အနောက်နန်းမိဘုရားမမြလေး

***အနောက်နန်းမိဖုရား မမြလေး***📖📖📖(စ/ဆုံး)

******************************************

မမြလေးကိုသက္ကရာဇ်၁၁၇၁ခု နှစ် သီတင်းကျွတ် လပြည့်ကျော် (၂ရက်) တနင်္လာနေ့ ဖွားသည်။
ငယ်မည် မမြကြုတ်ဖြစ်၍ ဖခင် မင်းပျံချီနှင့် မိခင် ဒေါ်အိတို့မှဟင်္သာတမြို့တွင် ဖွားမြင်သည်။

၁၈၂၄ အင်္ဂလိပ် မြန်မာ ပဋ္ဌမ စစ်ပွဲအပြီး စစ်ပြေငြိမ်းရေး”ရန ္တပို”စာချူပ် ချူပ်ဆိုပြီး သာယာဝတီမင်းသားသည် ဓနုဖြူသို့ ချီတက်လာခဲ့သည်။

ဟင်္သာတသို့ အရောက်တွင် ရုပ်ရည်ချောမောလှပသည်ဟု ကျော်ဇောသတင်းရှိသော မမြလေးကို မြို့သူကြီးထံမှတစ်ဆင့် ဆင့်ခေါ်၍သိမ်းပိုက်ခဲ့သည်။
ရွှေလောင်းတိုက်ကို စားစေ၍ အိမ်ရှေ့မိဖု၇ားအရာပေးကာ မြောက်အိမ်တော်တွင်စံနေစေသည်။

သာယာဝတီမင်းသားသည် အသက်ငယ်ရွယ်နုပျိုပြီး ချစ်စရာကောင်းသော မမြလေးကို အစောပိုင်းတွင်ကောင်းစွာချီးမြှောက်ခဲ့ပေသည်။
အိမ်ရှေ့မိဖုရားဘဝတွင် မမြလေးသည် သမီးတော်တစ်ပါးမွေးဖွားခဲ့ရာ နောင်တွင် ထိုသမီးတော်သည် လှိုင်ထိပ်ခေါင်တင် မင်းသမီးအဖြစ် ကျော်ကြားလာခဲ့သည်။

၁၁၉၅ ခုနှစ်တွင် လှိုင် ထိပ်ခေါင်တင်(မဖွားကြီး)ကိုဖွား မြင်တော် မူသည်။

သာယာဝတီမင်းသားက ဘကြီးတော်မင်းကို နန်းချ၍ ထီးနန်းသိမ်းပိုက်လိုက်သောအခါ မမြကလေးသည်လည်း
“သီရိမဟာ သုရတနာ စန္ဒာဒေဝီ”ဘွဲ့ဖြင့် အနောက်နန်းမိဖုရားဖြစ်လာခဲ့သည်။
ဟင်္သာတမြို့ကို စားရသည်။

သာယာဝတီမင်းသည် စစ်သွေးစစ်မာန် တက်ကြွသူဖြစ်သည်။
ထိုစဉ်က ရခိုင်နှင့်တနင်္သာရီကို သိမ်းပိုက်ထားသော နယ်ချဲ့အင်္ဂလိပ်တို့ကို အင်အားပြစိမ့်သောငှာ ရေတပ်မတော်ဖြင့် ရန်ကုန်သို့ စုန်ဆင်းတော်မူခဲ့သည်။

သာယာဝတီမင်းသည် အလယ်နန်းမိဖု၇ားမှ ဖွားမြင်၍ လက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံသည့် ပြည်မင်းသားကို အိမ်ရှေ့မင်းတို့စီးသော ဥဒေါင်းငှက်ရုပ်ဖောင်တော်တွင် စီးစေ၍ ရေတပ်မတော်ကြီးတစ်ခုလုံး၏ အုပ်ချုပ်ကွပ်ကဲခွင့်ကို အပ်နှင်းကာ ရှေ့ဆုံးမှ ဦးဆောင်ချီတက်စေခဲ့သည်။

သာယာဝတီမင်းက တပ်အလယ်တွင် လိုက်ပါ၍ တပ်နောက်ဝင်းတွင် ပုခန်းမင်းသားက ကွပ်ကဲကာလိုက်ပါခဲ့ကြသည်။

ရန်ကုန်သို့ရောက်သောအခါ နန်းမတော်မမြလေးသည် ရန်ကုန်တွင် ကုသိုလ်ကောင်းမှုများ လုပ်ဆောင်နိုင်ခဲ့သည်။

ရွှေတိဂုံဘုရား အနောက်ဖက်မုခ် စောင်းတန်းများအတွက် သစ်နှင့် လက်ခငွေများ လှူဒါန်းခဲ့သည်။
သာယာဝတီမင်းသည် ရန်ကုန်တွင် ကြာကြာနေတော်မူလိုသော်လည်း မမြလေးက နေပြည်တော်နှင့် ဝေးကွာ၍ မနေအပ်ကြောင်း လျှောက်ထားသဖြင့် ပြန်ခဲ့ကြသည်။

အပြန်ခရီးတွင် မကွေးမြို့အနောက်ဘက်
ရွာသာယာတွင် ညအိပ်ရပ်နားသောအခါ ရေတပ်မတော်၏ ဦးစီးဗိုလ်ချုပ်ကြီးပြည်မင်းသားသည် ခမည်းတော်ဘုရားထံတွင် ခွင့်မပန်ဘဲ ရွှေစက်တော်သို့ ညတွင်းချင်း မြင်းနှင့်အရောက်သွား၍ဖူးသည်။
မနက်အရုဏ်တက်အမီအရောက် ပြန်လာသော်လည်း မိဖုရားခေါင်ကြီးက ဘုရင်ကို “ပြည်မင်းသားသည် နန်းလုလို၍ ရွှေစက်တော်တွင် အချိန်းအချက် သွားလုပ်ခြင်းပါ” ဟု ကုန်းချောစကား နားသွင်းထားပြီးဖြစ်သည်။

