အိုမင်းဖော်

အိုမင်းဖော်(စ/ဆုံး)
————–

“ဟဲ့ မယ်သီတာ။ နင်အလှပြင်နေတာ ဒီတစ်သက်ပြီးအုန်းမှာလား။
ထွက်လညတော့လဲ ဒီရုပ်ပဲ ဘာမှထူးခြားလာတာလဲမဟုတ်ဘူး။ အဲ့လိုတွေပဲများနေလို့ လင်မရတာ။ ငါသာမျက်စိလည်ပြီး ကြိုက်မိတာ။”

“အမယ် သူကပြောရတယ်ရှိသေး။မင်းကုသရဲ့ယောက္ဖ၊ ဒဿဘီလူးတောင်ငိုရတဲ့ရုပ်နဲ့သူက ပြောအားရှိတယ်နော်။ မနာလိုဖြစ်နေတာသိသာလိုက်တာ။ ငါသနားလို့ မိန်းမရတဲ့သူက ကြီးကြီးကျယ်ကျယ် နားပြီးပြော၊ ရေသောက်ပြီးပြော။ရှင်မောနေလိမ့်မယ်။ ”

“ဟားးးဖြစ်ရတယ်ဟေ့ အရှိုက်ထိသွားပြီမလား”

“အဖေနဲ့ကတော့ဗျာ မိုးမလင်းသေးဘူး အမေ့ကိုရန်သွားစနေပြန်ပြီ။
အမေနဂိုထဲကအလှကြိုက်တာ သိသားနဲ့။ ”

“ပြောပြလိုက်သားရေ ဘီလူးသံပုရာသီးစားထားတဲ့ရုပ်နဲ့သူကတော့
အလှတရားတွေ ဘယ်ခံစားနေမှာလဲ။ ပြောလို့သာပြောရတာ သူတက္ကသိုလ်တုန်းကလိုက်ကြိုက်ခဲ့တာ တို့မေဂျာက ကွင်း(Queen)တော့။”

မယ်သီတာပြောတော့မှ ကျွန်တော်ရောသားလေးပါအူတက်အောင်ထရယ်မိတော့သည်။ ကျွန်တော်တို့နှစ်ယောက်က ဘယ်သောအခါမှမတည့်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဘ၀ကနေ အိမ်ထောင်သည်အဖြစ်ရောက်လာခဲ့ကြသူတွေပါ။ ကျွန်တော်ကအိမ်ထောင်ပြုသည့်အခါမိသားဖသားပီပီ တောင်းရမ်းလက်ထပ်မယ်။ ကျွန်တော်ချစ်တဲ့သူမျက်နှာငယ်ရမဲ့အဖြစ်ဘယ်သောအခါမှ မရောက်စေရဘူးလို့ ကြွေးကြော်ခဲ့ပေမဲ့ ရွည်ရွယ်သူနဲ့လက်ထပ်သူတစ်ယောက်စီဖြစ်ခဲ့ရသည်။ မယ်သီတာရယ်လို့ ကျွန်တော်တို့သူငယ်ချင်းအားလုံး စနောက်ခေါ်ခဲ့ကြသည်။ သူမနာမည်အပြည့်စုံက သီတာချမ်းမြေ့ပါ။
မိန်းကလေးသူငယ်ချင်းတွေအားလုံးထဲမှာ မယ်သီတာကအချောလှဆုံးဖြစ်သလို ယောင်္ကျားလေးသူငယ်ချင်းထဲမှာကျွန်တော်ကရုပ်အဆိုးဆုံးမို့ မင်းကုသရယ်လို့ခေါ်ကာ နောက်ပြောင်ခဲ့ကြသည်။ အလယ်တန်းကျောင်းသားဘ၀တွေထဲကတက္ကသိုလ်တက်သည်အထိအတူရှိနေခဲ့ကြသူတွေမို့တစ်ယောက်အကြောင်းတစ်ယောက်သိကြပြီးပြောမနာဆိုမနာရှိခဲ့ကြသည်။ သူမကိုပိုင်ဆိုင်ခွင့်ရခဲ့တာကျွန်တော့်အတွက်တော့ဘုရားပေးတဲ့ဆုတစ်ခုပါ။ အိမ်ထောင်ကျစကအတော်လေးကသိကအောင့်နိုင်ပြီး ၀မ်းနည်းပူဆွေးခဲ့ရပေမဲ့ အိမ်ထောင်သက်ကြာလာလေ မယ်သီတာ့အပေါ်ပိုပြီးဂရုစိုက်ကြင်နာမိလေပါပဲ။

