အောက်လမ်းဘိုးထင်နှင့်မသေဆေး(စ/ဆုံး)

Unicode Version

အောက်လမ်းဘိုးထင်နှင့်မသေဆေး(စ/ဆုံး)
———————————
မောင်ဘိုးထင်တယောက် မိကျော့တို့ နှင့် အတူ အရီးပျို၏ အိမ်သို့ ဟင်းပို့လိုက်သွား၏၊ အရီးပျို၏ အိမ်ထဲ ရောက်သည် အထိ အမြဲ တစာစာညံစီနေတတ်သော အရီးပျို၏ အသံသည်က မကြားရချေ။ မိကျော့သည် အိမ်အောက်ရောက်သည့်တိုင် လူရိပ်လူရောင် မတွေ့သောအခါ
“အရီးပျို အရီးပျို ”
“အေး မိကျော့ အမေက နေမကောင်းလို့ လှဲနေတယ် အိမ်ပေါ်တက်ခဲ့ ”
“‌ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုကြီးမင်းနောင် ”
အရီးပျို၏သား ပေပင်ရွာလေး၏ ပြဇာတ်မင်းသားဖြစ်သူ မင်းနောင်၏ စကားသံကြောင့် မိကျော့၊လှရင်၊ မယ်လှ နှင့် မောင်ဘိုးထင် တို့ အိမ်ပေါ်သို့ တက်လိုက်ကြသည် ။ အိမ်ပေါ်သို့ ရောက်သောအခါ ဘေးတစောင်းလှဲနေသော အရီးပျိုအား တွေ့လိုက်ရပြီး ဘေးတွင် သူမနှင့် မတည့်အတူနေ တဦးတည်းသောသားဖြစ်သူ မင်းနောင်မှ နှိပ်နယ်ပေးနေသည် ။ မောင်ဘိုးထင် တို့ ရောက်ချိန်တွင်တော့ အရင်ကကဲ့သို့ သွက်သွက်လက်လက်နှင့် အရီးပျို စကားမဆိုနိုင်တော့ပေ ။ သူ၏သားတော်မောင်ကို လည်း အော်ငေါက်ခြင်းအမှု မပြုနိုင်တော့ပေ။အိပ်ယာလေးထဲ တွင်သာ ဇရာမှ ပေးသော ဗျာဓိကို ခံစားနေရရှာလေသည် ။ မောင်ဘိုးထင်တို့ ရောက်နေသည်ကို သတိထားမိဟန် ရှိသော အရီးပျိုသည် အိပ်ရာ ထဲ မှ တချက်ပြုံးပြလိုက်ပြီး သူမ၏ သားအားကြည့်နေလေသည် ။ထိုအခါ မင်းနောင်သည် မိခင်ကြီး၏ အကြည့်ကို နားလည်စွာဖြင့် ခေါင်းကို ညိတ်လိုက်ပြီး
“မိကျော့တို့ လှရင်တို့ ဘာကိစ္စရှိလို့လဲ ”
“အရီးပျို နေမကောင်းဘူးဆို‌လို့ တည့်မယ် ထင်တဲ့ ဓာတ်စာ လေးတွေ လာပို့တာပါ ”
“အော် အေး အေး အမေက အသက်ကြီးလာလို့ထင်ပါတယ် ဟာ ခုရက် တရှောင်ရှောင် ဖြစ်နေတာ ”
“ကိုကြီး မင်းနောင် ဘာတွေ လုပ်စရာ ရှိလဲ ကျမတို့ ကူလုပ် ပေးခဲ့မယ် ”
“ရတယ် ရတယ် ”
“အိုး အားနာစရာ မရှိပါဘူးတော်၊တရွာထဲသားချင်းတွေပဲ အရီးပျို ရဲ့ အဝတ်တွေ လျှော်စရာ ရှိတယ် မဟုတ်လား ကျမတို့ လျှော်လိုက်မယ် ”
မယ်လှလေးသည် အရီးပျို ရဲ့အဝတ်များအား ရှာဖွေယူကာ လှရင်နှင့် အိမ်အောက်သို့ ဆင်းသွားသည်။မိကျော့သည်က မီးဖိုချောင်ဖက်သို့ ဝင်သွားပြီး ထမင်း၊ဟင်း ချက်ဖို့ ပြင်ဆင်နေလိုက်သည် ။အရီးပျို၏ ဘေးတွင်တော့ မင်းနောင်နှင့်မောင်ဘိုးထင်တို့ နှစ်ယောက်သာ ကျန်နေလေ၏ ။ထိုအခါ မင်းနောင် မှ မောင်ဘိုးထင်အနားသို့ ကပ်လာကာ
“ဘိုးထင် ငါ ငါဘယ်လို လုပ်ရမလဲ ”
“ဘာဖြစ်လို့လဲ ကိုကြီး မင်းနောင် ”
“ငါ့အမေ ကျန်းမာရေးမကောင်းတာ အတော်ကြာနေပြီကွ ဆေးရုံဆေး ခန်း သွားမယ်လို့ ပြောပြန်တော့လည်း ဘယ်မှ မသွားချင်ဘူး သေခဲ့ရင်တောင် သူ့အိမ်၊သူ့ရွာမှာ ပဲ ခေါင်းချမယ်တဲ့ကွာ ငါဘာလုပ်ရမလဲ ပြောပါဦး ”
မင်းနောင်သည် အသံ ခပ်အုပ်အုပ် နှင့် မောင်ဘိုးထင်အား စကားဆိုလာလေ၏။ထို့ကြောင့် မောင်ဘိုးထင်သည် အရီးပျိုကို သေချာကြည့်လိုက်မိသည် ။
“အရင်က တခုခု ဆိုစိတ်မြန်လက်မြန် ရှိသော အရီးပျိုမှာ အိပ်ယာထဲ လှဲနေရ၍ စိတ်မကြည်မသာ ဖြစ်နေဟန်ရှိသည်။ လူကြီးများသည်က ပြောရ‌ခက်ပေသည်။အစွဲအလမ်း မှာ အင်မတန်ကို လွန်းကဲလွန်းလှပေသည်။ကိုယ့်အိမ် ကိုယ့်ယာ ကိုယ်ပိုင်ဆိုင်ခဲ့သည်အရာများရှိသော နေရာတွင်သာ နောက်ဆုံးထွက်သက်ကို အဆုံးသတ်ချင်ကြသည်။သူတို့ စွဲလန်းသည်ကိုလည်း အပြစ်တော့ မမြင်လိုပေ။ခက်ခဲ၊ပင်ပန်းစွာ ကြိုးစားရုန်း ကန်ကြရသည် မဟုတ်ပါလား ။ မင်းနောင်၏ မိခင်ကြီး အရီးပျို ဆို သာ၍ပင် ပင်ပန်းဆင်းရဲ ပေဦးမည်။အဘယ်ကြောင့်ဆိုသော် ယောက်ကျာ်းဖြစ်သူ စောစောဆုံးပါးသွား၍ လူမမယ် ကလေးတယောက် နှင့် ရုန်းကန်လာခဲ့ရ သောကြောင့်ဖြစ်၏ ၊၊တပင်လဲ မူ တပင်ထူ ဆိုသော ရှေးစကားကို ပယ်ရှားကာ ပထွေးသည် ဆယ်ယောက်တယောက်သာ ကောင်း၏ ဟုတွေးပြီး သားဖြစ်သူအား ပထွေးဖြင့် မနေစေလိုသောအကြောင်း ကြောင့်လည်း နောက်ထပ် အိမ်ထောင် မပြုခြင်းဖြစ်သည် ၊၊ ယခုတွင်တော့ လောကဓံကို ခါးစောင်းတင်လာသော မုဆိုးမကြီး အရီးပျိုသည် အိပ်ယာထဲတွင် အားမတန်လို့ မာန် လျော့နေသောဟန် ဖြင့် လှဲအိပ်နေလေသည်။ ထိုအဖြစ် ထိုမြင်ကွင်းအား အမေတခုသားတခုဖြစ်သော မင်းနောင်မှာ လုံးဝ မမြင်လိုပေ။ သူ၏ မိခင်ကြီး သူ့အား ထားရစ်ခဲ့လျှင်ဟူသော အတွေး တစလေးကပင် သူ့ရင်အား စို့နင့် နေစေသည်။၊ မင်းနောင် နှင့် မောင်ဘိုးထင် သည် အတွေးကိုယ်စီ နှင့် တယောက် တယောက် မည်သည့် စကားမှ မပြောပဲ ရှိနေစဉ် မယ်လှသည် အိမ်ပေါ်သို့ ပြန်ရောက် လာလေသည် ၊၊ မယ်လှကို မြင်သော မင်းနောင်သည်
“မယ်လှ ”
“ရှင့် ”
“နင် ငါ့အမေကို ခဏစောင့်ပေးစမ်းပါ ငါနဲ့ ဘိုးထင် လုပ်စရာလေးရှိလို့ အိမ်အောက် ခဏ သွားလိုက်ဦးမယ် ”
“ရတယ် ရတယ် အမလှရင်လည်း အဝတ်လျှော်လို့ ပြီးပြီဆိုတော့ ကျမတို့ စောင့်လိုက်မယ်”
“အေးပါ ”
ထို့နောက်မင်းနောင်သည် မောင်ဘိုးထင်ကို ကြည့်ကာ
“ကဲ ဘိုးထင် ‌ငါ့နောက်ခဏ လိုက်ခဲ့ ဦးကွာ ”
“ဟုတ်ကဲ့ ကိုကြီး မင်းနောင်”
မင်းနောင်သည် ထိုင်နေရာမှာ ထပြီး အိမ်အောက် သို့ ဆင်းသွားလေသည်။ မောင်ဘိုးထင်သည် လည်း မင်းနောင် နောက်သို့ ချက်ခြင်းထကာ လိုက်သွားပါလေတော့ သည် ။
◾အခန်း (၂)
မင်းနောင်သည် သူ၏ အိမ် နှင့် မလှမ်းမကမ်းရှိမန်ကျည်းပင်ကြီးအောက်တွင် ခြေပစ်လိုက်ပစ်ထိုင်လိုက်သည် ၊၊ သူ့ကြည့်ရသည်မှာ အတော်ကို စိတ်ဓာတ်ကျနေဟန်လည်းရှိသည် ။ မောင်ဘိုးထင်သည် မင်းနောင်ကို ကြည့်ကာ
“ကိုကြီးမင်းနောင် ဘာတွေ ဖြစ်ပျက်နေတာလဲ ”
“အဲ့တာ ကိုပဲ မင်းကို တိုင်ပင် ချင်လို့ ကွာ ”
“အကိုကြီး မင်းနောင်ကို ကြည့်ရတာ တကယ်ကို စိတ်မချမ်းသာဘူးဗျာ ”
မောင်ဘိုးထင်သည် မင်းနောင်ကို ကြည့်ပြီး သူ၏ စိတ်ထဲ ရှိသည့်အတိုင်းပြောလိုက်ခြင်းဖြစ်သည် ။အရင်က ပြဇာတ် မင်းသား မင်းနောင်သည် သိုင်းပညာကို အတော်ကို စိတ်ဝင်စားကာ အမြဲ သိုင်းလေ့ကျင့်နေသူဖြစ်ပြီး ရပ်ထဲ ရွာထဲ တွင်လည်း ပျော်ပျော် ရွှင်ရွှင်နေတတ်သူဖြစ်၏၊ ယခုတွင် တော့ အရင်က ပုံစံ နှင့် ခြားနားစွာ ရှိနေလေ၏ ။ မင်းနောင် သည် သက်ပျင်း တချက်ကို ချကာ
“ဘိုးထင် ငါ့ကို တခုကူညီကွာ ”
“ပြော ကိုမင်းနောင် ကျုပ်ဘာကူညီရမလဲ ”
“ငါ့ကို ရွာထဲက လူတချို့ပြောဘူးတယ် ပညာသည်တွေက မသေဆေး ရှာတတ်တယ်လို့ပြောတယ် မင်းငါ့ကို မသေဆေးရှာပေးပါလားကွာ ငါ့အမေ သေလို့မဖြစ်ဘူးကွ ”
“ဗျာ အဲ့တာကတော့ ကျုပ်”
“မငြင်းပါနဲ့ကွာ ငါ့အမေကို ဆေးဆရာကြီးကပြောတယ် အခြေအနေသိပ်မကောင်းဘူးတဲ့ ကွ ဆေးရုံတင်ခိုင်းတယ် ဒါပေမဲ့ အမေက မသွားဘူးကွာ အဲ့‌‌ဒီတော့ ငါ့ကို မသေဆေးရှာပေးပါကွာ ငါလည်း လိုက်ပါမယ် ”
“ဟို လေ ကျုပ်”
“လုပ်ပါကွာ ငါတောင်းပန်ပါတယ်၊ငါရှိခိုးတောင်းပန်ပါတယ် ငါ့ကို ကူရှာပေးပါ ”
မင်းနောင်သည် မောင်ဘိုးထင်အား ထိုင်နေရာမှာ လက်အုပ်ချီ ပြီးစကားဆိုနေလေရာ ‌မောင်ဘိုးထင် လက်အုပ်ချီနေသည့် မင်းနောင်အား ထူလိုက်ပြီး
“ဟာ အဲ့လို ကြီးတော့ မလုပ်ပါနဲ့ ဗျာ ဘာပဲဖြစ်ဖြစ် ကျုပ်ကူညီမယ် ”
