သင်္ချိုင်းထဲကကြက်(စ/ဆုံး)

Unicode Version

သင်္ချိုင်းထဲကကြက်(စ/ဆုံး)
——————————–
“ကျွန်တော့နာမည်က မျိူးနိုင် “
အလုပ်အကိုင်က
အလယ်တန်းပြကျောင်းဆရာ။လူပျို အသက်
က၂၈။ ကျောင်းဆရာဆိုလို့ ရုပ်ရှင်တွေထဲကလို ကိုယ်ကျင့်တရားကခြောက်ပြစ်ကင်း စိတ်သဘောဖြူစင်ပြီး ကျောင်းဝတ်စုံကော်လံကတုန်းလက်ရှည်ဖြူတိုက်ပုံအင်္ကျီ ကိုလက်မောင်းတစ်ဖက်ပေါ်တင် ကျန်လက်တစ်ဖက်ကစာအုပ်ကိုပိုက်ပြီးဖြည်းညင်းညင်သာစမါတ်ကျသည့်ဒီဇိုင်းမျိုးမဟုတ်။
ကိုယ်ကလူငယ်အလျှောက်ထိုက်သင့်သော
အပျော်အပါးတော့ရှိသည်။ ပါတ်ဝန်းကျင်နှင့်ဝင်ဆန့်အောင် လူ့သဘောလူ့မနောညီမျှအောင်
သီလကိုအတင်းစင်ကြယ်အောင်မနေ ။အရက်ဆိုလည်းသိပ်မလင်း ထန်းရည်ဆိုလည်းသိပ်မငြင်း ဒါပေမဲ့ကို့ရဲ့ဂုဏ်သိက္ခာကိုတော့မကျဆင်းအောင်ထိန်းသည်။
နေစရာလည်းပူစရာမလို တနယ်တစ်ကျေးကလာသောသူ့အတွက် ရာအိမ်မှူးဦးညွန့်မောင်အိမ်တွင်စိတ်ကြိုက်နေခွင့်စားခွင့်စရိတ်ငြိမ်း။ဦးညွန့်မောင်ကမိသားစုများများမရှိ။သူတို့လင်မယားနှစ်ယောက် နှင့်သားတစ်ယောက်သမီးတစ်ယောက်ရှိသည်။သားကအငယ် အခုတော့မိန်းမရပြီးအိမ်ခွဲနေသည်။သမီးမဝေကအကြီး
အသက်က၃၃နှစ်။သူ့ထက်ငါးနှစ်ကြီးသဖြင့်
သူ့မောင်လေးခေါ်သည့်အတိုင်းမမဝေဟုပဲခေါ်သည်။
ကိုမျိုးမှာကျောင်းဆရာဖြစ်ပေမဲ့သူ့ကိုယ်သူပညာတတ်ဟုဘယ်တော့မှမခံယူ။ဤအလုပ်ကိုနဂိုထဲကမှဝါသနာပါလှသည်မဟုတ် သို့ပေမဲ့ဘဝပေးအခြေအနေအရအလုပ်နှင့်လူတစ်သားတည်းကျသွားချိန်တွင်အရာရာကိုစိတ်နှစ်၍လုပ်ဖြစ်လာသည်။ ယခုလဲနွေရာသီကျောင်းပိတ်ရက်ဖြစ်သော်လည်းအိမ်မှာပြန်မနေပဲ တာဝန်ကျရာထိန်ပင်သို့လာ၍မိမိလက်လှမ်းမှီသမျှ ကလေးတွေအား အခမဲ့ပညာဒါနပြုသောအားဖြင့်လုပ်အားပေးလျှက်ရှိ၏။
ယခုလဲကျောင်းမှပြန်အလာခြံဝိုင်းထဲဝင်လိုက်သည်နှင့် အိမ်ရှင်ဦးညွန့်မောင် အိမ်နီးချင်းကိုလှသိန်းအပါအဝင် အရပ်ထဲမှလူလတ်ပိုင်းအရွယ်ခြောက်ယောက်ခန့်စကားဝိုင်းဖွဲ့ပြောနေကြ၏။
ထိုစဉ်ဦးညွန့်မောင်မှာ ဆရာမျိုးအဝတ်
အစားလဲပြီးရင်ဒီကိုခဏလာပါအုံးဗျ
ထိုစဉ်မမဝေမှ မောင်မျိုးရေဝိုင်းထဲသိပ်ကြာအောင်မထိုင်နဲ့ ပြီးရင်ထမင်းစား ဒီနေ့ကိုလှသိန်းကကြက်တစ်ကောင်လာပေးလို့ဟင်း
ချက်ထားတယ်
ဟုတ်မမဝေခဏလေးပါပဲ
အေးခဏလေးကလဲညလုံးပေါက်
မောင်မျိုးအဝတ်အစားလဲပြီးဝိုင်းထဲဝင်ထိုင်လိုက်သည်နှင့်ဦးညွန့်မောင်မှ
ကဲကျောင်းဆရာရေ ဒီနေ့ဒီကောင်တွေ
ရှုံးပွဲခံနေတာကွ
ဟာဦးညွန့်ကလဲအောင်ပွဲခံတယ်ဘဲကြားဖူးတာ အခုကဘယ်လိုလုပ်ရှုံးပွဲခံရတာတုန်း
ဆရာမျိုးကလဲ ဒီနေ့ လှသိန်းတို့ဖွဲ့
အောက်သောင်ဘက်သွားပြီးကြက်တိုက်တာ
ရှုံးပြီးပြန်လာတာ အဲ့ဒါကို စိတ်ထဲမှာမကျေနပ်လို့ လာပြီးရင်ဖွင်နေတာ။
ဟာဒါဆိုအခုချက်တဲ့ကြက်သားဟင်းကပွဲမှာရှုံးလာတဲ့ကြက်ကိုချက်စားတာလား
ဒါဆိုရင်မစားပါရစေနဲ့ဗျာ
ထိုစဉ်ဦးလှသိန်းမှ ဆရာသမားကလဲ
ကျွန်တော်ကောင်ကြီးကိုဒီလိုမလုပ်ရက်ပါဘူးဗျာ အခုချက်တဲ့ကြက်သားကတခြားစားကြက်ပါဗျာ။
ကျွန်တော်တို့အနိုင်ကနေ အရှုံးဖြစ်သွားတာဗျာ ဘယ်လိုမှကိုနားမလည်နိုင်ဘူး
လက်ရင်းက ဆယ်ဂဏန်းလောက်ပဲ
လက်ဖျားမှာထိတာဗျ။
တစ်ကယ်တော့ကိုလှသိန်းအနေနှင့်ဒီလောက်ငွေကိုသိပ်ဂရုစိုက်နေစရာအကြောင်းမရှိပါ သူ့ကြက်ကြီး မှာသည်နွေ နိုင်ပွဲတွေဆက်နေ၍ အတော်လေလဲရထားပြီဖြစ်ရာ
ယခုမှာပိုက်ဆံထက်အရှုံးကိုခံပြင်းနေခြင်းသာဖြစ်၏
ဦးးလှသိန်းမှ
ဆရာလဲသိတဲ့အတိုင်းပဲလေ ကျွန်တော့ကောင်
‘”ရွှေကျီးက” စထဲကအသေတိုက်ခွပ်တာ
ဟိုဘက်က ကြက်ဖျက်မကောင်းတော့
သိပ်တောင်မကြာဘူးဟိုဘက်ကကောင်
ခွပ်လမ်းပျောက်နေပြီး လည်စိုက်နေပြီ
အဲ့ဒီမှာ ကျုပ်တို့ဘက်ကလက်ဖျားစခေါ်တာ
နောက် ဆုံးလက်ပူတိုက်ပြီးမှေးနေပြီ
ကျုပ်တို့ဘက်က တစ်ရာတစ်ထိတက်ခေါ်တာ
ခေါ်တာလဲမပြောနဲ့ ဟိုဘက်ကြက်က
ဖွဖွလေးနမ်းရင်တောင်လဲတော့မှာ
ကိုမျိုးမှ
ဦးညွန့်မောင်အဲလောက်ကြီးပိုင်နေတာတောင်
ဘယ်လိုရှုံးတုန်းဗျာ
ကိုလှသိန်းသည် လက်ကျန်ကို တစ်ကျိုက်မော့ပြီး ဆေးပေါ့ဆိပ်ကိုဖွာရှိုက်၏
ပြီးမှ …….ကြက်စွဲပေါ့ဗျာ
အဲ့ကောင်ကြက်ကုပုံတကယ့်
မှော်ဆရာလိုပဲကွာ အောက်လမ်းတွေဘာတွေတတ်သလားမသိဘူး သူ့ကြက်ကိုနှစ်ချီမြောက် ပြန်ကောက်တဲ့အချိန် အကြမ်းကုတာ
ဒီကောင်ဂါထာမန္တာန်တွေရွတ်ပြီးဖုတ်သွင်းလိုက်သလားမှတ်ရတယ် ကျုပ်ကြက်ဖိခွပ်တဲ့အချိန် သူ့ကောင်ကောင်အောက်ကနေပင့်ရိုက်တာ အော်ပြီးပြေးတာပါပဲ။
တစ်ချိန်လုံးဘာစကားမှမပြောပဲ
ရှိစုမဲ့စုလေးပါသွား၍ ငြိမ်ကုတ်နေသော
စိုးမောင်မှ ကိုလှသိန်းကလဲ အဲ့ကောင်
ချောင်းဆုံက အောင်ထွန်းကျုပ်သိတာပေါ့ဗျာ
ဒီကောင်ကလူမှန်းသိတတ်ထဲက ကြက်စွဲလိုက်လုပ်နေတာ သူ့မှာကြက်အပိုင်မရှိပေမဲ့
တစ်ခုကောင်းရှိပုံရတယ် သူကတကယ့်ဝိုင်းကြီးတွေကိုမှလိုက်နေတာ အခုလဲဒီကောင်တွေ
ပါမှန်းမသိလို့ကျုပ်လိုက်တာဗျ။
အခုကျုပ်တို့နဲ့ပွဲဖြစ်တဲ့ကြက်ကလဲသူတို့တစ်ရွာထဲ သူကတောက်လျှောက်ကြက်ထိန်းလုပ်နေတာ။
ထိုစဉ် ကိုလှသိန်းမှ
ချောင်းဆုံသားငါသိတယ်ကွာ အရင်ကကြားဖူးတာ အခုတော့ လဘက်ထုပ်ထက်လူကပိုစွမ်းသွားတာ အဲ့ကောင်တွေရွာကတစ်ရွာလုံးကြက်သမားတွေချည်း ကြက်ကောင်းတွေလဲပေါတယ် တကယ်ခံရမှသိတာ။
သူတို့စကားဝိုင်းထဲတွင်အောင်ထွန်းကား
လူစွမ်ကောင်းဖြစ်နေ၏။
ထိုစဉ် စကားဝိုင်းသို့ရုတ်တရတ်ဝင်လာသောကိုမောင်လေးမှ
ဟာမင်းတို့သွားပြီ အဲ့ဒီအောင်ထွန်းဆိုတာ
ချောင်းဆုံကဟိုကောင်တပည့်လေကွာ
အဲ့ကောင်နဲ့အရင်က အတူပွဲလိုက်နေတဲ့ကောင်
နေပါအုံး ဒီကောင်နံမည် ငါမေ့နေတယ်
အခုတော့ဒီကောင်လုံးဝကြက်မတိုက်တော့ဘူး
တခြားစီးပွါးရေးနဲ့အဆင်ပြေနေပြီ
သြော်….. သိပြီသိပြီ မှတ်မိပြီ
သူ့နံမည် “ဝင်းသိန်း”
ဘာဝင်းသိန်းဟုတ်လား
ယခုအံ့သြသွားရသွားရသူကား
ဆရာမျိုးနိုင်
ကိုလှသိန်းမှ
ဆရာသမားအဲ့ဒီဝင်းသိန်းကိုသိလို့လား
သိတာပေါ့ဗျာ
ကျုပ်မိတ်ဆွေ ရင်း ကျုပ်နဲ့ဆိုဆွေမျိုးရင်းထက်ခင်မင်ရတဲ့သူပါဗျား
ကုန်ကုန်ပြောရရင် မိသားစုဝင်တစ်ဦး
လိုရင်းနှီးကျွမ်းဝင်ပြီး ကျုပ်ဘဝမှာထူးခြားတဲ့သူစာရင်းထဲမှာပါတယ်ဗျ။
ကိုစိုးမောင်မှ
လုပ်စမ်းပါအုံးဆရာရယ် အဲ့ဒီဝင်းသိန်းအကြောင်းလေသိသမျှာပြောစမ်းပါအုံး
စကားဝိုင်းမှ လူအားလုံး၏စိတ်အာရုံဝယ်
ကိုဝင်းသိန်းနှင့် ကိုမျိုးနိုင်တို့၏အတိတ်ဖြစ်ရပ်များကားတစ်ရိပ်ရိပ်စီးမျောဝင်ရောက်ခဲလေပြီတကား….
