သွေးနှင့်ရင်းသောကျိန်စာ(စ/ဆုံး)

Unicode Version

သွေးနှင့်ရင်းသောကျိန်စာ(စ/ဆုံး)
—————————————
“”အမိန့်တော်
မတူရာတုရတနာရွှေခွက်ကိုမှနှိုက်ချင်တဲ့
ငမိုက်သားဒီနေ့တောင်စွယ်နေကွယ်လျှင်
ကွပ်မျက်စေ”””
မျိုးနွယ်စုအကြီးအကဲမှာ
တစ်ချက်လွတ်အမိန့်အား
ယတိပြတ်ချမှတ်ပြီးသည်နှင့်
ဝတ်လည်းတော်အားလက်တစ်ဖက်နှင့်သိမ်းလျက်
အတွင်းတော်သို့ဝင်လေပြီ။
သခင်မလေးရွှေဥမှာ
ချစ်သူဖြစ်သော
ဂီတဆရာလေး
အမောင်ပုညကိုကြည့်လျက်
ရင်ဝတွင်ဗလောင်ဆူလာလေသည်။
“”အမောင်အဟင့်ဟင့်”””
“”နှမရယ်အမောင့်ကိုစိတ်မပူပါနဲ့””
“”တိတ်စမ်းရွှေဥ
အညတရကောင်အတွက်ညည်းမျက်ရည်တောင်
ကျခွင့်မရှိဘူး”””
“”အဟင့်ဟင့်”””
“”ကျက်သရေယုတ်တယ်
ဟဲ့ညည်းတို့တွေကအတွင်းတော်ဆွဲမခေါ်ဘဲ
ဘာလုပ်နေကြတာလဲ”””
မယ်မယ့်၏စူးရှာ၍အော်ဇာသံပါသော
အသံကြောင့်
ရွှေဥအားဝန်းရံနေသော
အထိန်းအယများမှာတုန်တက်သွားကြကာ
ရွှေစာ့အားအတင်းဆွဲခေါ်လေတော့သည်။
ရွှေဥ၏မယ်မယ်ဖြစ်သောဒေါ်ပိုးဇာယုမှာ
ဘဘကဲ့သို့ပင်ခက်ထန်စောင်မန်ကြီးလျက်
မာနကြီးသူဖြစ်သည်။
ရွှေဥသည်
လူထွားကြီးနှစ်ယောက်ညှပ်လျက်ဆွဲခေါ်သွားသော
အမောင့်အားကြည့်လျက်မျက်ရည်များ
ပါးပေါ်ဒလဟောစီးကျလာရသည်။
“”အမောင်ရယ်
ရွှေဥကြောင့်ရွှေဥကြောင့်”‘”
ရွှေဥမှာ
ထိုနေ့မှစ၍အခန်းထဲလှောင်ပိတ်ခြင်း
ခံလိုက်ရလေသည်။
ရွှေဥမှာတစ်ယောက်တည်းကူကယ်ရာမဲ့စွာ
လူးလိမ့်ငိုရင်း
အမောင်နှင့်စတွေ့ခဲ့ရပုံများအား
တွေးတောလျက်ရှိပေသည်။

* * *
{၂}
ရွှေချည်ရွာ
နာမည်နှင့်လိုက်အောင်ပင်
ချမ်းသာကြွယ်ဝသောရွာဖြစ်သည်။
တောင်ကြီးနှစ်လုံးကြားတွင်တည်ရှိကာ
နေပြည်တော်နှင့်အလှမ်းဝေးတာမို့
ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နှင့်
်မျိုးနွယ်စုတစ်ခုအဖြစ်သီးခြားရပ်တည်နေသော
ရွာဖြစ်သည်။
ရွာဟုဆိုရသော်လည်းနိုင်ငံငယ်
တစ်ခုကဲ့သို့ရှိချေသည်။
အုပ်ချုပ်သူအကြီးအကဲနှင့်
လူငယ်များအားရွာအားကာကွယ်ရန်
အကြီးအကဲကိုယ်တိုင်စီမံ
လေ့ကျင့်ထားတာမို့
တိုက်ရေးခိုက်ရေးတွင်အထူးကျွမ်းကျင်လေသည်။
အကြီးအကဲဖြစ်သော
ဦးဂါမဏိသည်စည်းစနစ်ကြီးမား
လှစွာခက်ထန်စောင်မာန်ကြီးသူလည်းဖြစ်သည်။
တစ်ရွာလုံးမှာအကြီးအကဲ၏အုပ်ချုပ်မှုအား
လေးစားလိုက်နာလျက် ကြောက်ရွံ့ရိုသေ
ကြလေသည်။
အဘယ်ကြောင့်ဆိုသော်
အကြီးအကဲသည်စည်းစနစ်ကျသည့်နည်းတူ
တရားမျှတမှုလည်းရှိသောကြောင့်ဖြစ်သည်။
ရွာသူရွာသားများအားရင်ဝယ်သားကဲ့သို့
အုပ်ချုပ်သော်ငြား
အကြီးအကဲသည်
တစ်ဦးတည်းသောသမီးဖြစ်သူနှင့်
ပတ်သက်၍ကား
အတ္တမာနကြီးမားလှလေသည်။
လူတူနတ်ဖက်ဆိုသလို
ဇနီးဖြစ်သူမှာလည်းဤသို့ပင်။
ထိုအတ္တနှင့်မာနတို့ကြားတွင်
အနာဂါတ်ပျောက်ဆုံးနေသူတစ်
ဦးရှိသည်။ထိုသူကား
အကြီးအကဲ၏သမီး
သခင်မလေးရွှေဥ
အပြင်လောကဆိုတာ
ရွှေဥွှဘဝတွင်အိပ်မက်အလားးးး
အိမ်ထဲတွင်အထိန်းအယများနှင့်^
ပန်းထိုးလိုက်အထည်ချုပ်လိုက်ဖြင့်
ဘဝကဆိုးလှပါသည်။
တော်ပါသေးသည်။
ရွှေဥ၏အဆောင်နောက်တွင်
ရွှေဥ၏အထိန်းတော်များနှင့်အတူ
ပျိုးထားသောပန်းခင်းလေးရှိပေလို့
ထိုပန်းခင်းလေးထဲတွင်
ရွှေဥအားဘဘမွေးနေ့လက်ဆောင်အဖြစ်
ပေးထားသောရွှေခဲလေးရှိသည်။
တစ်နေ့
ရွှေခဲလေးသည်
မည်သူမျှမသင်ရပါပဲ
ထူးထူးခြားခြားစကားဆိုလာခဲ့သည်။
“”ရွှေဥကိုချစ်တယ်ရွှေဥကိုချစ်တယ်”””
ထိုအသံကြောင့်အထိန်းတော်များမှာရယ်ကြကုန်သည်။
“”ခစ်ခစ်ရွှေခဲလေးတတ်နေလိုက်တာ
နင်လည်းငါ့လိုအထီးကျန်မှာပဲ”””
“”သခင်မလေး
နေဝင်တော့မယ်အဆောင်ထဲဝင်ကြပါစို့လား””
“”အကြီးဝင်နှင့်ပါ
ရွှေဥခဏလေးနေခဲ့ချင်သေးလို့”””
“”ခဏလေးပဲနော်သခင်မလေး””
“”ကောင်းပါပြီအကြီး”””
ရွှေဥလှောင့်ချိုင့်ထဲမှရွှေခဲလေးအား
ကြည့်ရင်းရွှေဥဘဝနှင့်နှိုင်းယှဉ်ကာ
စာနာလာမိသည်။
ထို့နောက်လှောင့်ချိုင့်အားဖွင့်ပေးလိုက်ရာ
ရွှေခဲလေးမှာအချုပ်အနှေင်မှလွတ်သွားတာကြောင့်
