … ငါေၾကာက္တယ္ … ”

ေျပာၿပီးတာနဲ႔ သူလည္းအိပ္သြားတယ္။ အိပ္မေပ်ာ္
ေတာ့တဲ့သူက ကြၽန္မ။ အစ္မေျပာတဲ့စကားကို စဥ္းစား
လို႔မရေနဘူး။ ကြၽန္မကဘာကိစၥသီခ်င္းဆိုရမွာလဲ။

ေနာက္ၿပီး ကြၽန္မကသီခ်င္းဆိုတာမ်ိဳး လုပ္ေလ့မရွိ
ဘူး။ တခါတေလမွပဲသီခ်င္းနားေထာင္တတ္တာ။
ဒါကိုကြၽန္မက ခုလိုညႀကီးအခ်ိန္မေတာ္သီခ်င္းဆိုေန
တယ္တဲ့ေလ။

ကြၽန္မလည္းဟိုလွိမ့္ဒီလွိမ့္အိပ္မေပ်ာ္ျဖစ္ေနတုန္းမွာပဲ
အိမ္အျပင္ဘက္ကေန ကြၽန္မနာမည္ကို ေခၚလိုက္တဲ့
အသံၾကားလိုက္ရတယ္။ တကယ္ရွင္းရွင္းႀကီး။ အသံ
က်ယ္ႀကီးနဲ႔ေအာ္ေခၚလိုက္သံပါ။

” အိအိစံ ” ဆိုၿပီး ေသခ်ာကိုၾကားလိုက္တာ။ ကြၽန္မလည္း
ေခါင္းနဘမ္းႀကီးၿပီးေခြၽးေစးေတြပ်ံလာမိတယ္။ ခုလို
ညႀကီးအခ်ိန္ ဘယ္သူက ေအာ္ေခၚမွာတဲ့လဲ။

ေၾကာက္လြန္းလို႔ အစ္မနားအတင္းတိုးကပ္ေနမိေတာ့
တာပဲ။ ေစာင္ေခါင္းၿမီးၿခဳံထားတုန္း အခန္းတံခါးက
ေလာ့ခ်ထားရက္သားနဲ႔ ေလာ့ပြင့္သြားသံၾကားလိုက္ရတယ္။

ကြၽန္မအေမထင္လို႔ ေစာင္ကိုဖယ္ၾကည့္လိုက္ေတာ့
တံခါးကပြင့္မလာပါဘူး။ ကြၽန္မလည္း တအံ့တဩနဲ႔
မွင္ေသေသျဖစ္ၿပီး တံခါးကိုပဲမ်က္ေတာင္မခတ္ၾကည့္
ေနမိတယ္ေလ။

၅မိနစ္ေလာက္ၾကာတဲ့အထိ ဘာမွမထူးျခားလာေတာ့
ကုတင္ေပၚကထၿပီး တံခါးနားကပ္သြားၾကည့္လိုက္
တယ္။ တံခါးေလာ့ကတကယ္ပြင့္ေနတာပါ။ တံခါး
ေခ်ာင္ေနတာမ်ားလားေပါ့။

တံခါးကို ဆြဲဖြင့္လိုက္တဲ့အခါ မ်က္လုံးေတြျပာသြား
သလိုပါပဲ။ အခန္းဝမွာ မိန္းမတစ္ေယာက္ရပ္ေနတယ္။
ရွပ္အက်ႌအကြက္နဲ႔ ထမိန္က ခ်ည္ထမိန္ဝတ္ထားတာ။
အသားညိဳညိဳနဲ႔ အရမ္းေၾကာက္စရာေကာင္းပါတယ္။
အသံကုန္ေအာ္ၿပီး ကြၽန္မေမ့လဲသြားေတာ့တာပဲ။

ကြၽန္မသတိရလာတဲ့အခါ မ်က္ႏွာနဲ႔ရင္ဘတ္တစ္ခုလုံး
ေရေတြစိုေနတာကိုအရင္ဦးဆုံးခံစားလိုက္ရပါတယ္။

” အိစံ … အိစံ ”

