” အစိမ်းတိုက်တဲ့ ည ”(စ/ဆုံး)

Unicode Version

” အစိမ်းတိုက်တဲ့ ည ”(စ/ဆုံး)
——————————-

ကျုပ်အမည်ကမောင်သိန်းပါဗျ ခဗျားတို့ကို
ပရလောကအကြောင်းအမြဲပြောပြနေတဲ့သူပါဗျ ဒီနေ့ကျုပ်ရဲ့ကလောင်အမည်ကို ကိုယ့်ဘာသာပေးလိုက်တာ ကြွက်ပုတ်လို့ ဘာလို့
အခုလိုပေးရတာလဲဆိုရင် ကျုပ်ကငယ်ငယ်ကဘုန်းကြီးကျောင်းသားပါ ကျုပ်ရဲ့ရွာကဆရာတော်ကြီးက ငယ်အမည်အဖြစ်ကြွက်ပုတ်လို့ပေးလိုက်တာ ကျုပ်ရဲ့ရွာကျောင်းက
ဆရာတော်ဘုရားကြီးရဲ့ တပည့်ဒကာဒကာမ‌တွေဆို ကျုပ်ကိုကြွက်ပုတ်လို့ပဲသိတာ မောင်းသိန်းဆိုမသိဘူးလေ ဒါကြောင့် ဆရာတော်ကြီးကိုသတိရလို့ ကျုပ်ဝါသနာအရ သရဲကြောင်းရေးလို့ ကလောင်အမည်အဖြစ်သုံးမယ်ဗျို့ ခဗျားတို့လဲကြားဖူးမှာပေါ့ အထက်လမ်း အောက်လမ်းဆိုတာကို ဒီပညာတွေကိုအနှစ်ချူပ်လိုက်ရင် လောကီပညာရပ်တွေထဲကပဲဖြစ်တယ် ကျုပ်ကြားဖူးတယ်ဗျ ဒီအထက်လမ်းပညာ အောက်လမ်းပညာရပ်တွေကအရင်တုန်းက
ရှေ့ပုရပိုက်ကျမ်းစာအုပ်တစ်အုပ်ထဲကပဲစတယ်တဲ့ လူတွေရဲ့အကျိုးစီးပွားကို ပြုပြီးလုပ်တွေကိုကယ်တင်တဲ့နည်းကအထက်လမ်းလူတွေကိုဒုက္ခပေးပြီး ညည်းပန်းနှိပ်စက်တဲ့နည်းတွေ
ကိုတော့အောက်လမ်းပညာရပ်လို့ခေါ်တယ်
တစ်နေ့အဲ့ဒီစာအုပ်ကိုလူနှစ်ယောက်ကကောက်ရပြီ မကောင်းတဲ့လူက လူတွေကိုဒုက္ခပေးဖို့အနောက်ပိုဒ်ဖြစ်တဲ့ အောက်လမ်းပညာရေးထားတဲ့ ပေလွှာကိုယူသွားတယ်ပြီးတော့လူတွေကိုခြောက်လန့်ပြီးကိုယ်းကွယ်ဆည်းကပ်ခိုင်းတယ်တဲ့လူကောင်းတစ်ယောက်ကတော့လူတွေကိုအကျိုးပြုဖို့ အောက်လမ်းပညာရပ်ကိုတားဆီးဖို့အထက်လမ်းပညာရပ်ပေးလွှာကိုယူလိုက်တယ်လို့ ဆရာကြီးပြောတာကြားဖူးတယ်ဗျ ဒီအောက်လမ်းပညာတွေထဲက အစိမ်းတိုက်တဲ့ ပညာရပ်ကိုကျုပ်ကိုယ်တိုင်ကြုံတွေခဲ့ရဘူးတယ်ဗျ ကျုပ်တို့ကျိုက်ပိရွာရဲ့ အနောက်ဘက်ခြမ်းမှာ ရှမ်းကြီးရွာလို့ခေါ်တဲ့ အိမ်ခြေတစ်ထောင်ကျော်ရွာကြီးရှိတယ်ဗျ ရှမ်းကြီးရွာဆိုပေမဲ့ကရင်ဗမာ ရှမ်း ဂေါ်ရခါးလူ‌မျိုးတွေလဲနေတဲ့ရွာဗျ ဒီရွာကြီးကပညာသယ်လွတ်ပေါတဲ့ရွာကြီးပေါ့ တော်ရုံပညာနိမ့်တဲ့ဆရာတွေဆို ရွာနားကိုတောင်မကပ်ရဲဘူးဗျဖနောင့်တစ်ချက်ပေါက်လိုက်တာနဲ့နေရာတွင်‌သွေးအန်ပြီးပွဲချင်းပြီးသေတယ်တဲ့ လပြည့်လကွယ်ဆိုရင် တောက်စားတဲ့စုန်းမီးလုံးကြီးတွေဆိုလမ်းဘီးလုံးလောက်ကြီးတွေဗျ ကောင်းကင်ယံမှာဗျာ
ပွထနေတာ မီးပုံးပျံတွေကျနေတာပဲဗျို့
ကျုပ်တို့ရွာရဲ့ကွင်းစမ်နားကဆိုအတိုင်းတားကိုတွေ့နေရတာဗျို့ တစ်နေ့ကျုပ်တို့ရွာက ဆန်စက်သူဌေးဦးမောင်မြနဲ့ ရှမ်းကြီးရွာက
ဒေါ်တင်နဲ့ပြသနာတက်ကျတယ်ဗျ ရှမ်းကြီးရွာမှာက ဆန်စက်မရှိတော့ ကျုပ်တို့ရွာမှာပဲလာကျိတ်ကျရတယ် ဦးမောင်မြဆန်စက်မှာဒေါ်တင်ရဲ့လူငှားတွေစပါးလာကျိတ်ကျတယ် သူရဲ့လူငှားတွေစပါးတစ်တင်းလောက်ကိုအရက်နဲ့လဲသောက်ပြီးဦးမောင်မြဆန်စက်က ၆တင်းစာကိုငါးတင်းပဲကျိတ်ပေးတာလို့ဒေါ်တင်ကိုပြောတော့ ဒေါ်တင်ကိုယ်တိုင်လာပြီးဦးမောင်မြကို ငမဲငဆ ပြောတော့နှစ်ဖက်သားအခြေတင်တွေဖြစ်ကျတယ်ရွာသူကြီးရှင်းပေးလိုက်ပေးပေမဲ့ ဒေါ်တင်ကစိတ်မှတ်ကြီးလိုက်တယ်ဗျ နောက်နေ့မနက်ရောက်တော့ ဦးမောင်မြရဲ့ဆန်စက်တံခါး၀မှာ သုံးပေလောက်ရှိတဲ့ ဆံပင်ဖျားလျားနဲ့ ကိုယ်တစ်ပိုင်းပြတ်အရုပ်မကြီးရောက်နေတယ်ဗျ ဦးမောင်မြကအဲ့ဒီအရုပ်ကြီးကိုဝေးဝေးကိုလွတ်ပစ်လိုက်ပေမဲ့မနက်လေးနာရီဆိုအဲ့ဒီတံခါးကိုပဲပြန်ရောက်နေတယ်ဗျ