လွတ်လပ်စွာပျံသန်းသွားလေသည်။
“”ဘုန်းးးးဝုန်းးး'””
“”အမလေး”””
ရုတ်တရက်ဘုန်းကနဲကျလာသော
အသံကြောင့်ရွှေဥလန့်အော်လိုက်ခြင်းဖြစ်သည်။
ကြည့်လိုက်တော့
အမျိုးသားတစ်ယောက်
အထိန်းအယများနှင့်မယ်မယ်ဘဘကလွှဲလျှင်
တခြားသူစိမ်းနှင့်မဆက်ဆံဖူးတာမို့
အသားများပင်တဆတ်ဆတ်တုန်နေလေသည်။
“”ဘယ်သူလဲ””‘
“”သခင်မလေး”””
“”အားးးးးးး””””
ရုတ်တရက်ထိုယောကျာ်းထလာကာ
ရွှေဥပါးစပ်အားလှမ်းပိတ်လိုက်လေသည်။
“”တောင်းပန်ပါတယ်သခင်မလေး
ကျုပ်ကဒီအိမ်ကို
ရောက်လာတဲ့ဂီတဆရာမောင်ပုညပါ
သခင်မလေးရဲ့သတင်းကြောင့်
လာချောင်းကြည့်နေတာ
တစ်ပတ်လောက်ရှိပါပြီ
သခင်မလေးစိတ်ဆိုးမယ်ဆိုသခင်မလေးသဘောပါ
ကျုပ်ထိုက်နဲ့ကျုပ်ကံရှိပါစေ”””
ပြောပြောဆိုဆိုဂီတဆရာလေးမောင်ပုညမှာ
ရွှေဥအားဖြေလွတ်ပေးလိုက်သည်။
သူစိမ်းယောကျာ်းပျိုတစ်ယောက်အား
ပထမဆုံးတွေ့ဖူးတာဖြစ်တာကြောင့်
ဒူးများပင်တုန်ယင်နေလေသည်။
နောက်တစ်လဆို
ရွှေဥတို့ရွာတွင်မိရိုးဖလာနတ်ပူဇော်ပွဲရှိသည်။
ထို့ကြောင့်ဂီတဆရာအား
ခေါ်ထားတာဖြစ်သည်။
“”ရွှေ ရွှေဥသွားပါတော့မယ်
တော်လည်းပြန်ပါဒီဘက်အဆောင်ကို
ဘယ်ယောကျာ်းလေးမှကူးခွင့်မရှိပါဘူး
ဘဘသိရင်သတ်ခံရပါလိမ့်မယ်”””
“”သေရင်စေပါစေသခင်မလေးရယ်””
“”ပြန်ပါရှင်””
“”ဒီနေ့တော့ပြန်ပါ့မယ်
မနက်ဖြန်ဒီအချိန်အမောင်ဒီကရှိနေပါ့မယ်”””
ထိုယောကျာ်း၏အမောင်ဆိုသောစကားက
ရွှေဥရင်ဝတွင်မြည်ဟီးသွားလေသည်။
“”သခင်မလေးရေ””
အကြီးအသံကြောင့်ထိုယောကကျော်းအား
စိုးရိမ်စွာလှည့်အကြည့်
ကျောက်သားနံရံတစ်ဖက်ခုန်ဆင်းပျောက်ကွယ်သွား
တော့မှသက်ပြင်းချမိသည်။”
“”သခင်မလေးနေကောင်းရဲ့လား
မျက်နှဖြူဖတ်ဖြူလျော်နဲ့”””
“”ဘာမှမဖြစ်ပါဘူးအကြီး
အထဲဝင်ကြရအောင်””
အဆောင်ထဲရောက်သည့်တိုင်
ရွှေဥ့ရင်တွေတစ်ဒိန်းဒိန်းခုန်မိသည်။
ထိုနေ့မှစ၍ဘဘအား
ကြောက်ရွံ့လျက်ဘဘစကားကိုမြေဝယ်မကျ
နားထောင်တတ်သောရွှေဥသည်
ဂီတဆရာလေးမောင်ပုညကြောင့်
သတ္တိခွန်အားတစ်မျိုးတိုးဝင်လာခဲ့သည်။
ညနေခင်းတိုင်းလိုလို
ရွှေဥနှင့်မောင်ပုညတို့သည်
ရွှေဥအဆောင်နောက်ပန်းခင်းလေးတွင်
တွေ့ကြသည်။
မည်သူကမှမည်သူ့ကိုချစ်စကား
မဆိုပဲငြိတွယ်ခဲ့ကြလေသည်။
“”အမောင်ရွှေဥကိုဘယ်လိုသိတာလဲ”””
“”သတင်းကြီးလှပါပကောသခင်မလေးရယ်
သခင်မလေးရဲ့အလှသခင်မလေးရဲ့ဘဝကို
ဒီအိမ်ရောက်ရောက်ခြင်းအမောင်ကြားပါတယ်
ဒါ့ကြောင့်ဟိုကျောက်သားနံရံကြီးကနေ
သက်စွန့်ဆံဖျားလာချောင်းတာ
အမောင့်ရင်ဘတ်မှာသခင်မလေးရဲ့ပုံရိပ်ကို
ဘယ်လိုမှဖျောက်မရတော့ဘူး
သခင်မလေးမရှိလည်း
ရွှေခဲလေးနဲ့စကားလာပြောတယ်””
“”ဒါဆိုရွှေခဲလေးကရွှေဥကိုချစ်တယ်လို့
ပြောတာအမောင်ပြောလို့ပေါ့နော်””
“”ဒါပေါ့သခင်မလေးရယ်””
ရွှေဥနှစ်ခြိုက်အားရစွာပြုံးလိုက်ရင်း
အမောင့်ရင်ခွင်ထဲခိုဝင်လိုက်သည်။
သေချာပါတယ်။
ရွှေဥဘဝမှာဒီလိုလွတ်လပ်ပျော်ရွှင်မှုမျိုး
ဘယ်တုန်းကမှမရခဲ့ဖူးတာ”
“”ကျေးဇူးတင်ပါတယ်အမောင်”””
ဒီလိုနဲ့ရွှေဥတို့
ညနေခင်းလေးတွင်နေ့တိုင်းတွေ့ဖြစ်ကြလေသည်
ပွဲတော်နီး၍
တစ်ပတ်အလိုရွှေဥတို့ဘဝဂြိုလ်ဆိုးဝင်တို့သည်။
ထိုနေ့ကလည်းပန်းခြံထဲတွင်
အမောင်နဲ့နှစ်ယောက်တည်း။
“”တယ်ငါထင်တော့ထင်သား”””
“ဟင်ဘဘ”””
“”ငမိုက်သားကိုဖမ်းလိုက်ကြစမ်း””
ရုတ်တရက်ဘဘနှင့်ကိုယ်ရံတော်တပ်သား
များရောက်လာကာ
ရွှေဥတို့အားဝိုင်းထားလိုက်သည်။
ဘဘနောက်တွင်မယ်မယ်နှင့်
အထိန်းအယများ
“”မိဇာယု
သမီးကိုဆွဲခေါ်စမ်း
ဒီကတစ်သက်လုံးရင်အုပ်မကွာထိန်းလာတဲ့အဖေ
ညည်းအမူအယာကြည့်တာနဲ့တစ်ခုခုဆိုတာသိတယ်”””
“”အမောင့်ကိုမသတ်ပါနဲ့ဘဘရယ်””
”မသတ်လို့မရဘူး
သေကိုသေရမယ်သမီး”””
“”အားးးး””
ပြောပြောဆိုဆိုရွှေဥမှာသတိလစ်မေ့မျောသွား
လေသည်။
ရွှေဥသတိရတော့
အမောင့်အားဖမ်းချုပ်ထားကာ
ခုတော့သေဒဏ်တဲ့
အမောင်ရယ်
* * * * * *
{၃}
ဒီနေ့အမောင့်အား
