အကြွေစောသောပန်းတစ်ပွင့်(စ/ဆုံး)

Unicode Version

အကြွေစောသောပန်းတစ်ပွင့်(စ/ဆုံး)
———————————————
အူးဝူး….အူဝူး…ဝူးး…ဝေါင်း.ဝေါင်း…
…..မိုးညတစ်ည…
မိုးဖွဲများ တဖြောက်ဖြောက်ကျနေ၏။
လေပြင်းများတိုက်ခတ်သံနှင့်အတူ ဆွဲဆွဲ
ငင်ငင် အော်လိုက်သော ခွေးအူသံတစ်ချို့
ကြောင့် ပတ်ဝန်းကျင်၏ အခြေအနေမှာ
ယခင်ညတွေကထက် ခြောက်ခြားစရာ
ကောင်းနေသည်။
အရင်ညတွေက တိတ်ဆိတ်လှသော
ကျနော်တို့ ရပ်ကွက်ကလေးဟာ
ဒီနေ့ညတော့ ဆူညံလှပေစွ။
….ဝေါ…ဝေါ…
ရုတ်တစ်ရက် ရွာချလိုက်သော မိုးဖွဲမိုးပေါက်
များနဲ့အတူ လျပ်စီးများ တဖျတ်ဖျတ်လင်းလျက်
ရှိနေ၏။
ကြောက်တတ်သူများဆိုပါက
ဒီလိုညမျိုး အပေါ့ပင် ထ၍သွားရဲမည်မဟုတ်။

.. ယကနေ့ စိတ်မကြည်လင်သောကြောင့်
ကျနော် ဆေးခန်းကို အစောကြီးပိတ်ကာ
အခန်းထဲတွင် ဆေးပညာနဲ့ပတ်သက်သော
အကြောင်းအရာများအားလေ့လာ မှတ်သား
နေခဲ့သည်။
လျပ်စီးတဖျတ်ဖျတ်နဲ့ အားကောင်းကောင်းနဲ့
ရွာသွန်းလာသော မိုးကြောင့်
ပြတင်းတံခါးများကို ကျနော် လိုက်၍ပိတ်ရ
တော့၏။
မိုးအားကြီးရွာလျှင် တံခါးပေါက်မှ မိုးရေများ
ဝင်ရောက်တတ်သောကြောင့်ပင်
တံခါးများအကုန်လိုက်ပိတ်ရင်း
အိမ်ရှေ့ခြံတံခါးဝသို့် လှမ်းကြည့်မိချိန်
….ဟင်….
ညကြီး အချိန် မတော် မိန်းကလေးတယောက်
အိမ်ခြံတံခါးဝရှေ့မှာ ဘာလာလုပ်နေတာလဲ
မိုးတွေလဲရွာလို့ ရေစိုခံပြီး ခြံတံခါးဝရှေ့
မတ်မတ်ရပ်လျက်
ကျနော် တအံ့တအောနဲ့ စဉ်းစား ငေးမောရင်း …
အသေအချာ ကြည့်မိတော့
ဒီမိန်းကလေးကို ကျနော် ရင်းရင်းနှီးနှီး
မြင်ဖူးမိသလို ည မှောင်မိုက်နေချိန်မို့
သဲသဲကွဲမမြင်ရ နယ်မြို့လေးတွေမို့
လျပ်စစ်မီးက သိပ်အားမကောင်းလှ
ကျနော်စဉ်းစား ငေးမောလို့ပင်မဆုံးလိုက်။

“…….ဆရာ….ကျမ မေထားပါ
ဟိုတနေ့က ဆရာခေါ်ထားလို့ ကျမ
လာခဲ့တာ နည်းနည်း နောက်ကျသွားတယ်”

မမျော်လင့်ပဲ ထွက်ပေါ်လာသော
ကောင်မလေး၏စကားကြောင့်
ကျနော် အံ့သြ သွားမိသည်။
…မေထား…
ကျနော်တို့ အိမ်ရဲ့ နှစ်အိမ်ကျော်က
ကောင်မလေး ညီမလေးတစ်ယောက်လို
ချစ်ခင်ခဲ့ရသော ကောင်မလေး
ဟိုတစ်နေ့ညနေကလဲ သန္ဓေသား
ဖျက်ချပေးဖို့ ကျနော့ကို လာတောင်းပန်သေးသည်။

ကောင်မလေးက ရိုးရိုးအေးအေးလေးနဲ့
သနားစရာ ကောင်းပါတယ် တစ်မြို့တည်းနေ
ဖိုးလှ ဆိုတဲ့ကောင်းလေးနဲ့ ချစ်ကြိုက်ကာ
အချစ်နယ်ကျွန်ခဲ့ကြပြီး၊
ကောင်လေးက
အတူတူနေနိုင်အောင် အလုပ်လုပ်မလို့
ဆိုပြီး ရန်ကုန်ကိုတက်သွားတာ အခုချိန်ထိ
သတင်းအစအနပင်မရ ကောင်မလေးကိုလဲ
မဆက်သွယ်။
အခုတော့ကြည့်လေ…
ကလေးမခမျာ ကိုယ်ဝန်သုံးလတောင်
ရှိနေပြီတဲ့ လွန်ခဲ့တဲ့ တစ်ရက်လောက်က
ညနေအချိန်
ကျနော် ဆေးခန်းပိတ်မလို့လုပ်နေတုန်း
ကျနော့ဆီ မေထားရောက်လာခဲ့သည်။
ဆရာ ကျမကို ကူညီပါအုံး ဆရာ …
မျက်ရည်စက်စက်နဲ့ ကျနော့ကို
အကျိုးအကြောင်းလာပြောပြတော့ ကျနော်
အရမ်းစိတ်မကောင်းဖြစ်ခဲ့ရ၏။
အိမ်နီးနားချင်းတွေမို့ မောင်နှမတွေလို
တရင်းတနှီး နေခဲ့ကြတာကို
ညီမအရင်းတစ်ယောက်လို
သဘောထားရင်း
မလိမ္မာတာတွေရှိရင် ကျနော်ပဲ အမြဲ
ပြောဆိုဆုံးမခဲ့တာပါ ကျနော့အမြင်မှာ
မေထားဟာ လိမ်လိမ်မာမာလေးပါ
ထင်မှတ်မထားတဲ့ အခြေအနေကြောင့်
မေထားကို ကျနော်
အရမ်းအံ့သြမိခဲ့ရသည်။

…အော်…ဒါက ဖြစ်တတ်ပါတယ်လေ…
လူဆိုတာ အမှားနဲ့ဘယ်ကင်းမလဲ…
အကောင်းဘက်ကတွေးရင်း …
…”.မေထား…ညီမလေး…နင့်ကောင်လေးကို
စုံစမ်းအဆက်အသွယ်လုပ်ပီး အခြေအနေ
စောင့်ကြည့်ပါဦးလား …”
ကျနော်အဲလိုပြောတော့ မေထားခမျာ
မျက်ရည်ဝဲလျက်
..”.ကျမ အမျိုးမျိုး စုံစမ်းဆက်သွယ်ပီးပါပြီ
ဆရာ ဘာသတင်း အစအနမှမရခဲ့ဘူး
သူ့အဖေအမေတွေဆီမှာ စုံစမ်းကြည့်တော့လဲ
ဘာသတင်းမှ မရဘူးတဲ့
ကျမ ဗိုက်က ဒီထက်ကြီးလာရင် လင်မရှိပဲ
ဗိုက်ကြီးလာတယ်ဆိုပြီး ကျမနဲ့ ကျမမိဘ
ကျမအသိုင်းအဝိုင်းတွေ အကုန်လုံး
အရှက်တကွဲ ဖြစ်ကုန်ကြလိမ့်မယ်ဆရာ
အဲဒါကြောင့် ကျမ ဆရာ့ကို ပွင့်ပွင့်လင်းလင်း
ပြောပြပြီး အခုလို အကူအညီ လာတောင်း
တာပါ ကျမ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး
ပြောလဲမပြောရဲဘူး…”

