“အောက်လမ်းဘိုးထင် နှင့် အမေတစ္ဆေ”(စ/ဆုံး)

Unicode Version

“အောက်လမ်းဘိုးထင် နှင့် အမေတစ္ဆေ”(စ/ဆုံး)
———————————————————-

(၄)

▪️အခန်း-၁

ဦးအုန်းသည် မောင်ဘိုးထင်အား ဆေးမှင်ကြောင်ပေါက်နည်း မန္တန်ဖြစ် အောက်လမ်းမှော်သွင်းချင်းများကို အခြေခံမှ သင်ကြားပေးနေသည် ၊မောင်ဘိုးထင်အား ညပိုင်းသာ သင်ပြပြီး နေ့ခင်းဘက်တွင်တော့ မောင်ဘိုးထင်အားနေသည် ၊ အားနေသော မောင်ဘိုးထင်သည် ညနေစာအတွက် နေ့လယ်ကတည်းက ချက်ပြုတ်ပြီး ရွာထဲမှ ဖိုးထွေးတို့ နွားကျောင်းရာသို့ လွယ် အိတ်တလုံး နှင့် လိုက်မြဲဖြစ်သည် ၊ ယခုလည်း ဖိုးထွေးလို လူပျိုပေါက်စ များ မောင်ဘိုးထင်လို ကလေးသားသားများ နှင့် ကျွဲနွားများကျောင်းနေကြသည် ၊ သူတို့သည် အရိပ်ကောင်းသော သစ်ပင်အောက်တွင် ထိုင်နေကြ၏၊ မောင်ဘိုးထင်သည် ဖိုးထွေး၏ နွားပြားနီ နွားသိုးအားကြည့်ကာ

“ဟေ့ကောင်တွေ ကြည့်စမ်း ကိုဖိုးထွေးနွား နဲ့ ဟိုဘက် စားကျက်က ကိုသာရ နွားနဲ့ ဝှေ့ရင် ဘယ်နွားနိုင်လောက်လဲ”

“ကိုဖိုးထွေးနွားက ရွာမှာ ဘုရင်ကွ သူ့နွားပဲနိုင်မှာပေါ့ ”

ဖိုးထွေးသည် သူ၏နွားအား အမွှန်းတင်နေကြသည်ဖြစ်ရာ ပြုံးပြီးသာ သူ၏နွားအားသေချာကြည့်နေသည် ဖိုးထွေးကြာကြာ မပြုံးလိုက်ရပေ မောင်ဘိုးထင်၏ နောက်ထပ်စကားက ပေါ်လာချေသည်

“လျှောက်မပြောနဲ့ ရွာနောက်ပိုင်းက ကို သာရ အဖေ အခုနောက်မှဝယ်တဲ့ ချိုကုပ်ကလည်း တကယ်မိုက်တယ်နော် ကိုဖိုးထွေးနွား မနိုင်လောက်ဘူးဗျ”,

မောင်ဘိုးထင်၏ စကားကြောင့် ဖိုးထွေးသည် မောင်ဘိုးထင်ကို သေချာကြည့်ကာ

“သာရ နွားလောက်‌ေတာ့ ငါ့နွားက တချက်ပြစ်စောင့်တောင်မရှိဘူးကွ”

“ဟုတ်ပ မလား ဗျ”

“သေချာတယ်ကွာ ”

“ကိုဖိုးထွေးပြောတာနော် ရေတွင်းဖြူနားမှာ ကိုသာရ နွားကျောင်းနေတယ် ကျုပ်သွားပြောကြည့်မယ် သူလက်ခံရင် ကိုဖိုးထွေးနွားသိုးက ရွာမှာ အကောင်းဆုံး”

“သွားကွာ အခုသွား ”

မောင်ဘိုးထင်သည် ကျောင်းစရာနွားမရှိ ၊ ရွာမှာ လည်း အဖော်မရှိတော့ သူ၏အပေါင်းသင်းများနွားကျောင်းရာသို့ လိုက်လာချင်းဖြစ်သည် ၊ နွားကျောင်းသားလေးများက နွားများဝှေ့မည်ပြုသောအခါ သွားရောက်မောင်းလိုက်ကြ၍ နွားများမဝှေ့ကြတော့ပေ၊ ထိုသို့ နွားကျောင်းသားများ‌ မောင်းလိုက်သည့် အတွက် မောင်ဘိုးထင် နွားဝှေ့တာကြည့်ချင်နေရာ ကြည့်လို့မရဖြစ်‌ေနသည်၊ ထို့ကြောင့် နွားဝှေ့တာ ကြည့်ချင်သော မောင်ဘိုးထင်သည် ဖိုးထွေးအား မခံချင်အောင် စလိုက်ချင်းဖြစ်သည် ၊ မောင်ဘိုးထင်၏ အကြံစည်တခုတော့ အောင်မြင်ပြီဖြစ်သည်။ သူနောက်ထပ် ကိုသာရ နွားကျောင်းရာ ရေတွင်းဖြူဘက်သို့ သာအေး ဟု အမည်ရသော နွားကျောင်းသားလေးနှင့် အတူ ထွက်သွားလိုက်ပါတော့သည်။

▪️အခန်း-၂

“ဖိုးထွေးဆိုတဲ့ကောင်က အဲ့လိုပဲပြောလား ဘိုးထင်”

“သူ့နွားက ရွာကနွားတွေရဲ့ ဘုရင်တဲ့ ဗျာ ကျုပ်တောင် မခံချင်ဘူး ကျုပ်က ကိုသာရ ချိုကုပ်ကလည်း မခေဘူးနော် ဆိုတာ ကို မရဘူဗျာ မယုံရင် ဒီကောင် သာအေးမေးကြည့် ”

“ဟုတ်တယ် ကိုသာရ ဘိုးထင်ပြောတာဟုတ်တယ်”

ပုလင်းတူဘူးစို့ သာအေး နှင့် ဘိုးထင်သည် လမ်းမှာတည်းက ညှိထားကြသည် လောက်စလုံး များ အလောင်းအစားလုပ်ပြီး ဒိုင်လုပ်ဖို့လည်းတိုင်ပင်ထားရာ သာရ၏ ရှေ့တွင် အတိုင်အဖောက်ညီနေကြသည် ၊ သာအေး မှဆက်ပြီး ပြောလိုက်သည်

“ကျုပ်တို့က ကိုဖိုးထွေးနဲ့ တဖွဲ့တည်းနွားကျောင်းတယ်ဆိုတာ ဘာလို့လဲသိလား”

“အေးပြော ”

“ကိုသာရ တို့နဲ့လာကျောင်းချင်တာ အခုကိုသာရ အ‌ေဖဝယ် လိုက်တဲ့ ချိုကုပ်ကြီးက ကျုပ်နွားတွေကို ဝှေ့မှာ ကြောက်လို့ဗျ ကိုဖိုးထွေးနွားက သိတဲ့ အတိုင်း ဟန်ပဲရှိတာ မဟုတ်လား ”

“အေး အဲ့တာတော့ ငါလက်ခံတယ် ၊ ဘိုးထင် ကြာတယ်ကွာ သတ္တိရှိရင် ဒီနေ့ နွားတိုက်မယ် လို့ပြောလိုက်ကွာ အဲ့ကောင်ဖိုးထွေးကို ”

“ပြောလိုက်မယ် ဗျာ …ကိုသာရ ခင်ဗျားကောင်တွေကိုလည်းပြောဦး လောက်စလုံး နဲ့ လောင်းလို့ရတယ် လို့ ပြီးတော့ စိမ်းစားဥ လည်း လောင်းလို့ရတယ် နော် ”

“အေးအေး ပြောလိုက်မယ် ဟိုကောင်တွေလည်း ထွန်ဖြုတ်ကုန်းမှာ စိမ်းစားဥ တူးနေကြတယ် အတော်ပဲ ”

သာအေးသည် မောင်ဘိုးထင် စိမ်းစားဥနှင့် လောင်းလို့ရသည် ဆိုသည့်စကားကို နားမလည်ပဲ ရှိနေသည် ၊ မောင်ဘိုးထင်သည် သာရ ကို နုတ်ဆက်ပြီး ပြန်ချိန် သာအေးအား စကားဆိုလိုက်သည်

“သာအေး ထွန်ဖြုတ်ကုန်းကို သွား စိမ်းစားဥ ရသလောက် တူထားကွာ ‘

“ဘာလုပ်ဖို့လဲ ဟ ”

“အဲ့‌‌ေကာင်တွေက စိမ်းစားဥနဲ့ လောင်းလိမ့်မယ် ငါတို့က လည်း စိမ်းစားဥ ပြန်လျော်ရမှာကွာ သွားသွား လွယ်အိတ် အပြည့်တူးကြမယ် ”

အကြံကြီးသူ မောင်ဘိုးထင်သည် သာအေးအား ကိုသာရတို့ အဖွဲ့ စိမ်းစားဥ တူးနေသော ထွန်ဖြုတ်ကုန်းသို့ လွှတ်လိုက်ပြီး စိမ်းစားဥတူးထားစေကာ သူသည်ကလည်း ဖိုးထွေးအား ပွဲဖြစ်ပြီ သွားပြောပြီး သာအေးနှင့် အတူ စိမ်းစားဥ ပြန်တူးနေလိုက်ပါတော့သည် ။

▪️အခန်း-၃

သာရသည် သူ၏ နွားကို ဆွဲလာပြီး သူ၏ အဖွဲ့သားများနှင့် ရောက်လာသည် ဖိုးထွေးသည်လည်း နွားကို ဆွဲပြီး သူ၏ အဖွဲ့သားများနှင့် ရောက်လာသည် မောင်ဘိုးထင် နှင့် သာအေးသည်က သစ်ပင် အရိပ်‌ေအာက်တွင် ရပ်စောင့်နေပြီး လှမ်းခေါ်လိုက်ကာ

“ဟေ့လူတွေ ဒီကို လာခဲ့ကြ ခင်ဗျားတို့ နွားတွေ ကိုဘယ်သူကြည့်ခိုင်းခဲ့လဲ ”

“တယောက် စောင့် ခိုင်းခဲ့တယ် ကွာ ပွဲစမယ် ”

“နေပါဦး ခင်ဗျားတို့ နှစ်ယောက်က ဟော့ဟိုက ဦးကျော် လယ်ကွက်ထဲ နွားဆွဲသွား ကျန်တဲ့ သူတွေ ဒီလာခဲ့ ”

မောင်ဘိုးထင်၏ ပြောစကားတိုင်း လူပျိုပေါက်စ နှစ်ယောက်သည် တကယ် လိုက်လုပ်နေသည် ၊ သူတို့၏ နွားများကို နဖားကြိုးမှ ဆွဲပြီး မလှမ်းမကမ်းရှိ ဦးကျော် လယ်ကွင်းထဲဆွဲသွားကာ အတန်ကွာဝေးသည် နေရာတွင် နွားတယောက် တကောင်ကို ဆွဲပြီး ရပ်နေသည် နွားနှစ်ကောင်သည်ကလည်း ခွာများယက်ပြီး တွန်မြည်နေသည် ၊ မောင်ဘိုးထင် နှင့် သာအေးသည်က နွား‌‌ေကျာင်းးသားများ နှင့် အလုပ်ရှုပ်နေသည်

“ဘယ်နွားဘက်က လောင်းမှာလဲ ဘယ်နွားဘက်က လောင်းလောင်းစတူပဲ တို့က ဒိုင်ဆိုပေမဲ့ မင်းတို့တိုင်း မျှထိုးကြ တဖက်တည်း အကုန်လောင်းလို့ တို့ရှုံးရင် မလျော်ဘူးနော် အဲ့တာတခါတည်းပြောထားတာ ”

“ဟုတ်တယ် ဟုတ်တယ် မျှမျှတတ လောင်းကျ နှစ်ကောင်လုံးက တို့ရွာက နွားတွေကြည့်ပဲ ”

မောင်ဘိုး ထင် နှင့် သာအေးသည် လောင်းထားသော လောက်စလုံး နှင့် စိမ်းစားဥ များကို မြေမှာ ပုံလိုက်ပြီး ဘယ်သူလောင်းထားသည် ဆိုတာကိုစိတ်နှင့် မှတ်သားလိုက်ကာ ဖိုးထွေးတို့အား လှမ်းအော်လိုက်သည်

“ကို‌ဖိုးထွေး နဲ့ ကိုသာရ ကြိုးတွေဖြုတ်လိုက်ဗျာ ဖြုတ်ပြီးရင် လွှတ်လို့ရပြီ ”

“အေးအေး ဘိုးထင်ရေ ”

ဖိုးထွေး နှင့် သာရသည် နွားနှာဖားကြိုးမှာ ချည်ထားသော ကြိုးများကို ဖြည်ပေးပြီး လွှတ်လိုက်ကာ ဘိုးထင်တို့ရှိသော သစ်ပင်ရိပ်သို့ပြေးလာကြသည် ၊ ‌နွားနှစ်ကောင်သည်က ရိုးပြတ်လယ်ထဲ၌ ညနေစောင်းလု နေရောင်အောက် တွင် တကောင်နှင့် တကောင် ရန်စောင် နေပြီး ဖိုးထွေး၏ နွားမှ တွန်သံပေးလိုက်စဉ် သာရ၏ နွားမှ ပြေး၍ဝှေ့ပါလေတော့သည် နွားများသည် ရိုးပြတ်လယ်ကွင်းထဲတွင် အားမာန်ကို အကုန်အသုံးပြုပြီး ဝှေ့နေကြသလို့ သစ်ပင်အောက်မှ ဘိုးထင်တို့သည်လည်း တိုးတိုး နှင့် သဖန်းပိုးထိုးနေကြသည် ။

“ကြည့်ထား မင်းတို့၊။ ကိုဖိုးထွေးနွားက ကလပ်လှဲလိမ့်မယ် ”

“ကိုသာရနွားက ချိုကုပ်ပေမဲ့ မခေဘူးဗျ ”

“အေး ဟုတ်တယ် ”

အချိန်အတန်ကြာသောအခါ သာရ၏နွားသည် နောက်သို့ ဆုပ်ကာ ဆုပ်ကာ နှင့် ပြေးလေတော့သည် ပြေးသည်ဆိုရာ၌ တခါတည်း တန်းမပြေပဲ ပြေးလိုက် ‌ပြန်ဝှေ့လိုက်နှင့် မောင်ဘိုးထင်တို့ သစ်ပင်ရိပ်နားပြေးလာရာ မောင်ဘိုးထင်နှင့် သာအေးသည် လောက်စလုံး များ စိမ်းစားဥများကို လွယ်အိတ်ထဲ ထည့်ပြီး သစ်ပင်ပေါ်သို့ အလျင်အမြန်တက်‌ေပြးလေတော့သည် ၊ ကျန်သူများသည် မောင်ဘိုးထင် နှင့် သာအေးကို ကြောင့်ကြည့်ကာ နေသလို ကျန်သောသူများသည် လိုက်ဝှေ့နေသော ဖိုးထွေး၏ နွားအား ကြိမ်လံုးဖြင် ဝင့်ပြကာ နဖားကြိုးကို အတင်းလိုက်ဆွဲလေတော့သည် ၊ ဤသို့နှင့် ဖိုးထွေး၏ နွားနှင့် သာရ၏ နွားနှစ်ကောင်မှာ ဒဏ်ရာဗလပွ နှင့် နွားတိုက်ပွဲကပြီးဆုံးလေတော့သည် ။

▪️အခန်း-၄

ဦးအုန်းသည် သူ၏ အိမ်အောက်တန်းလျားတွင် ထိုင်နေသောမောင်ဘိုးထင်အား ဆူပူနေသည်၊ ဆူရသည်အကြောင်းသည်က ဖိုးထွေး နှင့် သာရ ၏နွားများ ဒဏ်ရာများရလာရာ လူကြီးများက ဆူငေါက်၍ မေးမြန်သည့်အခါ နောက်ဆုံးလက်သည်မှာ မောင်ဘိုးထင် ဖြစ်နေသည့် အတွက် ဦးအုန်းမှာ ဆူနေချင်းဖြစ်သည် ။

“‌ကောင်းလေး မင်းကွာ နွားသွားကျောင်းတဲ့ကောင်တွေနောက်လိုက်ပြီး နွားတိုက်ခိုင်းရတယ်လို့ကွာ ”

“အဘက ကျုပ်ပဲ ငေါက်နေတယ် ကျုပ်က တိုက်ခိုင်းတယ် လို့ ဘယ်သူပြောတာလဲ ပြောတဲ့ကောင်ကို ကျုပ်သွားလုပ်မယ် ”

“မင်းက အခုထိ ဝန်မခံသေးဘူးလား ”

“ဟာ အဘကလည်း ကျုပ်တိုက်ခိုင်းတာ မဟုတ်ပါဘူးဆိုဗျာ ကျုပ်က ကိုဖိုးထွေးနွားက ကိုသာရနွားကို နိုင်ပါ့မလားပဲပြောတာ ကျန်တာ သူတို့တိုင်းတိုက်တာပဲ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး ”

“,မင်း လျှောက်ပြောနေတာ မဟုတ်လား ”

“မယုံ ရင် သားအေး တို့ အောင်မြင့်တို့ ကျော်လွင် တို့ မေးကြည့်ဗျာ ကျုပ်ပြောတာ ဟုတ်တယ် ဆိုရင်တော့ အဘကျုပ်ကို ငေါက်ထားတာတွေ အတွက် တခုခု ဝယ်ပေးရမယ် ”

“လာ လာချည်သေး “,

“အဘက မတရား မလုပ်တက်ပါဘူးဗျာ ”

“ဟေ့‌ေကာင် ဟေ့ကောင် မင်းလာမြှောက်မနေနဲ့ ငါမမြောက်တက်ဘူးယောင်”

“မြှောက်တာမဟုတ်ပါဘူး အဘရာ ကျုပ်က အမှန်တရားကို ပြောတာပါဗျာ အဘရဲ့ တပည် ဘိုးထင်ဆိုတဲ့ ကျုပ်က အဘနာမည်ကို ထိခိုက်အောင် မဟုတ်တာ လုပ်ပါ့မလားဗျာ အဘသေချားစဉ်းစား ကျုပ်ရေနွေးသွားခက်လိုက်ဦးမယ် ရေနွေးကြမ်းလေးသောက်ပြီးစဉ်းစာ ”

ဦးအုန်းဘာမှ ပြန်မပြောခင် မောင်ဘိုးထင် စားပွဲခုံမှ ရေနွေးအိုးအားယူကာ မီးဖိုချောင်ဘက်ထွက်သွားပြီး ရေနွေးအိုးကို ရေနွေးဖြည့်၍ပြန်လာပြီးနောက် စားပွဲခုံပေါ်တင်လိုက်ကာ

“အဘ ဒီမှာ ရေနွေး ကျုပ်ရွာထဲ သွားလိုက်ဦးမယ်ဗျာ ”

‌ဦးအုန်းသည် အိမ်အောက်ရှိ အိမ်တိုင်မှာချိတ်ထားသောလွယ်အိတ်ကို ယူပြီး အိမ်ဝိုင်းပြင်ထွက်သွားသော မောင်ဘိုးထိုအား

“ကောင်လေး မင်းကို မနက်ဖြန် အလုပ်ခိုင်းမယ်သိလား”

“ည မှပြောတော့ အဘရေ ကျုပ်သံဂြိုလ်သွားထိုးလိုက်ဦးမယ် ”

