သင်္ချိုင်းမြေက ဘုန်းကြီးကျောင်း

သင်္ချိုင်းမြေက ဘုန်းကြီးကျောင်း(စ/ဆုံး)
———————————

မြေကြမ်းလို့ လူခိုက်တယ်ဆိုတာကို
ခဗျားတို့လဲ ကြားဖူးကျမယ်လို့
ကျုပ်ထင်တယ်ဗျ။

“ဘာလို့လဲဆိုတော့ ”

မြေဆိုတာဟာ သန့်စင်တဲ့မြေရှိတယ်
မသန့်စင်တဲ့မြေဆိုတာရှိတယ်”
ဥပမာ = ချပြရရင် ဖုန်းဆိုးမြေတို့လို
မြေအမျိုးစားတွေက
အင်မတန်မှ မြေမသန့်တာကြောင့်
မကောင်းဆိုးဝါး တော်တော်များများက အမှီသဟဲပြုလို့ နေထိုင်ကျတာမို့
အစားသောက်အနေထိုင်က အစ
အမှားဖြစ်လို့မရဘူးပေါ့ ။

မှားပြီဆိုတာနဲ့ သရဲတစ္ဆေတို့ဟာ
ချက်ချင်းဆိုသလို ၀င်းရောက်ပူးကပ် နှောက်ယှတ်ကျသလို
တချို့ဆို အသက်ပါနုတ်ယူတဲ့အထိ
ကြမ်းတမ်းတဲ့အထိ ဖြစ်ကျတယ်။

အခုလိုမြေကြမ်းတာနဲ့ ပက်သက်ပြီး
ခဗျားတို့ကို ပြောပြရရင်”

ကျုပ်တို့ရွာရဲ့ ရွာနီးချင်းဖြစ်တဲ့
ရှားတောရွာမှာ ရှေးဂျပန်ခေတ်ထဲက
တည်ရှိခဲ့တဲ့ ဘုန်းကြီးကျောင်း
တစ်ကျောင်းရှိခဲ့တယ်ဗျ

ရှေးဟောင်း ကျောင်းကြီးမို့
ဒီကျောင်းတော်ကြီးက ဘယ်နှစ်ခုနှစ်ထဲက တည်ရှိနေတာကိုတိတိကျကျပြောပြနိုင်တဲ့သူဆိုတာ ရှားတောရွာက သက်ကြီးပိုင်းတွေတောင် အတိကျ ပြောပြနိုင်သူ အရမ်းကိုမှရှားလွန်းတယ်လို့ကြားဖူးတယ်။

တောကျောင်းဆိုတော့ မြို့‌က
ဘုန်းကြီးကျောင်းတွေလိုတော့
သံဃာက သိပ်များပါဘူး
ကျောင်းထိုင်ဘုန်းတော်ကြီးအပါ
‌‌ဥုးဇင်း ကိုရင် ကျောင်းသားတွေ
ပါမှ ၁၂ပါးပဲရှိတယ်။

သာသနာ့နယ်မြေဆိုပေမဲ့လဲ မကျွတ်လွတ်တဲ့ မကောင်းဆိုးဝါးနာနာဘာ၀
ကြီးများရှိနေတာကြောင့် အမှားမခံဘူးဗျ

အဲ့ကျောင်း၀န်းကြီးထဲမှာ ဥုးဇင်း
ကိုရင် ကျောင်းသား လူပုဂ္ဂိုလ်တွေထဲက တစ်ဦးတစ်ယောက် ခလုတ်တိုက်ချော်လဲလို့ ဒဏ်ရာတစ်ခုခု ရသွားလို့တော့ သိပ်မကြာဘူး
အဲ့ဒဏ်ရာကြောင့်ပဲ ဘယ်လိုမှပျောက်ကင်းအောင်ကုမရပဲ
အသတ်သေတဲ့အထိဖြစ်ကျတယ်။

နောက်ပြီး ကျောင်းထိုင်တဲ့ ဆရာတော်တွေလဲ အကြောင်းအမျိုးမျိုးကြောင့် ဘေးသင့်ပြီး မကြာခဏပြန်တော်မူကျလို့
အဲ့ဒီကျောင်းကိုကျောင်းထိုင်ပေးမဲ့ ရဟန်းမရှိသလောက်ရှားတဲ့အထိ
အလွန်မှ ကြမ်းတမ်းပြီး
ဆိုးရွားလှတဲ့မြေလို့သိရတယ်။

