အမဲသားကြိုက်တဲ့ အောင်ဒင်ကြီး

အမဲသားကြိုက်တဲ့ အောင်ဒင်ကြီး

————————————–

၂၀၁၅-၂၀၁၆ ခုနှစ်
ကျွန်တော် အဆောင်နေကျောင်းသား ဘဝ
တုန်းက ဖြစ်ခဲ့တာပေါ့ ကျွန်တော်တို့အဆောင်မှာ
ဖြစ်ခဲ့တာ ဆိုပေမဲ့ ကျွန်တော်နဲ့ ပတ်သတ်မှု
မရှိလို့ သက်ဆိုင်သူတွေရဲ့ ကဏ္ဏ ကိုပဲ တင်ပြပရစေ

မိုးထက္​
အဆောင်မှာ ကျောင်းမှာ စာအတော်ဆုံးနဲ့
အဆိုးဆုံးကျောင်းသားပါ စာမကျက်ဘူး
ဥာဏ်ကောင်းတယ် စာသင်ရင် သေချာ
လိုက်မှတ်တယ် study ချိန်မှာတော့
ဆေးလိပ်သောက် ကွမ်းစား အရက်သောက်
ရန်ဖြစ် စောက်တလွဲတွေလုပ်တတ်တယ်

အခု က သူပဲ ပြသနာ ရှာခဲ့တာပေါ့
သူနဲ့ အပေါင်းတည့်တဲ့ကောင် က
အညာသား ဘုန်းကြီးရဲ့တူ အောင်ကျော်
နှစ်ကောင်ပေါင်းလောင်းကျော်ပေါ့

ဖြစ်ပုံ က ဒီလိုပါ
အညာသား က သူ့ဦးလေးကျောင်းမှာ
ဘုန်းကြီးကျောင်းသား လုပ်ဘူးတယ်
သူ့ဦးလေး ဘုန်းကြီး က အနုတမာ မိစ္ဆာတွေကို
နိုင်နင်းတဲ့ ဘုန်းကြီးတစ်ပါးဆိုတော့
သူလဲ အနဲအပါး သိနေတာပေါ့

“ပျင်းတယ်ကွာ studyချိန်
ဘာလုပ်ရင် ကောင်းမလဲ”

“ဟေ့ကောင် မိုးထက် မင်းသရဲတစ္ဆေ ကို ယုံလား”

“ဟ ယုံတာပေါ့ဟ ငါလဲ
ဗုဒ္ဓဘာသာ တစ်ယောက်ပဲ”

“မင်း သရဲခေါ်မလား”

“ခေါ်တာတော့ ဟုတ်ပါတယ်
မနိူင်တော့ တိုင်ပတ်မှာနော်”

“မနိုင်စရာလဲ ငါ့ဘကြိးဘုန်းဘုန်းက
အထက်လမ်းဆရာပါ ငါလဲနဲနဲပါးပါးတတ်တယ်”

“ပြီးတာပဲ ဒါနဲ့
ဘယ်လိုခေါ်မှာတုန်း”

“ငါတို့အညာကရွာမှာ အောင်ဒင်ဆိုတာ
ရှိတယ်ကွ သူသေတော့ သူ့ကို လူတွေက
အမဲသားနဲ့မျှားပြီး မေးချင်တာ မေးကြတယ်ကွ”

“ဖြစ်ပါ့မလား”

“ဖြစ်တယ် မနက်ဖြန်ည ၁၂နာရီ လုပ်မယ်ကွာ
ကျန်တာ ငါ့ကိစ္စထား”

နောက်တစ်နေ့
၁၂နာရီလောက် ရောက်တော့
မိုးထက်နဲ့ အညာသား အဆောင်ခြံဝန်းအပြင်ကို
ထွက်ပြီးတံခါး အပြင်ဘက်ကို ထွက်တယ်
အညာသား လက်ထဲမှာက အမဲသားအတုံး
သေးသေး လေးတွေ ထုတ်ထားတဲ့ အိတ်နဲ့
အုန်းမုန့်ခွက် တစ်ခုပါလာတယ်

“မင်းခေါ်မယ်ဆိုရင် ငါပြောတဲ့အတိုင်းခေါ်”
“အေး”

“ငါ အုန်းမုန့်ခွက်ကို စည်းဝိုင်း ဝိုင်းလိုက်မယ်ကွာ
ဝိုင်းပြီးတာနဲ့ မင်းက ပြောရမယ်
အမဲသားကြိုက်တဲ့ အောင်ဒင်ကြီး
မင်းကို ငါတွေ့ချင်လို့ခေါ်နေတယ်
အမဲသားကျွေးမယ် ငါ့ဆီလာခဲ့
အဲ့လိုမျိုး သုံးခါပြော ပြီးရင် စည်းဝိုင်းထဲကို
အမဲသားတုံးတစ်တုံး ပစ်ထည့်လိုက်”

ပြောပြီး အညာသား က စည်းဝိုင်း ဝိုင်းတယ်
မိုးထက် က ပြောပြီး အမဲသားတုံးကို
စည်းဝိုင်းထဲ ပစ်ထည့်လိုက်တယ်

