“အပယ်ခံအဖေ”(စ/ဆုံး)

Unicode Version

“အပယ်ခံအဖေ”(စ/ဆုံး)
—————————–
” အိမ်မှာ တူတူနေတဲ့ အမေက ဟင်းကောင်း
ထမင်းကောင်းတွေကို ချက်ပြုတ်ကျွေးလို့ အမေ့ကို
ပိုချစ်တယ် ပိုခင်တယ် ၊
* အိမ်မာ တူတူနေတဲ့ အမေ့ ဆီက မုန့်ဖိုးကို
လိုချင်သလောက် လက်ဝါးဖြန့်ပြီး တောင်းသလို
ရနေတော့ အမေ့ကို ပိုချစ်တယ် ပိုခင်တယ် ၊
*အမြဲတမ်း အိမ်မှာ အမေက သီချင်းဆို ချော့သိပ်ပြီး
သနပ်ခါးလှလှလေးလူးကာ ကျောင်းကို လိုက်ပို့၊
မုန့်တွေ အများကြီး ဝယ်ပေး ၊ ကျောင်းကြို/ ပို့လုပ်
ပြီး မေတ္တာတွေ ပေးနေတော့ အမေ့ကို ပိုချစ်တယ်
ပိုခင်တယ် ။
* အဖေ က ဆူတယ် ၊ ရိုက်ဖို့ တုတ်လေးဆွဲ ၊
ခေါင်းလေး ခေါက်တော့ ၊ အမေက ကြားက
ကန့်လန့်ကန့်လန့် လုပ်တယ် ၊ ကာကွယ်တယ် ၊
ကိုယ့်အစား အမေက အရိုက်ခံရတော့ အဖေ့ကို
မုန်းတယ် နာကျည်းတယ် ၊ အမေ့ကို ပိုချစ်တယ်
ပိုခင်တယ် လေ ။
* ကမ္ဘာပေါ်က လူသန်းပေါင်းများစွာ ထဲမှာ 75%
သောလူတွေဟာ အမေ့ကို ပို ချစ်ခင်ကြတယ် ။
အမေက အသက်ပေးပြီး မွေးဖွားပေးတယ် ဆိုတဲ့
အရာလေးတစ်ခုနဲ့တင် ၊ အမေ ဆိုတာကို သားသမီး
တွေရဲ့ ရင်ထဲမှာ ပိုပြီး လေးနက်တယ် ထင်ပါတယ် ။
မှန်ပါတယ် ၊ အမေ မေတ္တာ ကြီးမားပါတယ် ။
ဒါပေမဲ့ ကျုပ်က ယခု အဖေ့အကြောင်းကို ပြောပြ
ပါရေစ ။
အဖေဆိုတာလေ ့ !! သူ့ဘဝ မှာ အမေနဲ့ တူတူ
သတ်မှတ်စံချိန်နဲ့အညီ အချစ်မခံရသော်လည်း
သူ့ရင်ထဲမှာ မုန်းနေမယ် ထင်နေလား ?
