” အခြွေခံပန်းတစ်ပွင့် “(စ/ဆုံး)

” အခြွေခံပန်းတစ်ပွင့် “(စ/ဆုံး)

============================

“မိနွယ် ဟေ့မိနွယ် ဘယ်သွားသေနေတာလဲ
မသိဘူးဒီကောင်မ”

စောစောစီးစီး အော်ဟစ်လိုက်သော မမေမြ၏
အသံကြောင့်တိတ်ဆိတ်နေသည့် ရပ်ကွက်ကလေးမှာဆူညံသွားတော့သည်။

“လာပြီအမေ လာပြီ”

“လာတာအသာထား ငါပြောတာနားထောင်
ငါဗိုက်ဆာတယ် လမ်းထိပ်ကမုန့်ဟင်းခါး
တစ်ပွဲသွားဝယ်ချေစမ်း”

“အမေကလည်း အမေအခုမှအိမ်ပြန်လာတာ
တစ်ခါတည်းတော့မဝယ်ခဲ့ပဲနဲ့ ”

“ဒေါက်”

“အား”

“ညည်းလျာကိုရှည်တယ် သွားဆိုသွား
သမီးတစ်ယောက်မွေးထားပါတယ်
ဘာမှကိုအားမကိုးရဘူး သွားခပ်မြန်မြန်”

“ဟုတ်အမေ”

ညလုံးပေါက်ဖဲရိုက်ပြီးအပြင်မှပြန်လာသည့်
မမေမြတစ်ယောက် သမီးဖြစ်သူမိနွယ်အား
ခေါင်းခေါက်ကာ မုန့်ဟင်းခါးသွားဝယ်ခိုင်း
နေလေသည်။

မမေမြက မုဆိုးမ ဖဲသမား သေဆုံးသွားသည့်
လင်ဖြစ်သူကလည်း ဖဲသမားပင်
ဖဲဝိုင်းတကာလှည့်လည်ဖဲရိုက်ရင်း
အိမ်ထောင်ကျခဲ့ခြင်းဖြစ်သည်။

ယခုမွေးထားသည့်သမီးလေးတောင်
အသက်၁၇သို့ရောက်ကာ အပျိုကြီးဖားဖား
ပင်ဖြစ်နေပြီဖြစ်သည်။

တနေကုန် ဖဲဝိုင်းတကာလှည့်လည်ပြီး
ဖဲရိုက်နေတတ်သည့် မမေမြသည်
ဖဲရှုံးလာလိုက်အိမ်မှာရှိသည့်ပစ္စည်းများ
ပေါင်လိုက်ဖြင့် တအိမ်လုံးရှိသမျှပစ္စည်း
အားလုံးကုန်လုနီးပါးရှိခဲ့လေပြီ။

ဖဲကြွေးများလည်း လည်ပင်းထိနစ်လာခဲ့ပြီ
ဖြစ်သည်။

“အမေ ဒီမှာမုန့်ဟင်းခါးရပြီ”

“ဟဲ့ တစ်ခါတည်းပန်းကန်ထဲထည့်လိုက်လေ
ဘာလို့ငါ့ကိုလာပေးနေတာလည်း
ငါလုပ်လိုက်ရ သေတော့မယ်”

မိနွယ်လည်း ကြောက်ကြောက်ဖြင့် မီးဖိုးချောင်ထဲသွားကာ ပန်းကန်ဖြင့်
မုန့်ဟင်းခါးအားထည့်ကာ ယူလာပေးလိုက်သည်။

“အမေ စားလို့ရပြီ”

“ထားခဲ့ ထားခဲ့ သွားသွား လုပ်စရာရှိတာ
သွားလုပ် ထမင်းချက်ရဦးမယ်မလား”

“ဟို ဟိုလေ ထမင်းချက်ဖို့ဆန်မရှိတော့ဘူး
အေမ”

“ဆန်မရှိရင်လည်း ချက်မနေနဲ့
ငါဖဲဝိုင်းကပြန်လာမှ ညည်းအတွက် စားဖို့
ဝယ်ခဲ့မယ် ငါ့အဝတ်တွေလျှော်ဖို့
မမေ့နဲ့ ကြားလား”

“ဟုတ်အမေ သမီးလျှော်ထားလိုက်မယ်
အမေ အကြာကြီးနေမနေနဲ့ဦးနော်”

“ညည်းကငါ့ကိုစိုးရိမ်တာလား
ညည်းမျိုဖို့ဆို့ဖို့ မျှော်နေတာမလား”

“မဟုတ်ပါဘူး အမေရယ် သမီးက
အမေ့ကိုအိမ်အမြန်ပြန်လာစေချင်လို့ပါ”

“ညည်းသာ ငါခိုင်းတာတွေမေ့မနေနဲ့
ငါပြန်လာလို့ ဘာမှလုပ်မထားရင်
ညည်းအသေပဲ”

===============

မိနွယ် တစ်ယောက်အရွယ်နှင့်မလိုက်
လျှော်လိုက်ဖွတ်လိုက်၊အိမ်သန့်ရှင်းရေး
လုပ်လိုက်နှင့်သာအချိန်ကုန်နေရလေသည်။

လူငယ်တို့သဘာဝလွတ်လပ်မှုမှာ သူ့မှာမရှိ
သူငယ်ချင်းအပေါင်းအသင်းဆိုသည်မှာလည်း
ရေတွက်ကြည့်လို့ လက်၅ချောင်းပင်မပြည့်တတ်ပေ။

မိနွယ် အိမ်အလုပ်များပြီး၍ နာရီကိုမော့ကြည့်တော့နေ့လယ်၁နာရီကျော်ပြီ
ဖြစ်သည်။

ဗိုက်ကလည်းအရမ်းဆာလှပြီ
မိခင်ဖြစ်သူကလည်းပြန်ရောက်မလာသေး။

အိမ်ထဲစားစရာရှိမည်ထင်၍ လိုက်ရှာကြည့်သည်
အစာပြေစားဖို့ မုန့်နှင့်တူသော အရာတောင်
မရှိပေ။