××××××××××××××

အပိုင်း(၂)

သူငယ်ချင်းတွေအားလုံးထဲမှာ မေဂျာတူဆိုလို ဆောင်းသော်တာရယ် ကျွန်တော်ရယ် မယ်သီတာရယ်ပါ။ တက္ကသိုလ်စတက်ခါစ
မအူမလည်လေးတွေနဲ့မို့ တခြားသူငယ်ချင်းတွေနဲ့လဲမတွဲမိကြသေးပဲ ကျောင်းနားချိန်တိုင်းတခြားမေဂျာကသူငယ်ချင်းတွေ ကန်တင်း(canteen)မှာအတူထိုင်ပြီး စနောက်ကြ၊ ဟေလေးဟားလေးနဲ့ပျော်ရွှင်ခဲ့ကြသည်။ ပြဿနာစသည်က ကျောင်းတက်ပြီးတစ်လလောပ်နေမှ အသစ်ပြောင်းလာသည် မိန်းကလေး။ သူမနာမည်က အေးပီတိချို။ နာမည်လေးနဲ့လိုက်ဖက်စွာ တည်ငြိမ်အေးချမ်းလွန်းတဲ့သူမ။ အလှတရားကမြင်သူတကာငေးရလောက်အောင်လှပတဲ့သူမ။ ကျွန်တော်ရူးလောက်အောင် ချစ်ခဲ့ရသူပါ။လူ့လောကကြီးမှာမတူညီမှုတွေအများကြီးရှိနေခဲ့ပေမဲ့ ကျွန်တော်ရူးမိုက်စွာနဲ့ မက်မောနေခဲ့မိသည်။ သူမအလိုရှိရင် ကိုယ့်အသက်တောင်ပေးဖို့ ၀န်မလေးတဲ့အထိပါပဲ။

“ဟဲ့ ကုသရယ် နင့်မျက်နှာကြည့်ရတာ စိတ်မချမ်းသာလိုက်တာ။
နင်မတန်မရာသွားမှန်းနေတာကိုးဟာ။ ”

“ကြည်ပြာရယ် နင်ပဲပြောလိုက်တော့ ငါပြောတာလဲဘယ်လိုမှပြောမရဘူး။ ဟိုမိန်းမက သူ့ကိုရှိတယ်လို့တောင်ထင်တာမဟုတ်ဘူး။ ငါပြောရင်လဲနာအုန်းမယ်။ ပီတိချိုမပြောနဲ့ သူ့ရုပ်ကြီးငါတောင်မကြိုက်ဘူး။”

“ဆောင်းသော်တာ နင်တော်တော့ဟာ။ ကုသကြီးသနားပါတယ်။
သူတကယ်ခံစားနေရတာဟ။ အချစ်ဆိုတာလုပ်ယူလို့ရတဲ့အမျိုး
လား။ ကုသကြီးမှာ ငွေကြေးပြည့်စုံတာနဲ့ စိတ်သဘောဖြူတာကလွဲလို့ ဘာမှမက်စရာမှမရှိတာ။ သူကိုက ပီတိချိုမှပီတိချိုဖြစ်နေတာ
ငါတို့လဲဘာမှမတတ်နိုင်ဘူး။ ”