အေမကစိုးရိမ္တႀကီးနဲ႔ ကြၽန္မကိုလႈပ္ႏိုးေနတာလည္း
သိလိုက္တယ္။ မ်က္လုံးကိုႀကိဳးစားဖြင့္ၾကည့္လိုက္
ေတာ့ အခန္းဝမွာ ကြၽန္မလဲက်ေနၿပီး ေဘးမွာေတာ့
အေဖ၊ အေမ နဲ႔ အစ္မ စုစုစံ ကိုေတြ႕လိုက္ရေတာ့တယ္။

အားယူၿပီးထထိုင္လိုက္တဲ့အခါ ကြၽန္မေခါင္းထဲမိုက္ခနဲ
တစ္ခ်က္ျဖစ္သြားၿပီး ဘာမွမသိခဲ့ေတာ့ဘူး။ ကြၽန္မျပန္
ႏိုးလာေတာ့ ေန႔ခင္းဘက္ျဖစ္ေနၿပီ။ ကြၽန္မအခန္းထဲက
ကုတင္ေပၚမွာေပါ့။

အခန္းထဲ ေဆြမ်ိဳးေတြအမ်ားႀကီးေရာက္ေနၾကတယ္။
အျပင္ဘက္မွာလည္း စကားေျပာသံေတြနဲ႔ ဆူညံေနတာ
ပဲ။ ကြၽန္မအားယူၿပီးထထိုင္လိုက္ေတာ့ ေဘးနားကိုေျပး
လာၾကတယ္။

” ဘယ္လိုေနေသးလဲ သမီး ”

” ေခါင္းနည္းနည္းမူးတယ္ေမေမ ”

” ရႈေဆးေလးရႈထား … ေရာ့ … ေရာ့ … ”

အေဖက ရႈေဆးဗူးေလးလွမ္းေပးလာတယ္။ လွမ္းယူ
ၿပီးရႈေနတုန္း အေမက ေျပာတယ္။

” သမီး ဘာျဖစ္တာလဲ မွတ္မိလား .. ”

ကြၽန္မေခါင္းခါျပလိုက္တယ္။

” တစ္ခုမွမမွတ္မိဘူးလား ”

” မမွတ္မိဘူးေမေမ ”

” သူဘယ္သိပါ့မလဲ မိခ်ိဳရာ … ငါ့သမီးပင္ပန္းေနၿပီ…
ဗိုက္ဆာေနေရာေပါ့ … သမီး … တစ္ခုခုအရင္စားလိုက္
ဦး … ဘာစားခ်င္လဲ ”

အေဖေမးမွ ကြၽန္မဗိုက္ဆာေနတာသတိရသြားမိေတာ့
တယ္။

” ဗိုက္ဆာတယ္ … ဘာစားရမလဲမသိဘူး ”

အေမကကြၽန္မနဖူးကိုအသာစမ္းရင္း

” အဖ်ားေငြ႕ေငြ႕ရွိေနတယ္ … အစာမာ မစားေသးနဲ႔ဦး
ေမာင္ထူးေရ ”

” ဟုတ္ အန္တီႀကီး ”

” ဟိုဘက္လမ္းက ရသာစုံ ဆိုင္မွာ ၾကက္သားဆန္ျပဳတ္
ေလး သြားဝယ္ေပးဦး…သားေရ … တစ္ပြဲ ၂၀၀၀ လား
မသိဘူး … ေရာ့ … ေရာ့…ဒီမွာ … ”

အေမက အေဖ့တူေလး ထူးျမတ္ ကို ငါးေထာင္တန္
တစ္႐ြက္ထုတ္ေပးၿပီး သြားဝယ္ခိုင္းလိုက္တယ္။

” ခ်ိဳင့္ယူသြားရမလား အန္တီႀကီး ”

” ေအ ေအ ယူသြားလိုက္သား ”

ထူးျမတ္ထြက္သြားေတာ့ အေဖ့ညီမ ကြၽန္မအေဒၚက
ကြၽန္မေဘးလာထိုင္ၿပီး

” ကံေကာင္းလို႔ေပါ့ သမီးရယ္ … သရဲမက ဘယ္က
လိုက္လာလဲ မသိဘူး … သမီးဘယ္ေတြသြားေသးလဲ…
ဘာေတြလုပ္မိေသးလဲ ”

” ရွင္ ”

