” အငြိုးကြီးတဲ့ သုဘရာဇာကြီး ”(စ/ဆုံး)

Unicode Version

” အငြိုးကြီးတဲ့ သုဘရာဇာကြီး ”(စ/ဆုံး)
———————————————

မူရင်းရေးသူ – မရဏ ဖွား

အငြိုးကြီးတဲ့ သူ့ဘရာဇာကြီး အကြောင်းမရေးသေး
ခင် ကျနော်လေ့လာလို့ သိခဲ့ရတာလေးတွေနဲ့ ကြားဖူးနားဝအကြောင်းအရာလေးတွေကို အရင်ဦးဆုံးပြောပြချင်ပါတယ်…

*အစိမ်းသေ*ဆိုတဲ့ ပိုစ့်ကို ရေးစဉ်က ကျွန်တော်ကိုယ်တိုင် သေချာမသိသေးတဲ့ အကြောင်းအရာတစ်ခုဖြစ်တဲ့ နယ်ဘက်တွေမှာ ဟိုးအရင်က အသုဘချကြတဲ့ အခါ အခေါင်းကစားကြတာဟာ ဘာကြောင့့်လဲဆိုတာကို သိသူတွေက ဗဟုသုတအနေနဲ့ ကျွန်တော်အပါအဝင် တခြားမသိသေးသူတွေ သိရှိနိုင်စေဖို့ ပြောပြပေးပါလို့ ထည့်ရေးခဲ့ပါတယ်…

ပြောပြကြသူတွေအများကြီးပါပဲ…မသိသေးတာတွေလည်းသိခဲ့ရပါတယ်…အဲဒီအတွက် ပြောပြပေးခဲ့သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဦးစွာပထမ ပြောပါရစေ ခင်ဗျာ…

ဒါပေမယ့် တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုတဲ့ စကားလိုပါပဲ…ပြောပြပေးသွားကြသူတွေရဲ့ စကားတွေမှာ တိကျတဲ့ အဖြေ…သမိုင်းကြောင်းရယ်လို့ပါမနေခဲ့ပါဘူး…

သူတို့တွေရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေ…လူကြီးသူမတွေက အဲလိုပြောပြခဲ့တာပဲဆိုတဲ့ တစ်ဆင့်စကားတွေလောက်ပဲ ပြန်လည် သိရှိခဲ့ရပါတယ်…

ဒါဟာ အပြစ်တစ်ခုလို့တော့ပြောလို့မရပါဘူး…ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေထဲက အချို့ကိစ္စတွေဟာ သမိုင်းကြောင်းအတိအကျ မရှိ…ဘယ်ကနေ ဘယ်လိုရောက်လာတယ်…ဘယ်သူဘယ်ဝါက စတင်လိုက်လို့ အဲဒီ ဓလေ့က စတင်ဖြစ်ပေါ်လာတယ်ဆိုတာမျိုးတွေ မသိရပဲ အစဉ်လာတစ်ခုလို ဖြစ်ခဲ့လို့…ရှေးလူကြီးသူမတွေက လုပ်ခဲ့ကြလို့ အရိုးစွဲသွားပြီး ဒီနေ့ဒီအချိန်အထိ အဲလို ဘာမှန်းမသိတဲ့ ကိစ္စတွေကို မစူးစမ်းမလေ့လာပဲ လက်ခံထားခဲ့တဲ့ ကိစ္စတွေ အများကြီးရှိနေပါသေးတယ်…

အခေါင်းကစားခြင်းအကြောင်း မေးခွန်းနဲ့ ပတ်သက်ပြီး ဖြေကြားပေးကြတဲ့ အဖြေစကားတွေထဲက တချို့ကို ကောက်နုတ်ဖော်ပြပေးချင်ပါတယ်….

#၁#အခေါင်းကစားတယ်ဆိုတာက သေသူ ဘဝကူးကောင်းအောင် နောက်ဆုံးအကြိမ်အဖြစ်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေဖို့ လုပ်ပေးတာလို့ ကြားဖူးတာပဲ…#

#၂#အခေါင်းကစားတာက ကစားချင်လို့ ကစားတာ မဟုတ်ပါဘူး… င်္သချိုင်းနဲ့နီးလာလေ အခေါင်းက လေးလာလေဖြစ်တတ်လို့ လူပြောင်းပြီး ထမ်းကြရာက အခေါင်းစင်ရဲ့ အလေးချိန်ကြောင့် ဟန်ချက်မညီပဲ တဖက်ကို စောင်းသွားတာကို လိုက်ထိန်းရင်း လည်သလိုဖြစ်သွားကြတာပါ…အဲလိုဖြစ်တာကို လိုက်ထိန်းရင်း ညာသံပေးပြီး ဟေးဟေးလို့ အော်ကြတာကို မသိသူတွေက အခေါင်းကစားတယ်လို့ ထင်မှတ်ကြရာက လိုက်လုပ်ကြရင်း အခေါင်းကစားတယ်ဆိုတာ ဖြစ်လာတာပါ…ကျနော်ကိုယ်တိုင် ထမ်းဖူးလို့ သိနေလို့ ပြောပြတာပါ… #

#၃#အခေါင်းကစားတာက အခေါင်းက င်္သချိုင်းနားရောက်ရင် လေးလာတတ်တယ်…ဘာကြောင့်လေးလာလဲဆိုတာကို လူကြီးတွေပြောပြလို့ မှတ်မိနေတာက…င်္သချိုင်းကုန်းမှာ အရင်ရောက်နှင့် သေနှင့်နေတဲ့ သရဲတွေက လူသစ်ကြိုဆိုပွဲလုပ်ကြသလို သေသူဘယ်သူဘယ်ဝါဆိုတာကို အလုအယက် တက်ကြည့်ကြတာတဲ့…လူသစ်ရောက်လာလို့ ပျော်ပြီး အလောင်းစင်ပေါ် အလုအယက်တက်သူက တက်…ခိုစီးသူကစီး လုပ်ကြလို့…အခေါင်းစင်က အလေးချိန်မညီတော့ပဲ…လည်ထွက်သွားလို့ လိုက်ထိန်းကြရင်း…နောက်ယှက်နေတဲ့ သရဲတွေကို ချောက်လန့်တဲ့ အနေနဲ့ ဟေးးး ဟေးးးလို့ အော်ပြီး ညာသံပေး
မောင်းထုတ်ကြတာလို့ ပြောပြဖူးပါတယ်…

#၄#အသုဘချရင် အလောင်းစင်ကို လမ်းမှာ ချလို့ မရဘူး…နားလို့လဲ မရသလို…ပြုတ်ကျလို့လဲ မရဘူး…အကျိုးအကြောင်းမတိုက်ဆိုင်လုိ့ ပြုတ်ကျတာ တစ်ခုခုဖြစ်လို့ အောက်ချရတာဖြစ်ခဲ့ရင် ရွာနာတယ်…ကပ်ဆိုးနဲ့ ကြုံတတ်တယ်…လူတွေဆက်တိုက်သေတတ်တယ်….အဲလိုတွေဖြစ်တတ်တာ သိလို့…အလောင်းစင်သယ်လာတဲ့ လမ်းတစ်လျှောက်မှာ မကောင်းဆိုးဝါးတွေက ပြုတ်မကျ ကျအောင် နှောက်ယှက်တတ်ကြတယ်… အလောင်းစင်ကို
စောင့်တွန်းတာ…တက်ခွစီးတာ…မလေးလေးအောင် ခိုစီးတာ…အခေါင်းထမ်းလာသူတွေ ချော်လဲအောင် လုပ်တာ စသည်ဖြင့် လုပ်တတ်ကြတယ်…

အဲဒါကို သိနေလို့ အခေါင်းစင်ထမ်းသူတွေရဲ့ ဘေးနားမှာ အမြဲတမ်း အရံလူတွေကဝိုင်းရံပေးထားရတယ်…ထမ်းနေသူတွေထဲက ထမ်းနေရင်း အခေါင်းက တစ်ခုခုထူးခြားလာတာ…သူထမ်းနေတဲ့ ဘက်က လေးလာတာ…သူထမ်းနေတဲ့ ဘက်ကို စောင်းလာတာ…စသည်ဖြင့် ထူးခြားလာပြီ ဆိုတာနဲ့…သတိပေးတဲ့ အနေနဲ့… ဟေးးး ဟေးးး လို့ အော်ရင်း သတိပေးကြတာပါ…ကျွန်တော်ကတော့ အဲဒီလို ကြားဖူးထားတယ် ဗျ…#

အထက်မှာ ဖော်ပြထားတဲ့ မန့် ၄ခုထဲက ဘယ်ဟာ ဖြစ်နိုင်မလဲဆိုတာကတော့ ကိုယ်ပိုင်ဥာဏ်ဖြင့်သာ စဉ်းစားချင့်ချိန်ကြည့်ကြပါလို့ပဲ ပြောပါရစေ…

#####

ကျွန်တော်အခု ရေးမှာက သုဘရာဇာ တစ်ယောက်အကြောင်းဖြစ်နေလို့ င်္သချိုင်းနဲ့ ပတ်သက်တာ…လူသေရင် င်္သချိုင်းကို ပို့ဆောင်ကြတဲ့ နည်းတွေ စသည်ဖြင့် ပြည့်စုံအောင်ဖော်ပြနေခြင်းဖြစ်ပါတယ်…

သုဘရာဇာဆိုတဲ့ လူတွေ…
အခေါင်းလုပ်ပြီးရောင်းတဲ့ လူတွေ…
လူသေကို ရေချိုး…ဖီးလိမ်းပြင်ဆင်ပေးတဲ့ အလုပ်ကို လုပ်ကိုင်ကြသူတွေ…ရေခဲတိုက်နဲ့ မီးသဂြိုလ်စက်တွေမှာ အလုပ်လုပ်နေသူတွေဟာ တကယ်တမ်းတော့ သူများမလုပ် ချင်တာတွေကို စေတနာပါပါနဲ့ လုပ်ပေးနေကြသူတွေဖြစ်လို့ အင်မတန်မှ လေးစားဖို့ကောင်းပါတယ်….

ဒါပေမယ့် အဲဒီလို လူတွေထဲက စိတ်ဓာတ်နိမ့်ကျသူတွေကြောင့် လူတွေ ဒုက္ခရောက်ခဲ့ရတဲ့အဖြစ်အပျက်တွေကို ကြားဖူးကြမယ်လို့ ထင်ပါတယ်…

အခေါင်းရောင်းသူက အခေါင်းရောင်း
မကောင်းလို့ အခေါင်းကို လက်နဲ့ပုတ်ရင် လူတွေ ဆက်တိုက်သေတတ်ကြတယ်…ငယ်ငယ်က ဦးကျော်ဟိန်းသရုပ်ဆောင်ထားတဲ့ video ကားကြည့်ဖူးသူတွေ သိမှာပါ…အဲဒီ ဇာတ်ကားထဲကအတိုင်း အပြင်မှာ တကယ်ဖြစ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်…

သုဘရာဇာက လူသေရဲ့ အရိုးခေါင်း …ဒါမှမဟုတ်…အုတ်ဂူကို လူရိုးနဲ့ ခေါက်ရင်လည်း လူတွေဆက်တိုက်သေတတ်တယ်လို့ကြားဖူးပါတယ်….

နောက်ထပ်ရှိသေးတာက ဆရာဝန်တွေ ဆေးရုံဝန်ထမ်းတွေနဲ့ သဂြိုလ်စက်က ဝန်ထမ်းတွေက လူနာကုတင်…လူသေတင်တဲ့ ကုတင်တွေကို ခေါက်ရင် လူနာတွေ အများကြီး ရောက်လာတတ်သလို…လူတွေအများကြီးသေတတ်တာလည်း ရှိပါသေးတယ်…

ဒါတွေက မလုပ်သင့်တဲ့ ကိစ္စတွေပါ…
ကိုယ့်အကျိုးစီးပွားအတွက် သူတပါးပျက်စီးရာပျက်စီးကြောင်း ကြံစည်သူတွေဟာ တစ်ဘဝတောင် မစံရပဲ ချက်ချင်းလက်ငင်း ဝဋ်လည်တတ်တယ်ဆိုတာကိုတော့ မေ့မထားကြပါနဲ့…ဗျာ…

######

နောက်ထပ်တစ်ခု ထပ်ပြီးပြောပြချင်တာက…
လူသေရဲ့ပါးစပ်ထဲကို ထည့်ပေးကြတဲ့ ကူးတို့ခ တမတ်စေ့ကိစ္စ…

နားလည်မှု့ တွေ ကွဲလွဲနေခဲ့တဲ့ အဲဒီကိစ္စရဲ့ အဓိက အကြောင်းအရင်း အစစ်အမှန်က ဘာဖြစ်နိုင်တယ်ဆိုတာကို လေ့လာကြည့်ခဲ့မိပါတယ်…

ငယ်စဉ်က ကြားဖူးခဲ့တာက လူသေပါးစပ်ထဲကို ငွေတမတ်စေ့ ထည့်ပေးတယ်ဆိုတာက လူတွေသေပြီးတဲ့နောက် မြစ်ကြီးတစ်စင်းရှိရာကို ရောက်သွားတတ်တယ်လို့ဆိုပါတယ်…အဲဒီမြစ်ကြီးဟာ မှောင်မဲနေပြီး ဟိုတဖက်ကမ်းကို မမြင်ရပါဘူး တဲ့… သေလွန်ပြီးလို့ အဲဒီမြစ်ကို ရောက်သွားသူတွေဟာ လှေတစ်စင်းနဲ့ လူတစ်ယောက်ကို တွေ့ရတတ်ပါတယ်…အဲဒီလှေနဲ့ အဲဒီလူကလွဲရင် တခြားဘာမှ မရှိဘူးလို့ဆိုပါတယ်…အဲဒီလှေပိုင်ရှင်ကပဲ သေလွန်ပြီးသူတွေကို မြစ်ရဲ့ တစ်ဖက်မှာ ရှိတဲ့ နောက်ထပ်အသစ်ဖြစ်ရမယ့် ဘဝ…ကိုပို့ဆောင်ပေးပါတယ်…ငရဲသွားရမယ့် သူဆို ငရဲကိုပို့တယ်…နတ်ပြည်သွားရမယ့်သူဆို နတ်ပြည်ကိုသွားတဲ့ လမ်းကိုပို့တယ်…လူပြန်ဖြစ်ရမယ့် သူဆိုရင်လည်း လူ့ပြည်ပြန်ပို့တယ်…တိရိစ္ဆာန်နဲ့ တခြားဘုံဘဝတွေကိုလည်း အဲဒီလူကပဲ ပို့ဆောင်ပေးပါတယ်…

ဒါပေမယ့် အလကားပို့တာမဟုတ်ပဲ ပုိ့ခ ငွေတမတ်ပေးကြရပါတယ်…သေပြီးလို့ သူ့အနားရောက်လာတဲ့ သူတွေကို လှေပိုင်ရှင်က ငွေတမတ်ပါမပါမေးပါတယ်…မပါရင် မပို့ပေးပါဘူး…အဲလို မပို့ပေးပဲ ချန်ထားခံရသူတွေဟာ မကျွတ်မလွတ်တဲ့ သရဲတစ္ဆေ ဝိဥာဉ်တွေဘဝမှာပဲ နေကြရတယ်…လို့ဆိုကြတယ်…

လှေနဲ့ပို့တာဖြစ်လို့ ပို့ခအဖြစ်ယူတဲ့ ငွေကို ကူးတို့ခလို့ ခေါ်ကြခြင်း ဖြစ်ပါတယ်…လို့ တချို့က ပြောကြတယ်…

######

အထက်မှာ ပြောပြခဲ့တဲ့ ကူးတို့ခ ငွေတမတ်ကိစ္စဟာ စာရေးသူ ငယ်ငယ်က ပုံပြင်တစ်ပုဒ်လို နားထောင်ခဲ့ရပြီး အမှန်ပဲလို့ ထင်မြင်ယူဆ မိခဲ့ပါတယ်…

ဒါပေမယ့် အရွယ်ရောက်ပြီးလို့ စာပေတွေ ဖတ်ရှု့ရင်း တရားတွေနာရင်းနဲ့ တခြား ပြင်ပ ဗဟုသုတတွေကြောင့် ထပ်ပြီး ကြားသိခဲ့ရတဲ့ ကူးတို့ခ တမတ်ကိစ္စကတော့….