မယ်သီတာတို့ကသာသူ့ဘက်ကမခံချင်လို့ ၀ိုင်းပြောနေကြပေမဲ့ သူကတော့ကြက်ကြီးလည်လိမ်ထားသလို ခေါင်းငိုက်စိုက်နဲ့ မျက်နှာကြီးလငပုတ်ဖမ်းထားသလို နဂိုမဲတာထက် ပိုပြီးမဲတူးနေတော့သည်။ သုံးနှစ်သုံးမိုးကြိုးစားပမ်းစားလိုက်ခဲ့ပေမဲ့ ကျောင်းပြီးတဲ့နှစ်မှာပဲ အေးပီတိချိုတစ်ယောက်သူ့ချစ်သူနဲ့ခိုးရာလိုက်ပြေးသွားတော့သည်။ စိတ်နုလွန်းတဲ့ မင်းသိုက်မွန် (မင်းကုသ)လေလွင့်ပြီး
အရက်သမားဘ၀ရောက်သွားခဲ့သည်။ မရောက်ခံနိုင်ရိုးလား။ မိန်းမမာယာသဲကိုးဖြာရယ်လို့ ဆိုရိုးရှိခဲ့သလိုပဲ အေးပီတိချိုတစ်ယောက်
မင်းကုသကိုမချစ်နိုင်ပါပဲနဲ့ သူလိုသမျှကိစ္စတိုင်းအသုံးချပြီးမျှော်
လင့်ချက်ပေးထားခဲ့တာကိုး။

××××××××××××××

အပိုင်း{၃}

“မင်းကုသရယ် နင် ဘာတွေလုပ်နေတာလဲ။ နင့်ဘ၀နင့်ဖျက်ဆီးနေတော့တာပဲ။ မိန်းမတစ်ယောက်အတွက်နဲ့ ဘ၀ပျက်ခံတာလူပျော့လူညံ့တွေအလုပ်ဟ။ နင့်ကိုမွေးထားတဲ့ မိဘတွေမျက်နှာလဲထောက်ပါအုန်းဟာ။ နင့်အမေက ငါနဲ့တွေ့တိုင်းငိုငိုနေတာ။ နင့်အမေ့အတွက်ပြန်ငဲ့အုန်းမှပေါ့။ သူ့အတွက်နင်ကတန်ဖိုးမရှိပေမဲ့ နင့်အမေအတွက်တော့ နင်ကရတနာတစ်ပါးပဲလေ။”

တချို့သူငယ်ချင်းတွေ ကျွန်တော့်ကိုဥပေက္ခာပြုကြသလို တချို့ရှောင်နေကြသည်။ မယ်သီတာကတော့ကျွန်တော့်အပေါ်စေတနာ
အပြည့်ထားကာပြုပြင်ပြောင်းလဲပေးခဲ့သည်။ အဖေနဲ့မကြာခဏပြဿနာတက်ခဲ့ပေမဲ့ အမေကတော့ကျွန်တော့်အပေါ်အပြစ်မမြင်
ပဲ ဖျောင်းဖျပေးမှုတွေကြောင့် ကျွန်တော်ဘ၀ပြန်ပြီးထူထောင်နိုင်ခဲ့သည်။ မယ်သီတာပြောသလိုပါပဲ အချိန်ကာလတစ်ခုကကျွန်တော့်ဘ၀ကိုအများကြီးကုစားပေးနိုင်ခဲ့သည်။

“သားလေးပြန်လာပြီလား။ ရေမိုးချိုးပြီးတော့အမေတို့နဲ့ထမင်းစားကြရအောင်။အဖေကလဲ ထမင်းစားဖို့စောင့်နေတာ သားကိုပြောစရာရှိလို့တဲ့။ ”

