သေတွင်းဖို့သူ(စ/ဆုံး)

Unicode Version

သေတွင်းဖို့သူ(စ/ဆုံး)
—————————
လောက၌မိမိမျက်စိနှင့်မတွေ့မမြင်၊ မကြုံဘူးသမျှမယုံဘူးဟူ၍ပုံသေ
ကားကျပ် မထားသင့်သည့်သဘောကို သိရှိနားလည်လာသည့်အချိန်၌ ကျွန်ုပ်၏ အသက်မှာ ငါးဆယ်ကျော်ခဲ့ပြီ ဖြစ်သည်။ ပညာရေးဘက်၌ ထိုက် သင့်သည့် အနေအထားအထိ သင်ယူခဲ့ဖူးသဖြင့်လည်း လက်တွေ့မဆန်၊ စိတ်ကူးယဉ်ဆန်သည့် ကိစ္စမျိုးဆိုလျှင် လက်မခံသည့်ဘက်မှ ပြတ်သားစွာ ရပ်တည်လာခဲ့သည်မှာလည်း နှစ်ပေါင်းများစွာ ရှိခဲ့ပေပြီ။ လူပျိုဖော်ဝင်စ အရွယ်၌ စာကြမ်းပိုးဘွဲ့ပေးခံရသည်အထိစာအုပ်စာပေပေါင်းများစွာထဲမှာ နစ်မြုပ်စီးမျောခဲ့ဖူး၏။ စာဖတ်သက်လေး အတော်ရလာတော့ရွေးချယ်ပြီးမှ ဖတ်တော့သည်။ ချစ်၊ ကြိုက်၊ ကွဲ၊ အလွမ်းများနှင့် မြစကြာ၊ မြစလွယ်စသည့် သူတို့၏သရဲတစ္ဆေ၊ သိုက်သမိုင်းဝတ္ထုများကိုစာရင်းထဲမထည့်တော့ပါချေ။
ရုပ်ဝါဒသဘောတရားများပြည့်လျှမ်းနေသည့်တော်လှန်စာပေများထဲမှာသာ
နစ်မျောသွားခဲ့ပါတော့၏။
ထိုသို့သော စာအုပ်များ၏ အကျိုးဆက်ကြောင့် ငယ်စဉ်က ညစဉ်ရှိခိုး
ခဲ့သော ဘုရားကိုလည်း မေ့ခဲ့သည်။ ဘွားအေကြီး နှုတ်တိုက်သင်ကြားပေး ခဲ့သည့် ပရိတ်ကြီး (၁၁) သုတ်တို့သည်လည်း လေထဲမှာ လွင့်မျောပျောက် ကွယ်ခဲ့ပြီ။ ယုတ်စွအဆုံး ကျွန်ုပ် အိမ်ထောင်ရက်သားကျ၍ မိဘများနှင့် အိမ် ခွဲနေချိန်မှစ၍ အသက် (၅၀)ခန့်အထိ သံဃာများ၊ သီလရှင်များကို ဆွမ်း တစ်လုတ်၊ ဆန်တစ်ဇွန်း မလောင်းလှူခဲ့တော့သည်အထိ အစွန်းတစ်ဖက် သို့ ခြေစုံချရပ်မိခဲ့သူ ဖြစ်သည်။ ကံကြီးလွန်း၍သာ မိဘများကို စော်ကားမှု မပြုခဲ့သဖြင့် ပဉ္စာနန္ဒိယကံမှလွတ်ကင်းခဲ့ရသည်။ ကျွန်ုပ်၏ကျောင်းနေဖက် အချို့တောတွင်းအမှောင်နယ်သို့ ကူးသွားကြရာ၌လည်း ပါမသွားခဲ့သည်က ပင် သံသရာအတွက် အချိန်မီခဲ့သယောင်။
ကံ, ကံ၏အကျိုးကို မယုံကြည်လျှင် ဗုဒ္ဓဘာသာ မဟုတ်ဟူ၍ဖခင်ကြီး ၏ ဆုံးမစကားများကို ပြန်လည်လက်ခံလာချိန်၌ မိမိအသက်က ဇရာချဉ်းစ ပြုပြီဖြစ်၍ သံသရာအတွက် အချိန်မီရုံလေးသာ ရှိတော့သည်ကို သတိပြုမိ ပါတော့၏။ ယခင်ကမိတ်ဆွေများအကြား တစ်ယူသန်၊ လူ့ခွစာဟူသည့် ဘွဲ့ ထူးများ ကွယ်ပျောက်ခဲ့ပြီး တစ်သက်တာ ဥပေက္ခာပြုလာခဲ့သည့် ဘာသာ ရေးကိစ္စများ၊ သာသနာရေးကိစ္စများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်မှု များ ပြုလုပ်လာနိုင်ခဲ့သည်။ ယခင်က အနုပဋိလောမရုပ်ဝါဒ စကားများ၊ တဖောင်ဖောင်ကျဲ၊ ရွဲ့စောင်းခဲ့သည့် နှုတ်ကိုလည်းပဋိစ္စသမုပ္ပာဒ်တရားများ၊ ပဋ္ဌာန်းဒေသနာတော်များနှင့် ပြန်ပြီးတည့်မတ်နိုင်ခဲ့ပြီဟူ၍လည်း ဆိုနိုင်ပါတော့၏။

ရုပ်ဝါဒကို ဖက်တွယ်ရင်း ဖြတ်သန်းလာခဲ့သည့် ဘဝတစ်လျှောက် ပရ လောက၊ နာမ်လောကတို့ကို လုံးဝအယုံအကြည် မရှိခဲ့သူ ကျွန်ုပ်အဖို့ ထို လောကသားတို့နှင့် ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့ခဲ့ခြင်းမရှိခဲ့ရသည်ကလည်း မိမိ၏အယူအဆကို ပို၍ပင် ခိုင်မာစေသကဲ့သို့ ဖြစ်ခဲ့သည်။ စုန်းပူးသလိုလို၊

နတ်ပူးသလိုလို၊ သရဲပူးသလိုလိုကိစ္စများကို ဇာစ်မြစ်လိုက်စုံစမ်းလိုက်သည့် အခါ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ ဟန်ဆောင်လိမ်ညာလှည့်စားခြင်းတို့ နှင့်သာ ဖြစ်သည်ကို တွေ့မိသည်။ ထို့ကြောင့်ပင် မည်သည့်ကိစ္စလုပ်ကိုင် သည်ဖြစ်စေ၊ ရိုးရာယုံကြည်မှု ရှုထောင့်မှမကြည့်ဘဲ စနေ၊ အင်္ဂါ မရွေးခဲ့ပါ။ ရက်ရာဇာ၊ ပြဿဒါး၊ နဂါးလှည့် စသည်တို့ကို ဂရုမစိုက်။ ရက်ကောင်းရက် ယုတ်မရွေး လုပ်စရာရှိလျှင် လုပ်ခဲ့သည်သာ ဖြစ်သည်။ ထိုသို့ တဇွတ်ထိုး ဆန်ဆန် ကျင့်သုံးနေထိုင်လုပ်ကိုင်မှုများကြောင့် ကျွန်ုပ်၏ ဇနီးသည် အပါ အဝင် ပတ်ဝန်းကျင်မိတ်ဆွေများနှင့်ပါ ဝိရောဓိအသွင် ဆောင်နေခဲ့သည်။

ကျွန်ုပ် နေထိုင်ရာ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းရပ်သည် ထိုစဉ်အခါ က ခြံကျယ်ကြီးများနှင့် နေထိုင်ကြသူများစွာ ရှိသည်။ ယနေ့အချိန်ကဲ့သို့ လူနေစိပ်ခြင်းမရှိဘဲကျဲပါးလှ၏။ ညဘက်ဆိုလျှင် ဖြတ်သွားဖြတ်လာသူများ လွန်စွာနည်း၏။ ထိုစဉ်က အခြောက်အလှန့်ကြီးသည်ဟု နာမည်ထွက်ခဲ့ သော မြနန္ဒာဥယျာဉ်ခြံဝန်းကြီးနှင့်လည်း သိပ်မဝေးသည်မို့ ညနေမှောင်ရီစ ဆိုလျှင်ပင် လူခြေတိတ်စပြုသည့်နေရာများဟု ဆိုရမည်။ တစ်ခါတစ်ရံဖြတ် သန်းသွားသည့်ကားသံများနှင့်မြို့ပတ်ရထားလမ်းဆီမှမီးရထား ခုတ်မောင်း သံတို့သာ ကြားရတတ်သည်။ ညဘက်ဆိုလျှင် တိတ်ဆိတ်ငြိမ်သက်မှုက လွန်စွာကြီးစိုးလွန်းသည့် ရပ်ကွက်ကြီး ဖြစ်ပါ၏။
သိမ်ကြီးဈေး အထည်ဆိုင်ကြီးမှာ တစ်နေကုန် ရှိနေရပြီး ညနေစောင်း ဈေးပိတ်မှ အိမ်ပြန်ရသောကျွန်ုပ်အဖို့ညဘက်မှာ စာရင်းများလည်း တွက်ရ ချက်ရ၊ လိုအပ်သည်များကိုထောင့်စေ့အောင်စီမံရနှင့်ည (၁၀)နာရီကျော်မှ အိပ်ရာဝင်ရသည်က အမြဲတမ်းလိုလိုဖြစ်နေသည်။ ကျွန်ုပ်နေထိုင်ရာ ခြံဝင်း မှာကားလမ်းမကြီးမှကိုက်(၃၀) အကွာလောက်တွင်ရှိသည်။ ကားလမ်းမမှ မြေနီလမ်းလေးအတိုင်းဝင်လာခဲ့လျှင်ရှေးခေတ်မကျတကျတိုက်အဟောင်း ကြီးတစ်ခုအဖြစ်တွေ့မြင်ရမည်ဖြစ်သည်။ခြံထဲအဝင်လမ်းတည့်တည့်တိုက် ၏မျက်နှာစာမှာအချင်းဆယ်ပေခန့်ရှိရှေးလူများတူးဖော်ပြုလုပ်ထားခဲ့သည့် အုတ်စီရေတွင်းကြီးရှိသည်။ ဤတိုက်ကြီးကို ဝယ်ယူစဉ်ကတည်းက ပါလာ ခဲ့ခြင်းဖြစ်ပါ၏။ ကျွန်ုပ်တို့ ရပ်ကွက်မှာ ရေတွင်းကိုသာ သုံးကြသည့်ရပ်ကွက် ဖြစ်သည်။ ရေတွင်းမရှိသည့် အိမ်ဟူ၍မရှိဘဲအချို့ဆိုလျှင် မောင်းတက်ကြီး များဖြင့် ရေငင်ကြသည်။
ကျွန်ုပ် ဘဝင်မကျသည်မှာ ဤရေတွင်းကြီးသာ ဖြစ်တော့သည်။ အိမ် မှ ကားလေးကို မောင်းဝင်၊ မောင်းထွက်လုပ်တိုင်း ထုထည်ကြီးမားလှသည့် ထိုရေတွင်းကြီးကိုကွေ့ပတ်ဝင်ထွက်ရစမြဲမို့တော်တော်ပင်စိတ်ရှုပ်မိသည်။ ကားမဝယ်မီက ထိုပြဿနာ မရှိခဲ့သော်လည်း ကားရှိလာပြီဆိုသည်နှင့် ထို ရေတွင်းကြီး၏နေရာယူမှုက သိသာလာခဲ့ပြီ။ ထို့ကြောင့်ကျွန်ုပ်၏သားသမီး များနှင့် တိုင်ပင်ပြီး ထိုရေတွင်းကြီးကို ဖို့ပစ်ရန် စီစဉ်ရတော့သည်။

ဤတွင် ကျွန်ုပ်နှင့် လွန်စွာခင်မင်ရင်းနှီးသူ သိမ်ကြီးဈေးဆိုင်ချင်းကပ် ရက်မှ ဦးတင်မောင်ကို တိုင်ပင်မိလေသောအခါ သူက အပြင်းအထန် ကန့် ကွက်ပါလေတော့၏။
“စဉ်းစားနော် – ကိုမြသိန်း၊ ကျွန်တော်က ခင်ဗျားအိမ်ကို မကြာခဏ ရောက်ဖူးတော့ ရေတွင်းကြီးကို မြင်ဖူးတွေ့ ဖူးနေခဲ့တာ ကြာပြီ။ ရှေးက နေထိုင်သူတွေကတူးပြီး သားစဉ်မြေးဆက်အသုံးပြုနိုင်အောင် အခိုင်အမာ အုတ်ရိုးစီပြီး အခိုင်အခန့်လုပ်ထားခဲ့တာနော်။ နက်ကလည်း နက်၊ ကျယ်က လည်း ကျယ်၊ ငုံ့ကြည့်ရင်တောင် အသည်းယားစရာကြီးဗျ။ အဲသည်လို ရှေးဟောင်းရေတွင်းကြီးတွေ၊ ရေကန်ကြီးတွေဆိုရင် မဖို့ကောင်းဘူး။ လူကို ဒုက္ခပေးတတ်တယ်လို့ ကြားဖူးတယ်ဗျ”
ဦးတင်မောင်စကားက ကျွန်ုပ်၏ ရယ်ချင်စိတ်ကို လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်မို့ ခပ်ဖွဖွလေး ရယ်လိုက်မိပြီး…
“ဘာလဲ – ခင်ဗျား ဆိုလိုချင်တာကရှေးရိုးအယူအဆရှိလို့ရေတွင်းဖို့ရင် ခိုက်တာတို့၊ အန္တရာယ်ဖြစ်တာတို့၊ ဘာဖြစ်မယ် ညာဖြစ်မယ်တို့ ဒီလိုလား ဗျ-”
“ကျွန်တော်ပြောမယ်- ကိုမြသိန်းရဲ့၊ ကိုယ်က အိမ်ထောင်ဦးစီး လူကြီး တစ်ယောက်မို့ ယုံကြည်တာ မယုံကြည်တာ၊ လုပ်တာ မလုပ်တာ ဆုံးဖြတ် ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့- ခင်ဗျားမှာကဇနီးသည်နဲ့ သားသမီးတွေရှိနေသေး တယ်လေ။ ဇွတ်မလုပ်ပါနဲ့ဗျာ – ဒီအတိုင်းပဲ ထားလိုက်စမ်းပါဦး”
“ကျုပ်ဘဝမှာ ဥပါဒါန်အစွဲတွေဖြုတ်ပစ်ခဲ့တာကြာခဲ့ပြီကိုတင်မောင်ရဲ့၊
ကျုပ်သားသမီးတွေဆိုရင်လည်းကျုပ်ရဲ့အတွေးအခေါ်အတိုင်းကြီးပြင်းလာ ခဲ့တာဆိုတော့ တစိတ်တသဘောထဲပဲ။ ဘာကိုမှ ခိုင်ခိုင်မာမာ မတွေ့မမြင်ရ ဘဲ ကြောက်လန့်စိုးရိမ်တာတွေ၊ ဟိုဟာမလုပ်ရဲ သည်ဟာမလုပ်ရဲဆိုတာ တွေလုံးဝမရှိဘူး။ ဘွဲ့ရခေတ်ပညာတတ်တွေဆိုတော့ စဉ်းစားတွေးခေါ်တာ ကျုပ်ထက်တောင် သာသေးသဗျို့။ အဲ – တစ်ခုပဲ ပြောစရာရှိတယ်၊ ကျုပ်ရဲ့ မိန်းမ မကျင်အေးပဲ။ သူကကျုပ်တို့ သားအဖတွေမကြိုက်မှန်း၊ လက်မခံမှန်း

သိလျက်နဲ့ ဟိုဗေဒင်မေး၊ သည်ယတြာလုပ်ရ၊ ဟိုနတ်ပ,သရ၊ ဒီဘိုးတော် ပူဇော်ရနဲ့။ ဒါကလည်း ကျုပ်သိမှာစိုးလို့ပုန်းလျှိုးကွယ်လျှိုး လုပ်ရတာပါဗျာ။ ခုသည်ကိစ္စမှာလည်း သူတစ်ယောက်ပဲ၊ အကြောက်အကန်ငြင်း၊ ကန့်ကွက် နေလေရဲ့ဗျာ
ကျွန်ုပ်၏ စကားကို နားထောင်နေသည့် ဦးတင်မောင်က ခေါင်းကို တဆတ်ဆတ်ခါလိုက်ရင်း …
“အင်း- ပြောမရတော့လည်း ခင်ဗျားပိုင်တဲ့ ရေတွင်းပဲဗျာ။ ခင်ဗျား ကြိုက်သလို စီရင်ပိုင်ခွင့်ရှိတာပဲလေ။ ကျုပ်ဆိုရင်တော့ အယူသီးတယ်ပဲ ပြောပြော မလုပ်ရဲဘူးဗျို့”
သူ့ကိုကြည့်ပြီးကျွန်ုပ်ရယ်မောလှောင်ပြောင်မိမတတ်ဖြစ်သွားရတော့
သည်။ သည်လိုအယူသီးစွဲလမ်း အကြောက်တရားကြီးနေသူတွေလောက ကြီးမှာ အရေအတွက် မည်မျှများနေပြီလဲဟူ၍တွေးလိုက်မိပါတော့၏။