ဟိုးရှေးယခင် ခေတ်ကာလတွေက င်္သချိုင်းကုန်းတွေမှာ နေကြတဲ့ သုဘရာဇာ မိသားစုတွေဟာ လူတန်းစားတရပ်အဖြစ် ခွဲခြားနှိမ့်ချခံရတာမျိုးတွေရှိခဲ့ပါတယ်…

သူတို့ဟာ င်္သချိုင်းမှာနေသူတွေဆိုပြီး သူတို့ရွာထဲလာရင် မြို့ထဲလာရင် ရွာခံမြို့ခံတွေက မကြိုက်ကြပါဘူး…အယူသီးသူတွေက ရွာနာတယ် မြို့နာတယ်လို့ ယူဆကြလို့ပါပဲ…

ဒါပေမယ့် အခုလိုတိုးတက်လာတဲ့ ခေတ်အခြေအနေမှာတော့ အဲဒီလို အယူအဆ အစွဲအလမ်းတွေက မရှိတော့ သလောက်ကို ရှားသွားပါပြီ…အရှင်းကြီး ပျောက်ကွယ်သွားတာမျိုးတော့ မဟုတ်သေးပါဘူး…တစ်ချို့အရပ်ဒေသတွေမှာ ယခုအချိန်ထိ ခွဲခြားဆက်ဆံနေကြတုန်းပါပဲ….

ကူးတို့ခ ငွေကိစ္စနဲ့ လူသေပါးစပ်ထဲက ငွေတမတ်ကိစ္စကို ပြန်ဆက်ပါမည်…

ဟိုးရှေးခေတ်အခါတွေက ငွေတမတ်ဆိုတာ တော်တော်တန်ဖိုးရှိပါတယ်….

အဲဒီခေတ်ကာလမှာ သုဘရာဇာ အလုပ်လုပ်လုပ်သူတွေဟာ…လူသေလို့ အသုဘလာချတဲ့ အခါ ငွေကြေးတစုံတရာ တောင်းဆိုပိုင်ခွင့်မရှိပါဘူး…

လူသေအလောင်းရဲ့ ပိုင်ရှင်တွေက သဒ္ဓါကြေးအဖြစ်နဲ့ကော…သေသူကို ကောင်းမွန်စွာ သဂြိုလ်ပေးစေချင်လို့ပါ…သုဘရာဇာတွေအတွက် ငွေတမတ်စေ့ကို သူသေတွေရဲ့ ပါးစပ်ထဲကို ထည့်ပြီးပေးလိုက်ကြတာလို့ ဆိုပါတယ်… သုဘရာဇာတွေက သေသူကို သဂြိုလ်ကာနီးမှာ သေသူရဲ့ ပါးစပ်ထဲက ငွေတမတ်စေ့ကို ထုတ်ယူပြီး ကောင်းကောင်းမွန်မွန်သဂြိုလ်ပေးကြပါတယ်…

#####

ကူးတို့ခ ငွေတမတ်ကိစ္စကွဲလွဲနေခြင်းမှာလဲ အမှန်တရားက ဘာဆိုတာ အတိအကျ မသိပါဘူး…

လှေကိစ္စကတော့ ဘယ်လိုမှ ဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့တော့ ထင်ပါတယ်…ဖြစ်နိုင်တယ်ပဲထားပါဦး…သုဘရာဇာတွေကကော ဘာအခကြေးငွေမှ မရပဲ ဘယ်လိုအသက်ရှင်ရပ်တည်ကြမလဲ…ဘယ်လိုလူကကော ပိုက်ဆံပါနေတာသိသိကြီးနဲ့ မယူပဲနဲ့ နေမှာလဲ…အဲဒီငွေတမတ်က ဘဝကူးပေးတဲ့ လှေသမားကြီးဆီ ရောက်စရာအကြောင်းကို မရှိဘူးလို့တော့ ထင်မြင်မိပါတယ်…

ဖြစ်နိုင်ချေတွေကို သုံးသပ်တင်ပြခြင်းသာ ဖြစ်လို့ အမှန်ပါလို့တော့ လှေနံဓားထစ်မမှတ်ယူကြပါနဲ့…အမှန်ပါလို့လဲ သက်သေ မခံနိုင်ပါဘူး…

တချို့ချို့သော အကြောင်းအရာတွေဟာ ကျွန်တော်တို့ သာမာန်လူတွေ မမြင်နိုင် မကြားနိုင် မသိနိုင် အဖြေမထုတ်နိူင်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေအဖြစ် ရှိနေဆဲဆိုတာကိုတော့ စာဖတ်သူတုိ့ သိပြီးသားဖြစ်ပါလိမ့်မယ်….

########

အခုအချိန်က စပြီး အငြိုးကြီးတဲ့ သုဘရာဇာကြီး အကြောင်းကိုပြောပြတော့မှာ ဖြစ်တဲ့အတွက် နောက်ဆုံးအနေနဲ့ ရှင်းပြချင်တာ တစ်ခုက….

တောနယ်တွေဘက်မှာ အသုဘချတဲ့ အခါ ဟိုးအရင်က ထမ်းစင်နဲ့ ချကြပါတယ်…တစ်ချို့နယ်ဘက်တွေမှာလည်း မြင်းလှည်း နွားလှည်း တွန်းလှည်း စသည်များဖြင့် သယ်ဆောင်ပြီး ချတတ်ကြပါတယ်…

ခေတ်ကာလတွေ ပြောင်းလဲလာပြီးနောက်ပိုင်းမှာတော့… ယခုဆိုလျှင် ကားတွေနဲ့ ချကြသလို…ထော်လာဂျီ {တုတ်တုတ်} စသည်များဖြင့် အသုဘ အခေါင်းကိုတင်ဆောင်ပြီး ချနေကြပါပြီ…

ယခုစာရေးသူ ပြောပြမယ့် အကြောင်းအရာမှာပါမယ့် ရွာလေးမှာ ဟိုးအရင် မတိုးတက်ခင် အသုဘချစဉ်က တွန်းလှည်းကို အသုံးပြုပြီး သေသူရဲ့ အလောင်းကို ထည့်ထားတဲ့ အခေါင်းကို တွန်းလှည်းပေါ်တင်ပြီး င်္သချိုင်းကုန်း ခေါ် လူသေမြှုပ်နှံရာ သုဿ န်သို့ ပို့ဆောင်ခဲ့ ကြသည့် ဓလေ့တရပ်ရှိခဲ့ဖူးပါတယ်…

တွန်းလှည်းအကြောင်းပြောနေခြင်းက အခု ပြောပြမယ့် ဇာတ်လမ်းအတွက် အဲဒီ တွန်းလှည်းကြီးက အဓိကနေရာကနေ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်…

