အိမ်မက်ဘုရား(စ/ဆုံး)

Unicode Version

အိမ်မက်ဘုရား(စ/ဆုံး)
—————————-
ကျွန်တော်တို့ အကျဉ်းဦးစီးဌာန၊ ဝန်ထမ်းဆိုသည်မှာ မြို့ပေါ်က
ထောင်ကြီးများတွင်သာ တာဝန်ထမ်းဆောင်ရသည် မဟုတ်။ လူသူနှင့်ကင်းဝေးသည့်တောကြိုအုံကြား၌လည်းတာဝန်ထမ်း ဆောင်ရတတ်ပါသည်။ စေလိုရာစေ၊ တာဝန်ကျရာသို့လည်း မသွားလို့မဖြစ်။ “ပြစ်မှုကြွေး၊ ချွေးဖြင့်ဆပ်မည်” ဟူသော
အကျဉ်းဦးစီးဌာနဆောင်ပုဒ်မှာအပြစ်ဒဏ်ကျခံရသော ရဲဘက်
အကျဉ်းသားများအတွက်ဖြစ်သော်လည်းအုပ်ချုပ်ရေးဝန်ထမ်း
များမပါ၍မဖြစ်။ အုပ်ချုပ်ရန်၊ လုံခြုံရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊
စားဝတ်နေရေးကိစ္စ၊လုပ်ငန်းအောင်မြင်ရေးကိစ္စ၊ သာရေး၊ နာရေးကိစ္စများက ကျွန်တော်တို့ အုပ်ချုပ်သူ၊ ဝန်ထမ်းအဆင့် ဆင့် မပါ၍မဖြစ်ပါ။ ထို့ကြောင့် ကျွန်တော့်အနေဖြင့် တောထဲ၊ တောင်ထဲ၌ရန်ကုန်-မန္တလေးအမြန်လမ်းစခန်းများ(ပဲခူးရိုးမ)

လှေလှော်အင်းစခန်း၊ မင်းတုန်းစခန်း၊ ရေနက်ကြီးစခန်း၊ သုံးတန်ကူးစခန်း၊ မအူပင်ဆိပ်စခန်း၊ ဇောင်းတူစခန်းခွဲနှင့် နောက်ဆုံး အစွန်အဖျားဆုံးစခန်း၊ လျှော်တုံးစခန်းအထိ တာဝန်ထမ်းဆောင်ခဲ့ရပြီး ငှက်ဖျားရောဂါလည်းဖြစ်၊ တောမုဆိုးလည်း ဖြစ်ခဲ့ရပါသည်။
ထို့အပြင် ၁၉၈၄ – ခုနှစ်ကစပြီး ကော့သောင်းဆီအုန်းစိုက်ပျိုးရေးစခန်း များဖြစ်ကြသည်။ ပါဆယ်ပါညန်းအုပ်စု၊ အော်ကြီးစခန်းများ၊ ဟပ်စတင်းသို့ လည်း (၂)နှစ်ကျော်ခန့် အုပ်ချုပ်နေထိုင်ခဲ့ရပါသည်။ ထို့အပြင် နာမည်ကြီး လှသော ဘီလင်းမြို့နယ်၊ နောင်ရိုး၊ အောင်မြေစခန်းများ၌လည်း တာဝန် ထမ်းဆောင်ခဲ့ရပါသည်။ ထိုစခန်းများမှာ တောတောင်ထူထပ်ပြီး သောင်း ကျန်းသူများနယ်မြေဖြစ်သဖြင့်စခန်းတာဝန်ခံဦးကျော်လှိုင်၊ စခန်းတာဝန်ခံ
ဦးသိန်းဝင်း၊ နာမည်တူသူတို့ရက်စက်စွာအသတ်ခံခဲ့ကြရသောနာမည်ကြီး သောကြံစိုက်ပျိုးသည့်စခန်းများ ဖြစ်ကြပါသည်။

နောင်ရိုးစခန်းမှာ ဘီလင်းမြို့အနီး၊ ရာဇသေန ပဗ္ဗတတောင်အနီးတွင် ရှိသည်။ ကြံစိုက်ပျိုးသော ရဲဘက်စခန်း ဖြစ်သည်။ ထွက်ရှိသော ကြံများကို ကုန်ကြမ်းအဖြစ် ဘီလင်းသကြားစက်သို့ သွင်းရသည်။
၁၉၈၉ – ခုနှစ်မှ ၁၉၉၂ – ခုနှစ်အထိ ကျွန်တော် နောင်ရိုးစခန်းတာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၁၉၉၉-ခုနှစ်၊ ဇွန်လအတွင်း၌ ဦးတေဇဝန္တာဟူသောဆရာတော်တစ်ပါး၊ နောင်ရိုးစခန်းသို့ကြွရောက်လာ ပါသည်။ဆရာတော်မှာ နောင်ရိုးစခန်း၏ အနောက်ဘက်တောကြီးအတွင်း မှတစ်ပါးတည်း၊ကျောင်းငယ်ကလေးဆောက်၍သီတင်းသုံးနေသောရဟန်း
တစ်ပါးဖြစ်သည်။
ကျွန်တော်တို့စခန်း၊ ဝန်ထမ်းမိသားစုများနှင့် ပတ်ဝန်းကျင်အနီးအနား ရွာများမှ သာရေး၊ နာရေးကိစ္စများတွင် မှီခိုအားထားရာ ဆရာတော်တစ်ပါး ဖြစ်ချေသည်။ ကျွန်တော်က ဆီးကြိုနှုတ်ဆက်၍ စခန်းရုံးအတွင်း ဧည့်ခန်း တွင်နေရာပေးသည်။

ဆရာတော်က ဧည့်ခန်းဆက်တီစားပွဲ၊ ကုလားထိုင်၌ နေရာယူပြီး သည်နှင့် –
“ဒကာကြီး – ဘုန်းကြီး အိပ်မက် မက်တယ်။ စခန်းနောက်ကျောက တောင်ကုန်းပေါ်မှာ အများပြည်သူ ကြည်ညိုကိုးကွယ်နိုင်အောင် စေတီ တစ်ဆူတည်ပါတဲ့။ အဲဒါ- ဒကာကြီးက ကမ္မကထလုပ်ပြီး ဆောင်ရွက်ပါလို့ အိပ်မက်ပေးတယ်။ အဲဒီ့တောင်ကုန်းကနှယ်နှယ်ရရမဟုတ်ဘူး။ ရာဇသေန ပဗ္ဗတတောင်လို့ ခေါ်သတဲ့။ စေတီတည်ရန်လည်း ဌာပနာပစ္စည်းတွေ ထောက်ပံ့မယ်လို့လည်း ဆိုတယ်”
“ဘယ်သူက အိပ်မက်ပေးတာလဲ – ဘုရား” “မမေးနဲ့ – ဆိုင်ရာပိုင်ရာလို့ပဲမှတ်လိုက်ပါ”
ကျွန်တော်ရုတ်တရက်တွေးလိုက်မိသည်။ ထိုတောင်ကုန်းမှာ မြေပြန့် သီးသီးခြားခြားမြင့်မားသောတောင်ကုန်းတစ်ခုဖြစ်
ကြံစိုက်ခင်းကြီးအနီး၌
သည်။ အနောက်ဘက်ကမြိုင်တောကြီး။
ပတ်ဝန်းကျင်စိမ်းစိမ်းတွင် တောင်ကုန်းပေါ်မှ ရွှေစေတီနှင့် လွန်စွာ လွန်စွာ လိုက်ဖက်ပြီး သပ္ပါယ်တင့်တယ်ပေလိမ့်မည်ဟု စိတ်ထဲတွင် မြင် ယောင်နေမိသည်။ ထို့ကြောင့် –
“ဆရာတော် ဖြစ်စေချင်သလို တပည့်တော်လည်း ဖြစ်စေချင်ပါတယ် ဘုရား။ ဆရာတော်နဲ့ တပည့်တော်-ပူးပေါင်းဆောင်ရွက်ရင် အကောင် အထည်ပေါ်လာမှာပါ- ဘုရား။ တပည့်တော် – ကြိုးစားပါ့မယ်”
“လုပ်ငန်း စ,မယ်ဆိုရင်တော့ – လူပုဂ္ဂိုလ်တို့ ဆောင်ရွက်သင့်တာကို တပည့်တော်က တာဝန်ယူပါ့မယ်။ သံဃာဘက်က ဆောင်ရွက်ရမယ့် ကိစ္စ တွေကိုတော့ ဆရာတော်က တာဝန်ယူပေးပါ – ဘုရား”
အမှန်တကယ်လည်း ကျွန်တော့်ဘက်က အတွေ့အကြုံမရှိသဖြင့် အရိုးခံအတိုင်းပြောမိခြင်းဖြစ်ပါသည်။ ကျွန်တော့်မှာ မိရိုးဖလာ ဗုဒ္ဓဘာသာ ဝင် ဖြစ်သော်လည်း လူလတ်ပိုင်းအရွယ်ဖြစ်ပြီး တာဝန်ဝတ္တရား များပြား၍ ဘာသာရေးကိစ္စများတွင်အလှူအတန်းလုပ်၊ရေစက်ချ အမျှအတမ်းဝေခြင်း လောက်သာသိရှိနားလည်ပြီးဥပုသ်သီလပင်မစောင့်ဖြစ်ပါ။အသက်(၄ဝ)ခန့်

ပတ်ဝန်းကျင်ဖြစ်သော်လည်း ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကြောင့်
ဘာသာရေးဘက်တွင်ထဲထဲဝင်ဝင်၊အသိမပြည့်စုံ၊မကြွယ်ဝသေးပါ။ကျောင်း
ကန်ဘုရား တည်ထားလှူတန်းခြင်းကိစ္စကတော့ လွန်စွာမွန်မြတ်သော ကုသိုလ်ဖြစ်ကြောင်းကျွန်တော် သိပါသည်။
သို့သော် စေတီတည်လျှင် ကုန်ကျမည့်ကိစ္စက အတော်များမည်။ ထို ကိစ္စကိုကျွန်တော်တို့တွင်ရှိထားသည့်ပစ္စည်းဥစ္စာရတနာများဖြင့်လောက်င ပါ့မလားဟု တွေးချင့်၍ ပူမိသည်ကတော့ အမှန်ပင်။ ထို့ကြောင့် စခန်းတွင် ခေတ္တ လာရောက်နေထိုင်သော ဇနီးသည်နှင့် တိုင်ပင်ကြည့်တော့ – ဇနီးက လည်းအားတက်သရော သဘောတူရှာပါသည်။
စေတီတည်မည့် “ရာဇသေန ပဗ္ဗတ”တောင်ကုန်းကို ကျွန်တော်တို့ အလျင်က မသိပါ။ နောင်ရိုးကြံစိုက်ပျိုးရေးစခန်းကို စတင်ဖွင့်လှစ်ခဲ့သူမှာ ပြည်ထဲရေးဝန်ကြီး ဦးစိန်လွင် ဖြစ်သည်။ ဝန်ကြီးသည် စခန်းသို့ မကြာခဏ လာရောက်၍ ကြံခင်းများကို စစ်ဆေးကြည့်ရှုရာတွင် ယင်းတောင်ကုန်းပေါ် သို့တက်၍အပေါ်စီးမှဆီး၍ကြည့်လေ့ရှိသဖြင့်ကျွန်တော်တို့စခန်းဝန်ထမ်း များက “ဝန်ကြီးကုန်း”ဟု မတိုင်ပင်ရဘဲ အမည်မှည့်ခေါ်ထားကြပါသဖြင့် အမည်တွင်နေခြင်းဖြစ်သည်။
တောရကျောင်းဆရာတော်ဦးတေဇဝန္တာမှာစေတီတည်ရန်အကြံပေး စဉ်က မိုးရာသီဖြစ်၍မိုးကုန်မှလုပ်ငန်းစတင်နိုင်မည်ဖြစ်သောကြောင့် ချက် ချင်း အကောင်အထည်မဖော်ဖြစ်ခဲ့ပါ။ ဝန်ကြီးကုန်းသို့သွားရာလမ်းမှာ ကြံ ခင်းများကို ဖြတ်သန်းသွားရသဖြင့် အုတ်ကား၊ သဲကားများ မသွားလာနိုင် ပါ။ လမ်းက မကောင်းပါ။
ထို့အပြင်ကျွန်တော်သည်ဇူလိုင်လထဲ၌ ဗထူးတပ်မြို့၊အခြေခံတပ်ခွဲမှူး သင်တန်းကို တက်ရပြီးနောက် ပြင်ဦးလွင်မြို့၊ တပ်ရင်းအုပ်ချုပ်မှုအရာရှိ သင်တန်းကိုလည်း ဆက်လက်တင်ရပြန်ရာ နှစ်ကုန်ခါနီး နိုဝင်ဘာလ၊ ဆောင်းရာသီတိုင်မှာ နောင်ရိုးစခန်းသို့ ပြန်ရောက်ပါသည်။

