သင်္ချိုင်းထဲကကြက်

သင်္ချိုင်းထဲကကြက်(စ/ဆုံး)

————————–
“ကျွန်တော့နာမည်က မျိူးနိုင် “
အလုပ်အကိုင်က
အလယ်တန်းပြကျောင်းဆရာ။လူပျို အသက်
က၂၈။
ကျောင်းဆရာဆိုလို့ ရုပ်ရှင်တွေထဲကလို ကိုယ်ကျင့်တရားကခြောက်ပြစ်ကင်း စိတ်သဘောဖြူစင်ပြီး ကျောင်းဝတ်စုံကော်လံကတုန်းလက်ရှည်ဖြူတိုက်ပုံအင်္ကျီ ကိုလက်မောင်းတစ်ဖက်ပေါ်တင် ကျန်လက်တစ်ဖက်ကစာအုပ်ကိုပိုက်ပြီးဖြည်းညင်းညင်သာစမါတ်ကျသည့်ဒီဇိုင်းမျိုးမဟုတ်။
ကိုယ်ကလူငယ်အလျှောက်ထိုက်သင့်သော
အပျော်အပါးတော့ရှိသည်။ ပါတ်ဝန်းကျင်နှင့်ဝင်ဆန့်အောင် လူ့သဘောလူ့မနောညီမျှအောင်
သီလကိုအတင်းစင်ကြယ်အောင်မနေ ။အရက်ဆိုလည်းသိပ်မကင်း ထန်းရည်ဆိုလည်းသိပ်မငြင်း ဒါပေမဲ့ကို့ရဲ့ဂုဏ်သိက္ခာကိုတော့မကျဆင်းအောင်ထိန်းသည်။
နေစရာလည်းပူစရာမလို တနယ်တစ်ကျေးကလာသောသူ့အတွက် ရာအိမ်မှူးဦးညွန့်မောင်အိမ်တွင်စိတ်ကြိုက်နေခွင့်စားခွင့်စရိတ််ငြိမ်း။ဦးညွန့်မောင်ကမိသားစုများများမရှိ။သူတို့လင်မယားနှစ်ယောက် နှင့်သားတစ်ယောက်သမီးတစ်ယောက်ရှိသည်။သားကအငယ် အခုတော့မိန်းမရပြီးအိမ်ခွဲနေသည်။သမီးမဝေကအကြီး
အသက်က၃၃နှစ်။သူ့ထက်ငါးနှစ်ကြီးသဖြင့်
သူ့မောင်လေးခေါ်သည့်အတိုင်းမမဝေဟုပဲခေါ်သည်။
ကိုမျိုးမှာကျောင်းဆရာဖြစ်ပေမဲ့သူ့ကိုယ်သူပညာတတ်ဟုဘယ်တော့မှမခံယူ။ဤအလုပ်ကိုနဂိုထဲကမှဝါသနာပါလှသည်မဟုတ် သို့ပေမဲ့ဘဝပေးအခြေအနေအရအလုပ်နှင့်လူတစ်သားတည်းကျသွားချိန်တွင်အရာရာကိုစိတ်နှစ်၍လုပ်ဖြစ်လာသည်။ ယခုလဲနွေရာသီကျောင်းပိတ်ရက်ဖြစ်သော်လည်းအိမ်မှာပြန်မနေပဲ တာဝန်ကျရာထိန်ပင်သို့လာ၍မိမိလက်လှမ်းမှီသမျှ ကလေးတွေအား အခမဲ့ပညာဒါနပြုသောအားဖြင့်လုပ်အားပေးလျှက်ရှိ၏။
ယခုလဲကျောင်းမှပြန်အလာခြံဝိုင်းထဲဝင်လိုက်သည်နှင့် အိမ်ရှင်ဦးညွန့်မောင် အိမ်နီးချင်းကိုလှသိန်းအပါအဝင် အရပ်ထဲမှလူလတ်ပိုင်းအရွယ်ခြောက်ယောက်ခန့်စကားဝိုင်းဖွဲ့ပြောနေကြ၏။
ထိုစဥ်ဦးညွန့်မောင်မှာ “ဆရာမျိုးအဝတ်
အစားလဲပြီးရင်ဒီကိုခဏလာပါအုံးဗျ”
ထိုစဥ်မမဝေမှ မောင်မျိုးရေဝိုင်းထဲသိပ်ကြာအောင်မထိုင်နဲ့ ပြီးရင်ထမင်းစား ဒီနေ့ကိုလှသိန်းကကြက်တစ်ကောင်လာပေးလို့ဟင်း
ချက်ထားတယ်
ဟုတ်မမဝေခဏလေးပါ
“အေးခဏလေးကလဲညလုံးပေါက်”

မောင်မျိုးအဝတ်အစားလဲပြီးဝိုင်းထဲဝင်ထိုင်လိုက်သည်နှင့်ဦးညွန့်မောင်မှ
“ကဲကျောင်းဆရာရေ ဒီနေ့ဒီကောင်တွေ
ရှုံးပွဲခံနေတာကွ”
“ဟာဦးညွန့်ကလဲအောင်ပွဲခံတယ်ဘဲကြားဖူးတာ အခုကဘယ်လိုလုပ်ရှုံးပွဲခံရတာတုန်း”
ဆရာမျိုးကလဲ ဒီနေ့ လှသိန်းတို့ဖွဲ့
အောက်သောင်ဘက်သွားပြီးကြက်တိုက်လို့
ရှုံးပြီးပြန်လာတာ အဲ့ဒါကို စိတ်ထဲမှာမကျေနပ်လို့ လာပြီးရင်ဖွင်နေတာ။
ဟာဒါဆိုအခုချက်တဲ့ကြက်သားဟင်းကပွဲမှာရှုံးလာတဲ့ကြက်ကိုချက်စားတာလား
ဒါဆိုရင်မစားပါရစေနဲ့ဗျာ
ထိုစဥ်ဦးလှသိန်းမှ “ဆရာသမားကလဲ
ကျွန်တော်ကောင်ကြီးကိုဒီလိုမလုပ်ရက်ပါဘူးဗျာ အခုချက်တဲ့ကြက်သားကတခြားစားကြက်ပါဗျာ”
ကျွန်တော်တို့အနိုင်ကနေ အရှုံးဖြစ်သွားတာဗျာ ဘယ်လိုမှကိုနားမလည်နိုင်ဘူး
လက်ရင်းက ဆယ်ဂဏန်းလောက်ပဲ
လက်ဖျားမှာထိတာဗျ။