“မင်း တကယ်ပြောတာ နော် ”
“တကယ်ဗျာ စိတ်ချ အခုတော့ ကိုမင်းနောင် အိမ်ကို ပြန်လိုက်ဦး ပြီးတော့ အရီးပျိုကို ‌စောင့်ဖို့ စီစဉ်ပေးလိုက်။ကျုပ်လည်း မသေဆေးရှာ ဖို့ အစီအစဉ်ချလိုက်ဦးမယ် ”
“အေးအေး အဲ့တာဆို မနက်ဖြန်သွားမယ်ကွာ နော် ”
“အင်းပါဗျာ စိတ်ချ သွားကြတာပေါ့ ”
ထို့နောက် မင်းနောင်သည် မောင်ဘိုးထင်ကို နှုတ်ဆက်ကာ သူ၏ အိမ်သို့ ပြန်သွားလေသည် ။ မောင်ဘိုးထင်သည် သူ့အား ကျောခိုင်းပြီး အိမ်ပြန်သွားသော ကိုမင်းနောင်ကို ကြည့်ကာသက်ပျင်းချလိုက်ပြီး မိခင်ဖြစ်သူ နှင့် သေကွဲခွဲရမည့် အရေးအား အင်မတန်ကြောက်လန့် နေဟန်ရှိသည်။ထို့ကြောင့် ကြားဖူးနားဝ စကားများဖြစ်သည့် သူ၏ အားကိုးရာ ပညာသည် ဖြစ်သော ဘိုးထင်အား နောက်ဆုံးကောက်ရိုး တမျှင် အဖြစ် ဆွဲယူနေခြင်းဖြစ်မည်ဟု မောင်ဘိုးထင် သိထား၏။ထို့ကြောင့် ကိုမင်းနောင်၏ နောက်ဆုံး မျှော်လင့်ချက်လေးအား ဟုတ်သည် ဖြစ်စေ၊မဟုတ်သည် ဖြစ်စေ ကြိုးစားကြည့်မည်ဟုတွေးကာ သူ၏ အပေါင်းသင်းများဖြစ်ကြသာ သာအေးတို့ အား ခေါ်ရန် ထွက်ခွာသွားပါလေတော့သည်။
◾အခန်း (၃)
မောင်ဘိုးထင်၊ပေတူး နှင့် သာအေးတို့သည် ဦးအုန်း၏ အိမ်ရှေ့တန်းလျားတွင် ထိုင်နေသည် ။သူတို့၏ မျက်နှာများသည်က ပျော်ရွှင်မနေပါ။ ထိုနောက် ဦးအုန်း အိမ်ပေါ်မှ ဆင်းလာသော အခါ မောင်ဘိုးထင်သည်
“အဘ ထိုင်ပါဦးဗျ ကျုပ် မေးစရာရှိလို့ပါ ”
“အေး မေးကွာ ”
“မသေဆေးဆိုတာ တကယ် ရှိလား ဗျ”
“ဟိတ်ကောင်လေး မင်း ဘာတွေမေးနေတာလဲ လောကမှာလူရယ်လို့ ဖြစ်လာရင် အားလုံး သေရမှာပဲလေ မသေဆေးဆိုတာရှိမယ် လို့ မထင်ပါဘူး ”
“အဘ ရှိလောက်မဲ့ နေရာလေးတွေ ရှိရင် ပြောပြပါလားဗျာ ”
“ဟဲ့ကောင်ရ ရှိမယ် မထင်ပါဘူးဆိုတာကို ငါက ဘယ်လို ဆက်ပြောရမှာ လဲ ”
“မရှိဘူးဆိုရင်တောင် ကျုပ်တို့က တော့ ရှာရဦးမယ် အဘ”
“မင်းတို့ကောင်တွေ ဘာအရူးထ ပြန်ပြီလဲ”
“အရူးထတယ် မဟုတ်ပါဘူဗျာ အရီးပျိုရဲ့ သား ကိုမင်းနောင် နဲ့ တူတူ မသေဆေး အရှာခရီး ထွက်မလို့ပါ ”
“ဟိတ်ကောင် မရှိလောက်မဲ့ ဆေးကို ဘာလို့ ပင်ပန်းခံပြီး လိုက်ရှာ မှာလဲ ကွ ”
“မရှိဘူးလို့လည်း အဘ သေချာ မပြောနိုင်ဘူး မဟုတ်လား ကျုပ်တို့ကတော့ မျှော်လင့်ချက်တွေနဲ့ ကိုမင်းနောင်ကို ကူညီရဦးမယ် ”
“မင်းပြောတာ ငါနားမလည်ဘူးကောင်လေး ”
ဦးအုန်း နားမလည်စွာ နှင့် မောင်ဘိုးထင်ကို ကြည့်နေစဉ် သာအေးမှ ဦးအုန်းအား စကားဆိုလာလေသည် ။
“ဘကြီး ကိုမင်းနောင်ကြီး က သူအမေကို မသေစေချင်သေးဘူးတဲ့ ဗျ”
“ငါတို့ တရွာလုံးကလည်း မသေစေချင်ပါဘူးကွာ ”
“ကိုမင်းနောင်ကြီးကတော့ တခြားသူတွေ ပြောတာကို အတည်ယူပြီး မသေဆေးရှိတယ် ထင်နေတာ ဘကြီးရာ ”
“ဒီကောင် ဘယ်လို ဖြစ်တာလဲမသိဘူး ”
“မသိပါဘူးဗျာ ကျုပ်တို့လည်း ဘိုးထင်ပြောလို့ သိတာ ဘိုးထင် ကတော့ ကိုမင်းနောင်ကြီး စိတ်ချမ်းသာအောင် မသေဆေး ကူရှာ ပေးမယ် ပြောထားတယ် တဲ့ ဘကြီးအဲ့တာ ကျုပ်တို့တွေ မနက်ဖြန် ခရီး ဆက်ကြရမယ် ”
“မင်း တို့က ဘယ်တွေ သွားပြီး ရှာကြမှာလဲ မရှိနိုင်လောက်တဲ့ အရာကို ဘာလို့ရှာ နေမှာလဲ ကွာ ”
ဦးအုန်းမှာ ထိုသို့စကားကို ပြောသောအခါ တချိန်လုံး ငြိမ်ပြီး တန်းလျားပေါ်တွင် ထိုင်နားထောင်နေသော ပေတူးသည် ဦးအုန်းကို စူးစိုက်ကြည့်ကာ
“ဘကြီး ကျုပ်တို့ ချစ်တဲ့ မိဘတွေ ဆုံးရှူံရတော့မဲ့ ခံစားချက်ကို နားလည်ပေးပါ ”
“အေးပါ ပေတူးရယ် ငါနားလည်ပါပြီ ငါက မင်းတို့ ပင်ပန်းမှာ စိုးလို့ပြောမိတာ ပါ ”
“မပင်ပန်းပါဘူးဘကြီးရာ အခုချိန်မှာ အပင်ပန်းဆုံး ဖြစ်နေလောက်တဲ့ ကိုမင်းနောင်ကြီးလောက် ကျုပ်တို့ မပင်ပန်း လောက်ပါဘူးဗျာ ”
“အေးပါကွာ ငါ တခု အကြံ ပေးပါရစေ ”
ဦးအုန်း၏ အကြံပေးပါရစေဆိုသော စကားကြောင့် မောင်ဘိုးထင် တို့ ဦးအုန်းထံ အာရုံစူးစိုက်လိုက်ကြပြီး ဦးအုန်းမှ
“ကောင်လေးတွေ ရိုးမတောနက်ထဲက တချို့ မြိုင်တွေမှာ တပဿီတွေ ရှိတယ် မင်းတို့ သူတို့ကို လိုက်ရှာ ပြီး အကူအညီတောင်းကြည့်ပေါ့ ”
“တပဿီဆိုတာ ဘာကိုပြောတာ လဲ အဘ ”
“ငါအထင်တော့ ကျင့်စဉ် ကျင့်နေတဲ့ လူတွေလားပဲ သိထားတယ် ကျန်တာ ငါလည်း မသိဘူး ”
“လမ်းစတော့ရပြီ အဘ ကျုပ်တို့ မသေဆေး ရအောင်ရှာခဲ့မယ် ပြီးရင် အရီးပျို ကို တိုက်မယ် ကိုမင်းနောင်ကြီးကို အရင်လို ပျော်ပျော် ရွှင်ရွှင် ပြန်နေခိုင်းမယ် ”
“မင်းတို့ တွေးထားသလို ဖြစ်လာပါစေလို့ ငါဆုတောင်းပါတယ်ကွာ ဒါနဲ့ သာရ မပါဘူးလား ”
“ကိုသာရ ကိုတော့ မခေါ်တော့ဘူးအဘ သူ့ကို ကိုဖိုးထွေးကို စောင့်ရှောက်ဖို့ မှာထားတယ်။ကိုဖိုးထွေးဒဏ်ရာက အရှင်းပျောက် သေးတာ မဟုတ်ဘူး ”
“ကောင်းပါတယ်ကွာ အဲ့တာဆို မင်းတို့ တွေ သွားဖို့ လာဖို့ ပြင်ဆင်လိုက်ကြဦး ငါလည်း မပျို ဆီ လူနာ သွားမေးလိုက်ပါ ဦးမယ် ”
ဦးအုန်းသည် မောင်ဘိုးထင်တို့ကို မှာ ကြားစရာရှိတာများ မှာကြားပြီးနောက် ထွက်သွားလေသည်။ထို့နောက် မောင်ဘိုးထင်သည် ပေတူးအား
“ကဲ ပေတူး မင်းက မနက်ဖြန် ခရီးထွက်မဲ့အကြောင်း ကိုမင်းနောင်ကို သွားပြောချေ ”
“အေးအေး ဘိုးထင် ”
“ငါတို့က မနက်ဖြန် ခရီးထွက် ဖို့ လိုအပ်တာတွေ ပြင်ဆင်လိုက် ဦးမယ် ‌”
ပေတူးသည် မောင်ဘိုးထင် စကားဆုံးသည် နှင့် ဦးအုန်း၏ အိမ်ဝိုင်းထဲမှ ထွက်ခွါသွားပါလေတော့သည်။
◾အခန်း (၄)
ပေပင်ရွာ၏ အာရုံတက်ချိန်တွင် ဖြစ်သည်။အောင်သန်း နှင့် မောင်မြင့်သည် အိပ်ချင်မူးတူးဖြင့် ရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာ နေသည် ။သူတို့ သွားနေသော အိမ်မှာ အရီးပျို၏ အိမ်သို့ ဖြစ်သည်။ကိုမင်းနောင်၏ တောင်းဆိုမှုကြောင့် နောက်နေ့ကစပြီး သူတို့သည် အရီးပျို အိမ်တွင် စောင့်ပြီး အိပ်ရတော့မည်ဖြစ်သည် ။နေ့လယ်ပိုင်းတွေတော့ မိကျော့၊လှရင် နှင့် ဝင်းကြည်တို့ မိန်းမပျို လေးများအလှည့်ကျ အရီးပျိုအား ‌ စောင့်ရှောက်ကြမည်ဖြစ်သည် ။ ပေပင်ရွာလေးတွင် တဦးကို တဦးစောင့်ရှောက်ခြင်းမှာ ရွာဓလေ့ ရပ်‌ဓလေ့ပင် ဖြစ်သည်။ အောင်သန်း နှင့် မောင်မြင့် အရီးပျိုအိမ်ထံ ရောက်သွားချိန် မောင်ဘိုးထင်တို့ လည်း ရောက်ရှိနေပြီ ဖြစ်သည် ။သူတို့သည် စပါးအိတ်များထဲ သို့ ပစ္စည်းပစ္စယ များ ထည့်ထားကြပြီး အရီးပျို၏ အိမ်ရှေ့ တန်းလျားတွင် ထိုင်နေသည် ။သူတို့သည် အောင်သန်းတို့ နှစ်ယောက်အား မြင်သော အခါ
“ဟေ့ကောင်တွေ အခုထိ အိပ်ချင်နေတုန်းလား ”
“မဟုတ်ပါဘူး ဘိုးထင်ရာ ”
“သွားသွား အိပ်ပေါ်တက်တော့ မင်းတို့ကို ကိုမင်းနောင် စောင့်နေတယ် ”
“အေးအေး ”
“အေး မနေနဲ့ အရီးပျိုကို သေချာဂရုစိုက်နော်”
“အေးပါကွာ ငါတို့ တင်မကပါဘူး တခြားသူတွေလည်း လာကြမှာပါကွာ ”
အောင်သန်း နှင့် မောင်မြင့် အိမ်ပေါ်သို့ တက်သွားပြီး အိမ်ပေါ်ရောက်သောအခါ ကိုမင်းနောင်သည် သူ၏ မိခင်ကြီးအား ဦးချ ကန်တော့နေသည်ကို ရေနံဆီ မီးခွက်အလင်းရာင်အောက် တွင် မြင်တွေ့ရသည် ။ယခု အချိန်တွင်တော့ အရီးပျိုသည် စကား ကောင်းစွာ ပြန်ပြောနိုင်နေပြီဖြစ်သည် ၊၊ မင်းနောင်သည် သူ၏ မိခင်အတွက် သူ မသေဆေးရ အောင်ရှာမည်ဟု တွေးလိုက်သည် နှင့် အနည်းငယ် စိတ်သက်သာလာ၍ မသေဆေး ရမည် ဟု လည်း ယုံကြည်နေသည် ။ အရီးပျိုသည် သူမအား ကန်တော့နေသည့် သားဖြစ်သူအားကြည့်ကာ