ကျွန်တော်ဆယ်တန်းအောင်သည့်နှစ်
အဖေကကျန်းမာရေးသိပ်မကောင်း
အဲ့နှစ်ကလယ်ထဲမှာလုပ်အားမရှိတော့ဦးလေးဝမ်းကွဲဖြစ်သူကိုအလုပ်သမားလူငှားရတာပေါ့ဗျာ။ဖြစ်ချင်တော့အလုပ်ကရာသီမစခင်
အလုပ်သမားက ယိုးဒယားအလုပ်သွားလုပ်မယ်ဆိုပြီးထွက်ပါလေရော။
လမ်းခုလပ်ကြီးလူသစ်လဲရှာမရ
မွေခါးကျိုးသလိုစကောစကဖြစ်နေတဲ့အချိန်
ကိုဝင်းသိန်းကလဲ “ထောင်ကထွက်လာခါစ”
တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုပြီး
ရွာကိုရောက်လာ အိမ်မှာကလဲအရေးပေါ်အခြေအနေအရ သူနဲ့အလုပ်လုပ်ဖို့သဘောတူအဆင်ပြေသွားတယ်။
ထောင်ထွက်ဆိုတော့အမေကလဲ နည်းနည်းတော့ရွံ့သလို သိပ်အဆင်မပြေဘူး။
အရပ်မြင့်မြင့် အသားညိုညို
မေးရိုးကားကား စကားနည်းပြီးအလုပ်ကို
တိတိကျကျအလိုက်တသိလုပ်တတ်တော့
တဖြည်းဖြည်းနဲ့ရင်းနှီးလာတာပေါ့။
အထူးသဖြင်ကျွန်တော်နဲ့ဆိုအရမ်းခင်တယ်
ကျွန်တော်ကလဲကျောင်းဆရာလုပ်မယ်ဆိုတော့ သူအရမ်းသဘောကျတာ
သူ့မှာလဲ သမီးတစ်ယောက်ရှိတယ် အခုကိုးတန်းရောက်နေပြီ။ သူ့ကိုလဲဆရာမလေးဖြစ်စေချင်တယ်။ အခုသူ့ရဲ့တစ်နှစ်လုံးစာလုပ်အားခကိုမသုံးဘူး နောက်နှစ်သူ့သမီးဆယ်တန်းရောက်ရင်ကျောင်းစရိတ်အတွက်စုထားတာတစ်ပြားတစ်ချပ်ကလေးတောင်အလျှောမခံဘူး။
သူကအရင်တုန်းကလောင်းကစားဝါသနာပါပြီး အဲ့ဒီအကျင့်ဆိုးကြောင့်ထောင်ကျ အခုသားသမီးအလှည့်မှာမျက်နှာမငယ်ရအောင်
သူကြိုးစားရှာပြီးပညာသင်မယ်ပေါ့
သူ့ရဲ့ဆန္ဒလေးတွေကိုအမြဲတမ်းရင်ဖွင့်တယ်။
ဒါပေမဲ့ ကံတရားနဲ့အချိန်ဆိုတာလောကမှာ
အင်အားအကြီးဆုံးပဲ
သူအတွက်မလွှဲမရှောင်သာအောင်ဆွဲဆောင်လွန်းတဲ့အခြေအနေတစ်ခုက တိုက်ဆိုင်လာခဲ့ပါတော့တယ်။ဒါဟာကံတရားပဲလား
ကံတရားရဲ့အကြွင်းအကျန်တစ်ခုပဲလားကျွန်တော်မသိခဲ့ပါဘူး။အဲဒီအချိန်တုန်းက လောကကြီးကို ပညာမျက်စိမပြောနှင့်သင်ညာမျက်စိတောင်မရှိသေးတဲ့အချိန် အရာရာကိုနားမလည် ခြင်းနှင့်အတူ စူးစမ်းခြင်းနဲ့ခြေရာခံနေရတဲ့အချိန် ဝေခွဲခြင်းအသိနဲ့ ခံစားခြင်းနှလုံးသားတို့က ပါတ်ဝန်းကျင် လိုက်လျှောညီထွေဖြစ်ဖို့ချိန်ညှိနေစဉ် ကိုဝင်းသိန်းကား ကျွန်တော့ဆရာ တစ်ခါတစ်ရံသူကတပည့်ပေါ့လေ။
ကိုလှသိန်းလဲ သူအရမ်းစိတ်ဝင်စားသော
ကိုဝင်းသိန်းအကြောင်းနှင့် သူဝါသနာပါသော
ကြက်ဗဟုသုတကိုစိတ်ဝင်တစားနားထောင်နေရင်းမှ လုပ်စမ်းပါဆရာလေးရဲ့ အဲ့လူဘယ်လိုပွဲဖြစ်သွားတဲ့အကြောင်းလေး
ကိုမျိုးလဲစကားနာ ပရိတ်သတ်ကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။ စကားဝိုင်းထဲတွင်
နားထောင်နေသော ယောကျ်ားသားများသာမက ဘာမှမဆိုင်သော “မမဝေ” ပင်လျှင် ခပ်လှမ်းလှမ်းမှ ကျွန်တော်၏စားသံမှာစီးမျောလျှပ်ရှိ၏
ကိုမျိုးကျေနပ်စွာတစ်ချက်ပြုံးလိုက်၏
ဒီလို ကိုလှသိန်းရဲ့ကျွန်တော်နဲ့အရမ်းခင်ပြီး
အထက်တန်းကျောင်းအထိအတူတူကျောင်းတက်ခဲ့တဲ့သူငယ်ချင်းဖိုးဇော်ဆိုတာရှိတယ်။
သူအဖေ ထွန်းမြင့်ဆိုတာကြက်သမားစစ်စစ်
တိုက်ကြက်မွေးပြီးရောင်းတာ ခွပ်လက်ချပြီး
တစ်ကောင်ကို အဲ့တုန်းကဈေးနဲ့တောင် ငါးသောင်းလောက်ရတဲ့အထိသူကြက်မျိုးကကောင်းတာ။
တစ်ရက်ကျွန်တော်သူတို့နယ်ဘက်သွားလည်တော့ ကိုဝင်းသိန်းကိုပါခေါ်သွားတာ
ဟိုရောက်ရင် ဦးထွန်းမြင့်ကြီးနဲ့ဝါသနာတူဆွေးနွေးကြရအောင်ပေါ့ သူစိတ်ဝင်စားရင်
တစ်ကောင်လောက် ယူပေါ့။
ဒါပေမဲ့ဟိုရောက်တော့ ဦးထွန်းမြင့်ကြီးကခရီးထွက် သူ့အိမ်ကကြက်တွေကလဲ အနာဝင်လို့မရှိတော့ဘူးမျိုးပြုတ်နေပြီ။
အဲ့ဒါနဲ့ဖိုးဇော်က
အစ်ကိုရေမျိုးတော့မရှိတော့ဘူး
လိုချင် ရင်မသေဘဲကျန်တဲ့တစ်ကောင်တော့ရှိတယ် ။ တိုက်ကြက်အစစ်လဲမဟုတ်ပါဘူး
ရောတယ်ဆိုရုံအစပ်ကလေးပါ။
အိမ်ကခြံပေါက်လဲမဟုတ်ဘူး
ကောက်ရလာတာ ။
ကျွန်တော်လဲ
သူငယ်ချင်းပြောပါအုံး ဘယ်လိုကောက်ရလာတုန်း။
မိုးဦးကျတုန်းက ဟိုဘယ်ရွာမှာမျိုးစပါးသွားဝယ်တာ အချိန်ကလဆန်းရက်ဆိုတော့
ညဘက်လရောင်ကလေးနဲ့နွားလှည်းမောင်းပြီးအိမ်ကိုအမြန်ရောက်ချင်ဇောနဲ့အရှေ့ချောင်သင်္ချိုင်းထဲကနေဖြတ်လာတာ။ လူကတော့ကြောက်တဲ့စိတ်ရှိနေတော့ နွားကိုသတိထားပြီးရှေ့လမ်းတည့်တည့်ကိုပဲကြည့်ပြီးဘေးပါတ်ဝန်းကျင်ကိုယောင်လို့တောင်လှည့်မကြည့်ဘူး
အဲ့ဒီအချိန်မှာ နွားတစ်ကောင်ရုတ်တရုတ်
ဝမ်းခေါင်းသံကြီးနဲ့အော် လျှာကြီးထွက်ပြီး
လူသေတွေမြေမြုပ်တဲ့မြေပုံတွေဆီကိုအတင်းဆွဲပြေးဖြစ်ချစ်တော့ နေ့လည်ခင်းကပဲအလောင်း
မြေမြုပ်ထားတဲ့မြေစာပုံပေါ်လှည်းဘီးကျွန်ပြီး
အဲ့ဒီအော်နေတဲ့နွားတစ်ကောင်က ခပ်လှမ်းလှမ်းကညောင်မုတ်ဆိတ်ပင်ကြီးအောက်သွားအိပ်နေတာ။အဲ့ဒီညောင်ပင်ဆိုတာ ညဘက်မပြောနဲ့ နေ့ခင်းဘက်အဖော်နဲ့တောင် သွားဖို့မရဲလောက်အောင် ခြောက်ခြားစရားကောင်းတာ
ပါတ်ဝန်းကျင်တစ်ခုလုံးကလဲခြုံနွယ်ပိတ်ပေါင်းထူထပ်တော့ အဲ့အချိန်တစ်ယောက်ထဲသွားဖို့ဆိုတာစဉ်းသာစဉ်းစားကြည့်ပေတော့
ငါလဲစိတ်ထဲမှာထူပူ ကြက်သီမွေးညှင်းထပြီ
မလုပ်လို့လဲမဖြစ်တဲ့အဆုံးအားတင်းပြီးညောင်ပင်အောက်ဝင်သွားတာ နွားကအဖြူရောင်ဆိုတော့ရိုးတိုးရိပ်တိတ်မြင်ရတာတော်သေးတယ်
အဲ့ဒါနဲ့နွားနားကိုအသာသေးချော့ပြီးကပ်သွားအနားရောက်တော့နွားကြိုးကိုလက်နဲ့စမ်းပြီးကိုင်လိုက်တာ ကြိုးမဟုတ်ဘဲကြက်ခြေထောက်သွားကိုင်မိတော့ကြက်ကရုတ်တရတ်ထအော်ငါလဲလန်ပြီးထွက်ပြေတာ
လက်တစ်ဖက်လဲ ကြက်ခြေထောက်တစ်ချေင်းကိုယောင်ပြီးကိုင်ထားတာ တော်သေးတယ် ရွာထဲကဦးကုလားကြီးနဲ့လမ်းမှာတွေ့ပြီးအတင်းဖက်ထားလို့ နို့မို့ဆိုလန့်ပြီးတောင်လိပ်ပြာလွင့်တယ်
သူတော့သရဲမကြောက်တတ်တော့ငါ့ကိုကူပြီး အိမ်တိုင်ယာရောက်လိုက်ပို့ပေးပါတယ်
ငါလဲအဲ့ကြက်ကလေးကိုငါနဲ့ထိုက်လို့ဆိုပြီယူလာခဲ့တာပဲ ။ တကယ်တန်းတော့ ရပ်ကွက်ထဲကအိမ်တစ်အိမ်ဗေဒင်တွက်တာခြေနှစ်ချောင်းထွက်ကိန်းရှိတယ်ဆိုလို ယတြာချေတဲ့အနေနဲ့လာလွှတ်ထားတဲ့ကြက်။
အခုတော့သူလဲအတော်ကြီးပါပြီ
ကျန်တဲ့ကြက်တွေကအနာဝင်လို့မရှိတော့ဘူး
အဖေကတောင်ငူက သူ့တူမအိမ်သွားနေတာပြန်လာရင်တော့သွားပြီ။
ကိုဝင်းသိန်းက
မင်းကောင်ခွပ်လက်ချပြီးပြီလား
ဟိုတရက်က ခြေကျော်လာထိုးတဲ့တစ်ကောင်
တော့နာသွားပြီ အခုလဲမန္ဒာလီတောင်မထားဘူး တော်တော်စွာတယ် လိုချင်ရင်ဦးလေးကိုလက်ဆောင်ပေးမယ်။
တယ်တော့ကြက်ဘယ်လောက်သန်သည်ဖြစ်စေ
မန္ဒာလီ(ဘဲငန်းတစ်မျိုး လွန်စွာအကောင်ထွား၍ဒေါသလဲကြီးသည်)နဲ့တွေ့လျှင်သေဖို့များ၏
ကြက်ခွပ်တာလောက်မပြောနှင် ဝါးရင်တုတ်နှင့်ရိုက်၍ ချက်ကောင်းထိလျှင်တောင် တစ်ချက်နှင့်မဖြုန် ထိုသို့သောသတ္တဝါကိုဖြိုနိုင်လျှင်ကား ကြက်လောကတွင် မင်းရဲကျော်စွာဘွဲ့ပင်ပေးထိုက်သူဟုဆိုနိုင်ပေသည်။
ကိုဝင်းသိန်းကကြက်ကိုသေချာကြည့်၏