သားသမီးနဲ့ ကိုယ့်ဇနီး မယားအတွက်ဆိုရင်
အဖေဟာ ဘယ်လို အလုပ်ပဲ ဖြစ်နေပါစေ သူမရှက်
တတ်သူပါ ။ ဥပမာ နဲ့ပြောမယ် ဗျာ – တစ်ချို့လူ
တွေက ဥပမာ နဲ့ ပြောပြမှ နားလည်တာ ။
* သင် ခေါ်နေတဲ့ အဖေ ဆိုတာ ဟိုး တစ်ချိန်လူပျို
အရွယ်က သူ့ကို သူများ အိမ်သာကျင်း တူးခိုင်းရင်
တူးပါ့မလား ? လုပ်ပါ့မလား ရှက်တာကိုး ဗျ ။
ယခု သူ့သားသမီးတွေအတွက် သူ့ဇနီး မယား
အတွက် သူလုပ်ရဲ နေပြီ ။အဲ့ဒါ သူ့သားသမီးလေး
တွေ စားဝတ်နေရေး အတွက် သူ မရှက်တတ်တော့
တာပါ ။ သေချာတွေးကြည့် ကိုယ်ချင်းစာနာမြင်
ယောင်ကြည့်ပါ အဲ့ဒါ သူ့ဘဝ နဲ့ ရင်းနေတာ ။
နောက်တစ်ခု – ဟိုး တိုက်တာ အဆောက်ဦးရဲ့
အပေါ်ဆုံးကို အုတ်ထမ်း သဲကျောက်ထမ်းပီး
တက်ရဦးမလား ၊ သူတက်နိုင်နေပြီ ၊ မတော်လို့
ပြုတ်ကျရင် သေပြီလေ ။ ဘာတဲ့လဲ – အဖေတွေက
အသက်မပေးဘူးဆိုနေကြတဲ့ စကား ။
အလုပ်က အထက်အရာရှိလူကြီးက စားဖို့ မုန့်လေး
တွေပေး ၊ ပိုက်စံ အပိုလေးတွေပေးရင်တောင်
သူ့ရင်ထဲမှာ သူစားလိုက်ရင် တစ်ယောက်ပဲ စားရ
မယ် ၊ အိမ်ကိုပြန် သားသမီး နဲ့ ဇနီးနဲ့ တူတူစားရရင်
တစ်လုတ် စားရစားရ ၊ ဆိုတဲ့ အတွေး ပါ ။
မေတ္တာတွေ မေတ္တာတွေ ၊ အဖေ ပြန်လာလို့
နင်းနှိပ်ပေးဖို့တောင်းဆိုရင်ကော သင်တို့လို သား
သမီးတွေ ဆယ်ချက်ပြည့်အောင် နင်းပေးဖူး လား။
မနင်းရသေးဘူး အဖေ တော်ပြီလားလို့မေးနေကြတဲ့
သူက အများကြီးပါ ။
* အဖေ နဲ့ အတူတူ မနေရတော့ အဖေ့မေတ္တာ
ပေါ့သွားတယ် ။ အဖေ ပင်ပန်းနေတာ မမြင်ဘူး ။
အဖေ ရှာကျွေးတာ စားပြီး အဖေ့ကို မချစ်ဘူး
သူ့ရင်ထဲ ခဏဝင်ကြည့် ပါ။
အဖေရှာဖွေခဲ့တဲအသုံးစရိတ် နဲ့ ပညာ သင်ခဲ့ပြီး
အဖေ့ကို တန်ဖိုးထားဖို့မေ့နေတယ် ။
အဖေ ရိုက်တဲ့ ဒဏ်ရာကို မြင်ပြီးအဖေ့ကို မုန်းတယ်
အဖေ ဆုံးမလိုက်လို့သင့်ရဲ့ မကောင်းတဲ့အမူ
အကျင့်တွေ မရှိတော့တာကို မေ့ထားတယ် ။