ဝမ်းနည်းပက်လက်နဲ့ မေထား စကား ကျနော်
ကြားရပြန်တော့…
သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချမိပြန်တယ်။
..”.ဆရာတို့က ဒီပညာကို လူသတ်ဖို့ အတွက်
ငွေကုန်ကြေးကျခံ အချိန်ကုန်ခံပြီး
သင်ခဲ့တာ မဟုတ်ဘူး မေထား
ဆေးပညာ သင်တယ် ဆရာဝန်လုပ်တယ်
ဆိုတာ လူတွေရဲ့အသက်ကို ကယ်ဖို့
ကိုယ်တတ်ထားတဲ့
ပညာနဲ့ မကျန်းမမာတဲ့လူတွေကို
ကုသပေးဖို့ပါ အဲတာကြောင့် ညီမရဲ့ကလေးကို
ဆရာ မဖျက်ပေးနိုင်ဘူး ဆရာ အသက်မသတ်ဘူး မေထား..”

ပြောသာပြောရတယ် ကောင်မလေးဘက်က
ကိုယ်ချင်းစာ တွေးကြည့်တော့လည်း
အော် သနားစရာ
မေထားကို ကျနော်ကြည့်မိတော့ မျက်နာကို
လက်နဲ့အုပ်ပီးငိုနေရှာသည်။
…မေထား…နင်.ဒီ.ကလေးကို
မွေးပါလာ..ဆရာကူညီပေးမယ်…
ကျနော်အဲလိုပြောတော့ မေထားခမျာငိုသံသဲ့သဲ့
နဲ့ ခေါင်းခါလျက်..
.”ဟင့်..အင်း..ဟင့်အင်း…ကျမ ကိုဝန်ရှိတာကို
အိမ်ကသိရင် ကျမကိုသတ်မှာ…
အဟင့်..အဟင့်..”
မေထားကိုကြည့်ပီး ကျနော်တကယ်ပဲ
စိတ်မသက်သာလှ
အကောင်းဆုံးအနေအထားတစ်ခု ဖြစ်အောင်
တော့ လုပ်ပေးရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့
မေထားကိုကျနော် ဖြောင်းဖျရပြန်တယ်
…”ညီမ အဖေအမေတွေကို
ဆရာ အကျိုးအကြောင်း ပြောပြပေးပါ့မယ်
ညီမ ဘာမှ မဖြစ်စေရပါဘူး ဆရာတာဝန်ယူ
တယ် …”

မေထားကတော့ ခေါင်းငိုက်စိုက်ချပီး
ငိုမြဲတမ်းငိုလို့ ငိုသံရောနှောနဲ့
စကားပြောတဲ့အချိန်တွေတိုင်း
ကျနော်ပါ လိုက်ငိုမိချင်၏။
ညီမလေးလို ခင်မင်လာတဲ့သံယောဇဉ်
ကြောင့်လား ?…
ကျနော်ရဲ့ပင်ကိုယ်စိတ်ကိုက လူတွေကို
ကိုယ်ချင်းစာ နားလည်တတ်ခဲ့ပီး
နှလုံးသားက နညံ့ခဲ့တာလဲ
ပါမယ်ထင်ပါသည်။

…”ဆရာပြောသလို ဆရာပြောပြလို့ အဖေအမေ
တို့က ဖြစ်ပြီးပြီပဲ ဘာတတ်နိုင်ဦးမှာလဲ
ဆိုပြီး လက်ခံတယ်ပဲထား
ကျမကြောင့် ကျမ မိဘ ညီအစ်ကိုမောင်
နှမနဲ့ ဆွေမျိုးအသိုင်းဝိုင်းတွေ မျက်နာငယ်ရမယ်
ကျမရဲ့နေ့ရက်တွေကို အထင်သေးတဲ့
အကြည့်တွေကြား လူတကာရဲ့
စတွေးခွက်ထဲမှာ ပက်လက်မျောပီး
ခေါင်းမမော့ရဲပဲ ရှင်သန်ဖြတ်သန်းရမယ့် အစား သေသွားတာက ပိုကောင်းမယ် ထင်ပါတယ်…”

ရှိုက်သံသက်သက်နဲ့ မေထား စကား
သူ့ဘက်ကကြည့်တော့လဲ ဟုတ်တာပဲလေ
ကျနော် ဘာပြောရမှန်းမသိတော့လို့
ကိုယ့်ဆံပင်တွေကိုသာ လက်နဲ့ပွတ်ချေနေမိ
တော့သည်။
..”ကဲပါ..ညီမရေ..ဆရာအကောင်းဆုံး
ဖြစ်အောင် စီစဉ်ပေးပါ့မယ်
ဒီနေ့တော့ အိမ်ပြန်လိုက်ပါဦးနော်
ဆရာပြောတာနားထောင် ညီမက လိမ်မာ
ပါတယ်..နောက်နေ့ ဆေးခန်းပိတ်ခါနီး
ဆရာ့ဆီ တစ်ခေါက်ပြန်လာခဲ့..နော်..”

ကျနော် အဲလိုပြောတော့ မေထားခမျာ
ကျနေတဲ့ မျက်ရည်စတွေကို သုတ်ပီး
ညိုးငယ်သော မျက်နာနဲ့
ကျနော့် ဆေးခန်းလေးထဲက လှည့်ထွက်
သွားခဲ့ပါသည်။
ညအမှောင်ထဲမှာ လမ်းလျောက်ထွက်သွား
သော မေထားကျောပြင်လေးကိုကြည့်ရင်း
ကျနော့စိတ်တွေ လေးလံ ရှုပ်ထွေးခဲ့ရ၏။
မေထားကို ကျနော် ဘယ်လိုကူညီပေးရမလဲ
ဘာလုပ်ပေးနိုင်လဲ
အဖြေရှာမရသော မေးခွန်းတွေနဲ့
ထိုနေ့ညက ကျနော်ဟာ ကောင်းကောင်း ပင်
အိပ်မပျော်ခဲ့။

ဒီနေ့ည မေထား ပြန်လာပြန်ပီ
သူလာတဲ့အချိန်ကလည်း ကြည့်အူး ည
၂ နာရီကျော်နေပြီ ကျနော်လည်း အလုပ်ရှုပ်
နေတာနဲ့ ဒီည အစောကြီး မအိပ်ဖြစ်ဘူး။

..”မေထား..ညနက်နေပီ မိုးတွေအရမ်းရွာ
နေတယ်…နောက်နေ့လာခဲ့ပါနော်
အအေးပတ်ပြီး နေမကောင်း ဖြစ်နေအူးမယ်”

ကျနော် ထီးတစ်လက်ဆွဲယူ ခြံဝနားသွားပီး
မေထားကိုပြောမိသည်။
အော်…မေထားခမျာ လူတွေသိမှာစိုးလို့
ဒီအချိန်ကြီးလာတာနေမှာ
ကျနော် ဂရုနာသက်ရင်း စိတ်မကောင်းဖြစ်မိ
ကျနော့စကားကို ဘာမှမတုံ့ပြန်ပဲ စိုက်ကြည့်
နေသော မေထား အကြည့်ဟာ
မကောင်းဆိုးဝါး တစ်ကောင်ကြည့်နေသလို
ကျနော်ခံစားလိုက်ရသည်။

….မေထား..ဆရာပြောတာကြားလား..