မောင်ဘိုးထင်သည် အိမ်ဝိုင်းအပြင်သို့ထွက်ရင်း ပြန်အော်၍ ပြောလိုက်ပါလေတော့သည်။

▪️အခန်း-၅

ပေပင်ရွာလယ်ရှိ မန်ကျည်ပင်များ များစွာပေါက်ရောက်နေကာ အေမြသော မန်ကျည်းရိပ်အောက်တွင်ဖြစ်သည်၊ ထိုအရိပ်အောက်တွင် ပေပင်ရွာသားများ သာမက တခြားရွာသားများပါ စုရုံးနေကြသည် ၊ လောက်စလုံးကြေး သံဂြိုလ်ထိုးကြသော မောင်ဘိုးထင်တို့ အဖွဲ့ သံဂြိုလ်မထိုးတော့ပဲ လူကြီးလူငယ် လူရွယ်များ စုရုံး‌ေန‌ေသာ ထိုနေရာသို့ ဝင်ကြည့်လိုက်ကြသည် ၊ ရွာသားများသည် ငွေ‌ေရးကြေး‌‌ေရးဖြစ် ကွမ်းမီးထိုးနေကြသည် ၊ ကွမ်းမီးဆိုသည်မှာ ဒိုးသီးဆယ်လုံးကို ထိုးမည် သံဂြိုလ် ကွင်း တကွင်းစာ အကွာအဝေးဖြစ် တန်းပြီး စိုက်ထားရသည် ထိုတန်းထား‌ေသာ ဒိုးသီးဆယ်လုံးရှေ့တွင် စီးတခုတားထားသည် ၊ ထိုစီး၏ အတွင်းမှကြက ပေါက်ဖြစ်၍ တရားမဝင်ပါ ၊ ကွမ်းမီးသံဂြိုလ် ထိုးရာတွင် ဒိုင်ရှိသည် ၊ ဒိုင်သည် ကွမ်းမီးထိုးမည်သူအား အရင် ငွေဘယ်လောက် ထိုးမည်ဆိုတာကို မေးရသည် တဂွင်ကို သုံးကြိမ်ထိုးလို့ရသည် ၊တချက်တည်း တော်လိုက တော်နိုင်သည် ၊ သုံးကြိမ်ထိုးချင်း အပေါင်း ကိုးသည် အကြီးဆုံးဖြစ်သည် ၊ သုံးကြိမ်လုံး တစ် ကြည့်ကျက တစ်သုံးလုံးဖြစ်ကာ ၊ တကြိမ်ထဲ နှင့် အလုံးရေး အများကြီးလဲရင် ပွက်သည်ဟုခေါ်သည် ၊ တကြိမ်တည်းနှင့် ဆယ်လုံးတခါတည်း လဲက ဂါကြီးဟုခေါ်က ဒိုင်မှ တန်းလျောပေးရသည် ထိုဂါကြီးသည်က ဖြစ်ခဲ၏ ၊ ထိုလောင်းကစားကိုတော့ ကျေးလက်တောရွာများတွင် တရားဝင် ကစားနေကြသည် ၊ ထိုးသားများ အကုန်ထိုးပြီးက ဒိုင်လုပ်သူသည် နောက်ဆုံးမှ ထိုးကာ အလျောအစားလုပ်ကြသည် ၊ ယခု မောင်ဘိုးထင် ဒိုင်ဖြစ်သူအနားတိုး၍ ကြည်နေသည် ၊ ဒိုင်သည် တခြားရွာသားဖြစ်ပြီး ပေပင်ရွာကို အမြဲ ရောက်သူဖြစ်ကာ မောင်ဘိုးထင် နှင့် သိသူလည်းဖြစ်သည် ၊ ဒိုင်သည် အရက်ပုလင်းကို ဘေးမှ ချကာ သူအလှည့် ကျတိုင်း တကြိမ်မော့နေသူဖြစ်သည် ၊ မောင်ဘိုးထင်သည် ဒိုင်အနားနေ၍ ပေပင်ရွာသားများ ထိုးသောအခါ အော်ဟစ်အားပေး နေလေသည်။

“တစ် ”

“နောက် တတစ်”

“နောက် တတစ် လာဗျာ ”

“တစ်သုံးစုံ ရှယ်ကြီးဗျို့ ”

နိုင်သွားသောထိုးသားသည်က မောင်ဘိုးထင်ကို ကြည့်ပြီး ရယ်ပြကာ လက်ပြနေသည် ၊ ရွာသားများအားလုံးသည် မောင်ဘိုးထင်လေးကို ချစ်ခင်ကြသည် ထိုအရာကို မသိသော ဒိုင်လုပ်သူသည် မောင်ဘိုးထားအား

“အောက်လမ်းလေး သွားစမ်းကွာ ဝေးဝေး ကို မင်းငါ့ကို ရှုံးအောင် အောက်လမ်း နဲ့ လုပ်ထားတာ မဟုတ်လား ခွေးမသားအောက်လမ်းလေး ငါအနားက သွားစမ်းကွာ သွား ”

မောင်ဘိုးထင်အား ဒိုင်လုပ်သူ တခြားရွာသားမှ ထိုသို့ပြောသောအခါ ကွမ်းမီးထိုးမည့် သံဂြိုလ်သံကွင်းကို ကိုင်ထားကာ ငုတ်တုပ်ထိုင်နေသော သာရ မှ

“ဟေ့လူ ခင်ဗျာ ဘာသောက်စကားပြောတာလဲ ”

သာရသည် သံဂြိုလ်နှင့် မောင်ဘိုးထင်ကို ပြောဆိုသည့် ဒိုင်အား ပစ်ဖို့လုပ်ရာ ဘေးမှ လူကြီးများမှ ဆွဲ ထားလိုက်ကြသည်၊ ဖိုးထွေးတို့ တသိုက်သည်လည်း လွယ်အိတ်များထဲမှ လေးဂွများကို ထုတ်ကာ ပစ်ဖို့ ဟန်ပြင်နေစဉ် လူကြီးများက ဆွဲထားလိုက်ရပြန်သည် ၊ အနေအေးသော မောင်ဘိုးထင်တို့ အဖွဲ့ထဲ မှာ အောင်သန်း ကျော်လွင် ဖိုးစိန် တို့ပင် လေးဂွ တပြင်ပြင် နှင့်ဖြစ်နေလေရာ ၊ လူရွယ်အချို့မှ ထိန်းလိုက်ရပြန်သေးသည် ၊ ထိုနောက် လူကြီးတဉီးသည် ဒိုင်လုပ်သူတခြား ရွာသားအား

“ဟေ့ကောင် သာဒင် မင်းရွာမင်းပြန်တော့ မင်းစကားကိုကြည့်ပြော ဘိုးထင်က ငါတို့ရွာသားဖြစ်နေပြီ နောက်တခါ ဘိုးထင်ကို ဒီလိုစောက်စကားပြောရင် ငါတို့ ပါ မင်းကို ဝိုင်းရိုက်မှာ‌ေနာ် ပြန်တော့ ”

ရွာထဲမှာ လှဖေဟုအမည်ရသော လူကြီးမှ ဒိုင်လုပ်သူ ငေါက်ငမ်းပြောဆိုကာ ပြန်ခိုင်းလိုက်သည် ၊ ထိုသူပြန်သွားမှ ရွာသားများသည် မောင်ဘိုးထင် အနားလာကာ ပုခုံးကို ပုတ်၍

“ဘိုးထင် အေးဆေး ဘာမှ မဖြစ်ဘူး မင်းကို ထိရင် ငါတို့ ပေပင်ရွာကို ထိတာ နဲ့ တူတူ ပဲ ”

ကလေးဥက္ကဌ ကြီးများး ဖြစ်သော ဖိုးထွေးနှင့် သာရ သည်ပင် မောင်ဘိုးထင်၏ ပုခုံးကို တဖက်တချက် ဖက်ထားကာ

“ဘိုးထင် ည ငါ့တို့ လူပျိုလှည့်မှာ လိုက်ခဲ့ပါလား ကြက် ကာလသား ချက်ကျွေးမယ်ကွာ ”

ဖိုးထွေးကို ကြည့်ကာ မောင်ဘိုးထင် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည် ခေါင်းညိတ်ရသည် အကြောင်းကလည်း ရှိသည် ကြက်ကာလာသားချက်လည်းကျွေးမည်မဟုတ်ပါလား သို့ပေမဲ့ မောင်ဘိုးထင် ကြက်ကာလာသားတခုတည်းကြောင့် ခေါင်းညိတ်ချင်းမဟုတ်ပေ ၊ စကားလေးနှင့် သူ့အားပြောသည်ကို ရွာသားအားလုံး မကျေမနပ်ဖြစ်နေသည့် အတွက် မောင်ဘိုးထင် ကျေနပ်ချင်းဖြစ်သလို၊ သူအပေါ်ကောင်းသည် ဒီရွာမှာ အခြေချနိုင်ရန် ကြိုတင်ကာ သတိုးသမီးရှာကြည့်ထားမည့်ဟု တွေးလိုက်ချင်းကြောင့် ဖြစ်ပါလေတော့သည် ။

▪️အခန်း-၆

မောင်ဘိုးထင် ညနေစောင်း၍ အိမ်ပြန်လာသည်။ အိမ်ရောက်သည် နှင့် ဦးအုန်းမှ

“ကောင်လေး မင်း မနက်ဖြန် မင်းရွာကိုသွားရမယ် ”

“ဗျာ ”

မောင်ဘိုးထင်သည် ဦးအုန်းအား ကြည့်၍ မျက်ရည်များဝိုင်းလာသည် ၊ ဝိုင်းနေသော မျက်ဝန်းထဲမှ မျက်ရည်များသည် ဘယ်ဘက်မှ အရင်တဖြည်းဖြည်း ကျလာသလို ညာဘက်မှလည်း တဖြည်းဖြည်းကျလာ၏ မောင်ဘိုးထင်သည် ကျလာသော မျက်ရည်များကို လက်ကောက်ဝတ် နှင့် သုပ်လိုက်ပြီး

“အင်းပါဗျာ အဘက ကျုပ်ကို မနေစေချင်ရင်တော့လည်း ကျုပ်ပြန်ပါ့မယ် အဘကို ကျုပ် အပြစ်တွေ လုပ်မိရင် ခွင့် လွှတ် လွှတ်”

“ဟကောင် ဘာတွေပြောနေတာလဲ ဟ ”

“အဘက ကျုပ်ကို ပြန်ခိုင်းတာ မဟုတ်ဘူးလား ”

“ကဲ ဒီကောင်လေးတော့ ကြောင်တောင်တောင်နဲ့ မနက်ဖြန် ညိုမောင် ကိုသွားခေါ် ပြီးတော့ မင်းတို့ရွာထဲမှ သရဲပူးနေတဲ့လူရှိတယ် ၊ ငါ့လာခေါ်ထားတယ် သူတို့ပြောပုံအရ အဲ့ဒီသရဲကို မင်းတောင် နိုင်တယ် သွားထုတ်လိုက် ပြီးရင် ငွေငါးဆယ်တောင်းခဲ့ မင်းက အစိတ်ယူကြားလား ”

“ဟာ အဘရ အ‌ေစာကတည်းက ဒီလိုပြောတော့ ဘာဖြစ်မှာလဲ ဗျာ ကျုပ်ကတော့ အဘ ပြန်ခိုင်းတယ် ထင်ပြီး ဝမ်းနည်း လိုက်ရတာ ဒါနဲ့ ကိုညိုမောင် မခေါ်ပဲ တခြားသူခေါ်ရင်ရလား အဘ ”

“ရတယ် မင်းက ကုရမဲ့ကောင် ဟိတ်နဲ့ ဟန်နဲ့တော့နေ ကလေးဆိုပြီး အထင် မသေးအောင် ပညာသာ ပြလိုက် ငနက်ကို ခေါ်သွား ”

“ဟာ ငနက်ကို မခေါ်ပါဘူး သရဲတကောင်ကျုပ်ဖမ်းခဲ့မယ် အခု ထမင်းစားပြီးရင် ကိုဖိုးထွေးတို့ဆီ သွားလိုက်ဦးမယ် ဗျာ ”

“မင်းကတော့ အိမ်ကို ကပ်တယ် မရှိဘူး ကြောင်အိမ်ထဲမှာ ကြက်သားကြော်ထားတယ် ထည့်စားလိုက် ပြီးရင် အပေါ်က ကောင်မတွေကို ကျွေးရမဲ့ ရက်ရောက်ပြီး မီးဖိုထဲမှာ ပြင်ဆင်ထားတယ် မင်းရွာထဲ မသွားခင် ကျွေးခဲ့ ဦး ”

“ဟုတ်ကဲ့ အဘ ”

မောင်ဘိုးထင်သည် ဦးအုန်း၏ စကားကို ဖြေပြီး မီးဖိုချောင်ဘက်ဆီသို့ ထွက်ခွာသွားလပါတော့သည်။

▪️အခန်း-၇

ဖိုးထွေးနှင့်သာရတို့ လူပျိုပေါက်စများ ဘင်ဂျို တလက်ဖြစ်အိမ်ကြီးတအိမ်ရှေ့လမ်းတွင်။ လက်စွမ်းပြနေသည် မောင်ဘိုးထင်သည်က ဖိုးထွေးတို့ယူလာသော ကြက်ကာလာသား ချက်ကို တယောက် တည်းနောက်မှနေ၍ လွေနေသည် ၊ သီချင်းတပုဒ်ပြီးသောအခါ ဖိုးထွေးသည် မောင်ဘိုးထင်အား

“ဘိုထင်း မင်းငါ့ကို တခု ကူညီမလား ‘

“ပြောကိုဖိုးထွေး ”

“ငါ့ကို ဒီအိမ်က မိကျော့ကို စာပေး ပေးပါလားကွာ ”

မောင်ဘိုးထင် ခေတ္တစဉ်းစားလိုက်သည် မျက်နှာမှာလည်း အနည်းငယ် ပြုံလာကာ

“ပေး ပေးလို့ရပါတယ် ဒါပေမဲ့ ကျုပ်ကိုလည်း တခု ကူညီရမယ် ”

“ပြောကွာ ကူညီမယ် ”

“မနက်ဖြန် ကျုပ်ရွာကို သွားမှာ ကို‌ဖိုးထွေး လိုက်ခဲ့ရမယ် ”

ဖိုးထွေး ခဏ စဉ်းစားလိုက်ပြီး

“ဘယ်လောက်ကြာမှာလဲ ”

“သွားတာ တရက်တော့ကြာတယ် ဗျ နောက်နေ့ တန်းပြန်လာကြတာပေါ့ ”

“လိုက်မယ်ကွာ မင်းသာ စာပေးပေး”

“စိတ်ချ ကိုဖိုးထွေးရာ အခု သွားပေးပေးမယ် ပေးစာ”

“ဟ ဟ မလုပ်ပါနဲ့ ဦး ကောင်ရာ အခု တော့ စိတ်လျှော့ဦး မင်းရွာက ပြန်လာမှ ပေးပေးကွာ ”

‘ပြီးတာပဲ မနက် အစောသွားမယ် ထမင်းထုပ်ခဲ့ဦး ”

ဖိုးထွေးနှင့် မောင်ဘိုးထင်စကားကိုနားထောင်နေသော သာရသည် မောင်ဘိုးထင်အား

“ဘိုးထင် ငါလိုက်လို့ရလား ”

“ရတာပေါ့ဗျာ လိုက်မှာ သေချာလား ”

“သေချာတယ် ဘိုးထင် ”

“အဲ့တာ ဆို ကျုပ်အိမ်လာခဲ့ ဗျာ ”

“အိမ်တော့ မလာဘူးကွာ ရွာ အထွက်က စောင့်‌ေနမယ် ”

“အဲ့တာဆိုလည်း ပြီးတာ ပဲ ကျုပ်က ဆေးသွားကုမှာနော် တခုတော့ မှာထားရဦးမယ် ကျုပ်ကို လူနာကို ကုနေတဲ့ အချိန် လေးလေးစားစား ဆက်ဆံရမယ် ”

မောင်ဘိုးထင်၏ စကားကြောင့် ဖိုးထွေး နှင့် သာရသည် မောင်ဘိုးထင်အား ငေး၍ကြည့်နေပါလေတော့သည် ။

▪️အခန်း-၈

မောင်ဘိုးထင်တို့ သုံးယောက် မနက်ဝေလီဝေလင်းကတည်းက ပေပင်ရွာမှ ထွက်လာခဲ့သည် ၊ အပ သွားထုတ်မည့် မောင်ဘိုးထင်တို့ သုံးယောက်အနက် အငယ်ဆုံးသော မောင်ဘိုးထင်မှာ ဆရာဖြစ်သည် ၊ သုံးယောက်လုံး လွယ်အိတ်တယောက်လံုးလွယ်ကာ တွေ့ရာ ငှက်များကို ပစ်နေလေသည် ၊မောင်ဘိုးထင်မှ လမ်းတွင် ဖိုးထွေး နှင့် သာရအား မှာကြားနေသေးသည်

“တပည်တို့ ”

“ဘိုးထင် ဘယ်က တပည်လဲ ငါတို့ကအဖော်လိုက်တာနော် ”

“အေးပါဗျာ မေ့သွားလို့ပါ ဒါပေမဲ့ အပ မှီနေတဲ့ အိမ်ရောက်ရင်တော့ ကျုပ်ပြောတာတွေကိုတော့ အလိုက်တသိနဲ့ လုပ်ပေးဗျာ နော် ”

“အေးပါကွာ ”

“ဒါနဲ့ ကို‌ဖိုးထွေး နဲ့ ကိုသာရ သရဲကြောက်တက်လား ”

“ကြောက်တော့ ကြောက်တာပေါ့ ကွ”

“ကျုပ်ပါတာပဲ ဗျာ မကြောက်နဲ့ ကျုပ် သင်္ချိုင်းသွားပြီး သရဲမွေးရဦးမှာ ”

“အဲ့ဒါတွေလည်း မင်းက လုပ်တက်နေပြီလားဟ ”

“နည်းနည်းတော့ ဖြစ်နေပါပြီ မကြာခင် လက်တွေ့သိရမှာပေါ့ ”

မောင်ဘိုးထင်တို့ သုံးယောက် သစ်စိမ့်ရွာကို လမ်းလျှောက်လာရာ နေမွန်းတည့်ချိန်တွင် ညောင်ပင်ကြီး အနားရောက်လာခဲ့သည် ၊ မောင်ဘိုးထင်သည် ညောင်ပင်ကြီးကို မြင်သောအခါ

“ကိုဖိုးထွေး နဲ့ ကိုသာရ အဲ့ညောင်ပင်မှာ နားကြရအောင် တရေးတမော အိပ်လို့ကောင်းတယ် အဲ့ပင်ကြီးက ”

‌ဖိုးထွေသည် အုံ့ဆိုင်းနေသော ညောင်ပင်ကြီးကိုကြည့်ကာ

“ဘိုးထင် မင်းအပင်ကြီးက သရဲတွေဘာတွေ ရှိမဲ့ ပုံပဲနော် ”

“ဟားး ဟားး ကိုဖိုးထွေးရာ သရဲ ရှိတော့လည်း အဆင်ပြေတာပေါ့။ တခါတည်းဖမ်းသွားရုံပဲဗျာ ဟန်ကျတာပဲ ”

“မင်းကတော့လေ ”

မောင်ဘိုးထင်တို့လည်း ညောင်ပင်ကြီးအောက် ဝင်ကာ ထမင်းချိုင့်များကို ဖွင့်ပြီး ထမင်းစားရန် ဟန်ပြင်လိုက်သည် ၊၊မောင်ဘိုးထင်သည် ဦးအုန်း အစီအရင်အခန်းထဲမှ သရဲမြင်နိုင်သော မန္တန်ကို အလွတ်ကျတ်ပြီး ရွတ်ကာ လက်ညှိုးနှင့် သူ၏မျက်လုံးကို ကွင်းထားသည်။ သာရသည် သူ၏ ထမင်း ချိုင့်ထဲမှ ဟင်း နှင့် ထမင်ကို အနည်းငယ်ယူကာ ညောင်ပင်ကြီး ၏ ဝန်းကျင်ကို ပတ်လိုက်ပြီး

‘စားကြပါသောက်ကြပါ စားဦးစားဖြားကို တင်မြှောက်ပါတယ်’

“ကိုသာရ ဘာလုပ်တာလဲဗျ ”

“ငါက တောထဲသို့ အဲ့လိုလုပ်တယ်ကွ”

“ပြီးတာပဲ ဗျာ စားကြ စားပြီးရင် ခဏမှေးကြမယ် ”

သူတို့အားလုံးထမင်စားနေကြသည် မောင်ဘိုးထင်သည် ထမင်းစားနေစဉ် သာရ ပက်ထားသော ထမင်းဟင်းများ အနားသို့ သရဲမကြီးတ‌ေကောင် ညောင်ပင် ပင်စီမှာ ထွက်လာကာ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရ၏၊ ‌မောင်ဘိုးထင်သည် တချက်ပြုံးလိုက်ကာ ထမင်းကိုသာ ဆက်၍ စားနေပါလေတော့သည်။

▪️အခန်း-၉

မောင်ဘိုးထင်တို့ ထမင်းစားပြီ၍ ညောင်ပင်ကြီးပေါ်တွယ်တက်နေသော နွယ်များကို ပုခက်ပုံပြုလုပ်၍ မှေးနေကြရင်း စကားပြောနေကြသည်။

“ဘိုးထင် မင်း ဘင်ဂျို တီးတက်ချင်လားငါသင်ပေးမယ် ”

“တော်ပါ ကိုဖိုးထွေးရာ ခင်ဗျားကို ရွာလူကြီးသားမို့ မခင်လေး အဖေက လေးဂွနဲ့ မထုတာ ထင်တယ် ”

“‌ဟကောင် ဘိုးထင် မင်းက ဂီတသံကို မခံစားတက်ဘူးပဲ”

မောင်ဘိုးထင်၏ စကားကို သာရမှာ ကျိတ်ပြီး ရယ်နေလေရာ ဖိုးထွေးသိပ်တော့ မကျေနပ်ပေ ၊ မကျေမနပ်ဖြစ်နေသော ဖိုး‌ေထွးအား မောင်ဘိုးထင် စကားဆိုလိုက်သည်

“ကျုပ်က ဗုံတီးချင်တာဗျ”

“ဟေ မင်းကလည်း အစမ်းကြီးပါလားဟ ”

“ကျုပ် ဗုံလိုချင်တယ် ဗျာ ”

“မင်း ဘိုးတော် ကို ဝယ်ခိုင်း ဘိုးထင် ”