ထိုစဉ်က မွန်ပြည်နယ်တွင် သောင်းကျန်းသူများ ဆူပူလှုပ်ရှားနေချိန်
ဖြစ်သည်။ ကျိုက်ထိုမြို့တွင်းသို့ပင် အလုံးအရင်းဖြင့် ဝင်ရောက်၍တိုက်ခိုက် ဖျက်ဆီးခဲ့သည်ကမကြာသေးပါ။ ရံဖန်ရံခါနောင်ရိုးစခန်းအနီးသို့ပင် အလုံး အရင်းဖြင့် ဖြတ်သန်းသွားလာနေကြသေးသည်။ ထို့ကြောင့် အချိန်အခါ အခြေအနေအရ ကျွန်တော် ကြံစိုက်ခင်း လှည့်ပတ်စစ်ဆေးလျှင်ပင် လက် နက်ကိုင် လုံခြုံရေးအဖွဲ့ဖြင့် အမြဲသတိထား၍ သွားလာနေရသည်။ နေ့ည လည်း စခန်းလုံခြုံရေးအတွက် ကင်းချထားရသည်။ ထို့အပြင် တောဝက်၊ မြွေနှင့်အခြားတောရိုင်းတိရစ္ဆာန်များကျက်စားရာတောထူထပ်သောနေရာ
လည်း ဖြစ်သဖြင့် သွားလေရာ လက်နက်ကိုဆောင်သွားရပါသည်။

(၁-၁-၁၉၉၁)ရက်နေ့မှာ ထူးခြားသော နေ့ရက်တစ်ခု ဖြစ်ခဲ့ပါသည်။ ထိုနေ့က ကျွန်တော်သည် လက်နက်ကိုင်ဆောင်၍လည်းကောင်း၊ လက် နက်ကိုင်လုံခြုံရေးအဖွဲ့ဖြင့်လည်းကောင်း အမြဲတမ်း သွားလာတတ်သော်
လည်းယနေ့မနက်(၇)နာရီခန့်တွင်မနက်စာစားပြီးလမ်းလျှောက်ရင်းဝန်ကြီး ကုန်းပေါ်သို့တစ်ချီတည်းတက်သွားမိသည်။လက်ထဲ၌လက်နက်ဆို၍တုတ်
တစ်ချောင်းပင် ပါမလာပါ။
ဝန်ကြီးကုန်းတစ်ဝက်ခါးလယ်ခန့်တွင် တောင်ပတ်လမ်းငယ်တစ်ခုရှိ သည်။ထိုလမ်းငယ်မှတောင်ထိပ်ပေါ်သို့တည့်တည့်တက်မရသလို၊ တောင် အောက်သို့လည်း တည့်တည့်ဆင်းမရပါ။ ကျွန်တော် တောင်ပတ်လမ်း အလယ်ကောင်တွင်ရပ်၍ နောင်ရိုးစခန်း ကြံစိုက်ခင်းကို အပေါ်စီးမှ စီးမိုး၍ ကြည့်ရှုနေမိစဉ်ကျွန်တော်၏လက်ဝဲဘက်မှ“ရှူး-ရှူး”ဟူသောအသံကြား
မိ၍ကြည့်လိုက်ရာ(၅)ပေခန့်အကွာတွင် အလွန်ကြီးမားပြီး မျက်လုံးတစ်စုံ
နီရဲ၍တစ်ကိုယ်လုံးမည်းနက်ပြောင်ချောနေသောမြွေနက်ကြီးတစ်ကောင် ပါးပျဉ်းထောင်နေသည်ကို တွေ့ရသည်။ ပါးပျဉ်းမှာ လူတစ်ရပ်နီးနီးရှိသည်။ ကိုယ်လုံးမှာ ထွာဆိုင်ခန့်ရှိပြီး ကိုယ်အလျားအရှည်က (၁၀)ပေခန့်အမြီးက တုတ်သေးသည်။ ထို့ကြောင့်အဆိပ်ရှိသောမြွေဆိုးမှန်းသိသာသည်။ အပြန် တောင်ဆင်းလမ်းကို ပိတ်ဆီးထားခြင်းဖြစ်သည်။ ထို့ကြောင့် တောင်ထိပ် ပေါ်သို့တက်ပြေးရန်တောင်တက်လမ်း၊ လက်ျာဘက်သို့စောင်းကြည့်တော့
လည်းကျွန်တော်နှင့်(၅)ပေခန့်အကွာ၌ပင်အရွယ်တူမြွေဝါကြီးတစ်ကောင်
ကလမ်းကြောင်းပိတ်၍ပါးပျဉ်းထောင်နေပြန်ပါသည်။ လမ်းကြောင်းပိတ်၍ မြွေကြီးနှစ်ကောင်က ကျွန်တော့်အား ဝိုင်းထားခြင်းကို ခံနေရခြင်း ဖြစ်ပါ သည်။
ကျွန်တော်အလွန်ကြောက်ရွံ့ပြီးဆံပင်များထောင်သွားမိသည်။သို့သော် မြွေကြီးများမှာ ရှေ့သို့လည်း တိုးမလာ၊ ရန်ပြုခြင်းလည်းမရှိ။ ထို့ကြောင့် ကျွန်တော့်စိတ်ထဲသို့အသိတစ်ခု အလိုလို ဝင်ရောက်လာသည်။ စေတီ တည်မည်ဆိုပြီးမေ့လျော့နေမိသဖြင့် သတိပေးတာများလားဟု။ထို့ကြောင့် စိတ်ထဲမှ

“သတိပေးတာဆိုရင်လည်း ပိုင်ရာဆိုင်ရာများကို တောင်းပန်ပါတယ်။ ကိုယ့်လမ်းကိုယ်သွားပြီး လမ်းဖယ်ပေးကြပါ။ စေတီတည်မည့်အစီအစဉ် ယနေ့ပဲစ,လုပ်ပါ့မယ်”
ဟု စိတ်ထဲမှ ပြောလိုက်မိသည်နှင့် တစ်ပြိုင်တည်း ဝဲဘက်က မြွေနက် ကြီးက ပါးပျဉ်းချပြီး တောင်ပေါ်သို့ စ,တက်တော့သည်။ လက်ျာဘက်က မြွေဝါကြီးကလည်း ဦးခေါင်းပါးပျဉ်းကြီး ချသွားသည်နှင့် ကျွန်တော် တောင် အောက်သို့ အပြေးတစ်ပိုင်း ဆင်းပြေးရတော့သည်။ နောက်ဘက်သို့ တစ် ချက်ကလေးမျှ လှည့်မကြည့်ရဲတော့ပါ။
စခန်းသို့ ပြန်ရောက်ပြီး စခန်းရုံးအတွင်းသို့ အရှေ့ပေါက်မှ အပြေးဝင် ခိုက်၊ဘေးပေါက်မှတောရကျောင်းဆရာတော်ဦးတေဇဝန္တာဝင်ရောက်လာ သည်။ တိုက်ဆိုင်လွန်းလေစွ။ ကျွန်တော် – ဆရာတော်အား ပဋိသန္ဓာရ စကားဖြင့် နှုတ်မဆက်နိုင်။ ရုံးခန်းအတွင်း ရေအိုးစင်သို့ အပြေးသွားပြီး ရေ တစ်ခွက်သောက်ရသည်။
“ဒကာကြီး – ဘာဖြစ်လာတာလဲ” “စေတီတည်မယ့်ကိစ္စ-ဒီနေ့စ.လုပ်မှာပါ ဘုရား”
ဟု ဆိုပြီး ဝန်ကြီးကုန်းပေါ်မှ မြွေကြီးများနှင့် ဆုံခဲ့ပုံကို ပြောပြတော့ ဆရာတော်က –
“အစောင့်မြွေကြီးတွေက ဘုန်းကြီးထက်တောင် သတိပေးတာမြန်လှ ချည်လား။ ဒကာကြီးလည်း အလုပ်ကိစ္စတွေ များတော့ – မေ့လျော့နေဟန် တူပါရဲ့…”
“မှန်ပါ – ဘုရား”
“ကဲ- အဲ့ဒါဆိုရင်”
“မှန်ပါ – ဒီနေ့ပဲ – ဘုရားတည်မယ့်ကိစ္စ – စတင်ဆောင်ရွက်ပါ့မယ်
ဘုရား”
ကျွန်တော်ကတိပေးခဲ့သည့်အတိုင်းထို့နေမှာပင် စခန်းမှ ဘာသာရေး ကိုင်းရှိုင်းသူ တပ်ကြပ်ကြီး ဦးတင်ချစ်ကို အုတ်သဲ၊ ဘိလပ်မြေများ ဝယ်ခိုင်း ပြီးဘုရားပန်းရန်ဆရာအဖွဲ့ကိုရှာခိုင်းရတော့သည်။စေတီတည်မည့်လုပ်ငန်း

ကို (၁-၁-၁၉၉၁)ရက်နေ့က စတင်ခဲ့ခြင်း ဖြစ်သည်။ နောက်ရက်များ၌ လည်းပန်းရန်ဆရာအဖွဲ့နှင့်တိုင်ပင်၍ဘုရားတည်ဆောက်ရန်လိုအပ်သော
ပစ္စည်းများကိုဝယ်ယူစုဆောင်းရတော့သည်။
စခန်းမှမိသားစုများကလည်းတောင်ပေါ်သို့ သယ်တင်၍လုပ်အားပေး၊ ကုသိုလ်ယူကြသည်။ အလုပ်နားရက်များ၌လည်း ဝန်ထမ်းနှင့် ရဲဘက်များ ကလူအင်အားဖြင့် တောင်ပေါ်တက်လမ်းအရေးပေါ်ပေါက်၍ဖြတ်လမ်းဖြင့် ပစ္စည်းများ သယ်တင်ကြသည်။ အားလုံး၏ တက်ညီလက်ညီ လုပ်အား စေတနာကြောင့် အခက်အခဲမရှိ၊ လုပ်ငန်းများ လျင်မြန်ချောမွေ့အောင်မြင် ခဲ့ပါသည်။ စခန်းမိသားစုမိန်းမနှင့်ကလေး၊ သက်ကြီးရွယ်အိုပါမကျန် ဘိလပ် မြေ၊ အုတ်သဲ၊ ကျောက်စရစ် တစ်နိုင်သယ်ယူကြသည့်မြင်ကွင်းက လွန်စွာ ကြည်နူးစရာကောင်းလှသည်။
z Z z
(၇- ၁ – ၁၉၉၁)ရက်နေ့ မနက်အရုဏ်ဦးတွင် စေတီတော် တည်ထား မည့်နေရာတွင် ပန္နက်တင် မင်္ဂလာအခမ်းအနား ပြုလုပ်မည်ဖြစ်သဖြင့် ဆရာတော်ဦးတေဇဝန္တာမှ ဘီးလင်းမြို့နှင့် အနီးတစ်ဝိုက်ရှိ သံဃာတော် များအား ဖိတ်ကြားထားပါသည်။ သက်ဆိုင်ရာကျောင်းတိုက်များတွင် ကျောင်းထိုင်ဆရာတော်များမရှိကြ။ ဘီးလင်းမြို့၊လေသာကျောင်းတိုက်တွင် ဒုတိယသဲအင်းဂူဆရာတော်ဘုရားကြီး ကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တ ဦးဝါယမ ရောက်ရှိနေသဖြင့်ဩဝါဒခံယူရန် သွားကြရသည်။ ဦးတေဇဝန္တာလည်း လေသာကျောင်းသို့သွားပြီးကျောင်းအသီးသီးကဆရာတော်များကိုပင့်ဖိတ် နေသောအချိန်၊ သဲအင်းဂူဆရာတော်ကြီးကလှမ်းခေါ်ပါတော့သည်။ “ဘာအကြောင်းများရှိသလဲ- ကိုယ်တော်”
“နောင်ရိုးရဲဘက်စခန်းအနီးက တောင်ကုန်းပေါ်မှာအိပ်မက်အရစေတီ
တည်ဖို့ပါ – ဘုရား”

“အိမ်း- ကျုပ်ကိုလည်းဖိတ်ပါ။ လုပ်မယ့်အချိန်သာပြော – ဆက်ဆက်
ကြွခဲ့မယ်”
“တင်ပါ့ – ဘုရား။ ဖိတ်ကြားပါတယ်- ဘုရား” ဦးတေဇဝန္တာကပြုလုပ်သည့်အချိန်နှင့်နေရာကိုအသီးအခြားလျှောက်
ထားခဲ့ပါသည်။
ဦးတေဇဝန္တာ … စခန်းသို့ ပြန်လာပြီး ကျွန်တော့်ကို မိန့်တော့ .. အလွန် ဦးနှောက်ခြောက်သွားမိသည်။ ထိုစဉ်က ဆရာတော်ကြီးမှာ နဝတ အတွင်း ရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦး ကိုးကွယ်လျက်ရှိပြီး သွားလေရာ စစ်ဗိုလ် ဆရာဝန်များ၊ သူနာပြုများ အနီးကပ်စောင့်ရှောက်နေကြသဖြင့် တပည့် အသိုင်းအဝိုင်းက အလွန်ကောင်းလှသည်။ ထို့ကြောင့်ဧည့်ခံဖို့ကအစ ကြီးကျယ်သွားပေတော့မည်။ ဆရာတော်ကြီး .. စခန်းသို့ကြွလျှင် ဘီးလင်း မြို့ရှိ သံဃာတော်များနှင့် မြို့သူမြို့သားများကလည်း နေမည်မဟုတ်။ အားလုံးလာကြပေလိမ့်မည်။ အကျဉ်းချုံးလုပ်မည်ဟု စိတ်ကူးထားသော်
လည်းလွန်စွာကြီးကျယ်ခမ်းနားသွားပေတော့မည်။
(၃-၁-၁၉၉၁)ရက်နေ့အရုဏ်ဦးမှာ သံဃာတော်များအားလုံးဝန်ကြီး ကုန်းပေါ်တွင် ဆုံကြသည်။ စေတီတည်မည့်တောင်ထိပ်ပေါ်တွင် ပန္နက်တင် မင်္ဂလာပြု၍ ရွတ်ဖတ်သရဇ္ဈာယ်ကြပါသည်။ ပြီးတော့ – အရုဏ်ဆွမ်းကပ် သည်။ ကြွရောက်လာသူအားလုံး အမျှဝေ၍သာဓုခေါ်ကြသည်။ ကျွန်တော် မထင်မှတ်ထားသဖြင့် လွန်စွာ အားရဝမ်းသာပီတိ ဖြစ်မိသည်။ အရုဏ်ဆွမ်းကပ်ပြီးနောက် ဆရာတော် ဦးဝါယမက ကျွန်တော့်အား ခေါ်ပြီးမိန့်မှာနေစဉ်ပရိသတ်ထဲမှအဖွားအိုတစ်ယောက်အားမမြင်အပ်သော ပရလောကသားတစ်ယောက်ကဝင်ပူးပြီးပြောတော့သည်။
“မကျေနပ်ဘူးဟေ့-မကျေနပ်ဘူး”
ထိုအဖွားကြီးကနောင်ရိုးစခန်းကဝန်ထမ်းတစ်ဦး၏မိခင်အိုကြီးတစ်ဦး
ဖြစ်သည်။ စိတ်သဘောအလွန်ကောင်းပြီး ဘာသာရေးကိုင်းရှိုင်းသူတစ်ဦး လည်း ဖြစ်သည်။ အဖွားကြင် ဟူ၍ စခန်းက လူတိုင်းအားလုံး သိကြပြီး ချစ်

ခင်ကြသည်။ ဆရာတော်များ ရှိနေသည့်အချိန်တွင် မမျှော်လင့်ဘဲ အဖွား ကြင် ထ,ဖောက်သဖြင့် ပရိသတ်အားလုံး အံ့ဩကြရသည်။ ဆရာတော်ကြီးက အဖွားကြင်အား အနားခေါ်ပြီး- “ဘာမကျေနပ်တာလဲ”လို့ မေးတော့ –
“စေတီတည်တာကိုကျေနပ်ပါတယ်။ ဒါပေမဲ့-တပည့်တော်ကတောင် ပိုင်ပါ။ တပည့်တော်ကို ခွင့်မတောင်း၊ အသိမပေးဘဲ စခန်းထောင်ပိုင်က သူ လုပ်ချင်တာလုပ်တာကိုမကျေနပ်တာပါ”
ဆရာတော်ကြီးက –
“ထောင်ပိုင်က မသိ နားမလည်လို့ ခွင့်မတောင်းမိတာကို အပြစ်မတင် နဲ့ ခွင့်လွှတ်လိုက်ပါ။ ဒီနေရာမှာ သာသနာဖွံ့ ဖြိုးဖို့ ဝိုင်းဝန်းကူညီကြပါ” ဟုမိန့်တော့ –
“တင့်ပါ ဘုရား” ဆိုပြီး အဖွားကြင် လဲကျသွားလို့ ဝိုင်းဝန်းပြီး ပြုစုကြရ တယ်။ ထိုအချိန်တွင် ဆရာတော် ဦးတေဇဝန္တာက တောင်ပိုင်နဲ့ ထောင်ပိုင် နားလည်မှုလွဲတာပါလို့ မှတ်ချက်ချတယ်။ ဆရာတော်ကြီးဦးဝါယမက-

“စေတီတော်ရဲ့ ဉာဏ်တော်အမြင့် ဘယ်လောက်လဲ – ဒကာကြီး” “ကိုးတောင်ပြည့်ပါ – ဘုရား”
“ဒါလောက်ပဲလား-ဒကာကြီးစိတ်ထဲမှာ ဘယ်လောက်ဖြစ်ချင်တာ
ဆရာတော်ကြီးကအသိုင်းအဝိုင်းတောင့်လို့ မေးတာပါ။ ကျွန်တော်က လည်းတစ်ဦးတည်းနိုင်သလောက်တည်ထားကိုးကွယ်ချင်တာမို့- “ကိုးတောင်ပြည့်ဘုရားပဲ တည်ချင်ပါတယ် ဘုရား”
“အိမ်း – အိမ်း – ဒကာကြီးဆန္ဒအတိုင်း ကိုးတောင်ပြည့်ဆိုရင်လည်း ကိုးတောင်ပြည့်ပဲ တည်ကြတာပေါ့။ ဘုန်းကြီးရဲ့အာရုံထဲမှာ မကြာခဏ ပေါ် လာနေလို့အဲဒီ့နေရာဖြစ်မလားလို့ကိုယ်တိုင်ကြွခဲ့တာ- နေရာအမှန်ဖြစ်နေ တယ်။ နောင် – ဒီနေရာမှာ ဘုရားပုထိုးကျောင်းကန်ဇရပ်တွေနဲ့ သာသနာ အမှန် ထွန်းကားမယ့်နေရာ ဖြစ်တယ်”

“ဒီကုန်းမြေကို ရာဇသေန ပဗ္ဗတ တောင်လို့ ရှေးက အမည် ရှိတယ်။
ဒါကြောင့် – ကိုးတောင်ပြည့်စေတီကိုလည်း ဘုန်းကြီးကို အိပ်မက်ပေးတဲ့ အတိုင်း“ဓမ္မစကြာရှင်စေတီတော်”လို့ဘွဲ့တော်သတ်မှတ်ပေးခဲ့မယ်။ ဘုရား တည်ပြီးလို့ အနေကဇာတင်ရင်လည်း ဘုန်းကြီးကို ဖိတ်ပါ။ ဘယ်အရပ် ရောက်နေနေကြွလာခဲ့မယ် ဒကာကြီး”