သုတ်သင်မည့်နေ့
ရွှေဥရင်ဘတ်အားတစ်ခုခုနှင့်
ဖိထားသလိုလေးလံနေလေသည်။
ရွှေဥသည်
နောက်ဆုံးရှိသမျှအားအင်အား
စုဆောင်းလျက်
ရွှေဥသည်နောက်ဆုံးအနေဖြင့်
ဘဘထံဆန္ဒနစ်ခုကိုတင်ပြခဲ့သည်။
ဤသည်မှာကား
ဘဘသည်
အမောင်နှင့်ပတ်သက်နေသည်ကိုသိသည်နှင့်
ရွှေဥတို့အားခွဲထားကာ
ဘဘ၏ညာလက်ရုံးဖြစ်သော
ဦးအဂ္ဂ၏သားလည်းဖြစ်
ရွှေဥတို့ရွာမျိုးနွယ်စု၏
တပ်မှူးလည်းဖြစ်သော
တပ်မှူးလေးမင်းဝေနှင့်
ပွဲတော်ရက်တွင်လက်ထပ်ပေးရန်စီစဉ်ထားသည်။
ရွှေဥကလက်ထပ်ပွဲကိုသဘောတူလက်ခံကာ
နောက်ဆုံးအနေဖြင့်
အမောင့်အားကွပ်မျက်သည်ကိုကြည့်ခွင့်
ပေးရန်ဖြစ်သည်။
ဘဘကနောက်ဆုံးအနေနှင့်သဘောတူ
ကြည်ဖြူခဲ့လေသည်။
အမောင့်အားကွပ်မျက်သည့်နေ့က
ကောင်းကင်တွင်နေရောင်မတွေ့ရကာ
မဲမှောင်အုပ်ဆိုင်းနေလေသည်။
အမောင့်အား
ခေါင်းတွင်ခေါင်းစွပ်အနက်ကြီးစွပ်လျက်
လူသန်ကြီးနှစ်ယောက်ညှပ်ကာ
လူသတ်ကွင်းသို့
ခေါ်ဆောင်လာလေသည်။
ရွှေဥမငိုတော့
ငိုရန်လည်းမျက်ရည်လည်းမရှိတော့ပြီ။
ပါးကွက်သားကြီး၏
ဓားသည်အမောင့်လည်ပင်းရှေ့တွင်
ဝဲကာဝဲကာဖြင့်
နောက်ဆုံးပါးကွက်သား
ကြီး၏ဓားချက်အောက်တွင်
အမောင်မှာခေါင်းတခြားကိုယ်တခြား
ဖြစ်သွားလေသည်။
ရွှေဥမှာပါးစပ်အတွင်းသားအား
သွားဖြင့်ဖိကိုက်ထားသဖြင့်
ပါးစပ်ထဲတွင်ငန်ကျိကျိသွေး
အရသာကိုခံစားနေရလေသည်။
ရွှေဥသည်အမောင့်အလောင်းရှိရာသို့
တစ်ချက်ကြည့်ကာ
အခန်းတွင်းသို့ဝင်လာခဲ့သည်။
ထို့နောက်ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်
နိုင်နိုင်ချလိုက်ဘေသည်။
ရွှေဥကတိပေးထားသည့်အတိုင်း
တပ်မှူးလေးမင်းဝေနှင့်
လက်ထက်မည့်နေ့သို့ရောက်လာခဲ့သည်။
တပ်မှူးလေးမင်းဝေသည်
ရွှေဥမချစ်နိုင်သည်ကလွှဲလျှင်
အရည်အချင်းပြည့်ဝခန့်ညားသောယောကျာ်းပါပေ။
ရွှေဥမှာမင်္ဂလာပွဲရက်တွင်
အလှဆုံးပြုံးနေလျက်မိမိကိုယ်တိုင်လည်း
လိုလိုချင်ချင်အလှပြင်နေမိသည်။
ဤသည်ကိုဘဘနှင့်မယ်မယ်က
ကျေနပ်အားရနေဟန်ရှိသည်။
ရင်အုပ်မကွာထိန်းထားခဲ့သော
သမီး၏မျက်နှာကိုဘဘနှင့်မယ်မယ်
အကဲမခတ်နိုင်တော့ပြီ
မင်္ဂလာပွဲကို
နေ့ပိုင်းကျင်းပ၍
ညပိုင်းတွင်ရိုးရာပွဲနှင့်ပြန်လည်
ကျင်းပခဲ့သည်။
ရွာကွင်းပြင်ကြီးတွင်ပျော်ပျော်ပါးပါး
သီဆိုကခုန်နေကြကာ
အသံတစ်ခုကြောင့်ကွင်းပြင်တစ်ခုလုံး
တိတ်ကျသွားလေသည်။
“”အားလုံးသောမျိုးနွယ်အပေါင်းတို့
ငါသည်လူမှန်းသိတတ်စအရွယ်မှစ၍
ဘယ်သူစိမ်းယောကျာ်းနှင့်မျှမပတ်သက်မဆက်နွယ်ခဲါဖူးပါအမောင်သည်သာ
ငါ့အသွေးငါ့အသက်ဖြစ်ခဲ့သည်
အမောင်လည်းမရှိတော့ပြီမို့ငါလည်း
သေတာနှင့်မထူးခြား
ငါ၏နှလုံးသွေးနှင့်ကျိန်ဆိုသည်
ဘဝဆက်တိုင်းအမောင်မှလွှဲ၍
ငါ့အားတပ်မက်သူနှစ်သက်သူ
သူစိမ်းယောကျာ်းသည်
အသေဆိုးနှင့်သေပါစေတည်း
အမောင်နှင့်ငါ၏သွေးမြေကျခဲ့သော
ဤနေရာသည်လည်းအဓွန့်မရှည်စေသနည်း””
ရွှေဥသည်နှလုံးသားအား
ဓားဖြင့်ထောက်လျက်
ကြောက်မက်ဖွယ်ကျိန်စာအဆုံး၌
ဓားသွားအားရင်ဘတ်သို့တစ်ဆုံးထိုးသွင်း
လိုက်လေတော့သည်။
~~~~~~~~~~~~~
{၄}
ဇာတ်သိမ်း

“”အားးးးး””””
ရွှေစာမှာ
ကြောက်မက်ဖွယ်အိပ်မက်ဆိုးကြောင့်နိုးထလာခဲ့
သည်။
ရွှေစာအရွယ်ရောက်သည့်အချိန်မှစ၍
ထိုအိပ်မက်ရှည်ကြီးအားဆက်တိုက်မက်ကာ
သခင်မလေးရွှေဥသည်ရွှေစာဖြစ်နေလေသည်။
ထိုအိပ်မက်မက်ပြီးတိုင်း
ရွှေစာ့ရင်တွေအဆမတန်နာကျင်ကာ
တစ်စုံတစ်ခုလစ်ဟာနေခဲ့သည်။
“”မြေးအိပ်မက်ဆိုးထပ်မက်ပြန်ပြီလား”””
“”ဟုတ်တယ်အဖွား
ရွှေစာ့ဝဋ်ကြွေးကြီးလိုက်တာ”””
ဟုတ်သည်
ရွှေစာတို့မြေးအဘွားသည်
ရွာပြင်နှင်ထုတ်ခံထားရသည်။
ရွှေစာသည်မိမိဘဝကိုမိမိစိတ်နာမိသည်။
အဘယ်ကြောင့်ဆိုသော်
မိမိအားချစ်ခင်စုံမက်ကြသော
ယောကျာ်းတိုင်းသည်
ရူးသည်။သို့မဟုတ်
အသေဆိုးနှင့်သေကြလေသည်။
တစ်ယောက်မဟုတ်နှစ်ယောက်မဟုတ်
ရွှေစာနှင့်ပတ်သက်သမျှသောသူတိုင်း
အသေဆိုးနှင့်သေကြသောအခါ
