သင်္ချိုင်းထိပ်ကလူ(စ/ဆုံး)

Unicode Version

သင်္ချိုင်းထိပ်ကလူ(စ/ဆုံး)
——————————
တစ်နေ့သ၌ ဘွားမယ်စိန်၏နေအိမ်ဆီသို့
မောင်တိုးနဲ့မောင်အုန်းတို့အတူတူရောက်လာခဲ့ကြသည်။
“ဟဲ့နှစ်ယောက် အဝတ်အစားတွေဘာတွေနဲ့
ဘယ်သွားကြမလို့တုန်း”
ဟုဒေါ်ဝင်းကသူတို့နှစ်ယောက်ကိုမေးငေါ့ကာမေးတော့
ထန်းလျက်ခုံ၌ဝင်ထိုင်ဖို့ပြင်နေသောမောင်တိုးသည်…
“ဟာဗျာ…အရီးပြောပုံကြီးကလည်း…
ကျုပ်တို့ကအဝတ်အစားမဝတ်တဲ့ကောင်ကြီးတွေကျလို့ဗျာ”
ဟု…ဆူပုတ်ပုတ်မျက်နှာထားဖြင့်ပြောတော့
ဒေါ်ဝင်းကသဘောကျစွာဖြင့်တဟားဟားဖြင့်
ရယ်မောတော့သည်။
ရယ်မောလို့ဝလေမှ…
“မဟုတ်ရပါဘူးဟယ်…နင်တို့က
ခါတိုင်းထက်ထူးနေလို့ပါ…
ခါတိုင်းဆိုရင်…စွပ်ကျယ်အပြဲနဲ့နေ နေကြတဲ့
ကောင်တွေကအခုကျသန့်လို့ပြန့်လို့ဆိုတော့
ဘယ်ကိုများသွားမလို့တုန်းလို့ မေးတာပါဟဲ့…”
“ဟဲ…ဟုတ်တော့ဟုတ်သားဗျ…
ကျုပ်တို့ သူငယ်ချင်းတစ်ယောက်ရဲ့
မင်္ဂလာဆောင်ဖိတ်ထားလို့သွားကြမလို့ပါ အရီးရာ…”
“မင်္ဂလာဆောင်ကဘယ်မှာတုန်းဟဲ့”
“အင်တိုင်းရွာမှာဗျ…”
“ဟော…ဒါဆိုဘယ်နရက်ကြာကြမှာလဲ”
“မကြာပါဘူးအရီးရာ ပွဲပြီးတာနဲ့ပြန်ခဲ့ကြမှာပါ…
အဲ့တာဘွားကိုအကျိုးအကြောင်းလာပြောပြထားတာ
တော်နေ ကျုပ်တို့ကိုလိုက်ရှာနေမှာဆိုးလို့ပါဗျ”
“အေးပါကွယ်…သွားစရာရှိတာသွားကြပါ…
ဒီရက်ပိုင်းထဲခရီးထွက်စရာမရှိသေးပါဘူးကွဲ့”
“ဟုတ်ကဲ့ဘွား…ဒါဆိုကျုပ်တို့သွားတော့မယ်ဗျ…
တော်နေဆိုနေကပိုပူလာတော့မှာ…”
“အေး…အေး…အေး…အေး…”
“ဟဲ့နှစ်ကောင်သေအောင်သောက်မနေကြနဲ့ဦးနော်…
ရွာလည်းသေချာပြန်လာခဲ့ကြ”
“စိတ်ချပါအရီး…”
မောင်တိုးနဲ့မောင်အုန်းတို့ ဘွားမယ်စိန်တို့ကိုနှုတ်ဆက်ပြီး
ခြံဝိုင်းထဲမှထွက်သွားကြတော့သည်။
မောင်တိုးမောင်းသောလှည်းဖြင့် အင်တိုင်းရွာသို့
ထွက်လာခဲ့ကြသည်။
အင်တိုင်းရွာ၏မင်္ဂလာဆောင်သို့ရောက်တော့…
“ဟာ…ဟိုမှာသောင်ထွန်းသားတွေလာပြီဟေ့”
“လာကြကွ…သတိုးသားကျော်စန်းက မင်းတို့ကို
မျှော်နေတာ…”
အင်တိုင်းရွာသားများက မျက်မှန်းတန်းမိနေသော
မောင်းတိုးတို့နှစ်ယောက်ကို ဝမ်းသာအားရကြိုဆိုကြသည်။
သတိုးသား ကျော်စန်းကလည်း မောင်တိုးတို့ကိုမြင်တော့
ဝမ်းသာတကြီးဖြင့်…
“မင်းတို့လာမှလာပါ့မလားလို့ကွာ…”
“ငါတို့လာမယ်လို့ကတိပေးထားတာပဲကွာ…
မဖြစ်ဖြစ်အောင်လာမှာပေါ့…”
“အေး…အေး…အခုတော့ထမင်းစားထားကြဦး…
မင်္ဂလာပွဲပြီးမှဝိုင်းတည်ကြမယ်”
သတိုးသားကျော်စန်းစကားကြောင့်မောင်တိုးတို့
ပြုံး၍ခေါင်းညိတ်ကြသည်။
သူတို့ရောက်လာသည့်အချိန်က
နောက်ကျတာကြောင့်ဧည့်သည်များ
အတော်နည်းနေပြီဖြစ်သည်။
“လာငါညီတို့…အစ်ကိုတို့လိုက်ပို့မယ်…”
ရွာသားတွေကမောင်တိုးတို့ကိုထမင်းဝိုင်းဆီသို့
ခေါ်သွားကြသည်။
မင်္ဂလာဆောင်တွင် ဝက်သားချက်…ပဲပြုတ်နှင့်ဟင်းချိုရည်…
သရက်ချဉ်သုပ်တို့ဖြင့် ကျွေးမွေးကြသည်။
မောင်တိုးနဲ့မောင်အုန်းလည်း ဆာဆာဖြင့်
ထမင်းများစားလိုက်ကြ၏။
စားလို့ပြီးလေတော့ သူတို့အားစောင့်နေကြသော
ရွာသားတွေမှ…
“လာငါညီတို့…ဒီဝိုင်းပြီးရင်တခြားဝိုင်းပြောင်းကြမယ်…
ဟိုသရက်ပင်အောက်မှာအစ်ကိုဝိုင်းတည်ထားတယ်ကွ”
ရွာသားတွေနောက်မှမောင်တိုးတို့လိုက်ကြသည်။
ရွာသားတွေကသူတို့နှစ်ယောက်ကို
အတော်ခင်နေကြပုံရ၏။
အရိပ်ရသောသရက်ပင်အောက်၌ လူထိုင်လို့ရစေရန်
ဖျာကြမ်းများခင်းထားပြီး စားပွဲဝိုင်းတစ်ဝိုင်းလည်း
ချထားပေလေသည်။
ထိုနေရာမှ မင်္ဂလာဆောင် မဏ္ဍပ်ကိုလည်းမြင်နေရသည်။
“ထိုင်ကြကွ…”
မောင်တိုးတို့လည်းရွာသားတွေနှင့်ဝိုင်းဖွဲ့ကာထိုင်လိုက်သည်။
ရွာသားတစ်ဦးမှ ထန်းလျက်အရက်များကိုငှဲ့ပေးရင်း…
“ငါ့ညီတို့ကသောင်ထွန်းရွာကဘွားမယ်စိန်ဆိုတဲ့အမေကြီး
နောက်ကိုလိုက်နေကြတာမဟုတ်လား”
“ဟုတ်ပါတယ်…ဘာလို့လဲဗျ”
“သြော်…ဘာမှမဟုတ်ပါဘူးကွာ…
အမေကြီးကသိပ်စွမ်းတာလို့ကြာဖူးတယ်…
အမေကြီးနောက်လိုက်ရင်းကြုံခဲ့ရတာလေးတွေ
ပြောပြကြပါလားကွာ…
အစ်ကိုတို့လည်းကြားဖူးသွားတာပေါ့”
“ကိုမောင်ချိုတို့ကတော့စကားပြောတော်ချက်ဗျို့…
ဟုတ်တယ်ကွငါတို့လည်းသိချင်နေတာ…
ပြောပြလို့ရရင်ပြောပြပါလားကွာ…”
ရွာသားတွေကသိချင်နေကြ၍ မောင်တိုးနဲ့မောင်အုန်းလည်း
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။
ပြီးလေမှ…
“ကဲပါမောင်တိုးရာ…မင်းပြောပြလိုက်စမ်းပါ”
ဟုမောင်အုန်းကပြောလေမှ မောင်တိုးလည်းခေါင်းကို
ညိတ်ပြီး…
“သိချင်တယ်ဆိုတော့လည်းပြောပြရတာပေါ့ဗျာ…”
ဟုပြောလေတော့ရွာသားတွေကဝမ်းသာသွားကြသည်။
