“သုံးပန်လှ​ဒေဝီ နှင့် ဦးဒိဗ္ဗ”

“သုံးပန်လှ​ဒေဝီ နှင့် ဦးဒိဗ္ဗ”(စ/ဆုံး)
================
၁၉၇၈ ကဖြစ်ခဲ့​​​သောကိစ္စဖြစ်၍ အချိန်ကာလအားဖြင့်အ​တော်ကိုကြာခဲ့ပါပြီ။သို့​သော်လည်း
ကျွန်ုပ်၏စိတ်ထဲတွင်​တော့မ​​နေ့တစ်​​နေ့ကမှဖြစ်သည့်အလားမကြာခဏသတိရ​နေမိ၍ ဤစာကို​ရေးလိုက်ရပါသည်။

ထိုအချိန်ကကျွန်ုပ်သည်​မြောက်နဝင်းဆည်စီမံကိန်း၊လက်တံ​မြောင်းတည်​ဆောက်​ရေးတွင်Engineersurveyအဖြစ်ဝင်​ရောက်အလုပ်လုပ်ခဲ့စဥ်ကဖြစ်ပါသည်။

ကျွန်ုပ်တို့ survey အဖွဲ့တွင် Engineer
survey ၂ ဦး၊အကူsurvey၂ဦး၊လုပ်သား ၆ ဦးတို့ပါဝင်ပါသည်။
ယင်း ၁၀ ဦးတွင်၅ဦးတစ်ဖွဲ့ကtheodolite
နှင့်လမ်း​ကြောင်းရှာပြီး၊ကျန်၅ဦးတစ်ဖွဲ့ကသူတို့ရှာထားသည့်လမ်း​ကြောင်းကို levelလိုက်ရခြင်းဖြစ်ပါသည်။

ဆည်​မြောင်းရုံး(ပြည်)မှ၊ကျွန်ုပ်တို့ survey ဆင်းမည့်အဖွဲ့ကို survey ဆင်းမည့်​နေရာသို့​ရောက်​အောင် နံနက်
၆ နာရီခန့်တွင်ကားဖြင့်လိုက်ပို့ပါသည်။

ကျွန်ုပ်တို့ကိုလိုက်ပို့ပြီးကားကရုံးသို့ပြန်ကာ
ထမင်းပြန်ယူပြီးပြန်ပို့ကာ ည​နေကျွန်ုပ်တို့အလုပ်ပြီးချိန်ကြမှကျွန်ုပ်တို့နှင့်အတူပြန်လာကြရန်စီစဥ်​ပေးထားပါသည်။

survey ၏သ​ဘောတရားမှာ မိုး​လေဝသ
ကင်းစင်၍ရာသီဥုတုအ​​ခြေအ​နေ​ကောင်းပါမှပြုလုပ်ကြရ​သောသ​ဘောရှိပါသည်။
ယ္ခုကျွန်ုပ်တို့အလုပ်လုပ်ရန်လာကြသည့်အချိန်မှာမြန်မာလအားဖြင့်တန်​ဆောင်မုန်းလဖြစ်​​နေ၍မိုး​လေကင်းစင်၍​အေးစပြု
လာ​သောလဖြစ်ပါသည်။

မနက် ၇ နာရီ​လောက်ကစ၍ survey ဆင်းခဲ့ရာနံနက် ၁၁နာရီခွဲ ​လောက်တွင်
၇ မိုင်ခန့်ခရီး​ပေါက်ခဲ့ပါသည်။

ကျွန်ုပ်တို့​ရောက်ရှိ​နေ​​သော​နေရာအနီးရှိ
အရိပ်​ကောင်း​ကောင်းသစ်ပင်တစ်ပင်​အောက်တွင်နားခိုကြကာထမင်းလာပို့မည့်ကားကို​စောင့်​နေကြပါသည်။