” သူ႔ကိုဝင္ပူးတာသူမမွတ္မိဘူး ေ႐ႊမိေရ … ”

အေမက ဝင္ေျပာေနတယ္ေလ။ အဲ့ဒီအခါမွ ကြၽန္မ
သေဘာေပါက္မိေတာ့တယ္။ ညက လည္ပင္းလာညႇစ္
တဲ့မိန္းမ၊ အခန္းတံခါးဝမွာရပ္ေနတဲ့ မိန္းမက ကြၽန္မ
ကိုယ္ထဲဝင္ပူးကပ္တာျဖစ္မွာ။

” ကဗ်ာကို သၿဂိဳလ္လို႔ လိုက္ပို႔တာပဲရွိတာ အန္တီေလး…
သမီးဘယ္မွမသြားမိပါဘူး … ဘာမွလည္းမလုပ္မိပါ
ဘူး ”

” သၿဂိဳလ္ၿပီးျပန္လာေတာ့ေရာ ေျခလက္ေဆးရဲ႕လား ”

” ေဆးတယ္ … သူ႔အိမ္ေရွ႕မွာ တေရာ္ကင္မြန္းေရ ထား
ထားေပးလို႔ ေသခ်ာေဆးခဲ့ေသးတယ္ … ”

” အင္း … ဒီလိုဆိုဘယ္ကေနလိုက္လာလဲမေျပာတတ္
ဘူး … သခ်ႋဳင္းကေနလိုက္လာတာပဲျဖစ္မွာပါ … ”

” ေနကပူပူနဲ႔ ေျခလက္ေဆးလိုက္ေတာ့ အပူရွပ္သြား
တာလည္းပါမယ္ ”

အေမေျပာမွ ေျခေထာက္ကဒဏ္ရာကိုသတိရသြားမိ
ေတာ့တယ္။

” ေျခေထာက္ထိမိထားလို႔ ဖ်ားတာလားမသိဘူးေမေမ ”

” ဟင္ … ဘယ္မွာထိတာလဲ ”

ကြၽန္မလည္း ေျခေထာက္ကဒဏ္ရာကိုျပလိုက္ၿပီးေတာ့

” သၿဂိဳလ္ၿပီးျပန္ေတာ့ ကားေပၚမတက္ခင္ သစ္ငုတ္နဲ႔
ခလုတ္တိုက္မိတာ … အသားနည္းနည္းလန္သြား႐ုံပါ
ပဲ … ဘာမွေတာ့မျဖစ္ဘူး ”

” ဟဲ့ … သခ်ႋဳင္းမွာလဲတာလား ”

” ဟုတ္အန္တီေလး ”

” အဲ့ဒါေၾကာင့္ကိုး … ”

” မီၿပီးလိုက္လာတာေနမယ္ ေ႐ႊမိ ”

” ဆရာထြန္းႏိုင္လာရင္ ေျပာျပလိုက္ေပါ့ မမခ်ိဳ ”

ကြၽန္မအေဒၚေျပာတဲ့ ဆရာထြန္းႏိုင္ဆိုတာ အထက္
လမ္းဆရာေလ။ သူ႔ကိုပင့္ထားတာဆိုရင္ ညကအေျခ
အေနဆိုးလို႔မ်ားလား။ သိခ်င္တာနဲ႔ေမးၾကည့္လိုက္တယ္။
အေမနဲ႔ အစ္မေျပာျပတာနားေထာင္ၿပီး ကြၽန္မအရမ္း
လန႔္သြားမိတာပဲ။

ညကေအာ္ရင္းေမ့လဲသြားၿပီး ကြၽန္မကိုဝင္ပူးသြားခ်ိန္မွာ
တစ္အိမ္လုံးႏိုးလာၾကတယ္။ ကြၽန္မက အခန္းထဲကေန
အိမ္အျပင္ဘက္ေျပးထြက္လို႔ အကုန္ဝိုင္းဖမ္းရသတဲ့။

အိမ္ထဲျပန္ေရာက္ေတာ့ စကားေတြအမ်ိဳးမ်ိဳးေလွ်ာက္
ေျပာေနတယ္လို႔ေျပာတယ္။ ၿပီးေတာ့ အိမ္အျပင္ဘက္
ပဲထြက္ေျပးေနလို႔ ႀကိဳးတုပ္ထားမွရမယ္ဆိုၿပီး ႀကိဳး
တုပ္ထားၾကတာ။