“ဟေး…ဒါမှငါ့ညီတွေကွ…
မင်းတို့ကပြောစရာရှိတာသာပြော…
အရက်နဲ့အမြည်းအတွက်တော့
စိတ်ချ ကုန်သွားရင်ငါတို့ဖြည့်ပေးမယ်…”
ထန်းလျက်အရက်ပုလင်းများကလည်းနံဘေး၌
လေးငါးလုံးရှိသည်။
အမြည်းအဖြစ် လက်ဖက်သုပ်…
မြေပဲလှော်အပြင် ကြက်တစ်ကောင်ကိုကြော်၍ချပေးထားသည်။
မောင်တိုးကလည်းဘွားမယ်စိန်နှင့်သူတို့လိုက်စဉ်က
အဖြစ်အပျက်များကိုပြန်လည်ကာပြောပြနေခဲ့သည်။
ထန်းလျက်အရက်လေးကိုမော့သောက်လိုက်…
အမြည်းစားလိုက်…ပြောစရာလေးပြောလိုက်ဖြင့်အတော်လေး
ဟန်ကျနေကြသည်။
မောင်တိုးတစ်ယောက်အရက်လေးဝင်၍
ပြောရတာပိုကောင်းနေသလို…နားထောင်သူများကလည်း
စိတ်ဝင်တစားပင်နားထောင်နေခဲ့ကြသည်။
ထိုသို့အရက်သောက်လိုက်နားထောင်လိုက်လုပ်နေစဉ်
မင်္ဂလာဆောင်အတွက်ဝိုင်းကူနေကြသောလူများဆီမှ…
“ဟေ့…မိသန်း…ငါတောင်းတာပေးနော်…
မဟုတ်ရင်ဒီနေရာမှာတင်နင်သေမယ်…”
“ဟောတော်…ကိုအောင်ထွန်းရယ်
ကျုပ်ဘယ်ကပိုက်ဆံရှိမှာလဲ…
အခုတောင်မင်္ဂလာဆောင်ဝိုင်းကူနေလို့
ထမင်းလေးစားနေရတာ…
တော်ပြန်ပါတော့တော်…ကျုပ်ရှက်လို့ပါ…”
“မသာမ…သေချင်နေတာထင်တယ်…”
ဟူသောအသံများကြောင့်မောင်တိုးတို့မှာ
စကားစပြတ်သွားပြီး အသံများလာရာဆီကို
ကြည့်ကုန်ကြသည်။
အသားမည်းမည်း…အရပ်ကရှည်ရှည်…
ဆံပင်ဘုတ်သိုက်ကြီးဖြင့် ပုဆိုးကိုတိုတိုဝတ်ကာအပေါ်ပိုင်း
ဗလာကျင်းနေသော လူသည် သူ၏မိန်းမဖြစ်ဟန်တူသော
အမျိုးသမီးကိုငေါက်ဟယ်ရိုက်ဟယ်ဖြင့်ရန်မူနေခဲ့သည်။
“ဘိုးအောင်ထွန်းသောင်းကျန်းနေပြန်ပြီ…
ဟေ့ကောင်တွေဒီလူ့ကိုအရက်တစ်ပုလင်း
ပေးလိုက်စမ်းပါကွာ…”
သတိုးသားကျော်စန်းကမနေနိုင်စွာဖြင့်
မောင်တိုးတို့ဝိုင်းမှထန်းလျက်အရက်တစ်လုံးကိုယူကာပေးလိုက်သည်။
ထိုအခါမှဘိုးအောင်ထွန်းဆိုသည့်လူကကျေနပ်ဟန်ဖြင့်
လှည့်ထွက်သွားခဲ့၏။
“ဒီဘိုးတော်ကြည့်ရတာမိန်းမကိုအတော်နိုင်ပုံရတယ်ဗျ”
“အမယ်လေးကွာ…နိုင်တာလည်းမပြောနဲ့…
ဒါတောင်ဒင်းကမိန်းမတစ်ယောက်ပြီးတစ်ယောက်ယူနိုင်သေးတာကွ… ”
“ဗျာ…ဒီလူက မိန်းမတစ်ယောက်ပြီး
တစ်ယောက်ယူတယ်…
ဟုတ်သလား”
မောင်တိုးကအံ့သြစွာဖြင့်မေးလိုက်တော့ရွာသားတွေက
ခေါင်းညိတ်ထောက်ခံကြသည်။
“ဟုတ်တယ်ကွ…ဒါတတိယမြောက်မိန်းမပဲ…
ပထမမိန်းမကတော့ သူ့ဒဏ်မခံနိုင်လို့
လူ့လောက ကနေအစောကြီးထွက်သွားရှာပြီ…
ကလေးတွေလည်းဟိုရောက်ဒီရောက်ပေါ့ကွာ…
ဟောဒုတိယမိန်းမလည်းအခုလိုပဲရိုက်လိုက်…
အရက်ဖိုးတောင်းလိုက်ဒဏ်ကိုမခံနိုင်လို့
ထွက်ပြေးသွားတာဘယ်ရောက်သွားမှန်းကို
မသိပါဘူးကွာ…ဒါကတော့တတိယမြောက်ပဲဟေ့…
ဘယ်လိုလာမယ်မှန်းမသိပါဘူးကွာ…”
“ဟောဗျာ…ဒီလိုအသားကမည်းလူကပိန်ရှည်ရှည်…
သွားကလည်းကွမ်းဂျိုးတွေမည်းနေတဲ့လူကိုမှ
ယူတဲ့မိန်းမကရှိသေးတယ်…အံ့သြပါ့ဗျာ…”
“မောင်တိုးကလည်းကွာ…
မင်းမစွံတိုင်းသူများကိုပြောမနေစမ်းပါနဲ့ကွ…”
“မဟုတ်တာကိုကြီးအုန်းရာ…
လောကကြီးကမတရားလို့ပါဗျ”
“ဘာတွေမတရားတာတုန်းကွ…”
“အခုကြည့်လေဗျာ…
အလုပ်မရှိတဲ့အပြင်မိန်းမဆီကနေ
အရက်ဖိုးတောင်းသောက်နေရတဲ့လူတောင်
မိန်းမတွေပြောင်းပြီးယူနိုင်သေးတာ…
ကျုပ်လိုလူချော…လူကောင်းလေး…
အလုပ်ဆိုလည်းလုပ်တာမှပြောမနေနဲ့…
ဦးဘိုးသောင်းနွားနဲ့တောင်ပြိုင်ရုန်းနိုင်သေးတယ်…
အဲ့သည်လိုလူကျယူချင်တဲ့မိန်းမကမရှိဘူးလေ…
ဒါမတရားတာပဲဗျ”
“ဟား…ဟားး…ဟားး…ဟားး…ဟားးး…
တကယ့်ကောင်ကွာ…ပြောလည်းပြောတတ်တယ်…”
မောင်တိုးစကားကိုအားလုံးကသဘောကျပြီး
တဟားဟားရယ်မောကုန်ကြသည်။
ထိုသို့ဖြင့်ထန်းလျက်အရက်လေးသောက်လိုက်
စကားပြောလိုက်ဖြင့်နေပင်စောင်းလာခဲ့၏။
“ကဲ…ငါ့ကောင်တွေ…မင်းတို့ တို့ရွာမှာပဲ
ညအိပ်လိုက်တော့”
“မအိပ်တော့ပါဘူးဗျာ…”
“ဟ…အိပ်သွားပါကွာ…မင်းတို့ဒီလိုပုံစံကြီးနဲ့တော့
မပြန်ကြပါနဲ့…”
“ပြန်နိုင်ပါတယ်ဗျာ…
ကျုပ်တို့ဒီလောက်လည်းမမူးပါဘူးဗျ…”
“ပြောမရလည်းပြန်ကြကွာ…
ဟောသည်လက်ကျန်တစ်ပုလင်းတော့
ကုန်အောင်သောက်ကြဦး”
“သောက်မှာ…ကုန်အောင်သောက်ပြီးမှပြန်မှာဗျာ…”
သတိုးသားကျော်စန်းက တားမရသော
မောင်တိုးတို့နှစ်ယောက်ကိုအရက်သာအဝတိုက်နေခဲ့၏။
အတော်လေးမှောင်လာတော့မောင်တိုးတို့လည်းသတိုးသားနှင့်
ရွာသားတွေကိုနှုတ်ဆက်ပြီး နွားလှည်းဖြင့်ပြန်ဖို့ပြင်ကြသည်။
“နေဦးကွ…ရော့ဒါမင်းတို့လမ်းမှာသောက်ဖို့…
ယူသွားကြ”
“ကျေးဇူးတင်တယ်ကွာ…
ငါတို့လမ်းမှာထပ်ဖြည့်လို့ရတာပေါ့”
“အေး…အေး…သေချာလည်းပြန်ကြဦး…
မင်းတို့ရွာကိုပြန်နိုင်တာသေချာတယ်နော်…”
“သေချာပါတယ်ကွာ…”