အဲ့သတင်းကြောင့် မြို့နယ်ဆရာတော်ကြီးတွေက ကျုပ်တို့ရွာဦး
ကျောင်းကဘကြီးဘုန်းကြီးကို
ခဏယာယီ ကျောင်းထိုင်အနေဖြင့်
လက်လွဲယူစေပြီး ထိုကျောင်းတော်ကြီးကို စောင့်ရှောက်စေတယ်။

ဘကြီးဘုန်းကြီးက မြို့နယ်က
အကြောင်းကြားစာကိုရရခြင်း
ရွာကျောင်းက ကိစ္စအ၀၀ကို
အခန်းနေဦးဇင်းကြီးကိုလက်လွဲ၍
ရှားတောရွာကို ကြွဖို့ပြင်ဆင်တယ်။

ဘကြီးဘုန်းကြီးက ငယ်ထဲကလဲ
ကျုပ်ကိုချစ်တော့ ကပ္ပိယကြီးဦးရွှေမိုးနဲ့အတူ ကျုပ်ကိုပါလိုက်ခဲ့ဖို့
အခေါ်လွတ်လိုက်တယ်ဗျ။

ကျုပ်လဲ ” ပျော်သွားတယ်
နဂိုထဲက စပါးပြီးလို့ အလုပ်အားနေတာ ရွာမှာပျင်းနေတာနဲ့အတော်ပဲ
ဖြစ်သွားတယ်။

အဘတို့ အမေတို့ကလဲ ခွင့်ပြုတာနဲ့
ချက်ချင်းဆိုသလို အထုတ်ထုတ်ပြီး
လိုက်တာပေါ့

ရှားတောရွာကို ညနေပိုင်း ၅နာရီလောက်ရောက်သွားတယ်ဗျ
ကျောင်းဒကာကြီး ဦးသောင်းရင်တို့
အိမ်မှာပဲတည်းခိုဖြစ်တယ်

ကျောင်းရဲ့အခြေနေမသိသေးလို့
အိမ်မှာအရင် တည်းခိုတာဖြစ်တယ်
ကပ္ပိယကြီး‌ ဦးရွှေမိုးကလဲ သူ့တက်မြောက်ထားတဲ့ အင်းအိုင်လက်ဖွဲ့
ခါးလှည့် မန္တန်အတက်တို့ဖြင့်လဲ
ပြုလုပ်ဆောင်ရွက်ပါရစေလို့
တောင်းဆိုတယ်ဗျ။

ဘကြီးဘုန်ကြီးကလဲခွင့်ပြုတယ်
အဲ့ဒါကြောင့် ည၇နာရီလောက်
စားပြီး သောက်ပြီးတော့ ရှားတော့ရွာက ကိုအောင်ကြီးနဲ့အတူ ကျုပ်နဲ့
ကပ္ပိယကြီးနှစ်ယောက် ကျောင်းတော်ကြီးဆီသို့ အခြေနေအကဲခတ်
သွားရောက်ကြည့်ကျတယ်ဗျ။

ထိုအချိန်ကလဲ ဓားမြတိုက်မှု့တွေ
မကြာခဏ ရွာတိုင်းရွာတိုင်းဖြစ်တက်ကျတော့ ရပ်ရွာကရှိတဲ့ ကာလသားတွေကို သေနတ်ပစ်သင်ပေး၍တစ်ရွာကို သေနတ်
နှစ်လက်ပေးပြီး ရပ်ရွာလုံခြုံရေးအရ သက်ဆိုင်ရာကပေးထားတော့ ရွာထဲကို တာ၀န်ပေးခံရတဲ့ ကာလသားတွေက ညညဆိုကင်းလှည့်ရတယ်ဗျ

ကျုပ်တို့ရောက်သွားတော့ ကျောင်း၀က ကုက္ကိုလ်ပင်ကြီး
အောက်မှာ ကာလသားတွေ စုရုံးနေကျတယ် ကိုအောင်ကြီးလဲ
မေးကြည့်ဝောာ့ အစောပိုင်းက
လူမတွေ့ရပဲ ငြီးငြူသံကြီးကို
ကျယ်လောင်စွာကြားရလို့ သူတို့ လဲ
အကဲခတ်နေတာတဲ့ ။