နောက်ဆုံး မိနွယ်လက်လျှော့ကာ အိမ်ရှေ့ထွက်ပြီး
မိခင်ပြန်အလာကိုသာမျှော်နေလိုက်သည်။

နာရီဝက်ခန့်ကြာတော့ ဆိုင်ကယ်တစ်စီး
မိနွယ်တို့အိမ်ရှေ့ရပ်လိုက်လေသည်။

ဆိုင်ကယ်နောက်တွင် မိနွယ်၏ မအေမမေမြ
လိုက်ပါလာသည်။

“ကဲ ပြန်ပေဦးတော့ ကိုကျော် ညနေကြမှ
ဝိုင်းမှာပြန်ဆုံကြတာပေါ့”

“ဒါ မမေမြ သမီးမိနွယ်ဆိုတာလား
အားပါး လှလိုက်တာဗျာ မအေအတိုင်းပဲ”

ဆိုင်ကယ်ပေါ်မှ ကိုကျော်ဆိုသောလူက
မိနွယ်အားဝါးစားမတတ် တဏှာမျက်လုံး
များဖြင့်စိုက်ကြည့်သွားလေသည်။

“အမေ ခုနကလူက ဘယ်သူလဲ
ရုပ်ကိုကနှာဗူးရုပ်နဲ့ သမီးကိုကြည့်သွားတာများ
မပြောလိုက်ချင်ဘူး
အမေကဘာလို့ အဲ့လူကိုလိုက်ပို့ခိုင်းတာလဲ”

“ဟဲ့ ငါဟာငါဘယ်သူ့လိုက်ပို့ခိုင်းခိုင်း
ညည်းအပူပါသလား ရော့ရော့
ဒီမှာညည်းအတွက် ခေါက်ဆွဲကြော်
ဝယ်လာတယ်သွားစားချေ”

“အမေကစားပြီးခဲ့ပြီလား မစားရသေးရင်
ဒီထဲကပဲစားလိုက်လေ”

“ကိုကျော်ကငါ့ကို အဝကျွေးလိုက်ပြီးသား
ညည်းဟာညည်းသာစားစမ်းပါ
သြော် ညနေ ငါဖဲဝိုင်းသွားစရာရှိသေးတယ်
ငါညအိမ်ပြန်အိပ်ချင်မှအိပ်မယ်”

“ဟာ အမေကလည်း သမီးတစ်ယောက်တည်း
အိပ်ရမှာလား ကြောက်စရာကြီး”

“ဟဲ့ ညည်းကတစ်ယောက်တည်းမအိပ်ချင်လို့
ဘယ်လင်ကိုခေါ်အိပ်ချင်နေတာတုန်း
အပိုတွေပြောမနေနဲ့ ခါတိုင်းလည်း
ညည်းတစ်ယောက်တည်းပဲအိပ်နေကြပဲ”

မမေမြတို့သားအမိပြောစကားများအား
ဘေးအိမ်မှလူများကကြားပြီး

“သြော် ဘယ်လိုမိဘမျိုးပါလိမ့်
ကိုယ့်သားသမီးကို စိုးရိမ်ရကောင်းမှန်းမသိ
အလေနက်တောလိုက် နေချင်သလိုနေပြီး
မွေးထားတဲ့ သမီးအပျိုလေးအတွက်
တစ်ချက်ကလေးတောင်တွေးမိရဲ့လား
မသိဘူး တကယ်ပဲ အံ့သြဖို့ကောင်းလိုက်တာ”

“မိန်းမရယ် မိနွယ်လေးရဲ့ ကံကိုက
ဒီလိုမိခင်မျိုးနဲ့ ဆုံဖို့အကြောင်းကံက
ပါလာတာကိုး သနားရုံကလွဲလို့ ဘာများတတ်နိုင်မှာလည်းကွာ”

“ကျုပ်က သားသမီးချင်းကိုယ်ချင်းစာလို့
ပြောတာပါ ကိုအောင်ဘရယ်”

အိမ်နီးချင်းလင်မယား ကိုအောင်ဘနှင့်မခင်မာသန်းတို့ မိနွယ်၏
ဘဝအကြောင်းအားပြောရင်း
သနားဂရုဏာသက်မိနေကြသည်။

================

ညနေစောင်းတော့ ဆိုင်ကယ်တစ်စီး
မမေမြ၏အိမ်ရှေ့သို့ရောက်လာသည်။

“ဟယ်…ကိုကျော် ကျွန်မကိုလာခေါ်တာလား”

“အင်း…ဟုတ်တယ် မမေမြ ဒီနေ့ဝိုင်းကောင်းမယ်လေ ဒါကြောင့်တစ်ခါတည်း
လာခေါ်လိုက်တာ ဒါနဲ့ မမေမြသမီးရော
မတွေ့ပါလား”

“အိမ်ထဲမှာရှိပါတယ်ရှင် ကျွန်မသမီးမိနွယ်က
အနေအေးတဲ့သူဆိုတော့ အပြင်သိပ်မထွက်ဘူး
ကိုကျော်”

“သြော်…ကဲ သွားရအောင် မမေမြ တက်”

“အင်း…ကိုကျော်”

“ဝူး ဘွန်း ဝူး”

“အမေကလည်း ခက်လိုက်တာ
အဲ့ကိုကျော်ဆိုတဲ့လူနဲ့ ဘာဖြစ်လို့ တပူးပူးတတွဲတွဲ
နေနေမှန်းမသိဘူး …ဟူး”

မိနွယ်သက်ပြင်းတစ်ချက်အားလေးလံစွာဖြင့်
ချလိုက်မိသည်။

******************

“ကဲ စားပြီးဗျာ စားပြီ အချီကြီးရတယ်ဆိုတာ
ဒါမျိုးကိုပြောတာဗျ”