ထန်းလျက်အရက်နှစ်လုံးကို ကျော်စန်းကလှည်းပေါ်တင်ပေးလိုက်သည်။
အချိန်က လပင် ကောင်းကင်ပေါ်၌နေရာယူနေပြီ
ဖြစ်ပြီး မောင်တိုးနှင့်မောင်အုန်းတို့ကတော့
အရက်မူးမူးဖြင့်လှည်းကောက်မောင်းလာခဲ့ကြသည်။
အင်တိုင်းရွာအထွက်သင်္ချိုင်းနားသို့ရောက်တော့
အတော်လေးမှောင်နေခဲ့သည်။
“ကိုကြီးအုန်း…မှောင်နေတယ်နော်…
မီးတုတ်ထွန်းကြမလား”
“ထွန်းမနေနဲ့ကွာ…ဒီလမ်းတွေဆိုတာ
ငါတို့မျက်စိမှိတ်တောင်သွားလို့ရနေတာပဲ…”
မောင်အုန်းစကားအတိုင်းနွားလှည်းကိုဆက်မောင်းလာခဲ့သည်။
သင်္ချိုင်းကိုဖြတ်ကျော်ပြီးနောက်…
“အရှေ့မှာလူတစ်ယောက်တားနေတယ်ဗျ”
မှောင်နေသော်လည်း လရောင်ကြောင့်မြင်နေရသည်။
“လူကောဟုတ်ရဲ့လား…
အင်တိုင်းရွာသင်္ချိုင်းကအခြောက်အလန့်ပေါတယ်ကွ…”
“မသိဘူးလေဗျာ…”
“နေ…နေ…ငါသွားမယ်…”
မောင်အုန်းကဝါးရင်းတုတ်ကိုယူပြီး
နွားလှည်းပေါ်မှခုန်ဆင်းလိုက်သည်။
မောင်တိုးလည်းနွားလှည်းကိုရပ်ပြီးမောင်အုန်းနောက်မှ
အတူဆင်းလိုက်လာခဲ့သည်။
“ဟေ့ဘယ်ကောင်လဲကွ…”
မောင်အုန်းကဝါးရင်းတုတ်ကြီးကိုရွယ်ပြီးမေးလိုက်သည်။
နွားလှည်းကိုတားသူကလည်း ခါးကြီးကိုကုန်း၍…
“အရက်…အရက်သောက်ချင်လို့”
ဟု…အသံဝါးဝါးကြီးဖြင့်ပြောလေသည်။
လရောင်အောက်၌ထိုလူ၏သွားမည်းမည်းကြီးများနှင့်
ရုပ်သွင်မှာကြောက်စဖွယ်ကောင်းနေခဲ့၏။
“တောက်…နှမဘေးသရဲ…
အရက်လာတောင်းနေတယ်လို့…
ဒါပဲရမယ်ကွ…”
“ဘုန်း…ခွပ်…”
“အမယ်လေးဗျ…”
“ဟင်…”
မောင်အုန်း၏ဝါးရင်းတုတ်ဖြင့်အတီးခံရ၍”အမယ်လေးဗျ”
ဟုအော်ကာ နေရာ၌လှဲကျသွားတော့သည်။
မောင်တိုးမှာမောင်အုန်းကိုတားချိန်ပင်မရလိုက်…
ကြောင်အမ်းပြီးကြည့်နေခဲ့မိ၏။
သတိဝင်လာချိန်မှ…
“ကိုကြီးအုန်းလွန်မယ်…
လွန်ကုန်တော့မယ်…”
“မင်းအသာနေစမ်းပါမောင်တိုးရာ…
ဒီလိုသရဲကိုဒီလိုဆုံးမပစ်ရမှာကွ…
ဘွားမယ်စိန်ရဲ့သားတွေကွ…
ဘာများမှတ်နေလဲ”
ဟု…မောင်အုန်းကလေသံကျယ်ကျယ်ဖြင့်အော်ပြောနေသည်။
မောင်အုန်းရိုက်ချက်ကြောင့်မြေပြင်ပေါ်၌
တအီးအီးငြီးငြူသံများထွက်ပေါ်နေ၍…
“ဒါလူဗျ…သရဲမဟုတ်ဘူး”
ဟုမောင်တိုးကပြောလိုက်တော့မောင်အုန်းမှာ
အမူးပင်ပြေသွားပြီး…”ဟေ…”ဟုပြောကာ
မြေပြင်ပေါ်မှလူကိုသေချာငုံ့ကြည့်တော့သည်။
“ဟုတ်တယ်ကိုကြီးအုန်း…သေချာကြည့်ဦးဗျ…
ဒါသရဲမဟုတ်ဘူး…နေ့ခင်းတုန်းက ကျုပ်တို့တွေ့တဲ့
ဘိုးအောင်ထွန်းဆိုတဲ့လူဗျ…”
“ဟာ…သွားပြီဟေ့”
“အခုမှတော့လန့်မနေနဲ့တော့….ဒီလူ့ကြည့်ရတာ
ကိုကြီးအုန်းရိုက်လိုက်လို့ခေါင်းကွဲပြီထင်တယ်…
လာဗျာ…မထူလိုက်…
ကျုပ်တို့ရွာထဲပြန်သယ်မှဖြစ်တော့မယ်…”
“အေး…အေးပါကွာ…”
မောင်အုန်းလည်းကြောက်ကြောက်လန့်လန့်ဖြင့်
ဘိုးအောင်ထွန်းကို…မောင်တိုးနှင့်အတူတွဲ၍
လှည်းပေါ်တင်ပေးသည်။
နွားလှည်းကိုအင်တိုင်းရွာထဲသို့အသောနှင်၍
ဆေးဆရာအိမ်ရှာရ၏။
ဆေးဆရာနှင့်ဘိုးအောင်ထွန်းကိုပြနေချိန်
ကျော်စန်းတို့ရွာသားတွေအပြေးရောက်လာခဲ့ကြသည်။
“ဘယ်လိုဖြစ်ကြတာလဲကွာ…”
“ပြောမပြောချင်ပါဘူးကွာ…”.
“ပြောပါမောင်အုန်းရာ…
ဟိုမှာဘိုးအောင်ထွန်းမိန်းမကထမိန်ဆွဲပြီးလိုက်လာပြီကွ…”
ထိုအခါမှမောင်အုန်းလည်းဖြစ်သမျှကိုရှင်းပြလိုက်ရသည်။
“အေးကွာ…မင်းတို့နဲ့မှဖြစ်တတ်ပါပေတယ်…”
“ဟေ့…ငါ့လင်ကိုရိုက်တဲ့တစ်ရွာသားတွေ
နင်တို့ကိုမကျေနပ်ဘူးဟဲ့…
တစ်ရွာကလာပြီးငါ့လင်ကိုရိုက်ရတယ်လို့…”
ဒေါ်မိသန်းကသောင်းကျန်းလေသည်။
သူ့ယောကျာ်းဘိုးအောင်ထွန်းကတော့ခေါင်း၌
ဆေးများစည်းထားပြီးငူငူကြီးထိုင်နေခဲ့၏။
“သူကြီးဘယ်လိုလုပ်ပေးမှာလဲပြော…
ဒင်းတို့ကိုကျူပ်မကျေနပ်ဘူး”
“ဟဲ့မိသန်း…ဒါသူတို့အမှားလည်းမဟုတ်ဘူး…
နင့်လင်ကိုယ်တိုင်ကသရဲလိုလိုဘာလိုလိုနဲ့
သင်္ချိုင်းနားသွားနေတာ နင့်လင်မှားတာပဲ”
“မိသန်းကိုဒါမျိုးပြောလို့မရဘူးသူကြီး…
ကျုပ်တောင်မရိုက်ရက်တဲ့ကျုပ်လင်ကို
ဒင်းတို့ရိုက်လိုက်တာလေ…”
ဒေါ်မိသန်းကိုမည်သူမှပြော၍မရဖြစ်နေခဲ့သည်။
မောင်အုန်းမှာကမျက်နှာငယ်လေးဖြင့်ထိုင်နေရှာ၏။
“အေး…ဒါဆိုလည်း သောင်ထွန်းရွာကသူကြီး
ဦးနောင်ချိုကိုပဲခေါ်ရတော့မှာပေါ့…
လာကြစမ်းဟေ့…”
ရွာသူတို့ဦးဖိုးမှန်က ရွာသားတွေကိုခေါ်လိုက်သည်။
သောင်ထွန်းရွာသူကြီးကိုအကျိုးအကြောင်းပြောကာခေါ်ခဲ့ဖို့
ရွာသားသုံးယောက်ကိုလွှတ်လိုက်၏။
မောင်တိုးနဲ့မောင်အုန်းကတော့ ခေါင်းကြီးတွေငုံ့နဲ့စိတ်ပျက်လက်ပျက်ထိုင်နေကြတော့သည်။
“ဘာမှစိတ်မညစ်ကြပါနဲ့ကွာ…
မင်းတို့အတွက်ငါတို့ရှင်းပေးပါ့မယ်…
ဒီဒေါ်မိသန်းကလည်း အကျယ်ကိုချဲ့လွန်းပါတယ်…”
