သွေးကြွေးတောင်းသည့်ည(စ/ဆုံး)

Unicode Version

သွေးကြွေးတောင်းသည့်ည(စ/ဆုံး)
—————————————-
တစ်နေ့သ၌ဘွားမယ်စိန်၏နေအိမ်ဆီကို
ဧည့်သည်များရောက်လာခဲ့သည်။
ထိုဧည့်သည်များကိုမောင်တိုးကိုယ်တိုင်လိုက်ပို့ခြင်းဖြစ်၏။
ကွပ်ပျစ်ခင်း၌ ဧည့်သည်များကိုထိုင်စေပြီး
မောင်တိုးနဲ့ဒေါ်ဝင်းကတော့ထန်းလက်ခုံ၌ထိုင်နေခဲ့ကြသည်။
ဧည့်သည်မှာအမျိုးသားသုံးဦးဖြစ်ပြီး
ထိုအထဲမှတစ်ဦးသည် အသက်ငါးဆယ်အရွယ်လူကြီးတစ်
ယောက်ဖြစ်ပေသည်။
ကျန်နှစ်ယောက်သည်ကမောင်တိုးနှင့်
မတိမ်းမယိမ်းအရွယ်များသာဖြစ်ကြ၏။
“ကဲ…ဆိုစမ်းပါဦးကွယ်…
မောင်ရင်တို့က…
ဘယ်ကနေများရောက်လာကြတာလဲကွဲ့…”
ဟုဘွားမယ်စိန်ကမေးတော့
အသက်ငါးဆယ်အရွယ်လူကြီးမှ…
“ဟုတ်ကဲ့…ကျုပ်တို့က ထန်းစုရွာကပါအမေကြီး…
ကျုပ်ကတော့ထန်းစုရွာသူကြီး ဘိုးထင်ပါ…”
“သြော်…အေးကွယ်…
ဘွားဆီကိုရောက်လာကြတာဆိုတော့ ဘာများ
အရေးတကြီးကိစ္စရှိနေလို့လဲကွဲ့…”
ဘွားမယ်စိန်အမေးကြောင့် ထန်းစုရွာသူကြီးဦးဘိုးထင်က
သက်ပြင်းတစ်ချက်ချသည်။
မျက်နှာကလည်း အတော်လေးစိတ်ညစ်နေပုံရ၏။
သို့သော်ဘွားမယ်စိန်ကိုအားကိုးတကြီးဖြင့်…
“ကျုပ်တို့ထန်းစုရွာဒုက္ခရောက်နေလို့ပါအမေကြီး”
“ဟေ…တစ်ရွာလုံးဒုက္ခရောက်နေတာလား…
ဘာများဖြစ်ကြလို့လဲကွဲ့”
ဘွားမယ်စိန်သည် ရွာသူကြီးဦးဘိုးထင်ကို
သေချာစိုက်ကြည့်နေခဲ့သည်။
မောင်တိုနှင့်ဒေါ်ဝင်းတို့ကလည်းသိချင်နေကြ၍
ရွာသူကြီးဦးဘိုးထင်၏မျက်နှာကိုသာကြည့်နေခဲ့ကြ၏။
“ဘယ်ကနေစပြောရမလဲကိုမသိပါဘူးအမေကြီးရယ်…
ကျုပ်တို့ရွာမှာတစ်ခါမှမဖြစ်ဖူးတဲ့အဖြစ်အပျက်ကြီးပါဗျာ…”
ဟု…သူကြီးဦးဘိုးထင်က ပြန်ပြောရမှာကိုပင်
စိတ်မသက်မသာဖြစ်နေပုံရသည်။
သို့သော်ပြောမှသိကြမည်ဖြစ်တာကြောင့်ပြောပြတော့၏။
အချိန်ကညသန်းခေါင်ရောက်လေပြီ…
တိတ်ဆိတ်နေသောညသန်းခေါင်ယံတွင်ခွေးအူသံများက
ထွက်ပေါ်လာခဲ့၏။
ဆွဲဆွဲငယ်ငယ်အူနေသောခွေးအူသံများသည်ရွာအပြင်မှ
တရွေ့ရွေ့ရွာထဲသို့ပျံ့နှံ့လာခဲ့သည်။
ရွာထဲရှိခွေးများကပါထပ်မံ၍
အူသောကြောင့်တစ်ရွာလုံးကို
ခွေးအူသံများက ဖုံးလွှမ်းလို့သွားလေသည်။
“တောက်…”
ကျယ်လောင်သောတောက်ခေါက်သံသည်
ရွာလမ်းမဆီမှထွက်ပေါ်လာခဲ့၏။
“တောက်…”
နောက်တစ်ချက်ထပ်မံကာတောက်ခေါက်သံက
ထွက်ပေါ်လာပြန်သည်။
ပုံပန်းသဏ္ဌာန်မမြင်ရ…အရိပ်မမြင်ရသော ရွာလမ်းဆီမှ
တောက်ခေါက်သံကြောင့် လမ်းမနားရှိအိမ်မှ
လူများနိုးလာခဲ့ကြသည်။
“တောက်…”
တောက်ခေါက်သံကအဆက်မပြတ်ထွက်ပေါ်နေပြန်သည်။
တစ်စုံတစ်ခုကိုမကျေမနပ်ဖြစ်နေသော တောက်ခေါက်သံကို
နားစွင့်ယုံသာနားစွင့်နေကြပြီး မည်သူမှ တဲအိမ်အပြင်ကို
မထွက်ရဲကြပေ။
ခွေးများကလည်း ထိုရွာလမ်းမပေါ်၌အုပ်စုလိုက်
အူနေကြသည်မှာကြားရသူများအဖို့ခြောက်ခြားဖွယ်ကောင်းသောညတစ်ညဖြစ်နေခဲ့သည်။
သုံးချက်တီးလောက်မှ ခွေးအူသံများကော…
တောက်ခေါက်သံပါပျောက်ကွယ်သွားခဲ့၏။
နောက်တစ်နေ့နံနက်ရောက်တော့ ထန်းစုရွာ၌
ထိုသတင်းကပြောလို့မပြီးနိုင်ဖြစ်နေခဲ့သည်။
“ညက တောက်ခေါက်သံကြီးကိုကြားရတာ
ကျုပ်ဖြင့် ကြောက်လိုက်တာမအေးရယ်…”
“အိုအေ…အရက်မူးသမားတွေဖြစ်မှာပါ”
“မဖြစ်နိုင်တာတော်…
လူတော့မဖြစ်နိုင်တာသေချာပါတယ်…”
“ရွာထိပ်ကကိုပေါက်စလေသိတယ်မလား…
သူလည်းတောက်ခေါက်သံကြားလို့ထကြည့်တယ်ဆိုပဲဟဲ့…
သူမြင်လိုက်တာတော့ထဘီကိုတိုတိုဝတ်ထားပြီး
ဆံပင်ကိုဖျားလျားကြီးချထားတဲ့မိန်းမတစ်ယောက်
ရွာလမ်းမပေါ်မှာ လမ်းလျှောက်နေတာကိုတွေ့ခဲ့တယ်တဲ့…”
“တစ်ရွာကအရူးမများရောက်လာတာလား”
“ဟဲ့အရူးမဆိုရင်တို့တွေလည်းမြင်မှာပေါ့…
အခုဘယ်မှာလဲအဲ့အရူးမ….
သရဲမှသရဲပါဟယ်…”
“ကျုပ်ကတော့လူပဲထင်တယ်…”
“အမယ်လေး…ညည်းတို့ငြင်းမနေကြနဲ့တော့…
ဒီညထပ်လာရင်လူလားသရဲလားသိအောင်ထွက်သာကြည့်ကြ”
“ကျုပ်တော့မကြည့်ရဲပေါင်တော်…”
တစ်ရွာလုံးလည်း ညကအဖြစ်အပျက်ကိုလူနဲ့သရဲ
ငြင်းလို့မပြီးကြပေ။
ညသို့ရောက်တော့လည်းတော်တော်နှင့်အိပ်မပျော်ကြသေးပေ။
မီးများမှိတ်ထားကြပြီး လူများကအိပ်ရာအထက်သို့
ရောက်နေသည့်တိုင် မျက်လုံးများကတော့
အိပ်လို့မရဖြစ်နေကြသည်။
အချိန်ကလည်းတဖြေးဖြေးဖြင့်
ညသန်းခေါင်သို့ရောက်လာခဲ့သည်။
ရွာအပြင်ရှိခွေးများကလည်းစတင်အူနေကြပြီဖြစ်၏။
ခွေးအူသံများဆူညံလာတော့ ရွာသူ၊ရွာသားတို့မှာ
ထ၍ထိုင်နေကြပြီဖြစ်သည်။
“တောက်…”
ခွေးအူသံများကရွာလမ်းမအတိုင်း
ရောက်ရှိလာသောအခါ…
“တောက်ခေါက်သံကြီးတော်ကြားလား”
“ကြားပါတယ်ဟ…ကြည့်ရတာခွေးတွေက
သူ့နောက်ကိုလိုက်ပြီးအူနေပုံရတယ်…”
“ဟုတ်လောက်တယ်…
အခု…ကျုပ်တို့ဘာလုပ်ကြမှာတုန်း”
“နေပါဦး…ငါဘေးတဲကိုလှမ်းခေါ်ကြည့်ဦးမယ်…
ကိုသန်း…ဗျို့ကိုသန်း”
“ဟေ…”
“ကျုပ်တို့အပြင်ထွက်ကြမလား”
“အေး…ငါလည်းအဲ့လိုတွေးနေတာကွ…”
“လာဗျာ…လူလား…သရဲလား ထွက်ကြည့်ကြတာပေါ့”
ဘေးတဲအချင်းချင်းအသံလှမ်းပြုလိုက်ကြသည်။
သူတို့လည်းတုတ်များ…မီးအိမ်များကိုင်ပြီး
အပြင်ထွက်လာခဲ့ကြ၏။
“ဟိုမှာကွ…ခွေးတွေဝိုင်းနေတာ…”
“လာကွာ…တို့သွားကြမယ်”
မိန်းမဖြစ်သူတွေကခြံဝိုင်းထဲမှလှမ်းကြည့်နေကြပြီး
ရွာသားနှစ်ယောက်ကတော့ ခွေးများရှိနေသောနေရာသို့
သွားကြတော့သည်။
ဆံပင်ဖျားလျားဖြင့်ခါးကြီးကိုထောက်ပြီး ကျောပေးကာရပ်နေသောအမျိုးသမီးကိုရွာသားနှစ်ယောက်တွေ့လိုက်ကြသည်။
“ဟေ့ခွေးတွေ…ဖယ်ကြစမ်း”
ခွေးတွေကိုမောင်းထုတ်လိုက်တော့ ခွေးများကလည်း
ခပ်လှမ်းလှမ်းသို့ထွက်သွားကြ၏။
“ဟေ့…ဘယ်သူတုန်း…
ဒီဘက်ကိုလှည့်စမ်း…”
ဟုရွာသားတစ်ယောက်မှပြောလိုက်သည်။
သို့သော်မည်သည်မှမတုန့်ပြန်၍…
“ပြောနေတာမကြားဘူးလား…
နင်ဘယ်သူလဲ…ညကြီးအချိန်မတော်
ဘာထွက်လုပ်နေတာလဲ…”
ဟုထပ်မံကာမေးတော့ ဆံပင်ဖျားလျားဖြင့်အမျိုးသမီးမှ…
“ကိုယ်နဲ့မဆိုင်ရင်ဝင်နေကြစမ်း…”
ဟု…ဒေါသအသံဖြင့်ပြောလေသည်။
“အောင်မယ်…နင်ကများငါတို့ကိုပြောရဲတယ်…
ဒီကောင်မသေချင်နေပြီထင်တယ်…”
ဟုပြောသောအခါ…
အမျိုးသမီးသည် မျက်နှာကြီးလှည့်လာပြီး…
“ဘာ…သေချင်နေပြီဟုတ်လား…
ငါကသေပြီးပြီဟဲ့…”
ဟုအော်ကာပြောတော့…
ခန္ဓာကိုယ်ကမလှည့်ဘဲခေါင်းကြီးက
လှည့်လာတာကိုမြင်သော
ရွာသားနှစ်ယောက်မှာတုတ်များ…မီးအိမ်များပင်
ပြုတ်ကျကုန်ကြပြီး…
“အမယ်လေး…သ…သရဲကြီး…”
ဟုအော်ကာ နေရာမှာတင်လဲကျကုန်ကြသည်။
သတိမေ့မြောသွားသောရွာသားနှစ်ယောက်ကို
မျက်လုံးနီကြီးဖြင့်စိုက်ကြည့်ပြီး…
“တောက်…”တစ်ချက်ခေါက်၍
ရွာလမ်းအတိုင်းဆက်လျှောက်သွားခဲ့တော့သည်။
“ဝူးးးးးအူးးးးးးးးးအူ……..”