အဲ့ဒီအရုပ်ကြီးစရောက်တဲ့နေ့ထဲက အကုသိုလ်စ၀င်တော့တာပဲဗျ ဦးမောင်မြရဲ့အလုပ်သမားတွေခိုက်ရန်ဖြစ်ပြီး ဓားထိုးမှု့ဖြစ်လို့သေတဲ့လူကသေ ထောင်ကျတဲ့လူကကျ မှုခင်းဖြစ်ပြီး တစ်ခါမီးထလောင်လို့စပါးတွေလဲရှုံးဆုံး ဆန်တွေလဲရှုံးဆုံးလို့စပါးပိုင်ရှင်တွေကိုလဲပိုက်ဆံရောပေးလိုက်ရတော့စီးပွားချလာတယ် ဇနီးသည်ကလဲရုတ်တရက်‌ဆုံးဖြစ်လာတယ်ဗျရွာကလူတွေကလဲသွေးရိုးသားရိုးမဟုတ်ဘူးဆိုတာသိကျတယ် တစ်ယောက်တစ်မျိုးအမျိုးမျိုးပြောနေကျတယ် အဲ့ဒါနဲ့အဲ့ဒီအရုပ်မကြီးကိုယူပြီးအသုဘချတော့မသာနဲ့အတူမြေကြွင်းထဲထည့်မြုတ်ခိုင်းလိုက်တယ်မနက်လေးနာရီဒေါင်ဆိုတာနဲ့အရုပ်မကြီးကတံခါးကိုပြန်ရောက်နေတယ် ဒါနဲ့ မီးနဲ့ရှို့လဲမီးမလောင်ဖူး ‌တူနဲ့ထုလဲနည်းနည်းမှတောင်မပဲ့ဘူးဗျ ဒါနဲ့ပဲ့ဒေါင်ငှားပြီးဧရာ၀တီမြစ်ထဲကိုဝေးဝေးလောက်သွားပြီးပစ်ချလိုက်လဲ မနက်ဆိုပြန်ရောက်နေတယ်ဗျ ဆရာတွေကိုအမျိုးမျိုးပင့်ပြီးဖျက်စီးခိုင်းလဲဆရာတွေ သေကျ ပြေးကျရူးကျနဲ့အမျိုးစုံကို ဖြစ်တော့တာပဲ ဒါနဲ့ကျုပ်ကိုခေါ်မေးတယ် ကျုပ်လဲဒီလိုတစ်ခါမှမကြုံဖူးတော့ကျုပ်ရဲ့ဆရာကြီးကိုပင့်လိုက်တယ်ဗျ
ဆရာကြီးဦးရန်သိန်းကြွလာတယ်ဗျ အရုပ်ကြီးကို အရှေ့ကျပြီးကန်တော့ပွဲပေးပြီးဆရာကြီးကပုတီး၁၀၈ပတ်စိပ်တယ်‌ဗျပြီးတော့ဦးမောင်မြကိုအခုလိုပြောတယ်ဗျ မောင်ရင်အခုအရုပ်မကြီးကအစိမ်းတိုက်ပညာရပ်နဲ့စီမံထားတာကွဲ့မောင်ရင်တစ်အိမ်သားလုံးကိုအပြတ်ရှင်းဖို့ရောက်လာတဲ့အရုပ်မကြီးမနက်ဖြန်လပြည့်နေ့ကျရင်ပညာသယ်ဘက်က အစိမ်းသရဲမကိုလွတ်လိုက်ပြီးအသေသတ်ခိုင်းတော့မယ်ကွဲ့ ဒါကြောင့် ယုတ်ညံ့တဲ့ပညာရပ်ကို တားစီးရမယ် အဆိပ်ကိုအဆိပ်နဲ့တားရမယ် ယုတ်ညံ့တဲ့အစီရင်နဲ့ပြုလုပ်ထားဒီအရုပ်မကြီးကို သူ့ထက်ယုတ်ညံ့နိမ့်ကျတဲ့ အိမ်သာကြွင်းထဲထည့်ပစ်လိုက်သူပြန်မရောက်လာတော့ဘူး ဒါပေမဲ့ပညာသယ်ဘက်က အစိမ်းတိုက်ပြီးမနက်ဖြန်ညမှသူသေကိုယ်သေပညာကုန်ထုတ်သုံးကျမှာ ကျုပ်ကိုဆရာကြီးကကိုယ်တစ်ပိုင်းပျက်အရုပ်မကြီးကိုအိမ်သာကြွင်းထဲပစ်ချခိုင်းလိုက်တယ်ဗျ ကျုပ်လဲသွားပစ်ချလိုက်တယ်ဆရာကြီးပြောသလိုပဲဗျ‌ေနာက်‌ေန့တံခါး၀ကိုအရုပ်မကြီးပြန်မရောက်လာတော့ဘူး ဒါပေမဲ့ ဒီညအစိမ်းတိုက်ပြီးပညာသယ်ဘက်ကသူသေကိုယ်သေပညာပြိုင်မှာဆိုတော့ဆရာကြီးကကျုပ်ကို သူ့ကိုကူညီပေးဖို့နဲ့အင်းနိုးဂါထာရွတ်ပြီးသရဏဂုံစမအင်းတော်ကြီးကို အသက်သွင်းထားခိုင်းတယ် ပြီးတော့သက်သက်လွတ်ပဲစားခိုင်းတယ်ဗျ ဆရာကြီးဦးရန်သိန်းက ကျုပ်ကိုပြောတယ်ဗျ မောင်သိန်းအခုတွေ့မဲ့ပညာသယ်က ရှေးခေတ်ထဲကအစဉ်ဆက်ပညာကမ်းခြင်းခံရတဲ့ ပညာသယ်ကွ သတိကြီးကြီးထရမယ်တဲ့ ဆရာကြီးကနတ္ခတ်ဗေဒလဲနားလည်တော့ ဦးမောင်မြရဲ့ဝိုင်းထဲမှာ ပညာသည်နဲ့တွေ့ရမယ်လို့ခန့်မှန်းပြီး ကဝေစက်ဖျတ်အင်းတော်ကြီးကိုညလထွက်သာနဲ့ရေးဆွဲမယ်တဲ့ သူရေးဆွဲနေတဲ့အချိန်မှာပညာသယ်ဘက်ကပညာမျိုးစုံသုံးပြီးတိုက်ခိုက်လိုက်မယ်တဲ့ဆရာကြီးကအင်းစည်းမပေါက်အောင်ကျုပ်ကခုခံကာကွယ်‌ပေးထားရမယ်တဲ့ ကျုပ်လဲဟုတ်ဆရာကြီးလို့ပြောလိုက်တယ်ညရောက်တော့ဆရာကြီးက ကဝေစက်ဖျတ်အင်းတော်ကြီးကိုစပြီးရေးဆွဲတယ်ဗျ ကျုပ်ကို ခြံ၀မှာစောင့်ခိုင်းပြီးလာသမျှကိုတားခိုင်းထားပြီးဆေးလွယ်အိတ်ပါပေးထားတယ်ဗျ ဆရာကြီးစပြီးရေးဆွဲတာနဲ့ မြေကြီးကရုတ်တရက်တုန်ခါလာတယ်ပြီးတော့ ကျုပ်ဆီကိုဒုန်းးးဆိုင်းပြေးလာတဲ့အသံကြီးကြားရတယ်ဗျ ဘာလဲဆိုတာတော့မတွေ့ရဘူးကျုပ်လဲအသံကိုသေချားနားထောင်ပြီးနီးကပ်လာတာနဲ့ စမအင်းတစ်ချပ်ယူပြီး ပစ်လိုက်တယ်ဝုန်းးးကနဲမီး‌လုံးကြီးထွက်လာပြီး၆ပေလောက်ကိုမီးညွန့်ကြီးတောက်သွားတယ်ဗျ
ဟ နွားနက်ကြီးပါလား ဂျိုကြီးကကားပြီးချွန်မြနေတာပဲ ကျုပ်ကိုဝှေ့ဖို့ အမြီးထောင်ပြီးခွါတွေရပ်နေတယ်ဗျပွန်းးးးဆိုတဲ့ အော်သံကြီးကမီးရထားဥဩဆွဲလိုက်သလိုပဲဗျို့ဟိန်းထွက်သွားတာဗျ ဟော့အရှိန်တင်လာပြီးကျုပ်ဆီကိုပြေးလာတာဗျို့ ကျုပ်လဲ သရဏဂုံစမအင်းတော်ကြီးကိုလက်ဝါးထဲထည့်ပြီးပစ်လိုက်တယ်ဗျို့ အုန်းးးးးဆိုတဲ့အသံကြီးကမြေကြီးပါတုန်တယ်ဗျ မီးခိုး‌လုံးကြီးတက်သွားပြီးနွားကြီးမတွေ့တော့ဘူးဗျ ကျုပ်လဲဘာဖြစ်မလဲ
