” သေချင်တဲ့ကျား တောပြောင်း “(စ/ဆုံး)

Unicode Version

” သေချင်တဲ့ကျား တောပြောင်း “(စ/ဆုံး)
———————————————

ကျားနှင့် ဆက်နွယ်ပတ်သက်သော စကားပုံများကို ကျွန်တော်စဉ်းစားလိုက်မိသည်။ သတိရသလောက် ပြောရမည်ဆိုလျှင် –

‘ကျားကိုက်ပါတယ်ဆို နာတာရှည်လားမေး’

‘ကျားကြီး ခြေရာကြီး’

‘ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျား ထက်ဆိုး’

‘ကျားချင်းကိုက်ရာ သမင်ကူမှားသည်’

‘ကျားချင်းကိုက်ရာ သမင်လမ်းကူးမှား’

‘ကျားရဲရာ ကြမ္မာမရိုးသာ’

‘ကျားရဲလည်းသေ တောလည်းကျေ’

‘ကျားရှေ့မှောက်လျက်လဲ’

‘ကျားလိုက်မှ တုတ်ခုတ်’

‘ကျားလည်းကြောက်ရ ကျားချေး လည်းကြောက်ရ’

‘ကျားသနားမှ နွားချမ်းသာ’

‘ကျားသေကို အသက်သွင်းလို့ စင်းစင်းသေရ’

‘ကျားသေမှ လူစွမ်းကောင်းပေါ် ‘ စသည့် ကျားနှင့်ပတ်သက်သော စကားပုံတော်တော်များများကို ကျွန်တော် သတိရနေမိသည်။

ရှေးယခင်လူကြီးသူမများတို့သည် ယခုလို စကားပုံ မြောက်များစွာကို ထည့်သွင်းပြောဆိုခဲ့ကြခြင်း၏ ရည်ရွယ်ချက်မှာ စကားကို ရှည်ရှည်မပြောဘဲ သင့်လျော်မည့်စကားပုံတစ်ခုခုကို ထည့်သွင်းပြောလိုက်ခြင်းအားဖြင့် လိုရင်းတိုရှင်းဖြင့် သိရှိနားလည်သဘောပေါက်စေရန်အတွက် ထည့်သွင်းသုံးစွဲကြခြင်းဖြစ်ပေသည်။

သို့အတွက် ကျွန်တော်လည်း အထက်ပါ ‘သေချင်တဲ့ကျား တောပြောင်း’ ဆိုသည့် စကားပုံကို ဝတ္ထုခေါင်းစဉ်အဖြစ် သုံးစွဲလိုက်ခြင်းဖြစ်သည်ဆိုလျှင် လွန်အံ့မထင်။

xxx xxx xxx

အမှန်တော့ သေဘေးနှင့်ကြုံရမည့်ကျားသည် နေရင်းတောကို စွန့်ခွာ၍ အန္တရာယ်ရှိသောတောကို ပြောင်းသွားမိသကဲ့သို့ ဆိုရပေမည်။ ယခုဖော်ပြမည့် အဖြစ်က သည်လိုမျိုးဆိုလျှင် …။

ကျွန်တော့်လို သေနတ်ကိုင်ပစ်ခတ်နေသည့် မုဆိုး တစ်ယောက်၏ ပစ်ချက်သည် လှုပ်ရှားနေသည့် ပစ်မှတ်ကိုလည်း မလွဲခဲ့သလို ယခုကဲ့သို့ ငြိမ်သက်နေသည့် ပစ်မှတ်ဆိုလျှင် မည်ကဲ့သို့မျှ မလွှဲမှန်းကို သိထားသဖြင့် ကိုယ့်ပစ်ချက်ကိုကိုယ် ယုံကြည်စိတ်ချထားသော်လည်း ယခုတွေ့မြင်နေရသည့် (ပစ်မှတ်)ထားရာသားကောင်ကြီးမူ ပစ်ခလုတ်ကို ဆွဲဖြုတ်ဖို့က အလွန်အမင်း တာဝန်ကြီးနေသည်။ ဝန်လေး၍ လည်းနေမိသည်။

လျှိုကြီးအထက်ပိုင်း ကမ်းပါးယံထက်ဆီမှ ကျွန်တော်တို့နှစ်ဦးအနက် ‘အာလူး’ကပင် ကျွန်တော့်ကို စိတ်မရှည်နိုင်တော့သဖြင့် တံတောင်နှင့်တို့ထိပစ်ခတ်ဖို့ သတိပေးနေသည်မှာ သုံးကြိမ်တိုင်နေခဲ့ပေပြီ။ သို့တိုင်အောင်လည်း ကျွန်တော့်စိတ်တွင်းက သားကောင်ကြီးကို ပစ်ခတ်လိုက်ခဲ့လျှင် မှားများ မှားသွားလေရော့မလား။ ရက်စက်လွန်းရာများ ကျနေမည် ရယ်လားနှင့် ချီတုံချတုံနှင့် စိတ်ကို ဒုံးဒုံးကျဆုံးဖြတ်လို့က မရသေး။ တော်နေသေးသည်က ကျွန်တော်တို့နှစ်ဦးပေါင်းမှ သေနတ်တစ်လက်တည်း ယူလာခဲ့မိခြင်းပင်။ ထိုသေနတ်ကလည်း ကျွန်တော့်လက်တွင်းပင်။

သူကိုင်ဆောင်ထားသည့် သေနတ်က နံပါတ်(၁) တရုတ်ပြည်လုပ် ဘေးဆွဲ လေသေနတ်ကလေးပင်။ အမှန်ကလည်း သူနှင့်ကျွန်တော် နှစ်ဦးတည်း ခွဲထွက်လာကြသည်မှာ သားကောင်ကြီးများကို ပစ်ခတ်ဖို့ ထွက်လာခဲ့ကြခြင်းမျိုး မဟုတ်။ စားပင်တွင် စောင့်ကာ အသီးများတို့ကို လာရောက်စားသောက်ကြမည့် ရစ်၊ တောကြက်၊ အောက်ချင်း၊ အောင်လောင်း၊ ငှက်ငနွား၊ ငူစိမ်း၊ ငူကုလားနှင့် မျောက်၊ ကျေးငှက် သာရကာများတို့ကို ပစ်ခတ်ကြရင်း လိုရမယ်ရ သက်စောင့်အဖြစ် ယူဆောင်လာခဲ့သော နှစ်လုံးပြူးသေနတ်ကို ကျွန်တော်က ကိုင်ကာ အဖော်အဖြစ် လိုက်လာခဲ့သည့်ခရီး။ စားပင်ရှိရာဆီသို့ပင် မရောက်ကြသေး။

အလာခရီးတွင် လျှိုကြီးအောက်ဆီမှ မသင်္ကာဖွယ် သားကောင်ငယ်ကလေးတို့၏ အော်လိုက်သံများ ကြားလိုက်ကြရသဖြင့် နှစ်ဦးသား ကမ်းပါးယံထက်သို့ ဖက်တွယ်တက်လိုက်ပြီး လျှိုကြီးအောက်ပိုင်းဆီသို့ ငုံ့ကြည့်လိုက်ကြရင်းမှ ထင်မှတ်မထားဘဲ သားကောင်ကြီးနှင့် သားငယ်သုံးကောင်တို့ကို တွေ့မြင်လိုက်ရခြင်းပင်။

ကျွန်တော်သည်ပင် ကမ်းပါးယံအထက်မှ မမျှော် လင့်ဘဲ ရုတ်တရက် တွေ့မြင်လိုက်ရသော သားကောင်ကြီးကို သေနတ်နှင့် ပစ်ခတ်ရန် ချိန်ရွယ်ပြီး မောင်းတင်လိုက်သော်လည်း ပစ်ခလုတ်ကို ဆွဲဖြုတ်ဖို့ ဝန်လေးနေရသည့် အကြောင်းရင်းက ဝါသနာအရ တောတောင်ကြီးများတို့အတွင်း သားကောင်များကို လိုက်လံပစ်ခတ်သတ်ဖြတ်နေသူဆိုပေမဲ့ ယခုလိုအချိန်မျိုးကျကာမှ မေတ္တာ၊ သနားကရုဏာ၊ ကိုယ်ချင်းစာနာနေမှုနှင့် မုဒိတာပွားနေသည့်အပေါ် မယုံကြည်နိုင်လောက်အောင် တအံ့တဩဖြစ်နေသည့်အကြည့်မျိုးနှင့် စူးစူးစိုက်စိုက် ကြည့်နေရင်း သက်ပြင်းမောကလေးများတို့ကို ရှိုက်ထုတ်လိုက်ကာ ပက်လက်လှန်ကျောခင်းရင်း မိုးကောင်းကင်ဆီသို့ အဓိပ္ပာယ်မဲ့ လှမ်းကြည့်နေသည်။

ကျွန်တော့်လက်တွင်းရှိနေသော သေနတ်ကိုသာ သူကိုင်ဆောင်ထားပါက မလွဲဧကန် ပစ်မည်ကအမှန်။

အာလူးဖြစ်နေသည့် အပြုအမူကိုကြည့်ရင်း ကျွန်တော့်ကိုယ်ကျွန်တော် ပြန်စဉ်းစားနေမိပြန်သည်။ ကျွန်တော်သည် ဝါသနာအရ တောတောင်များအတွင်း လိုက်လံပြီး သားကောင်များကို ပစ်ခတ်သတ်ဖြတ်နေသူတစ်ယောက်ဆိုပေမဲ့ ယခု မျက်စိအောက်တွင် တွေ့မြင်နေရသော သားကောင်ကြီးကို ပစ်ခတ်ရန် မဝံ့မရဲ ဖြစ်နေရသည့်ကိစ္စက ကျွန်တော်မလွန်ပါ။

မြင်ကွင်းကိုလည်း ကြည့်ဦးလေ …။

လျှိုကြီးအောက်ပိုင်းအတွင်းမှ ထူးထူးခြားခြား သား ကောင်ငယ်ကလေးများတို့ အော်ဟစ်လိုက်ကြသည့်အသံများကို ကြားလိုက်ရသည်မို့ ချောက်ကမ်းပါးယံထက်ဆီသို့ နှစ်ဦးသား ချုံနွယ်များအကြားမှ ဝမ်းလျားမှောက် တိုးတက်သွားကြရင်း အသံကြားလိုက်ရာ လျှိုကြီးအောက်ပိုင်းဆီသို့ လှမ်းကြည့်လိုက်တော့ ‘ဂူကြီးအတွင်းပိုင်းဆီမှ ယိုင်နွဲ့စွာနှင့် ချုံပင်ငယ်များအကြားမှ တိုးထွက်လာကြသော တောကြောင်ပေါက်ကလေးများလို အကောင်သုံးကောင်က တိုးထွက်လာသည်ကို တွေ့မြင်လိုက်ကြရသလိုသူတို့နှင့် မျက်နှာချင်းဆိုင်ဘက်ဆီမှ အနက်ကွက် အစက်အပြောက်များတို့အတိနှင့် ကျားသစ်ကြီး တစ်ကောင်က ဂျီ(ချေ)ပေါက်အသေကောင်ကို လယ်ကုပ်မှ ကိုက်ဆွဲလျက် အန္တရာယ်ရှိနေသည်ကို မသိသည့်ပမာ သားသမီးများတို့ ပြေးထွက်လာရာဆီသို့ ကိုက်ဆွဲလာနေသည်။