ဘူရားစူးတိုက်ကြက်ဟုပြောလျှင်တောင်ယုံစရာမရှိ အမွှေးကမသန့် ဘယ်ကြက်သမားမှတိုင်မှတ်၍နှပ်မသုတ်ချင်သောအစား
ကြက်ကိုသေချာပွေ့ပြီး ခြေကိုစစ်၏
အထူးသဖြင့်ခြေခလယ်ကိုကြည့်၏
ကိုဝင်းသိန်း၏မျက်လုံးများထူးဆန်းအံ့သြသောအရိပ်အယောင်သန်းသွား၏
အဲ့လိုနဲ့ ကြက်ခလေးကိုဝင်းသိန်းလက်ထဲရောက်ခဲ့တာပေါ့ဗျာ
ဒီမိုးအကုန်ဆောင်းဦးးပေါက်
သူလဲအလုပ်တစ်ဖက်နဲ့ကြက်ကိုအရမ်းဂရုစိုက်တာ ။ သူအိမ်မှာအလုပ်လုပ်ထဲကသူ့ရွာတစ်ခေါက်မပြန်ပေမဲ့သူ့ကြက်ကိုတော့အရိပ်တကြည့်ကြည့် ။ ညအိပ်ရင်တောင် နှစ်တောင်ပါတ်လည်ကြက်ခြင်ထောင်နဲ့
တစ်ချို့ကြက်ဝါသနာရှင်တွေကလဲ
မင်းဗြာလေးက ကြက်ရူးလေးပါ ဘာကိုကြည့်တာလဲစသဖြင်အမနာပပြော။ သူကလဲမနက်စောစောအိပ်ယာထတဲ့အချိန်ကြက်ကိုရေမန်းပြီးခွံ့တာ သင်္ချိုင်းထဲကလာတဲကြက်ဆိုတော့ အစွဲတွေပယောဂါတွေထုတ်တဲ့သဘောပေါ့လေ။
ကိုဝင်းသိန်းရဲ့ပါရမီကလဲထူးတယ်
လောင်းကစားကြက်သမားတွေကြည့်မရတဲ့ကျုပ်အမေတောင် ဘာမှမပြောပဲကြည်ကြည်ဖြူ ဘယ်သူနဲ့မှမတည့်တဲ့ကျုပ်အဖွားတောင်သူ့ကိုဆွေမျိုးရင်းချာလိုခင်တာ။
အဲ့လိုနဲ့ဆောင်းဦးပေါက်ရာသီ
လုပ်ငန်းခွင်သိမ်းတော့သူ့လုပ်အားခ
ပိုက်ဆံသုံးသိန်းခွဲရတယ်။တစ်ပြားမလျှော့ဘူး
သူကလဲအဲ့လောက်တိကျတာ။
ဒီကြားထဲမှာခွပ်လက်ပွဲလေးနည်းနည်းပြဖြစ်တယ်။
တိုတိုပြောပါဆရာရယ်
ဘယ်ကြက်နဲ့ပွဲဖြစ်တာလဲ
ကိုလှသိန်းနားထောင်ရင်းခံတွင်းချဉ်နေပြီ
ပွဲဖြစ်တယ်ဗျ
ဒေစွန်ပါဘက်က ဘုန်းကြီးလူထွက်ကြက်နဲ့
လူပျံတော်ကြက်အတော်နာမည်ကြီးတယ်
အတတ်ကလဲကောင်း တညင်စပ်ခေါ်မလားတောကြက်စပ်ခေါ်မလားမသိဘူး
အကောင်နည်းနည်းနုပ်သလိုထင်ရပေမဲ့
အချိန်အတော်စီးတယ် ကျစ်ပြီးမာနေတာ
လေးပွဲဆက်တိုက်နိုင်ထားတာ
ပိုင်ရှင်ကလဲ အရင်ကဦးဇင်းဝတ်ငယ်ဖြူ
ဘယ်မိစ္ဆာဒိဋ္ဌိ ကမြှောက်ပေးလဲမသိ လူထွက်ပြီး နိုင်ထားတဲ့ပိုက်ဆံနဲ့ မိန်မယူမယ်ထင်တာပဲ
သုံးပွဲမြောက်တုန်းက ညောင်လေးပင်ကြက်ကို
အသေခွပ် ပြီး လေးပွဲမြောက်မှ သိမ်ဇရပ်ကြက်ကို ၁၀မိနစ်နဲ့ပွဲပြတ်တယ်။
ကြက်ပစ်ကြက်ပုတ်ကလဲကောင်းသလားမမေးနဲ့ လေပေါ်မှာတင် ချက်ကောင်းကိုပွဲချင်းပြီး
အခုလဲခွပ်ရက်ကစေ့ပြီ
ဘက်ကရှာမရ
သူ့ကြက်ကဝိုင်းကြီးပါယ်ကြက်ဖြစ်နေပြီ
ပွဲသာဖြစ်လိုက်ငွေထုတ်ပြပြီး ငွေလိုက်သိမ်းမဲ့သူက အုံနဲ့ကျင်းနဲ့
ကိုဝင်းသိန်းကလဲ ခေသူမဟုတ်ပေါ့လေ
သူကလဲအရှိန်အဝါရှိထားတဲ့သူဆိုတော့
ပရိတ်သတ်ကရှိပြီးသား
ပွဲကမဖြစ်သေးဘူးသတင်းကထွက်နေပြီ
ဘာပြသနာရှိလဲဆိုတော့
ဝင်းသိန်းအိတ်ထဲကစိုက်မဲ့ငွေကတခြားမဟုတ်
သူရည်မှန်းချက်နဲ့စုထားတဲ့လုပ်အားခလေး
သုံးသိန်းခွဲ ။အဖွားဆိုမျက်ရည်ပါလည်တယ်
သားရယ်မပြောကောင်းမဆိုကောင်း
ရှုံးခဲ့သည်ရှိသော် ငါ့မြေးလေးကျောင်းဆက်တက်နိုင်ပါ့မလား
အဖွားရယ် ဒါကလဲကံတရားပေါ့
ကျွန်တော် ကိုဝင်းသိန်းကိုလဲမသနား သူ့ကြက်သေတာအကြောင်းမဟုတ် သူပိုင်ဆိုင်သမျှ
ကိုလောင်းကြေးထပ်ရသည့်မိသားစုကိုသနားသည်။
ပွဲမတိုးရင်တဲထိုးရမည့်သူ
နဂိုကတည်းကသူထောင်ထဲမှာနေစဉ်မိန်းမကို
ယောက္ခမအိမ်မှာမျက်နှာစွာထားရသည်
နွေဦးပေါက်သင်္ကြန်မတိုင်ခင်ပွဲဖြစ်တာ
နယ်ကျော်ကြက်တွေ ကြားထဲမှာကိုနာမည်ကြီးနေတာ လောင်းကြေးက ငွေထက်ဘဝ
သူအတွက်ဒါဟာနောက်ဆုံးပွဲပဲတဲ့
သူကလဲကြက်ရဲ့ဝမ်းအပျော့အမာ
ပုံမှန်းတွန်တဲ့အချိန် နောက်ပြီး နေ့ကောင်း
ရက်ကောင် ကြက်အရောင် ဓာတ်စီးနတ်စီး
သေချာအကွက်ချထားတာ
သူတော့မသိဘူး သူ့အစားကျုပ်က
ထမင်းတောင်စားမဝင်ဘူး
ပွဲဖြစ်မဲ့နေရာကလဲ နှစ်တစ်ရာကျော်သက်တမ်းရှိပြီး အင်မတန်အရိပ်အာဝါသကောင်းတဲ့သရက်ခြံကြီးထဲမှာ
သူတို့ပွဲမဖြစ်ခင် ရွာခံကြက်တွေနဲ့ပွဲသေး
တွေဖြစ်ဖို့လဲရှိတယ်
သူတို့ပွဲက ပြိုင်ဘက်ကင်းလူပြန်တော်
ကြက်ကို ကြက်နုကယှဉ်မှာရယ် လောင်းကြေးတွေ(လက်ရင်းကြေးတွေ)များတာလဲပါတာပေါ့။
အရင်ပွဲတွေတုန်းက ဆိုင်ရာပိုင်ရာ
နယ်အဆင့်လောက်ပဲချုပ်တာ အခုတော့ကိုဝင်းသိန်းရဲ့စပွန်စာ တရုတ် ဦးရှိန်က တိုင်းအထိပေါက်တော့ ဝိုင်းထဲမှာတော့ဆရာကြီးတွေပါရှိတယ် ။သူကလဲ ဆယ်ကြီးပိုင်းအထိတင်တာ
ကြေးက သူတစ်ယောက်ထဲ ၅၀ကျော်တယ်
ကိုဝင်းသိန်းက သူ့လုပ်အားခသုံးသိန်းခွဲ
သူ့အိမ်မဆောက်ရသေးတဲ့ခြံပေါင်ထားတာ
၂သိန်း ဖိုးရှိန်ပေးတဲ့ ပိုက်ဆံနဲ့ပါဆို
၈ လောက်ရှိမယ်
တခြားဝိုးင်းကြီးတွေ လက်ရင်း၁၅
အသည်းအသန် အခုပွဲကရာနားကပ်နေပြီ
တကဲ့ ဟဲဗီးဝိတ်ချန်ပီယံလုပွဲပေါ့လေ
ဆိုင်ကယ်တွေ များထားစရာနေရိပ်တောင်မရှိဘူး ။ကတချို့က တော့ သူလိုလူမိုက်တစ်ယောက်ရဲ့အရှုံးကိုအရသာခံချင်ကြည့်ချင်ကြတယ်ထင်တယ်။ တကယ်လဲမိုက်တဲ့သူ ဖြစ်နေတာကိုး
ယုံကြည်ချက်ဆိုတာ အကန်အသတ်ရှိပါတယ် ဟိုဘက်က တကဲ့ကြက်ဘီလူး
သူ့ဘက်က ဝိုင်းကြီးတောင်မတင်ရသေးဘူး
လောင်းကစားဆို၍ သင်္ကြန်ရေတောင်လောင်းတာမကြိုက်အဖေတောင် မင်းကြက်ကိုငါ့
ရေမန်းလေးတိုက်ကွာဟုတတ်နိုင်သလောက်လေးပူပန်ပေးရှာတယ်လေ။
အမေကလဲ ကျုပ်ကို
ကိုဝင်းသိန်းရဲ့အထူးဧည့်သည်တော်အဖြစ်
လိုက်ပါကြည့်ရှူခွင့်ပေးပြီးသား
ပွဲဖြစ်တဲ့နေ့ မနက်ကိုးနာရီလောက်မှာ
ဘိုရှိန်နဲ့သူ့အဖွဲ့ ဆိုင်ကယ် ၁၅ စီးနဲ့ရောက်ချလတယ်
ပွဲစီစဉ်သူ ဂန္ဒီက သူ့ကြက်ကို
တစ်ချက်ဆကြည့်တယ် “အကောင်တူပေပဲ့ဟိုဘက်ကဝိတ်စီးတယ်” နေပြီးမင်းကောင်
အတက်က ဘုချွန်လေးပဲရှိတာ
“ရပါတယ်လေ ဂျိုဂတုံးကောင်းရင် ခတ်ကျွဲတောင်လဲသေးတာ” လက်ရင်းတော့မထည့်ဘူး
လက်ဖျားပဲကြည့်လုပ်မယ်”
ပွဲမစခင် ကြက်ကိုဝိုင်းကြည့်နေပုံများ
“အလှမယ်တစ်ယောက်ကို ခရိုနီသူဘောစီ
ကြီးတွေ ရှိူးနေတဲ့အတိုင်းပဲ
တဖက်က လူပြန်တော်ကြက်ရဲ့ပရိတ်သတ်ကတော့ ဒိထပ်နှစ်ဆမကပိုတယ်
အစောပိုင်းပွဲလေးတွေ စတယ်
အချို့ကတစ်ခါကောက် နှစ်ခါကောက်ဆို
အပြတ်ပဲ တစ်ချို့ကလဲ အနိုင်လေးတွေနဲ့
ပျော်တစ်ပြုံး တစ်ချို့က ပွဲကြီးကိုကြည့်ချင်ရုံသက်သက်။
နေ့လည် တစ်နာရီထိုးပြီ
အရင်ဆုံးနှစ်ဘက် ဆွေးနွေး စည်းကမ်းချက်တွေတော့အထွေအထူးပြောစရာမလို
အားလုံးသိပြီးသားမို့ လောင်းကြေးကဒိုင်
အကောက်မပါ ၈၀ ကျော်။
ပထမဦးဆုံးနဂါးခေါင်းဘက်ရွေး
အမြီးကိုလျှောက်ဝမ်းကိုဖောက်
ကဲလွှတ်ပြီဟေ့
ပရိတ်သတ်ရဲ့အာရုံကကြက်နှစ်ကောင်ဆီကို
စုပြုံသွားပြီ
ချက်ချင်းတိတ်ဆိတ်သွားသလို
ကြက်နှစ်ကောင်ခေါင်းချင်းဆိုင်
မိတယ်ဆိုရင်ပဲ တဖက်က ကြက်
သူ့နာမည် ရွှေလုံး ကအတင်းဖိခွပ်တာ
တဖက်ကြက်ကအားကိုသုံးပြီး
ပွဲသိမ်းအောင် စွတ်ရွတ်ပြီးတော့ကိုခွပ်တာ။
တဖက်ကပြန်ထောက်ဖို့မပြောနှင့်ဆုတ်လိုက်
ကာလိုက်နဲ့ ပါတ်ရှောင်နေရတာ။
ခွပ်ရေးကသာနေတာ။ ကြက်ဗြာလေးက
လဲ အဖျက်ကောင်းတယ် အထိမခံဘူး
ထိလိုက်ရင် တစ်ချက်စာပဲ
ဟိုဘက်က တကယ်ကြက်မိုက်စစ်စစ်