နေပြည်တော်ရောက်သောအခါ ပြည်မင်းသားသည် အိမ်ရှေ့မင်းသားအဖြစ် လျာထားခြင်း ပျက်ပြယ်သည်သာမက လွှတ်တက်မင်းသားကြီး အဆင့်မှပင်လျှောကျခဲ့ရသည်။

များမကြာမီပင်

သက္ကရာဇ် ၁၂၀၇ ခုနှစ်တွင် သားတော်ကြီး ပြည်မင်းသား အရေးတော်ပုံ ပေါ်ပေါက် လာခဲ့သည်
ကျပင်းမိဖုရားကြီး နှင့်သားတော်ပုဂံမင်းသားအပါအဝင် မနာလိုသူ တို့က “နန်းမတော် မမြလေးသည် ပြည်မင်သားနှင့်နှလုံးစိတ်ဝမ်း
မကွဲ မပြား ကြံရာပါ ဖြစ်သည် ဟု ကုန်ချောကြလေသည်။

ဖော်ထုတ်စစ်ဆေးသောအခါ ပုန်ကန်မှုတွင် အနောက်နန်းမတော် မမြလေးပါ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မမြလေးကို ထုံးစံနှင့်အညီ စီရင်ခဲ့သည်။

သက္ကရာဇ် ၁၂၀၇ ခုနှစ် သီတင်းကျွတ်လဆန်း၁၂ ရက် နံက်တွင် သရက်တပင် သချိူင်္င်းကို ထုတ်ဆောင်ပြီးထုံးစံနှင့်အညီ စီရင်ဖျောက်ဖျက်ခြင်းခံရ သည်။

မမြလေးကို သူမ၏မယ်တော် ဒေါ်အိနှင့်အတူ စီရင်ခြင်းဖြစ်ပြီး အချို့ကမူ ရေချစီရင်သည်ဟု လည်းကောင်း အချို့က ဆင်နင်းသတ်သည်ဟု၍လည်းကောင်း ပြောဆိုကြသည်။
မည်သို့ပင်ဆိုစေ မမြလေးကဲ့သို့ မိဖုရားမျိုးသည် ထိုသို့စီရင်ခံရပြီး ကွယ်လွန်ခဲ့ရသည်မှာမူ ဝမ်းနည်းဖွယ်ဖြစ်သည်။

မမြလေးသေဆုံးချိန်တွင် သူမ၏အသက်မှာ
(၃၆)နှစ်သာ ရှိသေးသည်။

မမြလေးစပ်ဆိုခဲ့သောစာများမှာ နန်းတွင်းသူတို့၏ဘဝကိုထင်ဟပ်စေသော နန်းဓလေ့အမျှော်စိုက်များ၊ဘုန်းတော်ဘွဲ့များ၊မေတ္တာဘွဲ့များသာဖြစ်ပါသည်။
အမှန်တကယ်ခံစားစပ်ဆိုသောစာများပင်ဖြစ်ပါသည်။

တစ်ကြိမ်က မင်းမျက်သင့်၍ ကြေးတိုက်အတွင်း အချုပ်ခံရစဉ်က ‘ချစ်သမျှကို’ ဟူသောပတ်ပျိုးကို ရေးသားဆက်သွင်းခဲ့ဖူးသည်။

အချစ်တကာတို့တွင် အချစ်ဒီဂရီ အမြင့်ဆုံးအဖြစ် ညွှန်းဆိုဖွဲ့သော ထိုပတ်ပျိုးကို ကြားရသောအခါ သာယာဝတီမင်း၏စိတ်သည်ပင် ပျော့ပြောင်းနူးညံ့ သွားခဲ့ရသဖြင့် နန်းမတော်မမြလေးကို အချုပ်ကြေးတိုက်မှ လွှတ်စေ ဟုပင် ချမ်းသာပေးတော်မူခဲ့ဖူးသည်။

ရှင်သန်ခွင့် ရခဲ့လေသော ၃၆ နှစ်တာကာလအတွင်း……

“ရှိစုံရွက်ကြာ”ပတ်ပျိူ း။
“နဝရတ်ရောင်စုံ”ပတ်ပျိူ း။
“ဂန္ဓမာရိပ်သာ ဖလ်ဂူ နန်း” ချီ ပတ်ပျိူ း။
” ချစ်သမျှကို” ချီပတ်ပျိူ းတို့အပြင်
တေးထပ် လေးချို း တြိချိူ း ဒွေးချိူ းဘုန်းတော်ဘွဲ့သီချင်းခန့်များ
ကိုလည်း ပြင်စည်မင်းသားကြီး
မြဝတီမင်းကြီးဦးစ၊ ပြည်မင်းသားတိုနှင့်အတူ တပျော်တပါး တီးမှုတ်သီဆိုခဲ့ကြပါသည်လေ။
“ဣန္ဓာ ဝုဓ” နန်တွင်း ဇာတ်တော်ကြီးကိုလည်း အနောက် နန်းမတော် မမြလေး ကပင် ရေးသား
သီကုံးခဲ့သည်ဟုအဆိုရှိပါသည်။

မမြလေးကဲ့သို့ မြန်မာ့အမျိုးသမီးစာဆိုတော်တစ်ဦး ဘဝဇာတ်သိမ်းမကောင်းခဲ့သည်မှာတော့ ကြေကွဲဝမ်းနည်းဖွယ်ကောင်းလှပေသည်။ ။