တစ်ကယ်တော့ကိုလှသိန်းအနေနှင့်ဒီလောက်ငွေကိုသိပ်ဂရုစိုက်နေစရာအကြောင်းမရှိပါ သူ့ကြက်ကြီး မှာသည်နွေ နိုင်ပွဲတွေဆက်နေ၍ အတော်လေလဲရထားပြီဖြစ်ရာ
ယခုမှာပိုက်ဆံထက်အရှုံးကိုခံပြင်းနေခြင်းသာဖြစ်၏
ဦးးလှသိန်းမှ
ဆရာလဲသိတဲ့အတိုင်းပဲလေ ကျွန်တော့ကောင်
‘”ရွှေကျီးက” စထဲကအသေတိုက်ခွပ်တာ
ဟိုဘက်က ကြက်ဖျက်မကောင်းတော့
သိပ်တောင်မကြာဘူးဟိုဘက်ကကောင်
ခွပ်လမ်းပျောက်နေပြီး လည်စိုက်နေပြီ
အဲ့ဒီမှာ ကျုပ်တို့ဘက်ကလက်ဖျားစခေါ်တာ
နောက် ဆုံးလက်ပူတိုက်ပြီးမှေးနေပြီ
ကျုပ်တို့ဘက်က တစ်ရာတစ်ဆယ်ထိတက်ခေါ်တာ
ခေါ်တာလဲမပြောနဲ့ ဟိုဘက်ကြက်က
ဖွဖွလေးနမ်းရင်တောင်လဲတော့မှာ
ကိုမျိုးမှ
ဦးညွန့်မောင်အဲလောက်ကြီးပိုင်နေတာတောင်
ဘယ်လိုရှုံးတုန်းဗျာ
ကိုလှသိန်းသည် လက်ကျန်ကို တစ်ကျိုက်မော့ပြီး ဆေးပေါ့ဆိပ်ကိုဖွာရှိုက်၏
ပြီးမှ …….ကြက်စွဲပေါ့ဗျာ
အဲ့ကောင်ကြက်ကုပုံတကယ့်
မှော်ဆရာလိုပဲကွာ အောက်လမ်းတွေဘာတွေတတ်သလားမသိဘူး သူ့ကြက်ကိုနှစ်ချီမြောက် ပြန်ကောက်တဲ့အချိန် အကြမ်းကုတာ
ဒီကောင်ဂါထာမန္တာန်တွေရွတ်ပြီးဖုတ်သွင်းလိုက်သလားမှတ်ရတယ် ကျုပ်ကြက်ဖိခွပ်တဲ့အချိန် သူ့ကောင်ကောင်အောက်ကနေပင့်ရိုက်တာ အော်ပြီးပြေးတာပါပဲ။
တစ်ချိန်လုံးဘာစကားမှမပြောပဲ
ရှိစုမဲ့စုလေးပါသွား၍ ငြိမ်ကုတ်နေသော
စိုးမောင်မှ ကိုလှသိန်းကလဲ အဲ့ကောင်
ချောင်းဆုံက အောင်ထွန်းကျုပ်သိတာပေါ့ဗျာ
ဒီကောင်ကလူမှန်းသိတတ်ထဲက ကြက်စွဲလိုက်လုပ်နေတာ သူ့မှာကြက်အပိုင်မရှိပေမဲ့
တစ်ခုကောင်းရှိပုံရတယ် သူကတကယ့်ဝိုင်းကြီးတွေကိုမှလိုက်နေတာ အခုလဲဒီကောင်တွေ
ပါမှန်းမသိလို့ကျုပ်လိုက်တာဗျ။
အခုကျုပ်တို့နဲ့ပွဲဖြစ်တဲ့ကြက်ကလဲသူတို့တစ်ရွာထဲ သူကတောက်လျှောက်ကြက်ထိန်းလုပ်နေတာ။
ထိုစဥ် ကိုလှသိန်းမှ
ချောင်းဆုံသားငါသိတယ်ကွာ အရင်ကကြားဖူးတာ အခုတော့ လဘက်ထုပ်ထက်လူကပိုစွမ်းသွားတာ အဲ့ကောင်တွေရွာကတစ်ရွာလုံးကြက်သမားတွေချည်း ကြက်ကောင်းတွေလဲပေါတယ် တကယ်ခံရမှသိတာ။
သူတို့စကားဝိုင်းထဲတွင်အောင်ထွန်းကား
လူစွမ်ကောင်းဖြစ်နေ၏။
ထိုစဥ် စကားဝိုင်းသို့ရုတ်တရတ်ဝင်လာသောကိုမောင်လေးမှ
ဟာမင်းတို့သွားပြီ အဲ့ဒီအောင်ထွန်းဆိုတာ
ချောင်းဆုံကဟိုကောင်တပည့်လေကွာ
အဲ့ကောင်နဲ့အရင်က အတူပွဲလိုက်နေတဲ့ကောင်
နေပါအုံး ဒီကောင်နံမည် ငါမေ့နေတယ်
အခုတော့ဒီကောင်လုံးဝကြက်မတိုက်တော့ဘူး
တခြားစီးပွါးရေးနဲ့အဆင်ပြေနေပြီ
သြော်….. သိပြီသိပြီ မှတ်မိပြီ
သူ့နံမည် “ဝင်းသိန်း”
ဘာဝင်းသိန်းဟုတ်လား
ယခုအံ့သြသွားရသွားရသူကား
ဆရာမျိုးနိုင်
ကိုလှသိန်းမှ
ဆရာသမားအဲ့ဒီဝင်းသိန်းကိုသိလို့လား
သိတာပေါ့ဗျာ
ကျုပ်မိတ်ဆွေ ရင်း ကျုပ်နဲ့ဆိုဆွေမျိုးရင်းထက်ခင်မင်ရတဲ့သူပါဗျား
ကုန်ကုန်ပြောရရင် မိသားစုဝင်တစ်ဦး
လိုရင်းနှီးကျွမ်းဝင်ပြီး ကျုပ်ဘဝမှာထူးခြားတဲ့သူစာရင်းထဲမှာပါတယ်ဗျ။
ကိုစိုးမောင်မှ
လုပ်စမ်းပါအုံးဆရာရယ် အဲ့ဒီဝင်းသိန်းအကြောင်းလေသိသမျှာပြောစမ်းပါအုံး
စကားဝိုင်းမှ လူအားလုံး၏စိတ်အာရုံဝယ်
ကိုဝင်းသိန်းနှင့် ကိုမျိုးနိုင်တို့၏အတိတ်ဖြစ်ရပ်များကားတစ်ရိပ်ရိပ်စီးမျောဝင်ရောက်ခဲလေပြီတကား….