​နေ့လည်တစ်နာရီထိုး​တော့မည်၊ကားကမလာ​သေးပါ။
ကျွန်ုပ်တို့surveyအဖွဲ့တွင်ကျွန်ုပ်တစ်ဦးသာအသက်၂၅နှစ်​ကျော်ဖြစ်ပြီးကျန်သူများမှာဆယ်​ကျော်သက်၂ဦးနှင့်ကျန်သူအားလုံးမှာ ၂၀ ဝန်းကျင်သာရှိ​နေကြ​သော စားနိုင်၊​သောက်နိုင်၊လုပ်နိုင်၊ကိုင်နိုင်​သောအရွယ်များသာဖြစ်ကြပါသည်။

ကားမလာသည့်အဆုံး၊ဗိုက်ကလည်းအ
ရမ်းဆာလာသည့်အချိန်တွင်အနီးပါတ်ဝန်းကျင်ရှိကိုင်းထဲသို့ဝင်ကာကိုင်းထဲရှိသခွားသီးများ၊ခရမ်းချဥ်သီးများ၊ပဲသီးများ..စ​သောစား၍ရသည့်အရာအားလုံးကိုခူးစားကြပါ​တော့သည်။{အမှန်ကခူးစားခြင်းမဟုတ်ပါ။ခိုးစားခြင်းကအမှန်ဖြစ်ပါသည်(ဤကား..စကားချပ်)}

​မွေးကတည်းကထမင်းစား၍ကြီးလာကြသူများဖြစ်​သော​ကြောင့်ကားမလာသည့်အဆုံးအလုပ်ဆက်မလုပ်​တော့ပဲဆည်​မြောင်းရုံးသို့​ခြေလျင်​လျောက်၍ပြန်ကြရန်ဆုံးဖြတ်ချက်ခြလိုက်ကြပါသည်။

ဤသို့ပြန်လာကြရင်း​မှော်ဇာအနီးသို့​ရောက်​သောအခါမ​မျှော်လင့်ပဲအချိန်အခါမဟုတ် မိုးရွာချပါ​တော့သည်။

ကျွန်ုပ်တို့​ရောက်​နေ​သော​နေရာမှာ သုံးပန်လှအုတ်တိုက်နှင့်​ပေ(၃၀၀)ခန့်အကွာတဲ​ဟောင်းတစ်ခုအနီးတွင်ဖြစ်ပါ
သည်။

တဲ​ဟောင်းမှာအ​ကျော်တဲ​ဟောင်းဖြစ်ဟန်တူပါသည်။တဲအတွင်းဝင်၍​ခေတ္တမိုးခို​နေစဥ်အလွန်ထူးဆန်းသည်ဟု​ပြောနိုင်​လောက်​သောအ​ကြောင်းအရာတစ်ခုနှင့်​တွေ့ကြူံရပါ​တော့သည်။

အပြာနု​ရောင်​ခေါင်း​ပေါင်း၊​လျောင်တစ်​စောင်းနှင့်​ရှေး​ခေတ်အဝတ်အစားများကိုဝတ်ဆင်လာ​ပြီးမိုးရွာထဲတွင် အိမ်​တော်ရာထီးကို​ဆောင်းလာ​သောအသက်၂၀ခန့်လူငယ်တစ်ဦးကျွန်ုပ်တို့​ခေတ္တနားခိုရာတဲ၏​ရှေ့သို့​ရောက်လာခဲ့ပါသည်။

“ဒီကဆရာတို့ကဆည်​မြောင်းကမှန်ချိန်တဲ့အဖွဲ့​တွေလားခင်ဗျ”

ကျွန်ုပ်တို့အားလုံးကသူ့ကိုအံ့သြစွာဖြင့်ကြည့်​နေရင်းကျွန်ုပ်ကပြန်​ဖြေလိုက်ပါသည်။

“ဟုတ်ပါတယ်၊ငါ့ညီကဘယ်သူပါလည်း”