ပန္နက်တင်ပြီးလျှင် ဘုရား တည်ဆောက်ရေးလုပ်ငန်းစာတင်ရမှာ ဖြစ် သော်လည်း ဘုရားပန်းရန်ဆရာကောင်းကောင်းကမရသေး။ ကျွန်တော်က သဘာရင့် ဘုရားပန်းရန်ဆရာကိုသာ လိုချင်သည်။ “အိမ်ထောင်ဦး၊ ဘုရား တည်၊ ဆေးပန်းချီ၊ စုတ်ထိုး”ဟူသော ရှေးစကားပုံအတိုင်း အထာမကျ၍ ပြန်ဖျက်သည့်လုပ်ငန်းလုပ်ကောင်းသည်မဟုတ်။ ထို့အပြင် သပ္ပါယ် ကြည် ညိုဖွယ်ရာလည်းဖြစ်စေချင်သည်။
နောက်နှစ်ပတ်ခန့်အကြာနံနက်(၇)နာရီခန့်တွင်ကရင်လူမျိုး၊ အသက်
(၆ဝ)ခန့် သင်္ကန်းဝတ် ဦးပဉ္စင်းတစ်ဦး စခန်းသို့ ရုတ်တရက် ကြွလာသည်။ ကျိုက်ထီးရိုးတောင်ခြေတစ်လျှောက် စေတီဘုရားများတည်၍ ကုသိုလ်ပြု နေသူဖြစ်ကြောင်းသိရသည်။ ထို့ကြောင့်ကျွန်တော်ကရန်ကုန်မြို့မှ ဆူးလေ စေတီတော်ဓာတ်ပုံကိုပြ၍ ထိုပုံစံအတိုင်း တည်လိုကြောင်း၊ တည်ဆောက် ရန်လက်ခကို မေးတော့ – ဦးပဉ္စင်းကြီးက-
“ဒကာကြီး – ကျုပ်ဘုရားတည်နေစဉ်အရုဏ်ဆွမ်းနဲ့နေ့ဆွမ်းကိုဆွမ်းနဲ့ ပဲငါးပိသာ ကပ်ပါ။ အဲ့ဒါ – လက်ခပဲ”
လို့ပြန်မိန့်တယ်။ အလွန်အံ့ဩစရာပဲ။
တစ်ခါ”ဘယ်တော့လုပ်ငန်းစ,မလဲ- ဘုရား”ဆိုတော့လည်း – “အခုပဲ- လုပ်ငန်းစ,မယ်”လို့ ဖြေပြန်တယ်။
အဲ့ဒါကြောင့်စခန်းကပန်းရန်လုပ်ငန်းနားလည်တဲ့တပ်ကြပ်ကြီးဦးတင်
ချစ်နှင့် ရဲဘက်တွေ၊ ဝန်ထမ်းတွေကိုစုဆောင်းပေးရတယ်။

အဲ့ဒီနေ့က (၂၁-၁-၁၉၉၁)ရက်နေ့၊ နံနက်(၉)နာရီမှာ တောင်ကုန်း
ပေါ်တက်ပြီး လုပ်ငန်းစ.ကြသည်။ ကျွန်တော်က သံလိုက်အိမ်မြှောင်ကို အသုံးပြုပြီး အရပ်မျက်နှာ အတိအကျ သတ်မှတ်ပေးသည်။ အုတ်မြစ်စီ လုပ်ငန်း စတင်သည်။ နေ့လယ်(၁၂)နာရီခန့် ကျွန်တော် စခန်းသို့ ပြန်ခဲ့ပြီး တောင်ပေါ်သို့ထမင်းဟင်းပို့ခိုင်းပြီးနေ့လယ်စာစား၍ခေတ္တအနားယူနေစဉ် ဘုရားဦးဆောင်တည်နေသောဦးပဉ္စင်းရောက်လာသည်။ “စေတီတော် -ပြီးပြီ- ဒကာကြီး”
“အခုမနက်မှ လုပ်ငန်းစ,တာ။ ဟုတ်ပါ့မလား – ဦးပဉ္ဇင်း” “မယုံရင် လိုက်ကြည့်ပေါ့ – ဒကာကြီးရယ်”တဲ့။
ထို့ကြောင့် ကျွန်တော် မယုံမရဲနှင့် တောင်ပေါ်သို့ တက်ကြည့်ရပြန် သည်။ တောင်ပေါ်ရောက်တော့ …. စေတီက ပြီးစီးနေပြီ။ ထီးတော်နေရာမှာ တော့ နဂါးရုပ်ကြီးတစ်ကောင်က စေတီကိုပတ်ပြီး ပါးပျဉ်းနဲ့ အုပ်မိုး ထားသည်။ စေတီဘေး၊ ရင်ပြင်တော်ပေါ်မှာတော့ရဟန်းတစ်ပါးကတင်ပျဉ် ခွေပြီးတရားထိုင်နေသည်။ ပြန်သတိရတော့ …. ကျွန်တော် စခန်းရုံးအတွင်း ပက်လက်ကုလားထိုင်၌ မှေးစက်နေရင်း အိပ်မက်လိုလို တကယ်လိုပုံ သဏ္ဌာန်ကို ထင်ရှားစွာ မြင်မက်ခြင်း ဖြစ်သည်။
ကျွန်တော်ချက်ချင်းတောင်ပေါ်တက်သွားတော့စေတီတော်ကိုပန္နက် ပြီး စတင်တည်နေတုန်းပါ။ ကျွန်တော်က ဦးပဉ္ဇင်းကို အိပ်မက်အကြောင်း ပြောပြတော့ – ဦးပဉ္စင်းက –
“အောင်ပြီ – အောင်ပြီ”လို့ထအော်သည်။
“ကဲ-ဒကာ-တောစောင့်နတ်၊ တောင်စောင့်နတ်တွေက ခွင့်ပြုလိုက် ပြီ။ ဒီနေရာက နဂါးသိုက်နေရာပဲ။ အခု – သူတို့ခွင့်ပြုပြီး ကူညီကြလိမ့်မယ်။ ဒကာကြီး – စိတ်အေးအေးသာထားပြီး စခန်းပြန်နားချေ။ ကျုပ်တို့ ဆက် လုပ်မယ်”
ဘုရားတည်ပြီးရင် ဌာပနာဖို့ ရွှေငွေအဖိုးတန်ပစ္စည်းတွေက လိုပြန် သည်။ ကျွန်တော့်မှာ ပြည့်စုံအောင် မရှိပေ။ ကေလာသတောင်မှာ ဘုရား

တည်နေတဲ့ ဦးပဉ္စင်းလေးဆီသွားတော … ရဟန္တာဓာတ်တော်တွေကို ခွဲဝေ ပေးသည်။ စခန်းပြန်ရောက်တော့ … သဲအင်းဂူဆရာတော်ကြီးက လူကြုံနဲ့ ဌာပနာပစ္စည်းနဲ့ လာပင့်ဖို့ လူကြုံနဲ့ အကြောင်းကြားပါသည်။
(၁၁-၂-၁၉၉၁)ရက်နေ့မှာ သဲအင်းဂူဆရာတော်ဘုရားကြီးကျောင်း ကို သွားတော့ … ဌာပနာပစ္စည်းတွေက နဝရတ်ကိုးပါး ရွှေစေတီ၊ ငွေစေတီ၊ ရဟန္တာဓာတ်တော်များနဲ့ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များကို လှူဒါန်းပါ သည်။ (၁၈-၂-၁၉၉၁)ရက်နေ့မှာဦးတေဇဝန္တာဦးစီးပြီးဌာပနာတိုက်ပိတ် ပွဲပြုလုပ်ပြီး (၂၁-၂-၁၉၉၁)ရက်နေ့မှာစေတီတော်ကြီးနဲ့အရံစေတီတော် တွေကို ထုံးသင်္ကန်း ကပ်လှူပြီးစီးသည်။ အပ်နှံထားသော ထီးတော်များ ရောက်လာပြီး သဲအင်းဂူဆရာတော်ဘုရားကြီး၏ နဝရတ်ကိုးပါးစီ စိန်ဖူး တော်ကြီးလည်းတိုက်ဆိုင်စွာတစ်နေ့တည်းရောက်လာပါသည်။ ထို့ကြောင့် ထီးတော်တင်၊ စိန်ဖူးတော်ကပ်၊ အနေကဇာတင်ရန် သဲအင်းဂူဆရာတော် ဘုရားကြီး ရွေးပေးသည့် (၂၇-၂-၁၉၉၁)နေ့ကို သတ်မှတ်လိုက်ပါသည်။ (၂၇-၂-၁၉၉၁)ရက်နေ့တွင် ထီးတော်တင်ပွဲ ပြုလုပ်ပါသည်။ သဲအင်းဂူဆရာတော်ဘုရားကြီးကိုယ်တော်တိုင် ကြွရောက်၍ အနေကဇာ တင်ပေးသည်။ ဘီးလင်းမြို့ကတစ်မြို့လုံးနီးနီးလာကြသည်။ အကျွေးအမွေး ကလည်း ပြင်ပအလှူရှင်များပါ ပေါ်လာသဖြင့် အလွန်စည်ကားသည်။ ကြွ လာသမျှ ရဟန်း၊ ရှင်လူအပေါင်းအားပြည့်စုံစွာကျွေးမွေးနိုင်သည်။ မဖိတ်ရ ဘဲ ရောက်လာသည့် ကရင်ဒုံးယိမ်းအဖွဲ့ကြောင့်လည်း ပို၍စည်ကားသွား သည်။ ဤသည်မှာ ကျွန်တော့်ဘဝတွင် မထင်မှတ်ဘဲ ပြုလုပ်ဖြစ်ခဲ့သော “ဓမ္မစကြာရှင် စေတီတော်” လှူဒါန်းပူဇော်ပွဲဖြစ်ပါတော့သတည်း။
ထောင်မှူးကြီးသိန်းဝင်း

Zawgyi Version

အိမ္မက္ဘုရား(စ/ဆုံး)
—————————-
ကြၽန္ေတာ္တို႔ အက်ဥ္းဦးစီးဌာန၊ ဝန္ထမ္းဆိုသည္မွာ ၿမိဳ႕ေပၚက
ေထာင္ႀကီးမ်ားတြင္သာ တာဝန္ထမ္းေဆာင္ရသည္ မဟုတ္။ လူသူႏွင့္ကင္းေဝးသည့္ေတာႀကိဳအုံၾကား၌လည္းတာဝန္ထမ္း ေဆာင္ရတတ္ပါသည္။ ေစလိုရာေစ၊ တာဝန္က်ရာသို႔လည္း မသြားလို႔မျဖစ္။ “ျပစ္မႈေႂကြး၊ ေခြၽးျဖင့္ဆပ္မည္” ဟူေသာ
အက်ဥ္းဦးစီးဌာနေဆာင္ပုဒ္မွာအျပစ္ဒဏ္က်ခံရေသာ ရဲဘက္
အက်ဥ္းသားမ်ားအတြက္ျဖစ္ေသာ္လည္းအုပ္ခ်ဳပ္ေရးဝန္ထမ္း
မ်ားမပါ၍မျဖစ္။ အုပ္ခ်ဳပ္ရန္၊ လုံၿခဳံေရးကိစၥ၊ က်န္းမာေရးကိစၥ၊
စားဝတ္ေနေရးကိစၥ၊လုပ္ငန္းေအာင္ျမင္ေရးကိစၥ၊ သာေရး၊ နာေရးကိစၥမ်ားက ကြၽန္ေတာ္တို႔ အုပ္ခ်ဳပ္သူ၊ ဝန္ထမ္းအဆင့္ ဆင့္ မပါ၍မျဖစ္ပါ။ ထို႔ေၾကာင့္ ကြၽန္ေတာ့္အေနျဖင့္ ေတာထဲ၊ ေတာင္ထဲ၌ရန္ကုန္-မႏၲေလးအျမန္လမ္းစခန္းမ်ား(ပဲခူး႐ိုးမ)