သတိထားပြီးဆရာကြီးကိုကြည့်လိုက်တော့အင်းကွက်တော့ဆွဲပြီးပြီဗျအင်းအထဲကစမတွေရေးဆွဲ နေတာဗျို့ကျုပ်လဲဆက်ပြီးစောင့်ကြည့်နေတုန်း အရပ်ကြီးကဆယ်ပေလောက်ရှိမယ်ဗျ ဆံပင်ဖျားလားကြီးနဲ့ ကိုယ်လုံးကြီးက တစ်နွေစာစပါးထည့်တဲ့ပုပ်လောက်ကိုရှိတာ အစွယ်ကြီးက ၃ပေလောက်အရှေ့ကိုထွက်နေတယ် သွားကြီးကငမန်းလွှလိုချွန်ထက်နေတယ်ဗျို့ မျက်လုံးကြီးက ဟင်းရည်သောက်ပန်ကန်လုံးလောက်ကိုရှိတယ်ဗျ နီနီရဲရဲကြီး ဗိုက်အိုးကြီးက အလှုလုပ်တဲ့မိုးပြဲဒယ်လောက်ကိုရှိတာဗျို့
အမွေးထူထူမည်းမည်းနဲ့သရဲမကြီးဗျ မြေကြီးနဲ့သုံးပေလောက်ကိုလွတ်နေတယ်စိတ်ဆိုးမာန်ဆိုးပုံကြီးနဲ့ကျုပ်ဆီကိုလာနေတယ်ဗျကျုပ်လဲ ဆေးလွတ်အိတ်ထဲနှိုက်လိုက်တာမန်းကျည်းစေ့ လောက်ရှိတဲ့ရွှေရောင်၀င်းနေတဲ့ဓာတ်လုံးလေးကိုစမ်းမိတယ်ဗျ ကျုပ်လဲဘုရားစက်တရားစက်သံဃာစက်လို့ပြောပြီးသရဲမကြီးတည့်တည့်ကိုပစ်ထည့်လိုက်တယ်ဗျ အားးးးအီးးးးဝူးးးးဆိုတဲ့အော်သံကြီးနဲ့အတူအစိမ်းသရဲမကြီးမီးလောင်နေပြီးမြေကြီးပေါ်မှာလိမ့်နေတယ်ဗျ ပြီးတော့မီးငြိမ်းသွားတော့ပြာပုံပေါ်မှာအရောင်တစ်၀င်း၀င်းတောက်နေတဲ့ဓာတ်လုံးလေးကိုပြေးကောက်လိုက်တယ် ပြီးတော့ ဝူးးးးဆိုတဲ့အသံကြီးကဆူညံ့လာပြီးပတ်၀န်းကျင်ကို ကြည့်လိုက်တော့ အမလေးဘုရား
ကောင်းကင်ပေါ်မှာ လှည်းဘီးလောက်ရှိတဲ့မီးလုံးကြီးက အော်သံကြီးနဲ့အတူကျုပ်တို့ဆီတန်းလာနေတယ်ဗျ ဆရာကြီးကမောင်သိန်းဒီကိုအမြန်လာလို့လှမ်းအော်တယ်ဗျ ကျုပ်လဲဆရာကြီးနားရောက်တော့ဆရာကြီးကသူ့လည်ပင်းကပုတီးကိုယူပြီးမန္တန်တစ်ပုဒ်တီးတိုးရွတ်လိုက်ပြီးကောင်းကင်ပေါ်ကိုပစ်လိုက်တော့မီးလုံးကြီးက