Unicode Version
” အန္တရာယ်က လက်တစ်ကမ်းအကွာ “(စ/ဆုံး)
—————————————————–
မြားမြောင်လှသော တာဝန်များမှ အနားရယူဖို့ ရှောင်တခင်ခွင့် (၇) ရက် တောင်းခံရရှိခဲ့သည်ဖြစ်ရာ ဦးနှောက်ကို အနားလည်းပေး၊ သေနတ်ပြောင်း ချေး လည်းဆေးရင်း ဆိုသလို စေတုတ္တရာသို့ ထွက်ခွာလာခဲ့ကြသည်။
ကျွန်တော်နှင့်အတူ မန္တလေးမှ အမဲပစ် တောလည်ဖက် ကိုတင့်ဆွေနှင့် ကိုဘသိန်းတို့အပြင် ရေဝန်ရုံးစာရေးကြီး ကိုဖေမောင်တို့ ပါလာခဲ့၏။ စေတုတ္တရာမြို့နယ်သို့ ထွက်လာခဲ့ရသည့် အကြောင်းရင်းကား အပိုအလိုမရှိဆိုရပါလျှင် ပြောင်တစ်အုပ် ရောက်ရှိကျက်စားလျက် ရှိသည်ဆိုခြင်းကြောင့်ပင်။
မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဦးမောင်မောင်ဝင်းနှင့် တွေ့ဆုံစဉ် သတင်းရရှိခြင်း ဖြစ်ပါသည်။
ဦးမောင်မောင်ဝင်းသည် အပျော်တမ်း မုဆိုးတစ်ဦး ဖြစ်၏။ ဝါသနာလည်း ကြီးလွန်းလှ၏။ လိုင်စင် နှင့်ကိုင်ဆောင်သော နှစ်လုံးပြူးသေနတ် တစ်လက်ဖြင့် ယမ်းတောင့်ကို ကိုယ်တိုင်လုပ်၍ အခွင့်အခါရတိုင်းပင် တောထဲ ရောက်နေတတ်သူ ဖြစ်၏။
မင်းဘူးသားဖြစ်ပြီး မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင်ပင် မန်နေဂျာတာဝန် ထမ်းဆောင်လျက် ရှိ၏။
ဦးမောင်မောင်ဝင်း ရရှိခဲ့သော သတင်းကလည်း ခိုင်လုံလှလေသည်။ စေတုတ္တရာမြို့နယ်အတွင်း သစ်တောဌာနက ရှားအချိန်တစ်ထောင် နှစ်လအတွင်းတွင် စုဆောင်းရန် တောအုပ် မောင်ကောင်းမြင့်တို့အဖွဲ့ကို တာဝန်ပေးထားသည်။
မောင်ကောင်းမြင့်တို့အဖွဲ့သည် မြောင်းဦးမှတစ်ဆင့် ပလင်းချောင်းဖျားသို့ ရှားချက်ရန် စားအိုးစားခွက်များနှင့် တက်သွားခဲ့လေသည်။
ရှားချက်အဖွဲ့က သစ်ကွက်များအတွင်း အလှည့်ကျ စခန်းချကာ ရှားချက်ကြသည်။ ကနဦးအစ ရက်သတ္တပတ်တွင် အကွက်အမှတ် (၅) ၌ စခန်းချလျက် ရှားချက်သည်။ ကျေနပ်လောက်စရာ ရှားအတော်အတန် ရရှိခဲ့၏။
ဒုတိယ ရက်သတ္တပတ်တွင် အကွက်အမှတ် (၁ဝ) သို့ ဝင်ရောက်ခဲ့ကြပြန်၏။ ပလင်းချောင်းဖျား အကွက်အမှတ်(၁ဝ) လွင်သာသော ကြောပေါ်၌ ယာယီတဲ များထိုးလျက် စခန်းချသည်။
ရှားဖိုကို မီးမထိုးရသေးမီတွင် ပြောင်တစ်အုပ်က အလစ်အငိုက် ဝင်တိုက်သဖြင့် ရှားချက်သမား အုန်းရွှေ ပြောင်တိုက်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့ရ၏။
မောင်ကောင်းမြင့်တို့တစ်တွေ တရကြမ်း ဆင်းပြေးလာခဲ့ကြရလေသည်။
သူတို့၏အဆိုအရ ပြောင်အုပ်က အမြန်ရထားတစ်စီး မောင်းလာသည့်အလား ဝေါခနဲ ထိုးဝင်လာကာ မည်းမည်းမြင်ရာ ခတ်သွားသဖြင့် အသက်လု၍ ပြေးခဲ့ရပါသည်ဟု ဆိုသည်။
ကြီး ငယ် ကောင်ရေ ဆယ်ကောင်ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းကြ၏။
ကျွန်တော်တို့အဖွဲ့ အကွက်အမှတ် (၁ဝ) လွင်ကြောပေါ်သို့ ရောက်ခဲ့ကြ၏။ တောအုပ် မောင်ကောင်းမြင့်တို့ ထိုးထားသော တဲသုံးလုံးကို ပြောင်များ တိုက်ခိုက်ဖျက်ဆီးထား၍ ကျိုးပဲ့ယိုင်လဲ ပျက်စီးနေချေပြီ။ စားအိုးစားခွက်များမှာ ရစရာမရှိအောင် ပိန်ရှုံ့ပြားချပ်နေပေပြီ။
ကျွန်တော်တို့အဖွဲ့နှင့်အတူ လမ်းပြအကူအဖြစ် မောင်ကောင်းမြင့်နှင့် အမှုထမ်း ထွန်းဝင်းတို့ ပါလာသည်။
တစ်ယောက်တစ်လက်ဖြင့် ယာယီတဲသုံးလုံးကို မျောတိုင်များ၊ ဝါးများ ခုတ်လျက် ဆောက်လိုက်ကြ၏။ ယာယီစခန်းတွင် အခိုက်အတန့် အခြေပြုလျက် ပလင်းချောင်းတစ်လျှောက် ခြေရာခြေကြောင်းခံကာ ပြောင်အုပ်ကို ရှာဖွေခဲ့ကြသည်။
ခြေရာဟောင်းများ၊ မစင်ပုံဟောင်းများသာ တွေ့ရပြီး ခြေရာသစ်၊ စွတ်ကြောင်းသစ်ကို မတွေ့ကြရသေးချေ။
ဥတုက ဆောင်း။ အအေးဓာတ်က နှာရည်တို့ပင် ယိုစီးကျရ၏။ အနွေးထည် အထပ်ထပ်ဝတ်လျက်ကပင် အရိုးကြားက စိမ့်လာတတ်သည်။ တောအရိပ်က အစဉ်လိုလို အုပ်အုပ်ဆိုင်းဆိုင်း ရှိနေသည်။
နေအတော်မြင့်သည့်တိုင် နေခြည်ဖြာလို့ တော်တော်နှင့် မနွေးနိုင်။ ညဉ့်ဘက်ဆိုလျှင် မီးဖိုကို တဟုန်းဟုန်းတောက်လောင်အောင် ထင်းထည့်ထား ရ၏။ မီးဖိုမှ မီးအရှိန်ကြောင့် နွေးရုံမျှသာ ရှိပေသည်။
တောအုပ် မောင်ကောင်းမြင့်တွင် ဌာနမှ အရေးပေါ် ထုတ်ပေးထားသည့် အန်ဖီးလ် (၃ဝ၃) ရိုင်ဖယ်တစ် လက် ပါလာခဲ့ရာ ကျွန်တော်နှင့် စာရေးကြီး ကိုဖေမောင်က တစ်ဖွဲ့၊ ကိုတင့်ဆွေနှင့် မောင်ကောင်းမြင့်က တစ်ဖွဲ့၊ ကိုဘသိန်းနှင့် သစ်တောအမှုထမ်း ထွန်းဝင်းတို့က တစ်ဖွဲ့ဖြင့် သုံးဖွဲ့ခွဲလျက် ခြေရာခံလိုက် လံကာ ပြောင်အုပ် ရှာကြသည်။
ပလင်းချောင်းဖျားတွင် နှစ်ရက်ရှိသွားပြီ။
နံနက်စောစောမို့ အအေးဒဏ်က ပိုမိုပြင်းထန်လှသည်။ မီးဖိုဘေးတွင် ဝိုင်းထိုင်နေကြရင်း အစီအစဉ်ကို ညှိနှိုင်းတိုင်ပင်ကြသည်။
ကံပြားရွာသား ထွန်းဝင်း၏ လက်ရာ ကောက်ညှင်းပေါင်းဇလုံကြီးမှ အငွေ့တွေတထောင်းထောင်း ထနေ၏။ နှမ်းထောင်းလှော်ကို ထမင်းစားပန်းကန် နှင့် ချပေးထားသည်။
ရေနွေးကရားကြီးနှင့် နှပ်ထားသော အခါးရည်ရနံ့က သင်းပျံ့လျက်ရှိရာ ဗိုက်များပင် ဆာလာလေသည်။ ဟန်ပင်မဆောင်နိုင်။ ကောက်ညှင်းပေါင်း လက်သီးတစ်ဆုပ်လောက်ကို လှမ်းယူကာ နှမ်းထောင်းနှင့် တို့၍ ပလုတ်ပလောင်း စားပစ်လိုက်မိ၏။
“မုဆိုးတို့ကတော့ လုပ်ပြီ၊ အညာသားပီပီ ကောက်ညှင်းပေါင်းနဲ့ တွေ့လို့များကတော့ ဟန်တောင် မဆောင်နိုင်တော့ဘူးပေါ့”
ကိုတင့်ဆွေက အချက်အတွေ့မှာ နှက်လိုက်လေသည်။
ကျွန်တော် ရယ်ကျဲကျဲ လုပ်နေလိုက်ရ၏။
“ကိုင်း … ဒီနေ့တော့ ပလင်းချောင်းဖျားဘက် သွားတာ ခြေတိုလုရော။ တောကောင်ခြေရာ လတ်လတ်ဆတ်ဆတ်ကိုတောင် မတွေ့ရဘူးလေ။
ကနေ့တော့ တကူးချောင်းဘက် တစ်ဖွဲ့၊ နမတောင် (နွားမတောင်) ကြောတစ်ဖွဲ့၊ လွင်ပေါ် တစ်ဖွဲ့ခွဲပြီး လိုက်ကြည့်ကြရရင် ကောင်းမလား”
ကိုဘသိန်းက တွေးတွေးဆဆ အကြံပေးသည်။
အဖွဲ့သားများ အခိုက်အတန့်မျှ ငြိမ်နေကြသည်။
ကိုဘသိန်း၏ အကြံပြုချက်က မဆိုးလှ။ နေရာပြောင်း၍ သားကောင်များ ကျက်စားခဲ့လျှင် တည့်တည့်တိုးနိုင်သည်။
“ကောင်းတာပေါ့။ နှစ်ရက်ရှိနေပြီ။ နှစ်ရက်လုံးလုံး မနေမနား ရှာကြတာတောင် ချေးတစ်ပုံ မတွေ့ကြရလို့ စိတ်ဓာတ်က ကျချင်ချင်ရယ်။ ကနေ့တော့ မိုးဆုံးဆုံး၊ မြေဆုံးဆုံး တစ်ချီတစ်မောင်း လှည့်လိုက်ကြဦးစို့လေ”
စာရေးကြီး ကိုဖေမောင် တက်ကြွစွာ ပြောလာသည်။ ခါးချည့်ချည့်၊ ခပ်ပိန်ပိန် ခန္ဓာကိုယ်နှင့် စာရေးကြီးက စိတ်ဓာတ်မာလှဘိ၏။