ရေတွင်းကြီးကို မဖို့ခင် ရှေးဦးစွာ ခြံထောင့်တစ်နေရာ၌ အဝီစိရေတွင်း တစ်ခု တူးဖော်လိုက်ပါ၏။ ထွက်လာသည့် ရေမှာ ကြည်လင်သန့်ရှင်းပြီး ကောင်းမွန်သဖြင့် ရေအတွက် စိတ်ချရပြီဖြစ်၍ လာမည့်အပတ်အတွင်း ရေတွင်းကြီးကို ဖို့ပစ်ရန် သားသမီးများနှင့် စီစဉ်ပါလေတော့သည်။ အဆင် သင့်ချင်တော့ မိတ်ဆွေတစ်ဦးက၎င်း၏တိုက်ဟောင်းကိုဖျက်၍အသစ်ပြန်
ဆောက်နေသည်ဖြစ်၍လိုအပ်သည့်မြေများ၊ အုတ်ကျိုးများလာယူရန်ပြော လာသည်။ အဓိကက အလုပ်သမားရှာဖွေရန်သာ ကျန်တော့သည်။ ဒါက လည်း အခက်အခဲသိပ်မရှိလှပါချေ။ သိမ်ကြီးဈေး၌ကုန်ထမ်းအလုပ်သမား များကို ပိတ်ရက်၌ ခေါ်၍ခိုင်းလိုက်လျှင် အဆင်ပြေမည်ဖြစ်သည်မို့ ရေတွင်း ကြီးအတွက် စိတ်အေးရတော့မည် ဖြစ်သည်။
မြေကြီးနှင့်အညီ ဖို့လိုက်လျှင် အိမ်ရှေ့မျက်နှာစာ ကျယ်ဝန်းစွာ ထွက် လာပြီး ကားနှစ်စီးခန့်ထား၍ပင် ရနိုင်သေး၏။ တစ်ဦးတည်း အစီအစဉ်များ
ဆွဲနေရင်း ထိုညက တော်တော်နှင့် အိပ်၍မပျော်နိုင်။ မနက်ဈေးဆိုင် ဖွင့်ရ မည်လည်းရှိသေး၍ ဇွတ်မှိတ်၍ပျော်အောင် အိပ်ရတော့သည်။ မည်မျှကြာ အောင် အိပ်မောကျသွားမိသည်မသိ။ ကျွန်ုပ်၏နာမည်ကိုအော်ခေါ်သံကြား ၍ အိပ်ရာမှထပြီး အိမ်ရှေ့သို့ ထွက်လာမိသည်။ ကျန်အိမ်သားများ မနိုးကြ သေး။ စောစောစီးစီး ဘယ်သူပါလိမ့်ဟူ၍ မျက်စိကိုပွတ်၍ ကြည့်မိလိုက် သည်။ အိမ်တံခါးမကြီးကိုဖွင့်ပြီး အပြင်မှ သံဘာဂျာတံခါးကိုသာ သော့ခတ် ပိတ်ထားခြင်းဖြစ်သည်။ ပူအိုက်လှသည့်နွေရာသီအချိန်၌ဤသို့ပင်ညဘက် များမှာ တံခါးမကြီးဖွင့်ပြီး အိပ်တတ်ကြသည်။ ကျွန်ုပ် မမြင်မသိဘူးသည့် သူ တစ်ယောက်ကို တွေ့လိုက်ရတော့သည်။
အရပ်မြင့်မြင့်ကိုယ်လုံးကိုယ်ထည်တုတ်တုတ်ခိုင်ခိုင်နှင့်အသားညိုညို၊ အသက်က ကျွန်ုပ်နှင့် ရွယ်တူခန့်ဟု မှန်းဆမိသည်။ ထိုသူ၏မျက်လုံးများ၌ တစ်စုံတစ်ခုကို အလိုမကျ၊ ဒေါသထွက်နေသည့်သဏ္ဌာန်က ပေါ်လွင်နေ သည်။ ကျွန်ုပ်ကို စေ့စေ့ကြည့်ရင်း အက်ကွဲကွဲ အသံတစ်မျိုးနှင့် စကားစ၍ ပြောတော့သည်။
“မင်းတို့- ရေတွင်းကြီးကိုဖို့ပစ်ဖို့ကြံစည်နေကြတယ်မဟုတ်လား။ ငါတို့ လုံးဝသဘောမတူဘူး။ စိတ်ထင်ရာတွေ လျှောက်လုပ်မနေကြနဲ့၊ လုပ်ခဲ့ ရင်လည်း မင်းတို့မိသားတစ်စုလုံး မလွယ်ဘူးသာ မှတ်လိုက်တော့။ ငါတို့ နေထိုင်လာခဲ့တာ နှစ်ပရိစ္ဆေဒ ကြာခဲ့ပြီကွ။ မင်းနဲ့ကျမှ ငါတို့ ဒုက္ခအရောက် မခံနိုင်ဘူး။ ငါကတော့ သတိပေးသင့်လို့ လာသတိပေးတာပဲ။ ဒါကိုမှ နား မထောင်ဘဲ ဇွတ်လုပ်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲဟေ့”
ကျွန်ုပ် ဘာပြန်ပြောရမည်မှန်းမသိ၊ အသားလွတ်ကြီး လာပြီးကြိမ်း မောင်းခြိမ်းခြောက်သွားခဲ့သူကိုသာအကြောင်သားကြည့်နေမိသည်။ တစ်စုံ တစ်ခုပြန်ပြောမည်ဟုကြံရွယ်လိုက်စဉ်မှာတော့ထိုသူမရှိတော့ပြီ။ပြောပြော
ဆိုဆိုနှင့်လှည့်ထွက်သွားခဲ့ပြီဖြစ်သည်။ ယခုမှကျွန်ုပ်စဉ်းစားမိတော့သည်။ ခြံဝက တံခါးကြီးကို ညစဉ်သော့ဖြင့် ခတ်ပိတ်ထားပါလျက် ထိုသူ မည်သို့ ဝင်လာခဲ့လေသနည်း။ သားကြီးဖြစ်သူက တစ်ခါတစ်ရံ အိမ်ပြန်နောက်ကျ
တတ်သည်။ သူပဲမေ့ပြီးသော့မခတ်ခဲ့လေသလား။ ထိုစဉ်မှာပင်ကျွန်ုပ်လက် မောင်းကို ကိုင်လှုပ်နေသည်ကို သတိထားမိလိုက်သည်။
တော့”
“ကိုမြသိန်း- ထတော့လေ၊ ဈေးသွားဖို့ နီးပြီ၊ ရေမိုးချိုးဖို့ ပြင်ဆင်
ဇနီးဖြစ်သူ မကျင်အေးက ကျွန်ုပ်ကို နှိုးနေခြင်းသာတည်း။ ယခုမှပင် ကျွန်ုပ်မှာ အိပ်ရာထက်မှာပဲ ရှိနေသေးသည်ကို ဂရုပြုမိလိုက်သည်။ ဒါဖြင့် စောစောက အိပ်မက်များလား၊ အို – မဖြစ်နိုင်တာ ငါကိုယ်တိုင် အိမ်တံခါးဝ ရောက်သွားပြီးစကားပြောသွားတဲ့သူကိုကြည့်ခဲ့သေးတာပဲ။ ချက်ချင်းမထ နိုင်သေးဘဲ မျက်မှောင်ကြုံ့၍ စဉ်းစားနေမိလေသည်။ ဇနီးဖြစ်သူက ထပ်၍ ပြောပြန်သည်။
“ရှင် – ညက ဘယ်အချိန်မှအိပ်လို့လဲ၊ တစ်အိမ်သားလုံး နိုးနေတာကြာ လှပြီ။ သိပ်ပြီး ညဉ့်နက်ခံမနေပါနဲ့ရှင်၊ ရှင့်အသက်အရွယ်နဲ့ အိပ်ရေးပျက်ခံ တိုင်း မကောင်းတော့ဘူး။ ကဲ-ထ- ထ ရှင့်သားသမီးတွေတောင် ပြင်ဆင် နေကြပြီ”
သေချာပြီ – ကျွန်ုပ်အိပ်မက်မက်နေခြင်းပင်တည်း။ တကယ့်ကိုယ်တိုင် ကြုံခဲ့ရသလို ပီပြင်လွန်းလှသည့် အိပ်မက်ပါတကား။ ကျွန်ုပ် မည်သူ့ကိုမှ ပြန်မပြောဘဲနှုတ်ဆိတ်နေလိုက်ပါတော့၏။ ကိုတင်မောင်နှင့် စကားပြောဆို မိသည်များကို စဉ်းစားရင်း အိပ်မက်မှာ စိတ်စွဲလမ်းသွားတာပဲ ဖြစ်ပါမည်။ သို့သော်…
“အဖေ-အဖေ့ကို သားပြောစရာရှိတယ်၊ ကျန်တဲ့သူတွေရှေ့မှာတော့ မပြောချင်လို့ ခုလို ကားပေါ်ရောက်မှ နှစ်ယောက်ချင်း ပြောရမှာ အဖေရဲ့” သိမ်ကြီးဈေးကို ကားလေးဖြင့် သားအဖနှစ်ယောက် ဆိုင်သို့အသွား သားဖြစ်သူက ကားမောင်းရင်း ပြောလာသည်။
“ပြောပါဦးကွ- ဘာများပြောစရာရှိလို့လဲ၊ သားအဖနှစ်ယောက်တည်း ပြောရမှာဆိုတော့ မင်း မိန်းမယူချင်ပြီလို့ ပြောမလို့လား – လုပ်ပါဦး”

ကျွန်ုပ်ကရယ်ရွှန်းပတ်ရွှန်းပြောလိုက်သော်လည်းသားကမျက်နှာထား
တည်တည်နှင့် …
ကိစ္စ”
“မဟုတ်ဘူး-အဖေ၊ သားပြောမှာက သားတို့အိမ်က ရေတွင်းကြီး
“ဟေ
ကျွန်ုပ်မျက်ခုံးအစုံမှာရုတ်တရက်မြင့်တက်သွားသယောင်ဖြစ်သွားမိပါ
တော့သည်။
“သည်လို-အဖေရဲ့ညကသားအိပ်မက်မက်တယ်၊ အိပ်မက်ဆိုပေမယ့် တကယ့်အဖြစ်လိုပါပဲအဖေရယ်။ သားဆီကိုလူကြီးတစ်ယောက်လာတယ်။ ရေတွင်းကြီးကို မဖို့နဲ့တဲ့။ ပြောတာ နားမထောင်ဘဲ ဇွတ်လုပ်ခဲ့ရင်တော့ မင်းတို့ တစ်မိသားစုလုံး ငါ့အကြောင်း သိမယ်ဆိုပြီး ကြိမ်းမောင်းသွားလိုက် တာ အဖေရယ် ဒေါသတကြီးပါပဲ”
သား၏ အိပ်မက်နှင့် ကျွန်ုပ်၏ အိပ်မက်က တစ်ထပ်တည်း ဖြစ်နေပါ ပကော။ ကျွန်ုပ်က အတန်ငယ် စဉ်းစားလိုက်သည်။ ကျွန်ုပ်မက်သည့် အကြောင်းကို သားကိုပြောမပြတော့။ ကျွန်ုပ်ကပါ ထိုကိစ္စကို လက်ခံသွား ခဲ့လျှင် ကျွန်ုပ် တစ်သက်လုံး မယုံကြည်ခဲ့သည့်ကိစ္စရပ်များအပေါ် လက်ခံ သွားရကောင်းလင့်ဟု ကျွန်ုပ်၏အပေါ်၌လည်း အထင်သေးသွားတော့မည် ဖြစ်သည်။ ထို့ကြောင့်လည်း…
“အိပ်မက်ပဲကွာ- သူ မက်ချင်ရာမက်မှာပေါ့။ သူများတွေက ရေတွင်း ဖို့ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုပြီး ပြောနေကြတာတွေ။ ငါ့သားစိတ်ထဲ စွဲပြီး မက်တာဖြစ်မှာပေါ့၊ ဘာလဲ – မင်းက ကြောက်နေလို့လားကွ”
“မဟုတ်ပါဘူး – သားက အဖေ့လိုပဲ ဒါမျိုးတွေလက်ခံတဲ့သူ မဟုတ်ဘူး ဆိုတာ သိရဲ့သားနဲ့။ ဒါပေမဲ့ – အိပ်မက်က တကယ့်ကို အပြင်မှာ လာပြော နေသလိုမျိုးချည်း အဖေရာ”
“ခေါင်းထဲမှာ ဖျောက်ပစ်လိုက်ပါ သားရယ်၊ စွဲမနေပါနဲ့တော့ကွာ”
“ဟုတ်ကဲ့ – အဖေ၊ အမေ့ကိုပြောလိုက်ရင်ကောင်းမလားလို့ မနက်က စဉ်းစားမိသေးတယ်”
“အောင်မယ်လေး- မပြောလိုက်ပါနဲ့ကွာ၊ ပြောသာ ပြောလိုက်မိရင် တော့ ရေတွင်းကိစ္စကို အကြောက်အကန် ဖျက်တော့မှာ အသေချာဟေ့” သားအဖနှစ်ယောက်ရယ်ရယ်မောမောနှင့် စကားပြောကြရင်းထိုကိစ္စ ကို ပြီးပျောက်လိုက်ကြပါတော့၏။

နောက်တစ်နေ့ မနက်ဘက်တွင် မိတ်ဆွေဖြစ်သူက အုတ်ကျိုးများနှင့် မြေကြီးများလာ၍တိုက်ပါဆိုသဖြင့် ကားတစ်စီးငှားပြီး ငါးခေါက်တိတိတိုက် ရလေတော့သည်။ ခြံအဝင်လမ်းမဘေးတစ်လျှောက်၌ ပုံထားလိုက်ပြီး တနင်္ဂနွေ ဈေးပိတ်ရက်ကျမှ အလုပ်သမားများ ခေါ်ကာဖို့မည်ဖြစ်သည်။ လေးခေါက်တိုက်အပြီး နောက်ဆုံးအခေါက်တွင်မူ အုတ်ကျိုးဘိလပ်မြေ အတုံးကြီးများ ပါလာ၏။ အလုပ်သမားများကို နေရာပြပေးနေရင်း ဂရုစိုက် လုပ်ကိုင်နေသည့်အကြားမှ အတန်ငယ်ကြီးသည့် ခဲတုံးကြီးတစ်ခုက ကျွန်ုပ် ထံသို့ လွင့်စဉ်လာပြီး ခြေသလုံးရိုးကို မှန်ပါလေတော့သည်။
ကားပေါ်မှ တွန်းချနေသူ အလုပ်သမားက မျက်စိမျက်နှာပျက်ဖြင့် ကျွန်ုပ်ကို တောင်းပန်ရှာသည်။ ကျန်သူများပါ ဝိုင်း၍လာကြပြီး ကျွန်ုပ်ကို ပွေ့ချီ၍ အိမ်ထဲပို့လိုက်ကြသည်။ ကျွန်ုပ်ကား လမ်းလျှောက်၍ပင် မရနိုင် တော့ပြီ။ ဇနီးသည်က ဆိုင်မှာရှိသည့် သားကြီးထံသို့ ဖုန်းဆက်ခေါ်သည်။ သားလာလျှင် ကားနှင့်ဆေးရုံ (သို့) အရိုးအကြောကုဌာနတစ်ခုခုသို့ ပြမည် ဖြစ်သည်။ ဘေးမှ အလုပ်သမားတစ်ယောက်က…
“အဲဒီခဲတုံးကြီးက ဦးလေးနဲ့ အလွတ်ကြီးပါ။ ဒါပေမဲ့- ဘယ်လိုကဘယ် လို လိမ့်ပြီး ဦးလေးခြေထောက်ကို သွားထိတာလည်း မစဉ်းစားတတ်တော့ ဘူး။ မသိရင်တော့ တစ်ယောက်ယောက်က ချိန်ပြီးတွန်းလိုက်သလိုဦးလေး ဘက်ကို လိမ့်သွားလိုက်တာဗျာ”
ထိုခဏ၌ ကျွန်ုပ်မှာ အိပ်မက်မှ ပြောသွားသော စကားသံတို့ကို ရုတ် ခြည်း ပြန်စဉ်းစားမိလိုက်သည်။ အို – မဖြစ်နိုင်တာ၊ ဖြစ်ချင်လို့ အခန့်မသင့်လို့ ဖြစ်သွားတာ။ ဘာပယောဂမှ ပါတာမဟုတ်ပါဘူး။ သွေးမကြောင်စမ်းပါ နဲ့ဟူ၍လည်း မိမိကိုယ်မိမိ ဖြေသိမ့်လိုက်ပါတော့၏။ ဇနီးသည်က သားကို မစောင့်တော့ဘဲ ဆေးခန်းသွားရန်ပြောသည်။ ကျွန်ုပ်က သားလာမှပဲ သွား မည်ဟု ဇွတ်ပေနေသည်။ ထိုခဏမှာပင် ဧည့်ခန်းမှ ဖုန်းသံမြည်လာသည်။ သွား၍ကိုင်လိုက်သည့်အခါစိတ်ဆင်းရဲဖွယ်ရာ သတင်းတစ်ခု
ဇနီးဖြစ်သူက ဖြစ်နေပါတော့သည်။
“ဒုက္ခပါပဲ – ကိုမြသိန်းရယ်၊ သားကြီးရဲ့ကားနဲ့ လိုင်းကားနဲ့ပွတ်မိကြလို့ တဲ့။ အဲဒါရှင်းလင်းနေကြတာမပြီးသေးဘူးတဲ့တော်။ သားက သူ့ကိုမစောင့် နဲ့တဲ့၊ ဆေးခန်းကိုသာ သွားနှင့်ကြတော့တဲ့”
“သားကြီးကော – ဘာဖြစ်သွားသေးသတဲ့လဲ”

“လူတော့ ဘာမှမဖြစ်ပါဘူးတဲ့၊ ကားကတော့ နည်းနည်းထိသွားတယ် တဲ့။ လိုင်းကားက အပြိုင်မောင်းရင်း သူ့ကားကို ဝင်တိုးတာတဲ့။ သူ မမှားပေ မဲ့ယာဉ်ထိန်းရဲကိစ္စတွေတော့ အပျက်အစီးကို အလျော်တောင်းဖို့တွေကော မို့ ကြာဦးမှာတဲ့။ စိတ်ညစ်လိုက်တာရှင်–”
စိတ်သောကရောက်ဖွယ် များစွာကြုံတွေ့ ကြရပြီး တစ်အိမ်သားလုံး နှလုံးစိတ်ဝမ်း မချမ်းသာနိုင်ကြပြီ ဖြစ်သည်။ ဆေးခန်းသို့ သွားသည့်အခါ ကျွန်ုပ်၏ ညာဘက်ခြေသလုံးရိုး အက်သွားသဖြင့် ကျောက်ပတ်တီး စည်း လိုက်ရပါတော့သည်။
ညဘက် မိသားစုများ ဆုံကြသော် သားကြီးအား ဖြစ်ပျက်ခဲ့သမျှ မေး ကြည့်၏။ သားက သူ မမှားကြောင်း၊ သူ့လမ်းအမှန်မောင်းနေတာကို လိုင်း ကားကကျော်တက်ပြီးဝင်တိုက်သွားခြင်းဖြစ်ကြောင်း ညာဘက်မောင်းဖြစ် ၍သူ့ကိုထိခိုက်မှုမှလွတ်ခြင်းဖြစ်ကြောင်း၊ ကား၏ ဘယ်အခြမ်းမှာ အတော် ပင် စုတ်ပြတ်ထွက်သွားကြောင်း ပြောပြပါတော့သည်။
“အဖေ-ကျွန်တော်ညကမက်တဲ့အိပ်မက်ကြောင့်များ ဖြစ်နေသလား
မသိဘူး”ဟူ၍ ခပ်တိုးတိုးမေးသည်။ ကျွန်ုပ်က ပြန်၍…
“မဟုတ်တာ – သားရယ်၊ အစွဲအလမ်းမထားပါနဲ့ကွာ၊ ခုဟာက သူ့ဟာ သူ ဖြစ်ချိန်တန်လို့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားကြတာပါကွာ၊ မင်းက လည်း”
“ခုလို တိုက်ဆိုင်တာကြီးကိုတော့ သားစိတ်ထဲမှာ ဘဝင်မကျချင်ဘူး အဖေရယ်”
ကျွန်ုပ်က သားအား အယူမသီးဖို့ အတွေးမချော်ဖို့ စသဖြင့် ရှင်းလင်း ပြောကြတာ ဖြေသိမ့်လိုက်ရပါတော့သည်။ ကျွန်ုပ် ကိုယ်တိုင်ကပါ သားနှင့် အတူမက်ခဲ့သည့် အိပ်မက်နှစ်ခုလုံး ထပ်တူထပ်မျှ တိုက်ဆိုင်လွန်းသည်ကို သံသယမရှင်းပါချေတော့။ ခုဆိုလျှင် ကျောက်ပတ်တီးစည်းထားရသဖြင့် သုံးလခန့် ဆိုင်မထွက်နိုင်တော့ဘဲ အိမ်တွင်းအောင်းနေရချေဦးမည်မို့ စိတ် လည်း တို၊ ဒေါသလည်း ထွက်မိသည်။ မည်သူ့ကို ဒေါသထွက်ရမှန်းတော့ မသိ၊ ဈေးမှ ဦးတင်မောင်လာလျှင်လည်း ရေတွင်းကြီးကြောင့်ဟုပြောတော့ မှာကတော့ အသေအချာပင် ဖြစ်ပါတော့သည်။