ရွှေစာအားစုန်းဟုသမုတ်လျက်
ရွာပြင်နှင်ထုတ်လိုက်ကြလေတော့သည်။
ရွာပြင်မှယာတဲလေးတွင်^
မြေးအဖွားနှစ်ယောက်နေရကာ
အန္တရာယ်ဟူသမျှသည်
ရွှေစာတို့မသိလိုက်ရဘဲ
ရှင်းသွားသည်ချည်းဖြစ်သည်။
ရွာပြင်ရောက်သည်မှစ၍
လပြည့်ညတိုင်း
ရွှေစာ့ဆီသို့
ဂီတသမားလေးတစ်ယောက်အလည်လာသည်။
ထိုသူကားရွှေစာ့အိပ်မက်ထဲမှ
ရွှေဥ၏ချစ်သူမောင်ပုညဖြစ်နေလေသည်။
“””””
လပြည့်ညတိုင်းတဲအပြင်ဘက်တွင်ဂီတ
သံလေးတစ်ခုအချိန်မှန်ပျံ့လွင့်လာတတ်သည်။
ထိုအခါရွှေစာသည်
စိတ်၏စေခိုင်းချက်အရ
ထိုအသံလာရာဆီသို့
ရောက်သွားတတ်သည်။
ထိုသူကရွှေစာ့အားသခင်မလေးဟုခေါ်၍
ရွှေစာမှထိုလူအား
“”အမောင်””
ဟုလိုလိုလားလားခေါ်လေသည်။
တစ်နေ့
အဖွားနှင့်အတူ
လူကြီးတစ်ယောက်ပါလာခဲ့သည်။
ရွှေစာစိတ်ထဲတွေးမိသေးသည်။
မြေးအဖွားနှစ်ယောက်တောင်အနိူင်နိုင်
ကြပ်တည်းလှစွာသော
ဒီတဲအိမ်လေးသို့
သူစိမ်းအားအဘယ်ကြောင့်ခေါ်လာရပါသနည်းဟု
“”ဆရာရယ်
ကျွန်မမြေးလေးကိုကြည့်ပေးပါ
အပြစ်မရှိဘဲစုန်းရိုးခံရပြီး
ရွာပြင်နှင်ထုတ်ခံရတဲ့အပြင်
ခုဆိုလပြည့်ညတွေဆိုမအိပ်ဘဲ
တစ်ယောက်တည်းစကားတွေပြောနေပါတယ်””
ရွှေစာ့မှာအဖွားဘာတွေပြောနေလဲ
နားမလည်ပေ။ဖြစ်နိုင်လျှင်ဒီလူအား
အိမ်မှထွက်သွားစေချင်သည်။
ထိုလူကြီးက
ရွှေစာ့ဘက်သို့အပြုံးမျက်နှာနှင့်
လှည့်လာကာ
“”ကဲ^
သမီးဘုရားရှိခိုးရအောင်”””
ရွှေစာကအကြောင်းမဲ့ဘုရားရှိခိုးခိုင်းသော
ထိုလူကြီးအားတစ်ချက်ကြည့်ကာ
ခိုင်းသည့်အတိုင်းလုပ်လိုက်သည်။
ထိုလူကြီးက
ရွှေစားနဖူးအားအုပ်ကိုင်ကာ
ဘာတွေရွတ်နေသည်မသိပေ။
ထို့နောက်အဖွားနှင့်စကားပြောနေပြန်သည်။
“”အဖွားမြေးလေးမရူးပါဘူး
ဘာမှမဖြစ်ပါဘူး”””
“”ဒါဆိုဘာဖြစ်လို့ခုလိုဖြစ်နေတာလဲဆရာရယ်”””
“”ဘဝဟောင်းကအငွေ့အသက်ပါအဖွား
ဘဝဟောင်းကချစ်သူလိုက်နေပါတယ်
သူ့ရဲ့အတိတ်ဘဝဟာအင်မတန်မှ
ကြေကွဲဝမ်းနည်းဖွယ်ကောင်းလှပါတယ်
သူနဲ့ပတ်သက်တဲ့ယောကျာ်း
လေးတိုင်းအသေဆိုးနဲ့သေ
ဒုက္ခရောက်ကြတာက
သူကိုယ်တိုင်နှလုံးသွေးနဲ့ရင်းပြီး
ကျိန်ဆိုလိုက်တဲ့ကျိန်စာကြောင့်ပါ”””
“”ဘုရားးးဘုရားးးးဖြစ်ရလေမြေးလေးရယ်
ကျိန်စာပျယ်မယ့်နည်းလမ်းလေးများမရှိဘူး
လားဆရာရယ်”””
“”သာသနာ့ဘောင်ဝင်လိုက်တာအကောင်းဆုံးပါအဘွားနာကျည်းချက်နဲ့နှလုံးသွေးကျိန်စာက
သိပ်ကိုထိရောက်လွန်းတာကြောင့်
မျိုးနွယ်စုတစ်ခုလုံး
အချင်းချင်းသတ်သေပြီး
ဒေါသလောင်မီးကျကာပျောက်ကွယ်သွားရသလို
သူဖြတ်သန်းလာတဲ့ဘဝအဆက်ဆက်
သူ့ကိုစိတ်ယိုင်မိတဲ့ယောကျာ်းတိုင်းက
ဒုက္ခရောက်ကြရမှာပါ”””
အဖွားနှင့်ထိုလူကြီးပြောနေသောစကားများအား
ရွှေစာနားထောင်ရင်းရွှေစာ့အိပ်မက်နှင့်တစ်ထပ်တည်းတူနေသည်ကိုအံ့သြမိသည်။
ဒါဆိုသခင်မလေးရွှေဥကရွှေစာပေါ့
ကျွန်မတွေ့နေတဲ့အမောင်က
ရွှေစာ့အတိတ်ဘဝက
“”ဘုရားရေ”””
“”ဆရာရွှေစာသာသနာ့ဘောင်ဝင်ချင်ပါတယ်”””
“”မြေးလေးရယ်”””
“”ရွှေစာ့အတိတ်ကံကြောင့်အပြစ်မရှိတဲ့
ဘယ်သူ့ကိုမှမထိခိုက်စေချင်တော့ပါဘူး
ရွှေစာ့ရဲ့အိပ်မက်ရှည်ဟာ
ဆရာပြောလို့ရွှေစာရဲ့အတိတ်ဆိုတာ
သဘောပေါက်ပါပြီအတိတ်ဘဝက
ရွှေစာ့ချစ်သူ ဂီတဆရာလေးကိုလည်း
ကျွတ်လွတ်စေချင်ပါပြီ”””
“””စိတ်ချပါသမီး
ဆရာကသမီးတို့ကိုအစွမ်းကုန်ကူညီမှပါ
ဆရာဒီရောက်လာခဲ့တာလည်း^
ဆရာ့ရဲ့မနောအာရုံမှာ
မောင်ပုညကအကူအညီလာတောင်းတာ
ကြောင့်ပါ
သူလည်းသမီးဘဝငြိမ်းငြိမ်းချမ်းချမ်း
ဖြစ်ပြီးရင်^
ငြိမ်းချမ်းတဲ့နေရာတစ်ခုကိုထွက်သွား
တော့မှာပါ”””
“””ကျေးဇူးတင်ပါတယ်ဆရာ”””
ရွှေစာမှာပြောရင်း
ဆရာအားကန်တော့လိုက်လေသည်။
ထို့နောက်ဆရာ့အကူအညီဖြင့်ပင်
ထိုရွာလေးမှထွက်သွားကာ
ရွှေစာမှာ
ဆရာလေးပုညစာရီဖြစ်လာခဲ့သည်။
ရွှေစာ့အဖွားမှာ
ယောဂီအဖြစ်နှင့်^
ရွှေစာတစ်ဖြစ်လည်း
ဆရာလေးပုညစာရီဘေးတွင်နေထိုင်ခဲ့သည်။
ထိုမှစ၍
ရွှေစာ၏ကြေကွဲဖွယ်အိပ်မက်ရှည်ကြီးသည်
ပျောက်ကွယ်သွားလျက်
ဂီတဆရာလေးမောင်ပုညသည်