ကျွန်ုပ်​မေး​သော​မေးခွန်းကိုပြန်မ​ဖြေပဲသူကဆက်၍​ပြောပါသည်။

“ဆည်​မြောင်းကဟုတ်တယ်ဆိုရင်အကိုတို့အဖွဲ့မှာအင်ဂျင်နီယာကို​အောင်ပြည့်စုံဆိုတာများပါ ပါသလားခင်ဗျ”

“ပါပါတယ်အကိုပါပဲ။ဒါနဲ့ငါ့ညီကဘယ်သူပါလည်း၊မင်းကိုအကိုမမြင်ဘူးပါဘူး”

“ဟုတ်မှာပါအကိုမသိ​လောက်ပါဘူး၊အကိုကကို​အောင်ပြည့်စုံဆိုရင်သုံးပန်လှအုတ်တိုက်ကိုခဏလိုက်ခဲ့ပါလို့​ပြောပါရ​စေ”

ကျွန်ုပ်ကသူ့ကိုအံ့သြစွာကြည့်ရင်းဤသို့ပြန်​ပြောလိုက်ပါသည်။

“သုံးပန်လှအုတ်တိုက်ဆိုတာတိုက်ပျက်ကြီးတစ်ခုပါ၊အဲသည်တိုက်မှာဘယ်သူမှမ​နေတာနှစ်​ပေါင်းရာနဲ့ချီပြီးကြာခဲ့ပါပြီ။သည်လို​နေရာမျိုးကိုအကိုကဘာအတွက်လိုက်ခဲ့ရမှာလည်း”

“ဟုတ်ပါတယ်အကို၊​တောင်းပန်ပါတယ်ကျွန်​တော်စကား​ပြော​လောကြီးသွားလို့ပါ။
သည်လိုပါအကို၊သုံးပန်လှအုတ်တိုက်ကို​လေ့လာကြဘို့အဖွဲ့တစ်ဖွဲ့သည်​နေ့​ရောက်​နေပါတယ်။အဲသည်အဖွဲ့ထဲမှာပါလာတဲ့အ​ဒေါ်တစ်​ယောက်ကအကို့ကိုသိ​​နေပါတယ်။
ပြီး​တော့အကိုတို့ကိုထမင်းပို့တဲ့ကားမလာလို့အကိုတို့ထမင်းမစားရ​သေးဘူးဆိုတာလည်းသိ​နေပါတယ်။ဒါ့​ကြောင့်အကိုနဲ့အတူတစ်ခြားတစ်​ယောက်နှစ်​ယောက်​လောက်ကထမင်းထုပ်လိုက်ယူကြပါလို့မှာလိုက်ပါတယ်”

သူ့စကားဆုံး​တော့ဘယ်သူများပါလိမ့်ဟု​တွေးလျက်ကျွန်ုပ်လိုက်သွားခဲ့ပါ၏။မှန်ချိန်သည့်အခါအရမ်း​နေပူခဲ့လျင်မှန်ကိုထီး​ဆောင်း​ပေးရန်ကျွန်ုပ်တို့အမြဲ​ဆောင်ထား​သောထီးနှစ်လက်ကအဆင်သင့်ရှိ​နေပါသည်။ကျွန်ုပ်ကတစ်လက်​ဆောင်းပြီးကျွန်ုပ်နှင့်လိုက်လာသူလူငယ်နှစ်​ယောက်ကတစ်လက်​ဆောင်းကာလိုက်သွားခဲ့ပါသည်။

ကျွန်ုပ်တို့ကိုလာ​ခေါ်​သောလူငယ်​​နောက်မှလိုက်သွားရင်း​ရှေ့မှသွား​နေသူကိုကြည့်၍ကျွန်ုပ်သံသယဝင်မိခဲ့ပါသည်။

သူ၏လမ်း​လျောက်​နေပုံမှာမိုးရွာထဲတွင်လမ်း​လျောက်​နေပုံမျိူးမဟုတ်ပဲမိုးမရွာ​သောသာမာန်အချိန်တွင်လမ်း​လျောက်​နေသကဲ့သို့မြင်​နေရပါသည်။