“ဟာသွားပါပြီ ပါသမျှလည်းကုန်ပြီ
ဒီနေ့ ကိုဝင်းနိုင်ကြီးကံတွေလွှတ်တက်နေတယ်
ထင်ပါရဲ့ ပွဲတိုင်းသူကြီးပဲနိုင်နေတယ်”

“ဟဲ ဟဲ မမေမြကလည်း ညည်းလိုက်တာ
ပွဲကအခုမှစမလို့ရှိပါသေးတယ်ဗျ
လုပ်စမ်းပါ ခင်ဗျားကလည်း
ငွေလိုရင်ကျုပ်ထုတ်ပေးပါ့မယ်
အချင်းချင်းတွေပဲပူမနေနဲ့”

“ကဲ ဒါဖြင့်ရင်လည်း ကျွန်မကို
၅၀၀၀၀ပေးရှင် ချမယ်”

“ဒီလိုမှပေါ့ဗျာ ကဲရော့ ၅၀၀၀၀”

မမေမြအား ဖဲဝိုင်းအားဒိုင်ခံနေသည့်
ကိုဝင်းနိုင်ဆိုသူကငွေငါးသောင်းထုတ်ချေး
လိုက်လေသည်။

မမေမြဖဲပွဲအားတစ်ပွဲပြီးတစ်ပွဲ ကစားရင်း
ငွေ၅၀၀၀၀မှာ တဖြည်းဖြည်းနှင့်ကုန်သွား
ပြန်သည်။

“ဟူး…ဒီနေ့ မေမြကံမကောင်းပါလားနော်
ဘယ်လိုတွေဖြစ်နေပါလိမ့်”

“မမေမြ ခင်ဗျားထပ်ကစားချင်ရင်
ကျွန်တော့်ဆီက လိုသလောက်ယူလေ
ပြီးမှအေးဆေးပေးပေါ့ ဘယ်လိုလည်း”

“ကိုကျော်ရယ် ယူတာကဟုတ်ပါပြီ
အရင်ကဖဲကြွေးတွေတောင်မပေးရသေးပဲ
မေမြ ထပ်ယူရမှာအားနာလို့”

“ဘာမှအားနာမနေပါနဲ့ မမေမြရယ်
ကျုပ်နဲ့ခင်ဗျားနဲ့က ပြောရမယ့်သူတွေလား
တချိန်ကြရင် အရင်းနီးဆုံးတွေတောင်
ဖြစ်ချင်ဖြစ်လာမှာပဲဗျာ”

“ဘယ်လို ကိုကျော် ”

“ဟဲ ဟဲ စတာပါဗျာ ကဲကဲရော့ရော့
ငွေ၅၀၀၀၀ ”

မမေမြလည်းကိုကျော်လှမ်းပေးသော
ငွေ၅၀၀၀၀အားထပ်မံယူလိုက်လေသည်။

“ကဲ…မေမြဘဝမှာဘာကိုမှ
တုံ့ဆိုင်းမနေဘူး ကဲ ဖဲဝေတော့”

“ဟား…ကြိုက်ပြီ ဒါမျိုးမှကျုပ်တို့က
ကြိုက်တာ”

ဖဲဒိုင်ကိုဝင်းနိုင်မှ မြှောက်ထိုးပင့်ကာ
ပြောဆိုပြီးဖဲဝိုင်းအား ထပ်မံ၍
စတင်လိုက်ကြပြန်သည်။

ဖဲကစားချိန် နာရီပေါင်းများစွာကုန်ဆုံးသွား
ခဲ့သည်။

ကိုကျော်ဆီမှယူထားသောငွေ၅၀၀၀၀လည်း
မမေမြဖဲရှုံးရပြန်သည်။
တစ်ရက်တည်းတစ်ခဏလေးအတွင်းဖဲကြွေး
၁သိန်းတင်သွားသည့်အတွက်
မမေမြချွေးသီးချွေးပေါက်များကျလာပြီး။

“ကဲ ဒီနေ့တော့ဒီလောက်နဲ့တော်ကြတာပေါ့
အချိန်လည်းမရှိတော့ဘူး
နောက်နေ့မှပြန်ဆုံကြတာပေါ့
သြော် မမေမြ ခင်ဗျားကိုချေးလိုက်တဲ့
ငွေ၅သောင်းကိုခင်ဗျားခေါင်းထဲ
သိပ်ထည့်မနေနဲ့ ဟုတ်ပြီလား”

“အင်းပါ ကိုဝင်းနိုင်အခုလိုကူညီတာကိုပဲ
ကျေးဇူးတင်လှပါပြီ ကျွန်မပြန်ဦးမယ်”

“မမေမြ ကျွန်တော်လိုက်ပို့ပေးမယ်လေ”

“ကိုကျော်ရယ်အားနာစရာကြီး
နေပါ မေမြကိုယ့်ဟာကိုပြန်ပါ့မယ်”

“ဘယ်ဟုတ်မလည်းဗျာ ကျွန်တော်လိုက်ပို့မှာပေါ့
အခုအချိန်ကြီးတစ်ယောက်တည်းပြန်လို့
ဘယ်သင့်တော်ပါ့မလည်း”

“ကျေးဇူးပါရှင်”

“ကိုဝင်းနိုင် ကျုပ်မမေမြကိုလိုက်ပို့လိုက်ဦးမယ်”

ကိုကျော်က ကိုဝင်းနိုင်အားစကားပြောရင်း
မျက်စိတစ်ဖက်အားမှိတ်ပြလိုက်လေသည်။

“အေးအေး ဟေ့ကောင်ငကျော်
အဆင်ပြေပါစေကွာ ဟား ဟား ဟား”

မမေမြလည်း ကိုကျော်နှင့်ကိုဝင်းနိုင်
ပြောသည့်စကားများအားနားမလည်ပဲ
ဖြစ်နေသည်။

“လာ မမေမြပြန်ကြအောင်”