“ကဲ … ဒီလိုဆို လုပ်လိုက်လေ၊ ကြာသလားလို့။ စောစောထွက်ကြရအောင်”
“ထွက်မယ်ဆိုရင် ခုပဲ ထွက်လို့ရပါပြီခင်ဗျ။ ထမင်းထုပ်တွေ အဆင်သင့် ထုပ်ထားပြီးပါပြီ”
အမှုထမ်း ထွန်းဝင်းက သတင်းပို့သည်။
နမတောင် အထက်ဆီမှ နေလုံးက တောင်ထွတ်ဖျားကို ကျော်၍ ပေါ် လာသည်။ နေခြည်ဖြာသဖြင့် နွေးလာနေပြီ။ ဟိုအဝေးဆီမှ တောကြက်အချို့ အိပ်တန်းမှဆင်းစ တွန်သံ တစ်ချက်နှစ်ချက် ကြားရ၏။
တောက နက်မှောင်လှသည်။ ပင်မြင့်ကြီးများ မှိုင်းမှိုင်းညို့ညို့ အုပ်အုပ်ဆိုင်းဆိုင်း ရှိလှသည်။ ဒေါင်း ကုလားတစ်ကောင်၏ အိုးဝေသံသဲ့သဲ့မျှနှင့် မျောက်လွှဲကျော်တစ်အုပ်၏ ဝေခနဲ ဝေခနဲ အော်နေသံက တောတွင်း၌ လျှံနေသည်။
မုဆိုးသုံးဖွဲ့တို့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ စခန်းမှ ထွက်ခွာသွားကြသည်။ စိတ်ဓာတ်က အမြင့်ဆုံးအခြေတွင် ရှိနေ၏။
ဆယ်ကောင်ထက်မနည်းသော ပြောင်အုပ် ပလင်းချောင်းတစ်ဝိုက်က ဘယ်ခွာလိမ့်မတုံး။ ပလင်းချောင်းဖျားတွင် လျှိုမြောင်စိမ့်စမ်း ကောင်းလှသည်။
တောင်တွေကလည်း တစ်လုံးပေါ်တစ်လုံး ဆင့်ထားသလိုမို့ တောကောင်များအဖို့ လုံခြုံစိတ်ချစွာ နေထိုင်ကျက်စားနိုင်သည်။
သစ်ရာ၊ အင်ကြင်း၊ ကနစို ပင်မြင့်ကြီးများ ဖေါက်ရောက်လျက် ဂွေး၊ သစ်ဆိမ့်၊ ဖန်ခါး၊ စင်ပြွမ်း စသော စားပင်သီးပင်များ ကြွယ်ဝ၍ သားကောင်များ နှစ်ပေါက်ခိုအောင်းလေ့ရှိသည်။
တောင်စောင်းလျှိုမြောင်များအတွင်း ဝါးရုံတော များ ထူထပ်သဖြင့် မျှစ်စို့ပေါက်ချိန်ဆိုလျှင် စိုင်၊ ပြောင် စသော တောကောင်ကြီးများ တောင်ပေါ်မှ ဆင်းလာကြကာ နေ့ဆက်ရက်ဆက် ခိုအောင်းကျက်စားလေ့ ရှိပေသည်။
“ကျွန်တော်နှင့် စာရေးကြီး ကိုဖေမောင်တို့က အလယ်လမ်းကို ခြေရာခံမည့်အဖွဲ့ ဖြစ်ရကား နမတောင်ပေါ်သို့ ခပ်ဖြည်းဖြည်းပင် တက်လာခဲ့ကြပါ၏။
ယူလာသော လက်နက်က ကျွန်တော့်၌ (၃ဝ.၆ဝ) ဝင်ချက်စတာ စပရင်းဖီးလ် ရိုင်ဖယ်၊ စာရေးကြီး ကိုဖေမောင်တွင် ရန်ကြီးအောင် မောင်းဖုံးနှစ်လုံးပြူး ပါလာသည်။
စာရေးကြီးက သူ့သေနတ် ဘယ်ညာ နှစ်ပြောင်းစလုံးတွင် ကျည်မချည်း ထည့်ထားသည်။ သူပစ်ဖို့ ရည်ရွယ်ထားသော အမဲက ပြောင် ပေကိုး။
နမတောင်ကြော တစ်ခုလုံးကား မြစိမ်းရောင် လွှမ်းလျက်ရှိနေသည်။ နှင်းရည်တို့ စိုလူး၍ မြစိမ်းရွက်များမှာ နက်မှောင်တောက်ပလျက် ရှိသည်။ သစ်ရွက်များမှ နှင်းရည်စက်များ ဟီးလေးခိုကာ တစ်ချက်တစ်ချက် တောက်ခနဲ တောက်ခနဲ ကျလာသည်။
မြက်ခင်းစိမ်းစိမ်းများကား မွေးပွကော်ဇောကြီး တစ်ချပ်နှယ် ထင်ရသည်။ နင်းလိုက်တိုင်း အိခနဲ အိခနဲ ဖိနပ်ခွာ မြုပ်ဝင်သွား၏။ ခြေသံ လုံလှပါ သည်။ တစ်နာရီကျော်မျှ ကြာသည့်တိုင် ခြေရာ လတ်လတ်ဆတ်ဆတ် တစ်ခုတလေမျှ မမြင်မတွေ့ကြရသေးချေ။
“မုဆိုးရေ၊ ပလင်းချောင်းဖျားက ပြောင်အုပ်ကိုတော့ ရအောင် နှိမ်နင်းပေးခဲ့ပါဗျာ။ အုန်းရွှေ အမေအို မုဆိုးမကြီး သူ အားကိုးအားထားပြုရတဲ့ သားက လေး ဆုံးသွားလို့ စိတ်တောင်မမှန်တော့ရှာဘူးလေ။ မြို့နယ်သစ်တောဌာနကပဲ ကျွေးမွေးစောင့်ရှောက်ထားရတယ်။
ရှားချက်သမားတွေ၊ သင်းသတ်အဖွဲ့တွေလည်း သစ်ကွက်တွေထဲကို ဝင်ရမှာ အထိတ်တလန့် ဖြစ်နေရတယ်လေ။ မုဆိုးတို့ ရောက်လာလို့ သူတို့တွေ အားတက်နေကြတယ်ဗျ”
ဦးမောင်မောင်ဝင်းက ပြောကြားလိုက်သည်။ သူတို့အားထားသလို ပြောင်အုပ်ကို နှိမ်နင်းဖို့ မဆိုထားဘိ ခြေရာပင် မတွေ့ရသေးသဖြင့် မုဆိုးအဖွဲ့ သိက္ခာအတော်ကျနေပြီ မဟုတ်လား။
ပိဿာချိန် ငါးရာထက်မနည်း ကြီးမားသော ပြောင်လို အမဲကြီးများကိုပင် တွေ့ရှိပစ်ခတ်နိုင်ရန် ခြေရာခြေကြောင်း ရှာမရသော မုဆိုး။ မျက်နှာပြဝံ့စရာပင် မရှိ။
စင်စစ်တွင် ပြောင်ဆိုသော တောကောင်သည် ဆင်၊ ကျားနှင့် သစ်တို့လို သားစားတောကောင်ကြီးများနောက် အကြီးမားဆုံး တောကောင်ဖြစ်သည်။
ခွာဖျားမှ ပခုံးအထိ ခြောက်ပေကျော်မျှ အမြင့်ရှိသည်။ အချို့ ပြောင်ထီးပိုးကြီးများဆိုလျှင် ခုနစ်ပေခွဲမှ ရှစ်ပေအထိပင် ရှိသည်ဟု ကြားဖူးသည်။
ပြောင်၏ ထိပ်ပြင်၌ ဗွေတစ်ခုလို အဖြူရောင် အမွေးများက အကွက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ အသွေးရောင်က နက်မှောင်ပြောင်လက်ကာ ရေနံချေး သုတ်ထားသည့်အလားပင် အဆီပြန်နေတတ်သည်။
ချောမွေ့လုံးဝန်းသော ဦးချိုတစ်စုံက တစ်ဖက်တစ်ချက်၌ ပစောက်ကွေးလို လှပလှပါသည်။
အကောင်နှင့် မလိုက်သော ခွာသေးသေးချွန်ချွန်များရှိသည်။
သို့စဉ်တိုင်လျက် မီးရထားတစ်စီး ဖြတ်မောင်းသွားသလို အလွန်လျင်မြန်စွာ ပြေးသွားနိုင်လေသည်။
ပြောင်အုပ် စားကွင်းတွင် အစာစားနေပြီဆိုလျှင် နှာမှုတ်သံတဘူးဘူးနှင့် ကျယ်လောင်လှ၏။
ပြောင်ငယ်ကလေးများပါသောအုပ် ကျက်စားနေပြီဆိုလျှင် အသံဗလံ ပိုမိုဆူညံသည်။ မိခင်ပြောင်မကြီးအပါးမှ ခွာ၍ ပြောင်ငယ်ကလေးတို့အချင်းချင်း ဝေးဝေးလံလံ ပြေးလွှားဆော့ကစားနေတတ်ခြင်းကပင် မုဆိုးအား အမဲရှိရာနေရာသို့ ညွှန်ပြနေသည့်ပမာပင်။
ကြောအတိုင်း ကျွန်တော်နှင့် စာရေးကြီးတို့ နှစ်ဦးသား မြက်ပင်ရှည်ကြီးများကို တိုးဝှေ့၍ ဖြည်းဖြည်းချင်း လျှောက်သွားကြသည်။
ကြောပေါ်တွင် လူသူအသွားအလာ နည်းပါး၍ ယခင် ရှေးက သစ်တိုက်လမ်းဟောင်း ယောင်ယောင်မျှသာ ထင်နေသည်။ လမ်းရှိဖူးသည် ဆိုနိုင်ရုံမျှသာ။
ကိုက်နှစ်ရာခန့် သွားမိသည့်အခါ တောင်ကြောအတိုင်း လက်ဝဲဘက်သို့ ချိုးဝင်သွားသည့် လမ်းဟောင်းတစ်ခုကို တွေ့ရသည်။
စာရေးကြီးက နှစ်လုံးပြူးသေနတ်ကို ဇော်ထမ်းထမ်းရင်း မြေပြင်ကို တငုံ့ငုံ့ကြည့်လျက် သွားနေသည်။
ကျွန်တော်နှင့် စာရေးကြီးက ခြေလှမ်းနှစ်ဆယ်ခန့် ကွာလှမ်းသွားသည်။ မြက်ပင်ရှည်ကြီးများကြား သားကောင် တစ်ကောင်ကောင် တိုးဝင်နင်းခြေထား ၍ ပိပြားနေသယောင် မြင်တွေ့ရသည်။ လတ်လတ်ဆတ်ဆတ်တော့ ဟုတ်ဟန်မတူ။
စိတ်မပါတပါဖြင့် ကြည့်နေဆဲမှာ စာရေးကြီးက ရွှတ်ခနဲ လေချွန်သံတစ်ချက် ပြုလိုက်သည်။ လှမ်းကြည့်လိုက်တော့ စာရေးကြီးက မေးဆတ်ခေါ်၍ မြေကြီးပေါ်သို့ လက်ညှိုးထိုးပြသည်။
သွား၍ ကြည့်ရှုလိုက်သည့်အခါ ပြောင်ခြေရာ လတ်လတ်ဆတ်ဆတ် တစ်ခုကို တွေ့လိုက်ရ၏။ ခွာရာက ချွန်ချွန်သေးသေး ဖြစ်သည်။ ပြောင်က အကောင်အထည် ကြီးသော်လည်း ခွာရာမကြီးလှ။
နှစ်ယောက်သား ခြေရာနောက်သို့ လိုက်သွားကြသည်။ ခြေရာများကား ကြောကိုပတ်လျက် အရှေ့မြောက်ဘက်သို့ ဦးတည်ရှေးရှုသွားနေသည်။