အင်းဆွဲထားတဲ့မြေကြီးပေါ်သို့ပြုတ်ကျပြီးအားးးးပူးးးလိုက်တာကြောက်ပါပြီလို့အော်ဟစ်နေတယ်ဗျ ‌ကျူပ်ကြီးလိုက်တော့ရှမ်းကြီးရွာ‌ကဒေါ်တင်ဗျ ကျုပ်ဖြင့်အံဩလိုက်တာဗျာ ဆရာကြီးကအကူညီစက်မှန်သမျှ‌ပြတ်တောက်စေလို့ပြောပြီးသူ့ရဲ့လက်ဝါးနဲ့ဒေါ်တင်ရဲ့ဦးခေါင်းကိုအုတ်မိုးလိုက်တော့ဒေါ်တင်ငယ်သံပါအောင်အော်တာဗျို့
ဆရာကြီးက မိစ္ဆာမနင်ကသူများမိသားစုကိုဖျက်စီးပြီး၇ရက်သားသမီးတွေကိုဒုက္ခပေးနေတာ ဒီနေ့နင်ပညာကိုစွန့်ပြီး ငါ့ဆီမှာသစ္စာရေသောက်ရမယ် မဟုတ်ရင်ငရဲပြည်ပို့ပေးလိုက်မယ်လို့မာန်ပါပါနဲ့‌ေပြာလိုက်‌ေတာ့ဒေါ်တင်ကသောက်ပါ့မယ်လို့ပြောတော့ဆရာကြီးက ဆေးလွယ်အိတ်ထဲကကြေးခွက်လေးကိုထုတ်လိုက်တယ်ဗျ ကြေးခွက်လေးမှာဘာရေမှမရှိဘူးဆရာကြီးကသစ္စာဆိုပြီးအဝီစိငရဲကသံပူရေနဲ့တူသောရေကိုတောင်းတယ်ဗျ ဟော့ ခွက်ကလေးထဲကို ၁ပေလောက်မီးညွန့်ထတောက်ပြီးအတန်ကြာတော့ ရေဖြစ်သွားတယ်ဗျ ဆရာကြီးက ဟဲ့မိစ္ဆာမဤရေဟာ နင်သစ္စာတည်နေသ၍နင့်ဗိုက်ထဲမှာရေအဖြစ်တည်ရှိနေပြီးသစ္စာဖောက်ပြီးနင့်ပညာကိုအသုံးပြုတဲ့အခါ အဝီစိငရဲမီးအဖြစ်ပြောင်းလဲပြီးနင့်ဗိုက်ထဲမီးထတောက်၍အထဲကအူတွေကိုအပိုင်းပိုင်းပျက်ထွက်ကာသေဆုံးပြီးအဝီစီငရဲမှာမလွတ်တမ်းခံစားရမယ်လို့ပြောပြီးတိုက်လိုက်တယ် ဒေါ်တင်လဲဆရာကြီးပေးတဲ့ရေးတွေကိုသောက်ပြီးသစ္စာပြုကာဆရာကြီးဦးရန်သိန်းကိုဦးတိုက်ရှိခိုးပြီးရှမ်းကြီးရွာကိုပြန်သွားတော့တယ် ကျုပ်တို့ဆရာတပည့်တွေလဲဦးမောင်မြကိုစိတ်ပူစရာမရှိတော့ဘူးစကားပြောကျရင်မိုးထိန်ထိန်လင်းမှအိမ်ပြန်ခဲ့ကျတယ်။

စာဖတ်သူများအားကျေးဇူးအထူးတင်ရှိပါသည်။

Zawgyi Version

——————————-