ကျွန်တော်နဲ့အဖေစကားမပြောတာ လအတော်ကြာနေခဲ့ပါပြီ။ ကျွန်တော်မိုက်လုံးကြီးခဲ့တာမို့ အဖေစိတ်ဆိုးနေခဲ့သည်။ အခုတော့အဖေစိတ်ဆိုးပြေပြီထင်ပါရဲ့။ မိဘတွေစောင့်နေတာမို့ ကမန်းကတန်းရေချိုးပြီး ထမင်းစားခန်းထဲ၀င်ကာ စားပွဲမှာ၀င်ထိုင်လိုက်သည်။ ကြက်သားဟင်းကိုခပ်ပြီးအဖေနဲ့အမေ့ကိုဦးချလိုက်ပြီး
ကျွန်တော့်ပန်းကန်ထဲခပ်ထည့်လ်ုက်သည်။ထမင်းစားနေရင်း အဖေဆီကစကားသံစထွက်လာသည်။

“မင်း အိမ်ထောင်ပြုဖို့မစဥ်းစားသေးဘူးလား သား။ အသက်သုံးဆယ်အရွယ်က မငယ်တော့ဘူးလေ။ အဖေကတော့ မယ်သီတာလေးကို မြင်နေတာ။ သားတို့ချင်းဘယ်လိုအနေထားလဲမသိပေမဲ့
အဖေနဲ့အမေကတော့ မယ်သီတာလေးကိုသဘောကျတယ်။ မိန်းမပီသပြီး သိက္ခာရှိတယ်။ မိဘအသိုင်း၀ိုင်းလဲကောင်းတယ်။သားတို့ချင်းလဲ အတော်ရင်းနီးနေကြပြီဆိုတော့ အဖေတို့ပြောတာစဥ်းစား
ကြည့်ပါလား။”

“ကျွန်တော် ဒီတိုင်းလေးပဲနေပါရစေ အဖေ။ မယ်သီတာက ကျွန်တော့်လိုလူကို သူကကြိုက်ပါ့မလားအဖေရဲ့။ ပြီးတော့ ကျွန်တော့်အကြောင်းအကုန်သိနေတာဆိုတော့ အဆင်ပြေနိုင်မယ်မထင်ဘူး။
သားတို့ချင်းက သူငယ်ချင်းတွေပါပဲ။ သူ့ဘ၀နဲ့သူ အေးဆေးနေပါစေ အဖေရာ။”

အဖေနဲ့အမေကအကြိမ်ကြိမ်နားချနေတာကြာတော့ မယ်သီတာအပေါ် စိတ်၀င်စားမှုရောက်လာတော့သည်။ သို့ပေမဲ့ ခဲမှန်ဖူးတဲ့စာသူငယ်လိုပါပဲ မယ်သီတာ့ကိုဖွင့်မပြောရဲခဲ့။ သူမ လိုအပ်တာလေး
အနားမှာရှိနေပြီးလုပ်ကိုင်ပေးရတာနဲ့တင် ကျွန်တော်ကျေနပ်နေမိသည်။ သူမမျက်နှာကြည့်ပြီးပြောမယ်စဥ်းစားတိုင်း ပီတိမျက်နှာပေါ်ပေါ်လာတတ်သည်။ ကျွန်တော် မယ်သီတာကိုတကယ်ချစ်ခဲ့တာဟုတ်ရဲ့လားလို့ အကြိမ်ကြိမ်အခါခါစဥ်းစားလဲ အဖြေကရေရာမှုမရှိခဲ့။ ပထမဆုံးချစ်ခဲ့မိတဲ့ အေးပီတိချိုကို မေ့မရနိုင်တာ ခက်နေတော့သည်။ တကယ်အသေချာသိလိုက်ရတာက အလုပ်ကိစ္စနဲ့နယ်ကိုတစ်လလောက်ထွက်ခွာသွားရချိန်မှ ကျွန်တော်မယ်သီတာမရှိပဲ
မနေနိုင်ဘူဆိုတာအသေချာသိခဲ့ရတာမို့ ပြန်ရောက်ရောက်ချင်းလက်ထပ်ခွင့်တောင်းခဲ့သည်။ ထူးဆန်းစွာပဲ မယ်သီတာကခေါင်း
ငြိမ့်လက်ခံခဲ့သည်။

