“အောက်လမ်းဘိုးထင် နှင့် သူရဲကောင်း “(စ/ဆုံး)

Unicode Version

“အောက်လမ်းဘိုးထင် နှင့် သူရဲကောင်း “(စ/ဆုံး)
————————————————————

(၁၀)

▪️အခန်း-၁
မောင်ဘိုးထင်တို့ နွားကျောင်းရင်း နွားစားကျက်အနားရှိ သရက်ပင်‌ပေါ် တက်နေကြပြီး အိမ်မှ ယူလာသော ငရုတ်သီးနှင့် ငါးပိ‌ ဖျော်လေးများနှင့် သရက်သီးစားးနေကြသည် ၊ ဖိုးထွေး နှင့်သာရ သည်က သရက်ပင် အရင်းတွင် ထိုင်ပြီး တိုးတိုး နှင့် စကားပြောနေလေရာ မောင်ဘိုးထင်သည် သာ‌ေအးတို့ဘက်သို့ လှည့်ပြီး

“ဟေ့ကောင်တွေ ကိုဖိုးထွေးနဲ့ ကိုသာရ တိုးတိုးနဲ့ ဘာတွေပြောနေတာလဲ ”

“ဘာပြောရမှာလဲကွာ ကောင်မလေးအကြောင်း‌ေနမှာပေါ့ ကြည့်ပါလား မျက်နှာ ကြီးတွေက ဖြီးလို့ ”

ပေးတူးပြောစကားကြောင့် မောင်ဘိုးထင် သရက်ပင်အောက်မှ ဖိုးထွေး နှင့် သာရကို သေချာကြည့်လိုက်မိသည် ၊ ပေတူးပြောတာ ဟုတ်ပေသည် သူတို့၏ မျက်နှာ များမှာ ပြုံးပျော်ပြီးနေလေရာ မောင်ဘိုးထင်ခေါင်းကို ညိတ်လိုက်ပြီး

“ဟုတ်တယ် ဒီလူတွေ အခု‌တလော ရွာမှာ ရှိတဲ့ အပျို‌တွေက သူတို့ကိုပဲ ကြိုက်‌တယ်ထင်နေတာ ဟ ”

“ဘာဖြစ်လို့လဲ ဘိုးထင်ရ ပြောစမ်းပါဦး”

“‌မင်းတို့ ကြားချင်တယ် ဆိုတော့လဲ ပြောရတာပေါ့ကွာ ”

မောင်ဘိုးထင်သည် သရက်သီးတလုံးကို ခူးပြီး အညှာ‌ေနရာမှ သရက်ပင် အကိုင်းနဲ့ ထုကာ သရက်သီးကို ဖဲ့လိုက်ပြီး ပဲ့လာသော သရက်သီးကိုငရုတ်သီးငါပိ ဖျော်ရည် နှင့် တို့နေကာ ကျန်သော သူများကို မျက်လုံး ဖြစ်ဝေ့ကြည့်လိုက်သည် ၊ ‌သူပြောမည့်စကားကို နားထောင်လို၍သာ အောင့်အီးသည်းခံ နေပုံရသော သာအေးတို့သည် ၊ သူတို့၏ စိတ်မရှည်မှု့ကို ထိန်းထားသည် ဆိုတာ သူတို့၏ မျက်ဝန်းတွင်ပေါ်နေသည်မဟုတ်ပါလား ၊ သည်းခံမှု့အတိုင်းအတာ ကုန်သွားဟန်ရှိသော ပေတူးသည် မောင်ဘိုးထင်ကို စေ့စေ့ကြည့်ကာ

“ဘိုးထင် မင်းက ပြောမှာလား မပြောဘူးလား ငါစိတ်ကို မနည်းထိန်းနေရတာနော် အရင်စိတ်နဲ့ဆို မင်းနာ ပြီ ”

ပေးတူး စကားကြောင့် မောင်ဘိုးထင် မျက်လုံးပြူးသွားရသည် ပေးတူးပြောတာ ဟုတ်ပေသည် ၊ ပေတူးသည် စကားအပိုမပြော ရွာလူကြီးကို ပင် လေးဂွ ဖြစ် ပစ်ဖူးသည့် ရာဇဝင် ရှိရာ နည်းနည်းတော့ ဖြုံရသည်၊

“ပြောမှာ ပါ ပေတူးရ မင်းတို့က နားပဲထောင်ရတာ သရက်သီးစားပြီးနားထောင်လို့လည်း ဘာမှ မဖြစ်ဘူး ငါကတော့ ပြောရ‌မဲ့ကောင် မင်းတို့ တွေ စားနေချိန် ငါက စကားတွေကို ပြောလို့ ပြီးတော့ မင်းတို့ မျက်နှာတွေကို ကြည့်တဲ့အချိန် မင်းတို့က သရက်သီး”

“ခွီးတဲ့ မှပဲ ထိပ်ကို လေးဂွနဲ့ ထုချင်စိတ် ပေါက်လာပြီး ပြောမှ ဖြစ်ပြော လျှာက တအားရှည်တဲ့ကောင် ”

ဒုတိယံပိ ပေတူး၏ စိတ်မရှည်စွာပြောသည့်စကားကြောင့် မောင်ဘိုးထင် ပြောလက်စ စကားကို ရပ်လိုက်ပြီး သရက်အပင်အောက်မှ ဖိုးထွေး အကြောင်းကို အပင်‌ေပါ်ရှိ မောင်ဘိုးထင်ပြောပြလိုက်ပါလေတော့သည်။

▪️အခန်း-၂

မောင်ဘိုးထင် နှင့် ဖိုးထွေး ရွာလယ် လမ်းအတိုင်း လမ်းလျှောက်နေသည် ၊ အကြောင်းသည်က အခု နှစ်သီတင်းကျွတ်တွင် သူတို့အဖွဲ့ ရွာထဲ မှာ ရှိသော လူကြီးသူမတွေကို ကန်တော့မည်ဖြစ်ရာ ရွာထဲလိုက်ပြီး စနည်းနာနေချင်းဖြစ်သည် ၊စနည်းနာရချင်းအကြောင်းမှာ ဘယ်အိမ်ဘာမုန့်လုပ်သည် ဘယ်အိမ်က မုန့်ဖိုးပေးနိုင်ချေများသည် တခြားအဖွဲ့တွေ မဝင်ခင် သူတို့ ထိုအိမ်များကို အရင်ဝင်မည် ဟုသော အကြံအစည်ဖြစ်ရွာထဲ လှည့်နေကြချင်းဖြစ်သည် ။ ဖိုးထွေး နှင့် မောင်ဘိုးထင် ရွာလမ်းအတိုင်း လျှောက်သွားနေရင်း ရေအိုးကို ခေါင်းပေါ်ရွက်လာသော မိန်းမပျိုလေးတသိုက် နှင့် ဆုံရာ ရှေ့ဆုံးမှ ‌မိန်းကလေးမှာသူတို့အား ပြုံးရယ်လျက်

“ဖိုးထွေး နဲ့ ဘိုးထင် ဘယ်ကပြန်လာတာလဲ ”

“ဒီးတိုင်းပါပဲ ဟိုသွားဒီသွား”

“အေးအေး သီတင်းကျွတ် ငါတို့အိမ်မှာ မုန့်ဖက်ထုပ် လုပ်မှာ လာစားနော် ”

“အေးပါဟ လှရင်ရ လာမှပေါ့”

ရှေ့ဆုံးမှ လှရင်ဟု အမည်ရသော မိန်းမးကလေးမှ ထိုသို့ပြောလိုက်ရာ လှရင်၏ နောက်မှ သန်းမြဆိုသော မိန်းမပျိုလေးမှလည်း

“ဖိုးထေ‌ွး ငါတို့ အိမ်မှာလည်း ရွှေကြည်မုန့် လုပ်မှာ လာစား”

‌”အေးပါဟ ”

ဖိုးထွေးသည် ပြုံးပြုံး နှင့် သဘောကျနေလေ၏ ၊ မိန်းခလေးများသည် ဘိုးထင်နှင့် ဖိုးထွေးအား နုတ်ဆက်ပြီး ထွက်သွားချိန်တိုင်အောင် ဖိုးထွေးသည် မိန်းကလေးများ၏ နောက်ကျော ကိုကြည့်ကာ

“တောက် ”

မိန်းကလေးများ၏ နောက်ကျောကို ကြည့်ရင် း ဖိုးထွေးမှ တောက်တချက်ကို ပြင်းစွာ ခေါက်နေလေရာ ဘိုးထင်သည် ဖိုးထွေး၏ မိန်းကလေးများအား ငေးမောနေသော မျက်နှာကို တလှည့် ရေအိုးရွက်သွားသော မိန်းက‌ေလးများကို တလှည့် ကြည့်ကာ

“ကိုဖိုးထွေ သတိထားဦး ခင်ဗျာဟာက လွန်လွန်းတယ် မမိကျော့ ကို ကျုပ်သွားတိုင်လိုက်ရမလား ”

“ဟကောင် ငါ တောက်ခေါက်ပြီး ကြည့်နေတာ မကောင်းတဲ့ စိတ်ကြောင့် မဟုတ်ပါဘူးကွာ ”

“ပေါက်ကရ ကျုပ်ကို ကိုဖိုးထွေး အကြောင်း မသိတဲ့ လူမှတ်လို့ ”

“တကယ်ပါကွာ ငါတောက်ခေါက်ရတဲ့ အကြောင်းက ငါတို့ရွာက အပျိုလေးတွေ ရေအိုးကြီးတွေ ရွက်ပြီး ပင်ပင်ပန်းပန်း ရေခပ်နေရတာ မကြည့် ရက်လို့ပါကွာ ”

မောင်ဘိူးထင် မည်သည့် စကားမှ‌မပြော မိန်းက‌ေလးများ လမ်းချိုးထဲ ဝင်သွားသည့် အထိ နောက်က ငေးနေသော ဖိုးထွေးကို မျက်မှောင် ကြုက်ကြည့်နေစဉ် ၊ ဖိုးထွေးမှ စကားဆိုလာသည်

“ဘိုးထင်ရေ မင်းငါ့လို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တယောက် ဖြစ်ရတာ ဘယ်လောက် အနေကျပ်တယ်ဆိုတာ မင်းသိနိုင်မယ်မထင်ဘူး”

“ဘာပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လဲ ”

“အိုး…သနားစရာ ဘိုးထင် ငါနဲ့ အနီးကပ်နေပြီး ငါ့အကြောင်းကို မသိဘူးကို အင်းပေါ့ ရတနာထုပ်ကို တန်းဖိုးမသိတဲ့ လူက ဘယ်တန်းဖိုးထားတက်မလဲ ကွ”

အမြင်ကပ်စရာ လေသံ အမြင်ကပ်စရာ ဟန်ပန်ကြောင့် မောင်ဘိုးထင် စိတ်အတော်ထိန်းထားလိုက်ရသည် ၊

“ပြောပါဦး ကိုဖိုးထွေးက ဘယ်လို လုပ်ပြီး နှင်းဆီခိုင် ဖြစ်သွားရတာလဲ ”

“ဟာ မင်းခုထိ မသိသေးဘူးကို ငါပြောပြမယ် ‌အစောက ရေခပ်တဲ့ ငါနဲ့ အရွယ်တူနဲ့ ငါထက်ကြီးတဲ့ လူတွေပါတယ် မဟုတ်လား ”

“ပါတယ်လေ ”

“အဲ့ထဲက မိန်းကလေး လေးယောက်က ငါ့ကို ကြိုက်နေတာကွ”

“ဟာ ဟုတ်ကော ဟုတ်ရဲ့လားဗျာ ”

“ဘိုးထင်ရာ ဖိုးထွေးပါကွ သေချာတယ် အဲ့ထဲက လေးယောက်က ငါ့ကို ကြိုက်နေတာ ရှေ့ဆုံးက မုန့်ဖတ်ထုပ် လာစားခိုင်းတဲ့ တယောက်က ငါ့ကို အပျိုစကားကို ပြောချင်နေပုံရတယ် ”

“အမ လှရင်ကို ပြောနေတာလား ”

“ဟုတ်တယ် လေ လှရင်ကော မသန်းမြကော ငါ့ကိုကြိုက်တာ အတော်ဆိုးနေပြီ ကျန်တဲ့ နှစ်ယောက်ကလည်း ငါ့ကို ကြည့်ကြည့် နေတာ မင်းမသိလို့ ”

“ဟာ ကိုဖိုးထွေးကလည်း ကျုပ်ကိုလည်း သူတို့ ကြည့်တာပဲ ခင်ဗျားပြောပုံ အရဆို ကျုပ်ကိုလည်း ကြိုက်နေတာပေါ့ ”

“မင်းကိုကြည့်တာမှန်ပေမဲ့ မတူဘူးကွ မင်းမသိပါဘူးကွာ လာလာ သွားကြရအောင် ”