“ဟုတ်ပကွာ…ဒီမိန်းမတော်တော်ကိုဆိုးတယ်”
ရွာသားတွေကတော့မောင်တိုးတို့ကိုအားပေးကြရှာသည်။
အတော်လေးကြာတော့ နွားလှည်းတစ်စီးဖြင့်
ရွာသူကြီးဦးနောင်ချိုတို့ရောက်လာခဲ့သည်။
အချိန်ကသန်းခေါင်သို့ပင်ရောက်နေပြီဖြစ်သော်လည်း
ရွာသူ၊ရွာသားတချို့နှင့်မောင်တိုးတို့ကိုခင်နေသောရွာသားတွေကအိမ်သို့ပင်မပြန်ကြသေးပေ။
သူကြီးဦးဖိုးမှန်ကလည်းသူ၏အိမ်ဝိုင်းထဲကို
မီးတုတ်များသေချာထွန်းထားပေးရှာသည်။
“ဟာဗျာ…ဘွားလည်းလိုက်လာတာပဲ…
အချိန်မတော်ကြီးဗျာ…
ဒီအထိလိုက်လာရတယ်လို့…”
သူကြီးဦးဖိုးမှန်ကလှည်းပေါ်မှဆင်းလာသော
ဘွားမယ်စိန်ကိုပြောလိုက်သည်။
သူကြီးဦးဖိုးမှန်အသံကြောင့်မောင်တိုးတို့လည်းမော့
ကြည့်ကြရာဘွားမယ်စိန်ကိုမြင်တော့
မျက်နှာလေးတွေငယ်ကုန်သည်။
“မလိုက်လို့ဘယ်ဖြစ်မလဲကွဲ့…
ဒါဘွားသားတွေလေမောင်ရင်ရဲ့…
မောင်နောင်ချိုကလည်း မင်းအတိုင်းပဲအကျိုးအကြောင်းလာပြောပြီးမလိုက်ဖို့ပြောသားပဲကွဲ့…
ကဲပါကွယ်…တစ်ဖက်ကဘယ်လိုဖြစ်ချင်တာတဲ့တုန်း”
“ဟဲ့…မိသန်း…လာ…ဘွားခေါ်နေတယ်လာခဲ့”
သူကြီးဦးဖိုးမှန်က ဒေါ်မိသန်းကိုခေါ်လိုက်သည်။
ဒေါ်မိသန်းကဘွားမယ်စိန်ကိုမြင်တော့ ရှိုးတိုးရှန့်တန့်ဟန်ဖြင့်…
“ဒီ…ဒီကောင်လေးတွေကဘွားသားတွေလားတော့်”
“ဟုတ်တယ်လေ…နင်မသိဘူးလား”
“ကျုပ်မသိလို့ပေါ့သူကြီးရယ်…”
“ဟောဗျာ…ဒီတစ်ရွာလုံးသိတယ်…နင်ပဲမသိတာ…”
“ကဲပါကွယ်…ဘွားသားတွေဆိုပေမယ့်
သူတို့အမှားအတွက်ဘွားတို့ညည်းကျေနပ်အောင်
ဘာများလုပ်ပေးရမလဲ…”
“အဲ့တာက…”
“ပြောလိုက်လေမိသန်း…နင်ပဲအစောကမကျေနပ်ဘူးဆို…”
“ဟင်း…ဘွားသားတွေမှန်းမသိလို့
ကျုပ်ဒေါသထွက်မိတာပါတော်…
အခုလိုသိတော့ဆေးဖိုးဝါးခလေးလျော်ပေးရင်ပဲ
ကျုပ်ကျေနပ်ပါပြီ…”
“ဟ…ဒါများငါပေးလည်းရပါတယ်…
နင်ကိုကအတော်အကျယ်ချဲ့ချင်နေတာ…”
ရွာသူကြီးဦးဖိုးမှန်က ဒေါ်မိသန်းကို
မကျေမနပ်ပြောလိုက်သည်။
“ကဲ…ရော့ …ဒီလောက်ဆိုရင်ညည်းကျေနပ်လား”
ဘွားမယ်စိန်ကသူ၏ချည်လွယ်အိတ်ထဲမှငွေစက္ကူအချို့ကို
ဒေါ်မိသန်းကိုပေးလေသည်။
ဒေါ်မိသန်းကလည်းငွေစက္ကူများကိုယူ၍…
“ကျေနပ်ပါပြီ”
ဟုပြော၏။
မောင်တိုးနဲ့မောင်အုန်းကတော့မည်သည့်
စကားမှမပြောရဲကြ။
“ကိစ္စပြီးပြီဆိုရင်ဘွားတို့လည်းပြန်တော့မယ်ကွယ်…
မောင်ရင်တို့နဲ့ပဲဘွားလိုက်ခဲ့မယ်…”
ဘွားမယ်စိန်ကမောင်တိုးတို့နွားလှည်းဖြင့်အတူလိုက်သလို
သူကြီးဦးနောင်ချိုလည်းလိုက်ခဲ့သည်။
လာစဉ်ကနွားလှည်းကိုတော့အရင်ပြန်နှင့်စေသည်။
“မင်းတို့ကောင်တွေကွာ…
ပျော်လို့သောက်တာလည်းသောက်ပေါ့…
အခုလိုပြသာဒ်နာရှာတာတော့ငါလုံးဝမကြိုက်ဘူး…
ရွာရောက်တာနဲ့မင်းတို့ကိုအပြစ်ပေးမှရမယ်…
ငါ့အိမ်ကခြောက်ပေါက်တုံးကတော့
မင်းတို့အတွက်ဖြစ်ပြီပေါ့ကွာ…”
“ကျုပ်တို့အပြစ်ကိုလက်ခံမှာပါသူကြီးရာ…
နောက်ပြီးဘွားကိုလည်းတောင်းပန်ပါတယ်…
ဒါကျုပ်မှားတဲ့အမှားပါ…မောင်တိုးနဲ့ဘာမှမဆိုင်ပါဘူးဗျာ”
“ဘွားကနားလည်ပါတယ်…
လူငယ်တွေပဲဒီလောက်တော့ဖြစ်တတ်ပါတယ်ကွယ်…
ဘွားစိတ်လည်းမဆိုးဘူး…မောင်ရင်တို့အတွက်
လုပ်ပေးသင့်တာကိုလုပ်ပေးယုံတင်ပါ…”
ဘွားမယ်စိန်ကခွင့်လွှတ်သည်ဆို၍ မောင်တိုးတို့်မှာ
ဝမ်းသာသွားသည်။
သို့သော်သူကြီးဦးနောင်ချိုပေးသောအပြစ်ကိုလည်း
ခံကြရပေဦးမည်။
သူကြီးဦးနောင်ချိုအိမ်က ကျွန်းသားဖြင့်လုပ်ထားသော
ခြောက်ပေါက်တုံးကြီးကတော့ သူတို့ကို
စောင့်ကြိုနေမည်ဖြစ်သည်။
ခြောက်ပေါက်တုံးဆိုတာကလည်းအများနားလည်အောင်ပြောရလျှင် ထိပ်တုံးပင်ဖြစ်၏။
ရွာကိုအုပ်ချုပ်သောသူကြီးတိုင်းလိုလိုတွင်
ခြောက်ပေါက်တုံးရှိသည်။
ရွာရှိဆိုးသွမ်းသောလူဆိုးလူမိုက်များကို
ခြောက်ပေါက်တုံး၌ခတ်၍အပြစ်ပေးရ၏။
ယခုလည်း သရဲနှင့်လူမကွဲဘဲမှားရိုက်မိသောအပြစ်ကြောင့်
မောင်တိုးနဲ့မောင်အုန်းတို့ခြောက်ပေါက်၌အခတ်ခံကြရပေမည်။
အပြစ်ပေးခြင်းကိုဘွားမယ်စိန်က
မည်သို့မှဝင်မပြောပေ။
ရွာရောက်တာနဲ့ဘွားမယ်စိန်အိမ်သို့
အရင်ဆုံးနွားလှည်းဖြင့်လိုက်ပို့ကြသည်။
ပြီးလေမှရွာသူကြီးဦးနောင်ချို၏အိမ်ဆီသို့ပြန်လာကြတော့၏။
“ကဲ…မင်းတို့ကောင်တွေဒီညတော့ဒီမှာအိပ်ပေတော့…
မနက်ဖြန်ကျရင်ရွာကရေမြောင်းတွေဆယ်ဖို့ပြင်ထားကြ”
“ဟူးး…ဟုတ်ကဲ့ပါသူကြီးရယ်…”
စိတ်ပျက်လက်ပျက်ဖြင့်သူကြီးဦးနောင်ချိုကို
ဖြေလိုက်ကြသည်။
တစ်ညလုံးခြင်ကိုက်ခံ၍မသက်မသာအိပ်ကြရသလို…
မိုးလင်းတာနှင့်ပေါက်ပြားများယူပြီး
မြောင်းဆယ်ကြရပေဦးမည်။
ထိုသို့ဖြင့်…စာမူလေးပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