ကျွန်တော်ဆယ်တန်းအောင်သည့်နှစ်
အဖေကကျန်းမာရေးသိပ်မကောင်း
အဲ့နှစ်ကလယ်ထဲမှာလုပ်အားမရှိတော့ဦးလေးဝမ်းကွဲဖြစ်သူကိုအလုပ်သမားလူငှားရတာပေါ့ဗျာ။ဖြစ်ချင်တော့အလုပ်ကရာသီမစခင်
အလုပ်သမားက ယိုးဒယားအလုပ်သွားလုပ်မယ်ဆိုပြီးထွက်ပါလေရော။
လမ်းခုလပ်ကြီးလူသစ်လဲရှာမရ
မွေခါးကျိုးသလိုစကောစကဖြစ်နေတဲ့အချိန်
ကိုဝင်းသိန်းကလဲ “ထောင်ကထွက်လာခါစ”
တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုပြီး
ရွာကိုရောက်လာ အိမ်မှာကလဲအရေးပေါ်အခြေအနေအရ သူနဲ့အလုပ်လုပ်ဖို့သဘောတူအဆင်ပြေသွားတယ်။
ထောင်ထွက်ဆိုတော့အမေကလဲ နည်းနည်းတော့ရွံ့သလို သိပ်အဆင်မပြေဘူး။
အရပ်မြင့်မြင့် အသားညိုညို
မေးရိုးကားကား စကားနည်းပြီးအလုပ်ကို
တိတိကျကျအလိုက်တသိလုပ်တတ်တော့
တဖြည်းဖြည်းနဲ့ရင်းနှီးလာတာပေါ့။
အထူးသဖြင်ကျွန်တော်နဲ့ဆိုအရမ်းခင်တယ်
ကျွန်တော်ကလဲကျောင်းဆရာလုပ်မယ်ဆိုတော့ သူအရမ်းသဘောကျတာ
သူ့မှာလဲ သမီးတစ်ယောက်ရှိတယ် အခုကိုးတန်းရောက်နေပြီ။ သူ့ကိုလဲဆရာမလေးဖြစ်စေချင်တယ်။ အခုသူ့ရဲ့တစ်နှစ်လုံးစာလုပ်အားခကိုမသုံးဘူး နောက်နှစ်သူ့သမီးဆယ်တန်းရောက်ရင်ကျောင်းစရိတ်အတွက်စုထားတာတစ်ပြားတစ်ချပ်ကလေးတောင်အလျှောမခံဘူး။
သူကအရင်တုန်းကလောင်းကစားဝါသနာပါပြီး အဲ့ဒီအကျင့်ဆိုးကြောင့်ထောင်ကျ အခုသားသမီးအလှည့်မှာမျက်နှာမငယ်ရအောင်
သူကြိုးစားရှာပြီးပညာသင်မယ်ပေါ့
သူ့ရဲ့ဆန္ဒလေးတွေကိုအမြဲတမ်းရင်ဖွင့်တယ်။
ဒါပေမဲ့ ကံတရားနဲ့အချိန်ဆိုတာလောကမှာ
အင်အားအကြီးဆုံးပဲ
သူအတွက်မလွှဲမရှောင်သာအောင်ဆွဲဆောင်လွန်းတဲ့အခြေအနေတစ်ခုက တိုက်ဆိုင်လာခဲ့ပါတော့တယ်။ဒါဟာကံတရားပဲလား
ကံတရားရဲ့အကြွင်းအကျန်တစ်ခုပဲလားကျွန်တော်မသိခဲ့ပါဘူး။အဲဒီအချိန်တုန်းက လောကကြီးကို ပညာမျက်စိမပြောနှင့်သင်ညာမျက်စိတောင်မရှိသေးတဲ့အချိန် အရာရာကိုနားမလည် ခြင်းနှင့်အတူ စူးစမ်းခြင်းနဲ့ခြေရာခံနေရတဲ့အချိန် ဝေခွဲခြင်းအသိနဲ့ ခံစားခြင်းနှလုံးသားတို့က ပါတ်ဝန်းကျင် လိုက်လျှောညီထွေဖြစ်ဖို့ချိန်ညှိနေစဥ် ကိုဝင်းသိန်းကား ကျွန်တော့ဆရာ တစ်ခါတစ်ရံသူကတပည့်ပေါ့လေ။
ကိုလှသိန်းလဲ သူအရမ်းစိတ်ဝင်စားသော
ကိုဝင်းသိန်းအကြောင်းနှင့် သူဝါသနာပါသော
ကြက်ဗဟုသုတကိုစိတ်ဝင်တစားနားထောင်နေရင်းမှ လုပ်စမ်းပါဆရာလေးရဲ့ အဲ့လူဘယ်လိုပွဲဖြစ်သွားတဲ့အကြောင်းလေး
ကိုမျိုးလဲစကားနာ ပရိတ်သတ်ကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။ စကားဝိုင်းထဲတွင်
နားထောင်နေသော ယောကျ်ားသားများသာမက ဘာမှမဆိုင်သော “မမဝေ” ပင်လျှင် ခပ်လှမ်းလှမ်းမှ ကျွန်တော်၏စားသံမှာစီးမျောလျှပ်ရှိ၏
ကိုမျိုးကျေနပ်စွာတစ်ချက်ပြုံးလိုက်၏
ဒီလို ကိုလှသိန်းရဲ့ကျွန်တော်နဲ့အရမ်းခင်ပြီး
အထက်တန်းကျောင်းအထိအတူတူကျောင်းတက်ခဲ့တဲ့သူငယ်ချင်းဖိုးဇော်ဆိုတာရှိတယ်။
သူအဖေ ထွန်းမြင့်ဆိုတာကြက်သမားစစ်စစ်
တိုက်ကြက်မွေးပြီးရောင်းတာ ခွပ်လက်ချပြီး
တစ်ကောင်ကို အဲ့တုန်းကစျေးနဲ့တောင် ငါးသောင်းလောက်ရတဲ့အထိသူကြက်မျိုးကကောင်းတာ။
တစ်ရက်ကျွန်တော်သူတို့နယ်ဘက်သွားလည်တော့ ကိုဝင်းသိန်းကိုပါခေါ်သွားတာ
ဟိုရောက်ရင် ဦးထွန်းမြင့်ကြီးနဲ့ဝါသနာတူဆွေးနွေးကြရအောင်ပေါ့ သူစိတ်ဝင်စားရင်
တစ်ကောင်လောက် ယူပေါ့။