မောင်ဘိုးထင်သည် ဖိုးထွေးကို မကျေနပ်ပေ အဘယ်ကြောင့်ဆိုသော သူတို့ နှင့် စကားပြောနေသော မိန်းကလေးငါးယောက် အနက် လေးယောက်က သူ့အား ကြိုက်နေသည် ဆိုတာ တော့ ဘယ်လို နည်း နဲ့ မှ မဖြစ်နိုင်ပေ အနောက်ဆုံးမှ မတင်ဝင်းသည် သာ သူအားမကြိုက်ဘူးဟုပြောသည် မတင်ဝင်းကသူအားကြိုက်‌ေနသည်ဟု မပြောချင်းမှာလည်း ကလေးအမေ ဖြစ်နေလို့သာ လွှတ်ပေးလိုက်ချင်း ဖြစ်သည် ၊ ဘာပဲ ဖြစ်ဖြစ် မောင်ဘိုးထင် စိတ်ထဲမှာ တအံု့နွေးနွေးနှင့် ဖိုးထွေးကိုကြည့်ကာ ကြည့်ကာ နှင့် သူတို့သွားရမည် နေရာသိူ့ သာ သွားနေကြပါလေတော့သည်။

▪️အခန်း-၃

မောင်ဘိုးထင်တယောက် လှရင်တို့ ရေခပ်သွားမည်လမ်းမှ စောင့်နေသည် ၊ မနေ့က ဖိုးထွေးပြောစကားများကို သူ မယုံပေ ထို့အတွက် ဖိုးထွေးအား လှရင်တို့ တကယ် ကြိုက်နေလားဆိုတာ မေးမည်ဖြစ်၏၊ မကြာလှသော အချိန်‌တွင် လှရင်တိုတသိုက် ရေအိုးလေးတွေခါးမှာပိုက်ပြီး ခေါင်းမီးသုတ် လုပ်မည်တဘက်လေးများကို ပုခုံးပေါ်တင် ပြီးစကားတပြောပြော နှင့် သူ့အနားရောက်လာ၏

“ဘိုးထင်လေး တယောက်တည်း ဘာလုပ်နေတာလဲ ”

“အမလှရင်တို့ကို စောင့်နေတာပေါ့ဗျာ ”

“ဘာဖြစ်လို့လဲ ဘိုးထင်ရဲ့”

“မေးစရာ ရှိလို့ ဗျ”

“အေး မေးလေ ‘

မောင်ဘိုးထင် သည် လှရင်မှမေးဟုပြောသော အခါ ဝမ်သာသွားပြီး

“အမလှရင်တို့ ကိုဖိုးထွေးကို ကြိုက်နေတာလား”

“ဘာလို့လဲ ဘိုးထင် နင်မေးတာခဲ အဆန်းပါလား ”

“ကိုဖိုးထွေးက အမတို့ လေးယောက်လုံးက သူ့ကိုကြိုက်နေတာတဲ့ အမလှရင်က သူကိုအပျိုစကားပြောတော့မယ်ဆိုပဲ ”

“ဟားးဟားးး ဟားး”

လှရင်တို့သည် လက်တဖက်ကရေအိုးကို ပိုက်ထားရင်း ကျန်လက်တဖက်နှင့် ဗိုက်ကို ဖိပြီး အားရပါးရရယ်မောနေလေရာ မောင်ဘိုးထင် ကြောင် အန်းအန်း ဖြစ်နေရင်း

“အမ တို့ ဘာလို့ရီနေကြတာလဲဗျ ”

မောင်ဘိုးထင်၏ အမေးကို ရယ်နေရင်း လှရင်မှ ပြန်ဖြေလေသည်

“နင့် ဖိုးထွေးကလည်း လောဘကြီးလိုက်တာ တယောက်တောင်မဟုတ်ဘူး လေးယောက်တောင် ဟိုက မတင်ဝင်းကိုကော သူကို့ကြိုက်နေတယ်လို့မပြောတာတော်သေး’

“အဲ့တာတော့ မပြောဘူးဗျ”

“နင့် ဖိုးထွေးက သူ့ကို ကြည့်ပြီး ပြုံးပြတဲ့ သူဆို သူကြိုက်တယ်ထင်နေတာ မဟုတ်လား ဒီလူပျိုပေါက်တွေက ဒီလိုပါပဲ ”

“အဲ့တာဆို မကြိုက်ဘူပေါ့ ”

“ဘိုးထင်ရယ် တို့ရွာမှာ ယောက်ျားဆိုလို့ ဖိုးထွေးတယောက်ထဲရှိရင်တော့ ကြိုက်ရင် ကြိုက်မှာပေါ့ဟယ် ခစ်ခစ် ”

“အဲ့တာဆို အမလှရင်နဲ့ ဟောဟိုက အမသန်းမြက သူကို့ ဘာလို့ မုန့်လာစားဖို့ခေါ်ရတာလဲ ”

“ဟဲ့ဘိုးထင် ဖိုးထွေးကို မကြိုက်ပေမဲ့ အလိုက်သင့် ဆက်ဆံရတယ် ဟဲ့ သူအမေက စပါးပေး ပေးနေတာ တော်ကြာ ဒီကောင်ပေါက်ကရ သူ့မိဘတွေကို မချွန်ဘူးလို့ပြောနိုင်လား ”

“ဪ ဒါကြောင့်ကို ”

မောင်ဘိုးထင် ခေါင်းတညိတ်ညိတ်နှင့် ပျိုးတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး အကြောင်းကို သိလိုက်ချိန် လှရင်တို့ အပျိုတသိုက် သည်လည်း ‌ေမာင်ဘိုးထင်ကို နုတ်ဆက်လို့ ရေခပ်ရန်ထွက်သွားကြပါလေတော့သည် ။

▪️အခန်း-၄

“ဟားးးဟားးးဟားးးသူ့ကိုသူ အထင်ကြီးနေတဲ့ ကိုဖိုး‌”

“ငနာကတော့ သေတော့မှာပဲ “,

မောင်ဘိုးထင်ပြောစကားကို နားထောင်ပြီး တဟားဟားရယ်ကာ အသံကျာ်ကြီူနှင့် စကားပြောနေသော အောင်သန်း၏ ပါစပ်ကို သာအေးမှလက်နှင့်ပိတ်လိုက်ပြီး

“မင်းက အကင်းကို မပါဘူး အဲ့တာကြောင့် တချို့နေရာတွေမင်းကို မခေါ်တာ ”

ဆရာကြီးလေသံဖြစ် ဩဝါဒချွေနေသော သားအေးအား အောင်သန်းမှ ဇက်ကလေးပုပြီး ငြိမ်သွားကာ ခေါင်းညိတ်ပြီး အသိအမှတ်ပြုနေပေသည် ၊ သာအေးပြောတာ မှန်ပေသည် မောင်ဘိုးထင်တို့ အဖွဲ့တွင် ဖိုးထွေး ၊ သာရ၊ သာအေး၊ပေတူ း တို့သာအတွဲများသည် ၊ ကျန်သောသူများနှင့် အတော်ကို ရင်နှီးပေမဲ့ သိပ်မတွဲပေ ၊ ယခု အောင်သန်းအား ‌သာအေး ဆူနေချင်းမှ အပင်အောက်တ‌ွင်ရှိနေသော ဖိုးထွေးအား ဟားတိုက်မိမလို့ဖြစ်သောကြောင့် ဖြစ်သည်၊ မောင်ဘိုးထင်တို့ သရက်ပင်ပေါ်မှာစကားပြောနေစဉ် သရက်ပင် အောက်မှ ဖိုးထွေး‌ရဲ့ စကားသံက ပေါ်လာသည်

“ဟေ့ကောင်တွေ တိုးတိုး နဲ့ ငါတို့ အတင်းပြောလို့ပြီးရင် ဆင်းခဲ့ကြ ပြောစရာရှိတယ် ”

မောင်ဘိုးထင်တို့ ဖိုးထွေးစကားကြားသောအခါ သရက်ပင်အောက်သို့ဆင်းလာကြပြီး ဖိုးထွေးတို့ နှင့် မျက်နှာ ချင်းဆိုင်မှာ ထိုင်လိုက်ကာ

“ကျုပ်တို့ရောက်ပြီ ကိုဖိုးထွေး ”

“အေး ငါနဲ့ သာရက မင်းတို့ ထက်အသက်ကြီးတယ်ဆိုတော့ အတွေ့အကြုံလည်း ပိုနေပြီ ပြီးတော့ မင်းတို့ ထက်အရင်ထမင်းစားတာဆို‌တော့”

“ကိုဖိုးထွေး အရစ်ရှည်မနေနဲ့ ပြောစရာရှိတာ‌ေပြာဗျာ နေကစောင်းနေပြီ တော်ကြာ နွားသွင်းချိန်‌ေရာက်တောင် လိုရင်းမရောက်ဖြစ်နေမယ် ”

“အေး မင်းတို့က ပညာရှိစကားဆို အဲ့လိုပဲ အလေးမထားဘူး နားထောင်ကြ ငါတို့ ရွာနီးချုပ်စပ်တွေကို ဓားပြတိုက်ခံရတယ်ဆိုတာ ကြားတယ် မဟုတ်လား “,

“ကြားတယ် အဘပြောတယ်ဗျ”

“အေး ငါတို့က တို့ရွာကို ကာကွယ်ရမယ် ”

“နေပါဦး အဲ့တာက ကိုဖိုးထွေး အဖေ လုပ်ရမှာ မဟုတ်လား ”

“,မင်းတို့ကလည်းကွာ တယောက် တလက် ကျောင်းသားလက် ဆိုတာ မကြားဖူးဘူးလား ”

“အင်း ကြားဖူးတယ် ”

“အေး တို့နွားကျောင်းသားတွေကလည်း တလက် ပါဝင်ရမယ်လေ အဲ့တာမှ တို့ရွာသားတွေ ဒုက္ခမရောက်မှာ မဟုတ်လား”,

မောင်ဘိုးထင်တို့ ငိုင်နေသည် ဖိုးထွေးပြောသည့် တယောက်တလက် ကျောင်းသားလက်ဆိုသည်မှာ နွား‌‌ေကျာင်းသားကို ဆိုလိုချင်းမဟုတ်ဘူးဆိုတာ သူတို့သိသည် သိူ့ပေမဲ့ သူတို့လည်း ဘယ်ကျောင်းသားကို ပြောမှန်းမသိ၍ သာ ငြိမ်နေလိုက်ပြီး ဖိုးထွေး နောက်ထပ်ပြောမဲ့ စကားကို သာ နားထောင်နေလိုက်သည် ၊ဖိုးထွေးသည် ဆက်ပြီးစကားဆိုလာသည်

“ငါတို့ ရွာကို ကာကွယ်ဖို့ သူရဲကောင်း အဖွဲ့ ဖွဲ့မယ် မင်းတို့ပါကြမလား “,

“သူရဲကောင်းဆိုတာ ဘာပြောတာလဲဗျ”

ပေတူးသည် သူရဲကောင်းဆိုသည် စကားရပ်ကို နားမလည်၍ ဖိုးထွေးအားမေးလိုက်ရာ ဖိုးထွေးသည် မောင်ဘိုးထင်တို့ အားလုံးကို အ ရန်ကော ဟု သဘောရသော အကြည့်နှင့်ကြည့်ကာ

“မှတ်ထားကြ သူရဲကောင်းဆိုတာ ဟိုဟာကွာ ဟိုလေ လူအများကြီးကို ကာကွယ်တာကွာ ”

“ကိုဖိုးထွေးက ဆရာကြီးလည်း လုပ်ချင်တယ် သေချာလည်း မပြောပြတက်ဘူး ”

ပေတူး၏ မကျေမနပ်စကားကြောင့် ဖိုးထွေးသည် မကြည်သလို ပေတူးကို ကြည့်လိုက်ပြီး

“ငါ သူရဲကောင်းရွေးမယ် ပါမဲ့ကောင်တွေကို တပတ်ကို ကြက်ကာလားသားချက် တခါကျွေးမယ် ”

“ပါမယ် ပါမယ် ”

မောင်ဘိုးထင်တို့အားလုံး သူရဲကောင်းအဖွဲ့ထဲ ပါမည်ပြောရာ ဖိုးထွေးသည် လက်ကို ကာပြလိုက်ပြီး

“နေဦး နေဦး ဒီတိုင်းပါလို့မရဘူး ရွေးရဦးမှာ ငါတို့ စမ်းသပ်တာကို အောင်တဲ့ ကောင်ကသာ သူရဲကောင်းအဖွဲ့ ထဲ ပါရမယ် ဘိုးထင်က ဟိုပညာတက်တယ် ဆိုတော့ သူရဲ ကောင်းရွေးချယ်ပွဲမှာ မအောင်လည်း မင်းက ငါတို့ကို ကူညီနိုင်မဲ့ နည်းကို ဦးအုန်းဆီက သင်ထားရမယ် ”

မောင်ဘိုးထင် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်၊ ထိုနောက်သာအေးသည်

“ကိုဖိုးထွေး သူရဲကောင်းဘယ်လို ရွေးမှာလဲ ”

“ငါ့ အဘ ငါ့ကိုပြောဘူးတာတော့ သူရဲကောင်းရွေးရင် လက်မထိပ်ကို သံရိုက်ပြီး မတွန့်တဲ့သူကို ရွေးတယ်လို့”

“ကျုပ်တို မပါတော့ဘူး ”

“ဟုတ်တယ် ကျုပ်လည်း မပါဘူး သူရဲကောင်းရွေးတဲ့ သံရိုက်တဲ့ ဒဏ်ရာနဲ့ အဖျားတက်မှာ သေချာတယ် ကျုပ်တို့မပါတော့ဘူး”