×××××××××××××

အပိုင်း{၄}

ဒီလိုနဲ့ပဲ သူမနဲ့ကျွန်တော်တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်လို့မပြောပါပဲနဲ့ အိမ်ထောင်သည်ဘ၀ကူးပြောင်းခဲ့ကြသည်။

“ထမင်းဘူးထည့်ပေးထားပြီနော် သိုက်။ ငါစျေးသွားပြီးပြန်လာမှ ရုံးတက်တော့မယ်။ နင်သွားနှင့်လိုက်တော့။ ညနေလဲငါ ဆောင်းတို့နဲ့မုန့်စားကြအုန်းနှာမို့၀င်မကြိုနဲ့တော့ ။ ငါဘာသာပြန်လာခဲ့မယ်။ ”

“အေးပါ ဘဲနဲ့ချိန်းထားတာတော့မဟုတ်ဘူးမလား။ ”

” အခုမှသွားရှာမှာလေ။ ပူမနေနဲ့ နင့်လိုရုပ်ဆိုးကြီးတော့ မရှာဘူးစိတ်ချ။ ကိုးရီးယားမင်းသားလေးလို အရပ်ရှည်ရှည်ဖြူသန့်ပြီးအရမ်းချောတဲ့ ကောင်လေးပေါ့ နင့်လိုမျိုးညဘက်ထကြည့်ရင်
လန့်နေရတဲ့သူမျိုးမဖြစ်အောင်ပေါ့။”

“ဟာ အဲ့တာတော့နင်များသွာပြီ အဲ့ဒါဆိုညဘက်ကျငါ့ကို လန့်နေတာပေါ့။”

“အသေချာပဲလေ ဟားးးး”

ပြောရင်းနဲ့ ထွက်ပြေးသွားတဲ့သူမနောက်ပြေးလိုက်ကာ ပွေ့ဖက်ထားပြီးသူမပါးပြင်လေးက်ု နမ်းလိုက်မိသည်။

“လာခဲ့စမ်း လန့်နေတဲ့သူ မလန့်အောင်လုပ်ပေးရမယ်။”