“မင်းနောင် နင်က ငါ့ကို ဦးချလို့ နေပါလား။နင်တို့ ဘိုးထင် နဲ့ ခရီးထွက်မလို့ ဆို၊သွား သွား အရင်တခါလို ငါ မျက်နှာပွင့် အောင် လုပ်ခဲ့ဦး ”
“စိတ်ချ အမေ ကျန်းမာအောင်နေနော် ။ဒီကောင်တွေကို အားမနာနဲ့ ခိုင်းစရာရှိတာခိုင်း ”
“အေး ငါလည်း ရွာထဲက ကလေးတွေ လာ လာနေမှ စိတ်ချမ်းသာပြီး နေလို့ကောင်းလာသလိုပဲ ရွာက ကလေးတွေကို ငါ ထနိုင်မှ ကောက်ညှင်းပေါင်း နဲ့ အကြော် အ၀ ကျွေးပစ်မယ် ”
“ဟာ အရီးပျို တကယ်ပြောတာ နော် အဲ့တာဆို ကျုပ်တို့ကို ခိုင်းသာ ခိုင်း အား မနာနဲ့ ”
လူမမာ အရီးပျိုသည် အောင်သန်း၏ ကောက်ညင်းပေါင်းစားချင်နေသည့် အားတက်သရောပုံစံကို ကြည့်ကာ ပြုံးလိုက်မိသည်။ထို့နောက် သူမဘေးတွင် ထိုင်နေသော သားဖြစ်သူ မင်းနောင်အား
“မင်းနောင် သွားသွား ငါ့ကို ဘာမှ စိတ်မပူနဲ့ သေမယ်ဆို လည်း သေလို့ရပြီ။ငါ့အသက်က ခုနှစ်ဆယ် နားကပ်လာပြီ။တကယ်ဆို အရီးတောင် မဟုတ်တော့ဘူး အဖွား ဖြစ်နေပါပြီ ”
“အမေ့ကို ကျုပ်ပြောထားတယ် သေတယ် ဆိုတဲ့ စကားတွေ မပြောပါ နဲ့ ဆိုဗျာ နောက်တခါ မပြောတော့ နဲ့ သိလား ကျုပ်သူငယ်ချင်း ကြည်အေးလို ပဲ အမေ မသေခင် ကျုပ်က အရင်သေချင်တာဗျ”
“ဒီကောင်လေးက တော့ ပေါက်က‌ရတွေ သွား သွား ”
မင်းနောင်သည် သူ၏ မိခင်ကြီးအား သေချာကြည့်ကာ အကြိမ်ကြိမ် ဂရုစိုက်ရန် မှာကြားလိုက်ပြီး နောက် မောင်ဘိုးထင်တို့ စောင့်နေသည့်အိမ်အောက်သို့ ဆင်းသွားလိုက်လေသည်။အိမ်အောက်ရောက်သောအခါ သူ၏ တပည့် ချိုးသိမ်းမှာ မကျေမနပ် နှင့် သူ့အား ကြည့်နေပြီး
“ဆရာသမား အတော်ကို သစ္စာမဲ့တာ ပဲ အရေးကြီးတဲ့ ကိစ္စ ခရီးသွားတာတောင် ကြိုမပြောဘူး ‌သာရ ပြောလို့သိရတာ ”
“မင်းကို ပင်ပန်းမှာ စိုးလို့ပါ ကွာ ”
“ဘာမှ မပင်ပန်းဘူး၊လာလာ တော်ကြာ နေမြင့်နေဦးမယ် သွားကြစို့ ”
ချိုးသိမ်းသည် ဓားတချောင်းကို ပခုံးမှာ လွယ်ပြီး ရှမ်းဘောင်းဘီ ဖြင့် သိုင်းသမား တယောက်ကဲ့သို့ ရှေ့ဆုံး မှ ဦးဆောင်သွားရာ မင်နောင်မှ နောက်ကနေပြီး စကားဆိုလိုက်သည် ။
“ဟေ့ကောင် ချိုးသိမ်း မင်းက ဘယ်ကို သွားရမယ်ဆိုတာ သိလို့လား ရှေ့ကနေ ကော့ပက်ကော့ပက် နဲ့ ထွက်သွားတာ ”
“ဟာဗျာ ဆရာသမားကလည်း အခုသွားမှာ ရွာအပြင်ကို မဟုတ်လား ရွာအပြင်ရောက်မှ ဘိုးထင် တို့ကို ရှေ့က သွားခိုင်းမှာပေါ့ဗျာ ”
မင်းနောင် နှင့် မောင်ဘိုးထင်တို့သည် ချိုးသိမ်း၏ စကားကြောင့် တယောက်ကို တယောက်ကြည့်ကာ သိုင်းသမားဟန် ချိုးသိမ်းနောက်မှ လိုက်ပါသွားပါလေတော့သည် ။
◾အခန်း (၅)
မောင်ဘိုးထင်တို့ ခရီးထွက်လာခဲ့ရာ နေ့လယ်အချိန်သို့ ပင်ရောက်လာပြီ ဖြစ်သည်။နေ့တဝက်ကျိုး ရွာ‌နှစ်ရွာခန့် ဖြတ်လာပြီးသောအခါ တောင်ယာများဘေးရှိ စိုက်ခင်းများအနီး ‌ရုံးပင်များအရိပ် အောက်တွင်ထိုင်ကာ နားလိုက်ကြသည်။ စိုက်ခင်းအချို့ကို ဖြတ်ပြီး တိုက်ခိုက်လာသော လေနုအေးလေးများကြောင့် ပေတူး နှင့် သာအေးသည် မျက်လုံးများစင်းပြီး ဇိမ်ခံနေကြသည်။ ထို့နောက် မင်းနောင်သည် မောင်ဘိုးထင်အား ကြည့်ကာ
“ဘိုးထင်ရေ ထမင်းစားကြရအောင်ကွာ ဟိုမှာ သခွားပင်လေးတွေ မဟုတ်လား ”
“ဟုတ်တယ်ဗျ ကိုမင်းနောင်ရ ”
“လတ်ဆတ်နေတာပဲကွာ တို့ဘာဟင်းချက်လာတာလဲ ”
“ထုံးစံအတိုင်း ခရမ်းချဉ်သီးနဲ့ ငါးခြောက်ပေါ့ဗျာ ”
“ဟင်းကတော့ သခွားသီးလေးနဲ့ တို့ လိုက်ရ ရှယ်ပဲကွာ ”
မင်းနောင်မှ ထိုသို့ပြောသောအခါ ရှမ်းဘောင်းဘီဝတ် ချိုးသိမ်းသည် သူ၏ ဆရာဖြစ်သူအား
“ဆရာမင်းနောင် သခွားသီးစားချင်လို့လား”
“အေးကွာ စားချင်နေတယ် ”
“ကျုပ်သွားခူးလိုက်မယ် ”
ချိုးသိမ်းသည် ပြောပြောဆိုဆို မတ်တတ်ရပ်လိုက်ပြီး သခွားစင်များဖက် ထွက်သွားရန်ပြင်စဉ် ထမင်းစားရန် ပြင်ဆင်နေသော မောင်ဘိုးထင်မှ
“ကိုချိုးသိမ်း အခင်းရှင်ကို ပြောပြီးခူးခဲ့နော် ဒီဘက်တွေက ကျုပ်တို့ အသိတွေ မဟုတ်ဘူး ”
“အေးပါကွာ စိတ်ချပါ ခိုးမလာပါဘူး ဘိုးထင်ရာ ”
သိုင်းသမားဟန် ချိုးသိမ်းသည် ဟန်ပန်အပြည့်နှင့် ဓားကို ကျောလွယ်ပြီး စိုက်ခင်းများရှိရာဘက်သို့ ထွက်သွားပါလေသည် ၊ မောင်ဘိုးထင်တို့သည် ထမင်းစားရန် ပြင်ဆင်ပြီး၍ ချိုးသိမ်း အလာကို စောင့်နေသည် ။ မကြာသော အချိန်တွင် ချိုးသိမ်းသည် ဆူးမပျောက်သေးသော သခွါးသီးလေးများကို ခူးပြီးပြန်ရောက်လာသည် ။ ထို့နောက် ထမင်းဝိုင်းတွင် ထိုင်ပြီး သူ၏ ဆရာသမား ဖြစ်သော မင်းနောင်၏ပန်းကန် ထဲသို့ သူခူးလာသော သခွားသီးကို အရင်ထည့်ပေးလိုက်ကာ
“ဆရာမင်းနောင် ရော့ သခွားသီးက အရင့်မရှိဘူး ဒီအနေလေးတွေပဲ ရှိတယ် ”
“မင်း ပိုင်ရှင်ကိုကော ခွင့်တောင်းပြီးခူးလာရဲ့လား ”
“‌ခွင့်တောင်းခဲ့ပါတယ် ဆရာမင်းနောင်ရာ စား စား ”
ဆရာသမားအပေါ် အလိုက်သိတတ်သော ချိုးသိမ်းကြောင့် မင်းနောင် ကျေနပ်ပီတိဖြစ်ကာ သခွားသီးကို အားရပါးရ ခရမ်းချဉ်သီးဟင်း ဖြင့် မြှုပ်စားလိုက်လေသည်။သူ့နည်းတူ ချိုးသိမ်းနှင့် ပေတူးတို့ လည်း စားလိုက်ကြ၏ ၊ မောင်ဘိုးထင် နှင့် သာအေးသည်သာ သခွားသီးကို လက်ကာ ကိုင်ရင်း မစားရသေးပေ။ ထမင်း တစ်လုပ်၊နှစ်လုပ်မျှ စားပြီးချိန်တွင် မင်းနောင် ချိုးသိမ်း နှင့် ပေတူးတို့ ၏ မျက်နှာ များတွင် ချွေးစေးများ စိုရွှဲလာပြီး
“အား နာလိုက်တာ၊ငါ့ဗိုက်ထဲ ကျွဲများဝင်ခတ်နေလား မသိဘူး”
“ဆရာ‌မင်းနောင် ပဲ နာတာ မဟုတ်ဘူး။ကျုပ်လည်း ဗိုက်လည်းနာလာတယ် ဗျာ ”
“ကို ကို ချိုးသိမ်း ခင်ဗျား သခွားသီးက ဒုက္ခပေးပြီထင်တယ်။ ဟိုနှစ်ကောင်က သခွားသီးပဲ ကိုင်ရသေးတယ် မစားရသေးတော့ ဘာမှ မဖြစ်ဘူး ”
ပေတူး၏ စကားကြောင့် မင်းနောင်သည် သူ၏ တပည့်ကျော် ချိုးသိမ်းကို ကြည့်ကာ
“ဟိတ်ကောင် မင်း ခွင့် ရောတောင်းခဲ့လား ”
“ဟို ဟိုလေ မတောင်း ခဲ့ရဘူး”
“နင်မေကြီးတော်ကြီး ငါ‌တို့ ဗိုက်နာလို့ သေတော့မယ်။အမေတို့မွေးကာနီး ဗိုက်နာတယ်ဆိုတာ ဒီလိုလား မသိပါဘူးကွာ အမလေး ကျွတ် ကျွတ် ”
မင်းနောင်တို့ နာကျင်စွာ အော်ဟစ် နေသည်ကို ကြည့်ပြီး မောင်ဘိုးထင်နှင့် သာအေးတို့သည် သူတို့၏ လက်ထဲမှ သခွားသီးကိုကြည့်ပြီး လွှင့်ပစ်လိုက်ကာ
“သာအေးရေ ပညာသည် အခင်းက ကိုချိုးသိမ်းခူးခဲ့ပြီးထင်တယ်။ဟေ့လူတွေ ခေါင်းငုံ့ ထားခေါင်းငုံ့ထား ကျုပ်ပြောသလို လိုက်ပြော ကြားလား ”
“အေးအေးပါ မြန်မြန် လုပ်ပါကွာ ငါ့အူတွေ ပြတ်တော့မယ် ထင်တယ် ”
‌မင်းနောင်၊ချိုးသိမ်း နှင့် ပေတူးတို့သည် ဒူးများထောက်ပြီး စိုက်ခင်းများဖက်ကို မျက်နှာမူကာ မြေပြင်နှင့် မျက်နှာထိသည် အထိခေါင်းကို ငုံ့ထားပြီး တုန်ယင်နေကြသည်။ထို့နောက် မောင်ဘိုးထင်သည် ထိုစိုက်ခင်းဖက်ကို ကြည့်ကာ
“စိုက်ခင်းပိုင်ရှင်ကြီးခင်ဗျာ ကျုပ်တို့ မသိလို့ ခူးစားမိတာပါ။ ပျက်စီးစေဖို့ မရည်ရွယ်ပါဘူး အမိုက်မဲလေး တွေမို့ ခွင့်လွှတ် ပေးပါ ခင်ဗျ”