မောင်ဘိုးထင်တိူ့သည် ဖိုးထွေး၏ စကားမဆုံးခင် သူရဲကောင်း အရွေးခံပွဲ မစခင် နုတ်ထွက်နေကြရာ ဖိုးထွေးမှ ပြာပြာသလဲ နှင့်

“ဟာ ငါ့ကောင်တွေရ သံနဲ့တော့ မရိုက်ပါဘူးကွာ သဘောပြောတာပါ ”

“အဲ့တာဆို ဘယ်လိုရွေးမှာလဲ ”

“ရွေးချယ်မှူကို ကိုင်တွယ်မှာကတော့ ငါတို့ရဲ့ သူရဲကောင်းကြီး သာရ ပဲကွ”

သာရသည် ၊ဖိုးထွေး၏ စကားကြောင့် ပြုံးပြုံးကြီးလုပ်နေလေရာ အောင်သန်းမှ အသံလေးလေးကြီးဖြစ်

“ကိုသာရက ဘယ်လိုလုပ် သူရဲကောင်းဖြစ်တာလဲဗျာ ”

“ဟအောင်သန်းရ သာရကသူရဲကောင်းကွ ငါမိကျော့ကို ဘင်ဂျိုနဲ့ သီချင်းသွားဆိုတုန်းက မိကျော့အဘ လေးဂွနဲ့ လှမ်းထုတာ ဒီကောင့်ရင်ဘက်ကို မှန်တာ ဒီကောင် တွန့်တောင် မတွန့်ဘူး အဲ့တာကြောင့် ဒီကောင်သာရ က သူရဲကောင်းပေါ့ကွာ ”

မောင်ဘိုးထင်တို့ ခေါင်းတညိတ်ညိတ်နှင့် သာရကို အားကျသော အကြည့် သို့တည်မဟုတ် လူမိုက်ဟုသော အကြည့်နှစ်မျိုးနှင့် ကြည့်နေလေရာ သာရသည် ချောင်းတချက်ဟမ်းလိုက်ကာ

“အဟမ်း သူရဲကောင်းလောင်းလျာတို့ ”

“ကျုပ်တို့ကို ပြောတာလား”,

“အေးလေ”

“ဟုတ်ဟုတ် ဆက်ပြော “,

“အေးအေး”

မောင်ဘိုးထင်၏ အမေးကို သာရဖြေပြီး သူ၏ စကားကို ဆက်လေတော့သည်

“အဟမ်း အဟမ်း သူရဲကောင်းလောင်းလျာတို့ မနက်ဖြန်ငါတို့ သူရဲကောင်းအဖွဲ့ရဲ့ သူရဲကောင်းတွေကို ရွေးမယ် “,

“ဘယ်လို‌ေရွးမှာလဲ ”

“အရွေးခံမဲ့သူက ကျောပေးပြီး အတန်လှမ်းတဲ့နေရာမှာ ရပ်နေရမယ် ”

“ရပ်ပြီး ဘာလုပ်ရမှာလဲ ”

“ငါတို့က လေးဂွနဲ့ ပစ်မယ် မတွန့်တဲ့ကောင်က သူရဲကောင်းပဲ ”

“,ခင်ဗျားတို့က လက်ကန်းတွေ မတော်လို့ မျက်လုံး နဲ့ ခေါင်း မှန်ရင် ဘယ်လို လုပ်မလဲ “,

သာအေးမှ ထိုသို့ပြောသောအခါ ဖိုးထွေးသည်

“အဲ့အတွက် မပူနဲ့ ငါကြိုတွေးထားတယ် ခွဲတောင်းကို ခေါင်းးစွပ်ပေးထားမယ် ”

“ဟာ မလုပ်ချင်ပါဘူးဗျာ လောက်စာလုံး မှန်ရင် သက်သာမှာ မဟုတ်ဘူး ”

“မင်းတို့ အဲ့လိုပြောမယ်မှန်းသိလို့ ငါ့အဘအိမ်က ကြက်တကောင် သာရအိမ်က ကြက်တကောင် နှစ်ကောင်ကို သူရဲကောင်းတွေကို ထန်းရည်အချို နဲ့ ကြိုဆိုပါမယ် ”

“ထန်းရည်နဲ့က ကြက်ကြော်မှ လိုက်တာ ဗျ”

“တကောင်ကြော်မယ် တကောင်ချက်မယ်ကွာ ”

မောင်ဘိုးထင်တို့ တွေးနေကြသည် လောက်စာ တချက် မှန်ရုံနဲ့ ကြက်သားစားရမည့်အရေး သူတို့တွေးနေသည် ၊ သူတို့စိုးရိမ်နေသည့်အချက် တချက်ရှိသည် ထိုအရာက အခြားမဟုတ် ‌သူတို့အားလေးဂွ နှင့် လှမ်းပြစ်မည် အကွာအဝေး ဖြစ်သည် ‌နီးနီးလေးက လှမ်းပြစ်က ကြက်သားစားရတာ နဲ့ မကာ မိဖြစ်မှာ လည်း ကြောက်နေလေရာ မောင်ဘိုးထင်မှ

“ဒါနဲ့ ကိုဖိုးထွေးတို့က ဘယ်နားက ပစ်မှာလဲ ”

ဖိုးထွေး ခဏတွေးနေလိုက်ပြီး လယ်ကွင်းပြင်ကို ကြည့်ကာ လက်ညိုးထိုလိုက်ပြီး

“ဒီကနေ ဟို ကန်သင်းလောက် ”

“ဟာ နီးတာပေါ့ ခင်ဗျားတို့ အပစ်ခံကြည့်ပါလား ”

“အဲ့တာဆိုလည်း ဒေါ်သန်းမေ လယ်အစပ်ကွာ ”

မောင်ဘိုးထင်နှင့် ဖိုးထွေး နေရာ သတ်မှတ်နေစဉ် သာရမှ ဖိုးထွေးကိုကြည့်ကာ

“ဖိုးထွေး မင်းဟာက ပစ်ရင် မှန်ကော မှန်ပါ့ဦးမလားဟ အဲ့လောက် အဝေးကြီး ”

“မှန်ပါတယ်ကွာ ”

“မှန်ရင်တောင် ဒီကောင်တွေ တွန့်မတွန့် မြင်ရပါမလား ”

“မင်းအဲ့ကောင်တွေအနားသွားကြည့်လေ ”

“ဟာ မင်းကလည်း မင်းလက်ကြီးကိုက ယုံရတာမဟုတ်ဘူး ဒီကောင်တွေကို မမှန်ပဲ ငါ့လာမှန်ရင် ဘယ်လို လုပ်မလဲ ”

သာရ၏ စကားကြောင့် မောင်ဘိုးထင်တို့သည် သူရဲကောင်းဖြစ်ပြီးပြီဟုပြောသော သာရ ဆီသို့ အကြည့်များ‌ေရာက်ရှိသွားကြပါလေတော့သည်။

▪️အခန်း

မောင်ဘိုးထင်သည် ဦးအုန်းအား ထုံစံအတိုင်းသိတက် လိမ်မာနေလေရာ ၊ ဦးအုန်း တယောက် မောင်ဘိုးထင်ကို ကြည့်ကြည့်ကာ နှင့် တခုခုကို ထိတ်လန့်နေပုံပေါ‌်နေသည်။ ထို့နောက် ဦးအုန်းသည် စိတ်ထဲ မှာ ရှိသည့် အတိုင်း ပါးစပ်မှ ပွင့်လာတော့သည်

“ကောင်လေး ဘိုးထင် မင်းငါ့ကို ဒီလောက်ဂရုစိုက်နေရင် ငါမျက်ခုံးတွေ လှုပ်လှုပ်လာတယ်နော် ”

“အော် အဘရယ် တအိမ်ထဲ အတူနေတဲ့ ကျုပ်တို့ နှစ်ယောက်က ဒီလောက်မှ ကြင်ကြင်နာနာ မရှိလို့ရင် အဆင်ပြေပါ့မလားဗျာ အဘ ညောင်းကိုက်နေလာ ကျုပ်နှိပ်ပေးမယ် ”

“ရတယ် မညောင်းဘူး နှိပ်ပေးချင်း နှိပ်ပေး ငါကမင်းကို နှိပ်ပေးရမှာပါ ”

“ဟာ အဘကလည်း ငရဲ ကြီးအောင်”

“အောက်လမ်းက ငရဲကြီးမှာ ကြောက်နေသေးတယ် ”

“အဘက ကျုပ်ကို ဘာလို့နှိပ်ပေးချင်နေတာလဲ”

“မင်းက တနေ့ကုန် ရွာရိုးကိုးပေါက် လျှောက်သွားနေတဲ့ကောင် မိုလို့ပေါ့ဟ ”

“ဟ အဘကလည်းဗျာ ကျုပ်ဇက်ကျောဆွဲပေးမယ် ”

အကြံကြီးသော မောင်ဘိုးထင်သည် ဦးအုန်းအား ဇက်ကျောလေး ဆွဲပေးလိုက် ပခံုးလေးနှိပ်ပေးလိုက်နှင့် သူသိချင်သော ပညာရပ်များကို မသိလိုက်မသိဖာသာမေးမြန်နေလေသည် ၊ဦးအုနး်သည်က မျက်လုံးလေး မှေးပြီး ဇိမ်ခံရင်း မောင်ဘိုးထင်မေးသမျှကို ဖြေကြားနေပါလေတော့သည်။

▪️အခန်း

ဖိုးထွေးနှင့် သာရ၏ ပေပင်ရွာ သူရဲကောင်းရွေးပွဲက စတင်နေပြီ ဖြစ်သည် ၊ ဖိုးထွေးသည် လေးဂွကို လောက်စာထည့်ပြီးကိုင်ထားကာ သာအေးအား အရင် သူပြောသည့် နေရာသို့ သွားခိုင်းလိုက်သည် ၊ ထို့နောက် ခွဲတောင် တလုံးကို ယူသွားခိုင်းပြီး ခေါင်းကို စွပ်ပြီး ရပ်နေစေသည်

“သာအေး ငါပစ်တော့မယ် နော် မင်းမတွန့်နဲ့ ကြားလား ”

“ပစ်မှာ မြန်မြန်ပစ် ဗျာ”

“အေးပါဟ ”

ဖိုးထွေးသည် လေးဂွကို ဆွဲပြီး ပစ်လိုက်ရာ သာအေးအားမထိပေ ထိုအခါသာအေးသည်

“ရပြီ မမှန်တာ တော့ ကျုပ်လည်း မတက်နိုင်ဘူး ”

သာအေးသည် ခွဲတောင်းကို ချခဲ့ပြီး ဖိုးထွေးတို့အနား ပြန်လာကာ

“ကျုပ်သူရဲကောင်းဖြစ်ပြီနော် ”

“အေးပါကွာ ”

ထို့‌ေနာက် ပေတူး မောင်ဘိူးထင် ပြီးနောက် ဖိုးထွေးကိုယ်တိုင်တို့အား လောက်လေးဂွနှင့် အပြစ်ခံပြီးလောက် သူရဲကောင်း အဖြစ်သို့ ရောက်ရှိကုန်ရာ သာရ နှင့် ဖိုးထွေးယူလာသော ကြက်ကြော် ကြက်သားချက် ထန်းရည်ချိုတို့ နှင့် အောင်ပွဲခံနေကြပါလေတော့သည်။

မောင်ဘိုးထင်တို့ သောက်စားနေကြစဉ် အောင်သန်းတယောက် လွယ်အိတ်ကို လွယ် လောက်လေးဂွကို လက်က ကိုင်ပြီး အမောတကော နှင့် အပြေးရောက်လာကာ

“ကိုဖိုးထွေး ကိုဖိုးထွေ ကျုပ်တို့ရွာဘက်ကို ”

အမောတကော ပြေးလာသော အောင်သန်းအား မောင်ဘိုးထင် သည် ထန်းရေချိုလေးတခွက် ကမ်းလိုက်ပြီး ကြက်‌ေကြာ်လေးအား ‌ဖဲ့ပေးလိုက်၏ အောင်သန်း သည် မောင်ဘိုးထင် ကမ်းပေးသော ထန်းရည် ကို ယူသောက်လိုက်ပြီး ကြက်ကြော်ကြိ စားလိုက်ကာ နောက်တခွက် ထပ်တောင်းပြီး အလယ်မှ ကြက်ကြာ်ကို ဖဲ့ပြီး မြည်းဘလိုက်ကာ အတန်ကြာမှ

“ဟာ ကိုဖိုးထွေး။ရွာဘက်ကို ဓားပြတွေ လာနေတယ် ”

“ဟ မင်းရောက်‌ေရာက် ချင်းဘာလို့မပြောတာလဲ ကွာ”

“ပြောမလို့ပဲလေဗျာ ထန်းရည်နဲ့ အမြည်းက ကောင်းနေလို့ ပါ”

“တောက် ဒီအငတ်က လည်းတမျိုး”

ဖိုးထွေသည် အောင်သန်းကို မာန်မဲ လိုက်ကာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေစဉ် မောင်ဘိုးထင်မှ