ဂူကြီးအတွင်းဆီမှ မိခင်ကြီး ပြန်အလာကို စောင့်စားမျှော်လင့်နေကြသည့် သားပေါက်ကလေးသုံးကောင်က မိခင်ကြီး၏ အနံ့အသက်များကို ရသွားကြဟန်ထင့်။ သူတို့မိခင်ကြီး လာနေပြီဟူသောအသိနှင့်-အားရရွှင်မြူးစွာ အလုအယက် ယိုင်ယိုင်နွဲ့နွဲ့ ပြေးထွက်လာကြပြီး အနီးသို့ ရောက်လာသည့် မိခင်ကြီး ဝမ်းဗိုက်အောက်မှ တွဲရရွဲကျနေသည့် နို့အုံမှ နို့ချိုတို့ကို တစ်ကောင်နှင့်တစ်ကောင် အလုအယက် ပတပ်ရပ်လိုက်ကြရင်း သောက်စို့ကြမည့်အသွင်မျိုးနှင့် ငုံခဲလိုက်ကြသည်။

မိခင် ကျားသစ်မကြီးမှာ ရပ်တန့်၍ အတန်ငယ် ငြိမ်သက်နေလိုက်ပြီး ပါးစပ်တွင်း ကိုက်ခဲဆွဲယူလာသော ဂျီအသေကောင်ကို မြေပြင်သို့ လွှတ်ချလိုက်ကာ သူ၏ကိုယ်ထည် ခါးကျောရှည်ရှည်ကြီးကို အထက်ဆီသို့ ရှုံ့လျက် ခါးရိုးကို မြှောက်တင်လိုက်ရင်း တစ်ချက်ဟိန်းလိုက်ရာ သားငယ်များတို့မှာ နောက်ကိုလန်၍တစ်မျိုး၊ မြေပြင်သို့ ဘေးတိုက်ပစ်ကျသွားကြသည်တို့က တစ်သွယ်နှင့် ဖြစ်သွားကြသည်ကို တွေ့မြင်လိုက်ကြရပေသည်။

ကျားသစ်မကြီး၏ ဟိန်းလိုက်သံကြောင့် ဝန်းကျင် တစ်ဝိုက် သိမ့်သိမ့်တုန်ခါသွားသလို အဆက်မပြတ် အော် မြည်နေကြသည့် ပုဇဉ်းရင်ကွဲအော်သံများတို့ပင် တိခနဲ ရပ်တန့်သွားကြကာ လျှိုကြီးဝန်းကျင်တစ်ဝိုက် ကြက်ခြမ်းပင်များတို့ထံမှ ကြက်ခြမ်းသီးမှည့်များကို ထိုးဆိတ်စားသောက်နေကြသည့် တောကြက်တစ်အုပ်သည်ပင် ကတောက်သံညံအောင် ပေးရင်း အဝေးဆီသို့ ပျံပြေးထွက်သွားကြသည်ကိုလည်း တွေ့ မြင်လိုက်ရပေသည်။

သားကောင်ကြီးမှာ ခါးကျောကို ရှုံ့၍ အပေါ်သို့ မြှောက်တင်ထားရာမှ မြေပြင်ပေါ်တွင် လဲကျနေသည့် သူ၏ ကလေးများကို လျှာနှင့်တစ်ကောင်ချင်း လျက်ပေးနေရင်း ချော့မြူနေသည့်အသွင် အတန်ကြာကြာလျက်ပေးရင်း တစ်နေရာဆီသို့ နှာခေါင်းနှင့် တွန်းထိုးဖယ်ရှားကာ အောက်ဘက်တွင်ရှိနေသည့် ဖက်ရွက်အခြောက်တို့ပေါ်သို့ သူ၏ နို့အုံမှ ဖြူဖွေးသော နို့ရည်များ ပန်းထွက်လာကာ နို့များ ချပေးနေသည်ကို တွေ့မြင်လိုက်ရပြန်သည်။

ကျားသစ်မကြီး၏ နို့အုံဆီမှ ထွက်လာသော နို့ရည် ဖြူဖြူတို့သည် အောက်ခံဖက်ရွက်များတို့ဆီသို့အရောက် ကျွန်တော်တို့ ကြည့်နေကြရာ မကြာမီအချိန်ကလေးအတွင်းမှာ ပြင်ပလေနှင့် ထိတွေ့ကာ ချက်ချင်း အရောင်ပြောင်းသွားပြီး ညိုတိုတိုအရောင်ဘက်သို့ လုသွားသည်ကို တွေ့လိုက်ရပေသည်။

ထိုအချိန်တွင် အကောင်ငယ်သုံးကောင်အား မိခင် ကျားသစ်မကြီးက ရုန်းကန်တိုးထွက်လာကာ သစ်ရွက်ခြောက်များတို့ပေါ်ရှိ နို့ရည်များကို သူ့ထက်ငါလု၍ လျှာဖြင့်လျက်ကာ စားသောက်နေကြပေသည်။

ကျားသစ်မကြီးမှာ သားငယ်တို့နှင့် အတန်ငယ် လှမ်း သွားသဖြင့် ဆောင့်ကြောင့်ထိုင်နေရာမှ ကြုံးထလိုက်ပြီး သူကိုက်သတ်ထားသည့် ချေ(ဂျီ)သေကောင်အနီးသို လျှောက်လှမ်းသွားကာ ဝမ်းဗိုက်သားတို့ကို ဖောက်လျက် စားသောက်နေပေတော့သည်။

ထိုအချိန်တွင် အကောင်ပေါက်ကလေးများသည် သစ်ရွက်ခြောက်များပေါ်ရှိ နို့ရည်တို့ ကုန်သွားပြီဖြစ်သဖြင့် မိခင်ကြီး စားသောက်နေသည့် နေရာဆီသို့ တိုးကပ်သွားကာ လေးဘက်ထောက်ပြီး မြေပြင်တွင် ဖင်ထိုင်ချလိုက်ကြရင်း စူးစူးရဲရဲ ကြည့်နေလိုက်ကြသည်။

အတန်ကြာတော့ ထိုအရာသည် စား၍ကောင်းသောအရာ ဖြစ်သည်ကို သိရှိလက်ခံလိုက်ကြသောကြောင့်လားတော့ဖြင့် မသိ။ ရှေ့သို့တိုးလျှက် နမ်းကြည့်သည်။ လျှာဖြင့် လျက်ကြည့်သည်။ ထိုကဲ့သို့ လေးငါး ကြိမ် စမ်းသပ်ပြီး မိခင်ကြီးနည်းတူ အားကျမခံ အလုအယက် ဝမ်းတွင်းသားတို့ကို စားနေကြပေတော့သည်။

မိခင်ကျားသစ်မကြီးသည် ထိုကဲ့သို့ သူ၏ သားငယ် များ တစ်ပျော်တစ်ပါး ဝိုင်းဝန်းစားသောက်နေကြသည်ကို အားရဝမ်းသာသည့် အသွင်မျိုးနှင့် နောက်နားဆီသို့ အနည်းငယ်ဆုတ်ခွာလိုက်ရင်း မြေပြင်ထက်ဆီတွင် ဖင်ထိုင်ချလိုက်ကာ ကျေနပ်အားရ ပီတိဖြာနေပုံမျိုးနှင့် မိမိသင်တန်းပို့ချလိုက်သည့် သင်ခန်းစာ(၁)၊ လေ့ကျင့်ခန်း(၁)၊ စာမျက်နှာ(၁) ကို မိမိ၏ရင်သွေးများ တတ်မြောက်သွားကြပြီဟူသော ပီတိ အသွင်မျိုးဖြင့် သူ၏အမြီးကို မြေပြင်တွင် တဘုတ်ဘုတ်ရိုက်ခတ်ကာ ဂုဏ်ယူဝံ့ကြွားနေသည့်အသွင်မျိုး။

ထိုကဲ့သို့ သူ၏ သားသမီးများ၊ သားကောင်၏ အသားတို့ကို စတင်၍ စားရကောင်းမှန်း သိရှိသွားကြပြီကို ပီတိစိတ်အပြည့်နှင့် စူးစိုက်ကြည့်နေစဉ် ရုတ်ချည်း ခေါင်းထောင်ကာ သူ၏နားရွက်တိုဝိုင်းဝိုင်းလေးနှစ်ခုက ဝန်းကျင်ဘေးဘယ်ညာများတို့ဆီသို့ ကွေ့ဝိုက်ပြီး တစ်ခုခု ထူးခြားသည့်အသံကို ကြားလိုက်ရသဖြင့် စူးစမ်းနေသည့်ပုံ။

ထိုမြင်ကွင်းများတို့ကြောင့် ကမ်းပါးယံအထက်ရှိ ကျွန်တော်က ပစ်ခတ်ဖို့ ဆက်မကြိုးစားတော့ဘဲ သေနတ်ကိုရုပ်ကာ အာလူးကဲ့သို့ပင် မြေပြင်တွင် ကျောခင်းလိုက်ရင်း အကြည့်များကို ကောင်းကင်ပြာကြီးဆီသို့ ပို့လိုက်သလို သက်ပြင်းမောများကို လည်း ထုတ်လိုက်မိပေသည်။

ဝါးရုံကြီးများထက်ဆီမှ ဝါးရွက်များနှင့် မြရာကိုင်း တို့က လေအတိုးတွင် လှုပ်ရမ်းနေကြသည်။ အာလူးကား သားကောင်ကြီးကို ကျွန်တော်မပစ်ဘူးဆိုသည့် ဆုံးဖြတ်ချက်ကို သိသွားပြီမို့ ထပ်မံ စောဒကတက်မနေတော့ဘဲ ကောင်းကင်ကိုသာ စူးစိုက်ကြည့်နေသည်။ ကျွန်တော့်ကို သူ မကျေနပ်ဘူးဆိုတာ မည်သူ့ကိုမျှ မေးနေဖို့မလိုဟု ကျွန်တော်သိလိုက်သည်။

ထိုအချိန်တွင် လျှိုကြီးဆီမှ သစ်ရွက်ခြောက်များတို့ အပေါ် ရှပ်တိုက်ပြေးလွှားသံသဲ့သဲ့ကို ကြားလိုက်ရသဖြင့် စောင်းငဲ့ကြည့်လိုက်ရာ ကျားသစ်မကြီး ပြေးထွက်သွားသည်ကို မြင်လိုက်ရသလို သားပေါက်ကလေးသုံးကောင်ကလည်း မိခင်နောက်သို့ ဒရီးဒယိုင်နှင့် ပြေးလိုက်သွားကြသည်ကို တွေ့ မြင်လိုက်ရပေသည်။