ကျနော့စကားရဲ့အဆုံးမှာ
မေထား အနောက်ကို တဖြည်းဖြည်းချင်း
ဆုတ်သွားပြီး
…”ဆရာ့ကို အစ်ကိုတစ်ယောက်လိုရော
ဆရာတစ်ယောက်လိုပါ
အားကိုးခဲ့တာ…ဆရာက..အားကိုးမရဘူး
ကတိလဲမတည်ဘူး..”

“..မေထား..ညနက်နေပြီ ဆရာပြောတာ
နားထောင်ပါ မိုးတွေရွာနေတယ်
နင်နေမကောင်းဖြစ်လိမ့်မယ်
အိမ်ပြန်တော့နော်..မနက်ဖြန်…အတိအကျ
လာခဲ့ ဆရာစောင့်နေမယ်…
ညီမ ဖြစ်စေချင်သလို ဆရာလုပ်ပေးမယ်..”

ဪ…ငါ..ကတိပေးမိပြီ…
ဆရာဝန်အလုပ်မဟုတ် မသင့်တော်တဲ့
အလုပ်ကို ငါတကယ်လုပ်တော့မှာလား
အသက်ကယ်တဲ့လက်က
တကယ်ပဲ အသက်သတ်တော့မှာလား
မနက်ဖြန်ဆို မေထားရောက်လာတော့မယ်
သူ့ကလေးကို ငါသတ်ပေးရတော့မယ်
အအသက်သတ်ခြင်း အပြစ်တွေကို
ငါခံရတော့မှာပေါ့…အတွေးများစွာနဲ့ မေထားရဲ့
အပူတွေဟာ ကျနော့ကိုပါ
လောင်မြိုက်စေခဲ့ကြပြီ။

..မေထားရဲ့ဆင်းရဲဒုက္ခ
စိတ်ဆင်းရဲမှု တွေကို ကျနော်မကြည့်ရက်
မမြင်ရက်လို့ ကျနော် ကလေးဖျက်ချပေးဖို့
ဆုံးဖြတ်လိုက်သည်။
ကျနော့ စကားတွေကို မေထား ကြားမကြား
တော့ ကျနောမသိ
ကျနော်တွေးတော ငေးမောနေတုန်းမှာပင်
ကျနော့်မြင်ကွင်းရှေ့က
မေထားပျောက်ကွယ်သွားခဲ့ရှာ၏။

….အူးဝူး…အူး…ဝေါင်း..ဝေါင်း…

ရုတ်တရက် အော်လိုက်သော ခွေးအူသံများက
ကျနော့ကို တမင်ခြောက်လှန့်နေကြသလို
ဒီညလည်း ကျနော် အိပ်ရေးပျက်ခဲ့ရပြန်ပြီ။

အိမ်ရှေ့က ဆူညံသံများကြောင့်
ကျနော် လန့်နိုးလာခဲ့၏။
လေးလံလှသော မျက်ခွံကို အားယူဖွင့်ရင်း
အိမ်ရှေ့ကိုထကြည့်မိတော့
လူတစ်စု ကောင်မလေးတယောက်ကို
ထမ်းပြီး ကျနော့်ခြံထဲသို့ ဝင်လာနေတာကို
တွေ့လိုက်ရတယ် ..ဘုရား..ဘုရား..
မနက်အစောကြီး ဘာဖြစ်ကြတာပါလိ
ကျနော်စိုးရိမ်တကြီး လှမ်းထွက်ကြည့်မိတော့
…..ဟင်…
..မေထား…

တစ်ကိုယ်လုံလဲ မိုးရေတွေ စိုရွဲထားလို့…
..”အန်တီ..မေထား..ဘာဖြစ်တာလဲ..ကျနော့ကို
ပြောပါဦး…”

.”.မသိပါဘူး..ဆရာလေးရေ မနေ့ကညက
သငယ်ချင်း မိမိုးအိမ်မှာသွားအိပ်မယ်လို့
ပြောပြီး ထွက်သွားတာ …
မနက်မိုးလင်းတော့မှ..အိမ်ဘေးက
လမ်းကြားလေးမှာ
..သတိမေ့ပြီးလဲနေတာကို
တွေ့ရတာပါ..အန်တီတို့လည်း
ဘာဖြစ်လို့ ဖြစ်မှန်းမသိ တွေ့တွေ့ချင်းပဲ
ဆရာလေးဆီကို ယူခဲ့တာ
အန်တီ့သမီးလေးကို ခဏကြည့်ပေးပါအုံး
ဆရာလေးရေ….အဟင့်..အီး.ဟီး..”

မေထား အမေ ဒေါ်ရီရီမှာ တရှုရှု ငိုကြွေးရင်း
ကျနော့ကိုပြောလေသည်။
မေထားလက်ကောက်ဝတ်က သွေးကြောကို
ကျနော်စမ်းကြည့်ပြီး နှလုံးခုန်သံကို
နားထောင်ကြည့်မိတော့
ကျနော် မျက်နာပျက်သွားမိသည်။အကုန်လုံးက
ကျနော်ပြောလာမဲ့စကားကို
မျော်လင့် စောင့်စာနေကြချိန်…

.”..မေထား…အသက်မရှိတော့ဘူး..အန်တီ..”

ကျနော့စကားမှာ အားမပါလှ
ဘုရားရေ..ဒါဆို ကျနော့ဆီကို ညသန်ခေါင်ယံ
အချိန်ရောက်လာခဲ့တဲ့ မေထားဟာ
ဝိညာဉ်လား လူစင်စစ်လား
အဲဒီတုန်းမေထားကြည့်ခဲ့တဲ့ အကြည့်ကို
ကျနော် ပြန်အမှတ်ရမိတော့
ရင်ထဲ ထိန့်ခနဲ ဖြစ်သွားမိသည်။
ကျနော့စကား အဆုံးမှာ ထွက်ကျလာသော
အန်တီရီရီ၏ ဆို့နင့်သော ငိုကြွေးသံ
ကျနော်ကိုယ်တိုင်မတားဆီးနိုင်ခဲ့ပါ

..”..တောက်…ဖြစ်မှ …ဖြစ်ရလေ
သမီးလေးရေ……ပြောစမ်းပါ ဆရာလေးရေ
အန်ကယ့်သမီးလေး ဘာရောဂါနဲ့ ဆုံးသွား
တာလည်း … ဘာကြောင့် မိုးရေထဲလဲနေတာ
လဲ အဖြေ ရှာပေးစမ်းပါ..သမီးလေးမှာ
ရောဂါရှိတယ်လို့လဲ
တစ်ခါမှမပြောမိ ကြားလည်းမကြားမိ
သိလည်းမသိခဲ့လို့ပါ ဆရာလေးရေ…”