‌မောင်ဘိုးထင် တိုင်ပေးသည့် အတိုင်း မင်းနောင်တို့ လိုက်ဆိုကြလေသည်။မကြာသောအချိန် တွင် စိုက်ခင်းများဘက်မှ အသက် ခြောက်ဆယ်အရွယ် လူကြီးတဦး ပုဆိုးကို ခေါင်းပေါင်းထားပြီး ကွမ်းဝါးလျက် အင်္ကျီဗလာ ပုဆိုးကွက်ထောက်ကြီးဝတ်ကာ လမ်းလျှောက်လာလေသည်၊ ထိုလူကြီး သူတို့ အနားသို့ နီး လာသည်နှင့် မင်းနောင်တို့ခံစားနေရသော ဗိုက်နာ ဝေဒနာသည် တဖြည်းဖြည်းသက်သာ လာကြသည်၊၊သူတို့အနားသို့ ထိုလူကြီးရောက်ချိန်တွင်တော့ သူတို့၏ ဝေဒနာသည် အံဩစရာကောင်းလောက်အောင် ယူပစ်သလို ပျောက်ကင်းသွားလေ၏။ ပုဆိုးခေါင်းပေါင်းထားသော လူကြီးသည် မောင်ဘိုးထင်တို့ကို ကြည့်ကာ
“ကောင်လေးတွေ မြန်မြန်တောင်းပန်လို့ တော်သေးတာပေါ့ကွာ ငါလည်း ဒေါသစိတ်က လက်တစစ်ဆိုတော့ မထိန်းနိုင်ဘူးဟေ့ ”
“တောင်းပန်ပါတယ် ဗျာ ကျုပ်တို့က စားချင်လို့ ခူးလိုက်မိတာ ပါ ဒီကောင့်ကို ပိုင်ရှင်ကို ခွင့်တောင်းလို့ ပြောပါသေးတယ် ”
မင်းနောင်မှ ချိုးသိမ်ကို လက်ညှိုးညွှန်၍ စကားဆိုလေရာ ချိုးသိမ်းသည် သူ၏ ဆရာကို ငဲ့စောင်းကြည့်ပြီး
“ဆရာမင်းနောင်ကို စားစေချင်လို့ပါ ကျုပ်က ပိုင်ရှင်ကိုရှာပါသေးတယ် မတွေ့လို့ ဒီလောက်လေးနဲ့ မသိလောက်ပါဘူးဆိုပြီး ခူးလာမိတာပါ ”
“နောက်မှ ပြော ဆရာကြီးကို တောင်းပန်လိုက်ဦး ”
“ကျုပ် ကျုပ်ခူးမိတာပါ တောင်းပန်ပါတယ်ဆရာကြီးခင်ဗျာ”
“ရှိစေတော့ ငါလည်း ‌ဟိုဝါးရုံဘက်မှာ အိပ်နေတော့ မသိလိုက်ဘူးကွ ဒါနဲ့ မင်းတို့ ဘယ်ရွာကလဲ ငါက ဒီနားက မီးလောင်ကုန်း ရွာကကွ နာမည်က သုံည”
ဦးသုည ဆိုသော လူကြီးသည် ကွမ်းတံတွေးအား မြေပြင်သို့ ထွေးလိုက်ပြီး စကားဆိုလေသည်။ ထိုအခါ မောင်ဘိုးထင် သည် ဦးသုညကို ကြည့်ကာ
“ဆရာကြီး ကျုပ်တို့က ပေပင်ရွာက ပါ ”
“ပေပင်ရွာက ဟုတ်လား အဲ့တာဆို ကိုအုန်းကို သိလား”
“သိရန်ကော ဆရာကြီးရယ် ကျုပ်အဘ ပါ”
“အဲ့တာဆို မင်းက ကိုအုန်း ရဲ့ မွေးစားသားဆိုတဲ့ ကောင်လေးလား ”
“ဟုတ်တယ် ဆရာကြီး ”
“မင်း အဘကကော မိုက်နေတုန်းပဲလား ”
“ဆရာကြီးပြောတာ ကျုပ်နားမလည်ဘူး ”
“မင်းအဘက ငါ့လိုပဲ လူတွေကို ဒုက္ခပေးတုန်းလားလို့ ”
“ဟာ ဆရာကြီးကလည်း ကျုပ်အဘက လူတွေကို ဒုက္ခမပေးပါဘူးဗျ သူတတ်တဲ့ ပညာနဲ့ လူတွေကို ကူညီနေတာပါ ‘
ဦးသုညသည် မောင်ဘိုးထင်၏ ပြောစကားကြောင့် သဘောကျသွားပြီး ဟားတိုက်လို့ ရယ်မောနေပါသည်။ ထို့နောက် ဦးသုညသည် မောင်ဘိုးထင်တို့ကို ဝေ့ ကြည့်လိုက်ရင်းမှ
“နေစမ်းပါဦး မင်းတို့က ဒီဘက်ကို စားအိုး၊စားခွက်တွေနဲ့ ဘယ်ကို သွားကြမလို့ လဲကွ ”
“ဆရာကြီးရယ် ဟော့ဒီက ကိုမင်းနောင်ရဲ့ အမေအတွက် ခရီးထွက်လာရတာပါ ”
“ဟေ့ အဆန်းပါလား ဘာလို့တုန်း၊ဆရာသမား များလာရှာတာလား ”
“မဟုတ်ဘူးဗျ မသေဆေး လာရှာတာပါ ”
ဦးသုညသည် မောင်ဘိုးထင်၏ စကားကြောင့် အံ့ဩနေလေသည်။ထိုအချိန် မင်းနောင်သည် စိမ်းစိုနေသော စိုက်ခင်းများထံ ငေးရင်းမှ
“ဆရာကြီး ကျုပ်က အမေတခုသားတခုပါ အခု ကျုပ်ရဲ့အမေ နေမကောင်းဖြစ်နေပါတယ်။ရွာက ဆေးဆရာကလည်း အခြေအနေမကောင်းဘူးလို့ပြောတယ် ကျုပ်အမေကလည်း ခေါင်းမာတယ်။မြို့ဆေးရုံသွားအောင်ဆိုလည်း မသွားဘဲ သူရွာမှာပဲခေါင်း မချရမှာစိုးလို့ဆို ပြီး ပေနေတယ်။အိမ်မှာသာ ဒီအတိုင်းကြီးနေရင် ကျုပ်အမေက မလွယ်ဘူး။ရွာထဲက လူတွေပြောတာတော့ ပညာသည်တွေ ဆီမှာ မသေဆေး ရှိတယ်ဆိုလို့ ဒီက ဘိုးထင်ကို အကူအညီ တောင်းပြီး လိုက်ရှာနေတာပါ ”
ဦးသုညသည် မင်းနောင်၏ စကားအား နားထောင်ပြီးသော အခါ ခေါင်းကို အသာအယာ ညိတ်ကာ
“ကဲ ကောင်လေးတွေ အဲ့တာဆိုရင်တော့ မင်းတို့ ကံကောင်းတာပဲကွ ”
“ဗျာ တကယ်လား မသေဆေးက တကယ် ရှိတာလား ”
မောင်ဘိုးထင်မှ အလန့်တကြား ပြောလေရာ ဦးသုည ခေါင်းကို ညိတ်ပြီး
“ရှိတယ်ဟ ဒါပေမဲ့ ငါတို့ လမ်းစဉ်တော့ မဟုတ်ဘူးကောင်လေး အဲ့ဒီနေရာကို တော့ လမ်းညွှန်ပေးနိုင်တယ် ငါက လက်တွေ့မို့ ယုံတာ မင်းတို့ မြို့က ဆရာဝန်တွေ လက်လွှတ်တဲ့ သူတွေတောင် ကောင်းသွားကြတယ်ဟ ”
“အဲ့လို ဆေးတွေ တကယ်ရှိတာကို ဆရာကြီးရယ် ကျုပ်ထင်ပါတယ်ဗျာ ကျုပ်ရဲ့ အမေ အတွက် ဆေးရှိတယ် ဆိုတာ ”
မင်းနောင်သည် စိုက်ခင်းပိုင်ရှင် ဦးသုညအား ယုံကြည်နေမိသည် ။ ဦးသုညသည် အပိုပြောမည့်ပုံစံ တစက်ကလေးမှ မပေါ်ဘူးဆိုတာ သူတို့အားလုံးယုံကြည်နေမိသည် ။ ထို့နောက် မင်းနောင် သည် ဝမ်းသာ လွန်း၍ ‌မောင်ဘိုးထင်ကို ဖက်ရင်း
“ဘိုးထင် မင်းကို ငါတကယ်ကျေးဇူးတင်တယ်ကွာ၊အဲ့တာဆိုငါတို့ ဆရာကြီးနောက် လိုက်သွားကြရတော့အောင်”
“ထမင်းလေး ဘာလေး စား”
“နောက်မှစား ညနေစာ ပေါင်းပြီး စားကွာ ”
မင်းနောင်သည် မောင်ဘိုးထင်တို့အား ထမင်းဆက်ပြီး မစားစေတော့ပဲ ဦးသုညကို ကြည့်ကာ
“ဆရာကြီး ကျုပ်တို့ကို ခေါ်သွားပေးပါ ”
“မင်းတို့ ထမင်းပြီးအောင် စားကြပါဦးကွာ ဟိုရောက်ရင် အဲ့ဒီမှာ လည်းနေလို့ ရပါတယ် ”
“မစားတော့ပါဘူး ဗျာ သွားကြရအောင် ”
“ဆရာကြီးရေ ထမင်းစားရင်လည်း ဘယ်ဝင်လို့ ဘယ်ထွက် မှန်း သိမှာမဟုတ်တော့ဘူး အမြန်သာ လမ်းပြပေးလိုက်ပါဗျာ ”
“အေးဟုတ်တယ် မင်းတို့ရဲ့ အကိုကြီးက သူ့အမေကို အတော် ချစ်ပုံပဲကွ”
“ချစ်တာ ပေါ့ ဆရာကြီးရာ ကျုပ် အမေက ကျုပ်ဘဝ ကိုဗျ”
“အေးပါကွာ လိုက်ခဲ့ကြ ငါကတော့ အထဲထိ မဝင်ဘူး မင်းတို့ ဘာသာပဲဝင်သွားကြနော် အဲ့က လူတွေက သဘောကောင်းပါတယ် ”
ဦးသုညသည် ပြောပြောဆိုဆို ရှေ့မှ လမ်းလျှောက်သွားလေသည်။ထိုအခါ သိမ်းဆည်း ပြီးပြီဖြစ်သော ပန်းကန်၊ခွက် ယောက် များကို အိတ်များထဲ ပြန်ထည့်ပြီးနောက် မောင်ဘိုးထင်တို့သည် ဦးသုည ခေါ်ရာ နောက်သို့ ဒရောသောပါး အပြေး လိုက်သွားပါလေတော့သည် ။ဦးသုညသည် သူ၏ ရွာဘေးမှ ဖြတ်ပြီး ရွာထိပ်နှင့်အတန်လှမ်းသော နေရာသို့ သွားနေလေသည် ။လူတယောက်သွားသာသော လမ်းလေးဖြစ်ပြီး ဘေးတဖက်တချက် တွင် မြက်ရိုင်းပင်များက ပေါက်ရောက်နေလေသည်။ မကြာသော အချိန်တွင်တော့ ဦးသုညသည် ရှေ့မှ ရပ်လိုက်ပြီး မောင်ဘိုးထင်တို့အား လက်ညှိုးညွှန်ပြပြီး စကားဆိုလေသည်။
“ကဲ ကောင်လေးတို့ရေ မင်းတို့ လိုချင်တဲ့ မသေဆေး ရှိတဲ့ နေရာက ဒီ နေရာ ပဲ သွားပေတော့ မသေဆေး ရပါစေကွာ။ငါတော့ မလိုက်တော့ဘူးဟေ့ ”
“လိုက်ပို့တာ ကျေးဇူးပါ ဆရာကြီးရာ ကျုပ် အမေ ကျန်းမာရေးကောင်းရင် ဆရာကြီးကို လာကန်တော့ပါဦးမယ် ”
“မလိုပါဘူးကွာ တခုတော့ မှာခဲ့မယ် ကောင်လေးတွေ မင်းတို့ ငါ့ခြံထဲက အသီးအနှံတွေစားချင်ရင် ဦးသုညရေ ကျနော် မောင်ဘယ်သူ ခူးသွားတယ်လို့သာ ပြောလိုက် မင်းတို့ ဘာမှ မဖြစ်စေရဘူး”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ”
“ကဲ ကဲ သွားပေဦးတော့ ကောင်လေးတွေရေ ”
ဦးသုည အား မောင်ဘိုးထင် တို့ လက်ပြ နှုတ်ဆက်လိုက်ပြီး လူသွားလမ်းလေး အတိုင်း မြိုင်တောထဲသို့ ဝင်သွားပါလေတော့သည် ။
‌▪️အောက်လမ်းဘိုးထင် နှင့် မသေဆေး သည်က ဤမျှသာ။
မကြာမီ အောက်လမ်းဘိုးထင် နှင့် တရားဆေး အမည်ရ ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အား‌‌ပေးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
မောင်တင်ဆန်း

Zawgyi Version