ဝါးတောကြီးကား တစ်မျှော်တစ်ခေါ်ကြီး ရှိ နေသည်။ အုပ်အုပ်ဆိုင်းဆိုင်းနှင့် အေးရိပ်သာယာ ပမာပင်။ တောကောင်များ ပျော်ပါးမြူးထူးချင်စရာ ဖြစ်သည်။
ဝါးရုံတစ်ရုံအခြေတွင် မျှစ်ကို ချိုးဖဲ့ကိုက်စားထားသဖြင့် မျှစ်အကာစများ ပြန့်ကျဲနေသည်။ ဆက်လက် လျှောက်သွားကြရာ ချေးပုံ တစ်ပုံ နှစ်ပုံကို တွေ့မြင်ရပြန်၏။ ချေးပုံမှ အငွေ့များပင် ထွက်နေဆဲ ဖြစ် သည်။
တောကောင်နှင့် နီးကပ်နေပြီမို့ (၃ဝ.ဝ၆)ဝင်ချက်စတာရိုင်ဖယ်သော့ကို အရှေ့ကို လက်မဖြင့်တွန်း၍ အသင့်ကိုင်ထားလိုက်ရ၏။
“မဝေးတော့ဘူးနဲ့ တူတယ်။ သတိထားတော့”
စာရေးကြီးက ဦးခေါင်းကို နောက်သို့လှည့်ပြီး တိုးတိုးပြောသည်။ ခြေရာများကား ကြောကိုပတ်၍ နမတောင်၏ တောင်စောင်းသို့ မြှောင်၍ ဆင်းသွား သည့်အတိုင်း ကျွန်တော်တို့ လိုက်သွားကြသည်။
ဒီခြေရာရှင် ပြောင်အုပ်သည် ပလင်းချောင်းဖျား၌ ကျက်စားနေသော ပြောင်အုပ် ဖြစ်နိုင်ခြေ များသည်။ စားကျင်းစားကျက်ကောင်းသဖြင့် ဒီဝန်းကျင်က မခွာခြင်း ဖြစ်ပုံရသည်။
ပြောင်ခြေရာများကား ကြောကိုပတ်၍ တက်သွားခြင်း ဖြစ်သည်။ လိုက်၍ မီနိုင်ဖွယ် ရှိသည်။
ကျွန်တော်တို့က နောက်ကျသည်ဆိုပါမူ ကိုတင့်ဆွေတို့နှင့် ထိပ်တိုက်တိုးနိုင်မည် ထင်သည်။
တောကောင်များ ဒီနေရာတွင် ခေတ္တခဏမျှ အိပ်စက်နားနေရာ နေရာများ၊ မျှစ်ကို ချိုးဖဲ့စားသွားသည့် ကိုက်ဖြတ်စားထားသော အပိုင်းအစများ၊ ပြောင်ငယ်ကလေးများ ပြေးလွှားကစား မြူးထူးကြ၍ ကျိုးပဲ့ပြုတ်ကျလျက်ရှိသော သစ်ကိုင်းသစ်ခက် အစအနများကို တွေ့ရသည်။
မုဆိုးတွေ အားတက်သွားပြီ။ ရှေ့မှာ တောကောင်များ မုချရှိနေပေပြီ။ မည်သို့မည်ပုံ ရင်ဆိုင်တိုးမည်လဲ။ စောင့်ကြည့်ရတော့မည်။
နှစ်ဦးသား ကိုက်နှစ်ထောင်နီးပါးမျှ လိုက်မိကြသည့်အခါ တကူးချောင်းလျှိုတွင်းမှ သေနတ်သံနှစ်ချက် ဆက်တိုက် ကြားလိုက်ရ၏။ နှစ်မိနစ်ခန့်အကြာတွင် နောက်ထပ် သေနတ်သံတစ်ချက် ထပ်မံကြားလိုက်ရပြီးနောက် တစ်တောလုံး ငြိမ်သွားသည်။
ကျွန်တော်နှင့် စာရေးကြီးတို့ နှစ်ဦးသား မတိုင်ပင်ရဘဲနှင့် တောင်ကြောပေါ်မှ တကူးချောင်းရိုး လျှိုအတွင်းသို့ ပြေးဆင်းသွားကြ၏။ လျှိုအစ ရောက်သည့်အခါ ဆူညံဆူညံနှင့် စကားပြောသံများ ကြားလိုက်ရသည်။
စကားပြောနေသူများကား ကိုတင့်ဆွေနှင့် မောင်ကောင်းမြင့် ဖြစ်သည်။ မြေပြင်ပေါ်သို့ တငုံ့ငုံ့နှင့် ကြည့်ရှုရှာဖွေနေကြသည်။ ကျွန်တော်တို့ ရောက်သွားသည့်အခါ ကိုတင့်ဆွေက လှမ်းပြော၏။
“မုဆိုးရေ … ပြောင်ပေါက်ကြီးဗျာ၊ ကိုက်အစိတ်လောက်ပဲ ကွာမယ်ထင်ပါရဲ့။ မောင်ကောင်းမြင့်နဲ့ တည့်တည့်ကြီး တိုးတာ။ ဘေးတစောင်း လှည့်ကြည့်နေတုန်း လက်ပြင်ကိုပဲ တေ့ဖြုတ်ရတယ်လေ။ တွန်းပစ်လိုက်သလား အောက်မေ့ရတယ်၊ တစ်ပတ်ကို လည်သွားတာပဲ။
ဒါပေမယ်လို့ နေရာမှာတင် မလဲဘဲ တောတိုးပြေးသွားတယ်။ ပစ်ကွင်းနေရာကို လာကြည့်ပါဦး”
အမှန်ပင်။ မြေပြင်ပေါ်သို့ ကျွန်တော်တို့ ကြည့်လိုက်ကြသည့်အခါ၌ ပြောင်ခွာရာများ ထွန်ခြစ်ဖြင့် ခြစ်ထားသလို ပြန့်ကျဲနေသည်။ ကန်ကျောက်ထားသလို မြေသားများ ဖွာလျက်ရှိ၏။
သွေးစက်များကား အိုင်ထွန်းနေသည်။ မြက်ပင် ကိုင်းပင်များတွင်လည်း သွေးစက်များ စဉ်နေသည်။
“မောင်ကောင်းမြင့် ဘယ်နေရာ ချိန်ပစ်တာလဲလို့ ကျုပ်ကမေးတော့ လက်နောက်ကို ပစ်တာတဲ့။ လျှိုထဲမှာ သူ့ဘက်ကို စောင်းပြီး လှည့်ကြည့်နေတာတဲ့ဗျာ။ နှလုံးကွင်းကိုပစ်တာ၊ လက်နောက်ဆိုတော့ နောက်ရောက်သွားပုံရတယ်။ ပြောင်က အကောင်ကြီးတော့ နှလုံးက တံတောင်နဲ့ မြုပ်နေတယ်။ လက်နောက် ချိန်ပစ်လို့ နှလုံး မထိနိုင်ဘူး။ ရှပ်မှန်သွားလို့ နေရာတင် မလဲတာ။
ကျုပ်တို့ပစ်တဲ့ အကောင်ရှေ့မှာ တစ်အုပ်ကြီးဗျား။ ပြေးလိုက်ကြတာ ဝုန်းဒိုင်းကို ကြဲသွားတာပဲ”
ကိုတင့်ဆွေ ပြောပြတော့မှ အကျိုးအကြောင်း သိရ၏။ တောကောင်များက သေနတ်သံကို လန့်သွားပြီး တောင် တစ်တောင် နှစ်တောင်ကျော်ထိ ပြေးသွားကြတော့မည် သေချာသည်။
မှန်ထားသော တောကောင်နောက်ကို တစ်ကြော နှစ် ကြော လိုက်ကြည့်ဖို့တော့ လိုလိမ့်မည်။
“ကိုင်း … ဖိုးတင့်ဆွေ၊ ကျွန်တော်တို့ အမှတ်တွေအတိုင်း လိုက်ကြည့်ရအောင်”
“ကောင်းတယ်၊ သွေးတွေကတော့ ပန်းထွက်ထားတယ်။ အထိနာရင်တော့ ဒီကောင် လဲမှာသေချာတယ်။ လိုက်ကြတာပေါ့။ စာရေးကြီးက သွေးစက်ခံ ခြေ ရာကောက်ဆို အလွန်ကျွမ်းတာ၊ ရှေ့က သွားတော့။ ကျွန်တော်တို့ နောက်က လိုက်ခဲ့မယ်”
ကျွန်တော်က ဆော်သြလိုက်၏။ စာရေးကြီး ကိုဖေမောင်က လူပုံချည်နဲ့နဲ့ ပျော့တော့တော့ပေမယ့် အကြမ်းပတမ်း အတော်ခံနိုင်သည်။ လူနံပိန် ကျွဲချိုလိမ် ဆိုသမို့လား။ သူ့လက်စွဲ ရန်ကြီးအောင် နှစ်လုံးပြူးကို လက်ယာလက်၌ ဆွဲလျက် သွေးစက်နောက်သို့ လိုက်သွားလေပြီ။
ပြောင်များ ပြေးထွက်သွားကြရာ ခြေရာများကား ရှုပ်ထွေးလျက် ရှိသည်။ ကနဦး တွေ့ရှိရသော ခြေရာနောက်မှာ သွေးစက်များ တောက်လျှောက်ပါနေ သည်။ ရှေ့က ပြောင်အုပ် ပြေးသွားရာနောက်သို့ လိုက်ပြေးသွားပုံရလေသည်။
ပြောင်အုပ် ပြေးလမ်းကား စွတ်ကြောင်းကြီးအလား ထင်းထင်းကြီးမို့ ခြေရာကောက်ဖို့ လွယ်လှသည်။ နောက်မှ ခြေရာကား ဒဏ်ရာကြောင့်မို့ ခွာက ပြဲနေပြီး အရှေ့ဘက်သို့ ထိုးသွားလိုက်၊ အနောက်ဘက် ထိုးသွားလိုက် ဖြစ်နေသည်။
သွေးစက်များကား ကနဦး တွေ့စက နီရဲစေးပျစ်နေပြီး တဖြည်းဖြည်း သွေးများ ကျဲလာကာ အမြှုပ်များပင် ထလျက်ရှိနေပြီ။ ဒဏ်ရာကြောင့် လမ်းကြောင်းမှန်အောင်ပင် မပြေးနိုင်တော့။
ကျွန်တော်တို့တွေ တစ်အားတက်လျက် ခြေရာနောက် လိုက်ကြသည်။ စာရေးကြီး ကိုဖေမောင်ကား အတက်ကြွဆုံး၊ အသွက်လက်ဆုံးပင်။ သွက်လိုက်သည်မှာ ကျွန်တော်တို့၏ရှေ့ ကိုက်အတော်များများ ရောက်သွားပြီ ဖြစ်၏။
ကျွန်တော်၊ ကိုတင့်ဆွေနှင့် မောင်ကောင်းမြင့်တို့ သုံးဦးသား ပြောင်ခြေရာများ ပျောက်မသွားအောင် မြေပြင်ပေါ် ရှိ အမှတ်များအတိုင်း တငုံ့ငုံ့ ရှာကြည့်ရင်း စာရေးကြီးနှင့် ဝေး၍ ဝေး၍ သွားလေသည်။
ဝါးတောကား တစပ်တည်း စိမ်းစိုနေသည်ဖြစ်ရာ အရိပ်ရသဖြင့် မြေကလည်း စိုပြီး မွနေ၍ ခြေရာများအား အလွယ်တကူ ခံ၍ရသည်။
တစ်စတစ်စနှင့် တောပါးလာ၍ မြေပြင်အနေအထားက စိုထိုင်းနေရာမှ ခြောက်သွေ့ပြီး မာကျစ်လာသည်။