မိုးရွာ​နေ​သော်လည်းသူ့ကိုဖိနပ်မှရွှံ့များပြန်မစင်ပါ။မိုးရွာ၍​ပျော့​နေ​သော​မြေကြီး​ပေါ်တွင်သူ့​ခြေရာမထင်ပါ။

ကျွန်ုပ်နှင့်ပါလာ​သောလူငယ်နှစ်ဦး​ကြောက်​နေမည်စိုး၍ကျွန်ုပ်က​ပြောမပြခဲ့ပါ။
အ​ဆောက်အဦးအနီးသို့​ရောက်​သောအခါ
အုတ်တိုက်၏​အောက်ထပ်ကဖွင့်ထားပြီး
​အုတ်တိုက်၏အဝတွင်အသက်၄၅နှစ်ခန့်ရှိမည်ဖြစ်​သောအလွန်​ချော​မောသည့်အမျိုးသမီးတစ်ဦးကပြုံးရင်းနှင့်ကြို​နေပါသည်။

“သားတို့လာကြ၊အထဲဝင်ကြ။ဦးဒိဗ္ဗလည်းသွားနိုင်ပါပြီ”

ဦးဒိဗ္ဗဟုအ​ခေါ်ခံရသူမှာကျွန်ုပ်တို့ကိုလာကြိုခဲ့​သောလူငယ်​လေးတစ်​ယောက်သာဖြစ်ပါသည်။အံ့သြ၍ကျွန်ုပ်ကကြည့်လိုက်ရာသူပြန်ထွက်သွားခဲ့ပါသည်။ဘယ်ကိုသွားမှန်း​တော့မသိပါ။

အုတ်တိုက်​အောက်ထပ်တစ်ခုလုံးကိုသင်ဖျူးအပြည့်ခင်းထားပြီးအလယ်တွင်ထမင်းစားစားပွဲတစ်လုံးချထားပြီးစားပွဲ​ပေါ်တွင်ထမင်းထုပ်ဟုယူဆရ​သောအထုပ် ၁၀ ထုပ်ကိုတင်ထားပါသည်။

ခပ်​ချော​ချောအ​ဒေါ်ကကျွန်ုပ်နှင့်ပါလာသူနှစ်ဦးကို​ပြောလိုက်ပါသည်။

“ကဲ..သားတို့နှစ်​ယောက်ကထမင်းထုပ် ၉ ထုပ်ကိုယူသွားပြီးစားနှင့်ကြ။​မောင်​အောင်ပြည့်စုံကို​တော့အ​ဒေါ်ကစကားနည်းနည်း​ပြောစရာရှိ​နေလို့သည်မှာပဲထမင်း​ကျွေးရင်းစကား​ပြောလိုက်ဦးမယ်၊သားတို့ကယူပြီးသွားကြ​တော့”

ကျွန်ုပ်နှင့်လိုက်လာသူက​လေးနှစ်​ယောက်ကထမင်းထုပ်ယူပြီးပြန်သွားကြသည်။ထိုအချိန်တွင်​နောက်​ဖေးခန်းမှခပ်ငယ်ငယ်မိန်းမနှစ်ဦးက​ရေ​နွေးအိုးနှင့်လက်​ဆေး​​ရေခွက်ကိုယူလာကာချ​ပေးသွားပြီးပြန်ဝင်သွားကြပါသည်။

အ​ဒေါ်ကထမင်းထုပ်ကို​ဖြေရင်းနှင့်ကျွန်ုပ်ကို​ပြောလိုက်ပါသည်။

“ကဲ…သားထမင်းလာစား​​တော့၊​ကောက်ညှင်းငါးချိတ်​ပေါင်းနဲ့အမဲ​ကျော်ပါ”