ေလွေလွာ္အင္းစခန္း၊ မင္းတုန္းစခန္း၊ ေရနက္ႀကီးစခန္း၊ သုံးတန္ကူးစခန္း၊ မအူပင္ဆိပ္စခန္း၊ ေဇာင္းတူစခန္းခြဲႏွင့္ ေနာက္ဆုံး အစြန္အဖ်ားဆုံးစခန္း၊ ေလွ်ာ္တုံးစခန္းအထိ တာဝန္ထမ္းေဆာင္ခဲ့ရၿပီး ငွက္ဖ်ားေရာဂါလည္းျဖစ္၊ ေတာမုဆိုးလည္း ျဖစ္ခဲ့ရပါသည္။
ထို႔အျပင္ ၁၉၈၄ – ခုႏွစ္ကစၿပီး ေကာ့ေသာင္းဆီအုန္းစိုက္ပ်ိဳးေရးစခန္း မ်ားျဖစ္ၾကသည္။ ပါဆယ္ပါညန္းအုပ္စု၊ ေအာ္ႀကီးစခန္းမ်ား၊ ဟပ္စတင္းသို႔ လည္း (၂)ႏွစ္ေက်ာ္ခန႔္ အုပ္ခ်ဳပ္ေနထိုင္ခဲ့ရပါသည္။ ထို႔အျပင္ နာမည္ႀကီး လွေသာ ဘီလင္းၿမိဳ႕နယ္၊ ေနာင္႐ိုး၊ ေအာင္ေျမစခန္းမ်ား၌လည္း တာဝန္ ထမ္းေဆာင္ခဲ့ရပါသည္။ ထိုစခန္းမ်ားမွာ ေတာေတာင္ထူထပ္ၿပီး ေသာင္း က်န္းသူမ်ားနယ္ေျမျဖစ္သျဖင့္စခန္းတာဝန္ခံဦးေက်ာ္လႈိင္၊ စခန္းတာဝန္ခံ
ဦးသိန္းဝင္း၊ နာမည္တူသူတို႔ရက္စက္စြာအသတ္ခံခဲ့ၾကရေသာနာမည္ႀကီး ေသာႀကံစိုက္ပ်ိဳးသည့္စခန္းမ်ား ျဖစ္ၾကပါသည္။

ေနာင္႐ိုးစခန္းမွာ ဘီလင္းၿမိဳ႕အနီး၊ ရာဇေသန ပဗၺတေတာင္အနီးတြင္ ရွိသည္။ ႀကံစိုက္ပ်ိဳးေသာ ရဲဘက္စခန္း ျဖစ္သည္။ ထြက္ရွိေသာ ႀကံမ်ားကို ကုန္ၾကမ္းအျဖစ္ ဘီလင္းသၾကားစက္သို႔ သြင္းရသည္။
၁၉၈၉ – ခုႏွစ္မွ ၁၉၉၂ – ခုႏွစ္အထိ ကြၽန္ေတာ္ ေနာင္႐ိုးစခန္းတာဝန္ခံ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ရသည္။ ၁၉၉၉-ခုႏွစ္၊ ဇြန္လအတြင္း၌ ဦးေတဇဝႏၲာဟူေသာဆရာေတာ္တစ္ပါး၊ ေနာင္႐ိုးစခန္းသို႔ႂကြေရာက္လာ ပါသည္။ဆရာေတာ္မွာ ေနာင္႐ိုးစခန္း၏ အေနာက္ဘက္ေတာႀကီးအတြင္း မွတစ္ပါးတည္း၊ေက်ာင္းငယ္ကေလးေဆာက္၍သီတင္းသုံးေနေသာရဟန္း
တစ္ပါးျဖစ္သည္။
ကြၽန္ေတာ္တို႔စခန္း၊ ဝန္ထမ္းမိသားစုမ်ားႏွင့္ ပတ္ဝန္းက်င္အနီးအနား ႐ြာမ်ားမွ သာေရး၊ နာေရးကိစၥမ်ားတြင္ မွီခိုအားထားရာ ဆရာေတာ္တစ္ပါး ျဖစ္ေခ်သည္။ ကြၽန္ေတာ္က ဆီးႀကိဳႏႈတ္ဆက္၍ စခန္း႐ုံးအတြင္း ဧည့္ခန္း တြင္ေနရာေပးသည္။

ဆရာေတာ္က ဧည့္ခန္းဆက္တီစားပြဲ၊ ကုလားထိုင္၌ ေနရာယူၿပီး သည္ႏွင့္ –
“ဒကာႀကီး – ဘုန္းႀကီး အိပ္မက္ မက္တယ္။ စခန္းေနာက္ေက်ာက ေတာင္ကုန္းေပၚမွာ အမ်ားျပည္သူ ၾကည္ညိဳကိုးကြယ္ႏိုင္ေအာင္ ေစတီ တစ္ဆူတည္ပါတဲ့။ အဲဒါ- ဒကာႀကီးက ကမၼကထလုပ္ၿပီး ေဆာင္႐ြက္ပါလို႔ အိပ္မက္ေပးတယ္။ အဲဒီ့ေတာင္ကုန္းကႏွယ္ႏွယ္ရရမဟုတ္ဘူး။ ရာဇေသန ပဗၺတေတာင္လို႔ ေခၚသတဲ့။ ေစတီတည္ရန္လည္း ဌာပနာပစၥည္းေတြ ေထာက္ပံ့မယ္လို႔လည္း ဆိုတယ္”
“ဘယ္သူက အိပ္မက္ေပးတာလဲ – ဘုရား” “မေမးနဲ႔ – ဆိုင္ရာပိုင္ရာလို႔ပဲမွတ္လိုက္ပါ”
ကြၽန္ေတာ္႐ုတ္တရက္ေတြးလိုက္မိသည္။ ထိုေတာင္ကုန္းမွာ ေျမျပန႔္ သီးသီးျခားျခားျမင့္မားေသာေတာင္ကုန္းတစ္ခုျဖစ္
ႀကံစိုက္ခင္းႀကီးအနီး၌
သည္။ အေနာက္ဘက္ကၿမိဳင္ေတာႀကီး။
ပတ္ဝန္းက်င္စိမ္းစိမ္းတြင္ ေတာင္ကုန္းေပၚမွ ေ႐ႊေစတီႏွင့္ လြန္စြာ လြန္စြာ လိုက္ဖက္ၿပီး သပၸါယ္တင့္တယ္ေပလိမ့္မည္ဟု စိတ္ထဲတြင္ ျမင္ ေယာင္ေနမိသည္။ ထို႔ေၾကာင့္ –
“ဆရာေတာ္ ျဖစ္ေစခ်င္သလို တပည့္ေတာ္လည္း ျဖစ္ေစခ်င္ပါတယ္ ဘုရား။ ဆရာေတာ္နဲ႔ တပည့္ေတာ္-ပူးေပါင္းေဆာင္႐ြက္ရင္ အေကာင္ အထည္ေပၚလာမွာပါ- ဘုရား။ တပည့္ေတာ္ – ႀကိဳးစားပါ့မယ္”
“လုပ္ငန္း စ,မယ္ဆိုရင္ေတာ့ – လူပုဂၢိဳလ္တို႔ ေဆာင္႐ြက္သင့္တာကို တပည့္ေတာ္က တာဝန္ယူပါ့မယ္။ သံဃာဘက္က ေဆာင္႐ြက္ရမယ့္ ကိစၥ ေတြကိုေတာ့ ဆရာေတာ္က တာဝန္ယူေပးပါ – ဘုရား”
အမွန္တကယ္လည္း ကြၽန္ေတာ့္ဘက္က အေတြ႕အႀကဳံမရွိသျဖင့္ အ႐ိုးခံအတိုင္းေျပာမိျခင္းျဖစ္ပါသည္။ ကြၽန္ေတာ့္မွာ မိ႐ိုးဖလာ ဗုဒၶဘာသာ ဝင္ ျဖစ္ေသာ္လည္း လူလတ္ပိုင္းအ႐ြယ္ျဖစ္ၿပီး တာဝန္ဝတၱရား မ်ားျပား၍ ဘာသာေရးကိစၥမ်ားတြင္အလႉအတန္းလုပ္၊ေရစက္ခ် အမွ်အတမ္းေဝျခင္း ေလာက္သာသိရွိနားလည္ၿပီးဥပုသ္သီလပင္မေစာင့္ျဖစ္ပါ။အသက္(၄ဝ)ခန႔္

ပတ္ဝန္းက်င္ျဖစ္ေသာ္လည္း ဌာနဆိုင္ရာလုပ္ငန္းတာဝန္မ်ားေၾကာင့္
ဘာသာေရးဘက္တြင္ထဲထဲဝင္ဝင္၊အသိမျပည့္စုံ၊မႂကြယ္ဝေသးပါ။ေက်ာင္း
ကန္ဘုရား တည္ထားလႉတန္းျခင္းကိစၥကေတာ့ လြန္စြာမြန္ျမတ္ေသာ ကုသိုလ္ျဖစ္ေၾကာင္းကြၽန္ေတာ္ သိပါသည္။
သို႔ေသာ္ ေစတီတည္လွ်င္ ကုန္က်မည့္ကိစၥက အေတာ္မ်ားမည္။ ထို ကိစၥကိုကြၽန္ေတာ္တို႔တြင္ရွိထားသည့္ပစၥည္းဥစၥာရတနာမ်ားျဖင့္ေလာက္င ပါ့မလားဟု ေတြးခ်င့္၍ ပူမိသည္ကေတာ့ အမွန္ပင္။ ထို႔ေၾကာင့္ စခန္းတြင္ ေခတၱ လာေရာက္ေနထိုင္ေသာ ဇနီးသည္ႏွင့္ တိုင္ပင္ၾကည့္ေတာ့ – ဇနီးက လည္းအားတက္သေရာ သေဘာတူရွာပါသည္။
ေစတီတည္မည့္ “ရာဇေသန ပဗၺတ”ေတာင္ကုန္းကို ကြၽန္ေတာ္တို႔ အလ်င္က မသိပါ။ ေနာင္႐ိုးႀကံစိုက္ပ်ိဳးေရးစခန္းကို စတင္ဖြင့္လွစ္ခဲ့သူမွာ ျပည္ထဲေရးဝန္ႀကီး ဦးစိန္လြင္ ျဖစ္သည္။ ဝန္ႀကီးသည္ စခန္းသို႔ မၾကာခဏ လာေရာက္၍ ႀကံခင္းမ်ားကို စစ္ေဆးၾကည့္ရႈရာတြင္ ယင္းေတာင္ကုန္းေပၚ သို႔တက္၍အေပၚစီးမွဆီး၍ၾကည့္ေလ့ရွိသျဖင့္ကြၽန္ေတာ္တို႔စခန္းဝန္ထမ္း မ်ားက “ဝန္ႀကီးကုန္း”ဟု မတိုင္ပင္ရဘဲ အမည္မွည့္ေခၚထားၾကပါသျဖင့္ အမည္တြင္ေနျခင္းျဖစ္သည္။
ေတာရေက်ာင္းဆရာေတာ္ဦးေတဇဝႏၲာမွာေစတီတည္ရန္အႀကံေပး စဥ္က မိုးရာသီျဖစ္၍မိုးကုန္မွလုပ္ငန္းစတင္ႏိုင္မည္ျဖစ္ေသာေၾကာင့္ ခ်က္ ခ်င္း အေကာင္အထည္မေဖာ္ျဖစ္ခဲ့ပါ။ ဝန္ႀကီးကုန္းသို႔သြားရာလမ္းမွာ ႀကံ ခင္းမ်ားကို ျဖတ္သန္းသြားရသျဖင့္ အုတ္ကား၊ သဲကားမ်ား မသြားလာႏိုင္ ပါ။ လမ္းက မေကာင္းပါ။
ထို႔အျပင္ကြၽန္ေတာ္သည္ဇူလိုင္လထဲ၌ ဗထူးတပ္ၿမိဳ႕၊အေျခခံတပ္ခြဲမႉး သင္တန္းကို တက္ရၿပီးေနာက္ ျပင္ဦးလြင္ၿမိဳ႕၊ တပ္ရင္းအုပ္ခ်ဳပ္မႈအရာရွိ သင္တန္းကိုလည္း ဆက္လက္တင္ရျပန္ရာ ႏွစ္ကုန္ခါနီး ႏိုဝင္ဘာလ၊ ေဆာင္းရာသီတိုင္မွာ ေနာင္႐ိုးစခန္းသို႔ ျပန္ေရာက္ပါသည္။