ကြၽန္မက ႀကိဳးကို ႐ုန္းရင္း႐ုန္းရင္း ေျပသြားေရာေပါ့။
ႀကိဳးေျပတာနဲ႔ အိမ္နံရံကိုတြယ္တက္ေတာ့တာပဲတဲ့။
အိမ္နံရံတစ္ဝက္ထိေရာက္ေနၿပီ၊ အေဖက အတင္းဆြဲ
ထားလို႔ အေပၚအထိမေရာက္တာ။

ၿပီးတာနဲ႔ ကြၽန္မအစ္မကိုၾကည့္ၿပီးေျပာေသးတယ္။
” ငါကနင့္ဆီဝင္ခ်င္တာ … ဝင္မရလို႔ ” တဲ့။ ကြၽန္မကို
မႏိုင္ၾကတဲ့အခါ အိမ္နီးနားခ်င္းေတြကို အကူအညီေတာင္း
ရေတာ့တာေပါ့။

လူေတြအမ်ားႀကီးေရွ႕မွာ ကြၽန္မက ရႈိက္ႀကီးတငင္ငို
လာေရာတဲ့။ ၿပီးေတာ့ သရဲမက သူ႔သမီးနဲ႔ေတြ႕ခ်င္တဲ့
အေၾကာင္း၊ လိုက္ပို႔ေပးပါလို႔ ေျပာတယ္ေပါ့။ ဘယ္ကို
လိုက္ပို႔ရမလဲေမးေတာ့ ဇီးကုန္း႐ြာကိုပါတဲ့။

ဇီးကုန္းဆိုတဲ့နာမည္ကအမ်ားႀကီး ေနရာအတိအက်
ေျပာလို႔ထပ္ေမးေတာ့ သူေနရာေသခ်ာမမွတ္မိဘူး။
သူသိတာ ဇီးကုန္း႐ြာက ခင္ျမေထြး ဆိုတာပဲလို႔ေျပာ
တယ္။

ခင္ျမေထြးကသူ႔သမီး။ သူ႔သမီးဆီေခၚသြားေပးပါပဲ
ထပ္ခါထပ္ခါေျပာေနတယ္။ ေနရာေျပာမွေခၚသြားလို႔
ရမွာေပါ့၊ မွတ္မိသေလာက္ေျပာဆိုေတာ့ သူကေျပာၿပီး
သားစကားပဲထပ္ေျပာေနေတာ့ တျခားဟာထပ္ေမးၾက
တယ္။

ဘာျဖစ္လို႔အိစံဆီဝင္ပူးတာလဲဆိုတဲ့အခါ ကြၽန္မေနာက္
ကိုသူလိုက္လို႔ရလို႔လိုက္လာတာတဲ့။ ကြၽန္မကေနတဆင့္
သူ႔သမီးဆီသြားခ်င္လို႔ေပါ့။ အဲ့ဒါ‌ေၾကာင့္ကြၽန္မကို
ေျခာက္လွန႔္ေတာ့တာ။

သရဲမက ေျပာၿပီးျပန္မထြက္ေပးဘူး။ ခင္ျမေထြးဆီ
ပို႔ေပးဆိုၿပီးပဲ ထပ္ေသာင္းက်န္းျပန္ေရာ။ အဲ့ဒါနဲ႔ ေဘး
အိမ္က အေဒၚႀကီးက သူ႔မွာ ဆရာေတာ္ေပးထားတဲ့
ပုတီးရွိတယ္ဆိုၿပီး အိမ္ျပန္သြားယူလာတယ္။ ၿပီးေတာ့
ကြၽန္မလည္ပင္းကိုဆြဲလည္းဆြဲေပးေရာ ကြၽန္မကိုယ္ထဲ
ကေန ထြက္ေျပးသြားေတာ့တာပဲ။ ကြၽန္မလည္း ေခြက်ၿပီး
ေမ့လဲသြားတာ အခုမွျပန္ႏိုးလာခဲ့တာေပါ့။