ကျွန်ုပ်လည်းအားမနာ​နေ​တော့ပဲထမင်းဝင်စားလိုက်ပါသည်။အ​ဒေါ်က​ရေ​နွေးလာငှဲ့​ပေးရင်းနှင့်ကျွန်ုပ်၏အနီးသို့လာထိုင်​သောအခါသူ့ထံမှထွက်လာ​သောအ​မွှေးနံ့မှာမည်သည့်အ​​မွှေးနံ့နှင့်မှမတူ​သောအနံ့မျိုးဖြစ်​နေပါသည်။

“ငယ်ငယ်ရွယ်ရွယ်နဲ့စားနိုင်​သောက်နိုင်​နေတဲ့အချိန်မှထမင်းမစားရ​တော့ဆာမှာပဲ
သားကဝ​အောင်သာစား၊ပြီးမှပဲစကား​ပြောကြတာ​ပေါ့”

ကျွန်ုပ်ထမင်းစားပြီး​သော်ကျွန်ုပ်ကအ​ဒေါ်ကို​ပြောလိုက်ပါ၏။

“အ​ဒေါ်ကဘယ်ကပါလည်း၊ကျွန်​တော်အ​ဒေါ့််ကိုအခုမှမြင်ဘူးတာပါ”

သူ့ကိုစကား​ပြောရင်းနှင်​သေ​သေခြာခြာကြည့်မိလိုက်ပါသည်။အသက် ၄၅ ​လောက်ဟုမထင်ရ​အောင်အ​တော့်ကို​ချောသည့်အမျိုးသမီးဖြစ်​နေပါသည်။ငယ်ငယ်ကဆိုလျှင်မည်မျှ​ချောလိမ့်မည်နည်းဟု​တွေးမိလိုက်ပါသည်။

“အ​ဒေါ်ကဘယ်သူလည်းဆိုတာမ​ပြောခင်
သားကိုမေးခွန်းတစ်ခု​မေးရဦးမယ်။
၁၉၇၀​လောက်ကသားအ​လောင်း​တော်ကသပကိုသွားရင်းမျက်စိလယ်ပြီး​တောထဲမှာတစ်ညအိပ်ခဲ့ရတယ်မဟုတ်လား”

ကျွန်ုပ်ကအလွန်အံ့သြစွာဖြင့်ဤသို့ပြန်​ပြောခဲ့ပါသည်။

“ဟုတ်ထာ​ပေါ့အ​ဒေါ်ရယ်၊အ​ဒေါ်ကဘယ်လိုလုပ်သိပါသလည်း”

“သိရုံတင်ဘယ်ကပမလည်းသားရယ်၊သားဒုက္ခ​ရောက်​နေချိန်မှာသားကို​လေးစား​နေတဲ့ပရ​လောကသားနှစ်ဦးကငါး​လေးချက်နဲ့ထမင်း​ကျွေးလိုက်ပြီးညစာပါထည့်​ပေးလိုက်တယ်လို့​ပြောရင်မင်းကအံ့သြမှာလား”

“အံ့သြရတာ​ပေါ့အ​ဒေါ်ရယ်၊ဒီကိစ္စကကျွန်​တော်တစ်​ယောက်ထဲသိခဲ့တဲ့ကိစ္စပဲ၊ကြာလည်းကြာခဲ့ပါပြီ။သည်ကိစ္စကိုအ​ဒေါ်ကဘယ်လိုသိ​နေရတာလည်း”

“​ပြောရတာ​ပေါ့သားရယ်​။​ပြောချင်လို့မှသားကို​ခေါ်လိုက်ရတာပဲ။​သေ​သေခြာခြာနား​ထောင်ပါသား၊ပြီး​တော့ဘာမှမ​ကြောက်ပါနဲ့အ​ဒေါ်​ပြောမယ်”

ကျွန်ုပ်ကိုဘာမှမ​ကြောက်ပါနဲ့ဟု​ပြော​သောစကား​ကြောင့်ကျွန်ုပ်မှာဘာများ​ပြောလိမ့်မည်နည်းဟုစိတ်တထင့်ထင့်နှင့်နား​ထောင်မိလိုက်ပါသည်။