ထိုစဥ္က မြန္ျပည္နယ္တြင္ ေသာင္းက်န္းသူမ်ား ဆူပူလႈပ္ရွားေနခ်ိန္
ျဖစ္သည္။ က်ိဳက္ထိုၿမိဳ႕တြင္းသို႔ပင္ အလုံးအရင္းျဖင့္ ဝင္ေရာက္၍တိုက္ခိုက္ ဖ်က္ဆီးခဲ့သည္ကမၾကာေသးပါ။ ရံဖန္ရံခါေနာင္႐ိုးစခန္းအနီးသို႔ပင္ အလုံး အရင္းျဖင့္ ျဖတ္သန္းသြားလာေနၾကေသးသည္။ ထို႔ေၾကာင့္ အခ်ိန္အခါ အေျခအေနအရ ကြၽန္ေတာ္ ႀကံစိုက္ခင္း လွည့္ပတ္စစ္ေဆးလွ်င္ပင္ လက္ နက္ကိုင္ လုံၿခဳံေရးအဖြဲ႕ျဖင့္ အၿမဲသတိထား၍ သြားလာေနရသည္။ ေန႔ည လည္း စခန္းလုံၿခဳံေရးအတြက္ ကင္းခ်ထားရသည္။ ထို႔အျပင္ ေတာဝက္၊ ေႁမြႏွင့္အျခားေတာ႐ိုင္းတိရစာၦန္မ်ားက်က္စားရာေတာထူထပ္ေသာေနရာ
လည္း ျဖစ္သျဖင့္ သြားေလရာ လက္နက္ကိုေဆာင္သြားရပါသည္။

(၁-၁-၁၉၉၁)ရက္ေန႔မွာ ထူးျခားေသာ ေန႔ရက္တစ္ခု ျဖစ္ခဲ့ပါသည္။ ထိုေန႔က ကြၽန္ေတာ္သည္ လက္နက္ကိုင္ေဆာင္၍လည္းေကာင္း၊ လက္ နက္ကိုင္လုံၿခဳံေရးအဖြဲ႕ျဖင့္လည္းေကာင္း အၿမဲတမ္း သြားလာတတ္ေသာ္
လည္းယေန႔မနက္(၇)နာရီခန႔္တြင္မနက္စာစားၿပီးလမ္းေလွ်ာက္ရင္းဝန္ႀကီး ကုန္းေပၚသို႔တစ္ခ်ီတည္းတက္သြားမိသည္။လက္ထဲ၌လက္နက္ဆို၍တုတ္
တစ္ေခ်ာင္းပင္ ပါမလာပါ။
ဝန္ႀကီးကုန္းတစ္ဝက္ခါးလယ္ခန႔္တြင္ ေတာင္ပတ္လမ္းငယ္တစ္ခုရွိ သည္။ထိုလမ္းငယ္မွေတာင္ထိပ္ေပၚသို႔တည့္တည့္တက္မရသလို၊ ေတာင္ ေအာက္သို႔လည္း တည့္တည့္ဆင္းမရပါ။ ကြၽန္ေတာ္ ေတာင္ပတ္လမ္း အလယ္ေကာင္တြင္ရပ္၍ ေနာင္႐ိုးစခန္း ႀကံစိုက္ခင္းကို အေပၚစီးမွ စီးမိုး၍ ၾကည့္ရႈေနမိစဥ္ကြၽန္ေတာ္၏လက္ဝဲဘက္မွ“ရႉး-ရႉး”ဟူေသာအသံၾကား
မိ၍ၾကည့္လိုက္ရာ(၅)ေပခန႔္အကြာတြင္ အလြန္ႀကီးမားၿပီး မ်က္လုံးတစ္စုံ
နီရဲ၍တစ္ကိုယ္လုံးမည္းနက္ေျပာင္ေခ်ာေနေသာေႁမြနက္ႀကီးတစ္ေကာင္ ပါးပ်ဥ္းေထာင္ေနသည္ကို ေတြ႕ရသည္။ ပါးပ်ဥ္းမွာ လူတစ္ရပ္နီးနီးရွိသည္။ ကိုယ္လုံးမွာ ထြာဆိုင္ခန႔္ရွိၿပီး ကိုယ္အလ်ားအရွည္က (၁၀)ေပခန႔္အၿမီးက တုတ္ေသးသည္။ ထို႔ေၾကာင့္အဆိပ္ရွိေသာေႁမြဆိုးမွန္းသိသာသည္။ အျပန္ ေတာင္ဆင္းလမ္းကို ပိတ္ဆီးထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ေတာင္ထိပ္ ေပၚသို႔တက္ေျပးရန္ေတာင္တက္လမ္း၊ လက္်ာဘက္သို႔ေစာင္းၾကည့္ေတာ့
လည္းကြၽန္ေတာ္ႏွင့္(၅)ေပခန႔္အကြာ၌ပင္အ႐ြယ္တူေႁမြဝါႀကီးတစ္ေကာင္
ကလမ္းေၾကာင္းပိတ္၍ပါးပ်ဥ္းေထာင္ေနျပန္ပါသည္။ လမ္းေၾကာင္းပိတ္၍ ေႁမြႀကီးႏွစ္ေကာင္က ကြၽန္ေတာ့္အား ဝိုင္းထားျခင္းကို ခံေနရျခင္း ျဖစ္ပါ သည္။
ကြၽန္ေတာ္အလြန္ေၾကာက္႐ြံ႕ၿပီးဆံပင္မ်ားေထာင္သြားမိသည္။သို႔ေသာ္ ေႁမြႀကီးမ်ားမွာ ေရွ႕သို႔လည္း တိုးမလာ၊ ရန္ျပဳျခင္းလည္းမရွိ။ ထို႔ေၾကာင့္ ကြၽန္ေတာ့္စိတ္ထဲသို႔အသိတစ္ခု အလိုလို ဝင္ေရာက္လာသည္။ ေစတီ တည္မည္ဆိုၿပီးေမ့ေလ်ာ့ေနမိသျဖင့္ သတိေပးတာမ်ားလားဟု။ထို႔ေၾကာင့္ စိတ္ထဲမွ

“သတိေပးတာဆိုရင္လည္း ပိုင္ရာဆိုင္ရာမ်ားကို ေတာင္းပန္ပါတယ္။ ကိုယ့္လမ္းကိုယ္သြားၿပီး လမ္းဖယ္ေပးၾကပါ။ ေစတီတည္မည့္အစီအစဥ္ ယေန႔ပဲစ,လုပ္ပါ့မယ္”
ဟု စိတ္ထဲမွ ေျပာလိုက္မိသည္ႏွင့္ တစ္ၿပိဳင္တည္း ဝဲဘက္က ေႁမြနက္ ႀကီးက ပါးပ်ဥ္းခ်ၿပီး ေတာင္ေပၚသို႔ စ,တက္ေတာ့သည္။ လက္်ာဘက္က ေႁမြဝါႀကီးကလည္း ဦးေခါင္းပါးပ်ဥ္းႀကီး ခ်သြားသည္ႏွင့္ ကြၽန္ေတာ္ ေတာင္ ေအာက္သို႔ အေျပးတစ္ပိုင္း ဆင္းေျပးရေတာ့သည္။ ေနာက္ဘက္သို႔ တစ္ ခ်က္ကေလးမွ် လွည့္မၾကည့္ရဲေတာ့ပါ။
စခန္းသို႔ ျပန္ေရာက္ၿပီး စခန္း႐ုံးအတြင္းသို႔ အေရွ႕ေပါက္မွ အေျပးဝင္ ခိုက္၊ေဘးေပါက္မွေတာရေက်ာင္းဆရာေတာ္ဦးေတဇဝႏၲာဝင္ေရာက္လာ သည္။ တိုက္ဆိုင္လြန္းေလစြ။ ကြၽန္ေတာ္ – ဆရာေတာ္အား ပဋိသႏၶာရ စကားျဖင့္ ႏႈတ္မဆက္ႏိုင္။ ႐ုံးခန္းအတြင္း ေရအိုးစင္သို႔ အေျပးသြားၿပီး ေရ တစ္ခြက္ေသာက္ရသည္။
“ဒကာႀကီး – ဘာျဖစ္လာတာလဲ” “ေစတီတည္မယ့္ကိစၥ-ဒီေန႔စ.လုပ္မွာပါ ဘုရား”
ဟု ဆိုၿပီး ဝန္ႀကီးကုန္းေပၚမွ ေႁမြႀကီးမ်ားႏွင့္ ဆုံခဲ့ပုံကို ေျပာျပေတာ့ ဆရာေတာ္က –
“အေစာင့္ေႁမြႀကီးေတြက ဘုန္းႀကီးထက္ေတာင္ သတိေပးတာျမန္လွ ခ်ည္လား။ ဒကာႀကီးလည္း အလုပ္ကိစၥေတြ မ်ားေတာ့ – ေမ့ေလ်ာ့ေနဟန္ တူပါရဲ႕…”
“မွန္ပါ – ဘုရား”
“ကဲ- အဲ့ဒါဆိုရင္”
“မွန္ပါ – ဒီေန႔ပဲ – ဘုရားတည္မယ့္ကိစၥ – စတင္ေဆာင္႐ြက္ပါ့မယ္
ဘုရား”
ကြၽန္ေတာ္ကတိေပးခဲ့သည့္အတိုင္းထို႔ေနမွာပင္ စခန္းမွ ဘာသာေရး ကိုင္းရႈိင္းသူ တပ္ၾကပ္ႀကီး ဦးတင္ခ်စ္ကို အုတ္သဲ၊ ဘိလပ္ေျမမ်ား ဝယ္ခိုင္း ၿပီးဘုရားပန္းရန္ဆရာအဖြဲ႕ကိုရွာခိုင္းရေတာ့သည္။ေစတီတည္မည့္လုပ္ငန္း