“စဉ်းစားထားပါတယ် ဗျ ကျုပ် ဗုံတီးပြီး လူပျိုလှည့် ရင် ခင်ဗျားတို့ နှစ်ယောက် လိုက်ရမှာနော် ”

ဖိုးထွေး နှင့် သာရ ငြိမ်သွားသည် ၊ ပြောရသည် မဟုတ် မောင်ဘိုးထင်သည်က ပြောရင် တကယ်လုပ်သည် တော်ကြာ ဘင်ဂျိုအစား ဗုံနဲ့ အစားထိုးမည်ဟုပြောက ခက်ချေမည်ဟုတွေးနေပုံပေါ်၏ ၊သူတို့ သုံးယောက်စကား မပြောပဲ အတန်ကြာငြိမ်နေ၏ ၊ ထိုစဉ် မောင် ဘိုးထင် အိပ်နေသော နွယ်ကြိုးမှားမှာ လှုပ်ယမ်းလာရာ ဖိုးထွေးနှင့် သာရ မျက်လုံးများပြူးကျယ်ကာ

“ဘိုး ဘိုးထင် မင်းနွယ်တွေ လှုပ်နေတယ် ဟ ”

မောင်ဘိုးထင်သည် နွယ်ကြိုးများပေါ်မှ အောက်ကို ဆင်းလိုက်၏ ဖိုးထွေး နှင့် သာရ သည်လည်း လိုက်ပါ ဆင်းလိုက်ကာ မောင်ဘိုးထင်အနား သွားရပ်နေသည် ၊ မောင်ဘိုးထင်သည် ညောင်ပင်ကြီးကို ကြည့်ပြီးပြုံကာ

“သရဲ တကောင်မွေးမလို့ ရှာနေတာ အတော်ပဲ သင်္ချိုင်းသွားစရာ မလိုတော့ဘူး ”

မောင်ဘိုးထင်၏ စကားကြောင့် ဖိုးထွေး နှင့် သာရ လန့်ဖြတ်ကာ မောင်ဘိုးထင် အနောက် သို့ ဝင်လေသည် ၊ မောင်ဘိုးထင်ထက်ကြီးသော ဖိုးထွေး နှင့် သာရသည်က ကလေးသာသာ မောင်ဘိုးထင်၏ နောက်တွင် ရပ်လိုက်ပြီး မောင်ဘိုးထင် ပုခုံးကို ကိုင်ကာ

“ဘိုးထင် ငါ ကြောက်တယ် ကွ ဘာတွေ လုပ်မလို့လဲ ”

“မကြောက်ပါနဲ့ ဗျာ ဘိုးထင် ပါရင် ဘယ်သူမှ ဒုက္ခမရောက်စေရဘူး ”

“အေး အေးပါကွာ ”

“ခင်ဗျားတို့ ကြောက်စရာ လန့်စရာတွေ မြင်ရရင် မပြေးနဲ့နော် ပြေးရင် တော့ ကျုပ်လည်း တာဝန် မယူနိုင်ဘူး ”

မောင်ဘိုးထင်၏ စကားကြောင့် ဖိုးထွေး နှင့် သာရ ခေါင်းကိုသာညိတ်ပြီး အသံမထွက်ပေ ၊ အသံမထွက်သော သူတို့အား မောင်ဘိုးထင်မှ နောက်လှည့်ကြည့်လိုက်ပြီး

“ကြောက်မနေစမ်းပါနဲ့ ဗျာ ”

“အေးအေးပါကွာ မင်းကို အားကိုပါတယ် ဘိုးထင်ရာ ”

“ဟုတ်တယ် အားကိုးပါတယ် ကွာ ”

ဖိုးထွေး နှင့် သာရ စကားကြောင့် မောင်ဘိုးထင် ကျေနပ်စွာ တချက်ပြုံးလိုက်ပြီး ၊ညောင်ပင်ကြီးကိုကြည့်ကာ မန္တန်တပုဒ်ကို မျက်လုံးမှိတ်ပြီး မာန်ပါပါ ရွတ်ကာ

“ဒီပင်က သရဲ နင့်ကို ငါမွေးချင်တယ် လက်ခံက အခုချက်ချင်းငါ့အရှေ့လာခဲ့ ”

မောင်ဘိုးထင် စကားဆုံးသည် နှင့် ညောင်ပင်ကြီး၏ ပင်စီမှ ရှုပ်ပွနေသော ဆံပင်ကို ဖားလျားချထား ပြီး နနွင်းများပမာ ဝင်းဝါနေသော မျက်နှာ မှာ မျက်စိတို့က မဲနက်နေ၏၊ အမဲရောင် ထမိန်ကြီးကို ရင်ချားထား ပြီး အကြည့်ရဆိုးသော သရဲမ တကောင်မှ မောင်ဘိုးထင် ၏ မလှမ်းမကမ်းတွင် ရပ်နေသည် ၊ ဖိုးထွေး နှင့် သာရတို့သည်က တုန်ယင်နေပြီ မောင်ဘိုးထင်၏ ပုခုံးကိုသာ တင်းတင်းဆုပ်ကိုင်ထားရာ

“ကိုဖိုးထွေးနဲ့ကိုသာရ ကျုပ်ပုခုံးရိုး ကျိုးတော့မယ် နာလိုက်တာဗျာ လွှတ်ကြဦး ”

“ကြောက် ကြောက်လို့ပါ ကွာ ”

“ဘာမှ မကြောက် နဲ့ ကျုပ်ရှိတယ် ”

“အေးအေး ပါကွာ ”

မောင်ဘိုးထင်သည် ကျန်သူနှစ်ယောက်အား မကြောက်ရန် ပြောလိုက်ပြီး သရဲမကို စေ့စေ့ကြည့်ကာ

“သရဲမ နင့်နာမည် ဘယ်လိုခေါ်လဲ ”

“မြခင်”

‌မြင်ခင်ဟု သရဲမ မှပြောလိုက်သောကြောင့် သူ၏ အမေနာမည်နှင့် တူပါလားဟု တွေးလိုက်သည် ၊ သူ၏အမေ ဖြစ်နေမလားဆိုတဲ့ အတွေးတော့ မောင်ဘိုးထင် စိတ်ထဲတွင် တစက်ကလေးမျှ ရှိမနေပါ ၊ အဘယ်ကြောင့်ဆိုသော မောင်ဘိုးထင် တွေးထားသော သူ၏ အမေမှာ မင်းသမီးလေးတမျှ လှသည်ဟု ထင်းထားသောကြောင့် သူ၏ ရှေ့တွင် ရှိသော သရဲမအား သူ၏ အမေဟု လုံးဝ လုံးဝ ကိုမထင်မိပါ ၊ ထို့နောက် မောင်ဘိုးထင် သည် သရဲမအား

“နင့်ကို ငါ ဆယ်ရက်ကို အမဲသား နှစ်ပိဿာကျွေးမယ် နင်က ငါခိုင်းတာ လုပ်ရမယ် လုပ်မလားပြောစမ်း ”

“လုပ်မယ် ”

သရဲမသည် ကွဲအက်ခြောက်ကပ်နေသော အသံဖြစ်ပြန်ဖြေလေသည် ၊ ထိုအခါ မောင်ဘိုးထင်သည်

“လုပ်မယ် ဆို စာချုပ် ချုပ်ရမယ် နင့်နေတဲ့ နေရာ ကိုပြော ”

“ဒီညောင်ပင်ပဲ ”

“အေးအေး ,

‌မောင်ဘိုးထင်သည် ညောင်ပင် ပင်စီအနားသွားပြီး သူ၏ လက်ထိပ်ကို လွယ်အိတ်ထဲ ၌ ပါလာသော ဓားလေးဖြစ် ဖောက်ကာ ‌ညောင်ပင် ပင်စီကို သွေးများပေစေပြီး

“ငါ ‌ဘိုးထင် သရဲမ မြင်ခင်ကို ဆယ်ရက် ကို အမဲသား နှစ်ပိဿာကျွေးပါမည် မကျွေးပါက ငါနဲ့ ငါမိသားစု ဒုက္ခရောက်ပါစေ၊ သရဲမ မြင်ခင်သည် ငါဘိုးထင် ခိုင်းသမျှလုပ်ရမည်”

မောင်ဘိုးထင်သည် သရဲမအား မွေးပြီးပြီဖြစ်၍ သရဲမဘက်လှည့်ကာ

“နင့်ကို ငါပိုင်ပြီ နော် ငါ့နောက်လိုက်ခဲ့ သစ်စိမ့်ရွာထဲ သရဲ ပူးတဲ့ သူကို ငါအမိန့်ပေးရင် မောင်းထုတ်လိုက်ကြားလား နောက်တခါ ပြန်မပူးနိုင်အောင် လုပ်ပေးကြားလား ”

သရဲမ သည် မောင်ဘိုးထင်၏ စကားကို ခေါင်းညိတ်ပြီး ပျောက်ကွယ်သွားပါ‌ေတာ့သည် ၊
မောင်ဘိုးထင်လည်း ဖိုးထွေး နှင့် သာရကို ခေါ်ကာ သစ်စိမ်ရွာသို့ ခရီးဆက်လိုက်ပါလေတော့သည်။

▪️အခန်း-၁၀

မောင်ဘိုးထင်တို့ ညနေ နေဝင်လုတွင် သစ်စိမ့်ရွာ အဝင်သို့ ရောက်လာသည် ၊ ရွာအဝင်တွင် သစ်စိမ့်ရွာ မှ ဦးဇော် ဆိုသော သူနှင့် ကိုမှိုင်းဆိုသည့် လူနှစ်ဦး ရပ်စောင့်နေကာ မောင်ဘိုးထင်ကိုမြင်သောအခါ

“‌ဘိုးထင် ရေ ဆရာကြီးမပါဘူးလား ”

“မပါဘူးဗျ အဘက ကျုပ်ကိုပဲ လွှတ်လိုက်တာ ”

“ဟုတ် ပ မလားကွာ တော်ရုံဆရာတွေ မရလို့ ဆရာကြီးကို ပင့်တာ နော် ”

“မယုံ ရင် ပြန်ယုံပဲ ကျုပ် အဘကို ပြန်ပြောလိုက်မယ် ”

မောင်ဘိုးထင်သည် ဖိုးထွေးတို့အား ပြန်မည် ဟုသဘော နှင့် မျက်စာ ပြစ်ပြီး နောက်လှည့်လိုက်သည့်အခါ ဦးဇော်ဆိုသူမှ

“ဘိုးထင် မပြန်ပါနဲ့ကွာ လာလိုက်ခဲ့ပါ ဆရာကြီးက မင်းကို လွှတ်လိုက်တာ ဆိုတော့လည်း မင်းပဲ ကုပါ ”

“ပြီးတာပဲ ရှေ့က လမ်းပြ နေ့ဦး ခဏလေး ”

မောင်ဘိုးထင်သည် ရှေ့မှသွားတော့မည် ဦးဇော် နှင့် ကိုမှိုင်းကို လက်ကာပြလိုက်ပြီး လွယ်ထားသော ထမင်းချိုင့်နှင့် လေးဂွ လောက်စာ အစရှိသည်များထည့်ထားသော လွယ်အိတ်ကိုချွတ်လိုက်ပြီး ဖိုးထွေးကို ပေးလိုက်ကာ

“သယ်ခဲ့ သေချာ ဂရုစိုက် လွယ် ကြားလား ”

ဖိုးထွေးအား မျက်စိတဖက် မှိတ်ပြပြီး ပြောလိုက်ရာ ‌ဖိုးထွေး‌ အောက်သက်သက် နှင့် လွယ်အိတ်ကိုယူလိုက်တော့သည် ထိုနောက် မောင်ဘိုးထင်သည်လက်တဖက် နှင့် ‌ဦးဇော်တို့အား သွားဟုသဘော နှင့် ပြလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပြစ်လို့ ကျော့မော့စွာ လမ်းလျှောက်နေလေသည် ၊ သူ၏ စိတ်ထဲတွင် ဟန်နှင့် ပန်နှင်နေဟု သော ဦးအုန်း၏ စကားကို နားထောင်နေသည် ဟု တွေးနေရင်း လက်‌ေနာက်ပြစ်ပြီး လမ်း‌ေလျှာက်လို့သွား‌ေနပါ‌ေလ‌ေတာ့သည် ၊

▪️အခန်း-၁၁

ရေနံဆီမီးခွက် ၏အလင်းရောင်အောက်တွင် အသက် ၁၅ နှစ်အရွယ် ကောင်လေးတယောက် မျက်လုံးပြူးလိုက် အံကြိုက်လိုက်နှင့် ပါးစပ်မှလည်း

“ငါ့ကို အမဲသားကျွေး မကျွေးရင် ဒီကောင်‌လေးကို သတ်စားမယ် ”

အက်ကွဲနေသော အသံကြီးနှင့် ပြောစကားသည် ကောင်လေး၏ ကိုယ်ခန္ဓာ နှင့် မလိုက်ဖက်စွာ ထွက်‌ေပါ်လာလေသည်၊ ထိုအချိန် မောင်ဘိုးထင် တို့ ရောက်လာပြီး ထိုဝင်ရောက်ပူးကပ်နေသော ကောင်လေးအနား ဝင်ထိုင်လိုက်ပြီး အိမ်ပေါ်မှာ ရှိသော ကောင်လေး၏ မိဘများအား

“ဘယ်လို စဖြစ်တာ လဲ ကျုပ်ကို ပြောစမ်း ”

“တောထဲ ထင်းခုတ်က အပြန်ဖြစ်တာပဲ ဘိုးထင် ”

“အဟမွး အဟမွး ”

ဘိုးထင်သည် မျက်နှာကို မကြည်မသာ လုပ်ပြီးချောင်းဟမ်း လိုက်ရာ ၊ အစောကပြောသော ဝင်ပူးခံကောင်လေး၏ ဖခင်သည် ပြန်၍ပြောလေသည်

“တောထဲ သွားပြီးဖြစ်တာပါပဲ ဆရာလေး ဘိုးထင် ”

“အင်း ကျုပ်ကို မပင့်ခင် တခြားသူတွေကို ပင့်သေးလား ပူးကပ်နေတဲ့ အကောင်ပြောသလိုကော လိုက်လုပ်လား ”

“ဆရာနှစ်ယောက် တော့ ပင့်ပြီးထာတ်သေးပါတယ် သူတို့ ပြန်သွားတာ နဲ့ ပြန်ပူးတာပါပဲ အမဲသား လည်း သွားကျွေးပါတယ် ကျွေးနေတုန်းခဏပါပဲ ပြီးရင် ပြန်ပူးတာပါပဲ ဆရာလေး ဘိုးထင် ”

“ကဲ ကဲ ဘာမှမပူကြတော့ နဲ့ ဆြာအုန်း ရဲ့ တပည် ဆြာဘိုးထင် ရောက်လာရင် အကုန်ပျောက်ပြီသာ မှတ် ”

မောင်ဘိုးထင်း ထိုသို့ကိုယ်ရည်သွေးပြောဆိုနေစဉ် ဝင်ပူးခံနေရာသော ကောင်လေး သည် မောင်ဘိုးထင်အား လည်ပင်းကို ညှစ်မည်ဟန်ပြုလုပ်နေစဉ်

“မြခင် ဒီကောင်ကို နောက်တခါ ပြန်မပူးရဲအောင်လုပ်စမ်း ”

မောင်ဘိုးထင်၏ စကားဆုံးသည် နှင့် ဝင်ပူးခံနေရာသော ကောင်လေးသည် နောက်သို့ လန်ကျသွားပြီး မျက်လုံးများပြူးပြီး ငြိမ်သွားလေတော့သည် ၊ ခဏကြာသောအခါမှ သတိပြန်ရလာကာ

“အမေ ကျုပ်ဘာ ဘာဖြစ်တာလဲ ဘိုးထင်က ဘယ်လိုလုပ် ရောက်နေတာ လဲ ”

“စိုးဝေ နင်ဘာမှ မဖြစ်‌ေတာ့ဘူးနော် ဆရာလေး ဘိုးထင်လို့ခေါ် နင့်ကို သူက ကု‌ေပးလိုက်တာ ”

“ဗျာ ဆရာလေး ဘိုးထင် ဟုတ်လား ”

မောင်ဘိုးထင်သည် အိမ်ရှင်များ အား ကုသခ ငေွငါးဆယ်‌ေတာင်းလိုက်ရာ ကြည်ဖြူစွာနှင့် ပေးပြီး‌ေနာက် မောင်ဘိုးထင်သည် အိမ်ရှင်များချပေးထားသော ရေနွေးကြမ်းခွက်ကို ဟန်ပါပါကိုင်ပြီး

“ကဲကဲ ကျုပ်တပည်လေးတွေ လည်း ဗိုက်ဆာ နေလောက်ပြီ။ ညစာလေးကျွေး ဖို့
အစီစဉ်ရှိရင် ကျွေးလိုက်ကြပါဦး”

မောင်ဘိုးထင်သည် ရေနွေးကြမ်းကို သောက်ရင်း ထိုသို့ပြောလိုက်သည့်အခါ ဖိုးထွေး နှင့် သာရ မျက်လုံးပြုး၍ မောင်ဘိူထင်အား ကြည့်နေ‌ေလရာ မောင်ဘိုးထင်သည် မမြင်ဟန် မျက်နှာ လွှဲနေပါတော့သည်။

▪️အခန်း-၁၂

စိုးဝေ ကို အပ ထုတ်ပေးပြီး နောက် စိုးဝေ၏ မိဘများသည် မောင်ဘိုးထင်တို့အား ညစာကို ကောင်းမွန် စွာ ကျွေးမွေနေသည် မောင်ဘိုးထင်မှာ အားရပါးရ ထမင်းစားနေရာ ဖိုးထွေးသည်

“ဆရာလေး ဘိုးထင် က ညစာ အသားဟင်းတွေ မစားဘူး ကြက်ကာလားဆို ပိုလို့‌ေတာင်မစားဘူးဗျ”

ဖိုးထွေးသည် ထိုသို့ပြောကာ ကြက်ကာလားသားချက်အား ဘိုးထင် နှင့် ဝေးရာကို ဆွဲလိုက်သည် ၊ သာရသည် လည်း ဖိုးထွေးနည်းတူ

“ဟုတ်တယ် ဗျ ဆရာလေး ဘိုးထင်က ဝက်သားတွေလည်း မစားဘူး နည်းနည်းပဲ စားတာ ”

မောင်ဘိုးထင် ထည့်စားပြီးသော လည်း သာရသည် မောင်ဘိုးထင်‌မလှမ်းမကမ်းမှ ဝက်သားဟင်း ပန်းကန်အား သူ့ရှေ့ချလိုက်၏ ၊မောင်ဘိုးထင်သည် ထမင်းစားနေရင်း ဖိုးထွေး နှင့် သာရကို မျက်လုံး ပင့်ကြည့်သည် ၊ သို့ပေမဲ့ ဖိုးထွေး နှင့် သာရသည်က မမြင်ယောင်ဆောင်က ထမင်းစားနေသည် ထို့‌ေနာက် မောင်ဘိုးထင်သည်

“တပည်လေးတွေ မသိဘူးထင်တယ် အဲ့ အသားရှောင်တာ တွေဘာတွေက မနေ့က နောက်ဆုံးနေ့ တပည်လေးတွေကို မပြောလိုက်ရဘူး ”

မောင်ဘိုးထင်သည် ထိုသို့သာ ပြောပြီး ဟင်းခွက်များကို ပြန်ဆွဲယူလိုက်ပါလေတော့သည် ။

▪️အခန်း-၁၃

‌မောင်ဘိုးထင်တို့သည် ‌အပ ထုတ်ပေးရာ အိမ်မှ ထွက်လာပြီး မောင်ဘိုးထင်၏ ဖခင်အိမ်သို့လှမ်းလာခဲ့သည် ၊ မောင်ဘိုးထင်၏ ဖခင်အိမ်ရောက်သောအခါ မောင်ဘိုးထင်၏ ဖခင် ဦးကောင်းသည် ကွပ်ပျစ်တွင် ထိုင်ပြီး အရက်သောက်နေသည် ၊ မောင်ဘိုးထင်သည် အိမ်ဝိုင်းထဲဝင်သွားပြီး မီးခွက်မထွန်း အမှောင်ထဲ တွင် အရက်သောက်နေသော ဦးကောင်းအား

“အဖေ ကျုပ် ဘိုးထင် ပါ ”

“အေး ဘိုးထင် အလည်လာတာလား ”

မောင်ဘိုးထင် ခေတ္တကြောင်ငေးသွား၏ အမြဲ ဂြိုလ်ကောင်လေး ဟုခေါ် သော အဖေသည်က ယခု ‌ဘိုးထင်လို့ ခေါ်နေပြီ မဟုတ်ပါလား သူကြောင်ငေးနေစဉ် ဦးကောင်းသည် ဆက်ပြီး စကားဆိုလာသည်