နောက်တစ်နေ့ နံနက်ဘက် ဝေလီဝေလင်းအချိန်လောက်မှာ သမီး ဖြစ်သူ၏ အလန့်တကြားအော်ဟစ်သံကြောင့် အိပ်ရာထဲမှနေ၍ ထရန်ပြင် လိုက်သော်လည်း ရုတ်တရက် ထ၍မရနိုင်။ သားနှင့် သမီးတို့၏ အော်ဟစ် သံတို့ကိုသာ နားထောင်ပြီး ဘာတွေဖြစ်နေမှန်းကို မသိတော့။ ခဏကြာမှ သားနှင့်သမီးနှင့်အတူ ဇနီးသည်ပါ ရောက်လာကြသည်။
“မင်းတို့ ဘာတွေဖြစ်နေကြတာလဲကွဟေ၊ ဆူညံနေကြပါကလား” ကျွန်ုပ် မေးခွန်းအဆုံးမှာ ထိတ်လန့်တုန်လှုပ်နေသည့် သမီးက … “မြွေကြီးအဖေ-တော်တော်အကောင်ကြီးတယ်၊ အရှည်ကလည်း တစ်လံကျော်လောက် ရှိမယ်ထင်တယ်”
“ဘယ်နေရာမှာ တွေ့တာလဲ၊ အိမ်ထဲ ဝင်လာလို့လား”
“ရေတွင်းကြီးဘေးမှာ ခွေနေတာ အဖေ၊ အဝါနဲ့အနက်ကြားနဲ့၊ သမီးက အိမ်ရှေ့ခြံတံခါး သွားဖွင့်တာ မြွေကြီးက သမီးသွားမယ့်လမ်းကို ပိတ်ပြီး ခွေခွေကြီး ကြောက်လိုက်တာ အဖေရယ်” သားကြီးကပါဝင်၍ ပြောလာသည်။
“ညီမလေးအော်သံကြားလို့ပြေးထွက်သွားတော့ဒီကောင်ကြီးကကျွန် တော်တို့ဘက်ကို လှည့်ပြီး ပါးပျဉ်းထောင်ကြည့်တယ်။ သားလည်း တုတ် တစ်ချောင်းနဲ့ ရိုက်မယ်လို့လုပ်တော့မှခြံအပြင်ကိုလျှောခနဲထွက်သွားတယ်။ သားနောက်က လိုက်ကြည့်ရော ခြံအပြင်ရောက်တော့ မတွေ့ရတော့ဘူး။ အုတ်ကျိုးပုံတွေကြားထဲများ ဝင်သွားသလား မသိပါဘူး”
“ဒါဆိုရင် ဂရုစိုက်ကြဟေ့၊ မြွေကြီးကခိုရင်ခိုနေဦးမှာ၊ ခြောက်လှန့်အသံ ပေးလိုက်ဦး၊ တို့အိမ်သားတွေက သည်လမ်းကပဲ ဝင်ထွက်နေရတာ မဟုတ် လား”
မိသားတစ်စုလုံး စိတ်ညစ်စရာများ ကြုံတွေ့နေရသဖြင့် ကျွန်ုပ် လွန်စွာ စိတ်ဆင်းရဲမိ၏။ မြွေကြီးက သူ့ဘာသာသူထွက်သွား၍သာ တော်တော့၏။ ကိုက်များ ကိုက်မိလိုက်ပါက မတွေးဝံ့စရာပါတကား။
ဤနေ့တစ်နေ့လုံး အိပ်ရာထဲမှာ လဲလျောင်းရင်းကျွန်ုပ် စဉ်းစားခန်းဝင် နေမိပါတော့သည်။ နှစ်ရက်အတွင်းဖြစ်ပျက်လာသမျှတို့မှာတိုက်ဆိုင်မှုလား၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်လား၊ အိပ်မက်ရှင်၏ ကြိမ်းမောင်းမှု နောက်ဆက်တွဲ ဖြစ်ရပ်များပေလား ဝေခွဲမရနိုင်တော့။ ဇနီးသည်မှာလည်း ရေတွင်းကြီးကို ဖို့မပစ်ဖို့ မျက်ရည်လည်ရွဲနှင့် တောင်းပန်လာချေပြီ။ ကျွန်ုပ်ခြေထောက်မှာလည်းပြန်၍ကောင်းရန်ရက်များစွာလိုသေးသည် မို့ ခြေထောက်ပတ်တီးဖြေပြီးမှသာ ဖို့တော့မည်ဟု ကတိပေးလိုက်ပါတော့ သည်။ ဇနီးသည်ကတော့ လုံးဝမဖို့ပါနှင့်၊ သည်အတိုင်းပဲထားလိုက်ပါတော့ ဟူ၍သာပြောနေပါချေ၏။ သားဖြစ်သူမှာလည်းအိမ်မှကားလေးကိုဝပ်ရှော့ ပို့ထားရသဖြင့် တက္ကစီဖြင့်သာ ဈေးသို့သွားနေသည်။
ထိုနေ့ညကအိပ်မက်မက်ပြန်သည်။တစ်နေ့ကလူကြီးကိုပင်ဖြစ်သည်။
သူ၏ မျက်နှာမှာ မှုန်မှိုင်းနေပြီး ဒေါသအခိုးတို့ လျှံတက်နေသလို…
“မင်းတို့ငါ့စကားကိုနားမထောင်ဘဲတစ်ဆင့်တက်ဖို့ငါလည်းတစ်ဆင့်
တက်ပြီး အကြောင်းပြလိုက်တာပဲ။ အဲဒါမှ မမှတ်ကြသေးရင် ဆက်လုပ်ကြ ပေါ့ကွာ။ မင်းလို လူ ခွစာကတော့ လက်တွေ့ကျကျ လုပ်ပြမှ ယုံမှာမဟုတ် လား။ ဒီထက် လက်တွေ့ကျချင်ရင် ဆက်ပြီး လုပ်ကြဦး”
ကျွန်ုပ်ကိုလက်ညှိုးငေါက်ငေါက်ထိုး၍ကြိမ်းမောင်းနေသည်ကို ကြည့် ပြီး ကျွန်ုပ်မှာ ပြန်ပြောစရာ အားမရှိသလို ခံစားနေရသည်။ အပြင်ဘက်မှာ ဆိုလျှင် ပွဲက ကြည့်ကောင်းမှာ အသေအချာ။ အိပ်ရာက လန့်နိုးတော့ တစ် ကိုယ်လုံး ချွေးစေးတွေ ပျံနေပြီး ကတုန်ကယင်၊
ဘာပဲဖြစ်ဖြစ် ရေတွင်းဖို့ရန်ကိစ္စကိုခေတ္တရပ်ဆိုင်းထားလိုက်တော့မည် ဟု ဆုံးဖြတ်ချက်ချမိပြီး ဇနီးသည်ကိုတော့ စိတ်သက်သာမှု ရစေရန် မဟုတ် မလွန်ပြောထားရလေသည်။

ဇနီးသည် မကျင်အေးကား ယခုရက်ပိုင်းအတွင်း ဘာသာရေးကို ပို၍ လုပ်လာသည်ကို သတိပြုမိ၏။ ပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ်ခြင်းကို နံနက်မိုး သောက်၊ ညနေ နေဝင်ရီတရော အချိန်တို့၌ ပုံမှန်ပြုလုပ်ပြီး အမျှဝေ မေတ္တာ ပို့သံတို့ဖြင့် တိုက်တစ်ခုလုံး လွှမ်းခြုံစေလျက် ရှိတော့၏။ ကျွန်ုပ်မှာ အထူး အလုပ်မရှိသဖြင့် လက်လှမ်းမီရာ စာအုပ်စာတမ်းလေးများ ဆွဲယူပြီး အပျင်း ပြေရလေသည်။ လယ်တီဆရာတော်၏ ဒီပနီများနှင့် အနာဂတဝင်ကျမ်း၊ မိလိန္ဒပဉှကျမ်း၊ ဇိနတ္ထပကာသနီကျမ်းကြီးတို့ကိုပါ ဇနီးသည်က ရှာဖွေပြီး ဖတ်ရှုစေသည်။ အားလပ်နေသည့်အတူတူတော့ အပျင်းပြေသဘောဖတ်ရှု ပြီး တစ်စနှင့်တစ်စ ဘာသာတရားကို စိတ်ဝင်တစား ရှိလာပါတော့သည်။ ဗုဒ္ဓ၏အစွန်းနှစ်ဖက်လွတ်မဇ္ဈိမဋိပဋာလမ်းစဉ်ကိုထဲထဲဝင်ဝင် လေ့လာမိပါ ချေပြီ။ တစ်နည်းဆိုလျှင် အချိန်ကာလများစွာ အမှောင်တိုက်ထဲမှာ အကန်း ဘဝဖြင့် ပျော်မွေ့နေခိုက် လင်းခနဲ ဝင်းခနဲ လက်လိုက်သည့် အလင်းရောင်
လေးတစ်စကြောင့် အလင်း၏တန်ဖိုး အရသာကို စားသုံးလိုက်မိပြီဖြစ်
သည်။
(၃၁)ဘုံဟူသည်ကို ယခင်က လက်မခံခဲ့သည့် တစ်ယူသန်ဝါဒမှစ၍ ကံ.ကံ၏အကျိုးအပြစ်များပါမကျန်သေချာစေ့ငုနားလည်သဘောပေါက်လာ ခဲ့သည်။ သိပ္ပံပညာဖြင့်တိုင်းတာ၍မရနိုင်သည့်ကိစ္စရပ်များကိုပါတရားတော် နှင့်ချိန်ထိုးပြီး အဖြေထုတ်တတ်လာခဲ့ပါ၏။ မြင်အပ်၊ မမြင်အပ် သတ္တဝါများ မကျွတ်မလွတ် ပြိတ္တာဘဝ၌ ရှိနေရသူများ စသဖြင့် ယခင်က လက်မခံနိုင်ခဲ့ သည့် ဘုံသားများကို နေရာပေး စဉ်းစားမိလာတော့သည်။ မဖတ်စဘူး ဘာ သာရေးစာများ ဖတ်နေသည့် ကျွန်ုပ်ကို သားသမီးများက အံ့ဩမှုအပြည့် နှင့်။ သားဖြစ်သူက ဘာသာရေးစာအုပ်များရှာဖွေပေးလာသည်။ ဩကာသ ကို အစအဆုံး မရခဲ့သူ၊ မေ့ပျောက်ခဲ့သူ ကျွန်ုပ်မှာ တဖြည်းဖြည်း အရိုင်းမှ အယဉ်သို့ ဇနီးမှ ပြောင်းလဲခဲ့ရချေပြီ ဖြစ်သည်။
ဤသို့နှင့် ပတ်တီးဖြေပြီးနောက် ၃ ရက်ခန့်အကြာ သိမ်ကြီးဈေး ဈေး ပိတ်ရက်တနင်္ဂနွေတစ်ရက်တွင်ရွှေဟင်္သာကျောင်းတိုက်မှ ဆရာတော်ငါးပါး ကိုပင့်ဖိတ်ပြီး သင်္ကန်းကပ် ဆွမ်းလုပ်ကျွေး ကုသိုလ်ပြုခဲ့ပါသည်။ အနှစ်သုံး ဆယ်အတွင်း ကျွန်ုပ်ဘဝမှာ ပထမဆုံးဦးဆုံးသော ဘာသာတရားနှင့် ပတ် သက်သည့် အလှူဒါနဟု ဆိုရလျှင် မမှားပါချေ။
ဆရာတော်ကြီးက ရေစက်ချတရား ချီးမြှင့်ဟောကြားသည်။ တစ်သက် မှာတစ်ခါသာ နာဖူးသည့်တရား၊ ပထမဆုံးဆောက်တည်ဖူးသည့် သီလတို့ ကြောင့်လားမသိ၊ ကျွန်ုပ်၏တစ်ကိုယ်လုံး ပီတိတွေဖုံးလျက်။ ကြက်သီးမွေး ညင်းထမတတ်၊ ဝမ်းမြောက်ဝမ်းသာ ခံစားရပါသည်။ ထိုနေ့ထိုရက်မှ စ၍ ဘုရား၊ တရား၊ သံဃာတို့ကို ဆည်းကပ်ပူဇော်ပါတော့မည်ဟူ၍ ဆရာတော် ကြီးကို အာမဘန္တေခံယူလိုက်ပါ၏။ ဇနီးသည်မှာလည်း ကျွန်ုပ်ကိုကြည့်ရင်း မျက်ရည်သွင်သွင်ကျရှာသည်။ ဝမ်းသာလွန်း၍ကျသောမျက်ရည်သာ ဖြစ် ပါလေတော့သည်။
သံဃာတော်များကို နေ့စဉ် ငါးပါးခန့် ပုံမှန်ဆွမ်းလောင်းခြင်း၊ သီလရှင် များကို ဆွမ်းဆန်လောင်းလှူခြင်းတို့ဖြင့် ကျွန်ုပ်၏ အိမ်မှာ ကုသိုလ်တရား

များက ပြန်လည်ဝင်ရောက်လာပြီ ဖြစ်သည်။ အမျှဝေသည့်အခါ၌လည်း ခြံဝင်းနေအိမ်အတွင်းရှိမြင်အပ်မမြင်အပ် သတ္တဝါများနှင့်ရေတွင်းရှိအစောင့် ပုဂ္ဂိုလ်များကိုပါ အမျှဝေခဲ့မိပါသည်။ ထိုညက …
“ချိုသာသော မျက်နှာထားနှင့် ယခင်အိပ်မက်ရှင်ကြီးကို မြင်မက်ပါ သည်။ သူက သည်တစ်ခါတော့ ဘာစကားမှ အထူးအထွေမပြောဘဲ စူးစူး စိုက်စိုက် ကြည့်သွားခဲ့သည်။ ကျွန်ုပ် ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ သည်ရေ တွင်းကြီးကို ဘယ်တော့မှ ဖို့ပစ်ခြင်း၊ ဖျက်ဆီးခြင်း မပြုလုပ်တော့ပါဟူ၍။