ဒါပေမဲ့ဟိုရောက်တော့ ဦးထွန်းမြင့်ကြီးကခရီးထွက် သူ့အိမ်ကကြက်တွေကလဲ အနာဝင်လို့မရှိတော့ဘူးမျိုးပြုတ်နေပြီ။
အဲ့ဒါနဲ့ဖိုးဇော်က
အစ်ကိုရေမျိုးတော့မရှိတော့ဘူး
လိုချင် ရင်မသေဘဲကျန်တဲ့တစ်ကောင်တော့ရှိတယ် ။ တိုက်ကြက်အစစ်လဲမဟုတ်ပါဘူး
ရောတယ်ဆိုရုံအစပ်ကလေးပါ။
အိမ်ကခြံပေါက်လဲမဟုတ်ဘူး
ကောက်ရလာတာ ။
ကျွန်တော်လဲ
သူငယ်ချင်းပြောပါအုံး ဘယ်လိုကောက်ရလာတုန်း။
မိုးဦးကျတုန်းက ဟိုဘယ်ရွာမှာမျိုးစပါးသွားဝယ်တာ အချိန်ကလဆန်းရက်ဆိုတော့
ညဘက်လရောင်ကလေးနဲ့နွားလှည်းမောင်းပြီးအိမ်ကိုအမြန်ရောက်ချင်ဇောနဲ့အရှေ့ချောင်သင်္ချိုင်းထဲကနေဖြတ်လာတာ။ လူကတော့ကြောက်တဲ့စိတ်ရှိနေတော့ နွားကိုသတိထားပြီးရှေ့လမ်းတည့်တည့်ကိုပဲကြည့်ပြီးဘေးပါတ်ဝန်းကျင်ကိုယောင်လို့တောင်လှည့်မကြည့်ဘူး
အဲ့ဒီအချိန်မှာ နွားတစ်ကောင်ရုတ်တရုတ်
ဝမ်းခေါင်းသံကြီးနဲ့အော် လျှာကြီးထွက်ပြီး
လူသေတွေမြေမြုပ်တဲ့မြေပုံတွေဆီကိုအတင်းဆွဲပြေးဖြစ်ချစ်တော့ နေ့လည်ခင်းကပဲအလောင်း
မြေမြုပ်ထားတဲ့မြေစာပုံပေါ်လှည်းဘီးကျွန်ပြီး
အဲ့ဒီအော်နေတဲ့နွားတစ်ကောင်က ခပ်လှမ်းလှမ်းကညောင်မုတ်ဆိတ်ပင်ကြီးအောက်သွားအိပ်နေတာ။အဲ့ဒီညောင်ပင်ဆိုတာ ညဘက်မပြောနဲ့ နေ့ခင်းဘက်အဖော်နဲ့တောင် သွားဖို့မရဲလောက်အောင် ခြောက်ခြားစရားကောင်းတာ
ပါတ်ဝန်းကျင်တစ်ခုလုံးကလဲခြုံနွယ်ပိတ်ပေါင်းထူထပ်တော့ အဲ့အချိန်တစ်ယောက်ထဲသွားဖို့ဆိုတာစဥ်းသာစဥ်းစားကြည့်ပေတော့
ငါလဲစိတ်ထဲမှာထူပူ ကြက်သီမွေးညှင်းထပြီ
မလုပ်လို့လဲမဖြစ်တဲ့အဆုံးအားတင်းပြီးညောင်ပင်အောက်ဝင်သွားတာ နွားကအဖြူရောင်ဆိုတော့ရိုးတိုးရိပ်တိတ်မြင်ရတာတော်သေးတယ်
အဲ့ဒါနဲ့နွားနားကိုအသာသေးချော့ပြီးကပ်သွားအနားရောက်တော့နွားကြိုးကိုလက်နဲ့စမ်းပြီးကိုင်လိုက်တာ ကြိုးမဟုတ်ဘဲကြက်ခြေထောက်သွားကိုင်မိတော့ကြက်ကရုတ်တရတ်ထအော်ငါလဲလန်ပြီးထွက်ပြေတာ
လက်တစ်ဖက်လဲ ကြက်ခြေထောက်တစ်ချေင်းကိုယောင်ပြီးကိုင်ထားတာ တော်သေးတယ် ရွာထဲကဦးကုလားကြီးနဲ့လမ်းမှာတွေ့ပြီးအတင်းဖက်ထားလို့ နို့မို့ဆိုလန့်ပြီးတောင်လိပ်ပြာလွင့်တယ်
သူတော့သရဲမကြောက်တတ်တော့ငါ့ကိုကူပြီး အိမ်တိုင်ယာရောက်လိုက်ပို့ပေးပါတယ်
ငါလဲအဲ့ကြက်ကလေးကိုငါနဲ့ထိုက်လို့ဆိုပြီယူလာခဲ့တာပဲ ။ တကယ်တန်းတော့ ရပ်ကွက်ထဲကအိမ်တစ်အိမ်ဗေဒင်တွက်တာခြေနှစ်ချောင်းထွက်ကိန်းရှိတယ်ဆိုလို ယတြာချေတဲ့အနေနဲ့လာလွှတ်ထားတဲ့ကြက်။
အခုတော့သူလဲအတော်ကြီးပါပြီ
ကျန်တဲ့ကြက်တွေကအနာဝင်လို့မရှိတော့ဘူး
အဖေကတောင်ငူက သူ့တူမအိမ်သွားနေတာပြန်လာရင်တော့သွားပြီ။
ကိုဝင်းသိန်းက
မင်းကောင်ခွပ်လက်ချပြီးပြီလား
ဟိုတရက်က ခြေကျော်လာထိုးတဲ့တစ်ကောင်
တော့နာသွားပြီ အခုလဲမန္ဒာလီတောင်မထားဘူး တော်တော်စွာတယ် လိုချင်ရင်ဦးလေးကိုလက်ဆောင်ပေးမယ်။
တယ်တော့ကြက်ဘယ်လောက်သန်သည်ဖြစ်စေ
မန္ဒာလီ(ဘဲငန်းတစ်မျိုး လွန်စွာအကောင်ထွား၍ဒေါသလဲကြီးသည်)နဲ့တွေ့လျှင်သေဖို့များ၏
ကြက်ခွပ်တာလောက်မပြောနှင် ဝါးရင်တုတ်နှင့်ရိုက်၍ ချက်ကောင်းထိလျှင်တောင် တစ်ချက်နှင့်မဖြုန် ထိုသို့သောသတ္တဝါကိုဖြိုနိုင်လျှင်ကား ကြက်လောကတွင် မင်းရဲကျော်စွာဘွဲ့ပင်ပေးထိုက်သူဟုဆိုနိုင်ပေသည်။
ကိုဝင်းသိန်းကကြက်ကိုသေချာကြည့်၏