================

ကိုကျော်က ဆိုင်ကယ်ဖြင့်အိမ်ထိလိုက်ပို့လိုက်သည်။
အိမ်ရှေ့ကိုရောက်တော့ ကိုကျော်ကမမေမြအား
စကားဆိုလေသည်။

“ဟို ဟိုလေ မမေမြ ကျုပ်ပြောစရာရှိလို့”

“ဘာလဲပြောလေ ကိုကျော်”

“မမေမြ ကျုပ်ကို မမေမြရဲ့ သမီးနဲ့ပျော်ပါးခွင့်ပေးမယ်ဆိုရင်
ကျုပ်ဆီကဒီနေ့ယူထားတဲ့ ဖဲကြွေးတွေနဲ့
အရင်ကခင်ဗျားကျုပ်ဆီမှာတင်နေတဲ့
ဖဲကြွေးတွေအားလုံးကို
ကျုပ်တစ်ပြားမှမယူပဲ အားလုံးလျှော်ပေးမယ်
ဘယ်လိုလည်း မမေမြ”

ကိုကျော်ထံမှမမျှော်လင့်သောမေးခွန်းကြောင့်
မမေမြအတန်ငယ်စဉ်းစားနေမိသည်။

“ကောင်းပြီလေ ကိုကျော်သဘောပါပဲ”

“ဟင်…ဒါဆိုမမေမြ တကယ်လက်ခံတယ်ပေါ့
ထပ်မစဉ်းစားတော့ဘူးလား”

“အို…ဘာကိုစဉ်းစားနေရမှာလဲ
ကိုကျော်ရယ် မေမြပါ မဟုတ်တာ
ဘယ်တော့မှမပြောဘူး”

ကိုကျော် မမေမြအား အတော်အံ့သြမိသွားသည်။

“ဒါဖြင့်ရင် ကျုပ်အိမ်ထဲလိုက်ခဲ့မယ်လေ”

“သဘောပါပဲ ကိုကျော်လိုက်ခဲ့ပါ”

မမေမြလည်း ကိုကျော်အားအိမ်ထံခေါ်လာခဲ့သည်။

“မိနွယ် မိနွယ် ထစမ်း”

“ဟုတ်အမေ”

မိနွယ်တစ်ယောက်အိပ်ခန်းထဲမှ အိပ်ချင်မူးတူး
ဖြင့်ထွက်လာခဲ့သည်။

“မိနွယ် ညည်းကိုအမေခိုင်းစရာရှိတယ်”

“ဟင်…အမေကလည်းဒီအချိန်ကြီး
ဘာခိုင်းမလို့လည်း”

“ညည်း ကိုကျော်နဲ့လိုက်သွားရမယ်”

“ဟင် အမေကလည်းသမီးကဘာလို့
သူနဲ့လိုက်သွားရမှာလဲ”

“ညည်းကလည်း အရစ်ရှည်နေပြန်ပြီ
ငါ့ပစ္စည်းတစ်ခု ဖဲဝိုင်းမှာကျန်နေခဲ့လို့
ကိုကျော်နဲ့ ညည်းလိုက်သွားပြီး
ယူခဲ့ ပြီးရင် ကိုကျော်က ညည်းကိုပြန်ပို့ပေးလိမ့်မယ်”

“ဟုတ်ကဲ့ အမေ”

“ခဏနော် ကျွန်မအဝတ်အစားလဲလိုက်ဦးမယ်
ဦးကျော်”

“ရတယ်ကလေးမ ရတယ်”

ကိုကျော်ကကျေနပ်သောအပြုံးဖြင့်
ပြန်ပြောလိုက်လေသည်။

“မမေမြ ကျုပ်ခင်ဗျားကိုဘယ်လိုတောင်
ကျေးဇူးတင်ရမှန်းမသိတော့ဘူး”

“ရပါတယ် ကိုကျော်သာ ကိုကျော့်စကားအတိုင်းဖဲကြွေးတွေလျှော်ပေးပါ”

“စိတ်ချပါဗျာ ကျုပ်ယောက်ျားကတိတည်ပါတယ်ဗျ”

ထိုအချိန် မိနွယ်အိပ်ခန်းထဲမှအဝတ်အစားလဲပြီး
ပြန်ထွက်လာလေသည်။

မိနွယ်ကတော့ဘာမှမသိရှာ
မိခင်ပြောသည့်စကားကိုသာယုံကြည်ပြီး
ကိုကျော်နောက်သို့လိုက်သွားလေသည်။

ကိုကျော်ကအိမ်ရှေ့အရောက်

“မိနွယ် ခဏနော် ကိုကျော်
ဖုန်းလေးဆက်စရာရှိလို့ ”

“ဟုတ်”

မိနွယ်က ကိုကျော်အားသိပ်အရောမဝင်ချင်သဖြင့်ဟုတ်
ဟုသာခပ်ပြတ်ပြတ်ပြောလိုက်သည်။

“ဟဲလို…ကိုဝင်းနိုင် အားလုံးokတယ်
ကောင်မလေးလည်းကျုပ်နဲ့တစ်ခါတည်း
ပါလာလိမ့်မယ် ခင်ဗျားအဲ့ဒီမှာအဆင်သင့်
စောင့်နေ ဒါပဲ”

ခပ်လှမ်းလှမ်း၌ပြောနေသော စကားများအား
မိနွယ်မကြားရပေ။
အကယ်၍မိနွယ်ကြားခဲ့မည်ဆိုလျှင်
ကိုကျော်နောက်သို့လိုက်လာမည်
မဟုတ်ပေ။

“မိနွယ် သွားကြရအောင် လာတက်”

မိနွယ်လည်း ဆိုင်ကယ်ပေါ်သို့တက်လိုက်သည်။

ထို့နောက် ကိုကျော်လည်းသူစီစဉ်ထားသည့်
အတိုင်းဆိုင်ကယ်အားမောင်းပြီး
ထွက်သွားတော့သည်။