နံနက်ခင်းပေမို့ မြူနှင်းများတို့က ရှိနေဆဲ။ လေပြည် သုတ်ဖြူးလိုက်မှုကြောင့် အတန်ငယ် အေးနေသည်။ ကျေးငှက်သံတစာစာနှင့် မျောက်အော်သံများအပြင် ရစ်ဖကြီးများ၏ အတောင်ခါသံများကိုလည်း ကြားနေရသည်။

မြူနှင်းများ လွှမ်းခြုံရစ်သိုင်းနေကြသလို ခပ်ဝေးဝေးတွင် လှမ်းမြင်တွေ့ နေရသော ‘မဟူရာ’တောင်မြင့်မြင့်ကြီးပင် သူ့ဝန်းကျင်တစ်ခုလုံး အားယူနေဆဲ နေရောင်လဲ့လဲ့ကြား မြမြစိမ်းစိမ်းနှင့် မပီဝိုးတဝါး ထိုတောင်မြင့်ကြီးဘေးမှ မြွေကြီးတစ်ကောင်လို အိပ် မောကျနေသည့် ပဲခူးရိုးမတောင်ကျချောင်းတွင်းရှိ ကြည်လဲ့လဲ့ရေတို့သည် ဖြတ်သန်းတိုက်ခတ်လိုက်သော လေနုအေးတို့၏အရှိန်ကြောင့် လျှပ်ပြေးလှိုင်းတွန့်ကလေးများတို့က ပြေးလွှားဆော့ကစားနေသည့်မြင်ကွင်းက ရိုးမကြီး၏ နံနက်ခင်းနေ့သစ်တစ်နေ့၏ အလှကို ဖော်ပြနေသယောင်။

သားကောင်တို့ ပေါများသော သည်မဟူရာတောင် ကြီးအခြေတောင်ကျချောင်းရိုးတစ်လျှောက်နှင့် ဝန်းကျင်များတို့ဆီတွင် ကျွန်တော်တို့အဖွဲ့ မကြာမကြာ ရောက်ပြီး အမဲသားကောင်တို့ကို ပစ်ခတ်ကြလေ့ရှိသည်။

ယခုလည်း မြေမာဆန်သော လူသွားလမ်းကလေးထက်တွင် ကျွန်တော်တို့နှစ်ဦး အဖွဲ့နင့်ခွဲကာ ငှက်ပစ်ရန်အတွက် စားပင်ရှိရာ ‘လယ်စတုန်း’သို့အလာ လမ်းတွင်ပင် လျှိုကြီး၏ အောက်ပိုင်းဆီမှ သားကောင်ငယ်လေးများ၏ အော်ဟစ်လိုက်ကြသည့်အသံများကို ကြားလိုက်ကြရသဖြင့် ကမ်းပါးယံထက်သို့ တက်ပြီး အသံကြားလိုက်ရာဆီ လှမ်းကြည့်ကြရာ မမျှော် လင့်ဘဲ ကျားသစ်မကြီးနှင့် သားပေါက်စကလေးများတို့ကို တွေ့လိုက်ကြရသဖြင့် မပစ်ခတ်ကြတော့ဘဲ စားပင်ရှိရာဘက်ဆီသို့ ဆက်လက်လျှောက်လှမ်းသွားကြေခြင်းပင်။

ထိုသို့ လျှောက်လှမ်းကြရင်း တစ်နေရာအရောက်တွင် –

“ဒိုင်း …“

လျှောက်လှမ်းနေသည့် လမ်းကမ်းကလေး၏ လက်ဝဲဘက်တောကြီးအတွင်းဆီမှ ပေါက်ကွဲမြည်ဟိန်းသံကြီးတစ်ချက် ကြားလိုက်ရသလို၊ သားကောင်ကြီးတစ်ကောင် ဟိန်းဟောက်သံကိုလည်း ကြားလိုက်ရပြန်သည်နှင့်အတူ မြေပြင်တွင် လူးလှိမ့်ရင်း ဝရုန်းသုန်းကား နာနာကျည်းကျည်း အော် ဟစ်လိုက်သည့်အသံများကိုပါ တစ်ဆက်တည်း ကြားလိုက်ကြရသည်မို့ လှမ်းလက်စ ခြေလှမ်းများတို့ကို ရပ်တန့်ပစ်လိုက်ကြကာ နားစွင့်လိုက်ရင်း အခြေအနေကို အကဲခတ်လိုက်ကြပေသည်။

အခြေအနေ အရပ်ရပ်ကို ကျွန်တော်တွေးဆလိုက် သည်။ မကျွမ်းကျင်သော သေနတ်သမားတစ်ယောက်က လူကို ပြန်အန္တရာယ်ပေးတတ်သည့် သားကောင်ကြီးတစ်ကောင်ကို မထိမခိုက် ပစ်ခတ်လိုက်ပြီဟု အထင်ရောက်လိုက်သလို သားကောင်ကြီးကလည်း မြေပြင်တွင် လူးလှိမ့်နေရင်းမှ ကြုံးထလိုက်ပြီး တောချုံပုတ်ကြီးတစ်ခုကို ခုန်ပျံကျော်လွှားကာ တောထဲသို့ တိုးဝင်ရန် ကြိုးစားလိုက်ဟန်ထင့်။

လမ်းတစ်ဝက်တွင် တစ်ခုခုနှင့် တိုက်မိပြီး မြေပြင်သို့ ပစ်ကျသွားသဖြင့် နာနာကျည်းကျည်း လူးလှိမ့်အော်ဟစ်လိုက်ရင်း အသံပျောက်သွားသည်ကို သတိထားလိုက်မိသည်မို့ အခြေအနေက ပစ်ခတ်လိုက်သည့် သေနတ်သမားကို ပြန်လည်အန္တရာယ်ပေး တော့မည်ဟု တွက်ဆလိုက်မိသဖြင့် အာလူး မျက်နှာကို လှမ်းကြည့်လိုက်မိကာ ထိုနေရာဆီသို့ သွားကြရန် မေးထိုးအချက်ပြလိုက်ရင်း သေနတ်မောင်းခလုတ်ကို ရှေ့သို့ တွန်းပို့ကာ သေနတ်သံကြားလိုက်ရာနှင့်, သားကောင်ကြီး လူးလိမ့်နေသော နေရာဆီသို့ ပြေးလွှားဝင်ရောက်လိုက်ကြပေတော့သည်။

တွေ့လိုက်ရသည့် မြင်ကွင်းကား ကျွန်တော် တွေး ထင်ယူဆထားသလို သေနတ်နှင့် လှမ်း၍ပစ်လိုက်သူမှာ တစ်ယောက်မဟုတ်ဘဲ သားကောင်များ ဝင်လမ်းထွက်လမ်းတို့တွင် မုဆိုးများ ထောင်ထားသည့်(လေးချက်)တစ်ခု ဖြစ်နေသည်ကို တအံ့တဩ တွေ့မြင်လိုက်ရပေသည်။

တစ်ဆက်တည်းပင် သားကောင်၏ အနေအထားကို လှမ်းကြည့်လိုက်ရာ မည်သည့်နေရာဆီသို့ ထိမှန်သွားသည်ကို မခန့်မှန်းနိုင်သော်လည်း မြေပြင်တွင် လူးလှိမ့်ထားသော နေရာတို့တွင် သွေးကွက်ကြီးများတို့က မြင်မကောင်း။

လက်ဖျားကလေးနှင့် တို့သပ်ကြည့်လိုက်ရာ သွေးစများတွင် အမြှုပ်များ ထွက်နေသည်ကို ခန့်မှန်းရခြင်းအားဖြင့် ကျည်ခဲလုံးတို့က အဆုတ်ကို ဖြတ်ဖောက်သွားဟန်ပင်။

ကျွန်တော်က သွေးစက်သွားရာလမ်းကြောင်းကို လိုက်လံကြည့်ရှုနေစဉ် နောက်ကျော တောချုံပုတ်ကြီးအတွင်းဆီမှ သားကောင်တစ်ကောင်က သစ်ရွက်ခြောက်တို့အပေါ် နင်း၍ တိုးထွက်လာသံကို ကြားလိုက်ရသဖြင့် ချုံပုတ်ကြီးအတွင်းဆီမှ ခုန်ထွက်လာသော သားကောင်ကြီးကို ဒူးထောက် ထိုင်ချလိုက်ရင်း သေနတ်မောင်းခလုတ်နှစ်ခုလုံးကို တစ်ပြိုင်တည်း ဆွဲညှစ်ချလိုက်မိပေတော့သည်။

သေနတ်သံကြီးနှစ်ချက်က ဆင့်ကာဆင့်ကာဖြင့်

“ဒိုင်း . . . ဒိုင်း”

တော်လဲလိုက်သည့်အခါ ထွက်ပေါ်လာသည့် အသံကြီးမျိုးဖြင့် တောကြီးတစ်ခွင်လုံး ဖုံးလွှမ်းသွားပေသည်။ သေနတ်ပြောင်းနှစ်ခုအတွင်းမှ ကျည်ခဲလုံး(၁၈)လုံးက ကျွန်တော့်ကို ခုန်အုပ်လာသော သားကောင်ကြီး၏ ကိုယ်လုံးအတွင်း ဖြတ်ဖောက်ကာ နောက်ဘက်ဆီသို့ ပြန်ဆွဲယူသွားခြင်းကို ခံလိုက်ရသည်မို့ ကျည်ခဲလုံးတို့နှင့်အတူ နောက်ပိုင်းဆီသို့ ပြန်ပါသွားပြီး မြေပြင်ဆီသို့ ‘ဘုန်း’ခနဲ ပစ်လဲကျသွားသည်နှင့်အတူ ငြိမ်သက်သွားပေတော့သည်။

နောက်ထပ် တုပ်တုပ်မျှပင် မလှုပ်တော့။

ကျွန်တော်က လျင်မြန်စွာ သေနတ်ဇက်ကို ချိုးလိုက် ပြီး ကျည်သစ်နှစ်တောင့် ထိုးသွင်းကာ ထူးခြားမှုရှိက ပစ်ခတ်ရန် အသင့်အနေအထားမျိုးဖြင့် လှုပ်ရှားလာမည့်သားကောင်ကြီးကို ငံ့လင့်စောင့်စားကြည့်ရှုနေလိုက်မိပေသည်။ သားကောင်ကြီးကို အသေအချာ လိုက်လံကြည့်ရှုနေလိုက်ရင်းမှ တအံ့တသြဖြစ်သွားလိုက်မိသူကလည်း ကျွန်တော်ရယ်သာပင်။

တွေ့မြင်လိုက်ရသည်က မြေပြင်ထက်တွင် ဘေးတိုက်လဲကျသေဆုံးနေပြီဖြစ်သော ကျားသစ်မကြီးမှာ သွေးများဖြင့် စွန်းထင်းနေသည့် မြေပြင်ထက်တွင် လျှာကို တစောင်းကိုက်လျက် အသက်ပျောက်နေပြီး သူ၏ တစ်ကိုယ်လုံးတွင် ကျည်ခဲလုံးများ ဖြတ်ထောက်ထားခြင်းခံထားရသည့် နေရာတို့မှ သွေးများထွက်ကာ ယိုစီးနေသလို ဝမ်းဗိုက်နို့အုံဆီမှ နို့သီးခေါင်းများတွင် နို့ရည်ဖြူဖြူများတို့ တစ်စက်ချင်း ထွက်ကျနေသည့် မြင်ကွင်းကို တွေ့မြင်လိုက်ရသောကြောင့်ပင်။