ခွေးများကလည်းထိုအမျိုးသမီးနှင့်
အတူလိုက်ပါသွားကြတော့၏။
“အမယ်လေး…လာကြပါဦးတော်…
ကျုပ်ယောက်ျားကိုခေါ်မရတော့လို့ပါ…”
“လာကြပါဦး……လာကြပါဦးတော်”
ခြံဝိုင်းထဲမှကြည့်နေကြသောရွာသူနှစ်ယောက်ကလည်း
တခြားလူများကြားစေရန်အော်ဟစ်ကုန်ကြတော့သည်။
တစ်ရွာလုံးလည်း ရောက်လာခဲ့ပြီး
သတိမေ့မြောနေသောရွာသားတွေဝိုင်းကူမလာကြတော့၏။
“တောက်…ငါ့ရွာကိုဘယ်ကသရဲရောက်လာတာလဲ”
“သူကြီး…ညက ကျုပ်တို့တွေ့တဲ့သရဲကလေ…
မ…မနှင်းဆီနဲ့တူတယ်ခင်ဗျ…”
“ဟ…ဟုတ်လို့လားကွာ…”
“ကျုပ်တို့ကိုခြောက်လို့သာကြောက်ပြီး
သတိလစ်သွားတာ…
မနှင်းဆီမှမနှင်းဆီခင်ဗျ…”
ညကသရဲနှင့်တွေ့ခဲ့သောရွာသားနှစ်ယောက်က
ပြောနေတာဖြစ်၍ သူကြီးဦးဘိုးထင်မှာ
မယုံရခက်…ယုံရခက်ဖြစ်နေခဲ့သည်။
“မနှင်းဆီ…”
ထိုသတင်းက တစ်ရွာလုံးကိုပျံ့သွားခဲ့သည်။
“ဟဲ့…မနှင်းဆီကဘယ်ကနေဘယ်လိုသရဲဖြစ်နေတာလဲ…
မနှင်းဆီကပျောက်နေတာမဟုတ်ဖူးလား”
“အေးလေ…မနှင်းဆီလို့ပြောတာ…
ငါဖြင့်မယုံနိုင်ဘူးဟယ်…”
“ဟာ…ဖြစ်နိုင်တာပဲ…မနှင်းဆီကရွာကနေ
ရုတ်တရက်ပျောက်သွားတာပဲဟာ…”
ထိုသရဲကမနှင်းဆီဟု…ယုံကြည်သူများရှိသလို
မယုံကြည်သူများကလည်းရှိနေပြန်သည်။
ထိုကိစ္စသေချာသွားသည့်အကြောင်းမှာ…
“ဟဲ့…ရွာတောင်ပိုင်းက မိသေးလေးကို
သရဲဝင်ပူးနေလို့တဲ့…”
ရွာတောင်ပိုင်းမှမိသေးဟုခေါ်သော
ရှစ်နှစ်အရွယ်ကောင်မလေးသည်
. သရဲဝင်ပူးကပ်ခံထားရ၏။
သူ၏အနီးသို့လည်းမည်သူမှမကပ်စေရန်
ပစ္စည်းများကိုပေါက်ခွဲပြီး ဒေါသတကြီးရန်မူနေခဲ့သည်။
အတွေ့အကြုံရှိသော ရွာ၌အသက်ကြီးသူများက
မေးကြမြန်းကြလေတော့မှ…
“ငါ့နာမည်မနှင်းဆီ…
မနှင်းဆီတဲ့ဟဲ့…
ငါမကျေနပ်ဘူး…
ငါမကျေနပ်ဘူးဟဲ့”
“မနှင်းဆီဆိုတော့ မစံပယ်ရဲ့ညီမ
မနှင်းဆီများလား”
“ဟုတ်တယ်…ငါပဲ…”
“အလိုလေး…နှင်းဆီ…ညည်းဘယ်လိုဖြစ်ရတာလဲ
တူမကြီးရယ်…”
“ငါမကျေနပ်ဘူး…
ငါ့ကိုသတ်ခဲ့တဲ့အကောင်ကိုငါပြန်သတ်မယ်…
မဆိုင်ရင်ဝင်မပါကြနဲ့…
အေး…ဝင်ပါမိရင်လည်းနှင်းဆီဆိုတဲ့ငါက
ခွင့်လွှတ်ပေးမယ်မထင်လေနဲ့…
ဒင်းအသက်ကိုပြန်သတ်ရမှငါကျေနပ်မယ်…
သွေးကြွေးတောင်းဖို့နှင်းဆီလာမယ်ဟေ့…”
ဟု…ကလေးမလေးကအသံသြကြီး…
မျက်တောင့်နီကြီးဖြင့်ပြောလိုက်သည်။
ပြောလည်းပြီးသောအခါ…
ချက်ချင်းနေရာ၌လဲကျသွားခဲ့တော့သည်။
“မနှင်းဆီကတော့သူ့ကိုသတ်တဲ့လူကို
ပြန်သတ်မယ်လို့ပြောသွားတယ်…
နေစမ်းပါဦး ဒါဆိုရင်
မနှင်းဆီကရွာကနေပျောက်သွားတာ
မဟုတ်ဘဲအသတ်ခံရတာပေါ့…
ဘုရား…ဘုရား…ဘုရား…မနှင်းဆီဘယ်လိုတွေများ
ကြုံခဲ့ရရှာတာလဲ”
“ဟုတ်ပ…ကျုပ်ဖြင့်အတော်လေးအံ့သြမိပါရဲ့တော်…”
မနှင်းဆီကသွေးကြွေးတောင်း
မည်ဟုပြော၍အတော်လေးအံ့သြနေကြသည်။
ထန်းစုရွာသူကြီးဦးဘိုးထင်ပြောသမျှကိုဘွားမယ်စိန်တို့
နားထောင်ပြီးချိန်မှာ…
“ဒီလိုဆိုရင် ဒီသရဲမနာမည်ကမနှင်းဆီပေါ့…
မနှင်းဆီဆိုတာအရင်ကမောင်ရင်တို့ရွာသူပေါ့လေ…”
“ဟုတ်ပါတယ်ကျုပ်တို့ရွာသူပါပဲ”
“အေး…ဒါဆိုရင်သူ့အကြောင်းလေးလည်း
ပြောဦးမှပေါ့ကွယ် …”
“ဟုတ်ကဲ့ကျုပ်ပြောပြပါ့မယ်…”
သူကြီးဦးဘိုးထင်က မနှင်းဆီအကြောင်းကို
ပြောပြလေတော့သည်။
သူ၏အမည်ကိုမနှင်းဆီဟုခေါ်ကြသည်။
မနှင်းဆီ၌မိဘများကမရှိရှာတော့ဘဲအစ်မဖြစ်သူ
မစံပယ်တို့လင်မယားနှင့်အတူတူနေထိုင်ရရှာသည်။
မနှင်းဆီသည်နှင်းဆီပန်းလေးကဲ့သို့လှပသူဖြစ်၏။
လယ်တောဆင်းချိန်ဆင်း…
ကောက်စိုက်ချိန်ကောက်စိုက်…
ပဲနုတ်ချိန်ပဲနုတ်အလုပ်များကိုတောသူတောင်သားတို့၏
သဘာဝအတိုင်းလုပ်ကိုင်နေသူမလို့
ခန္ဓာကိုယ်မှာလည်းတောင့်တင်းသန်မာလှသူဖြစ်သည်။
ထိုသို့လှပသောမနှင်းဆီအား…
“နှင်းဆီ…နှင်းဆီအချစ်ကိုရဖို့လေ
အချိန်တွေဘယ်လောက်ကြာကြာ
ကိုမောင်လှစောင့်နိုင်ပါတယ်ကွယ်…”
ဟုပြောကြသလို…တချို့ကလည်း
“အစ်မနှင်းဆီ…
အစ်မနှင်းဆီနံဘေးမှာ ကျုပ်လိုကောင်တွေ
ဝိုင်းဝိုင်းလည်နေတာသိပါတယ်…
ဒါပေမယ့်အစ်မနှင်းဆီအတွက်ဆို
ကျုပ်အချစ်ကသူများထက်ထူးပါတယ်အစ်မနှင်းဆီ…”
ဟု…ပြောကြသဖြင့်မနှင်းဆီ၏နံဘေး၌
ချစ်ခင်သူများဝိုင်းဝိုင်းလည်နေခဲ့ရှာသည်။
သို့သော်မနှင်းဆီ ကအချစ်ရေးကိုမစဉ်းစားသေးပေ။
မနှင်းဆီ၌အကျင့်တစ်ခုရှိသေးသည်။
ထိုအကျင့်ကမဟုတ်မခံစိတ်ဖြစ်၏။
နှင်းဆီပန်းတို့သဘာဝလှယုံတင်မက…
ဆူးများကလည်းဝန်းရံလို့ထားရှာသည်။
“ဟဲ့ကောင်မစံပယ်…
ငါ့ကိုပိုက်ဆံပေးစမ်း”
“ကျုပ်မှာဘယ်ကပိုက်ဆံရှိမှာလဲကိုသံခဲရဲ့…
တော်ကျုပ်ကိုဘယ်တုန်းကများပိုက်ဆံအပ်ဖူးလို့လဲ”
“အေး…မအပ်ဖူးဘူး…
ဒါပေမယ့်နင့်မိဘတွေချန်ခဲ့တဲ့လယ်တွေယာတွေ
ရှိတယ်မဟုတ်လား..အဲ့ထဲကရောင်းပြီးငါ့ကိုပေးစမ်းဟာ…”
ဟု…သံခဲကပြောတော့ မနှင်းဆီသည်
ထမိန်ကိုခပ်တိုတိုပြင်ဝတ်ပြီး…
“ဟဲ့အကောင်သံခဲ…
ငါတို့မိဘအမွေကငါတို့ညီအစ်မနဲ့ပဲဆိုင်တယ်…
ကိုယ်ဖြင့်စောက်လုပ်စောက်ကိုင်မရှိဘူး…
ပိုက်ဆံကသုံးချင်ရတယ်လို့…
နင့်မှာအရှက်ကောရှိရဲ့လား”
ဟု…ဒေါသတကြီးဖြင့်ပြောလိုက်တော့သံခဲသည်
မနှင်းဆီကို စားတော့ဝါးတော့မတတ်စိုက်ကြည့်ပြီး…
“ငါကနင့်အစ်မယောကျာ်း…
ငါ့ကိုနင်ဘယ်လိုလေသံနဲ့လာပြောနေတာလဲနှင်းဆီ”
ဟုပြောလေတော့မနှင်းဆီကရယ်လေသည်။
“ဟင်း…နင့်လိုအကောင်ကိုယူထားတဲ့ငါ့အစ်မကတော့
ငါ့သွေးသားမို့ငါတင်ကျွေးထားနိုင်တယ်….
ငါ့လယ်မှာငါရုန်းလို့စားရတဲ့ထမင်းကိုနင်မြိုပြီး
နင့်ကိုလေးစားရအောင်…ဟဲ့သံခဲနင်ကဘာကောင်မလို့လဲ”
ဟု…မနှင်းဆီက ဆတ်ဆတ်ထိမခံပြောလေတော့
အနာကိုဆားနှင့်အပက်ခံရသလိုသံခဲမှာဒေါသထွက်နေခဲ့သည်။
ယောကျာ်းနဲ့ညီမကြားရှိနေသော မစံပယ်ကပင်…
“နှင်းဆီရယ်…စိတ်လျော့ပါဟယ်…
သူကငါ့ကိုပြောတာပါနင့်ကိုမပြောပါဘူးဟယ်…”
“အေး…ပြောလို့ရရင်ပြောကြည့်လေ…
ဒင်းငါ့အကြောင်းသိသွားမယ်…”
“နှင်းဆီ…နင်တော့လား…
အေး သံခဲဘာကောင်လဲဆိုတာနင်တစ်နေ့သိစေရမယ်”
သံခဲကထိုသို့ကြိမ်းဝါးပြီးထွက်သွားတော့သည်။
မစံပယ်တစ်ယောက်ကတော့
စိတ်ပျက်လက်ပျက်ဖြစ်လို့နေရှာ၏။
မနှင်းဆီ၏အဒေါ်များကလည်း…
“နှင်းဆီသူများလင်မယားကြားဝင်မပါနဲ့ငါ့တူမရဲ့”
“ကျုပ်ကဝင်ပါတာမဟုတ်ပါဘူးကြီးတော်ရာ…
ဒင်းကထမင်းအေးအေးမစားဘဲ..