================

“ဦးကျော် မရောက်သေးဘူးလားရှင့်”

“ရောက်တော့မှာပါ နောက်၅မိနစ်လောက်နေရင်ပေါ့”

“သြော် ဟုတ်ကဲ့”

မိနွယ်လည်းဘာမှပြန်မပြောတော့ပဲ
ဆိုင်ကယ်နောက်မှအသာလိုက်လာခဲ့သည်။

၅မိနစ်ခန့်ကြာသော် ကိုကျော်က ဆိုင်ကယ်အား
တည်းခိုဆောင်တစ်ခုရှေ့သို့ ရပ်လိုက်လေသည်။

“မိနွယ် သမီးအမေရဲ့ ပစ္စည်းက
တည်းခိုခန်းထဲမှာကျန်ခဲ့တာ
မိနွယ်လိုက်ယူရမှာ”

“အမေကလည်း ဘာအရေးကြီးတဲ့ပစ္စည်းမို့လို့
ဒီလောက်ဖြစ်နေရတာလဲမသိဘူး”

“သြော် သူ့အတွက်အရေးကြီးလို့
နေမှာပါ လာ အထဲဝင်ကြရအောင်”

ထို့နောက် ကိုကျော်က တည်းခိုဆောင်ဆီသို့
မိနွယ်အားခေါ်သွားလေသည်။

တည်းခိုဆောင်ရှေ့မှာ တာဝန်ကျသော
အမျိုးသားတစ်ယောက်က တံခါးလာဖွင့်ပေး
လေသည်။

“ဟာ…ကိုကျော် ဒီတစ်ခါနောက်ကျလှချေလား”

“အေးကွာ ဒီနေ့နောက်ကျနေတာကွ
ရော့ ဒီမှာ လက်ဖက်ရည်ဖိုး”

“ကျေးဇူးပါဗျာ…”

တည်းခိုဆောင်တွင်တာဝန်ကျသော
အစောင့်ကမိနွယ်အား တဏှာဖုံးနေသော
အကြည့်များဖြင့်စိုက်ကြည့်နေသည်။

မိနွယ်လည်းထိုလူအားကြောက်ပြီး
ကိုကျော်နောက်သို့ ခပ်သွက်သွက်လိုက်သွား
လိုက်သည်။

ကိုကျော်က လှေကားထစ်များပေါ်တက်ပြီး
အပေါ်ထပ်သို့ခေါ်သွားလေသည်။

အခန်းများတစ်ခန်းပြီးတစ်ခန်းကျော်လာပြီး
နောက် အခန်းနံပါတ် ၃၆ရှေ့သို့ရောက်မှ

“မိနွယ် ဒီအခန်းပဲ ပစ္စည်းက အခန်းထဲကအံဆွဲထဲမှာရှိတာ
အတွင်းထဲလိုက်ယူပေါ့ ဟုတ်ပြီလား”

“ဟုတ် ဦးကျော်”

“ဂျောက်”

မိနွယ်လည်းအခန်းထဲဝင်လိုက်သည်။
မိနွယ်အခန်းထဲရောက်သည်နှင့်
ကိုကျော်က အခန်းတံခါးအားလော့ချလိုက်သည်။

“ဦးကျော် ပစ္စည်းကိုအမြန်ရှာပေးပါ
မိနွယ်အိမ်ပြန်ချင်ပြီ”

“အေးဆေးပေါ့ မိနွယ်ကလည်း
ဘာလို့အဲ့လောက်တောင်လောနေရတာလဲကွာ”

“ရှင် ကျွန်မကိုဘာလို့ ပွတ်သီးပွတ်သက်လုပ်နေတာလည်း
ကျွန်မမကြိုက်ဘူး လွှတ်ပါ”

“ဟာ…ငကျော် မင်းကငါ့တောင်မစောင့်တော့ပဲ
ပြဲစေတာ့မလို့လားကြ”

ရေချိုခန်းထဲမှ အပေါ်ပိုင်းဗလာဖြင့်ထွက်လာသော
ကိုဝင်းနိုင်ကပြောလိုက်လေသည်။

“ဟင်…”

မိနွယ်တစ်ယောက် သူစိမ်းယောက်ျား၂ယောက်နှင့်
တစ်ခန်းထဲအတူရှိနေသည့်အတွက်
ကမ္ဘာပျက်မတက်ကြောက်လန့်သွားရ
လေသည်။

“ကိုဝင်းနိုင် ခင်ဗျားအရင်စမလား
ကျုပ်အရင်စရမလား”

“မင်းကအငယ်ဆိုတော့ အကြီးဖြစ်တဲ့
ငါ့ကိုပဲဦးစားပေးရမှာပေါ့ကွ.ဟား ဟား ဟား”

“ကောင်းပါပြီဗျာ ကောင်းပါပြီ
ခင်ဗျားသဘောပါပဲ”

ကိုဝင်းနိုင်နှင့်ကိုကျော်က တဖြည်းဖြည်းခြင်း
မိနွယ်ထံသို့တိုးလာကြပြီး

“ဘုတ်”

“အမေ့…ရှင်တို့ခွေးကျင့်ခွေးကြံ
မကြံကြနဲ့နော် ”

“နင်အော်နေလည်းအပိုပဲ နင့်အမေကတောင်
ငါတို့လိုချင်တာကို ဖြည့်ဆည်ပေးဖို့
ကြည်ကြည်ဖြူဖြူ လိုက်လျောပေးပြီးသား
နင်ကသာအသာတကြည်
နေလိုက်ရုံပဲ ကလေးမ”

“ဘာရှင့် ကျွန်မအမေ ကကြည်ကြည်ဖြူဖြူ
လိုက်လျောတယ်ဟုတ်လား သေလိုက်လေ
ဘယ်မအေက အခုလိုသူ့သားသမီးကို
ပန်းကောင်းအညွှန့်အချိုးခံမှာလဲ
ရူးနေကြသလား”