ကျွန်တော့်အသိတွင် ကံတရားကိုပင် ယိုးမယ်ဖွဲ့ရ လေမည်လားတော့ဖြင့် မသိ။

နားလည်အောင် စကားပုံနှင့် ပြောလိုက်ရလျှင် ‘သေချင်တဲ့ကျား တောပြောင်း’ ဟုသာ ဆိုလိုက်ချင်ပေတော့သည်။

မျက်စိအောက်တွင်ပင် မွေးကာစကလေးငယ် ကလေးများနှင့်မို့ မပစ်ခတ်လိုသဖြင့် တမင်ရှောင်ထွက်လည်း သူ့ကံတရားက ယနေ့တွင်ပင် သေရမည့် အဖြစ်မျိုး။

ကျွန်တော်က မြေပြင်တွင် သွေးအလူးလူး ဒဏ်ရာများစွာတို့နှင့် ဘေးတိုက်လဲကျသေဆုံးနေပြီဖြစ်သော ကျားသစ်မကြီးကို စိတ်မကောင်းခြင်းများစွာနှင့် မသက်မသာကြည့်လိုက်ရင်းမှ မူလပစ်ခတ်ခံလိုက်ရသည့် (လေးချက်)ရှိရာဆီသို့ လှမ်းကြည့်လိုက်မိသည်။ သေနတ်က တူမီးသေနတ်မျိုးပင်။

လေးချက် ဆိုသည်က သားကောင်များကို ထောင်ပြီး ဖမ်းဆီးသတ်ဖြတ်သည့် ထောင်ချောက်မျိုးပင်။ လယ်ထိုးကွင်း၊ သုတ်ကိုင်း၊ သံညှပ်၊ ဂုတ်ပိုက်၊ တုံးဘိနှင့် ကပ်ဘိများတို့ကဲ့သို့ မဟုတ်။ ဒူးလေးကို လေးညှို့ဆွဲတင်ထားပြီး မြားလမ်းကြောင်းတွင် မြားတံကိုထည့်ကာ သားကောင်၏ ဝင်လမ်း၊ ထွက်လမ်း ကို သစ်ပင်နှင့် ကပ်လျက် ချိန်ရွယ်ခြင်းအားဖြင့် သားကောင်နှင့် တိုးမိ၊ တိုက်မိကာ မောင်းခလုတ်ဖြုတ်ပြီး မြားတံက သားကောင်ကို စူးဝင်သောနည်းပင်။

မြားတံတွင် အဆိပ်လူးထားသဖြင့် လေးချက်ထိသော ထိုသားကောင်မှာ ထိုဝန်းကျင် ဆယ်ကိုက်ထက် ပိုမပြေးနိုင်ဘဲ အသက်ပျောက်ပေသည်။

ယခု ကျားသစ်ကြီးကို သုံးလိုက်သောနည်းကား ဒူးလေးနေရာတွင် တူမီးသေနတ်ကို သုံးစွဲလိုက်ခြင်းပင်။

မည်သူထောင်ထားသည့် ထောင်ခြောက်ဆိုသည်ကို တော့ဖြင့်မသိ။ ယခုလို လူသူအရောက်အပေါက် ကျွဲ၊ နွားများတို့နှင့် အလွန်အလှမ်းကွာဝေးသည့် တောကြီးများအတွင်း ထိုနည်းများနှင့် မုဆိုးများ ထောင်တတ်ကြသည်မို့ ထောင်ထားသူမုဆိုးကိုလည်း အပြစ်မဆိုသာ။

ကျွန်တော်က ကျားသစ်မကြီးကို ကြည့်နေရင်း စဉ်း စားနေလိုက်မိသည်က မုဆိုးထုံးစံတစ်ရပ်ပင်။

ယခုကဲ့သို့ သားကောင်ကို နည်းမျိုးစုံနှင့် ထောင်ချောက်ဆင်ပစ်ခတ်ဖမ်းဆီးကြရာတွင် ရရှိသောသားကောင်သည် ထောင်ချောက်ဆင်ဖမ်းဆီးသူနှင့်သာ သက်ဆိုင်သည်။

ယခုမူ မုဆိုးထောင်ထားသည့် ကျားသစ်မကြီးကား မသေသဖြင့် ဒဏ်ရာများတို့နှင့်အတူ အနီးသို့ ရောက်သွားကြသော ကျွန်တော်တို့အား ရန်မူသဖြင့် ထပ်မံပစ်ခတ် စခန်းသိမ်းလိုက်ရသည်မို့ မည်သူနှင့် သက်ဆိုင်သည်ကို တစ်လမ်းလုံးစိတ်ကောက်ပြီး စကားမပြောခဲ့သော ‘အာလူး’ ကို

“ကဲ ဘယ်လိုသဘောရလဲကွ။ ဒီအကောင် ဘယ်သူနဲ့ဆိုင်မလဲ အာလူး”

“ကျွန်တော်တို့ ပစ်လိုက်တာမို့ ကျွန်တော်တို့နဲ့ပဲ ဆိုင်
တယ်လေ။ ယူသွားမယ်”

အာလူးက ထိုကဲ့သို့ ပြောနေလိုက်သည့်အချိန်တွင် နောက်ကျောတောစဘက်ဆီမှ တောတိုးသံများကို ကြားလိုက်ရသဖြင့် လျှပ်တစ်ပြက် အသံကြားရာဆီသို့ လှည့်ကြည့်ရင်း သေနတ်နှင့် ချိန်ရွယ်လိုက်ပြီး စူးစူးစိုက်စိုက်ကြည့်လိုက်တော့ တွေ့မြင်လိုက်ရသည့်မြင်ကွင်းက မိခင်ကြီးနောက်သို့ ပြေးလိုက်လာကြသည့် ကျားသစ်ပေါက်စလေးသုံးကောင်။

ယိုင်ယိုင်နွဲ့နွဲ့ ပြေးလိုက်လာကြသော ကျားသစ်ပေါက်စကလေး သုံးကောင်သည် သေနတ်နှင့် လိုက်လံချိန်ရွယ်ထားကြသော ကျွန်တော်တို့နှစ်ယောက်ရှေ့မှ ကြောက်ရလန့်ရမှန်းမသိဘဲ မြေပြင်တွင် သွေးအလူးလူးနှင့် ဘေးတိုက်လဲကျသေဆုံးနေပြီဖြစ်သော သူတို့မိခင်ကြီးရှိရာဆီသို့ သွားပြီး နို့အုံအတွင်းမှ နို့များကို အငမ်းအရ တစ်ကောင်နှင့်တစ်ကောင် လုယက်သောက်စို့နေသော မြင်ကွင်းကို ကျွန်တော် ဆက်ပြီး မကြည့်လိုတော့သဖြင့် အပြန်လမ်းကို လှမ်းတော့မည်မို့ ခြေလှမ်းပြင်လိုက်စဉ်

“ဒီသုံးကောင်ကို ကျွန်တော် ဖမ်းပြီး ယူလာခဲ့မယ်”

ကျွန်တော် ဘာစကားကိုမျှ ဆက်မပြောလိုသဖြင့် ဆက်လက်ထွက်ခွာလာခဲ့စဉ် နောက်ကျောဘက်ဆီမှ သားကောင်ငယ် ကျားသစ်ပေါက်ကလေးတို့၏ ပြန်လည် မာန်ဖီသံများကို ကြားနေရပေသည်။

အာလူးက အကောင်ကလေးများကို ဖမ်းနေသဖြင့် တုံ့ပြန်ရန်မူလိုက်ကြသည့်အသံမှန်းကို ကျွန်တော် သိလိုက်ပြီး လျှောက်လှမ်းခဲ့ပေတော့သည်။

– ပြီး –

စာရေးသူ – လေးမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Zawgyi Version

” ေသခ်င္တဲ့က်ား ေတာေျပာင္း “(စ/ဆုံး)
———————————————

က်ားႏွင့္ ဆက္ႏြယ္ပတ္သက္ေသာ စကားပုံမ်ားကို ကြၽန္ေတာ္စဥ္းစားလိုက္မိသည္။ သတိရသေလာက္ ေျပာရမည္ဆိုလွ်င္ –

‘က်ားကိုက္ပါတယ္ဆို နာတာရွည္လားေမး’

‘က်ားႀကီး ေျခရာႀကီး’

‘က်ားေၾကာက္လို႔ ရွင္ႀကီးကိုး ရွင္ႀကီးက်ား ထက္ဆိုး’

‘က်ားခ်င္းကိုက္ရာ သမင္ကူမွားသည္’

‘က်ားခ်င္းကိုက္ရာ သမင္လမ္းကူးမွား’

‘က်ားရဲရာ ၾကမၼာမ႐ိုးသာ’

‘က်ားရဲလည္းေသ ေတာလည္းေက်’

‘က်ားေရွ႕ေမွာက္လ်က္လဲ’

‘က်ားလိုက္မွ တုတ္ခုတ္’

‘က်ားလည္းေၾကာက္ရ က်ားေခ်း လည္းေၾကာက္ရ’

‘က်ားသနားမွ ႏြားခ်မ္းသာ’

‘က်ားေသကို အသက္သြင္းလို႔ စင္းစင္းေသရ’

‘က်ားေသမွ လူစြမ္းေကာင္းေပၚ ‘ စသည့္ က်ားႏွင့္ပတ္သက္ေသာ စကားပုံေတာ္ေတာ္မ်ားမ်ားကို ကြၽန္ေတာ္ သတိရေနမိသည္။

ေရွးယခင္လူႀကီးသူမမ်ားတို႔သည္ ယခုလို စကားပုံ ေျမာက္မ်ားစြာကို ထည့္သြင္းေျပာဆိုခဲ့ၾကျခင္း၏ ရည္႐ြယ္ခ်က္မွာ စကားကို ရွည္ရွည္မေျပာဘဲ သင့္ေလ်ာ္မည့္စကားပုံတစ္ခုခုကို ထည့္သြင္းေျပာလိုက္ျခင္းအားျဖင့္ လိုရင္းတိုရွင္းျဖင့္ သိရွိနားလည္သေဘာေပါက္ေစရန္အတြက္ ထည့္သြင္းသုံးစြဲၾကျခင္းျဖစ္ေပသည္။

သို႔အတြက္ ကြၽန္ေတာ္လည္း အထက္ပါ ‘ေသခ်င္တဲ့က်ား ေတာေျပာင္း’ ဆိုသည့္ စကားပုံကို ဝတၳဳေခါင္းစဥ္အျဖစ္ သုံးစြဲလိုက္ျခင္းျဖစ္သည္ဆိုလွ်င္ လြန္အံ့မထင္။

xxx xxx xxx

အမွန္ေတာ့ ေသေဘးႏွင့္ႀကဳံရမည့္က်ားသည္ ေနရင္းေတာကို စြန႔္ခြာ၍ အႏၲရာယ္ရွိေသာေတာကို ေျပာင္းသြားမိသကဲ့သို႔ ဆိုရေပမည္။ ယခုေဖာ္ျပမည့္ အျဖစ္က သည္လိုမ်ိဳးဆိုလွ်င္ …။

