အိမ်အိုကြီးမှ မိုးညဇာတ်လမ်း

အိမ်အိုကြီးမှ မိုးညဇာတ်လမ်း (စ\ဆုံး)
———————————

ညနေခင်းအချိန်ဖြစ်၏။ ညှင်းသွဲ့သွဲ့တိုက်ခတ်နေသောလေပြေလေညှင်း
လေးနှင့်အတူ ပုဇွန်ဆီရောင်၀င်တော့မည့် နေလုံးကြီးနောက်ခံဖြင့် တိမ်တိုက်များကလည်းအရောင်အသွေးစုံလင်စွာဖြင့် ရှိနေကြ၏ ။

အနောက်အရပ်ဆီသို့ အိပ်တန်း၀င်ရန် ဦးတည်ပျံသန်းနေသောငှက်တစ်အုပ်ကြောင့်လည်း ညနေခင်းကောင်းကင်ပြင်သည် လက်ရာမြောက်လွန်းလှသောသဘာ၀ပန်းချီကားကြီးတစ်ချပ် ပမာလှပလွန်းနေ၏ ။

ညှင်းသွဲ့သွဲ့တိုက်ခတ်နေသောလေပြေညှင်းမှာ ခနအကြာ တဖြည်းဖြည်းခပ်ကြမ်းကြမ်းအနေထားတိုက်ခတ်မူ အနေထားသို့ပြောင်းလဲသွားသလိုကောင်းကင်တွင်လည်းတိမ်မဲများ ဖြင့်အစားထိုး၀င်ရောက်လာကြကုန်၏ ။
လျပ်စီးလက်များလက်ခြင်းနဲ့အတူ၊
မိုးခြိမ်းသံများပါတဆက်တည်းထွက်ပေါ်လာ၏။

ရာသီဥတုမှာ အသက်
၁၆- နှစ်မြီးကောင်ပေါက်မလေး စိတ်ကဲ့သို့ ခနအတွင်းချက်ခြင်းပြောင်းလဲသွားပြီဖြစ်၏။

မကြာမှီ မိုးရွာတော့မည်ဖြစ်ကာ ပတ်၀န်း ကျင်တစ်ခုလုံးမှာလည်း တိမ်မဲများကြောင့် ချက်ခြင်းမဲမှောင်သွားပြီဖြစ်၏ ။

လျပ်စီးတချက်အလက်တွင် သစ်ပင်ခပ်စိတ်စိတ်ပေါက်နေသောမြေနီတောလမ်းလေးအတိုင်း လူတစ်ယောက်မှာ
ရွာတော့မည့် မိုးကိုရှောင်ရှားရန် အသော့လေးခရီးနှင်လျက်ဖြင့်ရှိနေ၏ ။

ထိုသူမှာ အသက်(၃၀)နီးပါးခန့် ရှိပြီး ယခုနယ်ဒီအရပ်ဇာတိမှ ဟုတ်ဟန်မတူပဲ သူ့ဘောင်းဘီ အကျီ ခရီးဆောင်အိပ်များတွင် ဖုန်အထပ်ထပ်ကပ်ညှိနေကာခရီးအဝေးကြီးဆီမှ ခရီးပြင်းနှင်လာခဲ့ရသော ခရီးသွားတယောက်ဖြစ်ဟန်တူနေသည်။

ထိုလူမှစိတ်ပျက်လက်ပျက်ဖြင့်အမူအယာရှိနေ၏။
ညနေစောင်းကြီး မိုးကကောက်ခါငင်ခါရွာချတော့မည်မို့ သူမကျွမ်းကျသော ဒီအရပ်မှ မိုးခိုဖို့နေရာအမြန်ဆုံးလိုက်ရှာရတော့မည်
ဖြစ်၏ ။