“နင်မယုံဘူးဆိုရင် ဟောဒီမှာ
နားထောင်ကြည့်လိုက်”

ကိုကျော်က ခါးကြားကဖုန်းအား
ထုတ်ပြီး ဖွင့်ပြလေသည်။

ကိုကျော်ဖုန်းထဲမှ အသံဖမ်းထားသော
မိခင်ဖြစ်သူ၏အသံ ပြောသည့်စကားများအား
မိနွယ်ကြားပြီး အံ့အားသင့်သွားကာ
မျက်ရည်များပင်ကျလာခဲ့သည်။

“ကဲ ယုံပြီလား နင့်အမေ နင့်အပေါ်
ဘယ်လောက်ရက်စက်လိုက်သလည်း
သနားဖို့ကောင်းလိုက်နာ မိနွယ်လေးရယ်
ကျွတ် ကျွတ်ကျွတ် ဟား ဟား ဟား”

ကိုကျော်ကပြောရင်း ရမ္မက်ခိုးများဝေနေသော
အကြည့်များဖြင့်မိနွယ်အားသိမ်းကျုံးကြည့်နေ
လေသည်။

“အမေရယ် ရက်စက်လိုက်တာ
ကိုယ့်သားသမီးကို ဖဲကြွေးနဲ့နှိမ်ပြီး
သူစိမ်းယောက်ျားတစ်ယောက်ရဲ့
အလိုဆန္ဒကိုဖြည့်ခိုင်းရတယ်လို့ရှင်
အီး ဟီး ဟီး ဟီး”

“ငိုနေလို့လည်း အပိုပဲ နင်ငါတို့ဆန္ဒကို
မလိုက်လျောဘူးဆိုရင်လည်း
ရတယ် ဒါပေမယ့် နင့်အမေကို
ငါတို့ရစရာရှိတဲ့ အကြွေးတွေကို
အမြန်ဆုံးပြန်ဆပ်ခိုင်းရမှာပဲ
အကယ်၍မဆပ်နိုင်ဘူးဆိုရင်
နင့်အမေ ထောင်ထဲရောက်အောင်
လုပ်ရမှာပဲ အဲဒီတော့ နင်ဘာလုပ်မလဲ
ငါတို့ကိုလိုက်လျောမလား နင့်အမေကို
ထောင်ထဲပို့မလား
ဘယ်လိုလဲ နင်ဆုံးဖြတ်ကြည့်လေ”

ကိုဝင်းနိုင်က မိနွယ်အား သူ့ဘက်ပါအောင်
အကြပ်ကိုင်ကာပြောလိုက်လေသည်။

မိနွယ်လည်း မိခင်ဖြစ်သူအားထောင်ထဲတော့
အရောက်မခံနိုင်ပေ။

ထို့ကြောင့် သူမ၏ဘဝကိုသာ
သူစိမ်းယောက်ျား၂ယောက်ထံ၌ ပေးဆပ်ရန်
ဆုံးဖြတ်ချလိုက်တော့သည်။

“ဒီလိုမှပေါ့ လိမ္မာပါတယ် မိနွယ်က
ဟဲ ဟဲ ဟား ဟား ဟား”

================

ပန်းလေးတစ်ပွင့်ကတော့ ညဉ့်ဦးယံ၌
ပန်းခြွေမုဆိုး၂ယောက်၏ခြွေဖျက်ခြင်းကို
ခံလိုက်ရပေသည်။

မနက်လင်းမှ မိနွယ်အား ကိုကျော်က
ဆိုင်ကယ်ဖြင့်အိမ်ထိလိုက်ပို့လေသည်။

“ကဲ ဆင်းတော့မိနွယ် မနေ့ညက
နင့်ကြောင့် ငါတို့တော်တော်ပျော်ခဲ့ရတယ်
ရော့ ဒီမှာ နင့်အတွက် ကိုဝင်းနိုင်က
မုန့်ဖိုးတဲ့ နောက်လည်း အဆင်မပြေတာရှိရင်
ပြောနော် ကိုကျော့်ကိုအားမနာနဲ့ ”

မိနွယ်ကဘာမှပြန်မပြောပဲ အိမ်ထဲဝင်လာခဲ့သည်။

“မိနွယ်ပြန်လာပြီလား ”

မိခင်ဖြစ်သူက မိနွယ်အားမေးလိုက်လေသည်။

“အမေ အမေ သမီးအပေါ်လုပ်ရက်လိုက်တာ
အမေရယ် သမီးမှာဘာအပြစ်မှမရှိပဲ
အခုလိုလုပ်ရတာလည်း အမေရယ်
သမီးအခုဘဝပျက်ခဲ့ရပြီ အမေရဲ့”

“ညည်းကလည်းအေ ကြီးကြီးကျယ်ကျယ်တွေ
သိပ်ပြောမနေပါနဲ့ ငါကမအေပါ
ငါခိုင်းရင်ညည်းလုပ်ရမှာပဲ ညည်းမကျေနပ်ရင်
ငါ့အိမ်ကထွက်သွားလေ ”

“ရှင်…အ အမေ ဘယ်လိုပြောလိုက်တယ်
ကိုယ့်သမီး ဒီလောက်အစော်ကားခံလာခဲ့ရတာတောင်
အမေကဒီလိုတွေပြောထွက်ရက်တယ်
အမေ သမီးကို အမေမွေးထားမှ
ဟုတ်ရဲ့လား ဟီး ဟီးဟီး ”

မိနွယ်၏အော်ဟစ်ငိုယိုသံသည် ပတ်ဝန်းကျင်သို့
ပျံ့နှံ့သွားတော့သည်။

“ညည်းငိုမနေနဲ့ အပိုပဲ နားငြီးတယ်
သွား လုပ်စရာရှိတာသွားလုပ်ချေ”