“ကိုဖိုးထွေးတို့ ဘာမှ မပူနဲ့ ခင်ဗျားတို့ ကျုပ်ကို ယုံတယ် မဟုတ်လား ကျုပ်တို့ ဓားပြတွေကို သွားချကြအောင် ”

“ငါတို့ မှာက လေးဂွပဲပါတာလေ သူတို့က ဘာတွေ ပါမှန်းမသိဘူး ”

ဖိုးထွေး နှင့် မောင်ဘိုးထင် ပြောနေချိန် အောင်သန်းသည်

“ဓားပြက လေးယောက်ဗျ ဓားတွေကိုင်ထားကြတာ နွားးနှစ်ကောင်ကုိ လည်း ဆွဲလာသေးတယ် ”

“ဘယ်နားမှာလဲ ”

“အမေကြီး ငယ်လေးအကွက် ဘက်မှာ ”

“ရွာနဲ့ လှမ်းတော့ လှမ်းတယ် ငါတို့ သွား ကြမယ် ”

ဖိုးထွေးတို့သည် ဟေ့ ဝါး အော်၍ အားမာန်တင်းလိုက်ပြီး အောင်သန်းခေါ်ရ‌ေနာက်သိူ့ လိုက်ပါသွားပါလေတော့သည်။

▪️အခန်း

မောင်ဘိုးထင်တို့ အတန်ကြာ လမ်းလျှောက်ပြီးသော အခါ အောင်သန်းမှ ကျွန်မနိုင်ပင်များကြားထဲ ဝပ်နေစေသည် မောင်ဘိုးထင်တို့လည်း ဝပ်လိုက်၏ သူတို့၏ မလှမ်းမကမ်း လှည်းလမ်းတွင် ဓားများကို ကိုင်ဆောင်ထားသော လူမျာသည် အောင်သန်းပြောသော လေးယောက် မဟုတ်ပဲ ငါးယောက်ဖြစ်သည် ၊ ဓါးများကိုတော့ တယောက်‌တချောင်းကိုင်ထားကြပြီး ဓားပြများထဲမှ တယောက်၏ လက်တွင်တော့ ပုဆိုးနှင့် ထုပ်ထားသော အထုတ်တထုတ်အား ကိုင်ထားရာ ‌ဖိုးထွေးသည် တိုးတိုးနှင့်

“ဟေ့ကောင်တွေ အဲ့ ဟိုလူကိုင်ထားတဲ့ ပုဆိုးထုပ်ထဲက သေနတ်တွေဖြစ်မယ် ”

“ဟုတ်လောက်တယ် ငါတို့ ဘယ်လို လုပ်မလဲ ဖိုးထွေး ”

ထိုအခါ ဖိုးထွေးသည် မောင်ဘိုးထင် ဘက်လှည့်ပြီး မျက်စာ ပစ်လိုက်ကာ

“မနေ့က ကျုပ်အဘပြောထားတဲ့ သရဲပူးပြီး ခိုင်းတဲ့ နည်းတော့ ရှိတယ် ခင်ဗျားတို့ ကို ဝင်ပူးမှာ ဘယ်လိုလဲ လုပ်ရဲလား ”

မောင်ဘိုးထင်စကားကြားသောအခါ သူတို့အားလုံး တယောက်မျက်နှာ တယောက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြီး သဘောတူလိုက်ကြသည်၊ ထိုအခါါ မောင်ဘိုးထင်သည် သစ်ရွက် တရွက်ကို ခူးကာ သူမှအပ ကျန်သူများ၏ လက်‌ေချာင်းထိပ် လေးကို ဖောက်ပြီး သွေးစလေးများ အနည်းငယ် ထည့်ကာ လေသံတိုးတိုးနှင့်

“ကိုဖိုးထွေးတို့ ကျုပ် ခဏနေပြန်လာခဲ့မယ် ဒီကပဲစောင့် ”

“အေးအေး မြန်မြန်တော့ပြန်လာ “,

မောင်ဘိုးထင် ထွက်သွားလိုက်သည် အတန်လှမ်းသော နေရာရောက်သော အခါ သရဲ သဘက်များကို မြင်နိုင်စေရန် မတ္တန်တပုဒ်ကို ရွတ်လိုက်ပြီး သူ၏ လက်ညှိုးဖြစ် သူ၏ ခြေမှ ခြေစာ မှုန့် အနည်းငယ် ကို ယူကာ ကွင်းလိုက်သည် ထိုအခါ သစ်ပင် များတွင် ထိုင်သူ ထိုင် သစ်ကိုင်းမှာ ဇောက်ထိုး နေသူက နေ နှင့် သရဲ တစ္ဆေ များစွာကို တွေ့ရသည် ၊ မောင်ဘိုးထင်အား သူတို့ကို မမြင်ဘူးအထင် နှင့် ဂရုပင်မစိုက်ပေ သူအတန်ကြာ သစ်ပင် အရိပ်များကို လိုက်ကြည့်နေရာ ကြီးမားသော ညောင်ပင်ကြီး တပင်အ‌ေရာက် ခက်ထန်ကြမ်းတန်းသည့် ဟန်နှင့် သရဲကြီးငါးကောင် ထိုင်နေလေသည် ၊ မောင်ဘိုးထင် ထွေထွေ ထူးထူး စဉ်း စားမနေတော့ပဲ သွေးများထည့်ထားသော သစ်ရွက် ကိုယူကာ

“ဟ‌ဲ့ သ‌ရဲတွေ နင်တို့ နဲ့ ကမ်းလှမ်းစရာ ရှိတယ် ”

မောင်ဘိုးထင်၏ စကားကြားသောအခါ သရဲကြီးများသည် မောင်ဘိုးထင်ကို ကြည့်ပြီး

“မင်းက တို့ကို မြင်ရတာလား”

“အေးမြင်ရတယ် မင်းတို့ ငါခိုင်းတာ လုပ်ရင် မင်းတို့အားလံုးကို အမဲသား သုံးပိဿကျွေးမယ်”

“မင်းတကယ်ပြောတာလား ”

“အေးတကယ်ပြောတာ ”

“အဲ့တာဆိုလုပ်မယ် ဘာလုပ်ရမှာလဲ ”

“ဒီသွေးတွေ ရဲ့ ပိုင်ရှင်တွေကို မင်းတို့ ဝင်ပူးကြ ပြီးရင် ငါဘာလုပ်ရမယ်ဆိုတာ ခိုင်းမယ် ”

မောင်ဘိုးထင်သည် သွေးများထည့်ထားသော သစ်ရွက်အား သရဲကြီးများရှေ့ ချပေးလိုက်ရာ သရဲကြီးများသည် သစ်ရွက်ကို ဝိုင်းပြီး နမ်းလိုက်ပြီး အရိပ်ပမာ လျှင်မြန်စွာ နှင့် ပြေးထွက်သွားကြပါလေတော့သည်။

▪️အခန်း

မောင်ဘိုးထင် ညောင်ပင်အောက်မှ သရဲများနှင့် အပေးအယူတည့်ပြီး၍ ဖိုးထွေးတို့ရှိသော နေရာကို ပြန်လာသောအခါ ဖိုးထွေးတို့ ငါးယောက်လုံးသည် မက်တပ်ရပ်လျက်ရှိနေပြီး မျက်ထောင့်များနီရဲကာ ‌ေချွများပြန်နေလေသည် နေပုံထိုင်ပုံများသည် လည်း လူကြမ်းကြီးများနှင့် တူနေလေရာ သရဲများဝင်ပူးနေသည်ဆိုတာ မောင်ဘိုးထင်သိလိုက်သည် ထို့နောက်မောင်ဘိုးထင်သည် ဝင်အပူးခံနေရသော ဖိုးထွေးတို့ ကုိကြည့်ကာ

“မင်းတို့ကို ခိုင်းမယ် ဆိုတာ ဟိုလူတွေကို နိုင်အောင် ချခဲ့ သတ်တော့ မသတ်နဲ့ ကြားလား “။

ဝင်ပူးခံနေရသော ဖိုးထွေးတို့သည် ဓားကိုင်ထားသော ဓါးပြ ငါးယောက်ဘက်သို့ ပြေးဝင်သွားပြီး မယုံကြည်နိုင်လောက်အောင် လျင်မြန်‌ေသာအရရှိန်နှင့် ဓါးများကိုယ် ရိုက်ပုတ်ဖယ်ရှားကာ အမှောက်သိပ်လိုက်‌ကြတော့ ခဏ လေးနှင့် ဓားပြများ မှောက်သွားချိန် ဝင်ပူးခံနေရသော ဖိုးထွေးတို့ သည် တယောက်ကို တယောက်ကြည့်ကာ ဓားများကို ကောက်ကိုင်လိုက်ပြီး

“ဟားးးဟားးး မိုးသီးတို့ ဓားကိုင်လို့ရနေပြီဟေ့ ဟေ့ကောင်တွေ ငါတို့တွေ ဓါးမကိုင်ရတာဘယ်လောက်ကြာပြီလဲ ငါတို့ အခု ဓါးပြသွားတိုက်ကြမယ် ငါ့ရဲ့ စည်းမျဥ်းအတိုင်း လူမသတ်ရဘူး မုဒိမ်းမကျင့်ရဘူး ကြားလား ”

“ဟုတ်ကဲ့ပါ ဗိုလ်မိုးသီး”

မောင်ဘိုးထင် ချွေး‌များပြန်နေပြီ ဖြစ်သည် လူဓားပြ ရန်က ကင်းပြန်သော လည်း သရဲ ဓားပြများက ကြမ်းနေချေပြီး အခုအချိန် သွားတားရင် ဓားနောက် နဲ့ ထုလိုက်မှဖြစ် ဂိနေနိုင်သည်၊ ဦးအုန်းပြောသော သူတို့ဝါသနာကို သိရမယ် ဆိုသော အချက်ကို မေ့ပြီး ပူခိုင်းလိုက်မိသည် ၊ ယခု သရဲများ၏ ဝါသနာက ဓားပြတိုက်ချင်းဖြစ်လေရာ မောင်ဘိုးထင် ကြံရာ မရသည်အဆုံး ဦးအုန်းဆီသို့သာ အပြေးလှမ်းလိုက်ရပါလေတော့သည် ။

▪️အခန်း

မောင်ဘိုးထင်သည် ဦးအုန်းအား အပြေးလေးသွားပြောပြီး ချိန်တွင်တော့ အိမ်တွင် ဦးအန်ုးက ရှိမနေပါ ၊ မောင်ဘိုးထင် မည်သို့ လုပ်ရမည်နည်းဟု တွေးကာ ဟိုသွားလိုက်ဒီသွားလိုက် လုပ်နေရာ တနာရီမျှ ကြာချိန်တွင် ဦးအုန်းပြန်ရောက်လာသည် ၊ မောင်ဘိုးထင်သည် ဖြစ်ပျက်သမျှ အကုန်ပြောလိုက်သော အခါ ဦးအုန်းသည် သူ၏ လွယ်အိတ်ကို လွယ်ပြီး ထွက်သွားတော့သည် ၊ မောင်ဘိုးထင် လိုက်မည်ပြုရာ

“ကောင်လေး မင်းအိမ်မှာပဲနေ တကယ့်ကောင်တွေ ငါကလည်း ဇက်ကျောဆွဲတာ ခံမိလိုက်တာကိုက ငါ့အပြစ်”

ဦးအုန်းတယောက် သူ့ကိုယ်သူ အပြစ်တင်ကာ ရွာထဲ ထွက်သွားတော့ သည် တန်းလျားတွင်တော့ မောင်ဘိုးထင် သည် ထိုင်ရမလို ထရမလို နှင့် မထိုင်နိုင်ပဲ ထလိုက် ထိုင်လိုက်ပြုလုပ်နေ၏ နောက်ဆုံး ထိန်းမရသည့် အဆုံး ရွာထဲ သို့လိုက်သွားလိုက်ပါလေတော့သည် ၊ ရွာထဲတွင် ဟိုးလေးတကြော်ဖြစ်နေသည် ရွာလူကြီးသား ဖိုးထွေးဦးဆောင်ပြီး သာရနှင် ကလေးများ ဓားပြတိုက်သည် ဟုသတင်းဖြစ်သည် ၊ ထိုသတင်းကြား၍ မောင်ဘိုးထင်သည် ရွာလူးကြီးအိမ်သွားစဉ် ထိတ်တုံး တခုတွင် သာရ နှင့် ဖိုးထွေး ကျန်ထိတ်တုံးတွင် သာအေး ပေတူး နှင့် အောင်သန်း တို့ ဖြစ်ပြီး မျက်ကွင်း တဖက်စီညိုနေလေသည် ၊ မောင်ဘိုးထင် သေချာကြည့်သော အခါ လင်သီးနှင့်ထိုးခံထားရပုံပေါ်၏ ၊ ဖိုးထွေး နှင့် သာရတို့ သည် မောင်ဘိုးထင်ကို မြင်သော အခါ ဖိုးထွေးမှ တန်းးလျားတွင် ထိုင်နေသော သူ၏ အဘအား

“အဘ အဘ ကျုပ်တို့ ဆရာကြီးလာပြီ ကျုပ်တို့ကို သူခိုင်းတာ ”