ကြၽန္ေတာ့္လို ေသနတ္ကိုင္ပစ္ခတ္ေနသည့္ မုဆိုး တစ္ေယာက္၏ ပစ္ခ်က္သည္ လႈပ္ရွားေနသည့္ ပစ္မွတ္ကိုလည္း မလြဲခဲ့သလို ယခုကဲ့သို႔ ၿငိမ္သက္ေနသည့္ ပစ္မွတ္ဆိုလွ်င္ မည္ကဲ့သို႔မွ် မလႊဲမွန္းကို သိထားသျဖင့္ ကိုယ့္ပစ္ခ်က္ကိုကိုယ္ ယုံၾကည္စိတ္ခ်ထားေသာ္လည္း ယခုေတြ႕ျမင္ေနရသည့္ (ပစ္မွတ္)ထားရာသားေကာင္ႀကီးမူ ပစ္ခလုတ္ကို ဆြဲျဖဳတ္ဖို႔က အလြန္အမင္း တာဝန္ႀကီးေနသည္။ ဝန္ေလး၍ လည္းေနမိသည္။

လွ်ိဳႀကီးအထက္ပိုင္း ကမ္းပါးယံထက္ဆီမွ ကြၽန္ေတာ္တို႔ႏွစ္ဦးအနက္ ‘အာလူး’ကပင္ ကြၽန္ေတာ့္ကို စိတ္မရွည္ႏိုင္ေတာ့သျဖင့္ တံေတာင္ႏွင့္တို႔ထိပစ္ခတ္ဖို႔ သတိေပးေနသည္မွာ သုံးႀကိမ္တိုင္ေနခဲ့ေပၿပီ။ သို႔တိုင္ေအာင္လည္း ကြၽန္ေတာ့္စိတ္တြင္းက သားေကာင္ႀကီးကို ပစ္ခတ္လိုက္ခဲ့လွ်င္ မွားမ်ား မွားသြားေလေရာ့မလား။ ရက္စက္လြန္းရာမ်ား က်ေနမည္ ရယ္လားႏွင့္ ခ်ီတုံခ်တုံႏွင့္ စိတ္ကို ဒုံးဒုံးက်ဆုံးျဖတ္လို႔က မရေသး။ ေတာ္ေနေသးသည္က ကြၽန္ေတာ္တို႔ႏွစ္ဦးေပါင္းမွ ေသနတ္တစ္လက္တည္း ယူလာခဲ့မိျခင္းပင္။ ထိုေသနတ္ကလည္း ကြၽန္ေတာ့္လက္တြင္းပင္။

သူကိုင္ေဆာင္ထားသည့္ ေသနတ္က နံပါတ္(၁) တ႐ုတ္ျပည္လုပ္ ေဘးဆြဲ ေလေသနတ္ကေလးပင္။ အမွန္ကလည္း သူႏွင့္ကြၽန္ေတာ္ ႏွစ္ဦးတည္း ခြဲထြက္လာၾကသည္မွာ သားေကာင္ႀကီးမ်ားကို ပစ္ခတ္ဖို႔ ထြက္လာခဲ့ၾကျခင္းမ်ိဳး မဟုတ္။ စားပင္တြင္ ေစာင့္ကာ အသီးမ်ားတို႔ကို လာေရာက္စားေသာက္ၾကမည့္ ရစ္၊ ေတာၾကက္၊ ေအာက္ခ်င္း၊ ေအာင္ေလာင္း၊ ငွက္ငႏြား၊ ငူစိမ္း၊ ငူကုလားႏွင့္ ေမ်ာက္၊ ေက်းငွက္ သာရကာမ်ားတို႔ကို ပစ္ခတ္ၾကရင္း လိုရမယ္ရ သက္ေစာင့္အျဖစ္ ယူေဆာင္လာခဲ့ေသာ ႏွစ္လုံးျပဴးေသနတ္ကို ကြၽန္ေတာ္က ကိုင္ကာ အေဖာ္အျဖစ္ လိုက္လာခဲ့သည့္ခရီး။ စားပင္ရွိရာဆီသို႔ပင္ မေရာက္ၾကေသး။

အလာခရီးတြင္ လွ်ိဳႀကီးေအာက္ဆီမွ မသကၤာဖြယ္ သားေကာင္ငယ္ကေလးတို႔၏ ေအာ္လိုက္သံမ်ား ၾကားလိုက္ၾကရသျဖင့္ ႏွစ္ဦးသား ကမ္းပါးယံထက္သို႔ ဖက္တြယ္တက္လိုက္ၿပီး လွ်ိဳႀကီးေအာက္ပိုင္းဆီသို႔ ငုံ႔ၾကည့္လိုက္ၾကရင္းမွ ထင္မွတ္မထားဘဲ သားေကာင္ႀကီးႏွင့္ သားငယ္သုံးေကာင္တို႔ကို ေတြ႕ျမင္လိုက္ရျခင္းပင္။

ကြၽန္ေတာ္သည္ပင္ ကမ္းပါးယံအထက္မွ မေမွ်ာ္ လင့္ဘဲ ႐ုတ္တရက္ ေတြ႕ျမင္လိုက္ရေသာ သားေကာင္ႀကီးကို ေသနတ္ႏွင့္ ပစ္ခတ္ရန္ ခ်ိန္႐ြယ္ၿပီး ေမာင္းတင္လိုက္ေသာ္လည္း ပစ္ခလုတ္ကို ဆြဲျဖဳတ္ဖို႔ ဝန္ေလးေနရသည့္ အေၾကာင္းရင္းက ဝါသနာအရ ေတာေတာင္ႀကီးမ်ားတို႔အတြင္း သားေကာင္မ်ားကို လိုက္လံပစ္ခတ္သတ္ျဖတ္ေနသူဆိုေပမဲ့ ယခုလိုအခ်ိန္မ်ိဳးက်ကာမွ ေမတၱာ၊ သနားက႐ုဏာ၊ ကိုယ္ခ်င္းစာနာေနမႈႏွင့္ မုဒိတာပြားေနသည့္အေပၚ မယုံၾကည္ႏိုင္ေလာက္ေအာင္ တအံ့တဩျဖစ္ေနသည့္အၾကည့္မ်ိဳးႏွင့္ စူးစူးစိုက္စိုက္ ၾကည့္ေနရင္း သက္ျပင္းေမာကေလးမ်ားတို႔ကို ရႈိက္ထုတ္လိုက္ကာ ပက္လက္လွန္ေက်ာခင္းရင္း မိုးေကာင္းကင္ဆီသို႔ အဓိပၸာယ္မဲ့ လွမ္းၾကည့္ေနသည္။

ကြၽန္ေတာ့္လက္တြင္းရွိေနေသာ ေသနတ္ကိုသာ သူကိုင္ေဆာင္ထားပါက မလြဲဧကန္ ပစ္မည္ကအမွန္။

အာလူးျဖစ္ေနသည့္ အျပဳအမူကိုၾကည့္ရင္း ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ျပန္စဥ္းစားေနမိျပန္သည္။ ကြၽန္ေတာ္သည္ ဝါသနာအရ ေတာေတာင္မ်ားအတြင္း လိုက္လံၿပီး သားေကာင္မ်ားကို ပစ္ခတ္သတ္ျဖတ္ေနသူတစ္ေယာက္ဆိုေပမဲ့ ယခု မ်က္စိေအာက္တြင္ ေတြ႕ျမင္ေနရေသာ သားေကာင္ႀကီးကို ပစ္ခတ္ရန္ မဝံ့မရဲ ျဖစ္ေနရသည့္ကိစၥက ကြၽန္ေတာ္မလြန္ပါ။

ျမင္ကြင္းကိုလည္း ၾကည့္ဦးေလ …။

လွ်ိဳႀကီးေအာက္ပိုင္းအတြင္းမွ ထူးထူးျခားျခား သား ေကာင္ငယ္ကေလးမ်ားတို႔ ေအာ္ဟစ္လိုက္ၾကသည့္အသံမ်ားကို ၾကားလိုက္ရသည္မို႔ ေခ်ာက္ကမ္းပါးယံထက္ဆီသို႔ ႏွစ္ဦးသား ခ်ဳံႏြယ္မ်ားအၾကားမွ ဝမ္းလ်ားေမွာက္ တိုးတက္သြားၾကရင္း အသံၾကားလိုက္ရာ လွ်ိဳႀကီးေအာက္ပိုင္းဆီသို႔ လွမ္းၾကည့္လိုက္ေတာ့ ‘ဂူႀကီးအတြင္းပိုင္းဆီမွ ယိုင္ႏြဲ႕စြာႏွင့္ ခ်ဳံပင္ငယ္မ်ားအၾကားမွ တိုးထြက္လာၾကေသာ ေတာေၾကာင္ေပါက္ကေလးမ်ားလို အေကာင္သုံးေကာင္က တိုးထြက္လာသည္ကို ေတြ႕ျမင္လိုက္ၾကရသလိုသူတို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္ဘက္ဆီမွ အနက္ကြက္ အစက္အေျပာက္မ်ားတို႔အတိႏွင့္ က်ားသစ္ႀကီး တစ္ေကာင္က ဂ်ီ(ေခ်)ေပါက္အေသေကာင္ကို လယ္ကုပ္မွ ကိုက္ဆြဲလ်က္ အႏၲရာယ္ရွိေနသည္ကို မသိသည့္ပမာ သားသမီးမ်ားတို႔ ေျပးထြက္လာရာဆီသို႔ ကိုက္ဆြဲလာေနသည္။

ဂူႀကီးအတြင္းဆီမွ မိခင္ႀကီး ျပန္အလာကို ေစာင့္စားေမွ်ာ္လင့္ေနၾကသည့္ သားေပါက္ကေလးသုံးေကာင္က မိခင္ႀကီး၏ အနံ႔အသက္မ်ားကို ရသြားၾကဟန္ထင့္။ သူတို႔မိခင္ႀကီး လာေနၿပီဟူေသာအသိႏွင့္-အားရ႐ႊင္ျမဴးစြာ အလုအယက္ ယိုင္ယိုင္ႏြဲ႕ႏြဲ႕ ေျပးထြက္လာၾကၿပီး အနီးသို႔ ေရာက္လာသည့္ မိခင္ႀကီး ဝမ္းဗိုက္ေအာက္မွ တြဲရ႐ြဲက်ေနသည့္ ႏို႔အုံမွ ႏို႔ခ်ိဳတို႔ကို တစ္ေကာင္ႏွင့္တစ္ေကာင္ အလုအယက္ ပတပ္ရပ္လိုက္ၾကရင္း ေသာက္စို႔ၾကမည့္အသြင္မ်ိဳးႏွင့္ ငုံခဲလိုက္ၾကသည္။