သခ်ႋဳင္းထိပ္ကလူ(စ/ဆုံး)
——————————
တစ္ေန႔သ၌ ဘြားမယ္စိန္၏ေနအိမ္ဆီသို႔
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔အတူတူေရာက္လာခဲ့ၾကသည္။
“ဟဲ့ႏွစ္ေယာက္ အဝတ္အစားေတြဘာေတြနဲ႔
ဘယ္သြားၾကမလို႔တုန္း”
ဟုေဒၚဝင္းကသူတို႔ႏွစ္ေယာက္ကိုေမးေငါ့ကာေမးေတာ့
ထန္းလ်က္ခုံ၌ဝင္ထိုင္ဖို႔ျပင္ေနေသာေမာင္တိုးသည္…
“ဟာဗ်ာ…အရီးေျပာပုံႀကီးကလည္း…
က်ဳပ္တို႔ကအဝတ္အစားမဝတ္တဲ့ေကာင္ႀကီးေတြက်လို႔ဗ်ာ”
ဟု…ဆူပုတ္ပုတ္မ်က္ႏွာထားျဖင့္ေျပာေတာ့
ေဒၚဝင္းကသေဘာက်စြာျဖင့္တဟားဟားျဖင့္
ရယ္ေမာေတာ့သည္။
ရယ္ေမာလို႔ဝေလမွ…
“မဟုတ္ရပါဘူးဟယ္…နင္တို႔က
ခါတိုင္းထက္ထူးေနလို႔ပါ…
ခါတိုင္းဆိုရင္…စြပ္က်ယ္အၿပဲနဲ႔ေန ေနၾကတဲ့
ေကာင္ေတြကအခုက်သန႔္လို႔ျပန႔္လို႔ဆိုေတာ့
ဘယ္ကိုမ်ားသြားမလို႔တုန္းလို႔ ေမးတာပါဟဲ့…”
“ဟဲ…ဟုတ္ေတာ့ဟုတ္သားဗ်…
က်ဳပ္တို႔ သူငယ္ခ်င္းတစ္ေယာက္ရဲ႕
မဂၤလာေဆာင္ဖိတ္ထားလို႔သြားၾကမလို႔ပါ အရီးရာ…”
“မဂၤလာေဆာင္ကဘယ္မွာတုန္းဟဲ့”
“အင္တိုင္း႐ြာမွာဗ်…”
“ေဟာ…ဒါဆိုဘယ္နရက္ၾကာၾကမွာလဲ”
“မၾကာပါဘူးအရီးရာ ပြဲၿပီးတာနဲ႔ျပန္ခဲ့ၾကမွာပါ…
အဲ့တာဘြားကိုအက်ိဳးအေၾကာင္းလာေျပာျပထားတာ
ေတာ္ေန က်ဳပ္တို႔ကိုလိုက္ရွာေနမွာဆိုးလို႔ပါဗ်”
“ေအးပါကြယ္…သြားစရာရွိတာသြားၾကပါ…
ဒီရက္ပိုင္းထဲခရီးထြက္စရာမရွိေသးပါဘူးကြဲ႕”
“ဟုတ္ကဲ့ဘြား…ဒါဆိုက်ဳပ္တို႔သြားေတာ့မယ္ဗ်…
ေတာ္ေနဆိုေနကပိုပူလာေတာ့မွာ…”
“ေအး…ေအး…ေအး…ေအး…”
“ဟဲ့ႏွစ္ေကာင္ေသေအာင္ေသာက္မေနၾကနဲ႔ဦးေနာ္…
႐ြာလည္းေသခ်ာျပန္လာခဲ့ၾက”
“စိတ္ခ်ပါအရီး…”
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔ ဘြားမယ္စိန္တို႔ကိုႏႈတ္ဆက္ၿပီး
ၿခံဝိုင္းထဲမွထြက္သြားၾကေတာ့သည္။
ေမာင္တိုးေမာင္းေသာလွည္းျဖင့္ အင္တိုင္း႐ြာသို႔
ထြက္လာခဲ့ၾကသည္။
အင္တိုင္း႐ြာ၏မဂၤလာေဆာင္သို႔ေရာက္ေတာ့…
“ဟာ…ဟိုမွာေသာင္ထြန္းသားေတြလာၿပီေဟ့”
“လာၾကကြ…သတိုးသားေက်ာ္စန္းက မင္းတို႔ကို
ေမွ်ာ္ေနတာ…”
အင္တိုင္း႐ြာသားမ်ားက မ်က္မွန္းတန္းမိေနေသာ
ေမာင္းတိုးတို႔ႏွစ္ေယာက္ကို ဝမ္းသာအားရႀကိဳဆိုၾကသည္။
သတိုးသား ေက်ာ္စန္းကလည္း ေမာင္တိုးတို႔ကိုျမင္ေတာ့
ဝမ္းသာတႀကီးျဖင့္…
“မင္းတို႔လာမွလာပါ့မလားလို႔ကြာ…”
“ငါတို႔လာမယ္လို႔ကတိေပးထားတာပဲကြာ…
မျဖစ္ျဖစ္ေအာင္လာမွာေပါ့…”
“ေအး…ေအး…အခုေတာ့ထမင္းစားထားၾကဦး…
မဂၤလာပြဲၿပီးမွဝိုင္းတည္ၾကမယ္”
သတိုးသားေက်ာ္စန္းစကားေၾကာင့္ေမာင္တိုးတို႔
ၿပဳံး၍ေခါင္းညိတ္ၾကသည္။
သူတို႔ေရာက္လာသည့္အခ်ိန္က
ေနာက္က်တာေၾကာင့္ဧည့္သည္မ်ား
အေတာ္နည္းေနၿပီျဖစ္သည္။
“လာငါညီတို႔…အစ္ကိုတို႔လိုက္ပို႔မယ္…”
႐ြာသားေတြကေမာင္တိုးတို႔ကိုထမင္းဝိုင္းဆီသို႔
ေခၚသြားၾကသည္။
မဂၤလာေဆာင္တြင္ ဝက္သားခ်က္…ပဲျပဳတ္ႏွင့္ဟင္းခ်ိဳရည္…
သရက္ခ်ဥ္သုပ္တို႔ျဖင့္ ေကြၽးေမြးၾကသည္။
ေမာင္တိုးနဲ႔ေမာင္အုန္းလည္း ဆာဆာျဖင့္
ထမင္းမ်ားစားလိုက္ၾက၏။
စားလို႔ၿပီးေလေတာ့ သူတို႔အားေစာင့္ေနၾကေသာ
႐ြာသားေတြမွ…
“လာငါညီတို႔…ဒီဝိုင္းၿပီးရင္တျခားဝိုင္းေျပာင္းၾကမယ္…
ဟိုသရက္ပင္ေအာက္မွာအစ္ကိုဝိုင္းတည္ထားတယ္ကြ”
႐ြာသားေတြေနာက္မွေမာင္တိုးတို႔လိုက္ၾကသည္။
႐ြာသားေတြကသူတို႔ႏွစ္ေယာက္ကို
အေတာ္ခင္ေနၾကပုံရ၏။
အရိပ္ရေသာသရက္ပင္ေအာက္၌ လူထိုင္လို႔ရေစရန္
ဖ်ာၾကမ္းမ်ားခင္းထားၿပီး စားပြဲဝိုင္းတစ္ဝိုင္းလည္း
ခ်ထားေပေလသည္။
ထိုေနရာမွ မဂၤလာေဆာင္ မ႑ပ္ကိုလည္းျမင္ေနရသည္။
“ထိုင္ၾကကြ…”
ေမာင္တိုးတို႔လည္း႐ြာသားေတြႏွင့္ဝိုင္းဖြဲ႕ကာထိုင္လိုက္သည္။
႐ြာသားတစ္ဦးမွ ထန္းလ်က္အရက္မ်ားကိုငွဲ႔ေပးရင္း…
“ငါ့ညီတို႔ကေသာင္ထြန္း႐ြာကဘြားမယ္စိန္ဆိုတဲ့အေမႀကီး
ေနာက္ကိုလိုက္ေနၾကတာမဟုတ္လား”
“ဟုတ္ပါတယ္…ဘာလို႔လဲဗ်”
“ေၾသာ္…ဘာမွမဟုတ္ပါဘူးကြာ…
အေမႀကီးကသိပ္စြမ္းတာလို႔ၾကာဖူးတယ္…
အေမႀကီးေနာက္လိုက္ရင္းႀကဳံခဲ့ရတာေလးေတြ
ေျပာျပၾကပါလားကြာ…
အစ္ကိုတို႔လည္းၾကားဖူးသြားတာေပါ့”
“ကိုေမာင္ခ်ိဳတို႔ကေတာ့စကားေျပာေတာ္ခ်က္ဗ်ိဳ႕…
ဟုတ္တယ္ကြငါတို႔လည္းသိခ်င္ေနတာ…
ေျပာျပလို႔ရရင္ေျပာျပပါလားကြာ…”
႐ြာသားေတြကသိခ်င္ေနၾက၍ ေမာင္တိုးနဲ႔ေမာင္အုန္းလည္း
တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၾကသည္။
ၿပီးေလမွ…
“ကဲပါေမာင္တိုးရာ…မင္းေျပာျပလိုက္စမ္းပါ”
ဟုေမာင္အုန္းကေျပာေလမွ ေမာင္တိုးလည္းေခါင္းကို
ညိတ္ၿပီး…
“သိခ်င္တယ္ဆိုေတာ့လည္းေျပာျပရတာေပါ့ဗ်ာ…”
ဟုေျပာေလေတာ့႐ြာသားေတြကဝမ္းသာသြားၾကသည္။