ဝမ်နည်းပက်လက် ငိုးကြွေးသံနဲ့အတူ
မေးလာသော မေထားအဖေရဲ့
မေးခွန်းကို ဆွံ့အခြင်းတွေနဲ့
ရုတ်တရက် ကျနော်မဖြေနိုင်ခဲ့ပါ
၂ မိနစ်လောက်အချိန်ပေးစဉ်းစားပြီးမှ

“”မေထား သွေးအားနည်းနေလို့
ကျနော့ဆီ လာပြတာ နှစ်ရက်လောက်
ရှိနေပီ အန်ကယ် ကျနော့ အထင် ပြောရရင်
မေထား ဟာ မိုးရေထဲမှာ မူးပြီးလဲရင်း
သေဆုံးသွားတာ ဖြစ်လောက်တယ်
မူးပြီးလဲ နေတဲ့အချိန် တယောက်ယောက်က
အချိန်မှီတွေ့ခဲ့ရင်တော့ ဘာမှမဖြစ်လောက်ဘူး
ဆေးခန်းကိုလာပြီး အချိန်မှီ ကုသပေးလို့ရတယ်
အခုတော့…မေထားဟာ…”

ကျနော် ဆက်ပြောမထွက်တော့ခဲ့ဘူး
ကျနော့ စကားတွေက အလိမ်အညာတွေ
ပါနေတယ် ဆိုတာ သူတို့မသိကြပေမယ်
ကျနော်သိနေလို့
..ထိုမျှလောက်စကားကိုပင် ကျနော်
မနည်းအားယူပြီး ပြောခဲ့ရသည်။
ပြောသာပြောနေရတယ် ကျနော့စိတ်ထဲ
အလိုလို သိနေပါသည်။
မေထား သေတာ သွေးရိုးသားရိုးမဟုတ်ဘူး
ဆိုတာ…
ကျနော်လည်း ညီမလေးတယောက်
သေဆုံးသွားသလို ခံစားလိုက်ရသည်။
အဖြစ်ဆိုးလှချည်လား ညီမလေးရယ်…
ကျနော်ဟာ အဲဒီစကားကို အသံထွက်အောင်ပင်
မပြောနိုင်ခဲ့။

…………

အဖြူရောင် ဝတ်စုံလေးနဲ့ ကျနော့ဆီကို
လှမ်းလာတဲ့ မေးထား…
ကျနော် တအံ့တသြ နဲ့ ငေးကြည့်နေတုန်း
အားငယ်ညိုးနွမ်းလှသော
အပြုံးလေးတစ်ပွင့် နဲ့ မေထားကျနော့ကို
နှတ်ဆက်သည်။
…”ဆရာ ကျမ မှားလားဟင်…
ကျမ ဗိုက်ထဲက ကလေးကို မမှန်တဲ့
နည်းလမ်းနဲ့ ဖျက်ချမိလို့ ကလေးရော
ကျမပါ လူ့လောက ကထွက်ခွာခဲ့ရတယ်…
ဒါပေမယ့် ကျမ ကျေနပ်ပါတယ် ဆရာ
ကျမ အကြောင်းဘယ်သူမှမသိလိုက်ကြဘူး
ကျမရော ကျမမိဘတွေပါ အရှက်ရစရာမဖြစ်ခဲ့လို့ ကျမ ကျေနပ်မိပါတယ်…
ဒီအကြောင်းတွေကို
ဘယ်သူ့မှ မပြောဖို့ ဆရာ့ကို လာ
ပြေပြတာပါ..တကယ်ဆို…..”

ပြောလက်စ စကားကို ရပ်ပီး မေထား
ကျနော့်ကို ညိုးငယ်နေသော မျက်နာနဲ့
လှမ်းကြည့်နေသည်။

ပီးတော့

” ….ကျမ သွားတော့မယ်ဆရာ …”

အခိုးအငွေ့တွေအဖြစ်နဲ့ မေထား ကျနော့
ဘေးနားက ပျောက်ကွယ်သွားချိန်မှာ
ကျနော်ဟာ မေထားနာမည်ကို
ကျယ်လောင်စွာ အော်ခေါ်ရင်း လန့်နိုးလာခဲ့သည်။

“အော်…မေထားရယ်…ဆရာမလုပ်ပေး
နိုင်ခဲ့လို့ ကျမသေရတာလို့..နင်
ပြောချင်ခဲ့တာမဟုတ်လား…”
ကျနော် မှားခဲ့သလား မှန်ခဲ့သလားတော့
ကျနော်လည်း ဝေခွဲမရခဲ့ပါ။

တခါတခါ မေထားသေတာ ကျနော့ ပယောဂ
မကင်းသလို ခံစားရပြန်သည်။
အဲဒီလို တွေးမိတဲ့ အချိန်တွေဟာ
ကျနော် အရမ်းစိတ်မကောင်း ဖြစ်ခဲ့ရတဲ့
အချိန်တွေပေါ့
လောက ကြီးက မျက်နာလိုက်တယ်လို့ပဲ
ပြောရမလား…အခုပဲကြည့်လေ…
ဘာအပြစ်မှမရှိတဲ့ ပန်းလေး တစ်ပွင့်ဟာ
အချိန်မကျပဲ မြေခခဲ့ရပြီ။
သက်ပြင်းကို ညင်သာစွာချရင်း
…ဪ…အကြွေစောလှချည်လား
ပန်းကလေးရယ်…လို့သာ ကျနော် အော်ပြော
နိုင်ခဲ့ပါတော့သည်။

ပြီးပါပြီ

ကြိုးစားလျှက်
—————– ဟယ်ရီဇော်
မူရင်းရေးသားသည်…

Sat,Sept 9,9,2017
4::37pm

Zawgyi Version

အေႂကြေစာေသာပန္းတစ္ပြင့္(စ/ဆံုး)
———————————————
အူးဝူး….အူဝူး…ဝူးး…ေဝါင္း.ေဝါင္း…
…..မိုးညတစ္ည…
မိုးဖြဲမ်ား တေျဖာက္ေျဖာက္က်ေန၏။
ေလျပင္းမ်ားတိုက္ခတ္သံႏွင့္အတူ ဆြဲဆြဲ
ငင္ငင္ ေအာ္လိုက္ေသာ ေခြးအူသံတစ္ခ်ိဳ႕
ေၾကာင့္ ပတ္ဝန္းက်င္၏ အေျခအေနမွာ
ယခင္ညေတြကထက္ ေျခာက္ျခားစရာ
ေကာင္းေနသည္။
အရင္ညေတြက တိတ္ဆိတ္လွေသာ
က်ေနာ္တို႔ ရပ္ကြက္ကေလးဟာ
ဒီေန႔ညေတာ့ ဆူညံလွေပစြ။
….ေဝါ…ေဝါ…
႐ုတ္တစ္ရက္ ႐ြာခ်လိုက္ေသာ မိုးဖြဲမိုးေပါက္
မ်ားနဲ႔အတူ လ်ပ္စီးမ်ား တဖ်တ္ဖ်တ္လင္းလ်က္
ရွိေန၏။
ေၾကာက္တတ္သူမ်ားဆိုပါက
ဒီလိုညမ်ိဳး အေပါ့ပင္ ထ၍သြားရဲမည္မဟုတ္။