တစ်စတစ်စပျောက်ကွယ်သွားလေတော့သည်။
* * *
ပြီးပါပြီ

စာရေးသူ Mon Mon Khaing အားလေးစားလျက်

Zawgyi Version

ေသြးႏွင့္ရင္းေသာက်ိန္စာ(စ/ဆုံး)
—————————————
“”အမိန႔္ေတာ္
မတူရာတုရတနာေ႐ႊခြက္ကိုမွႏႈိက္ခ်င္တဲ့
ငမိုက္သားဒီေန႔ေတာင္စြယ္ေနကြယ္လွ်င္
ကြပ္မ်က္ေစ”””
မ်ိဳးႏြယ္စုအႀကီးအကဲမွာ
တစ္ခ်က္လြတ္အမိန႔္အား
ယတိျပတ္ခ်မွတ္ၿပီးသည္ႏွင့္
ဝတ္လည္းေတာ္အားလက္တစ္ဖက္ႏွင့္သိမ္းလ်က္
အတြင္းေတာ္သို႔ဝင္ေလၿပီ။
သခင္မေလးေ႐ႊဥမွာ
ခ်စ္သူျဖစ္ေသာ
ဂီတဆရာေလး
အေမာင္ပုညကိုၾကည့္လ်က္
ရင္ဝတြင္ဗေလာင္ဆူလာေလသည္။
“”အေမာင္အဟင့္ဟင့္”””
“”ႏွမရယ္အေမာင့္ကိုစိတ္မပူပါနဲ႔””
“”တိတ္စမ္းေ႐ႊဥ
အညတရေကာင္အတြက္ညည္းမ်က္ရည္ေတာင္
က်ခြင့္မရွိဘူး”””
“”အဟင့္ဟင့္”””
“”က်က္သေရယုတ္တယ္
ဟဲ့ညည္းတို႔ေတြကအတြင္းေတာ္ဆြဲမေခၚဘဲ
ဘာလုပ္ေနၾကတာလဲ”””
မယ္မယ့္၏စူးရွာ၍ေအာ္ဇာသံပါေသာ
အသံေၾကာင့္
ေ႐ႊဥအားဝန္းရံေနေသာ
အထိန္းအယမ်ားမွာတုန္တက္သြားၾကကာ
ေ႐ႊစာ့အားအတင္းဆြဲေခၚေလေတာ့သည္။
ေ႐ႊဥ၏မယ္မယ္ျဖစ္ေသာေဒၚပိုးဇာယုမွာ
ဘဘကဲ့သို႔ပင္ခက္ထန္ေစာင္မန္ႀကီးလ်က္
မာနႀကီးသူျဖစ္သည္။
ေ႐ႊဥသည္
လူထြားႀကီးႏွစ္ေယာက္ညႇပ္လ်က္ဆြဲေခၚသြားေသာ
အေမာင့္အားၾကည့္လ်က္မ်က္ရည္မ်ား
ပါးေပၚဒလေဟာစီးက်လာရသည္။
“”အေမာင္ရယ္
ေ႐ႊဥေၾကာင့္ေ႐ႊဥေၾကာင့္”‘”
ေ႐ႊဥမွာ
ထိုေန႔မွစ၍အခန္းထဲေလွာင္ပိတ္ျခင္း
ခံလိုက္ရေလသည္။
ေ႐ႊဥမွာတစ္ေယာက္တည္းကူကယ္ရာမဲ့စြာ
လူးလိမ့္ငိုရင္း
အေမာင္ႏွင့္စေတြ႕ခဲ့ရပုံမ်ားအား
ေတြးေတာလ်က္ရွိေပသည္။

* * *
{၂}
ေ႐ႊခ်ည္႐ြာ
နာမည္ႏွင့္လိုက္ေအာင္ပင္
ခ်မ္းသာႂကြယ္ဝေသာ႐ြာျဖစ္သည္။
ေတာင္ႀကီးႏွစ္လုံးၾကားတြင္တည္ရွိကာ
ေနျပည္ေတာ္ႏွင့္အလွမ္းေဝးတာမို႔
ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးစနစ္ႏွင့္
္မ်ိဳးႏြယ္စုတစ္ခုအျဖစ္သီးျခားရပ္တည္ေနေသာ
႐ြာျဖစ္သည္။
႐ြာဟုဆိုရေသာ္လည္းႏိုင္ငံငယ္
တစ္ခုကဲ့သို႔ရွိေခ်သည္။
အုပ္ခ်ဳပ္သူအႀကီးအကဲႏွင့္
လူငယ္မ်ားအား႐ြာအားကာကြယ္ရန္
အႀကီးအကဲကိုယ္တိုင္စီမံ
ေလ့က်င့္ထားတာမို႔
တိုက္ေရးခိုက္ေရးတြင္အထူးကြၽမ္းက်င္ေလသည္။
အႀကီးအကဲျဖစ္ေသာ
ဦးဂါမဏိသည္စည္းစနစ္ႀကီးမား
လွစြာခက္ထန္ေစာင္မာန္ႀကီးသူလည္းျဖစ္သည္။
တစ္႐ြာလုံးမွာအႀကီးအကဲ၏အုပ္ခ်ဳပ္မႈအား
ေလးစားလိုက္နာလ်က္ ေၾကာက္႐ြံ႕႐ိုေသ
ၾကေလသည္။
အဘယ္ေၾကာင့္ဆိုေသာ္
အႀကီးအကဲသည္စည္းစနစ္က်သည့္နည္းတူ
တရားမွ်တမႈလည္းရွိေသာေၾကာင့္ျဖစ္သည္။
႐ြာသူ႐ြာသားမ်ားအားရင္ဝယ္သားကဲ့သို႔
အုပ္ခ်ဳပ္ေသာ္ျငား
အႀကီးအကဲသည္
တစ္ဦးတည္းေသာသမီးျဖစ္သူႏွင့္
ပတ္သက္၍ကား
အတၱမာနႀကီးမားလွေလသည္။
လူတူနတ္ဖက္ဆိုသလို
ဇနီးျဖစ္သူမွာလည္းဤသို႔ပင္။
ထိုအတၱႏွင့္မာနတို႔ၾကားတြင္
အနာဂါတ္ေပ်ာက္ဆုံးေနသူတစ္
ဦးရွိသည္။ထိုသူကား
အႀကီးအကဲ၏သမီး
သခင္မေလးေ႐ႊဥ
အျပင္ေလာကဆိုတာ
ေ႐ႊဥႊဘဝတြင္အိပ္မက္အလားးးး
အိမ္ထဲတြင္အထိန္းအယမ်ားႏွင့္^
ပန္းထိုးလိုက္အထည္ခ်ဳပ္လိုက္ျဖင့္
ဘဝကဆိုးလွပါသည္။
ေတာ္ပါေသးသည္။
ေ႐ႊဥ၏အေဆာင္ေနာက္တြင္
ေ႐ႊဥ၏အထိန္းေတာ္မ်ားႏွင့္အတူ
ပ်ိဳးထားေသာပန္းခင္းေလးရွိေပလို႔
ထိုပန္းခင္းေလးထဲတြင္
ေ႐ႊဥအားဘဘေမြးေန႔လက္ေဆာင္အျဖစ္
ေပးထားေသာေ႐ႊခဲေလးရွိသည္။
တစ္ေန႔
ေ႐ႊခဲေလးသည္
မည္သူမွ်မသင္ရပါပဲ
ထူးထူးျခားျခားစကားဆိုလာခဲ့သည္။
“”ေ႐ႊဥကိုခ်စ္တယ္ေ႐ႊဥကိုခ်စ္တယ္”””
ထိုအသံေၾကာင့္အထိန္းေတာ္မ်ားမွာရယ္ၾကကုန္သည္။
“”ခစ္ခစ္ေ႐ႊခဲေလးတတ္ေနလိုက္တာ
နင္လည္းငါ့လိုအထီးက်န္မွာပဲ”””
“”သခင္မေလး
ေနဝင္ေတာ့မယ္အေဆာင္ထဲဝင္ၾကပါစို႔လား””
“”အႀကီးဝင္ႏွင့္ပါ
ေ႐ႊဥခဏေလးေနခဲ့ခ်င္ေသးလို႔”””
“”ခဏေလးပဲေနာ္သခင္မေလး””
“”ေကာင္းပါၿပီအႀကီး”””
ေ႐ႊဥေလွာင့္ခ်ိဳင့္ထဲမွေ႐ႊခဲေလးအား
ၾကည့္ရင္းေ႐ႊဥဘဝႏွင့္ႏႈိင္းယွဥ္ကာ
စာနာလာမိသည္။
ထို႔ေနာက္ေလွာင့္ခ်ိဳင့္အားဖြင့္ေပးလိုက္ရာ