မြေပျော့တွင် ခြေရာထင်သော်လည်း မြေမာတွင် ခြေရာမထင်တော့။ ခြေရာစွတ်ကြောင်း ရှာရခက်လာသဖြင့် ခရီးလည်းမတွင် ဖြစ်လာသည်။
ခပ်စောစောပိုင်းက တက်ကြွနေသလောက် ခုလို အခက်အခဲများ ကြုံလာသည့်အခါတွင်မူ ခန္ဓာကိုယ်ကိုပင် သယ်ချင်စိတ် မရှိသလောက် ဖြစ်လာရ၏။
သို့တစေ ဦးမောင်မောင်ဝင်း၏ မျက်နှာကြီးကို မြင်ယောင်မိသည်နှင့် အားလျှော့ချင်စိတ်များ ပျောက်သွားရပြန်လေသည်။
သို့နှင့် ကျောက်ဖြုန်းများ ပြည့်နှက်နေသော တောင်နှာမောင်းကို မြှောင်လျက် တက်သွားကြ၏။
နေ့မွန်းတည့်ပြီးစမို့ ပူလှသည်ကား ပြောဖွယ်ရာ မရှိ။ ချွေးများရွှဲလျက် လူတွေ ဟောဟဲလိုက်အောင် မောနေသည်။
သို့ပင်ဖြစ်စေကာမူ အမဲဇောနှင့်မို့ မောလို့မောမှန်း မသိစိတ်က ဆောင်တုန်း။ ရှေ့သို့ လှမ်းတုန်း။
ဒိုင်းခနဲ သေနတ်သံတစ်ချက် ဟိန်းထွက်လာသံ ကြားလိုက်ရပြီး တောတိုးပြေးလာသံ တဝေါဝေါ ကြားရသည်။ ဝါးရုံတောမို့ ဝါးလုံးဝါးကိုင်းများရိုက်သံ၊ တဖြောင်းဖြောင်းမြည်သံများ အဆက်မပြတ် ကြားလာရပြီး မိနစ်ပိုင်းမျှအကြာ ကြောအတိုင်း မည်းမည်းပြောင်ပြောင် သတ္တဝါကြီးတစ်ကောင် ဝါးလုံးထိုး ပြေးထွက်လာသည်။
ကိုတင့်ဆွေ၏ အသံက အကျယ်ဆုံးပင်။
“ပြောင် . . . ပြောင် . . . မုဆိုးရေ၊ ထိပ်တိုက်ပြေးလာတာ။ ပစ် . . . ပစ် . . . ရှောင် . . . ရှောင်”
ကျွန်တော်တို့အားလုံး ဝရုန်းသုန်းကား တကွဲတပြားဖြစ်သွားသည်။
ကြောအတိုင်း ကျွန်တော်တို့ ရှေ့တည့်တည့်မှာ အမြန်ရထားတစ်စင်း မောင်းဝင်လာသလို တောကောင်ကြီး ပြေးလာနေသည်။
ရုတ်တရက်မူ လူတွေအားလုံး ကြောင်သွားပြီးမှ ချက်ချင်း သတိဝင်လာသည်။ အသင့်ကိုင်ထားသော သေနတ်ဖြင့် လှမ်းချိန်ထားလိုက်ပြီး ပစ်ရန် စိတ်ကူးမိရုံမျှ ရှိသေးသည်။ ဒိုင်းခနဲ ကျယ်လောင်သော သေနတ်သံတစ်ချက်ကို အနီးမှ ကပ်၍ ကြားလိုက်ရ၏။
ဆက်တိုက်ပင် သေနတ်သံနှစ်ချက် ကြားလိုက်ရပြီးနောက်တွင် ကဆုန်စိုင်း ပြေးဝင်လာသော မည်းမည်း ပြောင်ပြောင် တောကောင်ကြီး ဝုန်းခနဲ လဲပြိုသွားကာ တောင်စောင်းအတိုင်း အသံဗလံမျိုးစုံတို့ပြုလျက် တရွတ်တိုက် လျှောကျသွားလေသည်။
တောင်စောင်းက နှစ်ရပ်ခန့်မျှသာ မြင့်သဖြင့် တုံးလုံးကြီးလဲလျက်ရှိသည့် ပြောင်ကြီးကို မြင်နေရသည်။ လှုပ်ရှားခြင်းပင် မပြုနိုင်တော့။ ငြိမ်သက်လျက် အသက်ပျောက်နေပေပြီ။
ကြောအစမှ တွေ့မြင်နေရသည်ကပင် ပြောင်ကြီး၏ အနေအထားကို ခန့်မှန်းနိုင်သည်။ ပိဿာ ငါးရာထက်မနည်းပင် ကြီးမားလှသည့် အကောင်ကြီး ဖြစ်သည်။
မုဆိုးတို့ အားရကျေနပ်ဖွယ်ရာ အမဲဖြစ်သည်။ နေ့ည ပင်ပန်းခံရကျိုး နပ်ပြီ။
“ဟော … ဒါနဲ့ စာရေးကြီးရောဗျ ကိုတင့်ဆွေ”
ပြောင်ကြီးကို လှမ်းကြည့်ကျေနပ်နေမိရာက မိမိရဲဘော်ကြီးကို စိတ်တွင်းက သတိရလိုက်မိကာ မေးခွန်းထုတ်လိုက်ရ၏။
“ဟုတ်ပါရဲ့၊ တောကောင်နဲ့ နပန်းလုံးနေရလို့ စာရေးကြီးကိုတောင် မေ့နေမိတယ်။ စာရေးကြီး စောစောတုန်းက ဒီကောင်ကြီးနဲ့ တိုးပြီး ပစ်ခဲ့တာမဟုတ် လား။ သွားကြည့်ကြရအောင်ဗျာ။
ဖွဟဲ့ … လွဲပါစေ ဖယ်ပါစေ။ တစ်ခုခုများဖြစ်နေပြီလား မပြောတတ်ဘူး”
ကိုတင့်ဆွေ ပြူးတူးပျာတာ ဖြစ်သွားသည်။ လျှိုအတွင်း တုံးလုံးလဲလျက် အသက်ပျောက်နေသော ပြောင်ကြီးကို ဂရုမပြုနိုင်ကြဘဲ အပြေးအလွှားပင် သွားကြသည်။
ပြောင်ကြီး ပြေးထွက်လာရာ ဝါးတောအတွင်း ခြေရာလမ်းကြောင်းက သွေးစက်များဖြင့် ထောင်းလမောင်းကြေနေသည်။
ပြင်းထန်သော ဒဏ်ရာဒဏ်ချက် ရရှိထားသည့် တောကောင်သည် အနာကြောင့်၊ ဒေါမာန်ကြောင့် မည်းမည်းမြင်ရာ တိုးတိုက်ဝှေ့ခတ်သွားသည့်ပုံပင်။
“ဗုဒ္ဓေါ … မြတ်စွာဘုရား၊ စာရေးကြီးကိုများ ပြောင်တိုက်သွားပြီလားဗျာ”
ကျွန်တော် စိုးရိမ်ကြီးစွာ မေးမိ၏။
“ဟော . . . ဟိုမှာ . . . ဟိုမှာ … ကိုဖေမောင်ကြီး လဲနေတယ်။ မုဆိုး လာ . . . လာ .. . လာကြည့်ပါဦး”
ကိုတင့်ဆွေ အလန့်တကြားပြောရင်း မလှမ်းမကမ်းသို့ ပြေးသွားသည်။ ကျွန်တော့်ရင်တွင်းမှ ဒိန်းခနဲ နှလုံးခုန်သွားရပြီး ကိုတင့်ဆွေ ပြေးထွက်သွား သည့်နောက်သို့ အပြေးလိုက်သွားရ၏။
ကိုတင့်ဆွေသည် လဲကျနေသော စာရေးကြီး ကိုဖေမောင်၏အပါးတွင် ဒူးထောက်ထိုင်ချလိုက်ပြီး စာရေးကြီးကို လှမ်းပွေ့ထူလိုက်သည်။
“ကိုဖေမောင် … ကိုဖေမောင် … ဘယ့်နှယ်နေသေးလဲဗျာ။ ကျွန်တော်တို့လေ … တင့်ဆွေပါ။ သတိရရဲ့လားဟင်”
စိုးရိမ်တကြီး မေးနေသော ကိုတင့်ဆွေ၏ အသံကို ကြား၍လား မဆိုနိုင်။ စာရေးကြီး မျက်လုံးပွင့်လာသည်။ သူ့ မျက်နှာထက်တွင် မိုး၍ မြင်တွေ့လိုက်ရ သော ကိုတင့်ဆွေ၏ မျက်နှာကို အထိတ်တလန့် ကြည့်လိုက်ရင်း
“ဟင် . . . ဟင် . . . ကိုတင့်ဆွေ၊ ကျွန်တော် . . . ကျွန်တော့်ကို ပြောင်ကြီး လိုက်တိုက်တာဗျာ။ ကျွန်တော် လွတ်အောင် အတော်ရှောင်လိုက်ရတယ်။ တစ်ချက်တော့ ကျွန်တော် ပစ်လိုက်နိုင်ပါတယ်။ ပြောင်ကြီး ပြေးသွားပြီလားဟင်”
အလောသုံးဆယ် မေးလာသည်။
“နေပါဦး စာရေးကြီးရဲ့၊ ခင်ဗျားပြောင် ကျွန်တော်တို့ လှဲလိုက်ပြီးပါပြီ။ လျှိုထဲမှာ တုံးလုံးပက်လက်ပါပဲ။ ကျွန်တော်တို့က ခင်ဗျားကို စိတ်မချလို့ လိုက်တာတာ။ ခင်ဗျား ဘာဖြစ်သွားသေးလဲဟင်။ ဒဏ်ရာအနာတရ ရသေးသလား။ ခင်ဗျားရဲ့တစ်ကိုယ်လုံးလည်း သွေးတွေချည်းပဲဗျာ”
“ကျွန်တော် ဘာမှ မဖြစ်ပါဘူးဗျ။ ပြောင်ကြီး ပြေးတိုက်တော့ ကျွန်တော် လှိမ့်ရှောင်လိုက်ရတယ်။ ဘေးနားက ကပ်ထွက်သွားတဲ့ အကောင်ကြီးကို တစ် ချက် လှမ်းပစ်လိုက်တော့ သွေးတွေ ပန်းထွက်ပြီး ကျွန်တော့်တစ်ကိုယ်လုံး ရွှဲသွားတာပဲဗျို့”
စာရေးကြီးက ကိုတင့်ဆွေအား အဖြေပေးရင်း နေရာမှ ထရပ်လိုက်၏။ ပြီးနောက် ဆက်ပြောပြန်သည်။
“ပြောင်ကြီးက ကိုတင့်ဆွေတို့ ပစ်လိုက်ကြလို့ နာနေပြီး ပြောင်အုပ်ပြေးတဲ့နောက် လိုက်မသွားဘဲ ဝါးရုံအခြေမှာ ကျန်ခဲ့တာ။ ကျွန်တော်တို့ကို ပြန်တိုက်ဖို့ ချောင်းနေတာလေ။
ကျွန်တော်က သတိထားပြီး ကပ်တာမို့ ဒီကောင်ကြီးက ပြေးထွက်လာပြီး တိုက်လည်းတိုက်၊ ကျွန် တော်လည်း လှိမ့်ရှောင်လိုက်ရတယ်။ အမှတ်မဲ့သာကပ်မိရင် ခံရမှာ အသေအချာပဲ။
ကိုင်း … ကျွန်တော်တို့ ဦးမောင်မောင်ဝင်းအပေါ် တာဝန်ကျေပြီပေါ့။ မောင်အုန်းရွှေအတွက်လည်း လက်စားချေလိုက်နိုင်တယ် မဟုတ်လားဗျာ”
မောင်ကောင်းမြင့်တို့တစ်တွေမှာ ပလင်းချောင်းဖျားတစ်ခွင်၌ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်နိုင်ပြီလေ။
သူရဇ္ဇမဂ္ဂဇင်း