ဖိူထွေး၏ စကားကြောင့် မောင်ဘိုးထင် ကြောင်ငေးနေစဉ် ရွာလူကြီး‌ေရာက်လာပြီး ဖိုးထွေးတို့ နှင့် အတူ ထိတ်တုံး ခက် ခံလိုက်ရပါလေတော့သည် ၊ ဖိုးထွေးနှင့် သာရသည် မောင်ဘိုးထင် သူတို့ နှင့် ထိတ်တံုးခက် ခံရကာမှ အညိုအမဲ စွဲနေသော မျက်လံုးနှင့် သူ့အားကြည့်လိုက်ပြီး ပြုံးပြကာ

“ဘိုးထင်ငါတို့ သူရဲကောင်း ဖြစ်ပြီလား ”

“လာမရွဲ့ နဲ့ ဗျာ အခု ကိစ္စက ကျုပ်တယောက်ထဲ ကြောင့် မဟုတ်ဘူး ”

“မင်းမှ အပြစ်မရှိဘူး အပြစ်ရှိတာ ဟိုငနွားအောင်သန်းလေး တို့ရွာက ခိုးသွားတဲ့ နွားကို နွားသူခိုးနဲ့ပါ မိလို့ ရွာပြန်လာပို့တာကို ဓားပြဆိုပြီး ပြတဲ့အဲ့ကောင်ကြောင့် ”

“ပြီး‌‌ေတာ့ မင်းလည်း ဘာထူးလဲ ဓားပြသရဲကိုမှ ငါတို့ကို ပူခိုင်းရတယ်လို့ ဘိုးထင်ရယ် ”

“ဘာဖြစ်လို့လဲ ကိုသာရ ”

“ရွာဝင်ဝင် ချင်းက ငါကြိုက်နေတဲ့ မိချိုရဲ့အဘကို ငါဓါးပြတိုက်ရင် ဓားနောင့် နဲ့ ထု လိုက်မိယ်တဲ့ကွာ ငါ နဲ့ မိချိုလေးဝေးပါပြီကွာ ”

သာရသည် ဝမ်းနည်းကြေကွဲစွာပြောနေ၏ မောင်ဘိုးထင်မှာ ထိတ်တုံးခက်ခံထားရသော သာအေး ပေတူး နှင့် အောင်သန်းတို့ကို ကြည့်လိုက်သည့်အခါ သူ့အား ပြုံးပြနေသည်မို့ စိတ်သက်သာရရသွားချိန် ဦးအုန်းရောက်လာကာ မောင်ဘိုးထင်တို့အား

“ဟေ့ကောင်တွေ ငါ ရွာလူကြီးကို သေချာပြောခဲ့ တယ် မင်းတို့ကာ မနက်ဖြန်မှ လွှတ်လိမ့်မယ် ကောင်လေး ဘိုးထင် မင်းက ဒီလောက်အစွမ်းပြချင်နေတာ မင်းကို စုန်းးတွေပေါ်တဲ့ သဲကုန်ရွာကို အလုပ်ခိုင်းဦးမယ် မင်းဘေးက ကောင်နှစ်ယောက်ကိုပါ ခေါ်သွား ကြားလား ”

မောင်ဘိုးထင် ခေါင်းညိတ်ပြီးသာ အသိအမှတ်ပြုချိန် ဦးအုန်းသည် ဆက်ပြီးစကားဆိုလာသည်

“တော်သေးတာပေါ့ကွာ စည်းရှိကမ်းရှိတဲ့ ဓားပြတွေ ဝင်ပူးလို့သာပဲ လူသတ် မုဒိမ်းကျင့် တဲ့ ဓားပြတွေသာဝင်ပူးလို့ကတော့ မင်းတို့ ဒုက္ခရောက်ပြီ ဒါတောင် ရွာထဲက လူငယ်‌ငါ‌း‌ေယာက်လောက် သွားကျွတ်ကုန်သေးတယ် ဟိုကောင်သာရ မင်းနဲ့ သာအေးက အဆိုးဆုံးတဲ့ တွေ့သမျှ နရင်းကြည့်ရိုက်နေတာတဲ့ကွာ ”

မောင်ဘိုးထင်တို့ ငြိမ်‌ေနလိုက်သည် ၊ ဖိုးထွေးသည် ထိတ်တုံးမှ ထွင်းထားသော စာကိုကြည့်လိုက်သည် ရေအိုးစင်ရွာ ဆိုသည်ကိုမြင်သောအခါ သူတို့အား
ထိတ်တုံးခတ်ဖို့ မလောက်‌ေသာ‌ ကြောင့် ရေအိုးစင်ရွာမှ ထိတ်တုံးကို လှည်းနဲ့ သွားသယ်ပြီး သူတို့အားခတ်ထားသော သူ၏ အဘ ရွာလူကြီးမျက်နှာ ကြီးကို မြင်ယောင်မိသည် ၊ ထိုနောက် ဘယ်သူမပြု မီ မီမှု စကားအတိုင် သူရဲကောင်း ခေါင်းဆောင် ဖြစ်ချင်သည့် အတွေးကို နောင်တ ရနေမိပါလေတော့သည် ။

▪️အောက်လမ်းဘိုးနှင့် သူရဲကောင်း သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် စုန်းရွာ ဟူသော ဇတ်လမ်းလေးအား တင်ဆက်‌ေပးပါမည်။

📝မောင်တင်ဆန်း

#mgtinsan

Zawgyi Version

“ေအာက္လမ္းဘိုးထင္ ႏွင့္ သူရဲေကာင္း “(စ/ဆုံး)
————————————————————

(၁၀)

▪️အခန္း-၁
ေမာင္ဘိုးထင္တို႔ ႏြားေက်ာင္းရင္း ႏြားစားက်က္အနားရွိ သရက္ပင္‌ေပၚ တက္ေနၾကၿပီး အိမ္မွ ယူလာေသာ င႐ုတ္သီးႏွင့္ ငါးပိ‌ ေဖ်ာ္ေလးမ်ားႏွင့္ သရက္သီးစားးေနၾကသည္ ၊ ဖိုးေထြး ႏွင့္သာရ သည္က သရက္ပင္ အရင္းတြင္ ထိုင္ၿပီး တိုးတိုး ႏွင့္ စကားေျပာေနေလရာ ေမာင္ဘိုးထင္သည္ သာ‌ေအးတို႔ဘက္သို႔ လွည့္ၿပီး

“ေဟ့ေကာင္ေတြ ကိုဖိုးေထြးနဲ႔ ကိုသာရ တိုးတိုးနဲ႔ ဘာေတြေျပာေနတာလဲ ”

“ဘာေျပာရမွာလဲကြာ ေကာင္မေလးအေၾကာင္း‌ေနမွာေပါ့ ၾကည့္ပါလား မ်က္ႏွာ ႀကီးေတြက ၿဖီးလို႔ ”

ေပးတူးေျပာစကားေၾကာင့္ ေမာင္ဘိုးထင္ သရက္ပင္ေအာက္မွ ဖိုးေထြး ႏွင့္ သာရကို ေသခ်ာၾကည့္လိုက္မိသည္ ၊ ေပတူးေျပာတာ ဟုတ္ေပသည္ သူတို႔၏ မ်က္ႏွာ မ်ားမွာ ၿပဳံးေပ်ာ္ၿပီးေနေလရာ ေမာင္ဘိုးထင္ေခါင္းကို ညိတ္လိုက္ၿပီး

“ဟုတ္တယ္ ဒီလူေတြ အခု‌တေလာ ႐ြာမွာ ရွိတဲ့ အပ်ိဳ‌ေတြက သူတို႔ကိုပဲ ႀကိဳက္‌တယ္ထင္ေနတာ ဟ ”

“ဘာျဖစ္လို႔လဲ ဘိုးထင္ရ ေျပာစမ္းပါဦး”

“‌မင္းတို႔ ၾကားခ်င္တယ္ ဆိုေတာ့လဲ ေျပာရတာေပါ့ကြာ ”

ေမာင္ဘိုးထင္သည္ သရက္သီးတလုံးကို ခူးၿပီး အညႇာ‌ေနရာမွ သရက္ပင္ အကိုင္းနဲ႔ ထုကာ သရက္သီးကို ဖဲ့လိုက္ၿပီး ပဲ့လာေသာ သရက္သီးကိုင႐ုတ္သီးငါပိ ေဖ်ာ္ရည္ ႏွင့္ တို႔ေနကာ က်န္ေသာ သူမ်ားကို မ်က္လုံး ျဖစ္ေဝ့ၾကည့္လိုက္သည္ ၊ ‌သူေျပာမည့္စကားကို နားေထာင္လို၍သာ ေအာင့္အီးသည္းခံ ေနပုံရေသာ သာေအးတို႔သည္ ၊ သူတို႔၏ စိတ္မရွည္မႈ႕ကို ထိန္းထားသည္ ဆိုတာ သူတို႔၏ မ်က္ဝန္းတြင္ေပၚေနသည္မဟုတ္ပါလား ၊ သည္းခံမႈ႕အတိုင္းအတာ ကုန္သြားဟန္ရွိေသာ ေပတူးသည္ ေမာင္ဘိုးထင္ကို ေစ့ေစ့ၾကည့္ကာ

“ဘိုးထင္ မင္းက ေျပာမွာလား မေျပာဘူးလား ငါစိတ္ကို မနည္းထိန္းေနရတာေနာ္ အရင္စိတ္နဲ႔ဆို မင္းနာ ၿပီ ”

ေပးတူး စကားေၾကာင့္ ေမာင္ဘိုးထင္ မ်က္လုံးျပဴးသြားရသည္ ေပးတူးေျပာတာ ဟုတ္ေပသည္ ၊ ေပတူးသည္ စကားအပိုမေျပာ ႐ြာလူႀကီးကို ပင္ ေလးဂြ ျဖစ္ ပစ္ဖူးသည့္ ရာဇဝင္ ရွိရာ နည္းနည္းေတာ့ ၿဖဳံရသည္၊

“ေျပာမွာ ပါ ေပတူးရ မင္းတို႔က နားပဲေထာင္ရတာ သရက္သီးစားၿပီးနားေထာင္လို႔လည္း ဘာမွ မျဖစ္ဘူး ငါကေတာ့ ေျပာရ‌မဲ့ေကာင္ မင္းတို႔ ေတြ စားေနခ်ိန္ ငါက စကားေတြကို ေျပာလို႔ ၿပီးေတာ့ မင္းတို႔ မ်က္ႏွာေတြကို ၾကည့္တဲ့အခ်ိန္ မင္းတို႔က သရက္သီး”

“ခြီးတဲ့ မွပဲ ထိပ္ကို ေလးဂြနဲ႔ ထုခ်င္စိတ္ ေပါက္လာၿပီး ေျပာမွ ျဖစ္ေျပာ လွ်ာက တအားရွည္တဲ့ေကာင္ ”

ဒုတိယံပိ ေပတူး၏ စိတ္မရွည္စြာေျပာသည့္စကားေၾကာင့္ ေမာင္ဘိုးထင္ ေျပာလက္စ စကားကို ရပ္လိုက္ၿပီး သရက္အပင္ေအာက္မွ ဖိုးေထြး အေၾကာင္းကို အပင္‌ေပၚရွိ ေမာင္ဘိုးထင္ေျပာျပလိုက္ပါေလေတာ့သည္။

▪️အခန္း-၂

ေမာင္ဘိုးထင္ ႏွင့္ ဖိုးေထြး ႐ြာလယ္ လမ္းအတိုင္း လမ္းေလွ်ာက္ေနသည္ ၊ အေၾကာင္းသည္က အခု ႏွစ္သီတင္းကြၽတ္တြင္ သူတို႔အဖြဲ႕ ႐ြာထဲ မွာ ရွိေသာ လူႀကီးသူမေတြကို ကန္ေတာ့မည္ျဖစ္ရာ ႐ြာထဲလိုက္ၿပီး စနည္းနာေနခ်င္းျဖစ္သည္ ၊စနည္းနာရခ်င္းအေၾကာင္းမွာ ဘယ္အိမ္ဘာမုန္႔လုပ္သည္ ဘယ္အိမ္က မုန္႔ဖိုးေပးႏိုင္ေခ်မ်ားသည္ တျခားအဖြဲ႕ေတြ မဝင္ခင္ သူတို႔ ထိုအိမ္မ်ားကို အရင္ဝင္မည္ ဟုေသာ အႀကံအစည္ျဖစ္႐ြာထဲ လွည့္ေနၾကခ်င္းျဖစ္သည္ ။ ဖိုးေထြး ႏွင့္ ေမာင္ဘိုးထင္ ႐ြာလမ္းအတိုင္း ေလွ်ာက္သြားေနရင္း ေရအိုးကို ေခါင္းေပၚ႐ြက္လာေသာ မိန္းမပ်ိဳေလးတသိုက္ ႏွင့္ ဆုံရာ ေရွ႕ဆုံးမွ ‌မိန္းကေလးမွာသူတို႔အား ၿပဳံးရယ္လ်က္

“ဖိုးေထြး နဲ႔ ဘိုးထင္ ဘယ္ကျပန္လာတာလဲ ”

“ဒီးတိုင္းပါပဲ ဟိုသြားဒီသြား”