“ဘိုးထင် ထမင်းကော စားပြီးလား နေ့လည်က ငါချက်ထားတာ ရှိသေးတယ် သွားစား ဒီမှာ အိပ်မှာ မဟုတ် လား နောက်က ဧည့်သည်တွေလား ”

မီးရောင် မရှိ လရောင် မှေးမှေးလေးအောက်တွင် ဘိုးထင်နောက်မှ ဖိုးထွေး နှင့် သာရအား ကြ ည့်ပြီး ဦးကောင်းပြောလိုက်ရာ မောင်ဘိုးထင်သည် ခေါင်းကိုညိတ်လိုက်ပြီး

“ဟုတ်တယ် အဖေ ကျုပ် နေတဲ့ ရွာကပါ ကျုပ်နောက်ကို အဖော် လိုက်လာတာ ”

“သူတို့ အတွက် ကော ဆို ထမင်းချက်ရလိမ့်မယ် ငါ လှဝင်းတို့ အိမ်က ဟင်းနည်းနည်းသွားယူလိုက်ဦးမယ် ဒီနေ့ ဒီကောင်တွေ ဝက်ဖော်ထားတယ် ”

ဖခင်ဖြစ်သူ၏ ပြောင်းလဲသော ဆက်ဆံမှု့ကြောင့် မောင်ဘိုးထင် အံဩဝမ်းသာ လွန်း၍ ဘာပြန်ပြောရမည်နည်းဟု တွေးတောနေစဉ် ဖိုးထွေးမှ ဦးကောင်းအား စကားပြောလိုက်တော့သည်

“ဦးလေး ကျုပ်တို့က ညစာ စားပြီးပြီဗျ ”

“ဟေ့ ဟုတ်လား စိုးကြီး အရက်ဆိုင်ကလား ”

“မဟုတ်ဘူးဗျ ဘိုးထင် အပထုတ်ပေးတဲ့ အိမ် က ကျွေးတာ ”

“ဟ ဘိုးထင်က အဲ့ပညာတွေ တက်နေပြီလား”

“ဟုတ်တယ် ဗျ ”

“အေး‌ေအေး ကောင်းတယ် ဘိုးထင်ရေ ငါ မီးခွက်သွားထွန်းလိုက်ဦးမယ် ကွ ”

ဦးကောင်း ကွပ်ပျစ်မှ ထရန်ပြင်လိုက်စဉ် မောင်ဘိုးထင် သည်

“ရတယ် အဖေ ကျုပ်သွားထွန်း လိုက်မယ် မီးခြစ်နဲ့ မီးခွက် အရင်နေရမှာပဲ မဟုတ်လား ”

“အေးကွ ”

“ကျုပ်သွားလိုက်ပါ့မယ် ”

မောင်ဘိုးထင်သည် အိမ်ပေါ်သို့တက်သွားလိုက်သည် မကြာမီ မောင်ဖိုးထင်၏ အိမ်လေးသည် မီးရောင်‌ေလးမ‌ျားထွန်းလင်း လာလေတော့သည် ။

ထိုစဉ် မောင်ဘိုးထိုတို့ အိမ်‌ဝိုင်းထဲ သို့ လူ‌တယောက် ဝင်လာသည် ဝင်လာသည်နှင့် ထိုသူ၏ပါးစပ်မှလည်း

“ဘိုးထင် ဆိုတဲ့ ကောင် ရွာလာတာတောင် ငါ့ကို မပြောဘူး တကယ့်ကောင် ”

ထိုသူမှာ မောင်ဘိုးထင်ကို ငယ်ငယ်ကတည်းက သံယောဇဉ်ရှိသော အရက်ဆိုင်ပိုင်ရှင် ကိုစိုးကြီးဖြစ်သည် ၊ ကိုစိုးကြီးသည် မီးခွက်ထွန်းပြီး ပြန်ဆင်းလာသော မောင်ဘိုးထင်၏ပုခုံးကို ပုတ်လိုက်ပြီး

“မင်းဆိုတဲ့ ကောင် တကယ်ကို နေနိုင်တဲ့ကောင်ပဲ ရွာကို ရောက်ရောက်ချင်း ငါ့ဆီ ဝင်လာပါဟ ”

“မနက်မှ ဝင် မလို ပဲ ဦးစိုးကြီးရေ ”

“ထမင်းစားပြီး လား ငါ့အိမ်လိုက်ခဲ့ ကြက်ကာလာသားချက်ခိုင်းထားတယ် ”

“စားပြီး ပြီ ဗျ ”

“အဲ့တာ ဆိုလည်း ဟင်းသယ်ခဲ့မယ် ကွာ ”

“အဲ့လို့ဆိုလည်းကောင်းတာပဲ စားရင်းသောက်ရင်း စကားပြောရတာပေါ့ ”

“မင်း ဧည့်သည် တွေ ဒါ လုပ်တက်လား”

ကိုစိုးကြီးသည် လက်မအား ပါးစပ်ထည့် မော့ပြရင်းပြောလိုက်ရာ

“မလုပ်တက်ဘူး ဒါပေမဲ့ အဖေ့ တွက်တော့ ယူခဲ့ပါဦး ”

“မင်းအဖေကို လည်း သေချာကြည့်ဦး စွတ်ပြီး တိုက်မနေနဲ့ ငါသွားယူလိုက်ဦးမယ် ”

ဦးစိုးကြီးပြောမှ မောင်ဘိုးထင် လရောင်အောက်မှ သူ၏ အဖေအားသေချာကြည့်မိလိုက်သည် ၊ မျက်နှာအပါ အဝင် အသားအရည်များက ဖောင်းပွနေပြီဖြစ်သည် နှစ်ရှည် အရက်ကြည့်သောက်နေသော ဖခင်သည်က ပွယောင်းသော အသားအရည်ကို ပိုင်ဆိုင်နေပြီဖြစ်သည်မဟုတ်ပါလား ၊ ဦးကောင်းသည်က ဖိုးထွေး သာရ တို့ နှင့် ရယ်ကာမောက စကားကောင်းနေပြီဖြစ်သည်

မကြာသောအချိန်တွင် ကိုစိုးကြီးရောက်လာပြီး ကြက်ကာလားသားချက်ကို အိုးလိုက်မလာကာ အရက်တပုလင်းပါ ခါးထိုးလာ၏ ထိုအရက်ပုလင်းကို မောင်ဘိုးထင်အား ပေးလိုက်သောအခါ ဦးကောင်းသည်

“ဘိုးထင် မင်းအရက်သောက်တက်နေတာလား မသောက်ပါနဲ့ကွာ ”

“မသောက်ပါဘူးဗျ အဖေ့ အတွက် မှာလိုက်တာ ”

“ငါလည်း အရက်များနေပြီ အရက်ရဲ့ကျေးကျွန်ဖြစ်ပြီး မင်းကို ငါအပြစ်ဖို့မိတယ် ငါတောင်းပန်ပါတယ်ကွာ ဦးအုန်း ပြောတာ မုန်တယ်ကွ တကယ်တော့ မင်းနဲ့ ဘာမှ မဆိုင်ပါဘူးကွာ ”

“ထားလိုက်ပါ အဖေ ရာ အခုတော့ ပျော်ပျော်ပါးပါ စားကြသောက်ကြတာပေါ့ ”

“အရက်‌တော့ မသောက်ကြရဘူးနော် ”

“အေးပါဗျ”

သူတို့ အားလုံး ရယ်ကာ မောကာ နှင့် စားသောက်ဝိုင်းလေးက စိုပြေစွာနှင့် ရှိနေပြီ နောက် ဦးစိုးကြီးပြန်သွားချိန် မောင်ဘိုးထင် တို့ အိပ်ဖို့ ပြင်စင်လိုက်ကြပြီး အိပ်စက်လိုက်ကြ‌တော့သည် ၊ သူတို့ အိပ်မောကျနေသောအချိန်တွင် အိမ်ကွပ်ပျစ်ပေါ်တွင် အမျိုးသမီး တဉီးထိုင်နေပြီး တချက်တချက် ငိုရှိုက်သံက ထွက်ပေါ်လာသည်ကို သူတို့ အိပ်ပျော်နေသောကြောင့် သူတို့ကြာနိုင်မည် မထင်မိပေ။

▪️အခန်း-၁၄

မောင်ဘိုးထင်တို့ သစ်စိမ့်ရွာမှ မနက်အစော ထွက်ခဲ့ရာ ပေပင်ရွာသို့ ညနေချိန်ရောက်လာသည် ၊ ရွာထိပ်ရောက်သည် နှင့် ‌သာရသည် မောင်ဘိုးထင်အား စကားဆိုလာသည်

“ဘိုးထင် မင်းနောက်ကို ငါတို့ လိုက်ပေးတယ်နော် မင်းလည်း ငါတို့ အကူညီးတောင် ရင် လုပ်ပေးရမယ် ”

“စိတ်ချပါ ဗျာ ကိုသာရတို့အတွက်ဆို ကျုပ်က စေတနာအပြည့်နဲ့ ကူညီမှာပါ ကိုသာရတို့လိုမဟုတ်ဘူး ”

“ငါတို့က မင်းကို ‌ေစတနာ မပါဘူးလို့ပြောတာလား”

“ဝက်သားခွက်ကြီး ဆွဲသွားတာ စေတနာ ပါတာလား ”

“မင်းကကော တို့ကိုများ တပည်လေးဘားလေးနဲ့ ”

“အဘက ဟိတ်နဲ့ ဟန်နဲ့နေဆိုလို့ပါ ဗျာ ”

“ထား လိုက်တော့ နောက် နှစ်ရက် လောက်‌ေနရင် မင်းငါတို့ နောက်လိုက်ခဲ့ရမယ် ”

“ဘယ်ကို တုန်း ဗျ ”

“မင်္ဂလာ ကိစ္စလို့သာ မှတ်ကွာ တို့သွားပြီ ”

ဖိုးထွေးနှင့် သာရသည် မောင်ဘိုးထင်ကို နုတ်ဆက်ကာ သူတို့ ၏အိမ်များသို့ ထွက်သွားကြတော့သည် ။
မောင်ဘိုးထင်သည် လည်း ဦးအုန်း၏ အိမ်သို့ရောက်သည်နှင့် ဦးအုန်းအား ငွေငါးဆယ်လံုးအကုန်အပ်လိုက်သည် ၊ ဦးအုန်းသည် မောင်ဘိုးထင်အား ငွေအစိတ် ပြန်ပေးသောအခါ မောင်ဘိုးထင်သည်

“အဘ ကျုပ်မယူချင်ဘူး အဘ ”

“ယူပါကွ မင်းကလည်း မင်းကုထားတာကို”

“ကျုပ်အခု ငွေအစိတ်ကို မယူချင်ဘူ ကျုပ်လိုချင်တာ ရှိရင် အဘကို ပြောမယ် အဘဝယ်ပေးပါ ”

“အေးပါကွာ အဲ့တာ ဆိုလည်း ကောင်းပြီး မင်း လိုအပ်တာ ရှိရင်သာပြောကွာ ”

“ပြောမှာပါအဘ ”

မောင်ဘိုးထင်၏ စိတ်ထဲတွင် ခြောက်လုံးပက်ဗုံကို တွေးနေသည်ဆိုတာ ဦးအုန်းမသိနိုင်ပေ၊ ဦးအုန်းသည် မောင်ဘိုးထင်နှင့် အတူပါလားသော သရဲမအား ခြံဝတွင် တွေ့ရ၍

“မင်း တကောင်ဖမ်းခဲ့တာလား ”

“ဟုတ်တယ် အဘ ဘယ်နားလေး နေရာပေးရမှာလဲ အဘ ”

“မင်း‌ေရသွားချိုးပြီး နားလိုက်တော့ ငါ ကြည့်လုပ်လိုက်မယ် ”

“ဟုတ်အဘ ”

မောင်ဘိုးထင်သည် လွယ်အိတ်ကို အိမ်အောက်တွင် ချိတ်ကာ အိမ်ပေါ်သို့ တက်သွားတော့သည်၊ ဦး အုန်းသည် ခြံဝသို့ ‌သွားလိုက်သောအခါ ခြံဝတွင် ရပ်နေသော ညောင်ပင်ကြီးမှ သရဲမအားတွေ့ရာ

“နင် က ညောင်ပင်က တစ္ဆေမဟုတ်လား ”

“ဟုတ်တယ် ”

“နင့်ကို ဘိုးထင် ဖမ်းလာတာ လား”

“မဟုတ်ဘူး ငါလိုက်လာတာ ”

“နင် နဲ့ သူက ဘာဆိုင်လို့လဲ ”

“အဲ့တာ ငါ့သား’

“ဟင် ”

ဦးအုန်းသည် တစ္ဆေမအား သေခြာကြည့်ကာ

“နင်ပြန်တော့ နင့်နဲ့ ဘိုးထင် က ဘာမှမဆိုင်ဘူ နင်နဲ့ သူနဲ့ က ဘဝခြားနေပြီ ”

“မပြန်ဘူး ”

“ငါ့စကားကို နားမထောင်ဘူးပေါ့ ”

ဦး အုန်းသည် ခြံဝရှိ ဩဇာပင်မှ အရွက်ကို ခူးကာ မြေအောက်ချလိုက်ပြီး ဖနောင့်နှင့်ပေါက်ကာ ‌ပြန်ကောက်၍ ‌တစ္ဆေမအား ပစ်ပေါက်လိုက်ရာ တစ္ဆေမအနားသို့ အရိပ်မဲများ များစွာ ဦးအုန်း၏ အိမ်ဝိုင်းထဲမှ ထွက်လာပြီး တစ္ဆေမအား ရစ်ပက်ကာ ရွာအပြင်သို့ သယ်ဆောင်သွားပါလေတော့သည် ၊ ထို့‌‌ေနာက် ဦးအုန်းလည်း သက်ပြင်းတချက်ကို လေးပင်စွာချလိုက်ပြီး အိမ်အောက်ရှိ တန်းလျားတွင် တိုင်နေပါတော့သည် ။များမကြာမီ ရေမိုးချိုးပြီးသော မောင်ဘိုးထင်သည် တန်းလျားတွင်လာထိုင်ပြီး

“အဘ ကျုပ်ခေါ်လာတဲ့ ကောင်‌မကော ”

“လူလေး အဲ့လို မခေါ်နဲ့ လေ ”

“အဘ ပဲ အဲ့လိုပြောရမယ်ဆို ”

ဦးအုန်း ခေတ္တငြိမ်သွားပြီးနောက်

“ကောင်လေး မင်းခေါ်လာတဲ့ သူကို ငါလွှတ်လိုက်ပြီ ”

“ဘာလို့လဲ အဘရယ် စာချုပ်တောင် ချုပ်ပြီးပြီကို ”

“ဘာမှ မဖြစ်ပါဘူး ငါလွတ်လိုက်တာ ”

“အဲ့ သရဲမက ကျုပ်အမေ နာမည် နဲ့ လာတူနေတယ် အဘရေ နာမည်သာ တူတာပါ ဗျာ ကျုပ်အမေရဲ့ ရုပ်နဲ့တော့ တခြားဆီနေမှာ သူကကြောက်စရာရုပ်ကြီးလေ ကျုပ်အမေက မင်းသမီးလေးလို့ လှတဲ့ ရုပ် လားလားမှမဆိုင်ပါဘူးအဘရာ ”

‌စာပွဲခုံပေါ်ရှိ ရေနွေးကြမ်းအိုးထဲမှ ရေနွေးကြမ်းအား ရေနွေးပန်းကန်လုံးထဲသို့ ငှဲ့ပေးရင် ပြောနေသော မောင်ဘိုးထင်အား ဦးအုန်းတယောက် ဂရုဏာသက်စွာကြည့်ရင်း တစ္ဆေမကြီးဟာ သူ၏အမေဖြစ်သည်ဆိုသော ကိစ္စအား ဖုံးကွယ်ထားလိုက်ပါလေတော့သည်။

▪️အောက်လမ်းဘိုးထင် နှင့် အမေတစ္ဆေသည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် မင်္ဂလာဆောင် အမည်ရ ဝတ္ထုလေးအားတင်ဆက်ပေးပါမည်

📝မောင်တင်ဆန်း

Zawgyi Version

“ေအာက္လမ္းဘိုးထင္ ႏွင့္ အေမတေစၦ”(စ/ဆုံး)
———————————————————-

(၄)

▪️အခန္း-၁

ဦးအုန္းသည္ ေမာင္ဘိုးထင္အား ေဆးမွင္ေၾကာင္ေပါက္နည္း မႏၲန္ျဖစ္ ေအာက္လမ္းေမွာ္သြင္းခ်င္းမ်ားကို အေျခခံမွ သင္ၾကားေပးေနသည္ ၊ေမာင္ဘိုးထင္အား ညပိုင္းသာ သင္ျပၿပီး ေန႔ခင္းဘက္တြင္ေတာ့ ေမာင္ဘိုးထင္အားေနသည္ ၊ အားေနေသာ ေမာင္ဘိုးထင္သည္ ညေနစာအတြက္ ေန႔လယ္ကတည္းက ခ်က္ျပဳတ္ၿပီး ႐ြာထဲမွ ဖိုးေထြးတို႔ ႏြားေက်ာင္းရာသို႔ လြယ္ အိတ္တလုံး ႏွင့္ လိုက္ၿမဲျဖစ္သည္ ၊ ယခုလည္း ဖိုးေထြးလို လူပ်ိဳေပါက္စ မ်ား ေမာင္ဘိုးထင္လို ကေလးသားသားမ်ား ႏွင့္ ကြၽဲႏြားမ်ားေက်ာင္းေနၾကသည္ ၊ သူတို႔သည္ အရိပ္ေကာင္းေသာ သစ္ပင္ေအာက္တြင္ ထိုင္ေနၾက၏၊ ေမာင္ဘိုးထင္သည္ ဖိုးေထြး၏ ႏြားျပားနီ ႏြားသိုးအားၾကည့္ကာ

“ေဟ့ေကာင္ေတြ ၾကည့္စမ္း ကိုဖိုးေထြးႏြား နဲ႔ ဟိုဘက္ စားက်က္က ကိုသာရ ႏြားနဲ႔ ေဝွ႔ရင္ ဘယ္ႏြားႏိုင္ေလာက္လဲ”

“ကိုဖိုးေထြးႏြားက ႐ြာမွာ ဘုရင္ကြ သူ႔ႏြားပဲႏိုင္မွာေပါ့ ”

ဖိုးေထြးသည္ သူ၏ႏြားအား အမႊန္းတင္ေနၾကသည္ျဖစ္ရာ ၿပဳံးၿပီးသာ သူ၏ႏြားအားေသခ်ာၾကည့္ေနသည္ ဖိုးေထြးၾကာၾကာ မၿပဳံးလိုက္ရေပ ေမာင္ဘိုးထင္၏ ေနာက္ထပ္စကားက ေပၚလာေခ်သည္

“ေလွ်ာက္မေျပာနဲ႔ ႐ြာေနာက္ပိုင္းက ကို သာရ အေဖ အခုေနာက္မွဝယ္တဲ့ ခ်ိဳကုပ္ကလည္း တကယ္မိုက္တယ္ေနာ္ ကိုဖိုးေထြးႏြား မႏိုင္ေလာက္ဘူးဗ်”,

ေမာင္ဘိုးထင္၏ စကားေၾကာင့္ ဖိုးေထြးသည္ ေမာင္ဘိုးထင္ကို ေသခ်ာၾကည့္ကာ

“သာရ ႏြားေလာက္‌ေတာ့ ငါ့ႏြားက တခ်က္ျပစ္ေစာင့္ေတာင္မရွိဘူးကြ”

“ဟုတ္ပ မလား ဗ်”

“ေသခ်ာတယ္ကြာ ”

“ကိုဖိုးေထြးေျပာတာေနာ္ ေရတြင္းျဖဴနားမွာ ကိုသာရ ႏြားေက်ာင္းေနတယ္ က်ဳပ္သြားေျပာၾကည့္မယ္ သူလက္ခံရင္ ကိုဖိုးေထြးႏြားသိုးက ႐ြာမွာ အေကာင္းဆုံး”

“သြားကြာ အခုသြား ”

ေမာင္ဘိုးထင္သည္ ေက်ာင္းစရာႏြားမရွိ ၊ ႐ြာမွာ လည္း အေဖာ္မရွိေတာ့ သူ၏အေပါင္းသင္းမ်ားႏြားေက်ာင္းရာသို႔ လိုက္လာခ်င္းျဖစ္သည္ ၊ ႏြားေက်ာင္းသားေလးမ်ားက ႏြားမ်ားေဝွ႔မည္ျပဳေသာအခါ သြားေရာက္ေမာင္းလိုက္ၾက၍ ႏြားမ်ားမေဝွ႔ၾကေတာ့ေပ၊ ထိုသို႔ ႏြားေက်ာင္းသားမ်ား‌ ေမာင္းလိုက္သည့္ အတြက္ ေမာင္ဘိုးထင္ ႏြားေဝွ႔တာၾကည့္ခ်င္ေနရာ ၾကည့္လို႔မရျဖစ္‌ေနသည္၊ ထို႔ေၾကာင့္ ႏြားေဝွ႔တာ ၾကည့္ခ်င္ေသာ ေမာင္ဘိုးထင္သည္ ဖိုးေထြးအား မခံခ်င္ေအာင္ စလိုက္ခ်င္းျဖစ္သည္ ၊ ေမာင္ဘိုးထင္၏ အႀကံစည္တခုေတာ့ ေအာင္ျမင္ၿပီျဖစ္သည္။ သူေနာက္ထပ္ ကိုသာရ ႏြားေက်ာင္းရာ ေရတြင္းျဖဴဘက္သို႔ သာေအး ဟု အမည္ရေသာ ႏြားေက်ာင္းသားေလးႏွင့္ အတူ ထြက္သြားလိုက္ပါေတာ့သည္။