##########

အငြိုးကြီးတဲ့ သုဘရာဇာကြီး
~~~~~~~~~~~~~~~~~~~~

ကံလှရှာ…

ကံလှရွာဆိုတာက ဧရာဝတီတိုင်းထဲမှာပါဝင်တဲ့ ကျေးရွာတစ်ရွာပေါ့… ကံလှရွာလေးဟာ အရမ်းကိုသာယာပြီး တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်… ဗမာလူမျိုးကတော့ အများဆုံးနေထိုင်ကြပါတယ်…

ကံလှရွာလေးမှာ မှီတင်းနေထိုင်ကြတဲ့ ရွာသူရွာသားအများစုက လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြသလို ဧရာဝတီမြစ်ကမ်းနဖူးမှာ ရှိတဲ့ ရွာလေးဖြစ်လို့ တံငါလုပ်ငန်းနဲ့ အသက်မွေးကြသူတွေလည်း ရှိကြပါတယ်…

ရွာလေးရဲ့ ထိပ်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိနေပြီး…အဲဒီဘုန်းကြီးကျောင်းရဲ့ နံဘေးမှာတော့ ကံလှရွာရဲ့ င်္သချိုင်းကုန်းဆိုတာ ရှိပါတယ်…

အဲဒီ င်္သချိုင်းကုန်းမှာ ဦးထိန်ဆိုတဲ့ သုဘရာဇာကြီး တစ်ယောက်ရှိတယ်…ဦးထိန်ဆိုတဲ့ သုဘရာဇာကြီးက ကံလှရွာမှာ မွေးတဲ့ ရွာခံတစ်ယောက်တော့ မဟုတ်ပါဘူး… အရင်က ဦးထိန်ဘယ်မှာနေခဲ့တယ်ဆိုတာကိုလည်း ဘယ်သူမှ မသိကြပါဘူး…

ဒါပေမယ့် ဦးထိန်ကံလှရွာပြင်က င်္သချိုင်းကုန်းကို ရောက်နေခဲ့တာ ၁၀နှစ်ကျော်နေပါပြီ…ဦးထိန်က သဘောကောင်းတယ်…စကားနည်းတယ်…အရက်သောက်တတ်ပေမယ့်…ဘယ်သူ့ကိုမှ ပြဿ နာ မရှာဖူးသလို ဘယ်သူနဲ့မှလည်း ပြဿ နာမတက်ခဲ့ဖူးပါဘူး…ဦးထိန်အရက်မသောက်ထားတဲ့ အချိန်တွေဆို င်္သချိုင်းကုန်းဘေးနားမှာရှိတဲ့ ဘုန်းကြီးကျောင်းက ဝေယာဝိစ္စတွေကို ကူလုပ်ပေးကြပါ…

ကံလှရွာလေးက င်္သချိုင်းကုန်းကို ဦးထိန်ရောက်မလာခင်က သုဘရာဇာတစ်ယောက်တော့ရှိခဲ့ဖူးတယ်…ဦးထိန်အရင် ရှိနေခဲ့တဲ့ သုဘရာဇာကြီး ကွယ်လွန်သွားပြီး ဦးထိန်ရောက်မလာခင် အထိ အဲဒီင်္သချိုင်းကုန်းမှာ သုဘရာဇာ အဆက်ပြတ်နေခဲ့တယ်…အဲဒီလို သုဘရာဇာ မရှိခင် အချိန်တွေတုန်းကတော့ ရွာထဲက လူတွေသေရင်…ရွာခံတွေကပဲ သဂြိုလ်ပေးကြပါတယ်…

ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိတဲ့ ဦးထိန် …ရောက်လာတော့ တာဝန်တစ်ခုပေါ့ သွားတယ်လို့ ရွာခံတွေက သတ်မှတ်ပြီး ဦးထိန် င်္သချိုင်းကုန်းနေပြီး လူသေတွေကို မြှပ်ပေးတဲ့ သုဘရာဇာအလုပ်လုပ်တာကို ဘယ်ရွာခံကမှ မကန့်ကွက်ခဲ့ကြပါဘူး…

ဦးထိန်ရောက်စကတော့ မကန့်ကွက်ပေမယ့် မယုံသင်္ကာနဲ့ စောင့်ကြည့်နေခဲ့ကြသူတွေတော့ ရှိတာပေါ့…

အချိန်တွေကြာလာတဲ့ အထိ ဦးထိန်မှာ အပြစ်ပြောစရာ တစ်ခုမှ မရှိလေတော့…ဦးထိန်ကို ထပ်ပြီး စောင့်ကြည့်မနေကြတော့ပါဘူး…တဖြေးဖြေးနဲ့ ရွာသူရွာသားတွေက ဦးထိန်ကို ခင်လာကြတယ်…

ဦးထိန်က ရွာထဲကို သိပ်မလာဘူး…သူ့ဘာသူ င်္သချိုင်းကုန်းမှာပဲ အေးအေးဆေးဆေးနေတတ်တယ်…ဦးထိန်လာတယ်ဆိုရင်လည်း သူသောက်စရာ အရက်ကုန်လို့ လာဝယ်တာပဲ ရှိတယ်…ဦးထိန်တစ်ယောက်ဘာတွေစားပြီး ဘယ်လိုနေတယ်ဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး…

ဒီလိုနဲ့ နေလာကြရင်း တစ်ရက်မှာတော့…ကံလှရွာလေး… ရွာနာမည်နဲ့ မလိုက်အောင် ကံဆိုးမိုးမှောင်ကြစေမယ့် ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်…

ဘာကိစ္စလည်းဆိုတော့ …

ကံလှရွာရဲ့ ကွမ်းတောင်ကိုင်ဆိုလဲ ဟုတ်…ရွာလူကြီးရဲ့ တူမဆိုလဲ ဟုတ်တဲ့…ခင်ခင်ထားဆိုတဲ့ မိန်းမချောလေးတစ်ယောက် အဓ္ဓမအကျင့်ခံရပြီး အသတ်ခံရထားရတာကို ခင်ခင်ထားပျောက်လို့ လိုက်ရှာကြတဲ့ ရွာသားတွေက င်္သချိုင်းကုန်းထဲမှာ ခင်ခင်ထားရဲ့ ရုပ်ပျက်ဆင်းပျက်နဲ့ အရှက်မဲ့နေတဲ့ အလောင်းကို တွေ့ရှိခဲ့ကြရာကနေ အစပြုခဲ့ခြင်းဖြစ်ပါတယ်…

ခင်ခင်ထားရဲ့ အရှက်မဲ့ အသက်မဲ့နေတဲ့ အလောင်းကိုကြည့်ပြီး ဒေါသထွက်နေတဲ့ ကံလှရွာသူရွာသားတွေက ခင်ခင်ထားကို အခုလို ရက်ရက်စက်စက်သတ်တဲ့ လူဟာ သုဘရာဇာကြီး ဦးထိန်ပါလို့ ဝိုင်းစွပ်စွဲကြပြီး ဦးထိန်က သူမဟုတ်ကြောင်း တောင်းပန်နေတဲ့ကြားက ဦးထိန်ကို ဝိုင်းရိုက်ပြီး မသေမရှင်ဖြစ်နေတဲ့ ဦးထိန်ကို အရှင်လတ်လတ်မီးရှို့ပြီး သတ်လိုက်ကြတယ်…

ဦးထိန်ကို သတ်နေတဲ့ အချိန်မှာ ရွာကျောင်းဆရာတော်က ဝင်တားခဲ့သေးပေမယ့် ဒေါသထွက်နေတဲ့ ရွာသူရွာသားတွေက ဆရာတော်ရဲ့ စကားကိုတောင် နားမထောင်ကြတော့ပဲ သူတို့လုပ်ချင်သလို လုပ်လိုက်ကြတယ်…

ဦးထိန်မသေခင်လေးမှာ သူ့ကို ရက်ရက်စက်စက် ဝိုင်းသတ်နေကြတဲ့… ရွာသူရွာသားတွေကို စကားတစ်ခွန်းပြောသွားတယ်…

*ဒီကိစ္စက ငါနဲ့မဆိုင်ဘူး…မင်းတို့တွေ ငါ့ကို ရက်ရက်စက်စက်အခုလို လုပ်ကြတယ်…မင်းတို့ကို ငါခွင့်မလွှတ်ဘူး…မင်းတို့လည်း ငါသေသလို အသေဆိုးနဲ့ သေရစေမယ် …*
လို့ပြောပြီး ဒဏ်ရာ ဗလပွနဲ့ မချိမဆံ့ခံစားရင်း အသက်ထွက်သွားခဲ့တယ် …

ဦးထိန်ကို ရွာသားတွေ သတ်လိုက်ကြတဲ့ နေ့က

***သောကြာနေ့…***

#####

ခင်ခင်ထားသေတဲ့ ကိစ္စကြောင့် ဦးထိန်ကို သတ်လိုက်ကြပြီး နောက်တစ်ပတ် …

သောကြာနေ့ ည…

အချိန်က ည၁၂ နာရီ တိတိ…

တိတ်ဆိတ်ငြိမ်သက်ပြီး အိပ်မောကြနေတဲ့ ကံလှရွာလေးမှာ… ရုတ်တရက် ခွေးတွေ ဆူညံစွာ ထိုးအူတဲ့ အသံကိုစတင်ကြားလိုက်ရတယ်….

ဝူးးးး အူးးး အုးးး အူးးးး

တစ်ရွာလုံးမှာ ရှိတဲ့ ခွေးတွေ တစ်ပြိုင်နက်ထဲ စူးစူးဝါးဝါး အူကြ ဟောင်ကြလို့ တစ်ရွာလုံး လန့်နိုးလာကြတယ်…

ဘာဖြစ်လို့ ခွေးတွေဒီလောက်ဟောင်နေကြတာလဲ လို့ တွေးနေကြရင်းပေါ့…တစ်ချို့ လည်း အိမ်တံခါးဖွင့်ပြီး အိမ်ပြင်ကို ထွက်ကြည့်ကြတယ်…

ဘာမှ မတွေ့ကြလို့ အိမ်ထဲ ပြန်ဝင်ကြတဲ့ အချိန်မှာပဲ…

ခွေးဟောင် သံတွေ ခွေးအူသံတွေ ပျောက်သွားပြီး…ရွာထိပ်ဘက်ဆီကနေ အသံတစ်သံကို စကြားလိုက်ရတယ်….

ကျွီ…ကျွီ…ဒလုံး…ဒလုံး…ကျွီ….

အဲဒီ အသံကို စကြားလိုက်ရတာက ရွာထိပ်ဘက်မှာ နေတဲ့ အိမ်တွေကပေါ့…

အချိန်မတော်ကြီး ဘယ်သူကများ လှည်းမောင်းလာတာလဲ… ခွေးတွေ အူပြီးကတည်းက ကြက်သီးတွေထပြီး ချက်ချင်းပြန်အိပ်မပျော်ကြသေးတဲ့ ရွာထိပ်ဘက်မှာ နေသူတွေက…သူတို့ကြားနေရတဲ့ ကျွီ…ကျွီ သံကို နွားလှည်းတစ်စီး မောင်းဝင်လာတာလို့ ထင်လိုက်ကြပြီး

ဘယ်သူဘယ်ဝါပါလိမ့်ဆိုပြီး ထွက်ကြည့်ကြတော့….

ရွာထိပ်ဘက်ကနေ လာနေတဲ့ သူတို့ထင်ထားတဲ့ အသံဟာ နွားလှည်းတစ်စီးမဟုတ်ပဲ…ရွာပြင်င်္သချိုင်းက ဇရပ်ကြီးမှာ ထားတဲ့ လူသေအခေါင်းတင်တဲ့ တွန်းလှည်းကို လူတစ်ယောက်က တွန်းပြီး ဝင်လာနေတာကို တွေ့လိုက်ကြရတယ်…

ဘယ်သူပါလိမ့်…ဒီအချိန်ကြီး ဘာလို့ ဒါကြီးကို တွန်းလာပါလိမ့်…ရွာထဲမှာ ဘယ်သူသေလို့လဲ…စတဲ့ အတွေးတွေနဲ့ မှောင်နေလို့ လှည်းတွန်းလာသူကို မမြင်ရသေးခင် အိမ်ထဲပြန်မဝင်ကြသေးပဲ… အတွေးကိုယ်ဆီနဲ့ စောင့်ကြည့်နေကြတုန်းမှာပဲ….

တဖြေးဖြေးနီးလာတဲ့ အသုဘတွန်းလှည်းကြီးကို တွန်းလာတဲ့ သူကို သဲသဲကွဲကွဲ မြင်လိုက်ကြတယ်…ပြီးတော့ တွန်းလှည်းပေါ်မှာလဲ လူလို့ထင်ရတဲ့ အရာတစ်ခုပါလာတာကိုပါ တွေ့လိုက်ကြရတယ်…

တွန်းလှည်းကို တွန်းလာတဲ့ သူက ပြီးခဲ့တဲ့ သောကြာနေ့က သူတို့တရွာလုံးက ရက်ရက်စက်စက် ဝိုင်းရိုက်ပြီး အရှင်လတ်လတ်မီးရှို့ သတ်ခဲ့တဲ့ ရွာပြင်င်္သချိုင်းမှာနေတဲ့ သုဘရာဇာကြီး ဦးထိန်…

ဦးထိန် တွန်းလာတဲ့ တွန်းလှည်းပေါ်မှာ ပါလာတဲ့ သူက… ခင်ခင်ထား…

#######

အဲဒီ မြင်ကွင်းကို မြင်လိုက်ကြသူတွေထဲမှာ တစ်ချို့က နေရာမှာပဲ မေ့လဲသွားကြတယ်…

တစ်ချို့က ကြောက်လန့်ပြီး အဲဒီမြင်ကွင်းကို ကြက်သေသေပြီး ကြောင်ကြည့်နေကြတယ်…

တစ်ချို့က ကြောက်လန့်တကြား အိမ်ထဲကို ဝင်ပြေးကြတယ်….

#####

တွန်းလှည်းကြီးကို ဦးထိန်က ရွာထဲအထိ ခေါက်တုန့်ခေါက်ပြန်တွန်းသွားနေတာ တစ်ညလုံးနီးပါးဆိုတော့..
ရွာသူရွာသားတွေ အကုန် ဦးထိန်နဲ့ သူ့ရဲ့ တွန်းလှည်းကြီး…နောက်တော့ လှည်းပေါ်မှာ လဲလျောင်းနေတဲ့ ခင်ခင်ထားကို မြင်လိုက်ကြရတယ်…

ရွာထဲမှာ တွန်းလှည်းကြီးကို လျှောက်တွန်းနေတဲ့ အသံကို တစ်ညလုံးကြားပြီး ဘယ်သူမှ အိပ်မပျော်ကြတော့ သလို… ဘုရားတရင်းကြာက်လန့်နေကြတယ်…

မိုးလင်းခါနီး ၃နာရီခွဲကျော်လောက်မှာ တွန်းလှည်းကြီးကို တွန်းနေတဲ့ အသံပျောက်သွားတယ်…ဒါပေမယ့် ဘယ်သူမှ ထွက်မကြည့်ဝင့်ကြဘူး…

######

တွန်းလှည်းကြီးကို တွန်းနေတဲ့ အသံပျောက်သွားပြီး သိပ်မကြာခင်မှာတော့…ရွာထဲက အိမ်တစ်အိမ်ကနေ အသံတစ်သံထွက်လာတယ်….

*ကယ်ကျပါအုံး…ကျမ ယောက်ျားဘယ်ဖြစ်တာလဲ မသိဘူး…ခေါ်လို့မရတော့ဘူး…ကယ်ကြပါ အုံး…ရှင်…. ကိုထွန်းရင် …ကိုထွန်းရင် ထပါအုံး…ကိုထွန်းရင်…*
*အဖေ …အဖေ…အီးးး…ဟီးးး ဟီးးး*

ကိုထွန်းရင်ရဲ့ မိန်းမနဲ့ ကလေးတွေရဲ့ အော်သံတွေ ငိုသံတွေကို ကြားလိုက်ရလို့…ကိုထွန်းရင်တို့ အိမ်နီးနားချင်းတွေက မနေသာလို့ အရဲစွန့်ပြီး ထွက်လာကြပြီး…ကိုထွန်းရင်ရဲ့ အိမ်ကို အသွား…ကိုထွန်းရင်ရဲ့ အိမ်ရှေ့မှာ…သူတို့တွေ့လိုက်ရတဲ့ အရာကြောင့်… ကိုယ့်အိမ်ကိုယ်ပြန်ပြေးသွားကြတယ်….

ကိုထွန်းရင်ရဲ့ အိမ်ရှေ့မှာ သူတို့တွေ့လိုက်ရတဲ့ အရာက….

သုဘရာဇကြီး ဦးထိန်…ခင်ခင်ထားကို တင်ပြီး ညက တစ်ညလုံးနီးပါး လျှောက်တွန်းနေတဲ့… အသုဘ တွန်းလှည်းကြီးကို ကိုထွန်းရင်ရဲ့ အိမ်ရှေ့တည့်တည့်မှာ ရပ်ထားခဲ့တယ် ဆိုတာကို တွေ့လိုက်ကြလို့ပါပဲ…

######

မိုးစင်စင်လင်းပြီး နေအတော်မြင့်မှ ရွာသားတွေလည်း ထွက်လာရဲပြီး ကိုထွန်းရင်ရဲ့ အသုဘကိစ္စကို ဝိုင်းဝန်းကူညီပေးကြတယ်…အသုဘ တွန်းလှည်းကြီးကို ရွာပြင် င်္သချိုင်းမှာ ပြန်ထားဖို့ တွန်းပြီး ရွှေ့ကြပေမယ့်… ဘယ်လိုမှ တွန်းမရဘူး ဖြစ်နေတယ်…

ရွာကျောင်းဆရာတော်ဆီ အပြေးအလွှားနဲ့သွားပြီး ညက ဦးထိန်ကိစ္စနဲ့ ကိုထွန်းရင်ကိစ္စ နောက်တော့ တွန်းလှည်းကြီးတွန်းမရတဲ့ ကိစ္စတွေကို လျှောက်တင်ကြတော့…ဆရာတော်ရဲ့ မျက်နှာပျက်သွားပြီး မကြည်မသာနဲ့ပဲ ကိုထွန်းရင်ရဲ့ အသုဘအိမ်ကို ကြွလာတယ်…

ဆရာတော်ကြီး ကိုထွန်းရင် အိမ်ရောက်တော့… ချက်ချင်း သရဏဂုံတင်ပေးပြီး…ကိုထွန်းရင်ရဲ့ အလောင်းကို တွန်းလှည်းပေါ်တင်ပြီး တွန်းတော့မှ တွန်းလှည်းကြီးက တွန်းလို့ရတော့တယ်…