ဒီဘက်ကလဲ မာန်ကောင်းတယ် ဆုတ်ကာလေးနဲ့ ပဲထိန်းပြီး ဆိုင်မခွပ်ဘူး
နှစ်ကောင်ဆိုင်လိုက်လို့ကတော့
အထိပဲ
ပရိတ်သတ်ကလဲအုန်းအုန်းထနေတာ
ညာသံအော်သံက လည်း ကြက်တချက်
ခွပ်လိုက်တိုင်း ပိုပိုပြီးဆူညံလာတယ်။
ဒီလိုနဲ့ ပထမအချီ ကောက်ပြီးကုကြ
တယ်။ အဲဒီအချိန်အထိ နှစ်ဘက်လုံး
အနာတရမရှိသေးဘူး
နောက်တစ်ချီပြန်လွှတ်တော့
ရွှေတုန်းက အတင်းလိုက်ဖိခွပ်
ဒီဘက်ကနည်း ပြန်ဆိုင်တယ်
နှစ်ဘက်ကြက်စွဲတွေကလဲ
ကြက်နှစ်ကောင်ဖယ်ပြီး
သူတို့ကိုယ်တိုင်ပဲ ဝင်ခွပ်တော့မလားမှတ်ရတယ် နည်းပရိယာယ်ပေါင်းကလဲစုံလို့
တစ်ဖက်ပရိတ်သတ်ကလဲ သူတို့ကြက်က
စွပ်တိုက်ပြီး ပြိုင်ဘက်ကခွပ်လမ်းပျောက်ပြီး
ခံစစ်နဲ့သွားနေရတာ
ဗြာလေးပရိတ်သတ်ကလဲအားမလိုအားမရ
သာမန်ပွဲဆို ဒီပုံစံအတိုင်းသွားနေရင်
နှစ်ချီနဲ့ပွဲပြတ်တယ်ဗျ
အဲ့ဒီအချိန်မှာတစ်ဖက်လက်ဖျားစခေါ်ပြီ
တစ်ရာ ရှစ်ဆယ် ဘယ်သူမှမလှုပ်ကြသေးဘူး
ပြောလို့မှမကြာသေးဘူးဗျာ
ဟိုဘက်ကကောင် အတက်နဲ့နှံလိုက်တာ
နားရင်းကိုပွတ်ပြီးလည်ထွက်သွားတယ်
ပရိတ်သတ် အော်သံကလဲ
ဝိုင်းလုံးကိုညံသွားတာ
ကျွန်တော်ဖြင့်ပွဲသိမ်းသွားပြီမှတ်တယ်
ဒါပေမဲ့နေက်အချက်တွေကိုအထိမခံတော့ဘူး
ကိုဝင်းသိမ်းလဲမျက်နှာနည်းနည်းပျက်သွားတယ် ဒီလိုနဲ့ဒုတိယတစ်ချီ ကောက်တယ်
ကုတယ်
ဦးညွန်မောင်လဲနားထောင်နေရင်း
ဆေးလိပ်ကိုဖွာလိုက်ပြီး
ဆရာလေးတို့လက်ဖျားလိုက်မဲ့သူမရှိရင်
ပွဲပြီးပြီပေါ့
အင်းတစ်ချို့တော့ရှိပါတယ်
ကြက်ပွဲက ပရိတ်သတ်ကသာညံနေတာ
သူတို့က သိပ်ပြီးမဆိုင်ကြဘူး
ဒီလိုနဲ့ဖိလိုက်ဆုတ်လိုက် ကာလိုက်နဲ့
ကွေ့ကာပါတ်ကာဖြစ်နေတာ
ဟိုဘက်ကကောင်လဲခေါင်းကိုကိုက်ပြီး
အပိုင်တွယ်ဖို့လိုက် ဒီဘက်ကလဲ
လယ်လိမ်ပြီး အတင်းလှည့် တောင်ပံကြားထဲ
ခေါင်းထိုးပြီး အမေဖြေ။
ဒီလိုနဲ့နှစ်ကြော့ချီပြီးပြီ
ဗြာလေးမျက်နှာမှာသွေးစို့နေပြီ
ဟိုဘက်ကကောင်က အသန့်အတိုင်းရှိသေးတယ်။ ဒါပေမဲ့ နည်နည်းတော့မောနေတဲ့ပုံစံ
ကိုဝင်းသိန်းလဲဒဏ်ရာကို ကု
အမောပြေအောင်လုပ်ပြီးပြန်လွှတ်
ဒီတစ်ချီလဲ အရင်လိုပဲ
ဟိုကောင် ကလဲ အတောင်ရိုက်ချက်ပြင်းတော့
ရှောင်နေရင်းထိတယ်
နောက်တစ်ချက်ခေါင်းလှည့်ဖို့ပြင်မယ်ကြံ
တုန်း နောက်တစ်ချက်ထိတယ်
နှစ်ချက်ဆင့်ခံလိုက်ရပြီ
ကြေးကလဲ တစ်ရာငါးဆယ်ဖြစ်သွားပြီ
ပရိတ်သတ်ကလဲ ကြေးလိုက်ကြေးခေါ်
အော်ကာဟစ်ခါနဲ့ဝိုင်းလုံးညံနေပြီ
ကွမ်းယာသည်ကနေ ဆယ်အိမ်ခေါင်း
မကျန် ဝိုင်းထဲမှာဆူညံနေတာ
ကိုဝင်းသိန်းမျက်နှာလဲအတော်မကောင်း
ကျွန်တော်လဲရင်တွေတုန်နေပြီ
ပြန်ဆိုင်တော့ ငါ့ကောင်
ရှောင်မလွတ်တော့ဘူ
တကယ်ပြန်ဆိုင်ဖို့လဲမလွယ်ဘူး
တဖက်ကကောင်က နည်နည်သက်လုံကျသွားပေမဲ့ဒီဘက်ကလဲပုံမကျရုံတမယ်ရှိတော့တာ
ကြေးက တစ်ရာတစ်ဆယ်ထိဖြစ်သွားပြီ
လိုက်တဲ့သူတွေလဲရှိတယ်
တဖက်ကလဲသရေပွဲဖြစ်မှာစိုးရိမ်သလိုရှိနေတယ်
တစ်ရာငါးကျပ်
ဘယ်သူလိုက်မလဲ
ကဲငါးသောင်း ကိုဝင်းသိန်း၅သောင်းဆွဲပြီ
သူ့ကြက်ကမပြေးပဲ အသေခံမဲ့ပုံ
ဒါကကျွန်တော့အထင်ဗျ
တစ်ကဲ့ဆရာကောင်ကြီးတွေက
ဘယ်လိုပွဲသိမ်းမယ်ဆိုတာခန့်မှန်းလို့ပိုပြီး
နီးစပ်တယ်
ကြွေတလှည့်ကြက်တစ်ခုန် ဆိုတဲ့စကားပုံက အလကားဖြစ်လတာမှမဟုတ်တာ
တကယ်တိုက်ကြက်ကောင်းတွေ
သူတို့ကိုယ်ပိုင်ခွပ်လမ်းတွေ
အတိုက်အခိုက်တွေက မွေးထဲကပါလာတာ
ရှင်ဘုရင်တွေတောင် စစ်တိုက်ရင်
တိုက်ကြက်ခွပ်သလိုနမူနာယူရတာ
နောက်တစ်ချီကြက်ပြန်ကောက်တော့
နှစ်ဘက်စလုံးရေ ကုန်ရေခန်း
အစွမ်းကုန် အကြမ်းအနုသင့်သလို
ကုတာ ခက်တာက တိရိစ္ဆာန်ဆိုတာ
လူလိုမပြေတတ်တော့လဲ လူကနပ်မှ
အားနည်းချက်ကိုရှာနိုင်မှာလေ
ပြန်မလွှတ် ခင် ဘိုရှိန်နဲ့ ကြက်ဆရာ
အမူအရာတွေကတစ်ခုခုပဲ
ပရိတ်သတ်ကလဲဆူညံနေတာ
ဒီအချိန်က ရေချိန်အမြင့်ဆုံးနဲ့
နောက်ဆုံးလျှောက်တဲ့ကြိုးတန်းပဲ
ပွဲပြန်လွှတ်ပြီ
ကြက်နှစ်ကောင် စုတ်ဖတ် လုံးကျစ်နေပြီ
သူတို့ရှိတဲ့အားကလဲကုန်နေသလောက်ရှိပြီ
နည်းနည်းထိတာနဲ့အမှောက်ပဲ
ဗြာလေးလဲစိုက်လုနီးပြီ
အဲ့အချိန်မှာတစ်ဖက်ကြက်ကခေါင်းကိုခဲတယ် ဖမ်းကနဲခွပ်တယ် တစ်ဖက်လည်သွားတယ်
တဖန်အားယူပြီး နှစ်ကောင်ပြိုင်တူခုန်တယ်
အတောင်ရိုက်သံနှစ်ခုပေါ်လာပြီးပြန်ကျတယ်
တစ်ကောင်ကပုံကနဲကျသွားပြီးမထတော့
တစ်ကောင်က အနားမှာ ဖိမခွပ်တော့ဘဲ
ကုပ်နေတယ် ပွဲသိမ်းပြီ
ပရိတ်သတ်အော်သံ ညာသံ ကသရက်ခြံတစ်
ခုလုံးဟိန်းထွက်သွားတာ
နှစ်ဘက်ကြက်စွဲတွေ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီးဝိုင်းထဲဝင်လိုက်တယ်
ကိုဝင်းသိန်းက မျက်နှခပ်တည်တည်နဲ့ပဲ
သူ့ကြက်ကိုအသာအာပွေ့လိုက်တယ်
ကျန်ခဲတဲ့ကြက်ကတော့
ဝိုင်းထဲမှာတင် လည်ဆစ်ကိုထိပြီး
ဘဝပြောင်းသွားပြီ
လျှပ်တစ်ပြတ်အတွင်း
အနိုင်ဆိုသောရလာတ်ကား
ပျော်ရွှင်ခြင်းဆိုတာထက်ပိုသည်
အောင်မြင်မှုလို့လဲပြောမရ
အလုံပိတ်အခန်းတစ်ခုထဲက
အရှိန်နဲ့ပွင့်ထွက်လာတဲ့ အခိုးအငွေ့လိုမျိုး
ကျွန်တော်ပျော်သလို
တဆင့်နားထောင်ရတဲ့သူတွေပါနှစ်ထောင်းအားရဖြစ်ရပေမဲ့ ကာယကံရှင်ကိုယ်၌ကတော့
ထိုစဉ်ကသိပ်ပြီးထူးခြားပုံမရ
သူလုပ်စရာရှိတာကို တည်တည်ကြည်ပဲလက်စသိမ်းတယ် ။စုစုပေါင်းအနိုင် ၁၆ ကျော်တဲ့အပြင် သူ့ဘောစိကအပိုပေးတာကော
တခြားသူတွေရဲ့မစမှုနဲ့ပေါင်းလိုက်ရင်
၂၀အထက်ကအသာလေးပဲ
ဒီငွေကြေးဟာ အဲ့ဒီခေတ်က သူ့လုပ်
အားခ ခြောက်နှစ်စာလောက်မကဘူး။
ထိုစဉ် ဦးညွန့်မှ ကိုမျိုးရယ် ရှုံးသွားတဲ့ကောင်တွေတော့အတော်ကြေကွဲမှာပဲ
အဲ့ဒီနိုင်တဲ့ကြက်ကော နောက်ပွဲထပ်မဖြစ်ဘူးလား
ဦးလေးရှုံးသွားတဲ့ကြက်လဲသေတယ်
လောင်းကြေးရှုံးတဲ့သူတွေလဲ
မကြေပွဲနွှဲလို့မရတော့ဘူး
နိုင်တဲ့ကြက်လဲ ခွပ်ဒဏ်ရာကောအနာဝင်တာရယ်ပေါင်းပြီးနှစ်ပါတ်လောက်နေတော့
သေတာပါပဲ
ဒါပေမဲ့သူသခင်ကိုဝင်းက
အဲ့ကြက်အသေကို သူ့ကိုကောက်ရခဲ့တဲ့
အရှေ့ချောင်သင်္ချိုင်းကညောင်မုဆိတ်ပင်အောက်မှာပဲသွားမြုပ်ပေးတယ်
အဲ့ဒီရွာသားတွေပြောတာတော့
နှစ်တိုင်း သူပွဲဖြစ်ခဲ့တဲ့နေ့ရောက်ရင် အဲ
ဒီညောင်မုတ်ဆိတ်ပင်အောက်မှာကြက်တွန်သံကြားရတယ်လို့ပြောကြတာပဲ
ဒါနဲ့ဆရာရဲ့ ဆရာမိတ်ဆွေကော
နောက်ထပ်ကြက်သမားဘဝကိုစွန်လွှတ်နိုင်ရဲ့လား
သူလုံးဝမတိုက်တော့ဘူးဗျ
သူသမီးလေး မေနှင်းကိုပေးထားတဲ့ကတိအတိုင်း သူတည်အောင်နေပြီး တခြားစီးပွါးရေးပဲလုပ်တော့တယ် ။ မတွေ့တာလဲကြာပါပြီဗျား
ထိုစဉ်မမဝေမှ ဟဲ့ မေနှင်းဆိုတော့
ဟို စတုတ္ထတန်းက အတန်းပိုင်ဆရာမ ချောချော လေး များဖြစ်နေမလားမသိဘူး
ကျွန်တော်တစ်ချက်ပြုံး၍
ခေါင်းညိတ်ပြလိုက်သည်….
လောကကမ္ဘာ လူဖြစ်လာဝယ်
သံသရာစက် ဖန်တစ်ရာထပ်မို့
အမျက်မဖုံး ကို့အပြုံးကား
သူ၏အမုန်းတို့ ငြိမ်းစေသတည်း…..