▪️အခန္း-၂

“ဖိုးေထြးဆိုတဲ့ေကာင္က အဲ့လိုပဲေျပာလား ဘိုးထင္”

“သူ႔ႏြားက ႐ြာကႏြားေတြရဲ႕ ဘုရင္တဲ့ ဗ်ာ က်ဳပ္ေတာင္ မခံခ်င္ဘူး က်ဳပ္က ကိုသာရ ခ်ိဳကုပ္ကလည္း မေခဘူးေနာ္ ဆိုတာ ကို မရဘူဗ်ာ မယုံရင္ ဒီေကာင္ သာေအးေမးၾကည့္ ”

“ဟုတ္တယ္ ကိုသာရ ဘိုးထင္ေျပာတာဟုတ္တယ္”

ပုလင္းတူဘူးစို႔ သာေအး ႏွင့္ ဘိုးထင္သည္ လမ္းမွာတည္းက ညႇိထားၾကသည္ ေလာက္စလုံး မ်ား အေလာင္းအစားလုပ္ၿပီး ဒိုင္လုပ္ဖို႔လည္းတိုင္ပင္ထားရာ သာရ၏ ေရွ႕တြင္ အတိုင္အေဖာက္ညီေနၾကသည္ ၊ သာေအး မွဆက္ၿပီး ေျပာလိုက္သည္

“က်ဳပ္တို႔က ကိုဖိုးေထြးနဲ႔ တဖြဲ႕တည္းႏြားေက်ာင္းတယ္ဆိုတာ ဘာလို႔လဲသိလား”

“ေအးေျပာ ”

“ကိုသာရ တို႔နဲ႔လာေက်ာင္းခ်င္တာ အခုကိုသာရ အ‌ေဖဝယ္ လိုက္တဲ့ ခ်ိဳကုပ္ႀကီးက က်ဳပ္ႏြားေတြကို ေဝွ႔မွာ ေၾကာက္လို႔ဗ် ကိုဖိုးေထြးႏြားက သိတဲ့ အတိုင္း ဟန္ပဲရွိတာ မဟုတ္လား ”

“ေအး အဲ့တာေတာ့ ငါလက္ခံတယ္ ၊ ဘိုးထင္ ၾကာတယ္ကြာ သတၱိရွိရင္ ဒီေန႔ ႏြားတိုက္မယ္ လို႔ေျပာလိုက္ကြာ အဲ့ေကာင္ဖိုးေထြးကို ”

“ေျပာလိုက္မယ္ ဗ်ာ …ကိုသာရ ခင္ဗ်ားေကာင္ေတြကိုလည္းေျပာဦး ေလာက္စလုံး နဲ႔ ေလာင္းလို႔ရတယ္ လို႔ ၿပီးေတာ့ စိမ္းစားဥ လည္း ေလာင္းလို႔ရတယ္ ေနာ္ ”

“ေအးေအး ေျပာလိုက္မယ္ ဟိုေကာင္ေတြလည္း ထြန္ျဖဳတ္ကုန္းမွာ စိမ္းစားဥ တူးေနၾကတယ္ အေတာ္ပဲ ”

သာေအးသည္ ေမာင္ဘိုးထင္ စိမ္းစားဥႏွင့္ ေလာင္းလို႔ရသည္ ဆိုသည့္စကားကို နားမလည္ပဲ ရွိေနသည္ ၊ ေမာင္ဘိုးထင္သည္ သာရ ကို ႏုတ္ဆက္ၿပီး ျပန္ခ်ိန္ သာေအးအား စကားဆိုလိုက္သည္

“သာေအး ထြန္ျဖဳတ္ကုန္းကို သြား စိမ္းစားဥ ရသေလာက္ တူထားကြာ ‘

“ဘာလုပ္ဖို႔လဲ ဟ ”

“အဲ့‌‌ေကာင္ေတြက စိမ္းစားဥနဲ႔ ေလာင္းလိမ့္မယ္ ငါတို႔က လည္း စိမ္းစားဥ ျပန္ေလ်ာ္ရမွာကြာ သြားသြား လြယ္အိတ္ အျပည့္တူးၾကမယ္ ”

အႀကံႀကီးသူ ေမာင္ဘိုးထင္သည္ သာေအးအား ကိုသာရတို႔ အဖြဲ႕ စိမ္းစားဥ တူးေနေသာ ထြန္ျဖဳတ္ကုန္းသို႔ လႊတ္လိုက္ၿပီး စိမ္းစားဥတူးထားေစကာ သူသည္ကလည္း ဖိုးေထြးအား ပြဲျဖစ္ၿပီ သြားေျပာၿပီး သာေအးႏွင့္ အတူ စိမ္းစားဥ ျပန္တူးေနလိုက္ပါေတာ့သည္ ။

▪️အခန္း-၃

သာရသည္ သူ၏ ႏြားကို ဆြဲလာၿပီး သူ၏ အဖြဲ႕သားမ်ားႏွင့္ ေရာက္လာသည္ ဖိုးေထြးသည္လည္း ႏြားကို ဆြဲၿပီး သူ၏ အဖြဲ႕သားမ်ားႏွင့္ ေရာက္လာသည္ ေမာင္ဘိုးထင္ ႏွင့္ သာေအးသည္က သစ္ပင္ အရိပ္‌ေအာက္တြင္ ရပ္ေစာင့္ေနၿပီး လွမ္းေခၚလိုက္ကာ

“ေဟ့လူေတြ ဒီကို လာခဲ့ၾက ခင္ဗ်ားတို႔ ႏြားေတြ ကိုဘယ္သူၾကည့္ခိုင္းခဲ့လဲ ”

“တေယာက္ ေစာင့္ ခိုင္းခဲ့တယ္ ကြာ ပြဲစမယ္ ”

“ေနပါဦး ခင္ဗ်ားတို႔ ႏွစ္ေယာက္က ေဟာ့ဟိုက ဦးေက်ာ္ လယ္ကြက္ထဲ ႏြားဆြဲသြား က်န္တဲ့ သူေတြ ဒီလာခဲ့ ”

ေမာင္ဘိုးထင္၏ ေျပာစကားတိုင္း လူပ်ိဳေပါက္စ ႏွစ္ေယာက္သည္ တကယ္ လိုက္လုပ္ေနသည္ ၊ သူတို႔၏ ႏြားမ်ားကို နဖားႀကိဳးမွ ဆြဲၿပီး မလွမ္းမကမ္းရွိ ဦးေက်ာ္ လယ္ကြင္းထဲဆြဲသြားကာ အတန္ကြာေဝးသည္ ေနရာတြင္ ႏြားတေယာက္ တေကာင္ကို ဆြဲၿပီး ရပ္ေနသည္ ႏြားႏွစ္ေကာင္သည္ကလည္း ခြာမ်ားယက္ၿပီး တြန္ျမည္ေနသည္ ၊ ေမာင္ဘိုးထင္ ႏွင့္ သာေအးသည္က ႏြား‌‌ေက်ာင္းးသားမ်ား ႏွင့္ အလုပ္ရႈပ္ေနသည္

“ဘယ္ႏြားဘက္က ေလာင္းမွာလဲ ဘယ္ႏြားဘက္က ေလာင္းေလာင္းစတူပဲ တို႔က ဒိုင္ဆိုေပမဲ့ မင္းတို႔တိုင္း မွ်ထိုးၾက တဖက္တည္း အကုန္ေလာင္းလို႔ တို႔ရႈံးရင္ မေလ်ာ္ဘူးေနာ္ အဲ့တာတခါတည္းေျပာထားတာ ”

“ဟုတ္တယ္ ဟုတ္တယ္ မွ်မွ်တတ ေလာင္းက် ႏွစ္ေကာင္လုံးက တို႔႐ြာက ႏြားေတြၾကည့္ပဲ ”

ေမာင္ဘိုး ထင္ ႏွင့္ သာေအးသည္ ေလာင္းထားေသာ ေလာက္စလုံး ႏွင့္ စိမ္းစားဥ မ်ားကို ေျမမွာ ပုံလိုက္ၿပီး ဘယ္သူေလာင္းထားသည္ ဆိုတာကိုစိတ္ႏွင့္ မွတ္သားလိုက္ကာ ဖိုးေထြးတို႔အား လွမ္းေအာ္လိုက္သည္

“ကို‌ဖိုးေထြး နဲ႔ ကိုသာရ ႀကိဳးေတြျဖဳတ္လိုက္ဗ်ာ ျဖဳတ္ၿပီးရင္ လႊတ္လို႔ရၿပီ ”

“ေအးေအး ဘိုးထင္ေရ ”

ဖိုးေထြး ႏွင့္ သာရသည္ ႏြားႏွာဖားႀကိဳးမွာ ခ်ည္ထားေသာ ႀကိဳးမ်ားကို ျဖည္ေပးၿပီး လႊတ္လိုက္ကာ ဘိုးထင္တို႔ရွိေသာ သစ္ပင္ရိပ္သို႔ေျပးလာၾကသည္ ၊ ‌ႏြားႏွစ္ေကာင္သည္က ႐ိုးျပတ္လယ္ထဲ၌ ညေနေစာင္းလု ေနေရာင္ေအာက္ တြင္ တေကာင္ႏွင့္ တေကာင္ ရန္ေစာင္ ေနၿပီး ဖိုးေထြး၏ ႏြားမွ တြန္သံေပးလိုက္စဥ္ သာရ၏ ႏြားမွ ေျပး၍ေဝွ႔ပါေလေတာ့သည္ ႏြားမ်ားသည္ ႐ိုးျပတ္လယ္ကြင္းထဲတြင္ အားမာန္ကို အကုန္အသုံးျပဳၿပီး ေဝွ႔ေနၾကသလို႔ သစ္ပင္ေအာက္မွ ဘိုးထင္တို႔သည္လည္း တိုးတိုး ႏွင့္ သဖန္းပိုးထိုးေနၾကသည္ ။

“ၾကည့္ထား မင္းတို႔၊။ ကိုဖိုးေထြးႏြားက ကလပ္လွဲလိမ့္မယ္ ”

“ကိုသာရႏြားက ခ်ိဳကုပ္ေပမဲ့ မေခဘူးဗ် ”

“ေအး ဟုတ္တယ္ ”

အခ်ိန္အတန္ၾကာေသာအခါ သာရ၏ႏြားသည္ ေနာက္သို႔ ဆုပ္ကာ ဆုပ္ကာ ႏွင့္ ေျပးေလေတာ့သည္ ေျပးသည္ဆိုရာ၌ တခါတည္း တန္းမေျပပဲ ေျပးလိုက္ ‌ျပန္ေဝွ႔လိုက္ႏွင့္ ေမာင္ဘိုးထင္တို႔ သစ္ပင္ရိပ္နားေျပးလာရာ ေမာင္ဘိုးထင္ႏွင့္ သာေအးသည္ ေလာက္စလုံး မ်ား စိမ္းစားဥမ်ားကို လြယ္အိတ္ထဲ ထည့္ၿပီး သစ္ပင္ေပၚသို႔ အလ်င္အျမန္တက္‌ေျပးေလေတာ့သည္ ၊ က်န္သူမ်ားသည္ ေမာင္ဘိုးထင္ ႏွင့္ သာေအးကို ေၾကာင့္ၾကည့္ကာ ေနသလို က်န္ေသာသူမ်ားသည္ လိုက္ေဝွ႔ေနေသာ ဖိုးေထြး၏ ႏြားအား ႀကိမ္လံုးျဖင္ ဝင့္ျပကာ နဖားႀကိဳးကို အတင္းလိုက္ဆြဲေလေတာ့သည္ ၊ ဤသို႔ႏွင့္ ဖိုးေထြး၏ ႏြားႏွင့္ သာရ၏ ႏြားႏွစ္ေကာင္မွာ ဒဏ္ရာဗလပြ ႏွင့္ ႏြားတိုက္ပြဲကၿပီးဆုံးေလေတာ့သည္ ။

▪️အခန္း-၄

ဦးအုန္းသည္ သူ၏ အိမ္ေအာက္တန္းလ်ားတြင္ ထိုင္ေနေသာေမာင္ဘိုးထင္အား ဆူပူေနသည္၊ ဆူရသည္အေၾကာင္းသည္က ဖိုးေထြး ႏွင့္ သာရ ၏ႏြားမ်ား ဒဏ္ရာမ်ားရလာရာ လူႀကီးမ်ားက ဆူေငါက္၍ ေမးျမန္သည့္အခါ ေနာက္ဆုံးလက္သည္မွာ ေမာင္ဘိုးထင္ ျဖစ္ေနသည့္ အတြက္ ဦးအုန္းမွာ ဆူေနခ်င္းျဖစ္သည္ ။

“‌ေကာင္းေလး မင္းကြာ ႏြားသြားေက်ာင္းတဲ့ေကာင္ေတြေနာက္လိုက္ၿပီး ႏြားတိုက္ခိုင္းရတယ္လို႔ကြာ ”

“အဘက က်ဳပ္ပဲ ေငါက္ေနတယ္ က်ဳပ္က တိုက္ခိုင္းတယ္ လို႔ ဘယ္သူေျပာတာလဲ ေျပာတဲ့ေကာင္ကို က်ဳပ္သြားလုပ္မယ္ ”

“မင္းက အခုထိ ဝန္မခံေသးဘူးလား ”

“ဟာ အဘကလည္း က်ဳပ္တိုက္ခိုင္းတာ မဟုတ္ပါဘူးဆိုဗ်ာ က်ဳပ္က ကိုဖိုးေထြးႏြားက ကိုသာရႏြားကို ႏိုင္ပါ့မလားပဲေျပာတာ က်န္တာ သူတို႔တိုင္းတိုက္တာပဲ က်ဳပ္နဲ႔ ဘာမွ မဆိုင္ဘူး ”

“,မင္း ေလွ်ာက္ေျပာေနတာ မဟုတ္လား ”

“မယုံ ရင္ သားေအး တို႔ ေအာင္ျမင့္တို႔ ေက်ာ္လြင္ တို႔ ေမးၾကည့္ဗ်ာ က်ဳပ္ေျပာတာ ဟုတ္တယ္ ဆိုရင္ေတာ့ အဘက်ဳပ္ကို ေငါက္ထားတာေတြ အတြက္ တခုခု ဝယ္ေပးရမယ္ ”

“လာ လာခ်ည္ေသး “,

“အဘက မတရား မလုပ္တက္ပါဘူးဗ်ာ ”

“ေဟ့‌ေကာင္ ေဟ့ေကာင္ မင္းလာေျမႇာက္မေနနဲ႔ ငါမေျမာက္တက္ဘူးေယာင္”

“ေျမႇာက္တာမဟုတ္ပါဘူး အဘရာ က်ဳပ္က အမွန္တရားကို ေျပာတာပါဗ်ာ အဘရဲ႕ တပည္ ဘိုးထင္ဆိုတဲ့ က်ဳပ္က အဘနာမည္ကို ထိခိုက္ေအာင္ မဟုတ္တာ လုပ္ပါ့မလားဗ်ာ အဘေသခ်ားစဥ္းစား က်ဳပ္ေရေႏြးသြားခက္လိုက္ဦးမယ္ ေရေႏြးၾကမ္းေလးေသာက္ၿပီးစဥ္းစာ ”

ဦးအုန္းဘာမွ ျပန္မေျပာခင္ ေမာင္ဘိုးထင္ စားပြဲခုံမွ ေရေႏြးအိုးအားယူကာ မီးဖိုေခ်ာင္ဘက္ထြက္သြားၿပီး ေရေႏြးအိုးကို ေရေႏြးျဖည့္၍ျပန္လာၿပီးေနာက္ စားပြဲခုံေပၚတင္လိုက္ကာ

“အဘ ဒီမွာ ေရေႏြး က်ဳပ္႐ြာထဲ သြားလိုက္ဦးမယ္ဗ်ာ ”

‌ဦးအုန္းသည္ အိမ္ေအာက္ရွိ အိမ္တိုင္မွာခ်ိတ္ထားေသာလြယ္အိတ္ကို ယူၿပီး အိမ္ဝိုင္းျပင္ထြက္သြားေသာ ေမာင္ဘိုးထိုအား

“ေကာင္ေလး မင္းကို မနက္ျဖန္ အလုပ္ခိုင္းမယ္သိလား”

“ည မွေျပာေတာ့ အဘေရ က်ဳပ္သံၿဂိဳလ္သြားထိုးလိုက္ဦးမယ္ ”

ေမာင္ဘိုးထင္သည္ အိမ္ဝိုင္းအျပင္သို႔ထြက္ရင္း ျပန္ေအာ္၍ ေျပာလိုက္ပါေလေတာ့သည္။

▪️အခန္း-၅

ေပပင္႐ြာလယ္ရွိ မန္က်ည္ပင္မ်ား မ်ားစြာေပါက္ေရာက္ေနကာ ေအျမေသာ မန္က်ည္းရိပ္ေအာက္တြင္ျဖစ္သည္၊ ထိုအရိပ္ေအာက္တြင္ ေပပင္႐ြာသားမ်ား သာမက တျခား႐ြာသားမ်ားပါ စု႐ုံးေနၾကသည္ ၊ ေလာက္စလုံးေၾကး သံၿဂိဳလ္ထိုးၾကေသာ ေမာင္ဘိုးထင္တို႔ အဖြဲ႕ သံၿဂိဳလ္မထိုးေတာ့ပဲ လူႀကီးလူငယ္ လူ႐ြယ္မ်ား စု႐ုံး‌ေန‌ေသာ ထိုေနရာသို႔ ဝင္ၾကည့္လိုက္ၾကသည္ ၊ ႐ြာသားမ်ားသည္ ေငြ‌ေရးေၾကး‌‌ေရးျဖစ္ ကြမ္းမီးထိုးေနၾကသည္ ၊ ကြမ္းမီးဆိုသည္မွာ ဒိုးသီးဆယ္လုံးကို ထိုးမည္ သံၿဂိဳလ္ ကြင္း တကြင္းစာ အကြာအေဝးျဖစ္ တန္းၿပီး စိုက္ထားရသည္ ထိုတန္းထား‌ေသာ ဒိုးသီးဆယ္လုံးေရွ႕တြင္ စီးတခုတားထားသည္ ၊ ထိုစီး၏ အတြင္းမွၾကက ေပါက္ျဖစ္၍ တရားမဝင္ပါ ၊ ကြမ္းမီးသံၿဂိဳလ္ ထိုးရာတြင္ ဒိုင္ရွိသည္ ၊ ဒိုင္သည္ ကြမ္းမီးထိုးမည္သူအား အရင္ ေငြဘယ္ေလာက္ ထိုးမည္ဆိုတာကို ေမးရသည္ တဂြင္ကို သုံးႀကိမ္ထိုးလို႔ရသည္ ၊တခ်က္တည္း ေတာ္လိုက ေတာ္ႏိုင္သည္ ၊ သုံးႀကိမ္ထိုးခ်င္း အေပါင္း ကိုးသည္ အႀကီးဆုံးျဖစ္သည္ ၊ သုံးႀကိမ္လုံး တစ္ ၾကည့္က်က တစ္သုံးလုံးျဖစ္ကာ ၊ တႀကိမ္ထဲ ႏွင့္ အလုံးေရး အမ်ားႀကီးလဲရင္ ပြက္သည္ဟုေခၚသည္ ၊ တႀကိမ္တည္းႏွင့္ ဆယ္လုံးတခါတည္း လဲက ဂါႀကီးဟုေခၚက ဒိုင္မွ တန္းေလ်ာေပးရသည္ ထိုဂါႀကီးသည္က ျဖစ္ခဲ၏ ၊ ထိုေလာင္းကစားကိုေတာ့ ေက်းလက္ေတာ႐ြာမ်ားတြင္ တရားဝင္ ကစားေနၾကသည္ ၊ ထိုးသားမ်ား အကုန္ထိုးၿပီးက ဒိုင္လုပ္သူသည္ ေနာက္ဆုံးမွ ထိုးကာ အေလ်ာအစားလုပ္ၾကသည္ ၊ ယခု ေမာင္ဘိုးထင္ ဒိုင္ျဖစ္သူအနားတိုး၍ ၾကည္ေနသည္ ၊ ဒိုင္သည္ တျခား႐ြာသားျဖစ္ၿပီး ေပပင္႐ြာကို အၿမဲ ေရာက္သူျဖစ္ကာ ေမာင္ဘိုးထင္ ႏွင့္ သိသူလည္းျဖစ္သည္ ၊ ဒိုင္သည္ အရက္ပုလင္းကို ေဘးမွ ခ်ကာ သူအလွည့္ က်တိုင္း တႀကိမ္ေမာ့ေနသူျဖစ္သည္ ၊ ေမာင္ဘိုးထင္သည္ ဒိုင္အနားေန၍ ေပပင္႐ြာသားမ်ား ထိုးေသာအခါ ေအာ္ဟစ္အားေပး ေနေလသည္။