၂၀၀၆ခုနှစ် ၊ မတ်လ
– ပြီး –
စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Zawgyi Version
” အႏၲရာယ္က လက္တစ္ကမ္းအကြာ “(စ/ဆုံး)
—————————————————–
ျမားေျမာင္လွေသာ တာဝန္မ်ားမွ အနားရယူဖို႔ ေရွာင္တခင္ခြင့္ (၇) ရက္ ေတာင္းခံရရွိခဲ့သည္ျဖစ္ရာ ဦးေႏွာက္ကို အနားလည္းေပး၊ ေသနတ္ေျပာင္း ေခ်း လည္းေဆးရင္း ဆိုသလို ေစတုတၱရာသို႔ ထြက္ခြာလာခဲ့ၾကသည္။
ကြၽန္ေတာ္ႏွင့္အတူ မႏၲေလးမွ အမဲပစ္ ေတာလည္ဖက္ ကိုတင့္ေဆြႏွင့္ ကိုဘသိန္းတို႔အျပင္ ေရဝန္႐ုံးစာေရးႀကီး ကိုေဖေမာင္တို႔ ပါလာခဲ့၏။ ေစတုတၱရာၿမိဳ႕နယ္သို႔ ထြက္လာခဲ့ရသည့္ အေၾကာင္းရင္းကား အပိုအလိုမရွိဆိုရပါလွ်င္ ေျပာင္တစ္အုပ္ ေရာက္ရွိက်က္စားလ်က္ ရွိသည္ဆိုျခင္းေၾကာင့္ပင္။
ျမန္မာ့စီးပြားေရးဘဏ္ မန္ေနဂ်ာ ဦးေမာင္ေမာင္ဝင္းႏွင့္ ေတြ႕ဆုံစဥ္ သတင္းရရွိျခင္း ျဖစ္ပါသည္။
ဦးေမာင္ေမာင္ဝင္းသည္ အေပ်ာ္တမ္း မုဆိုးတစ္ဦး ျဖစ္၏။ ဝါသနာလည္း ႀကီးလြန္းလွ၏။ လိုင္စင္ ႏွင့္ကိုင္ေဆာင္ေသာ ႏွစ္လုံးျပဴးေသနတ္ တစ္လက္ျဖင့္ ယမ္းေတာင့္ကို ကိုယ္တိုင္လုပ္၍ အခြင့္အခါရတိုင္းပင္ ေတာထဲ ေရာက္ေနတတ္သူ ျဖစ္၏။
မင္းဘူးသားျဖစ္ၿပီး မင္းဘူးၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္တြင္ပင္ မန္ေနဂ်ာတာဝန္ ထမ္းေဆာင္လ်က္ ရွိ၏။
ဦးေမာင္ေမာင္ဝင္း ရရွိခဲ့ေသာ သတင္းကလည္း ခိုင္လုံလွေလသည္။ ေစတုတၱရာၿမိဳ႕နယ္အတြင္း သစ္ေတာဌာနက ရွားအခ်ိန္တစ္ေထာင္ ႏွစ္လအတြင္းတြင္ စုေဆာင္းရန္ ေတာအုပ္ ေမာင္ေကာင္းျမင့္တို႔အဖြဲ႕ကို တာဝန္ေပးထားသည္။
ေမာင္ေကာင္းျမင့္တို႔အဖြဲ႕သည္ ေျမာင္းဦးမွတစ္ဆင့္ ပလင္းေခ်ာင္းဖ်ားသို႔ ရွားခ်က္ရန္ စားအိုးစားခြက္မ်ားႏွင့္ တက္သြားခဲ့ေလသည္။
ရွားခ်က္အဖြဲ႕က သစ္ကြက္မ်ားအတြင္း အလွည့္က် စခန္းခ်ကာ ရွားခ်က္ၾကသည္။ ကနဦးအစ ရက္သတၱပတ္တြင္ အကြက္အမွတ္ (၅) ၌ စခန္းခ်လ်က္ ရွားခ်က္သည္။ ေက်နပ္ေလာက္စရာ ရွားအေတာ္အတန္ ရရွိခဲ့၏။
ဒုတိယ ရက္သတၱပတ္တြင္ အကြက္အမွတ္ (၁ဝ) သို႔ ဝင္ေရာက္ခဲ့ၾကျပန္၏။ ပလင္းေခ်ာင္းဖ်ား အကြက္အမွတ္(၁ဝ) လြင္သာေသာ ေၾကာေပၚ၌ ယာယီတဲ မ်ားထိုးလ်က္ စခန္းခ်သည္။
ရွားဖိုကို မီးမထိုးရေသးမီတြင္ ေျပာင္တစ္အုပ္က အလစ္အငိုက္ ဝင္တိုက္သျဖင့္ ရွားခ်က္သမား အုန္းေ႐ႊ ေျပာင္တိုက္ခံရကာ ပြဲခ်င္းၿပီး ေသဆုံးခဲ့ရ၏။
ေမာင္ေကာင္းျမင့္တို႔တစ္ေတြ တရၾကမ္း ဆင္းေျပးလာခဲ့ၾကရေလသည္။
သူတို႔၏အဆိုအရ ေျပာင္အုပ္က အျမန္ရထားတစ္စီး ေမာင္းလာသည့္အလား ေဝါခနဲ ထိုးဝင္လာကာ မည္းမည္းျမင္ရာ ခတ္သြားသျဖင့္ အသက္လု၍ ေျပးခဲ့ရပါသည္ဟု ဆိုသည္။
ႀကီး ငယ္ ေကာင္ေရ ဆယ္ေကာင္ခန႔္ ရွိလိမ့္မည္ဟု ခန႔္မွန္းၾက၏။
ကြၽန္ေတာ္တို႔အဖြဲ႕ အကြက္အမွတ္ (၁ဝ) လြင္ေၾကာေပၚသို႔ ေရာက္ခဲ့ၾက၏။ ေတာအုပ္ ေမာင္ေကာင္းျမင့္တို႔ ထိုးထားေသာ တဲသုံးလုံးကို ေျပာင္မ်ား တိုက္ခိုက္ဖ်က္ဆီးထား၍ က်ိဳးပဲ့ယိုင္လဲ ပ်က္စီးေနေခ်ၿပီ။ စားအိုးစားခြက္မ်ားမွာ ရစရာမရွိေအာင္ ပိန္ရႈံ႕ျပားခ်ပ္ေနေပၿပီ။
ကြၽန္ေတာ္တို႔အဖြဲ႕ႏွင့္အတူ လမ္းျပအကူအျဖစ္ ေမာင္ေကာင္းျမင့္ႏွင့္ အမႈထမ္း ထြန္းဝင္းတို႔ ပါလာသည္။
တစ္ေယာက္တစ္လက္ျဖင့္ ယာယီတဲသုံးလုံးကို ေမ်ာတိုင္မ်ား၊ ဝါးမ်ား ခုတ္လ်က္ ေဆာက္လိုက္ၾက၏။ ယာယီစခန္းတြင္ အခိုက္အတန႔္ အေျချပဳလ်က္ ပလင္းေခ်ာင္းတစ္ေလွ်ာက္ ေျခရာေျခေၾကာင္းခံကာ ေျပာင္အုပ္ကို ရွာေဖြခဲ့ၾကသည္။
ေျခရာေဟာင္းမ်ား၊ မစင္ပုံေဟာင္းမ်ားသာ ေတြ႕ရၿပီး ေျခရာသစ္၊ စြတ္ေၾကာင္းသစ္ကို မေတြ႕ၾကရေသးေခ်။
ဥတုက ေဆာင္း။ အေအးဓာတ္က ႏွာရည္တို႔ပင္ ယိုစီးက်ရ၏။ အေႏြးထည္ အထပ္ထပ္ဝတ္လ်က္ကပင္ အ႐ိုးၾကားက စိမ့္လာတတ္သည္။ ေတာအရိပ္က အစဥ္လိုလို အုပ္အုပ္ဆိုင္းဆိုင္း ရွိေနသည္။
ေနအေတာ္ျမင့္သည့္တိုင္ ေနျခည္ျဖာလို႔ ေတာ္ေတာ္ႏွင့္ မေႏြးႏိုင္။ ညဥ့္ဘက္ဆိုလွ်င္ မီးဖိုကို တဟုန္းဟုန္းေတာက္ေလာင္ေအာင္ ထင္းထည့္ထား ရ၏။ မီးဖိုမွ မီးအရွိန္ေၾကာင့္ ေႏြး႐ုံမွ်သာ ရွိေပသည္။
ေတာအုပ္ ေမာင္ေကာင္းျမင့္တြင္ ဌာနမွ အေရးေပၚ ထုတ္ေပးထားသည့္ အန္ဖီးလ္ (၃ဝ၃) ႐ိုင္ဖယ္တစ္ လက္ ပါလာခဲ့ရာ ကြၽန္ေတာ္ႏွင့္ စာေရးႀကီး ကိုေဖေမာင္က တစ္ဖြဲ႕၊ ကိုတင့္ေဆြႏွင့္ ေမာင္ေကာင္းျမင့္က တစ္ဖြဲ႕၊ ကိုဘသိန္းႏွင့္ သစ္ေတာအမႈထမ္း ထြန္းဝင္းတို႔က တစ္ဖြဲ႕ျဖင့္ သုံးဖြဲ႕ခြဲလ်က္ ေျခရာခံလိုက္ လံကာ ေျပာင္အုပ္ ရွာၾကသည္။
ပလင္းေခ်ာင္းဖ်ားတြင္ ႏွစ္ရက္ရွိသြားၿပီ။
နံနက္ေစာေစာမို႔ အေအးဒဏ္က ပိုမိုျပင္းထန္လွသည္။ မီးဖိုေဘးတြင္ ဝိုင္းထိုင္ေနၾကရင္း အစီအစဥ္ကို ညႇိႏႈိင္းတိုင္ပင္ၾကသည္။
ကံျပား႐ြာသား ထြန္းဝင္း၏ လက္ရာ ေကာက္ညႇင္းေပါင္းဇလုံႀကီးမွ အေငြ႕ေတြတေထာင္းေထာင္း ထေန၏။ ႏွမ္းေထာင္းေလွာ္ကို ထမင္းစားပန္းကန္ ႏွင့္ ခ်ေပးထားသည္။
ေရေႏြးကရားႀကီးႏွင့္ ႏွပ္ထားေသာ အခါးရည္ရနံ႔က သင္းပ်ံ႕လ်က္ရွိရာ ဗိုက္မ်ားပင္ ဆာလာေလသည္။ ဟန္ပင္မေဆာင္ႏိုင္။ ေကာက္ညႇင္းေပါင္း လက္သီးတစ္ဆုပ္ေလာက္ကို လွမ္းယူကာ ႏွမ္းေထာင္းႏွင့္ တို႔၍ ပလုတ္ပေလာင္း စားပစ္လိုက္မိ၏။
“မုဆိုးတို႔ကေတာ့ လုပ္ၿပီ၊ အညာသားပီပီ ေကာက္ညႇင္းေပါင္းနဲ႔ ေတြ႕လို႔မ်ားကေတာ့ ဟန္ေတာင္ မေဆာင္ႏိုင္ေတာ့ဘူးေပါ့”
ကိုတင့္ေဆြက အခ်က္အေတြ႕မွာ ႏွက္လိုက္ေလသည္။
ကြၽန္ေတာ္ ရယ္က်ဲက်ဲ လုပ္ေနလိုက္ရ၏။
“ကိုင္း … ဒီေန႔ေတာ့ ပလင္းေခ်ာင္းဖ်ားဘက္ သြားတာ ေျခတိုလုေရာ။ ေတာေကာင္ေျခရာ လတ္လတ္ဆတ္ဆတ္ကိုေတာင္ မေတြ႕ရဘူးေလ။
ကေန႔ေတာ့ တကူးေခ်ာင္းဘက္ တစ္ဖြဲ႕၊ နမေတာင္ (ႏြားမေတာင္) ေၾကာတစ္ဖြဲ႕၊ လြင္ေပၚ တစ္ဖြဲ႕ခြဲၿပီး လိုက္ၾကည့္ၾကရရင္ ေကာင္းမလား”
ကိုဘသိန္းက ေတြးေတြးဆဆ အႀကံေပးသည္။
အဖြဲ႕သားမ်ား အခိုက္အတန႔္မွ် ၿငိမ္ေနၾကသည္။
ကိုဘသိန္း၏ အႀကံျပဳခ်က္က မဆိုးလွ။ ေနရာေျပာင္း၍ သားေကာင္မ်ား က်က္စားခဲ့လွ်င္ တည့္တည့္တိုးႏိုင္သည္။
“ေကာင္းတာေပါ့။ ႏွစ္ရက္ရွိေနၿပီ။ ႏွစ္ရက္လုံးလုံး မေနမနား ရွာၾကတာေတာင္ ေခ်းတစ္ပုံ မေတြ႕ၾကရလို႔ စိတ္ဓာတ္က က်ခ်င္ခ်င္ရယ္။ ကေန႔ေတာ့ မိုးဆုံးဆုံး၊ ေျမဆုံးဆုံး တစ္ခ်ီတစ္ေမာင္း လွည့္လိုက္ၾကဦးစို႔ေလ”
စာေရးႀကီး ကိုေဖေမာင္ တက္ႂကြစြာ ေျပာလာသည္။ ခါးခ်ည့္ခ်ည့္၊ ခပ္ပိန္ပိန္ ခႏၶာကိုယ္ႏွင့္ စာေရးႀကီးက စိတ္ဓာတ္မာလွဘိ၏။