ေအာက္လမ္းဘိုးထင္ႏွင့္မေသေဆး(စ/ဆုံး)
———————————
ေမာင္ဘိုးထင္တေယာက္ မိေက်ာ့တို႔ ႏွင့္ အတူ အရီးပ်ိဳ၏ အိမ္သို႔ ဟင္းပို႔လိုက္သြား၏၊ အရီးပ်ိဳ၏ အိမ္ထဲ ေရာက္သည္ အထိ အၿမဲ တစာစာညံစီေနတတ္ေသာ အရီးပ်ိဳ၏ အသံသည္က မၾကားရေခ်။ မိေက်ာ့သည္ အိမ္ေအာက္ေရာက္သည့္တိုင္ လူရိပ္လူေရာင္ မေတြ႕ေသာအခါ
“အရီးပ်ိဳ အရီးပ်ိဳ ”
“ေအး မိေက်ာ့ အေမက ေနမေကာင္းလို႔ လွဲေနတယ္ အိမ္ေပၚတက္ခဲ့ ”
“‌ဟုတ္ကဲ့ ဟုတ္ကဲ့ ကိုႀကီးမင္းေနာင္ ”
အရီးပ်ိဳ၏သား ေပပင္႐ြာေလး၏ ျပဇာတ္မင္းသားျဖစ္သူ မင္းေနာင္၏ စကားသံေၾကာင့္ မိေက်ာ့၊လွရင္၊ မယ္လွ ႏွင့္ ေမာင္ဘိုးထင္ တို႔ အိမ္ေပၚသို႔ တက္လိုက္ၾကသည္ ။ အိမ္ေပၚသို႔ ေရာက္ေသာအခါ ေဘးတေစာင္းလွဲေနေသာ အရီးပ်ိဳအား ေတြ႕လိုက္ရၿပီး ေဘးတြင္ သူမႏွင့္ မတည့္အတူေန တဦးတည္းေသာသားျဖစ္သူ မင္းေနာင္မွ ႏွိပ္နယ္ေပးေနသည္ ။ ေမာင္ဘိုးထင္ တို႔ ေရာက္ခ်ိန္တြင္ေတာ့ အရင္ကကဲ့သို႔ သြက္သြက္လက္လက္ႏွင့္ အရီးပ်ိဳ စကားမဆိုႏိုင္ေတာ့ေပ ။ သူ၏သားေတာ္ေမာင္ကို လည္း ေအာ္ေငါက္ျခင္းအမႈ မျပဳႏိုင္ေတာ့ေပ။အိပ္ယာေလးထဲ တြင္သာ ဇရာမွ ေပးေသာ ဗ်ာဓိကို ခံစားေနရရွာေလသည္ ။ ေမာင္ဘိုးထင္တို႔ ေရာက္ေနသည္ကို သတိထားမိဟန္ ရွိေသာ အရီးပ်ိဳသည္ အိပ္ရာ ထဲ မွ တခ်က္ၿပဳံးျပလိုက္ၿပီး သူမ၏ သားအားၾကည့္ေနေလသည္ ။ထိုအခါ မင္းေနာင္သည္ မိခင္ႀကီး၏ အၾကည့္ကို နားလည္စြာျဖင့္ ေခါင္းကို ညိတ္လိုက္ၿပီး
“မိေက်ာ့တို႔ လွရင္တို႔ ဘာကိစၥရွိလို႔လဲ ”
“အရီးပ်ိဳ ေနမေကာင္းဘူးဆို‌လို႔ တည့္မယ္ ထင္တဲ့ ဓာတ္စာ ေလးေတြ လာပို႔တာပါ ”
“ေအာ္ ေအး ေအး အေမက အသက္ႀကီးလာလို႔ထင္ပါတယ္ ဟာ ခုရက္ တေရွာင္ေရွာင္ ျဖစ္ေနတာ ”
“ကိုႀကီး မင္းေနာင္ ဘာေတြ လုပ္စရာ ရွိလဲ က်မတို႔ ကူလုပ္ ေပးခဲ့မယ္ ”
“ရတယ္ ရတယ္ ”
“အိုး အားနာစရာ မရွိပါဘူးေတာ္၊တ႐ြာထဲသားခ်င္းေတြပဲ အရီးပ်ိဳ ရဲ႕ အဝတ္ေတြ ေလွ်ာ္စရာ ရွိတယ္ မဟုတ္လား က်မတို႔ ေလွ်ာ္လိုက္မယ္ ”
မယ္လွေလးသည္ အရီးပ်ိဳ ရဲ႕အဝတ္မ်ားအား ရွာေဖြယူကာ လွရင္ႏွင့္ အိမ္ေအာက္သို႔ ဆင္းသြားသည္။မိေက်ာ့သည္က မီးဖိုေခ်ာင္ဖက္သို႔ ဝင္သြားၿပီး ထမင္း၊ဟင္း ခ်က္ဖို႔ ျပင္ဆင္ေနလိုက္သည္ ။အရီးပ်ိဳ၏ ေဘးတြင္ေတာ့ မင္းေနာင္ႏွင့္ေမာင္ဘိုးထင္တို႔ ႏွစ္ေယာက္သာ က်န္ေနေလ၏ ။ထိုအခါ မင္းေနာင္ မွ ေမာင္ဘိုးထင္အနားသို႔ ကပ္လာကာ
“ဘိုးထင္ ငါ ငါဘယ္လို လုပ္ရမလဲ ”
“ဘာျဖစ္လို႔လဲ ကိုႀကီး မင္းေနာင္ ”
“ငါ့အေမ က်န္းမာေရးမေကာင္းတာ အေတာ္ၾကာေနၿပီကြ ေဆး႐ုံေဆး ခန္း သြားမယ္လို႔ ေျပာျပန္ေတာ့လည္း ဘယ္မွ မသြားခ်င္ဘူး ေသခဲ့ရင္ေတာင္ သူ႔အိမ္၊သူ႔႐ြာမွာ ပဲ ေခါင္းခ်မယ္တဲ့ကြာ ငါဘာလုပ္ရမလဲ ေျပာပါဦး ”
မင္းေနာင္သည္ အသံ ခပ္အုပ္အုပ္ ႏွင့္ ေမာင္ဘိုးထင္အား စကားဆိုလာေလ၏။ထို႔ေၾကာင့္ ေမာင္ဘိုးထင္သည္ အရီးပ်ိဳကို ေသခ်ာၾကည့္လိုက္မိသည္ ။
“အရင္က တခုခု ဆိုစိတ္ျမန္လက္ျမန္ ရွိေသာ အရီးပ်ိဳမွာ အိပ္ယာထဲ လွဲေနရ၍ စိတ္မၾကည္မသာ ျဖစ္ေနဟန္ရွိသည္။ လူႀကီးမ်ားသည္က ေျပာရ‌ခက္ေပသည္။အစြဲအလမ္း မွာ အင္မတန္ကို လြန္းကဲလြန္းလွေပသည္။ကိုယ့္အိမ္ ကိုယ့္ယာ ကိုယ္ပိုင္ဆိုင္ခဲ့သည္အရာမ်ားရွိေသာ ေနရာတြင္သာ ေနာက္ဆုံးထြက္သက္ကို အဆုံးသတ္ခ်င္ၾကသည္။သူတို႔ စြဲလန္းသည္ကိုလည္း အျပစ္ေတာ့ မျမင္လိုေပ။ခက္ခဲ၊ပင္ပန္းစြာ ႀကိဳးစား႐ုန္း ကန္ၾကရသည္ မဟုတ္ပါလား ။ မင္းေနာင္၏ မိခင္ႀကီး အရီးပ်ိဳ ဆို သာ၍ပင္ ပင္ပန္းဆင္းရဲ ေပဦးမည္။အဘယ္ေၾကာင့္ဆိုေသာ္ ေယာက္က်ာ္းျဖစ္သူ ေစာေစာဆုံးပါးသြား၍ လူမမယ္ ကေလးတေယာက္ ႏွင့္ ႐ုန္းကန္လာခဲ့ရ ေသာေၾကာင့္ျဖစ္၏ ၊၊တပင္လဲ မူ တပင္ထူ ဆိုေသာ ေရွးစကားကို ပယ္ရွားကာ ပေထြးသည္ ဆယ္ေယာက္တေယာက္သာ ေကာင္း၏ ဟုေတြးၿပီး သားျဖစ္သူအား ပေထြးျဖင့္ မေနေစလိုေသာအေၾကာင္း ေၾကာင့္လည္း ေနာက္ထပ္ အိမ္ေထာင္ မျပဳျခင္းျဖစ္သည္ ၊၊ ယခုတြင္ေတာ့ ေလာကဓံကို ခါးေစာင္းတင္လာေသာ မုဆိုးမႀကီး အရီးပ်ိဳသည္ အိပ္ယာထဲတြင္ အားမတန္လို႔ မာန္ ေလ်ာ့ေနေသာဟန္ ျဖင့္ လွဲအိပ္ေနေလသည္။ ထိုအျဖစ္ ထိုျမင္ကြင္းအား အေမတခုသားတခုျဖစ္ေသာ မင္းေနာင္မွာ လုံးဝ မျမင္လိုေပ။ သူ၏ မိခင္ႀကီး သူ႔အား ထားရစ္ခဲ့လွ်င္ဟူေသာ အေတြး တစေလးကပင္ သူ႔ရင္အား စို႔နင့္ ေနေစသည္။၊ မင္းေနာင္ ႏွင့္ ေမာင္ဘိုးထင္ သည္ အေတြးကိုယ္စီ ႏွင့္ တေယာက္ တေယာက္ မည္သည့္ စကားမွ မေျပာပဲ ရွိေနစဥ္ မယ္လွသည္ အိမ္ေပၚသို႔ ျပန္ေရာက္ လာေလသည္ ၊၊ မယ္လွကို ျမင္ေသာ မင္းေနာင္သည္
“မယ္လွ ”
“ရွင့္ ”
“နင္ ငါ့အေမကို ခဏေစာင့္ေပးစမ္းပါ ငါနဲ႔ ဘိုးထင္ လုပ္စရာေလးရွိလို႔ အိမ္ေအာက္ ခဏ သြားလိုက္ဦးမယ္ ”
“ရတယ္ ရတယ္ အမလွရင္လည္း အဝတ္ေလွ်ာ္လို႔ ၿပီးၿပီဆိုေတာ့ က်မတို႔ ေစာင့္လိုက္မယ္”
“ေအးပါ ”
ထို႔ေနာက္မင္းေနာင္သည္ ေမာင္ဘိုးထင္ကို ၾကည့္ကာ
“ကဲ ဘိုးထင္ ‌ငါ့ေနာက္ခဏ လိုက္ခဲ့ ဦးကြာ ”
“ဟုတ္ကဲ့ ကိုႀကီး မင္းေနာင္”
မင္းေနာင္သည္ ထိုင္ေနရာမွာ ထၿပီး အိမ္ေအာက္ သို႔ ဆင္းသြားေလသည္။ ေမာင္ဘိုးထင္သည္ လည္း မင္းေနာင္ ေနာက္သို႔ ခ်က္ျခင္းထကာ လိုက္သြားပါေလေတာ့ သည္ ။
◾အခန္း (၂)
မင္းေနာင္သည္ သူ၏ အိမ္ ႏွင့္ မလွမ္းမကမ္းရွိမန္က်ည္းပင္ႀကီးေအာက္တြင္ ေျခပစ္လိုက္ပစ္ထိုင္လိုက္သည္ ၊၊ သူ႔ၾကည့္ရသည္မွာ အေတာ္ကို စိတ္ဓာတ္က်ေနဟန္လည္းရွိသည္ ။ ေမာင္ဘိုးထင္သည္ မင္းေနာင္ကို ၾကည့္ကာ
“ကိုႀကီးမင္းေနာင္ ဘာေတြ ျဖစ္ပ်က္ေနတာလဲ ”
“အဲ့တာ ကိုပဲ မင္းကို တိုင္ပင္ ခ်င္လို႔ ကြာ ”
“အကိုႀကီး မင္းေနာင္ကို ၾကည့္ရတာ တကယ္ကို စိတ္မခ်မ္းသာဘူးဗ်ာ ”
ေမာင္ဘိုးထင္သည္ မင္းေနာင္ကို ၾကည့္ၿပီး သူ၏ စိတ္ထဲ ရွိသည့္အတိုင္းေျပာလိုက္ျခင္းျဖစ္သည္ ။အရင္က ျပဇာတ္ မင္းသား မင္းေနာင္သည္ သိုင္းပညာကို အေတာ္ကို စိတ္ဝင္စားကာ အၿမဲ သိုင္းေလ့က်င့္ေနသူျဖစ္ၿပီး ရပ္ထဲ ႐ြာထဲ တြင္လည္း ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ေနတတ္သူျဖစ္၏၊ ယခုတြင္ ေတာ့ အရင္က ပုံစံ ႏွင့္ ျခားနားစြာ ရွိေနေလ၏ ။ မင္းေနာင္ သည္ သက္ပ်င္း တခ်က္ကို ခ်ကာ
“ဘိုးထင္ ငါ့ကို တခုကူညီကြာ ”
“ေျပာ ကိုမင္းေနာင္ က်ဳပ္ဘာကူညီရမလဲ ”
“ငါ့ကို ႐ြာထဲက လူတခ်ိဳ႕ေျပာဘူးတယ္ ပညာသည္ေတြက မေသေဆး ရွာတတ္တယ္လို႔ေျပာတယ္ မင္းငါ့ကို မေသေဆးရွာေပးပါလားကြာ ငါ့အေမ ေသလို႔မျဖစ္ဘူးကြ ”
“ဗ်ာ အဲ့တာကေတာ့ က်ဳပ္”
“မျငင္းပါနဲ႔ကြာ ငါ့အေမကို ေဆးဆရာႀကီးကေျပာတယ္ အေျခအေနသိပ္မေကာင္းဘူးတဲ့ ကြ ေဆး႐ုံတင္ခိုင္းတယ္ ဒါေပမဲ့ အေမက မသြားဘူးကြာ အဲ့‌‌ဒီေတာ့ ငါ့ကို မေသေဆးရွာေပးပါကြာ ငါလည္း လိုက္ပါမယ္ ”
“ဟို ေလ က်ဳပ္”
“လုပ္ပါကြာ ငါေတာင္းပန္ပါတယ္၊ငါရွိခိုးေတာင္းပန္ပါတယ္ ငါ့ကို ကူရွာေပးပါ ”
မင္းေနာင္သည္ ေမာင္ဘိုးထင္အား ထိုင္ေနရာမွာ လက္အုပ္ခ်ီ ၿပီးစကားဆိုေနေလရာ ‌ေမာင္ဘိုးထင္ လက္အုပ္ခ်ီေနသည့္ မင္းေနာင္အား ထူလိုက္ၿပီး
“ဟာ အဲ့လို ႀကီးေတာ့ မလုပ္ပါနဲ႔ ဗ်ာ ဘာပဲျဖစ္ျဖစ္ က်ဳပ္ကူညီမယ္ ”
“မင္း တကယ္ေျပာတာ ေနာ္ ”