ကျုပ်တို့မိဘအမွေကိုလာထိချင်နေတာ…
ဒါကိုကျုပ်က ကျုပ်အစ်မလို
ခပ်တုံးတုံးခပ်အအနေပေးရမှာလား…”
“ညည်းလည်းအေ…
ညည်းတို့ညီအစ်မစည်းလုံးရင်
ဒီအကောင်ဘာလုပ်နိုင်မှာတုန်း…
ကိုယ်ကမိန်းကလေးအေ့…
ဒင်းကလူဆိုးလူမိုက်…တော်နေ
ညည်းတစ်ခုခုဖြစ်မှာစိုးလို့ပါအေ”
“စိတ်ချကြီးတော်…
ကျုပ်လိုကောင်မကဘယ်တော့မှသွေးမနည်းဘူး…
ဖြစ်လာရင်သူသေကိုယ်သေပဲ”
အဒေါ်ဖြစ်သူတွေကလည်းမနှင်းဆီကို
ဘယ်လိုမှပြော၍မရ။
သံခဲဆိုတာရွာတကာလှည့်အရက်သောက်…
ဖဲရိုက်…ကြက်တိုက်တတ်သော လူဆိုးလူမိုက်ပင်။
သံခဲကအပေါင်းအသင်းစုံ၏။
စုံဆိုလျှင်သူပေါင်းသမျှက သူနှင့်စိတ်တူကိုယ်တူ
လူဆိုးလူမိုက်များပဲဖြစ်သည်။
တစ်နေ့၌…
“အစ်မကျုပ်ရွာအနောက်ပိုင်းမှာ
ကင်ပွန်းချဉ်ရွက်သွားခူးဦးမယ်…
ကင်ပွန်းချဉ်ကိုငရုပ်သီးနဲ့စပ်စပ်လေး
ကြော်စားချင်နေလို့အေ…”
“ငါကောအတူလိုက်ခဲ့မယ်လေ…
တော်နေဆိုရင်မှောင်တော့မှာ နှင်းဆီရဲ့…”
“နေ…နေ…မလိုက်ခဲ့နဲ့တစ်ခါစားပဲခူးပြီး
ကျုပ်ပြန်လာမှာပါအစ်မရယ်…”
မစံပယ်က မနှင်းဆီကိုစိတ်မချဖြစ်နေသည်။
မနှင်းဆီကတော့ မစံပယ်ကိုကျောပေးပြီး
ထွက်သွားတော့၏။
ထိုနေ့ကမနှင်းဆီမှာမိုးချုပ်သော်လည်းအိမ်သို့ပြန်
ရောက်မလာခဲ့ပေ။
မစံပယ်မှာလည်းညီမဖြစ်သူအတွက်
စိတ်ပူပြီးရွာသူကြီးကိုအကြောင်းကြားရ၏။
ထိုအခါရွာသူကြီးနှင့်ရွာသားတွေခမျာ မနှင်းဆီကို
လိုက်လံရှာဖွေကြတော့သည်။
သို့သော်မနှင်းဆီကအစအနပျောက်လို့နေရှာသည်။
ရွာသူကြီးဦးဘိုးထင်ပြောပြတာကိုနားတောင်ပြီး
ဘွားမယ်စိန်တွေးနေခဲ့သည်။
ခဏကြာလေတော့…
“အခုရွာထဲဝင်နေတဲ့သရဲကလည်းမနှင်းဆီ….
ရွာကပျောက်သွားတာလည်းမနှင်းဆီဆိုတော့
အင်း…မနှင်းဆီရွာကပျောက်သွားတာအကြောင်းအရင်းတစ်ခုခုရှိနေခဲ့ပြီပေါ့”
“မနှင်းဆီကသွေးကြွေးတောင်းမယ်ကြီးပဲပြောနေတာခင်ဗျ…
ညတိုင်းလိုလိုလည်းရွာထဲမှာလမ်းလျှောက်နေတာ…
ကျုပ်တို့လည်းဒီကိစ္စကြီးကြောင့်အိပ်ကောင်းခြင်း
မအိပ်ရပါဘူးဗျာ…”
ဟု…သူကြီးဦးဘိုးထင်ကပြောတော့ဘွားမယ်စိန်
ခေါင်းညိတ်၍…
“ဒီလိုဆိုရင် မနှင်းဆီရွာကပျောက်တာ
ဘယ်လောက်ကြာသွားပြီလဲကောမှတ်မိလား
မောင်ဘိုးထင်…”
“မနှင်းဆီပျောက်တာ
တစ်လကျော်နှစ်လလောက်ပဲ ရှိသေးတယ်ဗျ”
“ဒီဝိညာဉ်ကတစ်ခုခုကိုမကျေနပ်ပြီး
ပြန်လက်တုံ့ပြန်ချင်နေပြီထင်တယ်ကွဲ့…
အငြိုးကြီးနေပုံထောက်ရင်
မောင်ရင်တို့ရွာမှာအမှားလုပ်ထားသူရှိနေပုံရတယ်”
“ကျုပ်လည်းဘယ်လိုဖြေရှင်းရမလဲမသိပါဘူးအမေကြီးရယ်…
ရွာထိခိုက်မှာဆိုးတာနဲ့အမေကြီးဆီအပြေးလာခဲ့ကြတာပါ…”
“အေးလေ…အချိန်ဆွဲလို့လည်းအဆင်မပြေလောက်ဘူး…
မောင်ရင်တို့ရွာကိုဘွားတို့လိုက်ခဲ့ပါ့မယ်…
ညနေ…နေအေးတာနဲ့သွားကြတာပေါ့”
“ဝမ်းသာလိုက်တာဗျာ…
အမေကြီးလိုက်လာမယ်ဆိုတော့ကျုပ်တို့အတွက်
အတော်လေးအဆင်ပြေတာပေါ့ဗျာ…”
“အေးကွယ်…”
ဘွားမယ်စိန်တို့လည်း သူကြီးဦးဘိုးထင်တို့ရွာဆီကို
ညနေနေအေးသည်နှင့်လိုက်လာခဲ့ကြတော့သည်။
နွားလှည်းနှစ်စီးရှေ့နောက်မောင်းရင်းထန်းစုရွာသို့
ရောက်လာခဲ့ကြ၏။
ရောက်လာသည့်အချိန်ကလည်းမိုးချုပ်နေလေပြီ
ရွာသူကြီးဦးဘိုးထင်တို့နွားလှည်းအိမ်ရှေ့ရပ်လိုက်သည်နှင့်…
“သူကြီး…သူကြီး…”
ဟုအော်ကာအပြေးလာသောရွာသားများအုပ်စု…။
“ဟေ့ကောင်တွေဘာဖြစ်လာကြတာလဲ…”
“သံခဲ…သံခဲတို့အုပ်စု…အောက်လမ်းဆရာခေါ်လာပြီး
သရဲနှိမ်နင်းမလို့တဲ့…”
“ဟေ…ဒီကောင်တွေဘာတွေလျှောက်လုပ်နေကြတာလဲ…”
“အခုရွာအနောက်ပိုင်းမှာ လူတွေစုနေကြပြီဗျ…
လာပါသူကြီး…သူကြီးလိုက်တားမှဖြစ်မှာဗျ…”
ရွာသားတွေကသံခဲတို့လိုလူဆိုး…လူမိုက်တွေကို
မပြောရဲကြ၍သူကြီးပြန်လာသည်အထိစောင့်နေပုံရကြသည်။
သံခဲကလည်းအောက်လမ်းဆရာခေါ်ပြီး
သရဲမ မနှင်းဆီကိုရှင်းပစ်ဖို့လုပ်နေခဲ့၏။
“အမေကြီး…ကျုပ်တို့သွားမှဖြစ်မယ်ဗျ…
ဒီကောင်တွေအမှားလုပ်ရင်ကျုပ်တို့ရွာကို
လာထိမှာစိုးရတယ်ဗျ”
“အေးလေ…သွားကြတာပေါ့”
ရွာသူကြီးဦးဘိုးထင်တို့နှင့်အတူဘွားမယ်စိန်တို့လည်း
လိုက်လာခဲ့ကြသည်။
ရွာအနောက်ဘက်ရှိမြေကွက်လပ်တွင် မီးတုတ်များလင်းနေအောင်ထွန်းထားပြီး အစီအရင်များစီရင်နေကြသော
လူတစ်စုကိုတွေ့လိုက်ရ၏။
ထိုလူစုနံဘေးတွင်မည်သူမှရှိမနေပေ။
တစ်ရွာလုံးလည်းကြောက်၍အိမ်ထဲ၌သာနေကြပုံရ၏။
“ဟေ့…သံခဲ…မင်းဒါဘာလုပ်တာလဲကွ…”
သူကြီးဦးဘိုးထင်က သံခဲကိုမေးလိုက်သည်။
“သူကြီး ကျုပ်ကဒီရွာအတွက်လုပ်ပေးနေတာ…
ခင်ဗျားဘာမှမလုပ်ပေးနိုင်ရင်ဒီတိုင်းပဲ ကြည့်နေ”
“ဟေ့ကောင်မင်း…”
သူကြီးဦးဘိုးထင်ကစိတ်တိုသွားသည်။
သို့သော်ဘွားမယ်စိန်ကသူကြီးဦးဘိုးထင်၏ပုခုံးကိုကိုင်၍…
“မောင်ရင်အသာနေ…သူတို့အလုပ်သူတို့ဆက်လုပ်ပါစေ…
ဘွားတို့ဒီတိုင်းကြည့်ကြတာပေါ့”
ဟုပြောသောအခါ…
“ဒါပေမယ့်” ဟုသူကြီးဦးဘိုးထင်ကပြောတော့
ဘွားမယ်စိန်ကခေါင်းတစ်ချက်ညိတ်ပြလိုက်သောအခါ
ဆက်၍မပြောသာတော့ဘဲမလှမ်းမကမ်းမှကြည့်နေကြရတော့၏။
သံခဲကတော့သူကြီးမတားနိုင်ဟုထင်ပြီး
မချိုမချဉ်မျက်နှာဘေးဖြင့် သူ၏
အောက်လမ်းဆရာကိုဆက်၍လုပ်စေသည်။
အောက်လမ်းဆရာကစတင်၍…
“အောင်းးး…နှင်းဆီဆိုတဲ့သရဲမ…
ငါဆရာအမိန့်နဲ့ရောက်တဲ့နေရာကနေလာခဲ့စမ်း…”
ဟုအသံကြီးဖြင့်အော်ကာခေါ်နေသည်။
သူ၏လက်အတွင်း၌လည်း အရိုးခေါင်းတစ်ခုကိုကိုင်လို့ထားသေး၏။
“ဟာ…ဟိုမှာ…”
“တကယ်ရောက်လာတာဟ”
အောက်လမ်းဆရာ၏ရှေ့မှောက်၌ဒူးထောက်ရောက်လာသော
သရဲမမနှင်းဆီကိုမြင်တော့အားလုံးအံ့သြကုန်ကြသည်။
ဒူးထောက်အနေအထားထိုင်နေပါသော်လည်း
မနှင်းဆီမျက်လုံးများကဒေါသများထွက်နေဟန်ရှိသည်။
“ဟဲ့သရဲမ…ငါ့ကိုအာခံမယ်မကျန်နဲ့….
နင့်ဦးခေါင်းငါ့ဆီမှာရှိတယ်…
ငါ့ကိုအာခံရင်နင့်ထိုက်နဲ့နင်ပဲ…”
“အေးပေါ့လေ…နင်တို့က
ငါ့ကိုအနိုင်ယူထားကြတော့
နင်တို့ပြောသလိုပေါ့….
ကံမြင့်နေတုန်းလုပ်ထားကြဦးပေါ့”
“အောင်မယ်…ငါ့ကိုများ…
လာစမ်းဟဲ့…”
အောက်လမ်းဆရာကဂါထာများရွတ်ပြီး
ဦးခေါင်းခွံကြီးကိုဓားအသေးလေးဖြင့်ပေါက်ပေါက်ချနေသည်။
မနှင်းဆီခမျာ….
“အားးးးး….အမယ်လေး….အမယ်လေး…နာလှချည်ရဲ့….
အမယလြေးးးးးးးးးးး”
ဟုအော်ကာမြေကြီးပေါ်၌လူးလှိမ့်နေရှာသည်။
အတော်လေးကြာမှဂါထာရွှတ်တာကိုရပ်ပြီး…
“မှတ်ပြီလားသရဲမ…
နင်လိုကောင်မငါ့လက်အောက်မှာ
ငါခိုင်းတာလုပ်ရမယ်ဆိုတာမှတ်ထား…
အေး…အာခံရင်လည်း
နင်နာမယ်ဆိုတာမမေ့နဲ့ဟဲ့…”
မနှင်းဆီမှာအစွယ်ကျိုးသောမြွေဟောက်ပမာ…
ငြိမ်၍နေရှာသည်။
ထိုစဉ်မောင်တိုးကဘွားမယ်စိန်အနီးကိုကပ်၍…
“ဘွားတစ်ခုခုတော့မှားနေပြီထင်တယ်ဗျ…
ဒီကောင်တွေကြည့်ရတာမနှင်းဆီကိုအနိုင်ကျင့်နေပုံရတယ်”
ဟုပြောတော့ဘွားမယ်စိန်ကခေါင်းကိုညိတ်ပြီး…
“ဘွားသိတယ်…”
ဟုပြောလိုက်သည်။
“ကဲ…အားလုံးပြန်လို့ရပါပြီ…
ဒီသရဲမ နောက်ကိုကျုပ်တို့ရွာထဲ
မဝင်နိုင်တော့ပါဘူးဗျာ…
ကျုပ်ဆရာရဲ့ပညာအောက်မှာ
ဒူးထောက်ခစားနေရပြီဆိုတာ ခင်ဗျားတို့မျက်မြင်ပဲလေ”
ဟု…သံခဲက ဝမ်းသာအားရပြောလိုက်၏။
သံခဲကိုကြည့်၍မနှင်းဆီသည်…
“သံခဲ…နင့်အမှီကောင်းလို့လွှတ်တယ်မှတ်ပါ…
ငါ့ကိုသတ်ခဲ့တဲ့နင့်ကိုမရရအောင်ငါပြန်သတ်မယ်သံခဲ…
နင့်ကိုငါရအောင်သတ်မယ်…”
ဟု…မနှင်းဆီကအံကြီးကိုကြိတ်၍သံခဲကိုပြောလိုက်သည်။
မနှင်းဆီ၏အကြည့်ကြီးကိုသံခဲကြောက်သွားပြီး…
“ဆရာ…ဆရာလုပ်ပါဦးဒီကောင်မကို”
ဟုပြောလိုက်တော့ အောက်လမ်းဆရာက
ဦးခေါင်းခွံကြီးကိုပြန်ကောက်၍ ဂါထာရွတ်မယ်ပြင်နေစဉ်…
“လာစမ်းဟဲ့…”
“ဒုတ်…”
“ဟာ…”
ဘွားမယ်စိန်ကပြောလည်းပြောတောင်ဝှေးကိုလည်းမြေပေါ်ဆောင့်ချလိုက်တော့ အောက်လမ်းဆရာ၏လက်အတွင်း၌
ရှိနေသော ဦးခေါင်းခွံသည်ဘွားမယ်စိန်လက်ထဲသို့
လှစ်ခနဲရောက်ရှိလာခဲ့တော့သည်။
အောက်လမ်းဆရာနှင့်သံခဲတို့အံ့သြနေကြစဉ်
မနှင်းဆီသည်နှုတ်ခမ်း၌အပြုံးကြီးတစ်ပွင့်ဖြင့်…
“ဟင်း…ဟင်း….ဟင်းး….