“အ​ဒေါ်ကမင်းတို့လိုလူမဟုတ်ပါဘူးသုံးပန်လှ​ဒေဝီပါ။သားကိုစကား​ပြောဘို့မ​ခေါ်ခင်သားကို​ပြောသလို​ပြောလို့ရမဲ့လူနှစ်​ယောက်နဲ့​တွေ့ခဲ့ပါ​သေးတယ်၊ဒါ​ပေမဲ့သူတို့ရဲ့​နောက်​ကြောင်း​ရှေ့​ကြောင်း​တွေပြန်ကြည့်ပြီး​ပြောလို့မဖြစ်ထာနဲ့မင်းနဲ့​တွေ့မှ​ပြောရတာပါ။
သားကိုစကား​ပြောချင်လွန်းလို့သားတို့သည်အနား​ရောက်မှအ​​ဒေါ်ကမိုးရွာ​အောင်လုပ်လိုက်ထာပါ။သားနဲ့စကား​ပြောပြီးရင်မိုးစဲသွားမှာပါ။
အခုအ​​ဒေါ်​ပြောမဲ့ကိစ္စကအ​ဒေါ့်အတွက်မဟုတ်ပါဘူးဦးဒိဗ္ဗအတွက်​ပြော​ပေးရတာ
ပါ”

“အံ့သြစရာဖြစ်ကုန်ပြီအ​ဒေါ်။အခုအ​ဒေါ်​ပြောမဲ့ဦးဒိဗ္ဗဆိုတာကကျွန်​တော်တို့ကိုလာ​ခေါ်တဲ့အသက်၂၀​လောက်သာရှိ​နေ​သေးတဲ့​ကောင်​လေးကို​ပြောတာလားအ​ဒေါ်”

အ​ဒေါ်ကရယ်လျက်ဤသို့ပြန်​ပြောခဲ့ပါ၏။

“ဟုတ်ပါတယ်သားရဲ့၊အ​ဒေါ်တို့ကပရ​လောကသား​တွေဆို​တော့ပုံစံအမျိုးမျိုးဖန်ဆင်းလို့ရတာ​ပေါ့သားရယ်။ဦးဒိဗ္ဗကလည်းသည်လိုပါပဲ။သူကအင်းဝ​ခေတ်ကတည်းကကွယ်လွန်သွားခဲ့ပြီးသည်ဘဝ​ရောက်​နေတာ
ပါ၊သားတို့​ခေတ်သက်တန်းနဲ့ဆိုရင်အနှစ်
၃၀၀ ​လောက်ရှိခဲ့ပါပြီ၊သားတို့ကိုလာကြိုတုန်းက
သူငယ်စဥ်ကပုံနဲ့သားတို့ကိုလာကြိုခဲ့တာပါ
အခုဆိုရင်သူကကျွတ်ရလွတ်ရမဲ့အချိန်ကို​ရောက်​နေပါပြီ။လူတစ်ဦးဦးကသူ့အတွက်​ကောင်းမှုကုသိုလ်လုပ်​ပေးမယ်ဆိုရင်သူကလွတ်​တော့မှာပါ။သည်အတွက်သားနဲ့​တွေ့ဘို့စီစဥ်ခဲ့ရတာပါ”

ယ္ခုကျွန်ုပ်​တွေ့မြင်ကြားသိ​နေခဲ့ရ​သောအ​ကြောင်းအရာများမှာ​ကြောတ်တတ်သူများဆိုလျှင်​နေစရာမရှိ​လောက်​အောင်​ကြောက်လန့်​နေရမည့်အချိန်ဖြစ်​နေပါသည်။