ေ႐ႊခဲေလးမွာအခ်ဳပ္အေႏွင္မွလြတ္သြားတာေၾကာင့္
လြတ္လပ္စြာပ်ံသန္းသြားေလသည္။
“”ဘုန္းးးးဝုန္းးး'””
“”အမေလး”””
႐ုတ္တရက္ဘုန္းကနဲက်လာေသာ
အသံေၾကာင့္ေ႐ႊဥလန႔္ေအာ္လိုက္ျခင္းျဖစ္သည္။
ၾကည့္လိုက္ေတာ့
အမ်ိဳးသားတစ္ေယာက္
အထိန္းအယမ်ားႏွင့္မယ္မယ္ဘဘကလႊဲလွ်င္
တျခားသူစိမ္းႏွင့္မဆက္ဆံဖူးတာမို႔
အသားမ်ားပင္တဆတ္ဆတ္တုန္ေနေလသည္။
“”ဘယ္သူလဲ””‘
“”သခင္မေလး”””
“”အားးးးးးး””””
႐ုတ္တရက္ထိုေယာက်ာ္းထလာကာ
ေ႐ႊဥပါးစပ္အားလွမ္းပိတ္လိုက္ေလသည္။
“”ေတာင္းပန္ပါတယ္သခင္မေလး
က်ဳပ္ကဒီအိမ္ကို
ေရာက္လာတဲ့ဂီတဆရာေမာင္ပုညပါ
သခင္မေလးရဲ႕သတင္းေၾကာင့္
လာေခ်ာင္းၾကည့္ေနတာ
တစ္ပတ္ေလာက္ရွိပါၿပီ
သခင္မေလးစိတ္ဆိုးမယ္ဆိုသခင္မေလးသေဘာပါ
က်ဳပ္ထိုက္နဲ႔က်ဳပ္ကံရွိပါေစ”””
ေျပာေျပာဆိုဆိုဂီတဆရာေလးေမာင္ပုညမွာ
ေ႐ႊဥအားေျဖလြတ္ေပးလိုက္သည္။
သူစိမ္းေယာက်ာ္းပ်ိဳတစ္ေယာက္အား
ပထမဆုံးေတြ႕ဖူးတာျဖစ္တာေၾကာင့္
ဒူးမ်ားပင္တုန္ယင္ေနေလသည္။
ေနာက္တစ္လဆို
ေ႐ႊဥတို႔႐ြာတြင္မိ႐ိုးဖလာနတ္ပူေဇာ္ပြဲရွိသည္။
ထို႔ေၾကာင့္ဂီတဆရာအား
ေခၚထားတာျဖစ္သည္။
“”ေ႐ႊ ေ႐ႊဥသြားပါေတာ့မယ္
ေတာ္လည္းျပန္ပါဒီဘက္အေဆာင္ကို
ဘယ္ေယာက်ာ္းေလးမွကူးခြင့္မရွိပါဘူး
ဘဘသိရင္သတ္ခံရပါလိမ့္မယ္”””
“”ေသရင္ေစပါေစသခင္မေလးရယ္””
“”ျပန္ပါရွင္””
“”ဒီေန႔ေတာ့ျပန္ပါ့မယ္
မနက္ျဖန္ဒီအခ်ိန္အေမာင္ဒီကရွိေနပါ့မယ္”””
ထိုေယာက်ာ္း၏အေမာင္ဆိုေသာစကားက
ေ႐ႊဥရင္ဝတြင္ျမည္ဟီးသြားေလသည္။
“”သခင္မေလးေရ””
အႀကီးအသံေၾကာင့္ထိုေယာကေက်ာ္းအား
စိုးရိမ္စြာလွည့္အၾကည့္
ေက်ာက္သားနံရံတစ္ဖက္ခုန္ဆင္းေပ်ာက္ကြယ္သြား
ေတာ့မွသက္ျပင္းခ်မိသည္။”
“”သခင္မေလးေနေကာင္းရဲ႕လား
မ်က္ႏွျဖဴဖတ္ျဖဴေလ်ာ္နဲ႔”””
“”ဘာမွမျဖစ္ပါဘူးအႀကီး
အထဲဝင္ၾကရေအာင္””
အေဆာင္ထဲေရာက္သည့္တိုင္
ေ႐ႊဥ့ရင္ေတြတစ္ဒိန္းဒိန္းခုန္မိသည္။
ထိုေန႔မွစ၍ဘဘအား
ေၾကာက္႐ြံ႕လ်က္ဘဘစကားကိုေျမဝယ္မက်
နားေထာင္တတ္ေသာေ႐ႊဥသည္
ဂီတဆရာေလးေမာင္ပုညေၾကာင့္
သတၱိခြန္အားတစ္မ်ိဳးတိုးဝင္လာခဲ့သည္။
ညေနခင္းတိုင္းလိုလို
ေ႐ႊဥႏွင့္ေမာင္ပုညတို႔သည္
ေ႐ႊဥအေဆာင္ေနာက္ပန္းခင္းေလးတြင္
ေတြ႕ၾကသည္။
မည္သူကမွမည္သူ႔ကိုခ်စ္စကား
မဆိုပဲၿငိတြယ္ခဲ့ၾကေလသည္။
“”အေမာင္ေ႐ႊဥကိုဘယ္လိုသိတာလဲ”””
“”သတင္းႀကီးလွပါပေကာသခင္မေလးရယ္
သခင္မေလးရဲ႕အလွသခင္မေလးရဲ႕ဘဝကို
ဒီအိမ္ေရာက္ေရာက္ျခင္းအေမာင္ၾကားပါတယ္
ဒါ့ေၾကာင့္ဟိုေက်ာက္သားနံရံႀကီးကေန
သက္စြန႔္ဆံဖ်ားလာေခ်ာင္းတာ
အေမာင့္ရင္ဘတ္မွာသခင္မေလးရဲ႕ပုံရိပ္ကို
ဘယ္လိုမွေဖ်ာက္မရေတာ့ဘူး
သခင္မေလးမရွိလည္း
ေ႐ႊခဲေလးနဲ႔စကားလာေျပာတယ္””
“”ဒါဆိုေ႐ႊခဲေလးကေ႐ႊဥကိုခ်စ္တယ္လို႔
ေျပာတာအေမာင္ေျပာလို႔ေပါ့ေနာ္””
“”ဒါေပါ့သခင္မေလးရယ္””
ေ႐ႊဥႏွစ္ၿခိဳက္အားရစြာၿပဳံးလိုက္ရင္း
အေမာင့္ရင္ခြင္ထဲခိုဝင္လိုက္သည္။
ေသခ်ာပါတယ္။
ေ႐ႊဥဘဝမွာဒီလိုလြတ္လပ္ေပ်ာ္႐ႊင္မႈမ်ိဳး
ဘယ္တုန္းကမွမရခဲ့ဖူးတာ”
“”ေက်းဇူးတင္ပါတယ္အေမာင္”””
ဒီလိုနဲ႔ေ႐ႊဥတို႔
ညေနခင္းေလးတြင္ေန႔တိုင္းေတြ႕ျဖစ္ၾကေလသည္
ပြဲေတာ္နီး၍
တစ္ပတ္အလိုေ႐ႊဥတို႔ဘဝၿဂိဳလ္ဆိုးဝင္တို႔သည္။
ထိုေန႔ကလည္းပန္းၿခံထဲတြင္
အေမာင္နဲ႔ႏွစ္ေယာက္တည္း။
“”တယ္ငါထင္ေတာ့ထင္သား”””
“ဟင္ဘဘ”””
“”ငမိုက္သားကိုဖမ္းလိုက္ၾကစမ္း””
႐ုတ္တရက္ဘဘႏွင့္ကိုယ္ရံေတာ္တပ္သား
မ်ားေရာက္လာကာ
ေ႐ႊဥတို႔အားဝိုင္းထားလိုက္သည္။
ဘဘေနာက္တြင္မယ္မယ္ႏွင့္
အထိန္းအယမ်ား
“”မိဇာယု
သမီးကိုဆြဲေခၚစမ္း
ဒီကတစ္သက္လုံးရင္အုပ္မကြာထိန္းလာတဲ့အေဖ
ညည္းအမူအယာၾကည့္တာနဲ႔တစ္ခုခုဆိုတာသိတယ္”””
“”အေမာင့္ကိုမသတ္ပါနဲ႔ဘဘရယ္””
”မသတ္လို႔မရဘူး
ေသကိုေသရမယ္သမီး”””
“”အားးးး””
ေျပာေျပာဆိုဆိုေ႐ႊဥမွာသတိလစ္ေမ့ေမ်ာသြား
ေလသည္။
ေ႐ႊဥသတိရေတာ့
အေမာင့္အားဖမ္းခ်ဳပ္ထားကာ
ခုေတာ့ေသဒဏ္တဲ့
အေမာင္ရယ္
* * * * * *
{၃}
ဒီေန႔အေမာင့္အား