တွေ့ကြပြီပေါ့…”
ဟုပြောကာ အောက်လမ်းဆရာ၏လည်ပင်းကိုဆွဲညှစ်တော့သည်။
မနှင်းဆီ၏လက်ချက်ကြောင့်အောက်လမ်းဆရာသည်
မြေပြင်မှတစ်ပေခန့်မြင့်သောလေထဲတွင်
ခြေထောက်ကိုယက်ကန်ယက်ကန်ဖြင့်မျက်လုံးကြီးအပြူးသား
ဖြစ်နေခဲ့လေသည်။
သံခဲသည်လည်းဒူးများပင်တုန်ရီနေပြီး
ပြေး၍မရဖြစ်နေရှာသည်။
သူ့အပေါင်းအပါများကတော့ထွက်ပြေးကုန်ကြလေပြီ။
အောက်လမ်းဆရာသည်မနှင်းဆီလက်ချက်ဖြင့်
ဇတ်ကျိုးသွားလေတော့ မနှင်းဆီကမြေပေါ်သို့ပစ်ချပြီး…
“သံခဲ…နင်ငါ့ခေါင်းကိုရိုက်ပြီးငါ့ကိုလူမသိသူမသိ
သတ်ခဲ့တုန်းက နင်အတော်ပျော်နေတယ်မဟုတ်လား…
အခုနင့်အလှည့်…သေပေတော့…”
“အမယ်လေး…ကယ်ကြပါဦးဗျ…
အ….အစ်…”
မနှင်းဆီက ကြောက်မက်ဖွယ်အပြုံးကြီးဖြင့်
သံခဲ၏လည်ပင်းကိုလက်ဖြင့်အသကုန်ဆွဲညှစ်ထားတော့သည်။
သံခဲလည်းသူ့ဆရာ…အောက်လမ်းဆရာနည်းတူ
လေပေါ်၌ခြေထောက်လေးယက်ကန်ယက်ကန်ဖြစ်လို့နေခဲ့၏။
“အ….”
အသက်ထွက်ဖို့နည်းနည်းသာလိုတော့ချိန်…
“ဒုတ်”
“ဘုန်း”
ဘွားမယ်စိန်ကတောင်ဝှေးကိုဆောင့်ချလိုက်တော့
သံခဲတစ်ယောက်မြေပေါ်သို့ဘုန်းခနဲပြုတ်ကျလာခဲ့သည်။
မနှင်းဆီကတော့ဘွားမယ်စိန်ကိုမကျေမနပ်ကြည့်နေလေသည်။
“နှင်းဆီ…ညည်းသွေးကြွေးဆပ်ချင်နေတာ
ဘွားသိပါတယ်…ဒါပေမယ့်စောစောက
အောက်လမ်းဆရာကလူတွေရဲ့အသက်…
အပြစ်မဲ့သူတွေရဲ့အသက်ကို
ဒုက္ခပေးလာတဲ့အကောင်မလို့ဘွားက မတားခဲ့တာပါ…
ဒီအကောင်ကိုတော့ သူ့ရဲ့အပြစ်ကိုရွာသူကြီး
ကိုယ်တိုင်အပြစ်ပေးပါစေအေ…”
ဟုပြောလေတော့…
“ဒင်းက ကျုပ်အသက်ကိုသတ်ခဲ့တာ…
ဒင်းကြောင့်ကျူပ်တို့ညီအစ်မဒုက္ခရောက်ကြရတာ…
ဒင်းကိုကျုပ်သတ်မှရမယ်… ”
ဟုဒေါသတကြီးပြောလေတော့…
“နှင်းဆီ…ညည်းစိတ်တွေကြမ်းနေပြီ…
ညည်းဟာသရဲဆိုးတစ်ကောင်ဖြစ်တော့မယ်အေ့…
အဲ့သည်လိုသာဖြစ်ရင်ညည်းဘဝကကျွတ်ဖို့
လမ်းမမြင်တော့ဘူးနှင်းဆီ…”
“ဒါပေမယ့်…”
“ဘွားပြောတာကိုနားထောင်ပါအေ…
ညည်းအသက်ကိုသတ်ခဲ့တဲ့အကောင်ကို
ဘွားတို့အပြစ်ပေးမှာပါ…
ဒါကြောင့်ညည်းဆက်ပြီးမသတ်ပါနဲ့တော့”
“ဟုတ်ပါတယ်နှင်းဆီ…
ငါကိုယ်တိုင်ဒီကောင်ကိုမြို့ဂတ်အပ်မှာပါ…
ဒီကောင်ပြေးမလွတ်တော့ပါဘူးဟာ…”
ရွာသူကြီးဦးဘိုးထင်တို့ကပါဝင်ပြောတော့မှ
မနှင်းဆီစိတ်ကိုလျော့ချလိုက်ပုံရ၏။
“ကျုပ်အရိုးတွေကိုမီးရှို့ပေးပါ…
အစ်မကိုလည်းပြောပေးပါ…
စိတ်ချမ်းသာအောင်နေပါလို့…
ကျုပ်အတွက်လည်း
အမျှအတန်းပေးဝေပေးပါလို့လည်း
ပြောဖြစ်အောင်ပြောပေးပါ…”
“စိတ်ချ…ညည်းပြောတာတွေပြောပေးပါ့မယ်…”
မနှင်းဆီသည်အမှောင်ထဲသို့
တရွေ့ရွေ့လျှောက်သွားရင်း
ပျောက်ကွယ်သွားတော့သည်။
ရွာသူကြီးတို့ကတော့သံခဲကိုဝိုင်းထားပြီး…
“ဟေ့ကောင်သံခဲ…မင်းဘာကြောင့်
မနှင်းဆီကိုသတ်ခဲ့တာလည်း…ပြောစမ်း…”
“ကျုပ်…ကျုပ်သူတို့ပိုင်သမျှကိုရချင်လို့ပါ…”
“ခွေးသတောင်းစားခွေးကျင့်ခွေးကြံနဲ့”
ဟုပြောရင်းသံခဲကိုဝိုင်းရိုက်ကြတော့သည်။
သံခဲခမျာလည်းသွေးများတရဲရဲဖြင့်
ဒဏ်ရာများဗလပွဖြစ်ကုန်တော့သည်။
“ခွေးကောင်မနှင်းဆီအလောင်းကို
မင်းဘယ်မှာမြုပ်ထားတာလဲ”
“ဟို…ကင်ပွန်းခြုံတွေရဲ့အရှေ့ဘက်မှာပါ…”
“လာ…အခုလိုက်ပြ”
ရွာသူကြီးကသံခဲကိုဂုတ်မှဆွဲခေါ်၍
မနှင်းဆီအလောင်း
မြုပ်ထားတာကိုပြစေသည်။
သံခဲပြသောနေရာကိုရောက်တော့
ရွာသားတွေကိုတူးခိုင်းတော့၏။
မနှင်းဆီ၏အလောင်းကိုတွေ့လေတော့…
“ကဲ…သူ့အစ်မကိုအကျိုးအကြောင်းပြောပြီး
သွားခေါ်ကြကွဲ့…”
ဟုဘွားမယ်စိန်ကမစံပယ်ကိုခေါ်ခိုင်းသည်။
မစံပယ်ရောက်လာချိန်မှာတော့မစံပယ်သည်
ညီမဖြစ်သူအလောင်းကိုကြည့်၍..
“နှင်းဆီရယ်…ငါ့အမှားပါ…ငါ့ကိုခွင့်လွှတ်ပါနှင်းဆီရယ်”
ဟုတတွတ်တွတ်ပြောပြီငိုရှာသည်။
“အလောင်းကိုမီးရှို့မယ်…”
ဘွားမယ်စိန်ကမနှင်းဆီအလောင်းကိုမီးရှို့ခိုင်းသည်။
သံခဲကိုတော့ရွာသားတွေကကြိုးတုပ်ပြီးခေါ်သွားတော့၏။
မနှင်းဆီအတွက်လည်းကုသိုလ်ကောင်းမှုများလုပ်ပေးဖို့နှင့်
မနှင်းဆီမှာကြားသည်များကိုမစံပယ်ကို
ဘွားမယ်စိန်ကပြောပြပေးသည်။
မစံပယ်မှာလည်းမျက်ရည်များဖြင့်ခေါင်းညိတ်ရှာသည်။
တစ်ရွာလုံးလည်းမိုးလင်းသည်အထိမအိပ်နိုင်ကြဘဲ
သတင်းကိုနားစွင့်နေကြသည်။
ဘွားမယ်စိန်တို့ရွာထဲပြန်ဝင်လာလေမှအကြောင်းစုံသိကြ၍
မနှင်းဆီအတွက်စိတ်မကောင်းဖြစ်နေကြရှာသည်။
သံခဲကိုတော့မိုးလင်းသည်နှင့်မြို့ဂတ်သို့ပို့လိုက်ကြသည်။
ထန်းစုတစ်ရွာလုံးလည်းမနှင်းဆီ၏အကြောင်းများကို
ပြောလို့မဆုံးဖြစ်နေကြရှာ၏။
မစံပယ်ခမျာလည်းညီမဖြစ်သူအတွက်
အလှူအတန်းလုပ်ဖို့ရန်ပြင်ဆင်နေရှာသည်။
မနှင်းဆီကလည်းထိုနေ့မှစ၍ရွာထဲသို့ဝင်မလာတော့ပေ။
ဘွားမယ်စိန်တို့လည်းနှစ်ရက်မျှနေပြီးနောက်
မိမိတို့ရွာသို့ပြန်သွားကြတော့၏။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

ေသြးေႂကြးေတာင္းသည့္ည(စ/ဆံုး)
—————————————-
တစ္ေန႔သ၌ဘြားမယ္စိန္၏ေနအိမ္ဆီကို
ဧည့္သည္မ်ားေရာက္လာခဲ့သည္။
ထိုဧည့္သည္မ်ားကိုေမာင္တိုးကိုယ္တိုင္လိုက္ပို႔ျခင္းျဖစ္၏။
ကြပ္ပ်စ္ခင္း၌ ဧည့္သည္မ်ားကိုထိုင္ေစၿပီး
ေမာင္တိုးနဲ႔ေဒၚဝင္းကေတာ့ထန္းလက္ခုံ၌ထိုင္ေနခဲ့ၾကသည္။
ဧည့္သည္မွာအမ်ိဳးသားသုံးဦးျဖစ္ၿပီး
ထိုအထဲမွတစ္ဦးသည္ အသက္ငါးဆယ္အ႐ြယ္လူႀကီးတစ္
ေယာက္ျဖစ္ေပသည္။
က်န္ႏွစ္ေယာက္သည္ကေမာင္တိုးႏွင့္
မတိမ္းမယိမ္းအ႐ြယ္မ်ားသာျဖစ္ၾက၏။
“ကဲ…ဆိုစမ္းပါဦးကြယ္…
ေမာင္ရင္တို႔က…
ဘယ္ကေနမ်ားေရာက္လာၾကတာလဲကြဲ႕…”
ဟုဘြားမယ္စိန္ကေမးေတာ့
အသက္ငါးဆယ္အ႐ြယ္လူႀကီးမွ…
“ဟုတ္ကဲ့…က်ဳပ္တို႔က ထန္းစု႐ြာကပါအေမႀကီး…
က်ဳပ္ကေတာ့ထန္းစု႐ြာသူႀကီး ဘိုးထင္ပါ…”
“​ေၾသာ္…ေအးကြယ္…