မိခင္ က်ားသစ္မႀကီးမွာ ရပ္တန႔္၍ အတန္ငယ္ ၿငိမ္သက္ေနလိုက္ၿပီး ပါးစပ္တြင္း ကိုက္ခဲဆြဲယူလာေသာ ဂ်ီအေသေကာင္ကို ေျမျပင္သို႔ လႊတ္ခ်လိုက္ကာ သူ၏ကိုယ္ထည္ ခါးေက်ာရွည္ရွည္ႀကီးကို အထက္ဆီသို႔ ရႈံ႕လ်က္ ခါး႐ိုးကို ေျမႇာက္တင္လိုက္ရင္း တစ္ခ်က္ဟိန္းလိုက္ရာ သားငယ္မ်ားတို႔မွာ ေနာက္ကိုလန္၍တစ္မ်ိဳး၊ ေျမျပင္သို႔ ေဘးတိုက္ပစ္က်သြားၾကသည္တို႔က တစ္သြယ္ႏွင့္ ျဖစ္သြားၾကသည္ကို ေတြ႕ျမင္လိုက္ၾကရေပသည္။

က်ားသစ္မႀကီး၏ ဟိန္းလိုက္သံေၾကာင့္ ဝန္းက်င္ တစ္ဝိုက္ သိမ့္သိမ့္တုန္ခါသြားသလို အဆက္မျပတ္ ေအာ္ ျမည္ေနၾကသည့္ ပုဇဥ္းရင္ကြဲေအာ္သံမ်ားတို႔ပင္ တိခနဲ ရပ္တန႔္သြားၾကကာ လွ်ိဳႀကီးဝန္းက်င္တစ္ဝိုက္ ၾကက္ျခမ္းပင္မ်ားတို႔ထံမွ ၾကက္ျခမ္းသီးမွည့္မ်ားကို ထိုးဆိတ္စားေသာက္ေနၾကသည့္ ေတာၾကက္တစ္အုပ္သည္ပင္ ကေတာက္သံညံေအာင္ ေပးရင္း အေဝးဆီသို႔ ပ်ံေျပးထြက္သြားၾကသည္ကိုလည္း ေတြ႕ ျမင္လိုက္ရေပသည္။

သားေကာင္ႀကီးမွာ ခါးေက်ာကို ရႈံ႕၍ အေပၚသို႔ ေျမႇာက္တင္ထားရာမွ ေျမျပင္ေပၚတြင္ လဲက်ေနသည့္ သူ၏ ကေလးမ်ားကို လွ်ာႏွင့္တစ္ေကာင္ခ်င္း လ်က္ေပးေနရင္း ေခ်ာ့ျမဴေနသည့္အသြင္ အတန္ၾကာၾကာလ်က္ေပးရင္း တစ္ေနရာဆီသို႔ ႏွာေခါင္းႏွင့္ တြန္းထိုးဖယ္ရွားကာ ေအာက္ဘက္တြင္ရွိေနသည့္ ဖက္႐ြက္အေျခာက္တို႔ေပၚသို႔ သူ၏ ႏို႔အုံမွ ျဖဴေဖြးေသာ ႏို႔ရည္မ်ား ပန္းထြက္လာကာ ႏို႔မ်ား ခ်ေပးေနသည္ကို ေတြ႕ျမင္လိုက္ရျပန္သည္။

က်ားသစ္မႀကီး၏ ႏို႔အုံဆီမွ ထြက္လာေသာ ႏို႔ရည္ ျဖဴျဖဴတို႔သည္ ေအာက္ခံဖက္႐ြက္မ်ားတို႔ဆီသို႔အေရာက္ ကြၽန္ေတာ္တို႔ ၾကည့္ေနၾကရာ မၾကာမီအခ်ိန္ကေလးအတြင္းမွာ ျပင္ပေလႏွင့္ ထိေတြ႕ကာ ခ်က္ခ်င္း အေရာင္ေျပာင္းသြားၿပီး ညိဳတိုတိုအေရာင္ဘက္သို႔ လုသြားသည္ကို ေတြ႕လိုက္ရေပသည္။

ထိုအခ်ိန္တြင္ အေကာင္ငယ္သုံးေကာင္အား မိခင္ က်ားသစ္မႀကီးက ႐ုန္းကန္တိုးထြက္လာကာ သစ္႐ြက္ေျခာက္မ်ားတို႔ေပၚရွိ ႏို႔ရည္မ်ားကို သူ႔ထက္ငါလု၍ လွ်ာျဖင့္လ်က္ကာ စားေသာက္ေနၾကေပသည္။

က်ားသစ္မႀကီးမွာ သားငယ္တို႔ႏွင့္ အတန္ငယ္ လွမ္း သြားသျဖင့္ ေဆာင့္ေၾကာင့္ထိုင္ေနရာမွ ႀကဳံးထလိုက္ၿပီး သူကိုက္သတ္ထားသည့္ ေခ်(ဂ်ီ)ေသေကာင္အနီးသို ေလွ်ာက္လွမ္းသြားကာ ဝမ္းဗိုက္သားတို႔ကို ေဖာက္လ်က္ စားေသာက္ေနေပေတာ့သည္။

ထိုအခ်ိန္တြင္ အေကာင္ေပါက္ကေလးမ်ားသည္ သစ္႐ြက္ေျခာက္မ်ားေပၚရွိ ႏို႔ရည္တို႔ ကုန္သြားၿပီျဖစ္သျဖင့္ မိခင္ႀကီး စားေသာက္ေနသည့္ ေနရာဆီသို႔ တိုးကပ္သြားကာ ေလးဘက္ေထာက္ၿပီး ေျမျပင္တြင္ ဖင္ထိုင္ခ်လိုက္ၾကရင္း စူးစူးရဲရဲ ၾကည့္ေနလိုက္ၾကသည္။

အတန္ၾကာေတာ့ ထိုအရာသည္ စား၍ေကာင္းေသာအရာ ျဖစ္သည္ကို သိရွိလက္ခံလိုက္ၾကေသာေၾကာင့္လားေတာ့ျဖင့္ မသိ။ ေရွ႕သို႔တိုးလွ်က္ နမ္းၾကည့္သည္။ လွ်ာျဖင့္ လ်က္ၾကည့္သည္။ ထိုကဲ့သို႔ ေလးငါး ႀကိမ္ စမ္းသပ္ၿပီး မိခင္ႀကီးနည္းတူ အားက်မခံ အလုအယက္ ဝမ္းတြင္းသားတို႔ကို စားေနၾကေပေတာ့သည္။

မိခင္က်ားသစ္မႀကီးသည္ ထိုကဲ့သို႔ သူ၏ သားငယ္ မ်ား တစ္ေပ်ာ္တစ္ပါး ဝိုင္းဝန္းစားေသာက္ေနၾကသည္ကို အားရဝမ္းသာသည့္ အသြင္မ်ိဳးႏွင့္ ေနာက္နားဆီသို႔ အနည္းငယ္ဆုတ္ခြာလိုက္ရင္း ေျမျပင္ထက္ဆီတြင္ ဖင္ထိုင္ခ်လိုက္ကာ ေက်နပ္အားရ ပီတိျဖာေနပုံမ်ိဳးႏွင့္ မိမိသင္တန္းပို႔ခ်လိုက္သည့္ သင္ခန္းစာ(၁)၊ ေလ့က်င့္ခန္း(၁)၊ စာမ်က္ႏွာ(၁) ကို မိမိ၏ရင္ေသြးမ်ား တတ္ေျမာက္သြားၾကၿပီဟူေသာ ပီတိ အသြင္မ်ိဳးျဖင့္ သူ၏အၿမီးကို ေျမျပင္တြင္ တဘုတ္ဘုတ္႐ိုက္ခတ္ကာ ဂုဏ္ယူဝံ့ႂကြားေနသည့္အသြင္မ်ိဳး။

ထိုကဲ့သို႔ သူ၏ သားသမီးမ်ား၊ သားေကာင္၏ အသားတို႔ကို စတင္၍ စားရေကာင္းမွန္း သိရွိသြားၾကၿပီကို ပီတိစိတ္အျပည့္ႏွင့္ စူးစိုက္ၾကည့္ေနစဥ္ ႐ုတ္ခ်ည္း ေခါင္းေထာင္ကာ သူ၏နား႐ြက္တိုဝိုင္းဝိုင္းေလးႏွစ္ခုက ဝန္းက်င္ေဘးဘယ္ညာမ်ားတို႔ဆီသို႔ ေကြ႕ဝိုက္ၿပီး တစ္ခုခု ထူးျခားသည့္အသံကို ၾကားလိုက္ရသျဖင့္ စူးစမ္းေနသည့္ပုံ။

ထိုျမင္ကြင္းမ်ားတို႔ေၾကာင့္ ကမ္းပါးယံအထက္ရွိ ကြၽန္ေတာ္က ပစ္ခတ္ဖို႔ ဆက္မႀကိဳးစားေတာ့ဘဲ ေသနတ္ကို႐ုပ္ကာ အာလူးကဲ့သို႔ပင္ ေျမျပင္တြင္ ေက်ာခင္းလိုက္ရင္း အၾကည့္မ်ားကို ေကာင္းကင္ျပာႀကီးဆီသို႔ ပို႔လိုက္သလို သက္ျပင္းေမာမ်ားကို လည္း ထုတ္လိုက္မိေပသည္။

ဝါး႐ုံႀကီးမ်ားထက္ဆီမွ ဝါး႐ြက္မ်ားႏွင့္ ျမရာကိုင္း တို႔က ေလအတိုးတြင္ လႈပ္ရမ္းေနၾကသည္။ အာလူးကား သားေကာင္ႀကီးကို ကြၽန္ေတာ္မပစ္ဘူးဆိုသည့္ ဆုံးျဖတ္ခ်က္ကို သိသြားၿပီမို႔ ထပ္မံ ေစာဒကတက္မေနေတာ့ဘဲ ေကာင္းကင္ကိုသာ စူးစိုက္ၾကည့္ေနသည္။ ကြၽန္ေတာ့္ကို သူ မေက်နပ္ဘူးဆိုတာ မည္သူ႔ကိုမွ် ေမးေနဖို႔မလိုဟု ကြၽန္ေတာ္သိလိုက္သည္။

ထိုအခ်ိန္တြင္ လွ်ိဳႀကီးဆီမွ သစ္႐ြက္ေျခာက္မ်ားတို႔ အေပၚ ရွပ္တိုက္ေျပးလႊားသံသဲ့သဲ့ကို ၾကားလိုက္ရသျဖင့္ ေစာင္းငဲ့ၾကည့္လိုက္ရာ က်ားသစ္မႀကီး ေျပးထြက္သြားသည္ကို ျမင္လိုက္ရသလို သားေပါက္ကေလးသုံးေကာင္ကလည္း မိခင္ေနာက္သို႔ ဒရီးဒယိုင္ႏွင့္ ေျပးလိုက္သြားၾကသည္ကို ေတြ႕ ျမင္လိုက္ရေပသည္။