ဘူရားစူးတိုက်ကြက်ဟုပြောလျှင်တောင်ယုံစရာမရှိ အမွှေးကမသန့် ဘယ်ကြက်သမားမှတိုင်မှတ်၍နှပ်မသုတ်ချင်သောအစား
ကြက်ကိုသေချာပွေ့ပြီး ခြေကိုစစ်၏
အထူးသဖြင့်ခြေခလယ်ကိုကြည့်၏
ကိုဝင်းသိန်း၏မျက်လုံးများထူးဆန်းအံ့သြသောအရိပ်အယောင်သန်းသွား၏
အဲ့လိုနဲ့ ကြက်ခလေးကိုဝင်းသိန်းလက်ထဲရောက်ခဲ့တာပေါ့ဗျာ
ဒီမိုးအကုန်ဆောင်းဦးးပေါက်
သူလဲအလုပ်တစ်ဖက်နဲ့ကြက်ကိုအရမ်းဂရုစိုက်တာ ။ သူအိမ်မှာအလုပ်လုပ်ထဲကသူ့ရွာတစ်ခေါက်မပြန်ပေမဲ့သူ့ကြက်ကိုတော့အရိပ်တကြည့်ကြည့် ။ ညအိပ်ရင်တောင် နှစ်တောင်ပါတ်လည်ကြက်ခြင်ထောင်နဲ့
တစ်ချို့ကြက်ဝါသနာရှင်တွေကလဲ
မင်းဗြာလေးက ကြက်ရူးလေးပါ ဘာကိုကြည့်တာလဲစသဖြင်အမနာပပြော။ သူကလဲမနက်စောစောအိပ်ယာထတဲ့အချိန်ကြက်ကိုရေမန်းပြီးခွံ့တာ သင်္ချိုင်းထဲကလာတဲကြက်ဆိုတော့ အစွဲတွေပယောဂါတွေထုတ်တဲ့သဘောပေါ့လေ။
ကိုဝင်းသိန်းရဲ့ပါရမီကလဲထူးတယ်
လောင်းကစားကြက်သမားတွေကြည့်မရတဲ့ကျုပ်အမေတောင် ဘာမှမပြောပဲကြည်ကြည်ဖြူ ဘယ်သူနဲ့မှမတည့်တဲ့ကျုပ်အဖွားတောင်သူ့ကိုဆွေမျိုးရင်းချာလိုခင်တာ။
အဲ့လိုနဲ့ဆောင်းဦးပေါက်ရာသီ
လုပ်ငန်းခွင်သိမ်းတော့သူ့လုပ်အားခ
ပိုက်ဆံသုံးသိန်းခွဲရတယ်။တစ်ပြားမလျှော့ဘူး
သူကလဲအဲ့လောက်တိကျတာ။
ဒီကြားထဲမှာခွပ်လက်ပွဲလေးနည်းနည်းပြဖြစ်တယ်။
တိုတိုပြောပါဆရာရယ်
ဘယ်ကြက်နဲ့ပွဲဖြစ်တာလဲ
ကိုလှသိန်းနားထောင်ရင်းခံတွင်းချဥ်နေပြီ
ပွဲဖြစ်တယ်ဗျ
ဒေစွန်ပါဘက်က ဘုန်းကြီးလူထွက်ကြက််နဲ့
လူပျံတော်ကြက်အတော်နာမည်ကြီးတယ်
အတတ်ကလဲကောင်း တညင်စပ်ခေါ်မလားတောကြက်စပ်ခေါ်မလားမသိဘူး
အကောင်နည်းနည်းနုပ်သလိုထင်ရပေမဲ့
အချိန်အတော်စီးတယ် ကျစ်ပြီးမာနေတာ
လေးပွဲဆက်တိုက်နိုင်ထားတာ
ပိုင်ရှင်ကလဲ အရင်ကဦးဇင်းဝတ်ငယ်ဖြူ
ဘယ်မိစ္ဆာဒိဋ္ဌိ ကမြှောက်ပေးလဲမသိ လူထွက်ပြီး နိုင်ထားတဲ့ပိုက်ဆံနဲ့ မိန်မယူမယ်ထင်တာပဲ
သုံးပွဲမြောက်တုန်းက ညောင်လေးပင်ကြက်ကို
အသေခွပ် ပြီး လေးပွဲမြောက်မှ သိမ်ဇရပ်ကြက်ကို ၁၀မိနစ်နဲ့ပွဲပြတ်တယ်။
ကြက်ပစ်ကြက်ပုတ်ကလဲကောင်းသလားမမေးနဲ့ လေပေါ်မှာတင် ချက်ကောင်းကိုပွဲချင်းပြီး
အခုလဲခွပ်ရက်ကစေ့ပြီ
ဘက်ကရှာမရ
သူ့ကြက်ကဝိုင်းကြီးပါယ်ကြက်ဖြစ်နေပြီ
ပွဲသာဖြစ်လိုက်ငွေထုတ်ပြပြီး ငွေလိုက်သိမ်းမဲ့သူက အုံနဲ့ကျင်းနဲ့
ကိုဝင်းသိန်းကလဲ ခေသူမဟုတ်ပေါ့လေ
သူကလဲအရှိန်အဝါရှိထားတဲ့သူဆိုတော့
ပရိတ်သတ်ကရှိပြီးသား
ပွဲကမဖြစ်သေးဘူးသတင်းကထွက်နေပြီ
ဘာပြသနာရှိလဲဆိုတော့
ဝင်းသိန်းအိတ်ထဲကစိုက်မဲ့ငွေကတခြားမဟုတ်
သူရည်မှန်းချက်နဲ့စုထားတဲ့လုပ်အားခလေး
သုံးသိန်းခွဲ ။အဖွားဆိုမျက်ရည်ပါလည်တယ်
သားရယ်မပြောကောင်းမဆိုကောင်း
ရှုံးခဲ့သည်ရှိသော် ငါ့မြေးလေးကျောင်းဆက်တက်နိုင်ပါ့မလား
အဖွားရယ် ဒါကလဲကံတရားပေါ့
ကျွန်တော် ကိုဝင်းသိန်းကိုလဲမသနား သူ့ကြက်သေတာအကြောင်းမဟုတ် သူပိုင်ဆိုင်သမျှ
ကိုလောင်းကြေးထပ်ရသည့်မိသားစုကိုသနားသည်။
ပွဲမတိုးရင်တဲထိုးရမည့်သူ
နဂိုကတည်းကသူထောင်ထဲမှာနေစဥ်မိန်းမကို
ယောက္ခမအိမ်မှာမျက်နှာစွာထားရသည်
နွေဦးပေါက်သင်္ကြန်မတိုင်ခင်ပွဲဖြစ်တာ
နယ်ကျော်ကြက်တွေ ကြားထဲမှာကိုနာမည်ကြီးနေတာ လောင်းကြေးက ငွေထက်ဘဝ
သူအတွက်ဒါဟာနောက်ဆုံးပွဲပဲတဲ့
သူကလဲကြက်ရဲ့ဝမ်းအပျော့အမာ
ပုံမှန်းတွန်တဲ့အချိန် နောက်ပြီး နေ့ကောင်း