“ေဟး…ဒါမွငါ့ညီေတြကြ…
မင္းတို႔ကေျပာစရာရွိတာသာေျပာ…
အရက္နဲ႔အျမည္းအတြက္ေတာ့
စိတ္ခ် ကုန္သြားရင္ငါတို႔ျဖည့္ေပးမယ္…”
ထန္းလ်က္အရက္ပုလင္းမ်ားကလည္းနံေဘး၌
ေလးငါးလုံးရွိသည္။
အျမည္းအျဖစ္ လက္ဖက္သုပ္…
ေျမပဲေလွာ္အျပင္ ၾကက္တစ္ေကာင္ကိုေၾကာ္၍ခ်ေပးထားသည္။
ေမာင္တိုးကလည္းဘြားမယ္စိန္ႏွင့္သူတို႔လိုက္စဥ္က
အျဖစ္အပ်က္မ်ားကိုျပန္လည္ကာေျပာျပေနခဲ့သည္။
ထန္းလ်က္အရက္ေလးကိုေမာ့ေသာက္လိုက္…
အျမည္းစားလိုက္…ေျပာစရာေလးေျပာလိုက္ျဖင့္အေတာ္ေလး
ဟန္က်ေနၾကသည္။
ေမာင္တိုးတစ္ေယာက္အရက္ေလးဝင္၍
ေျပာရတာပိုေကာင္းေနသလို…နားေထာင္သူမ်ားကလည္း
စိတ္ဝင္တစားပင္နားေထာင္ေနခဲ့ၾကသည္။
ထိုသို႔အရက္ေသာက္လိုက္နားေထာင္လိုက္လုပ္ေနစဥ္
မဂၤလာေဆာင္အတြက္ဝိုင္းကူေနၾကေသာလူမ်ားဆီမွ…
“ေဟ့…မိသန္း…ငါေတာင္းတာေပးေနာ္…
မဟုတ္ရင္ဒီေနရာမွာတင္နင္ေသမယ္…”
“ေဟာေတာ္…ကိုေအာင္ထြန္းရယ္
က်ဳပ္ဘယ္ကပိုက္ဆံရွိမွာလဲ…
အခုေတာင္မဂၤလာေဆာင္ဝိုင္းကူေနလို႔
ထမင္းေလးစားေနရတာ…
ေတာ္ျပန္ပါေတာ့ေတာ္…က်ဳပ္ရွက္လို႔ပါ…”
“မသာမ…ေသခ်င္ေနတာထင္တယ္…”
ဟူေသာအသံမ်ားေၾကာင့္ေမာင္တိုးတို႔မွာ
စကားစျပတ္သြားၿပီး အသံမ်ားလာရာဆီကို
ၾကည့္ကုန္ၾကသည္။
အသားမည္းမည္း…အရပ္ကရွည္ရွည္…
ဆံပင္ဘုတ္သိုက္ႀကီးျဖင့္ ပုဆိုးကိုတိုတိုဝတ္ကာအေပၚပိုင္း
ဗလာက်င္းေနေသာ လူသည္ သူ၏မိန္းမျဖစ္ဟန္တူေသာ
အမ်ိဳးသမီးကိုေငါက္ဟယ္႐ိုက္ဟယ္ျဖင့္ရန္မူေနခဲ့သည္။
“ဘိုးေအာင္ထြန္းေသာင္းက်န္းေနျပန္ၿပီ…
ေဟ့ေကာင္ေတြဒီလူ႔ကိုအရက္တစ္ပုလင္း
ေပးလိုက္စမ္းပါကြာ…”
သတိုးသားေက်ာ္စန္းကမေနႏိုင္စြာျဖင့္
ေမာင္တိုးတို႔ဝိုင္းမွထန္းလ်က္အရက္တစ္လုံးကိုယူကာေပးလိုက္သည္။
ထိုအခါမွဘိုးေအာင္ထြန္းဆိုသည့္လူကေက်နပ္ဟန္ျဖင့္
လွည့္ထြက္သြားခဲ့၏။
“ဒီဘိုးေတာ္ၾကည့္ရတာမိန္းမကိုအေတာ္ႏိုင္ပုံရတယ္ဗ်”
“အမယ္ေလးကြာ…ႏိုင္တာလည္းမေျပာနဲ႔…
ဒါေတာင္ဒင္းကမိန္းမတစ္ေယာက္ၿပီးတစ္ေယာက္ယူႏိုင္ေသးတာကြ… ”
“ဗ်ာ…ဒီလူက မိန္းမတစ္ေယာက္ၿပီး
တစ္ေယာက္ယူတယ္…
ဟုတ္သလား”
ေမာင္တိုးကအံ့ၾသစြာျဖင့္ေမးလိုက္ေတာ့႐ြာသားေတြက
ေခါင္းညိတ္ေထာက္ခံၾကသည္။
“ဟုတ္တယ္ကြ…ဒါတတိယေျမာက္မိန္းမပဲ…
ပထမမိန္းမကေတာ့ သူ႔ဒဏ္မခံႏိုင္လို႔
လူ႔ေလာက ကေနအေစာႀကီးထြက္သြားရွာၿပီ…
ကေလးေတြလည္းဟိုေရာက္ဒီေရာက္ေပါ့ကြာ…
ေဟာဒုတိယမိန္းမလည္းအခုလိုပဲ႐ိုက္လိုက္…
အရက္ဖိုးေတာင္းလိုက္ဒဏ္ကိုမခံႏိုင္လို႔
ထြက္ေျပးသြားတာဘယ္ေရာက္သြားမွန္းကို
မသိပါဘူးကြာ…ဒါကေတာ့တတိယေျမာက္ပဲေဟ့…
ဘယ္လိုလာမယ္မွန္းမသိပါဘူးကြာ…”
“ေဟာဗ်ာ…ဒီလိုအသားကမည္းလူကပိန္ရွည္ရွည္…
သြားကလည္းကြမ္းဂ်ိဳးေတြမည္းေနတဲ့လူကိုမွ
ယူတဲ့မိန္းမကရွိေသးတယ္…အံ့ၾသပါ့ဗ်ာ…”
“ေမာင္တိုးကလည္းကြာ…
မင္းမစြံတိုင္းသူမ်ားကိုေျပာမေနစမ္းပါနဲ႔ကြ…”
“မဟုတ္တာကိုႀကီးအုန္းရာ…
ေလာကႀကီးကမတရားလို႔ပါဗ်”
“ဘာေတြမတရားတာတုန္းကြ…”
“အခုၾကည့္ေလဗ်ာ…
အလုပ္မရွိတဲ့အျပင္မိန္းမဆီကေန
အရက္ဖိုးေတာင္းေသာက္ေနရတဲ့လူေတာင္
မိန္းမေတြေျပာင္းၿပီးယူႏိုင္ေသးတာ…
က်ဳပ္လိုလူေခ်ာ…လူေကာင္းေလး…
အလုပ္ဆိုလည္းလုပ္တာမွေျပာမေနနဲ႔…
ဦးဘိုးေသာင္းႏြားနဲ႔ေတာင္ၿပိဳင္႐ုန္းႏိုင္ေသးတယ္…
အဲ့သည္လိုလူက်ယူခ်င္တဲ့မိန္းမကမရွိဘူးေလ…
ဒါမတရားတာပဲဗ်”
“ဟား…ဟားး…ဟားး…ဟားး…ဟားးး…
တကယ့္ေကာင္ကြာ…ေျပာလည္းေျပာတတ္တယ္…”
ေမာင္တိုးစကားကိုအားလုံးကသေဘာက်ၿပီး
တဟားဟားရယ္ေမာကုန္ၾကသည္။
ထိုသို႔ျဖင့္ထန္းလ်က္အရက္ေလးေသာက္လိုက္
စကားေျပာလိုက္ျဖင့္ေနပင္ေစာင္းလာခဲ့၏။
“ကဲ…ငါ့ေကာင္ေတြ…မင္းတို႔ တို႔႐ြာမွာပဲ
ညအိပ္လိုက္ေတာ့”
“မအိပ္ေတာ့ပါဘူးဗ်ာ…”
“ဟ…အိပ္သြားပါကြာ…မင္းတို႔ဒီလိုပုံစံႀကီးနဲ႔ေတာ့
မျပန္ၾကပါနဲ႔…”
“ျပန္ႏိုင္ပါတယ္ဗ်ာ…
က်ဳပ္တို႔ဒီေလာက္လည္းမမူးပါဘူးဗ်…”
“ေျပာမရလည္းျပန္ၾကကြာ…
ေဟာသည္လက္က်န္တစ္ပုလင္းေတာ့
ကုန္ေအာင္ေသာက္ၾကဦး”
“ေသာက္မွာ…ကုန္ေအာင္ေသာက္ၿပီးမွျပန္မွာဗ်ာ…”
သတိုးသားေက်ာ္စန္းက တားမရေသာ
ေမာင္တိုးတို႔ႏွစ္ေယာက္ကိုအရက္သာအဝတိုက္ေနခဲ့၏။
အေတာ္ေလးေမွာင္လာေတာ့ေမာင္တိုးတို႔လည္းသတိုးသားႏွင့္
႐ြာသားေတြကိုႏႈတ္ဆက္ၿပီး ႏြားလွည္းျဖင့္ျပန္ဖို႔ျပင္ၾကသည္။
“ေနဦးကြ…ေရာ့ဒါမင္းတို႔လမ္းမွာေသာက္ဖို႔…
ယူသြားၾက”
“ေက်းဇူးတင္တယ္ကြာ…
ငါတို႔လမ္းမွာထပ္ျဖည့္လို႔ရတာေပါ့”
“ေအး…ေအး…ေသခ်ာလည္းျပန္ၾကဦး…
မင္းတို႔႐ြာကိုျပန္ႏိုင္တာေသခ်ာတယ္ေနာ္…”
“ေသခ်ာပါတယ္ကြာ…”