“ကဲ … ဒီလိုဆို လုပ္လိုက္ေလ၊ ၾကာသလားလို႔။ ေစာေစာထြက္ၾကရေအာင္”
“ထြက္မယ္ဆိုရင္ ခုပဲ ထြက္လို႔ရပါၿပီခင္ဗ်။ ထမင္းထုပ္ေတြ အဆင္သင့္ ထုပ္ထားၿပီးပါၿပီ”
အမႈထမ္း ထြန္းဝင္းက သတင္းပို႔သည္။
နမေတာင္ အထက္ဆီမွ ေနလုံးက ေတာင္ထြတ္ဖ်ားကို ေက်ာ္၍ ေပၚ လာသည္။ ေနျခည္ျဖာသျဖင့္ ေႏြးလာေနၿပီ။ ဟိုအေဝးဆီမွ ေတာၾကက္အခ်ိဳ႕ အိပ္တန္းမွဆင္းစ တြန္သံ တစ္ခ်က္ႏွစ္ခ်က္ ၾကားရ၏။
ေတာက နက္ေမွာင္လွသည္။ ပင္ျမင့္ႀကီးမ်ား မႈိင္းမႈိင္းညိဳ႕ညိဳ႕ အုပ္အုပ္ဆိုင္းဆိုင္း ရွိလွသည္။ ေဒါင္း ကုလားတစ္ေကာင္၏ အိုးေဝသံသဲ့သဲ့မွ်ႏွင့္ ေမ်ာက္လႊဲေက်ာ္တစ္အုပ္၏ ေဝခနဲ ေဝခနဲ ေအာ္ေနသံက ေတာတြင္း၌ လွ်ံေနသည္။
မုဆိုးသုံးဖြဲ႕တို႔ တစ္ဖြဲ႕ၿပီး တစ္ဖြဲ႕ စခန္းမွ ထြက္ခြာသြားၾကသည္။ စိတ္ဓာတ္က အျမင့္ဆုံးအေျခတြင္ ရွိေန၏။
ဆယ္ေကာင္ထက္မနည္းေသာ ေျပာင္အုပ္ ပလင္းေခ်ာင္းတစ္ဝိုက္က ဘယ္ခြာလိမ့္မတုံး။ ပလင္းေခ်ာင္းဖ်ားတြင္ လွ်ိဳေျမာင္စိမ့္စမ္း ေကာင္းလွသည္။
ေတာင္ေတြကလည္း တစ္လုံးေပၚတစ္လုံး ဆင့္ထားသလိုမို႔ ေတာေကာင္မ်ားအဖို႔ လုံၿခဳံစိတ္ခ်စြာ ေနထိုင္က်က္စားႏိုင္သည္။
သစ္ရာ၊ အင္ၾကင္း၊ ကနစို ပင္ျမင့္ႀကီးမ်ား ေဖါက္ေရာက္လ်က္ ေဂြး၊ သစ္ဆိမ့္၊ ဖန္ခါး၊ စင္ႁပြမ္း စေသာ စားပင္သီးပင္မ်ား ႂကြယ္ဝ၍ သားေကာင္မ်ား ႏွစ္ေပါက္ခိုေအာင္းေလ့ရွိသည္။
ေတာင္ေစာင္းလွ်ိဳေျမာင္မ်ားအတြင္း ဝါး႐ုံေတာ မ်ား ထူထပ္သျဖင့္ မွ်စ္စို႔ေပါက္ခ်ိန္ဆိုလွ်င္ စိုင္၊ ေျပာင္ စေသာ ေတာေကာင္ႀကီးမ်ား ေတာင္ေပၚမွ ဆင္းလာၾကကာ ေန႔ဆက္ရက္ဆက္ ခိုေအာင္းက်က္စားေလ့ ရွိေပသည္။
“ကြၽန္ေတာ္ႏွင့္ စာေရးႀကီး ကိုေဖေမာင္တို႔က အလယ္လမ္းကို ေျခရာခံမည့္အဖြဲ႕ ျဖစ္ရကား နမေတာင္ေပၚသို႔ ခပ္ျဖည္းျဖည္းပင္ တက္လာခဲ့ၾကပါ၏။
ယူလာေသာ လက္နက္က ကြၽန္ေတာ့္၌ (၃ဝ.၆ဝ) ဝင္ခ်က္စတာ စပရင္းဖီးလ္ ႐ိုင္ဖယ္၊ စာေရးႀကီး ကိုေဖေမာင္တြင္ ရန္ႀကီးေအာင္ ေမာင္းဖုံးႏွစ္လုံးျပဴး ပါလာသည္။
စာေရးႀကီးက သူ႔ေသနတ္ ဘယ္ညာ ႏွစ္ေျပာင္းစလုံးတြင္ က်ည္မခ်ည္း ထည့္ထားသည္။ သူပစ္ဖို႔ ရည္႐ြယ္ထားေသာ အမဲက ေျပာင္ ေပကိုး။
နမေတာင္ေၾကာ တစ္ခုလုံးကား ျမစိမ္းေရာင္ လႊမ္းလ်က္ရွိေနသည္။ ႏွင္းရည္တို႔ စိုလူး၍ ျမစိမ္း႐ြက္မ်ားမွာ နက္ေမွာင္ေတာက္ပလ်က္ ရွိသည္။ သစ္႐ြက္မ်ားမွ ႏွင္းရည္စက္မ်ား ဟီးေလးခိုကာ တစ္ခ်က္တစ္ခ်က္ ေတာက္ခနဲ ေတာက္ခနဲ က်လာသည္။
ျမက္ခင္းစိမ္းစိမ္းမ်ားကား ေမြးပြေကာ္ေဇာႀကီး တစ္ခ်ပ္ႏွယ္ ထင္ရသည္။ နင္းလိုက္တိုင္း အိခနဲ အိခနဲ ဖိနပ္ခြာ ျမဳပ္ဝင္သြား၏။ ေျခသံ လုံလွပါ သည္။ တစ္နာရီေက်ာ္မွ် ၾကာသည့္တိုင္ ေျခရာ လတ္လတ္ဆတ္ဆတ္ တစ္ခုတေလမွ် မျမင္မေတြ႕ၾကရေသးေခ်။
“မုဆိုးေရ၊ ပလင္းေခ်ာင္းဖ်ားက ေျပာင္အုပ္ကိုေတာ့ ရေအာင္ ႏွိမ္နင္းေပးခဲ့ပါဗ်ာ။ အုန္းေ႐ႊ အေမအို မုဆိုးမႀကီး သူ အားကိုးအားထားျပဳရတဲ့ သားက ေလး ဆုံးသြားလို႔ စိတ္ေတာင္မမွန္ေတာ့ရွာဘူးေလ။ ၿမိဳ႕နယ္သစ္ေတာဌာနကပဲ ေကြၽးေမြးေစာင့္ေရွာက္ထားရတယ္။
ရွားခ်က္သမားေတြ၊ သင္းသတ္အဖြဲ႕ေတြလည္း သစ္ကြက္ေတြထဲကို ဝင္ရမွာ အထိတ္တလန႔္ ျဖစ္ေနရတယ္ေလ။ မုဆိုးတို႔ ေရာက္လာလို႔ သူတို႔ေတြ အားတက္ေနၾကတယ္ဗ်”
ဦးေမာင္ေမာင္ဝင္းက ေျပာၾကားလိုက္သည္။ သူတို႔အားထားသလို ေျပာင္အုပ္ကို ႏွိမ္နင္းဖို႔ မဆိုထားဘိ ေျခရာပင္ မေတြ႕ရေသးသျဖင့္ မုဆိုးအဖြဲ႕ သိကၡာအေတာ္က်ေနၿပီ မဟုတ္လား။
ပိႆာခ်ိန္ ငါးရာထက္မနည္း ႀကီးမားေသာ ေျပာင္လို အမဲႀကီးမ်ားကိုပင္ ေတြ႕ရွိပစ္ခတ္ႏိုင္ရန္ ေျခရာေျခေၾကာင္း ရွာမရေသာ မုဆိုး။ မ်က္ႏွာျပဝံ့စရာပင္ မရွိ။
စင္စစ္တြင္ ေျပာင္ဆိုေသာ ေတာေကာင္သည္ ဆင္၊ က်ားႏွင့္ သစ္တို႔လို သားစားေတာေကာင္ႀကီးမ်ားေနာက္ အႀကီးမားဆုံး ေတာေကာင္ျဖစ္သည္။
ခြာဖ်ားမွ ပခုံးအထိ ေျခာက္ေပေက်ာ္မွ် အျမင့္ရွိသည္။ အခ်ိဳ႕ ေျပာင္ထီးပိုးႀကီးမ်ားဆိုလွ်င္ ခုနစ္ေပခြဲမွ ရွစ္ေပအထိပင္ ရွိသည္ဟု ၾကားဖူးသည္။
ေျပာင္၏ ထိပ္ျပင္၌ ေဗြတစ္ခုလို အျဖဴေရာင္ အေမြးမ်ားက အကြက္ႀကီးတစ္ခုကဲ့သို႔ ျဖစ္ေနသည္။ အေသြးေရာင္က နက္ေမွာင္ေျပာင္လက္ကာ ေရနံေခ်း သုတ္ထားသည့္အလားပင္ အဆီျပန္ေနတတ္သည္။
ေခ်ာေမြ႕လုံးဝန္းေသာ ဦးခ်ိဳတစ္စုံက တစ္ဖက္တစ္ခ်က္၌ ပေစာက္ေကြးလို လွပလွပါသည္။
အေကာင္ႏွင့္ မလိုက္ေသာ ခြာေသးေသးခြၽန္ခြၽန္မ်ားရွိသည္။
သို႔စဥ္တိုင္လ်က္ မီးရထားတစ္စီး ျဖတ္ေမာင္းသြားသလို အလြန္လ်င္ျမန္စြာ ေျပးသြားႏိုင္ေလသည္။
ေျပာင္အုပ္ စားကြင္းတြင္ အစာစားေနၿပီဆိုလွ်င္ ႏွာမႈတ္သံတဘူးဘူးႏွင့္ က်ယ္ေလာင္လွ၏။
ေျပာင္ငယ္ကေလးမ်ားပါေသာအုပ္ က်က္စားေနၿပီဆိုလွ်င္ အသံဗလံ ပိုမိုဆူညံသည္။ မိခင္ေျပာင္မႀကီးအပါးမွ ခြာ၍ ေျပာင္ငယ္ကေလးတို႔အခ်င္းခ်င္း ေဝးေဝးလံလံ ေျပးလႊားေဆာ့ကစားေနတတ္ျခင္းကပင္ မုဆိုးအား အမဲရွိရာေနရာသို႔ ၫႊန္ျပေနသည့္ပမာပင္။
ေၾကာအတိုင္း ကြၽန္ေတာ္ႏွင့္ စာေရးႀကီးတို႔ ႏွစ္ဦးသား ျမက္ပင္ရွည္ႀကီးမ်ားကို တိုးေဝွ႔၍ ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားၾကသည္။
ေၾကာေပၚတြင္ လူသူအသြားအလာ နည္းပါး၍ ယခင္ ေရွးက သစ္တိုက္လမ္းေဟာင္း ေယာင္ေယာင္မွ်သာ ထင္ေနသည္။ လမ္းရွိဖူးသည္ ဆိုႏိုင္႐ုံမွ်သာ။
ကိုက္ႏွစ္ရာခန႔္ သြားမိသည့္အခါ ေတာင္ေၾကာအတိုင္း လက္ဝဲဘက္သို႔ ခ်ိဳးဝင္သြားသည့္ လမ္းေဟာင္းတစ္ခုကို ေတြ႕ရသည္။
စာေရးႀကီးက ႏွစ္လုံးျပဴးေသနတ္ကို ေဇာ္ထမ္းထမ္းရင္း ေျမျပင္ကို တငုံ႔ငုံ႔ၾကည့္လ်က္ သြားေနသည္။
ကြၽန္ေတာ္ႏွင့္ စာေရးႀကီးက ေျခလွမ္းႏွစ္ဆယ္ခန႔္ ကြာလွမ္းသြားသည္။ ျမက္ပင္ရွည္ႀကီးမ်ားၾကား သားေကာင္ တစ္ေကာင္ေကာင္ တိုးဝင္နင္းေျခထား ၍ ပိျပားေနသေယာင္ ျမင္ေတြ႕ရသည္။ လတ္လတ္ဆတ္ဆတ္ေတာ့ ဟုတ္ဟန္မတူ။
စိတ္မပါတပါျဖင့္ ၾကည့္ေနဆဲမွာ စာေရးႀကီးက ႐ႊတ္ခနဲ ေလခြၽန္သံတစ္ခ်က္ ျပဳလိုက္သည္။ လွမ္းၾကည့္လိုက္ေတာ့ စာေရးႀကီးက ေမးဆတ္ေခၚ၍ ေျမႀကီးေပၚသို႔ လက္ညႇိဳးထိုးျပသည္။
သြား၍ ၾကည့္ရႈလိုက္သည့္အခါ ေျပာင္ေျခရာ လတ္လတ္ဆတ္ဆတ္ တစ္ခုကို ေတြ႕လိုက္ရ၏။ ခြာရာက ခြၽန္ခြၽန္ေသးေသး ျဖစ္သည္။ ေျပာင္က အေကာင္အထည္ ႀကီးေသာ္လည္း ခြာရာမႀကီးလွ။
ႏွစ္ေယာက္သား ေျခရာေနာက္သို႔ လိုက္သြားၾကသည္။ ေျခရာမ်ားကား ေၾကာကိုပတ္လ်က္ အေရွ႕ေျမာက္ဘက္သို႔ ဦးတည္ေရွးရႈသြားေနသည္။