ဘြားဆီကိုေရာက္လာၾကတာဆိုေတာ့ ဘာမ်ား
အေရးတႀကီးကိစၥရွိေနလို႔လဲကြဲ႕…”
ဘြားမယ္စိန္အေမးေၾကာင့္ ထန္းစု႐ြာသူႀကီးဦးဘိုးထင္က
သက္ျပင္းတစ္ခ်က္ခ်သည္။
မ်က္ႏွာကလည္း အေတာ္ေလးစိတ္ညစ္ေနပုံရ၏။
သို႔ေသာ္ဘြားမယ္စိန္ကိုအားကိုးတႀကီးျဖင့္…
“က်ဳပ္တို႔ထန္းစု႐ြာဒုကၡေရာက္ေနလို႔ပါအေမႀကီး”
“ေဟ…တစ္႐ြာလုံးဒုကၡေရာက္ေနတာလား…
ဘာမ်ားျဖစ္ၾကလို႔လဲကြဲ႕”
ဘြားမယ္စိန္သည္ ႐ြာသူႀကီးဦးဘိုးထင္ကို
ေသခ်ာစိုက္ၾကည့္ေနခဲ့သည္။
ေမာင္တိုႏွင့္ေဒၚဝင္းတို႔ကလည္းသိခ်င္ေနၾက၍
႐ြာသူႀကီးဦးဘိုးထင္၏မ်က္ႏွာကိုသာၾကည့္ေနခဲ့ၾက၏။
“ဘယ္ကေနစေျပာရမလဲကိုမသိပါဘူးအေမႀကီးရယ္…
က်ဳပ္တို႔႐ြာမွာတစ္ခါမွမျဖစ္ဖူးတဲ့အျဖစ္အပ်က္ႀကီးပါဗ်ာ…”
ဟု…သူႀကီးဦးဘိုးထင္က ျပန္ေျပာရမွာကိုပင္
စိတ္မသက္မသာျဖစ္ေနပုံရသည္။
သို႔ေသာ္ေျပာမွသိၾကမည္ျဖစ္တာေၾကာင့္ေျပာျပေတာ့၏။
အခ်ိန္ကညသန္းေခါင္ေရာက္ေလၿပီ…
တိတ္ဆိတ္ေနေသာညသန္းေခါင္ယံတြင္ေခြးအူသံမ်ားက
ထြက္ေပၚလာခဲ့၏။
ဆြဲဆြဲငယ္ငယ္အူေနေသာေခြးအူသံမ်ားသည္႐ြာအျပင္မွ
တေ႐ြ႕ေ႐ြ႕႐ြာထဲသို႔ပ်ံ႕ႏွံ႔လာခဲ့သည္။
႐ြာထဲရွိေခြးမ်ားကပါထပ္မံ၍
အူေသာေၾကာင့္တစ္႐ြာလုံးကို
ေခြးအူသံမ်ားက ဖုံးလႊမ္းလို႔သြားေလသည္။
“ေတာက္…”
က်ယ္ေလာင္ေသာေတာက္ေခါက္သံသည္
႐ြာလမ္းမဆီမွထြက္ေပၚလာခဲ့၏။
“ေတာက္…”
ေနာက္တစ္ခ်က္ထပ္မံကာေတာက္ေခါက္သံက
ထြက္ေပၚလာျပန္သည္။
ပုံပန္းသဏၭာန္မျမင္ရ…အရိပ္မျမင္ရေသာ ႐ြာလမ္းဆီမွ
ေတာက္ေခါက္သံေၾကာင့္ လမ္းမနားရွိအိမ္မွ
လူမ်ားႏိုးလာခဲ့ၾကသည္။
“ေတာက္…”
ေတာက္ေခါက္သံကအဆက္မျပတ္ထြက္ေပၚေနျပန္သည္။
တစ္စုံတစ္ခုကိုမေက်မနပ္ျဖစ္ေနေသာ ေတာက္ေခါက္သံကို
နားစြင့္ယုံသာနားစြင့္ေနၾကၿပီး မည္သူမွ တဲအိမ္အျပင္ကို
မထြက္ရဲၾကေပ။
ေခြးမ်ားကလည္း ထို႐ြာလမ္းမေပၚ၌အုပ္စုလိုက္
အူေနၾကသည္မွာၾကားရသူမ်ားအဖို႔ေျခာက္ျခားဖြယ္ေကာင္းေသာညတစ္ညျဖစ္ေနခဲ့သည္။
သုံးခ်က္တီးေလာက္မွ ေခြးအူသံမ်ားေကာ…
ေတာက္ေခါက္သံပါေပ်ာက္ကြယ္သြားခဲ့၏။
ေနာက္တစ္ေန႔နံနက္ေရာက္ေတာ့ ထန္းစု႐ြာ၌
ထိုသတင္းကေျပာလို႔မၿပီးႏိုင္ျဖစ္​ေနခဲ့သည္။
“ညက ေတာက္ေခါက္သံႀကီးကိုၾကားရတာ
က်ဳပ္ျဖင့္ ေၾကာက္လိုက္တာမေအးရယ္…”
“အိုေအ…အရက္မူးသမားေတြျဖစ္မွာပါ”
“မျဖစ္ႏိုင္တာေတာ္…
လူေတာ့မ​ျဖစ္ႏိုင္တာေသခ်ာပါတယ္…”
“႐ြာထိပ္ကကိုေပါက္စေလသိတယ္မလား…
သူလည္းေတာက္ေခါက္သံၾကားလို႔ထၾကည့္တယ္ဆိုပဲဟဲ့…
သူျမင္လိုက္တာေတာ့ထဘီကိုတိုတိုဝတ္ထားၿပီး
ဆံပင္ကိုဖ်ားလ်ားႀကီးခ်ထားတဲ့မိန္းမတစ္ေယာက္
႐ြာလမ္းမေပၚမွာ လမ္းေလွ်ာက္ေနတာကိုေတြ႕ခဲ့တယ္တဲ့…”
“တစ္႐ြာကအ႐ူးမမ်ားေရာက္လာတာလား”
“ဟဲ့အ႐ူးမဆိုရင္တို႔ေတြလည္း​ျမင္မွာေပါ့…
အခုဘယ္မွာလဲအဲ့အ႐ူးမ….
သရဲမွသရဲပါဟယ္…”
“က်ဳပ္ကေတာ့လူပဲထင္တယ္…”
“အမယ္ေလး…ညည္းတို႔ျငင္းမေနၾကနဲ႔ေတာ့…
ဒီညထပ္လာရင္လူလားသရဲလားသိေအာင္ထြက္သာၾကည့္ၾက”
“က်ဳပ္ေတာ့မၾကည့္ရဲေပါင္ေတာ္…”
တစ္႐ြာလုံးလည္း ညကအျဖစ္အပ်က္ကိုလူနဲ႔သရဲ
ျငင္းလို႔မၿပီးၾကေပ။
ညသို႔ေရာက္ေတာ့လည္းေတာ္ေတာ္ႏွင့္အိပ္မေပ်ာ္ၾကေသးေပ။
မီးမ်ားမွိတ္ထားၾကၿပီး လူမ်ားကအိပ္ရာအထက္သို႔
ေရာက္ေနသည့္တိုင္ မ်က္လုံးမ်ားကေတာ့
အိပ္လို႔မရျဖစ္ေနၾကသည္။
အခ်ိန္ကလည္းတေျဖးေျဖးျဖင့္
ညသန္းေခါင္သို႔ေရာက္လာခဲ့သည္။
႐ြာအျပင္ရွိေခြးမ်ားကလည္းစတင္အူေနၾကၿပီျဖစ္၏။
ေခြးအူသံမ်ားဆူညံလာေတာ့ ႐ြာသူ၊႐ြာသားတို႔မွာ
ထ၍ထိုင္ေနၾကၿပီျဖစ္သည္။
“ေတာက္…”
ေခြးအူသံမ်ားက႐ြာလမ္းမအတိုင္း
ေရာက္ရွိလာေသာအခါ…
“ေတာက္ေခါက္သံႀကီးေတာ္ၾကားလား”
“ၾကားပါတယ္ဟ…ၾကည့္ရတာေခြးေတြက
သူ႔ေနာက္ကိုလိုက္ၿပီးအူေနပုံရတယ္…”
“ဟုတ္ေလာက္တယ္…
အခု…က်ဳပ္တို႔ဘာလုပ္ၾကမွာတုန္း”
“ေနပါဦး…ငါေဘးတဲကိုလွမ္းေခၚၾကည့္ဦးမယ္…
ကိုသန္း…ဗ်ိဳ႕ကိုသန္း”
“ေဟ…”
“က်ဳပ္တို႔အျပင္ထြက္ၾကမလား”
“ေအး…ငါလည္းအဲ့လိုေတြးေနတာကြ…”
“လာဗ်ာ…လူလား…သရဲလား ထြက္ၾကည့္ၾကတာေပါ့”
ေဘးတဲအခ်င္းခ်င္းအသံလွမ္းျပဳလိုက္ၾကသည္။
သူတို႔လည္းတုတ္မ်ား…မီးအိမ္မ်ားကိုင္ၿပီး
အျပင္ထြက္လာခဲ့ၾက၏။
“ဟိုမွာကြ…ေခြးေတြဝိုင္းေနတာ…”
“လာကြာ…တို႔သြားၾကမယ္”
မိန္းမ​ျဖစ္သူေတြကၿခံဝိုင္းထဲမွလွမ္းၾကည့္ေနၾကၿပီး
႐ြာသားႏွစ္ေယာက္ကေတာ့ ေခြးမ်ားရွိေနေသာေနရာသို႔
သြားၾကေတာ့သည္။
ဆံပင္ဖ်ားလ်ားျဖင့္ခါးႀကီးကိုေထာက္ၿပီး ေက်ာေပးကာရပ္ေနေသာအမ်ိဳးသမီးကို႐ြာသားႏွစ္​ေယာက္ေတြ႕လိုက္ၾကသည္။
“ေဟ့ေခြးေတြ…ဖယ္ၾကစမ္း”
ေခြးေတြကိုေမာင္းထုတ္လိုက္ေတာ့ ေခြးမ်ားကလည္း
ခပ္လွမ္းလွမ္းသို႔ထြက္သြားၾက၏။
“ေဟ့…ဘယ္သူတုန္း…
ဒီဘက္ကိုလွည့္စမ္း…”
ဟု႐ြာသားတစ္ေယာက္မွေျပာလိုက္သည္။
သို႔ေသာ္မည္သည္မွမတုန္႔ျပန္၍…
“ေျပာေနတာမၾကားဘူးလား…
နင္ဘယ္သူလဲ…ညႀကီးအခ်ိန္မေတာ္
ဘာထြက္လုပ္ေနတာလဲ…”
ဟုထပ္မံကာေမးေတာ့ ဆံပင္ဖ်ားလ်ားျဖင့္အမ်ိဳးသမီးမွ…
“ကိုယ္နဲ႔မဆိုင္ရင္ဝင္ေနၾကစမ္း…”
ဟု…ေဒါသအသံျဖင့္ေျပာေလသည္။
“ေအာင္မယ္…နင္ကမ်ားငါတို႔ကိုေျပာရဲတယ္…
ဒီေကာင္မေသခ်င္ေနၿပီထင္တယ္…”
ဟုေျပာေသာအခါ…
အမ်ိဳးသမီးသည္ မ်က္ႏွာႀကီးလွည့္လာၿပီး…
“ဘာ…ေသခ်င္ေနၿပီဟုတ္လား…
ငါကေသၿပီးၿပီဟဲ့…”
ဟုေအာ္ကာေျပာေတာ့…
ခႏၶာကိုယ္ကမလွည့္ဘဲေခါင္းႀကီးက
လွည့္လာတာကိုျမင္ေသာ
႐ြာသားႏွစ္ေယာက္မွာတုတ္မ်ား…မီးအိမ္မ်ားပင္
ျပဳတ္က်ကုန္ၾကၿပီး…
“အမယ္ေလး…သ…သရဲႀကီး…”
ဟုေအာ္ကာ ေနရာမွာတင္လဲက်ကုန္ၾကသည္။
သတိေမ့ေျမာသြားေသာ႐ြာသားႏွစ္ေယာက္ကို
မ်က္လုံးနီႀကီးျဖင့္စိုက္ၾကည့္ၿပီး…
“ေတာက္…”တစ္ခ်က္ေခါက္၍
႐ြာလမ္းအတိုင္းဆက္ေလွ်ာက္သြားခဲ့ေတာ့သည္။
“ဝူးးးးးအူးးးးးးးးးအူ……..”