အညာသား က ပြောတယ်
“အောင်ဒင်ကြီး ရောက်ပြီလား
ရောက်ရင် အကြောင်းပြန်ပါ”

ဂွက်••
အုန်းမုန့်ခွက် က အသံထမြည်တာပါ

“မိုးထက် မင်းမေးချင်တာမေးတော့”

ဘာမေးလဲတော့ ကျွန်တော်လဲ မသိခဲ့ပါဘူး
ဒါပေမဲ့ တစ်ခုမေးလိုက် အညာသား က
အမဲသားတစ်တုံး ပစ်ကျွေးလိုက်နဲ့ပေါ့

ခဏကြာတော့
အညာသားရဲ့ လက္ထဲ က
လေပေါ်မြောက်တတ်သွားပြီး
တစ်ယောက်ယောက် က ဆွဲယူနေသလိုပင်

“ဟာ ဘာဖြစ်တာလဲ”
“မသိဘူးလေ အောင်ဒင် ကြီး လုပ်တာလား
မင်းကို ကျွေးနေတာပဲ လာမလုနဲ့”
အညာသား ပြောနေမဲ့ အိတ်ကိုတော့
တစ်စုံတစ်ယောက် က ဆွဲယူနေဆဲပင်

“အောင်ဒင်ကြီး လုပ်တာမဟုတ်ဘူးလား”
မိုးထက် မှ အလန့်တကြား မေးလိုက်တယ်

ဂွက်•••
အုန်းမုန့်ခွက် က အသံထမြည်ပြန်တယ်

“တစ်ခြား တစ်ယောက်ယောက်ပဲကွ”
အညာသား က လန့်ပြောပြောလိုက်တယ်

ပြောပြီး အလန့်တကြားနဲ့ စည်းဝိုင်းကို
ခြေထောက်ဖြင့် ပွတ်ပြီး ဖျက်လိုက်တယ်

“အောင်ဒင်ကြီး တစ်ယောက်ယောက်ရှိနေရင်
ငါတို့ကို ကူညီပါ မင်းကို အမဲသားတွေ
အကုန်လုံးကျွေးပါ့မယ်”

ပြောပြီးပြီးချင်း အိတ်ကိုဆွဲယူချင်းမရှိတော့ပဲ
ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်
မိုးထက်နဲ့ အညာသားလနှစ်ယောက်လုံး
ကြက်သေ သေသွားတော့တယ်

ဒုန်း•••
ြံခံဝန်းတံခါးကို တစ်ခုခုက ဝင်တိုက်မိတဲ့အသံ
အဲ့အသံကြောင့် ကျွန်တော်တို့အစောင်တစ်ခုလုံး
လန့်နိုးသွားတော့တယ်

ဝှီး ဖတ် ဘုန်း
လူနှစ်ယောက်တိုက်ခိုက်နေတဲ့ အသံပင်ဖြစ်သည်
သို့သော် မည်သည်မျှ မတွေ့ရချေ

ခဏကြာတော့ ငြိမ်သက်သွားတယ်

“ဟေ့ကောင် ပြန်လွှတ်လိုက်တော့ကွာ
ငါ ဒူးတွေတောင် တုန်လာပြီ”
မိုးထက် က ကတုန်ကယင်နဲ့ ပြောလိုက်တာပါ

အညာသား က လက်ထဲမှ အမဲသားထုတ်ကို
ပစ်ချလိုက်ပြီး
“အောင်ဒင်ကြီး အကုန်စားပြီး
သွားလိုရာ သွားတော့”

ခဏကြာတော့ အမဲသားတွေ မရှိတော့ဘူး
မိုးထက်နဲ့ အညာသား အဆောင်ထဲ
ပြန်ဝင်ဖို့ ပြန်လှည့်လိုက်တော့

ဂွက်•••
အုန်းမုန့်ခွက် က ထမြည်ပါလေရော

နှစ်ယောက်သား ကြောင်သွားတယ်

ဂွက် ဂွက် ဂွက်
အုန်းမုန့်ခွက် က အဆက်မပြတ်ထမြည်ပါလေရော

မိုးထက် က အဆောင်ထဲ ဝင်ပြေးမယ်လုပ်တော့
“မပြေးနဲ့ မိုးထက် ပြေးရင် ပိုဆိုးလိမ့်မယ်”
အညာသား က လှမ်းတားလိုက်တယ်

“အောင်ဒင်ကြီး စားချင်သေးလို့လား”
အသံတိတ်သွားတယ်

“ငါတို့မှာ မရှိတော့ဘူးလေ သွားတော့”

အညာသားလဲ ပြောလိုက်ရော အသံတွေက
ပြန်၍မြည်လာပါလေရော
အရင်ကထက်ပို၍ ကျယ်လာသလိုပင်

မိုးထက် ဒီတစ်ကြိမ်မှာတော့ အဆောင်ထဲကို
ဝင်ပြေးလိုက်တော့တယ် သို့သော်
ခြံဝန်းထဲ မရောက်မှီ အနောက်မှ
တစ်စုံတစ်ယောက်မှ ဆွဲလိုက်သလို
အနောက်သို့ လန်ကျသွားတော့တယ်