#ကိုဟန်လင်း#

Zawgyi Version

သခ်ႋဳင္းထဲကၾကက္(စ/ဆံုး)
——————————–
“ကြၽန္ေတာ့နာမည္က မ်ိဴးႏိုင္ “
အလုပ္အကိုင္က
အလယ္တန္းျပေက်ာင္းဆရာ။လူပ်ိဳ အသက္
က၂၈။ ေက်ာင္းဆရာဆိုလို႔ ႐ုပ္ရွင္ေတြထဲကလို ကိုယ္က်င့္တရားကေျခာက္ျပစ္ကင္း စိတ္သေဘာျဖဴစင္ၿပီး ေက်ာင္းဝတ္စုံေကာ္လံကတုန္းလက္ရွည္ျဖဴတိုက္ပုံအက်ႌ ကိုလက္ေမာင္းတစ္ဖက္ေပၚတင္ က်န္လက္တစ္ဖက္ကစာအုပ္ကိုပိုက္ၿပီးျဖည္းညင္းညင္သာစမါတ္က်သည့္ဒီဇိုင္းမ်ိဳးမဟုတ္။
ကိုယ္ကလူငယ္အေလွ်ာက္ထိုက္သင့္ေသာ
အေပ်ာ္အပါးေတာ့ရွိသည္။ ပါတ္ဝန္းက်င္ႏွင့္ဝင္ဆန္႔ေအာင္ လူ႔သေဘာလူ႔မေနာညီမွ်ေအာင္
သီလကိုအတင္းစင္ၾကယ္ေအာင္မေန ။အရက္ဆိုလည္းသိပ္မလင္း ထန္းရည္ဆိုလည္းသိပ္မျငင္း ဒါေပမဲ့ကို႔ရဲ႕ဂုဏ္သိကၡာကိုေတာ့မက်ဆင္းေအာင္ထိန္းသည္။
ေနစရာလည္းပူစရာမလို တနယ္တစ္ေက်းကလာေသာသူ႔အတြက္ ရာအိမ္မႉးဦးၫြန္႔ေမာင္အိမ္တြင္စိတ္ႀကိဳက္ေနခြင့္စားခြင့္စရိတ္္ၿငိမ္း။ဦးၫြန္႔ေမာင္ကမိသားစုမ်ားမ်ားမရွိ။သူတို႔လင္မယားႏွစ္ေယာက္ ႏွင့္သားတစ္ေယာက္သမီးတစ္ေယာက္ရွိသည္။သားကအငယ္ အခုေတာ့မိန္းမရၿပီးအိမ္ခြဲေနသည္။သမီးမေဝကအႀကီး
အသက္က၃၃ႏွစ္။သူ႔ထက္ငါးႏွစ္ႀကီးသျဖင့္
သူ႔ေမာင္ေလးေခၚသည့္အတိုင္းမမေဝဟုပဲေခၚသည္။
ကိုမ်ိဳးမွာေက်ာင္းဆရာျဖစ္ေပမဲ့သူ႔ကိုယ္သူပညာတတ္ဟုဘယ္ေတာ့မွမခံယူ။ဤအလုပ္ကိုနဂိုထဲကမွဝါသနာပါလွသည္မဟုတ္ သို႔ေပမဲ့ဘဝေပးအေျခအေနအရအလုပ္ႏွင့္လူတစ္သားတည္းက်သြားခ်ိန္တြင္အရာရာကိုစိတ္ႏွစ္၍လုပ္ျဖစ္လာသည္။ ယခုလဲေႏြရာသီေက်ာင္းပိတ္ရက္ျဖစ္ေသာ္လည္းအိမ္မွာျပန္မေနပဲ တာဝန္က်ရာထိန္ပင္သို႔လာ၍မိမိလက္လွမ္းမွီသမွ် ကေလးေတြအား အခမဲ့ပညာဒါနျပဳေသာအားျဖင့္လုပ္အားေပးလွ်က္ရွိ၏။
ယခုလဲေက်ာင္းမွျပန္အလာၿခံဝိုင္းထဲဝင္လိုက္သည္ႏွင့္ အိမ္ရွင္ဦးၫြန္႔ေမာင္ အိမ္နီးခ်င္းကိုလွသိန္းအပါအဝင္ အရပ္ထဲမွလူလတ္ပိုင္းအ႐ြယ္ေျခာက္ေယာက္ခန္႔စကားဝိုင္းဖြဲ႕ေျပာေနၾက၏။
ထိုစဥ္ဦးၫြန္႔ေမာင္မွာ ဆရာမ်ိဳးအဝတ္
အစားလဲၿပီးရင္ဒီကိုခဏလာပါအုံးဗ်
ထိုစဥ္မမေဝမွ ေမာင္မ်ိဳးေရဝိုင္းထဲသိပ္ၾကာေအာင္မထိုင္နဲ႔ ၿပီးရင္ထမင္းစား ဒီေန႔ကိုလွသိန္းကၾကက္တစ္ေကာင္လာေပးလို႔ဟင္း
ခ်က္ထားတယ္
ဟုတ္မမေဝခဏေလးပါပဲ
ေအးခဏေလးကလဲညလုံးေပါက္
ေမာင္မ်ိဳးအဝတ္အစားလဲၿပီးဝိုင္းထဲဝင္ထိုင္လိုက္သည္ႏွင့္ဦးၫြန္႔ေမာင္မွ
ကဲေက်ာင္းဆရာေရ ဒီေန႔ဒီေကာင္ေတြ
ရႈံးပြဲခံေနတာကြ
ဟာဦးၫြန္႔ကလဲေအာင္ပြဲခံတယ္ဘဲၾကားဖူးတာ အခုကဘယ္လိုလုပ္ရႈံးပြဲခံရတာတုန္း
ဆရာမ်ိဳးကလဲ ဒီေန႔ လွသိန္းတို႔ဖြဲ႕
ေအာက္ေသာင္ဘက္သြားၿပီးၾကက္တိုက္တာ
ရႈံးၿပီးျပန္လာတာ အဲ့ဒါကို စိတ္ထဲမွာမေက်နပ္လို႔ လာၿပီးရင္ဖြင္ေနတာ။
ဟာဒါဆိုအခုခ်က္တဲ့ၾကက္သားဟင္းကပြဲမွာရႈံးလာတဲ့ၾကက္ကိုခ်က္စားတာလား
ဒါဆိုရင္မစားပါရေစနဲ႔ဗ်ာ
ထိုစဥ္ဦးလွသိန္းမွ ဆရာသမားကလဲ
ကြၽန္ေတာ္ေကာင္ႀကီးကိုဒီလိုမလုပ္ရက္ပါဘူးဗ်ာ အခုခ်က္တဲ့ၾကက္သားကတျခားစားၾကက္ပါဗ်ာ။
ကြၽန္ေတာ္တို႔အႏိုင္ကေန အရႈံးျဖစ္သြားတာဗ်ာ ဘယ္လိုမွကိုနားမလည္ႏိုင္ဘူး
လက္ရင္းက ဆယ္ဂဏန္းေလာက္ပဲ
လက္ဖ်ားမွာထိတာဗ်။
တစ္ကယ္ေတာ့ကိုလွသိန္းအေနႏွင့္ဒီေလာက္ေငြကိုသိပ္ဂ႐ုစိုက္ေနစရာအေၾကာင္းမရွိပါ သူ႔ၾကက္ႀကီး မွာသည္ေႏြ ႏိုင္ပြဲေတြဆက္ေန၍ အေတာ္ေလလဲရထားၿပီျဖစ္ရာ
ယခုမွာပိုက္ဆံထက္အရႈံးကိုခံျပင္းေနျခင္းသာျဖစ္၏
ဦးးလွသိန္းမွ
ဆရာလဲသိတဲ့အတိုင္းပဲေလ ကြၽန္ေတာ့ေကာင္
‘”ေ႐ႊက်ီးက” စထဲကအေသတိုက္ခြပ္တာ
ဟိုဘက္က ၾကက္ဖ်က္မေကာင္းေတာ့
သိပ္ေတာင္မၾကာဘူးဟိုဘက္ကေကာင္
ခြပ္လမ္းေပ်ာက္ေနၿပီး လည္စိုက္ေနၿပီ
အဲ့ဒီမွာ က်ဳပ္တို႔ဘက္ကလက္ဖ်ားစေခၚတာ
ေနာက္ ဆုံးလက္ပူတိုက္ၿပီးေမွးေနၿပီ
က်ဳပ္တို႔ဘက္က တစ္ရာတစ္ထိတက္ေခၚတာ
ေခၚတာလဲမေျပာနဲ႔ ဟိုဘက္ၾကက္က
ဖြဖြေလးနမ္းရင္ေတာင္လဲေတာ့မွာ
ကိုမ်ိဳးမွ
ဦးၫြန္႔ေမာင္အဲေလာက္ႀကီးပိုင္ေနတာေတာင္
ဘယ္လိုရႈံးတုန္းဗ်ာ
ကိုလွသိန္းသည္ လက္က်န္ကို တစ္က်ိဳက္ေမာ့ၿပီး ေဆးေပါ့ဆိပ္ကိုဖြာရႈိက္၏
ၿပီးမွ …….ၾကက္စြဲေပါ့ဗ်ာ
အဲ့ေကာင္ၾကက္ကုပုံတကယ့္
ေမွာ္ဆရာလိုပဲကြာ ေအာက္လမ္းေတြဘာေတြတတ္သလားမသိဘူး သူ႔ၾကက္ကိုႏွစ္ခ်ီေျမာက္ ျပန္ေကာက္တဲ့အခ်ိန္ အၾကမ္းကုတာ
ဒီေကာင္ဂါထာမႏၲာန္ေတြ႐ြတ္ၿပီးဖုတ္သြင္းလိုက္သလားမွတ္ရတယ္ က်ဳပ္ၾကက္ဖိခြပ္တဲ့အခ်ိန္ သူ႔ေကာင္ေကာင္ေအာက္ကေနပင့္႐ိုက္တာ ေအာ္ၿပီးေျပးတာပါပဲ။
တစ္ခ်ိန္လုံးဘာစကားမွမေျပာပဲ
ရွိစုမဲ့စုေလးပါသြား၍ ၿငိမ္ကုတ္ေနေသာ
စိုးေမာင္မွ ကိုလွသိန္းကလဲ အဲ့ေကာင္
ေခ်ာင္းဆုံက ေအာင္ထြန္းက်ဳပ္သိတာေပါ့ဗ်ာ
ဒီေကာင္ကလူမွန္းသိတတ္ထဲက ၾကက္စြဲလိုက္လုပ္ေနတာ သူ႔မွာၾကက္အပိုင္မရွိေပမဲ့
တစ္ခုေကာင္းရွိပုံရတယ္ သူကတကယ့္ဝိုင္းႀကီးေတြကိုမွလိုက္ေနတာ အခုလဲဒီေကာင္ေတြ
ပါမွန္းမသိလို႔က်ဳပ္လိုက္တာဗ်။
အခုက်ဳပ္တို႔နဲ႔ပြဲျဖစ္တဲ့ၾကက္ကလဲသူတို႔တစ္႐ြာထဲ သူကေတာက္ေလွ်ာက္ၾကက္ထိန္းလုပ္ေနတာ။
ထိုစဥ္ ကိုလွသိန္းမွ
ေခ်ာင္းဆုံသားငါသိတယ္ကြာ အရင္ကၾကားဖူးတာ အခုေတာ့ လဘက္ထုပ္ထက္လူကပိုစြမ္းသြားတာ အဲ့ေကာင္ေတြ႐ြာကတစ္႐ြာလုံးၾကက္သမားေတြခ်ည္း ၾကက္ေကာင္းေတြလဲေပါတယ္ တကယ္ခံရမွသိတာ။
သူတို႔စကားဝိုင္းထဲတြင္ေအာင္ထြန္းကား
လူစြမ္ေကာင္းျဖစ္ေန၏။
ထိုစဥ္ စကားဝိုင္းသို႔႐ုတ္တရတ္ဝင္လာေသာကိုေမာင္ေလးမွ
ဟာမင္းတို႔သြားၿပီ အဲ့ဒီေအာင္ထြန္းဆိုတာ
ေခ်ာင္းဆုံကဟိုေကာင္တပည့္ေလကြာ
အဲ့ေကာင္နဲ႔အရင္က အတူပြဲလိုက္ေနတဲ့ေကာင္
ေနပါအုံး ဒီေကာင္နံမည္ ငါေမ့ေနတယ္
အခုေတာ့ဒီေကာင္လုံးဝၾကက္မတိုက္ေတာ့ဘူး
တျခားစီးပြါးေရးနဲ႔အဆင္ေျပေနၿပီ
ေၾသာ္….. သိၿပီသိၿပီ မွတ္မိၿပီ
သူ႔နံမည္ “ဝင္းသိန္း”
ဘာဝင္းသိန္းဟုတ္လား
ယခုအံ့ၾသသြားရသြားရသူကား
ဆရာမ်ိဳးႏိုင္
ကိုလွသိန္းမွ
ဆရာသမားအဲ့ဒီဝင္းသိန္းကိုသိလို႔လား
သိတာေပါ့ဗ်ာ
က်ဳပ္မိတ္ေဆြ ရင္း က်ဳပ္နဲ႔ဆိုေဆြမ်ိဳးရင္းထက္ခင္မင္ရတဲ့သူပါဗ်ား
ကုန္ကုန္ေျပာရရင္ မိသားစုဝင္တစ္ဦး
လိုရင္းႏွီးကြၽမ္းဝင္ၿပီး က်ဳပ္ဘဝမွာထူးျခားတဲ့သူစာရင္းထဲမွာပါတယ္ဗ်။
ကိုစိုးေမာင္မွ
လုပ္စမ္းပါအုံးဆရာရယ္ အဲ့ဒီဝင္းသိန္းအေၾကာင္းေလသိသမွ်ာေျပာစမ္းပါအုံး
စကားဝိုင္းမွ လူအားလုံး၏စိတ္အာ႐ုံဝယ္
ကိုဝင္းသိန္းႏွင့္ ကိုမ်ိဳးႏိုင္တို႔၏အတိတ္ျဖစ္ရပ္မ်ားကားတစ္ရိပ္ရိပ္စီးေမ်ာဝင္ေရာက္ခဲေလၿပီတကား….