အနီးပတ်၀န်းကျင်မှာလည်း ရွာများရှိဟန်မတူ
ထိုလူစိတ်ပျက်လက်ပျက် ဖြင့်မိုးခိုရန်နေရာက်ို အပြေးလေးမှောင်နဲ့မည်းမည်းတွင်စမ်းတဝါးဝါးခြေလှမ်းခပ်သွက်သွက်ဖြင့်လျောက်လျက် မျက်လုံးများကလည်း ဘေးဘီဝဲယာကို လျပ်စီးတချက်လက်တိုင်း လိုက်ကြည့်လျက်
ရှိနေတော့၏။
ပြေးလွားနေရင်းမှ
တောလမ်းဘေးခပ်လှမ်းလှမ်းနေရာတစ်ခုမှ ထွက်ပေါ်နေသော မီးရောင်အား တွေ့လိုက်ရသောကြောင့်မီးရောင်ရှိလျင် လူလည်းရှိရမည်။ ဒီတစ်ညအတွက်တော့ မိုးဒဏ် ကာကွယ်ရင်းတည်းခိုဖို့အကူအညီတောင်းရန်
ထိုနေရာသို့ဦးတည်၍ပြေးသွားလိုက်တော့၏။

တောလမ်းလေးမှ ဖဲ့ဆင်းလာရင်းမှ မီးရောင်ထွက်ပေါ်နေသော နေရာအနီးရောက်လာချိန် မီးရောင်မှာ တောင်ကုန်းထိပ်အိမ်ကြီးတစ်လုံးဆီမှ တစွန်းတစထွက်နေသော မီးရောင်ဖြစ်မှန်းသိလိုက်ရတော့၏ ။

ခြံစည်းရိုးမရှိ၊ ခြံတခါးမရှိသော အိမ်ကြီးရှေ့လျောက်လာရင်း ဆင်၀င်အောက်မှ ပိတ်ထားသောတခါးနှစ်ချပ်အားလက်ဖြင့် တဘုံး ခပ်ကျယ်ကျယ် ပုတ်လိုက်ရင်း ပါးစပ်မှလည်း………..

” …အိမ်ရှင်တို့ …အိမ်ရှင်တို့..…”

ခနနားလိုက် တံခါးကို လက်ဖြင့်ပုတ်၍ အော်ခေါ် လိုက်ဖြင့်နောက်တခေါက် ထပ်ခေါ်ရန် ပြင်လိုက် စဉ်မှာပင်

……ကျွီ….အီ…အီ….…

ဆီမထည့်တာ ကြာပြီဖြစ်ဟန်ဖြင့်တကျွီကျွီ တအီအီတံခါးပတ္တာကြီးကအော်မြည်သံရှည်ဆွဲရင်း ပွင့်လာတော့၏ ။

“…ညအချိန်မတော်… ဘာကိစ္စများ ရှိလို့လဲ… ကွယ့်…”

အသံပြာအက်အက်စကားသံဖြင့် မီးအိမ်တလုံး ဆွဲကိုင်ရင်း တံခါးလာဖွင့်ပေးသူမှာ
အသက် (၆၀)ကျော်ခန့် ညစ်နွမ်းသော တဘက်တစ်ထည်အားခေါင်းပေါင်းကာခွက်၀င်နေ
သောပါးများ ၊
မျက်တွင်းခွက်ကြီးဖြင့်ခါးကုန်းကုန်း ပိန်လှီလွန်းလှသော အဘွားအိုကြီးတစ်ယောက်
ပင်ဖြစ်၏။

“ကျွန်တော်ခရီးသွား တစ်ယောက်ပါ…အဘွား
ခရီးသွားရင်း မိုးချုပ်သွားသလို ခုလည်းမိုးကရွာတော့မှာ… မို့ဒီမှာတစ်ညလောက် တည်းခိုပါရစေ…”

“အော်..ခရီးသွားကိုး မိုးကလည်းရွာတော့မယ်
လာလာ အိမ်ထဲ၀င်”

ခရီးသွားဧည့်သည်မှာ
အိမ်ထဲ၀င်ရောက်လာမှ အပြင်သို့ အလင်းရောင်ထွက်နေသောမီးရောင်မှာ
ဧည့်ခန်းမီးလင်းဖိုဆီမှထွက်လာသောမီးရောင်မှန်း
သိလိုကျရ၏ ။