ကပ္ပိယကြီး ဦးရွှေမိုးက အင်္ကျီအိတ်ကပ်ထဲက အင်းတချပ်ကို
ထုတ်ယူပြီး ခဏအကြာ မန္တန်တစ်ပုဒ်ကို တီးတိုးရွတ်တယ်ဗျ ” ရွတ်ဖတ်လို့ပြီးတာနဲ့ အဲ့ဒီ
အင်းချပ်ကို ကျောင်း၏
ဥပစာ မြေပေါ်သို့ ပစ်ချလိုက်တယ်ဗျ။

ဒုန်းးးးးးဆိုတဲ့အသံကြီးနဲ့အတူ
မြေကြီးကပါ တုန်ဟီးပြီး အလင်းတန်းကြီးတစ်ခု ဖြာထွက်သွားတယ် ကျုပ်တို့လဲ” မျက်လုံးပါကျိန်းထွက်သွားတယ်ဗျ။

ခဏအကြာတော့ အဲ့ကုက္ကိုလ်ပင်ကြီးကနေ ခေါင်းမပါတဲ့ ကိုယ်လုံးမဲမဲကြီးနဲ့သရဲကြီးက ခုန်ချလာတာကို
ကျုပ်တို့ အားလုံးတွေ့ကျရတယ်
သရဲကြီးက ” ၁၂တောင်ကျော်တယ်
ကိုယ်လုံးကြီးက ကောက်ရိုးပုံကြီးလောက်ကိုရှိတယ် အမွေးမျှင်တွေကလဲ ထူပြိန်းနေတယ် အ၀တ်မပါ
ဗလာကျင်းကြီးနဲ့ဗျ သေနတ်ကိုင်ထားတဲ့ ရှားတောရွာက ကာလသား
နှစ်ဦးက မကောင်းဆိုးဝါးကြီးအား
သေနတ်ဖြင့် ချိန်တွယ်၍ ပစ်ခတ်လိုက်တော့တယ်ဗျ။

အုန်းးးးးးဆိုတဲ့အသံကြီးတစ်ခုကျယ်လောင်စွာထွက်လာပြီး ကျဉ်ဆံမထွက်ပဲ ရိုင်ဖယ်သေနတ်ရဲ့မောင်းတံကြီး ကျွတ်ထွက်သွားတယ်‌ဗျို့။

သေနတ်သမားနှစ်ယောက်လဲ
အဲ့ကျမှ ဇော်ချွေးများပြန်ပြီး
ကျုပ်တို့ရှိတဲ့ နောက်ကိုခြေလှမ်း
သုံးလှမ်းလောက် ဆုတ်လာခဲ့တယ်။

ကပ္ပိယကြီးလဲ အခုညကတော့
ဘူမိနသံ အင်းတော်ကြီးနဲ့မကောင်းဆိုးဝါးအသေးစားလေးတွေပဲ နေမရအေင် ရှင်းလို့ရမယ်
နောက်ရက်‌တွေမှ အချိန်ယူ၍
မ‌ကောင်းဆိုးဝါး အကြီးစားကြီးတွေကိုပါ နှိမ်နင်းတော့မယ်ဟု ပြောပြီး
လူစုခွဲကာ ပြန်စေပါတယ်။

ကျုပ်လဲ အတူပြန်ရင်း ဘူမိနသံအင်းတော်ကြီးရဲ့ အကြောင်းကိုမေးလိုက်တော့ ဘူမိနသံအင်းတော်ကြီးက
ဘယ်လိုစွမ်းလဲ ကပ္ပိယကြီး?

အေး ” ဒီလိုကွ မောင်သိန်းရဲ့
ဒီအင်းတော်ကြီးက မြေစောင့်နတ်ကို
အာဏာသုံးပြီး ထိုမြေဆိုး မြေညံ့
မြေမသန့်တာတွေမှာ ရှိနေတက်တဲ့
မကောင်းဆိုးဝါးများကို နှင်ထုတ်စေတာပဲ ဖြစ်တယ် ”
ဒါပေမဲ့ ” ကမ္မဇဌိတန်းခိုးရှိနေသော
နှစ်ချို့မကောင်းဆိုးဝါးကြီးတွေကိုတော့ နှင်ထုတ်လို့မနိုင်ပြန်ဘူးကွဲ့။