ကြၽန္ေတာ္ဆယ္တန္းေအာင္သည့္ႏွစ္
အေဖကက်န္းမာေရးသိပ္မေကာင္း
အဲ့ႏွစ္ကလယ္ထဲမွာလုပ္အားမရွိေတာ့ဦးေလးဝမ္းကြဲျဖစ္သူကိုအလုပ္သမားလူငွားရတာေပါ့ဗ်ာ။ျဖစ္ခ်င္ေတာ့အလုပ္ကရာသီမစခင္
အလုပ္သမားက ယိုးဒယားအလုပ္သြားလုပ္မယ္ဆိုၿပီးထြက္ပါေလေရာ။
လမ္းခုလပ္ႀကီးလူသစ္လဲရွာမရ
ေမြခါးက်ိဳးသလိုစေကာစကျဖစ္ေနတဲ့အခ်ိန္
ကိုဝင္းသိန္းကလဲ “ေထာင္ကထြက္လာခါစ”
တစ္႐ြာမေျပာင္းသူေကာင္းမျဖစ္ဆိုၿပီး
႐ြာကိုေရာက္လာ အိမ္မွာကလဲအေရးေပၚအေျခအေနအရ သူနဲ႔အလုပ္လုပ္ဖို႔သေဘာတူအဆင္ေျပသြားတယ္။
ေထာင္ထြက္ဆိုေတာ့အေမကလဲ နည္းနည္းေတာ့႐ြံ႕သလို သိပ္အဆင္မေျပဘူး။
အရပ္ျမင့္ျမင့္ အသားညိဳညိဳ
ေမး႐ိုးကားကား စကားနည္းၿပီးအလုပ္ကို
တိတိက်က်အလိုက္တသိလုပ္တတ္ေတာ့
တျဖည္းျဖည္းနဲ႔ရင္းႏွီးလာတာေပါ့။
အထူးသျဖင္ကြၽန္ေတာ္နဲ႔ဆိုအရမ္းခင္တယ္
ကြၽန္ေတာ္ကလဲေက်ာင္းဆရာလုပ္မယ္ဆိုေတာ့ သူအရမ္းသေဘာက်တာ
သူ႔မွာလဲ သမီးတစ္ေယာက္ရွိတယ္ အခုကိုးတန္းေရာက္ေနၿပီ။ သူ႔ကိုလဲဆရာမေလးျဖစ္ေစခ်င္တယ္။ အခုသူ႔ရဲ႕တစ္ႏွစ္လုံးစာလုပ္အားခကိုမသုံးဘူး ေနာက္ႏွစ္သူ႔သမီးဆယ္တန္းေရာက္ရင္ေက်ာင္းစရိတ္အတြက္စုထားတာတစ္ျပားတစ္ခ်ပ္ကေလးေတာင္အေလွ်ာမခံဘူး။
သူကအရင္တုန္းကေလာင္းကစားဝါသနာပါၿပီး အဲ့ဒီအက်င့္ဆိုးေၾကာင့္ေထာင္က် အခုသားသမီးအလွည့္မွာမ်က္ႏွာမငယ္ရေအာင္
သူႀကိဳးစားရွာၿပီးပညာသင္မယ္ေပါ့
သူ႔ရဲ႕ဆႏၵေလးေတြကိုအၿမဲတမ္းရင္ဖြင့္တယ္။
ဒါေပမဲ့ ကံတရားနဲ႔အခ်ိန္ဆိုတာေလာကမွာ
အင္အားအႀကီးဆုံးပဲ
သူအတြက္မလႊဲမေရွာင္သာေအာင္ဆြဲေဆာင္လြန္းတဲ့အေျခအေနတစ္ခုက တိုက္ဆိုင္လာခဲ့ပါေတာ့တယ္။ဒါဟာကံတရားပဲလား
ကံတရားရဲ႕အႂကြင္းအက်န္တစ္ခုပဲလားကြၽန္ေတာ္မသိခဲ့ပါဘူး။အဲဒီအခ်ိန္တုန္းက ေလာကႀကီးကို ပညာမ်က္စိမေျပာႏွင့္သင္ညာမ်က္စိေတာင္မရွိေသးတဲ့အခ်ိန္ အရာရာကိုနားမလည္ ျခင္းႏွင့္အတူ စူးစမ္းျခင္းနဲ႔ေျခရာခံေနရတဲ့အခ်ိန္ ေဝခြဲျခင္းအသိနဲ႔ ခံစားျခင္းႏွလုံးသားတို႔က ပါတ္ဝန္းက်င္ လိုက္ေလွ်ာညီေထြျဖစ္ဖို႔ခ်ိန္ညႇိေနစဥ္ ကိုဝင္းသိန္းကား ကြၽန္ေတာ့ဆရာ တစ္ခါတစ္ရံသူကတပည့္ေပါ့ေလ။
ကိုလွသိန္းလဲ သူအရမ္းစိတ္ဝင္စားေသာ
ကိုဝင္းသိန္းအေၾကာင္းႏွင့္ သူဝါသနာပါေသာ
ၾကက္ဗဟုသုတကိုစိတ္ဝင္တစားနားေထာင္ေနရင္းမွ လုပ္စမ္းပါဆရာေလးရဲ႕ အဲ့လူဘယ္လိုပြဲျဖစ္သြားတဲ့အေၾကာင္းေလး
ကိုမ်ိဳးလဲစကားနာ ပရိတ္သတ္ကိုတစ္ခ်က္ေဝ့ၾကည့္လိုက္သည္။ စကားဝိုင္းထဲတြင္
နားေထာင္ေနေသာ ေယာက်္ားသားမ်ားသာမက ဘာမွမဆိုင္ေသာ “မမေဝ” ပင္လွ်င္ ခပ္လွမ္းလွမ္းမွ ကြၽန္ေတာ္၏စားသံမွာစီးေမ်ာလွ်ပ္ရွိ၏
ကိုမ်ိဳးေက်နပ္စြာတစ္ခ်က္ၿပဳံးလိုက္၏
ဒီလို ကိုလွသိန္းရဲ႕ကြၽန္ေတာ္နဲ႔အရမ္းခင္ၿပီး
အထက္တန္းေက်ာင္းအထိအတူတူေက်ာင္းတက္ခဲ့တဲ့သူငယ္ခ်င္းဖိုးေဇာ္ဆိုတာရွိတယ္။
သူအေဖ ထြန္းျမင့္ဆိုတာၾကက္သမားစစ္စစ္
တိုက္ၾကက္ေမြးၿပီးေရာင္းတာ ခြပ္လက္ခ်ၿပီး
တစ္ေကာင္ကို အဲ့တုန္းကေစ်းနဲ႔ေတာင္ ငါးေသာင္းေလာက္ရတဲ့အထိသူၾကက္မ်ိဳးကေကာင္းတာ။
တစ္ရက္ကြၽန္ေတာ္သူတို႔နယ္ဘက္သြားလည္ေတာ့ ကိုဝင္းသိန္းကိုပါေခၚသြားတာ
ဟိုေရာက္ရင္ ဦးထြန္းျမင့္ႀကီးနဲ႔ဝါသနာတူေဆြးေႏြးၾကရေအာင္ေပါ့ သူစိတ္ဝင္စားရင္
တစ္ေကာင္ေလာက္ ယူေပါ့။
ဒါေပမဲ့ဟိုေရာက္ေတာ့ ဦးထြန္းျမင့္ႀကီးကခရီးထြက္ သူ႔အိမ္ကၾကက္ေတြကလဲ အနာဝင္လို႔မရွိေတာ့ဘူးမ်ိဳးျပဳတ္ေနၿပီ။
အဲ့ဒါနဲ႔ဖိုးေဇာ္က
အစ္ကိုေရမ်ိဳးေတာ့မရွိေတာ့ဘူး
လိုခ်င္ ရင္မေသဘဲက်န္တဲ့တစ္ေကာင္ေတာ့ရွိတယ္ ။ တိုက္ၾကက္အစစ္လဲမဟုတ္ပါဘူး
ေရာတယ္ဆို႐ုံအစပ္ကေလးပါ။
အိမ္ကၿခံေပါက္လဲမဟုတ္ဘူး
ေကာက္ရလာတာ ။
ကြၽန္ေတာ္လဲ
သူငယ္ခ်င္းေျပာပါအုံး ဘယ္လိုေကာက္ရလာတုန္း။
မိုးဦးက်တုန္းက ဟိုဘယ္႐ြာမွာမ်ိဳးစပါးသြားဝယ္တာ အခ်ိန္ကလဆန္းရက္ဆိုေတာ့
ညဘက္လေရာင္ကေလးနဲ႔ႏြားလွည္းေမာင္းၿပီးအိမ္ကိုအျမန္ေရာက္ခ်င္ေဇာနဲ႔အေရွ႕ေခ်ာင္သခ်ႋဳင္းထဲကေနျဖတ္လာတာ။ လူကေတာ့ေၾကာက္တဲ့စိတ္ရွိေနေတာ့ ႏြားကိုသတိထားၿပီးေရွ႕လမ္းတည့္တည့္ကိုပဲၾကည့္ၿပီးေဘးပါတ္ဝန္းက်င္ကိုေယာင္လို႔ေတာင္လွည့္မၾကည့္ဘူး
အဲ့ဒီအခ်ိန္မွာ ႏြားတစ္ေကာင္႐ုတ္တ႐ုတ္
ဝမ္းေခါင္းသံႀကီးနဲ႔ေအာ္ လွ်ာႀကီးထြက္ၿပီး
လူေသေတြေျမျမဳပ္တဲ့ေျမပုံေတြဆီကိုအတင္းဆြဲေျပးျဖစ္ခ်စ္ေတာ့ ေန႔လည္ခင္းကပဲအေလာင္း
ေျမျမဳပ္ထားတဲ့ေျမစာပုံေပၚလွည္းဘီးကြၽန္ၿပီး
အဲ့ဒီေအာ္ေနတဲ့ႏြားတစ္ေကာင္က ခပ္လွမ္းလွမ္းကေညာင္မုတ္ဆိတ္ပင္ႀကီးေအာက္သြားအိပ္ေနတာ။အဲ့ဒီေညာင္ပင္ဆိုတာ ညဘက္မေျပာနဲ႔ ေန႔ခင္းဘက္အေဖာ္နဲ႔ေတာင္ သြားဖို႔မရဲေလာက္ေအာင္ ေျခာက္ျခားစရားေကာင္းတာ
ပါတ္ဝန္းက်င္တစ္ခုလုံးကလဲၿခဳံႏြယ္ပိတ္ေပါင္းထူထပ္ေတာ့ အဲ့အခ်ိန္တစ္ေယာက္ထဲသြားဖို႔ဆိုတာစဥ္းသာစဥ္းစားၾကည့္ေပေတာ့
ငါလဲစိတ္ထဲမွာထူပူ ၾကက္သီေမြးညႇင္းထၿပီ
မလုပ္လို႔လဲမျဖစ္တဲ့အဆုံးအားတင္းၿပီးေညာင္ပင္ေအာက္ဝင္သြားတာ ႏြားကအျဖဴေရာင္ဆိုေတာ့႐ိုးတိုးရိပ္တိတ္ျမင္ရတာေတာ္ေသးတယ္
အဲ့ဒါနဲ႔ႏြားနားကိုအသာေသးေခ်ာ့ၿပီးကပ္သြားအနားေရာက္ေတာ့ႏြားႀကိဳးကိုလက္နဲ႔စမ္းၿပီးကိုင္လိုက္တာ ႀကိဳးမဟုတ္ဘဲၾကက္ေျခေထာက္သြားကိုင္မိေတာ့ၾကက္က႐ုတ္တရတ္ထေအာ္ငါလဲလန္ၿပီးထြက္ေျပတာ
လက္တစ္ဖက္လဲ ၾကက္ေျခေထာက္တစ္ေခ်င္းကိုေယာင္ၿပီးကိုင္ထားတာ ေတာ္ေသးတယ္ ႐ြာထဲကဦးကုလားႀကီးနဲ႔လမ္းမွာေတြ႕ၿပီးအတင္းဖက္ထားလို႔ ႏို႔မို႔ဆိုလန္႔ၿပီးေတာင္လိပ္ျပာလြင့္တယ္
သူေတာ့သရဲမေၾကာက္တတ္ေတာ့ငါ့ကိုကူၿပီး အိမ္တိုင္ယာေရာက္လိုက္ပို႔ေပးပါတယ္
ငါလဲအဲ့ၾကက္ကေလးကိုငါနဲ႔ထိုက္လို႔ဆိုၿပီယူလာခဲ့တာပဲ ။ တကယ္တန္းေတာ့ ရပ္ကြက္ထဲကအိမ္တစ္အိမ္ေဗဒင္တြက္တာေျခႏွစ္ေခ်ာင္းထြက္ကိန္းရွိတယ္ဆိုလို ယၾတာေခ်တဲ့အေနနဲ႔လာလႊတ္ထားတဲ့ၾကက္။
အခုေတာ့သူလဲအေတာ္ႀကီးပါၿပီ
က်န္တဲ့ၾကက္ေတြကအနာဝင္လို႔မရွိေတာ့ဘူး
အေဖကေတာင္ငူက သူ႔တူမအိမ္သြားေနတာျပန္လာရင္ေတာ့သြားၿပီ။
ကိုဝင္းသိန္းက
မင္းေကာင္ခြပ္လက္ခ်ၿပီးၿပီလား
ဟိုတရက္က ေျခေက်ာ္လာထိုးတဲ့တစ္ေကာင္
ေတာ့နာသြားၿပီ အခုလဲမႏၵာလီေတာင္မထားဘူး ေတာ္ေတာ္စြာတယ္ လိုခ်င္ရင္ဦးေလးကိုလက္ေဆာင္ေပးမယ္။
တယ္ေတာ့ၾကက္ဘယ္ေလာက္သန္သည္ျဖစ္ေစ
မႏၵာလီ(ဘဲငန္းတစ္မ်ိဳး လြန္စြာအေကာင္ထြား၍ေဒါသလဲႀကီးသည္)နဲ႔ေတြ႕လွ်င္ေသဖို႔မ်ား၏
ၾကက္ခြပ္တာေလာက္မေျပာႏွင္ ဝါးရင္တုတ္ႏွင့္႐ိုက္၍ ခ်က္ေကာင္းထိလွ်င္ေတာင္ တစ္ခ်က္ႏွင့္မျဖဳန္ ထိုသို႔ေသာသတၱဝါကိုၿဖိဳႏိုင္လွ်င္ကား ၾကက္ေလာကတြင္ မင္းရဲေက်ာ္စြာဘြဲ႕ပင္ေပးထိုက္သူဟုဆိုႏိုင္ေပသည္။
ကိုဝင္းသိန္းကၾကက္ကိုေသခ်ာၾကည့္၏