သူမကကျွန်တော့်အပြုမူတွေကိုထူးဆန်းစွာကြည့်နေရင်း ရှက်ပြုံး ပြုံးနေရှာသည်။ အိမ်ထောင်သည်အမျိူးသမီး တစ်ယောက်ရဲ့လိုချင်တက်မက်မှုက ခင်ပွန်းသည်ရဲ့ ဂရုစိုက်ကြင်နာမှုဆိုတာ ကျွန်တော်နားလည်လာခဲ့သည်။ သာယာမှုတွေနဲ့အဆင်ပြေနေခဲ့တဲ့ကျွန်တော်တို့ရဲ့အိမ်ထောင်ရေးမှာ မုန်တိုင်းထန်တဲ့နေ့ရက်လေးတွေရှိလာခဲ့သည်။ ကျွန်တော်နဲ့မယ်သီတာတို့ သားလေးတစ်ယောက်ရခဲ့ကြသည်။ သားဖြစ်သူ သုတမောင် သုံးနှစ်လောက်အရွယ်မှာ ကျွန်တော်နဲ့ အေးပီတိတို့ပြန်ဆုံခဲ့ကြသည်။ တစ်ချိန်ကကျွန်တော်သိပ်ချစ်ခဲ့ရတဲ့ ကျွန်တော့်ရဲ့ကောင်မလေး အိမ်ထောင်ရေးပြိုကွဲပြီး
အဆင်မပြေဖြစ်နေတာ မြင်တွေ့ရတော့ ကျွန်တော်ကြည့်မနေနိုင်ခဲ့။
ဒုတိယအကြိမ်သူမအပေါ်ကျွန်တော့်စိတ်တွေ ကျူးကျော်မိခဲ့ပြန်သည်။ မယ်သီလေးမသိအောင် ပီတိ အဆင်မပြေမှု၊ လိုအပ်မှုတွေဖြည့်ပေးခဲ့မိသည်။ သူမဘ၀တွက်လိုအပ်နေတဲ့ ကွက်လပ်လေးဖြည့်ပေးရတာ သူရဲကောင်းတစ်ယောက်လို ကျွန်တော်ပျော်ပါးလာမိသည်။ သူမသည်သာ ကျွန်တော့်ဘ၀တွက် မျှော်လင့်ရာ၊ ပျော်ရွှင်မှုပေးနိုင်သူ၊ သူမရှိရင်ကျွန်တော့်ဘ၀အရာရာပြည့်စုံပြီလို့ တွေးမိနေခဲ့တာကို မှားနေကြောင်းသက်သေပြနိုင်ခဲ့တဲ့ မယ်သီတာ။ ကျွန်တော့်ဘ၀တစ်သက်တာမှာ နောင်တတွေထွေးပိုက်ပြီး အပြစ်ရှိတဲ့လူသားတစ်ယောက်လို သိမ်ငယ်မှုမရှိစေပဲ ခွင့်လွှတ်နားလည်မှုပေးနိုင်ခဲ့တဲ့အမျိုးသမီး။ လောကနိယာမအရ သိပ်ကိုလှပြီးအရာရာ
ပြည့်စုံတဲ့ မယ်သီ့လိုလူမျိုးက ကျွန်တော့်အပေါ်ဖောက်ပြန်သွားတယ်လို့ ဖြစ်နေရမှာမဟုတ်လား။ အခုတော့ အကျည်းတန်ရုပ်ဆိုးပြီး သိပ်လှ၊ သိပ်ထက်မြတ်တဲ့မိန်းမကိုပိုင်ဆိုင်ထားသူက ဖောက်ပြန်သတဲ့လား။ သားလေးလူမမယ်အရွယ်မှာ အပင်ပမ်းခံပြီးထိန်းကျောင်းနေရတဲ့သားလေးကို ပစ်ထားခဲ့ပြီး သူတစ်ပါးမလိုချင်လို့ပစ်ထားးခဲ့တဲ့အနွမ်းပန်းကို ကောက်ယူနမ်းဖို့ ကျွန်တော်ခြေလှမ်းစနေခဲ့မိသည်။

×××××××××××××××

ဇာတ်သိမ်း

ငယ်ကအချစ်ဦး မြေးဦးရတာတောင် မမေ့ဘူးဆိုတဲ့စကား သိပ်မှန်ခဲ့သည်။ မိုက်လုံးကြီးတဲ့ကျွန်တော် ပီတိချိုဘ၀ထဲခုန်ဆင်းဖို့ ဆုံးဖြတ်ချက်ချပြီး ကြံစည်နေတာ ကြိုသိနေပေမဲ့ မသိကျိုးကျွံပြုပြီး အပြုံးမပျက်နေပေးခဲ့သည်။ ဘာမှမသိသလို အမူယာနဲ့ဟန်ဆောင်နေပေးပြီး ခြေလှမ်းတွေပျက် ညဘက်အိမ်ပြန်မအိပ်လဲ အပြစ်မပြော၊ ၀တ္တရားမပျက်နေပေးခဲ့သမျှ စကားတစ်ခွန်းနဲ့သူမ
အနိုင်ပိုင်းသွားခဲ့သည်။