ညကအျဖစ္အပ်က္ေတြကိုနားေထာင္ၿပီး အရမ္းအံ့ဩ
ေနမိတယ္။ ကြၽန္မအဲ့လိုေတာင္ျဖစ္ခဲ့သတဲ့လား။ အဲ့ေန႔
တေန႔လုံး လူကမလန္းခဲ့ဘူး။ ရွိန္းတိန္းတိန္းျဖစ္ေနတုန္း
ပဲ။ ကြၽန္မကိုဝင္ပူးခဲ့တဲ့သရဲမ ရွိေနေသးတဲ့ပုံရတယ္။

ညေနေရာက္ေတာ့ ဦးေလးနဲ႔အေဒၚက ဆရာထြန္းႏိုင္
နဲ႔သူ႔တပည့္ကို အိမ္ပင့္လာခဲ့ေတာ့တယ္။ ဆရာက
ဘုရားစင္ေရွ႕မွာထိုင္ခိုင္းၿပီး ဘုရားကန္ေတာ့ေစတာ
ေပါ့။ ကြၽန္မလည္း ဘုရားကိုဦးခ်ကန္ေတာ့လိုက္တယ္။

ၿပီးတာနဲ႔ ဆရာက ကြၽန္မကိုလက္ဖဝါးျဖန႔္ခိုင္းပ္တယ္။
အေမွာင့္ပေရာဂေႏွာင့္ယွက္ေနတာမွန္ရင္ လက္ေခ်ာင္း
ေတြလႈပ္ျပစမ္းလို႔ ဆိုတဲ့အခါ ကြၽန္မလက္ေခ်ာင္းေတြ
က သူ႔အလိုလို ခြဲသြားၿပီး တရစပ္လႈပ္လာေတာ့တယ္။

ကြၽန္မလႈပ္ေနတာမဟုတ္မွန္း ကြၽန္မေသခ်ာသိေနတာ
ေလ။ ခိုေလးေတြ ငွက္ကေလးေတြ ေတာင္ပံတဖ်ပ္ဖ်ပ္
ခတ္ေနသလိုမ်ိဳး လက္ေခ်ာင္းေတြက လက္ဖမိုးကို
လာထိေနၾကတယ္။ အဲ့ဒါကို တအံ့တဩေငးေနရင္း
ကြၽန္မ ထပ္ေမ့ေမ်ာသြားျပန္ေရာ။

ျပန္သတိရလာတဲ့အခါ ကြၽန္မကို ဆရာက အားလုံးသိ
လားလို႔ေမးတယ္။ ကြၽန္မဘာမွမသိတဲ့အရာမလို႔ ေခါင္း
ခါျပလိုက္တာေပါ့။ ဆရာထြန္းႏိုင္က ေရမန္းတစ္ခြက္
မန္းမႈတ္ၿပီး တိုက္ပါတယ္။

အဲ့ဒါေသာက္ၿပီးတဲ့အခါ လက္ဖြဲ႕ႀကိဳးအနီေလး လည္
ပင္းမွာဆြဲေပးတယ္။ ဆရာထြန္းႏိုင္တို႔ျပန္သြားတဲ့အခါ
မွ အိမ္သားေတြျပန္ေျပာျပၾကလို႔သိရတာကေတာ့ ေမ့
သြားတဲ့အခ်ိန္ ကြၽန္မအသံဩဩႀကီးထြက္လာသတဲ့။

ခင္ျမေထြးဆီပို႔ေပးဖို႔ေျပာေတာ့ ေနရာလည္းမသိ၊ လိပ္
စာလည္းအတိအက်မသိလို႔ ပို႔ေပးဖို႔မလြယ္ဘူးေပါ့။
ဒီလိပ္ျပာရွင္ကိုထပ္‌မေႏွာင့္ယွက္ဖို႔ ဆရာကေမတၱာ
ရပ္ခံတဲ့အခါ ခင္ျမေထြးဆီပို႔ေပးရင္ မေႏွာင့္ယွက္ဖို႔
ကတိေပးသတဲ့။

ဆရာက ေမတၱာရပ္ခံလို႔မရရင္ ႀကိဳးခ်ည္ထားရလိမ့္
မယ္လို႔ဆိုမွ ဒါဆိုလည္း သူ႔အတြက္အလႉလုပ္ေပးပါ
လို႔ေတာင္းဆိုလာတာေပါ့။ သူ႔နာမည္က မခင္ဦး တဲ့။