ကို (၁-၁-၁၉၉၁)ရက္ေန႔က စတင္ခဲ့ျခင္း ျဖစ္သည္။ ေနာက္ရက္မ်ား၌ လည္းပန္းရန္ဆရာအဖြဲ႕ႏွင့္တိုင္ပင္၍ဘုရားတည္ေဆာက္ရန္လိုအပ္ေသာ
ပစၥည္းမ်ားကိုဝယ္ယူစုေဆာင္းရေတာ့သည္။
စခန္းမွမိသားစုမ်ားကလည္းေတာင္ေပၚသို႔ သယ္တင္၍လုပ္အားေပး၊ ကုသိုလ္ယူၾကသည္။ အလုပ္နားရက္မ်ား၌လည္း ဝန္ထမ္းႏွင့္ ရဲဘက္မ်ား ကလူအင္အားျဖင့္ ေတာင္ေပၚတက္လမ္းအေရးေပၚေပါက္၍ျဖတ္လမ္းျဖင့္ ပစၥည္းမ်ား သယ္တင္ၾကသည္။ အားလုံး၏ တက္ညီလက္ညီ လုပ္အား ေစတနာေၾကာင့္ အခက္အခဲမရွိ၊ လုပ္ငန္းမ်ား လ်င္ျမန္ေခ်ာေမြ႕ေအာင္ျမင္ ခဲ့ပါသည္။ စခန္းမိသားစုမိန္းမႏွင့္ကေလး၊ သက္ႀကီး႐ြယ္အိုပါမက်န္ ဘိလပ္ ေျမ၊ အုတ္သဲ၊ ေက်ာက္စရစ္ တစ္ႏိုင္သယ္ယူၾကသည့္ျမင္ကြင္းက လြန္စြာ ၾကည္ႏူးစရာေကာင္းလွသည္။
z Z z
(၇- ၁ – ၁၉၉၁)ရက္ေန႔ မနက္အ႐ုဏ္ဦးတြင္ ေစတီေတာ္ တည္ထား မည့္ေနရာတြင္ ပႏၷက္တင္ မဂၤလာအခမ္းအနား ျပဳလုပ္မည္ျဖစ္သျဖင့္ ဆရာေတာ္ဦးေတဇဝႏၲာမွ ဘီးလင္းၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္ရွိ သံဃာေတာ္ မ်ားအား ဖိတ္ၾကားထားပါသည္။ သက္ဆိုင္ရာေက်ာင္းတိုက္မ်ားတြင္ ေက်ာင္းထိုင္ဆရာေတာ္မ်ားမရွိၾက။ ဘီးလင္းၿမိဳ႕၊ေလသာေက်ာင္းတိုက္တြင္ ဒုတိယသဲအင္းဂူဆရာေတာ္ဘုရားႀကီး ကမၼ႒ာနစရိယ ဘဒၵႏၲ ဦးဝါယမ ေရာက္ရွိေနသျဖင့္ဩဝါဒခံယူရန္ သြားၾကရသည္။ ဦးေတဇဝႏၲာလည္း ေလသာေက်ာင္းသို႔သြားၿပီးေက်ာင္းအသီးသီးကဆရာေတာ္မ်ားကိုပင့္ဖိတ္ ေနေသာအခ်ိန္၊ သဲအင္းဂူဆရာေတာ္ႀကီးကလွမ္းေခၚပါေတာ့သည္။ “ဘာအေၾကာင္းမ်ားရွိသလဲ- ကိုယ္ေတာ္”
“ေနာင္႐ိုးရဲဘက္စခန္းအနီးက ေတာင္ကုန္းေပၚမွာအိပ္မက္အရေစတီ
တည္ဖို႔ပါ – ဘုရား”

“အိမ္း- က်ဳပ္ကိုလည္းဖိတ္ပါ။ လုပ္မယ့္အခ်ိန္သာေျပာ – ဆက္ဆက္
ႂကြခဲ့မယ္”
“တင္ပါ့ – ဘုရား။ ဖိတ္ၾကားပါတယ္- ဘုရား” ဦးေတဇဝႏၲာကျပဳလုပ္သည့္အခ်ိန္ႏွင့္ေနရာကိုအသီးအျခားေလွ်ာက္
ထားခဲ့ပါသည္။
ဦးေတဇဝႏၲာ … စခန္းသို႔ ျပန္လာၿပီး ကြၽန္ေတာ့္ကို မိန႔္ေတာ့ .. အလြန္ ဦးေႏွာက္ေျခာက္သြားမိသည္။ ထိုစဥ္က ဆရာေတာ္ႀကီးမွာ နဝတ အတြင္း ေရးမႉး(၂) ဗိုလ္ခ်ဳပ္ႀကီးတင္ဦး ကိုးကြယ္လ်က္ရွိၿပီး သြားေလရာ စစ္ဗိုလ္ ဆရာဝန္မ်ား၊ သူနာျပဳမ်ား အနီးကပ္ေစာင့္ေရွာက္ေနၾကသျဖင့္ တပည့္ အသိုင္းအဝိုင္းက အလြန္ေကာင္းလွသည္။ ထို႔ေၾကာင့္ဧည့္ခံဖို႔ကအစ ႀကီးက်ယ္သြားေပေတာ့မည္။ ဆရာေတာ္ႀကီး .. စခန္းသို႔ႂကြလွ်င္ ဘီးလင္း ၿမိဳ႕ရွိ သံဃာေတာ္မ်ားႏွင့္ ၿမိဳ႕သူၿမိဳ႕သားမ်ားကလည္း ေနမည္မဟုတ္။ အားလုံးလာၾကေပလိမ့္မည္။ အက်ဥ္းခ်ဳံးလုပ္မည္ဟု စိတ္ကူးထားေသာ္
လည္းလြန္စြာႀကီးက်ယ္ခမ္းနားသြားေပေတာ့မည္။
(၃-၁-၁၉၉၁)ရက္ေန႔အ႐ုဏ္ဦးမွာ သံဃာေတာ္မ်ားအားလုံးဝန္ႀကီး ကုန္းေပၚတြင္ ဆုံၾကသည္။ ေစတီတည္မည့္ေတာင္ထိပ္ေပၚတြင္ ပႏၷက္တင္ မဂၤလာျပဳ၍ ႐ြတ္ဖတ္သရဇၩာယ္ၾကပါသည္။ ၿပီးေတာ့ – အ႐ုဏ္ဆြမ္းကပ္ သည္။ ႂကြေရာက္လာသူအားလုံး အမွ်ေဝ၍သာဓုေခၚၾကသည္။ ကြၽန္ေတာ္ မထင္မွတ္ထားသျဖင့္ လြန္စြာ အားရဝမ္းသာပီတိ ျဖစ္မိသည္။ အ႐ုဏ္ဆြမ္းကပ္ၿပီးေနာက္ ဆရာေတာ္ ဦးဝါယမက ကြၽန္ေတာ့္အား ေခၚၿပီးမိန႔္မွာေနစဥ္ပရိသတ္ထဲမွအဖြားအိုတစ္ေယာက္အားမျမင္အပ္ေသာ ပရေလာကသားတစ္ေယာက္ကဝင္ပူးၿပီးေျပာေတာ့သည္။
“မေက်နပ္ဘူးေဟ့-မေက်နပ္ဘူး”
ထိုအဖြားႀကီးကေနာင္႐ိုးစခန္းကဝန္ထမ္းတစ္ဦး၏မိခင္အိုႀကီးတစ္ဦး
ျဖစ္သည္။ စိတ္သေဘာအလြန္ေကာင္းၿပီး ဘာသာေရးကိုင္းရႈိင္းသူတစ္ဦး လည္း ျဖစ္သည္။ အဖြားၾကင္ ဟူ၍ စခန္းက လူတိုင္းအားလုံး သိၾကၿပီး ခ်စ္

ခင္ၾကသည္။ ဆရာေတာ္မ်ား ရွိေနသည့္အခ်ိန္တြင္ မေမွ်ာ္လင့္ဘဲ အဖြား ၾကင္ ထ,ေဖာက္သျဖင့္ ပရိသတ္အားလုံး အံ့ဩၾကရသည္။ ဆရာေတာ္ႀကီးက အဖြားၾကင္အား အနားေခၚၿပီး- “ဘာမေက်နပ္တာလဲ”လို႔ ေမးေတာ့ –
“ေစတီတည္တာကိုေက်နပ္ပါတယ္။ ဒါေပမဲ့-တပည့္ေတာ္ကေတာင္ ပိုင္ပါ။ တပည့္ေတာ္ကို ခြင့္မေတာင္း၊ အသိမေပးဘဲ စခန္းေထာင္ပိုင္က သူ လုပ္ခ်င္တာလုပ္တာကိုမေက်နပ္တာပါ”
ဆရာေတာ္ႀကီးက –
“ေထာင္ပိုင္က မသိ နားမလည္လို႔ ခြင့္မေတာင္းမိတာကို အျပစ္မတင္ နဲ႔ ခြင့္လႊတ္လိုက္ပါ။ ဒီေနရာမွာ သာသနာဖြံ႕ ၿဖိဳးဖို႔ ဝိုင္းဝန္းကူညီၾကပါ” ဟုမိန႔္ေတာ့ –
“တင့္ပါ ဘုရား” ဆိုၿပီး အဖြားၾကင္ လဲက်သြားလို႔ ဝိုင္းဝန္းၿပီး ျပဳစုၾကရ တယ္။ ထိုအခ်ိန္တြင္ ဆရာေတာ္ ဦးေတဇဝႏၲာက ေတာင္ပိုင္နဲ႔ ေထာင္ပိုင္ နားလည္မႈလြဲတာပါလို႔ မွတ္ခ်က္ခ်တယ္။ ဆရာေတာ္ႀကီးဦးဝါယမက-

“ေစတီေတာ္ရဲ႕ ဉာဏ္ေတာ္အျမင့္ ဘယ္ေလာက္လဲ – ဒကာႀကီး” “ကိုးေတာင္ျပည့္ပါ – ဘုရား”
“ဒါေလာက္ပဲလား-ဒကာႀကီးစိတ္ထဲမွာ ဘယ္ေလာက္ျဖစ္ခ်င္တာ
ဆရာေတာ္ႀကီးကအသိုင္းအဝိုင္းေတာင့္လို႔ ေမးတာပါ။ ကြၽန္ေတာ္က လည္းတစ္ဦးတည္းႏိုင္သေလာက္တည္ထားကိုးကြယ္ခ်င္တာမို႔- “ကိုးေတာင္ျပည့္ဘုရားပဲ တည္ခ်င္ပါတယ္ ဘုရား”
“အိမ္း – အိမ္း – ဒကာႀကီးဆႏၵအတိုင္း ကိုးေတာင္ျပည့္ဆိုရင္လည္း ကိုးေတာင္ျပည့္ပဲ တည္ၾကတာေပါ့။ ဘုန္းႀကီးရဲ႕အာ႐ုံထဲမွာ မၾကာခဏ ေပၚ လာေနလို႔အဲဒီ့ေနရာျဖစ္မလားလို႔ကိုယ္တိုင္ႂကြခဲ့တာ- ေနရာအမွန္ျဖစ္ေန တယ္။ ေနာင္ – ဒီေနရာမွာ ဘုရားပုထိုးေက်ာင္းကန္ဇရပ္ေတြနဲ႔ သာသနာ အမွန္ ထြန္းကားမယ့္ေနရာ ျဖစ္တယ္”