နံနက်ညနေ့စဉ်ဝတ်မပျက် ဘုရားဝတ်တက်ခြင်းနှင့်အတူ ပရိတ်တရား တော်၊ ပဋ္ဌာန်းဒေသနာတော်ကြီးများကိုရွတ်ဆိုပူဇော်နေလိုက်လို့လားတော့ မသိ။ အလျင်ကနဲ့မတူတဲ့ စိတ်အေးချမ်းသာမှုတွေပိုပြီးပြည့်စုံလာနေသလို ပါပဲ။ သိမ်ကြီးဈေးထဲကအထည်ဆိုင်ကလည်းခါတိုင်းထက်အရောင်းအဝယ် ကောင်းတယ်လို့ သားကပြောပြပါသည်။ သမီးကျတော့လည်း သူ့အလုပ် ဌာနက တာဝန်နဲ့ နိုင်ငံရပ်ခြားကို သွားရတဲ့အထိ တိုးတက်အောင်မြင်မှုတွေ ရရှိလာခဲ့ကြတာ ထူးခြားမှုတွေပဲလို့ ဆိုရမည်ဖြစ်သည်။ အရင်တုန်းက ပူလောင်နေတဲ့ စိတ်တွေ စီးပွားရေး၊ လူမှုရေးမှာဘောင် မဝင်တဲ့ပြောဆို ဆက်ဆံမှုတွေလည်း ဘယ်လိုပျောက်ကုန်မှန်းမသိ ဖြစ်ပါတော့သည်။ ဘဝအပြောင်းအလဲဖြစ်ချင်လာတော့ကျွန်ုပ်၏အိမ်ကြီးကိုမတန်တဆ ဈေးပေးပြီးဝယ်မည့်သူ ပေါ်ပေါက်လာခဲ့သည်။ ယခင် မိမိကြိုက်ဈေးခေါ် ရောင်းစဉ်က မထွက်ခဲ့လို့ မရောင်းတော့ဘူးဆိုခါမှပင် ဝယ်သူတွေ၊ မေးသူ တွေရှိလာခဲ့သည်။ မှန်းထားသည့် ငွေထက်လွန်စွာပိုရသဖြင့် မိသားစုအားလုံးတိုင်ပင်ပြီးရောင်း၍မြို့ထဲဈေးနှင့်နီးရာတိုက်ခန်းသို့ပြောင်းရွှေ့လာခဲ့ကြ
ပါတော့သည်။
ဝယ်ယူသည့်သူမှာ သား၏အသိမိတ်ဆွေများဖြစ်သည်။ ကျောက်ကုန်း လို နေရာကိုမှ သဘောကျသဖြင့် အခြေချမည်ဟူ၍ ရည်ရွယ်ပြီး ဝယ်ခဲ့ကြ ခြင်း ဖြစ်ပါသည်။ ငွေချေပြီး မပြောင်းခင်ရက်က ကျွန်ုပ်အား …
“ဦးရဲ့အိမ်နဲ့ခြံကြီးကိုတော့ သိပ်သဘောကိုကျတယ်ဗျာ၊ တစ်ခုပဲပြော စရာရှိတယ်။ ရေတွင်းကြီးကို ဖို့လိုက်ရင် ပိုပြီးကျယ်သွားမယ်၊ တိုက်မျက်နှာ စာလည်း ပွင့်သွားပြီး ကားရပ်စရာ ကျယ်ကျယ်ဝန်းဝန်းရှိတော့မှာပဲ။ ဦးသား က ပြောတော့ ဦးတို့ အရင်က ဖို့ပစ်မယ်ဆိုပြီး ခဲတွေတောင် ပုံထားတယ်ဆို လားပဲ။ ဦးက မဖို့တော့နဲ့ဆိုလို့ သည်လိုပဲ ထားလိုက်တယ်တဲ့”
“ဦးမှာချင်တာကလည်း သည်ရေတွင်းကြီးပါပဲကွယ်၊ မဖို့ဘဲ သည် အတိုင်းထားစေ့ချင်တယ်။ ရှေးလူတွေရဲ့အမွေအနှစ်လို့ သဘောထားလိုက်ပေါ့”
“ကျွန်တော်တို့က အိမ်ကြီးကို ခေတ်မီလှပသွားအောင် ဒီဇိုင်းပြောင်း ပစ်မှာဆိုတော့ ရေတွင်းကြီးကိုတော့ ဖို့ပစ်ရမှာပဲ။ သူကအိမ်ရှေ့တည့်တည့် အဝင်ကြီးမှာ ပိတ်ပြီး နေရာအများကြီး ယူထားတာမဟုတ်လား”
ကျွန်ုပ် တား၍ရမည့်သူတွေ မဟုတ်မှန်း အကဲခတ်မိသည်။ ခေတ်လူ ငယ်လူရွယ်ဆိုတော့ခေါင်းမာကြမည့်သူများသာဖြစ်သည်။ သို့ပေမဲ့- အရိပ် အမြွက် သဘောလောက်တော့ သတိပေးသင့်သည်ဟု ယူဆမိသဖြင့် … “ဒါဆိုရင်လည်း သည်လိုကိစ္စတွေမှာတတ်သိနားလည်တဲ့လူကြီးသူမ တွေကိုတိုင်ပင်ပြီးစီစဉ်ကြပေါ့ကွယ်။ ကိုယ့်သဘောနဲ့ကိုယ်တော့ မလုပ်စေ ချင်ဘူး၊ ဦးက စေတနာနဲ့ ပြောတာပါ”
“ကျွန်တော်တို့က ခေတ်လူငယ်တွေပါ၊ ခေတ်အမြင်နဲ့ပဲ အရာရာကို ကြည့်ကြသူတွေပါ။ ကိုယ့်ခြံထဲကရေတွင်းကိုကိုယ် အသုံးမပြုချင်တော့လို့ ဖို့ပစ်တာ အဆန်းတကြယ်ကိစ္စတစ်ခုလို့ မယူဆချင်ဘူး ဦးရယ်။ ကျွန်တော် တို့အတွက် ဘာမှစိတ်မပူပါနဲ့။ လုပ်သင့်လုပ်ထိုက်တယ် ထင်လို့ လုပ်ရမှာပါ”
ကျွန်ုပ် ပြောစရာစကား ကုန်ပြီဖြစ်သည်။ ဇွတ်လုပ်ကြမည့်သူများကို ဘယ်လိုမှတား၍ရမှာမဟုတ်။ ရေတွင်းနှင့်ပတ်သက်သည့် အိပ်မက်များနှင့် တွေ့ကြုံခံစားခဲ့ရသည့် စိတ်ဆင်းရဲမှုများအကြောင်းကိုပါပြောပြလိုက်လျှင် အလှောင်ခံရဦးမှာ အသေအချာ။ သို့ဖြစ်၍အဟောသိကံပြုလိုက်ရပါတော့၏။
ကျွန်ုပ်တို့ မြို့ထဲတိုက်ခန်း ပြောင်းရွှေ့ပြီး နှစ်လခန့်အကြာ၌ ကျွန်ုပ်၏
ဆိုင်သို့ နာရေးဖိတ်စာတစ်စောင် ရောက်ရှိလာခဲ့သည်။ ကွယ်လွန်သူက ကျွန်ုပ်တို့ အိမ်ကြီးကို ဝယ်ယူသွားသူ လူငယ်ကိုယ်တိုင်ဖြစ်သည်ကို စိတ် မကောင်းစွာ ဖတ်ရှုလိုက်ရပါသည်။ ညနေဘက် ဆိုင်သိမ်းအပြန်မှာ ကျွန်ုပ် တို့သားအဖ နာရေးအိမ်သို့ သွားခဲ့ကြသည်။ ကျွန်ုပ်တို့ နေထိုင်ခဲ့သည့် အိမ် ကြီးကား ယခင်ကလို မှုန်မှိုင်းမှိုင်းမဟုတ်တော့ဘဲ ငွေကြေးအကုန်ခံ ပြန် လည်ပြင်ဆင်ထားသဖြင့် ခေတ်မီလှပသည့် အဆောက်အဦတစ်ခု ဖြစ်နေ ချေပြီ။ ရေတွင်းကြီးကိုဖို့ပစ်ပြီး သမံတလင်းလောင်းထားသဖြင့် တိုက်ကြီး၏ မျက်နှာစာက ကျယ်ကျယ်ဝန်းဝန်းဖြစ်နေသည်ကိုလည်းတွေ့လိုက်ရသည်။ ကွယ်လွန်သူ၏ ဇနီးသည်က စကားဧည့်ခံပြောသည်…
“ဦးလေးတို့မို့လို့ ပြောပြရတာပါ။ သူ ရေတွင်းကြီးကိုမဖို့ခင် ကျွန်မကို ပြောတယ်။ သူ့အိပ်မက်တွေ မကောင်းဘူးတဲ့။ ဘာတွေမက်လို့လည်း မေး တော့ အလကားပါကွာ၊ မေးမနေပါနဲ့တော့တဲ့။ ကျွန်မက ယတြာလေး ဘာ လေး ချေရအောင်ပြောတော့ သူက ဟားတိုက်ရယ်တယ်။ အပိုအလုပ်တွေ မလုပ်နဲ့။ ငါ ဘာကိုမှ ဂရုမစိုက်ဘူး။ ကြောက်လည်း မကြောက်ဘူးလို့ ပြော တယ်။ ဒါပေမဲ့ – ထူးခြားတာက အိမ်ကြီးကိုသာ ပြင်နေတယ်၊ ရေတွင်းဖို့ ဖို့ကိစ္စကို အရင်လုပ်မယ်ဆိုပြီး မလုပ်ဖြစ်သေးဘူးလေ။ အကြောင်းတစ်ခုခု ရှိလို့မဖို့သေးဘူးလို့ကျွန်မထင်တယ်။ ဖွင့်လည်းမပြောဘူး၊ ပြီးခဲ့တဲ့အပတ် ကမှ ဖို့ဖြစ်တာ ဦးရဲ့”
ကျွန်ုပ်က စိတ်ဝင်တစား နားထောင်နေမိရင်း မေးလိုက်မိသည်။ “ဦးကအိမ်စပြောင်းကတည်းက ဖို့ပစ်လိုက်ပြီထင်တာ။ ဖို့တာကမကြာ သေးဘူးကိုး။ ကဲ- ဆက်ပါဦး၊ ဖို့ပြီးတော့ ဘာထူးခြားချက်မှုတွေ တွေ့လာခဲ့ သေးလဲ”
“ဖို့ပြီး နှစ်ရက်လောက်မှာ ညနေမှောင်စအချိန်မှာပေါ့။ မီးလုံးကြီးတစ် လုံး ကျွန်မတို့ ခြံဝင်းထဲကို ဝင်လာတာ ထင်ထင်ရှားရှား တွေ့လိုက်ရတယ် ရှင့်။ ကျွန်မ တစ်ယောက်တည်းဆိုလည်းမျက်စိမှားပြီးမြင်မိမြင်ရာ မြင်တယ်
ပြောလို့ရပေမယ့် အဲသည့်အချိန်က ကျွန်မနားမှာ ကျွန်မ တူလေးရယ်၊ အိမ် ဖော်ကောင်မလေးရယ် ရှိနေတယ်။ သူတို့တွေပါမျက်စိထဲမှာ ဝင်းခနဲ မီးလုံး ကြီးတစ်လုံး တွေ့လိုက်တယ်တဲ့လေ။
တစ်ခုထူးတာက အဲသည်မီးလုံးကြီးကရေတွင်းနားလည်းရောက်ရော ဖျတ်ခနဲ ပျောက်သွားတယ်။ ကြောက်လိုက်တာ မပြောပါနဲ့တော့ ဦးရယ်” ထိုသူငယ်မ စကားအဆုံးမှာ ကျွန်ုပ်တို့ သားအဖ တစ်ယောက်မျက်နှာ တစ်ယောက်ပြိုင်သူလိုကြည့်လိုက်မိကြပါတော့သည်။ ခေတ္တခဏနားလိုက် ပြီးမှ သူမက ဆက်ပြောပြပြန်သည်။
“သူပြန်လာတော့ကျွန်မတို့ပြောပြတယ်၊ သူကမျက်နှာပျက်သွားပြီးမှ ဣန္ဒြေ ပြန်ဆည်လိုက်ပြီး ရယ်ရယ်မောမောနဲ့ သည်လောက်နေအပူရှိန် များလွန်းတဲ့အချိန်မှာ တံလျှပ်တို့၊ အလင်းစူးရှလွန်းတာတို့ မြေကြီးအငွေ့ တွေကဖြစ်ပေါ်တာကြောင့်ပါတဲ့။ အရေးမထားတဲ့ပုံလုပ်ပစ်လိုက်လေရဲ့ရှင်။ ကျွန်မကတော့ တပ်အပ်သေချာမြင်ထားရတဲ့ သူဆိုတော့ သူ့စကားကိုလုံးဝ မကျေနပ်ဘူး။ ဆက်ပြောရင်လည်း ရန်ဖြစ်မှာပဲဆိုပြီး စိတ်လျှော့လိုက်ရ တော့တယ်။ စိတ်ထဲမှာတော့လေးနေမိတယ်၊ ဆိုးဆိုးရွားရွား တစ်ခုခုတော့ မကြုံတွေ့ပါနဲ့ဆိုပြီးလည်း ဆုတောင်းမိတယ်”
ကျွန်ုပ်ကဲ့သို့ ခေါင်းမာသူ၊ အယုံအကြည် မရှိသူ၊ လူငယ်၏ စိတ်ဓာတ် ခိုင်မာမှုကိုလည်း လေးစားမိသည်။ ကျွန်ုပ်ကိုယ်တိုင် ကြုံခဲ့စဉ်က ထိုသူငယ် လောက် ခေါင်းမမာနိုင်ခဲ့။ မိသားစုပါ အန္တရာယ်ကျရောက်လာမှာကို တွေး တောပူပန်ပြီး လက်လျှော့ခဲ့သူဖြစ်သည်။ သူကား ဘာကိုမျှဂရုမစိုက်ဘဲ နောက်မတွန့်ခဲ့သူပါတကား။ နောက်ဆုံးသိလိုသည့် အချက်ကို မေးမြန်းမိ တော့သည်။
“ဆုံးတဲ့အကြောင်းကိုလည်း ပြောပြပါဦး သမီးရယ်”
“နောက်တစ်နေ့ မနက်ရောက်တော့ သူက ပဲခူးဘက်ကို အလုပ်ကိစ္စ အရေးကြီးလို့သွားရမယ်လို့ပြောတယ်။အိမ်ကကားကလည်း သိပ်မကောင်း တော့ တခြားကားရှာပြီး သွားပါလားလို့ ကျွန်မက ပြောတယ်။ သူက ရပါတယ် မိန်းမရယ်၊ ကားက ပဲခူးကကိစ္စပြီးမှပဲဝပ်ရှော့ကိုထိုးလိုက်တော့မယ်၊ သည်ကားနဲ့ပဲ သွားမယ်တဲ့။ သူက အဲသလို ခေါင်းမာတဲ့သူကိုးရှင့်။ ညနေ ဘက်ကျတော့ ပဲခူးကအပြန် လှည်းကူးနားမှာကားမှောက်ပြီး ဆုံးသွားတယ် ဆိုတဲ့ ဖုန်းဝင်လာတော့တာပါပဲရှင်”
စကားပြောရင်း ဆို့နင့်လာသည့်သဏ္ဌာန်ဖြင့် သူငယ်မက တရှိုက်ရှိုက် ငိုကြွေးနေပါတော့၏။
အချိန်လင့်ပြီဖြစ်၍ ကျွန်ုပ်တို့လည်း နှစ်သိမ့်စကားများ အားပေးပြော ကြားပြီးပြန်လာခဲ့ပါတော့သည်။ အိမ်မှအထွက်ရေတွင်းကြီးနေရာကိုအထူး ဂရုစိုက်ကြည့်မိလိုက်ကြပါသေးသည်။ ကြီးမားနက်ရှိုင်း ခိုင်ခန့်လှသည့် ရေ တွင်းကြီးနေရာကို အထူးဂရုစိုက်ကြည့်မိလိုက်ကြပါသေးသည်။ ကြီးမား နက်ရှိုင်းခိုင်ခန့်လှသည့် ရေတွင်းကြီးကားဤလောကမှ ပျောက်ကွယ်သွား ခဲ့ချေပြီ။ ထိုကဲ့သို့ပင် ရေတွင်းဖို့သူ အိမ်ရှင်လူငယ်သည်လည်း လူ့ဘဝမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍သာ…
ဤအိမ်ကြီးမရောင်းခင်က ဘာကိုမှ ယုံကြည်မှုမရှိ၊ ခေါင်းမာစွာဖြင့် ကျွန်ုပ်သာ အရင်ဖို့ဖြစ်ခဲ့ပါက ထိုသူငယ်၏ ကြမ္မာဆိုးမျိုး ကျွန်ုပ်တို့ မိသားစု မကြုံတွေ့နိုင်ဟူ၍ ကံသေကံမ ပြောနိုင်ပါမည်လား။ ကျွန်ုပ်တို့ မိသားစုကံ ကြီးမားလှပါဘိတော့သည်တကား…။
(ရှေးမှ တူးဖော်ထားရှိခဲ့သော ရေတွင်းရေကန်ကြီးများကို လက်လွတ် စပယ် ဖို့ခြင်းမှ ဆင်ခြင်နိုင်ကြပါစေ) ဖြစ်ရပ်မှန်ကို ရေးခွင့်ပြုသူ ဦးမြသိန်း (အမည်လွှဲ) အား ကျေးဇူးတင်စွာဖြင့် . . .

Zawgyi Version

ေသတြင္းဖို႔သူ(စ/ဆုံး)
—————————
ေလာက၌မိမိမ်က္စိႏွင့္မေတြ႕မျမင္၊ မႀကဳံဘူးသမွ်မယုံဘူးဟူ၍ပုံေသ
ကားက်ပ္ မထားသင့္သည့္သေဘာကို သိရွိနားလည္လာသည့္အခ်ိန္၌ ကြၽႏ္ုပ္၏ အသက္မွာ ငါးဆယ္ေက်ာ္ခဲ့ၿပီ ျဖစ္သည္။ ပညာေရးဘက္၌ ထိုက္ သင့္သည့္ အေနအထားအထိ သင္ယူခဲ့ဖူးသျဖင့္လည္း လက္ေတြ႕မဆန္၊ စိတ္ကူးယဥ္ဆန္သည့္ ကိစၥမ်ိဳးဆိုလွ်င္ လက္မခံသည့္ဘက္မွ ျပတ္သားစြာ ရပ္တည္လာခဲ့သည္မွာလည္း ႏွစ္ေပါင္းမ်ားစြာ ရွိခဲ့ေပၿပီ။ လူပ်ိဳေဖာ္ဝင္စ အ႐ြယ္၌ စာၾကမ္းပိုးဘြဲ႕ေပးခံရသည္အထိစာအုပ္စာေပေပါင္းမ်ားစြာထဲမွာ နစ္ျမဳပ္စီးေမ်ာခဲ့ဖူး၏။ စာဖတ္သက္ေလး အေတာ္ရလာေတာ့ေ႐ြးခ်ယ္ၿပီးမွ ဖတ္ေတာ့သည္။ ခ်စ္၊ ႀကိဳက္၊ ကြဲ၊ အလြမ္းမ်ားႏွင့္ ျမစၾကာ၊ ျမစလြယ္စသည့္ သူတို႔၏သရဲတေစၦ၊ သိုက္သမိုင္းဝတၳဳမ်ားကိုစာရင္းထဲမထည့္ေတာ့ပါေခ်။
႐ုပ္ဝါဒသေဘာတရားမ်ားျပည့္လွ်မ္းေနသည့္ေတာ္လွန္စာေပမ်ားထဲမွာသာ
နစ္ေမ်ာသြားခဲ့ပါေတာ့၏။
ထိုသို႔ေသာ စာအုပ္မ်ား၏ အက်ိဳးဆက္ေၾကာင့္ ငယ္စဥ္က ညစဥ္ရွိခိုး
ခဲ့ေသာ ဘုရားကိုလည္း ေမ့ခဲ့သည္။ ဘြားေအႀကီး ႏႈတ္တိုက္သင္ၾကားေပး ခဲ့သည့္ ပရိတ္ႀကီး (၁၁) သုတ္တို႔သည္လည္း ေလထဲမွာ လြင့္ေမ်ာေပ်ာက္ ကြယ္ခဲ့ၿပီ။ ယုတ္စြအဆုံး ကြၽႏ္ုပ္ အိမ္ေထာင္ရက္သားက်၍ မိဘမ်ားႏွင့္ အိမ္ ခြဲေနခ်ိန္မွစ၍ အသက္ (၅၀)ခန႔္အထိ သံဃာမ်ား၊ သီလရွင္မ်ားကို ဆြမ္း တစ္လုတ္၊ ဆန္တစ္ဇြန္း မေလာင္းလႉခဲ့ေတာ့သည္အထိ အစြန္းတစ္ဖက္ သို႔ ေျခစုံခ်ရပ္မိခဲ့သူ ျဖစ္သည္။ ကံႀကီးလြန္း၍သာ မိဘမ်ားကို ေစာ္ကားမႈ မျပဳခဲ့သျဖင့္ ပၪၥာနႏၵိယကံမွလြတ္ကင္းခဲ့ရသည္။ ကြၽႏ္ုပ္၏ေက်ာင္းေနဖက္ အခ်ိဳ႕ေတာတြင္းအေမွာင္နယ္သို႔ ကူးသြားၾကရာ၌လည္း ပါမသြားခဲ့သည္က ပင္ သံသရာအတြက္ အခ်ိန္မီခဲ့သေယာင္။
ကံ, ကံ၏အက်ိဳးကို မယုံၾကည္လွ်င္ ဗုဒၶဘာသာ မဟုတ္ဟူ၍ဖခင္ႀကီး ၏ ဆုံးမစကားမ်ားကို ျပန္လည္လက္ခံလာခ်ိန္၌ မိမိအသက္က ဇရာခ်ဥ္းစ ျပဳၿပီျဖစ္၍ သံသရာအတြက္ အခ်ိန္မီ႐ုံေလးသာ ရွိေတာ့သည္ကို သတိျပဳမိ ပါေတာ့၏။ ယခင္ကမိတ္ေဆြမ်ားအၾကား တစ္ယူသန္၊ လူ႔ခြစာဟူသည့္ ဘြဲ႕ ထူးမ်ား ကြယ္ေပ်ာက္ခဲ့ၿပီး တစ္သက္တာ ဥေပကၡာျပဳလာခဲ့သည့္ ဘာသာ ေရးကိစၥမ်ား၊ သာသနာေရးကိစၥမ်ားတြင္ ထဲထဲဝင္ဝင္ ပါဝင္ေဆာင္႐ြက္မႈ မ်ား ျပဳလုပ္လာႏိုင္ခဲ့သည္။ ယခင္က အႏုပဋိေလာမ႐ုပ္ဝါဒ စကားမ်ား၊ တေဖာင္ေဖာင္က်ဲ၊ ႐ြဲ႕ေစာင္းခဲ့သည့္ ႏႈတ္ကိုလည္းပဋိစၥသမုပၸာဒ္တရားမ်ား၊ ပ႒ာန္းေဒသနာေတာ္မ်ားႏွင့္ ျပန္ၿပီးတည့္မတ္ႏိုင္ခဲ့ၿပီဟူ၍လည္း ဆိုႏိုင္ပါေတာ့၏။