ဘုရားဖူးလိုက္လာရင္း ကားေမွာက္ၿပီးဆုံးတာလို႔ေျပာ
တယ္။ ေနာက္ရက္မွာေတာ့ မခင္ဦးအတြက္ရည္စူးၿပီး
သံဃာေတြပင့္ဖိတ္လို႔ အမွ်ေပးေဝ‌ေပးလိုက္ပါတယ္။

အဲ့ဒီညမွာ ကြၽန္မအိပ္မက္မက္ခဲ့တယ္။ မခင္ဦးဆိုတဲ့
မိန္းမက သူ႔ကိုအမွ်ေပးတာ ေက်းဇူးတင္တဲ့အေၾကာင္း
လာေျပာတယ္။ ၿပီးေတာ့ သူေျပာတဲ့စကားေၾကာင့္
ကြၽန္မ အရမ္းလန႔္သြားရေတာ့တာပဲ။ သူေျပာတာက

” နင့္သူငယ္ခ်င္းလည္း နင္တို႔‌ေနာက္ကို ငါနဲ႔အတူ
လိုက္လာတာ … သူကငါ့လို ဝင္ပူးမရလို႔ အိမ္အျပင္က
ပဲ ေစာင့္ေနရတယ္ … သူက နင္တို႔အတြက္ စကားပါး
ခိုင္းလိုက္တယ္ … ေနာက္ ( ၂ ) ပတ္ေနၿပီးရင္ ႐ြက္ဝါ
ဆိုတဲ့ ေကာင္မေလးကို လာေခၚၾကေတာ့မယ္တဲ့ … သူ႔
သူငယ္ခ်င္းနဲ႔ အတူသြားဖို႔ သူေစာင့္ေနတယ္လို႔ေျပာ
ေပးပါတဲ့ ”

အဲ့လိုမက္ၿပီးတဲ့ေနာက္ ႐ြက္ဝါအတြက္ ကြၽန္မစိတ္ပူ
သြားမိတယ္။ သူ႔ကိုဘယ္လိုေျပာျပရမွန္းလဲမသိဘူး။
ေနာက္ဆုံးေတာ့ ဘယ္လိုျဖစ္ျဖစ္ ေျပာေတာ့မယ္ဆို
ၿပီး ေျပာျပတဲ့အခါ ႐ြက္ဝါမ်က္ႏွာပ်က္သြားတာကို
သတိထားမိလိုက္တာေပါ့။

ၿပီးေတာ့ ႐ြက္ဝါက ငိုရႈိက္ၿပီး ကြၽန္မကိုဇာတ္စုံခင္းျပ
လာေတာ့တယ္။

” လြန္ခဲ့တဲ့ ( ၃ ) လေက်ာ္ေလာက္က ငါ့ဆီ ကဗ်ာေရာက္
လာတယ္ … သူ႔ကိုကူညီေပးဖို႔လာေျပာတာ … ဘာကူ
ညီရမလဲဆိုေတာ့ သူေပးစရာအေႂကြးရိွတယ္တဲ့ … သူ႔
အလုပ္မွာ ေလွ်ာ္ရမယ္ဆိုေတာ့ သူ႔လက္ထဲလည္း ပိုက္
ဆံမရွိတာနဲ႔ … သူမ်ားဆီခဏေခ်းၿပီး ေလွ်ာ္ေပးလိုက္
ရတယ္ေပါ့ … အဲ့ဒီ အေႂကြးရွင္က သူ႔ဆီျပန္ေတာင္းေန
ၿပီ … သူ႔မွာေပးစရာပိုက္ဆံမရိွလို႔ အေႂကြးေတာင္းပန္
ဖို႔ လိုက္ကူေပးပါလို႔ ေျပာတယ္ … ငါ့ကိုဘာလို႔ေခၚရ
တာလဲေမးေတာ့မွ … သူ႔အေႂကြးရွင္က မယုမြန္ တဲ့
ေဟ ”