ဆရာကြီးဦးရန်သိန်းကြွလာတယ်ဗျ အရုပ်ကြီးကို အရှေ့ကျပြီးကန်တော့ပွဲပေးပြီးဆရာကြီးကပုတီး၁၀၈ပတ်စိပ်တယ်‌ဗျပြီးတော့ဦးမောင်မြကိုအခုလိုပြောတယ်ဗျ မောင်ရင်အခုအရုပ်မကြီးကအစိမ်းတိုက်ပညာရပ်နဲ့စီမံထားတာကွဲ့မောင်ရင်တစ်အိမ်သားလုံးကိုအပြတ်ရှင်းဖို့ရောက်လာတဲ့အရုပ်မကြီးမနက်ဖြန်လပြည့်နေ့ကျရင်ပညာသယ်ဘက်က အစိမ်းသရဲမကိုလွတ်လိုက်ပြီးအသေသတ်ခိုင်းတော့မယ်ကွဲ့ ဒါကြောင့် ယုတ်ညံ့တဲ့ပညာရပ်ကို တားစီးရမယ် အဆိပ်ကိုအဆိပ်နဲ့တားရမယ် ယုတ်ညံ့တဲ့အစီရင်နဲ့ပြုလုပ်ထားဒီအရုပ်မကြီးကို သူ့ထက်ယုတ်ညံ့နိမ့်ကျတဲ့ အိမ်သာကြွင်းထဲထည့်ပစ်လိုက်သူပြန်မရောက်လာတော့ဘူး ဒါပေမဲ့ပညာသယ်ဘက်က အစိမ်းတိုက်ပြီးမနက်ဖြန်ညမှသူသေကိုယ်သေပညာကုန်ထုတ်သုံးကျမှာ ကျုပ်ကိုဆရာကြီးကကိုယ်တစ်ပိုင်းပျက်အရုပ်မကြီးကိုအိမ်သာကြွင်းထဲပစ်ချခိုင်းလိုက်တယ်ဗျ ကျုပ်လဲသွားပစ်ချလိုက်တယ်ဆရာကြီးပြောသလိုပဲဗျ‌နောက်‌နေ့တံခါးဝကိုအရုပ်မကြီးပြန်မရောက်လာတော့ဘူး ဒါပေမဲ့ ဒီညအစိမ်းတိုက်ပြီးပညာသယ်ဘက်ကသူသေကိုယ်သေပညာပြိုင်မှာဆိုတော့ဆရာကြီးကကျုပ်ကို သူ့ကိုကူညီပေးဖို့နဲ့အင်းနိုးဂါထာရွတ်ပြီးသရဏဂုံစမအင်းတော်ကြီးကို အသက်သွင်းထားခိုင်းတယ် ပြီးတော့သက်သက်လွတ်ပဲစားခိုင်းတယ်ဗျ ဆရာကြီးဦးရန်သိန်းက ကျုပ်ကိုပြောတယ်ဗျ မောင်သိန်းအခုတွေ့မဲ့ပညာသယ်က ရှေးခေတ်ထဲကအစဉ်ဆက်ပညာကမ်းခြင်းခံရတဲ့ ပညာသယ်ကွ သတိကြီးကြီးထရမယ်တဲ့ ဆရာကြီးကနတ္ခတ်ဗေဒလဲနားလည်တော့ ဦးမောင်မြရဲ့ဝိုင်းထဲမှာ ပညာသည်နဲ့တွေ့ရမယ်လို့ခန့်မှန်းပြီး ကဝေစက်ဖျတ်အင်းတော်ကြီးကိုညလထွက်သာနဲ့ရေးဆွဲမယ်တဲ့ သူရေးဆွဲနေတဲ့အချိန်မှာပညာသယ်ဘက်ကပညာမျိုးစုံသုံးပြီးတိုက်ခိုက်လိုက်မယ်တဲ့ဆရာကြီးကအင်းစည်းမပေါက်အောင်ကျုပ်ကခုခံကာကွယ်‌ပေးထားရမယ်တဲ့ ကျုပ်လဲဟုတ်ဆရာကြီးလို့ပြောလိုက်တယ်ညရောက်တော့ဆရာကြီးက