“တစ္ ”

“ေနာက္ တတစ္”

“ေနာက္ တတစ္ လာဗ်ာ ”

“တစ္သုံးစုံ ရွယ္ႀကီးဗ်ိဳ႕ ”

ႏိုင္သြားေသာထိုးသားသည္က ေမာင္ဘိုးထင္ကို ၾကည့္ၿပီး ရယ္ျပကာ လက္ျပေနသည္ ၊ ႐ြာသားမ်ားအားလုံးသည္ ေမာင္ဘိုးထင္ေလးကို ခ်စ္ခင္ၾကသည္ ထိုအရာကို မသိေသာ ဒိုင္လုပ္သူသည္ ေမာင္ဘိုးထားအား

“ေအာက္လမ္းေလး သြားစမ္းကြာ ေဝးေဝး ကို မင္းငါ့ကို ရႈံးေအာင္ ေအာက္လမ္း နဲ႔ လုပ္ထားတာ မဟုတ္လား ေခြးမသားေအာက္လမ္းေလး ငါအနားက သြားစမ္းကြာ သြား ”

ေမာင္ဘိုးထင္အား ဒိုင္လုပ္သူ တျခား႐ြာသားမွ ထိုသို႔ေျပာေသာအခါ ကြမ္းမီးထိုးမည့္ သံၿဂိဳလ္သံကြင္းကို ကိုင္ထားကာ ငုတ္တုပ္ထိုင္ေနေသာ သာရ မွ

“ေဟ့လူ ခင္ဗ်ာ ဘာေသာက္စကားေျပာတာလဲ ”

သာရသည္ သံၿဂိဳလ္ႏွင့္ ေမာင္ဘိုးထင္ကို ေျပာဆိုသည့္ ဒိုင္အား ပစ္ဖို႔လုပ္ရာ ေဘးမွ လူႀကီးမ်ားမွ ဆြဲ ထားလိုက္ၾကသည္၊ ဖိုးေထြးတို႔ တသိုက္သည္လည္း လြယ္အိတ္မ်ားထဲမွ ေလးဂြမ်ားကို ထုတ္ကာ ပစ္ဖို႔ ဟန္ျပင္ေနစဥ္ လူႀကီးမ်ားက ဆြဲထားလိုက္ရျပန္သည္ ၊ အေနေအးေသာ ေမာင္ဘိုးထင္တို႔ အဖြဲ႕ထဲ မွာ ေအာင္သန္း ေက်ာ္လြင္ ဖိုးစိန္ တို႔ပင္ ေလးဂြ တျပင္ျပင္ ႏွင့္ျဖစ္ေနေလရာ ၊ လူ႐ြယ္အခ်ိဳ႕မွ ထိန္းလိုက္ရျပန္ေသးသည္ ၊ ထိုေနာက္ လူႀကီးတဉီးသည္ ဒိုင္လုပ္သူတျခား ႐ြာသားအား

“ေဟ့ေကာင္ သာဒင္ မင္း႐ြာမင္းျပန္ေတာ့ မင္းစကားကိုၾကည့္ေျပာ ဘိုးထင္က ငါတို႔႐ြာသားျဖစ္ေနၿပီ ေနာက္တခါ ဘိုးထင္ကို ဒီလိုေစာက္စကားေျပာရင္ ငါတို႔ ပါ မင္းကို ဝိုင္း႐ိုက္မွာ‌ေနာ္ ျပန္ေတာ့ ”

႐ြာထဲမွာ လွေဖဟုအမည္ရေသာ လူႀကီးမွ ဒိုင္လုပ္သူ ေငါက္ငမ္းေျပာဆိုကာ ျပန္ခိုင္းလိုက္သည္ ၊ ထိုသူျပန္သြားမွ ႐ြာသားမ်ားသည္ ေမာင္ဘိုးထင္ အနားလာကာ ပုခုံးကို ပုတ္၍

“ဘိုးထင္ ေအးေဆး ဘာမွ မျဖစ္ဘူး မင္းကို ထိရင္ ငါတို႔ ေပပင္႐ြာကို ထိတာ နဲ႔ တူတူ ပဲ ”

ကေလးဥကၠဌ ႀကီးမ်ားး ျဖစ္ေသာ ဖိုးေထြးႏွင့္ သာရ သည္ပင္ ေမာင္ဘိုးထင္၏ ပုခုံးကို တဖက္တခ်က္ ဖက္ထားကာ

“ဘိုးထင္ ည ငါ့တို႔ လူပ်ိဳလွည့္မွာ လိုက္ခဲ့ပါလား ၾကက္ ကာလသား ခ်က္ေကြၽးမယ္ကြာ ”

ဖိုးေထြးကို ၾကည့္ကာ ေမာင္ဘိုးထင္ မဆိုင္းမတြ ေခါင္းညိတ္လိုက္သည္ ေခါင္းညိတ္ရသည္ အေၾကာင္းကလည္း ရွိသည္ ၾကက္ကာလာသားခ်က္လည္းေကြၽးမည္မဟုတ္ပါလား သို႔ေပမဲ့ ေမာင္ဘိုးထင္ ၾကက္ကာလာသားတခုတည္းေၾကာင့္ ေခါင္းညိတ္ခ်င္းမဟုတ္ေပ ၊ စကားေလးႏွင့္ သူ႔အားေျပာသည္ကို ႐ြာသားအားလုံး မေက်မနပ္ျဖစ္ေနသည့္ အတြက္ ေမာင္ဘိုးထင္ ေက်နပ္ခ်င္းျဖစ္သလို၊ သူအေပၚေကာင္းသည္ ဒီ႐ြာမွာ အေျခခ်ႏိုင္ရန္ ႀကိဳတင္ကာ သတိုးသမီးရွာၾကည့္ထားမည့္ဟု ေတြးလိုက္ခ်င္းေၾကာင့္ ျဖစ္ပါေလေတာ့သည္ ။

▪️အခန္း-၆

ေမာင္ဘိုးထင္ ညေနေစာင္း၍ အိမ္ျပန္လာသည္။ အိမ္ေရာက္သည္ ႏွင့္ ဦးအုန္းမွ

“ေကာင္ေလး မင္း မနက္ျဖန္ မင္း႐ြာကိုသြားရမယ္ ”

“ဗ်ာ ”

ေမာင္ဘိုးထင္သည္ ဦးအုန္းအား ၾကည့္၍ မ်က္ရည္မ်ားဝိုင္းလာသည္ ၊ ဝိုင္းေနေသာ မ်က္ဝန္းထဲမွ မ်က္ရည္မ်ားသည္ ဘယ္ဘက္မွ အရင္တျဖည္းျဖည္း က်လာသလို ညာဘက္မွလည္း တျဖည္းျဖည္းက်လာ၏ ေမာင္ဘိုးထင္သည္ က်လာေသာ မ်က္ရည္မ်ားကို လက္ေကာက္ဝတ္ ႏွင့္ သုပ္လိုက္ၿပီး

“အင္းပါဗ်ာ အဘက က်ဳပ္ကို မေနေစခ်င္ရင္ေတာ့လည္း က်ဳပ္ျပန္ပါ့မယ္ အဘကို က်ဳပ္ အျပစ္ေတြ လုပ္မိရင္ ခြင့္ လႊတ္ လႊတ္”

“ဟေကာင္ ဘာေတြေျပာေနတာလဲ ဟ ”

“အဘက က်ဳပ္ကို ျပန္ခိုင္းတာ မဟုတ္ဘူးလား ”

“ကဲ ဒီေကာင္ေလးေတာ့ ေၾကာင္ေတာင္ေတာင္နဲ႔ မနက္ျဖန္ ညိဳေမာင္ ကိုသြားေခၚ ၿပီးေတာ့ မင္းတို႔႐ြာထဲမွ သရဲပူးေနတဲ့လူရွိတယ္ ၊ ငါ့လာေခၚထားတယ္ သူတို႔ေျပာပုံအရ အဲ့ဒီသရဲကို မင္းေတာင္ ႏိုင္တယ္ သြားထုတ္လိုက္ ၿပီးရင္ ေငြငါးဆယ္ေတာင္းခဲ့ မင္းက အစိတ္ယူၾကားလား ”

“ဟာ အဘရ အ‌ေစာကတည္းက ဒီလိုေျပာေတာ့ ဘာျဖစ္မွာလဲ ဗ်ာ က်ဳပ္ကေတာ့ အဘ ျပန္ခိုင္းတယ္ ထင္ၿပီး ဝမ္းနည္း လိုက္ရတာ ဒါနဲ႔ ကိုညိဳေမာင္ မေခၚပဲ တျခားသူေခၚရင္ရလား အဘ ”

“ရတယ္ မင္းက ကုရမဲ့ေကာင္ ဟိတ္နဲ႔ ဟန္နဲ႔ေတာ့ေန ကေလးဆိုၿပီး အထင္ မေသးေအာင္ ပညာသာ ျပလိုက္ ငနက္ကို ေခၚသြား ”

“ဟာ ငနက္ကို မေခၚပါဘူး သရဲတေကာင္က်ဳပ္ဖမ္းခဲ့မယ္ အခု ထမင္းစားၿပီးရင္ ကိုဖိုးေထြးတို႔ဆီ သြားလိုက္ဦးမယ္ ဗ်ာ ”

“မင္းကေတာ့ အိမ္ကို ကပ္တယ္ မရွိဘူး ေၾကာင္အိမ္ထဲမွာ ၾကက္သားေၾကာ္ထားတယ္ ထည့္စားလိုက္ ၿပီးရင္ အေပၚက ေကာင္မေတြကို ေကြၽးရမဲ့ ရက္ေရာက္ၿပီး မီးဖိုထဲမွာ ျပင္ဆင္ထားတယ္ မင္း႐ြာထဲ မသြားခင္ ေကြၽးခဲ့ ဦး ”

“ဟုတ္ကဲ့ အဘ ”

ေမာင္ဘိုးထင္သည္ ဦးအုန္း၏ စကားကို ေျဖၿပီး မီးဖိုေခ်ာင္ဘက္ဆီသို႔ ထြက္ခြာသြားလပါေတာ့သည္။

▪️အခန္း-၇

ဖိုးေထြးႏွင့္သာရတို႔ လူပ်ိဳေပါက္စမ်ား ဘင္ဂ်ိဳ တလက္ျဖစ္အိမ္ႀကီးတအိမ္ေရွ႕လမ္းတြင္။ လက္စြမ္းျပေနသည္ ေမာင္ဘိုးထင္သည္က ဖိုးေထြးတို႔ယူလာေသာ ၾကက္ကာလာသား ခ်က္ကို တေယာက္ တည္းေနာက္မွေန၍ ေလြေနသည္ ၊ သီခ်င္းတပုဒ္ၿပီးေသာအခါ ဖိုးေထြးသည္ ေမာင္ဘိုးထင္အား

“ဘိုထင္း မင္းငါ့ကို တခု ကူညီမလား ‘

“ေျပာကိုဖိုးေထြး ”

“ငါ့ကို ဒီအိမ္က မိေက်ာ့ကို စာေပး ေပးပါလားကြာ ”

ေမာင္ဘိုးထင္ ေခတၱစဥ္းစားလိုက္သည္ မ်က္ႏွာမွာလည္း အနည္းငယ္ ၿပဳံလာကာ

“ေပး ေပးလို႔ရပါတယ္ ဒါေပမဲ့ က်ဳပ္ကိုလည္း တခု ကူညီရမယ္ ”

“ေျပာကြာ ကူညီမယ္ ”

“မနက္ျဖန္ က်ဳပ္႐ြာကို သြားမွာ ကို‌ဖိုးေထြး လိုက္ခဲ့ရမယ္ ”

ဖိုးေထြး ခဏ စဥ္းစားလိုက္ၿပီး

“ဘယ္ေလာက္ၾကာမွာလဲ ”

“သြားတာ တရက္ေတာ့ၾကာတယ္ ဗ် ေနာက္ေန႔ တန္းျပန္လာၾကတာေပါ့ ”

“လိုက္မယ္ကြာ မင္းသာ စာေပးေပး”

“စိတ္ခ် ကိုဖိုးေထြးရာ အခု သြားေပးေပးမယ္ ေပးစာ”

“ဟ ဟ မလုပ္ပါနဲ႔ ဦး ေကာင္ရာ အခု ေတာ့ စိတ္ေလွ်ာ့ဦး မင္း႐ြာက ျပန္လာမွ ေပးေပးကြာ ”

‘ၿပီးတာပဲ မနက္ အေစာသြားမယ္ ထမင္းထုပ္ခဲ့ဦး ”

ဖိုးေထြးႏွင့္ ေမာင္ဘိုးထင္စကားကိုနားေထာင္ေနေသာ သာရသည္ ေမာင္ဘိုးထင္အား

“ဘိုးထင္ ငါလိုက္လို႔ရလား ”

“ရတာေပါ့ဗ်ာ လိုက္မွာ ေသခ်ာလား ”

“ေသခ်ာတယ္ ဘိုးထင္ ”

“အဲ့တာ ဆို က်ဳပ္အိမ္လာခဲ့ ဗ်ာ ”

“အိမ္ေတာ့ မလာဘူးကြာ ႐ြာ အထြက္က ေစာင့္‌ေနမယ္ ”

“အဲ့တာဆိုလည္း ၿပီးတာ ပဲ က်ဳပ္က ေဆးသြားကုမွာေနာ္ တခုေတာ့ မွာထားရဦးမယ္ က်ဳပ္ကို လူနာကို ကုေနတဲ့ အခ်ိန္ ေလးေလးစားစား ဆက္ဆံရမယ္ ”

ေမာင္ဘိုးထင္၏ စကားေၾကာင့္ ဖိုးေထြး ႏွင့္ သာရသည္ ေမာင္ဘိုးထင္အား ေငး၍ၾကည့္ေနပါေလေတာ့သည္ ။

▪️အခန္း-၈

ေမာင္ဘိုးထင္တို႔ သုံးေယာက္ မနက္ေဝလီေဝလင္းကတည္းက ေပပင္႐ြာမွ ထြက္လာခဲ့သည္ ၊ အပ သြားထုတ္မည့္ ေမာင္ဘိုးထင္တို႔ သုံးေယာက္အနက္ အငယ္ဆုံးေသာ ေမာင္ဘိုးထင္မွာ ဆရာျဖစ္သည္ ၊ သုံးေယာက္လုံး လြယ္အိတ္တေယာက္လံုးလြယ္ကာ ေတြ႕ရာ ငွက္မ်ားကို ပစ္ေနေလသည္ ၊ေမာင္ဘိုးထင္မွ လမ္းတြင္ ဖိုးေထြး ႏွင့္ သာရအား မွာၾကားေနေသးသည္

“တပည္တို႔ ”

“ဘိုးထင္ ဘယ္က တပည္လဲ ငါတို႔ကအေဖာ္လိုက္တာေနာ္ ”

“ေအးပါဗ်ာ ေမ့သြားလို႔ပါ ဒါေပမဲ့ အပ မွီေနတဲ့ အိမ္ေရာက္ရင္ေတာ့ က်ဳပ္ေျပာတာေတြကိုေတာ့ အလိုက္တသိနဲ႔ လုပ္ေပးဗ်ာ ေနာ္ ”

“ေအးပါကြာ ”

“ဒါနဲ႔ ကို‌ဖိုးေထြး နဲ႔ ကိုသာရ သရဲေၾကာက္တက္လား ”

“ေၾကာက္ေတာ့ ေၾကာက္တာေပါ့ ကြ”

“က်ဳပ္ပါတာပဲ ဗ်ာ မေၾကာက္နဲ႔ က်ဳပ္ သခ်ႋဳင္းသြားၿပီး သရဲေမြးရဦးမွာ ”

“အဲ့ဒါေတြလည္း မင္းက လုပ္တက္ေနၿပီလားဟ ”

“နည္းနည္းေတာ့ ျဖစ္ေနပါၿပီ မၾကာခင္ လက္ေတြ႕သိရမွာေပါ့ ”

ေမာင္ဘိုးထင္တို႔ သုံးေယာက္ သစ္စိမ့္႐ြာကို လမ္းေလွ်ာက္လာရာ ေနမြန္းတည့္ခ်ိန္တြင္ ေညာင္ပင္ႀကီး အနားေရာက္လာခဲ့သည္ ၊ ေမာင္ဘိုးထင္သည္ ေညာင္ပင္ႀကီးကို ျမင္ေသာအခါ

“ကိုဖိုးေထြး နဲ႔ ကိုသာရ အဲ့ေညာင္ပင္မွာ နားၾကရေအာင္ တေရးတေမာ အိပ္လို႔ေကာင္းတယ္ အဲ့ပင္ႀကီးက ”

‌ဖိုးေထြသည္ အုံ႔ဆိုင္းေနေသာ ေညာင္ပင္ႀကီးကိုၾကည့္ကာ

“ဘိုးထင္ မင္းအပင္ႀကီးက သရဲေတြဘာေတြ ရွိမဲ့ ပုံပဲေနာ္ ”

“ဟားး ဟားး ကိုဖိုးေထြးရာ သရဲ ရွိေတာ့လည္း အဆင္ေျပတာေပါ့။ တခါတည္းဖမ္းသြား႐ုံပဲဗ်ာ ဟန္က်တာပဲ ”

“မင္းကေတာ့ေလ ”

ေမာင္ဘိုးထင္တို႔လည္း ေညာင္ပင္ႀကီးေအာက္ ဝင္ကာ ထမင္းခ်ိဳင့္မ်ားကို ဖြင့္ၿပီး ထမင္းစားရန္ ဟန္ျပင္လိုက္သည္ ၊၊ေမာင္ဘိုးထင္သည္ ဦးအုန္း အစီအရင္အခန္းထဲမွ သရဲျမင္ႏိုင္ေသာ မႏၲန္ကို အလြတ္က်တ္ၿပီး ႐ြတ္ကာ လက္ညႇိဳးႏွင့္ သူ၏မ်က္လုံးကို ကြင္းထားသည္။ သာရသည္ သူ၏ ထမင္း ခ်ိဳင့္ထဲမွ ဟင္း ႏွင့္ ထမင္ကို အနည္းငယ္ယူကာ ေညာင္ပင္ႀကီး ၏ ဝန္းက်င္ကို ပတ္လိုက္ၿပီး

‘စားၾကပါေသာက္ၾကပါ စားဦးစားျဖားကို တင္ေျမႇာက္ပါတယ္’

“ကိုသာရ ဘာလုပ္တာလဲဗ် ”

“ငါက ေတာထဲသို႔ အဲ့လိုလုပ္တယ္ကြ”

“ၿပီးတာပဲ ဗ်ာ စားၾက စားၿပီးရင္ ခဏေမွးၾကမယ္ ”

သူတို႔အားလုံးထမင္စားေနၾကသည္ ေမာင္ဘိုးထင္သည္ ထမင္းစားေနစဥ္ သာရ ပက္ထားေသာ ထမင္းဟင္းမ်ား အနားသို႔ သရဲမႀကီးတ‌ေေကာင္ ေညာင္ပင္ ပင္စီမွာ ထြက္လာကာ ေလွ်ာက္လွမ္းလာေနသည္ကို ေတြ႕လိုက္ရ၏၊ ‌ေမာင္ဘိုးထင္သည္ တခ်က္ၿပဳံးလိုက္ကာ ထမင္းကိုသာ ဆက္၍ စားေနပါေလေတာ့သည္။

▪️အခန္း-၉

ေမာင္ဘိုးထင္တို႔ ထမင္းစားၿပီ၍ ေညာင္ပင္ႀကီးေပၚတြယ္တက္ေနေသာ ႏြယ္မ်ားကို ပုခက္ပုံျပဳလုပ္၍ ေမွးေနၾကရင္း စကားေျပာေနၾကသည္။

“ဘိုးထင္ မင္း ဘင္ဂ်ိဳ တီးတက္ခ်င္လားငါသင္ေပးမယ္ ”

“ေတာ္ပါ ကိုဖိုးေထြးရာ ခင္ဗ်ားကို ႐ြာလူႀကီးသားမို႔ မခင္ေလး အေဖက ေလးဂြနဲ႔ မထုတာ ထင္တယ္ ”

“‌ဟေကာင္ ဘိုးထင္ မင္းက ဂီတသံကို မခံစားတက္ဘူးပဲ”