‌အဲ့ဒါကြောင့်” ကျောင်းမြေရဲ့
နောက်ကြောင်းကို အသေးစိတ်
စုံစမ်းဖို့လိုတယ်ကွ ။
ဟုတ်” ကပ္ပိယကြီး

ကျုပ်နဲ့ကပ္ပိယကြီး ကျောင်းဒကာကြီးဦးသောင်းရင်တို့ အိမ်ကိုပြန်ရောက်လာခဲ့တယ်

ဘကြီးဘုန်းကြီးက အခြေနေကို
ကပ္ပိယကြီးကို မေးတယ်ဗျ။

ဘယ်လိုလဲ ကပ္ပိယကြီးအခြေနေက
ဘယ်လိုရှိလဲကွဲ့။

ဘကြီးဘုန်းကြီးက မေးတော့
ကပ္ပိယကြီးဦးရွှေမိုးက
သက်ပြင်းတစ်ချက်ချ၍ ခေါင်းခါပြတယ်ဗျ။

ပြီးမှ ” လက်အုပ်ကလေးချီကာ
ဆရာတော်ကြီးဘုရား နှစ်ချို့မကောင်းဆိုးဝါးကြီးတွေက
ထိုမြေပေါ်၌ တည်ရှိနေပါသော
‌ကြောင့် အလွယ်တကူတော့
ဖယ်ရှားလို့မရနိုင်ပါဘူး ဘုရား။

တပည့်တော်အနေနဲ့ ဒီမြေရဲ့
နောက်ခံဇစ်မြစ်ကို လက်လှမ်းမိနိုင်
သလောက်စုံစမ်းပြီးမှ အစီရင်များ
ပြုလုပ်၍ ဖယ်ရှားပေးပါမည်ဘုရားလို့ ပြန်လျောက်တယ်ဗျ။

ဆရာတော်ကြီးကလဲ “ဒကာကြီးသင့်တော်သလိုစီရင်ပါတဲ့
မိန့်ကြားတယ်ဗျ။

ထိုအခါ ” ဦးသောင်းရင်က ဒီအတွက်တော့ မပူပါနဲ့ ကပ္ပိယကြီး
ကျုပ်တို့ရွာက ဘိုးလေးစံမြှားက
အသက်၉၅နှစ်ရှိပြီ ဘိုးလေးက
ဒီကျောင်းမြေကို သူလက်လှမ်းမှီသလောက်ဝောာ့ ပြောပြပါလိမ့်မယ်။

နောက်နေ့ နေ့လည်
ထမင်းစားဖိတ်ကျွေးရင်းပြောပါလိမ့်မည်။

ဒီလိုနဲ့
ကျုပ်တို့လဲ ” ဘိုးလေးကို ကျောင်းမြေရဲ့အကြောင်းကို သိချင်၍မေးကြည့်ဝောာ့မှ။

ဘိုးလေးစံမြှားက “အခုလိုရှင်းပြတယ် ဒီကျောင်းမြေက အဘိုး၁၂နှစ်
အရွယ်တုန်းက လူသတ်ကုန်းကြီးကွဲ့
လူသတ် ဓားမြတိုက် လုယတ်သောင်းကျန်းသူများကို ဒီလူသတ်ကုန်းမှာအရှင်လတ်လတ်ခေါင်းဖြတ်သတ်ကျတယ် အဲ့ဒီလိုနဲ့
ကာလတစ်ခုရောက်တော့ သင်္ချိုင်း
မြေဖြစ်လာတယ် သင်္ချိုင်းမြေတောင်
ရိုးရိုးသင်္ချိုင်းမြေမဟုတ်ဘူးကွဲ့
အခြားသင်္ချိုင်းကြီးတွေက ပြောင်းရွေ့ကျတဲ့အခါ မကျွတ်လွတ်တဲ့
မကောင်းဆိုးဝါးကြီးတွေကို သက်ဆိုင်ရာ တာ၀န်ရှိသူများက
နေရာထိုင်ခင်း အစားပြန်ပေးတဲ့အခါ
အမိန့်စာထဲမှာ ဒီသင်္ချိုင်းမြေမှာ
နေဖို့ကို တစ်ခါထဲ အမိန့်ထုတ်ထားတော့ အရင်ထဲက အဲ့နားကအစား
သောက်များယူ၍ ဘယ်သူ့မှဖြတ်မသွားရဲကျဘူး သရဲခြောက်လိုက်တာမှ အရမ်းပဲ အစားသောက်တွေကိုပါ
လိုက်လုစားကျတယ်တဲ့။