နံနက္ခင္းေပမို႔ ျမဴႏွင္းမ်ားတို႔က ရွိေနဆဲ။ ေလျပည္ သုတ္ျဖဴးလိုက္မႈေၾကာင့္ အတန္ငယ္ ေအးေနသည္။ ေက်းငွက္သံတစာစာႏွင့္ ေမ်ာက္ေအာ္သံမ်ားအျပင္ ရစ္ဖႀကီးမ်ား၏ အေတာင္ခါသံမ်ားကိုလည္း ၾကားေနရသည္။

ျမဴႏွင္းမ်ား လႊမ္းၿခဳံရစ္သိုင္းေနၾကသလို ခပ္ေဝးေဝးတြင္ လွမ္းျမင္ေတြ႕ ေနရေသာ ‘မဟူရာ’ေတာင္ျမင့္ျမင့္ႀကီးပင္ သူ႔ဝန္းက်င္တစ္ခုလုံး အားယူေနဆဲ ေနေရာင္လဲ့လဲ့ၾကား ျမျမစိမ္းစိမ္းႏွင့္ မပီဝိုးတဝါး ထိုေတာင္ျမင့္ႀကီးေဘးမွ ေႁမြႀကီးတစ္ေကာင္လို အိပ္ ေမာက်ေနသည့္ ပဲခူး႐ိုးမေတာင္က်ေခ်ာင္းတြင္းရွိ ၾကည္လဲ့လဲ့ေရတို႔သည္ ျဖတ္သန္းတိုက္ခတ္လိုက္ေသာ ေလႏုေအးတို႔၏အရွိန္ေၾကာင့္ လွ်ပ္ေျပးလႈိင္းတြန႔္ကေလးမ်ားတို႔က ေျပးလႊားေဆာ့ကစားေနသည့္ျမင္ကြင္းက ႐ိုးမႀကီး၏ နံနက္ခင္းေန႔သစ္တစ္ေန႔၏ အလွကို ေဖာ္ျပေနသေယာင္။

သားေကာင္တို႔ ေပါမ်ားေသာ သည္မဟူရာေတာင္ ႀကီးအေျခေတာင္က်ေခ်ာင္း႐ိုးတစ္ေလွ်ာက္ႏွင့္ ဝန္းက်င္မ်ားတို႔ဆီတြင္ ကြၽန္ေတာ္တို႔အဖြဲ႕ မၾကာမၾကာ ေရာက္ၿပီး အမဲသားေကာင္တို႔ကို ပစ္ခတ္ၾကေလ့ရွိသည္။

ယခုလည္း ေျမမာဆန္ေသာ လူသြားလမ္းကေလးထက္တြင္ ကြၽန္ေတာ္တို႔ႏွစ္ဦး အဖြဲ႕နင့္ခြဲကာ ငွက္ပစ္ရန္အတြက္ စားပင္ရွိရာ ‘လယ္စတုန္း’သို႔အလာ လမ္းတြင္ပင္ လွ်ိဳႀကီး၏ ေအာက္ပိုင္းဆီမွ သားေကာင္ငယ္ေလးမ်ား၏ ေအာ္ဟစ္လိုက္ၾကသည့္အသံမ်ားကို ၾကားလိုက္ၾကရသျဖင့္ ကမ္းပါးယံထက္သို႔ တက္ၿပီး အသံၾကားလိုက္ရာဆီ လွမ္းၾကည့္ၾကရာ မေမွ်ာ္ လင့္ဘဲ က်ားသစ္မႀကီးႏွင့္ သားေပါက္စကေလးမ်ားတို႔ကို ေတြ႕လိုက္ၾကရသျဖင့္ မပစ္ခတ္ၾကေတာ့ဘဲ စားပင္ရွိရာဘက္ဆီသို႔ ဆက္လက္ေလွ်ာက္လွမ္းသြားေၾကျခင္းပင္။

ထိုသို႔ ေလွ်ာက္လွမ္းၾကရင္း တစ္ေနရာအေရာက္တြင္ –

“ဒိုင္း …“

ေလွ်ာက္လွမ္းေနသည့္ လမ္းကမ္းကေလး၏ လက္ဝဲဘက္ေတာႀကီးအတြင္းဆီမွ ေပါက္ကြဲျမည္ဟိန္းသံႀကီးတစ္ခ်က္ ၾကားလိုက္ရသလို၊ သားေကာင္ႀကီးတစ္ေကာင္ ဟိန္းေဟာက္သံကိုလည္း ၾကားလိုက္ရျပန္သည္ႏွင့္အတူ ေျမျပင္တြင္ လူးလွိမ့္ရင္း ဝ႐ုန္းသုန္းကား နာနာက်ည္းက်ည္း ေအာ္ ဟစ္လိုက္သည့္အသံမ်ားကိုပါ တစ္ဆက္တည္း ၾကားလိုက္ၾကရသည္မို႔ လွမ္းလက္စ ေျခလွမ္းမ်ားတို႔ကို ရပ္တန႔္ပစ္လိုက္ၾကကာ နားစြင့္လိုက္ရင္း အေျခအေနကို အကဲခတ္လိုက္ၾကေပသည္။

အေျခအေန အရပ္ရပ္ကို ကြၽန္ေတာ္ေတြးဆလိုက္ သည္။ မကြၽမ္းက်င္ေသာ ေသနတ္သမားတစ္ေယာက္က လူကို ျပန္အႏၲရာယ္ေပးတတ္သည့္ သားေကာင္ႀကီးတစ္ေကာင္ကို မထိမခိုက္ ပစ္ခတ္လိုက္ၿပီဟု အထင္ေရာက္လိုက္သလို သားေကာင္ႀကီးကလည္း ေျမျပင္တြင္ လူးလွိမ့္ေနရင္းမွ ႀကဳံးထလိုက္ၿပီး ေတာခ်ဳံပုတ္ႀကီးတစ္ခုကို ခုန္ပ်ံေက်ာ္လႊားကာ ေတာထဲသို႔ တိုးဝင္ရန္ ႀကိဳးစားလိုက္ဟန္ထင့္။

လမ္းတစ္ဝက္တြင္ တစ္ခုခုႏွင့္ တိုက္မိၿပီး ေျမျပင္သို႔ ပစ္က်သြားသျဖင့္ နာနာက်ည္းက်ည္း လူးလွိမ့္ေအာ္ဟစ္လိုက္ရင္း အသံေပ်ာက္သြားသည္ကို သတိထားလိုက္မိသည္မို႔ အေျခအေနက ပစ္ခတ္လိုက္သည့္ ေသနတ္သမားကို ျပန္လည္အႏၲရာယ္ေပး ေတာ့မည္ဟု တြက္ဆလိုက္မိသျဖင့္ အာလူး မ်က္ႏွာကို လွမ္းၾကည့္လိုက္မိကာ ထိုေနရာဆီသို႔ သြားၾကရန္ ေမးထိုးအခ်က္ျပလိုက္ရင္း ေသနတ္ေမာင္းခလုတ္ကို ေရွ႕သို႔ တြန္းပို႔ကာ ေသနတ္သံၾကားလိုက္ရာႏွင့္, သားေကာင္ႀကီး လူးလိမ့္ေနေသာ ေနရာဆီသို႔ ေျပးလႊားဝင္ေရာက္လိုက္ၾကေပေတာ့သည္။

ေတြ႕လိုက္ရသည့္ ျမင္ကြင္းကား ကြၽန္ေတာ္ ေတြး ထင္ယူဆထားသလို ေသနတ္ႏွင့္ လွမ္း၍ပစ္လိုက္သူမွာ တစ္ေယာက္မဟုတ္ဘဲ သားေကာင္မ်ား ဝင္လမ္းထြက္လမ္းတို႔တြင္ မုဆိုးမ်ား ေထာင္ထားသည့္(ေလးခ်က္)တစ္ခု ျဖစ္ေနသည္ကို တအံ့တဩ ေတြ႕ျမင္လိုက္ရေပသည္။

တစ္ဆက္တည္းပင္ သားေကာင္၏ အေနအထားကို လွမ္းၾကည့္လိုက္ရာ မည္သည့္ေနရာဆီသို႔ ထိမွန္သြားသည္ကို မခန႔္မွန္းႏိုင္ေသာ္လည္း ေျမျပင္တြင္ လူးလွိမ့္ထားေသာ ေနရာတို႔တြင္ ေသြးကြက္ႀကီးမ်ားတို႔က ျမင္မေကာင္း။

လက္ဖ်ားကေလးႏွင့္ တို႔သပ္ၾကည့္လိုက္ရာ ေသြးစမ်ားတြင္ အျမႇဳပ္မ်ား ထြက္ေနသည္ကို ခန႔္မွန္းရျခင္းအားျဖင့္ က်ည္ခဲလုံးတို႔က အဆုတ္ကို ျဖတ္ေဖာက္သြားဟန္ပင္။

ကြၽန္ေတာ္က ေသြးစက္သြားရာလမ္းေၾကာင္းကို လိုက္လံၾကည့္ရႈေနစဥ္ ေနာက္ေက်ာ ေတာခ်ဳံပုတ္ႀကီးအတြင္းဆီမွ သားေကာင္တစ္ေကာင္က သစ္႐ြက္ေျခာက္တို႔အေပၚ နင္း၍ တိုးထြက္လာသံကို ၾကားလိုက္ရသျဖင့္ ခ်ဳံပုတ္ႀကီးအတြင္းဆီမွ ခုန္ထြက္လာေသာ သားေကာင္ႀကီးကို ဒူးေထာက္ ထိုင္ခ်လိုက္ရင္း ေသနတ္ေမာင္းခလုတ္ႏွစ္ခုလုံးကို တစ္ၿပိဳင္တည္း ဆြဲညႇစ္ခ်လိုက္မိေပေတာ့သည္။

ေသနတ္သံႀကီးႏွစ္ခ်က္က ဆင့္ကာဆင့္ကာျဖင့္

“ဒိုင္း . . . ဒိုင္း”

ေတာ္လဲလိုက္သည့္အခါ ထြက္ေပၚလာသည့္ အသံႀကီးမ်ိဳးျဖင့္ ေတာႀကီးတစ္ခြင္လုံး ဖုံးလႊမ္းသြားေပသည္။ ေသနတ္ေျပာင္းႏွစ္ခုအတြင္းမွ က်ည္ခဲလုံး(၁၈)လုံးက ကြၽန္ေတာ့္ကို ခုန္အုပ္လာေသာ သားေကာင္ႀကီး၏ ကိုယ္လုံးအတြင္း ျဖတ္ေဖာက္ကာ ေနာက္ဘက္ဆီသို႔ ျပန္ဆြဲယူသြားျခင္းကို ခံလိုက္ရသည္မို႔ က်ည္ခဲလုံးတို႔ႏွင့္အတူ ေနာက္ပိုင္းဆီသို႔ ျပန္ပါသြားၿပီး ေျမျပင္ဆီသို႔ ‘ဘုန္း’ခနဲ ပစ္လဲက်သြားသည္ႏွင့္အတူ ၿငိမ္သက္သြားေပေတာ့သည္။