“မီးလင်းဖိုဘေးကိုသွားပြီး အချမ်းပြေမီးလူံနေ အဘွားအိမ်တံခါးပိတ်ပြီးလိုက်လာခဲ့မယ်… ”

အဘွားအိုတံခါးပိတ်နေချိန်မီးလင်းဖိုနှင့် မနီးမဝေးတွင် ခရီးဆောင် အိတ်ကိုချ ရင်း တနေ့လုံးခရီးပြင်းနှင်လာသောကြောင့် ခရီးသွားမှာ
ပင်ပန်းနေ၍ ခြေပစ်လစ်ပစ်ထိုင်ချလိုက်ရင်း ဧည့်ခန်းအားမျက်လုံးဝေ့ကာလိုက်ကြည့်နေမိ
တော့၏ ။
မြင်တွေ့ရသောပုံအရ
ဒီအိမ်ကြီးပိုင်ရှင်များမှာရှေးယခင်က ကြွယ်၀ချမ်းသာခဲ့သူများ ဖြစ်ကြောင်း ကိုအသုံးအဆောင်ပစ္စည်းများကဖော်ပြနေကြ၏။

သို့သော် ..
ယခုလက်ရှိမှာကားအိမ်ကြီးနှင့်အတူ အသုံးဆောင်ပစ္စည်းများမှာလည်း အိမ်ပိုင်ရှင်အဘွားအိုကြီးလိုဟောင်းနွမ်းအိုမင်း
နေပြီဖြစ်၏။
ခရီးသွားဧည့်သည်မှာတခြားသောအိမ်သားများ
ကိုမတွေ့ရ၊ အိပ်စက်နေကြခြင်းကြောင့်လား၊
တနေရာရာသို့ခရီးထွက်နေကြခြင်းလားဟုတွေး
နမေိ၏။

“လူလေးမီးလူံရင်း ခနစောင့် အပေါ်ထပ်မှာ လူလေးအိပ်ဖို့အခန်းသွားပြင်လိုက်အုံးမယ်…
ထမင်းရော စားလာပြီးပြီလား တယောက်တည်း
ဆိုတော့အဘွားကဖြစ်သလိုနေထိုင်စားသောက်တော့စားစရာမကျန်တော့ဘူးအားနာစရာဖြစ်ကုန်ပြီ…”

” ဟာ…ရပါတယ်အဘွားကျွန်တော်အတွက် တည်းခိုခွင့်ရတာပဲကျေးဇူးတင်လှပါပြီ
တခြားမလိုပါဘူး…”

“ဒါဆိုလည်း မီးလူံရင်းခနစောင့် အပေါ်တက်ပြီးလူလေးအတွက်အခန်းပြင်ပြီးရင်အဘွားပြန်လာခဲ့မယ်”

အဘွားအိုကြီးကားဧည့်ခန်းဘေးလှေကားမှ အပေါ်ထပ်ဆီမီးအိမ်လေးဆွဲတက်သွားချိန်
ခရီးသွားဧည့်သည်မှ
တွေးစရာတွေ အများကြီးဖြင့်ကျန်နေခဲ့တော့၏။

.အဘွားအို ပြောစကားများအရ အဘွားအိုကြီးသည် ဒီအိမ်တွင် တစ်ယောက်တည်းနေသူဖြစ်မှန်းသိလိုက်ရသည်။
ဒါဆို အဘွားအို တခြားမိသားစု ၀င်တွေကရောဘယ်ရောက်နေတာလဲ
တောကြီးမျက်မည်းထဲမှ အိမ်အိုကြီးမှ အဘွားအိုကြီးမှာ အနည်းငယ်ထူးဆန်းသယောင်
ရှိနေသည်ဟုတွေးလျက်ရှိနေ၏ ။

“ဒါနဲ့… လူလေးက ဘယ်ကဘယ်လို ဒီကို ရောက်လာတာလဲ”

အဘွားအိုကြီးအကြောင်းတွေးနေချိန် အဘွားအိုစကားရုတ်တရက်ကြားလိုက်ရသေ
ကြောင့်ခရီးသွားမှာ ဆတ်ခနဲ ခန္ဓာကိုယ်
တွန့်သွားတော့၏ ။