.. ယကေန႔ စိတ္မၾကည္လင္ေသာေၾကာင့္
က်ေနာ္ ေဆးခန္းကို အေစာႀကီးပိတ္ကာ
အခန္းထဲတြင္ ေဆးပညာနဲ႔ပတ္သက္ေသာ
အေၾကာင္းအရာမ်ားအားေလ့လာ မွတ္သား
ေနခဲ့သည္။
လ်ပ္စီးတဖ်တ္ဖ်တ္နဲ႔ အားေကာင္းေကာင္းနဲ႔
႐ြာသြန္းလာေသာ မိုးေၾကာင့္
ျပတင္းတံခါးမ်ားကို က်ေနာ္ လိုက္၍ပိတ္ရ
ေတာ့၏။
မိုးအားႀကီး႐ြာလွ်င္ တံခါးေပါက္မွ မိုးေရမ်ား
ဝင္ေရာက္တတ္ေသာေၾကာင့္ပင္
တံခါးမ်ားအကုန္လိုက္ပိတ္ရင္း
အိမ္ေရွ႕ၿခံတံခါးဝသို႔္ လွမ္းၾကည့္မိခ်ိန္
….ဟင္….
ညႀကီး အခ်ိန္ မေတာ္ မိန္းကေလးတေယာက္
အိမ္ၿခံတံခါးဝေရွ႕မွာ ဘာလာလုပ္ေနတာလဲ
မိုးေတြလဲ႐ြာလို႔ ေရစိုခံၿပီး ၿခံတံခါးဝေရွ႕
မတ္မတ္ရပ္လ်က္
က်ေနာ္ တအံ့တေအာနဲ႔ စဥ္းစား ေငးေမာရင္း …
အေသအခ်ာ ၾကည့္မိေတာ့
ဒီမိန္းကေလးကို က်ေနာ္ ရင္းရင္းႏွီးႏွီး
ျမင္ဖူးမိသလို ည ေမွာင္မိုက္ေနခ်ိန္မို႔
သဲသဲကြဲမျမင္ရ နယ္ၿမိဳ႕ေလးေတြမို႔
လ်ပ္စစ္မီးက သိပ္အားမေကာင္းလွ
က်ေနာ္စဥ္းစား ေငးေမာလို႔ပင္မဆုံးလိုက္။

“…….ဆရာ….က်မ ေမထားပါ
ဟိုတေန႔က ဆရာေခၚထားလို႔ က်မ
လာခဲ့တာ နည္းနည္း ေနာက္က်သြားတယ္”

မေမ်ာ္လင့္ပဲ ထြက္ေပၚလာေသာ
ေကာင္မေလး၏စကားေၾကာင့္
က်ေနာ္ အံ့ၾသ သြားမိသည္။
…ေမထား…
က်ေနာ္တို႔ အိမ္ရဲ႕ ႏွစ္အိမ္ေက်ာ္က
ေကာင္မေလး ညီမေလးတစ္ေယာက္လို
ခ်စ္ခင္ခဲ့ရေသာ ေကာင္မေလး
ဟိုတစ္ေန႔ညေနကလဲ သေႏၶသား
ဖ်က္ခ်ေပးဖို႔ က်ေနာ့ကို လာေတာင္းပန္ေသးသည္။

ေကာင္မေလးက ႐ိုး႐ိုးေအးေအးေလးနဲ႔
သနားစရာ ေကာင္းပါတယ္ တစ္ၿမိဳ႕တည္းေန
ဖိုးလွ ဆိုတဲ့ေကာင္းေလးနဲ႔ ခ်စ္ႀကိဳက္ကာ
အခ်စ္နယ္ကြၽန္ခဲ့ၾကၿပီး၊
ေကာင္ေလးက
အတူတူေနႏိုင္ေအာင္ အလုပ္လုပ္မလို႔
ဆိုၿပီး ရန္ကုန္ကိုတက္သြားတာ အခုခ်ိန္ထိ
သတင္းအစအနပင္မရ ေကာင္မေလးကိုလဲ
မဆက္သြယ္။
အခုေတာ့ၾကည့္ေလ…
ကေလးမခမ်ာ ကိုယ္ဝန္သုံးလေတာင္
ရွိေနၿပီတဲ့ လြန္ခဲ့တဲ့ တစ္ရက္ေလာက္က
ညေနအခ်ိန္
က်ေနာ္ ေဆးခန္းပိတ္မလို႔လုပ္ေနတုန္း
က်ေနာ့ဆီ ေမထားေရာက္လာခဲ့သည္။
ဆရာ က်မကို ကူညီပါအုံး ဆရာ …
မ်က္ရည္စက္စက္နဲ႔ က်ေနာ့ကို
အက်ိဳးအေၾကာင္းလာေျပာျပေတာ့ က်ေနာ္
အရမ္းစိတ္မေကာင္းျဖစ္ခဲ့ရ၏။
အိမ္နီးနားခ်င္းေတြမို႔ ေမာင္ႏွမေတြလို
တရင္းတႏွီး ေနခဲ့ၾကတာကို
ညီမအရင္းတစ္ေယာက္လို
သေဘာထားရင္း
မလိမၼာတာေတြရွိရင္ က်ေနာ္ပဲ အၿမဲ
ေျပာဆိုဆုံးမခဲ့တာပါ က်ေနာ့အျမင္မွာ
ေမထားဟာ လိမ္လိမ္မာမာေလးပါ
ထင္မွတ္မထားတဲ့ အေျခအေနေၾကာင့္
ေမထားကို က်ေနာ္
အရမ္းအံ့ၾသမိခဲ့ရသည္။

…ေအာ္…ဒါက ျဖစ္တတ္ပါတယ္ေလ…
လူဆိုတာ အမွားနဲ႔ဘယ္ကင္းမလဲ…
အေကာင္းဘက္ကေတြးရင္း …
…”.ေမထား…ညီမေလး…နင့္ေကာင္ေလးကို
စုံစမ္းအဆက္အသြယ္လုပ္ပီး အေျခအေန
ေစာင့္ၾကည့္ပါဦးလား …”
က်ေနာ္အဲလိုေျပာေတာ့ ေမထားခမ်ာ
မ်က္ရည္ဝဲလ်က္
..”.က်မ အမ်ိဳးမ်ိဳး စုံစမ္းဆက္သြယ္ပီးပါၿပီ
ဆရာ ဘာသတင္း အစအနမွမရခဲ့ဘူး
သူ႔အေဖအေမေတြဆီမွာ စုံစမ္းၾကည့္ေတာ့လဲ
ဘာသတင္းမွ မရဘူးတဲ့
က်မ ဗိုက္က ဒီထက္ႀကီးလာရင္ လင္မရွိပဲ
ဗိုက္ႀကီးလာတယ္ဆိုၿပီး က်မနဲ႔ က်မမိဘ
က်မအသိုင္းအဝိုင္းေတြ အကုန္လုံး
အရွက္တကြဲ ျဖစ္ကုန္ၾကလိမ့္မယ္ဆရာ
အဲဒါေၾကာင့္ က်မ ဆရာ့ကို ပြင့္ပြင့္လင္းလင္း
ေျပာျပၿပီး အခုလို အကူအညီ လာေတာင္း
တာပါ က်မ ဘယ္သူ႔ကိုမွ မေျပာခဲ့ဘူး
ေျပာလဲမေျပာရဲဘူး…”