႐ုပ္ဝါဒကို ဖက္တြယ္ရင္း ျဖတ္သန္းလာခဲ့သည့္ ဘဝတစ္ေလွ်ာက္ ပရ ေလာက၊ နာမ္ေလာကတို႔ကို လုံးဝအယုံအၾကည္ မရွိခဲ့သူ ကြၽႏ္ုပ္အဖို႔ ထို ေလာကသားတို႔ႏွင့္ ထိပ္တိုက္ရင္ဆိုင္ ႀကဳံေတြ႕ခဲ့ျခင္းမရွိခဲ့ရသည္ကလည္း မိမိ၏အယူအဆကို ပို၍ပင္ ခိုင္မာေစသကဲ့သို႔ ျဖစ္ခဲ့သည္။ စုန္းပူးသလိုလို၊

နတ္ပူးသလိုလို၊ သရဲပူးသလိုလိုကိစၥမ်ားကို ဇာစ္ျမစ္လိုက္စုံစမ္းလိုက္သည့္ အခါ စိတ္ကစဥ့္ကလ်ားျဖစ္ျခင္း၊ ဟန္ေဆာင္လိမ္ညာလွည့္စားျခင္းတို႔ ႏွင့္သာ ျဖစ္သည္ကို ေတြ႕မိသည္။ ထို႔ေၾကာင့္ပင္ မည္သည့္ကိစၥလုပ္ကိုင္ သည္ျဖစ္ေစ၊ ႐ိုးရာယုံၾကည္မႈ ရႈေထာင့္မွမၾကည့္ဘဲ စေန၊ အဂၤါ မေ႐ြးခဲ့ပါ။ ရက္ရာဇာ၊ ျပႆဒါး၊ နဂါးလွည့္ စသည္တို႔ကို ဂ႐ုမစိုက္။ ရက္ေကာင္းရက္ ယုတ္မေ႐ြး လုပ္စရာရွိလွ်င္ လုပ္ခဲ့သည္သာ ျဖစ္သည္။ ထိုသို႔ တဇြတ္ထိုး ဆန္ဆန္ က်င့္သုံးေနထိုင္လုပ္ကိုင္မႈမ်ားေၾကာင့္ ကြၽႏ္ုပ္၏ ဇနီးသည္ အပါ အဝင္ ပတ္ဝန္းက်င္မိတ္ေဆြမ်ားႏွင့္ပါ ဝိေရာဓိအသြင္ ေဆာင္ေနခဲ့သည္။

ကြၽႏ္ုပ္ ေနထိုင္ရာ ရန္ကင္းၿမိဳ႕နယ္၊ ေက်ာက္ကုန္းရပ္သည္ ထိုစဥ္အခါ က ၿခံက်ယ္ႀကီးမ်ားႏွင့္ ေနထိုင္ၾကသူမ်ားစြာ ရွိသည္။ ယေန႔အခ်ိန္ကဲ့သို႔ လူေနစိပ္ျခင္းမရွိဘဲက်ဲပါးလွ၏။ ညဘက္ဆိုလွ်င္ ျဖတ္သြားျဖတ္လာသူမ်ား လြန္စြာနည္း၏။ ထိုစဥ္က အေျခာက္အလွန႔္ႀကီးသည္ဟု နာမည္ထြက္ခဲ့ ေသာ ျမနႏၵာဥယ်ာဥ္ၿခံဝန္းႀကီးႏွင့္လည္း သိပ္မေဝးသည္မို႔ ညေနေမွာင္ရီစ ဆိုလွ်င္ပင္ လူေျခတိတ္စျပဳသည့္ေနရာမ်ားဟု ဆိုရမည္။ တစ္ခါတစ္ရံျဖတ္ သန္းသြားသည့္ကားသံမ်ားႏွင့္ၿမိဳ႕ပတ္ရထားလမ္းဆီမွမီးရထား ခုတ္ေမာင္း သံတို႔သာ ၾကားရတတ္သည္။ ညဘက္ဆိုလွ်င္ တိတ္ဆိတ္ၿငိမ္သက္မႈက လြန္စြာႀကီးစိုးလြန္းသည့္ ရပ္ကြက္ႀကီး ျဖစ္ပါ၏။
သိမ္ႀကီးေဈး အထည္ဆိုင္ႀကီးမွာ တစ္ေနကုန္ ရွိေနရၿပီး ညေနေစာင္း ေဈးပိတ္မွ အိမ္ျပန္ရေသာကြၽႏ္ုပ္အဖို႔ညဘက္မွာ စာရင္းမ်ားလည္း တြက္ရ ခ်က္ရ၊ လိုအပ္သည္မ်ားကိုေထာင့္ေစ့ေအာင္စီမံရႏွင့္ည (၁၀)နာရီေက်ာ္မွ အိပ္ရာဝင္ရသည္က အၿမဲတမ္းလိုလိုျဖစ္ေနသည္။ ကြၽႏ္ုပ္ေနထိုင္ရာ ၿခံဝင္း မွာကားလမ္းမႀကီးမွကိုက္(၃၀) အကြာေလာက္တြင္ရွိသည္။ ကားလမ္းမမွ ေျမနီလမ္းေလးအတိုင္းဝင္လာခဲ့လွ်င္ေရွးေခတ္မက်တက်တိုက္အေဟာင္း ႀကီးတစ္ခုအျဖစ္ေတြ႕ျမင္ရမည္ျဖစ္သည္။ၿခံထဲအဝင္လမ္းတည့္တည့္တိုက္ ၏မ်က္ႏွာစာမွာအခ်င္းဆယ္ေပခန႔္ရွိေရွးလူမ်ားတူးေဖာ္ျပဳလုပ္ထားခဲ့သည့္ အုတ္စီေရတြင္းႀကီးရွိသည္။ ဤတိုက္ႀကီးကို ဝယ္ယူစဥ္ကတည္းက ပါလာ ခဲ့ျခင္းျဖစ္ပါ၏။ ကြၽႏ္ုပ္တို႔ ရပ္ကြက္မွာ ေရတြင္းကိုသာ သုံးၾကသည့္ရပ္ကြက္ ျဖစ္သည္။ ေရတြင္းမရွိသည့္ အိမ္ဟူ၍မရွိဘဲအခ်ိဳ႕ဆိုလွ်င္ ေမာင္းတက္ႀကီး မ်ားျဖင့္ ေရငင္ၾကသည္။
ကြၽႏ္ုပ္ ဘဝင္မက်သည္မွာ ဤေရတြင္းႀကီးသာ ျဖစ္ေတာ့သည္။ အိမ္ မွ ကားေလးကို ေမာင္းဝင္၊ ေမာင္းထြက္လုပ္တိုင္း ထုထည္ႀကီးမားလွသည့္ ထိုေရတြင္းႀကီးကိုေကြ႕ပတ္ဝင္ထြက္ရစၿမဲမို႔ေတာ္ေတာ္ပင္စိတ္ရႈပ္မိသည္။ ကားမဝယ္မီက ထိုျပႆနာ မရွိခဲ့ေသာ္လည္း ကားရွိလာၿပီဆိုသည္ႏွင့္ ထို ေရတြင္းႀကီး၏ေနရာယူမႈက သိသာလာခဲ့ၿပီ။ ထို႔ေၾကာင့္ကြၽႏ္ုပ္၏သားသမီး မ်ားႏွင့္ တိုင္ပင္ၿပီး ထိုေရတြင္းႀကီးကို ဖို႔ပစ္ရန္ စီစဥ္ရေတာ့သည္။

ဤတြင္ ကြၽႏ္ုပ္ႏွင့္ လြန္စြာခင္မင္ရင္းႏွီးသူ သိမ္ႀကီးေဈးဆိုင္ခ်င္းကပ္ ရက္မွ ဦးတင္ေမာင္ကို တိုင္ပင္မိေလေသာအခါ သူက အျပင္းအထန္ ကန႔္ ကြက္ပါေလေတာ့၏။
“စဥ္းစားေနာ္ – ကိုျမသိန္း၊ ကြၽန္ေတာ္က ခင္ဗ်ားအိမ္ကို မၾကာခဏ ေရာက္ဖူးေတာ့ ေရတြင္းႀကီးကို ျမင္ဖူးေတြ႕ ဖူးေနခဲ့တာ ၾကာၿပီ။ ေရွးက ေနထိုင္သူေတြကတူးၿပီး သားစဥ္ေျမးဆက္အသုံးျပဳႏိုင္ေအာင္ အခိုင္အမာ အုတ္႐ိုးစီၿပီး အခိုင္အခန႔္လုပ္ထားခဲ့တာေနာ္။ နက္ကလည္း နက္၊ က်ယ္က လည္း က်ယ္၊ ငုံ႔ၾကည့္ရင္ေတာင္ အသည္းယားစရာႀကီးဗ်။ အဲသည္လို ေရွးေဟာင္းေရတြင္းႀကီးေတြ၊ ေရကန္ႀကီးေတြဆိုရင္ မဖို႔ေကာင္းဘူး။ လူကို ဒုကၡေပးတတ္တယ္လို႔ ၾကားဖူးတယ္ဗ်”
ဦးတင္ေမာင္စကားက ကြၽႏ္ုပ္၏ ရယ္ခ်င္စိတ္ကို လႈပ္ႏႈိးလိုက္သလို ျဖစ္သြားသည္မို႔ ခပ္ဖြဖြေလး ရယ္လိုက္မိၿပီး…
“ဘာလဲ – ခင္ဗ်ား ဆိုလိုခ်င္တာကေရွး႐ိုးအယူအဆရွိလို႔ေရတြင္းဖို႔ရင္ ခိုက္တာတို႔၊ အႏၲရာယ္ျဖစ္တာတို႔၊ ဘာျဖစ္မယ္ ညာျဖစ္မယ္တို႔ ဒီလိုလား ဗ်-”
“ကြၽန္ေတာ္ေျပာမယ္- ကိုျမသိန္းရဲ႕၊ ကိုယ္က အိမ္ေထာင္ဦးစီး လူႀကီး တစ္ေယာက္မို႔ ယုံၾကည္တာ မယုံၾကည္တာ၊ လုပ္တာ မလုပ္တာ ဆုံးျဖတ္ ပိုင္ခြင့္ရွိပါတယ္။ ဒါေပမဲ့- ခင္ဗ်ားမွာကဇနီးသည္နဲ႔ သားသမီးေတြရွိေနေသး တယ္ေလ။ ဇြတ္မလုပ္ပါနဲ႔ဗ်ာ – ဒီအတိုင္းပဲ ထားလိုက္စမ္းပါဦး”
“က်ဳပ္ဘဝမွာ ဥပါဒါန္အစြဲေတြျဖဳတ္ပစ္ခဲ့တာၾကာခဲ့ၿပီကိုတင္ေမာင္ရဲ႕၊
က်ဳပ္သားသမီးေတြဆိုရင္လည္းက်ဳပ္ရဲ႕အေတြးအေခၚအတိုင္းႀကီးျပင္းလာ ခဲ့တာဆိုေတာ့ တစိတ္တသေဘာထဲပဲ။ ဘာကိုမွ ခိုင္ခိုင္မာမာ မေတြ႕မျမင္ရ ဘဲ ေၾကာက္လန႔္စိုးရိမ္တာေတြ၊ ဟိုဟာမလုပ္ရဲ သည္ဟာမလုပ္ရဲဆိုတာ ေတြလုံးဝမရွိဘူး။ ဘြဲ႕ရေခတ္ပညာတတ္ေတြဆိုေတာ့ စဥ္းစားေတြးေခၚတာ က်ဳပ္ထက္ေတာင္ သာေသးသဗ်ိဳ႕။ အဲ – တစ္ခုပဲ ေျပာစရာရွိတယ္၊ က်ဳပ္ရဲ႕ မိန္းမ မက်င္ေအးပဲ။ သူကက်ဳပ္တို႔ သားအဖေတြမႀကိဳက္မွန္း၊ လက္မခံမွန္း

သိလ်က္နဲ႔ ဟိုေဗဒင္ေမး၊ သည္ယၾတာလုပ္ရ၊ ဟိုနတ္ပ,သရ၊ ဒီဘိုးေတာ္ ပူေဇာ္ရနဲ႔။ ဒါကလည္း က်ဳပ္သိမွာစိုးလို႔ပုန္းလွ်ိဳးကြယ္လွ်ိဳး လုပ္ရတာပါဗ်ာ။ ခုသည္ကိစၥမွာလည္း သူတစ္ေယာက္ပဲ၊ အေၾကာက္အကန္ျငင္း၊ ကန႔္ကြက္ ေနေလရဲ႕ဗ်ာ
ကြၽႏ္ုပ္၏ စကားကို နားေထာင္ေနသည့္ ဦးတင္ေမာင္က ေခါင္းကို တဆတ္ဆတ္ခါလိုက္ရင္း …
“အင္း- ေျပာမရေတာ့လည္း ခင္ဗ်ားပိုင္တဲ့ ေရတြင္းပဲဗ်ာ။ ခင္ဗ်ား ႀကိဳက္သလို စီရင္ပိုင္ခြင့္ရွိတာပဲေလ။ က်ဳပ္ဆိုရင္ေတာ့ အယူသီးတယ္ပဲ ေျပာေျပာ မလုပ္ရဲဘူးဗ်ိဳ႕”
သူ႔ကိုၾကည့္ၿပီးကြၽႏ္ုပ္ရယ္ေမာေလွာင္ေျပာင္မိမတတ္ျဖစ္သြားရေတာ့
သည္။ သည္လိုအယူသီးစြဲလမ္း အေၾကာက္တရားႀကီးေနသူေတြေလာက ႀကီးမွာ အေရအတြက္ မည္မွ်မ်ားေနၿပီလဲဟူ၍ေတြးလိုက္မိပါေတာ့၏။