“ဒီလိုပါအဘွား… ကျနော်မည် မင်းမောင်ပါ ကျနော်အလုပ်က ရာသီပေါ်သီးနှံတွေလိုက်၀ယ်သူတစ်ယောက်ပါ
ခုကမရောက်ဖူးသေးတဲ့
တခြားရွာတစ်ခုကိုခရီးဆက်ရင်းမိုးချုပ်သွားတာပါ”

ခရီးသွားဧည့်သည်စကားမှာ အနည်းငယ်
ယုတ္တိမရှိသောစကားဖြစ်၏ ။
မရောက်ဖူးသောအခြားနေရာတစ်ခုကိုအဖော်မပါ
ဘာမပါဖြင့်စမ်းတဝါးဝါးသွားနေသည်ဆိုခြင်းက
ယုတ္တိမတန်ရာကျနေ၏ ။

အဘွားအိုမှာခရီးသွားဧည့်သည့်စကားကို
ဘယ်လိုမှမတုန့် ပြန်ပဲ မီးလင်းဖိုကို ကျောပေးကာ ၀င်ထိုင်ရင်းမီးမစွဲသောမီးလင်းဖိုအတွင်းမှသစ်တုံးတစ်တုံးအားမီးဆွဖြင့်ထိုးဆွ၍အထက်အောက်လှန်ရင်းမီးညှိလျက်ရှိနေ၏ ။

“ဒါနှင့်အဘွားက… ဒီမှာတစ်ယောက်တည်းနေတာလား အဘွား”

သိချင်စိတ်ကိုမမျိုသိပ်နိုင်ပဲ ခရီးသွားဧည့်သည်က
သူ့အားကျောပေးထားသောအဘွားအိုကိုလှမ်း
မေးလိုက်ခြင်းဖြစ်၏ ။

“တစ်ယောက်တည်းနေတာပဲ… ဘာဖြစ်လို့လဲ…”

“အော်… အဘွားအသက်အရွယ်နှင့်ဒီလိုတောကြီးမျက်မည်း မှာတစ်ယောက်နေတယ်ဆိုတာ မကောင်းပါဘူး…
သားထောက်သမီးခံဆွေမျိုးတွေမရှိဘူးလား
…အဘွား”

” အဘွားအကြောင်းသိချင်လား…
အစအဆုံးပြောပြရတာပေါ့…”

အပြင်ဖက်တွင်လေပြင်းတိုက်ခတ်မူများနှင့်အတူမိုးများလည်းသည်းထန်စွာ ရွာသွန်းနေပြီဖြစ်၏ ။
အဘွားအိုပြောလာမည့်ဇတ်လမ်းအား ခရီးသွား
ဧည့်သည်က နားစွင့်ထား၏ ။

….တကယ်က ဒီအနီးနားပတ်၀န်းကျင်မှာ အရင်ကအင်မတန်စည်ကားသာယာတဲ့ရွာကြီးတစ်ရွာ ရှိခဲ့ဖူးတယ်…
အဘွားယောက်ကျား အောင်တင်ဟာခုအိမ်ကြီးကို မိဘတွေဆီကအမွေအဖြစ်ရခဲ့တာပေါ့…
အဘွားယောက်ကျား ကိုအောင်တင်တို့ဟာ မိဘဘိုးဘွားစဉ်ဆက် ချမ်းသာ ခဲ့တော့ ပြည့်ပြည့်စုံစုံနေနိုင်တာပေါ့…
အချိန်ကာဘတခုကြာထိခလေးမရတော့ တသက်လုံးသားသမီးမရနိုင်တော့ဘူးထင်မှတ်ထားခဲ့ကြပေမယ့် အသက်ကြီးမှသားလေးတစ်ယောက်မွေးလာခဲ့တယ်
အဘွားတို့နှစ်ယောက်လုံးသားလေးကို အသည်းပေါက်မတတ်ချစ်ကြတာပေါ့
ဒါပေမယ့် သားအသက် ၁၀ နှစ်လောက်မှာ သာယာနေတဲ့အဘွားတို့မိသားစုကို မုန်တိုင်း၀င်မွေခဲ့တယ်……