“ေအးေအး သီတင္းကြၽတ္ ငါတို႔အိမ္မွာ မုန႔္ဖက္ထုပ္ လုပ္မွာ လာစားေနာ္ ”

“ေအးပါဟ လွရင္ရ လာမွေပါ့”

ေရွ႕ဆုံးမွ လွရင္ဟု အမည္ရေသာ မိန္းမးကေလးမွ ထိုသို႔ေျပာလိုက္ရာ လွရင္၏ ေနာက္မွ သန္းျမဆိုေသာ မိန္းမပ်ိဳေလးမွလည္း

“ဖိုးေထ‌ြး ငါတို႔ အိမ္မွာလည္း ေ႐ႊၾကည္မုန႔္ လုပ္မွာ လာစား”

‌”ေအးပါဟ ”

ဖိုးေထြးသည္ ၿပဳံးၿပဳံး ႏွင့္ သေဘာက်ေနေလ၏ ၊ မိန္းခေလးမ်ားသည္ ဘိုးထင္ႏွင့္ ဖိုးေထြးအား ႏုတ္ဆက္ၿပီး ထြက္သြားခ်ိန္တိုင္ေအာင္ ဖိုးေထြးသည္ မိန္းကေလးမ်ား၏ ေနာက္ေက်ာ ကိုၾကည့္ကာ

“ေတာက္ ”

မိန္းကေလးမ်ား၏ ေနာက္ေက်ာကို ၾကည့္ရင္ း ဖိုးေထြးမွ ေတာက္တခ်က္ကို ျပင္းစြာ ေခါက္ေနေလရာ ဘိုးထင္သည္ ဖိုးေထြး၏ မိန္းကေလးမ်ားအား ေငးေမာေနေသာ မ်က္ႏွာကို တလွည့္ ေရအိုး႐ြက္သြားေသာ မိန္းက‌ေလးမ်ားကို တလွည့္ ၾကည့္ကာ

“ကိုဖိုးေထြ သတိထားဦး ခင္ဗ်ာဟာက လြန္လြန္းတယ္ မမိေက်ာ့ ကို က်ဳပ္သြားတိုင္လိုက္ရမလား ”

“ဟေကာင္ ငါ ေတာက္ေခါက္ၿပီး ၾကည့္ေနတာ မေကာင္းတဲ့ စိတ္ေၾကာင့္ မဟုတ္ပါဘူးကြာ ”

“ေပါက္ကရ က်ဳပ္ကို ကိုဖိုးေထြး အေၾကာင္း မသိတဲ့ လူမွတ္လို႔ ”

“တကယ္ပါကြာ ငါေတာက္ေခါက္ရတဲ့ အေၾကာင္းက ငါတို႔႐ြာက အပ်ိဳေလးေတြ ေရအိုးႀကီးေတြ ႐ြက္ၿပီး ပင္ပင္ပန္းပန္း ေရခပ္ေနရတာ မၾကည့္ ရက္လို႔ပါကြာ ”

ေမာင္ဘိူးထင္ မည္သည့္ စကားမွ‌မေျပာ မိန္းက‌ေလးမ်ား လမ္းခ်ိဳးထဲ ဝင္သြားသည့္ အထိ ေနာက္က ေငးေနေသာ ဖိုးေထြးကို မ်က္ေမွာင္ ၾကဳက္ၾကည့္ေနစဥ္ ၊ ဖိုးေထြးမွ စကားဆိုလာသည္

“ဘိုးထင္ေရ မင္းငါ့လို ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ တေယာက္ ျဖစ္ရတာ ဘယ္ေလာက္ အေနက်ပ္တယ္ဆိုတာ မင္းသိႏိုင္မယ္မထင္ဘူး”

“ဘာပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္လဲ ”

“အိုး…သနားစရာ ဘိုးထင္ ငါနဲ႔ အနီးကပ္ေနၿပီး ငါ့အေၾကာင္းကို မသိဘူးကို အင္းေပါ့ ရတနာထုပ္ကို တန္းဖိုးမသိတဲ့ လူက ဘယ္တန္းဖိုးထားတက္မလဲ ကြ”

အျမင္ကပ္စရာ ေလသံ အျမင္ကပ္စရာ ဟန္ပန္ေၾကာင့္ ေမာင္ဘိုးထင္ စိတ္အေတာ္ထိန္းထားလိုက္ရသည္ ၊

“ေျပာပါဦး ကိုဖိုးေထြးက ဘယ္လို လုပ္ၿပီး ႏွင္းဆီခိုင္ ျဖစ္သြားရတာလဲ ”

“ဟာ မင္းခုထိ မသိေသးဘူးကို ငါေျပာျပမယ္ ‌အေစာက ေရခပ္တဲ့ ငါနဲ႔ အ႐ြယ္တူနဲ႔ ငါထက္ႀကီးတဲ့ လူေတြပါတယ္ မဟုတ္လား ”

“ပါတယ္ေလ ”

“အဲ့ထဲက မိန္းကေလး ေလးေယာက္က ငါ့ကို ႀကိဳက္ေနတာကြ”

“ဟာ ဟုတ္ေကာ ဟုတ္ရဲ႕လားဗ်ာ ”

“ဘိုးထင္ရာ ဖိုးေထြးပါကြ ေသခ်ာတယ္ အဲ့ထဲက ေလးေယာက္က ငါ့ကို ႀကိဳက္ေနတာ ေရွ႕ဆုံးက မုန႔္ဖတ္ထုပ္ လာစားခိုင္းတဲ့ တေယာက္က ငါ့ကို အပ်ိဳစကားကို ေျပာခ်င္ေနပုံရတယ္ ”

“အမ လွရင္ကို ေျပာေနတာလား ”

“ဟုတ္တယ္ ေလ လွရင္ေကာ မသန္းျမေကာ ငါ့ကိုႀကိဳက္တာ အေတာ္ဆိုးေနၿပီ က်န္တဲ့ ႏွစ္ေယာက္ကလည္း ငါ့ကို ၾကည့္ၾကည့္ ေနတာ မင္းမသိလို႔ ”

“ဟာ ကိုဖိုးေထြးကလည္း က်ဳပ္ကိုလည္း သူတို႔ ၾကည့္တာပဲ ခင္ဗ်ားေျပာပုံ အရဆို က်ဳပ္ကိုလည္း ႀကိဳက္ေနတာေပါ့ ”

“မင္းကိုၾကည့္တာမွန္ေပမဲ့ မတူဘူးကြ မင္းမသိပါဘူးကြာ လာလာ သြားၾကရေအာင္ ”

ေမာင္ဘိုးထင္သည္ ဖိုးေထြးကို မေက်နပ္ေပ အဘယ္ေၾကာင့္ဆိုေသာ သူတို႔ ႏွင့္ စကားေျပာေနေသာ မိန္းကေလးငါးေယာက္ အနက္ ေလးေယာက္က သူ႔အား ႀကိဳက္ေနသည္ ဆိုတာ ေတာ့ ဘယ္လို နည္း နဲ႔ မွ မျဖစ္ႏိုင္ေပ အေနာက္ဆုံးမွ မတင္ဝင္းသည္ သာ သူအားမႀကိဳက္ဘူးဟုေျပာသည္ မတင္ဝင္းကသူအားႀကိဳက္‌ေနသည္ဟု မေျပာခ်င္းမွာလည္း ကေလးအေမ ျဖစ္ေနလို႔သာ လႊတ္ေပးလိုက္ခ်င္း ျဖစ္သည္ ၊ ဘာပဲ ျဖစ္ျဖစ္ ေမာင္ဘိုးထင္ စိတ္ထဲမွာ တအံု႔ေႏြးေႏြးႏွင့္ ဖိုးေထြးကိုၾကည့္ကာ ၾကည့္ကာ ႏွင့္ သူတို႔သြားရမည္ ေနရာသိူ႔ သာ သြားေနၾကပါေလေတာ့သည္။

▪️အခန္း-၃

ေမာင္ဘိုးထင္တေယာက္ လွရင္တို႔ ေရခပ္သြားမည္လမ္းမွ ေစာင့္ေနသည္ ၊ မေန႔က ဖိုးေထြးေျပာစကားမ်ားကို သူ မယုံေပ ထို႔အတြက္ ဖိုးေထြးအား လွရင္တို႔ တကယ္ ႀကိဳက္ေနလားဆိုတာ ေမးမည္ျဖစ္၏၊ မၾကာလွေသာ အခ်ိန္‌တြင္ လွရင္တိုတသိုက္ ေရအိုးေလးေတြခါးမွာပိုက္ၿပီး ေခါင္းမီးသုတ္ လုပ္မည္တဘက္ေလးမ်ားကို ပုခုံးေပၚတင္ ၿပီးစကားတေျပာေျပာ ႏွင့္ သူ႔အနားေရာက္လာ၏

“ဘိုးထင္ေလး တေယာက္တည္း ဘာလုပ္ေနတာလဲ ”

“အမလွရင္တို႔ကို ေစာင့္ေနတာေပါ့ဗ်ာ ”

“ဘာျဖစ္လို႔လဲ ဘိုးထင္ရဲ႕”

“ေမးစရာ ရွိလို႔ ဗ်”

“ေအး ေမးေလ ‘

ေမာင္ဘိုးထင္ သည္ လွရင္မွေမးဟုေျပာေသာ အခါ ဝမ္သာသြားၿပီး

“အမလွရင္တို႔ ကိုဖိုးေထြးကို ႀကိဳက္ေနတာလား”

“ဘာလို႔လဲ ဘိုးထင္ နင္ေမးတာခဲ အဆန္းပါလား ”

“ကိုဖိုးေထြးက အမတို႔ ေလးေယာက္လုံးက သူ႔ကိုႀကိဳက္ေနတာတဲ့ အမလွရင္က သူကိုအပ်ိဳစကားေျပာေတာ့မယ္ဆိုပဲ ”

“ဟားးဟားးး ဟားး”

လွရင္တို႔သည္ လက္တဖက္ကေရအိုးကို ပိုက္ထားရင္း က်န္လက္တဖက္ႏွင့္ ဗိုက္ကို ဖိၿပီး အားရပါးရရယ္ေမာေနေလရာ ေမာင္ဘိုးထင္ ေၾကာင္ အန္းအန္း ျဖစ္ေနရင္း

“အမ တို႔ ဘာလို႔ရီေနၾကတာလဲဗ် ”

ေမာင္ဘိုးထင္၏ အေမးကို ရယ္ေနရင္း လွရင္မွ ျပန္ေျဖေလသည္

“နင့္ ဖိုးေထြးကလည္း ေလာဘႀကီးလိုက္တာ တေယာက္ေတာင္မဟုတ္ဘူး ေလးေယာက္ေတာင္ ဟိုက မတင္ဝင္းကိုေကာ သူကို႔ႀကိဳက္ေနတယ္လို႔မေျပာတာေတာ္ေသး’

“အဲ့တာေတာ့ မေျပာဘူးဗ်”

“နင့္ ဖိုးေထြးက သူ႔ကို ၾကည့္ၿပီး ၿပဳံးျပတဲ့ သူဆို သူႀကိဳက္တယ္ထင္ေနတာ မဟုတ္လား ဒီလူပ်ိဳေပါက္ေတြက ဒီလိုပါပဲ ”

“အဲ့တာဆို မႀကိဳက္ဘူေပါ့ ”

“ဘိုးထင္ရယ္ တို႔႐ြာမွာ ေယာက္်ားဆိုလို႔ ဖိုးေထြးတေယာက္ထဲရွိရင္ေတာ့ ႀကိဳက္ရင္ ႀကိဳက္မွာေပါ့ဟယ္ ခစ္ခစ္ ”

“အဲ့တာဆို အမလွရင္နဲ႔ ေဟာဟိုက အမသန္းျမက သူကို႔ ဘာလို႔ မုန႔္လာစားဖို႔ေခၚရတာလဲ ”

“ဟဲ့ဘိုးထင္ ဖိုးေထြးကို မႀကိဳက္ေပမဲ့ အလိုက္သင့္ ဆက္ဆံရတယ္ ဟဲ့ သူအေမက စပါးေပး ေပးေနတာ ေတာ္ၾကာ ဒီေကာင္ေပါက္ကရ သူ႔မိဘေတြကို မခြၽန္ဘူးလို႔ေျပာႏိုင္လား ”

“ဪ ဒါေၾကာင့္ကို ”

ေမာင္ဘိုးထင္ ေခါင္းတညိတ္ညိတ္ႏွင့္ ပ်ိဳးတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ႀကီး အေၾကာင္းကို သိလိုက္ခ်ိန္ လွရင္တို႔ အပ်ိဳတသိုက္ သည္လည္း ‌ေမာင္ဘိုးထင္ကို ႏုတ္ဆက္လို႔ ေရခပ္ရန္ထြက္သြားၾကပါေလေတာ့သည္ ။

▪️အခန္း-၄

“ဟားးးဟားးးဟားးးသူ႔ကိုသူ အထင္ႀကီးေနတဲ့ ကိုဖိုး‌”

“ငနာကေတာ့ ေသေတာ့မွာပဲ “,

ေမာင္ဘိုးထင္ေျပာစကားကို နားေထာင္ၿပီး တဟားဟားရယ္ကာ အသံက်ာ္ႀကီဴႏွင့္ စကားေျပာေနေသာ ေအာင္သန္း၏ ပါစပ္ကို သာေအးမွလက္ႏွင့္ပိတ္လိုက္ၿပီး