ဘူရားစူးတိုက္ၾကက္ဟုေျပာလွ်င္ေတာင္ယုံစရာမရွိ အေမႊးကမသန္႔ ဘယ္ၾကက္သမားမွတိုင္မွတ္၍ႏွပ္မသုတ္ခ်င္ေသာအစား
ၾကက္ကိုေသခ်ာေပြ႕ၿပီး ေျခကိုစစ္၏
အထူးသျဖင့္ေျခခလယ္ကိုၾကည့္၏
ကိုဝင္းသိန္း၏မ်က္လုံးမ်ားထူးဆန္းအံ့ၾသေသာအရိပ္အေယာင္သန္းသြား၏
အဲ့လိုနဲ႔ ၾကက္ခေလးကိုဝင္းသိန္းလက္ထဲေရာက္ခဲ့တာေပါ့ဗ်ာ
ဒီမိုးအကုန္ေဆာင္းဦးးေပါက္
သူလဲအလုပ္တစ္ဖက္နဲ႔ၾကက္ကိုအရမ္းဂ႐ုစိုက္တာ ။ သူအိမ္မွာအလုပ္လုပ္ထဲကသူ႔႐ြာတစ္ေခါက္မျပန္ေပမဲ့သူ႔ၾကက္ကိုေတာ့အရိပ္တၾကည့္ၾကည့္ ။ ညအိပ္ရင္ေတာင္ ႏွစ္ေတာင္ပါတ္လည္ၾကက္ျခင္ေထာင္နဲ႔
တစ္ခ်ိဳ႕ၾကက္ဝါသနာရွင္ေတြကလဲ
မင္းျဗာေလးက ၾကက္႐ူးေလးပါ ဘာကိုၾကည့္တာလဲစသျဖင္အမနာပေျပာ။ သူကလဲမနက္ေစာေစာအိပ္ယာထတဲ့အခ်ိန္ၾကက္ကိုေရမန္းၿပီးခြံ႕တာ သခ်ႋဳင္းထဲကလာတဲၾကက္ဆိုေတာ့ အစြဲေတြပေယာဂါေတြထုတ္တဲ့သေဘာေပါ့ေလ။
ကိုဝင္းသိန္းရဲ႕ပါရမီကလဲထူးတယ္
ေလာင္းကစားၾကက္သမားေတြၾကည့္မရတဲ့က်ဳပ္အေမေတာင္ ဘာမွမေျပာပဲၾကည္ၾကည္ျဖဴ ဘယ္သူနဲ႔မွမတည့္တဲ့က်ဳပ္အဖြားေတာင္သူ႔ကိုေဆြမ်ိဳးရင္းခ်ာလိုခင္တာ။
အဲ့လိုနဲ႔ေဆာင္းဦးေပါက္ရာသီ
လုပ္ငန္းခြင္သိမ္းေတာ့သူ႔လုပ္အားခ
ပိုက္ဆံသုံးသိန္းခြဲရတယ္။တစ္ျပားမေလွ်ာ့ဘူး
သူကလဲအဲ့ေလာက္တိက်တာ။
ဒီၾကားထဲမွာခြပ္လက္ပြဲေလးနည္းနည္းျပျဖစ္တယ္။
တိုတိုေျပာပါဆရာရယ္
ဘယ္ၾကက္နဲ႔ပြဲျဖစ္တာလဲ
ကိုလွသိန္းနားေထာင္ရင္းခံတြင္းခ်ဥ္ေနၿပီ
ပြဲျဖစ္တယ္ဗ်
ေဒစြန္ပါဘက္က ဘုန္းႀကီးလူထြက္ၾကက္္နဲ႔
လူပ်ံေတာ္ၾကက္အေတာ္နာမည္ႀကီးတယ္
အတတ္ကလဲေကာင္း တညင္စပ္ေခၚမလားေတာၾကက္စပ္ေခၚမလားမသိဘူး
အေကာင္နည္းနည္းႏုပ္သလိုထင္ရေပမဲ့
အခ်ိန္အေတာ္စီးတယ္ က်စ္ၿပီးမာေနတာ
ေလးပြဲဆက္တိုက္ႏိုင္ထားတာ
ပိုင္ရွင္ကလဲ အရင္ကဦးဇင္းဝတ္ငယ္ျဖဴ
ဘယ္မိစာၦဒိ႒ိ ကေျမႇာက္ေပးလဲမသိ လူထြက္ၿပီး ႏိုင္ထားတဲ့ပိုက္ဆံနဲ႔ မိန္မယူမယ္ထင္တာပဲ
သုံးပြဲေျမာက္တုန္းက ေညာင္ေလးပင္ၾကက္ကို
အေသခြပ္ ၿပီး ေလးပြဲေျမာက္မွ သိမ္ဇရပ္ၾကက္ကို ၁၀မိနစ္နဲ႔ပြဲျပတ္တယ္။
ၾကက္ပစ္ၾကက္ပုတ္ကလဲေကာင္းသလားမေမးနဲ႔ ေလေပၚမွာတင္ ခ်က္ေကာင္းကိုပြဲခ်င္းၿပီး
အခုလဲခြပ္ရက္ကေစ့ၿပီ
ဘက္ကရွာမရ
သူ႔ၾကက္ကဝိုင္းႀကီးပါယ္ၾကက္ျဖစ္ေနၿပီ
ပြဲသာျဖစ္လိုက္ေငြထုတ္ျပၿပီး ေငြလိုက္သိမ္းမဲ့သူက အုံနဲ႔က်င္းနဲ႔
ကိုဝင္းသိန္းကလဲ ေခသူမဟုတ္ေပါ့ေလ
သူကလဲအရွိန္အဝါရွိထားတဲ့သူဆိုေတာ့
ပရိတ္သတ္ကရွိၿပီးသား
ပြဲကမျဖစ္ေသးဘူးသတင္းကထြက္ေနၿပီ
ဘာျပသနာရွိလဲဆိုေတာ့
ဝင္းသိန္းအိတ္ထဲကစိုက္မဲ့ေငြကတျခားမဟုတ္
သူရည္မွန္းခ်က္နဲ႔စုထားတဲ့လုပ္အားခေလး
သုံးသိန္းခြဲ ။အဖြားဆိုမ်က္ရည္ပါလည္တယ္
သားရယ္မေျပာေကာင္းမဆိုေကာင္း
ရႈံးခဲ့သည္ရွိေသာ္ ငါ့ေျမးေလးေက်ာင္းဆက္တက္ႏိုင္ပါ့မလား
အဖြားရယ္ ဒါကလဲကံတရားေပါ့
ကြၽန္ေတာ္ ကိုဝင္းသိန္းကိုလဲမသနား သူ႔ၾကက္ေသတာအေၾကာင္းမဟုတ္ သူပိုင္ဆိုင္သမွ်
ကိုေလာင္းေၾကးထပ္ရသည့္မိသားစုကိုသနားသည္။
ပြဲမတိုးရင္တဲထိုးရမည့္သူ
နဂိုကတည္းကသူေထာင္ထဲမွာေနစဥ္မိန္းမကို
ေယာကၡမအိမ္မွာမ်က္ႏွာစြာထားရသည္
ေႏြဦးေပါက္သၾကၤန္မတိုင္ခင္ပြဲျဖစ္တာ
နယ္ေက်ာ္ၾကက္ေတြ ၾကားထဲမွာကိုနာမည္ႀကီးေနတာ ေလာင္းေၾကးက ေငြထက္ဘဝ
သူအတြက္ဒါဟာေနာက္ဆုံးပြဲပဲတဲ့
သူကလဲၾကက္ရဲ႕ဝမ္းအေပ်ာ့အမာ
ပုံမွန္းတြန္တဲ့အခ်ိန္ ေနာက္ၿပီး ေန႔ေကာင္း
ရက္ေကာင္ ၾကက္အေရာင္ ဓာတ္စီးနတ္စီး
ေသခ်ာအကြက္ခ်ထားတာ
သူေတာ့မသိဘူး သူ႔အစားက်ဳပ္က
ထမင္းေတာင္စားမဝင္ဘူး
ပြဲျဖစ္မဲ့ေနရာကလဲ ႏွစ္တစ္ရာေက်ာ္သက္တမ္းရွိၿပီး အင္မတန္အရိပ္အာဝါသေကာင္းတဲ့သရက္ၿခံႀကီးထဲမွာ
သူတို႔ပြဲမျဖစ္ခင္ ႐ြာခံၾကက္ေတြနဲ႔ပြဲေသး
ေတြျဖစ္ဖို႔လဲရွိတယ္
သူတို႔ပြဲက ၿပိဳင္ဘက္ကင္းလူျပန္ေတာ္
ၾကက္ကို ၾကက္ႏုကယွဥ္မွာရယ္ ေလာင္းေၾကးေတြ(လက္ရင္းေၾကးေတြ)မ်ားတာလဲပါတာေပါ့။
အရင္ပြဲေတြတုန္းက ဆိုင္ရာပိုင္ရာ
နယ္အဆင့္ေလာက္ပဲခ်ဳပ္တာ အခုေတာ့ကိုဝင္းသိန္းရဲ႕စပြန္စာ တ႐ုတ္ ဦးရွိန္က တိုင္းအထိေပါက္ေတာ့ ဝိုင္းထဲမွာေတာ့ဆရာႀကီးေတြပါရွိတယ္ ။သူကလဲ ဆယ္ႀကီးပိုင္းအထိတင္တာ
ေၾကးက သူတစ္ေယာက္ထဲ ၅၀ေက်ာ္တယ္
ကိုဝင္းသိန္းက သူ႔လုပ္အားခသုံးသိန္းခြဲ
သူ႔အိမ္မေဆာက္ရေသးတဲ့ၿခံေပါင္ထားတာ
၂သိန္း ဖိုးရွိန္ေပးတဲ့ ပိုက္ဆံနဲ႔ပါဆို
၈ ေလာက္ရွိမယ္
တျခားဝိုးင္းႀကီးေတြ လက္ရင္း၁၅
အသည္းအသန္ အခုပြဲကရာနားကပ္ေနၿပီ
တကဲ့ ဟဲဗီးဝိတ္ခ်န္ပီယံလုပြဲေပါ့ေလ
ဆိုင္ကယ္ေတြ မ်ားထားစရာေနရိပ္ေတာင္မရွိဘူး ။ကတခ်ိဳ႕က ေတာ့ သူလိုလူမိုက္တစ္ေယာက္ရဲ႕အရႈံးကိုအရသာခံခ်င္ၾကည့္ခ်င္ၾကတယ္ထင္တယ္။ တကယ္လဲမိုက္တဲ့သူ ျဖစ္ေနတာကိုး
ယုံၾကည္ခ်က္ဆိုတာ အကန္အသတ္ရွိပါတယ္ ဟိုဘက္က တကဲ့ၾကက္ဘီလူး
သူ႔ဘက္က ဝိုင္းႀကီးေတာင္မတင္ရေသးဘူး
ေလာင္းကစားဆို၍ သၾကၤန္ေရေတာင္ေလာင္းတာမႀကိဳက္အေဖေတာင္ မင္းၾကက္ကိုငါ့
ေရမန္းေလးတိုက္ကြာဟုတတ္ႏိုင္သေလာက္ေလးပူပန္ေပးရွာတယ္ေလ။
အေမကလဲ က်ဳပ္ကို
ကိုဝင္းသိန္းရဲ႕အထူးဧည့္သည္ေတာ္အျဖစ္
လိုက္ပါၾကည့္ရႉခြင့္ေပးၿပီးသား
ပြဲျဖစ္တဲ့ေန႔ မနက္ကိုးနာရီေလာက္မွာ
ဘိုရွိန္နဲ႔သူ႔အဖြဲ႕ ဆိုင္ကယ္ ၁၅ စီးနဲ႔ေရာက္ခ်လတယ္
ပြဲစီစဥ္သူ ဂႏၵီက သူ႔ၾကက္ကို
တစ္ခ်က္ဆၾကည့္တယ္ “အေကာင္တူေပပဲ့ဟိုဘက္ကဝိတ္စီးတယ္” ေနၿပီးမင္းေကာင္
အတက္က ဘုခြၽန္ေလးပဲရွိတာ
“ရပါတယ္ေလ ဂ်ိဳဂတုံးေကာင္းရင္ ခတ္ကြၽဲေတာင္လဲေသးတာ” လက္ရင္းေတာ့မထည့္ဘူး
လက္ဖ်ားပဲၾကည့္လုပ္မယ္”
ပြဲမစခင္ ၾကက္ကိုဝိုင္းၾကည့္ေနပုံမ်ား
“အလွမယ္တစ္ေယာက္ကို ခ႐ိုနီသူေဘာစီ
ႀကီးေတြ ရွိူးေနတဲ့အတိုင္းပဲ
တဖက္က လူျပန္ေတာ္ၾကက္ရဲ႕ပရိတ္သတ္ကေတာ့ ဒိထပ္ႏွစ္ဆမကပိုတယ္
အေစာပိုင္းပြဲေလးေတြ စတယ္
အခ်ိဳ႕ကတစ္ခါေကာက္ ႏွစ္ခါေကာက္ဆို
အျပတ္ပဲ တစ္ခ်ိဳ႕ကလဲ အႏိုင္ေလးေတြနဲ႔
ေပ်ာ္တစ္ၿပဳံး တစ္ခ်ိဳ႕က ပြဲႀကီးကိုၾကည့္ခ်င္႐ုံသက္သက္။
ေန႔လည္ တစ္နာရီထိုးၿပီ
အရင္ဆုံးႏွစ္ဘက္ ေဆြးေႏြး စည္းကမ္းခ်က္ေတြေတာ့အေထြအထူးေျပာစရာမလို
အားလုံးသိၿပီးသားမို႔ ေလာင္းေၾကးကဒိုင္
အေကာက္မပါ ၈၀ ေက်ာ္။
ပထမဦးဆုံးနဂါးေခါင္းဘက္ေ႐ြး
အၿမီးကိုေလွ်ာက္ဝမ္းကိုေဖာက္
ကဲလႊတ္ၿပီေဟ့
ပရိတ္သတ္ရဲ႕အာ႐ုံကၾကက္ႏွစ္ေကာင္ဆီကို
စုၿပဳံသြားၿပီ
ခ်က္ခ်င္းတိတ္ဆိတ္သြားသလို
ၾကက္ႏွစ္ေကာင္ေခါင္းခ်င္းဆိုင္
မိတယ္ဆိုရင္ပဲ တဖက္က ၾကက္
သူ႔နာမည္ ေ႐ႊလုံး ကအတင္းဖိခြပ္တာ
တဖက္ၾကက္ကအားကိုသုံးၿပီး
ပြဲသိမ္းေအာင္ စြတ္႐ြတ္ၿပီးေတာ့ကိုခြပ္တာ။
တဖက္ကျပန္ေထာက္ဖို႔မေျပာႏွင့္ဆုတ္လိုက္
ကာလိုက္နဲ႔ ပါတ္ေရွာင္ေနရတာ။
ခြပ္ေရးကသာေနတာ။ ၾကက္ျဗာေလးက
လဲ အဖ်က္ေကာင္းတယ္ အထိမခံဘူး
ထိလိုက္ရင္ တစ္ခ်က္စာပဲ
ဟိုဘက္က တကယ္ၾကက္မိုက္စစ္စစ္