တဖက်ရွာကို အကြွေးသွားတောင်းရာကပြန်လာတဲ့ ကိုအောင်တင်ဟာလမ်းမှာဓားမြတိုက်ခံရတယ် ငွေတွေကို အလွယ်တကူမပေးပဲ ပြန်ခုခံတဲ့ ကိုအောင်တင်ဟာ
ဓားမြတွေဆီအသတ်ခံလိုက်ရတယ်……
အဘွားအတွက်လောကကြီးမှတွယ်တာစရာဆို လို့သားတစ်ယောက်ပဲရှိတော့တယ်လေ
အဘွား ယောက်ကျားထားခဲ့တဲ့ ငွေကြေးတွေဟာ အဘွားမလုပ်တတ်မကိုင်တတ်နဲ့ စီးပွားရေးလုပ်တာ လူလိမ်ခံရလို့ တဖြည်းဖြည်းသားအရွယ်ရောက်ချိန်ပြစရာဆိုလို့ ဒီအိမ်တစ်လုံးပဲကျန်နေရစ်ခဲ့တော့တယ်…

တနေ့သားကသူ့သူငယ်ချင်းတွေနဲ့ကျောက်သွားတူးဖို့အဘွား ဆီခွင့်ပန်လာတယ်..
အဘွားအနေနဲ့ တစ်ဦးတည်းသောသားလေးကို မခွဲချင်ပေမယ့် အရွယ်ရောက်နေတဲ့သားတစ်ယောက်အနေနဲ့ မိဘကိုပြန်လုပ်ကျွေးပြုစုခွင့်ပေးပါအတန်တန်တောင်းဆိုလာတာကြောင့် ခွင့်မပြုချင်ပေမယ့်ခွင့်ပြုပေးခဲ့ရတယ်……..
သားလေးဟာသုံးနှစ်အတွင်းရွာကိုတစ်ခါမှပြန်မလာခဲ့ပါဘူး ရွာကလူကြုံတွေနဲ့ စာတွေ ငွေတွေတော့ပို့ပေးပါတယ်…..

ဒီလိုနဲ့ ညတစ်ညမှာ အဘွားနေမကောင်းချင်သလို
ဖြစ်နေလို့ အပေါ်ထပ်အဘွားအခန်းမှာလှဲနေတုန်း
မှေးခနဲ အိပ်ပျော်သွားတာ
. ညလယ်ပိုင်းလောက်အရောက်မှာ အိမ်အောက်က စကားပြောသံတွေကြား လိုက်ရတယ်
စကားပြောသံနှစ်ခုမှာတစ်ခုက အဘွားသားအသံမှန်းမှတ်မိလို့ …

အိပ်ယာကလူးလှိမ့်ထပြီးအောက်ထပ်ဆင်းမလို့လုပ်နေတုန်း နာနာကျင်ကျင်အော်လိုက်သံနဲ့လူတစ်ယောက် လဲပြိုသံကြားလိုက်ရတယ်…….
အဘွားစိုးရိမ်တကြီးအောက်ရောက်ချိန်မှာ
ရင်ဘတ်မှာဓားတန်းလန်းနဲ့သွေးအိုင်ထဲ လဲကျနေတဲ့အဘွားသားကို တွေ့လိုက်ရတော့တာပါပဲကွယ်….