ကဝေစက်ဖျတ်အင်းတော်ကြီးကိုစပြီးရေးဆွဲတယ်ဗျ ကျုပ်ကို ခြံဝမှာစောင့်ခိုင်းပြီးလာသမျှကိုတားခိုင်းထားပြီးဆေးလွယ်အိတ်ပါပေးထားတယ်ဗျ ဆရာကြီးစပြီးရေးဆွဲတာနဲ့ မြေကြီးကရုတ်တရက်တုန်ခါလာတယ်ပြီးတော့ ကျုပ်ဆီကိုဒုန်းးးဆိုင်းပြေးလာတဲ့အသံကြီးကြားရတယ်ဗျ ဘာလဲဆိုတာတော့မတွေ့ရဘူးကျုပ်လဲအသံကိုသေချားနားထောင်ပြီးနီးကပ်လာတာနဲ့ စမအင်းတစ်ချပ်ယူပြီး ပစ်လိုက်တယ်ဝုန်းးးကနဲမီး‌လုံးကြီးထွက်လာပြီး၆ပေလောက်ကိုမီးညွန့်ကြီးတောက်သွားတယ်ဗျ
ဆရာကြီးက မိစ္ဆာမနင်ကသူများမိသားစုကိုဖျက်စီးပြီး၇ရက်သားသမီးတွေကိုဒုက္ခပေးနေတာ ဒီနေ့နင်ပညာကိုစွန့်ပြီး ငါ့ဆီမှာသစ္စာရေသောက်ရမယ် မဟုတ်ရင်ငရဲပြည်ပို့ပေးလိုက်မယ်လို့မာန်ပါပါနဲ့‌ပြောလိုက်‌တော့ဒေါ်တင်ကသောက်ပါ့မယ်လို့ပြောတော့ဆရာကြီးက ဆေးလွယ်အိတ်ထဲကကြေးခွက်လေးကိုထုတ်လိုက်တယ်ဗျ ကြေးခွက်လေးမှာဘာရေမှမရှိဘူးဆရာကြီးကသစ္စာဆိုပြီးအဝီစိငရဲကသံပူရေနဲ့တူသောရေကိုတောင်းတယ်ဗျ ဟော့ ခွက်ကလေးထဲကို ၁ပေလောက်မီးညွန့်ထတောက်ပြီးအတန်ကြာတော့ ရေဖြစ်သွားတယ်ဗျ ဆရာကြီးက ဟဲ့မိစ္ဆာမဤရေဟာ နင်သစ္စာတည်နေသ၍နင့်ဗိုက်ထဲမှာရေအဖြစ်တည်ရှိနေပြီးသစ္စာဖောက်ပြီးနင့်ပညာကိုအသုံးပြုတဲ့အခါ အဝီစိငရဲမီးအဖြစ်ပြောင်းလဲပြီးနင့်ဗိုက်ထဲမီးထတောက်၍အထဲကအူတွေကိုအပိုင်းပိုင်းပျက်ထွက်ကာသေဆုံးပြီးအဝီစီငရဲမှာမလွတ်တမ်းခံစားရမယ်လို့ပြောပြီးတိုက်လိုက်တယ် ဒေါ်တင်လဲဆရာကြီးပေးတဲ့ရေးတွေကိုသောက်ပြီးသစ္စာပြုကာဆရာကြီးဦးရန်သိန်းကိုဦးတိုက်ရှိခိုးပြီးရှမ်းကြီးရွာကိုပြန်သွားတော့တယ် ကျုပ်တို့ဆရာတပည့်တွေလဲဦးမောင်မြကိုစိတ်ပူစရာမရှိတော့ဘူးစကားပြောကျရင်မိုးထိန်ထိန်လင်းမှအိမ်ပြန်ခဲ့ကျတယ်။


ကျုပ်ကိုလဲအားပေးခဲ့ကျဦးနော်။