ေမာင္ဘိုးထင္၏ စကားကို သာရမွာ က်ိတ္ၿပီး ရယ္ေနေလရာ ဖိုးေထြးသိပ္ေတာ့ မေက်နပ္ေပ ၊ မေက်မနပ္ျဖစ္ေနေသာ ဖိုး‌ေထြးအား ေမာင္ဘိုးထင္ စကားဆိုလိုက္သည္

“က်ဳပ္က ဗုံတီးခ်င္တာဗ်”

“ေဟ မင္းကလည္း အစမ္းႀကီးပါလားဟ ”

“က်ဳပ္ ဗုံလိုခ်င္တယ္ ဗ်ာ ”

“မင္း ဘိုးေတာ္ ကို ဝယ္ခိုင္း ဘိုးထင္ ”

“စဥ္းစားထားပါတယ္ ဗ် က်ဳပ္ ဗုံတီးၿပီး လူပ်ိဳလွည့္ ရင္ ခင္ဗ်ားတို႔ ႏွစ္ေယာက္ လိုက္ရမွာေနာ္ ”

ဖိုးေထြး ႏွင့္ သာရ ၿငိမ္သြားသည္ ၊ ေျပာရသည္ မဟုတ္ ေမာင္ဘိုးထင္သည္က ေျပာရင္ တကယ္လုပ္သည္ ေတာ္ၾကာ ဘင္ဂ်ိဳအစား ဗုံနဲ႔ အစားထိုးမည္ဟုေျပာက ခက္ေခ်မည္ဟုေတြးေနပုံေပၚ၏ ၊သူတို႔ သုံးေယာက္စကား မေျပာပဲ အတန္ၾကာၿငိမ္ေန၏ ၊ ထိုစဥ္ ေမာင္ ဘိုးထင္ အိပ္ေနေသာ ႏြယ္ႀကိဳးမွားမွာ လႈပ္ယမ္းလာရာ ဖိုးေထြးႏွင့္ သာရ မ်က္လုံးမ်ားျပဴးက်ယ္ကာ

“ဘိုး ဘိုးထင္ မင္းႏြယ္ေတြ လႈပ္ေနတယ္ ဟ ”

ေမာင္ဘိုးထင္သည္ ႏြယ္ႀကိဳးမ်ားေပၚမွ ေအာက္ကို ဆင္းလိုက္၏ ဖိုးေထြး ႏွင့္ သာရ သည္လည္း လိုက္ပါ ဆင္းလိုက္ကာ ေမာင္ဘိုးထင္အနား သြားရပ္ေနသည္ ၊ ေမာင္ဘိုးထင္သည္ ေညာင္ပင္ႀကီးကို ၾကည့္ၿပီးၿပဳံကာ

“သရဲ တေကာင္ေမြးမလို႔ ရွာေနတာ အေတာ္ပဲ သခ်ႋဳင္းသြားစရာ မလိုေတာ့ဘူး ”

ေမာင္ဘိုးထင္၏ စကားေၾကာင့္ ဖိုးေထြး ႏွင့္ သာရ လန႔္ျဖတ္ကာ ေမာင္ဘိုးထင္ အေနာက္ သို႔ ဝင္ေလသည္ ၊ ေမာင္ဘိုးထင္ထက္ႀကီးေသာ ဖိုးေထြး ႏွင့္ သာရသည္က ကေလးသာသာ ေမာင္ဘိုးထင္၏ ေနာက္တြင္ ရပ္လိုက္ၿပီး ေမာင္ဘိုးထင္ ပုခုံးကို ကိုင္ကာ

“ဘိုးထင္ ငါ ေၾကာက္တယ္ ကြ ဘာေတြ လုပ္မလို႔လဲ ”

“မေၾကာက္ပါနဲ႔ ဗ်ာ ဘိုးထင္ ပါရင္ ဘယ္သူမွ ဒုကၡမေရာက္ေစရဘူး ”

“ေအး ေအးပါကြာ ”

“ခင္ဗ်ားတို႔ ေၾကာက္စရာ လန႔္စရာေတြ ျမင္ရရင္ မေျပးနဲ႔ေနာ္ ေျပးရင္ ေတာ့ က်ဳပ္လည္း တာဝန္ မယူႏိုင္ဘူး ”

ေမာင္ဘိုးထင္၏ စကားေၾကာင့္ ဖိုးေထြး ႏွင့္ သာရ ေခါင္းကိုသာညိတ္ၿပီး အသံမထြက္ေပ ၊ အသံမထြက္ေသာ သူတို႔အား ေမာင္ဘိုးထင္မွ ေနာက္လွည့္ၾကည့္လိုက္ၿပီး

“ေၾကာက္မေနစမ္းပါနဲ႔ ဗ်ာ ”

“ေအးေအးပါကြာ မင္းကို အားကိုပါတယ္ ဘိုးထင္ရာ ”

“ဟုတ္တယ္ အားကိုးပါတယ္ ကြာ ”

ဖိုးေထြး ႏွင့္ သာရ စကားေၾကာင့္ ေမာင္ဘိုးထင္ ေက်နပ္စြာ တခ်က္ၿပဳံးလိုက္ၿပီး ၊ေညာင္ပင္ႀကီးကိုၾကည့္ကာ မႏၲန္တပုဒ္ကို မ်က္လုံးမွိတ္ၿပီး မာန္ပါပါ ႐ြတ္ကာ

“ဒီပင္က သရဲ နင့္ကို ငါေမြးခ်င္တယ္ လက္ခံက အခုခ်က္ခ်င္းငါ့အေရွ႕လာခဲ့ ”

ေမာင္ဘိုးထင္ စကားဆုံးသည္ ႏွင့္ ေညာင္ပင္ႀကီး၏ ပင္စီမွ ရႈပ္ပြေနေသာ ဆံပင္ကို ဖားလ်ားခ်ထား ၿပီး နႏြင္းမ်ားပမာ ဝင္းဝါေနေသာ မ်က္ႏွာ မွာ မ်က္စိတို႔က မဲနက္ေန၏၊ အမဲေရာင္ ထမိန္ႀကီးကို ရင္ခ်ားထား ၿပီး အၾကည့္ရဆိုးေသာ သရဲမ တေကာင္မွ ေမာင္ဘိုးထင္ ၏ မလွမ္းမကမ္းတြင္ ရပ္ေနသည္ ၊ ဖိုးေထြး ႏွင့္ သာရတို႔သည္က တုန္ယင္ေနၿပီ ေမာင္ဘိုးထင္၏ ပုခုံးကိုသာ တင္းတင္းဆုပ္ကိုင္ထားရာ

“ကိုဖိုးေထြးနဲ႔ကိုသာရ က်ဳပ္ပုခုံး႐ိုး က်ိဳးေတာ့မယ္ နာလိုက္တာဗ်ာ လႊတ္ၾကဦး ”

“ေၾကာက္ ေၾကာက္လို႔ပါ ကြာ ”

“ဘာမွ မေၾကာက္ နဲ႔ က်ဳပ္ရွိတယ္ ”

“ေအးေအး ပါကြာ ”

ေမာင္ဘိုးထင္သည္ က်န္သူႏွစ္ေယာက္အား မေၾကာက္ရန္ ေျပာလိုက္ၿပီး သရဲမကို ေစ့ေစ့ၾကည့္ကာ

“သရဲမ နင့္နာမည္ ဘယ္လိုေခၚလဲ ”

“ျမခင္”

‌ျမင္ခင္ဟု သရဲမ မွေျပာလိုက္ေသာေၾကာင့္ သူ၏ အေမနာမည္ႏွင့္ တူပါလားဟု ေတြးလိုက္သည္ ၊ သူ၏အေမ ျဖစ္ေနမလားဆိုတဲ့ အေတြးေတာ့ ေမာင္ဘိုးထင္ စိတ္ထဲတြင္ တစက္ကေလးမွ် ရွိမေနပါ ၊ အဘယ္ေၾကာင့္ဆိုေသာ ေမာင္ဘိုးထင္ ေတြးထားေသာ သူ၏ အေမမွာ မင္းသမီးေလးတမွ် လွသည္ဟု ထင္းထားေသာေၾကာင့္ သူ၏ ေရွ႕တြင္ ရွိေသာ သရဲမအား သူ၏ အေမဟု လုံးဝ လုံးဝ ကိုမထင္မိပါ ၊ ထို႔ေနာက္ ေမာင္ဘိုးထင္ သည္ သရဲမအား

“နင့္ကို ငါ ဆယ္ရက္ကို အမဲသား ႏွစ္ပိႆာေကြၽးမယ္ နင္က ငါခိုင္းတာ လုပ္ရမယ္ လုပ္မလားေျပာစမ္း ”

“လုပ္မယ္ ”

သရဲမသည္ ကြဲအက္ေျခာက္ကပ္ေနေသာ အသံျဖစ္ျပန္ေျဖေလသည္ ၊ ထိုအခါ ေမာင္ဘိုးထင္သည္

“လုပ္မယ္ ဆို စာခ်ဳပ္ ခ်ဳပ္ရမယ္ နင့္ေနတဲ့ ေနရာ ကိုေျပာ ”

“ဒီေညာင္ပင္ပဲ ”

“ေအးေအး ,

‌ေမာင္ဘိုးထင္သည္ ေညာင္ပင္ ပင္စီအနားသြားၿပီး သူ၏ လက္ထိပ္ကို လြယ္အိတ္ထဲ ၌ ပါလာေသာ ဓားေလးျဖစ္ ေဖာက္ကာ ‌ေညာင္ပင္ ပင္စီကို ေသြးမ်ားေပေစၿပီး

“ငါ ‌ဘိုးထင္ သရဲမ ျမင္ခင္ကို ဆယ္ရက္ ကို အမဲသား ႏွစ္ပိႆာေကြၽးပါမည္ မေကြၽးပါက ငါနဲ႔ ငါမိသားစု ဒုကၡေရာက္ပါေစ၊ သရဲမ ျမင္ခင္သည္ ငါဘိုးထင္ ခိုင္းသမွ်လုပ္ရမည္”

ေမာင္ဘိုးထင္သည္ သရဲမအား ေမြးၿပီးၿပီျဖစ္၍ သရဲမဘက္လွည့္ကာ

“နင့္ကို ငါပိုင္ၿပီ ေနာ္ ငါ့ေနာက္လိုက္ခဲ့ သစ္စိမ့္႐ြာထဲ သရဲ ပူးတဲ့ သူကို ငါအမိန႔္ေပးရင္ ေမာင္းထုတ္လိုက္ၾကားလား ေနာက္တခါ ျပန္မပူးႏိုင္ေအာင္ လုပ္ေပးၾကားလား ”

သရဲမ သည္ ေမာင္ဘိုးထင္၏ စကားကို ေခါင္းညိတ္ၿပီး ေပ်ာက္ကြယ္သြားပါ‌ေတာ့သည္ ၊
ေမာင္ဘိုးထင္လည္း ဖိုးေထြး ႏွင့္ သာရကို ေခၚကာ သစ္စိမ္႐ြာသို႔ ခရီးဆက္လိုက္ပါေလေတာ့သည္။

▪️အခန္း-၁၀

ေမာင္ဘိုးထင္တို႔ ညေန ေနဝင္လုတြင္ သစ္စိမ့္႐ြာ အဝင္သို႔ ေရာက္လာသည္ ၊ ႐ြာအဝင္တြင္ သစ္စိမ့္႐ြာ မွ ဦးေဇာ္ ဆိုေသာ သူႏွင့္ ကိုမႈိင္းဆိုသည့္ လူႏွစ္ဦး ရပ္ေစာင့္ေနကာ ေမာင္ဘိုးထင္ကိုျမင္ေသာအခါ

“‌ဘိုးထင္ ေရ ဆရာႀကီးမပါဘူးလား ”

“မပါဘူးဗ် အဘက က်ဳပ္ကိုပဲ လႊတ္လိုက္တာ ”

“ဟုတ္ ပ မလားကြာ ေတာ္႐ုံဆရာေတြ မရလို႔ ဆရာႀကီးကို ပင့္တာ ေနာ္ ”

“မယုံ ရင္ ျပန္ယုံပဲ က်ဳပ္ အဘကို ျပန္ေျပာလိုက္မယ္ ”

ေမာင္ဘိုးထင္သည္ ဖိုးေထြးတို႔အား ျပန္မည္ ဟုသေဘာ ႏွင့္ မ်က္စာ ျပစ္ၿပီး ေနာက္လွည့္လိုက္သည့္အခါ ဦးေဇာ္ဆိုသူမွ

“ဘိုးထင္ မျပန္ပါနဲ႔ကြာ လာလိုက္ခဲ့ပါ ဆရာႀကီးက မင္းကို လႊတ္လိုက္တာ ဆိုေတာ့လည္း မင္းပဲ ကုပါ ”

“ၿပီးတာပဲ ေရွ႕က လမ္းျပ ေန႔ဦး ခဏေလး ”

ေမာင္ဘိုးထင္သည္ ေရွ႕မွသြားေတာ့မည္ ဦးေဇာ္ ႏွင့္ ကိုမႈိင္းကို လက္ကာျပလိုက္ၿပီး လြယ္ထားေသာ ထမင္းခ်ိဳင့္ႏွင့္ ေလးဂြ ေလာက္စာ အစရွိသည္မ်ားထည့္ထားေသာ လြယ္အိတ္ကိုခြၽတ္လိုက္ၿပီး ဖိုးေထြးကို ေပးလိုက္ကာ

“သယ္ခဲ့ ေသခ်ာ ဂ႐ုစိုက္ လြယ္ ၾကားလား ”

ဖိုးေထြးအား မ်က္စိတဖက္ မွိတ္ျပၿပီး ေျပာလိုက္ရာ ‌ဖိုးေထြး‌ ေအာက္သက္သက္ ႏွင့္ လြယ္အိတ္ကိုယူလိုက္ေတာ့သည္ ထိုေနာက္ ေမာင္ဘိုးထင္သည္လက္တဖက္ ႏွင့္ ‌ဦးေဇာ္တို႔အား သြားဟုသေဘာ ႏွင့္ ျပလိုက္ၿပီး လက္ႏွစ္ဖက္ကို ေနာက္ျပစ္လို႔ ေက်ာ့ေမာ့စြာ လမ္းေလွ်ာက္ေနေလသည္ ၊ သူ၏ စိတ္ထဲတြင္ ဟန္ႏွင့္ ပန္ႏွင္ေနဟု ေသာ ဦးအုန္း၏ စကားကို နားေထာင္ေနသည္ ဟု ေတြးေနရင္း လက္‌ေနာက္ျပစ္ၿပီး လမ္း‌ေလွ်ာက္လို႔သြား‌ေနပါ‌ေလ‌ေတာ့သည္ ၊

▪️အခန္း-၁၁

ေရနံဆီမီးခြက္ ၏အလင္းေရာင္ေအာက္တြင္ အသက္ ၁၅ ႏွစ္အ႐ြယ္ ေကာင္ေလးတေယာက္ မ်က္လုံးျပဴးလိုက္ အံႀကိဳက္လိုက္ႏွင့္ ပါးစပ္မွလည္း

“ငါ့ကို အမဲသားေကြၽး မေကြၽးရင္ ဒီေကာင္‌ေလးကို သတ္စားမယ္ ”

အက္ကြဲေနေသာ အသံႀကီးႏွင့္ ေျပာစကားသည္ ေကာင္ေလး၏ ကိုယ္ခႏၶာ ႏွင့္ မလိုက္ဖက္စြာ ထြက္‌ေပၚလာေလသည္၊ ထိုအခ်ိန္ ေမာင္ဘိုးထင္ တို႔ ေရာက္လာၿပီး ထိုဝင္ေရာက္ပူးကပ္ေနေသာ ေကာင္ေလးအနား ဝင္ထိုင္လိုက္ၿပီး အိမ္ေပၚမွာ ရွိေသာ ေကာင္ေလး၏ မိဘမ်ားအား

“ဘယ္လို စျဖစ္တာ လဲ က်ဳပ္ကို ေျပာစမ္း ”

“ေတာထဲ ထင္းခုတ္က အျပန္ျဖစ္တာပဲ ဘိုးထင္ ”

“အဟမြး အဟမြး ”

ဘိုးထင္သည္ မ်က္ႏွာကို မၾကည္မသာ လုပ္ၿပီးေခ်ာင္းဟမ္း လိုက္ရာ ၊ အေစာကေျပာေသာ ဝင္ပူးခံေကာင္ေလး၏ ဖခင္သည္ ျပန္၍ေျပာေလသည္

“ေတာထဲ သြားၿပီးျဖစ္တာပါပဲ ဆရာေလး ဘိုးထင္ ”

“အင္း က်ဳပ္ကို မပင့္ခင္ တျခားသူေတြကို ပင့္ေသးလား ပူးကပ္ေနတဲ့ အေကာင္ေျပာသလိုေကာ လိုက္လုပ္လား ”

“ဆရာႏွစ္ေယာက္ ေတာ့ ပင့္ၿပီးထာတ္ေသးပါတယ္ သူတို႔ ျပန္သြားတာ နဲ႔ ျပန္ပူးတာပါပဲ အမဲသား လည္း သြားေကြၽးပါတယ္ ေကြၽးေနတုန္းခဏပါပဲ ၿပီးရင္ ျပန္ပူးတာပါပဲ ဆရာေလး ဘိုးထင္ ”

“ကဲ ကဲ ဘာမွမပူၾကေတာ့ နဲ႔ ၾဆာအုန္း ရဲ႕ တပည္ ၾဆာဘိုးထင္ ေရာက္လာရင္ အကုန္ေပ်ာက္ၿပီသာ မွတ္ ”

ေမာင္ဘိုးထင္း ထိုသို႔ကိုယ္ရည္ေသြးေျပာဆိုေနစဥ္ ဝင္ပူးခံေနရာေသာ ေကာင္ေလး သည္ ေမာင္ဘိုးထင္အား လည္ပင္းကို ညႇစ္မည္ဟန္ျပဳလုပ္ေနစဥ္

“ျမခင္ ဒီေကာင္ကို ေနာက္တခါ ျပန္မပူးရဲေအာင္လုပ္စမ္း ”

ေမာင္ဘိုးထင္၏ စကားဆုံးသည္ ႏွင့္ ဝင္ပူးခံေနရာေသာ ေကာင္ေလးသည္ ေနာက္သို႔ လန္က်သြားၿပီး မ်က္လုံးမ်ားျပဴးၿပီး ၿငိမ္သြားေလေတာ့သည္ ၊ ခဏၾကာေသာအခါမွ သတိျပန္ရလာကာ

“အေမ က်ဳပ္ဘာ ဘာျဖစ္တာလဲ ဘိုးထင္က ဘယ္လိုလုပ္ ေရာက္ေနတာ လဲ ”

“စိုးေဝ နင္ဘာမွ မျဖစ္‌ေတာ့ဘူးေနာ္ ဆရာေလး ဘိုးထင္လို႔ေခၚ နင့္ကို သူက ကု‌ေပးလိုက္တာ ”

“ဗ်ာ ဆရာေလး ဘိုးထင္ ဟုတ္လား ”

ေမာင္ဘိုးထင္သည္ အိမ္ရွင္မ်ား အား ကုသခ ေငြငါးဆယ္‌ေတာင္းလိုက္ရာ ၾကည္ျဖဴစြာႏွင့္ ေပးၿပီး‌ေနာက္ ေမာင္ဘိုးထင္သည္ အိမ္ရွင္မ်ားခ်ေပးထားေသာ ေရေႏြးၾကမ္းခြက္ကို ဟန္ပါပါကိုင္ၿပီး

“ကဲကဲ က်ဳပ္တပည္ေလးေတြ လည္း ဗိုက္ဆာ ေနေလာက္ၿပီ။ ညစာေလးေကြၽး ဖို႔
အစီစဥ္ရွိရင္ ေကြၽးလိုက္ၾကပါဦး”

ေမာင္ဘိုးထင္သည္ ေရေႏြးၾကမ္းကို ေသာက္ရင္း ထိုသို႔ေျပာလိုက္သည့္အခါ ဖိုးေထြး ႏွင့္ သာရ မ်က္လုံးျပဳး၍ ေမာင္ဘိူထင္အား ၾကည့္ေန‌ေလရာ ေမာင္ဘိုးထင္သည္ မျမင္ဟန္ မ်က္ႏွာ လႊဲေနပါေတာ့သည္။

▪️အခန္း-၁၂

စိုးေဝ ကို အပ ထုတ္ေပးၿပီး ေနာက္ စိုးေဝ၏ မိဘမ်ားသည္ ေမာင္ဘိုးထင္တို႔အား ညစာကို ေကာင္းမြန္ စြာ ေကြၽးေမြေနသည္ ေမာင္ဘိုးထင္မွာ အားရပါးရ ထမင္းစားေနရာ ဖိုးေထြးသည္

“ဆရာေလး ဘိုးထင္ က ညစာ အသားဟင္းေတြ မစားဘူး ၾကက္ကာလားဆို ပိုလို႔‌ေတာင္မစားဘူးဗ်”