ဝမ္းနည္းပက္လက္နဲ႔ ေမထား စကား က်ေနာ္
ၾကားရျပန္ေတာ့…
သက္ျပင္းတစ္ခ်က္ ခပ္ျပင္းျပင္းခ်မိျပန္တယ္။
..”.ဆရာတို႔က ဒီပညာကို လူသတ္ဖို႔ အတြက္
ေငြကုန္ေၾကးက်ခံ အခ်ိန္ကုန္ခံၿပီး
သင္ခဲ့တာ မဟုတ္ဘူး ေမထား
ေဆးပညာ သင္တယ္ ဆရာဝန္လုပ္တယ္
ဆိုတာ လူေတြရဲ႕အသက္ကို ကယ္ဖို႔
ကိုယ္တတ္ထားတဲ့
ပညာနဲ႔ မက်န္းမမာတဲ့လူေတြကို
ကုသေပးဖို႔ပါ အဲတာေၾကာင့္ ညီမရဲ႕ကေလးကို
ဆရာ မဖ်က္ေပးႏိုင္ဘူး ဆရာ အသက္မသတ္ဘူး ေမထား..”

ေျပာသာေျပာရတယ္ ေကာင္မေလးဘက္က
ကိုယ္ခ်င္းစာ ေတြးၾကည့္ေတာ့လည္း
ေအာ္ သနားစရာ
ေမထားကို က်ေနာ္ၾကည့္မိေတာ့ မ်က္နာကို
လက္နဲ႔အုပ္ပီးငိုေနရွာသည္။
…ေမထား…နင္.ဒီ.ကေလးကို
ေမြးပါလာ..ဆရာကူညီေပးမယ္…
က်ေနာ္အဲလိုေျပာေတာ့ ေမထားခမ်ာငိုသံသဲ့သဲ့
နဲ႔ ေခါင္းခါလ်က္..
.”ဟင့္..အင္း..ဟင့္အင္း…က်မ ကိုဝန္ရွိတာကို
အိမ္ကသိရင္ က်မကိုသတ္မွာ…
အဟင့္..အဟင့္..”
ေမထားကိုၾကည့္ပီး က်ေနာ္တကယ္ပဲ
စိတ္မသက္သာလွ
အေကာင္းဆုံးအေနအထားတစ္ခု ျဖစ္ေအာင္
ေတာ့ လုပ္ေပးရမယ္ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔
ေမထားကိုက်ေနာ္ ေျဖာင္းဖ်ရျပန္တယ္
…”ညီမ အေဖအေမေတြကို
ဆရာ အက်ိဳးအေၾကာင္း ေျပာျပေပးပါ့မယ္
ညီမ ဘာမွ မျဖစ္ေစရပါဘူး ဆရာတာဝန္ယူ
တယ္ …”

ေမထားကေတာ့ ေခါင္းငိုက္စိုက္ခ်ပီး
ငိုၿမဲတမ္းငိုလို႔ ငိုသံေရာေႏွာနဲ႔
စကားေျပာတဲ့အခ်ိန္ေတြတိုင္း
က်ေနာ္ပါ လိုက္ငိုမိခ်င္၏။
ညီမေလးလို ခင္မင္လာတဲ့သံေယာဇဥ္
ေၾကာင့္လား ?…
က်ေနာ္ရဲ႕ပင္ကိုယ္စိတ္ကိုက လူေတြကို
ကိုယ္ခ်င္းစာ နားလည္တတ္ခဲ့ပီး
ႏွလုံးသားက နညံ့ခဲ့တာလဲ
ပါမယ္ထင္ပါသည္။

…”ဆရာေျပာသလို ဆရာေျပာျပလို႔ အေဖအေမ
တို႔က ျဖစ္ၿပီးၿပီပဲ ဘာတတ္ႏိုင္ဦးမွာလဲ
ဆိုၿပီး လက္ခံတယ္ပဲထား
က်မေၾကာင့္ က်မ မိဘ ညီအစ္ကိုေမာင္
ႏွမနဲ႔ ေဆြမ်ိဳးအသိုင္းဝိုင္းေတြ မ်က္နာငယ္ရမယ္
က်မရဲ႕ေန႔ရက္ေတြကို အထင္ေသးတဲ့
အၾကည့္ေတြၾကား လူတကာရဲ႕
စေတြးခြက္ထဲမွာ ပက္လက္ေမ်ာပီး
ေခါင္းမေမာ့ရဲပဲ ရွင္သန္ျဖတ္သန္းရမယ့္ အစား ေသသြားတာက ပိုေကာင္းမယ္ ထင္ပါတယ္…”

ရႈိက္သံသက္သက္နဲ႔ ေမထား စကား
သူ႔ဘက္ကၾကည့္ေတာ့လဲ ဟုတ္တာပဲေလ
က်ေနာ္ ဘာေျပာရမွန္းမသိေတာ့လို႔
ကိုယ့္ဆံပင္ေတြကိုသာ လက္နဲ႔ပြတ္ေခ်ေနမိ
ေတာ့သည္။
..”ကဲပါ..ညီမေရ..ဆရာအေကာင္းဆုံး
ျဖစ္ေအာင္ စီစဥ္ေပးပါ့မယ္
ဒီေန႔ေတာ့ အိမ္ျပန္လိုက္ပါဦးေနာ္
ဆရာေျပာတာနားေထာင္ ညီမက လိမ္မာ
ပါတယ္..ေနာက္ေန႔ ေဆးခန္းပိတ္ခါနီး
ဆရာ့ဆီ တစ္ေခါက္ျပန္လာခဲ့..ေနာ္..”

က်ေနာ္ အဲလိုေျပာေတာ့ ေမထားခမ်ာ
က်ေနတဲ့ မ်က္ရည္စေတြကို သုတ္ပီး
ညိဳးငယ္ေသာ မ်က္နာနဲ႔
က်ေနာ့္ ေဆးခန္းေလးထဲက လွည့္ထြက္
သြားခဲ့ပါသည္။
ညအေမွာင္ထဲမွာ လမ္းေလ်ာက္ထြက္သြား
ေသာ ေမထားေက်ာျပင္ေလးကိုၾကည့္ရင္း
က်ေနာ့စိတ္ေတြ ေလးလံ ရႈပ္ေထြးခဲ့ရ၏။
ေမထားကို က်ေနာ္ ဘယ္လိုကူညီေပးရမလဲ
ဘာလုပ္ေပးႏိုင္လဲ
အေျဖရွာမရေသာ ေမးခြန္းေတြနဲ႔
ထိုေန႔ညက က်ေနာ္ဟာ ေကာင္းေကာင္း ပင္
အိပ္မေပ်ာ္ခဲ့။

ဒီေန႔ည ေမထား ျပန္လာျပန္ပီ
သူလာတဲ့အခ်ိန္ကလည္း ၾကည့္အူး ည
၂ နာရီေက်ာ္ေနၿပီ က်ေနာ္လည္း အလုပ္ရႈပ္
ေနတာနဲ႔ ဒီည အေစာႀကီး မအိပ္ျဖစ္ဘူး။

..”ေမထား..ညနက္ေနပီ မိုးေတြအရမ္း႐ြာ
ေနတယ္…ေနာက္ေန႔လာခဲ့ပါေနာ္
အေအးပတ္ၿပီး ေနမေကာင္း ျဖစ္ေနအူးမယ္”

က်ေနာ္ ထီးတစ္လက္ဆြဲယူ ၿခံဝနားသြားပီး
ေမထားကိုေျပာမိသည္။
ေအာ္…ေမထားခမ်ာ လူေတြသိမွာစိုးလို႔
ဒီအခ်ိန္ႀကီးလာတာေနမွာ
က်ေနာ္ ဂ႐ုနာသက္ရင္း စိတ္မေကာင္းျဖစ္မိ
က်ေနာ့စကားကို ဘာမွမတုံ႔ျပန္ပဲ စိုက္ၾကည့္
ေနေသာ ေမထား အၾကည့္ဟာ
မေကာင္းဆိုးဝါး တစ္ေကာင္ၾကည့္ေနသလို
က်ေနာ္ခံစားလိုက္ရသည္။

….ေမထား..ဆရာေျပာတာၾကားလား..