နောက်တော့အချိန်တွေကြာလာတော့
သင်္ချိုင်းကိုလဲဖျက် အကွက်ရိုက်ပြီး
ရွာတည်ကျတော့ အဲ့မြေက သင်္ချိုင်းမြေ ခိုက်တယ်ဆိုပြီးဘယ်သူ့မှ ၀ယ်မနေကျဘူး

နေတဲ့လူတွေလဲ‌သေရင်သေ မသေရင် ပြောင်းပြေးကျတာကြီးပဲ
ဒါကြောင့်မို့ မြေပိုင်ရှင်ကဘုန်းကြီးကိုအပြီးလှုလိုက်တော့ အ‌စဉ်ဆက်
ကျောင်းမြေ သာသနာ့နယ်မြေအဖြစ်
အသိမှတ်ပြုလိုက်ကျတယ်

မကောင်းဆိုးဝါးကြီးတွေက ရှိနေတော့ အခုလိုတွေ ယနေ့အထိဖြစ်နေတာပါပဲ

ထိုအခါ ‘ ကပ္ပိယကြီးက ဘိုးစံမြှားကို
ကျေးဇူးတင်သွားတယ် “အခုလို
အကြောင်းစုံသိပြီ‌ဆိုတော့ အချိန်မဆွဲ ဒီညပဲ စ၍လှုပ်ရှားကျမယ်လို့
ကျုပ်ကို တစ်ခါထဲအသိပေး၍
ပြင်ဆင်ခိုင်းတယ်ဗျ။

ဘကြီးဘုန်းကြီးက ကျုပ်ကိုခေါ်ပြီး
သိမ်၀င်အပ်သုံး‌ချောင်းကို အပ်ချည်ဗူးလေးနဲ့အတူပေးပြီး အရေးကြီးလို့
အသက်အန္တရယ်နဲ့တွေ့မှသုံးဆိုပြီး
မှာကြားတယ်ဗျ

ဒီလိုနဲ့ကျုပ်ရယ် ‘ကပ္ပိယကြီးရယ်’
ကာလသားသုံးလေးယောက်ရယ်
ကျောင်းခြံ၀ကို သွားတယ်
လပြည့်ညကြီးဆိုတော့ လရောင်ကြောင့် အရာရာကိုရှင်းရှင်းလင်းလင်းတွေရတယ်ဗျ။

မကောင်းဆိုးဝါးကြီးတွေက ကျုပ်တို့
လာသည်ကို ကြိုသိနေတာလားဗျာ
ကုက္ကိုလ်ပင်ကြီးရဲ့ အကိုင်ခတ်တွေက သူ့အလိုလို ကိုင်းညွတ်လာတယ်ဗျ

ခဏကြာတော့ သရဲကြီးသုံးကောင်
သစ်ပင်ပေါ်က ဆင်းချလာတယ်ဗျ
အရပ်မောင်းက၁၂တောင်လောက်ရှိမယ် ခန္ဓာကိုယ်ကြီးက တစ်နွေစာ
စပါး‌သိုလောင်တဲ့ပုပ်ကြီးလောက်ကို
ရှိတယ်ဗျ နီနီရဲရဲမျက်လုံးကြီးတွေက
ထန်းသီးလုံးလောက်ကြီးတွေ
အစွယ်ဖွေးဖွေးကြီးက သုံးပေ
လောက်ကိုရှိမယ် ဘေးနဖက်ကို
ကားထွက်နေတယ် အ၀တ်ဗလာကျင်းကြီးတွေနဲ့ မဲမဲသဲသဲ
အမွေးများကကိုယ်လုံးကြီးကို ဖုံးအုပ်ထားတယ်ဗျို့။

ကပ္ပိယကြီးရဲ့ တစ်ထွာကျော်ကျော်အာဠာ၀က ဘီးလူးရုပ်လေးက
ကြာဖူးလေးတွေကို ထမ်းထားတယ်
ထိုအရုပ်လေးကို မြေကြီးပေါ်ချရ
မန္တန်တစ်ပုဒ်ရွတ်ကို ချက်ချင်းရွတ်ဆိုလိုက်တယ်