“ငါတို့ လမ်းခွဲကြရအောင်လို့ အားမာန်အပြည့်နဲ့တောင်းဆိုလိုက်ချင်တယ် သိုက်။ နင့်ရင်ထဲရှိနေခဲ့တဲ့ အချစ်တစ်ခုကိုငါမမြင်ခဲ့လို့ နင့်ကမ်းလှမ်းမှုကိုလက်ခံခဲ့မိတာ ငါ သိပ်နောင်တရမိတယ်။ လိုချင်တာမရခဲ့တဲ့ နင့်ကိုကြည့်ပြီးသနားစိတ်၀င်ခဲ့မိတာ။ အနေတွေကြာလာတာနဲ့အမျှ သံယောဇဥ်တစ်ခုနဲ့ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ခဲ့မိတာ ငါတကယ်မှားခဲ့တယ် ကုသရယ်။ ငါ့လောက်နင့်အပေါ်နားလည်ပေးနိုင်တဲ့သူ လောကမှာမရှိနိုင်တော့ဘူးလို့ ငါထင်ထားခဲ့တာ ငါသိပ်မှားသွားခဲ့ပြီ။ နင်ပျော်မဲ့ဘ၀မှာနင် သွားနေပါလို့ ငါ လက်လွှတ်ပေးလိုက်ချင်ပေမဲ့ သားလေးကြောင့် နင့်ကိုငါဆွဲထားပါရစေ သိုက်ရယ်။ ငါ တောင်းပန်ပါတယ် ငါတို့သားအမိအတွက်နင်လိုအပ်တယ် နင်ရှိနေပေးပါ ငါ နင်တို့နှစ်ယောက်ပတ်သက်မှုကို မသိချင်ယောင်ဆောင်ပေးပါ့မယ်။ ငါတို့ကိုထားခဲ့ပြီးအိမ်ထောင်သစ်မထူပါဘူးလို့ကတိပေးပါ သိုက်။ အဲ့ဒီတစ်ခုတော့ ငါ့ ဘ၀အတွက်နင်လုပ်ပေးပါ။ဒါမှမဟုတ်ရင်တော့ နင်နဲ့ငါ ရာသက်ပန်လမ်းခွဲကြရအောင်။”

ကျွန်တော်ရဲ့ဖောက်ပြန်မှုသိနေခဲ့တာတောင် သူမ မသိယောင်ဆောင်ပြီး နေပေးခဲ့သည်။ သူမရင်ထဲကနာကျင်ရသမျှတွေ မြိုသိပ်ထားခဲ့ပြီး သားလေးရှေ့မှာအပြုံးတုတွေဖန်တီး၊ ဘာမှမဖြစ်သလိုဟန်ဆောင်နိုင်ခဲ့တာ အံ့သြယူခဲ့ရသည်။ သူမကျွန်တော့်ကိုမချစ်ခဲ့တာလားလို့ သံသယ၀င်ခဲ့သော်လည်း သူမအပြုမူတွေ၊ ဂရုစိုက်မှုတွေက ခံစားရသမျှအစစ်တွေကြီးဆိုတာ ကျွန်တော်သိနေခဲ့တာမို့
မယ်သီတာကိုကြည့်ပြီး သနားပိုခဲ့မိသည်။ မကြာလိုက်တဲ့အချိန်မှာပဲ ဇာတိပြလာတဲ့ ပီတိ။ နောက်ယောင်္ကျားတစ်ယောက်နဲ့ ငြိစွန်းခဲ့ပြန်သည်။ အသိနဲ့သတိမကပ်နိုင်ခဲ့တဲ့ကျွန်တော်က အသုံးချခံသက်သက်ပဲဆိုတာ အချိန်ကုန်မှနောင်တရတဲ့အဖြစ်။ မယ်သီတာပြောခဲ့တဲ့စကားသိပ်မှန်ခဲ့သည်။” မိန်းမတစ်ယောက်ရဲ့အိမ်ထောင်ရေးကံနဲ့သားသမီးကောင်းတဲ့ကံဆိုတာက ဆုတောင်းလို့လဲမရ၊ ရွေးချယ်လို့လဲမရနဲ့သိပ်ကြောက်စရာကောင်းတာ။ ငါတော့လောဘမကြီးပါဘူး။ ချမ်းသာသာ၊ ဆင်းရဲရဲ ကိုယ်လက်တွဲထားတဲ့
အိမ်ထောင်ဖက်နဲ့သစ္စာရှိစွာ အိုမင်းတဲ့အထိအတူရှိခွင့်၊ မြတ်နိုးခွင့်ရရင် သေပျော်ပါပြီတဲ့” လေ။ ကျွန်တော်သူမရဲ့ နာကျင်မှု၊ ၀မ်းနည်းမှု၊ စိတ်ပင်ပမ်းမှုတွေကို ကျွန်တော့်ရဲ့ခိုင်ကြည်တဲ့သစ္စာရှိမှုနဲ့ သက်သေပြနိုင်ခဲ့ပါပြီ။ အဲ့ဒီနေ့ကစ မယ်သီ့အပေါ်မှာ သူတကာထက်သာလွန်တဲ့ ချစ်ခြင်း၊ ကြင်နာခြင်းတွေပေးဖြစ်ခဲ့သည်။ သူမလိမ်မာပါးနှပ်ပုံက ကျွန်တော့်ရဲ့အပြစ်မှန်သမျှမရှိခဲ့သလို ဘယ်သောအခါမှ အစမဖော်ခဲ့ခြင်းပါပဲ။သာမန်မိန်းမတွေမပေးနိုင်တဲ့ ခွင့်လွှတ်နားလည်ပေးနိုင်မှုက ယောင်္ကျားတစ်ယောက်ရဲ့အသဲကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ရဲ့မင်္ဂလာသက်တမ်းငွေရတုတိုင်ခဲ့ပါပြီ။