မယုမြန္ဆိုတဲ့သူက ႐ြက္ဝါနဲ႔ ေတာ္ေတာ္ရင္းႏွီးတဲ့မိတ္
ေဆြေတြ။ မယုမြန္ကို သူမ်ားေတြက သိပ္မေခၚမေျပာရဲ
ၾကဘူး။ ဘာလို႔လဲဆိုေတာ့ ရပ္ကြက္ထဲမွာ မယုမြန္က
ပညာသည္လို႔ နာမည္ထြက္ေနလို႔ပဲ။ ႐ြက္ဝါကေတာ့
အလိုက္တသင့္ ေျပာတတ္ဆိုတတ္တဲ့အခါ သူနဲ႔နည္း
နည္းတည့္တယ္ေျပာရမွာေပါ့ေလ။

” အဲ့ေတာ့ ငါလိုက္ကူသြားေရာ … ဟိုေရာက္တဲ့အခါ
ေျပာရင္းဆိုရင္း စကားမ်ားၾကေရာဟာ … မယုမြန္က
ထပ္မေစာင့္ေပးႏိုင္ေတာ့ဘူး … အခုပဲ ျပန္ေပးဖို႔ေျပာ
တယ္ … ငါၾကားထဲကေတာင္းပန္ေပးတာေတာင္မရ
ေတာ့ဘူး … ေနာက္ဆုံး ကဗ်ာကလည္း တိုင္ခ်င္ရာ
တိုင္တဲ့ ေငြယူတုန္းက သက္ေသလည္းမရွိ အလြတ္ယူ
ထားတာေပါ့ … အတိုးေပးေနတာနဲ႔တင္ ယူထားတဲ့ေငြ
ျပည့္ေနၿပီ … ဆက္မေပးႏိုင္ေတာ့ဘူးတဲ့ … အဲ့မွာမယု
မြန္က ေဒါသေတြႀကီးၿပီး ငါ့ေငြကို ျပန္မေပးရင္ နင္
အေသပဲလို႔ေျပာလာတယ္ … ငါကေတာ့ ခဏေစာင့္
ေပးပါလို႔ၾကားဝင္ၿပီး ညႇိေပးခဲ့တာပဲ … ဒါကို မယုမြန္
ကဘယ္လိုထင္လဲမသိ … အဲ့ပိုက္ဆံယူတဲ့ကိစၥမွာ ငါ
ေရာပါတယ္လို႔ ထင္သြားတယ္ထင္တယ္ေနာ္ … ”

” အဲ့လိုေတြေတာင္ျဖစ္ခဲ့တာလားဟ ”

” ေအးေပါ့ … အဲ့ကိစၥေၾကာင့္ ငါနဲ႔ ကဗ်ာ ရန္ျဖစ္တာ
ေလ … ဟိုတေလာက ျပႆနာတက္တယ္ဆိုတာ အဲ့
ဒါေပါ့ ”

႐ြက္ဝါေျပာျပမွ အေၾကာင္းစုံသိရေတာ့တယ္။ အစတုန္း
က သာမာန္စကားမ်ားရင္းျငင္းခုန္တာလို႔ထင္ေနမိတာ။

” အဲ့ဒါနဲ႔ ငါ့အိပ္မက္နဲ႔ ဘာပတ္သက္လို႔လဲ ”

႐ြက္ဝါက သက္ျပင္းခ်ၿပီး မ်က္ရည္က်ေနတယ္။

” ငါလည္းအိပ္မက္မက္တယ္အိစံ ”

” ဟင္ … ဘယ္လို မက္တာလဲ ”

” ငါနဲ႔ကဗ်ာ ကို မယုမြန္က ေခ်ာက္ကမ္းပါးကေနတြန္း
ခ်ပစ္တယ္လို႔မက္ခဲ့တာ … အဲ့ဒါမက္ၿပီး ေနာက္ရက္
ကဗ်ာ ဆုံးတာပဲ … သူက ပညာသည္လို႔ လူေျပာမ်ား
ေနတာဟ … ငါလည္း တစ္ခုခုျဖစ္ေတာ့မလားမသိ
ဘူးေနာ္ ”

” ဟာ လြဲပါေစ ပယ္ပါေစ ဟဲ့ … ဖီး … ဖတ္ … ဖတ္ …
အိပ္မက္ေတြကတိုက္ဆိုင္ေနတာဆိုရင္ နင္ဒီလိုေနလို႔
မျဖစ္ဘူး … တစ္ခုခုလုပ္မွရမယ္ ”