ရက်ကောင်း ကြက်အရောင် ဓာတ်စီးနတ်စီး
သေချာအကွက်ချထားတာ
သူတော့မသိဘူး သူ့အစားကျုပ်က
ထမင်းတောင်စားမဝင်ဘူး
ပွဲဖြစ်မဲ့နေရာကလဲ နှစ်တစ်ရာကျော်သက်တမ်းရှိပြီး အင်မတန်အရိပ်အာဝါသကောင်းတဲ့သရက်ခြံကြီးထဲမှာ
သူတို့ပွဲမဖြစ်ခင် ရွာခံကြက်တွေနဲ့ပွဲသေး
တွေဖြစ်ဖို့လဲရှိတယ်
သူတို့ပွဲက ပြိုင်ဘက်ကင်းလူပြန်တော်
ကြက်ကို ကြက်နုကယှဥ်မှာရယ် လောင်းကြေးတွေ(လက်ရင်းကြေးတွေ)များတာလဲပါတာပေါ့။
အရင်ပွဲတွေတုန်းက ဆိုင်ရာပိုင်ရာ
နယ်အဆင့်လောက်ပဲချုပ်တာ အခုတော့ကိုဝင်းသိန်းရဲ့စပွန်စာ တရုတ် ဦးရှိန်က တိုင်းအထိပေါက်တော့ ဝိုင်းထဲမှာတော့ဆရာကြီးတွေပါရှိတယ် ။သူကလဲ ဆယ်ကြီးပိုင်းအထိတင်တာ
ကြေးက သူတစ်ယောက်ထဲ ၅၀ကျော်တယ်
ကိုဝင်းသိန်းက သူ့လုပ်အားခသုံးသိန်းခွဲ
သူ့အိမ်မဆောက်ရသေးတဲ့ခြံပေါင်ထားတာ
၂သိန်း ဖိုးရှိန်ပေးတဲ့ ပိုက်ဆံနဲ့ပါဆို
၈ လောက်ရှိမယ်
တခြားဝိုးင်းကြီးတွေ လက်ရင်း၁၅
အသည်းအသန် အခုပွဲကရာနားကပ်နေပြီ
တကဲ့ ဟဲဗီးဝိတ်ချန်ပီယံလုပွဲပေါ့လေ
ဆိုင်ကယ်တွေ များထားစရာနေရိပ်တောင်မရှိဘူး ။ကတချို့က တော့ သူလိုလူမိုက်တစ်ယောက်ရဲ့အရှုံးကိုအရသာခံချင်ကြည့်ချင်ကြတယ်ထင်တယ်။ တကယ်လဲမိုက်တဲ့သူ ဖြစ်နေတာကိုး
ယုံကြည်ချက်ဆိုတာ အကန်အသတ်ရှိပါတယ် ဟိုဘက်က တကဲ့ကြက်ဘီလူး
သူ့ဘက်က ဝိုင်းကြီးတောင်မတင်ရသေးဘူး
လောင်းကစားဆို၍ သင်္ကြန်ရေတောင်လောင်းတာမကြိုက်အဖေတောင် မင်းကြက်ကိုငါ့
ရေမန်းလေးတိုက်ကွာဟုတတ်နိုင်သလောက်လေးပူပန်ပေးရှာတယ်လေ။
အမေကလဲ ကျုပ်ကို
ကိုဝင်းသိန်းရဲ့အထူးဧည့်သည်တော်အဖြစ်
လိုက်ပါကြည့်ရှူခွင့်ပေးပြီးသား
ပွဲဖြစ်တဲ့နေ့ မနက်ကိုးနာရီလောက်မှာ
ဘိုရှိန်နဲ့သူ့အဖွဲ့ ဆိုင်ကယ် ၁၅ စီးနဲ့ရောက်ချလတယ်
ပွဲစီစဥ်သူ ဂန္ဒီက သူ့ကြက်ကို
တစ်ချက်ဆကြည့်တယ် “အကောင်တူပေပဲ့ဟိုဘက်ကဝိတ်စီးတယ်” နေပြီးမင်းကောင်
အတက်က ဘုချွန်လေးပဲရှိတာ
“ရပါတယ်လေ ဂျိုဂတုံးကောင်းရင် ခတ်ကျွဲတောင်လဲသေးတာ” လက်ရင်းတော့မထည့်ဘူး
လက်ဖျားပဲကြည့်လုပ်မယ်”
ပွဲမစခင် ကြက်ကိုဝိုင်းကြည့်နေပုံများ
“အလှမယ်တစ်ယောက်ကို ခရိုနီသူဘောစီ
ကြီးတွေ ရှိူးနေတဲ့အတိုင်းပဲ
တဖက်က လူပြန်တော်ကြက်ရဲ့ပရိတ်သတ်ကတော့ ဒိထပ်နှစ်ဆမကပိုတယ်
အစောပိုင်းပွဲလေးတွေ စတယ်
အချို့ကတစ်ခါကောက် နှစ်ခါကောက်ဆို
အပြတ်ပဲ တစ်ချို့ကလဲ အနိုင်လေးတွေနဲ့
ပျော်တစ်ပြုံး တစ်ချို့က ပွဲကြီးကိုကြည့်ချင်ရုံသက်သက်။
နေ့လည် တစ်နာရီထိုးပြီ
အရင်ဆုံးနှစ်ဘက် ဆွေးနွေး စည်းကမ်းချက်တွေတော့အထွေအထူးပြောစရာမလို
အားလုံးသိပြီးသားမို့ လောင်းကြေးကဒိုင်
အကောက်မပါ ၈၀ ကျော်။
ပထမဦးဆုံးနဂါးခေါင်းဘက်ရွေး
အမြီးကိုလျှောက်ဝမ်းကိုဖောက်
ကဲလွှတ်ပြီဟေ့
ပရိတ်သတ်ရဲ့အာရုံကကြက်နှစ်ကောင်ဆီကို
စုပြုံသွားပြီ
ချက်ချင်းတိတ်ဆိတ်သွားသလို
ကြက်နှစ်ကောင်ခေါင်းချင်းဆိုင်
မိတယ်ဆိုရင်ပဲ တဖက်က ကြက်
သူ့နာမည် ရွှေလုံး ကအတင်းဖိခွပ်တာ
တဖက်ကြက်ကအားကိုသုံးပြီး
ပွဲသိမ်းအောင် စွတ်ရွတ်ပြီးတော့ကိုခွပ်တာ။
ဒီဖက်ကပြန်ထောက်ဖို့မပြောနှင့်ဆုတ်လိုက်
ကာလိုက်နဲ့ ပါတ်ရှောင်နေရတာ။
ခွပ်ရေးကသာနေတာ။ ကြက်ဗြာလေးက
လဲ အဖျက်ကောင်းတယ် အထိမခံဘူး
ထိလိုက်ရင် တစ်ချက်စာပဲ
ဟိုဘက်က တကယ်ကြက်မိုက်စစ်စစ်