ေခြးမ်ားကလည္းထိုအမ်ိဳးသမီးႏွင့္
အတူလိုက္ပါသြားၾကေတာ့၏။
“အမယ္ေလး…လာၾကပါဦးေတာ္…
က်ဳပ္ေယာက္်ားကိုေခၚမရေတာ့လို႔ပါ…”
“လာၾကပါဦး……လာၾကပါဦးေတာ္”
ၿခံဝိုင္းထဲမွၾကည့္ေနၾကေသာ႐ြာသူႏွစ္ေယာက္ကလည္း
တျခားလူမ်ားၾကားေစရန္ေအာ္ဟစ္ကုန္ၾကေတာ့သည္။
တစ္႐ြာလုံးလည္း ေရာက္လာခဲ့ၿပီး
သတိေမ့ေျမာေနေသာ႐ြာသားေတြဝိုင္းကူမလာၾကေတာ့၏။
“ေတာက္…ငါ့႐ြာကိုဘယ္ကသရဲေရာက္လာတာလဲ”
“သူႀကီး…ညက က်ဳပ္တို႔ေတြ႕တဲ့သရဲကေလ…
မ…မႏွင္းဆီနဲ႔တူတယ္ခင္ဗ်…”
“ဟ…ဟုတ္လို႔လားကြာ…”
“က်ဳပ္တို႔ကိုေျခာ​က္လို႔သာေၾကာက္ၿပီး
သတိလစ္သြားတာ…
မႏွင္းဆီမွမႏွင္းဆီခင္ဗ်…”
ညကသရဲႏွင့္ေတြ႕ခဲ့ေသာ႐ြာသားႏွစ္ေယာက္က
ေျပာေနတာျဖစ္၍ သူႀကီးဦးဘိုးထင္မွာ
မယုံရခက္…ယုံရခက္ျဖစ္ေနခဲ့သည္။
“မႏွင္းဆီ…”
ထိုသတင္းက တစ္႐ြာလုံးကိုပ်ံ႕သြားခဲ့သည္။
“ဟဲ့…မႏွင္းဆီကဘယ္ကေနဘယ္လိုသရဲျဖစ္ေနတာလဲ…
မႏွင္းဆီကေပ်ာက္ေနတာမဟုတ္ဖူးလား”
“ေအးေလ…မႏွင္းဆီလို႔ေျပာတာ…
ငါျဖင့္မယုံႏိုင္ဘူးဟယ္…”
“ဟာ…ျဖစ္ႏိုင္တာပဲ…မႏွင္းဆီက႐ြာကေန
႐ုတ္တရက္ေပ်ာက္သြားတာပဲဟာ…”
ထိုသရဲကမႏွင္းဆီဟု…ယုံၾကည္သူမ်ားရွိသလို
မယုံၾကည္သူမ်ားကလည္းရွိေနျပန္သည္။
ထိုကိစၥေသခ်ာသြားသည့္အေၾကာင္းမွာ…
“ဟဲ့…႐ြာေတာင္ပိုင္းက မိေသးေလးကို
သရဲဝင္ပူးေနလို႔တဲ့…”
႐ြာေတာင္ပိုင္းမွမိေသးဟုေခၚေသာ
ရွစ္ႏွစ္အ႐ြယ္ေကာင္မေလးသည္
. သရဲဝင္ပူးကပ္ခံထားရ၏။
သူ၏အနီးသို႔လည္းမည္သူမွမကပ္ေစရန္
ပစၥည္းမ်ားကိုေပါက္ခြဲၿပီး ေဒါသတႀကီးရန္မူေနခဲ့သည္။
အေတြ႕အႀကဳံရွိေသာ ႐ြာ၌အသက္ႀကီးသူမ်ားက
ေမးၾကျမန္းၾကေလေတာ့မွ…
“ငါ့နာမည္မႏွင္းဆီ…
မႏွင္းဆီတဲ့ဟဲ့…
ငါမေက်နပ္ဘူး…
ငါမေက်နပ္ဘူးဟဲ့”
“မႏွင္းဆီဆိုေတာ့ မစံပယ္ရဲ႕ညီမ
မႏွင္းဆီမ်ားလား”
“ဟုတ္တယ္…ငါပဲ…”
“အလိုေလး…ႏွင္းဆီ…ညည္းဘယ္လိုျဖစ္ရတာလဲ
တူမႀကီးရယ္…”
“ငါမေက်နပ္ဘူး…
ငါ့ကိုသတ္ခဲ့တဲ့အေကာင္ကိုငါျပန္သတ္မယ္…
မဆိုင္ရင္ဝင္မပါၾကနဲ႔…
ေအး…ဝင္ပါမိရင္လည္းႏွင္းဆီဆိုတဲ့ငါက
ခြင့္လႊတ္ေပးမယ္မထင္ေလနဲ႔…
ဒင္းအသက္ကိုျပန္သတ္ရမွငါေက်နပ္မယ္…
ေသြးေႂကြးေတာင္းဖို႔ႏွင္းဆီလာမယ္ေဟ့…”
ဟု…ကေလးမေလးကအသံၾသႀကီး…
မ်က္ေတာင့္နီႀကီးျဖင့္ေျပာလိုက္သည္။
ေျပာလည္းၿပီးေသာအခါ…
ခ်က္ခ်င္းေနရာ၌လဲက်သြားခဲ့ေတာ့သည္။
“မႏွင္းဆီကေတာ့သူ႔ကိုသတ္တဲ့လူကို
ျပန္သတ္မယ္လို႔ေျပာသြားတယ္…
ေနစမ္းပါဦး ဒါဆိုရင္
မႏွင္းဆီက႐ြာကေနေပ်ာက္သြားတာ
မဟုတ္ဘဲအသတ္ခံရတာေပါ့…
ဘုရား…ဘုရား…ဘုရား…မႏွင္းဆီဘယ္လိုေတြမ်ား
ႀကဳံခဲ့ရရွာတာလဲ”
“ဟုတ္ပ…က်ဳပ္ျဖင့္အေတာ္ေလးအံ့ၾသမိပါရဲ႕ေတာ္…”
မႏွင္းဆီကေသြးေႂကြးေတာင္း
မည္ဟုေျပာ၍အေတာ္ေလးအံ့ၾသေနၾကသည္။
ထန္းစု႐ြာသူႀကီးဦးဘိုးထင္ေျပာသမွ်ကိုဘြားမယ္စိန္တို႔
နားေထာင္ၿပီးခ်ိန္မွာ…
“ဒီလိုဆိုရင္ ဒီသရဲမနာမည္ကမႏွင္းဆီေပါ့…
မႏွင္းဆီဆိုတာအရင္ကေမာင္ရင္တို႔႐ြာသူေပါ့ေလ…”
“ဟုတ္ပါတယ္က်ဳပ္တို႔႐ြာသူပါပဲ”
“ေအး…ဒါဆိုရင္သူ႔အေၾကာင္းေလးလည္း
ေျပာဦးမွေပါ့ကြယ္ …”
“ဟုတ္ကဲ့က်ဳပ္ေျပာျပပါ့မယ္…”
သူႀကီးဦးဘိုးထင္က မႏွင္းဆီအေၾကာင္းကို
ေျပာျပေလေတာ့သည္။
သူ၏အမည္ကိုမႏွင္းဆီဟုေခၚၾကသည္။
မႏွင္းဆီ၌မိဘမ်ားကမရွိရွာေတာ့ဘဲအစ္မျဖစ္သူ
မစံပယ္တို႔လင္မယားႏွင့္အတူတူေနထိုင္ရရွာသည္။
မႏွင္းဆီသည္ႏွင္းဆီပန္းေလးကဲ့သို႔လွပသူျဖစ္၏။
လယ္ေတာဆင္းခ်ိန္ဆင္း…
ေကာက္စိုက္ခ်ိန္ေကာက္စိုက္…
ပဲႏုတ္ခ်ိန္ပဲႏုတ္အလုပ္မ်ားကိုေတာသူေတာင္သားတို႔၏
သဘာဝအတိုင္းလုပ္ကိုင္ေနသူမလို႔
ခႏၶာကိုယ္မွာလည္းေတာင့္တင္းသန္မာလွသူျဖစ္သည္။
ထိုသို႔လွပေသာမႏွင္း​ဆီအား…
“ႏွင္းဆီ…ႏွင္းဆီအခ်စ္ကိုရဖို႔ေလ
အခ်ိန္ေတြဘယ္ေလာက္ၾကာၾကာ
ကိုေမာင္လွေစာင့္ႏိုင္ပါတယ္ကြယ္…”
ဟုေျပာၾကသလို…တခ်ိဳ႕ကလည္း
“အစ္မႏွင္းဆီ…
အစ္မႏွင္းဆီနံေဘးမွာ က်ဳပ္လိုေကာင္ေတြ
ဝိုင္းဝိုင္းလည္ေနတာသိပါတယ္…
ဒါေပမယ့္အစ္မႏွင္းဆီအတြက္ဆို
က်ဳပ္အခ်စ္ကသူမ်ားထက္ထူးပါတယ္အစ္မႏွင္းဆီ…”
ဟု…ေျပာၾကသျဖင့္မႏွင္းဆီ၏နံေဘး၌
ခ်စ္ခင္သူမ်ားဝိုင္းဝိုင္းလည္ေနခဲ့ရွာသည္။
သို႔ေသာ္မႏွင္းဆီ ကအခ်စ္ေရးကိုမစဥ္းစားေသးေပ။
မႏွင္းဆီ၌အက်င့္တစ္ခုရွိေသးသည္။
ထိုအက်င့္ကမဟုတ္မခံစိတ္ျဖစ္၏။
ႏွင္းဆီပန္းတို႔သဘာဝလွယုံတင္မက…
ဆူးမ်ားကလည္းဝန္းရံလို႔ထားရွာသည္။
“ဟဲ့ေကာင္မစံပယ္…
ငါ့ကိုပိုက္ဆံေပးစမ္း”
“က်ဳပ္မွာဘယ္ကပိုက္ဆံရွိမွာလဲကိုသံခဲရဲ႕…
ေတာ္က်ဳပ္ကိုဘယ္တုန္းကမ်ားပိုက္ဆံအပ္ဖူးလို႔လဲ”
“ေအး…မအပ္ဖူးဘူး…
ဒါေပမယ့္နင့္မိဘေတြခ်န္ခဲ့တဲ့လယ္ေတြယာေတြ
ရွိတယ္မဟုတ္လား..အဲ့ထဲကေရာင္းၿပီးငါ့ကိုေပးစမ္းဟာ…”
ဟု…သံခဲကေျပာေတာ့ မႏွင္းဆီသည္
ထမိန္ကိုခပ္တိုတိုျပင္ဝတ္ၿပီး…
“ဟဲ့အေကာင္သံခဲ…
ငါတို႔မိဘအေမြကငါတို႔ညီအစ္မနဲ႔ပဲဆိုင္တယ္…
ကိုယ္ျဖင့္ေစာက္လုပ္ေစာက္ကိုင္မရွိဘူး…
ပိုက္ဆံကသုံးခ်င္ရတယ္လို႔…
နင့္မွာအရွက္ေကာရွိရဲ႕လား”
ဟု…ေဒါသတႀကီးျဖင့္ေျပာလိုက္ေတာ့သံခဲသည္
မႏွင္းဆီကို စားေတာ့ဝါးေတာ့မတတ္စိုက္ၾကည့္ၿပီး…
“ငါကနင့္အစ္မေယာက်ာ္း…
ငါ့ကိုနင္ဘယ္လိုေလသံနဲ႔လာေျပာေနတာလဲႏွင္းဆီ”
ဟုေျပာေလေတာ့မႏွင္းဆီကရယ္​ေလသည္။
“ဟင္း…နင့္လိုအေကာင္ကိုယူထားတဲ့ငါ့အစ္မကေတာ့
ငါ့ေသြးသားမို႔ငါတင္ေကြၽးထားႏိုင္တယ္….
ငါ့လယ္မွာငါ႐ုန္းလို႔စားရတဲ့ထမင္းကိုနင္ၿမိဳၿပီး
နင့္ကိုေလးစားရေအာင္…ဟဲ့သံခဲနင္ကဘာေကာင္မလို႔လဲ”
ဟု…မႏွင္းဆီက ဆတ္ဆတ္ထိမခံေျပာေလေတာ့
အနာကိုဆားႏွင့္အပက္ခံရသလိုသံခဲမွာေဒါသထြက္ေနခဲ့သည္။
ေယာက်ာ္းနဲ႔ညီမၾကားရွိေနေသာ မစံပယ္ကပင္…
“ႏွင္းဆီရယ္…စိတ္ေလ်ာ့ပါဟယ္…
သူကငါ့ကိုေျပာတာပါနင့္ကိုမေျပာပါဘူးဟယ္…”
“ေအး…ေျပာလို႔ရရင္ေျပာၾကည့္ေလ…
ဒင္းငါ့အ​ေၾကာင္းသိသြားမယ္…”
“ႏွင္းဆီ…နင္ေတာ့လား…
ေအး သံခဲဘာေကာင္လဲဆိုတာနင္တစ္ေန႔သိေစရမယ္”
သံခဲကထိုသို႔ႀကိမ္းဝါးၿပီးထြက္သြားေတာ့သည္။
မစံပယ္တစ္ေယာက္ကေတာ့
စိတ္ပ်က္လက္ပ်က္ျဖစ္လို႔​ေနရွာ၏။
မႏွင္းဆီ၏အေဒၚမ်ားကလည္း…
“ႏွင္းဆီသူမ်ားလင္မယားၾကားဝင္မပါနဲ႔ငါ့တူမရဲ႕”
“က်ဳပ္ကဝင္ပါတာမဟုတ္ပါဘူးႀကီးေတာ္ရာ…
ဒင္းကထမင္းေအးေအးမစားဘဲ..