ရှုပ်ထွေးပွေလီလွန်းတဲ့ လူ့လောကကြီးမှာ သွေးသားမတော်စပ်တဲ့လူသားနှစ်ယောက်သဟဇာတဖြစ်ဖို့ခဲယဥ်းလှသည်။ ကျွန်တော်ကတော့အမှားကြားကအမှန်ပြုပြင်ရင်း ချစ်ဇနီးအပေါ်အကြိမ်ကြိမ်ကျေးဇူးတင်ရင်း သေသည်ထိနားလည်မှုတွေနဲ့ ရှေ့ဆက်နိုင်ခွင့်ရပါစေလို့ ဆုတောင်းခဲ့ရသည်။ တန်ဖိုးရှိလှတဲ့ကျွန်တော့်ရဲ့ ချစ်ဇနီးရဲ့အပြုံးက ခန်းမတစ်ခုလုံးမှာ အတောက်ပဆုံးဖြစ်နေခဲ့သည်။ တစ်သက်မှာတစ်ခါ မှားခွင့်ရှိကြသလား။ ခွင့်လွှတ်နိုင်ကြသလား။ ကျွန်တော်မမေးရဲခဲ့ဘူး။ သေချာတာက ဘယ်မိန်းမမှ ခွင့်မလွှတ်နိုင်တဲ့ ခွင့်လွှတ်မှုရခဲ့လို့ပါ။ ခွင့်လွှတ်နားလည်မှုတွေနဲ့ သေတဲ့ထိရှေ့ဆက်နိုင်ကြဖို့တောင်းဆုပြုပါတယ် မယ်သီတာ။

သူ့ရင်ထဲကတောင်းဆုတွေ ကျွန်မလဲထပ်တူတောင်းဆိုမိနေတာပါ။
မိန်းမသားတွေအမုန်းဆုံးက သစ္စာမဲ့မှုဆိုပေမဲ့ တခါလေမသိချင်ယောင်ဆောင် ခွင့်လွှတ်သည်းခံပေးလိုက်မှုတွေက ကြီးမားတဲ့သစ္စာတရားကိုပြန်ပြီးရရှိစေခဲ့ပါတယ်။ အိုမင်းတဲ့ထိ သစ္စာရှိစွာ ပေါင်းသင်းနိုင်တဲ့
အိုမင်းဖော်လေးတွေ ရကြပါစေ။

ကြယ်စင်/ လားရှိုး

3-1-24