“မင္းက အကင္းကို မပါဘူး အဲ့တာေၾကာင့္ တခ်ိဳ႕ေနရာေတြမင္းကို မေခၚတာ ”

ဆရာႀကီးေလသံျဖစ္ ဩဝါဒေခြၽေနေသာ သားေအးအား ေအာင္သန္းမွ ဇက္ကေလးပုၿပီး ၿငိမ္သြားကာ ေခါင္းညိတ္ၿပီး အသိအမွတ္ျပဳေနေပသည္ ၊ သာေအးေျပာတာ မွန္ေပသည္ ေမာင္ဘိုးထင္တို႔ အဖြဲ႕တြင္ ဖိုးေထြး ၊ သာရ၊ သာေအး၊ေပတူ း တို႔သာအတြဲမ်ားသည္ ၊ က်န္ေသာသူမ်ားႏွင့္ အေတာ္ကို ရင္ႏွီးေပမဲ့ သိပ္မတြဲေပ ၊ ယခု ေအာင္သန္းအား ‌သာေအး ဆူေနခ်င္းမွ အပင္ေအာက္တ‌ြင္ရွိေနေသာ ဖိုးေထြးအား ဟားတိုက္မိမလို႔ျဖစ္ေသာေၾကာင့္ ျဖစ္သည္၊ ေမာင္ဘိုးထင္တို႔ သရက္ပင္ေပၚမွာစကားေျပာေနစဥ္ သရက္ပင္ ေအာက္မွ ဖိုးေထြး‌ရဲ႕ စကားသံက ေပၚလာသည္

“ေဟ့ေကာင္ေတြ တိုးတိုး နဲ႔ ငါတို႔ အတင္းေျပာလို႔ၿပီးရင္ ဆင္းခဲ့ၾက ေျပာစရာရွိတယ္ ”

ေမာင္ဘိုးထင္တို႔ ဖိုးေထြးစကားၾကားေသာအခါ သရက္ပင္ေအာက္သို႔ဆင္းလာၾကၿပီး ဖိုးေထြးတို႔ ႏွင့္ မ်က္ႏွာ ခ်င္းဆိုင္မွာ ထိုင္လိုက္ကာ

“က်ဳပ္တို႔ေရာက္ၿပီ ကိုဖိုးေထြး ”

“ေအး ငါနဲ႔ သာရက မင္းတို႔ ထက္အသက္ႀကီးတယ္ဆိုေတာ့ အေတြ႕အႀကဳံလည္း ပိုေနၿပီ ၿပီးေတာ့ မင္းတို႔ ထက္အရင္ထမင္းစားတာဆို‌ေတာ့”

“ကိုဖိုးေထြး အရစ္ရွည္မေနနဲ႔ ေျပာစရာရွိတာ‌ေျပာဗ်ာ ေနကေစာင္းေနၿပီ ေတာ္ၾကာ ႏြားသြင္းခ်ိန္‌ေရာက္ေတာင္ လိုရင္းမေရာက္ျဖစ္ေနမယ္ ”

“ေအး မင္းတို႔က ပညာရွိစကားဆို အဲ့လိုပဲ အေလးမထားဘူး နားေထာင္ၾက ငါတို႔ ႐ြာနီးခ်ဳပ္စပ္ေတြကို ဓားျပတိုက္ခံရတယ္ဆိုတာ ၾကားတယ္ မဟုတ္လား “,

“ၾကားတယ္ အဘေျပာတယ္ဗ်”

“ေအး ငါတို႔က တို႔႐ြာကို ကာကြယ္ရမယ္ ”

“ေနပါဦး အဲ့တာက ကိုဖိုးေထြး အေဖ လုပ္ရမွာ မဟုတ္လား ”

“,မင္းတို႔ကလည္းကြာ တေယာက္ တလက္ ေက်ာင္းသားလက္ ဆိုတာ မၾကားဖူးဘူးလား ”

“အင္း ၾကားဖူးတယ္ ”

“ေအး တို႔ႏြားေက်ာင္းသားေတြကလည္း တလက္ ပါဝင္ရမယ္ေလ အဲ့တာမွ တို႔႐ြာသားေတြ ဒုကၡမေရာက္မွာ မဟုတ္လား”,

ေမာင္ဘိုးထင္တို႔ ငိုင္ေနသည္ ဖိုးေထြးေျပာသည့္ တေယာက္တလက္ ေက်ာင္းသားလက္ဆိုသည္မွာ ႏြား‌‌ေက်ာင္းသားကို ဆိုလိုခ်င္းမဟုတ္ဘူးဆိုတာ သူတို႔သိသည္ သိူ႔ေပမဲ့ သူတို႔လည္း ဘယ္ေက်ာင္းသားကို ေျပာမွန္းမသိ၍ သာ ၿငိမ္ေနလိုက္ၿပီး ဖိုးေထြး ေနာက္ထပ္ေျပာမဲ့ စကားကို သာ နားေထာင္ေနလိုက္သည္ ၊ဖိုးေထြးသည္ ဆက္ၿပီးစကားဆိုလာသည္

“ငါတို႔ ႐ြာကို ကာကြယ္ဖို႔ သူရဲေကာင္း အဖြဲ႕ ဖြဲ႕မယ္ မင္းတို႔ပါၾကမလား “,

“သူရဲေကာင္းဆိုတာ ဘာေျပာတာလဲဗ်”

ေပတူးသည္ သူရဲေကာင္းဆိုသည္ စကားရပ္ကို နားမလည္၍ ဖိုးေထြးအားေမးလိုက္ရာ ဖိုးေထြးသည္ ေမာင္ဘိုးထင္တို႔ အားလုံးကို အ ရန္ေကာ ဟု သေဘာရေသာ အၾကည့္ႏွင့္ၾကည့္ကာ

“မွတ္ထားၾက သူရဲေကာင္းဆိုတာ ဟိုဟာကြာ ဟိုေလ လူအမ်ားႀကီးကို ကာကြယ္တာကြာ ”

“ကိုဖိုးေထြးက ဆရာႀကီးလည္း လုပ္ခ်င္တယ္ ေသခ်ာလည္း မေျပာျပတက္ဘူး ”

ေပတူး၏ မေက်မနပ္စကားေၾကာင့္ ဖိုးေထြးသည္ မၾကည္သလို ေပတူးကို ၾကည့္လိုက္ၿပီး

“ငါ သူရဲေကာင္းေ႐ြးမယ္ ပါမဲ့ေကာင္ေတြကို တပတ္ကို ၾကက္ကာလားသားခ်က္ တခါေကြၽးမယ္ ”

“ပါမယ္ ပါမယ္ ”

ေမာင္ဘိုးထင္တို႔အားလုံး သူရဲေကာင္းအဖြဲ႕ထဲ ပါမည္ေျပာရာ ဖိုးေထြးသည္ လက္ကို ကာျပလိုက္ၿပီး

“ေနဦး ေနဦး ဒီတိုင္းပါလို႔မရဘူး ေ႐ြးရဦးမွာ ငါတို႔ စမ္းသပ္တာကို ေအာင္တဲ့ ေကာင္ကသာ သူရဲေကာင္းအဖြဲ႕ ထဲ ပါရမယ္ ဘိုးထင္က ဟိုပညာတက္တယ္ ဆိုေတာ့ သူရဲ ေကာင္းေ႐ြးခ်ယ္ပြဲမွာ မေအာင္လည္း မင္းက ငါတို႔ကို ကူညီႏိုင္မဲ့ နည္းကို ဦးအုန္းဆီက သင္ထားရမယ္ ”

ေမာင္ဘိုးထင္ ေခါင္းညိတ္ၿပီး သေဘာတူလိုက္သည္၊ ထိုေနာက္သာေအးသည္

“ကိုဖိုးေထြး သူရဲေကာင္းဘယ္လို ေ႐ြးမွာလဲ ”

“ငါ့ အဘ ငါ့ကိုေျပာဘူးတာေတာ့ သူရဲေကာင္းေ႐ြးရင္ လက္မထိပ္ကို သံ႐ိုက္ၿပီး မတြန႔္တဲ့သူကို ေ႐ြးတယ္လို႔”

“က်ဳပ္တို မပါေတာ့ဘူး ”

“ဟုတ္တယ္ က်ဳပ္လည္း မပါဘူး သူရဲေကာင္းေ႐ြးတဲ့ သံ႐ိုက္တဲ့ ဒဏ္ရာနဲ႔ အဖ်ားတက္မွာ ေသခ်ာတယ္ က်ဳပ္တို႔မပါေတာ့ဘူး”

ေမာင္ဘိုးထင္တိူ႔သည္ ဖိုးေထြး၏ စကားမဆုံးခင္ သူရဲေကာင္း အေ႐ြးခံပြဲ မစခင္ ႏုတ္ထြက္ေနၾကရာ ဖိုးေထြးမွ ျပာျပာသလဲ ႏွင့္

“ဟာ ငါ့ေကာင္ေတြရ သံနဲ႔ေတာ့ မ႐ိုက္ပါဘူးကြာ သေဘာေျပာတာပါ ”

“အဲ့တာဆို ဘယ္လိုေ႐ြးမွာလဲ ”

“ေ႐ြးခ်ယ္မႉကို ကိုင္တြယ္မွာကေတာ့ ငါတို႔ရဲ႕ သူရဲေကာင္းႀကီး သာရ ပဲကြ”

သာရသည္ ၊ဖိုးေထြး၏ စကားေၾကာင့္ ၿပဳံးၿပဳံးႀကီးလုပ္ေနေလရာ ေအာင္သန္းမွ အသံေလးေလးႀကီးျဖစ္

“ကိုသာရက ဘယ္လိုလုပ္ သူရဲေကာင္းျဖစ္တာလဲဗ်ာ ”

“ဟေအာင္သန္းရ သာရကသူရဲေကာင္းကြ ငါမိေက်ာ့ကို ဘင္ဂ်ိဳနဲ႔ သီခ်င္းသြားဆိုတုန္းက မိေက်ာ့အဘ ေလးဂြနဲ႔ လွမ္းထုတာ ဒီေကာင့္ရင္ဘက္ကို မွန္တာ ဒီေကာင္ တြန႔္ေတာင္ မတြန႔္ဘူး အဲ့တာေၾကာင့္ ဒီေကာင္သာရ က သူရဲေကာင္းေပါ့ကြာ ”

ေမာင္ဘိုးထင္တို႔ ေခါင္းတညိတ္ညိတ္ႏွင့္ သာရကို အားက်ေသာ အၾကည့္ သို႔တည္မဟုတ္ လူမိုက္ဟုေသာ အၾကည့္ႏွစ္မ်ိဳးႏွင့္ ၾကည့္ေနေလရာ သာရသည္ ေခ်ာင္းတခ်က္ဟမ္းလိုက္ကာ

“အဟမ္း သူရဲေကာင္းေလာင္းလ်ာတို႔ ”

“က်ဳပ္တို႔ကို ေျပာတာလား”,

“ေအးေလ”

“ဟုတ္ဟုတ္ ဆက္ေျပာ “,

“ေအးေအး”

ေမာင္ဘိုးထင္၏ အေမးကို သာရေျဖၿပီး သူ၏ စကားကို ဆက္ေလေတာ့သည္

“အဟမ္း အဟမ္း သူရဲေကာင္းေလာင္းလ်ာတို႔ မနက္ျဖန္ငါတို႔ သူရဲေကာင္းအဖြဲ႕ရဲ႕ သူရဲေကာင္းေတြကို ေ႐ြးမယ္ “,

“ဘယ္လို‌ေ႐ြးမွာလဲ ”

“အေ႐ြးခံမဲ့သူက ေက်ာေပးၿပီး အတန္လွမ္းတဲ့ေနရာမွာ ရပ္ေနရမယ္ ”

“ရပ္ၿပီး ဘာလုပ္ရမွာလဲ ”

“ငါတို႔က ေလးဂြနဲ႔ ပစ္မယ္ မတြန႔္တဲ့ေကာင္က သူရဲေကာင္းပဲ ”

“,ခင္ဗ်ားတို႔က လက္ကန္းေတြ မေတာ္လို႔ မ်က္လုံး နဲ႔ ေခါင္း မွန္ရင္ ဘယ္လို လုပ္မလဲ “,

သာေအးမွ ထိုသို႔ေျပာေသာအခါ ဖိုးေထြးသည္

“အဲ့အတြက္ မပူနဲ႔ ငါႀကိဳေတြးထားတယ္ ခြဲေတာင္းကို ေခါင္းးစြပ္ေပးထားမယ္ ”

“ဟာ မလုပ္ခ်င္ပါဘူးဗ်ာ ေလာက္စာလုံး မွန္ရင္ သက္သာမွာ မဟုတ္ဘူး ”

“မင္းတို႔ အဲ့လိုေျပာမယ္မွန္းသိလို႔ ငါ့အဘအိမ္က ၾကက္တေကာင္ သာရအိမ္က ၾကက္တေကာင္ ႏွစ္ေကာင္ကို သူရဲေကာင္းေတြကို ထန္းရည္အခ်ိဳ နဲ႔ ႀကိဳဆိုပါမယ္ ”