က်ေနာ့စကားရဲ႕အဆုံးမွာ
ေမထား အေနာက္ကို တျဖည္းျဖည္းခ်င္း
ဆုတ္သြားၿပီး
…”ဆရာ့ကို အစ္ကိုတစ္ေယာက္လိုေရာ
ဆရာတစ္ေယာက္လိုပါ
အားကိုးခဲ့တာ…ဆရာက..အားကိုးမရဘူး
ကတိလဲမတည္ဘူး..”

“..ေမထား..ညနက္ေနၿပီ ဆရာေျပာတာ
နားေထာင္ပါ မိုးေတြ႐ြာေနတယ္
နင္ေနမေကာင္းျဖစ္လိမ့္မယ္
အိမ္ျပန္ေတာ့ေနာ္..မနက္ျဖန္…အတိအက်
လာခဲ့ ဆရာေစာင့္ေနမယ္…
ညီမ ျဖစ္ေစခ်င္သလို ဆရာလုပ္ေပးမယ္..”

ဪ…ငါ..ကတိေပးမိၿပီ…
ဆရာဝန္အလုပ္မဟုတ္ မသင့္ေတာ္တဲ့
အလုပ္ကို ငါတကယ္လုပ္ေတာ့မွာလား
အသက္ကယ္တဲ့လက္က
တကယ္ပဲ အသက္သတ္ေတာ့မွာလား
မနက္ျဖန္ဆို ေမထားေရာက္လာေတာ့မယ္
သူ႔ကေလးကို ငါသတ္ေပးရေတာ့မယ္
အအသက္သတ္ျခင္း အျပစ္ေတြကို
ငါခံရေတာ့မွာေပါ့…အေတြးမ်ားစြာနဲ႔ ေမထားရဲ႕
အပူေတြဟာ က်ေနာ့ကိုပါ
ေလာင္ၿမိဳက္ေစခဲ့ၾကၿပီ။

..ေမထားရဲ႕ဆင္းရဲဒုကၡ
စိတ္ဆင္းရဲမႈ ေတြကို က်ေနာ္မၾကည့္ရက္
မျမင္ရက္လို႔ က်ေနာ္ ကေလးဖ်က္ခ်ေပးဖို႔
ဆုံးျဖတ္လိုက္သည္။
က်ေနာ့ စကားေတြကို ေမထား ၾကားမၾကား
ေတာ့ က်ေနာမသိ
က်ေနာ္ေတြးေတာ ေငးေမာေနတုန္းမွာပင္
က်ေနာ့္ျမင္ကြင္းေရွ႕က
ေမထားေပ်ာက္ကြယ္သြားခဲ့ရွာ၏။

….အူးဝူး…အူး…ေဝါင္း..ေဝါင္း…

႐ုတ္တရက္ ေအာ္လိုက္ေသာ ေခြးအူသံမ်ားက
က်ေနာ့ကို တမင္ေျခာက္လွန႔္ေနၾကသလို
ဒီညလည္း က်ေနာ္ အိပ္ေရးပ်က္ခဲ့ရျပန္ၿပီ။

အိမ္ေရွ႕က ဆူညံသံမ်ားေၾကာင့္
က်ေနာ္ လန႔္ႏိုးလာခဲ့၏။
ေလးလံလွေသာ မ်က္ခြံကို အားယူဖြင့္ရင္း
အိမ္ေရွ႕ကိုထၾကည့္မိေတာ့
လူတစ္စု ေကာင္မေလးတေယာက္ကို
ထမ္းၿပီး က်ေနာ့္ၿခံထဲသို႔ ဝင္လာေနတာကို
ေတြ႕လိုက္ရတယ္ ..ဘုရား..ဘုရား..
မနက္အေစာႀကီး ဘာျဖစ္ၾကတာပါလိ
က်ေနာ္စိုးရိမ္တႀကီး လွမ္းထြက္ၾကည့္မိေတာ့
…..ဟင္…
..ေမထား…

တစ္ကိုယ္လုံလဲ မိုးေရေတြ စို႐ြဲထားလို႔…
..”အန္တီ..ေမထား..ဘာျဖစ္တာလဲ..က်ေနာ့ကို
ေျပာပါဦး…”

.”.မသိပါဘူး..ဆရာေလးေရ မေန႔ကညက
သငယ္ခ်င္း မိမိုးအိမ္မွာသြားအိပ္မယ္လို႔
ေျပာၿပီး ထြက္သြားတာ …
မနက္မိုးလင္းေတာ့မွ..အိမ္ေဘးက
လမ္းၾကားေလးမွာ
..သတိေမ့ၿပီးလဲေနတာကို
ေတြ႕ရတာပါ..အန္တီတို႔လည္း
ဘာျဖစ္လို႔ ျဖစ္မွန္းမသိ ေတြ႕ေတြ႕ခ်င္းပဲ
ဆရာေလးဆီကို ယူခဲ့တာ
အန္တီ့သမီးေလးကို ခဏၾကည့္ေပးပါအုံး
ဆရာေလးေရ….အဟင့္..အီး.ဟီး..”

ေမထား အေမ ေဒၚရီရီမွာ တရႈရႈ ငိုေႂကြးရင္း
က်ေနာ့ကိုေျပာေလသည္။
ေမထားလက္ေကာက္ဝတ္က ေသြးေၾကာကို
က်ေနာ္စမ္းၾကည့္ၿပီး ႏွလုံးခုန္သံကို
နားေထာင္ၾကည့္မိေတာ့
က်ေနာ္ မ်က္နာပ်က္သြားမိသည္။အကုန္လုံးက
က်ေနာ္ေျပာလာမဲ့စကားကို
ေမ်ာ္လင့္ ေစာင့္စာေနၾကခ်ိန္…

.”..ေမထား…အသက္မရွိေတာ့ဘူး..အန္တီ..”