* ညဘက် အမေ့ရင်ခွင်ထဲ မှာပဲ အိပ်တယ် ၊ အဖေ့
ရင်ခွင်ထဲ အိပ်တဲ့ရက်က တစ်သက်လုံးစာရေတွက်
ရင် ဆယ်ရက်တောင် တင်းတင်းမပြည့်ခဲ့ဘူး ။
သူလည်း လူသားပါ ၊ မင်းစားဖို့အစား အစာ ၊
မင်းရဲ့ အရေးအကြီးဆုံး ဘဝ ပညာရေး စရိတ်
မင်းအရှက်လုံခြုံဖို့ အဝတ်အထည် ဒါတွေဟာ ၊
အဖေ့ ချွေးနဲ့ မရှာဖွေလို့ သင်ဘယ်ကရပါ့မလဲ ။
အဖေဆိုတာ အသက်နဲ့လည်း ရင်းခဲ့တယ် ၊
ဘဝ နဲ့လည်း ရင်းခဲ့တယ် ၊ အမေ ဆိုတာလည်း
ဒီလိုပါပဲ ၊ အသက်ကော ဘဝကော ရင်းထားတယ်။
တန်းတူညီမျှ တဲ့ မေတ္တာ အဖေ မရခဲ့ဘူး ။
သူ့ဘဝ ဘယ်လောက်ဝမ်းနည်း ဖို့ကောင်းလဲ ။
သူ့ရဲ့မျှော်လင့်မှု့က သားသမီးတွေဆီက မေတ္တာ
ပါပဲ ။
အဖေ ရိုက်တာ အပြစ် မမြင်နဲ့ ၊ သင့်ရဲ့ အမူအကျင့်
တွေ မကောင်းလို့ ပြင်ပေးတာပါ ။သင့်ဘဝ မလှပ
မှာဆိုးလို့လမ်းပြပေးတာ အဖေပါ ။
အမေက ဥယျာဉ်မှူးဆိုရင် အဖေက ၊ ကတ်ကြေးနဲ့
တူတဲ့ အမုန်းတော်ခံပါ ။ပန်းကလေးတွေဟာ
ရေလောင်းပြီး မြေဆီသြဇာ ကျွေးနေတဲ့ ဥယျာဉ်
မှူးကိုတော့ ချစ်ခင်တာပေါ့ ၊
သင့်ဘဝကိုက နာနာကျင်ကျင် နဲ လှအောင်ဖန်တီးပေ
နေတဲ့ ကတ်ကြေးလေးကိုတော့ မုန်းကြမယ်လေ ။
သင်တို့ရဲ့ အကိုင်းအခက် အသားတွေကို ဖြတ်
တောက်ပြစ်နေလိုပါ ။အချိန်တန် ပန်းပင်လေး လှ
နေတော့ အပယ်ခံ အမုန်းခံရတဲ့ ကတ်ကြေးလေးက
ချောင်ထိုးခံထားရသလိုပါပဲ ။
အဖေ ဆိုတာ သူအမုန်းခံရ ရင် ခံရပါစေ ။အနစ်နာခံ
သူပါ ။
နောက်ဆုံး အဖေများအတွက် ကဗျာလေးတစ်ပုဒ်
နဲ့ ကန်တော့လိုက်ပါတယ် ။
” အဖဘဝ ”
သွေးသန် ချွေးကျ ၊ အားခန္ဓာ မှ
ဘဝနိဂုံး ၊ နောင်ဆုံးသည့် တိုင်
လိုတာဖြည့်ပေး ၊ မေတ္တာအေး နှင့်
ကျွေးရင်းစောင့်ရှောက် ၊ လူလားမြောက်စေ
အကြင့် ရင်မှ ၊ လွယ်ခဲ့သွေးအား
အများညီတူ ၊ အဆင်းပို လှ
ကြံဆောင်ရှာကျွေး ၊ ရှေ့ရေးတွေးလှည့်
နှိုင်းမရတဲ့ ၊ အဖ ဘဝ ၊
အေးမေတ္တာ ။
ခံယူချက်အမှားတွေရှိရင်