ေရတြင္းႀကီးကို မဖို႔ခင္ ေရွးဦးစြာ ၿခံေထာင့္တစ္ေနရာ၌ အဝီစိေရတြင္း တစ္ခု တူးေဖာ္လိုက္ပါ၏။ ထြက္လာသည့္ ေရမွာ ၾကည္လင္သန႔္ရွင္းၿပီး ေကာင္းမြန္သျဖင့္ ေရအတြက္ စိတ္ခ်ရၿပီျဖစ္၍ လာမည့္အပတ္အတြင္း ေရတြင္းႀကီးကို ဖို႔ပစ္ရန္ သားသမီးမ်ားႏွင့္ စီစဥ္ပါေလေတာ့သည္။ အဆင္ သင့္ခ်င္ေတာ့ မိတ္ေဆြတစ္ဦးက၎၏တိုက္ေဟာင္းကိုဖ်က္၍အသစ္ျပန္
ေဆာက္ေနသည္ျဖစ္၍လိုအပ္သည့္ေျမမ်ား၊ အုတ္က်ိဳးမ်ားလာယူရန္ေျပာ လာသည္။ အဓိကက အလုပ္သမားရွာေဖြရန္သာ က်န္ေတာ့သည္။ ဒါက လည္း အခက္အခဲသိပ္မရွိလွပါေခ်။ သိမ္ႀကီးေဈး၌ကုန္ထမ္းအလုပ္သမား မ်ားကို ပိတ္ရက္၌ ေခၚ၍ခိုင္းလိုက္လွ်င္ အဆင္ေျပမည္ျဖစ္သည္မို႔ ေရတြင္း ႀကီးအတြက္ စိတ္ေအးရေတာ့မည္ ျဖစ္သည္။
ေျမႀကီးႏွင့္အညီ ဖို႔လိုက္လွ်င္ အိမ္ေရွ႕မ်က္ႏွာစာ က်ယ္ဝန္းစြာ ထြက္ လာၿပီး ကားႏွစ္စီးခန႔္ထား၍ပင္ ရႏိုင္ေသး၏။ တစ္ဦးတည္း အစီအစဥ္မ်ား
ဆြဲေနရင္း ထိုညက ေတာ္ေတာ္ႏွင့္ အိပ္၍မေပ်ာ္ႏိုင္။ မနက္ေဈးဆိုင္ ဖြင့္ရ မည္လည္းရွိေသး၍ ဇြတ္မွိတ္၍ေပ်ာ္ေအာင္ အိပ္ရေတာ့သည္။ မည္မွ်ၾကာ ေအာင္ အိပ္ေမာက်သြားမိသည္မသိ။ ကြၽႏ္ုပ္၏နာမည္ကိုေအာ္ေခၚသံၾကား ၍ အိပ္ရာမွထၿပီး အိမ္ေရွ႕သို႔ ထြက္လာမိသည္။ က်န္အိမ္သားမ်ား မႏိုးၾက ေသး။ ေစာေစာစီးစီး ဘယ္သူပါလိမ့္ဟူ၍ မ်က္စိကိုပြတ္၍ ၾကည့္မိလိုက္ သည္။ အိမ္တံခါးမႀကီးကိုဖြင့္ၿပီး အျပင္မွ သံဘာဂ်ာတံခါးကိုသာ ေသာ့ခတ္ ပိတ္ထားျခင္းျဖစ္သည္။ ပူအိုက္လွသည့္ေႏြရာသီအခ်ိန္၌ဤသို႔ပင္ညဘက္ မ်ားမွာ တံခါးမႀကီးဖြင့္ၿပီး အိပ္တတ္ၾကသည္။ ကြၽႏ္ုပ္ မျမင္မသိဘူးသည့္ သူ တစ္ေယာက္ကို ေတြ႕လိုက္ရေတာ့သည္။
အရပ္ျမင့္ျမင့္ကိုယ္လုံးကိုယ္ထည္တုတ္တုတ္ခိုင္ခိုင္ႏွင့္အသားညိဳညိဳ၊ အသက္က ကြၽႏ္ုပ္ႏွင့္ ႐ြယ္တူခန႔္ဟု မွန္းဆမိသည္။ ထိုသူ၏မ်က္လုံးမ်ား၌ တစ္စုံတစ္ခုကို အလိုမက်၊ ေဒါသထြက္ေနသည့္သဏၭာန္က ေပၚလြင္ေန သည္။ ကြၽႏ္ုပ္ကို ေစ့ေစ့ၾကည့္ရင္း အက္ကြဲကြဲ အသံတစ္မ်ိဳးႏွင့္ စကားစ၍ ေျပာေတာ့သည္။
“မင္းတို႔- ေရတြင္းႀကီးကိုဖို႔ပစ္ဖို႔ႀကံစည္ေနၾကတယ္မဟုတ္လား။ ငါတို႔ လုံးဝသေဘာမတူဘူး။ စိတ္ထင္ရာေတြ ေလွ်ာက္လုပ္မေနၾကနဲ႔၊ လုပ္ခဲ့ ရင္လည္း မင္းတို႔မိသားတစ္စုလုံး မလြယ္ဘူးသာ မွတ္လိုက္ေတာ့။ ငါတို႔ ေနထိုင္လာခဲ့တာ ႏွစ္ပရိေစၦဒ ၾကာခဲ့ၿပီကြ။ မင္းနဲ႔က်မွ ငါတို႔ ဒုကၡအေရာက္ မခံႏိုင္ဘူး။ ငါကေတာ့ သတိေပးသင့္လို႔ လာသတိေပးတာပဲ။ ဒါကိုမွ နား မေထာင္ဘဲ ဇြတ္လုပ္ရင္ေတာ့ ကိုယ့္ထိုက္နဲ႔ ကိုယ့္ကံပဲေဟ့”
ကြၽႏ္ုပ္ ဘာျပန္ေျပာရမည္မွန္းမသိ၊ အသားလြတ္ႀကီး လာၿပီးႀကိမ္း ေမာင္းၿခိမ္းေျခာက္သြားခဲ့သူကိုသာအေၾကာင္သားၾကည့္ေနမိသည္။ တစ္စုံ တစ္ခုျပန္ေျပာမည္ဟုႀကံ႐ြယ္လိုက္စဥ္မွာေတာ့ထိုသူမရွိေတာ့ၿပီ။ေျပာေျပာ
ဆိုဆိုႏွင့္လွည့္ထြက္သြားခဲ့ၿပီျဖစ္သည္။ ယခုမွကြၽႏ္ုပ္စဥ္းစားမိေတာ့သည္။ ၿခံဝက တံခါးႀကီးကို ညစဥ္ေသာ့ျဖင့္ ခတ္ပိတ္ထားပါလ်က္ ထိုသူ မည္သို႔ ဝင္လာခဲ့ေလသနည္း။ သားႀကီးျဖစ္သူက တစ္ခါတစ္ရံ အိမ္ျပန္ေနာက္က်
တတ္သည္။ သူပဲေမ့ၿပီးေသာ့မခတ္ခဲ့ေလသလား။ ထိုစဥ္မွာပင္ကြၽႏ္ုပ္လက္ ေမာင္းကို ကိုင္လႈပ္ေနသည္ကို သတိထားမိလိုက္သည္။
ေတာ့”
“ကိုျမသိန္း- ထေတာ့ေလ၊ ေဈးသြားဖို႔ နီးၿပီ၊ ေရမိုးခ်ိဳးဖို႔ ျပင္ဆင္
ဇနီးျဖစ္သူ မက်င္ေအးက ကြၽႏ္ုပ္ကို ႏႈိးေနျခင္းသာတည္း။ ယခုမွပင္ ကြၽႏ္ုပ္မွာ အိပ္ရာထက္မွာပဲ ရွိေနေသးသည္ကို ဂ႐ုျပဳမိလိုက္သည္။ ဒါျဖင့္ ေစာေစာက အိပ္မက္မ်ားလား၊ အို – မျဖစ္ႏိုင္တာ ငါကိုယ္တိုင္ အိမ္တံခါးဝ ေရာက္သြားၿပီးစကားေျပာသြားတဲ့သူကိုၾကည့္ခဲ့ေသးတာပဲ။ ခ်က္ခ်င္းမထ ႏိုင္ေသးဘဲ မ်က္ေမွာင္ႀကဳံ႕၍ စဥ္းစားေနမိေလသည္။ ဇနီးျဖစ္သူက ထပ္၍ ေျပာျပန္သည္။
“ရွင္ – ညက ဘယ္အခ်ိန္မွအိပ္လို႔လဲ၊ တစ္အိမ္သားလုံး ႏိုးေနတာၾကာ လွၿပီ။ သိပ္ၿပီး ညဥ့္နက္ခံမေနပါနဲ႔ရွင္၊ ရွင့္အသက္အ႐ြယ္နဲ႔ အိပ္ေရးပ်က္ခံ တိုင္း မေကာင္းေတာ့ဘူး။ ကဲ-ထ- ထ ရွင့္သားသမီးေတြေတာင္ ျပင္ဆင္ ေနၾကၿပီ”
ေသခ်ာၿပီ – ကြၽႏ္ုပ္အိပ္မက္မက္ေနျခင္းပင္တည္း။ တကယ့္ကိုယ္တိုင္ ႀကဳံခဲ့ရသလို ပီျပင္လြန္းလွသည့္ အိပ္မက္ပါတကား။ ကြၽႏ္ုပ္ မည္သူ႔ကိုမွ ျပန္မေျပာဘဲႏႈတ္ဆိတ္ေနလိုက္ပါေတာ့၏။ ကိုတင္ေမာင္ႏွင့္ စကားေျပာဆို မိသည္မ်ားကို စဥ္းစားရင္း အိပ္မက္မွာ စိတ္စြဲလမ္းသြားတာပဲ ျဖစ္ပါမည္။ သို႔ေသာ္…
“အေဖ-အေဖ့ကို သားေျပာစရာရွိတယ္၊ က်န္တဲ့သူေတြေရွ႕မွာေတာ့ မေျပာခ်င္လို႔ ခုလို ကားေပၚေရာက္မွ ႏွစ္ေယာက္ခ်င္း ေျပာရမွာ အေဖရဲ႕” သိမ္ႀကီးေဈးကို ကားေလးျဖင့္ သားအဖႏွစ္ေယာက္ ဆိုင္သို႔အသြား သားျဖစ္သူက ကားေမာင္းရင္း ေျပာလာသည္။
“ေျပာပါဦးကြ- ဘာမ်ားေျပာစရာရွိလို႔လဲ၊ သားအဖႏွစ္ေယာက္တည္း ေျပာရမွာဆိုေတာ့ မင္း မိန္းမယူခ်င္ၿပီလို႔ ေျပာမလို႔လား – လုပ္ပါဦး”

ကြၽႏ္ုပ္ကရယ္႐ႊန္းပတ္႐ႊန္းေျပာလိုက္ေသာ္လည္းသားကမ်က္ႏွာထား
တည္တည္ႏွင့္ …
ကိစၥ”
“မဟုတ္ဘူး-အေဖ၊ သားေျပာမွာက သားတို႔အိမ္က ေရတြင္းႀကီး
“ေဟ
ကြၽႏ္ုပ္မ်က္ခုံးအစုံမွာ႐ုတ္တရက္ျမင့္တက္သြားသေယာင္ျဖစ္သြားမိပါ
ေတာ့သည္။
“သည္လို-အေဖရဲ႕ညကသားအိပ္မက္မက္တယ္၊ အိပ္မက္ဆိုေပမယ့္ တကယ့္အျဖစ္လိုပါပဲအေဖရယ္။ သားဆီကိုလူႀကီးတစ္ေယာက္လာတယ္။ ေရတြင္းႀကီးကို မဖို႔နဲ႔တဲ့။ ေျပာတာ နားမေထာင္ဘဲ ဇြတ္လုပ္ခဲ့ရင္ေတာ့ မင္းတို႔ တစ္မိသားစုလုံး ငါ့အေၾကာင္း သိမယ္ဆိုၿပီး ႀကိမ္းေမာင္းသြားလိုက္ တာ အေဖရယ္ ေဒါသတႀကီးပါပဲ”
သား၏ အိပ္မက္ႏွင့္ ကြၽႏ္ုပ္၏ အိပ္မက္က တစ္ထပ္တည္း ျဖစ္ေနပါ ပေကာ။ ကြၽႏ္ုပ္က အတန္ငယ္ စဥ္းစားလိုက္သည္။ ကြၽႏ္ုပ္မက္သည့္ အေၾကာင္းကို သားကိုေျပာမျပေတာ့။ ကြၽႏ္ုပ္ကပါ ထိုကိစၥကို လက္ခံသြား ခဲ့လွ်င္ ကြၽႏ္ုပ္ တစ္သက္လုံး မယုံၾကည္ခဲ့သည့္ကိစၥရပ္မ်ားအေပၚ လက္ခံ သြားရေကာင္းလင့္ဟု ကြၽႏ္ုပ္၏အေပၚ၌လည္း အထင္ေသးသြားေတာ့မည္ ျဖစ္သည္။ ထို႔ေၾကာင့္လည္း…
“အိပ္မက္ပဲကြာ- သူ မက္ခ်င္ရာမက္မွာေပါ့။ သူမ်ားေတြက ေရတြင္း ဖို႔ရင္ ဘာျဖစ္မယ္၊ ညာျဖစ္မယ္ဆိုၿပီး ေျပာေနၾကတာေတြ။ ငါ့သားစိတ္ထဲ စြဲၿပီး မက္တာျဖစ္မွာေပါ့၊ ဘာလဲ – မင္းက ေၾကာက္ေနလို႔လားကြ”
“မဟုတ္ပါဘူး – သားက အေဖ့လိုပဲ ဒါမ်ိဳးေတြလက္ခံတဲ့သူ မဟုတ္ဘူး ဆိုတာ သိရဲ႕သားနဲ႔။ ဒါေပမဲ့ – အိပ္မက္က တကယ့္ကို အျပင္မွာ လာေျပာ ေနသလိုမ်ိဳးခ်ည္း အေဖရာ”
“ေခါင္းထဲမွာ ေဖ်ာက္ပစ္လိုက္ပါ သားရယ္၊ စြဲမေနပါနဲ႔ေတာ့ကြာ”
“ဟုတ္ကဲ့ – အေဖ၊ အေမ့ကိုေျပာလိုက္ရင္ေကာင္းမလားလို႔ မနက္က စဥ္းစားမိေသးတယ္”
“ေအာင္မယ္ေလး- မေျပာလိုက္ပါနဲ႔ကြာ၊ ေျပာသာ ေျပာလိုက္မိရင္ ေတာ့ ေရတြင္းကိစၥကို အေၾကာက္အကန္ ဖ်က္ေတာ့မွာ အေသခ်ာေဟ့” သားအဖႏွစ္ေယာက္ရယ္ရယ္ေမာေမာႏွင့္ စကားေျပာၾကရင္းထိုကိစၥ ကို ၿပီးေပ်ာက္လိုက္ၾကပါေတာ့၏။

ေနာက္တစ္ေန႔ မနက္ဘက္တြင္ မိတ္ေဆြျဖစ္သူက အုတ္က်ိဳးမ်ားႏွင့္ ေျမႀကီးမ်ားလာ၍တိုက္ပါဆိုသျဖင့္ ကားတစ္စီးငွားၿပီး ငါးေခါက္တိတိတိုက္ ရေလေတာ့သည္။ ၿခံအဝင္လမ္းမေဘးတစ္ေလွ်ာက္၌ ပုံထားလိုက္ၿပီး တနဂၤေႏြ ေဈးပိတ္ရက္က်မွ အလုပ္သမားမ်ား ေခၚကာဖို႔မည္ျဖစ္သည္။ ေလးေခါက္တိုက္အၿပီး ေနာက္ဆုံးအေခါက္တြင္မူ အုတ္က်ိဳးဘိလပ္ေျမ အတုံးႀကီးမ်ား ပါလာ၏။ အလုပ္သမားမ်ားကို ေနရာျပေပးေနရင္း ဂ႐ုစိုက္ လုပ္ကိုင္ေနသည့္အၾကားမွ အတန္ငယ္ႀကီးသည့္ ခဲတုံးႀကီးတစ္ခုက ကြၽႏ္ုပ္ ထံသို႔ လြင့္စဥ္လာၿပီး ေျခသလုံး႐ိုးကို မွန္ပါေလေတာ့သည္။
ကားေပၚမွ တြန္းခ်ေနသူ အလုပ္သမားက မ်က္စိမ်က္ႏွာပ်က္ျဖင့္ ကြၽႏ္ုပ္ကို ေတာင္းပန္ရွာသည္။ က်န္သူမ်ားပါ ဝိုင္း၍လာၾကၿပီး ကြၽႏ္ုပ္ကို ေပြ႕ခ်ီ၍ အိမ္ထဲပို႔လိုက္ၾကသည္။ ကြၽႏ္ုပ္ကား လမ္းေလွ်ာက္၍ပင္ မရႏိုင္ ေတာ့ၿပီ။ ဇနီးသည္က ဆိုင္မွာရွိသည့္ သားႀကီးထံသို႔ ဖုန္းဆက္ေခၚသည္။ သားလာလွ်င္ ကားႏွင့္ေဆး႐ုံ (သို႔) အ႐ိုးအေၾကာကုဌာနတစ္ခုခုသို႔ ျပမည္ ျဖစ္သည္။ ေဘးမွ အလုပ္သမားတစ္ေယာက္က…
“အဲဒီခဲတုံးႀကီးက ဦးေလးနဲ႔ အလြတ္ႀကီးပါ။ ဒါေပမဲ့- ဘယ္လိုကဘယ္ လို လိမ့္ၿပီး ဦးေလးေျခေထာက္ကို သြားထိတာလည္း မစဥ္းစားတတ္ေတာ့ ဘူး။ မသိရင္ေတာ့ တစ္ေယာက္ေယာက္က ခ်ိန္ၿပီးတြန္းလိုက္သလိုဦးေလး ဘက္ကို လိမ့္သြားလိုက္တာဗ်ာ”
ထိုခဏ၌ ကြၽႏ္ုပ္မွာ အိပ္မက္မွ ေျပာသြားေသာ စကားသံတို႔ကို ႐ုတ္ ျခည္း ျပန္စဥ္းစားမိလိုက္သည္။ အို – မျဖစ္ႏိုင္တာ၊ ျဖစ္ခ်င္လို႔ အခန႔္မသင့္လို႔ ျဖစ္သြားတာ။ ဘာပေယာဂမွ ပါတာမဟုတ္ပါဘူး။ ေသြးမေၾကာင္စမ္းပါ နဲ႔ဟူ၍လည္း မိမိကိုယ္မိမိ ေျဖသိမ့္လိုက္ပါေတာ့၏။ ဇနီးသည္က သားကို မေစာင့္ေတာ့ဘဲ ေဆးခန္းသြားရန္ေျပာသည္။ ကြၽႏ္ုပ္က သားလာမွပဲ သြား မည္ဟု ဇြတ္ေပေနသည္။ ထိုခဏမွာပင္ ဧည့္ခန္းမွ ဖုန္းသံျမည္လာသည္။ သြား၍ကိုင္လိုက္သည့္အခါစိတ္ဆင္းရဲဖြယ္ရာ သတင္းတစ္ခု
ဇနီးျဖစ္သူက ျဖစ္ေနပါေတာ့သည္။
“ဒုကၡပါပဲ – ကိုျမသိန္းရယ္၊ သားႀကီးရဲ႕ကားနဲ႔ လိုင္းကားနဲ႔ပြတ္မိၾကလို႔ တဲ့။ အဲဒါရွင္းလင္းေနၾကတာမၿပီးေသးဘူးတဲ့ေတာ္။ သားက သူ႔ကိုမေစာင့္ နဲ႔တဲ့၊ ေဆးခန္းကိုသာ သြားႏွင့္ၾကေတာ့တဲ့”
“သားႀကီးေကာ – ဘာျဖစ္သြားေသးသတဲ့လဲ”

“လူေတာ့ ဘာမွမျဖစ္ပါဘူးတဲ့၊ ကားကေတာ့ နည္းနည္းထိသြားတယ္ တဲ့။ လိုင္းကားက အၿပိဳင္ေမာင္းရင္း သူ႔ကားကို ဝင္တိုးတာတဲ့။ သူ မမွားေပ မဲ့ယာဥ္ထိန္းရဲကိစၥေတြေတာ့ အပ်က္အစီးကို အေလ်ာ္ေတာင္းဖို႔ေတြေကာ မို႔ ၾကာဦးမွာတဲ့။ စိတ္ညစ္လိုက္တာရွင္–”
စိတ္ေသာကေရာက္ဖြယ္ မ်ားစြာႀကဳံေတြ႕ ၾကရၿပီး တစ္အိမ္သားလုံး ႏွလုံးစိတ္ဝမ္း မခ်မ္းသာႏိုင္ၾကၿပီ ျဖစ္သည္။ ေဆးခန္းသို႔ သြားသည့္အခါ ကြၽႏ္ုပ္၏ ညာဘက္ေျခသလုံး႐ိုး အက္သြားသျဖင့္ ေက်ာက္ပတ္တီး စည္း လိုက္ရပါေတာ့သည္။
ညဘက္ မိသားစုမ်ား ဆုံၾကေသာ္ သားႀကီးအား ျဖစ္ပ်က္ခဲ့သမွ် ေမး ၾကည့္၏။ သားက သူ မမွားေၾကာင္း၊ သူ႔လမ္းအမွန္ေမာင္းေနတာကို လိုင္း ကားကေက်ာ္တက္ၿပီးဝင္တိုက္သြားျခင္းျဖစ္ေၾကာင္း ညာဘက္ေမာင္းျဖစ္ ၍သူ႔ကိုထိခိုက္မႈမွလြတ္ျခင္းျဖစ္ေၾကာင္း၊ ကား၏ ဘယ္အျခမ္းမွာ အေတာ္ ပင္ စုတ္ျပတ္ထြက္သြားေၾကာင္း ေျပာျပပါေတာ့သည္။
“အေဖ-ကြၽန္ေတာ္ညကမက္တဲ့အိပ္မက္ေၾကာင့္မ်ား ျဖစ္ေနသလား
မသိဘူး”ဟူ၍ ခပ္တိုးတိုးေမးသည္။ ကြၽႏ္ုပ္က ျပန္၍…
“မဟုတ္တာ – သားရယ္၊ အစြဲအလမ္းမထားပါနဲ႔ကြာ၊ ခုဟာက သူ႔ဟာ သူ ျဖစ္ခ်ိန္တန္လို႔ တိုက္တိုက္ဆိုင္ဆိုင္ ျဖစ္သြားၾကတာပါကြာ၊ မင္းက လည္း”
“ခုလို တိုက္ဆိုင္တာႀကီးကိုေတာ့ သားစိတ္ထဲမွာ ဘဝင္မက်ခ်င္ဘူး အေဖရယ္”
ကြၽႏ္ုပ္က သားအား အယူမသီးဖို႔ အေတြးမေခ်ာ္ဖို႔ စသျဖင့္ ရွင္းလင္း ေျပာၾကတာ ေျဖသိမ့္လိုက္ရပါေတာ့သည္။ ကြၽႏ္ုပ္ ကိုယ္တိုင္ကပါ သားႏွင့္ အတူမက္ခဲ့သည့္ အိပ္မက္ႏွစ္ခုလုံး ထပ္တူထပ္မွ် တိုက္ဆိုင္လြန္းသည္ကို သံသယမရွင္းပါေခ်ေတာ့။ ခုဆိုလွ်င္ ေက်ာက္ပတ္တီးစည္းထားရသျဖင့္ သုံးလခန႔္ ဆိုင္မထြက္ႏိုင္ေတာ့ဘဲ အိမ္တြင္းေအာင္းေနရေခ်ဦးမည္မို႔ စိတ္ လည္း တို၊ ေဒါသလည္း ထြက္မိသည္။ မည္သူ႔ကို ေဒါသထြက္ရမွန္းေတာ့ မသိ၊ ေဈးမွ ဦးတင္ေမာင္လာလွ်င္လည္း ေရတြင္းႀကီးေၾကာင့္ဟုေျပာေတာ့ မွာကေတာ့ အေသအခ်ာပင္ ျဖစ္ပါေတာ့သည္။