ဒီဘက္ကလဲ မာန္ေကာင္းတယ္ ဆုတ္ကာေလးနဲ႔ ပဲထိန္းၿပီး ဆိုင္မခြပ္ဘူး
ႏွစ္ေကာင္ဆိုင္လိုက္လို႔ကေတာ့
အထိပဲ
ပရိတ္သတ္ကလဲအုန္းအုန္းထေနတာ
ညာသံေအာ္သံက လည္း ၾကက္တခ်က္
ခြပ္လိုက္တိုင္း ပိုပိုၿပီးဆူညံလာတယ္။
ဒီလိုနဲ႔ ပထမအခ်ီ ေကာက္ၿပီးကုၾက
တယ္။ အဲဒီအခ်ိန္အထိ ႏွစ္ဘက္လုံး
အနာတရမရွိေသးဘူး
ေနာက္တစ္ခ်ီျပန္လႊတ္ေတာ့
ေ႐ႊတုန္းက အတင္းလိုက္ဖိခြပ္
ဒီဘက္ကနည္း ျပန္ဆိုင္တယ္
ႏွစ္ဘက္ၾကက္စြဲေတြကလဲ
ၾကက္ႏွစ္ေကာင္ဖယ္ၿပီး
သူတို႔ကိုယ္တိုင္ပဲ ဝင္ခြပ္ေတာ့မလားမွတ္ရတယ္ နည္းပရိယာယ္ေပါင္းကလဲစုံလို႔
တစ္ဖက္ပရိတ္သတ္ကလဲ သူတို႔ၾကက္က
စြပ္တိုက္ၿပီး ၿပိဳင္ဘက္ကခြပ္လမ္းေပ်ာက္ၿပီး
ခံစစ္နဲ႔သြားေနရတာ
ျဗာေလးပရိတ္သတ္ကလဲအားမလိုအားမရ
သာမန္ပြဲဆို ဒီပုံစံအတိုင္းသြားေနရင္
ႏွစ္ခ်ီနဲ႔ပြဲျပတ္တယ္ဗ်
အဲ့ဒီအခ်ိန္မွာတစ္ဖက္လက္ဖ်ားစေခၚၿပီ
တစ္ရာ ရွစ္ဆယ္ ဘယ္သူမွမလႈပ္ၾကေသးဘူး
ေျပာလို႔မွမၾကာေသးဘူးဗ်ာ
ဟိုဘက္ကေကာင္ အတက္နဲ႔ႏွံလိုက္တာ
နားရင္းကိုပြတ္ၿပီးလည္ထြက္သြားတယ္
ပရိတ္သတ္ ေအာ္သံကလဲ
ဝိုင္းလုံးကိုညံသြားတာ
ကြၽန္ေတာ္ျဖင့္ပြဲသိမ္းသြားၿပီမွတ္တယ္
ဒါေပမဲ့ေနက္အခ်က္ေတြကိုအထိမခံေတာ့ဘူး
ကိုဝင္းသိမ္းလဲမ်က္ႏွာနည္းနည္းပ်က္သြားတယ္ ဒီလိုနဲ႔ဒုတိယတစ္ခ်ီ ေကာက္တယ္
ကုတယ္
ဦးၫြန္ေမာင္လဲနားေထာင္ေနရင္း
ေဆးလိပ္ကိုဖြာလိုက္ၿပီး
ဆရာေလးတို႔လက္ဖ်ားလိုက္မဲ့သူမရွိရင္
ပြဲၿပီးၿပီေပါ့
အင္းတစ္ခ်ိဳ႕ေတာ့ရွိပါတယ္
ၾကက္ပြဲက ပရိတ္သတ္ကသာညံေနတာ
သူတို႔က သိပ္ၿပီးမဆိုင္ၾကဘူး
ဒီလိုနဲ႔ဖိလိုက္ဆုတ္လိုက္ ကာလိုက္နဲ႔
ေကြ႕ကာပါတ္ကာျဖစ္ေနတာ
ဟိုဘက္ကေကာင္လဲေခါင္းကိုကိုက္ၿပီး
အပိုင္တြယ္ဖို႔လိုက္ ဒီဘက္ကလဲ
လယ္လိမ္ၿပီး အတင္းလွည့္ ေတာင္ပံၾကားထဲ
ေခါင္းထိုးၿပီး အေမေျဖ။
ဒီလိုနဲ႔ႏွစ္ေၾကာ့ခ်ီၿပီးၿပီ
ျဗာေလးမ်က္ႏွာမွာေသြးစို႔ေနၿပီ
ဟိုဘက္ကေကာင္က အသန္႔အတိုင္းရွိေသးတယ္။ ဒါေပမဲ့ နည္နည္းေတာ့ေမာေနတဲ့ပုံစံ
ကိုဝင္းသိန္းလဲဒဏ္ရာကို ကု
အေမာေျပေအာင္လုပ္ၿပီးျပန္လႊတ္
ဒီတစ္ခ်ီလဲ အရင္လိုပဲ
ဟိုေကာင္ ကလဲ အေတာင္႐ိုက္ခ်က္ျပင္းေတာ့
ေရွာင္ေနရင္းထိတယ္
ေနာက္တစ္ခ်က္ေခါင္းလွည့္ဖို႔ျပင္မယ္ႀကံ
တုန္း ေနာက္တစ္ခ်က္ထိတယ္
ႏွစ္ခ်က္ဆင့္ခံလိုက္ရၿပီ
ေၾကးကလဲ တစ္ရာငါးဆယ္ျဖစ္သြားၿပီ
ပရိတ္သတ္ကလဲ ေၾကးလိုက္ေၾကးေခၚ
ေအာ္ကာဟစ္ခါနဲ႔ဝိုင္းလုံးညံေနၿပီ
ကြမ္းယာသည္ကေန ဆယ္အိမ္ေခါင္း
မက်န္ ဝိုင္းထဲမွာဆူညံေနတာ
ကိုဝင္းသိန္းမ်က္ႏွာလဲအေတာ္မေကာင္း
ကြၽန္ေတာ္လဲရင္ေတြတုန္ေနၿပီ
ျပန္ဆိုင္ေတာ့ ငါ့ေကာင္
ေရွာင္မလြတ္ေတာ့ဘူ
တကယ္ျပန္ဆိုင္ဖို႔လဲမလြယ္ဘူး
တဖက္ကေကာင္က နည္နည္သက္လုံက်သြားေပမဲ့ဒီဘက္ကလဲပုံမက်႐ုံတမယ္ရွိေတာ့တာ
ေၾကးက တစ္ရာတစ္ဆယ္ထိျဖစ္သြားၿပီ
လိုက္တဲ့သူေတြလဲရွိတယ္
တဖက္ကလဲသေရပြဲျဖစ္မွာစိုးရိမ္သလိုရွိေနတယ္
တစ္ရာငါးက်ပ္
ဘယ္သူလိုက္မလဲ
ကဲငါးေသာင္း ကိုဝင္းသိန္း၅ေသာင္းဆြဲၿပီ
သူ႔ၾကက္ကမေျပးပဲ အေသခံမဲ့ပုံ
ဒါကကြၽန္ေတာ့အထင္ဗ်
တစ္ကဲ့ဆရာေကာင္ႀကီးေတြက
ဘယ္လိုပြဲသိမ္းမယ္ဆိုတာခန္႔မွန္းလို႔ပိုၿပီး
နီးစပ္တယ္
ေႂကြတလွည့္ၾကက္တစ္ခုန္ ဆိုတဲ့စကားပုံက အလကားျဖစ္လတာမွမဟုတ္တာ
တကယ္တိုက္ၾကက္ေကာင္းေတြ
သူတို႔ကိုယ္ပိုင္ခြပ္လမ္းေတြ
အတိုက္အခိုက္ေတြက ေမြးထဲကပါလာတာ
ရွင္ဘုရင္ေတြေတာင္ စစ္တိုက္ရင္
တိုက္ၾကက္ခြပ္သလိုနမူနာယူရတာ
ေနာက္တစ္ခ်ီၾကက္ျပန္ေကာက္ေတာ့
ႏွစ္ဘက္စလုံးေရ ကုန္ေရခန္း
အစြမ္းကုန္ အၾကမ္းအႏုသင့္သလို
ကုတာ ခက္တာက တိရိစာၦန္ဆိုတာ
လူလိုမေျပတတ္ေတာ့လဲ လူကနပ္မွ
အားနည္းခ်က္ကိုရွာႏိုင္မွာေလ
ျပန္မလႊတ္ ခင္ ဘိုရွိန္နဲ႔ ၾကက္ဆရာ
အမူအရာေတြကတစ္ခုခုပဲ
ပရိတ္သတ္ကလဲဆူညံေနတာ
ဒီအခ်ိန္က ေရခ်ိန္အျမင့္ဆုံးနဲ႔
ေနာက္ဆုံးေလွ်ာက္တဲ့ႀကိဳးတန္းပဲ
ပြဲျပန္လႊတ္ၿပီ
ၾကက္ႏွစ္ေကာင္ စုတ္ဖတ္ လုံးက်စ္ေနၿပီ
သူတို႔ရွိတဲ့အားကလဲကုန္ေနသေလာက္ရွိၿပီ
နည္းနည္းထိတာနဲ႔အေမွာက္ပဲ
ျဗာေလးလဲစိုက္လုနီးၿပီ
အဲ့အခ်ိန္မွာတစ္ဖက္ၾကက္ကေခါင္းကိုခဲတယ္ ဖမ္းကနဲခြပ္တယ္ တစ္ဖက္လည္သြားတယ္
တဖန္အားယူၿပီး ႏွစ္ေကာင္ၿပိဳင္တူခုန္တယ္
အေတာင္႐ိုက္သံႏွစ္ခုေပၚလာၿပီးျပန္က်တယ္
တစ္ေကာင္ကပုံကနဲက်သြားၿပီးမထေတာ့
တစ္ေကာင္က အနားမွာ ဖိမခြပ္ေတာ့ဘဲ
ကုပ္ေနတယ္ ပြဲသိမ္းၿပီ
ပရိတ္သတ္ေအာ္သံ ညာသံ ကသရက္ၿခံတစ္
ခုလုံးဟိန္းထြက္သြားတာ
ႏွစ္ဘက္ၾကက္စြဲေတြ တစ္ေယာက္မ်က္ႏွာ
တစ္ေယာက္ၾကည့္ၿပီးဝိုင္းထဲဝင္လိုက္တယ္
ကိုဝင္းသိန္းက မ်က္ႏွခပ္တည္တည္နဲ႔ပဲ
သူ႔ၾကက္ကိုအသာအာေပြ႕လိုက္တယ္
က်န္ခဲတဲ့ၾကက္ကေတာ့
ဝိုင္းထဲမွာတင္ လည္ဆစ္ကိုထိၿပီး
ဘဝေျပာင္းသြားၿပီ
လွ်ပ္တစ္ျပတ္အတြင္း
အႏိုင္ဆိုေသာရလာတ္ကား
ေပ်ာ္႐ႊင္ျခင္းဆိုတာထက္ပိုသည္
ေအာင္ျမင္မႈလို႔လဲေျပာမရ
အလုံပိတ္အခန္းတစ္ခုထဲက
အရွိန္နဲ႔ပြင့္ထြက္လာတဲ့ အခိုးအေငြ႕လိုမ်ိဳး
ကြၽန္ေတာ္ေပ်ာ္သလို
တဆင့္နားေထာင္ရတဲ့သူေတြပါႏွစ္ေထာင္းအားရျဖစ္ရေပမဲ့ ကာယကံရွင္ကိုယ္၌ကေတာ့
ထိုစဥ္ကသိပ္ၿပီးထူးျခားပုံမရ
သူလုပ္စရာရွိတာကို တည္တည္ၾကည္ပဲလက္စသိမ္းတယ္ ။စုစုေပါင္းအႏိုင္ ၁၆ ေက်ာ္တဲ့အျပင္ သူ႔ေဘာစိကအပိုေပးတာေကာ
တျခားသူေတြရဲ႕မစမႈနဲ႔ေပါင္းလိုက္ရင္
၂၀အထက္ကအသာေလးပဲ
ဒီေငြေၾကးဟာ အဲ့ဒီေခတ္က သူ႔လုပ္
အားခ ေျခာက္ႏွစ္စာေလာက္မကဘူး။
ထိုစဥ္ ဦးၫြန္႔မွ ကိုမ်ိဳးရယ္ ရႈံးသြားတဲ့ေကာင္ေတြေတာ့အေတာ္ေၾကကြဲမွာပဲ
အဲ့ဒီႏိုင္တဲ့ၾကက္ေကာ ေနာက္ပြဲထပ္မျဖစ္ဘူးလား
ဦးေလးရႈံးသြားတဲ့ၾကက္လဲေသတယ္
ေလာင္းေၾကးရႈံးတဲ့သူေတြလဲ
မေၾကပြဲႏႊဲလို႔မရေတာ့ဘူး
ႏိုင္တဲ့ၾကက္လဲ ခြပ္ဒဏ္ရာေကာအနာဝင္တာရယ္ေပါင္းၿပီးႏွစ္ပါတ္ေလာက္ေနေတာ့
ေသတာပါပဲ
ဒါေပမဲ့သူသခင္ကိုဝင္းက
အဲ့ၾကက္အေသကို သူ႔ကိုေကာက္ရခဲ့တဲ့
အေရွ႕ေခ်ာင္သခ်ႋဳင္းကေညာင္မုဆ္ိတ္ပင္ေအာက္မွာပဲသြားျမဳပ္ေပးတယ္
အဲ့ဒီ႐ြာသားေတြေျပာတာေတာ့
ႏွစ္တိုင္း သူပြဲျဖစ္ခဲ့တဲ့ေန႔ေရာက္ရင္ အဲဲ
ဒီေညာင္မုတ္ဆိတ္ပင္ေအာက္မွာၾကက္တြန္သံၾကားရတယ္လို႔ေျပာၾကတာပဲ
ဒါနဲ႔ဆရာရဲ႕ ဆရာမိတ္ေဆြေကာ
ေနာက္ထပ္ၾကက္သမားဘဝကိုစြန္လႊတ္ႏိုင္ရဲ႕လား
သူလုံးဝမတိုက္ေတာ့ဘူးဗ်
သူသမီးေလး ေမႏွင္းကိုေပးထားတဲ့ကတိအတိုင္း သူတည္ေအာင္ေနၿပီး တျခားစီးပြါးေရးပဲလုပ္ေတာ့တယ္ ။ မေတြ႕တာလဲၾကာပါၿပီဗ်ား
ထိုစဥ္မမေဝမွ ဟဲ့ ေမႏွင္းဆိုေတာ့
ဟို စတုတၳတန္းက အတန္းပိုင္ဆရာမ ေခ်ာေခ်ာ ေလး မ်ားျဖစ္ေနမလားမသိဘူး
ကြၽန္ေတာ္တစ္ခ်က္ၿပဳံး၍
ေခါင္းညိတ္ျပလိုက္သည္….
ေလာကကမာၻ လူျဖစ္လာဝယ္
သံသရာစက္ ဖန္တစ္ရာထပ္မို႔
အမ်က္မဖုံး ကို႔အၿပဳံးကား
သူ၏အမုန္းတို႔ ၿငိမ္းေစသတည္း…..
#ကိုဟန္လင္း#