ထန္းလ်က္အရက္ႏွစ္လုံးကို ေက်ာ္စန္းကလွည္းေပၚတင္ေပးလိုက္သည္။
အခ်ိန္က လပင္ ေကာင္းကင္ေပၚ၌ေနရာယူေနၿပီ
ျဖစ္ၿပီး ေမာင္တိုးႏွင့္ေမာင္အုန္းတို႔ကေတာ့
အရက္မူးမူးျဖင့္လွည္းေကာက္ေမာင္းလာခဲ့ၾကသည္။
အင္တိုင္း႐ြာအထြက္သခ်ႋဳင္းနားသို႔ေရာက္ေတာ့
အေတာ္ေလးေမွာင္ေနခဲ့သည္။
“ကိုႀကီးအုန္း…ေမွာင္ေနတယ္ေနာ္…
မီးတုတ္ထြန္းၾကမလား”
“ထြန္းမေနနဲ႔ကြာ…ဒီလမ္းေတြဆိုတာ
ငါတို႔မ်က္စိမွိတ္ေတာင္သြားလို႔ရေနတာပဲ…”
ေမာင္အုန္းစကားအတိုင္းႏြားလွည္းကိုဆက္ေမာင္းလာခဲ့သည္။
သခ်ႋဳင္းကိုျဖတ္ေက်ာ္ၿပီးေနာက္…
“အေရွ႕မွာလူတစ္ေယာက္တားေနတယ္ဗ်”
ေမွာင္ေနေသာ္လည္း လေရာင္ေၾကာင့္ျမင္ေနရသည္။
“လူေကာဟုတ္ရဲ႕လား…
အင္တိုင္း႐ြာသခ်ႋဳင္းကအေျခာက္အလန႔္ေပါတယ္ကြ…”
“မသိဘူးေလဗ်ာ…”
“ေန…ေန…ငါသြားမယ္…”
ေမာင္အုန္းကဝါးရင္းတုတ္ကိုယူၿပီး
ႏြားလွည္းေပၚမွခုန္ဆင္းလိုက္သည္။
ေမာင္တိုးလည္းႏြားလွည္းကိုရပ္ၿပီးေမာင္အုန္းေနာက္မွ
အတူဆင္းလိုက္လာခဲ့သည္။
“ေဟ့ဘယ္ေကာင္လဲကြ…”
ေမာင္အုန္းကဝါးရင္းတုတ္ႀကီးကို႐ြယ္ၿပီးေမးလိုက္သည္။
ႏြားလွည္းကိုတားသူကလည္း ခါးႀကီးကိုကုန္း၍…
“အရက္…အရက္ေသာက္ခ်င္လို႔”
ဟု…အသံဝါးဝါးႀကီးျဖင့္ေျပာေလသည္။
လေရာင္ေအာက္၌ထိုလူ၏သြားမည္းမည္းႀကီးမ်ားႏွင့္
႐ုပ္သြင္မွာေၾကာက္စဖြယ္ေကာင္းေနခဲ့၏။
“ေတာက္…ႏွမေဘးသရဲ…
အရက္လာေတာင္းေနတယ္လို႔…
ဒါပဲရမယ္ကြ…”
“ဘုန္း…ခြပ္…”
“အမယ္ေလးဗ်…”
“ဟင္…”
ေမာင္အုန္း၏ဝါးရင္းတုတ္ျဖင့္အတီးခံရ၍”အမယ္ေလးဗ်”
ဟုေအာ္ကာ ေနရာ၌လွဲက်သြားေတာ့သည္။
ေမာင္တိုးမွာေမာင္အုန္းကိုတားခ်ိန္ပင္မရလိုက္…
ေၾကာင္အမ္းၿပီးၾကည့္ေနခဲ့မိ၏။
သတိဝင္လာခ်ိန္မွ…
“ကိုႀကီးအုန္းလြန္မယ္…
လြန္ကုန္ေတာ့မယ္…”
“မင္းအသာေနစမ္းပါေမာင္တိုးရာ…
ဒီလိုသရဲကိုဒီလိုဆုံးမပစ္ရမွာကြ…
ဘြားမယ္စိန္ရဲ႕သားေတြကြ…
ဘာမ်ားမွတ္ေနလဲ”
ဟု…ေမာင္အုန္းကေလသံက်ယ္က်ယ္ျဖင့္ေအာ္ေျပာေနသည္။
ေမာင္အုန္း႐ိုက္ခ်က္ေၾကာင့္ေျမျပင္ေပၚ၌
တအီးအီးၿငီးျငဴသံမ်ားထြက္ေပၚေန၍…
“ဒါလူဗ်…သရဲမဟုတ္ဘူး”
ဟုေမာင္တိုးကေျပာလိုက္ေတာ့ေမာင္အုန္းမွာ
အမူးပင္ေျပသြားၿပီး…”ေဟ…”ဟုေျပာကာ
ေျမျပင္ေပၚမွလူကိုေသခ်ာငုံ႔ၾကည့္ေတာ့သည္။
“ဟုတ္တယ္ကိုႀကီးအုန္း…ေသခ်ာၾကည့္ဦးဗ်…
ဒါသရဲမဟုတ္ဘူး…ေန႔ခင္းတုန္းက က်ဳပ္တို႔ေတြ႕တဲ့
ဘိုးေအာင္ထြန္းဆိုတဲ့လူဗ်…”
“ဟာ…သြားၿပီေဟ့”
“အခုမွေတာ့လန႔္မေနနဲ႔ေတာ့….ဒီလူ႔ၾကည့္ရတာ
ကိုႀကီးအုန္း႐ိုက္လိုက္လို႔ေခါင္းကြဲၿပီထင္တယ္…
လာဗ်ာ…မထူလိုက္…
က်ဳပ္တို႔႐ြာထဲျပန္သယ္မွျဖစ္ေတာ့မယ္…”
“ေအး…ေအးပါကြာ…”
ေမာင္အုန္းလည္းေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္
ဘိုးေအာင္ထြန္းကို…ေမာင္တိုးႏွင့္အတူတြဲ၍
လွည္းေပၚတင္ေပးသည္။
ႏြားလွည္းကိုအင္တိုင္း႐ြာထဲသို႔အေသာႏွင္၍
ေဆးဆရာအိမ္ရွာရ၏။
ေဆးဆရာႏွင့္ဘိုးေအာင္ထြန္းကိုျပေနခ်ိန္
ေက်ာ္စန္းတို႔႐ြာသားေတြအေျပးေရာက္လာခဲ့ၾကသည္။
“ဘယ္လိုျဖစ္ၾကတာလဲကြာ…”
“ေျပာမေျပာခ်င္ပါဘူးကြာ…”.
“ေျပာပါေမာင္အုန္းရာ…
ဟိုမွာဘိုးေအာင္ထြန္းမိန္းမကထမိန္ဆြဲၿပီးလိုက္လာၿပီကြ…”
ထိုအခါမွေမာင္အုန္းလည္းျဖစ္သမွ်ကိုရွင္းျပလိုက္ရသည္။
“ေအးကြာ…မင္းတို႔နဲ႔မွျဖစ္တတ္ပါေပတယ္…”
“ေဟ့…ငါ့လင္ကို႐ိုက္တဲ့တစ္႐ြာသားေတြ
နင္တို႔ကိုမေက်နပ္ဘူးဟဲ့…
တစ္႐ြာကလာၿပီးငါ့လင္ကို႐ိုက္ရတယ္လို႔…”
ေဒၚမိသန္းကေသာင္းက်န္းေလသည္။
သူ႔ေယာက်ာ္းဘိုးေအာင္ထြန္းကေတာ့ေခါင္း၌
ေဆးမ်ားစည္းထားၿပီးငူငူႀကီးထိုင္ေနခဲ့၏။
“သူႀကီးဘယ္လိုလုပ္ေပးမွာလဲေျပာ…
ဒင္းတို႔ကိုက်ဴပ္မေက်နပ္ဘူး”
“ဟဲ့မိသန္း…ဒါသူတို႔အမွားလည္းမဟုတ္ဘူး…
နင့္လင္ကိုယ္တိုင္ကသရဲလိုလိုဘာလိုလိုနဲ႔
သခ်ႋဳင္းနားသြားေနတာ နင့္လင္မွားတာပဲ”
“မိသန္းကိုဒါမ်ိဳးေျပာလို႔မရဘူးသူႀကီး…
က်ဳပ္ေတာင္မ႐ိုက္ရက္တဲ့က်ဳပ္လင္ကို
ဒင္းတို႔႐ိုက္လိုက္တာေလ…”
ေဒၚမိသန္းကိုမည္သူမွေျပာ၍မရျဖစ္ေနခဲ့သည္။
ေမာင္အုန္းမွာကမ်က္ႏွာငယ္ေလးျဖင့္ထိုင္ေနရွာ၏။
“ေအး…ဒါဆိုလည္း ေသာင္ထြန္း႐ြာကသူႀကီး
ဦးေနာင္ခ်ိဳကိုပဲေခၚရေတာ့မွာေပါ့…
လာၾကစမ္းေဟ့…”
႐ြာသူတို႔ဦးဖိုးမွန္က ႐ြာသားေတြကိုေခၚလိုက္သည္။
ေသာင္ထြန္း႐ြာသူႀကီးကိုအက်ိဳးအေၾကာင္းေျပာကာေခၚခဲ့ဖို႔
႐ြာသားသုံးေယာက္ကိုလႊတ္လိုက္၏။
ေမာင္တိုးနဲ႔ေမာင္အုန္းကေတာ့ ေခါင္းႀကီးေတြငုံ႔နဲ႔စိတ္ပ်က္လက္ပ်က္ထိုင္ေနၾကေတာ့သည္။
“ဘာမွစိတ္မညစ္ၾကပါနဲ႔ကြာ…
မင္းတို႔အတြက္ငါတို႔ရွင္းေပးပါ့မယ္…
ဒီေဒၚမိသန္းကလည္း အက်ယ္ကိုခ်ဲ႕လြန္းပါတယ္…”