“တကယ္ဗ်ာ စိတ္ခ် အခုေတာ့ ကိုမင္းေနာင္ အိမ္ကို ျပန္လိုက္ဦး ၿပီးေတာ့ အရီးပ်ိဳကို ‌ေစာင့္ဖို႔ စီစဥ္ေပးလိုက္။က်ဳပ္လည္း မေသေဆးရွာ ဖို႔ အစီအစဥ္ခ်လိုက္ဦးမယ္ ”
“ေအးေအး အဲ့တာဆို မနက္ျဖန္သြားမယ္ကြာ ေနာ္ ”
“အင္းပါဗ်ာ စိတ္ခ် သြားၾကတာေပါ့ ”
ထို႔ေနာက္ မင္းေနာင္သည္ ေမာင္ဘိုးထင္ကို ႏႈတ္ဆက္ကာ သူ၏ အိမ္သို႔ ျပန္သြားေလသည္ ။ ေမာင္ဘိုးထင္သည္ သူ႔အား ေက်ာခိုင္းၿပီး အိမ္ျပန္သြားေသာ ကိုမင္းေနာင္ကို ၾကည့္ကာသက္ပ်င္းခ်လိုက္ၿပီး မိခင္ျဖစ္သူ ႏွင့္ ေသကြဲခြဲရမည့္ အေရးအား အင္မတန္ေၾကာက္လန႔္ ေနဟန္ရွိသည္။ထို႔ေၾကာင့္ ၾကားဖူးနားဝ စကားမ်ားျဖစ္သည့္ သူ၏ အားကိုးရာ ပညာသည္ ျဖစ္ေသာ ဘိုးထင္အား ေနာက္ဆုံးေကာက္႐ိုး တမွ်င္ အျဖစ္ ဆြဲယူေနျခင္းျဖစ္မည္ဟု ေမာင္ဘိုးထင္ သိထား၏။ထို႔ေၾကာင့္ ကိုမင္းေနာင္၏ ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္ေလးအား ဟုတ္သည္ ျဖစ္ေစ၊မဟုတ္သည္ ျဖစ္ေစ ႀကိဳးစားၾကည့္မည္ဟုေတြးကာ သူ၏ အေပါင္းသင္းမ်ားျဖစ္ၾကသာ သာေအးတို႔ အား ေခၚရန္ ထြက္ခြာသြားပါေလေတာ့သည္။
◾အခန္း (၃)
ေမာင္ဘိုးထင္၊ေပတူး ႏွင့္ သာေအးတို႔သည္ ဦးအုန္း၏ အိမ္ေရွ႕တန္းလ်ားတြင္ ထိုင္ေနသည္ ။သူတို႔၏ မ်က္ႏွာမ်ားသည္က ေပ်ာ္႐ႊင္မေနပါ။ ထိုေနာက္ ဦးအုန္း အိမ္ေပၚမွ ဆင္းလာေသာ အခါ ေမာင္ဘိုးထင္သည္
“အဘ ထိုင္ပါဦးဗ် က်ဳပ္ ေမးစရာရွိလို႔ပါ ”
“ေအး ေမးကြာ ”
“မေသေဆးဆိုတာ တကယ္ ရွိလား ဗ်”
“ဟိတ္ေကာင္ေလး မင္း ဘာေတြေမးေနတာလဲ ေလာကမွာလူရယ္လို႔ ျဖစ္လာရင္ အားလုံး ေသရမွာပဲေလ မေသေဆးဆိုတာရွိမယ္ လို႔ မထင္ပါဘူး ”
“အဘ ရွိေလာက္မဲ့ ေနရာေလးေတြ ရွိရင္ ေျပာျပပါလားဗ်ာ ”
“ဟဲ့ေကာင္ရ ရွိမယ္ မထင္ပါဘူးဆိုတာကို ငါက ဘယ္လို ဆက္ေျပာရမွာ လဲ ”
“မရွိဘူးဆိုရင္ေတာင္ က်ဳပ္တို႔က ေတာ့ ရွာရဦးမယ္ အဘ”
“မင္းတို႔ေကာင္ေတြ ဘာအ႐ူးထ ျပန္ၿပီလဲ”
“အ႐ူးထတယ္ မဟုတ္ပါဘူဗ်ာ အရီးပ်ိဳရဲ႕ သား ကိုမင္းေနာင္ နဲ႔ တူတူ မေသေဆး အရွာခရီး ထြက္မလို႔ပါ ”
“ဟိတ္ေကာင္ မရွိေလာက္မဲ့ ေဆးကို ဘာလို႔ ပင္ပန္းခံၿပီး လိုက္ရွာ မွာလဲ ကြ ”
“မရွိဘူးလို႔လည္း အဘ ေသခ်ာ မေျပာႏိုင္ဘူး မဟုတ္လား က်ဳပ္တို႔ကေတာ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ကိုမင္းေနာင္ကို ကူညီရဦးမယ္ ”
“မင္းေျပာတာ ငါနားမလည္ဘူးေကာင္ေလး ”
ဦးအုန္း နားမလည္စြာ ႏွင့္ ေမာင္ဘိုးထင္ကို ၾကည့္ေနစဥ္ သာေအးမွ ဦးအုန္းအား စကားဆိုလာေလသည္ ။
“ဘႀကီး ကိုမင္းေနာင္ႀကီး က သူအေမကို မေသေစခ်င္ေသးဘူးတဲ့ ဗ်”
“ငါတို႔ တ႐ြာလုံးကလည္း မေသေစခ်င္ပါဘူးကြာ ”
“ကိုမင္းေနာင္ႀကီးကေတာ့ တျခားသူေတြ ေျပာတာကို အတည္ယူၿပီး မေသေဆးရွိတယ္ ထင္ေနတာ ဘႀကီးရာ ”
“ဒီေကာင္ ဘယ္လို ျဖစ္တာလဲမသိဘူး ”
“မသိပါဘူးဗ်ာ က်ဳပ္တို႔လည္း ဘိုးထင္ေျပာလို႔ သိတာ ဘိုးထင္ ကေတာ့ ကိုမင္းေနာင္ႀကီး စိတ္ခ်မ္းသာေအာင္ မေသေဆး ကူရွာ ေပးမယ္ ေျပာထားတယ္ တဲ့ ဘႀကီးအဲ့တာ က်ဳပ္တို႔ေတြ မနက္ျဖန္ ခရီး ဆက္ၾကရမယ္ ”
“မင္း တို႔က ဘယ္ေတြ သြားၿပီး ရွာၾကမွာလဲ မရွိႏိုင္ေလာက္တဲ့ အရာကို ဘာလို႔ရွာ ေနမွာလဲ ကြာ ”
ဦးအုန္းမွာ ထိုသို႔စကားကို ေျပာေသာအခါ တခ်ိန္လုံး ၿငိမ္ၿပီး တန္းလ်ားေပၚတြင္ ထိုင္နားေထာင္ေနေသာ ေပတူးသည္ ဦးအုန္းကို စူးစိုက္ၾကည့္ကာ
“ဘႀကီး က်ဳပ္တို႔ ခ်စ္တဲ့ မိဘေတြ ဆုံးရႉံရေတာ့မဲ့ ခံစားခ်က္ကို နားလည္ေပးပါ ”
“ေအးပါ ေပတူးရယ္ ငါနားလည္ပါၿပီ ငါက မင္းတို႔ ပင္ပန္းမွာ စိုးလို႔ေျပာမိတာ ပါ ”
“မပင္ပန္းပါဘူးဘႀကီးရာ အခုခ်ိန္မွာ အပင္ပန္းဆုံး ျဖစ္ေနေလာက္တဲ့ ကိုမင္းေနာင္ႀကီးေလာက္ က်ဳပ္တို႔ မပင္ပန္း ေလာက္ပါဘူးဗ်ာ ”
“ေအးပါကြာ ငါ တခု အႀကံ ေပးပါရေစ ”
ဦးအုန္း၏ အႀကံေပးပါရေစဆိုေသာ စကားေၾကာင့္ ေမာင္ဘိုးထင္ တို႔ ဦးအုန္းထံ အာ႐ုံစူးစိုက္လိုက္ၾကၿပီး ဦးအုန္းမွ
“ေကာင္ေလးေတြ ႐ိုးမေတာနက္ထဲက တခ်ိဳ႕ ၿမိဳင္ေတြမွာ တပႆီေတြ ရွိတယ္ မင္းတို႔ သူတို႔ကို လိုက္ရွာ ၿပီး အကူအညီေတာင္းၾကည့္ေပါ့ ”
“တပႆီဆိုတာ ဘာကိုေျပာတာ လဲ အဘ ”
“ငါအထင္ေတာ့ က်င့္စဥ္ က်င့္ေနတဲ့ လူေတြလားပဲ သိထားတယ္ က်န္တာ ငါလည္း မသိဘူး ”
“လမ္းစေတာ့ရၿပီ အဘ က်ဳပ္တို႔ မေသေဆး ရေအာင္ရွာခဲ့မယ္ ၿပီးရင္ အရီးပ်ိဳ ကို တိုက္မယ္ ကိုမင္းေနာင္ႀကီးကို အရင္လို ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ ျပန္ေနခိုင္းမယ္ ”
“မင္းတို႔ ေတြးထားသလို ျဖစ္လာပါေစလို႔ ငါဆုေတာင္းပါတယ္ကြာ ဒါနဲ႔ သာရ မပါဘူးလား ”
“ကိုသာရ ကိုေတာ့ မေခၚေတာ့ဘူးအဘ သူ႔ကို ကိုဖိုးေထြးကို ေစာင့္ေရွာက္ဖို႔ မွာထားတယ္။ကိုဖိုးေထြးဒဏ္ရာက အရွင္းေပ်ာက္ ေသးတာ မဟုတ္ဘူး ”
“ေကာင္းပါတယ္ကြာ အဲ့တာဆို မင္းတို႔ ေတြ သြားဖို႔ လာဖို႔ ျပင္ဆင္လိုက္ၾကဦး ငါလည္း မပ်ိဳ ဆီ လူနာ သြားေမးလိုက္ပါ ဦးမယ္ ”
ဦးအုန္းသည္ ေမာင္ဘိုးထင္တို႔ကို မွာ ၾကားစရာရွိတာမ်ား မွာၾကားၿပီးေနာက္ ထြက္သြားေလသည္။ထို႔ေနာက္ ေမာင္ဘိုးထင္သည္ ေပတူးအား
“ကဲ ေပတူး မင္းက မနက္ျဖန္ ခရီးထြက္မဲ့အေၾကာင္း ကိုမင္းေနာင္ကို သြားေျပာေခ် ”
“ေအးေအး ဘိုးထင္ ”
“ငါတို႔က မနက္ျဖန္ ခရီးထြက္ ဖို႔ လိုအပ္တာေတြ ျပင္ဆင္လိုက္ ဦးမယ္ ‌”
ေပတူးသည္ ေမာင္ဘိုးထင္ စကားဆုံးသည္ ႏွင့္ ဦးအုန္း၏ အိမ္ဝိုင္းထဲမွ ထြက္ခြါသြားပါေလေတာ့သည္။
◾အခန္း (၄)
ေပပင္႐ြာ၏ အာ႐ုံတက္ခ်ိန္တြင္ ျဖစ္သည္။ေအာင္သန္း ႏွင့္ ေမာင္ျမင့္သည္ အိပ္ခ်င္မူးတူးျဖင့္ ႐ြာလယ္လမ္းအတိုင္း လမ္းေလွ်ာက္လာ ေနသည္ ။သူတို႔ သြားေနေသာ အိမ္မွာ အရီးပ်ိဳ၏ အိမ္သို႔ ျဖစ္သည္။ကိုမင္းေနာင္၏ ေတာင္းဆိုမႈေၾကာင့္ ေနာက္ေန႔ကစၿပီး သူတို႔သည္ အရီးပ်ိဳ အိမ္တြင္ ေစာင့္ၿပီး အိပ္ရေတာ့မည္ျဖစ္သည္ ။ေန႔လယ္ပိုင္းေတြေတာ့ မိေက်ာ့၊လွရင္ ႏွင့္ ဝင္းၾကည္တို႔ မိန္းမပ်ိဳ ေလးမ်ားအလွည့္က် အရီးပ်ိဳအား ‌ ေစာင့္ေရွာက္ၾကမည္ျဖစ္သည္ ။ ေပပင္႐ြာေလးတြင္ တဦးကို တဦးေစာင့္ေရွာက္ျခင္းမွာ ႐ြာဓေလ့ ရပ္‌ဓေလ့ပင္ ျဖစ္သည္။ ေအာင္သန္း ႏွင့္ ေမာင္ျမင့္ အရီးပ်ိဳအိမ္ထံ ေရာက္သြားခ်ိန္ ေမာင္ဘိုးထင္တို႔ လည္း ေရာက္ရွိေနၿပီ ျဖစ္သည္ ။သူတို႔သည္ စပါးအိတ္မ်ားထဲ သို႔ ပစၥည္းပစၥယ မ်ား ထည့္ထားၾကၿပီး အရီးပ်ိဳ၏ အိမ္ေရွ႕ တန္းလ်ားတြင္ ထိုင္ေနသည္ ။သူတို႔သည္ ေအာင္သန္းတို႔ ႏွစ္ေယာက္အား ျမင္ေသာ အခါ
“ေဟ့ေကာင္ေတြ အခုထိ အိပ္ခ်င္ေနတုန္းလား ”
“မဟုတ္ပါဘူး ဘိုးထင္ရာ ”
“သြားသြား အိပ္ေပၚတက္ေတာ့ မင္းတို႔ကို ကိုမင္းေနာင္ ေစာင့္ေနတယ္ ”
“ေအးေအး ”
“ေအး မေနနဲ႔ အရီးပ်ိဳကို ေသခ်ာဂ႐ုစိုက္ေနာ္”
“ေအးပါကြာ ငါတို႔ တင္မကပါဘူး တျခားသူေတြလည္း လာၾကမွာပါကြာ ”
ေအာင္သန္း ႏွင့္ ေမာင္ျမင့္ အိမ္ေပၚသို႔ တက္သြားၿပီး အိမ္ေပၚေရာက္ေသာအခါ ကိုမင္းေနာင္သည္ သူ၏ မိခင္ႀကီးအား ဦးခ် ကန္ေတာ့ေနသည္ကို ေရနံဆီ မီးခြက္အလင္းရာင္ေအာက္ တြင္ ျမင္ေတြ႕ရသည္ ။ယခု အခ်ိန္တြင္ေတာ့ အရီးပ်ိဳသည္ စကား ေကာင္းစြာ ျပန္ေျပာႏိုင္ေနၿပီျဖစ္သည္ ၊၊ မင္းေနာင္သည္ သူ၏ မိခင္အတြက္ သူ မေသေဆးရ ေအာင္ရွာမည္ဟု ေတြးလိုက္သည္ ႏွင့္ အနည္းငယ္ စိတ္သက္သာလာ၍ မေသေဆး ရမည္ ဟု လည္း ယုံၾကည္ေနသည္ ။ အရီးပ်ိဳသည္ သူမအား ကန္ေတာ့ေနသည့္ သားျဖစ္သူအားၾကည့္ကာ