က်ဳပ္တို႔မိဘအေမြကိုလာထိခ်င္ေနတာ…
ဒါကိုက်ဳပ္က က်ဳပ္အစ္မလို
ခပ္တုံးတုံးခပ္အအေနေပးရမွာလား…”
“ညည္းလည္းေအ…
ညည္းတို႔ညီအစ္မစည္းလုံးရင္
ဒီအေကာင္ဘာလုပ္ႏိုင္မွာတုန္း…
ကိုယ္ကမိန္းကေလးေအ့…
ဒင္းကလူဆိုးလူမိုက္…ေတာ္ေန
ညည္းတစ္ခုခုျဖစ္မွာစိုးလို႔ပါေအ”
“စိတ္ခ်ႀကီးေတာ္…
က်ဳပ္လိုေကာင္မကဘယ္ေတာ့မွေသြးမနည္းဘူး…
ျဖစ္လာရင္သူေသကိုယ္ေသပဲ”
အေဒၚျဖစ္သူေတြကလည္းမႏွင္းဆီကို
ဘယ္လိုမွေျပာ၍မရ။
သံခဲဆိုတာ႐ြာတကာလွည့္အရက္ေသာက္…
ဖဲ႐ိုက္…ၾကက္တိုက္တတ္ေသာ လူဆိုးလူမိုက္ပင္။
သံခဲကအေပါင္းအသင္းစုံ၏။
စုံဆိုလွ်င္သူေပါင္းသမွ်က သူႏွင့္စိတ္တူကိုယ္တူ
လူဆိုးလူမိုက္မ်ားပဲျဖစ္သည္။
တစ္ေန႔၌…
“အစ္မက်ဳပ္႐ြာအေနာက္ပိုင္းမွာ
ကင္ပြန္းခ်ဥ္႐ြက္သြားခူးဦးမယ္…
ကင္ပြန္းခ်ဥ္ကိုင႐ုပ္သီးနဲ႔စပ္စပ္​ေလး
ေၾကာ္စားခ်င္ေနလို႔ေအ…”
“ငါေကာအတူလိုက္ခဲ့မယ္ေလ…
ေတာ္ေနဆိုရင္ေမွာင္ေတာ့မွာ ႏွင္းဆီရဲ႕…”
“ေန…ေန…မလိုက္ခဲ့နဲ႔တစ္ခါစားပဲခူးၿပီး
က်ဳပ္ျပန္လာမွာပါအစ္မရယ္…”
မစံပယ္က မႏွင္းဆီကိုစိတ္မခ်ျဖစ္ေနသည္။
မႏွင္းဆီကေတာ့ မစံပယ္ကိုေက်ာေပးၿပီး
ထြက္သြားေတာ့၏။
ထိုေန႔ကမႏွင္းဆီမွာမိုးခ်ဳပ္ေသာ္လည္းအိမ္သို႔ျပန္
ေရာက္မလာခဲ့ေပ။
မစံပယ္မွာလည္းညီမျဖစ္သူအတြက္
စိတ္ပူၿပီး႐ြာသူႀကီးကိုအေၾကာင္းၾကားရ၏။
ထိုအခါ႐ြာသူႀကီးႏွင့္႐ြာသားေတြခမ်ာ မႏွင္းဆီကို
လိုက္လံရွာေဖြၾကေတာ့သည္။
သို႔ေသာ္မႏွင္းဆီကအစအနေပ်ာက္လို႔ေနရွာသည္။
႐ြာသူႀကီးဦးဘိုးထင္ေျပာျပတာကိုနားေတာင္ၿပီး
ဘြားမယ္စိန္ေတြးေနခဲ့သည္။
ခဏၾကာေလေတာ့…
“အခု႐ြာထဲဝင္ေနတဲ့သရဲကလည္းမႏွင္းဆီ….
႐ြာကေပ်ာ​က္သြားတာလည္းမႏွင္းဆီဆိုေတာ့
အင္း…မႏွင္းဆီ႐ြာကေပ်ာက္သြားတာအေၾကာင္းအရင္းတစ္ခုခုရွိေနခဲ့ၿပီေပါ့”
“မႏွင္းဆီကေသြးေႂကြးေတာင္းမယ္ႀကီးပဲေျပာေနတာခင္ဗ်…
ညတိုင္းလိုလိုလည္း႐ြာထဲမွာလမ္းေလွ်ာက္ေနတာ…
က်ဳပ္တို႔လည္းဒီကိစၥႀကီးေၾကာင့္အိပ္ေကာင္းျခင္း
မအိပ္ရပါဘူးဗ်ာ…”
ဟု…သူႀကီးဦးဘိုးထင္ကေျပာေတာ့ဘြားမယ္စိန္
ေခါင္းညိတ္၍…
“ဒီလိုဆိုရင္ မႏွင္းဆီ႐ြာကေပ်ာက္တာ
ဘယ္ေလာက္ၾကာသြားၿပီလဲေကာမွတ္မိလား
ေမာင္ဘိုးထင္…”
“မႏွင္းဆီေပ်ာက္တာ
တစ္လေက်ာ္ႏွစ္လေလာက္ပဲ ရွိေသးတယ္ဗ်”
“ဒီဝိညာဥ္ကတစ္ခုခုကိုမေက်နပ္ၿပီး
ျပန္လက္တုံ႔ျပန္ခ်င္ေနၿပီထင္တယ္ကြဲ႕…
အၿငိဳးႀကီးေနပုံေထာက္ရင္
ေမာင္ရင္တို႔႐ြာမွာအမွားလုပ္ထားသူရွိေနပုံရတယ္”
“က်ဳပ္လည္းဘယ္လိုေျဖရွင္းရမလဲမသိပါဘူးအေမႀကီးရယ္…
႐ြာထိခိုက္မွာဆိုးတာနဲ႔အေမ​ႀကီးဆီအေျပးလာခဲဲ့ၾကတာပါ…”
“ေအးေလ…အခ်ိန္ဆြဲလို႔လည္းအဆင္မေျပေလာက္ဘူး…
ေမာင္ရင္တို႔႐ြာကိုဘြားတို႔လိုက္ခဲ့ပါ့မယ္…
ညေန…ေနေအးတာနဲ႔သြားၾကတာေပါ့”
“ဝမ္းသာလိုက္တာဗ်ာ…
အေမႀကီးလိုက္လာမယ္ဆိုေတာ့က်ဳပ္တို႔အတြက္
အေတာ္ေလးအဆင္ေျပတာေပါ့ဗ်ာ…”
“ေအးကြယ္…”
ဘြားမယ္စိန္တို႔လည္း သူႀကီးဦးဘိုးထင္တို႔႐ြာဆီကို
ညေနေနေအးသည္ႏွင့္လိုက္လာခဲ့ၾကေတာ့သည္။
ႏြားလွည္းႏွစ္စီးေရွ႕ေနာက္ေမာင္းရင္းထန္းစု႐ြာသို႔
ေရာက္လာခဲ့ၾက၏။
ေရာက္လာသည့္အခ်ိန္ကလည္းမိုးခ်ဳပ္ေနေလၿပီ
႐ြာသူႀကီးဦးဘိုးထင္တို႔ႏြားလွည္းအိမ္ေရွ႕ရပ္လိုက္သည္ႏွင့္…
“သူႀကီး…သူႀကီး…”
ဟုေအာ္ကာအေျပးလာေသာ႐ြာသားမ်ားအုပ္စု…။
“ေဟ့ေကာင္ေတြဘာျဖစ္လာၾကတာလဲ…”
“သံခဲ…သံခဲတို႔အုပ္စု…ေအာက္လမ္းဆရာေခၚလာၿပီး
သရဲႏွိမ္နင္းမလို႔တဲ့…”
“ေဟ…ဒီေကာင္ေတြဘာေတြေလွ်ာက္လုပ္ေနၾကတာလဲ…”
“အခု႐ြာအေနာက္ပိုင္းမွာ လူေတြစုေနၾကၿပီဗ်…
လာပါသူႀကီး…သူႀကီးလိုက္တားမွျဖစ္မွာဗ်…”
႐ြာသားေတြကသံခဲတို႔လိုလူဆိုး…လူမိုက္ေတြကို
မေျပာရဲၾက၍သူႀကီးျပန္လာသည္အထိေစာင့္ေနပုံရၾကသည္။
သံခဲကလည္းေအာက္လမ္းဆရာေခၚၿပီး
သရဲမ မႏွင္းဆီကိုရွင္းပစ္ဖို႔လုပ္ေနခဲ့၏။
“အေမႀကီး…က်ဳပ္တို႔သြားမွျဖစ္မယ္ဗ်…
ဒီေကာင္ေတြအမွားလုပ္ရင္က်ဳပ္တို႔႐ြာကို
လာထိမွာစိုးရတယ္ဗ်”
“ေအးေလ…သြားၾကတာေပါ့”
႐ြာသူႀကီးဦးဘိုးထင္တို႔ႏွင့္အတူဘြားမယ္စိန္တို႔လည္း
လိုက္လာခဲ့ၾကသည္။
႐ြာအေနာက္ဘက္ရွိေျမကြက္လပ္တြင္ မီးတုတ္မ်ားလင္းေနေအာင္ထြန္းထားၿပီး အစီအရင္မ်ားစီရင္ေနၾကေသာ
လူတစ္စုကိုေတြ႕လိုက္ရ၏။
ထိုလူစုနံေဘးတြင္မည္သူမွရွိမေနေပ။
တစ္႐ြာလုံးလည္းေၾကာက္၍အိမ္ထဲ၌သာ​ေနၾကပုံရ၏။
“ေဟ့…သံခဲ…မင္းဒါဘာလုပ္တာလဲကြ…”
သူႀကီးဦးဘိုးထင္က သံခဲကိုေမးလိုက္သည္။
“သူႀကီး က်ဳပ္ကဒီ႐ြာအတြက္လုပ္ေပးေနတာ…
ခင္ဗ်ားဘာမွမလုပ္ေပးႏိုင္ရင္ဒီတိုင္း​ပဲ ၾကည့္ေန”
“ေဟ့ေကာင္မင္း…”
သူႀကီးဦးဘိုးထင္ကစိတ္တိုသြားသည္။
သို႔ေသာ္ဘြားမယ္စိန္ကသူႀကီးဦးဘိုးထင္၏ပုခုံးကိုကိုင္၍…
“ေမာင္ရင္အသာေန…သူတို႔အလုပ္သူတို႔ဆက္လုပ္ပါေစ…
ဘြားတို႔ဒီတိုင္းၾကည့္ၾကတာေပါ့”
ဟုေျပာေသာအခါ…
“ဒါေပမယ့္” ဟုသူႀကီးဦးဘိုးထင္ကေျပာေတာ့
ဘြားမယ္စိန္ကေခါင္းတစ္ခ်က္ညိတ္ျပလိုက္ေသာအခါ
ဆက္၍မေျပာသာေတာ့ဘဲမလွမ္းမကမ္းမွၾကည့္​ေနၾကရေတာ့၏။
သံခဲကေတာ့သူႀကီးမတားႏိုင္ဟုထင္ၿပီး
မခ်ိဳမခ်ဥ္မ်က္ႏွာေဘးျဖင့္ သူ၏
ေအာက္လမ္းဆရာကိုဆက္၍လုပ္ေစသည္။
ေအာက္လမ္းဆရာကစတင္၍…
“ေအာင္းးး…ႏွင္းဆီဆိုတဲ့သရဲမ…
ငါဆရာအမိန္႔နဲ႔ေရာက္တဲ့ေနရာကေနလာခဲ့စမ္း…”
ဟုအသံႀကီးျဖင့္ေအာ္ကာေခၚေနသည္။
သူ၏လက္အတြင္း၌လည္း အ႐ိုးေခါင္းတစ္ခုကိုကိုင္လို႔ထားေသး၏။
“ဟာ…ဟိုမွာ…”
“တကယ္ေရာက္လာတာဟ”
ေအာက္လမ္းဆရာ၏ေရွ႕ေမွာက္၌ဒူးေထာက္ေရာက္လာေသာ
သရဲမမႏွင္းဆီကိုျမင္ေတာ့အားလုံးအံ့ၾသကုန္ၾကသည္။
ဒူးေထာက္အေနအထားထိုင္ေနပါေသာ္လည္း
မႏွင္းဆီမ်က္လုံးမ်ားကေဒါသမ်ားထြက္ေနဟန္ရွိသည္။
“ဟဲ့သရဲမ…ငါ့ကိုအာခံမယ္မက်န္နဲ႔….
နင့္ဦးေခါင္းငါ့ဆီမွာရွိတယ္…
ငါ့ကိုအာခံရင္နင့္ထိုက္နဲ႔နင္ပဲ…”
“ေအးေပါ့ေလ…နင္တို႔က
ငါ့ကိုအႏိုင္ယူထားၾကေတာ့
နင္တို႔ေျပာသလိုေပါ့….
ကံျမင့္ေနတုန္းလုပ္ထားၾကဦးေပါ့”
“ေအာင္မယ္…ငါ့ကိုမ်ား…
လာစမ္းဟဲ့…”
ေအာက္လမ္းဆရာကဂါထာမ်ား႐ြတ္ၿပီး
ဦးေခါင္းခြံႀကီးကိုဓားအေသးေလးျဖင့္ေပါက္ေပါက္ခ်ေနသည္။
မႏွင္းဆီခမ်ာ….
“အားးးးး….အမယ္​ေလး….အမယ္ေလး…နာလွခ်ည္ရဲ႕….