“ဟုတ္ပကြာ…ဒီမိန္းမေတာ္ေတာ္ကိုဆိုးတယ္”
႐ြာသားေတြကေတာ့ေမာင္တိုးတို႔ကိုအားေပးၾကရွာသည္။
အေတာ္ေလးၾကာေတာ့ ႏြားလွည္းတစ္စီးျဖင့္
႐ြာသူႀကီးဦးေနာင္ခ်ိဳတို႔ေရာက္လာခဲ့သည္။
အခ်ိန္ကသန္းေခါင္သို႔ပင္ေရာက္ေနၿပီျဖစ္ေသာ္လည္း
႐ြာသူ၊႐ြာသားတခ်ိဳ႕ႏွင့္ေမာင္တိုးတို႔ကိုခင္ေနေသာ႐ြာသားေတြကအိမ္သို႔ပင္မျပန္ၾကေသးေပ။
သူႀကီးဦးဖိုးမွန္ကလည္းသူ၏အိမ္ဝိုင္းထဲကို
မီးတုတ္မ်ားေသခ်ာထြန္းထားေပးရွာသည္။
“ဟာဗ်ာ…ဘြားလည္းလိုက္လာတာပဲ…
အခ်ိန္မေတာ္ႀကီးဗ်ာ…
ဒီအထိလိုက္လာရတယ္လို႔…”
သူႀကီးဦးဖိုးမွန္ကလွည္းေပၚမွဆင္းလာေသာ
ဘြားမယ္စိန္ကိုေျပာလိုက္သည္။
သူႀကီးဦးဖိုးမွန္အသံေၾကာင့္ေမာင္တိုးတို႔လည္းေမာ့
ၾကည့္ၾကရာဘြားမယ္စိန္ကိုျမင္ေတာ့
မ်က္ႏွာေလးေတြငယ္ကုန္သည္။
“မလိုက္လို႔ဘယ္ျဖစ္မလဲကြဲ႕…
ဒါဘြားသားေတြေလေမာင္ရင္ရဲ႕…
ေမာင္ေနာင္ခ်ိဳကလည္း မင္းအတိုင္းပဲအက်ိဳးအေၾကာင္းလာေျပာၿပီးမလိုက္ဖို႔ေျပာသားပဲကြဲ႕…
ကဲပါကြယ္…တစ္ဖက္ကဘယ္လိုျဖစ္ခ်င္တာတဲ့တုန္း”
“ဟဲ့…မိသန္း…လာ…ဘြားေခၚေနတယ္လာခဲ့”
သူႀကီးဦးဖိုးမွန္က ေဒၚမိသန္းကိုေခၚလိုက္သည္။
ေဒၚမိသန္းကဘြားမယ္စိန္ကိုျမင္ေတာ့ ရႈိးတိုးရွန႔္တန႔္ဟန္ျဖင့္…
“ဒီ…ဒီေကာင္ေလးေတြကဘြားသားေတြလားေတာ့္”
“ဟုတ္တယ္ေလ…နင္မသိဘူးလား”
“က်ဳပ္မသိလို႔ေပါ့သူႀကီးရယ္…”
“ေဟာဗ်ာ…ဒီတစ္႐ြာလုံးသိတယ္…နင္ပဲမသိတာ…”
“ကဲပါကြယ္…ဘြားသားေတြဆိုေပမယ့္
သူတို႔အမွားအတြက္ဘြားတို႔ညည္းေက်နပ္ေအာင္
ဘာမ်ားလုပ္ေပးရမလဲ…”
“အဲ့တာက…”
“ေျပာလိုက္ေလမိသန္း…နင္ပဲအေစာကမေက်နပ္ဘူးဆို…”
“ဟင္း…ဘြားသားေတြမွန္းမသိလို႔
က်ဳပ္ေဒါသထြက္မိတာပါေတာ္…
အခုလိုသိေတာ့ေဆးဖိုးဝါးခေလးေလ်ာ္ေပးရင္ပဲ
က်ဳပ္ေက်နပ္ပါၿပီ…”
“ဟ…ဒါမ်ားငါေပးလည္းရပါတယ္…
နင္ကိုကအေတာ္အက်ယ္ခ်ဲ႕ခ်င္ေနတာ…”
႐ြာသူႀကီးဦးဖိုးမွန္က ေဒၚမိသန္းကို
မေက်မနပ္ေျပာလိုက္သည္။
“ကဲ…ေရာ့ …ဒီေလာက္ဆိုရင္ညည္းေက်နပ္လား”
ဘြားမယ္စိန္ကသူ၏ခ်ည္လြယ္အိတ္ထဲမွေငြစကၠဴအခ်ိဳ႕ကို
ေဒၚမိသန္းကိုေပးေလသည္။
ေဒၚမိသန္းကလည္းေငြစကၠဴမ်ားကိုယူ၍…
“ေက်နပ္ပါၿပီ”
ဟုေျပာ၏။
ေမာင္တိုးနဲ႔ေမာင္အုန္းကေတာ့မည္သည့္
စကားမွမေျပာရဲၾက။
“ကိစၥၿပီးၿပီဆိုရင္ဘြားတို႔လည္းျပန္ေတာ့မယ္ကြယ္…
ေမာင္ရင္တို႔နဲ႔ပဲဘြားလိုက္ခဲ့မယ္…”
ဘြားမယ္စိန္ကေမာင္တိုးတို႔ႏြားလွည္းျဖင့္အတူလိုက္သလို
သူႀကီးဦးေနာင္ခ်ိဳလည္းလိုက္ခဲ့သည္။
လာစဥ္ကႏြားလွည္းကိုေတာ့အရင္ျပန္ႏွင့္ေစသည္။
“မင္းတို႔ေကာင္ေတြကြာ…
ေပ်ာ္လို႔ေသာက္တာလည္းေသာက္ေပါ့…
အခုလိုျပသာဒ္နာရွာတာေတာ့ငါလုံးဝမႀကိဳက္ဘူး…
႐ြာေရာက္တာနဲ႔မင္းတို႔ကိုအျပစ္ေပးမွရမယ္…
ငါ့အိမ္ကေျခာက္ေပါက္တုံးကေတာ့
မင္းတို႔အတြက္ျဖစ္ၿပီေပါ့ကြာ…”
“က်ဳပ္တို႔အျပစ္ကိုလက္ခံမွာပါသူႀကီးရာ…
ေနာက္ၿပီးဘြားကိုလည္းေတာင္းပန္ပါတယ္…
ဒါက်ဳပ္မွားတဲ့အမွားပါ…ေမာင္တိုးနဲ႔ဘာမွမဆိုင္ပါဘူးဗ်ာ”
“ဘြားကနားလည္ပါတယ္…
လူငယ္ေတြပဲဒီေလာက္ေတာ့ျဖစ္တတ္ပါတယ္ကြယ္…
ဘြားစိတ္လည္းမဆိုးဘူး…ေမာင္ရင္တို႔အတြက္
လုပ္ေပးသင့္တာကိုလုပ္ေပးယုံတင္ပါ…”
ဘြားမယ္စိန္ကခြင့္လႊတ္သည္ဆို၍ ေမာင္တိုးတို႔္မွာ
ဝမ္းသာသြားသည္။
သို႔ေသာ္သူႀကီးဦးေနာင္ခ်ိဳေပးေသာအျပစ္ကိုလည္း
ခံၾကရေပဦးမည္။
သူႀကီးဦးေနာင္ခ်ိဳအိမ္က ကြၽန္းသားျဖင့္လုပ္ထားေသာ
ေျခာက္ေပါက္တုံးႀကီးကေတာ့ သူတို႔ကို
ေစာင့္ႀကိဳေနမည္ျဖစ္သည္။
ေျခာက္ေပါက္တုံးဆိုတာကလည္းအမ်ားနားလည္ေအာင္ေျပာရလွ်င္ ထိပ္တုံးပင္ျဖစ္၏။
႐ြာကိုအုပ္ခ်ဳပ္ေသာသူႀကီးတိုင္းလိုလိုတြင္
ေျခာက္ေပါက္တုံးရွိသည္။
႐ြာရွိဆိုးသြမ္းေသာလူဆိုးလူမိုက္မ်ားကို
ေျခာက္ေပါက္တုံး၌ခတ္၍အျပစ္ေပးရ၏။
ယခုလည္း သရဲႏွင့္လူမကြဲဘဲမွား႐ိုက္မိေသာအျပစ္ေၾကာင့္
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔ေျခာက္ေပါက္၌အခတ္ခံၾကရေပမည္။
အျပစ္ေပးျခင္းကိုဘြားမယ္စိန္က
မည္သို႔မွဝင္မေျပာေပ။
႐ြာေရာက္တာနဲ႔ဘြားမယ္စိန္အိမ္သို႔
အရင္ဆုံးႏြားလွည္းျဖင့္လိုက္ပို႔ၾကသည္။
ၿပီးေလမွ႐ြာသူႀကီးဦးေနာင္ခ်ိဳ၏အိမ္ဆီသို႔ျပန္လာၾကေတာ့၏။
“ကဲ…မင္းတို႔ေကာင္ေတြဒီညေတာ့ဒီမွာအိပ္ေပေတာ့…
မနက္ျဖန္က်ရင္႐ြာကေရေျမာင္းေတြဆယ္ဖို႔ျပင္ထားၾက”
“ဟူးး…ဟုတ္ကဲ့ပါသူႀကီးရယ္…”
စိတ္ပ်က္လက္ပ်က္ျဖင့္သူႀကီးဦးေနာင္ခ်ိဳကို
ေျဖလိုက္ၾကသည္။
တစ္ညလုံးျခင္ကိုက္ခံ၍မသက္မသာအိပ္ၾကရသလို…
မိုးလင္းတာႏွင့္ေပါက္ျပားမ်ားယူၿပီး
ေျမာင္းဆယ္ၾကရေပဦးမည္။
ထိုသို႔ျဖင့္…စာမူေလးၿပီးပါၿပီ။
ယဥ္မင္း(ကန႔္ဘလူ)