သုတ္သင္မည့္ေန႔
ေ႐ႊဥရင္ဘတ္အားတစ္ခုခုႏွင့္
ဖိထားသလိုေလးလံေနေလသည္။
ေ႐ႊဥသည္
ေနာက္ဆုံးရွိသမွ်အားအင္အား
စုေဆာင္းလ်က္
ေ႐ႊဥသည္ေနာက္ဆုံးအေနျဖင့္
ဘဘထံဆႏၵနစ္ခုကိုတင္ျပခဲ့သည္။
ဤသည္မွာကား
ဘဘသည္
အေမာင္ႏွင့္ပတ္သက္ေနသည္ကိုသိသည္ႏွင့္
ေ႐ႊဥတို႔အားခြဲထားကာ
ဘဘ၏ညာလက္႐ုံးျဖစ္ေသာ
ဦးအဂၢ၏သားလည္းျဖစ္
ေ႐ႊဥတို႔႐ြာမ်ိဳးႏြယ္စု၏
တပ္မႉးလည္းျဖစ္ေသာ
တပ္မႉးေလးမင္းေဝႏွင့္
ပြဲေတာ္ရက္တြင္လက္ထပ္ေပးရန္စီစဥ္ထားသည္။
ေ႐ႊဥကလက္ထပ္ပြဲကိုသေဘာတူလက္ခံကာ
ေနာက္ဆုံးအေနျဖင့္
အေမာင့္အားကြပ္မ်က္သည္ကိုၾကည့္ခြင့္
ေပးရန္ျဖစ္သည္။
ဘဘကေနာက္ဆုံးအေနႏွင့္သေဘာတူ
ၾကည္ျဖဴခဲ့ေလသည္။
အေမာင့္အားကြပ္မ်က္သည့္ေန႔က
ေကာင္းကင္တြင္ေနေရာင္မေတြ႕ရကာ
မဲေမွာင္အုပ္ဆိုင္းေနေလသည္။
အေမာင့္အား
ေခါင္းတြင္ေခါင္းစြပ္အနက္ႀကီးစြပ္လ်က္
လူသန္ႀကီးႏွစ္ေယာက္ညႇပ္ကာ
လူသတ္ကြင္းသို႔
ေခၚေဆာင္လာေလသည္။
ေ႐ႊဥမငိုေတာ့
ငိုရန္လည္းမ်က္ရည္လည္းမရွိေတာ့ၿပီ။
ပါးကြက္သားႀကီး၏
ဓားသည္အေမာင့္လည္ပင္းေရွ႕တြင္
ဝဲကာဝဲကာျဖင့္
ေနာက္ဆုံးပါးကြက္သား
ႀကီး၏ဓားခ်က္ေအာက္တြင္
အေမာင္မွာေခါင္းတျခားကိုယ္တျခား
ျဖစ္သြားေလသည္။
ေ႐ႊဥမွာပါးစပ္အတြင္းသားအား
သြားျဖင့္ဖိကိုက္ထားသျဖင့္
ပါးစပ္ထဲတြင္ငန္က်ိက်ိေသြး
အရသာကိုခံစားေနရေလသည္။
ေ႐ႊဥသည္အေမာင့္အေလာင္းရွိရာသို႔
တစ္ခ်က္ၾကည့္ကာ
အခန္းတြင္းသို႔ဝင္လာခဲ့သည္။
ထို႔ေနာက္ဆုံးျဖတ္ခ်က္တစ္ခုကိုပိုင္ပိုင္
ႏိုင္ႏိုင္ခ်လိုက္ေဘသည္။
ေ႐ႊဥကတိေပးထားသည့္အတိုင္း
တပ္မႉးေလးမင္းေဝႏွင့္
လက္ထက္မည့္ေန႔သို႔ေရာက္လာခဲ့သည္။
တပ္မႉးေလးမင္းေဝသည္
ေ႐ႊဥမခ်စ္ႏိုင္သည္ကလႊဲလွ်င္
အရည္အခ်င္းျပည့္ဝခန႔္ညားေသာေယာက်ာ္းပါေပ။
ေ႐ႊဥမွာမဂၤလာပြဲရက္တြင္
အလွဆုံးၿပဳံးေနလ်က္မိမိကိုယ္တိုင္လည္း
လိုလိုခ်င္ခ်င္အလွျပင္ေနမိသည္။
ဤသည္ကိုဘဘႏွင့္မယ္မယ္က
ေက်နပ္အားရေနဟန္ရွိသည္။
ရင္အုပ္မကြာထိန္းထားခဲ့ေသာ
သမီး၏မ်က္ႏွာကိုဘဘႏွင့္မယ္မယ္
အကဲမခတ္ႏိုင္ေတာ့ၿပီ
မဂၤလာပြဲကို
ေန႔ပိုင္းက်င္းပ၍
ညပိုင္းတြင္႐ိုးရာပြဲႏွင့္ျပန္လည္
က်င္းပခဲ့သည္။
႐ြာကြင္းျပင္ႀကီးတြင္ေပ်ာ္ေပ်ာ္ပါးပါး
သီဆိုကခုန္ေနၾကကာ
အသံတစ္ခုေၾကာင့္ကြင္းျပင္တစ္ခုလုံး
တိတ္က်သြားေလသည္။
“”အားလုံးေသာမ်ိဳးႏြယ္အေပါင္းတို႔
ငါသည္လူမွန္းသိတတ္စအ႐ြယ္မွစ၍
ဘယ္သူစိမ္းေယာက်ာ္းႏွင့္မွ်မပတ္သက္မဆက္ႏြယ္ခဲါဖူးပါအေမာင္သည္သာ
ငါ့အေသြးငါ့အသက္ျဖစ္ခဲ့သည္
အေမာင္လည္းမရွိေတာ့ၿပီမို႔ငါလည္း
ေသတာႏွင့္မထူးျခား
ငါ၏ႏွလုံးေသြးႏွင့္က်ိန္ဆိုသည္
ဘဝဆက္တိုင္းအေမာင္မွလႊဲ၍
ငါ့အားတပ္မက္သူႏွစ္သက္သူ
သူစိမ္းေယာက်ာ္းသည္
အေသဆိုးႏွင့္ေသပါေစတည္း
အေမာင္ႏွင့္ငါ၏ေသြးေျမက်ခဲ့ေသာ
ဤေနရာသည္လည္းအဓြန႔္မရွည္ေစသနည္း””
ေ႐ႊဥသည္ႏွလုံးသားအား
ဓားျဖင့္ေထာက္လ်က္
ေၾကာက္မက္ဖြယ္က်ိန္စာအဆုံး၌
ဓားသြားအားရင္ဘတ္သို႔တစ္ဆုံးထိုးသြင္း
လိုက္ေလေတာ့သည္။
~~~~~~~~~~~~~
{၄}
ဇာတ္သိမ္း

“”အားးးးး””””
ေ႐ႊစာမွာ
ေၾကာက္မက္ဖြယ္အိပ္မက္ဆိုးေၾကာင့္ႏိုးထလာခဲ့
သည္။
ေ႐ႊစာအ႐ြယ္ေရာက္သည့္အခ်ိန္မွစ၍
ထိုအိပ္မက္ရွည္ႀကီးအားဆက္တိုက္မက္ကာ
သခင္မေလးေ႐ႊဥသည္ေ႐ႊစာျဖစ္ေနေလသည္။
ထိုအိပ္မက္မက္ၿပီးတိုင္း
ေ႐ႊစာ့ရင္ေတြအဆမတန္နာက်င္ကာ
တစ္စုံတစ္ခုလစ္ဟာေနခဲ့သည္။
“”ေျမးအိပ္မက္ဆိုးထပ္မက္ျပန္ၿပီလား”””
“”ဟုတ္တယ္အဖြား
ေ႐ႊစာ့ဝဋ္ေႂကြးႀကီးလိုက္တာ”””
ဟုတ္သည္
ေ႐ႊစာတို႔ေျမးအဘြားသည္
႐ြာျပင္ႏွင္ထုတ္ခံထားရသည္။
ေ႐ႊစာသည္မိမိဘဝကိုမိမိစိတ္နာမိသည္။
အဘယ္ေၾကာင့္ဆိုေသာ္
မိမိအားခ်စ္ခင္စုံမက္ၾကေသာ
ေယာက်ာ္းတိုင္းသည္
႐ူးသည္။သို႔မဟုတ္
အေသဆိုးႏွင့္ေသၾကေလသည္။
တစ္ေယာက္မဟုတ္ႏွစ္ေယာက္မဟုတ္
ေ႐ႊစာႏွင့္ပတ္သက္သမွ်ေသာသူတိုင္း
အေသဆိုးႏွင့္ေသၾကေသာအခါ
ေ႐ႊစာအားစုန္းဟုသမုတ္လ်က္
႐ြာျပင္ႏွင္ထုတ္လိုက္ၾကေလေတာ့သည္။
႐ြာျပင္မွယာတဲေလးတြင္^