“မင္းေနာင္ နင္က ငါ့ကို ဦးခ်လို႔ ေနပါလား။နင္တို႔ ဘိုးထင္ နဲ႔ ခရီးထြက္မလို႔ ဆို၊သြား သြား အရင္တခါလို ငါ မ်က္ႏွာပြင့္ ေအာင္ လုပ္ခဲ့ဦး ”
“စိတ္ခ် အေမ က်န္းမာေအာင္ေနေနာ္ ။ဒီေကာင္ေတြကို အားမနာနဲ႔ ခိုင္းစရာရွိတာခိုင္း ”
“ေအး ငါလည္း ႐ြာထဲက ကေလးေတြ လာ လာေနမွ စိတ္ခ်မ္းသာၿပီး ေနလို႔ေကာင္းလာသလိုပဲ ႐ြာက ကေလးေတြကို ငါ ထႏိုင္မွ ေကာက္ညႇင္းေပါင္း နဲ႔ အေၾကာ္ အ၀ ေကြၽးပစ္မယ္ ”
“ဟာ အရီးပ်ိဳ တကယ္ေျပာတာ ေနာ္ အဲ့တာဆို က်ဳပ္တို႔ကို ခိုင္းသာ ခိုင္း အား မနာနဲ႔ ”
လူမမာ အရီးပ်ိဳသည္ ေအာင္သန္း၏ ေကာက္ညင္းေပါင္းစားခ်င္ေနသည့္ အားတက္သေရာပုံစံကို ၾကည့္ကာ ၿပဳံးလိုက္မိသည္။ထို႔ေနာက္ သူမေဘးတြင္ ထိုင္ေနေသာ သားျဖစ္သူ မင္းေနာင္အား
“မင္းေနာင္ သြားသြား ငါ့ကို ဘာမွ စိတ္မပူနဲ႔ ေသမယ္ဆို လည္း ေသလို႔ရၿပီ။ငါ့အသက္က ခုႏွစ္ဆယ္ နားကပ္လာၿပီ။တကယ္ဆို အရီးေတာင္ မဟုတ္ေတာ့ဘူး အဖြား ျဖစ္ေနပါၿပီ ”
“အေမ့ကို က်ဳပ္ေျပာထားတယ္ ေသတယ္ ဆိုတဲ့ စကားေတြ မေျပာပါ နဲ႔ ဆိုဗ်ာ ေနာက္တခါ မေျပာေတာ့ နဲ႔ သိလား က်ဳပ္သူငယ္ခ်င္း ၾကည္ေအးလို ပဲ အေမ မေသခင္ က်ဳပ္က အရင္ေသခ်င္တာဗ်”
“ဒီေကာင္ေလးက ေတာ့ ေပါက္က‌ရေတြ သြား သြား ”
မင္းေနာင္သည္ သူ၏ မိခင္ႀကီးအား ေသခ်ာၾကည့္ကာ အႀကိမ္ႀကိမ္ ဂ႐ုစိုက္ရန္ မွာၾကားလိုက္ၿပီး ေနာက္ ေမာင္ဘိုးထင္တို႔ ေစာင့္ေနသည့္အိမ္ေအာက္သို႔ ဆင္းသြားလိုက္ေလသည္။အိမ္ေအာက္ေရာက္ေသာအခါ သူ၏ တပည့္ ခ်ိဳးသိမ္းမွာ မေက်မနပ္ ႏွင့္ သူ႔အား ၾကည့္ေနၿပီး
“ဆရာသမား အေတာ္ကို သစၥာမဲ့တာ ပဲ အေရးႀကီးတဲ့ ကိစၥ ခရီးသြားတာေတာင္ ႀကိဳမေျပာဘူး ‌သာရ ေျပာလို႔သိရတာ ”
“မင္းကို ပင္ပန္းမွာ စိုးလို႔ပါ ကြာ ”
“ဘာမွ မပင္ပန္းဘူး၊လာလာ ေတာ္ၾကာ ေနျမင့္ေနဦးမယ္ သြားၾကစို႔ ”
ခ်ိဳးသိမ္းသည္ ဓားတေခ်ာင္းကို ပခုံးမွာ လြယ္ၿပီး ရွမ္းေဘာင္းဘီ ျဖင့္ သိုင္းသမား တေယာက္ကဲ့သို႔ ေရွ႕ဆုံး မွ ဦးေဆာင္သြားရာ မင္ေနာင္မွ ေနာက္ကေနၿပီး စကားဆိုလိုက္သည္ ။
“ေဟ့ေကာင္ ခ်ိဳးသိမ္း မင္းက ဘယ္ကို သြားရမယ္ဆိုတာ သိလို႔လား ေရွ႕ကေန ေကာ့ပက္ေကာ့ပက္ နဲ႔ ထြက္သြားတာ ”
“ဟာဗ်ာ ဆရာသမားကလည္း အခုသြားမွာ ႐ြာအျပင္ကို မဟုတ္လား ႐ြာအျပင္ေရာက္မွ ဘိုးထင္ တို႔ကို ေရွ႕က သြားခိုင္းမွာေပါ့ဗ်ာ ”
မင္းေနာင္ ႏွင့္ ေမာင္ဘိုးထင္တို႔သည္ ခ်ိဳးသိမ္း၏ စကားေၾကာင့္ တေယာက္ကို တေယာက္ၾကည့္ကာ သိုင္းသမားဟန္ ခ်ိဳးသိမ္းေနာက္မွ လိုက္ပါသြားပါေလေတာ့သည္ ။
◾အခန္း (၅)
ေမာင္ဘိုးထင္တို႔ ခရီးထြက္လာခဲ့ရာ ေန႔လယ္အခ်ိန္သို႔ ပင္ေရာက္လာၿပီ ျဖစ္သည္။ေန႔တဝက္က်ိဳး ႐ြာ‌ႏွစ္႐ြာခန႔္ ျဖတ္လာၿပီးေသာအခါ ေတာင္ယာမ်ားေဘးရွိ စိုက္ခင္းမ်ားအနီး ‌႐ုံးပင္မ်ားအရိပ္ ေအာက္တြင္ထိုင္ကာ နားလိုက္ၾကသည္။ စိုက္ခင္းအခ်ိဳ႕ကို ျဖတ္ၿပီး တိုက္ခိုက္လာေသာ ေလႏုေအးေလးမ်ားေၾကာင့္ ေပတူး ႏွင့္ သာေအးသည္ မ်က္လုံးမ်ားစင္းၿပီး ဇိမ္ခံေနၾကသည္။ ထို႔ေနာက္ မင္းေနာင္သည္ ေမာင္ဘိုးထင္အား ၾကည့္ကာ
“ဘိုးထင္ေရ ထမင္းစားၾကရေအာင္ကြာ ဟိုမွာ သခြားပင္ေလးေတြ မဟုတ္လား ”
“ဟုတ္တယ္ဗ် ကိုမင္းေနာင္ရ ”
“လတ္ဆတ္ေနတာပဲကြာ တို႔ဘာဟင္းခ်က္လာတာလဲ ”
“ထုံးစံအတိုင္း ခရမ္းခ်ဥ္သီးနဲ႔ ငါးေျခာက္ေပါ့ဗ်ာ ”
“ဟင္းကေတာ့ သခြားသီးေလးနဲ႔ တို႔ လိုက္ရ ရွယ္ပဲကြာ ”
မင္းေနာင္မွ ထိုသို႔ေျပာေသာအခါ ရွမ္းေဘာင္းဘီဝတ္ ခ်ိဳးသိမ္းသည္ သူ၏ ဆရာျဖစ္သူအား
“ဆရာမင္းေနာင္ သခြားသီးစားခ်င္လို႔လား”
“ေအးကြာ စားခ်င္ေနတယ္ ”
“က်ဳပ္သြားခူးလိုက္မယ္ ”
ခ်ိဳးသိမ္းသည္ ေျပာေျပာဆိုဆို မတ္တတ္ရပ္လိုက္ၿပီး သခြားစင္မ်ားဖက္ ထြက္သြားရန္ျပင္စဥ္ ထမင္းစားရန္ ျပင္ဆင္ေနေသာ ေမာင္ဘိုးထင္မွ
“ကိုခ်ိဳးသိမ္း အခင္းရွင္ကို ေျပာၿပီးခူးခဲ့ေနာ္ ဒီဘက္ေတြက က်ဳပ္တို႔ အသိေတြ မဟုတ္ဘူး ”
“ေအးပါကြာ စိတ္ခ်ပါ ခိုးမလာပါဘူး ဘိုးထင္ရာ ”
သိုင္းသမားဟန္ ခ်ိဳးသိမ္းသည္ ဟန္ပန္အျပည့္ႏွင့္ ဓားကို ေက်ာလြယ္ၿပီး စိုက္ခင္းမ်ားရွိရာဘက္သို႔ ထြက္သြားပါေလသည္ ၊ ေမာင္ဘိုးထင္တို႔သည္ ထမင္းစားရန္ ျပင္ဆင္ၿပီး၍ ခ်ိဳးသိမ္း အလာကို ေစာင့္ေနသည္ ။ မၾကာေသာ အခ်ိန္တြင္ ခ်ိဳးသိမ္းသည္ ဆူးမေပ်ာက္ေသးေသာ သခြါးသီးေလးမ်ားကို ခူးၿပီးျပန္ေရာက္လာသည္ ။ ထို႔ေနာက္ ထမင္းဝိုင္းတြင္ ထိုင္ၿပီး သူ၏ ဆရာသမား ျဖစ္ေသာ မင္းေနာင္၏ပန္းကန္ ထဲသို႔ သူခူးလာေသာ သခြားသီးကို အရင္ထည့္ေပးလိုက္ကာ
“ဆရာမင္းေနာင္ ေရာ့ သခြားသီးက အရင့္မရွိဘူး ဒီအေနေလးေတြပဲ ရွိတယ္ ”
“မင္း ပိုင္ရွင္ကိုေကာ ခြင့္ေတာင္းၿပီးခူးလာရဲ႕လား ”
“‌ခြင့္ေတာင္းခဲ့ပါတယ္ ဆရာမင္းေနာင္ရာ စား စား ”
ဆရာသမားအေပၚ အလိုက္သိတတ္ေသာ ခ်ိဳးသိမ္းေၾကာင့္ မင္းေနာင္ ေက်နပ္ပီတိျဖစ္ကာ သခြားသီးကို အားရပါးရ ခရမ္းခ်ဥ္သီးဟင္း ျဖင့္ ျမႇဳပ္စားလိုက္ေလသည္။သူ႔နည္းတူ ခ်ိဳးသိမ္းႏွင့္ ေပတူးတို႔ လည္း စားလိုက္ၾက၏ ၊ ေမာင္ဘိုးထင္ ႏွင့္ သာေအးသည္သာ သခြားသီးကို လက္ကာ ကိုင္ရင္း မစားရေသးေပ။ ထမင္း တစ္လုပ္၊ႏွစ္လုပ္မွ် စားၿပီးခ်ိန္တြင္ မင္းေနာင္ ခ်ိဳးသိမ္း ႏွင့္ ေပတူးတို႔ ၏ မ်က္ႏွာ မ်ားတြင္ ေခြၽးေစးမ်ား စို႐ႊဲလာၿပီး
“အား နာလိုက္တာ၊ငါ့ဗိုက္ထဲ ကြၽဲမ်ားဝင္ခတ္ေနလား မသိဘူး”
“ဆရာ‌မင္းေနာင္ ပဲ နာတာ မဟုတ္ဘူး။က်ဳပ္လည္း ဗိုက္လည္းနာလာတယ္ ဗ်ာ ”
“ကို ကို ခ်ိဳးသိမ္း ခင္ဗ်ား သခြားသီးက ဒုကၡေပးၿပီထင္တယ္။ ဟိုႏွစ္ေကာင္က သခြားသီးပဲ ကိုင္ရေသးတယ္ မစားရေသးေတာ့ ဘာမွ မျဖစ္ဘူး ”
ေပတူး၏ စကားေၾကာင့္ မင္းေနာင္သည္ သူ၏ တပည့္ေက်ာ္ ခ်ိဳးသိမ္းကို ၾကည့္ကာ
“ဟိတ္ေကာင္ မင္း ခြင့္ ေရာေတာင္းခဲ့လား ”
“ဟို ဟိုေလ မေတာင္း ခဲ့ရဘူး”
“နင္ေမႀကီးေတာ္ႀကီး ငါ‌တို႔ ဗိုက္နာလို႔ ေသေတာ့မယ္။အေမတို႔ေမြးကာနီး ဗိုက္နာတယ္ဆိုတာ ဒီလိုလား မသိပါဘူးကြာ အမေလး ကြၽတ္ ကြၽတ္ ”
မင္းေနာင္တို႔ နာက်င္စြာ ေအာ္ဟစ္ ေနသည္ကို ၾကည့္ၿပီး ေမာင္ဘိုးထင္ႏွင့္ သာေအးတို႔သည္ သူတို႔၏ လက္ထဲမွ သခြားသီးကိုၾကည့္ၿပီး လႊင့္ပစ္လိုက္ကာ
“သာေအးေရ ပညာသည္ အခင္းက ကိုခ်ိဳးသိမ္းခူးခဲ့ၿပီးထင္တယ္။ေဟ့လူေတြ ေခါင္းငုံ႔ ထားေခါင္းငုံ႔ထား က်ဳပ္ေျပာသလို လိုက္ေျပာ ၾကားလား ”
“ေအးေအးပါ ျမန္ျမန္ လုပ္ပါကြာ ငါ့အူေတြ ျပတ္ေတာ့မယ္ ထင္တယ္ ”
‌မင္းေနာင္၊ခ်ိဳးသိမ္း ႏွင့္ ေပတူးတို႔သည္ ဒူးမ်ားေထာက္ၿပီး စိုက္ခင္းမ်ားဖက္ကို မ်က္ႏွာမူကာ ေျမျပင္ႏွင့္ မ်က္ႏွာထိသည္ အထိေခါင္းကို ငုံ႔ထားၿပီး တုန္ယင္ေနၾကသည္။ထို႔ေနာက္ ေမာင္ဘိုးထင္သည္ ထိုစိုက္ခင္းဖက္ကို ၾကည့္ကာ
“စိုက္ခင္းပိုင္ရွင္ႀကီးခင္ဗ်ာ က်ဳပ္တို႔ မသိလို႔ ခူးစားမိတာပါ။ ပ်က္စီးေစဖို႔ မရည္႐ြယ္ပါဘူး အမိုက္မဲေလး ေတြမို႔ ခြင့္လႊတ္ ေပးပါ ခင္ဗ်”