နားလည်ပြင်ဆင် ပြီး အဖေရှိစဉ် ကန်တော့လိုက်ပါ
စာရေးသူ = ကိုရောင်စဉ်(သာရဝေါ)
သတိ ၊ ၊ ထပ်ဆင့်တစ်ဖန်ကူးယူဖော်ပြပါက မူရင်း
စာရေးသူ ကလောင်အမည်အားမဖြုတ်ရန် ။
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။

Zawgyi Version

“အပယ္ခံအေဖ”(စ/ဆံုး)
—————————–
” အိမ္မွာ တူတူေနတဲ့ အေမက ဟင္းေကာင္း
ထမင္းေကာင္းေတြကို ခ်က္ျပဳတ္ေကြၽးလို႔ အေမ့ကို
ပိုခ်စ္တယ္ ပိုခင္တယ္ ၊
* အိမ္မာ တူတူေနတဲ့ အေမ့ ဆီက မုန႔္ဖိုးကို
လိုခ်င္သေလာက္ လက္ဝါးျဖန႔္ၿပီး ေတာင္းသလို
ရေနေတာ့ အေမ့ကို ပိုခ်စ္တယ္ ပိုခင္တယ္ ၊
*အၿမဲတမ္း အိမ္မွာ အေမက သီခ်င္းဆို ေခ်ာ့သိပ္ၿပီး
သနပ္ခါးလွလွေလးလူးကာ ေက်ာင္းကို လိုက္ပို႔၊
မုန႔္ေတြ အမ်ားႀကီး ဝယ္ေပး ၊ ေက်ာင္းႀကိဳ/ ပို႔လုပ္
ၿပီး ေမတၱာေတြ ေပးေနေတာ့ အေမ့ကို ပိုခ်စ္တယ္
ပိုခင္တယ္ ။
* အေဖ က ဆူတယ္ ၊ ႐ိုက္ဖို႔ တုတ္ေလးဆြဲ ၊
ေခါင္းေလး ေခါက္ေတာ့ ၊ အေမက ၾကားက
ကန႔္လန႔္ကန႔္လန႔္ လုပ္တယ္ ၊ ကာကြယ္တယ္ ၊
ကိုယ့္အစား အေမက အ႐ိုက္ခံရေတာ့ အေဖ့ကို
မုန္းတယ္ နာက်ည္းတယ္ ၊ အေမ့ကို ပိုခ်စ္တယ္
ပိုခင္တယ္ ေလ ။
* ကမာၻေပၚက လူသန္းေပါင္းမ်ားစြာ ထဲမွာ 75%
ေသာလူေတြဟာ အေမ့ကို ပို ခ်စ္ခင္ၾကတယ္ ။
အေမက အသက္ေပးၿပီး ေမြးဖြားေပးတယ္ ဆိုတဲ့
အရာေလးတစ္ခုနဲ႔တင္ ၊ အေမ ဆိုတာကို သားသမီး
ေတြရဲ႕ ရင္ထဲမွာ ပိုၿပီး ေလးနက္တယ္ ထင္ပါတယ္ ။
မွန္ပါတယ္ ၊ အေမ ေမတၱာ ႀကီးမားပါတယ္ ။
ဒါေပမဲ့ က်ဳပ္က ယခု အေဖ့အေၾကာင္းကို ေျပာျပ
ပါေရစ ။
အေဖဆိုတာေလ ့ !! သူ႔ဘဝ မွာ အေမနဲ႔ တူတူ
သတ္မွတ္စံခ်ိန္နဲ႔အညီ အခ်စ္မခံရေသာ္လည္း
သူ႔ရင္ထဲမွာ မုန္းေနမယ္ ထင္ေနလား ?
သားသမီးနဲ႔ ကိုယ့္ဇနီး မယားအတြက္ဆိုရင္
အေဖဟာ ဘယ္လို အလုပ္ပဲ ျဖစ္ေနပါေစ သူမရွက္
တတ္သူပါ ။ ဥပမာ နဲ႔ေျပာမယ္ ဗ်ာ – တစ္ခ်ိဳ႕လူ
ေတြက ဥပမာ နဲ႔ ေျပာျပမွ နားလည္တာ ။