ေျမးအဖြားႏွစ္ေယာက္ေနရကာ
အႏၲရာယ္ဟူသမွ်သည္
ေ႐ႊစာတို႔မသိလိုက္ရဘဲ
ရွင္းသြားသည္ခ်ည္းျဖစ္သည္။
႐ြာျပင္ေရာက္သည္မွစ၍
လျပည့္ညတိုင္း
ေ႐ႊစာ့ဆီသို႔
ဂီတသမားေလးတစ္ေယာက္အလည္လာသည္။
ထိုသူကားေ႐ႊစာ့အိပ္မက္ထဲမွ
ေ႐ႊဥ၏ခ်စ္သူေမာင္ပုညျဖစ္ေနေလသည္။
“””””
လျပည့္ညတိုင္းတဲအျပင္ဘက္တြင္ဂီတ
သံေလးတစ္ခုအခ်ိန္မွန္ပ်ံ႕လြင့္လာတတ္သည္။
ထိုအခါေ႐ႊစာသည္
စိတ္၏ေစခိုင္းခ်က္အရ
ထိုအသံလာရာဆီသို႔
ေရာက္သြားတတ္သည္။
ထိုသူကေ႐ႊစာ့အားသခင္မေလးဟုေခၚ၍
ေ႐ႊစာမွထိုလူအား
“”အေမာင္””
ဟုလိုလိုလားလားေခၚေလသည္။
တစ္ေန႔
အဖြားႏွင့္အတူ
လူႀကီးတစ္ေယာက္ပါလာခဲ့သည္။
ေ႐ႊစာစိတ္ထဲေတြးမိေသးသည္။
ေျမးအဖြားႏွစ္ေယာက္ေတာင္အႏိူင္ႏိုင္
ၾကပ္တည္းလွစြာေသာ
ဒီတဲအိမ္ေလးသို႔
သူစိမ္းအားအဘယ္ေၾကာင့္ေခၚလာရပါသနည္းဟု
“”ဆရာရယ္
ကြၽန္မေျမးေလးကိုၾကည့္ေပးပါ
အျပစ္မရွိဘဲစုန္း႐ိုးခံရၿပီး
႐ြာျပင္ႏွင္ထုတ္ခံရတဲ့အျပင္
ခုဆိုလျပည့္ညေတြဆိုမအိပ္ဘဲ
တစ္ေယာက္တည္းစကားေတြေျပာေနပါတယ္””
ေ႐ႊစာ့မွာအဖြားဘာေတြေျပာေနလဲ
နားမလည္ေပ။ျဖစ္ႏိုင္လွ်င္ဒီလူအား
အိမ္မွထြက္သြားေစခ်င္သည္။
ထိုလူႀကီးက
ေ႐ႊစာ့ဘက္သို႔အၿပဳံးမ်က္ႏွာႏွင့္
လွည့္လာကာ
“”ကဲ^
သမီးဘုရားရွိခိုးရေအာင္”””
ေ႐ႊစာကအေၾကာင္းမဲ့ဘုရားရွိခိုးခိုင္းေသာ
ထိုလူႀကီးအားတစ္ခ်က္ၾကည့္ကာ
ခိုင္းသည့္အတိုင္းလုပ္လိုက္သည္။
ထိုလူႀကီးက
ေ႐ႊစားနဖူးအားအုပ္ကိုင္ကာ
ဘာေတြ႐ြတ္ေနသည္မသိေပ။
ထို႔ေနာက္အဖြားႏွင့္စကားေျပာေနျပန္သည္။
“”အဖြားေျမးေလးမ႐ူးပါဘူး
ဘာမွမျဖစ္ပါဘူး”””
“”ဒါဆိုဘာျဖစ္လို႔ခုလိုျဖစ္ေနတာလဲဆရာရယ္”””
“”ဘဝေဟာင္းကအေငြ႕အသက္ပါအဖြား
ဘဝေဟာင္းကခ်စ္သူလိုက္ေနပါတယ္
သူ႔ရဲ႕အတိတ္ဘဝဟာအင္မတန္မွ
ေၾကကြဲဝမ္းနည္းဖြယ္ေကာင္းလွပါတယ္
သူနဲ႔ပတ္သက္တဲ့ေယာက်ာ္း
ေလးတိုင္းအေသဆိုးနဲ႔ေသ
ဒုကၡေရာက္ၾကတာက
သူကိုယ္တိုင္ႏွလုံးေသြးနဲ႔ရင္းၿပီး
က်ိန္ဆိုလိုက္တဲ့က်ိန္စာေၾကာင့္ပါ”””
“”ဘုရားးးဘုရားးးးျဖစ္ရေလေျမးေလးရယ္
က်ိန္စာပ်ယ္မယ့္နည္းလမ္းေလးမ်ားမရွိဘူး
လားဆရာရယ္”””
“”သာသနာ့ေဘာင္ဝင္လိုက္တာအေကာင္းဆုံးပါအဘြားနာက်ည္းခ်က္နဲ႔ႏွလုံးေသြးက်ိန္စာက
သိပ္ကိုထိေရာက္လြန္းတာေၾကာင့္
မ်ိဳးႏြယ္စုတစ္ခုလုံး
အခ်င္းခ်င္းသတ္ေသၿပီး
ေဒါသေလာင္မီးက်ကာေပ်ာက္ကြယ္သြားရသလို
သူျဖတ္သန္းလာတဲ့ဘဝအဆက္ဆက္
သူ႔ကိုစိတ္ယိုင္မိတဲ့ေယာက်ာ္းတိုင္းက
ဒုကၡေရာက္ၾကရမွာပါ”””
အဖြားႏွင့္ထိုလူႀကီးေျပာေနေသာစကားမ်ားအား
ေ႐ႊစာနားေထာင္ရင္းေ႐ႊစာ့အိပ္မက္ႏွင့္တစ္ထပ္တည္းတူေနသည္ကိုအံ့ၾသမိသည္။
ဒါဆိုသခင္မေလးေ႐ႊဥကေ႐ႊစာေပါ့
ကြၽန္မေတြ႕ေနတဲ့အေမာင္က
ေ႐ႊစာ့အတိတ္ဘဝက
“”ဘုရားေရ”””
“”ဆရာေ႐ႊစာသာသနာ့ေဘာင္ဝင္ခ်င္ပါတယ္”””
“”ေျမးေလးရယ္”””
“”ေ႐ႊစာ့အတိတ္ကံေၾကာင့္အျပစ္မရွိတဲ့
ဘယ္သူ႔ကိုမွမထိခိုက္ေစခ်င္ေတာ့ပါဘူး
ေ႐ႊစာ့ရဲ႕အိပ္မက္ရွည္ဟာ
ဆရာေျပာလို႔ေ႐ႊစာရဲ႕အတိတ္ဆိုတာ
သေဘာေပါက္ပါၿပီအတိတ္ဘဝက
ေ႐ႊစာ့ခ်စ္သူ ဂီတဆရာေလးကိုလည္း
ကြၽတ္လြတ္ေစခ်င္ပါၿပီ”””
“””စိတ္ခ်ပါသမီး
ဆရာကသမီးတို႔ကိုအစြမ္းကုန္ကူညီမွပါ
ဆရာဒီေရာက္လာခဲ့တာလည္း^
ဆရာ့ရဲ႕မေနာအာ႐ုံမွာ
ေမာင္ပုညကအကူအညီလာေတာင္းတာ
ေၾကာင့္ပါ
သူလည္းသမီးဘဝၿငိမ္းၿငိမ္းခ်မ္းခ်မ္း
ျဖစ္ၿပီးရင္^
ၿငိမ္းခ်မ္းတဲ့ေနရာတစ္ခုကိုထြက္သြား
ေတာ့မွာပါ”””
“””ေက်းဇူးတင္ပါတယ္ဆရာ”””
ေ႐ႊစာမွာေျပာရင္း
ဆရာအားကန္ေတာ့လိုက္ေလသည္။
ထို႔ေနာက္ဆရာ့အကူအညီျဖင့္ပင္
ထို႐ြာေလးမွထြက္သြားကာ
ေ႐ႊစာမွာ
ဆရာေလးပုညစာရီျဖစ္လာခဲ့သည္။
ေ႐ႊစာ့အဖြားမွာ
ေယာဂီအျဖစ္ႏွင့္^
ေ႐ႊစာတစ္ျဖစ္လည္း
ဆရာေလးပုညစာရီေဘးတြင္ေနထိုင္ခဲ့သည္။
ထိုမွစ၍
ေ႐ႊစာ၏ေၾကကြဲဖြယ္အိပ္မက္ရွည္ႀကီးသည္
ေပ်ာက္ကြယ္သြားလ်က္
ဂီတဆရာေလးေမာင္ပုညသည္
တစ္စတစ္စေပ်ာက္ကြယ္သြားေလေတာ့သည္။
* * *
ၿပီးပါၿပီ

စာေရးသူ Mon Mon Khaing အားေလးစားလ်က္