ဆရာတော်ကပဲ…ကိုထွန်းရင်ရဲ့ အလောင်းကို တစ်ခါတည်း ရွာပြင် င်္သချိုင်းကို ရွေ့ထားကြဖို့နဲ့…နေ့မကူးခင် တစ်ခါတည်း သဂြိုလ်လိုက်ကြဖို့ မိန့်တာနဲ့ ဆရာတော်ရဲ့ စကားအတိုင်း ဆောင်ရွက်လိုက်ကြတယ်….

ကိုထွန်းရင်ကို သဂြိုလ်ပြီးတာနဲ့ ကြောက်လန့်နေကြတဲ့… ရွာသူရွာသားတွေက..ဆရာတော့်ကို…ဦးထိန်ကိစ္စကို ကူညီဖြေရှင်းပေးဖို့ လျှောက်တင်ကြတယ်…

ဆရာတော်က သတ္တဝါတစ်ခု ကံတစ်ခုပဲ ဒါကာတို့… မင်းတို့ ပြုတဲ့ ဒဏ်မင်းတို့ပြန်ခံရတော့မယ်…ဘုရားတရား မြဲကြပါ… ဦးထိန်နဲ့ သေသူတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှု့တွေလုပ်ကြပါ…အမျှအတန်းဝေပေးကြပါ…မေတ္တာပို့ပေးကြပါလို့… မိန့်ပြီး မျက်နှာမသာမယာနဲ့ ကျောင်းပေါ်ပြန်ကြွသွားပြီး ဘာစကားမှ ထပ်မပြောတော့ပဲ ဘုရားရှစ်ခိုး မေတ္တာပို့ နေတော့တယ်….

######

ပထမဆုံး သုဘရာဇာကြီး ဦးထိန်ရဲ့ အငြိုးကြောင့် စျေးဦးပေါက်သွားသူက ကိုထွန်းရင်..

ဒါပေမယ့် အဲဒီကိစ္စက ကိုထွန်းရင်နဲ့တင် ပြီးမသွားခဲ့ပါဘူး…

အပတ်စဉ်သောကြာနေ့ ည ၁၂နာရီထိုးတိုင်း… ခွေးအူသံတွေကြားရပြီးပြီဆိုတာနဲ့…တွန်းလှည်းကြီးကို တွန်းပြီး ရွာထဲကိုဝင်ဝင်လာတတ်တဲ့…သုဘရာဇာကြီး ဦးထိန်နဲ့…သူ့ရဲ့ တွန်းလှည်းပေါ်က ခင်ခင်ထားကို တွေ့ကြရပြီး…တွန်းလှည်းတွန်းသံပျောက်သွားတိုင်း ရွာထဲက အိမ်တစ်အိမ်မဟုတ် တစ်အိမ်ဆီက လူသေလို့ အော်ဟစ်ငိုကျွေးသံတွေ ထွက်လာတတ်တယ်…

အဲဒီလို ငိုသံထွက်လာပြီဆိုတာနဲ့ သွားကြည့်စရာမလိုပဲ…ဦးထိန်ရဲ့ အသုဘလှည်းကြီးက အဲဒီ ငိုသံတွေထွက်လာတဲ့ အိမ်ရှေ့မှာ ရပ်ထားခဲ့တယ်ဆိုတာ လူတိုင်း သိနေကြတယ်…

#######

တစ်ပတ်တစ်ယောက်နဲ့ အလှည့်ကြသေနေကြတော့…တစ်ချို့လည်း ကြောက်လန့်ပြီး ရွာပါပြောင်းပြေးကြတယ်…

ဘယ်လိုပဲ ပြောင်းပြေးပြောင်းပြေး…သောကြာနေ့ညရောက်လို့ ဦးထိန်ရဲ့ လှည်းကြီးက အဲဒီပြောင်းပြေးသွားသူတွေရဲ့ ရွာမှာကျန်ခဲ့တဲ့အိမ်ရှေ့မှာ ရပ်ထားခဲ့တယ်ဆိုရင်…အဲဒီပြောင်းပြေးသွားတဲ့ သူတွေထဲက ကြိုက်တဲ့နေရာကိုပြောင်း ပြောင်းတဲ့နေရာမှာ သေရောပဲ…

အဲလိုပြောင်းပြေးလူတွေအတွက် ပိုဆိုးတာက…လူသေယုံမကပဲ…သေသွားတဲ့ လူရဲ့အလောင်းကို မ မရ ရွှေ့မရဖြစ်နေတတ်တယ်…

အဲဒီလို မ မရ ရွှေ့မရ ဖြစ်နေလို့ တတ်သိနားလည်တဲ့ ဆရာတွေ…ဘုန်းကြီးတွေနဲ့ တိုင်ပင်ကြည့်တဲ့ အခါ…သေဆုံးသွားသူရဲ့ အဝတ်အစားတစ်စုံရယ် စီးတဲ့ ဖိနပ်ကိုယူပြီး…ကံလှရွာမှာ ကျန်နေခဲ့တဲ့ သူတို့အိမ်အဟောင်းရှေ့မှာ ရပ်ထားတဲ့ ဦးထိန်ရဲ့ တွန်းလှည်းကြီးပေါ် သွားတင်မှ တွန်းလှည်းကြီးကိုလည်း ရွာပြင် င်္သချိုင်းကို ပြန်ရွှေ့လို့ရကြပါတယ်…

တခြားနေရာမှာ သေသွားသူတွေရဲ့ အဝတ်အစားအသုံးဆောင်တွေကိုလည်း ကံလှရွာပြင် င်္သချိုင်းကုန်းမှာ အရင်မီးရှို့ သဂြိုလ်ပေးရတယ်… အဲဒီလို လုပ်ပေးမှ သေသူရဲ့ အလောင်းကို မလို့ ရွှေ့လို့ ရပြီး သေသူသေဆုံးသွားတဲ့ သက်ဆိုင်ရာ ရွာမှာ သဂြိုလ်လို့ရပါတယ်…

######

ကံလှရွာက ပြောင်းပြေးတာတောင်…အဲဒီလို အဖြစ်ဆိုးတွေ ကြုံနေရတယ်ဆိုတော့ ဘယ်သူမှ ထပ်မပြောင်းပြေးရဲတော့ဘူးပေါ့…

အထက်ပါကိစ္စတွေက အပတ်စဉ်သောကြာနေ့တိုင်း ဖြစ်ဖြစ်နေတာဆိုတော့ ကံလှရွာလေးဟာ အရင်လို နေချင်စရာမကောင်းတော့ဘူး…ရွာသူရွာသားတွေထဲက ကလေးကအစ လူကြီးပါမကျန်နောက်အပတ် သောကြာနေ့ည ရောက်ရင် ငါသေရတော့မှာလားဆိုတဲ့ အတွေးနဲ့ အသက်ရှင်နေကြရတာဆိုတော့… စိတ်ဆင်းရဲ ကိုယ်ဆင်းရဲပြီး ကျန်းမာရေးပါ ထိခိုက်လာကြတော့တယ်…

သုဘရာဇာကြီး ဦးထိန်ကိစ္စနဲ့ ကံလှရွာအကြောင်းကို ရွာနီး ချုပ်စပ်ပါမက…မြို့ပေါ်က လူတွေပါ သိကုန်ကြတယ်…

တတ်သိနားလည်တဲ့ ဆရာတော်တွေ … အထက်လမ်းဆရာကြီးတွေကပါ ကံလှရွာလေးကို ကယ်တင်ဖို့ရောက်လာကြပေမယ့်…

ရွာသားတွေ ကိုယ်တိုင်က အမှားကျူ းလွန်ထားခဲ့သလို… သူတို့သတ်လို့ သေသွားရတဲ့ သုဘရာဇာကြီး ဦးထိန်ရဲ့ အငြိုးအတေးကလည်း အရမ်းကြီးနေတော့…ဘယ်လိုမှ ကူညီဆောင်ရွက်ပေးလို့မရဘူးဖြစ်နေတယ်…

အငြိုးအတေးကြီးရဲ့ မကျွတ်မလွတ်သူ ဦးထိန်က ခင်ခင်ထားရဲ့ ဝိဥာဉ်ကိုပါ ဖမ်းချုပ်ထားပြီး ဘဝပေးမကူးဘူး တဲ့… နင့်ကြောင့် ငါ ဒီလိုသေရတာဆိုပြီး …ခင်ခင်ထားကိုပါ အငြိုးအတေးထားခဲ့တယ်…

ဦးထိန်ရဲ့ ဝိဥာန်နဲ့ ဆက်သွယ်ပြီး မေတ္တာရပ်ခံကြတာတွေ…ဘယ်လိုလုပ်ပေးမှ ကျေနပ်နိုင်မှာလဲ ဆိုတာတွေကို မေးမြန်းပြီး နားချဖျောင်းဖျတော့…

ဦးထိန်က ဘာပြန်ပြောသလဲဆိုတော့…

သူ့ကို သတ်နေတဲ့ အချိန်မှာ ရှိနေတဲ့ ရပ်ကြည့်နေကြတဲ့…ဝိုင်းသတ်ကြတဲ့ လူတွေ အကုန်သေမှ ဒီကိစ္စပြီးမယ်…အဲဒီလူတွေထဲမှာ သူ့ကို သတ်နေတုန်းက တားတဲ့ ဆရာတော်နဲ့ တခြားကျန်တဲ့ ရွာသားတစ်ချို့ကိုပဲ အသက်ချမ်းသာပေးမယ် တဲ့ လေ…

ဦးထိန်စကားကြားရတော့ ခက်ပြီပေါ့…ဦးထိန်ကို ဝိုင်းသတ်တဲ့ အချိန်မှာ ရှိနေကြတာက တစ်ရွာလုံးနီးပါးပဲ ဆိုတော့…အဲဒီလို မလုပ်ပါနဲ့ တစ်ခြားနည်းလမ်းရွေးပြီး သက်ညှာပေးဖို့ ထပ်ပြီး တောင်းပန်ကြရပြန်တယ်…

ရွာသားတွေကလည်း သူတို့ အမှားကို တောင်းပန်ပြီး ခွင့်လွှတ်ဖို့ ပြောကြတယ်…နောက်ဆုံး ဦးထိန်က အလျော့ပေးလိုက်လျောပြီး သူ့ကို သတ်ချိန်မှာ သူရောက်နေတဲ့ အသက်အရွယ်တိုင်း ကံလှရွာမှာ သူ့ကို သတ်စဉ်က ပါခဲ့သူတွေထဲက ကံဆိုးသူတွေ သေရမယ်…အဲဒီထက် ထပ်မလျော့နိုင်ဘူး လို့ ပြောလာတယ်….

ခက်တာက ဦးထိန်က သူ့အသက်ဘယ်လောက်မှာ သေသွားတယ်ဆိုတာ ပြောမပြသွားသလို…သိနေကြတဲ့ ဆရာကြီးတွေကိုလည်း မပြောပြဖို့ တားထားတယ်…

အဲဒီလို ညှိပြီးနောက်ပိုင်း ဦးထိန်ရဲ့ ဝိဥာဉ်ကို ပြန်ခေါ်လို့ကို မရတော့ပါဘူး…ဘယ်လိုခေါ်ခေါ် မလာဘူး…မလာတာကို အတင်းခေါ်လို့ စိတ်ဆိုးပြီး သူ့စိတ်ပြောင်းသွားမှာလည်း စိုးလို့ ထပ်မခေါ်ကြတော့ပါဘူး…

ပြောဖို့ မေ့သွားတာက ဦးထိန် ကလဲ့စားချေပြီး ပြန်သတ်တဲ့ သေအောင်လုပ်တာကို ခံရတဲ့ လူတွေထဲက ပထမဆုံး သေသွားတဲ့ လူ ၃ယောက်ဟာ ခင်ခင်ထားကို င်္သချိုင်းထဲ ခေါ်လာပြီး အဓ္ဓမ ကျင့်သတ်သွားတဲ့ သူတွေလို့ ဦးထိန်ဝိဥာဉ်ကိုခေါ်မေးတုန်းက ပြောသွားတယ်…

#####

ဦးထိန်ရဲ့ အသက်ကို အတိအကျ မသိလို့ ခန့်မှန်းကြည့်ကြတော့ ၅၀ ဝန်းကျင်လို့ ခန့်မှန်းကြတယ်…

ဦးထိန်သေပြီး ဦးထိန်တွန်းလှည်းရပ်လို့ သေသွားခဲ့ကြသူတွေက ၁၂ယောက်ပဲ ရှိသေးတော့… နောက်ထပ် လူ၄၀ကျော် ဒါမှ မဟုတ် လူ၄၀နီးပါး ကျန်နေသေးတယ်ဆိုပြီး… နောက်ထပ်သေပေးရမယ့် လူတွေဟာ ဘယ်သူဖြစ်မလဲ မသေချာတော့ စိတ်ဆင်းရဲနေကြရပြန်တယ်…

ဆရာတော်ကြီးတွေက စိတ်ဆင်းရဲနေယုံနဲ့ မပြီးကြောင်း…ဘုရားတရား လုပ်ပြီး ကုသိုလ်ကောင်းမှု့တွေ များများလုပ်ဖို့ တိုက်တွန်း မိန့်ကြားလို့… အဲဒီ အဖြစ်အပျက် ဖြစ်နေစဉ်မှာပဲ ကံလှရွာ တစ်ရွာလုံး…သတ်သတ်လွတ်စားကြတယ်…ဘုရားတရား အလှူ အတန်းတွေ လုပ်ကြတယ်…

ဦးထိန်နဲ့ ညှိပြီး နောက်ပိုင်းနောက်ထပ် လူ ၃ယောက် တိတိ ဦးထိန်ရဲ့ တွန်းလှည်းကြီးကြောင့် သေဆုံးသွားကြပေမယ့်…၁၅ယောက်ပြည့်ပြီး နောက်ပိုင်းမှာတော့… သောကြာနေ့ညတိုင်း ကံလှရွာသားတွေ ကြားနေရတဲ့ တွန်းလှည်းကြီးသံကို မကြားရတော့သလို…လူတွေလည်း ထပ်မသေကြတော့ပါဘူး….

ဦးထိန်ကြီးတစ်ယောက် စိတ်ကူးပြောင်းသွားတာလား…ဒါမှ မဟုတ် ကျွတ်လွတ်သွားတာလား…အငြိုးတွေ ကလဲ့စားတွေရဲ့ ပူလောင်မှု့ကို နားလည်သွားတာလား…ဘုရားတရားမြဲလာကြတဲ့ ကံလှရွာသားတွေကို မြင်ပြီးပဲ သူ့အငြိုးတွေကို ဖြေလျှော့လိုက်လေသလားဆိုတာကိုတော့ တိတိကျကျ သိသူမရှိကြပါဘူး….

အထက်ပါ ဖြစ်ရပ်တွေဖြစ်ခဲ့ပြီးနောက်ပိုင်းကစလို့ ယနေ့အချိန်အထိ ကံလှရွာလေးမှာ နေထိုင်ကြသူ ရွာသူရွာသားတွေဟာ သတ်သတ်လွတ်ပဲ စားကြတော့သလို… ဘုရားတရားကိုင်းရှိုင်းပြီး ဘာသာရေးအရမ်းလိုက်စားကြသူတွေ အဖြစ် ဆက်လက်နေထိုင်လျှက်ရှိကြပါတော့တယ်….

#######

ပြီးပါပြီ….

လေးစားလျှက်…

မရဏဖွား

Zawgyi Version

” အၿငိဳးႀကီးတဲ့ သုဘရာဇာႀကီး ”(စ/ဆုံး)
———————————————

မူရင္းေရးသူ – မရဏ ဖြား

အၿငိဳးႀကီးတဲ့ သူ႔ဘရာဇာႀကီး အေၾကာင္းမေရးေသး
ခင္ က်ေနာ္ေလ့လာလို႔ သိခဲ့ရတာေလးေတြနဲ႔ ၾကားဖူးနားဝအေၾကာင္းအရာေလးေတြကို အရင္ဦးဆုံးေျပာျပခ်င္ပါတယ္…

*အစိမ္းေသ*ဆိုတဲ့ ပိုစ့္ကို ေရးစဥ္က ကြၽန္ေတာ္ကိုယ္တိုင္ ေသခ်ာမသိေသးတဲ့ အေၾကာင္းအရာတစ္ခုျဖစ္တဲ့ နယ္ဘက္ေတြမွာ ဟိုးအရင္က အသုဘခ်ၾကတဲ့ အခါ အေခါင္းကစားၾကတာဟာ ဘာေၾကာင့့္လဲဆိုတာကို သိသူေတြက ဗဟုသုတအေနနဲ႔ ကြၽန္ေတာ္အပါအဝင္ တျခားမသိေသးသူေတြ သိရွိႏိုင္ေစဖို႔ ေျပာျပေပးပါလို႔ ထည့္ေရးခဲ့ပါတယ္…

ေျပာျပၾကသူေတြအမ်ားႀကီးပါပဲ…မသိေသးတာေတြလည္းသိခဲ့ရပါတယ္…အဲဒီအတြက္ ေျပာျပေပးခဲ့သူအားလုံးကို ေက်းဇူးတင္ရွိပါေၾကာင္းဦးစြာပထမ ေျပာပါရေစ ခင္ဗ်ာ…

ဒါေပမယ့္ တစ္ေက်ာင္းတစ္ဂါထာ တစ္႐ြာ တစ္ပုဒ္ဆန္း ဆိုတဲ့ စကားလိုပါပဲ…ေျပာျပေပးသြားၾကသူေတြရဲ႕ စကားေတြမွာ တိက်တဲ့ အေျဖ…သမိုင္းေၾကာင္းရယ္လို႔ပါမေနခဲ့ပါဘူး…

သူတို႔ေတြရဲ႕ ကိုယ္ပိုင္ထင္ျမင္ယူဆခ်က္ေတြ…လူႀကီးသူမေတြက အဲလိုေျပာျပခဲ့တာပဲဆိုတဲ့ တစ္ဆင့္စကားေတြေလာက္ပဲ ျပန္လည္ သိရွိခဲ့ရပါတယ္…

ဒါဟာ အျပစ္တစ္ခုလို႔ေတာ့ေျပာလို႔မရပါဘူး…ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြရဲ႕ ဓေလ့ထုံးတမ္းအစဥ္အလာေတြထဲက အခ်ိဳ႕ကိစၥေတြဟာ သမိုင္းေၾကာင္းအတိအက် မရွိ…ဘယ္ကေန ဘယ္လိုေရာက္လာတယ္…ဘယ္သူဘယ္ဝါက စတင္လိုက္လို႔ အဲဒီ ဓေလ့က စတင္ျဖစ္ေပၚလာတယ္ဆိုတာမ်ိဳးေတြ မသိရပဲ အစဥ္လာတစ္ခုလို ျဖစ္ခဲ့လို႔…ေရွးလူႀကီးသူမေတြက လုပ္ခဲ့ၾကလို႔ အ႐ိုးစြဲသြားၿပီး ဒီေန႔ဒီအခ်ိန္အထိ အဲလို ဘာမွန္းမသိတဲ့ ကိစၥေတြကို မစူးစမ္းမေလ့လာပဲ လက္ခံထားခဲ့တဲ့ ကိစၥေတြ အမ်ားႀကီးရွိေနပါေသးတယ္…

အေခါင္းကစားျခင္းအေၾကာင္း ေမးခြန္းနဲ႔ ပတ္သက္ၿပီး ေျဖၾကားေပးၾကတဲ့ အေျဖစကားေတြထဲက တခ်ိဳ႕ကို ေကာက္ႏုတ္ေဖာ္ျပေပးခ်င္ပါတယ္….