မိနွယ်လည်း ကိုယ့်အဖြစ်ကိုယူကျုံးမရ
ဖြစ်ကာမျက်ရည်ဆက်လက်ဖြင့်
အိမ်ထဲဝင်သွားလေသည်။

အိမ်ထဲရောက်တော့ အခန်းနံရံအား
မှီကာ ကြိတ်ပြီးငိုကျွေးနေမိသည်။

“အဖြစ်ဆိုးလိုက်တဲ့ငါ့ဘဝ
သူတစ်ပါးရဲ့ စော်ကားခြင်းကိုလည်းခံရသလို
အမေကလည်း ငါ့အပေါ်နည်းနည်းလေးတောင်
မေတ္တာတရားမရှိဘူး
အမေရယ် သမီးမှာဘာအပြစ်တွေရှိလို့
အခုလိုမျိုး သူစိမ်းလောက်တောင်
သံယောဇဉ်မရှိရတာလည်းအမေ
သမီးသိပ်ဝမ်းနည်းတယ် သမီးလူဖြစ်လာရတာ
အဓိပ္ပါယ်မရှိတော့ဘူး အမေ”

မိနွယ်၏ရင်ထဲမှစကားများအား
မိခင်ဖြစ်သူမမေမြကြားနိုင်မည်မဟုတ်ပေ။
အကယ်၍ကြားသိခဲ့လျှင်လည်း
မိနွယ်အပေါ်သနားကြင်နာဂရုဏာ
ထားရှိပါ့မလားဆိုတာတော့ မည်သူမှမသိ
နိုင်ကြပေ။

ထိုနေ့ညက မိနွယ်ဘုရားရှိခိုးပြီး
အိပ်ရာစောစောဝင်ခဲ့သည်။
မိခင်ဖြစ်သူကလည်း အိမ်မှာမရှိဖဲဝိုင်း၌
အချိန်ဖြုန်းနေလေသည်။

မိနွယ်အတွက်တော့ ထိုညဟာ
ကောင်းစွာအိပ်၍မရပေ။

အရိပ်ဆိုးကြီးကသူ့အားအိပ်၍မရအောင်
ခြောက်လှန့်နေလေသည်။
အိပ်ရာထဲဟိုလှိမ့်သည်လှိမ့်ဖြင့် အချိန်ကုန်
နေလေသည်။

==============

“ဝူး ဝူး ဘူး ဘွန်း”

မနက်စောစောဆူညံသောဆိုင်ကယ်တစ်စီး
မိနွယ်တို့အိမ်ရှေ့သို့ ထိုးရပ်လိုက်လေသည်။

“အခုလိုပြန်ပို့ပေးတာ ကျေးဇူးပဲ ကိုကျော် ညနေမှပြန်ဆုံကြတာပေါ့”

“ရပါတယ် မမေမြရယ် ပြောစရာမလိုပါဘူးဗျာ
သြော်ဒါနဲ့ မိနွယ်ရောနေကောင်းရဲ့လား”

“မနေ့ကပြန်ရောက်လာကတည်းက
သိပ်မလှုပ်ဘူး ကိုကျော် အစမလို့ပါ
နောက်တော့အဆင်ပြေသွားမှာ”

“အင်းပါ…မိနွယ်ကို ကိုကျော်နှုတ်ဆက်တယ်လို့ပြောပေးဦး
ကျွန်တော်ပြန်ဦးမယ်”

“အင်း အင်း ပြောပေးမယ်ကိုကျော်”

မမေမြလည်း ကိုကျော်အားနှုတ်ဆက်ပြီး
အိမ်ထဲဝင်လာခဲ့သည်။

“မိနွယ်ရေ မိနွယ် ငါပြန်လာပြီ
ငါဖို့စားစရာဘာလုပ်ထားလည်း”

မမေမြ တစ်ယောက်မိနွယ်အားအိမ်ထဲဝင်ဝင်ခြင်း
မေးလိုက်လေသည်။

သို့ပေမယ့် မိနွယ်ထံမှတုံ့ပြန်သံပြန်မကြားရပေ။

“ဒီကောင်မအခုထိမထသေးဘူးထင်တယ်
နေဦးငါ့လက်စာမိမယ် ”

“မိနွယ် မိနွယ် ”

“ဟင်…အိပ်ရာထဲလည်းမရှိဘူး
ဒီကောင်မဘယ်တွေများသွားနေပါလိမ့်”

အိပ်ရာထဲတွင်မိနွယ်အားမတွေ့သဖြင့်
အိမ်နောက်ဘေးသို့ မမေမြထွက်လာလိုက်သည်။

“အိမ်သာများတက် နေ…အား အမယ်လေး
မိနွယ် ”

“သမီးလေးမိနွယ် ဘယ်လိုများဖြစ်တာလည်း
ငါ့သမီးရယ် လာကြပါဦး လာကြပါဦး
ကူညီကြပါဦးတော့် အီး ဟီးဟီး”

မမေမြ၏အော်ဟစ်သံကြောင့် အိမ်နီးချင်းများ
ရောက်လာကြလေသည်။

“မမေမြ ဘာဖြစ်တာလဲ …ဟင်”

“အမယ်လေး မိနွယ်.”