ေနာက္တစ္ေန႔ နံနက္ဘက္ ေဝလီေဝလင္းအခ်ိန္ေလာက္မွာ သမီး ျဖစ္သူ၏ အလန႔္တၾကားေအာ္ဟစ္သံေၾကာင့္ အိပ္ရာထဲမွေန၍ ထရန္ျပင္ လိုက္ေသာ္လည္း ႐ုတ္တရက္ ထ၍မရႏိုင္။ သားႏွင့္ သမီးတို႔၏ ေအာ္ဟစ္ သံတို႔ကိုသာ နားေထာင္ၿပီး ဘာေတြျဖစ္ေနမွန္းကို မသိေတာ့။ ခဏၾကာမွ သားႏွင့္သမီးႏွင့္အတူ ဇနီးသည္ပါ ေရာက္လာၾကသည္။
“မင္းတို႔ ဘာေတြျဖစ္ေနၾကတာလဲကြေဟ၊ ဆူညံေနၾကပါကလား” ကြၽႏ္ုပ္ ေမးခြန္းအဆုံးမွာ ထိတ္လန႔္တုန္လႈပ္ေနသည့္ သမီးက … “ေႁမြႀကီးအေဖ-ေတာ္ေတာ္အေကာင္ႀကီးတယ္၊ အရွည္ကလည္း တစ္လံေက်ာ္ေလာက္ ရွိမယ္ထင္တယ္”
“ဘယ္ေနရာမွာ ေတြ႕တာလဲ၊ အိမ္ထဲ ဝင္လာလို႔လား”
“ေရတြင္းႀကီးေဘးမွာ ေခြေနတာ အေဖ၊ အဝါနဲ႔အနက္ၾကားနဲ႔၊ သမီးက အိမ္ေရွ႕ၿခံတံခါး သြားဖြင့္တာ ေႁမြႀကီးက သမီးသြားမယ့္လမ္းကို ပိတ္ၿပီး ေခြေခြႀကီး ေၾကာက္လိုက္တာ အေဖရယ္” သားႀကီးကပါဝင္၍ ေျပာလာသည္။
“ညီမေလးေအာ္သံၾကားလို႔ေျပးထြက္သြားေတာ့ဒီေကာင္ႀကီးကကြၽန္ ေတာ္တို႔ဘက္ကို လွည့္ၿပီး ပါးပ်ဥ္းေထာင္ၾကည့္တယ္။ သားလည္း တုတ္ တစ္ေခ်ာင္းနဲ႔ ႐ိုက္မယ္လို႔လုပ္ေတာ့မွၿခံအျပင္ကိုေလွ်ာခနဲထြက္သြားတယ္။ သားေနာက္က လိုက္ၾကည့္ေရာ ၿခံအျပင္ေရာက္ေတာ့ မေတြ႕ရေတာ့ဘူး။ အုတ္က်ိဳးပုံေတြၾကားထဲမ်ား ဝင္သြားသလား မသိပါဘူး”
“ဒါဆိုရင္ ဂ႐ုစိုက္ၾကေဟ့၊ ေႁမြႀကီးကခိုရင္ခိုေနဦးမွာ၊ ေျခာက္လွန႔္အသံ ေပးလိုက္ဦး၊ တို႔အိမ္သားေတြက သည္လမ္းကပဲ ဝင္ထြက္ေနရတာ မဟုတ္ လား”
မိသားတစ္စုလုံး စိတ္ညစ္စရာမ်ား ႀကဳံေတြ႕ေနရသျဖင့္ ကြၽႏ္ုပ္ လြန္စြာ စိတ္ဆင္းရဲမိ၏။ ေႁမြႀကီးက သူ႔ဘာသာသူထြက္သြား၍သာ ေတာ္ေတာ့၏။ ကိုက္မ်ား ကိုက္မိလိုက္ပါက မေတြးဝံ့စရာပါတကား။
ဤေန႔တစ္ေန႔လုံး အိပ္ရာထဲမွာ လဲေလ်ာင္းရင္းကြၽႏ္ုပ္ စဥ္းစားခန္းဝင္ ေနမိပါေတာ့သည္။ ႏွစ္ရက္အတြင္းျဖစ္ပ်က္လာသမွ်တို႔မွာတိုက္ဆိုင္မႈလား၊ တစ္စုံတစ္ခုေသာ အေၾကာင္းေၾကာင့္လား၊ အိပ္မက္ရွင္၏ ႀကိမ္းေမာင္းမႈ ေနာက္ဆက္တြဲ ျဖစ္ရပ္မ်ားေပလား ေဝခြဲမရႏိုင္ေတာ့။ ဇနီးသည္မွာလည္း ေရတြင္းႀကီးကို ဖို႔မပစ္ဖို႔ မ်က္ရည္လည္႐ြဲႏွင့္ ေတာင္းပန္လာေခ်ၿပီ။ ကြၽႏ္ုပ္ေျခေထာက္မွာလည္းျပန္၍ေကာင္းရန္ရက္မ်ားစြာလိုေသးသည္ မို႔ ေျခေထာက္ပတ္တီးေျဖၿပီးမွသာ ဖို႔ေတာ့မည္ဟု ကတိေပးလိုက္ပါေတာ့ သည္။ ဇနီးသည္ကေတာ့ လုံးဝမဖို႔ပါႏွင့္၊ သည္အတိုင္းပဲထားလိုက္ပါေတာ့ ဟူ၍သာေျပာေနပါေခ်၏။ သားျဖစ္သူမွာလည္းအိမ္မွကားေလးကိုဝပ္ေရွာ့ ပို႔ထားရသျဖင့္ တကၠစီျဖင့္သာ ေဈးသို႔သြားေနသည္။
ထိုေန႔ညကအိပ္မက္မက္ျပန္သည္။တစ္ေန႔ကလူႀကီးကိုပင္ျဖစ္သည္။
သူ၏ မ်က္ႏွာမွာ မႈန္မႈိင္းေနၿပီး ေဒါသအခိုးတို႔ လွ်ံတက္ေနသလို…
“မင္းတို႔ငါ့စကားကိုနားမေထာင္ဘဲတစ္ဆင့္တက္ဖို႔ငါလည္းတစ္ဆင့္
တက္ၿပီး အေၾကာင္းျပလိုက္တာပဲ။ အဲဒါမွ မမွတ္ၾကေသးရင္ ဆက္လုပ္ၾက ေပါ့ကြာ။ မင္းလို လူ ခြစာကေတာ့ လက္ေတြ႕က်က် လုပ္ျပမွ ယုံမွာမဟုတ္ လား။ ဒီထက္ လက္ေတြ႕က်ခ်င္ရင္ ဆက္ၿပီး လုပ္ၾကဦး”
ကြၽႏ္ုပ္ကိုလက္ညႇိဳးေငါက္ေငါက္ထိုး၍ႀကိမ္းေမာင္းေနသည္ကို ၾကည့္ ၿပီး ကြၽႏ္ုပ္မွာ ျပန္ေျပာစရာ အားမရွိသလို ခံစားေနရသည္။ အျပင္ဘက္မွာ ဆိုလွ်င္ ပြဲက ၾကည့္ေကာင္းမွာ အေသအခ်ာ။ အိပ္ရာက လန႔္ႏိုးေတာ့ တစ္ ကိုယ္လုံး ေခြၽးေစးေတြ ပ်ံေနၿပီး ကတုန္ကယင္၊
ဘာပဲျဖစ္ျဖစ္ ေရတြင္းဖို႔ရန္ကိစၥကိုေခတၱရပ္ဆိုင္းထားလိုက္ေတာ့မည္ ဟု ဆုံးျဖတ္ခ်က္ခ်မိၿပီး ဇနီးသည္ကိုေတာ့ စိတ္သက္သာမႈ ရေစရန္ မဟုတ္ မလြန္ေျပာထားရေလသည္။

ဇနီးသည္ မက်င္ေအးကား ယခုရက္ပိုင္းအတြင္း ဘာသာေရးကို ပို၍ လုပ္လာသည္ကို သတိျပဳမိ၏။ ပရိတ္ပ႒ာန္းမ်ား ႐ြတ္ဖတ္ျခင္းကို နံနက္မိုး ေသာက္၊ ညေန ေနဝင္ရီတေရာ အခ်ိန္တို႔၌ ပုံမွန္ျပဳလုပ္ၿပီး အမွ်ေဝ ေမတၱာ ပို႔သံတို႔ျဖင့္ တိုက္တစ္ခုလုံး လႊမ္းၿခဳံေစလ်က္ ရွိေတာ့၏။ ကြၽႏ္ုပ္မွာ အထူး အလုပ္မရွိသျဖင့္ လက္လွမ္းမီရာ စာအုပ္စာတမ္းေလးမ်ား ဆြဲယူၿပီး အပ်င္း ေျပရေလသည္။ လယ္တီဆရာေတာ္၏ ဒီပနီမ်ားႏွင့္ အနာဂတဝင္က်မ္း၊ မိလိႏၵပဉႇက်မ္း၊ ဇိနတၳပကာသနီက်မ္းႀကီးတို႔ကိုပါ ဇနီးသည္က ရွာေဖြၿပီး ဖတ္ရႈေစသည္။ အားလပ္ေနသည့္အတူတူေတာ့ အပ်င္းေျပသေဘာဖတ္ရႈ ၿပီး တစ္စႏွင့္တစ္စ ဘာသာတရားကို စိတ္ဝင္တစား ရွိလာပါေတာ့သည္။ ဗုဒၶ၏အစြန္းႏွစ္ဖက္လြတ္မဇၩိမဋိပဋာလမ္းစဥ္ကိုထဲထဲဝင္ဝင္ ေလ့လာမိပါ ေခ်ၿပီ။ တစ္နည္းဆိုလွ်င္ အခ်ိန္ကာလမ်ားစြာ အေမွာင္တိုက္ထဲမွာ အကန္း ဘဝျဖင့္ ေပ်ာ္ေမြ႕ေနခိုက္ လင္းခနဲ ဝင္းခနဲ လက္လိုက္သည့္ အလင္းေရာင္
ေလးတစ္စေၾကာင့္ အလင္း၏တန္ဖိုး အရသာကို စားသုံးလိုက္မိၿပီျဖစ္
သည္။
(၃၁)ဘုံဟူသည္ကို ယခင္က လက္မခံခဲ့သည့္ တစ္ယူသန္ဝါဒမွစ၍ ကံ.ကံ၏အက်ိဳးအျပစ္မ်ားပါမက်န္ေသခ်ာေစ့ငုနားလည္သေဘာေပါက္လာ ခဲ့သည္။ သိပၸံပညာျဖင့္တိုင္းတာ၍မရႏိုင္သည့္ကိစၥရပ္မ်ားကိုပါတရားေတာ္ ႏွင့္ခ်ိန္ထိုးၿပီး အေျဖထုတ္တတ္လာခဲ့ပါ၏။ ျမင္အပ္၊ မျမင္အပ္ သတၱဝါမ်ား မကြၽတ္မလြတ္ ၿပိတၱာဘဝ၌ ရွိေနရသူမ်ား စသျဖင့္ ယခင္က လက္မခံႏိုင္ခဲ့ သည့္ ဘုံသားမ်ားကို ေနရာေပး စဥ္းစားမိလာေတာ့သည္။ မဖတ္စဘူး ဘာ သာေရးစာမ်ား ဖတ္ေနသည့္ ကြၽႏ္ုပ္ကို သားသမီးမ်ားက အံ့ဩမႈအျပည့္ ႏွင့္။ သားျဖစ္သူက ဘာသာေရးစာအုပ္မ်ားရွာေဖြေပးလာသည္။ ဩကာသ ကို အစအဆုံး မရခဲ့သူ၊ ေမ့ေပ်ာက္ခဲ့သူ ကြၽႏ္ုပ္မွာ တျဖည္းျဖည္း အ႐ိုင္းမွ အယဥ္သို႔ ဇနီးမွ ေျပာင္းလဲခဲ့ရေခ်ၿပီ ျဖစ္သည္။
ဤသို႔ႏွင့္ ပတ္တီးေျဖၿပီးေနာက္ ၃ ရက္ခန႔္အၾကာ သိမ္ႀကီးေဈး ေဈး ပိတ္ရက္တနဂၤေႏြတစ္ရက္တြင္ေ႐ႊဟသၤာေက်ာင္းတိုက္မွ ဆရာေတာ္ငါးပါး ကိုပင့္ဖိတ္ၿပီး သကၤန္းကပ္ ဆြမ္းလုပ္ေကြၽး ကုသိုလ္ျပဳခဲ့ပါသည္။ အႏွစ္သုံး ဆယ္အတြင္း ကြၽႏ္ုပ္ဘဝမွာ ပထမဆုံးဦးဆုံးေသာ ဘာသာတရားႏွင့္ ပတ္ သက္သည့္ အလႉဒါနဟု ဆိုရလွ်င္ မမွားပါေခ်။
ဆရာေတာ္ႀကီးက ေရစက္ခ်တရား ခ်ီးျမႇင့္ေဟာၾကားသည္။ တစ္သက္ မွာတစ္ခါသာ နာဖူးသည့္တရား၊ ပထမဆုံးေဆာက္တည္ဖူးသည့္ သီလတို႔ ေၾကာင့္လားမသိ၊ ကြၽႏ္ုပ္၏တစ္ကိုယ္လုံး ပီတိေတြဖုံးလ်က္။ ၾကက္သီးေမြး ညင္းထမတတ္၊ ဝမ္းေျမာက္ဝမ္းသာ ခံစားရပါသည္။ ထိုေန႔ထိုရက္မွ စ၍ ဘုရား၊ တရား၊ သံဃာတို႔ကို ဆည္းကပ္ပူေဇာ္ပါေတာ့မည္ဟူ၍ ဆရာေတာ္ ႀကီးကို အာမဘေႏၲခံယူလိုက္ပါ၏။ ဇနီးသည္မွာလည္း ကြၽႏ္ုပ္ကိုၾကည့္ရင္း မ်က္ရည္သြင္သြင္က်ရွာသည္။ ဝမ္းသာလြန္း၍က်ေသာမ်က္ရည္သာ ျဖစ္ ပါေလေတာ့သည္။
သံဃာေတာ္မ်ားကို ေန႔စဥ္ ငါးပါးခန႔္ ပုံမွန္ဆြမ္းေလာင္းျခင္း၊ သီလရွင္ မ်ားကို ဆြမ္းဆန္ေလာင္းလႉျခင္းတို႔ျဖင့္ ကြၽႏ္ုပ္၏ အိမ္မွာ ကုသိုလ္တရား

မ်ားက ျပန္လည္ဝင္ေရာက္လာၿပီ ျဖစ္သည္။ အမွ်ေဝသည့္အခါ၌လည္း ၿခံဝင္းေနအိမ္အတြင္းရွိျမင္အပ္မျမင္အပ္ သတၱဝါမ်ားႏွင့္ေရတြင္းရွိအေစာင့္ ပုဂၢိဳလ္မ်ားကိုပါ အမွ်ေဝခဲ့မိပါသည္။ ထိုညက …
“ခ်ိဳသာေသာ မ်က္ႏွာထားႏွင့္ ယခင္အိပ္မက္ရွင္ႀကီးကို ျမင္မက္ပါ သည္။ သူက သည္တစ္ခါေတာ့ ဘာစကားမွ အထူးအေထြမေျပာဘဲ စူးစူး စိုက္စိုက္ ၾကည့္သြားခဲ့သည္။ ကြၽႏ္ုပ္ ဆုံးျဖတ္ခ်က္ ခ်လိုက္ပါၿပီ။ သည္ေရ တြင္းႀကီးကို ဘယ္ေတာ့မွ ဖို႔ပစ္ျခင္း၊ ဖ်က္ဆီးျခင္း မျပဳလုပ္ေတာ့ပါဟူ၍။