ထိုအခါမှ မိုးထက် ပါးစပ်မှ
ကူပါကယ်ပါလို့ ထအော်လေတော့တယ်

အဆောင်တစ်ခုလုံးရှိ လူများအားလုံး ထိုနေရာသို့
စုပြုံးပြီး ပြေးသွားတော့တယ်

အညာသား မတ်တပ်စုံရပ်နေရာမှ ရင်ဝကို
တစ်စုံတစ်ယောက်က တွန်းလိုက်သလိူ
လန်ကျသွားတော့တယ်
ကျွန်တော်တို့ ရောက်သွားတော့
မိုးထက် ကိုယ်တစ်ပိုင်း က ခြံဝန်းတံခါးအတွင်း
ဘက်ကိုရောက်နေပြီ

အညာသားကတော့ ခြံဝန်းအပြင်ဘက်ရှိ
မြေပြင်ပေါ်မှာ လူးလှိမ့်နေတယ်

မိုးထက် ကို ဝိုင်းထူပေးလိုက်တော့
အဆောင်ခြံဝန်းထဲကို ရောက်သွားတော့
သက်သာရာ ရသွားတာပေါ့

အညာသား ကို သွားထူပေးဖို့ ကျွန်တော်နဲ့
တခြားလူ သုံးယောက် အပြင်ကို ထွက်လိုက်တယ်

အညာသားအသားကို ထိလိုက်နဲ့တာနဲ့
တစ်စုံတစ်ယောက် က တွန်းလိုက်သလိုပင်
ကျွန်တော့်ဘေးနား က
လူနှစ်ယောက် လွင့်ထွက်သွားတယ်

ကျန်တဲ့တစ်ယောက်နဲ့ ကျွန်တော် အညာသားကို
တွဲပြီး ခြံဝန်းထဲကို ခေါ်သွားလိုက်တယ်
အပေါက်ဝရောက်တော့ တွဲပေးတဲ့ လူတစ်ယောက်
အရှေ့သို့ မှောက်ကျသွားပါလေရော

ကျွန်တော်တစ်ယောက်ထဲမတွဲနိုင်တော့ပဲ
နှစ်ယောက်သား လဲကျသွားတော့တယ်
အားလုံးက ခြံဝန်းထဲမှနေ၍ ကျွန်တော်တို့
နှစ်ယောက် ကို ဝိုင်းဆွဲကြတယ်
ကျွန်တော် က ခြံဝန်းထဲ အလွယ်တကူ
ရောက်သွားသော်လည်း အညာသားကတော့
အပေါက်ဝမှာ တန်းလန်းကြီး ဖြစ်နေတယ်
ကျွန်တော်တို့ ဝိုင်းဆွဲပေမယ့် တစ်ဖက်ကလဲ
ဆွဲထားတယ် ထင်တယ် လုံးဝမရချေ

အညာသားရဲ့ ပုဆိုး က ဒူးလောက်ထိ
လန်တတ်သွားပြီး ခြေသလုံးမှာ
အကိုက်ရာကြီးတစ်ခု ပေါ်လာတာကို
အားလုံးတွေ့လိုက်ရတယ်

အညာသားကလဲအသားကုန် အော်
ကျွန်တော်တို့ကလဲ ဆွဲရင်းနဲ့
ရုတ်ရုတ်သဲသဲ ဖြစ်နေတာပေါ့ဗျာ

ခဏ ကြာတေ့ာ အညာသားရဲ့
နောက်ခြေထောက်တစ်ချောင်းမှာ
ကိုက်ရာ နောက်တစ်ခု ခပ်ပေါ်လာတယ်

သိပ်မကြာဘူး ဝိုင်းဆွဲတဲ့ လူတွေရဲ့
လက်မောင်းတွေမှာပါ ကိုက်ရာတွေပေါ်လာတယ်
ကျွန်တော်တော့ အကိုက်မခံရပါဘူး
အဆောင်မှူးရောက်လာပြီး
အခြေအနေကို သိသွားပြီး
ဘုရားစာတွေ ရွတ်တော့တယ်

အဲ့တော့မှပဲ အားလုံးပုံမှန် ဖြစ်သွားတော့တယ်
ကတုန်ကယင်ဖြစ်နေတဲ့ မိုးထက်နဲ့ အညာသားကို
ရေမန်းတွေနဲ့ ပက် နှိပ်နက်လုပ်ေးပရတော့တယ်

ကျွန်တော်ကတော့ လက်မောင်းမှာ ချည်ထားတဲ့
သင်္ဃန်းကြိုးကို သာ ကြည့်နေမိတော့တယ်အမှားပါလျှင် ခွင့်လွှတ်ကြပါ

Shine
#လေးစားစွာCreditပေးပါတယ်