ေနာက္ထပ္ တုပ္တုပ္မွ်ပင္ မလႈပ္ေတာ့။

ကြၽန္ေတာ္က လ်င္ျမန္စြာ ေသနတ္ဇက္ကို ခ်ိဳးလိုက္ ၿပီး က်ည္သစ္ႏွစ္ေတာင့္ ထိုးသြင္းကာ ထူးျခားမႈရွိက ပစ္ခတ္ရန္ အသင့္အေနအထားမ်ိဳးျဖင့္ လႈပ္ရွားလာမည့္သားေကာင္ႀကီးကို ငံ့လင့္ေစာင့္စားၾကည့္ရႈေနလိုက္မိေပသည္။ သားေကာင္ႀကီးကို အေသအခ်ာ လိုက္လံၾကည့္ရႈေနလိုက္ရင္းမွ တအံ့တၾသျဖစ္သြားလိုက္မိသူကလည္း ကြၽန္ေတာ္ရယ္သာပင္။

ေတြ႕ျမင္လိုက္ရသည္က ေျမျပင္ထက္တြင္ ေဘးတိုက္လဲက်ေသဆုံးေနၿပီျဖစ္ေသာ က်ားသစ္မႀကီးမွာ ေသြးမ်ားျဖင့္ စြန္းထင္းေနသည့္ ေျမျပင္ထက္တြင္ လွ်ာကို တေစာင္းကိုက္လ်က္ အသက္ေပ်ာက္ေနၿပီး သူ၏ တစ္ကိုယ္လုံးတြင္ က်ည္ခဲလုံးမ်ား ျဖတ္ေထာက္ထားျခင္းခံထားရသည့္ ေနရာတို႔မွ ေသြးမ်ားထြက္ကာ ယိုစီးေနသလို ဝမ္းဗိုက္ႏို႔အုံဆီမွ ႏို႔သီးေခါင္းမ်ားတြင္ ႏို႔ရည္ျဖဴျဖဴမ်ားတို႔ တစ္စက္ခ်င္း ထြက္က်ေနသည့္ ျမင္ကြင္းကို ေတြ႕ျမင္လိုက္ရေသာေၾကာင့္ပင္။

ကြၽန္ေတာ့္အသိတြင္ ကံတရားကိုပင္ ယိုးမယ္ဖြဲ႕ရ ေလမည္လားေတာ့ျဖင့္ မသိ။

နားလည္ေအာင္ စကားပုံႏွင့္ ေျပာလိုက္ရလွ်င္ ‘ေသခ်င္တဲ့က်ား ေတာေျပာင္း’ ဟုသာ ဆိုလိုက္ခ်င္ေပေတာ့သည္။

မ်က္စိေအာက္တြင္ပင္ ေမြးကာစကေလးငယ္ ကေလးမ်ားႏွင့္မို႔ မပစ္ခတ္လိုသျဖင့္ တမင္ေရွာင္ထြက္လည္း သူ႔ကံတရားက ယေန႔တြင္ပင္ ေသရမည့္ အျဖစ္မ်ိဳး။

ကြၽန္ေတာ္က ေျမျပင္တြင္ ေသြးအလူးလူး ဒဏ္ရာမ်ားစြာတို႔ႏွင့္ ေဘးတိုက္လဲက်ေသဆုံးေနၿပီျဖစ္ေသာ က်ားသစ္မႀကီးကို စိတ္မေကာင္းျခင္းမ်ားစြာႏွင့္ မသက္မသာၾကည့္လိုက္ရင္းမွ မူလပစ္ခတ္ခံလိုက္ရသည့္ (ေလးခ်က္)ရွိရာဆီသို႔ လွမ္းၾကည့္လိုက္မိသည္။ ေသနတ္က တူမီးေသနတ္မ်ိဳးပင္။

ေလးခ်က္ ဆိုသည္က သားေကာင္မ်ားကို ေထာင္ၿပီး ဖမ္းဆီးသတ္ျဖတ္သည့္ ေထာင္ေခ်ာက္မ်ိဳးပင္။ လယ္ထိုးကြင္း၊ သုတ္ကိုင္း၊ သံညႇပ္၊ ဂုတ္ပိုက္၊ တုံးဘိႏွင့္ ကပ္ဘိမ်ားတို႔ကဲ့သို႔ မဟုတ္။ ဒူးေလးကို ေလးညႇိဳ႕ဆြဲတင္ထားၿပီး ျမားလမ္းေၾကာင္းတြင္ ျမားတံကိုထည့္ကာ သားေကာင္၏ ဝင္လမ္း၊ ထြက္လမ္း ကို သစ္ပင္ႏွင့္ ကပ္လ်က္ ခ်ိန္႐ြယ္ျခင္းအားျဖင့္ သားေကာင္ႏွင့္ တိုးမိ၊ တိုက္မိကာ ေမာင္းခလုတ္ျဖဳတ္ၿပီး ျမားတံက သားေကာင္ကို စူးဝင္ေသာနည္းပင္။

ျမားတံတြင္ အဆိပ္လူးထားသျဖင့္ ေလးခ်က္ထိေသာ ထိုသားေကာင္မွာ ထိုဝန္းက်င္ ဆယ္ကိုက္ထက္ ပိုမေျပးႏိုင္ဘဲ အသက္ေပ်ာက္ေပသည္။

ယခု က်ားသစ္ႀကီးကို သုံးလိုက္ေသာနည္းကား ဒူးေလးေနရာတြင္ တူမီးေသနတ္ကို သုံးစြဲလိုက္ျခင္းပင္။

မည္သူေထာင္ထားသည့္ ေထာင္ေျခာက္ဆိုသည္ကို ေတာ့ျဖင့္မသိ။ ယခုလို လူသူအေရာက္အေပါက္ ကြၽဲ၊ ႏြားမ်ားတို႔ႏွင့္ အလြန္အလွမ္းကြာေဝးသည့္ ေတာႀကီးမ်ားအတြင္း ထိုနည္းမ်ားႏွင့္ မုဆိုးမ်ား ေထာင္တတ္ၾကသည္မို႔ ေထာင္ထားသူမုဆိုးကိုလည္း အျပစ္မဆိုသာ။

ကြၽန္ေတာ္က က်ားသစ္မႀကီးကို ၾကည့္ေနရင္း စဥ္း စားေနလိုက္မိသည္က မုဆိုးထုံးစံတစ္ရပ္ပင္။

ယခုကဲ့သို႔ သားေကာင္ကို နည္းမ်ိဳးစုံႏွင့္ ေထာင္ေခ်ာက္ဆင္ပစ္ခတ္ဖမ္းဆီးၾကရာတြင္ ရရွိေသာသားေကာင္သည္ ေထာင္ေခ်ာက္ဆင္ဖမ္းဆီးသူႏွင့္သာ သက္ဆိုင္သည္။

ယခုမူ မုဆိုးေထာင္ထားသည့္ က်ားသစ္မႀကီးကား မေသသျဖင့္ ဒဏ္ရာမ်ားတို႔ႏွင့္အတူ အနီးသို႔ ေရာက္သြားၾကေသာ ကြၽန္ေတာ္တို႔အား ရန္မူသျဖင့္ ထပ္မံပစ္ခတ္ စခန္းသိမ္းလိုက္ရသည္မို႔ မည္သူႏွင့္ သက္ဆိုင္သည္ကို တစ္လမ္းလုံးစိတ္ေကာက္ၿပီး စကားမေျပာခဲ့ေသာ ‘အာလူး’ ကို

“ကဲ ဘယ္လိုသေဘာရလဲကြ။ ဒီအေကာင္ ဘယ္သူနဲ႔ဆိုင္မလဲ အာလူး”

“ကြၽန္ေတာ္တို႔ ပစ္လိုက္တာမို႔ ကြၽန္ေတာ္တို႔နဲ႔ပဲ ဆိုင္
တယ္ေလ။ ယူသြားမယ္”

အာလူးက ထိုကဲ့သို႔ ေျပာေနလိုက္သည့္အခ်ိန္တြင္ ေနာက္ေက်ာေတာစဘက္ဆီမွ ေတာတိုးသံမ်ားကို ၾကားလိုက္ရသျဖင့္ လွ်ပ္တစ္ျပက္ အသံၾကားရာဆီသို႔ လွည့္ၾကည့္ရင္း ေသနတ္ႏွင့္ ခ်ိန္႐ြယ္လိုက္ၿပီး စူးစူးစိုက္စိုက္ၾကည့္လိုက္ေတာ့ ေတြ႕ျမင္လိုက္ရသည့္ျမင္ကြင္းက မိခင္ႀကီးေနာက္သို႔ ေျပးလိုက္လာၾကသည့္ က်ားသစ္ေပါက္စေလးသုံးေကာင္။

ယိုင္ယိုင္ႏြဲ႕ႏြဲ႕ ေျပးလိုက္လာၾကေသာ က်ားသစ္ေပါက္စကေလး သုံးေကာင္သည္ ေသနတ္ႏွင့္ လိုက္လံခ်ိန္႐ြယ္ထားၾကေသာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေရွ႕မွ ေၾကာက္ရလန႔္ရမွန္းမသိဘဲ ေျမျပင္တြင္ ေသြးအလူးလူးႏွင့္ ေဘးတိုက္လဲက်ေသဆုံးေနၿပီျဖစ္ေသာ သူတို႔မိခင္ႀကီးရွိရာဆီသို႔ သြားၿပီး ႏို႔အုံအတြင္းမွ ႏို႔မ်ားကို အငမ္းအရ တစ္ေကာင္ႏွင့္တစ္ေကာင္ လုယက္ေသာက္စို႔ေနေသာ ျမင္ကြင္းကို ကြၽန္ေတာ္ ဆက္ၿပီး မၾကည့္လိုေတာ့သျဖင့္ အျပန္လမ္းကို လွမ္းေတာ့မည္မို႔ ေျခလွမ္းျပင္လိုက္စဥ္

“ဒီသုံးေကာင္ကို ကြၽန္ေတာ္ ဖမ္းၿပီး ယူလာခဲ့မယ္”

ကြၽန္ေတာ္ ဘာစကားကိုမွ် ဆက္မေျပာလိုသျဖင့္ ဆက္လက္ထြက္ခြာလာခဲ့စဥ္ ေနာက္ေက်ာဘက္ဆီမွ သားေကာင္ငယ္ က်ားသစ္ေပါက္ကေလးတို႔၏ ျပန္လည္ မာန္ဖီသံမ်ားကို ၾကားေနရေပသည္။

အာလူးက အေကာင္ကေလးမ်ားကို ဖမ္းေနသျဖင့္ တုံ႔ျပန္ရန္မူလိုက္ၾကသည့္အသံမွန္းကို ကြၽန္ေတာ္ သိလိုက္ၿပီး ေလွ်ာက္လွမ္းခဲ့ေပေတာ့သည္။

– ၿပီး –

စာေရးသူ – ေလးေမာင္
စာစီစာ႐ိုက္ – မုဆိုး တံငါ စာေပမ်ား