#၁#အေခါင္းကစားတယ္ဆိုတာက ေသသူ ဘဝကူးေကာင္းေအာင္ ေနာက္ဆုံးအႀကိမ္အျဖစ္နဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖစ္ေစဖို႔ လုပ္ေပးတာလို႔ ၾကားဖူးတာပဲ…#

#၂#အေခါင္းကစားတာက ကစားခ်င္လို႔ ကစားတာ မဟုတ္ပါဘူး… သၤခ်ိဳင္းနဲ႔နီးလာေလ အေခါင္းက ေလးလာေလျဖစ္တတ္လို႔ လူေျပာင္းၿပီး ထမ္းၾကရာက အေခါင္းစင္ရဲ႕ အေလးခ်ိန္ေၾကာင့္ ဟန္ခ်က္မညီပဲ တဖက္ကို ေစာင္းသြားတာကို လိုက္ထိန္းရင္း လည္သလိုျဖစ္သြားၾကတာပါ…အဲလိုျဖစ္တာကို လိုက္ထိန္းရင္း ညာသံေပးၿပီး ေဟးေဟးလို႔ ေအာ္ၾကတာကို မသိသူေတြက အေခါင္းကစားတယ္လို႔ ထင္မွတ္ၾကရာက လိုက္လုပ္ၾကရင္း အေခါင္းကစားတယ္ဆိုတာ ျဖစ္လာတာပါ…က်ေနာ္ကိုယ္တိုင္ ထမ္းဖူးလို႔ သိေနလို႔ ေျပာျပတာပါ… #

#၃#အေခါင္းကစားတာက အေခါင္းက သၤခ်ိဳင္းနားေရာက္ရင္ ေလးလာတတ္တယ္…ဘာေၾကာင့္ေလးလာလဲဆိုတာကို လူႀကီးေတြေျပာျပလို႔ မွတ္မိေနတာက…သၤခ်ိဳင္းကုန္းမွာ အရင္ေရာက္ႏွင့္ ေသႏွင့္ေနတဲ့ သရဲေတြက လူသစ္ႀကိဳဆိုပြဲလုပ္ၾကသလို ေသသူဘယ္သူဘယ္ဝါဆိုတာကို အလုအယက္ တက္ၾကည့္ၾကတာတဲ့…လူသစ္ေရာက္လာလို႔ ေပ်ာ္ၿပီး အေလာင္းစင္ေပၚ အလုအယက္တက္သူက တက္…ခိုစီးသူကစီး လုပ္ၾကလို႔…အေခါင္းစင္က အေလးခ်ိန္မညီေတာ့ပဲ…လည္ထြက္သြားလို႔ လိုက္ထိန္းၾကရင္း…ေနာက္ယွက္ေနတဲ့ သရဲေတြကို ေခ်ာက္လန္႔တဲ့ အေနနဲ႔ ေဟးးး ေဟးးးလို႔ ေအာ္ၿပီး ညာသံေပး
ေမာင္းထုတ္ၾကတာလို႔ ေျပာျပဖူးပါတယ္…

#၄#အသုဘခ်ရင္ အေလာင္းစင္ကို လမ္းမွာ ခ်လို႔ မရဘူး…နားလို႔လဲ မရသလို…ျပဳတ္က်လို႔လဲ မရဘူး…အက်ိဳးအေၾကာင္းမတိုက္ဆိုင္လုိ႔ ျပဳတ္က်တာ တစ္ခုခုျဖစ္လို႔ ေအာက္ခ်ရတာျဖစ္ခဲ့ရင္ ႐ြာနာတယ္…ကပ္ဆိုးနဲ႔ ႀကဳံတတ္တယ္…လူေတြဆက္တိုက္ေသတတ္တယ္….အဲလိုေတြျဖစ္တတ္တာ သိလို႔…အေလာင္းစင္သယ္လာတဲ့ လမ္းတစ္ေလွ်ာက္မွာ မေကာင္းဆိုးဝါးေတြက ျပဳတ္မက် က်ေအာင္ ေႏွာက္ယွက္တတ္ၾကတယ္… အေလာင္းစင္ကို
ေစာင့္တြန္းတာ…တက္ခြစီးတာ…မေလးေလးေအာင္ ခိုစီးတာ…အေခါင္းထမ္းလာသူေတြ ေခ်ာ္လဲေအာင္ လုပ္တာ စသည္ျဖင့္ လုပ္တတ္ၾကတယ္…

အဲဒါကို သိေနလို႔ အေခါင္းစင္ထမ္းသူေတြရဲ႕ ေဘးနားမွာ အၿမဲတမ္း အရံလူေတြကဝိုင္းရံေပးထားရတယ္…ထမ္းေနသူေတြထဲက ထမ္းေနရင္း အေခါင္းက တစ္ခုခုထူးျခားလာတာ…သူထမ္းေနတဲ့ ဘက္က ေလးလာတာ…သူထမ္းေနတဲ့ ဘက္ကို ေစာင္းလာတာ…စသည္ျဖင့္ ထူးျခားလာၿပီ ဆိုတာနဲ႔…သတိေပးတဲ့ အေနနဲ႔… ေဟးးး ေဟးးး လို႔ ေအာ္ရင္း သတိေပးၾကတာပါ…ကြၽန္ေတာ္ကေတာ့ အဲဒီလို ၾကားဖူးထားတယ္ ဗ်…#

အထက္မွာ ေဖာ္ျပထားတဲ့ မန္႔ ၄ခုထဲက ဘယ္ဟာ ျဖစ္ႏိုင္မလဲဆိုတာကေတာ့ ကိုယ္ပိုင္ဥာဏ္ျဖင့္သာ စဥ္းစားခ်င့္ခ်ိန္ၾကည့္ၾကပါလို႔ပဲ ေျပာပါရေစ…

#####

ကြၽန္ေတာ္အခု ေရးမွာက သုဘရာဇာ တစ္ေယာက္အေၾကာင္းျဖစ္ေနလို႔ သၤခ်ိဳင္းနဲ႔ ပတ္သက္တာ…လူေသရင္ သၤခ်ိဳင္းကို ပို႔ေဆာင္ၾကတဲ့ နည္းေတြ စသည္ျဖင့္ ျပည့္စုံေအာင္ေဖာ္ျပေနျခင္းျဖစ္ပါတယ္…

သုဘရာဇာဆိုတဲ့ လူေတြ…
အေခါင္းလုပ္ၿပီးေရာင္းတဲ့ လူေတြ…
လူေသကို ေရခ်ိဳး…ဖီးလိမ္းျပင္ဆင္ေပးတဲ့ အလုပ္ကို လုပ္ကိုင္ၾကသူေတြ…ေရခဲတိုက္နဲ႔ မီးသၿဂိဳလ္စက္ေတြမွာ အလုပ္လုပ္ေနသူေတြဟာ တကယ္တမ္းေတာ့ သူမ်ားမလုပ္ ခ်င္တာေတြကို ေစတနာပါပါနဲ႔ လုပ္ေပးေနၾကသူေတြျဖစ္လို႔ အင္မတန္မွ ေလးစားဖို႔ေကာင္းပါတယ္….

ဒါေပမယ့္ အဲဒီလို လူေတြထဲက စိတ္ဓာတ္နိမ့္က်သူေတြေၾကာင့္ လူေတြ ဒုကၡေရာက္ခဲ့ရတဲ့အျဖစ္အပ်က္ေတြကို ၾကားဖူးၾကမယ္လို႔ ထင္ပါတယ္…

အေခါင္းေရာင္းသူက အေခါင္းေရာင္း
မေကာင္းလို႔ အေခါင္းကို လက္နဲ႔ပုတ္ရင္ လူေတြ ဆက္တိုက္ေသတတ္ၾကတယ္…ငယ္ငယ္က ဦးေက်ာ္ဟိန္းသ႐ုပ္ေဆာင္ထားတဲ့ video ကားၾကည့္ဖူးသူေတြ သိမွာပါ…အဲဒီ ဇာတ္ကားထဲကအတိုင္း အျပင္မွာ တကယ္ျဖစ္ခဲ့တာေတြလည္းရွိခဲ့ပါတယ္…

သုဘရာဇာက လူေသရဲ႕ အ႐ိုးေခါင္း …ဒါမွမဟုတ္…အုတ္ဂူကို လူ႐ိုးနဲ႔ ေခါက္ရင္လည္း လူေတြဆက္တိုက္ေသတတ္တယ္လို႔ၾကားဖူးပါတယ္….

ေနာက္ထပ္ရွိေသးတာက ဆရာဝန္ေတြ ေဆး႐ုံဝန္ထမ္းေတြနဲ႔ သၿဂိဳလ္စက္က ဝန္ထမ္းေတြက လူနာကုတင္…လူေသတင္တဲ့ ကုတင္ေတြကို ေခါက္ရင္ လူနာေတြ အမ်ားႀကီး ေရာက္လာတတ္သလို…လူေတြအမ်ားႀကီးေသတတ္တာလည္း ရွိပါေသးတယ္…

ဒါေတြက မလုပ္သင့္တဲ့ ကိစၥေတြပါ…
ကိုယ့္အက်ိဳးစီးပြားအတြက္ သူတပါးပ်က္စီးရာပ်က္စီးေၾကာင္း ႀကံစည္သူေတြဟာ တစ္ဘဝေတာင္ မစံရပဲ ခ်က္ခ်င္းလက္ငင္း ဝဋ္လည္တတ္တယ္ဆိုတာကိုေတာ့ ေမ့မထားၾကပါနဲ႔…ဗ်ာ…

######

ေနာက္ထပ္တစ္ခု ထပ္ၿပီးေျပာျပခ်င္တာက…
လူေသရဲ႕ပါးစပ္ထဲကို ထည့္ေပးၾကတဲ့ ကူးတို႔ခ တမတ္ေစ့ကိစၥ…

နားလည္မႈ႕ ေတြ ကြဲလြဲေနခဲ့တဲ့ အဲဒီကိစၥရဲ႕ အဓိက အေၾကာင္းအရင္း အစစ္အမွန္က ဘာျဖစ္ႏိုင္တယ္ဆိုတာကို ေလ့လာၾကည့္ခဲ့မိပါတယ္…

ငယ္စဥ္က ၾကားဖူးခဲ့တာက လူေသပါးစပ္ထဲကို ေငြတမတ္ေစ့ ထည့္ေပးတယ္ဆိုတာက လူေတြေသၿပီးတဲ့ေနာက္ ျမစ္ႀကီးတစ္စင္းရွိရာကို ေရာက္သြားတတ္တယ္လို႔ဆိုပါတယ္…အဲဒီျမစ္ႀကီးဟာ ေမွာင္မဲေနၿပီး ဟိုတဖက္ကမ္းကို မျမင္ရပါဘူး တဲ့… ေသလြန္ၿပီးလို႔ အဲဒီျမစ္ကို ေရာက္သြားသူေတြဟာ ေလွတစ္စင္းနဲ႔ လူတစ္ေယာက္ကို ေတြ႕ရတတ္ပါတယ္…အဲဒီေလွနဲ႔ အဲဒီလူကလြဲရင္ တျခားဘာမွ မရွိဘူးလို႔ဆိုပါတယ္…အဲဒီေလွပိုင္ရွင္ကပဲ ေသလြန္ၿပီးသူေတြကို ျမစ္ရဲ႕ တစ္ဖက္မွာ ရွိတဲ့ ေနာက္ထပ္အသစ္ျဖစ္ရမယ့္ ဘဝ…ကိုပို႔ေဆာင္ေပးပါတယ္…ငရဲသြားရမယ့္ သူဆို ငရဲကိုပို႔တယ္…နတ္ျပည္သြားရမယ့္သူဆို နတ္ျပည္ကိုသြားတဲ့ လမ္းကိုပို႔တယ္…လူျပန္ျဖစ္ရမယ့္ သူဆိုရင္လည္း လူ႔ျပည္ျပန္ပို႔တယ္…တိရိစာၦန္နဲ႔ တျခားဘုံဘဝေတြကိုလည္း အဲဒီလူကပဲ ပို႔ေဆာင္ေပးပါတယ္…

ဒါေပမယ့္ အလကားပို႔တာမဟုတ္ပဲ ပုိ႔ခ ေငြတမတ္ေပးၾကရပါတယ္…ေသၿပီးလို႔ သူ႔အနားေရာက္လာတဲ့ သူေတြကို ေလွပိုင္ရွင္က ေငြတမတ္ပါမပါေမးပါတယ္…မပါရင္ မပို႔ေပးပါဘူး…အဲလို မပို႔ေပးပဲ ခ်န္ထားခံရသူေတြဟာ မကြၽတ္မလြတ္တဲ့ သရဲတေစၦ ဝိဥာဥ္ေတြဘဝမွာပဲ ေနၾကရတယ္…လို႔ဆိုၾကတယ္…

ေလွနဲ႔ပို႔တာျဖစ္လို႔ ပို႔ခအျဖစ္ယူတဲ့ ေငြကို ကူးတို႔ခလို႔ ေခၚၾကျခင္း ျဖစ္ပါတယ္…လို႔ တခ်ိဳ႕က ေျပာၾကတယ္…

######

အထက္မွာ ေျပာျပခဲ့တဲ့ ကူးတို႔ခ ေငြတမတ္ကိစၥဟာ စာေရးသူ ငယ္ငယ္က ပုံျပင္တစ္ပုဒ္လို နားေထာင္ခဲ့ရၿပီး အမွန္ပဲလို႔ ထင္ျမင္ယူဆ မိခဲ့ပါတယ္…

ဒါေပမယ့္ အ႐ြယ္ေရာက္ၿပီးလို႔ စာေပေတြ ဖတ္ရႈ႕ရင္း တရားေတြနာရင္းနဲ႔ တျခား ျပင္ပ ဗဟုသုတေတြေၾကာင့္ ထပ္ၿပီး ၾကားသိခဲ့ရတဲ့ ကူးတို႔ခ တမတ္ကိစၥကေတာ့….

ဟိုးေရွးယခင္ ေခတ္ကာလေတြက သၤခ်ိဳင္းကုန္းေတြမွာ ေနၾကတဲ့ သုဘရာဇာ မိသားစုေတြဟာ လူတန္းစားတရပ္အျဖစ္ ခြဲျခားႏွိမ့္ခ်ခံရတာမ်ိဳးေတြရွိခဲ့ပါတယ္…

သူတို႔ဟာ သၤခ်ိဳင္းမွာေနသူေတြဆိုၿပီး သူတို႔႐ြာထဲလာရင္ ၿမိဳ႕ထဲလာရင္ ႐ြာခံၿမိဳ႕ခံေတြက မႀကိဳက္ၾကပါဘူး…အယူသီးသူေတြက ႐ြာနာတယ္ ၿမိဳ႕နာတယ္လို႔ ယူဆၾကလို႔ပါပဲ…

ဒါေပမယ့္ အခုလိုတိုးတက္လာတဲ့ ေခတ္အေျခအေနမွာေတာ့ အဲဒီလို အယူအဆ အစြဲအလမ္းေတြက မရွိေတာ့ သေလာက္ကို ရွားသြားပါၿပီ…အရွင္းႀကီး ေပ်ာက္ကြယ္သြားတာမ်ိဳးေတာ့ မဟုတ္ေသးပါဘူး…တစ္ခ်ိဳ႕အရပ္ေဒသေတြမွာ ယခုအခ်ိန္ထိ ခြဲျခားဆက္ဆံေနၾကတုန္းပါပဲ….

ကူးတို႔ခ ေငြကိစၥနဲ႔ လူေသပါးစပ္ထဲက ေငြတမတ္ကိစၥကို ျပန္ဆက္ပါမည္…

ဟိုးေရွးေခတ္အခါေတြက ေငြတမတ္ဆိုတာ ေတာ္ေတာ္တန္ဖိုးရွိပါတယ္….

အဲဒီေခတ္ကာလမွာ သုဘရာဇာ အလုပ္လုပ္လုပ္သူေတြဟာ…လူေသလို႔ အသုဘလာခ်တဲ့ အခါ ေငြေၾကးတစုံတရာ ေတာင္းဆိုပိုင္ခြင့္မရွိပါဘူး…

လူေသအေလာင္းရဲ႕ ပိုင္ရွင္ေတြက သဒၶါေၾကးအျဖစ္နဲ႔ေကာ…ေသသူကို ေကာင္းမြန္စြာ သၿဂိဳလ္ေပးေစခ်င္လို႔ပါ…သုဘရာဇာေတြအတြက္ ေငြတမတ္ေစ့ကို သူေသေတြရဲ႕ ပါးစပ္ထဲကို ထည့္ၿပီးေပးလိုက္ၾကတာလို႔ ဆိုပါတယ္… သုဘရာဇာေတြက ေသသူကို သၿဂိဳလ္ကာနီးမွာ ေသသူရဲ႕ ပါးစပ္ထဲက ေငြတမတ္ေစ့ကို ထုတ္ယူၿပီး ေကာင္းေကာင္းမြန္မြန္သၿဂိဳလ္ေပးၾကပါတယ္…

#####

ကူးတို႔ခ ေငြတမတ္ကိစၥကြဲလြဲေနျခင္းမွာလဲ အမွန္တရားက ဘာဆိုတာ အတိအက် မသိပါဘူး…

ေလွကိစၥကေတာ့ ဘယ္လိုမွ ျဖစ္ႏိုင္စရာအေၾကာင္းမရွိဘူးလို႔ေတာ့ ထင္ပါတယ္…ျဖစ္ႏိုင္တယ္ပဲထားပါဦး…သုဘရာဇာေတြကေကာ ဘာအခေၾကးေငြမွ မရပဲ ဘယ္လိုအသက္ရွင္ရပ္တည္ၾကမလဲ…ဘယ္လိုလူကေကာ ပိုက္ဆံပါေနတာသိသိႀကီးနဲ႔ မယူပဲနဲ႔ ေနမွာလဲ…အဲဒီေငြတမတ္က ဘဝကူးေပးတဲ့ ေလွသမားႀကီးဆီ ေရာက္စရာအေၾကာင္းကို မရွိဘူးလို႔ေတာ့ ထင္ျမင္မိပါတယ္…

ျဖစ္ႏိုင္ေခ်ေတြကို သုံးသပ္တင္ျပျခင္းသာ ျဖစ္လို႔ အမွန္ပါလို႔ေတာ့ ေလွနံဓားထစ္မမွတ္ယူၾကပါနဲ႔…အမွန္ပါလို႔လဲ သက္ေသ မခံႏိုင္ပါဘူး…

တခ်ိဳ႕ခ်ိဳ႕ေသာ အေၾကာင္းအရာေတြဟာ ကြၽန္ေတာ္တို႔ သာမာန္လူေတြ မျမင္ႏိုင္ မၾကားႏိုင္ မသိႏိုင္ အေျဖမထုတ္ႏိူင္တဲ့ သဘာဝလြန္ျဖစ္ရပ္ေတြအျဖစ္ ရွိေနဆဲဆိုတာကိုေတာ့ စာဖတ္သူတုိ႔ သိၿပီးသားျဖစ္ပါလိမ့္မယ္….

########

အခုအခ်ိန္က စၿပီး အၿငိဳးႀကီးတဲ့ သုဘရာဇာႀကီး အေၾကာင္းကိုေျပာျပေတာ့မွာ ျဖစ္တဲ့အတြက္ ေနာက္ဆုံးအေနနဲ႔ ရွင္းျပခ်င္တာ တစ္ခုက….

ေတာနယ္ေတြဘက္မွာ အသုဘခ်တဲ့ အခါ ဟိုးအရင္က ထမ္းစင္နဲ႔ ခ်ၾကပါတယ္…တစ္ခ်ိဳ႕နယ္ဘက္ေတြမွာလည္း ျမင္းလွည္း ႏြားလွည္း တြန္းလွည္း စသည္မ်ားျဖင့္ သယ္ေဆာင္ၿပီး ခ်တတ္ၾကပါတယ္…

ေခတ္ကာလေတြ ေျပာင္းလဲလာၿပီးေနာက္ပိုင္းမွာေတာ့… ယခုဆိုလွ်င္ ကားေတြနဲ႔ ခ်ၾကသလို…ေထာ္လာဂ်ီ {တုတ္တုတ္} စသည္မ်ားျဖင့္ အသုဘ အေခါင္းကိုတင္ေဆာင္ၿပီး ခ်ေနၾကပါၿပီ…

ယခုစာေရးသူ ေျပာျပမယ့္ အေၾကာင္းအရာမွာပါမယ့္ ႐ြာေလးမွာ ဟိုးအရင္ မတိုးတက္ခင္ အသုဘခ်စဥ္က တြန္းလွည္းကို အသုံးျပဳၿပီး ေသသူရဲ႕ အေလာင္းကို ထည့္ထားတဲ့ အေခါင္းကို တြန္းလွည္းေပၚတင္ၿပီး သၤခ်ိဳင္းကုန္း ေခၚ လူေသျမႇဳပ္ႏွံရာ သုႆ န္သို႔ ပို႔ေဆာင္ခဲ့ ၾကသည့္ ဓေလ့တရပ္ရွိခဲ့ဖူးပါတယ္…

တြန္းလွည္းအေၾကာင္းေျပာေနျခင္းက အခု ေျပာျပမယ့္ ဇာတ္လမ္းအတြက္ အဲဒီ တြန္းလွည္းႀကီးက အဓိကေနရာကေန ပါဝင္ေနလို႔ပဲ ျဖစ္ပါတယ္…

##########

အၿငိဳးႀကီးတဲ့ သုဘရာဇာႀကီး
~~~~~~~~~~~~~~~~~~~~