‌ေမာင္ဘိုးထင္ တိုင္ေပးသည့္ အတိုင္း မင္းေနာင္တို႔ လိုက္ဆိုၾကေလသည္။မၾကာေသာအခ်ိန္ တြင္ စိုက္ခင္းမ်ားဘက္မွ အသက္ ေျခာက္ဆယ္အ႐ြယ္ လူႀကီးတဦး ပုဆိုးကို ေခါင္းေပါင္းထားၿပီး ကြမ္းဝါးလ်က္ အက်ႌဗလာ ပုဆိုးကြက္ေထာက္ႀကီးဝတ္ကာ လမ္းေလွ်ာက္လာေလသည္၊ ထိုလူႀကီး သူတို႔ အနားသို႔ နီး လာသည္ႏွင့္ မင္းေနာင္တို႔ခံစားေနရေသာ ဗိုက္နာ ေဝဒနာသည္ တျဖည္းျဖည္းသက္သာ လာၾကသည္၊၊သူတို႔အနားသို႔ ထိုလူႀကီးေရာက္ခ်ိန္တြင္ေတာ့ သူတို႔၏ ေဝဒနာသည္ အံဩစရာေကာင္းေလာက္ေအာင္ ယူပစ္သလို ေပ်ာက္ကင္းသြားေလ၏။ ပုဆိုးေခါင္းေပါင္းထားေသာ လူႀကီးသည္ ေမာင္ဘိုးထင္တို႔ကို ၾကည့္ကာ
“ေကာင္ေလးေတြ ျမန္ျမန္ေတာင္းပန္လို႔ ေတာ္ေသးတာေပါ့ကြာ ငါလည္း ေဒါသစိတ္က လက္တစစ္ဆိုေတာ့ မထိန္းႏိုင္ဘူးေဟ့ ”
“ေတာင္းပန္ပါတယ္ ဗ်ာ က်ဳပ္တို႔က စားခ်င္လို႔ ခူးလိုက္မိတာ ပါ ဒီေကာင့္ကို ပိုင္ရွင္ကို ခြင့္ေတာင္းလို႔ ေျပာပါေသးတယ္ ”
မင္းေနာင္မွ ခ်ိဳးသိမ္ကို လက္ညႇိဳးၫႊန္၍ စကားဆိုေလရာ ခ်ိဳးသိမ္းသည္ သူ၏ ဆရာကို ငဲ့ေစာင္းၾကည့္ၿပီး
“ဆရာမင္းေနာင္ကို စားေစခ်င္လို႔ပါ က်ဳပ္က ပိုင္ရွင္ကိုရွာပါေသးတယ္ မေတြ႕လို႔ ဒီေလာက္ေလးနဲ႔ မသိေလာက္ပါဘူးဆိုၿပီး ခူးလာမိတာပါ ”
“ေနာက္မွ ေျပာ ဆရာႀကီးကို ေတာင္းပန္လိုက္ဦး ”
“က်ဳပ္ က်ဳပ္ခူးမိတာပါ ေတာင္းပန္ပါတယ္ဆရာႀကီးခင္ဗ်ာ”
“ရွိေစေတာ့ ငါလည္း ‌ဟိုဝါး႐ုံဘက္မွာ အိပ္ေနေတာ့ မသိလိုက္ဘူးကြ ဒါနဲ႔ မင္းတို႔ ဘယ္႐ြာကလဲ ငါက ဒီနားက မီးေလာင္ကုန္း ႐ြာကကြ နာမည္က သုံည”
ဦးသုည ဆိုေသာ လူႀကီးသည္ ကြမ္းတံေတြးအား ေျမျပင္သို႔ ေထြးလိုက္ၿပီး စကားဆိုေလသည္။ ထိုအခါ ေမာင္ဘိုးထင္ သည္ ဦးသုညကို ၾကည့္ကာ
“ဆရာႀကီး က်ဳပ္တို႔က ေပပင္႐ြာက ပါ ”
“ေပပင္႐ြာက ဟုတ္လား အဲ့တာဆို ကိုအုန္းကို သိလား”
“သိရန္ေကာ ဆရာႀကီးရယ္ က်ဳပ္အဘ ပါ”
“အဲ့တာဆို မင္းက ကိုအုန္း ရဲ႕ ေမြးစားသားဆိုတဲ့ ေကာင္ေလးလား ”
“ဟုတ္တယ္ ဆရာႀကီး ”
“မင္း အဘကေကာ မိုက္ေနတုန္းပဲလား ”
“ဆရာႀကီးေျပာတာ က်ဳပ္နားမလည္ဘူး ”
“မင္းအဘက ငါ့လိုပဲ လူေတြကို ဒုကၡေပးတုန္းလားလို႔ ”
“ဟာ ဆရာႀကီးကလည္း က်ဳပ္အဘက လူေတြကို ဒုကၡမေပးပါဘူးဗ် သူတတ္တဲ့ ပညာနဲ႔ လူေတြကို ကူညီေနတာပါ ‘
ဦးသုညသည္ ေမာင္ဘိုးထင္၏ ေျပာစကားေၾကာင့္ သေဘာက်သြားၿပီး ဟားတိုက္လို႔ ရယ္ေမာေနပါသည္။ ထို႔ေနာက္ ဦးသုညသည္ ေမာင္ဘိုးထင္တို႔ကို ေဝ့ ၾကည့္လိုက္ရင္းမွ
“ေနစမ္းပါဦး မင္းတို႔က ဒီဘက္ကို စားအိုး၊စားခြက္ေတြနဲ႔ ဘယ္ကို သြားၾကမလို႔ လဲကြ ”
“ဆရာႀကီးရယ္ ေဟာ့ဒီက ကိုမင္းေနာင္ရဲ႕ အေမအတြက္ ခရီးထြက္လာရတာပါ ”
“ေဟ့ အဆန္းပါလား ဘာလို႔တုန္း၊ဆရာသမား မ်ားလာရွာတာလား ”
“မဟုတ္ဘူးဗ် မေသေဆး လာရွာတာပါ ”
ဦးသုညသည္ ေမာင္ဘိုးထင္၏ စကားေၾကာင့္ အံ့ဩေနေလသည္။ထိုအခ်ိန္ မင္းေနာင္သည္ စိမ္းစိုေနေသာ စိုက္ခင္းမ်ားထံ ေငးရင္းမွ
“ဆရာႀကီး က်ဳပ္က အေမတခုသားတခုပါ အခု က်ဳပ္ရဲ႕အေမ ေနမေကာင္းျဖစ္ေနပါတယ္။႐ြာက ေဆးဆရာကလည္း အေျခအေနမေကာင္းဘူးလို႔ေျပာတယ္ က်ဳပ္အေမကလည္း ေခါင္းမာတယ္။ၿမိဳ႕ေဆး႐ုံသြားေအာင္ဆိုလည္း မသြားဘဲ သူ႐ြာမွာပဲေခါင္း မခ်ရမွာစိုးလို႔ဆို ၿပီး ေပေနတယ္။အိမ္မွာသာ ဒီအတိုင္းႀကီးေနရင္ က်ဳပ္အေမက မလြယ္ဘူး။႐ြာထဲက လူေတြေျပာတာေတာ့ ပညာသည္ေတြ ဆီမွာ မေသေဆး ရွိတယ္ဆိုလို႔ ဒီက ဘိုးထင္ကို အကူအညီ ေတာင္းၿပီး လိုက္ရွာေနတာပါ ”
ဦးသုညသည္ မင္းေနာင္၏ စကားအား နားေထာင္ၿပီးေသာ အခါ ေခါင္းကို အသာအယာ ညိတ္ကာ
“ကဲ ေကာင္ေလးေတြ အဲ့တာဆိုရင္ေတာ့ မင္းတို႔ ကံေကာင္းတာပဲကြ ”
“ဗ်ာ တကယ္လား မေသေဆးက တကယ္ ရွိတာလား ”
ေမာင္ဘိုးထင္မွ အလန႔္တၾကား ေျပာေလရာ ဦးသုည ေခါင္းကို ညိတ္ၿပီး
“ရွိတယ္ဟ ဒါေပမဲ့ ငါတို႔ လမ္းစဥ္ေတာ့ မဟုတ္ဘူးေကာင္ေလး အဲ့ဒီေနရာကို ေတာ့ လမ္းၫႊန္ေပးႏိုင္တယ္ ငါက လက္ေတြ႕မို႔ ယုံတာ မင္းတို႔ ၿမိဳ႕က ဆရာဝန္ေတြ လက္လႊတ္တဲ့ သူေတြေတာင္ ေကာင္းသြားၾကတယ္ဟ ”
“အဲ့လို ေဆးေတြ တကယ္ရွိတာကို ဆရာႀကီးရယ္ က်ဳပ္ထင္ပါတယ္ဗ်ာ က်ဳပ္ရဲ႕ အေမ အတြက္ ေဆးရွိတယ္ ဆိုတာ ”
မင္းေနာင္သည္ စိုက္ခင္းပိုင္ရွင္ ဦးသုညအား ယုံၾကည္ေနမိသည္ ။ ဦးသုညသည္ အပိုေျပာမည့္ပုံစံ တစက္ကေလးမွ မေပၚဘူးဆိုတာ သူတို႔အားလုံးယုံၾကည္ေနမိသည္ ။ ထို႔ေနာက္ မင္းေနာင္ သည္ ဝမ္းသာ လြန္း၍ ‌ေမာင္ဘိုးထင္ကို ဖက္ရင္း
“ဘိုးထင္ မင္းကို ငါတကယ္ေက်းဇူးတင္တယ္ကြာ၊အဲ့တာဆိုငါတို႔ ဆရာႀကီးေနာက္ လိုက္သြားၾကရေတာ့ေအာင္”
“ထမင္းေလး ဘာေလး စား”
“ေနာက္မွစား ညေနစာ ေပါင္းၿပီး စားကြာ ”
မင္းေနာင္သည္ ေမာင္ဘိုးထင္တို႔အား ထမင္းဆက္ၿပီး မစားေစေတာ့ပဲ ဦးသုညကို ၾကည့္ကာ
“ဆရာႀကီး က်ဳပ္တို႔ကို ေခၚသြားေပးပါ ”
“မင္းတို႔ ထမင္းၿပီးေအာင္ စားၾကပါဦးကြာ ဟိုေရာက္ရင္ အဲ့ဒီမွာ လည္းေနလို႔ ရပါတယ္ ”
“မစားေတာ့ပါဘူး ဗ်ာ သြားၾကရေအာင္ ”
“ဆရာႀကီးေရ ထမင္းစားရင္လည္း ဘယ္ဝင္လို႔ ဘယ္ထြက္ မွန္း သိမွာမဟုတ္ေတာ့ဘူး အျမန္သာ လမ္းျပေပးလိုက္ပါဗ်ာ ”
“ေအးဟုတ္တယ္ မင္းတို႔ရဲ႕ အကိုႀကီးက သူ႔အေမကို အေတာ္ ခ်စ္ပုံပဲကြ”
“ခ်စ္တာ ေပါ့ ဆရာႀကီးရာ က်ဳပ္ အေမက က်ဳပ္ဘဝ ကိုဗ်”
“ေအးပါကြာ လိုက္ခဲ့ၾက ငါကေတာ့ အထဲထိ မဝင္ဘူး မင္းတို႔ ဘာသာပဲဝင္သြားၾကေနာ္ အဲ့က လူေတြက သေဘာေကာင္းပါတယ္ ”
ဦးသုညသည္ ေျပာေျပာဆိုဆို ေရွ႕မွ လမ္းေလွ်ာက္သြားေလသည္။ထိုအခါ သိမ္းဆည္း ၿပီးၿပီျဖစ္ေသာ ပန္းကန္၊ခြက္ ေယာက္ မ်ားကို အိတ္မ်ားထဲ ျပန္ထည့္ၿပီးေနာက္ ေမာင္ဘိုးထင္တို႔သည္ ဦးသုည ေခၚရာ ေနာက္သို႔ ဒေရာေသာပါး အေျပး လိုက္သြားပါေလေတာ့သည္ ။ဦးသုညသည္ သူ၏ ႐ြာေဘးမွ ျဖတ္ၿပီး ႐ြာထိပ္ႏွင့္အတန္လွမ္းေသာ ေနရာသို႔ သြားေနေလသည္ ။လူတေယာက္သြားသာေသာ လမ္းေလးျဖစ္ၿပီး ေဘးတဖက္တခ်က္ တြင္ ျမက္႐ိုင္းပင္မ်ားက ေပါက္ေရာက္ေနေလသည္။ မၾကာေသာ အခ်ိန္တြင္ေတာ့ ဦးသုညသည္ ေရွ႕မွ ရပ္လိုက္ၿပီး ေမာင္ဘိုးထင္တို႔အား လက္ညႇိဳးၫႊန္ျပၿပီး စကားဆိုေလသည္။
“ကဲ ေကာင္ေလးတို႔ေရ မင္းတို႔ လိုခ်င္တဲ့ မေသေဆး ရွိတဲ့ ေနရာက ဒီ ေနရာ ပဲ သြားေပေတာ့ မေသေဆး ရပါေစကြာ။ငါေတာ့ မလိုက္ေတာ့ဘူးေဟ့ ”
“လိုက္ပို႔တာ ေက်းဇူးပါ ဆရာႀကီးရာ က်ဳပ္ အေမ က်န္းမာေရးေကာင္းရင္ ဆရာႀကီးကို လာကန္ေတာ့ပါဦးမယ္ ”
“မလိုပါဘူးကြာ တခုေတာ့ မွာခဲ့မယ္ ေကာင္ေလးေတြ မင္းတို႔ ငါ့ၿခံထဲက အသီးအႏွံေတြစားခ်င္ရင္ ဦးသုညေရ က်ေနာ္ ေမာင္ဘယ္သူ ခူးသြားတယ္လို႔သာ ေျပာလိုက္ မင္းတို႔ ဘာမွ မျဖစ္ေစရဘူး”
“ဟုတ္ကဲ့ ဟုတ္ကဲ့ ”
“ကဲ ကဲ သြားေပဦးေတာ့ ေကာင္ေလးေတြေရ ”
ဦးသုည အား ေမာင္ဘိုးထင္ တို႔ လက္ျပ ႏႈတ္ဆက္လိုက္ၿပီး လူသြားလမ္းေလး အတိုင္း ၿမိဳင္ေတာထဲသို႔ ဝင္သြားပါေလေတာ့သည္ ။
‌▪️ေအာက္လမ္းဘိုးထင္ ႏွင့္ မေသေဆး သည္က ဤမွ်သာ။
မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ တရားေဆး အမည္ရ ဇာတ္လမ္းေလးအား တင္ဆက္ေပးပါမည္ ။
🙏🙏🙏အပန္းမႀကီးဘူးဆိုရင္ ကြၽန္ေတာ့္ရဲ႕ Page ေလးကို Follow ႏွိပ္ၿပီး အား‌‌ေပးသြားၾကပါဦး ၊ ကြၽန္ေတာ္တို႔စာေရးသူေတြအတြက္ ေနာက္ထပ္ေရးမဲ့ ဇတ္လမ္းေတြအတြက္ အားျဖစ္ရလို႔ပါ။🙏🙏🙏
ေမာင္တင္ဆန္း