ဒီဘက်ကလဲ မာန်ကောင်းတယ် ဆုတ်ကာလေးနဲ့ ပဲထိန်းပြီး ဆိုင်မခွပ်ဘူး
နှစ်ကောင်ဆိုင်လိုက်လို့ကတော့
အထိပဲ
ပရိတ်သတ်ကလဲအုန်းအုန်းထနေတာ
ညာသံအော်သံက လည်း ကြက်တချက်
ခွပ်လိုက်တိုင်း ပိုပိုပြီးဆူညံလာတယ်။
ဒီလိုနဲ့ ပထမအချီ ကောက်ပြီးကုကြ
တယ်။ အဲဒီအချိန်အထိ နှစ်ဘက်လုံး
အနာတရမရှိသေးဘူး
နောက်တစ်ချီပြန်လွှတ်တော့တဘက်ကြက်ရွှေတုန်းက အတင်းလိုက်ဖိခွပ်
ဒီဘက်ကနည်း ပြန်ဆိုင်တယ်
နှစ်ဘက်ကြက်စွဲတွေကလဲ
ကြက်နှစ်ကောင်ဖယ်ပြီး
သူတို့ကိုယ်တိုင်ပဲ ဝင်ခွပ်တော့မလားမှတ်ရတယ် နည်းပရိယာယ်ပေါင်းကလဲစုံလို့

တစ်ဖက်ပရိတ်သတ်ကလဲ သူတို့ကြက်က
စွပ်တိုက်ပြီး ပြိုင်ဘက်ကခွပ်လမ်းပျောက်ပြီး
ခံစစ်နဲ့သွားနေရတာမြင်တော့အားတွေတက်
ဗြာလေးပရိတ်သတ်ကလဲအားမလိုအားမရ
သာမန်ပွဲဆို ဒီပုံစံအတိုင်းသွားနေရင်
နှစ်ချီနဲ့ပွဲပြတ်တယ်ဗျ
အဲ့ဒီအချိန်မှာတစ်ဖက်လက်ဖျားစခေါ်ပြီ
တစ်ရာ ရှစ်ဆယ် ဘယ်သူမှမလှုပ်ကြသေးဘူး
ပြောလို့မှမကြာသေးဘူးဗျာ
ဟိုဘက်ကကောင် အတက်နဲ့နှံလိုက်တာ
နားရင်းကိုပွတ်ပြီးလည်ထွက်သွားတယ်
ပရိတ်သတ် အော်သံကလဲ
ဝိုင်းလုံးကိုညံသွားတာ
ကျွန်တော်ဖြင့်ပွဲသိမ်းသွားပြီမှတ်တယ်
ဒါပေမဲ့နေက်အချက်တွေကိုအထိမခံတော့ဘူး
ကိုဝင်းသိမ်းလဲမျက်နှာနည်းနည်းပျက်သွားတယ် ဒီလိုနဲ့ဒုတိယတစ်ချီ ကောက်တယ်
ကုတယ်
ဦးညွန်မောင်လဲနားထောင်နေရင်း
ဆေးလိပ်ကိုဖွာလိုက်ပြီး
ဆရာလေးတို့လက်ဖျားလိုက်မဲ့သူမရှိရင်
ပွဲပြီးပြီပေါ့
အင်းတစ်ချို့တော့ရှိပါတယ်
ကြက်ပွဲက ပရိတ်သတ်ကသာညံနေတာ
သူတို့ကြက်ချင်းကသိပ်ပြီးမဆိုင်ကြဘူး
ဒီလိုနဲ့ဖိလိုက်ဆုတ်လိုက် ကာလိုက်နဲ့
ကွေ့ကာပါတ်ကာဖြစ်နေတာ
ဟိုဘက်ကကောင်လဲခေါင်းကိုကိုက်ပြီး
အပိုင်တွယ်ဖို့လိုက် ဒီဘက်ကလဲ
လယ်လိမ်ပြီး အတင်းလှည့် တောင်ပံကြားထဲ
ခေါင်းထိုးပြီး အမေဖြေ။
ဒီလိုနဲ့နှစ်ကြော့ချီပြီးပြီ
ဗြာလေးမျက်နှာမှာသွေးစို့နေပြီ
ဟိုဘက်ကကောင်က အသန့်အတိုင်းရှိသေးတယ်။ ဒါပေမဲ့ နည်နည်းတော့မောနေတဲ့ပုံစံ
ကိုဝင်းသိန်းလဲဒဏ်ရာကို ကု
အမောပြေအောင်လုပ်ပြီးပြန်လွှတ်
ဒီတစ်ချီလဲ အရင်လိုပဲ
ဟိုကောင် ကလဲ အတောင်ရိုက်ချက်ပြင်းတော့
ရှောင်နေရင်းထိတယ်
နောက်တစ်ချက်ခေါင်းလှည့်ဖို့ပြင်မယ်ကြံ
တုန်း နောက်တစ်ချက်ထိတယ်
နှစ်ချက်ဆင့်ခံလိုက်ရပြီ
ကြေးကလဲ တစ်ရာငါးဆယ်ဖြစ်သွားပြီ
ပရိတ်သတ်ကလဲ ကြေးလိုက်ကြေးခေါ်
အော်ကာဟစ်ခါနဲ့ဝိုင်းလုံးညံနေပြီ
ကွမ်းယာသည်ကနေ ဆယ်အိမ်ခေါင်း
မကျန် ဝိုင်းထဲမှာဆူညံနေတာ
ကိုဝင်းသိန်းမျက်နှာလဲအတော်မကောင်း
ကျွန်တော်လဲရင်တွေတုန်နေပြီ
ပြန်ဆိုင်တော့ ငါ့ကောင်
ရှောင်မလွတ်တော့ဘူ
တကယ်ပြန်ဆိုင်ဖို့လဲမလွယ်ဘူး
တဖက်ကကောင်က နည်နည်သက်လုံကျသွားပေမဲ့ဒီဘက်ကလဲပုံမကျရုံတမယ်ရှိတော့တာ
ကြေးက တစ်ရာတစ်ဆယ်ထိဖြစ်သွားပြီ
လိုက်တဲ့သူတွေလဲရှိတယ်
တဖက်ကလဲသရေပွဲဖြစ်မှာစိုးရိမ်သလိုရှိနေတယ်
တစ်ရာငါးကျပ်
ဘယ်သူလိုက်မလဲ
ကဲငါးသောင်း ကိုဝင်းသိန်း၅သောင်းဆွဲပြီ
သူ့ကြက်ကမပြေးပဲ အသေခံမဲ့ပုံ
ဒါကကျွန်တော့အထင်ဗျ
တစ်ကဲ့ဆရာကောင်ကြီးတွေက
ဘယ်လိုပွဲသိမ်းမယ်ဆိုတာခန့်မှန်းလို့ပိုပြီး
နီးစပ်တယ်
ကြွေတလှည့်ကြက်တစ်ခုန် ဆိုတဲ့စကားပုံက အလကားဖြစ်လတာမှမဟုတ်တာ
တကယ်တိုက်ကြက်ကောင်းတွေ
သူတို့ကိုယ်ပိုင်ခွပ်လမ်းတွေ
အတိုက်အခိုက်တွေက မွေးထဲကပါလာတာ