ကံလွရွာ…

ကံလွ႐ြာဆိုတာက ဧရာဝတီတိုင္းထဲမွာပါဝင္တဲ့ ေက်း႐ြာတစ္႐ြာေပါ့… ကံလွ႐ြာေလးဟာ အရမ္းကိုသာယာၿပီး တိုင္းရင္းသားေပါင္းစုံ မွီတင္းေနထိုင္ၾကတဲ့ ႐ြာေလးတစ္႐ြာျဖစ္ပါတယ္… ဗမာလူမ်ိဳးကေတာ့ အမ်ားဆုံးေနထိုင္ၾကပါတယ္…

ကံလွ႐ြာေလးမွာ မွီတင္းေနထိုင္ၾကတဲ့ ႐ြာသူ႐ြာသားအမ်ားစုက လယ္ယာလုပ္ငန္းနဲ႔ အသက္ေမြးၾကသလို ဧရာဝတီျမစ္ကမ္းနဖူးမွာ ရွိတဲ့ ႐ြာေလးျဖစ္လို႔ တံငါလုပ္ငန္းနဲ႔ အသက္ေမြးၾကသူေတြလည္း ရွိၾကပါတယ္…

႐ြာေလးရဲ႕ ထိပ္မွာ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းရွိေနၿပီး…အဲဒီဘုန္းႀကီးေက်ာင္းရဲ႕ နံေဘးမွာေတာ့ ကံလွ႐ြာရဲ႕ သၤခ်ိဳင္းကုန္းဆိုတာ ရွိပါတယ္…

အဲဒီ သၤခ်ိဳင္းကုန္းမွာ ဦးထိန္ဆိုတဲ့ သုဘရာဇာႀကီး တစ္ေယာက္ရွိတယ္…ဦးထိန္ဆိုတဲ့ သုဘရာဇာႀကီးက ကံလွ႐ြာမွာ ေမြးတဲ့ ႐ြာခံတစ္ေယာက္ေတာ့ မဟုတ္ပါဘူး… အရင္က ဦးထိန္ဘယ္မွာေနခဲ့တယ္ဆိုတာကိုလည္း ဘယ္သူမွ မသိၾကပါဘူး…

ဒါေပမယ့္ ဦးထိန္ကံလွ႐ြာျပင္က သၤခ်ိဳင္းကုန္းကို ေရာက္ေနခဲ့တာ ၁၀ႏွစ္ေက်ာ္ေနပါၿပီ…ဦးထိန္က သေဘာေကာင္းတယ္…စကားနည္းတယ္…အရက္ေသာက္တတ္ေပမယ့္…ဘယ္သူ႔ကိုမွ ျပႆ နာ မရွာဖူးသလို ဘယ္သူနဲ႔မွလည္း ျပႆ နာမတက္ခဲ့ဖူးပါဘူး…ဦးထိန္အရက္မေသာက္ထားတဲ့ အခ်ိန္ေတြဆို သၤခ်ိဳင္းကုန္းေဘးနားမွာရွိတဲ့ ဘုန္းႀကီးေက်ာင္းက ေဝယာဝိစၥေတြကို ကူလုပ္ေပးၾကပါ…

ကံလွ႐ြာေလးက သၤခ်ိဳင္းကုန္းကို ဦးထိန္ေရာက္မလာခင္က သုဘရာဇာတစ္ေယာက္ေတာ့ရွိခဲ့ဖူးတယ္…ဦးထိန္အရင္ ရွိေနခဲ့တဲ့ သုဘရာဇာႀကီး ကြယ္လြန္သြားၿပီး ဦးထိန္ေရာက္မလာခင္ အထိ အဲဒီသၤခ်ိဳင္းကုန္းမွာ သုဘရာဇာ အဆက္ျပတ္ေနခဲ့တယ္…အဲဒီလို သုဘရာဇာ မရွိခင္ အခ်ိန္ေတြတုန္းကေတာ့ ႐ြာထဲက လူေတြေသရင္…႐ြာခံေတြကပဲ သၿဂိဳလ္ေပးၾကပါတယ္…

ဘယ္ကေန ဘယ္လို ေရာက္လာမွန္းမသိတဲ့ ဦးထိန္ …ေရာက္လာေတာ့ တာဝန္တစ္ခုေပါ့ သြားတယ္လို႔ ႐ြာခံေတြက သတ္မွတ္ၿပီး ဦးထိန္ သၤခ်ိဳင္းကုန္းေနၿပီး လူေသေတြကို ျမႇပ္ေပးတဲ့ သုဘရာဇာအလုပ္လုပ္တာကို ဘယ္႐ြာခံကမွ မကန္႔ကြက္ခဲ့ၾကပါဘူး…

ဦးထိန္ေရာက္စကေတာ့ မကန္႔ကြက္ေပမယ့္ မယုံသကၤာနဲ႔ ေစာင့္ၾကည့္ေနခဲ့ၾကသူေတြေတာ့ ရွိတာေပါ့…

အခ်ိန္ေတြၾကာလာတဲ့ အထိ ဦးထိန္မွာ အျပစ္ေျပာစရာ တစ္ခုမွ မရွိေလေတာ့…ဦးထိန္ကို ထပ္ၿပီး ေစာင့္ၾကည့္မေနၾကေတာ့ပါဘူး…တေျဖးေျဖးနဲ႔ ႐ြာသူ႐ြာသားေတြက ဦးထိန္ကို ခင္လာၾကတယ္…

ဦးထိန္က ႐ြာထဲကို သိပ္မလာဘူး…သူ႔ဘာသူ သၤခ်ိဳင္းကုန္းမွာပဲ ေအးေအးေဆးေဆးေနတတ္တယ္…ဦးထိန္လာတယ္ဆိုရင္လည္း သူေသာက္စရာ အရက္ကုန္လို႔ လာဝယ္တာပဲ ရွိတယ္…ဦးထိန္တစ္ေယာက္ဘာေတြစားၿပီး ဘယ္လိုေနတယ္ဆိုတာကိုေတာ့ ဘယ္သူမွမသိၾကပါဘူး…

ဒီလိုနဲ႔ ေနလာၾကရင္း တစ္ရက္မွာေတာ့…ကံလွ႐ြာေလး… ႐ြာနာမည္နဲ႔ မလိုက္ေအာင္ ကံဆိုးမိုးေမွာင္ၾကေစမယ့္ ကိစၥတစ္ခု ျဖစ္ေပၚလာခဲ့ပါတယ္…

ဘာကိစၥလည္းဆိုေတာ့ …

ကံလွ႐ြာရဲ႕ ကြမ္းေတာင္ကိုင္ဆိုလဲ ဟုတ္…႐ြာလူႀကီးရဲ႕ တူမဆိုလဲ ဟုတ္တဲ့…ခင္ခင္ထားဆိုတဲ့ မိန္းမေခ်ာေလးတစ္ေယာက္ အဓၶမအက်င့္ခံရၿပီး အသတ္ခံရထားရတာကို ခင္ခင္ထားေပ်ာက္လို႔ လိုက္ရွာၾကတဲ့ ႐ြာသားေတြက သၤခ်ိဳင္းကုန္းထဲမွာ ခင္ခင္ထားရဲ႕ ႐ုပ္ပ်က္ဆင္းပ်က္နဲ႔ အရွက္မဲ့ေနတဲ့ အေလာင္းကို ေတြ႕ရွိခဲ့ၾကရာကေန အစျပဳခဲ့ျခင္းျဖစ္ပါတယ္…

ခင္ခင္ထားရဲ႕ အရွက္မဲ့ အသက္မဲ့ေနတဲ့ အေလာင္းကိုၾကည့္ၿပီး ေဒါသထြက္ေနတဲ့ ကံလွ႐ြာသူ႐ြာသားေတြက ခင္ခင္ထားကို အခုလို ရက္ရက္စက္စက္သတ္တဲ့ လူဟာ သုဘရာဇာႀကီး ဦးထိန္ပါလို႔ ဝိုင္းစြပ္စြဲၾကၿပီး ဦးထိန္က သူမဟုတ္ေၾကာင္း ေတာင္းပန္ေနတဲ့ၾကားက ဦးထိန္ကို ဝိုင္း႐ိုက္ၿပီး မေသမရွင္ျဖစ္ေနတဲ့ ဦးထိန္ကို အရွင္လတ္လတ္မီးရႈိ႕ၿပီး သတ္လိုက္ၾကတယ္…