* သင္ ေခၚေနတဲ့ အေဖ ဆိုတာ ဟိုး တစ္ခ်ိန္လူပ်ိဳ
အ႐ြယ္က သူ႔ကို သူမ်ား အိမ္သာက်င္း တူးခိုင္းရင္
တူးပါ့မလား ? လုပ္ပါ့မလား ရွက္တာကိုး ဗ် ။
ယခု သူ႔သားသမီးေတြအတြက္ သူ႔ဇနီး မယား
အတြက္ သူလုပ္ရဲ ေနၿပီ ။အဲ့ဒါ သူ႔သားသမီးေလး
ေတြ စားဝတ္ေနေရး အတြက္ သူ မရွက္တတ္ေတာ့
တာပါ ။ ေသခ်ာေတြးၾကည့္ ကိုယ္ခ်င္းစာနာျမင္
ေယာင္ၾကည့္ပါ အဲ့ဒါ သူ႔ဘဝ နဲ႔ ရင္းေနတာ ။
ေနာက္တစ္ခု – ဟိုး တိုက္တာ အေဆာက္ဦးရဲ႕
အေပၚဆုံးကို အုတ္ထမ္း သဲေက်ာက္ထမ္းပီး
တက္ရဦးမလား ၊ သူတက္ႏိုင္ေနၿပီ ၊ မေတာ္လို႔
ျပဳတ္က်ရင္ ေသၿပီေလ ။ ဘာတဲ့လဲ – အေဖေတြက
အသက္မေပးဘူးဆိုေနၾကတဲ့ စကား ။
အလုပ္က အထက္အရာရွိလူႀကီးက စားဖို႔ မုန႔္ေလး
ေတြေပး ၊ ပိုက္စံ အပိုေလးေတြေပးရင္ေတာင္
သူ႔ရင္ထဲမွာ သူစားလိုက္ရင္ တစ္ေယာက္ပဲ စားရ
မယ္ ၊ အိမ္ကိုျပန္ သားသမီး နဲ႔ ဇနီးနဲ႔ တူတူစားရရင္
တစ္လုတ္ စားရစားရ ၊ ဆိုတဲ့ အေတြး ပါ ။
ေမတၱာေတြ ေမတၱာေတြ ၊ အေဖ ျပန္လာလို႔
နင္းႏွိပ္ေပးဖို႔ေတာင္းဆိုရင္ေကာ သင္တို႔လို သား
သမီးေတြ ဆယ္ခ်က္ျပည့္ေအာင္ နင္းေပးဖူး လား။
မနင္းရေသးဘူး အေဖ ေတာ္ၿပီလားလို႔ေမးေနၾကတဲ့
သူက အမ်ားႀကီးပါ ။
* အေဖ နဲ႔ အတူတူ မေနရေတာ့ အေဖ့ေမတၱာ
ေပါ့သြားတယ္ ။ အေဖ ပင္ပန္းေနတာ မျမင္ဘူး ။
အေဖ ရွာေကြၽးတာ စားၿပီး အေဖ့ကို မခ်စ္ဘူး
သူ႔ရင္ထဲ ခဏဝင္ၾကည့္ ပါ။
အေဖရွာေဖြခဲ့တဲအသုံးစရိတ္ နဲ႔ ပညာ သင္ခဲ့ၿပီး
အေဖ့ကို တန္ဖိုးထားဖို႔ေမ့ေနတယ္ ။
အေဖ ႐ိုက္တဲ့ ဒဏ္ရာကို ျမင္ၿပီးအေဖ့ကို မုန္းတယ္
အေဖ ဆုံးမလိုက္လို႔သင့္ရဲ႕ မေကာင္းတဲ့အမူ
အက်င့္ေတြ မရွိေတာ့တာကို ေမ့ထားတယ္ ။
* ညဘက္ အေမ့ရင္ခြင္ထဲ မွာပဲ အိပ္တယ္ ၊ အေဖ့
ရင္ခြင္ထဲ အိပ္တဲ့ရက္က တစ္သက္လုံးစာေရတြက္
ရင္ ဆယ္ရက္ေတာင္ တင္းတင္းမျပည့္ခဲ့ဘူး ။
သူလည္း လူသားပါ ၊ မင္းစားဖို႔အစား အစာ ၊