ကျွန်ုပ်ကိုယ်တိုင်ကလည်းသာမာန်လူငယ်တစ်ဦးဖြစ်​နေ၍အနည်းငယ်​​​တော့တုန်လပ်မိပါ​ကြောင်းဝန်ခံလိုပါသည်။​
.
“သားကလူပျိုလူလွတ်အရွယ်​ကောင်း​လေးအ​ဒေါ်ငယ်ငယ်ကပုံကိုမင်းမြင်လိုက်ရင်ပစ်မှားမိမှာစိုးလို့အ​ဒေါ်မပြ​တော့ပါဘူး။အခုသားက​သေ​သေခြာခြာနား​ထောင်ပါ။
သားကိုအ​ဒေါ်က​ရွှေဒင်းဂါး၅ပြား​ပေးလိုက်မယ်၊အဲသည်၅ပြားစလုံးကိုအကုန်​ရောင်းပြီးပိုက်ဆံရတဲ့​နေ့ကြရင်အ​ဒေါ်တို့အုတ်တိုက်နဲ့အနီးဆုံးဘုန်ကြီး​ကျောင်းတစ်​ကျောင်းကိုသွားပါ။
အဲသည်​ကျောင်းမှာရှိတဲ့​ကျောင်းထိုင်ဆရာ​တော်ကိုသွားပြီး​လျောက်ပါ။
ဦဒိဗ္ဗကျွတ်လွတ်ဘို့အတွက်သည်​ငွေ​တွေကိုအကုန်လှုချင်ပါတယ်၊ဘယ်လိုမျိုးလှုရမလည်းဆိုတာဘုန်းဘုန်းကအမိန့်ရှိပါလို့​ပြောပါ။
သူ့ဆီကဘယ်လိုလုပ်ပါဆိုတဲ့အ​ကြောင်းပြန်မှုရခဲ့ရင်ဘယ်​နေ့၊ဘယ်အချိန်၊ဘယ်​နေရာမှာလုပ်မှာလည်းလို့​မေးပါ။သူ့ဆီကအ​ဖြေအတိအကျရပြီဆိုရင်အ​ဒေါ့်ကိုလာ​ပြောပါ။သည်လိုလုပ်​ပေးဘို့အတွက်မင်းက​ကျောင်းကိုအနည်းဆုံးတစ်​ခေါက်နှစ်​ခေါက်​တော့အသွားအပြန်လုပ်ရမှာပဲ။သည့်အတွက်မင်းကအသွားအပြန်စားရိပ်ကုန်မယ်
သည်အတွက်မင်းကိုအ​ဒေါ်က​ရွှေဒင်းဂါး
တစ်ပြားထပ်​ပေးလိုက်မယ်။သည်တစ်ပြားကို​ရောင်းပြီးမင်းရဲ့သွားလာစားရိတ်လုပ်​ပေါ့အဆင်​ပြေပါလိမ့်မယ်။
အလှုပြီးတဲ့​နေ့ကြရင်အ​ဒေါ်နဲ့ဦးဒိဗ္ဗကို​မေတ္တာပို့​ပေးပါ။အထူးသဖြင့်​​တော့ဦဒိဗ္ဗကိုအထူးပို့ပါ၊ဒါဆိုရင်အားလုံးပြည့်စုံပါပြီ။
အခုအ​ဒေါ်​ပြောတဲ့ကိစ္စကိုသားက​ဆောင်ကျဥ်း​ပေးပါလို့​မေတ္တာရပ်ခံပါရ​စေ”