ရှင်ဘုရင်တွေတောင် စစ်တိုက်ရင်
တိုက်ကြက်ခွပ်သလိုနမူနာယူရတာ
နောက်တစ်ချီကြက်ပြန်ကောက်တော့
နှစ်ဘက်စလုံးရေ ကုန်ရေခန်း
အစွမ်းကုန် အကြမ်းအနုသင့်သလို
ကုတာ ခက်တာက တိရိစ္ဆာန်ဆိုတာ
လူလိုမပြေတတ်တော့လဲ လူကနပ်မှ
အားနည်းချက်ကိုရှာနိုင်မှာလေ
ပြန်မလွှတ် ခင် ဘိုရှိန်နဲ့ ကြက်ဆရာ
အမူအရာတွေကတစ်ခုခုပဲ
ပရိတ်သတ်ကလဲဆူညံနေတာ
ဒီအချိန်က ရေချိန်အမြင့်ဆုံးနဲ့
နောက်ဆုံးလျှောက်တဲ့ကြိုးတန်းပဲ
ပွဲပြန်လွှတ်ပြီ
ကြက်နှစ်ကောင် စုတ်ဖတ် လုံးကျစ်နေပြီ
သူတို့ရှိတဲ့အားကလဲကုန်နေသလောက်ရှိပြီ
နည်းနည်းထိတာနဲ့အမှောက်ပဲ
ဗြာလေးလဲစိုက်လုနီးပြီ
အဲ့အချိန်မှာတစ်ဖက်ကြက်ကခေါင်းကိုခဲတယ် ဖမ်းကနဲခွပ်တယ် တစ်ဖက်လည်သွားတယ်
တဖန်အားယူပြီး နှစ်ကောင်ပြိုင်တူခုန်တယ်
အတောင်ရိုက်သံနှစ်ခုပေါ်လာပြီးပြန်ကျတယ်
တစ်ကောင်ကပုံကနဲကျသွားပြီးမထတော့
တစ်ကောင်က အနားမှာ ဖိမခွပ်တော့ဘဲ
ကုပ်နေတယ် ပွဲသိမ်းပြီ
ပရိတ်သတ်အော်သံ ညာသံ ကသရက်ခြံတစ်
ခုလုံးဟိန်းထွက်သွားတာ
နှစ်ဘက်ကြက်စွဲတွေ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီးဝိုင်းထဲဝင်လိုက်တယ်
ကိုဝင်းသိန်းက မျက်နှခပ်တည်တည်နဲ့ပဲ
သူ့ကြက်ကိုအသာအာပွေ့လိုက်တယ်
ကျန်ခဲတဲ့ကြက်ကတော့
ဝိုင်းထဲမှာတင် လည်ဆစ်ကိုထိပြီး
ဘဝပြောင်းသွားပြီ
လျှပ်တစ်ပြတ်အတွင်း
အနိုင်ဆိုသောရလာတ်ကား
ပျော်ရွှင်ခြင်းဆိုတာထက်ပိုသည်
အောင်မြင်မှုလို့လဲပြောမရ
အလုံပိတ်အခန်းတစ်ခုထဲက
အရှိန်နဲ့ပွင့်ထွက်လာတဲ့ အခိုးအငွေ့လိုမျိုး
ကျွန်တော်ပျော်သလို
တဆင့်နားထောင်ရတဲ့သူတွေပါနှစ်ထောင်းအားရဖြစ်ရပေမဲ့ ကာယကံရှင်ကိုယ်၌ကတော့
ထိုစဥ်ကသိပ်ပြီးထူးခြားပုံမရ
သူလုပ်စရာရှိတာကို တည်တည်ကြည်ပဲလက်စသိမ်းတယ် ။စုစုပေါင်းအနိုင် ၁၆ ကျော်တဲ့အပြင် သူ့ဘောစိကအပိုပေးတာကော
တခြားသူတွေရဲ့မစမှုနဲ့ပေါင်းလိုက်ရင်
၂၀အထက်ကအသာလေးပဲ
ဒီငွေကြေးဟာ အဲ့ဒီခေတ်က သူ့လုပ်
အားခ ခြောက်နှစ်စာလောက်မကဘူး။
ထိုစဥ် ဦးညွန့်မှ ကိုမျိုးရယ် ရှုံးသွားတဲ့ကောင်တွေတော့အတော်ကြေကွဲမှာပဲ
အဲ့ဒီနိုင်တဲ့ကြက်ကော နောက်ပွဲထပ်မဖြစ်ဘူးလား
ဦးလေးရှုံးသွားတဲ့ကြက်လဲသေတယ်
လောင်းကြေးရှုံးတဲ့သူတွေလဲ
မကြေပွဲနွှဲလို့မရတော့ဘူး
နိုင်တဲ့ကြက်လဲ ခွပ်ဒဏ်ရာကောအနာဝင်တာရယ်ပေါင်းပြီးနှစ်ပါတ်လောက်နေတော့
သေတာပါပဲ
ဒါပေမဲ့သူသခင်ကိုဝင်းက
အဲ့ကြက်အသေကို သူ့ကိုကောက်ရခဲ့တဲ့
အရှေ့ချောင်သင်္ချိုင်းကညောင်မုဆ်ိတ်ပင်အောက်မှာပဲသွားမြုပ်ပေးတယ်
အဲ့ဒီရွာသားတွေပြောတာတော့
နှစ်တိုင်း သူပွဲဖြစ်ခဲ့တဲ့နေ့ရောက်ရင် အဲဲ
ဒီညောင်မုတ်ဆိတ်ပင်အောက်မှာကြက်တွန်သံကြားရတယ်လို့ပြောကြတာပဲ
ဒါနဲ့ဆရာရဲ့ ဆရာမိတ်ဆွေကော
နောက်ထပ်ကြက်သမားဘဝကိုစွန်လွှတ်နိုင်ရဲ့လား
သူလုံးဝမတိုက်တော့ဘူးဗျ
သူသမီးလေး မေနှင်းကိုပေးထားတဲ့ကတိအတိုင်း သူတည်အောင်နေပြီး တခြားစီးပွါးရေးပဲလုပ်တော့တယ် ။ မတွေ့တာလဲကြာပါပြီဗျား
ထိုစဥ်မမဝေမှ ဟဲ့ မေနှင်းဆိုတော့
ဟို စတုတ္ထတန်းက အတန်းပိုင်ဆရာမ ချောချော လေး များဖြစ်နေမလားမသိဘူး
ကျွန်တော်တစ်ချက်ပြုံး၍

ခေါင်းညိတ်ပြလိုက်သည်….

လောကကမ္ဘာ လူဖြစ်လာဝယ်
သံသရာစက် ဖန်တစ်ရာထပ်မို့
အမျက်မဖုံး ကို့အပြုံးကား
သူ၏အမုန်းတို့ ငြိမ်းစေသတည်း…..

#ကိုဟန်လင်း#