ဦးထိန္ကို သတ္ေနတဲ့ အခ်ိန္မွာ ႐ြာေက်ာင္းဆရာေတာ္က ဝင္တားခဲ့ေသးေပမယ့္ ေဒါသထြက္ေနတဲ့ ႐ြာသူ႐ြာသားေတြက ဆရာေတာ္ရဲ႕ စကားကိုေတာင္ နားမေထာင္ၾကေတာ့ပဲ သူတို႔လုပ္ခ်င္သလို လုပ္လိုက္ၾကတယ္…

ဦးထိန္မေသခင္ေလးမွာ သူ႔ကို ရက္ရက္စက္စက္ ဝိုင္းသတ္ေနၾကတဲ့… ႐ြာသူ႐ြာသားေတြကို စကားတစ္ခြန္းေျပာသြားတယ္…

*ဒီကိစၥက ငါနဲ႔မဆိုင္ဘူး…မင္းတို႔ေတြ ငါ့ကို ရက္ရက္စက္စက္အခုလို လုပ္ၾကတယ္…မင္းတို႔ကို ငါခြင့္မလႊတ္ဘူး…မင္းတို႔လည္း ငါေသသလို အေသဆိုးနဲ႔ ေသရေစမယ္ …*
လို႔ေျပာၿပီး ဒဏ္ရာ ဗလပြနဲ႔ မခ်ိမဆံ့ခံစားရင္း အသက္ထြက္သြားခဲ့တယ္ …

ဦးထိန္ကို ႐ြာသားေတြ သတ္လိုက္ၾကတဲ့ ေန႔က

***ေသာၾကာေန႔…***

#####

ခင္ခင္ထားေသတဲ့ ကိစၥေၾကာင့္ ဦးထိန္ကို သတ္လိုက္ၾကၿပီး ေနာက္တစ္ပတ္ …

ေသာၾကာေန႔ ည…

အခ်ိန္က ည၁၂ နာရီ တိတိ…

တိတ္ဆိတ္ၿငိမ္သက္ၿပီး အိပ္ေမာၾကေနတဲ့ ကံလွ႐ြာေလးမွာ… ႐ုတ္တရက္ ေခြးေတြ ဆူညံစြာ ထိုးအူတဲ့ အသံကိုစတင္ၾကားလိုက္ရတယ္….

ဝူးးးး အူးးး အုးးး အူးးးး

တစ္႐ြာလုံးမွာ ရွိတဲ့ ေခြးေတြ တစ္ၿပိဳင္နက္ထဲ စူးစူးဝါးဝါး အူၾက ေဟာင္ၾကလို႔ တစ္႐ြာလုံး လန္႔ႏိုးလာၾကတယ္…

ဘာျဖစ္လို႔ ေခြးေတြဒီေလာက္ေဟာင္ေနၾကတာလဲ လို႔ ေတြးေနၾကရင္းေပါ့…တစ္ခ်ိဳ႕ လည္း အိမ္တံခါးဖြင့္ၿပီး အိမ္ျပင္ကို ထြက္ၾကည့္ၾကတယ္…

ဘာမွ မေတြ႕ၾကလို႔ အိမ္ထဲ ျပန္ဝင္ၾကတဲ့ အခ်ိန္မွာပဲ…

ေခြးေဟာင္ သံေတြ ေခြးအူသံေတြ ေပ်ာက္သြားၿပီး…႐ြာထိပ္ဘက္ဆီကေန အသံတစ္သံကို စၾကားလိုက္ရတယ္….

ကြၽီ…ကြၽီ…ဒလုံး…ဒလုံး…ကြၽီ….

အဲဒီ အသံကို စၾကားလိုက္ရတာက ႐ြာထိပ္ဘက္မွာ ေနတဲ့ အိမ္ေတြကေပါ့…

အခ်ိန္မေတာ္ႀကီး ဘယ္သူကမ်ား လွည္းေမာင္းလာတာလဲ… ေခြးေတြ အူၿပီးကတည္းက ၾကက္သီးေတြထၿပီး ခ်က္ခ်င္းျပန္အိပ္မေပ်ာ္ၾကေသးတဲ့ ႐ြာထိပ္ဘက္မွာ ေနသူေတြက…သူတို႔ၾကားေနရတဲ့ ကြၽီ…ကြၽီ သံကို ႏြားလွည္းတစ္စီး ေမာင္းဝင္လာတာလို႔ ထင္လိုက္ၾကၿပီး

ဘယ္သူဘယ္ဝါပါလိမ့္ဆိုၿပီး ထြက္ၾကည့္ၾကေတာ့….

႐ြာထိပ္ဘက္ကေန လာေနတဲ့ သူတို႔ထင္ထားတဲ့ အသံဟာ ႏြားလွည္းတစ္စီးမဟုတ္ပဲ…႐ြာျပင္သၤခ်ိဳင္းက ဇရပ္ႀကီးမွာ ထားတဲ့ လူေသအေခါင္းတင္တဲ့ တြန္းလွည္းကို လူတစ္ေယာက္က တြန္းၿပီး ဝင္လာေနတာကို ေတြ႕လိုက္ၾကရတယ္…

ဘယ္သူပါလိမ့္…ဒီအခ်ိန္ႀကီး ဘာလို႔ ဒါႀကီးကို တြန္းလာပါလိမ့္…႐ြာထဲမွာ ဘယ္သူေသလို႔လဲ…စတဲ့ အေတြးေတြနဲ႔ ေမွာင္ေနလို႔ လွည္းတြန္းလာသူကို မျမင္ရေသးခင္ အိမ္ထဲျပန္မဝင္ၾကေသးပဲ… အေတြးကိုယ္ဆီနဲ႔ ေစာင့္ၾကည့္ေနၾကတုန္းမွာပဲ….

တေျဖးေျဖးနီးလာတဲ့ အသုဘတြန္းလွည္းႀကီးကို တြန္းလာတဲ့ သူကို သဲသဲကြဲကြဲ ျမင္လိုက္ၾကတယ္…ၿပီးေတာ့ တြန္းလွည္းေပၚမွာလဲ လူလို႔ထင္ရတဲ့ အရာတစ္ခုပါလာတာကိုပါ ေတြ႕လိုက္ၾကရတယ္…

တြန္းလွည္းကို တြန္းလာတဲ့ သူက ၿပီးခဲ့တဲ့ ေသာၾကာေန႔က သူတို႔တ႐ြာလုံးက ရက္ရက္စက္စက္ ဝိုင္း႐ိုက္ၿပီး အရွင္လတ္လတ္မီးရႈိ႕ သတ္ခဲ့တဲ့ ႐ြာျပင္သၤခ်ိဳင္းမွာေနတဲ့ သုဘရာဇာႀကီး ဦးထိန္…

ဦးထိန္ တြန္းလာတဲ့ တြန္းလွည္းေပၚမွာ ပါလာတဲ့ သူက… ခင္ခင္ထား…

#######

အဲဒီ ျမင္ကြင္းကို ျမင္လိုက္ၾကသူေတြထဲမွာ တစ္ခ်ိဳ႕က ေနရာမွာပဲ ေမ့လဲသြားၾကတယ္…

တစ္ခ်ိဳ႕က ေၾကာက္လန္႔ၿပီး အဲဒီျမင္ကြင္းကို ၾကက္ေသေသၿပီး ေၾကာင္ၾကည့္ေနၾကတယ္…

တစ္ခ်ိဳ႕က ေၾကာက္လန္႔တၾကား အိမ္ထဲကို ဝင္ေျပးၾကတယ္….

#####

တြန္းလွည္းႀကီးကို ဦးထိန္က ႐ြာထဲအထိ ေခါက္တုန္႔ေခါက္ျပန္တြန္းသြားေနတာ တစ္ညလုံးနီးပါးဆိုေတာ့..
႐ြာသူ႐ြာသားေတြ အကုန္ ဦးထိန္နဲ႔ သူ႔ရဲ႕ တြန္းလွည္းႀကီး…ေနာက္ေတာ့ လွည္းေပၚမွာ လဲေလ်ာင္းေနတဲ့ ခင္ခင္ထားကို ျမင္လိုက္ၾကရတယ္…

႐ြာထဲမွာ တြန္းလွည္းႀကီးကို ေလွ်ာက္တြန္းေနတဲ့ အသံကို တစ္ညလုံးၾကားၿပီး ဘယ္သူမွ အိပ္မေပ်ာ္ၾကေတာ့ သလို… ဘုရားတရင္းၾကာက္လန္႔ေနၾကတယ္…

မိုးလင္းခါနီး ၃နာရီခြဲေက်ာ္ေလာက္မွာ တြန္းလွည္းႀကီးကို တြန္းေနတဲ့ အသံေပ်ာက္သြားတယ္…ဒါေပမယ့္ ဘယ္သူမွ ထြက္မၾကည့္ဝင့္ၾကဘူး…

######

တြန္းလွည္းႀကီးကို တြန္းေနတဲ့ အသံေပ်ာက္သြားၿပီး သိပ္မၾကာခင္မွာေတာ့…႐ြာထဲက အိမ္တစ္အိမ္ကေန အသံတစ္သံထြက္လာတယ္….

*ကယ္က်ပါအုံး…က်မ ေယာက္်ားဘယ္ျဖစ္တာလဲ မသိဘူး…ေခၚလို႔မရေတာ့ဘူး…ကယ္ၾကပါ အုံး…ရွင္…. ကိုထြန္းရင္ …ကိုထြန္းရင္ ထပါအုံး…ကိုထြန္းရင္…*
*အေဖ …အေဖ…အီးးး…ဟီးးး ဟီးးး*

ကိုထြန္းရင္ရဲ႕ မိန္းမနဲ႔ ကေလးေတြရဲ႕ ေအာ္သံေတြ ငိုသံေတြကို ၾကားလိုက္ရလို႔…ကိုထြန္းရင္တို႔ အိမ္နီးနားခ်င္းေတြက မေနသာလို႔ အရဲစြန္႔ၿပီး ထြက္လာၾကၿပီး…ကိုထြန္းရင္ရဲ႕ အိမ္ကို အသြား…ကိုထြန္းရင္ရဲ႕ အိမ္ေရွ႕မွာ…သူတို႔ေတြ႕လိုက္ရတဲ့ အရာေၾကာင့္… ကိုယ့္အိမ္ကိုယ္ျပန္ေျပးသြားၾကတယ္….

ကိုထြန္းရင္ရဲ႕ အိမ္ေရွ႕မွာ သူတို႔ေတြ႕လိုက္ရတဲ့ အရာက….

သုဘရာဇႀကီး ဦးထိန္…ခင္ခင္ထားကို တင္ၿပီး ညက တစ္ညလုံးနီးပါး ေလွ်ာက္တြန္းေနတဲ့… အသုဘ တြန္းလွည္းႀကီးကို ကိုထြန္းရင္ရဲ႕ အိမ္ေရွ႕တည့္တည့္မွာ ရပ္ထားခဲ့တယ္ ဆိုတာကို ေတြ႕လိုက္ၾကလို႔ပါပဲ…

######

မိုးစင္စင္လင္းၿပီး ေနအေတာ္ျမင့္မွ ႐ြာသားေတြလည္း ထြက္လာရဲၿပီး ကိုထြန္းရင္ရဲ႕ အသုဘကိစၥကို ဝိုင္းဝန္းကူညီေပးၾကတယ္…အသုဘ တြန္းလွည္းႀကီးကို ႐ြာျပင္ သၤခ်ိဳင္းမွာ ျပန္ထားဖို႔ တြန္းၿပီး ေ႐ႊ႕ၾကေပမယ့္… ဘယ္လိုမွ တြန္းမရဘူး ျဖစ္ေနတယ္…

႐ြာေက်ာင္းဆရာေတာ္ဆီ အေျပးအလႊားနဲ႔သြားၿပီး ညက ဦးထိန္ကိစၥနဲ႔ ကိုထြန္းရင္ကိစၥ ေနာက္ေတာ့ တြန္းလွည္းႀကီးတြန္းမရတဲ့ ကိစၥေတြကို ေလွ်ာက္တင္ၾကေတာ့…ဆရာေတာ္ရဲ႕ မ်က္ႏွာပ်က္သြားၿပီး မၾကည္မသာနဲ႔ပဲ ကိုထြန္းရင္ရဲ႕ အသုဘအိမ္ကို ႂကြလာတယ္…

ဆရာေတာ္ႀကီး ကိုထြန္းရင္ အိမ္ေရာက္ေတာ့… ခ်က္ခ်င္း သရဏဂုံတင္ေပးၿပီး…ကိုထြန္းရင္ရဲ႕ အေလာင္းကို တြန္းလွည္းေပၚတင္ၿပီး တြန္းေတာ့မွ တြန္းလွည္းႀကီးက တြန္းလို႔ရေတာ့တယ္…

ဆရာေတာ္ကပဲ…ကိုထြန္းရင္ရဲ႕ အေလာင္းကို တစ္ခါတည္း ႐ြာျပင္ သၤခ်ိဳင္းကို ေ႐ြ႕ထားၾကဖို႔နဲ႔…ေန႔မကူးခင္ တစ္ခါတည္း သၿဂိဳလ္လိုက္ၾကဖို႔ မိန္႔တာနဲ႔ ဆရာေတာ္ရဲ႕ စကားအတိုင္း ေဆာင္႐ြက္လိုက္ၾကတယ္….

ကိုထြန္းရင္ကို သၿဂိဳလ္ၿပီးတာနဲ႔ ေၾကာက္လန္႔ေနၾကတဲ့… ႐ြာသူ႐ြာသားေတြက..ဆရာေတာ့္ကို…ဦးထိန္ကိစၥကို ကူညီေျဖရွင္းေပးဖို႔ ေလွ်ာက္တင္ၾကတယ္…

ဆရာေတာ္က သတၱဝါတစ္ခု ကံတစ္ခုပဲ ဒါကာတို႔… မင္းတို႔ ျပဳတဲ့ ဒဏ္မင္းတို႔ျပန္ခံရေတာ့မယ္…ဘုရားတရား ၿမဲၾကပါ… ဦးထိန္နဲ႔ ေသသူေတြကို ရည္စူးၿပီး ကုသိုလ္ေကာင္းမႈ႕ေတြလုပ္ၾကပါ…အမွ်အတန္းေဝေပးၾကပါ…ေမတၱာပို႔ေပးၾကပါလို႔… မိန္႔ၿပီး မ်က္ႏွာမသာမယာနဲ႔ ေက်ာင္းေပၚျပန္ႂကြသြားၿပီး ဘာစကားမွ ထပ္မေျပာေတာ့ပဲ ဘုရားရွစ္ခိုး ေမတၱာပို႔ ေနေတာ့တယ္….