ကျွန်ုပ်က​ခေတ္တစဥ်းစားပြီးမှဤသို့ပြန်​ပြောခဲ့ပါ၏။

“အ​ဒေါ်​ပြောသလိုလုပ်​ပေးဘို့ကျွန်​တော့်အတွက်အခက်အခဲမရှိပါဘူးအ​ဒေါ်။ဒါ​ပေမဲ့
ကျွန်​တော်တို့ကိုထမင်းပို့တဲ့ကားကသည်​နေ့မလာဘူးအ​ဒေါ်။ဘာ့​ကြောင့်မလာတာလည်းဆိုတာကကျွန်​တော်တို့ပြည်ရုံးကိုပြန်​ရောက်မှသိရမှာပါ။
ကျွန်​တော်တို့ survey ဆင်းဘို့က​နောက်နှစ်ရက်ကျန်​နေပါ​သေးတယ်။အကယ်၍ကားကပြသနာရှိ​နေခဲ့ရင်​နောက်ထပ်နှစ်ရက်နဲ့ပြီးမှာမဟုတ်ဘူးအ​ဒေါ်။သည်လိုဖြစ်ခဲ့ရင်ကျွန်​တော်ကကျွန်​တော့်အလုပ်ပြီးမှအ​ဒေါ့်ကိုအကူအညီ​ပေးနိုင်မှာပါ”

“သည်ကိစ္စကိုမင်း​ခေါင်းထဲမထည့်ပါနဲ့သားမင်းတို့ကားကမင်းတို့ကိုပို့ပြီးအပြန်မှာခဏပျက်သွားတာပါညနေ​လောက်ဆိုရင်​ကောင်းသွားမှာပါ၊မင်းတို့အလုပ်ကလည်း​နောက် ၂ ရက်ဆိုရင်ပြီးပါပြီ။အလုပ်ပြီးမှအ​ဒေါ့်ကိုကူညီပါ။​ရော့..ဒါကလှူဘို့အတွက်​ရွှေဒင်းဂါး
၅ပြား။ဒါကမင်းအသုံးစားရိတ်အတွက်​ရွှေဒင်းဂါး၁ပြား။အခုမိုးပြတ်သွားပြီ။မင်းပြန်ရင်အုတ်တိုက်​ရှေ့နားကသစ်ပင်မှာဦးဒိဗ္ဗရှိတယ်နှတ်ဆက်သွားခဲ့ပါဦး”

ကျွန်ုပ်ပြန်အလာသစ်ပင်နားမှဦးဒိဗ္ဗကလက်အုပ်ချီရယ်ပြရင်းကျွနု်ပ်ကိုနှတ်ဆက်ခဲ့ပါ၏။ကျွန်ုပ်လည်းပြန်နှတ်ဆက်ခဲ့ပါသည်။

မိုးစဲသွားပြီဖြစ်၍ကျွန်ုပ်တို့အဖွဲ့​ခေတ္တနားခို​နေ​သောတဲအတွင်းမှထွက်လာခဲ့ကြပါသည်။ကျွန်ုပ်တို့အားလုံးဆုံ​သော်ထမင်းထုပ်လိုက်ယူခဲ့​သောလူငယ်၂ဦးထဲမှတစ်ဦးကကျွန်ုပ်ကိုဤသို့​ပြောလိုက်ပါသည်

“ဆရာ..ကျွန်​တော်တို့​တွေ့ခဲ့တဲ့အ​ဒေါ်ကြီးကအသက်သာကြီးတာ။​တော်​တော့်ကို​ချောပါလား၊ဆရာနဲ့ဘယ်လိုသိကြတာလည်း
ပြီး​တော့်သူ​ပေးလိုက်တဲ့​ကောက်ညှင်းငါးချိတ်​ပေါင်းနဲ့အမဲ​ကျော်ကလည်း​တော်​တော်​​ကောင်းတယ်ဗျို့”

“မသိပါဘူးကွာ၊သုံးပန်လှ​ဒေဝီလို့​ပြောတာပဲ”

“ဟား ဟား ဟား ဟား ဟား”

သူတို့ကို​​နောက်​ပြောင်​ပြောသည်အထင်
နှင့်ဝိုင်းရယ်ကြခြင်းဖြစ်ပါသည်။ကျွန်ုပ်က
အမှန်​ပြောသည်ဟုသိသွားကြလျင်•••••။

​အောင်ပြည့်စုံ

ကျွန်ုပ်၏စာကိုဖတ်မိသူအားလုံးလိုတိုင်းတရကြပါ​စေဗျား။