က်ေနာ့စကားမွာ အားမပါလွ
ဘုရားေရ..ဒါဆို က်ေနာ့ဆီကို ညသန္ေခါင္ယံ
အခ်ိန္ေရာက္လာခဲ့တဲ့ ေမထားဟာ
ဝိညာဥ္လား လူစင္စစ္လား
အဲဒီတုန္းေမထားၾကည့္ခဲ့တဲ့ အၾကည့္ကို
က်ေနာ္ ျပန္အမွတ္ရမိေတာ့
ရင္ထဲ ထိန႔္ခနဲ ျဖစ္သြားမိသည္။
က်ေနာ့စကား အဆုံးမွာ ထြက္က်လာေသာ
အန္တီရီရီ၏ ဆို႔နင့္ေသာ ငိုေႂကြးသံ
က်ေနာ္ကိုယ္တိုင္မတားဆီးႏိုင္ခဲ့ပါ

..”..ေတာက္…ျဖစ္မွ …ျဖစ္ရေလ
သမီးေလးေရ……ေျပာစမ္းပါ ဆရာေလးေရ
အန္ကယ့္သမီးေလး ဘာေရာဂါနဲ႔ ဆုံးသြား
တာလည္း … ဘာေၾကာင့္ မိုးေရထဲလဲေနတာ
လဲ အေျဖ ရွာေပးစမ္းပါ..သမီးေလးမွာ
ေရာဂါရွိတယ္လို႔လဲ
တစ္ခါမွမေျပာမိ ၾကားလည္းမၾကားမိ
သိလည္းမသိခဲ့လို႔ပါ ဆရာေလးေရ…”

ဝမ္နည္းပက္လက္ ငိုးေႂကြးသံနဲ႔အတူ
ေမးလာေသာ ေမထားအေဖရဲ႕
ေမးခြန္းကို ဆြံ႕အျခင္းေတြနဲ႔
႐ုတ္တရက္ က်ေနာ္မေျဖႏိုင္ခဲ့ပါ
၂ မိနစ္ေလာက္အခ်ိန္ေပးစဥ္းစားၿပီးမွ

“”ေမထား ေသြးအားနည္းေနလို႔
က်ေနာ့ဆီ လာျပတာ ႏွစ္ရက္ေလာက္
ရွိေနပီ အန္ကယ္ က်ေနာ့ အထင္ ေျပာရရင္
ေမထား ဟာ မိုးေရထဲမွာ မူးၿပီးလဲရင္း
ေသဆုံးသြားတာ ျဖစ္ေလာက္တယ္
မူးၿပီးလဲ ေနတဲ့အခ်ိန္ တေယာက္ေယာက္က
အခ်ိန္မွီေတြ႕ခဲ့ရင္ေတာ့ ဘာမွမျဖစ္ေလာက္ဘူး
ေဆးခန္းကိုလာၿပီး အခ်ိန္မွီ ကုသေပးလို႔ရတယ္
အခုေတာ့…ေမထားဟာ…”

က်ေနာ္ ဆက္ေျပာမထြက္ေတာ့ခဲ့ဘူး
က်ေနာ့ စကားေတြက အလိမ္အညာေတြ
ပါေနတယ္ ဆိုတာ သူတို႔မသိၾကေပမယ္
က်ေနာ္သိေနလို႔
..ထိုမွ်ေလာက္စကားကိုပင္ က်ေနာ္
မနည္းအားယူၿပီး ေျပာခဲ့ရသည္။
ေျပာသာေျပာေနရတယ္ က်ေနာ့စိတ္ထဲ
အလိုလို သိေနပါသည္။
ေမထား ေသတာ ေသြး႐ိုးသား႐ိုးမဟုတ္ဘူး
ဆိုတာ…
က်ေနာ္လည္း ညီမေလးတေယာက္
ေသဆုံးသြားသလို ခံစားလိုက္ရသည္။
အျဖစ္ဆိုးလွခ်ည္လား ညီမေလးရယ္…
က်ေနာ္ဟာ အဲဒီစကားကို အသံထြက္ေအာင္ပင္
မေျပာႏိုင္ခဲ့။

…………

အျဖဴေရာင္ ဝတ္စုံေလးနဲ႔ က်ေနာ့ဆီကို
လွမ္းလာတဲ့ ေမးထား…
က်ေနာ္ တအံ့တၾသ နဲ႔ ေငးၾကည့္ေနတုန္း
အားငယ္ညိဳးႏြမ္းလွေသာ
အၿပဳံးေလးတစ္ပြင့္ နဲ႔ ေမထားက်ေနာ့ကို
ႏွတ္ဆက္သည္။
…”ဆရာ က်မ မွားလားဟင္…
က်မ ဗိုက္ထဲက ကေလးကို မမွန္တဲ့
နည္းလမ္းနဲ႔ ဖ်က္ခ်မိလို႔ ကေလးေရာ
က်မပါ လူ႔ေလာက ကထြက္ခြာခဲ့ရတယ္…
ဒါေပမယ့္ က်မ ေက်နပ္ပါတယ္ ဆရာ
က်မ အေၾကာင္းဘယ္သူမွမသိလိုက္ၾကဘူး
က်မေရာ က်မမိဘေတြပါ အရွက္ရစရာမျဖစ္ခဲ့လို႔ က်မ ေက်နပ္မိပါတယ္…
ဒီအေၾကာင္းေတြကို
ဘယ္သူ႔မွ မေျပာဖို႔ ဆရာ့ကို လာ
ေျပျပတာပါ..တကယ္ဆို…..”

ေျပာလက္စ စကားကို ရပ္ပီး ေမထား
က်ေနာ့္ကို ညိဳးငယ္ေနေသာ မ်က္နာနဲ႔
လွမ္းၾကည့္ေနသည္။

ပီးေတာ့

” ….က်မ သြားေတာ့မယ္ဆရာ …”

အခိုးအေငြ႕ေတြအျဖစ္နဲ႔ ေမထား က်ေနာ့
ေဘးနားက ေပ်ာက္ကြယ္သြားခ်ိန္မွာ
က်ေနာ္ဟာ ေမထားနာမည္ကို
က်ယ္ေလာင္စြာ ေအာ္ေခၚရင္း လန႔္ႏိုးလာခဲ့သည္။

“ေအာ္…ေမထားရယ္…ဆရာမလုပ္ေပး
ႏိုင္ခဲ့လို႔ က်မေသရတာလို႔..နင္
ေျပာခ်င္ခဲ့တာမဟုတ္လား…”
က်ေနာ္ မွားခဲ့သလား မွန္ခဲ့သလားေတာ့
က်ေနာ္လည္း ေဝခြဲမရခဲ့ပါ။

တခါတခါ ေမထားေသတာ က်ေနာ့ ပေယာဂ
မကင္းသလို ခံစားရျပန္သည္။
အဲဒီလို ေတြးမိတဲ့ အခ်ိန္ေတြဟာ
က်ေနာ္ အရမ္းစိတ္မေကာင္း ျဖစ္ခဲ့ရတဲ့
အခ်ိန္ေတြေပါ့
ေလာက ႀကီးက မ်က္နာလိုက္တယ္လို႔ပဲ
ေျပာရမလား…အခုပဲၾကည့္ေလ…
ဘာအျပစ္မွမရွိတဲ့ ပန္းေလး တစ္ပြင့္ဟာ
အခ်ိန္မက်ပဲ ေျမခခဲ့ရၿပီ။
သက္ျပင္းကို ညင္သာစြာခ်ရင္း
…ဪ…အေႂကြေစာလွခ်ည္လား
ပန္းကေလးရယ္…လို႔သာ က်ေနာ္ ေအာ္ေျပာ
ႏိုင္ခဲ့ပါေတာ့သည္။

ၿပီးပါၿပီ

ႀကိဳးစားလွ်က္
—————– ဟယ္ရီေဇာ္
မူရင္းေရးသားသည္…

Sat,Sept 9,9,2017
4::37pm