မင္းရဲ႕ အေရးအႀကီးဆုံး ဘဝ ပညာေရး စရိတ္
မင္းအရွက္လုံၿခဳံဖို႔ အဝတ္အထည္ ဒါေတြဟာ ၊
အေဖ့ ေခြၽးနဲ႔ မရွာေဖြလို႔ သင္ဘယ္ကရပါ့မလဲ ။
အေဖဆိုတာ အသက္နဲ႔လည္း ရင္းခဲ့တယ္ ၊
ဘဝ နဲ႔လည္း ရင္းခဲ့တယ္ ၊ အေမ ဆိုတာလည္း
ဒီလိုပါပဲ ၊ အသက္ေကာ ဘဝေကာ ရင္းထားတယ္။
တန္းတူညီမွ် တဲ့ ေမတၱာ အေဖ မရခဲ့ဘူး ။
သူ႔ဘဝ ဘယ္ေလာက္ဝမ္းနည္း ဖို႔ေကာင္းလဲ ။
သူ႔ရဲ႕ေမွ်ာ္လင့္မႈ႕က သားသမီးေတြဆီက ေမတၱာ
ပါပဲ ။
အေဖ ႐ိုက္တာ အျပစ္ မျမင္နဲ႔ ၊ သင့္ရဲ႕ အမူအက်င့္
ေတြ မေကာင္းလို႔ ျပင္ေပးတာပါ ။သင့္ဘဝ မလွပ
မွာဆိုးလို႔လမ္းျပေပးတာ အေဖပါ ။
အေမက ဥယ်ာဥ္မႉးဆိုရင္ အေဖက ၊ ကတ္ေၾကးနဲ႔
တူတဲ့ အမုန္းေတာ္ခံပါ ။ပန္းကေလးေတြဟာ
ေရေလာင္းၿပီး ေျမဆီၾသဇာ ေကြၽးေနတဲ့ ဥယ်ာဥ္
မႉးကိုေတာ့ ခ်စ္ခင္တာေပါ့ ၊
သင့္ဘဝကိုက နာနာက်င္က်င္ နဲ လွေအာင္ဖန္တီးေပ
ေနတဲ့ ကတ္ေၾကးေလးကိုေတာ့ မုန္းၾကမယ္ေလ ။
သင္တို႔ရဲ႕ အကိုင္းအခက္ အသားေတြကို ျဖတ္
ေတာက္ျပစ္ေနလိုပါ ။အခ်ိန္တန္ ပန္းပင္ေလး လွ
ေနေတာ့ အပယ္ခံ အမုန္းခံရတဲ့ ကတ္ေၾကးေလးက
ေခ်ာင္ထိုးခံထားရသလိုပါပဲ ။
အေဖ ဆိုတာ သူအမုန္းခံရ ရင္ ခံရပါေစ ။အနစ္နာခံ
သူပါ ။
ေနာက္ဆုံး အေဖမ်ားအတြက္ ကဗ်ာေလးတစ္ပုဒ္
နဲ႔ ကန္ေတာ့လိုက္ပါတယ္ ။
” အဖဘဝ ”
ေသြးသန္ ေခြၽးက် ၊ အားခႏၶာ မွ
ဘဝနိဂုံး ၊ ေနာင္ဆုံးသည့္ တိုင္
လိုတာျဖည့္ေပး ၊ ေမတၱာေအး ႏွင့္
ေကြၽးရင္းေစာင့္ေရွာက္ ၊ လူလားေျမာက္ေစ
အၾကင့္ ရင္မွ ၊ လြယ္ခဲ့ေသြးအား
အမ်ားညီတူ ၊ အဆင္းပို လွ
ႀကံေဆာင္ရွာေကြၽး ၊ ေရွ႕ေရးေတြးလွည့္
ႏႈိင္းမရတဲ့ ၊ အဖ ဘဝ ၊
ေအးေမတၱာ ။
ခံယူခ်က္အမွားေတြရွိရင္
နားလည္ျပင္ဆင္ ၿပီး အေဖရွိစဥ္ ကန္ေတာ့လိုက္ပါ
စာေရးသူ = ကိုေရာင္စဥ္(သာရေဝါ)
သတိ ၊ ၊ ထပ္ဆင့္တစ္ဖန္ကူးယူေဖာ္ျပပါက မူရင္း
စာေရးသူ ကေလာင္အမည္အားမျဖဳတ္ရန္ ။
ေမတၱာျဖင့္ျပန္လည္မွ်ေဝပါသည္။