အဘွားအိုကသူ့ဇတ်လမ်းက်ို ရပ်ထားလိုက်၏။
ထို့နောက် ခေါင်းငုံ၍တရူံရူံငိုကြွေးရင်း
သားအတွက် ခံစားမူကြောင့် ငိုကြွေးနေချိန်
ခရီးသွားဧည့်သည်မှာ မျက်နှာပျက်ယွင်းလျက်
ရှိနေ၏ ။

“ဒါနဲ့ ဘယ်လိုဆက်ဖြစ်သွားလဲ…အဘွား
လူသတ်တရားခံကိုအဘွားသိလိုက်လား
လူသတ်တရားခံကော…အဖမ်းခံသွားရလား…”

အဘွားကိုခေါင်းငုံငိုကြွေးနေရာမှ ဆတ်ခနဲခေါင်းပြန်မော့လိုက်၏ ။
ပြီးနောက်နာကျည်းကြေကွဲသောလေသံဖြင့်ဇတ်လမ်းကိုပြန်ဆက်လာပြန်၏ ။

“အဘွားအော်သံကြောင့်… သူပြေးသွားတယ် သူ့ပုံစံကိုအမှတ်တမဲ့မို့မမှတ်မိလိုက်ပါဘူး
.ဒါပေမယ့်… သူတစ်နေ့ဒီကိုပြန်လာမှာပါ..
ကျိန်းသေပြန်လာမယ်လို့ တွက်ပြီးသားပါ သူဟာအကြောင်းတခုခုကြောင့်ပြန်မလာသေးတာဖြစ်ပေမယ့် သူပြန်လာလိမ့်မယ်ဆိုတာ အဘွားသိနေတယ်..ဥပဒေပေးတဲ့အပြစ်ကို သူရှောင်လို့ရချင်ရလိမ့်မယ် သားကိုချစ်တဲ့အမေတစ်ယောက် ပေးတဲ့ အပြစ်သူကျိန်းသေခံစေရဖို့ အဘွားသူ့ကို
ခုထိစောင့်နေတာလေ….”

“ဗျာ..လူသတ်တရားခံက ပြန်လာမယ်
…ဟုတ်လား…အဘွား…”

…ဟင်း…ဟင်း.. ဟင်း..
အဘွားအိုက မျည်းရယ်နေရာခရီးသွားဧည့်သည်
မှာအဘွားအိုရယ်သံကြောင့်ကျောချမ်း၍ကြက်သီး
မွေးညှင်းများပင်ထောင်ထလာတော့၏ ။

ထို့နောက်ဇတ်လမ်းကိုပြန်ဆက်လာ၏

“အဘွားသားနဲ့ လူသတ်တရားခံဟာ …အတူရှာဖွေရရှိလာတဲ့ ရတနာတွေ အဝေ မတည့်ဖြစ်ပြီး အဘွားသားကိုသူက
သတ်လိုက်တာ ဒီလူဟာ ပစ္စည်းတွေကို တခါတည်းယူမသွားဘူး လမ်းမှာဒီပစ္စည်းတွေနဲ့ သူ့ကို တွေ့ရင်သူ့အတွက် အန္တရယ်ရှိမှန်းသိလို့ နောက်တခေါက်ပြန်လာယူမယ်ဆိုပြီး ဒီအိမ်ကြီးတစ်နေရာမှာ ဖွက်ထားခဲ့တယ်
ဒါကို အဘွားအမှတ်မထင် ရှာတွေ့ပြီး
သူ့ကို စောင့်နေခဲ့တာ နှစ်တွေအကြာကြီးစောင့်ခဲ့ရတယ်..
ခုတော့စောင့်နေရတာ …အဆုံးသတ်တဲ့နေ့ရောက်လာခဲ့ပါပြီ……”

အဘွားအိုက သူ့စကားကိုအဆုံးသတ်လိုက်ရင်း တချိန်လုံးစကားကိုဧည့်သည်ကိုကျာပေးပြောနေရာမှတဖြည်းဖြည်းလှည့်လာတော့၏ ။

အဘွားအိုအားမြင်လိုက်ရချိန်ခန ဧည့်သည်မှာ
ကြောက်စိတ်ကြောင့်တကိုယ်လုံး အေးစက်တောင့်
တင်း၍ ခေါင်းနပန်းကြီးကုန်တော့၏ ။