“အလိုလေး မြတ်စွာဘုရား …”

အိမ်နီးချင်းများအားလုံး မိနွယ်အားမြင်ကာ
အထိတ်တလန့်ဖြစ်ကုန်ကြလေသည်။

အိမ်နောက်ဘေး မန်ကျည်းကိုင်းတွင်
လျာတန်းလန်းကြီးနှင့်မျက်လုံးပြူးကာ
ကြိုးဆွဲချပြီးသေနေသော မိနွယ်အား
မြင်လိုက်ရလေသည်။

“ကျွန်မသမီးလေးအဖြစ်ကို ကြည့်ကြပါဦးရှင်
အဖြစ်ဆိုးလိုက်တာ သမီးလေးရဲ့”

“မိနွယ်မှာဘာစိတ်ညစ်စရာတွေရှိလို့
အခုလိုကိုယ့်ကိုကိုယ်ကြိုးဆွဲချပြီး
အဆုံးစီရင်သွားရတာလဲဗျာ
ကျုပ်တော့နားမလည်တော့ဘူး မိနွယ်လေးက
လိမ္မာတဲ့ကလေးတစ်ယောက်ပါ
ဘာကြောင့်အခုလိုလုပ်ရတာလဲ”

“ဟုတ်ပါ့တော် မိနွယ်လေးက အိမ်နီးချင်းဆိုပေမယ့်ကျုပ်တို့သမီးလေးလို
ပါပဲတော် အခုလိုဖြစ်ရတာ
စိတ်ထဲမကောင်းဘူးရှင် အီး ဟီး ဟီး”

ကိုအောင်ဘနှင့်မခင်မာသန်းတို့ လင်မယားက
စိတ်မကောင်းစွာဖြင့်ပြောလိုက်သည်။

“ဒါ ဒါတွေအားလုံးကျွန်မကြောင့်
ဖြစ်ရတာပါရှင် ”

“ဘယ်လို မမေမြ ကျုပ်တို့နားလည်အောင်
ပြောပြစမ်းပါဗျာ”

“အ အဖြစ်ကဒီလိုပါ”

မမေမြလည်း ပြီးခဲ့သောအကြောင်းများကို
အားလုံးသိအောင်ပြောပြလိုက်လေသည်။

အိမ်နီးချင်းများက အံ့သြတကြီးဖြစ်ကြ
မမေမြအားဒေါသဖြစ်ကြလေသည်။

“တောက်.ခင်ဗျားမှာလူစိတ်မှရှိသေးရဲ့လား
မမေမြ ကိုယ်မွေးထားတဲ့သမီးပျိုလေးကို
ဖဲကြွေးကြောင့် သူတစ်ပါးလက်ထဲ
ဘဝပုံပေးခိုင်းရတယ်လို့ဗျာ
ခင်ဗျားမှာ ဦးနှောက်မရှိဘူးလား ဟမ်”

“ဟုတ်ပါတယ်ရှင် ကျွန်မမှားပါတယ်”

“အခုမှမှားပါတယ်လို့ ပြောနေလည်း
ခင်ဗျားသမီးမိနွယ်ကပြန်ရှင်မလာတော့ဘူး
အခုမှမျက်ရည်ကျပြမနေနဲ့ မမေမြ”

“ဟုတ်တယ် မေမြ နင်ဟာလေ
လောကမှအရှားပါးဆုံး အံ့သြဖို့ကောင်းတဲ့
မိခင်ပဲ နင့်လိုမိခင်ကြောင့် ငါတို့အမျိုးသမီးတွေသိက္ခာကျတယ်အေ့
အဲ့ဒါနင်နားလည်လား”

“ပြောကြပါရှင် ကျွန်မရှင်တို့ပြောသမျှ
ခံရမှာပါ ကျွန်မက တိရစ္ဆာန်လောက်တောင်
မိခင်စိတ်မရှိခဲ့တဲ့ သူပါရှင် အီးဟီးဟီး”

ပတ်ဝန်းကျင်မှလူများက မမေမြအားလက်ညှိုးထိုးကာ
ပြစ်တင်ပြောဆိုကြလေသည်။

မမေမြကလည်း သူ့အမှားနဲ့သူဆိုတော့
ပြန်လည်ခွန်းတုံ့ပြန်ခြင်းမရှိခဲ့ပေ။

မိနွယ်၏အဖြစ်အားရပ်ကွက်အတွင်း၌
နေထိုင်ကြသော လူများကကြားသိပြီး
စိတ်မကောင်းဖြစ်ကြလေသည်။

မိခင်ဖြစ်သူကိုတော့ နှာခေါင်းရှုံ့မိကြသည်။
မအေအရင်းမှဟုတ်သလားဟုတောင်
မေးယူရလေသည်။

မိနွယ်လေး၏အသုဘအား
စည်စည်ကားကားဖြင့်အားလုံးကသင်္ဂြိုလ်ပေးခဲ့
ကြလေသည်။

အသုဘလိုက်ပို့သူ အားလုံး၏ရင်ထဲက
ဆုတောင်းစကားသံများက
မိနွယ်တစ်ယောက်ဘဝအဆက်ဆက်
ယခုလိုအဖြစ်မျိုးမဖြစ်ပါစေနဲ့ဟု
တဖွဖွဆုတောင်းနေကြလေသည်။

မမေမြလည်း သူ့၏မိုက်မဲမှုကြောင့်
နောင်တကြီးစွာရခဲ့လေသည်။

သမီးမရှိတော့မှ သမီးလေးအား
ပြန်လိုချင်မိသည်။

သို့ပေမယ့် သူ၏ဆန္ဒများမှာ ဘယ်လိုမှ
မဖြစ်နိုင်တော့ချေ။

နောင်တ တရားကိုသာရင်မှာပိုက်ရင်း
ဘဝဆုံးခဲ့လေတော့သည်။

ပြီးပါပြီ…လက်မလေးတွေနှိပ်ပေးကြပါ

မှတ်ချက်။ ။ယခုဇာတ်လမ်းအားစိတ်ကူးယဉ်
ရေးသားထားခြင်းဖြစ်ပါသည်။

ဘယ်မိခင်ကိုမှပြစ်မှားစော်ကားလိုခြင်း
မရှိပါ ပညာပေးအနေဖြင့်သာဖတ်ရှုပါရန်
တောင်းပန်အပ်ပါသည်။
စာဖတ်သူများရွှင်လန်းကြပါစေ

ရေးသားသူ-အောင်ဓူဝံ

#အောင်ဓူဝံ

#crd