ဝါးေတာႀကီးကား တစ္ေမွ်ာ္တစ္ေခၚႀကီး ရွိ ေနသည္။ အုပ္အုပ္ဆိုင္းဆိုင္းႏွင့္ ေအးရိပ္သာယာ ပမာပင္။ ေတာေကာင္မ်ား ေပ်ာ္ပါးျမဴးထူးခ်င္စရာ ျဖစ္သည္။
ဝါး႐ုံတစ္႐ုံအေျခတြင္ မွ်စ္ကို ခ်ိဳးဖဲ့ကိုက္စားထားသျဖင့္ မွ်စ္အကာစမ်ား ျပန႔္က်ဲေနသည္။ ဆက္လက္ ေလွ်ာက္သြားၾကရာ ေခ်းပုံ တစ္ပုံ ႏွစ္ပုံကို ေတြ႕ျမင္ရျပန္၏။ ေခ်းပုံမွ အေငြ႕မ်ားပင္ ထြက္ေနဆဲ ျဖစ္ သည္။
ေတာေကာင္ႏွင့္ နီးကပ္ေနၿပီမို႔ (၃ဝ.ဝ၆)ဝင္ခ်က္စတာ႐ိုင္ဖယ္ေသာ့ကို အေရွ႕ကို လက္မျဖင့္တြန္း၍ အသင့္ကိုင္ထားလိုက္ရ၏။
“မေဝးေတာ့ဘူးနဲ႔ တူတယ္။ သတိထားေတာ့”
စာေရးႀကီးက ဦးေခါင္းကို ေနာက္သို႔လွည့္ၿပီး တိုးတိုးေျပာသည္။ ေျခရာမ်ားကား ေၾကာကိုပတ္၍ နမေတာင္၏ ေတာင္ေစာင္းသို႔ ေျမႇာင္၍ ဆင္းသြား သည့္အတိုင္း ကြၽန္ေတာ္တို႔ လိုက္သြားၾကသည္။
ဒီေျခရာရွင္ ေျပာင္အုပ္သည္ ပလင္းေခ်ာင္းဖ်ား၌ က်က္စားေနေသာ ေျပာင္အုပ္ ျဖစ္ႏိုင္ေျခ မ်ားသည္။ စားက်င္းစားက်က္ေကာင္းသျဖင့္ ဒီဝန္းက်င္က မခြာျခင္း ျဖစ္ပုံရသည္။
ေျပာင္ေျခရာမ်ားကား ေၾကာကိုပတ္၍ တက္သြားျခင္း ျဖစ္သည္။ လိုက္၍ မီႏိုင္ဖြယ္ ရွိသည္။
ကြၽန္ေတာ္တို႔က ေနာက္က်သည္ဆိုပါမူ ကိုတင့္ေဆြတို႔ႏွင့္ ထိပ္တိုက္တိုးႏိုင္မည္ ထင္သည္။
ေတာေကာင္မ်ား ဒီေနရာတြင္ ေခတၱခဏမွ် အိပ္စက္နားေနရာ ေနရာမ်ား၊ မွ်စ္ကို ခ်ိဳးဖဲ့စားသြားသည့္ ကိုက္ျဖတ္စားထားေသာ အပိုင္းအစမ်ား၊ ေျပာင္ငယ္ကေလးမ်ား ေျပးလႊားကစား ျမဴးထူးၾက၍ က်ိဳးပဲ့ျပဳတ္က်လ်က္ရွိေသာ သစ္ကိုင္းသစ္ခက္ အစအနမ်ားကို ေတြ႕ရသည္။
မုဆိုးေတြ အားတက္သြားၿပီ။ ေရွ႕မွာ ေတာေကာင္မ်ား မုခ်ရွိေနေပၿပီ။ မည္သို႔မည္ပုံ ရင္ဆိုင္တိုးမည္လဲ။ ေစာင့္ၾကည့္ရေတာ့မည္။
ႏွစ္ဦးသား ကိုက္ႏွစ္ေထာင္နီးပါးမွ် လိုက္မိၾကသည့္အခါ တကူးေခ်ာင္းလွ်ိဳတြင္းမွ ေသနတ္သံႏွစ္ခ်က္ ဆက္တိုက္ ၾကားလိုက္ရ၏။ ႏွစ္မိနစ္ခန႔္အၾကာတြင္ ေနာက္ထပ္ ေသနတ္သံတစ္ခ်က္ ထပ္မံၾကားလိုက္ရၿပီးေနာက္ တစ္ေတာလုံး ၿငိမ္သြားသည္။
ကြၽန္ေတာ္ႏွင့္ စာေရးႀကီးတို႔ ႏွစ္ဦးသား မတိုင္ပင္ရဘဲႏွင့္ ေတာင္ေၾကာေပၚမွ တကူးေခ်ာင္း႐ိုး လွ်ိဳအတြင္းသို႔ ေျပးဆင္းသြားၾက၏။ လွ်ိဳအစ ေရာက္သည့္အခါ ဆူညံဆူညံႏွင့္ စကားေျပာသံမ်ား ၾကားလိုက္ရသည္။
စကားေျပာေနသူမ်ားကား ကိုတင့္ေဆြႏွင့္ ေမာင္ေကာင္းျမင့္ ျဖစ္သည္။ ေျမျပင္ေပၚသို႔ တငုံ႔ငုံ႔ႏွင့္ ၾကည့္ရႈရွာေဖြေနၾကသည္။ ကြၽန္ေတာ္တို႔ ေရာက္သြားသည့္အခါ ကိုတင့္ေဆြက လွမ္းေျပာ၏။
“မုဆိုးေရ … ေျပာင္ေပါက္ႀကီးဗ်ာ၊ ကိုက္အစိတ္ေလာက္ပဲ ကြာမယ္ထင္ပါရဲ႕။ ေမာင္ေကာင္းျမင့္နဲ႔ တည့္တည့္ႀကီး တိုးတာ။ ေဘးတေစာင္း လွည့္ၾကည့္ေနတုန္း လက္ျပင္ကိုပဲ ေတ့ျဖဳတ္ရတယ္ေလ။ တြန္းပစ္လိုက္သလား ေအာက္ေမ့ရတယ္၊ တစ္ပတ္ကို လည္သြားတာပဲ။
ဒါေပမယ္လို႔ ေနရာမွာတင္ မလဲဘဲ ေတာတိုးေျပးသြားတယ္။ ပစ္ကြင္းေနရာကို လာၾကည့္ပါဦး”
အမွန္ပင္။ ေျမျပင္ေပၚသို႔ ကြၽန္ေတာ္တို႔ ၾကည့္လိုက္ၾကသည့္အခါ၌ ေျပာင္ခြာရာမ်ား ထြန္ျခစ္ျဖင့္ ျခစ္ထားသလို ျပန႔္က်ဲေနသည္။ ကန္ေက်ာက္ထားသလို ေျမသားမ်ား ဖြာလ်က္ရွိ၏။
ေသြးစက္မ်ားကား အိုင္ထြန္းေနသည္။ ျမက္ပင္ ကိုင္းပင္မ်ားတြင္လည္း ေသြးစက္မ်ား စဥ္ေနသည္။
“ေမာင္ေကာင္းျမင့္ ဘယ္ေနရာ ခ်ိန္ပစ္တာလဲလို႔ က်ဳပ္ကေမးေတာ့ လက္ေနာက္ကို ပစ္တာတဲ့။ လွ်ိဳထဲမွာ သူ႔ဘက္ကို ေစာင္းၿပီး လွည့္ၾကည့္ေနတာတဲ့ဗ်ာ။ ႏွလုံးကြင္းကိုပစ္တာ၊ လက္ေနာက္ဆိုေတာ့ ေနာက္ေရာက္သြားပုံရတယ္။ ေျပာင္က အေကာင္ႀကီးေတာ့ ႏွလုံးက တံေတာင္နဲ႔ ျမဳပ္ေနတယ္။ လက္ေနာက္ ခ်ိန္ပစ္လို႔ ႏွလုံး မထိႏိုင္ဘူး။ ရွပ္မွန္သြားလို႔ ေနရာတင္ မလဲတာ။
က်ဳပ္တို႔ပစ္တဲ့ အေကာင္ေရွ႕မွာ တစ္အုပ္ႀကီးဗ်ား။ ေျပးလိုက္ၾကတာ ဝုန္းဒိုင္းကို ႀကဲသြားတာပဲ”
ကိုတင့္ေဆြ ေျပာျပေတာ့မွ အက်ိဳးအေၾကာင္း သိရ၏။ ေတာေကာင္မ်ားက ေသနတ္သံကို လန႔္သြားၿပီး ေတာင္ တစ္ေတာင္ ႏွစ္ေတာင္ေက်ာ္ထိ ေျပးသြားၾကေတာ့မည္ ေသခ်ာသည္။
မွန္ထားေသာ ေတာေကာင္ေနာက္ကို တစ္ေၾကာ ႏွစ္ ေၾကာ လိုက္ၾကည့္ဖို႔ေတာ့ လိုလိမ့္မည္။
“ကိုင္း … ဖိုးတင့္ေဆြ၊ ကြၽန္ေတာ္တို႔ အမွတ္ေတြအတိုင္း လိုက္ၾကည့္ရေအာင္”
“ေကာင္းတယ္၊ ေသြးေတြကေတာ့ ပန္းထြက္ထားတယ္။ အထိနာရင္ေတာ့ ဒီေကာင္ လဲမွာေသခ်ာတယ္။ လိုက္ၾကတာေပါ့။ စာေရးႀကီးက ေသြးစက္ခံ ေျခ ရာေကာက္ဆို အလြန္ကြၽမ္းတာ၊ ေရွ႕က သြားေတာ့။ ကြၽန္ေတာ္တို႔ ေနာက္က လိုက္ခဲ့မယ္”
ကြၽန္ေတာ္က ေဆာ္ၾသလိုက္၏။ စာေရးႀကီး ကိုေဖေမာင္က လူပုံခ်ည္နဲ႔နဲ႔ ေပ်ာ့ေတာ့ေတာ့ေပမယ့္ အၾကမ္းပတမ္း အေတာ္ခံႏိုင္သည္။ လူနံပိန္ ကြၽဲခ်ိဳလိမ္ ဆိုသမို႔လား။ သူ႔လက္စြဲ ရန္ႀကီးေအာင္ ႏွစ္လုံးျပဴးကို လက္ယာလက္၌ ဆြဲလ်က္ ေသြးစက္ေနာက္သို႔ လိုက္သြားေလၿပီ။
ေျပာင္မ်ား ေျပးထြက္သြားၾကရာ ေျခရာမ်ားကား ရႈပ္ေထြးလ်က္ ရွိသည္။ ကနဦး ေတြ႕ရွိရေသာ ေျခရာေနာက္မွာ ေသြးစက္မ်ား ေတာက္ေလွ်ာက္ပါေန သည္။ ေရွ႕က ေျပာင္အုပ္ ေျပးသြားရာေနာက္သို႔ လိုက္ေျပးသြားပုံရေလသည္။
ေျပာင္အုပ္ ေျပးလမ္းကား စြတ္ေၾကာင္းႀကီးအလား ထင္းထင္းႀကီးမို႔ ေျခရာေကာက္ဖို႔ လြယ္လွသည္။ ေနာက္မွ ေျခရာကား ဒဏ္ရာေၾကာင့္မို႔ ခြာက ၿပဲေနၿပီး အေရွ႕ဘက္သို႔ ထိုးသြားလိုက္၊ အေနာက္ဘက္ ထိုးသြားလိုက္ ျဖစ္ေနသည္။
ေသြးစက္မ်ားကား ကနဦး ေတြ႕စက နီရဲေစးပ်စ္ေနၿပီး တျဖည္းျဖည္း ေသြးမ်ား က်ဲလာကာ အျမႇဳပ္မ်ားပင္ ထလ်က္ရွိေနၿပီ။ ဒဏ္ရာေၾကာင့္ လမ္းေၾကာင္းမွန္ေအာင္ပင္ မေျပးႏိုင္ေတာ့။
ကြၽန္ေတာ္တို႔ေတြ တစ္အားတက္လ်က္ ေျခရာေနာက္ လိုက္ၾကသည္။ စာေရးႀကီး ကိုေဖေမာင္ကား အတက္ႂကြဆုံး၊ အသြက္လက္ဆုံးပင္။ သြက္လိုက္သည္မွာ ကြၽန္ေတာ္တို႔၏ေရွ႕ ကိုက္အေတာ္မ်ားမ်ား ေရာက္သြားၿပီ ျဖစ္၏။
ကြၽန္ေတာ္၊ ကိုတင့္ေဆြႏွင့္ ေမာင္ေကာင္းျမင့္တို႔ သုံးဦးသား ေျပာင္ေျခရာမ်ား ေပ်ာက္မသြားေအာင္ ေျမျပင္ေပၚ ရွိ အမွတ္မ်ားအတိုင္း တငုံ႔ငုံ႔ ရွာၾကည့္ရင္း စာေရးႀကီးႏွင့္ ေဝး၍ ေဝး၍ သြားေလသည္။
ဝါးေတာကား တစပ္တည္း စိမ္းစိုေနသည္ျဖစ္ရာ အရိပ္ရသျဖင့္ ေျမကလည္း စိုၿပီး မြေန၍ ေျခရာမ်ားအား အလြယ္တကူ ခံ၍ရသည္။
တစ္စတစ္စႏွင့္ ေတာပါးလာ၍ ေျမျပင္အေနအထားက စိုထိုင္းေနရာမွ ေျခာက္ေသြ႕ၿပီး မာက်စ္လာသည္။
ေျမေပ်ာ့တြင္ ေျခရာထင္ေသာ္လည္း ေျမမာတြင္ ေျခရာမထင္ေတာ့။ ေျခရာစြတ္ေၾကာင္း ရွာရခက္လာသျဖင့္ ခရီးလည္းမတြင္ ျဖစ္လာသည္။