နံနက္ညေန႔စဥ္ဝတ္မပ်က္ ဘုရားဝတ္တက္ျခင္းႏွင့္အတူ ပရိတ္တရား ေတာ္၊ ပ႒ာန္းေဒသနာေတာ္ႀကီးမ်ားကို႐ြတ္ဆိုပူေဇာ္ေနလိုက္လို႔လားေတာ့ မသိ။ အလ်င္ကနဲ႔မတူတဲ့ စိတ္ေအးခ်မ္းသာမႈေတြပိုၿပီးျပည့္စုံလာေနသလို ပါပဲ။ သိမ္ႀကီးေဈးထဲကအထည္ဆိုင္ကလည္းခါတိုင္းထက္အေရာင္းအဝယ္ ေကာင္းတယ္လို႔ သားကေျပာျပပါသည္။ သမီးက်ေတာ့လည္း သူ႔အလုပ္ ဌာနက တာဝန္နဲ႔ ႏိုင္ငံရပ္ျခားကို သြားရတဲ့အထိ တိုးတက္ေအာင္ျမင္မႈေတြ ရရွိလာခဲ့ၾကတာ ထူးျခားမႈေတြပဲလို႔ ဆိုရမည္ျဖစ္သည္။ အရင္တုန္းက ပူေလာင္ေနတဲ့ စိတ္ေတြ စီးပြားေရး၊ လူမႈေရးမွာေဘာင္ မဝင္တဲ့ေျပာဆို ဆက္ဆံမႈေတြလည္း ဘယ္လိုေပ်ာက္ကုန္မွန္းမသိ ျဖစ္ပါေတာ့သည္။ ဘဝအေျပာင္းအလဲျဖစ္ခ်င္လာေတာ့ကြၽႏ္ုပ္၏အိမ္ႀကီးကိုမတန္တဆ ေဈးေပးၿပီးဝယ္မည့္သူ ေပၚေပါက္လာခဲ့သည္။ ယခင္ မိမိႀကိဳက္ေဈးေခၚ ေရာင္းစဥ္က မထြက္ခဲ့လို႔ မေရာင္းေတာ့ဘူးဆိုခါမွပင္ ဝယ္သူေတြ၊ ေမးသူ ေတြရွိလာခဲ့သည္။ မွန္းထားသည့္ ေငြထက္လြန္စြာပိုရသျဖင့္ မိသားစုအားလုံးတိုင္ပင္ၿပီးေရာင္း၍ၿမိဳ႕ထဲေဈးႏွင့္နီးရာတိုက္ခန္းသို႔ေျပာင္းေ႐ႊ႕လာခဲ့ၾက
ပါေတာ့သည္။
ဝယ္ယူသည့္သူမွာ သား၏အသိမိတ္ေဆြမ်ားျဖစ္သည္။ ေက်ာက္ကုန္း လို ေနရာကိုမွ သေဘာက်သျဖင့္ အေျခခ်မည္ဟူ၍ ရည္႐ြယ္ၿပီး ဝယ္ခဲ့ၾက ျခင္း ျဖစ္ပါသည္။ ေငြေခ်ၿပီး မေျပာင္းခင္ရက္က ကြၽႏ္ုပ္အား …
“ဦးရဲ႕အိမ္နဲ႔ၿခံႀကီးကိုေတာ့ သိပ္သေဘာကိုက်တယ္ဗ်ာ၊ တစ္ခုပဲေျပာ စရာရွိတယ္။ ေရတြင္းႀကီးကို ဖို႔လိုက္ရင္ ပိုၿပီးက်ယ္သြားမယ္၊ တိုက္မ်က္ႏွာ စာလည္း ပြင့္သြားၿပီး ကားရပ္စရာ က်ယ္က်ယ္ဝန္းဝန္းရွိေတာ့မွာပဲ။ ဦးသား က ေျပာေတာ့ ဦးတို႔ အရင္က ဖို႔ပစ္မယ္ဆိုၿပီး ခဲေတြေတာင္ ပုံထားတယ္ဆို လားပဲ။ ဦးက မဖို႔ေတာ့နဲ႔ဆိုလို႔ သည္လိုပဲ ထားလိုက္တယ္တဲ့”
“ဦးမွာခ်င္တာကလည္း သည္ေရတြင္းႀကီးပါပဲကြယ္၊ မဖို႔ဘဲ သည္ အတိုင္းထားေစ့ခ်င္တယ္။ ေရွးလူေတြရဲ႕အေမြအႏွစ္လို႔ သေဘာထားလိုက္ေပါ့”
“ကြၽန္ေတာ္တို႔က အိမ္ႀကီးကို ေခတ္မီလွပသြားေအာင္ ဒီဇိုင္းေျပာင္း ပစ္မွာဆိုေတာ့ ေရတြင္းႀကီးကိုေတာ့ ဖို႔ပစ္ရမွာပဲ။ သူကအိမ္ေရွ႕တည့္တည့္ အဝင္ႀကီးမွာ ပိတ္ၿပီး ေနရာအမ်ားႀကီး ယူထားတာမဟုတ္လား”
ကြၽႏ္ုပ္ တား၍ရမည့္သူေတြ မဟုတ္မွန္း အကဲခတ္မိသည္။ ေခတ္လူ ငယ္လူ႐ြယ္ဆိုေတာ့ေခါင္းမာၾကမည့္သူမ်ားသာျဖစ္သည္။ သို႔ေပမဲ့- အရိပ္ အႁမြက္ သေဘာေလာက္ေတာ့ သတိေပးသင့္သည္ဟု ယူဆမိသျဖင့္ … “ဒါဆိုရင္လည္း သည္လိုကိစၥေတြမွာတတ္သိနားလည္တဲ့လူႀကီးသူမ ေတြကိုတိုင္ပင္ၿပီးစီစဥ္ၾကေပါ့ကြယ္။ ကိုယ့္သေဘာနဲ႔ကိုယ္ေတာ့ မလုပ္ေစ ခ်င္ဘူး၊ ဦးက ေစတနာနဲ႔ ေျပာတာပါ”
“ကြၽန္ေတာ္တို႔က ေခတ္လူငယ္ေတြပါ၊ ေခတ္အျမင္နဲ႔ပဲ အရာရာကို ၾကည့္ၾကသူေတြပါ။ ကိုယ့္ၿခံထဲကေရတြင္းကိုကိုယ္ အသုံးမျပဳခ်င္ေတာ့လို႔ ဖို႔ပစ္တာ အဆန္းတၾကယ္ကိစၥတစ္ခုလို႔ မယူဆခ်င္ဘူး ဦးရယ္။ ကြၽန္ေတာ္ တို႔အတြက္ ဘာမွစိတ္မပူပါနဲ႔။ လုပ္သင့္လုပ္ထိုက္တယ္ ထင္လို႔ လုပ္ရမွာပါ”
ကြၽႏ္ုပ္ ေျပာစရာစကား ကုန္ၿပီျဖစ္သည္။ ဇြတ္လုပ္ၾကမည့္သူမ်ားကို ဘယ္လိုမွတား၍ရမွာမဟုတ္။ ေရတြင္းႏွင့္ပတ္သက္သည့္ အိပ္မက္မ်ားႏွင့္ ေတြ႕ႀကဳံခံစားခဲ့ရသည့္ စိတ္ဆင္းရဲမႈမ်ားအေၾကာင္းကိုပါေျပာျပလိုက္လွ်င္ အေလွာင္ခံရဦးမွာ အေသအခ်ာ။ သို႔ျဖစ္၍အေဟာသိကံျပဳလိုက္ရပါေတာ့၏။
ကြၽႏ္ုပ္တို႔ ၿမိဳ႕ထဲတိုက္ခန္း ေျပာင္းေ႐ႊ႕ၿပီး ႏွစ္လခန႔္အၾကာ၌ ကြၽႏ္ုပ္၏
ဆိုင္သို႔ နာေရးဖိတ္စာတစ္ေစာင္ ေရာက္ရွိလာခဲ့သည္။ ကြယ္လြန္သူက ကြၽႏ္ုပ္တို႔ အိမ္ႀကီးကို ဝယ္ယူသြားသူ လူငယ္ကိုယ္တိုင္ျဖစ္သည္ကို စိတ္ မေကာင္းစြာ ဖတ္ရႈလိုက္ရပါသည္။ ညေနဘက္ ဆိုင္သိမ္းအျပန္မွာ ကြၽႏ္ုပ္ တို႔သားအဖ နာေရးအိမ္သို႔ သြားခဲ့ၾကသည္။ ကြၽႏ္ုပ္တို႔ ေနထိုင္ခဲ့သည့္ အိမ္ ႀကီးကား ယခင္ကလို မႈန္မႈိင္းမႈိင္းမဟုတ္ေတာ့ဘဲ ေငြေၾကးအကုန္ခံ ျပန္ လည္ျပင္ဆင္ထားသျဖင့္ ေခတ္မီလွပသည့္ အေဆာက္အဦတစ္ခု ျဖစ္ေန ေခ်ၿပီ။ ေရတြင္းႀကီးကိုဖို႔ပစ္ၿပီး သမံတလင္းေလာင္းထားသျဖင့္ တိုက္ႀကီး၏ မ်က္ႏွာစာက က်ယ္က်ယ္ဝန္းဝန္းျဖစ္ေနသည္ကိုလည္းေတြ႕လိုက္ရသည္။ ကြယ္လြန္သူ၏ ဇနီးသည္က စကားဧည့္ခံေျပာသည္…
“ဦးေလးတို႔မို႔လို႔ ေျပာျပရတာပါ။ သူ ေရတြင္းႀကီးကိုမဖို႔ခင္ ကြၽန္မကို ေျပာတယ္။ သူ႔အိပ္မက္ေတြ မေကာင္းဘူးတဲ့။ ဘာေတြမက္လို႔လည္း ေမး ေတာ့ အလကားပါကြာ၊ ေမးမေနပါနဲ႔ေတာ့တဲ့။ ကြၽန္မက ယၾတာေလး ဘာ ေလး ေခ်ရေအာင္ေျပာေတာ့ သူက ဟားတိုက္ရယ္တယ္။ အပိုအလုပ္ေတြ မလုပ္နဲ႔။ ငါ ဘာကိုမွ ဂ႐ုမစိုက္ဘူး။ ေၾကာက္လည္း မေၾကာက္ဘူးလို႔ ေျပာ တယ္။ ဒါေပမဲ့ – ထူးျခားတာက အိမ္ႀကီးကိုသာ ျပင္ေနတယ္၊ ေရတြင္းဖို႔ ဖို႔ကိစၥကို အရင္လုပ္မယ္ဆိုၿပီး မလုပ္ျဖစ္ေသးဘူးေလ။ အေၾကာင္းတစ္ခုခု ရွိလို႔မဖို႔ေသးဘူးလို႔ကြၽန္မထင္တယ္။ ဖြင့္လည္းမေျပာဘူး၊ ၿပီးခဲ့တဲ့အပတ္ ကမွ ဖို႔ျဖစ္တာ ဦးရဲ႕”
ကြၽႏ္ုပ္က စိတ္ဝင္တစား နားေထာင္ေနမိရင္း ေမးလိုက္မိသည္။ “ဦးကအိမ္စေျပာင္းကတည္းက ဖို႔ပစ္လိုက္ၿပီထင္တာ။ ဖို႔တာကမၾကာ ေသးဘူးကိုး။ ကဲ- ဆက္ပါဦး၊ ဖို႔ၿပီးေတာ့ ဘာထူးျခားခ်က္မႈေတြ ေတြ႕လာခဲ့ ေသးလဲ”
“ဖို႔ၿပီး ႏွစ္ရက္ေလာက္မွာ ညေနေမွာင္စအခ်ိန္မွာေပါ့။ မီးလုံးႀကီးတစ္ လုံး ကြၽန္မတို႔ ၿခံဝင္းထဲကို ဝင္လာတာ ထင္ထင္ရွားရွား ေတြ႕လိုက္ရတယ္ ရွင့္။ ကြၽန္မ တစ္ေယာက္တည္းဆိုလည္းမ်က္စိမွားၿပီးျမင္မိျမင္ရာ ျမင္တယ္
ေျပာလို႔ရေပမယ့္ အဲသည့္အခ်ိန္က ကြၽန္မနားမွာ ကြၽန္မ တူေလးရယ္၊ အိမ္ ေဖာ္ေကာင္မေလးရယ္ ရွိေနတယ္။ သူတို႔ေတြပါမ်က္စိထဲမွာ ဝင္းခနဲ မီးလုံး ႀကီးတစ္လုံး ေတြ႕လိုက္တယ္တဲ့ေလ။
တစ္ခုထူးတာက အဲသည္မီးလုံးႀကီးကေရတြင္းနားလည္းေရာက္ေရာ ဖ်တ္ခနဲ ေပ်ာက္သြားတယ္။ ေၾကာက္လိုက္တာ မေျပာပါနဲ႔ေတာ့ ဦးရယ္” ထိုသူငယ္မ စကားအဆုံးမွာ ကြၽႏ္ုပ္တို႔ သားအဖ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၿပိဳင္သူလိုၾကည့္လိုက္မိၾကပါေတာ့သည္။ ေခတၱခဏနားလိုက္ ၿပီးမွ သူမက ဆက္ေျပာျပျပန္သည္။
“သူျပန္လာေတာ့ကြၽန္မတို႔ေျပာျပတယ္၊ သူကမ်က္ႏွာပ်က္သြားၿပီးမွ ဣေျႏၵ ျပန္ဆည္လိုက္ၿပီး ရယ္ရယ္ေမာေမာနဲ႔ သည္ေလာက္ေနအပူရွိန္ မ်ားလြန္းတဲ့အခ်ိန္မွာ တံလွ်ပ္တို႔၊ အလင္းစူးရွလြန္းတာတို႔ ေျမႀကီးအေငြ႕ ေတြကျဖစ္ေပၚတာေၾကာင့္ပါတဲ့။ အေရးမထားတဲ့ပုံလုပ္ပစ္လိုက္ေလရဲ႕ရွင္။ ကြၽန္မကေတာ့ တပ္အပ္ေသခ်ာျမင္ထားရတဲ့ သူဆိုေတာ့ သူ႔စကားကိုလုံးဝ မေက်နပ္ဘူး။ ဆက္ေျပာရင္လည္း ရန္ျဖစ္မွာပဲဆိုၿပီး စိတ္ေလွ်ာ့လိုက္ရ ေတာ့တယ္။ စိတ္ထဲမွာေတာ့ေလးေနမိတယ္၊ ဆိုးဆိုး႐ြား႐ြား တစ္ခုခုေတာ့ မႀကဳံေတြ႕ပါနဲ႔ဆိုၿပီးလည္း ဆုေတာင္းမိတယ္”
ကြၽႏ္ုပ္ကဲ့သို႔ ေခါင္းမာသူ၊ အယုံအၾကည္ မရွိသူ၊ လူငယ္၏ စိတ္ဓာတ္ ခိုင္မာမႈကိုလည္း ေလးစားမိသည္။ ကြၽႏ္ုပ္ကိုယ္တိုင္ ႀကဳံခဲ့စဥ္က ထိုသူငယ္ ေလာက္ ေခါင္းမမာႏိုင္ခဲ့။ မိသားစုပါ အႏၲရာယ္က်ေရာက္လာမွာကို ေတြး ေတာပူပန္ၿပီး လက္ေလွ်ာ့ခဲ့သူျဖစ္သည္။ သူကား ဘာကိုမွ်ဂ႐ုမစိုက္ဘဲ ေနာက္မတြန႔္ခဲ့သူပါတကား။ ေနာက္ဆုံးသိလိုသည့္ အခ်က္ကို ေမးျမန္းမိ ေတာ့သည္။
“ဆုံးတဲ့အေၾကာင္းကိုလည္း ေျပာျပပါဦး သမီးရယ္”
“ေနာက္တစ္ေန႔ မနက္ေရာက္ေတာ့ သူက ပဲခူးဘက္ကို အလုပ္ကိစၥ အေရးႀကီးလို႔သြားရမယ္လို႔ေျပာတယ္။အိမ္ကကားကလည္း သိပ္မေကာင္း ေတာ့ တျခားကားရွာၿပီး သြားပါလားလို႔ ကြၽန္မက ေျပာတယ္။ သူက ရပါတယ္ မိန္းမရယ္၊ ကားက ပဲခူးကကိစၥၿပီးမွပဲဝပ္ေရွာ့ကိုထိုးလိုက္ေတာ့မယ္၊ သည္ကားနဲ႔ပဲ သြားမယ္တဲ့။ သူက အဲသလို ေခါင္းမာတဲ့သူကိုးရွင့္။ ညေန ဘက္က်ေတာ့ ပဲခူးကအျပန္ လွည္းကူးနားမွာကားေမွာက္ၿပီး ဆုံးသြားတယ္ ဆိုတဲ့ ဖုန္းဝင္လာေတာ့တာပါပဲရွင္”
စကားေျပာရင္း ဆို႔နင့္လာသည့္သဏၭာန္ျဖင့္ သူငယ္မက တရႈိက္ရႈိက္ ငိုေႂကြးေနပါေတာ့၏။
အခ်ိန္လင့္ၿပီျဖစ္၍ ကြၽႏ္ုပ္တို႔လည္း ႏွစ္သိမ့္စကားမ်ား အားေပးေျပာ ၾကားၿပီးျပန္လာခဲ့ပါေတာ့သည္။ အိမ္မွအထြက္ေရတြင္းႀကီးေနရာကိုအထူး ဂ႐ုစိုက္ၾကည့္မိလိုက္ၾကပါေသးသည္။ ႀကီးမားနက္ရႈိင္း ခိုင္ခန႔္လွသည့္ ေရ တြင္းႀကီးေနရာကို အထူးဂ႐ုစိုက္ၾကည့္မိလိုက္ၾကပါေသးသည္။ ႀကီးမား နက္ရႈိင္းခိုင္ခန႔္လွသည့္ ေရတြင္းႀကီးကားဤေလာကမွ ေပ်ာက္ကြယ္သြား ခဲ့ေခ်ၿပီ။ ထိုကဲ့သို႔ပင္ ေရတြင္းဖို႔သူ အိမ္ရွင္လူငယ္သည္လည္း လူ႔ဘဝမွ ေပ်ာက္ကြယ္သြားခဲ့ၿပီ ျဖစ္သည္။ အကယ္၍သာ…
ဤအိမ္ႀကီးမေရာင္းခင္က ဘာကိုမွ ယုံၾကည္မႈမရွိ၊ ေခါင္းမာစြာျဖင့္ ကြၽႏ္ုပ္သာ အရင္ဖို႔ျဖစ္ခဲ့ပါက ထိုသူငယ္၏ ၾကမၼာဆိုးမ်ိဳး ကြၽႏ္ုပ္တို႔ မိသားစု မႀကဳံေတြ႕ႏိုင္ဟူ၍ ကံေသကံမ ေျပာႏိုင္ပါမည္လား။ ကြၽႏ္ုပ္တို႔ မိသားစုကံ ႀကီးမားလွပါဘိေတာ့သည္တကား…။
(ေရွးမွ တူးေဖာ္ထားရွိခဲ့ေသာ ေရတြင္းေရကန္ႀကီးမ်ားကို လက္လြတ္ စပယ္ ဖို႔ျခင္းမွ ဆင္ျခင္ႏိုင္ၾကပါေစ) ျဖစ္ရပ္မွန္ကို ေရးခြင့္ျပဳသူ ဦးျမသိန္း (အမည္လႊဲ) အား ေက်းဇူးတင္စြာျဖင့္ . . .