######

ပထမဆုံး သုဘရာဇာႀကီး ဦးထိန္ရဲ႕ အၿငိဳးေၾကာင့္ ေစ်းဦးေပါက္သြားသူက ကိုထြန္းရင္..

ဒါေပမယ့္ အဲဒီကိစၥက ကိုထြန္းရင္နဲ႔တင္ ၿပီးမသြားခဲ့ပါဘူး…

အပတ္စဥ္ေသာၾကာေန႔ ည ၁၂နာရီထိုးတိုင္း… ေခြးအူသံေတြၾကားရၿပီးၿပီဆိုတာနဲ႔…တြန္းလွည္းႀကီးကို တြန္းၿပီး ႐ြာထဲကိုဝင္ဝင္လာတတ္တဲ့…သုဘရာဇာႀကီး ဦးထိန္နဲ႔…သူ႔ရဲ႕ တြန္းလွည္းေပၚက ခင္ခင္ထားကို ေတြ႕ၾကရၿပီး…တြန္းလွည္းတြန္းသံေပ်ာက္သြားတိုင္း ႐ြာထဲက အိမ္တစ္အိမ္မဟုတ္ တစ္အိမ္ဆီက လူေသလို႔ ေအာ္ဟစ္ငိုေကြၽးသံေတြ ထြက္လာတတ္တယ္…

အဲဒီလို ငိုသံထြက္လာၿပီဆိုတာနဲ႔ သြားၾကည့္စရာမလိုပဲ…ဦးထိန္ရဲ႕ အသုဘလွည္းႀကီးက အဲဒီ ငိုသံေတြထြက္လာတဲ့ အိမ္ေရွ႕မွာ ရပ္ထားခဲ့တယ္ဆိုတာ လူတိုင္း သိေနၾကတယ္…

#######

တစ္ပတ္တစ္ေယာက္နဲ႔ အလွည့္ၾကေသေနၾကေတာ့…တစ္ခ်ိဳ႕လည္း ေၾကာက္လန္႔ၿပီး ႐ြာပါေျပာင္းေျပးၾကတယ္…

ဘယ္လိုပဲ ေျပာင္းေျပးေျပာင္းေျပး…ေသာၾကာေန႔ညေရာက္လို႔ ဦးထိန္ရဲ႕ လွည္းႀကီးက အဲဒီေျပာင္းေျပးသြားသူေတြရဲ႕ ႐ြာမွာက်န္ခဲ့တဲ့အိမ္ေရွ႕မွာ ရပ္ထားခဲ့တယ္ဆိုရင္…အဲဒီေျပာင္းေျပးသြားတဲ့ သူေတြထဲက ႀကိဳက္တဲ့ေနရာကိုေျပာင္း ေျပာင္းတဲ့ေနရာမွာ ေသေရာပဲ…

အဲလိုေျပာင္းေျပးလူေတြအတြက္ ပိုဆိုးတာက…လူေသယုံမကပဲ…ေသသြားတဲ့ လူရဲ႕အေလာင္းကို မ မရ ေ႐ႊ႕မရျဖစ္ေနတတ္တယ္…

အဲဒီလို မ မရ ေ႐ႊ႕မရ ျဖစ္ေနလို႔ တတ္သိနားလည္တဲ့ ဆရာေတြ…ဘုန္းႀကီးေတြနဲ႔ တိုင္ပင္ၾကည့္တဲ့ အခါ…ေသဆုံးသြားသူရဲ႕ အဝတ္အစားတစ္စုံရယ္ စီးတဲ့ ဖိနပ္ကိုယူၿပီး…ကံလွ႐ြာမွာ က်န္ေနခဲ့တဲ့ သူတို႔အိမ္အေဟာင္းေရွ႕မွာ ရပ္ထားတဲ့ ဦးထိန္ရဲ႕ တြန္းလွည္းႀကီးေပၚ သြားတင္မွ တြန္းလွည္းႀကီးကိုလည္း ႐ြာျပင္ သၤခ်ိဳင္းကို ျပန္ေ႐ႊ႕လို႔ရၾကပါတယ္…

တျခားေနရာမွာ ေသသြားသူေတြရဲ႕ အဝတ္အစားအသုံးေဆာင္ေတြကိုလည္း ကံလွ႐ြာျပင္ သၤခ်ိဳင္းကုန္းမွာ အရင္မီးရႈိ႕ သၿဂိဳလ္ေပးရတယ္… အဲဒီလို လုပ္ေပးမွ ေသသူရဲ႕ အေလာင္းကို မလို႔ ေ႐ႊ႕လို႔ ရၿပီး ေသသူေသဆုံးသြားတဲ့ သက္ဆိုင္ရာ ႐ြာမွာ သၿဂိဳလ္လို႔ရပါတယ္…

######

ကံလွ႐ြာက ေျပာင္းေျပးတာေတာင္…အဲဒီလို အျဖစ္ဆိုးေတြ ႀကဳံေနရတယ္ဆိုေတာ့ ဘယ္သူမွ ထပ္မေျပာင္းေျပးရဲေတာ့ဘူးေပါ့…

အထက္ပါကိစၥေတြက အပတ္စဥ္ေသာၾကာေန႔တိုင္း ျဖစ္ျဖစ္ေနတာဆိုေတာ့ ကံလွ႐ြာေလးဟာ အရင္လို ေနခ်င္စရာမေကာင္းေတာ့ဘူး…႐ြာသူ႐ြာသားေတြထဲက ကေလးကအစ လူႀကီးပါမက်န္ေနာက္အပတ္ ေသာၾကာေန႔ည ေရာက္ရင္ ငါေသရေတာ့မွာလားဆိုတဲ့ အေတြးနဲ႔ အသက္ရွင္ေနၾကရတာဆိုေတာ့… စိတ္ဆင္းရဲ ကိုယ္ဆင္းရဲၿပီး က်န္းမာေရးပါ ထိခိုက္လာၾကေတာ့တယ္…

သုဘရာဇာႀကီး ဦးထိန္ကိစၥနဲ႔ ကံလွ႐ြာအေၾကာင္းကို ႐ြာနီး ခ်ဳပ္စပ္ပါမက…ၿမိဳ႕ေပၚက လူေတြပါ သိကုန္ၾကတယ္…

တတ္သိနားလည္တဲ့ ဆရာေတာ္ေတြ … အထက္လမ္းဆရာႀကီးေတြကပါ ကံလွ႐ြာေလးကို ကယ္တင္ဖို႔ေရာက္လာၾကေပမယ့္…

႐ြာသားေတြ ကိုယ္တိုင္က အမွားက်ဴ းလြန္ထားခဲ့သလို… သူတို႔သတ္လို႔ ေသသြားရတဲ့ သုဘရာဇာႀကီး ဦးထိန္ရဲ႕ အၿငိဳးအေတးကလည္း အရမ္းႀကီးေနေတာ့…ဘယ္လိုမွ ကူညီေဆာင္႐ြက္ေပးလို႔မရဘူးျဖစ္ေနတယ္…

အၿငိဳးအေတးႀကီးရဲ႕ မကြၽတ္မလြတ္သူ ဦးထိန္က ခင္ခင္ထားရဲ႕ ဝိဥာဥ္ကိုပါ ဖမ္းခ်ဳပ္ထားၿပီး ဘဝေပးမကူးဘူး တဲ့… နင့္ေၾကာင့္ ငါ ဒီလိုေသရတာဆိုၿပီး …ခင္ခင္ထားကိုပါ အၿငိဳးအေတးထားခဲ့တယ္…

ဦးထိန္ရဲ႕ ဝိဥာန္နဲ႔ ဆက္သြယ္ၿပီး ေမတၱာရပ္ခံၾကတာေတြ…ဘယ္လိုလုပ္ေပးမွ ေက်နပ္ႏိုင္မွာလဲ ဆိုတာေတြကို ေမးျမန္းၿပီး နားခ်ေဖ်ာင္းဖ်ေတာ့…

ဦးထိန္က ဘာျပန္ေျပာသလဲဆိုေတာ့…

သူ႔ကို သတ္ေနတဲ့ အခ်ိန္မွာ ရွိေနတဲ့ ရပ္ၾကည့္ေနၾကတဲ့…ဝိုင္းသတ္ၾကတဲ့ လူေတြ အကုန္ေသမွ ဒီကိစၥၿပီးမယ္…အဲဒီလူေတြထဲမွာ သူ႔ကို သတ္ေနတုန္းက တားတဲ့ ဆရာေတာ္နဲ႔ တျခားက်န္တဲ့ ႐ြာသားတစ္ခ်ိဳ႕ကိုပဲ အသက္ခ်မ္းသာေပးမယ္ တဲ့ ေလ…

ဦးထိန္စကားၾကားရေတာ့ ခက္ၿပီေပါ့…ဦးထိန္ကို ဝိုင္းသတ္တဲ့ အခ်ိန္မွာ ရွိေနၾကတာက တစ္႐ြာလုံးနီးပါးပဲ ဆိုေတာ့…အဲဒီလို မလုပ္ပါနဲ႔ တစ္ျခားနည္းလမ္းေ႐ြးၿပီး သက္ညႇာေပးဖို႔ ထပ္ၿပီး ေတာင္းပန္ၾကရျပန္တယ္…

႐ြာသားေတြကလည္း သူတို႔ အမွားကို ေတာင္းပန္ၿပီး ခြင့္လႊတ္ဖို႔ ေျပာၾကတယ္…ေနာက္ဆုံး ဦးထိန္က အေလ်ာ့ေပးလိုက္ေလ်ာၿပီး သူ႔ကို သတ္ခ်ိန္မွာ သူေရာက္ေနတဲ့ အသက္အ႐ြယ္တိုင္း ကံလွ႐ြာမွာ သူ႔ကို သတ္စဥ္က ပါခဲ့သူေတြထဲက ကံဆိုးသူေတြ ေသရမယ္…အဲဒီထက္ ထပ္မေလ်ာ့ႏိုင္ဘူး လို႔ ေျပာလာတယ္….

ခက္တာက ဦးထိန္က သူ႔အသက္ဘယ္ေလာက္မွာ ေသသြားတယ္ဆိုတာ ေျပာမျပသြားသလို…သိေနၾကတဲ့ ဆရာႀကီးေတြကိုလည္း မေျပာျပဖို႔ တားထားတယ္…

အဲဒီလို ညႇိၿပီးေနာက္ပိုင္း ဦးထိန္ရဲ႕ ဝိဥာဥ္ကို ျပန္ေခၚလို႔ကို မရေတာ့ပါဘူး…ဘယ္လိုေခၚေခၚ မလာဘူး…မလာတာကို အတင္းေခၚလို႔ စိတ္ဆိုးၿပီး သူ႔စိတ္ေျပာင္းသြားမွာလည္း စိုးလို႔ ထပ္မေခၚၾကေတာ့ပါဘူး…

ေျပာဖို႔ ေမ့သြားတာက ဦးထိန္ ကလဲ့စားေခ်ၿပီး ျပန္သတ္တဲ့ ေသေအာင္လုပ္တာကို ခံရတဲ့ လူေတြထဲက ပထမဆုံး ေသသြားတဲ့ လူ ၃ေယာက္ဟာ ခင္ခင္ထားကို သၤခ်ိဳင္းထဲ ေခၚလာၿပီး အဓၶမ က်င့္သတ္သြားတဲ့ သူေတြလို႔ ဦးထိန္ဝိဥာဥ္ကိုေခၚေမးတုန္းက ေျပာသြားတယ္…

#####

ဦးထိန္ရဲ႕ အသက္ကို အတိအက် မသိလို႔ ခန္႔မွန္းၾကည့္ၾကေတာ့ ၅၀ ဝန္းက်င္လို႔ ခန္႔မွန္းၾကတယ္…

ဦးထိန္ေသၿပီး ဦးထိန္တြန္းလွည္းရပ္လို႔ ေသသြားခဲ့ၾကသူေတြက ၁၂ေယာက္ပဲ ရွိေသးေတာ့… ေနာက္ထပ္ လူ၄၀ေက်ာ္ ဒါမွ မဟုတ္ လူ၄၀နီးပါး က်န္ေနေသးတယ္ဆိုၿပီး… ေနာက္ထပ္ေသေပးရမယ့္ လူေတြဟာ ဘယ္သူျဖစ္မလဲ မေသခ်ာေတာ့ စိတ္ဆင္းရဲေနၾကရျပန္တယ္…

ဆရာေတာ္ႀကီးေတြက စိတ္ဆင္းရဲေနယုံနဲ႔ မၿပီးေၾကာင္း…ဘုရားတရား လုပ္ၿပီး ကုသိုလ္ေကာင္းမႈ႕ေတြ မ်ားမ်ားလုပ္ဖို႔ တိုက္တြန္း မိန္႔ၾကားလို႔… အဲဒီ အျဖစ္အပ်က္ ျဖစ္ေနစဥ္မွာပဲ ကံလွ႐ြာ တစ္႐ြာလုံး…သတ္သတ္လြတ္စားၾကတယ္…ဘုရားတရား အလႉ အတန္းေတြ လုပ္ၾကတယ္…

ဦးထိန္နဲ႔ ညႇိၿပီး ေနာက္ပိုင္းေနာက္ထပ္ လူ ၃ေယာက္ တိတိ ဦးထိန္ရဲ႕ တြန္းလွည္းႀကီးေၾကာင့္ ေသဆုံးသြားၾကေပမယ့္…၁၅ေယာက္ျပည့္ၿပီး ေနာက္ပိုင္းမွာေတာ့… ေသာၾကာေန႔ညတိုင္း ကံလွ႐ြာသားေတြ ၾကားေနရတဲ့ တြန္းလွည္းႀကီးသံကို မၾကားရေတာ့သလို…လူေတြလည္း ထပ္မေသၾကေတာ့ပါဘူး….

ဦးထိန္ႀကီးတစ္ေယာက္ စိတ္ကူးေျပာင္းသြားတာလား…ဒါမွ မဟုတ္ ကြၽတ္လြတ္သြားတာလား…အၿငိဳးေတြ ကလဲ့စားေတြရဲ႕ ပူေလာင္မႈ႕ကို နားလည္သြားတာလား…ဘုရားတရားၿမဲလာၾကတဲ့ ကံလွ႐ြာသားေတြကို ျမင္ၿပီးပဲ သူ႔အၿငိဳးေတြကို ေျဖေလွ်ာ့လိုက္ေလသလားဆိုတာကိုေတာ့ တိတိက်က် သိသူမရွိၾကပါဘူး….

အထက္ပါ ျဖစ္ရပ္ေတြျဖစ္ခဲ့ၿပီးေနာက္ပိုင္းကစလို႔ ယေန႔အခ်ိန္အထိ ကံလွ႐ြာေလးမွာ ေနထိုင္ၾကသူ ႐ြာသူ႐ြာသားေတြဟာ သတ္သတ္လြတ္ပဲ စားၾကေတာ့သလို… ဘုရားတရားကိုင္းရႈိင္းၿပီး ဘာသာေရးအရမ္းလိုက္စားၾကသူေတြ အျဖစ္ ဆက္လက္ေနထိုင္လွ်က္ရွိၾကပါေတာ့တယ္….

#######

ၿပီးပါၿပီ….

ေလးစားလွ်က္…

မရဏဖြား