အဘွားအိုကားစတွေ့စဉ်ကပုံစံမျိုးမဟုတ်တော့ပဲ မျက်နှာတခုလုံးအရိုးပေါ်နေလျက် နုတ်ခမ်းမရှိသောပါးစပ်မှာသွားများအပြင်သို့ကျဲ
ထွက်နေကာပတ်ထားသော ခေါင်းပေါ်မှ တဘက်ကပြေကျလျက် ဖြူဖွေးသော ဆံနွယ်များက မျက်နှာပေါ် ဖို့ရိုးဖားယားကျဆင်းနေလျက်ရှိနေ၏ ။

……ဟီး….ဟီး….မင်း.ကို.ငါ့..လက်..နဲ့ ..သတ်..မယ်…
ငါ့..သား..ကို..သတ်..တဲ့…လူ..သတ်သမား…

…အား မလုပ်ပါနဲ့ကျနော် ..
သူသတ်ဖို့ရည်ရွယ်ချက်မရှိပါဘူး..ရတနာတွေခွဲရင်း အဝေမတည့်ဖြစ်ပြီးစကားများကြရာက လက်လွန်ကုန်ခြေလွန်ဖြစ်သွားတာပါ…
ကျွန်တော်ကိုခွင့်လွတ်ပါ….

…….အား……..

အဘွားအိုကြီးမှာကြောက်ရွံ့တုန်လူပ်စွာပြောနေသော ဧည့်သည်ပြောစကားများကို
အရေးမထားဟန် လက်နှစ်ဖက်ဆန့်၍ ကုန်းကုန်း
ကွကွကြီးဖြင့်တရွေ့ရွေ့ဖြင့် ဧည့်သည်အနီးတိုးကပ်ရင်း ကြောက်လန့်တုန်လူပ်စိတ်ဖြင့်ပြေးရန်ပင်သတိရ
ကြောက်သေးထွက်နေသောဧည့်သည်အပေါ်ခုန်အုပ်၍ ပက်လက်လဲနေသော ဧည့်သည်ရင်ဘတ်
ပေါ်တက်ခွကာ လည်ပင်းအား လက်နှစ်ဖက်ဖြင့်
အားကုန်ညှစ်ထားတော့၏ ။
ကြောက်လန့်စရာရုပ်အသွင်အပြင်ကိုအနီးကပ်မြင်
နေရသည့်အပြင် အဘွားအိုကြီး အရိုးခြောက်လက်များကပြုတ်တူအလားသန်မာ
နေသောကြောင့်ဧည့်သည်မှာလူငယ်ဖြစ်သော်
လည်းအဘွားအိုကြီးကိုမယှဉ်နိူင်ပဲ
ကြောက်လန့်တကြား
ရုန်းကန်နေရင်းမျက်လုံးများပြာဝေလာကာတဖြည်းဖြည်း ရုန်းကန်အားများလျော့ကျသွားတော့၏ ။

…ဟင်း……ဟင်း…ဟင်း…ဟင်း…

နောက်ဆုံး အနေနှင့်အဘွားအိုကြီး၏တစ်စုံတရာ
ကိုကျေနပ်နေဟန်၊
ခြောက်ကပ်အက်ကွဲသောရယ်မောသံကြီးကိုခရီးသွားဧည့်မှာနောက်ဆုံးထွက်သက်မတိုင်မီ
ကြားလိုက်ရတော့၏။
အပြင်ဖက်တွင်ကားမိုးမှာအငြိုးတကြီး ရွာသွန်းနေဆဲပင်ဖြစ်သည်။

========================

မနက်စောစော နွားပျောက်လာရှာသော နွားကျောင်းသားတစ်စုသည် သားဖြစ်သူ အသတ်ခံရပြီးတစ်လခန့်အကြာအမေဖြစ်သူကြိုးဆွဲချသတ်သေသွားသောရွာဟောင်းမှ ။
သရဲခြောက်သည်ဟုနာမည်ကြီးနှစ်ထပ်အိမ်အိုကြီးတွင်လူစိမ်းတစ်ယောက်ထူးဆန်းစွာသေဆုံးနေသည်ကိုတွေ့ရှိလိုက်ကြရတော့သတည်း။
==========================

(ပြီးပါပြီ)

မြူခိုးအလင်္ကာ
Credit