အမယေၾလးးးးးးးးးးး”
ဟုေအာ္ကာေျမႀကီးေပၚ၌လူးလွိမ့္ေနရွာသည္။
အေတာ္ေလးၾကာမွဂါထာ႐ႊတ္တာကိုရပ္ၿပီး…
“မွတ္ၿပီလားသရဲမ…
နင္လိုေကာင္မငါ့လက္ေအာက္မွာ
ငါခိုင္းတာလုပ္ရမယ္ဆိုတာမွတ္ထား…
ေအး…အာခံရင္လည္း
နင္နာမယ္ဆိုတာမေမ့နဲ႔ဟဲ့…”
မႏွင္းဆီမွာအစြယ္က်ိဳးေသာေႁမြေဟာက္ပမာ…
ၿငိမ္၍ေနရွာသည္။
ထိုစဥ္ေမာင္တိုးကဘြားမယ္စိန္အနီးကိုကပ္၍…
“ဘြားတစ္ခုခုေတာ့မွားေနၿပီထင္တယ္ဗ်…
ဒီေကာင္ေတြၾကည့္ရတာမႏွင္းဆီကိုအႏိုင္က်င့္ေနပုံရတယ္”
ဟုေျပာေတာ့ဘြားမယ္စိန္ကေခါင္းကိုညိတ္ၿပီး…
“ဘြားသိတယ္…”
ဟုေျပာလိုက္သည္။
“ကဲ…အားလုံးျပန္လို႔ရပါၿပီ…
ဒီသရဲမ ေနာက္ကိုက်ဳပ္တို႔႐ြာထဲ
မဝင္ႏိုင္ေတာ့ပါဘူးဗ်ာ…
က်ဳပ္ဆရာရဲ႕ပညာေအာက္မွာ
ဒူးေထာက္ခစားေနရၿပီဆိုတာ ခင္ဗ်ားတို႔မ်က္ျမင္ပဲေလ”
ဟု…သံခဲက ဝမ္းသာအားရေျပာလိုက္၏။
သံခဲကိုၾကည့္၍မႏွင္းဆီသည္…
“သံခဲ…နင့္အမွီေကာင္းလို႔လႊတ္တယ္မွတ္ပါ…
ငါ့ကိုသတ္ခဲ့တဲ့နင့္ကိုမရရေအာင္ငါျပန္သတ္မယ္သံခဲ…
နင့္ကိုငါရေအာင္သတ္မယ္…”
ဟု…မႏွင္းဆီကအံႀကီးကိုႀကိတ္၍သံခဲကိုေျပာလိုက္သည္။
မႏွင္းဆီ၏အၾကည့္ႀကီးကိုသံခဲေၾကာက္သြားၿပီး…
“ဆရာ…ဆရာလုပ္ပါဦးဒီေကာင္မကို”
ဟုေျပာလိုက္ေတာ့ ေအာက္လမ္းဆရာက
ဦးေခါင္းခြံႀကီးကိုျပန္ေကာက္၍ ဂါထာ႐ြတ္မယ္ျပင္ေနစဥ္…
“လာစမ္းဟဲ့…”
“ဒုတ္…”
“ဟာ…”
ဘြားမယ္စိန္ကေျပာလည္းေျပာေတာင္ေဝွးကိုလည္းေျမေပၚေဆာင့္ခ်လိုက္ေတာ့ ေအာက္လမ္းဆရာ၏လက္အတြင္း၌
ရွိေနေသာ ဦးေခါင္းခြံသည္ဘြားမယ္စိန္လက္ထဲသို႔
လွစ္ခနဲေရာက္ရွိလာခဲ့ေတာ့သည္။
ေအာက္လမ္းဆရာႏွင့္သံခဲတို႔အံ့ၾသေနၾကစဥ္
မႏွင္းဆီသည္ႏႈတ္ခမ္း၌အၿပဳံးႀကီးတစ္ပြင့္ျဖင့္…
“ဟင္း…ဟင္း….ဟင္းး….
ေတြ႕ၾကၿပီေပါ့…”
ဟုေျပာကာ ေအာက္လမ္းဆရာ၏လည္ပင္းကိုဆြဲညႇစ္ေတာ့သည္။
မႏွင္းဆီ၏လက္ခ်က္ေၾကာင့္ေအာက္လမ္းဆရာသည္
ေျမျပင္မွတစ္ေပခန္႔ျမင့္ေသာေလထဲတြင္
​ေျခေထာက္ကိုယက္ကန္ယက္ကန္ျဖင့္မ်က္လုံးႀကီးအျပဴးသား
ျဖစ္ေနခဲ့ေလသည္။
သံခဲသည္လည္းဒူးမ်ားပင္တုန္ရီေနၿပီး
ေျပး၍မရျဖစ္ေနရွာသည္။
သူ႔အေပါင္းအပါမ်ားကေတာ့ထြက္​ေျပးကုန္ၾကေလၿပီ။
ေအာက္လမ္းဆရာသည္မႏွင္းဆီလက္ခ်က္ျဖင့္
ဇတ္က်ိဳးသြားေလေတာ့ မႏွင္းဆီကေျမေပၚသို႔ပစ္ခ်ၿပီး…
“သံခဲ…နင္ငါ့ေခါင္းကို႐ိုက္ၿပီးငါ့ကိုလူမသိသူမသိ
သတ္ခဲ့တုန္းက နင္အေတာ္ေပ်ာ္ေနတယ္မဟုတ္လား…
အခုနင့္အလွည့္…ေသေပေတာ့…”
“အမယ္ေလး…ကယ္ၾကပါဦးဗ်…
အ….အစ္…”
မႏွင္းဆီက ေၾကာက္မက္ဖြယ္အၿပဳံးႀကီးျဖင့္
သံခဲ၏လည္ပင္းကိုလက္ျဖင့္အသကုန္ဆြဲညႇစ္ထားေတာ့သည္။
သံခဲလည္းသူ႔ဆရာ…ေအာက္လမ္းဆရာနည္းတူ
ေလေပၚ၌ေျခေထာက္ေလးယက္ကန္ယက္ကန္ျဖစ္လို႔ေနခဲ့၏။
“အ….”
အသက္ထြက္ဖို႔နည္းနည္းသာလိုေတာ့ခ်ိန္…
“ဒုတ္”
“ဘုန္း”
ဘြားမယ္စိန္ကေတာင္ေဝွးကိုေဆာင့္ခ်လိုက္ေတာ့
သံခဲတစ္ေယာက္ေျမေပၚသို႔ဘုန္းခနဲျပဳတ္က်လာခဲ့သည္။
မႏွင္းဆီကေတာ့ဘြားမယ္စိန္ကိုမေက်မနပ္ၾကည့္ေနေလသည္။
“ႏွင္းဆီ…ညည္းေသြးေႂကြးဆပ္ခ်င္ေနတာ
ဘြားသိပါတယ္…ဒါေပမယ့္ေစာေစာက
ေအာက္လမ္းဆရာကလူေတြရဲ႕အသက္…
အျပစ္မဲ့သူေတြရဲ႕အသက္ကို
ဒုကၡေပးလာတဲ့အေကာင္မလို႔ဘြားက မတားခဲ့တာပါ…
ဒီအေကာင္ကိုေတာ့ သူ႔ရဲ႕အျပစ္ကို႐ြာသူႀကီး
ကိုယ္တိုင္အျပစ္ေပးပါေစေအ…”
ဟုေျပာေလေတာ့…
“ဒင္းက က်ဳပ္အသက္ကိုသတ္ခဲ့တာ…
ဒင္းေၾကာင့္က်ဴပ္တို႔ညီအစ္မဒုကၡေရာက္ၾကရတာ…
ဒင္းကိုက်ဳပ္သတ္မွရမယ္… ”
ဟုေဒါသတႀကီးေျပာေလေတာ့…
“ႏွင္းဆီ…ညည္းစိတ္ေတြၾကမ္းေနၿပီ…
ညည္းဟာသရဲဆိုးတစ္ေကာင္ျဖစ္ေတာ့မယ္ေအ့…
အဲ့သည္လိုသာျဖစ္ရင္ညည္းဘဝကကြၽတ္ဖို႔
လမ္းမျမင္ေတာ့ဘူးႏွင္းဆီ…”
“ဒါေပမယ့္…”
“ဘြားေျပာတာကိုနားေထာင္ပါေအ…
ညည္းအသက္ကိုသတ္ခဲ့တဲ့အေကာင္ကို
ဘြားတို႔အျပစ္ေပးမွာပါ…
ဒါေၾကာင့္ညည္းဆက္ၿပီးမသတ္ပါနဲ႔ေတာ့”
“ဟုတ္ပါတယ္ႏွင္းဆီ…
ငါကိုယ္တိုင္ဒီေကာင္ကိုၿမိဳ႕ဂတ္အပ္မွာပါ…
ဒီေကာင္ေျပးမလြတ္ေတာ့ပါဘူးဟာ…”
႐ြာသူႀကီးဦးဘိုးထင္တို႔ကပါဝင္ေျပာေတာ့မွ
မႏွင္းဆီစိတ္ကိုေလ်ာ့ခ်လိုက္ပုံရ၏။
“က်ဳပ္အ႐ိုးေတြကိုမီးရႈိ႕ေပးပါ…
အစ္မကိုလည္းေျပာေပးပါ…
စိတ္ခ်မ္းသာေအာင္ေနပါလို႔…
က်ဳပ္အတြက္လည္း
အမွ်အတန္းေပးေဝေပးပါလို႔လည္း
ေျပာျဖစ္ေအာင္ေျပာေပးပါ…”
“စိတ္ခ်…ညည္းေျပာတာေတြေျပာေပးပါ့မယ္…”
မႏွင္းဆီသည္အေမွာင္ထဲသို႔
တေ႐ြ႕ေ႐ြ႕ေလွ်ာက္သြားရင္း
ေပ်ာက္ကြယ္သြားေတာ့သည္။
႐ြာသူႀကီးတို႔ကေတာ့သံခဲကိုဝိုင္းထားၿပီး…
“ေဟ့ေကာင္သံခဲ…မင္းဘာေၾကာင့္
မႏွင္းဆီကိုသတ္ခဲ့တာလည္း…ေျပာစမ္း…”
“က်ဳပ္…က်ဳပ္သူတို႔ပိုင္သမွ်ကိုရခ်င္လို႔ပါ…”
“ေခြးသေတာင္းစားေခြးက်င့္ေခြးႀကံနဲ႔”
ဟုေျပာရင္းသံခဲကိုဝိုင္း႐ိုက္ၾကေတာ့သည္။
သံခဲခမ်ာလည္းေသြးမ်ားတရဲရဲျဖင့္
ဒဏ္ရာမ်ားဗလပြျဖစ္ကုန္ေတာ့သည္။
“ေခြးေကာင္မႏွင္းဆီအေလာင္းကို
မင္းဘယ္မွာျမဳပ္ထားတာလဲ”
“ဟို…ကင္ပြန္းၿခဳံေတြရဲ႕အေရွ႕ဘက္မွာပါ…”
“လာ…အခုလိုက္ျပ”
႐ြာသူႀကီးကသံခဲကိုဂုတ္မွဆြဲေခၚ၍
မႏွင္းဆီအေလာင္း
ျမဳပ္ထားတာကိုျပေစသည္။
သံခဲျပေသာေနရာကိုေရာက္ေတာ့
႐ြာသားေတြကိုတူးခိုင္းေတာ့၏။
မႏွင္းဆီ၏အေလာင္းကိုေတြ႕ေလေတာ့…
“ကဲ…သူ႔အစ္မကိုအက်ိဳးအေၾကာင္းေျပာၿပီး
သြားေခၚၾကကြဲ႕…”
ဟုဘြားမယ္စိန္ကမစံပယ္ကိုေခၚခိုင္းသည္။
မစံပယ္ေရာက္လာခ်ိန္မွာေတာ့မစံပယ္သည္
ညီမျဖစ္သူအေလာင္းကိုၾကည့္၍..
“ႏွင္းဆီရယ္…ငါ့အမွားပါ…ငါ့ကိုခြင့္လႊတ္ပါႏွင္းဆီရယ္”
ဟုတတြတ္တြတ္ေျပာၿပီငိုရွာသည္။
“အေလာင္းကိုမီးရႈိ႕မယ္…”
ဘြားမယ္စိန္ကမႏွင္းဆီအေလာင္းကိုမီးရႈိ႕ခိုင္းသည္။
သံခဲကိုေတာ့႐ြာသားေတြကႀကိဳးတုပ္ၿပီးေခၚသြားေတာ့၏။
မႏွင္းဆီအတြက္လည္းကုသိုလ္ေကာင္းမႈမ်ားလုပ္ေပးဖို႔ႏွင့္
မႏွင္းဆီမွာၾကားသည္မ်ားကိုမစံပယ္ကို
ဘြားမယ္စိန္ကေျပာျပေပးသည္။
မစံပယ္မွာလည္းမ်က္ရည္မ်ားျဖင့္ေခါင္းညိတ္ရွာသည္။
တစ္႐ြာလုံးလည္းမိုးလင္းသည္အထိမအိပ္ႏိုင္ၾကဘဲ
သတင္းကိုနားစြင့္ေနၾကသည္။
ဘြားမယ္စိန္တို႔႐ြာထဲျပန္ဝင္လာေလမွအ​ေၾကာင္းစုံသိၾက၍
မႏွင္းဆီအတြက္စိတ္မေကာင္းျဖစ္ေနၾကရွာသည္။
သံခဲကိုေတာ့မိုးလင္းသည္ႏွင့္ၿမိဳ႕ဂတ္သို႔ပို႔လိုက္ၾကသည္။
ထန္းစုတစ္႐ြာလုံးလည္းမႏွင္းဆီ၏အေၾကာင္းမ်ားကို
ေျပာလို႔မဆုံးျဖစ္ေနၾကရွာ၏။
မစံပယ္ခမ်ာလည္းညီမျဖစ္သူအတြက္
အလႉအတန္းလုပ္ဖို႔ရန္ျပင္ဆင္ေနရွာသည္။
မႏွင္းဆီကလည္းထိုေန႔မွစ၍႐ြာထဲသို႔ဝင္မလာေတာ့ေပ။
ဘြားမယ္စိန္တို႔လည္းႏွစ္ရက္မွ်ေနၿပီးေနာက္
မိမိတို႔႐ြာသို႔ျပန္သြားၾကေတာ့၏။
ၿပီးပါၿပီ။
ယဥ္မင္း(ကန္႔ဘလူ)