” ဘာလုပ္ရမွာလဲ … ”

” ကဗ်ာတို႔အိမ္သြားၿပီး မယုမြန္ဆီေပးစရာရွိတဲ့အေၾကာင္း
ေျပာရမွာေပါ့ … သူမ်ားအေႂကြးရွိေနေတာ့ ဘဝကူးမ
ေကာင္းတာျဖစ္တတ္တယ္ဆိုလား … ”

” သူတို႔အိမ္ကယုံပါ့မလား ”

” ယုံယုံ မယုံယုံ ေျပာၾကည့္တာေကာင္းမယ္ ”

အဲ့လိုနဲ႔ ကဗ်ာရဲ႕မိဘေတြကိုသြားေတြ႕ၿပီး အက်ိဳးအ
ေၾကာင္းေျပာျပျဖစ္ၾကတယ္။ ကဗ်ာက မယုမြန္ဆီ
ေပးစရာက်န္ေနတဲ့အေၾကာင္းပဲေျပာျပျဖစ္ပါတယ္။
သူ႔မိဘေတြက မယုမြန္နဲ႔ေတြ႕ၿပီး ေျပာခ်င္တယ္ဆိုလာ
ေတာ့ ႐ြက္ဝါနဲ႔ကြၽန္မ သူတို႔ေတြ႕ဖို႔ ခ်ိန္းဆိုေပးလိုက္
ၾကတာေပါ့။

‌ေနာက္ရက္ ကဗ်ာရဲ႕မိဘေတြနဲ႔ မယုမြန္ေတြ႕ၿပီး ေျပာ
ၾကဆိုၾကတဲ့အခါ ကဗ်ာမိဘေတြက တစ္လကို ( ၂ )
သိန္းပုံမွန္ေပးပါမယ္လို႔ကတိေပးလိုက္ၾကတယ္။
အဲ့ဒီအခါ မယုမြန္လည္းေက်နပ္သြားပုံပါပဲ။

အျပန္ၾကေတာ့ မယုမြန္က ႐ြက္ဝါကိုေျပာတယ္။ နင္
ေျဖရွင္းေပးႏိုင္လို႔ ကံေကာင္းသြားတာ တဲ့ေလ။ အဲ့ဒီ
ကိစၥျဖစ္ၿပီး မခင္ဦးေျပာတဲ့ ( ၂ ) ပတ္ေက်ာ္တဲ့အခါ
ဘာမွထူးထူးျခားျခားမျဖစ္လာေတာ့ပါဘူး။

႐ြက္ဝါကေတာ့ မယုမြန္ဆိုတာနဲ႔ အရင္လိုရင္းရင္းႏွီး
ႏွီးမေျပာဆိုရဲေတာ့ပဲ ေရွာင္ေတာ့တယ္ေလ။ ေနာက္
( ၆ ) လ ေက်ာ္လာတဲ့အခါ ႐ြက္ဝါက ကြၽန္မကိုေျပာ
ျပတယ္။

ကဗ်ာကိုအိပ္မက္မက္တယ္တဲ့။ သူ႔အေႂကြးေတြေက်
သြားလို႔ သူသြားလိုရာသြားလို႔ရသြားပါၿပီလို႔လာေျပာ
တယ္ေပါ့။ ကြၽန္မနဲ႔ ႐ြက္ဝါကိုလည္း ေက်းဇူးတင္ပါ
တယ္တဲ့ေလ။

အဲ့ဒီအခါၾကမွပဲ သက္ျပင္းခ်ႏိုင္ေတာ့တာ။ သခ်ႋဳင္းမွာ ေသြးထြက္သံယိုျဖစ္ရာကစလိုက္တဲ့ အေၾကာင္းဇာတ္
လမ္းေတြကို အၿမဲအမွတ္ရေနမွာျဖစ္သလို ေနာင္မ်ား
ေတာ့ နာေရးလိုက္ပို႔ရင္ ထိမိခိုက္မိတာ မျဖစ္ေအာင္
ဂ႐ုျပဳသြားေတာ့မယ္လို႔ စိတ္ကူးထားပါေတာ့တယ္။

ေသာ္တာလမင္းစႏၵာ