“ဒီကုန္းေျမကို ရာဇေသန ပဗၺတ ေတာင္လို႔ ေရွးက အမည္ ရွိတယ္။
ဒါေၾကာင့္ – ကိုးေတာင္ျပည့္ေစတီကိုလည္း ဘုန္းႀကီးကို အိပ္မက္ေပးတဲ့ အတိုင္း“ဓမၼစၾကာရွင္ေစတီေတာ္”လို႔ဘြဲ႕ေတာ္သတ္မွတ္ေပးခဲ့မယ္။ ဘုရား တည္ၿပီးလို႔ အေနကဇာတင္ရင္လည္း ဘုန္းႀကီးကို ဖိတ္ပါ။ ဘယ္အရပ္ ေရာက္ေနေနႂကြလာခဲ့မယ္ ဒကာႀကီး”

ပႏၷက္တင္ၿပီးလွ်င္ ဘုရား တည္ေဆာက္ေရးလုပ္ငန္းစာတင္ရမွာ ျဖစ္ ေသာ္လည္း ဘုရားပန္းရန္ဆရာေကာင္းေကာင္းကမရေသး။ ကြၽန္ေတာ္က သဘာရင့္ ဘုရားပန္းရန္ဆရာကိုသာ လိုခ်င္သည္။ “အိမ္ေထာင္ဦး၊ ဘုရား တည္၊ ေဆးပန္းခ်ီ၊ စုတ္ထိုး”ဟူေသာ ေရွးစကားပုံအတိုင္း အထာမက်၍ ျပန္ဖ်က္သည့္လုပ္ငန္းလုပ္ေကာင္းသည္မဟုတ္။ ထို႔အျပင္ သပၸါယ္ ၾကည္ ညိဳဖြယ္ရာလည္းျဖစ္ေစခ်င္သည္။
ေနာက္ႏွစ္ပတ္ခန႔္အၾကာနံနက္(၇)နာရီခန႔္တြင္ကရင္လူမ်ိဳး၊ အသက္
(၆ဝ)ခန႔္ သကၤန္းဝတ္ ဦးပၪၥင္းတစ္ဦး စခန္းသို႔ ႐ုတ္တရက္ ႂကြလာသည္။ က်ိဳက္ထီး႐ိုးေတာင္ေျခတစ္ေလွ်ာက္ ေစတီဘုရားမ်ားတည္၍ ကုသိုလ္ျပဳ ေနသူျဖစ္ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ကြၽန္ေတာ္ကရန္ကုန္ၿမိဳ႕မွ ဆူးေလ ေစတီေတာ္ဓာတ္ပုံကိုျပ၍ ထိုပုံစံအတိုင္း တည္လိုေၾကာင္း၊ တည္ေဆာက္ ရန္လက္ခကို ေမးေတာ့ – ဦးပၪၥင္းႀကီးက-
“ဒကာႀကီး – က်ဳပ္ဘုရားတည္ေနစဥ္အ႐ုဏ္ဆြမ္းနဲ႔ေန႔ဆြမ္းကိုဆြမ္းနဲ႔ ပဲငါးပိသာ ကပ္ပါ။ အဲ့ဒါ – လက္ခပဲ”
လို႔ျပန္မိန႔္တယ္။ အလြန္အံ့ဩစရာပဲ။
တစ္ခါ”ဘယ္ေတာ့လုပ္ငန္းစ,မလဲ- ဘုရား”ဆိုေတာ့လည္း – “အခုပဲ- လုပ္ငန္းစ,မယ္”လို႔ ေျဖျပန္တယ္။
အဲ့ဒါေၾကာင့္စခန္းကပန္းရန္လုပ္ငန္းနားလည္တဲ့တပ္ၾကပ္ႀကီးဦးတင္
ခ်စ္ႏွင့္ ရဲဘက္ေတြ၊ ဝန္ထမ္းေတြကိုစုေဆာင္းေပးရတယ္။

အဲ့ဒီေန႔က (၂၁-၁-၁၉၉၁)ရက္ေန႔၊ နံနက္(၉)နာရီမွာ ေတာင္ကုန္း
ေပၚတက္ၿပီး လုပ္ငန္းစ.ၾကသည္။ ကြၽန္ေတာ္က သံလိုက္အိမ္ေျမႇာင္ကို အသုံးျပဳၿပီး အရပ္မ်က္ႏွာ အတိအက် သတ္မွတ္ေပးသည္။ အုတ္ျမစ္စီ လုပ္ငန္း စတင္သည္။ ေန႔လယ္(၁၂)နာရီခန႔္ ကြၽန္ေတာ္ စခန္းသို႔ ျပန္ခဲ့ၿပီး ေတာင္ေပၚသို႔ထမင္းဟင္းပို႔ခိုင္းၿပီးေန႔လယ္စာစား၍ေခတၱအနားယူေနစဥ္ ဘုရားဦးေဆာင္တည္ေနေသာဦးပၪၥင္းေရာက္လာသည္။ “ေစတီေတာ္ -ၿပီးၿပီ- ဒကာႀကီး”
“အခုမနက္မွ လုပ္ငန္းစ,တာ။ ဟုတ္ပါ့မလား – ဦးပၪၨင္း” “မယုံရင္ လိုက္ၾကည့္ေပါ့ – ဒကာႀကီးရယ္”တဲ့။
ထို႔ေၾကာင့္ ကြၽန္ေတာ္ မယုံမရဲႏွင့္ ေတာင္ေပၚသို႔ တက္ၾကည့္ရျပန္ သည္။ ေတာင္ေပၚေရာက္ေတာ့ …. ေစတီက ၿပီးစီးေနၿပီ။ ထီးေတာ္ေနရာမွာ ေတာ့ နဂါး႐ုပ္ႀကီးတစ္ေကာင္က ေစတီကိုပတ္ၿပီး ပါးပ်ဥ္းနဲ႔ အုပ္မိုး ထားသည္။ ေစတီေဘး၊ ရင္ျပင္ေတာ္ေပၚမွာေတာ့ရဟန္းတစ္ပါးကတင္ပ်ဥ္ ေခြၿပီးတရားထိုင္ေနသည္။ ျပန္သတိရေတာ့ …. ကြၽန္ေတာ္ စခန္း႐ုံးအတြင္း ပက္လက္ကုလားထိုင္၌ ေမွးစက္ေနရင္း အိပ္မက္လိုလို တကယ္လိုပုံ သဏၭာန္ကို ထင္ရွားစြာ ျမင္မက္ျခင္း ျဖစ္သည္။
ကြၽန္ေတာ္ခ်က္ခ်င္းေတာင္ေပၚတက္သြားေတာ့ေစတီေတာ္ကိုပႏၷက္ ၿပီး စတင္တည္ေနတုန္းပါ။ ကြၽန္ေတာ္က ဦးပၪၨင္းကို အိပ္မက္အေၾကာင္း ေျပာျပေတာ့ – ဦးပၪၥင္းက –
“ေအာင္ၿပီ – ေအာင္ၿပီ”လို႔ထေအာ္သည္။
“ကဲ-ဒကာ-ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္ေတြက ခြင့္ျပဳလိုက္ ၿပီ။ ဒီေနရာက နဂါးသိုက္ေနရာပဲ။ အခု – သူတို႔ခြင့္ျပဳၿပီး ကူညီၾကလိမ့္မယ္။ ဒကာႀကီး – စိတ္ေအးေအးသာထားၿပီး စခန္းျပန္နားေခ်။ က်ဳပ္တို႔ ဆက္ လုပ္မယ္”
ဘုရားတည္ၿပီးရင္ ဌာပနာဖို႔ ေ႐ႊေငြအဖိုးတန္ပစၥည္းေတြက လိုျပန္ သည္။ ကြၽန္ေတာ့္မွာ ျပည့္စုံေအာင္ မရွိေပ။ ေကလာသေတာင္မွာ ဘုရား

တည္ေနတဲ့ ဦးပၪၥင္းေလးဆီသြားေတာ … ရဟႏၲာဓာတ္ေတာ္ေတြကို ခြဲေဝ ေပးသည္။ စခန္းျပန္ေရာက္ေတာ့ … သဲအင္းဂူဆရာေတာ္ႀကီးက လူႀကဳံနဲ႔ ဌာပနာပစၥည္းနဲ႔ လာပင့္ဖို႔ လူႀကဳံနဲ႔ အေၾကာင္းၾကားပါသည္။
(၁၁-၂-၁၉၉၁)ရက္ေန႔မွာ သဲအင္းဂူဆရာေတာ္ဘုရားႀကီးေက်ာင္း ကို သြားေတာ့ … ဌာပနာပစၥည္းေတြက နဝရတ္ကိုးပါး ေ႐ႊေစတီ၊ ေငြေစတီ၊ ရဟႏၲာဓာတ္ေတာ္မ်ားနဲ႔ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္မ်ားကို လႉဒါန္းပါ သည္။ (၁၈-၂-၁၉၉၁)ရက္ေန႔မွာဦးေတဇဝႏၲာဦးစီးၿပီးဌာပနာတိုက္ပိတ္ ပြဲျပဳလုပ္ၿပီး (၂၁-၂-၁၉၉၁)ရက္ေန႔မွာေစတီေတာ္ႀကီးနဲ႔အရံေစတီေတာ္ ေတြကို ထုံးသကၤန္း ကပ္လႉၿပီးစီးသည္။ အပ္ႏွံထားေသာ ထီးေတာ္မ်ား ေရာက္လာၿပီး သဲအင္းဂူဆရာေတာ္ဘုရားႀကီး၏ နဝရတ္ကိုးပါးစီ စိန္ဖူး ေတာ္ႀကီးလည္းတိုက္ဆိုင္စြာတစ္ေန႔တည္းေရာက္လာပါသည္။ ထို႔ေၾကာင့္ ထီးေတာ္တင္၊ စိန္ဖူးေတာ္ကပ္၊ အေနကဇာတင္ရန္ သဲအင္းဂူဆရာေတာ္ ဘုရားႀကီး ေ႐ြးေပးသည့္ (၂၇-၂-၁၉၉၁)ေန႔ကို သတ္မွတ္လိုက္ပါသည္။ (၂၇-၂-၁၉၉၁)ရက္ေန႔တြင္ ထီးေတာ္တင္ပြဲ ျပဳလုပ္ပါသည္။ သဲအင္းဂူဆရာေတာ္ဘုရားႀကီးကိုယ္ေတာ္တိုင္ ႂကြေရာက္၍ အေနကဇာ တင္ေပးသည္။ ဘီးလင္းၿမိဳ႕ကတစ္ၿမိဳ႕လုံးနီးနီးလာၾကသည္။ အေကြၽးအေမြး ကလည္း ျပင္ပအလႉရွင္မ်ားပါ ေပၚလာသျဖင့္ အလြန္စည္ကားသည္။ ႂကြ လာသမွ် ရဟန္း၊ ရွင္လူအေပါင္းအားျပည့္စုံစြာေကြၽးေမြးႏိုင္သည္။ မဖိတ္ရ ဘဲ ေရာက္လာသည့္ ကရင္ဒုံးယိမ္းအဖြဲ႕ေၾကာင့္လည္း ပို၍စည္ကားသြား သည္။ ဤသည္မွာ ကြၽန္ေတာ့္ဘဝတြင္ မထင္မွတ္ဘဲ ျပဳလုပ္ျဖစ္ခဲ့ေသာ “ဓမၼစၾကာရွင္ ေစတီေတာ္” လႉဒါန္းပူေဇာ္ပြဲျဖစ္ပါေတာ့သတည္း။
ေထာင္မွဴးၾကီးသိန္း၀င္း