အမလေး ဘုရား” ကျုပ်ပါးစပ်က
ဘုရားတမိသွားတယ်ဗျ
နည်းတဲ့ဘီလူးကြီးလားဗျာ
အတောင်၂၀ကျော်မယ်ဗျ အရောင်
တစ်လတ်လတ်တောက်ပြောင်နေတဲ့
အ၀တ်တန်ဆာနဲ့ ကျုပ်တို့နဲ့တစ်ပေကျော်ကျော်လောက်မှာ မတ်တပ်ရပ်နေတယ်ဗျ။

သရဲကြီးသုံးကောင်လဲ ပြေးလာပြီးရန်ပြုဖို့အလာ အုန်းးးးအုန်းးးးးဆိုတဲ့အသံကြီးက အမြောက်ပစ်လိုက်သလားအောက်မေ့ရတယ်ဗျ
ဘီလူးကြီးက စီးရိုက်တာဗျို့

သရဲကြီးတွေလဲ ‌ဒေါသထွက်ကာ
သုံးကောင်လုံးက ဘီလူးကြီးကို
ဝိုင်းတိုက်ခိုက်ပါတော့တယ်

အပြန်အလှန်ထုရိုက်နေကျတာဗျာ
ဝုန်းဝုန်းးးဒိုင်းဒိုင်းနဲ့အသံကြီးတွေက
ကြားရသူအဖို့သွေးပျက်မတက်ပါပဲ။

ကျုပ်တို့ကြည့်နေစဉ်မှာ ဘီလူးကြီး
ပြန်ခံနေရတယ် ဟော့ ခဏကြာတော့
ဘီလူးကြီးက ပျောက်ကွယ်ပြီးအရုပ်ကလေးပြန်ဖြစ်သွားတယ်

သရဲကြီးတွေလဲ ကျုပ်တို့ရှိရာကို
ရန်ပြုဖို့ပြေးလာတယ်ဗျ
အဲ့တော့မှကျုပ်လဲ သတိရသွားတယ်
ဘကြီးဘုန်းပေးထားတဲ့သိမ်၀င်အပ်နဲ့အပ်ချည်ဗူးကို ဆွဲထုတ်လိုက်ပြီး
အပ်ချည်ကြိုးတွေနဲ့ ပစ်လိုက်တော့

ထူးဆန်းစွာ ” ကျုပ်ပစ်လိုက်တဲ့ကြိုးတွေက သရဲကြီးသုံးကောင်ကို ရစ်ပတ်သွားတယ် ကျုပ်လဲသတိကြီးစွာဖြင့် လက်ထဲမှာအသင့်ကိုင်ထားတဲ့ သိမ်၀င်အပ်တွေနဲ့ သရဲကြီးတွေကိုထိုးလိုက်‌တော့။

ဝူးးးးအီးးးးးအားးးးးဆိုတဲ့အော်သံကြီးတွေက ကျယ်လောင်စွာထွက်ပေါ်လာပြီး သရဲကြီးတွေလဲ
မီးတွေလောင်နေတယ်။

ခဏကြာတော့ တစ်ပေလောက်နီးပါးရှိတဲ့ဖားပြုတ်ကြီးသုံးကောင်ပဲ
ကျန်ရစ်ခဲ့တာကို ကျုပ်တို့အားလုံး
အံ့ဩစွာမြင်ရတော့တယ်

ထိုအခါကပ္ပိယကြီးက မောင်သိန်း
သရဲကြီးတွေက မူလအသွင်ဆောင်သွားတာလို့ ကျုပ်တို့ကို
ရှင်းပြတယ်။

နောက်နေ့ရောက်တော့ ၇ရက်တိုင်တိုင်အသံမစဲမဟာပဌာန်းပွဲကြီးကို
ပြုလုပ်ကျင်းပ ရေစက်ချအမျှဝေ
လိုက်ချိန်ကစပြီး ထိုကျောင်း၀န်း
ကြီးအထဲမှာ အရင်လို ခြောက်လှန့်နှိပ်စက်မှု့များ မရှိတော့‌ပါဘူးဗျာ။

စာဖတ်သူများအား ကျေးဇူးအထူး
တင်ရှိပါသည်။

×××××××××××××××××××

ကပ္ပိယလေးကြွက်ပုတ်