ခပ္ေစာေစာပိုင္းက တက္ႂကြေနသေလာက္ ခုလို အခက္အခဲမ်ား ႀကဳံလာသည့္အခါတြင္မူ ခႏၶာကိုယ္ကိုပင္ သယ္ခ်င္စိတ္ မရွိသေလာက္ ျဖစ္လာရ၏။
သို႔တေစ ဦးေမာင္ေမာင္ဝင္း၏ မ်က္ႏွာႀကီးကို ျမင္ေယာင္မိသည္ႏွင့္ အားေလွ်ာ့ခ်င္စိတ္မ်ား ေပ်ာက္သြားရျပန္ေလသည္။
သို႔ႏွင့္ ေက်ာက္ျဖဳန္းမ်ား ျပည့္ႏွက္ေနေသာ ေတာင္ႏွာေမာင္းကို ေျမႇာင္လ်က္ တက္သြားၾက၏။
ေန႔မြန္းတည့္ၿပီးစမို႔ ပူလွသည္ကား ေျပာဖြယ္ရာ မရွိ။ ေခြၽးမ်ား႐ႊဲလ်က္ လူေတြ ေဟာဟဲလိုက္ေအာင္ ေမာေနသည္။
သို႔ပင္ျဖစ္ေစကာမူ အမဲေဇာႏွင့္မို႔ ေမာလို႔ေမာမွန္း မသိစိတ္က ေဆာင္တုန္း။ ေရွ႕သို႔ လွမ္းတုန္း။
ဒိုင္းခနဲ ေသနတ္သံတစ္ခ်က္ ဟိန္းထြက္လာသံ ၾကားလိုက္ရၿပီး ေတာတိုးေျပးလာသံ တေဝါေဝါ ၾကားရသည္။ ဝါး႐ုံေတာမို႔ ဝါးလုံးဝါးကိုင္းမ်ား႐ိုက္သံ၊ တေျဖာင္းေျဖာင္းျမည္သံမ်ား အဆက္မျပတ္ ၾကားလာရၿပီး မိနစ္ပိုင္းမွ်အၾကာ ေၾကာအတိုင္း မည္းမည္းေျပာင္ေျပာင္ သတၱဝါႀကီးတစ္ေကာင္ ဝါးလုံးထိုး ေျပးထြက္လာသည္။
ကိုတင့္ေဆြ၏ အသံက အက်ယ္ဆုံးပင္။
“ေျပာင္ . . . ေျပာင္ . . . မုဆိုးေရ၊ ထိပ္တိုက္ေျပးလာတာ။ ပစ္ . . . ပစ္ . . . ေရွာင္ . . . ေရွာင္”
ကြၽန္ေတာ္တို႔အားလုံး ဝ႐ုန္းသုန္းကား တကြဲတျပားျဖစ္သြားသည္။
ေၾကာအတိုင္း ကြၽန္ေတာ္တို႔ ေရွ႕တည့္တည့္မွာ အျမန္ရထားတစ္စင္း ေမာင္းဝင္လာသလို ေတာေကာင္ႀကီး ေျပးလာေနသည္။
႐ုတ္တရက္မူ လူေတြအားလုံး ေၾကာင္သြားၿပီးမွ ခ်က္ခ်င္း သတိဝင္လာသည္။ အသင့္ကိုင္ထားေသာ ေသနတ္ျဖင့္ လွမ္းခ်ိန္ထားလိုက္ၿပီး ပစ္ရန္ စိတ္ကူးမိ႐ုံမွ် ရွိေသးသည္။ ဒိုင္းခနဲ က်ယ္ေလာင္ေသာ ေသနတ္သံတစ္ခ်က္ကို အနီးမွ ကပ္၍ ၾကားလိုက္ရ၏။
ဆက္တိုက္ပင္ ေသနတ္သံႏွစ္ခ်က္ ၾကားလိုက္ရၿပီးေနာက္တြင္ ကဆုန္စိုင္း ေျပးဝင္လာေသာ မည္းမည္း ေျပာင္ေျပာင္ ေတာေကာင္ႀကီး ဝုန္းခနဲ လဲၿပိဳသြားကာ ေတာင္ေစာင္းအတိုင္း အသံဗလံမ်ိဳးစုံတို႔ျပဳလ်က္ တ႐ြတ္တိုက္ ေလွ်ာက်သြားေလသည္။
ေတာင္ေစာင္းက ႏွစ္ရပ္ခန႔္မွ်သာ ျမင့္သျဖင့္ တုံးလုံးႀကီးလဲလ်က္ရွိသည့္ ေျပာင္ႀကီးကို ျမင္ေနရသည္။ လႈပ္ရွားျခင္းပင္ မျပဳႏိုင္ေတာ့။ ၿငိမ္သက္လ်က္ အသက္ေပ်ာက္ေနေပၿပီ။
ေၾကာအစမွ ေတြ႕ျမင္ေနရသည္ကပင္ ေျပာင္ႀကီး၏ အေနအထားကို ခန႔္မွန္းႏိုင္သည္။ ပိႆာ ငါးရာထက္မနည္းပင္ ႀကီးမားလွသည့္ အေကာင္ႀကီး ျဖစ္သည္။
မုဆိုးတို႔ အားရေက်နပ္ဖြယ္ရာ အမဲျဖစ္သည္။ ေန႔ည ပင္ပန္းခံရက်ိဳး နပ္ၿပီ။
“ေဟာ … ဒါနဲ႔ စာေရးႀကီးေရာဗ် ကိုတင့္ေဆြ”
ေျပာင္ႀကီးကို လွမ္းၾကည့္ေက်နပ္ေနမိရာက မိမိရဲေဘာ္ႀကီးကို စိတ္တြင္းက သတိရလိုက္မိကာ ေမးခြန္းထုတ္လိုက္ရ၏။
“ဟုတ္ပါရဲ႕၊ ေတာေကာင္နဲ႔ နပန္းလုံးေနရလို႔ စာေရးႀကီးကိုေတာင္ ေမ့ေနမိတယ္။ စာေရးႀကီး ေစာေစာတုန္းက ဒီေကာင္ႀကီးနဲ႔ တိုးၿပီး ပစ္ခဲ့တာမဟုတ္ လား။ သြားၾကည့္ၾကရေအာင္ဗ်ာ။
ဖြဟဲ့ … လြဲပါေစ ဖယ္ပါေစ။ တစ္ခုခုမ်ားျဖစ္ေနၿပီလား မေျပာတတ္ဘူး”
ကိုတင့္ေဆြ ျပဴးတူးပ်ာတာ ျဖစ္သြားသည္။ လွ်ိဳအတြင္း တုံးလုံးလဲလ်က္ အသက္ေပ်ာက္ေနေသာ ေျပာင္ႀကီးကို ဂ႐ုမျပဳႏိုင္ၾကဘဲ အေျပးအလႊားပင္ သြားၾကသည္။
ေျပာင္ႀကီး ေျပးထြက္လာရာ ဝါးေတာအတြင္း ေျခရာလမ္းေၾကာင္းက ေသြးစက္မ်ားျဖင့္ ေထာင္းလေမာင္းေၾကေနသည္။
ျပင္းထန္ေသာ ဒဏ္ရာဒဏ္ခ်က္ ရရွိထားသည့္ ေတာေကာင္သည္ အနာေၾကာင့္၊ ေဒါမာန္ေၾကာင့္ မည္းမည္းျမင္ရာ တိုးတိုက္ေဝွ႔ခတ္သြားသည့္ပုံပင္။
“ဗုေဒၶါ … ျမတ္စြာဘုရား၊ စာေရးႀကီးကိုမ်ား ေျပာင္တိုက္သြားၿပီလားဗ်ာ”
ကြၽန္ေတာ္ စိုးရိမ္ႀကီးစြာ ေမးမိ၏။
“ေဟာ . . . ဟိုမွာ . . . ဟိုမွာ … ကိုေဖေမာင္ႀကီး လဲေနတယ္။ မုဆိုး လာ . . . လာ .. . လာၾကည့္ပါဦး”
ကိုတင့္ေဆြ အလန႔္တၾကားေျပာရင္း မလွမ္းမကမ္းသို႔ ေျပးသြားသည္။ ကြၽန္ေတာ့္ရင္တြင္းမွ ဒိန္းခနဲ ႏွလုံးခုန္သြားရၿပီး ကိုတင့္ေဆြ ေျပးထြက္သြား သည့္ေနာက္သို႔ အေျပးလိုက္သြားရ၏။
ကိုတင့္ေဆြသည္ လဲက်ေနေသာ စာေရးႀကီး ကိုေဖေမာင္၏အပါးတြင္ ဒူးေထာက္ထိုင္ခ်လိုက္ၿပီး စာေရးႀကီးကို လွမ္းေပြ႕ထူလိုက္သည္။
“ကိုေဖေမာင္ … ကိုေဖေမာင္ … ဘယ့္ႏွယ္ေနေသးလဲဗ်ာ။ ကြၽန္ေတာ္တို႔ေလ … တင့္ေဆြပါ။ သတိရရဲ႕လားဟင္”
စိုးရိမ္တႀကီး ေမးေနေသာ ကိုတင့္ေဆြ၏ အသံကို ၾကား၍လား မဆိုႏိုင္။ စာေရးႀကီး မ်က္လုံးပြင့္လာသည္။ သူ႔ မ်က္ႏွာထက္တြင္ မိုး၍ ျမင္ေတြ႕လိုက္ရ ေသာ ကိုတင့္ေဆြ၏ မ်က္ႏွာကို အထိတ္တလန႔္ ၾကည့္လိုက္ရင္း
“ဟင္ . . . ဟင္ . . . ကိုတင့္ေဆြ၊ ကြၽန္ေတာ္ . . . ကြၽန္ေတာ့္ကို ေျပာင္ႀကီး လိုက္တိုက္တာဗ်ာ။ ကြၽန္ေတာ္ လြတ္ေအာင္ အေတာ္ေရွာင္လိုက္ရတယ္။ တစ္ခ်က္ေတာ့ ကြၽန္ေတာ္ ပစ္လိုက္ႏိုင္ပါတယ္။ ေျပာင္ႀကီး ေျပးသြားၿပီလားဟင္”
အေလာသုံးဆယ္ ေမးလာသည္။
“ေနပါဦး စာေရးႀကီးရဲ႕၊ ခင္ဗ်ားေျပာင္ ကြၽန္ေတာ္တို႔ လွဲလိုက္ၿပီးပါၿပီ။ လွ်ိဳထဲမွာ တုံးလုံးပက္လက္ပါပဲ။ ကြၽန္ေတာ္တို႔က ခင္ဗ်ားကို စိတ္မခ်လို႔ လိုက္တာတာ။ ခင္ဗ်ား ဘာျဖစ္သြားေသးလဲဟင္။ ဒဏ္ရာအနာတရ ရေသးသလား။ ခင္ဗ်ားရဲ႕တစ္ကိုယ္လုံးလည္း ေသြးေတြခ်ည္းပဲဗ်ာ”
“ကြၽန္ေတာ္ ဘာမွ မျဖစ္ပါဘူးဗ်။ ေျပာင္ႀကီး ေျပးတိုက္ေတာ့ ကြၽန္ေတာ္ လွိမ့္ေရွာင္လိုက္ရတယ္။ ေဘးနားက ကပ္ထြက္သြားတဲ့ အေကာင္ႀကီးကို တစ္ ခ်က္ လွမ္းပစ္လိုက္ေတာ့ ေသြးေတြ ပန္းထြက္ၿပီး ကြၽန္ေတာ့္တစ္ကိုယ္လုံး ႐ႊဲသြားတာပဲဗ်ိဳ႕”
စာေရးႀကီးက ကိုတင့္ေဆြအား အေျဖေပးရင္း ေနရာမွ ထရပ္လိုက္၏။ ၿပီးေနာက္ ဆက္ေျပာျပန္သည္။
“ေျပာင္ႀကီးက ကိုတင့္ေဆြတို႔ ပစ္လိုက္ၾကလို႔ နာေနၿပီး ေျပာင္အုပ္ေျပးတဲ့ေနာက္ လိုက္မသြားဘဲ ဝါး႐ုံအေျခမွာ က်န္ခဲ့တာ။ ကြၽန္ေတာ္တို႔ကို ျပန္တိုက္ဖို႔ ေခ်ာင္းေနတာေလ။
ကြၽန္ေတာ္က သတိထားၿပီး ကပ္တာမို႔ ဒီေကာင္ႀကီးက ေျပးထြက္လာၿပီး တိုက္လည္းတိုက္၊ ကြၽန္ ေတာ္လည္း လွိမ့္ေရွာင္လိုက္ရတယ္။ အမွတ္မဲ့သာကပ္မိရင္ ခံရမွာ အေသအခ်ာပဲ။
ကိုင္း … ကြၽန္ေတာ္တို႔ ဦးေမာင္ေမာင္ဝင္းအေပၚ တာဝန္ေက်ၿပီေပါ့။ ေမာင္အုန္းေ႐ႊအတြက္လည္း လက္စားေခ်လိုက္ႏိုင္တယ္ မဟုတ္လားဗ်ာ”
ေမာင္ေကာင္းျမင့္တို႔တစ္ေတြမွာ ပလင္းေခ်ာင္းဖ်ားတစ္ခြင္၌ လြတ္လပ္စြာ လုပ္ငန္းေဆာင္႐ြက္ႏိုင္ၿပီေလ။
သူရဇၨမဂၢဇင္း
၂၀၀၆ခုႏွစ္ ၊ မတ္လ
– ၿပီး –
စာေရးသူ – ခင္ေမာင္ေအး(မႏၲေလး)
စာစီစာ႐ိုက္ – မုဆိုး တံငါ စာေပမ်ား