ဖိုးေထြးသည္ ထိုသို႔ေျပာကာ ၾကက္ကာလားသားခ်က္အား ဘိုးထင္ ႏွင့္ ေဝးရာကို ဆြဲလိုက္သည္ ၊ သာရသည္ လည္း ဖိုးေထြးနည္းတူ

“ဟုတ္တယ္ ဗ် ဆရာေလး ဘိုးထင္က ဝက္သားေတြလည္း မစားဘူး နည္းနည္းပဲ စားတာ ”

ေမာင္ဘိုးထင္ ထည့္စားၿပီးေသာ လည္း သာရသည္ ေမာင္ဘိုးထင္‌မလွမ္းမကမ္းမွ ဝက္သားဟင္း ပန္းကန္အား သူ႔ေရွ႕ခ်လိုက္၏ ၊ေမာင္ဘိုးထင္သည္ ထမင္းစားေနရင္း ဖိုးေထြး ႏွင့္ သာရကို မ်က္လုံး ပင့္ၾကည့္သည္ ၊ သို႔ေပမဲ့ ဖိုးေထြး ႏွင့္ သာရသည္က မျမင္ေယာင္ေဆာင္က ထမင္းစားေနသည္ ထို႔‌ေနာက္ ေမာင္ဘိုးထင္သည္

“တပည္ေလးေတြ မသိဘူးထင္တယ္ အဲ့ အသားေရွာင္တာ ေတြဘာေတြက မေန႔က ေနာက္ဆုံးေန႔ တပည္ေလးေတြကို မေျပာလိုက္ရဘူး ”

ေမာင္ဘိုးထင္သည္ ထိုသို႔သာ ေျပာၿပီး ဟင္းခြက္မ်ားကို ျပန္ဆြဲယူလိုက္ပါေလေတာ့သည္ ။

▪️အခန္း-၁၃

‌ေမာင္ဘိုးထင္တို႔သည္ ‌အပ ထုတ္ေပးရာ အိမ္မွ ထြက္လာၿပီး ေမာင္ဘိုးထင္၏ ဖခင္အိမ္သို႔လွမ္းလာခဲ့သည္ ၊ ေမာင္ဘိုးထင္၏ ဖခင္အိမ္ေရာက္ေသာအခါ ေမာင္ဘိုးထင္၏ ဖခင္ ဦးေကာင္းသည္ ကြပ္ပ်စ္တြင္ ထိုင္ၿပီး အရက္ေသာက္ေနသည္ ၊ ေမာင္ဘိုးထင္သည္ အိမ္ဝိုင္းထဲဝင္သြားၿပီး မီးခြက္မထြန္း အေမွာင္ထဲ တြင္ အရက္ေသာက္ေနေသာ ဦးေကာင္းအား

“အေဖ က်ဳပ္ ဘိုးထင္ ပါ ”

“ေအး ဘိုးထင္ အလည္လာတာလား ”

ေမာင္ဘိုးထင္ ေခတၱေၾကာင္ေငးသြား၏ အၿမဲ ၿဂိဳလ္ေကာင္ေလး ဟုေခၚ ေသာ အေဖသည္က ယခု ‌ဘိုးထင္လို႔ ေခၚေနၿပီ မဟုတ္ပါလား သူေၾကာင္ေငးေနစဥ္ ဦးေကာင္းသည္ ဆက္ၿပီး စကားဆိုလာသည္

“ဘိုးထင္ ထမင္းေကာ စားၿပီးလား ေန႔လည္က ငါခ်က္ထားတာ ရွိေသးတယ္ သြားစား ဒီမွာ အိပ္မွာ မဟုတ္ လား ေနာက္က ဧည့္သည္ေတြလား ”

မီးေရာင္ မရွိ လေရာင္ ေမွးေမွးေလးေအာက္တြင္ ဘိုးထင္ေနာက္မွ ဖိုးေထြး ႏွင့္ သာရအား ၾက ည့္ၿပီး ဦးေကာင္းေျပာလိုက္ရာ ေမာင္ဘိုးထင္သည္ ေခါင္းကိုညိတ္လိုက္ၿပီး

“ဟုတ္တယ္ အေဖ က်ဳပ္ ေနတဲ့ ႐ြာကပါ က်ဳပ္ေနာက္ကို အေဖာ္ လိုက္လာတာ ”

“သူတို႔ အတြက္ ေကာ ဆို ထမင္းခ်က္ရလိမ့္မယ္ ငါ လွဝင္းတို႔ အိမ္က ဟင္းနည္းနည္းသြားယူလိုက္ဦးမယ္ ဒီေန႔ ဒီေကာင္ေတြ ဝက္ေဖာ္ထားတယ္ ”

ဖခင္ျဖစ္သူ၏ ေျပာင္းလဲေသာ ဆက္ဆံမႈ႕ေၾကာင့္ ေမာင္ဘိုးထင္ အံဩဝမ္းသာ လြန္း၍ ဘာျပန္ေျပာရမည္နည္းဟု ေတြးေတာေနစဥ္ ဖိုးေထြးမွ ဦးေကာင္းအား စကားေျပာလိုက္ေတာ့သည္

“ဦးေလး က်ဳပ္တို႔က ညစာ စားၿပီးၿပီဗ် ”

“ေဟ့ ဟုတ္လား စိုးႀကီး အရက္ဆိုင္ကလား ”

“မဟုတ္ဘူးဗ် ဘိုးထင္ အပထုတ္ေပးတဲ့ အိမ္ က ေကြၽးတာ ”

“ဟ ဘိုးထင္က အဲ့ပညာေတြ တက္ေနၿပီလား”

“ဟုတ္တယ္ ဗ် ”

“ေအး‌ေေအး ေကာင္းတယ္ ဘိုးထင္ေရ ငါ မီးခြက္သြားထြန္းလိုက္ဦးမယ္ ကြ ”

ဦးေကာင္း ကြပ္ပ်စ္မွ ထရန္ျပင္လိုက္စဥ္ ေမာင္ဘိုးထင္ သည္

“ရတယ္ အေဖ က်ဳပ္သြားထြန္း လိုက္မယ္ မီးျခစ္နဲ႔ မီးခြက္ အရင္ေနရမွာပဲ မဟုတ္လား ”

“ေအးကြ ”

“က်ဳပ္သြားလိုက္ပါ့မယ္ ”

ေမာင္ဘိုးထင္သည္ အိမ္ေပၚသို႔တက္သြားလိုက္သည္ မၾကာမီ ေမာင္ဖိုးထင္၏ အိမ္ေလးသည္ မီးေရာင္‌ေလးမ‌်ားထြန္းလင္း လာေလေတာ့သည္ ။

ထိုစဥ္ ေမာင္ဘိုးထိုတို႔ အိမ္‌ဝိုင္းထဲ သို႔ လူ‌တေယာက္ ဝင္လာသည္ ဝင္လာသည္ႏွင့္ ထိုသူ၏ပါးစပ္မွလည္း

“ဘိုးထင္ ဆိုတဲ့ ေကာင္ ႐ြာလာတာေတာင္ ငါ့ကို မေျပာဘူး တကယ့္ေကာင္ ”

ထိုသူမွာ ေမာင္ဘိုးထင္ကို ငယ္ငယ္ကတည္းက သံေယာဇဥ္ရွိေသာ အရက္ဆိုင္ပိုင္ရွင္ ကိုစိုးႀကီးျဖစ္သည္ ၊ ကိုစိုးႀကီးသည္ မီးခြက္ထြန္းၿပီး ျပန္ဆင္းလာေသာ ေမာင္ဘိုးထင္၏ပုခုံးကို ပုတ္လိုက္ၿပီး

“မင္းဆိုတဲ့ ေကာင္ တကယ္ကို ေနႏိုင္တဲ့ေကာင္ပဲ ႐ြာကို ေရာက္ေရာက္ခ်င္း ငါ့ဆီ ဝင္လာပါဟ ”

“မနက္မွ ဝင္ မလို ပဲ ဦးစိုးႀကီးေရ ”

“ထမင္းစားၿပီး လား ငါ့အိမ္လိုက္ခဲ့ ၾကက္ကာလာသားခ်က္ခိုင္းထားတယ္ ”

“စားၿပီး ၿပီ ဗ် ”

“အဲ့တာ ဆိုလည္း ဟင္းသယ္ခဲ့မယ္ ကြာ ”

“အဲ့လို႔ဆိုလည္းေကာင္းတာပဲ စားရင္းေသာက္ရင္း စကားေျပာရတာေပါ့ ”

“မင္း ဧည့္သည္ ေတြ ဒါ လုပ္တက္လား”

ကိုစိုးႀကီးသည္ လက္မအား ပါးစပ္ထည့္ ေမာ့ျပရင္းေျပာလိုက္ရာ

“မလုပ္တက္ဘူး ဒါေပမဲ့ အေဖ့ တြက္ေတာ့ ယူခဲ့ပါဦး ”

“မင္းအေဖကို လည္း ေသခ်ာၾကည့္ဦး စြတ္ၿပီး တိုက္မေနနဲ႔ ငါသြားယူလိုက္ဦးမယ္ ”

ဦးစိုးႀကီးေျပာမွ ေမာင္ဘိုးထင္ လေရာင္ေအာက္မွ သူ၏ အေဖအားေသခ်ာၾကည့္မိလိုက္သည္ ၊ မ်က္ႏွာအပါ အဝင္ အသားအရည္မ်ားက ေဖာင္းပြေနၿပီျဖစ္သည္ ႏွစ္ရွည္ အရက္ၾကည့္ေသာက္ေနေသာ ဖခင္သည္က ပြေယာင္းေသာ အသားအရည္ကို ပိုင္ဆိုင္ေနၿပီျဖစ္သည္မဟုတ္ပါလား ၊ ဦးေကာင္းသည္က ဖိုးေထြး သာရ တို႔ ႏွင့္ ရယ္ကာေမာက စကားေကာင္းေနၿပီျဖစ္သည္

မၾကာေသာအခ်ိန္တြင္ ကိုစိုးႀကီးေရာက္လာၿပီး ၾကက္ကာလားသားခ်က္ကို အိုးလိုက္မလာကာ အရက္တပုလင္းပါ ခါးထိုးလာ၏ ထိုအရက္ပုလင္းကို ေမာင္ဘိုးထင္အား ေပးလိုက္ေသာအခါ ဦးေကာင္းသည္

“ဘိုးထင္ မင္းအရက္ေသာက္တက္ေနတာလား မေသာက္ပါနဲ႔ကြာ ”

“မေသာက္ပါဘူးဗ် အေဖ့ အတြက္ မွာလိုက္တာ ”

“ငါလည္း အရက္မ်ားေနၿပီ အရက္ရဲ႕ေက်းကြၽန္ျဖစ္ၿပီး မင္းကို ငါအျပစ္ဖို႔မိတယ္ ငါေတာင္းပန္ပါတယ္ကြာ ဦးအုန္း ေျပာတာ မုန္တယ္ကြ တကယ္ေတာ့ မင္းနဲ႔ ဘာမွ မဆိုင္ပါဘူးကြာ ”

“ထားလိုက္ပါ အေဖ ရာ အခုေတာ့ ေပ်ာ္ေပ်ာ္ပါးပါ စားၾကေသာက္ၾကတာေပါ့ ”

“အရက္‌ေတာ့ မေသာက္ၾကရဘူးေနာ္ ”

“ေအးပါဗ်”

သူတို႔ အားလုံး ရယ္ကာ ေမာကာ ႏွင့္ စားေသာက္ဝိုင္းေလးက စိုေျပစြာႏွင့္ ရွိေနၿပီ ေနာက္ ဦးစိုးႀကီးျပန္သြားခ်ိန္ ေမာင္ဘိုးထင္ တို႔ အိပ္ဖို႔ ျပင္စင္လိုက္ၾကၿပီး အိပ္စက္လိုက္ၾက‌ေတာ့သည္ ၊ သူတို႔ အိပ္ေမာက်ေနေသာအခ်ိန္တြင္ အိမ္ကြပ္ပ်စ္ေပၚတြင္ အမ်ိဳးသမီး တဉီးထိုင္ေနၿပီး တခ်က္တခ်က္ ငိုရႈိက္သံက ထြက္ေပၚလာသည္ကို သူတို႔ အိပ္ေပ်ာ္ေနေသာေၾကာင့္ သူတို႔ၾကာႏိုင္မည္ မထင္မိေပ။

▪️အခန္း-၁၄

ေမာင္ဘိုးထင္တို႔ သစ္စိမ့္႐ြာမွ မနက္အေစာ ထြက္ခဲ့ရာ ေပပင္႐ြာသို႔ ညေနခ်ိန္ေရာက္လာသည္ ၊ ႐ြာထိပ္ေရာက္သည္ ႏွင့္ ‌သာရသည္ ေမာင္ဘိုးထင္အား စကားဆိုလာသည္

“ဘိုးထင္ မင္းေနာက္ကို ငါတို႔ လိုက္ေပးတယ္ေနာ္ မင္းလည္း ငါတို႔ အကူညီးေတာင္ ရင္ လုပ္ေပးရမယ္ ”

“စိတ္ခ်ပါ ဗ်ာ ကိုသာရတို႔အတြက္ဆို က်ဳပ္က ေစတနာအျပည့္နဲ႔ ကူညီမွာပါ ကိုသာရတို႔လိုမဟုတ္ဘူး ”

“ငါတို႔က မင္းကို ‌ေစတနာ မပါဘူးလို႔ေျပာတာလား”

“ဝက္သားခြက္ႀကီး ဆြဲသြားတာ ေစတနာ ပါတာလား ”

“မင္းကေကာ တို႔ကိုမ်ား တပည္ေလးဘားေလးနဲ႔ ”

“အဘက ဟိတ္နဲ႔ ဟန္နဲ႔ေနဆိုလို႔ပါ ဗ်ာ ”

“ထား လိုက္ေတာ့ ေနာက္ ႏွစ္ရက္ ေလာက္‌ေနရင္ မင္းငါတို႔ ေနာက္လိုက္ခဲ့ရမယ္ ”

“ဘယ္ကို တုန္း ဗ် ”

“မဂၤလာ ကိစၥလို႔သာ မွတ္ကြာ တို႔သြားၿပီ ”

ဖိုးေထြးႏွင့္ သာရသည္ ေမာင္ဘိုးထင္ကို ႏုတ္ဆက္ကာ သူတို႔ ၏အိမ္မ်ားသို႔ ထြက္သြားၾကေတာ့သည္ ။
ေမာင္ဘိုးထင္သည္ လည္း ဦးအုန္း၏ အိမ္သို႔ေရာက္သည္ႏွင့္ ဦးအုန္းအား ေငြငါးဆယ္လံုးအကုန္အပ္လိုက္သည္ ၊ ဦးအုန္းသည္ ေမာင္ဘိုးထင္အား ေငြအစိတ္ ျပန္ေပးေသာအခါ ေမာင္ဘိုးထင္သည္

“အဘ က်ဳပ္မယူခ်င္ဘူး အဘ ”

“ယူပါကြ မင္းကလည္း မင္းကုထားတာကို”

“က်ဳပ္အခု ေငြအစိတ္ကို မယူခ်င္ဘူ က်ဳပ္လိုခ်င္တာ ရွိရင္ အဘကို ေျပာမယ္ အဘဝယ္ေပးပါ ”

“ေအးပါကြာ အဲ့တာ ဆိုလည္း ေကာင္းၿပီး မင္း လိုအပ္တာ ရွိရင္သာေျပာကြာ ”

“ေျပာမွာပါအဘ ”

ေမာင္ဘိုးထင္၏ စိတ္ထဲတြင္ ေျခာက္လုံးပက္ဗုံကို ေတြးေနသည္ဆိုတာ ဦးအုန္းမသိႏိုင္ေပ၊ ဦးအုန္းသည္ ေမာင္ဘိုးထင္ႏွင့္ အတူပါလားေသာ သရဲမအား ၿခံဝတြင္ ေတြ႕ရ၍

“မင္း တေကာင္ဖမ္းခဲ့တာလား ”

“ဟုတ္တယ္ အဘ ဘယ္နားေလး ေနရာေပးရမွာလဲ အဘ ”

“မင္း‌ေရသြားခ်ိဳးၿပီး နားလိုက္ေတာ့ ငါ ၾကည့္လုပ္လိုက္မယ္ ”

“ဟုတ္အဘ ”

ေမာင္ဘိုးထင္သည္ လြယ္အိတ္ကို အိမ္ေအာက္တြင္ ခ်ိတ္ကာ အိမ္ေပၚသို႔ တက္သြားေတာ့သည္၊ ဦး အုန္းသည္ ၿခံဝသို႔ ‌သြားလိုက္ေသာအခါ ၿခံဝတြင္ ရပ္ေနေသာ ေညာင္ပင္ႀကီးမွ သရဲမအားေတြ႕ရာ

“နင္ က ေညာင္ပင္က တေစၦမဟုတ္လား ”

“ဟုတ္တယ္ ”

“နင့္ကို ဘိုးထင္ ဖမ္းလာတာ လား”

“မဟုတ္ဘူး ငါလိုက္လာတာ ”

“နင္ နဲ႔ သူက ဘာဆိုင္လို႔လဲ ”

“အဲ့တာ ငါ့သား’

“ဟင္ ”

ဦးအုန္းသည္ တေစၦမအား ေသျခာၾကည့္ကာ

“နင္ျပန္ေတာ့ နင့္နဲ႔ ဘိုးထင္ က ဘာမွမဆိုင္ဘူ နင္နဲ႔ သူနဲ႔ က ဘဝျခားေနၿပီ ”

“မျပန္ဘူး ”

“ငါ့စကားကို နားမေထာင္ဘူးေပါ့ ”

ဦး အုန္းသည္ ၿခံဝရွိ ဩဇာပင္မွ အ႐ြက္ကို ခူးကာ ေျမေအာက္ခ်လိုက္ၿပီး ဖေနာင့္ႏွင့္ေပါက္ကာ ‌ျပန္ေကာက္၍ ‌တေစၦမအား ပစ္ေပါက္လိုက္ရာ တေစၦမအနားသို႔ အရိပ္မဲမ်ား မ်ားစြာ ဦးအုန္း၏ အိမ္ဝိုင္းထဲမွ ထြက္လာၿပီး တေစၦမအား ရစ္ပက္ကာ ႐ြာအျပင္သို႔ သယ္ေဆာင္သြားပါေလေတာ့သည္ ၊ ထို႔‌‌ေနာက္ ဦးအုန္းလည္း သက္ျပင္းတခ်က္ကို ေလးပင္စြာခ်လိုက္ၿပီး အိမ္ေအာက္ရွိ တန္းလ်ားတြင္ တိုင္ေနပါေတာ့သည္ ။မ်ားမၾကာမီ ေရမိုးခ်ိဳးၿပီးေသာ ေမာင္ဘိုးထင္သည္ တန္းလ်ားတြင္လာထိုင္ၿပီး

“အဘ က်ဳပ္ေခၚလာတဲ့ ေကာင္‌မေကာ ”

“လူေလး အဲ့လို မေခၚနဲ႔ ေလ ”

“အဘ ပဲ အဲ့လိုေျပာရမယ္ဆို ”

ဦးအုန္း ေခတၱၿငိမ္သြားၿပီးေနာက္

“ေကာင္ေလး မင္းေခၚလာတဲ့ သူကို ငါလႊတ္လိုက္ၿပီ ”

“ဘာလို႔လဲ အဘရယ္ စာခ်ဳပ္ေတာင္ ခ်ဳပ္ၿပီးၿပီကို ”

“ဘာမွ မျဖစ္ပါဘူး ငါလြတ္လိုက္တာ ”

“အဲ့ သရဲမက က်ဳပ္အေမ နာမည္ နဲ႔ လာတူေနတယ္ အဘေရ နာမည္သာ တူတာပါ ဗ်ာ က်ဳပ္အေမရဲ႕ ႐ုပ္နဲ႔ေတာ့ တျခားဆီေနမွာ သူကေၾကာက္စရာ႐ုပ္ႀကီးေလ က်ဳပ္အေမက မင္းသမီးေလးလို႔ လွတဲ့ ႐ုပ္ လားလားမွမဆိုင္ပါဘူးအဘရာ ”

‌စာပြဲခုံေပၚရွိ ေရေႏြးၾကမ္းအိုးထဲမွ ေရေႏြးၾကမ္းအား ေရေႏြးပန္းကန္လုံးထဲသို႔ ငွဲ႔ေပးရင္ ေျပာေနေသာ ေမာင္ဘိုးထင္အား ဦးအုန္းတေယာက္ ဂ႐ုဏာသက္စြာၾကည့္ရင္း တေစၦမႀကီးဟာ သူ၏အေမျဖစ္သည္ဆိုေသာ ကိစၥအား ဖုံးကြယ္ထားလိုက္ပါေလေတာ့သည္။

▪️ေအာက္လမ္းဘိုးထင္ ႏွင့္ အေမတေစၦသည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ မဂၤလာေဆာင္ အမည္ရ ဝတၳဳေလးအားတင္ဆက္ေပးပါမည္

📝ေမာင္တင္ဆန္း