“ထန္းရည္နဲ႔က ၾကက္ေၾကာ္မွ လိုက္တာ ဗ်”

“တေကာင္ေၾကာ္မယ္ တေကာင္ခ်က္မယ္ကြာ ”

ေမာင္ဘိုးထင္တို႔ ေတြးေနၾကသည္ ေလာက္စာ တခ်က္ မွန္႐ုံနဲ႔ ၾကက္သားစားရမည့္အေရး သူတို႔ေတြးေနသည္ ၊ သူတို႔စိုးရိမ္ေနသည့္အခ်က္ တခ်က္ရွိသည္ ထိုအရာက အျခားမဟုတ္ ‌သူတို႔အားေလးဂြ ႏွင့္ လွမ္းျပစ္မည္ အကြာအေဝး ျဖစ္သည္ ‌နီးနီးေလးက လွမ္းျပစ္က ၾကက္သားစားရတာ နဲ႔ မကာ မိျဖစ္မွာ လည္း ေၾကာက္ေနေလရာ ေမာင္ဘိုးထင္မွ

“ဒါနဲ႔ ကိုဖိုးေထြးတို႔က ဘယ္နားက ပစ္မွာလဲ ”

ဖိုးေထြး ခဏေတြးေနလိုက္ၿပီး လယ္ကြင္းျပင္ကို ၾကည့္ကာ လက္ညိဳးထိုလိုက္ၿပီး

“ဒီကေန ဟို ကန္သင္းေလာက္ ”

“ဟာ နီးတာေပါ့ ခင္ဗ်ားတို႔ အပစ္ခံၾကည့္ပါလား ”

“အဲ့တာဆိုလည္း ေဒၚသန္းေမ လယ္အစပ္ကြာ ”

ေမာင္ဘိုးထင္ႏွင့္ ဖိုးေထြး ေနရာ သတ္မွတ္ေနစဥ္ သာရမွ ဖိုးေထြးကိုၾကည့္ကာ

“ဖိုးေထြး မင္းဟာက ပစ္ရင္ မွန္ေကာ မွန္ပါ့ဦးမလားဟ အဲ့ေလာက္ အေဝးႀကီး ”

“မွန္ပါတယ္ကြာ ”

“မွန္ရင္ေတာင္ ဒီေကာင္ေတြ တြန္႔မတြန႔္ ျမင္ရပါမလား ”

“မင္းအဲ့ေကာင္ေတြအနားသြားၾကည့္ေလ ”

“ဟာ မင္းကလည္း မင္းလက္ႀကီးကိုက ယုံရတာမဟုတ္ဘူး ဒီေကာင္ေတြကို မမွန္ပဲ ငါ့လာမွန္ရင္ ဘယ္လို လုပ္မလဲ ”

သာရ၏ စကားေၾကာင့္ ေမာင္ဘိုးထင္တို႔သည္ သူရဲေကာင္းျဖစ္ၿပီးၿပီဟုေျပာေသာ သာရ ဆီသို႔ အၾကည့္မ်ား‌ေရာက္ရွိသြားၾကပါေလေတာ့သည္။

▪️အခန္း

ေမာင္ဘိုးထင္သည္ ဦးအုန္းအား ထုံစံအတိုင္းသိတက္ လိမ္မာေနေလရာ ၊ ဦးအုန္း တေယာက္ ေမာင္ဘိုးထင္ကို ၾကည့္ၾကည့္ကာ ႏွင့္ တခုခုကို ထိတ္လန႔္ေနပုံေပါ‌္ေနသည္။ ထို႔ေနာက္ ဦးအုန္းသည္ စိတ္ထဲ မွာ ရွိသည့္ အတိုင္း ပါးစပ္မွ ပြင့္လာေတာ့သည္

“ေကာင္ေလး ဘိုးထင္ မင္းငါ့ကို ဒီေလာက္ဂ႐ုစိုက္ေနရင္ ငါမ်က္ခုံးေတြ လႈပ္လႈပ္လာတယ္ေနာ္ ”

“ေအာ္ အဘရယ္ တအိမ္ထဲ အတူေနတဲ့ က်ဳပ္တို႔ ႏွစ္ေယာက္က ဒီေလာက္မွ ၾကင္ၾကင္နာနာ မရွိလို႔ရင္ အဆင္ေျပပါ့မလားဗ်ာ အဘ ေညာင္းကိုက္ေနလာ က်ဳပ္ႏွိပ္ေပးမယ္ ”

“ရတယ္ မေညာင္းဘူး ႏွိပ္ေပးခ်င္း ႏွိပ္ေပး ငါကမင္းကို ႏွိပ္ေပးရမွာပါ ”

“ဟာ အဘကလည္း ငရဲ ႀကီးေအာင္”

“ေအာက္လမ္းက ငရဲႀကီးမွာ ေၾကာက္ေနေသးတယ္ ”

“အဘက က်ဳပ္ကို ဘာလို႔ႏွိပ္ေပးခ်င္ေနတာလဲ”

“မင္းက တေန႔ကုန္ ႐ြာ႐ိုးကိုးေပါက္ ေလွ်ာက္သြားေနတဲ့ေကာင္ မိုလို႔ေပါ့ဟ ”

“ဟ အဘကလည္းဗ်ာ က်ဳပ္ဇက္ေက်ာဆြဲေပးမယ္ ”

အႀကံႀကီးေသာ ေမာင္ဘိုးထင္သည္ ဦးအုန္းအား ဇက္ေက်ာေလး ဆြဲေပးလိုက္ ပခံုးေလးႏွိပ္ေပးလိုက္ႏွင့္ သူသိခ်င္ေသာ ပညာရပ္မ်ားကို မသိလိုက္မသိဖာသာေမးျမန္ေနေလသည္ ၊ဦးအုနး္သည္က မ်က္လုံးေလး ေမွးၿပီး ဇိမ္ခံရင္း ေမာင္ဘိုးထင္ေမးသမွ်ကို ေျဖၾကားေနပါေလေတာ့သည္။

▪️အခန္း

ဖိုးေထြးႏွင့္ သာရ၏ ေပပင္႐ြာ သူရဲေကာင္းေ႐ြးပြဲက စတင္ေနၿပီ ျဖစ္သည္ ၊ ဖိုးေထြးသည္ ေလးဂြကို ေလာက္စာထည့္ၿပီးကိုင္ထားကာ သာေအးအား အရင္ သူေျပာသည့္ ေနရာသို႔ သြားခိုင္းလိုက္သည္ ၊ ထို႔ေနာက္ ခြဲေတာင္ တလုံးကို ယူသြားခိုင္းၿပီး ေခါင္းကို စြပ္ၿပီး ရပ္ေနေစသည္

“သာေအး ငါပစ္ေတာ့မယ္ ေနာ္ မင္းမတြန္႔နဲ႔ ၾကားလား ”

“ပစ္မွာ ျမန္ျမန္ပစ္ ဗ်ာ”

“ေအးပါဟ ”

ဖိုးေထြးသည္ ေလးဂြကို ဆြဲၿပီး ပစ္လိုက္ရာ သာေအးအားမထိေပ ထိုအခါသာေအးသည္

“ရၿပီ မမွန္တာ ေတာ့ က်ဳပ္လည္း မတက္ႏိုင္ဘူး ”

သာေအးသည္ ခြဲေတာင္းကို ခ်ခဲ့ၿပီး ဖိုးေထြးတို႔အနား ျပန္လာကာ

“က်ဳပ္သူရဲေကာင္းျဖစ္ၿပီေနာ္ ”

“ေအးပါကြာ ”

ထို႔‌ေနာက္ ေပတူး ေမာင္ဘိူးထင္ ၿပီးေနာက္ ဖိုးေထြးကိုယ္တိုင္တို႔အား ေလာက္ေလးဂြႏွင့္ အျပစ္ခံၿပီးေလာက္ သူရဲေကာင္း အျဖစ္သို႔ ေရာက္ရွိကုန္ရာ သာရ ႏွင့္ ဖိုးေထြးယူလာေသာ ၾကက္ေၾကာ္ ၾကက္သားခ်က္ ထန္းရည္ခ်ိဳတို႔ ႏွင့္ ေအာင္ပြဲခံေနၾကပါေလေတာ့သည္။

ေမာင္ဘိုးထင္တို႔ ေသာက္စားေနၾကစဥ္ ေအာင္သန္းတေယာက္ လြယ္အိတ္ကို လြယ္ ေလာက္ေလးဂြကို လက္က ကိုင္ၿပီး အေမာတေကာ ႏွင့္ အေျပးေရာက္လာကာ

“ကိုဖိုးေထြး ကိုဖိုးေထြ က်ဳပ္တို႔႐ြာဘက္ကို ”

အေမာတေကာ ေျပးလာေသာ ေအာင္သန္းအား ေမာင္ဘိုးထင္ သည္ ထန္းေရခ်ိဳေလးတခြက္ ကမ္းလိုက္ၿပီး ၾကက္‌ေၾကာ္ေလးအား ‌ဖဲ့ေပးလိုက္၏ ေအာင္သန္း သည္ ေမာင္ဘိုးထင္ ကမ္းေပးေသာ ထန္းရည္ ကို ယူေသာက္လိုက္ၿပီး ၾကက္ေၾကာ္ႀကိ စားလိုက္ကာ ေနာက္တခြက္ ထပ္ေတာင္းၿပီး အလယ္မွ ၾကက္ၾကာ္ကို ဖဲ့ၿပီး ျမည္းဘလိုက္ကာ အတန္ၾကာမွ

“ဟာ ကိုဖိုးေထြး။႐ြာဘက္ကို ဓားျပေတြ လာေနတယ္ ”

“ဟ မင္းေရာက္‌ေရာက္ ခ်င္းဘာလို႔မေျပာတာလဲ ကြာ”

“ေျပာမလို႔ပဲေလဗ်ာ ထန္းရည္နဲ႔ အျမည္းက ေကာင္းေနလို႔ ပါ”

“ေတာက္ ဒီအငတ္က လည္းတမ်ိဳး”

ဖိုးေထြသည္ ေအာင္သန္းကို မာန္မဲ လိုက္ကာ ဘာလုပ္လို႔ လုပ္ရမွန္းမသိ ျဖစ္ေနစဥ္ ေမာင္ဘိုးထင္မွ

“ကိုဖိုးေထြးတို႔ ဘာမွ မပူနဲ႔ ခင္ဗ်ားတို႔ က်ဳပ္ကို ယုံတယ္ မဟုတ္လား က်ဳပ္တို႔ ဓားျပေတြကို သြားခ်ၾကေအာင္ ”

“ငါတို႔ မွာက ေလးဂြပဲပါတာေလ သူတို႔က ဘာေတြ ပါမွန္းမသိဘူး ”

ဖိုးေထြး ႏွင့္ ေမာင္ဘိုးထင္ ေျပာေနခ်ိန္ ေအာင္သန္းသည္

“ဓားျပက ေလးေယာက္ဗ် ဓားေတြကိုင္ထားၾကတာ ႏြားးႏွစ္ေကာင္ကုိ လည္း ဆြဲလာေသးတယ္ ”

“ဘယ္နားမွာလဲ ”

“အေမႀကီး ငယ္ေလးအကြက္ ဘက္မွာ ”

“႐ြာနဲ႔ လွမ္းေတာ့ လွမ္းတယ္ ငါတို႔ သြား ၾကမယ္ ”

ဖိုးေထြးတို႔သည္ ေဟ့ ဝါး ေအာ္၍ အားမာန္တင္းလိုက္ၿပီး ေအာင္သန္းေခၚရ‌ေနာက္သိူ႔ လိုက္ပါသြားပါေလေတာ့သည္။

▪️အခန္း

ေမာင္ဘိုးထင္တို႔ အတန္ၾကာ လမ္းေလွ်ာက္ၿပီးေသာ အခါ ေအာင္သန္းမွ ကြၽန္မႏိုင္ပင္မ်ားၾကားထဲ ဝပ္ေနေစသည္ ေမာင္ဘိုးထင္တို႔လည္း ဝပ္လိုက္၏ သူတို႔၏ မလွမ္းမကမ္း လွည္းလမ္းတြင္ ဓားမ်ားကို ကိုင္ေဆာင္ထားေသာ လူမ်ာသည္ ေအာင္သန္းေျပာေသာ ေလးေယာက္ မဟုတ္ပဲ ငါးေယာက္ျဖစ္သည္ ၊ ဓါးမ်ားကိုေတာ့ တေယာက္‌တေခ်ာင္းကိုင္ထားၾကၿပီး ဓားျပမ်ားထဲမွ တေယာက္၏ လက္တြင္ေတာ့ ပုဆိုးႏွင့္ ထုပ္ထားေသာ အထုတ္တထုတ္အား ကိုင္ထားရာ ‌ဖိုးေထြးသည္ တိုးတိုးႏွင့္

“ေဟ့ေကာင္ေတြ အဲ့ ဟိုလူကိုင္ထားတဲ့ ပုဆိုးထုပ္ထဲက ေသနတ္ေတြျဖစ္မယ္ ”

“ဟုတ္ေလာက္တယ္ ငါတို႔ ဘယ္လို လုပ္မလဲ ဖိုးေထြး ”

ထိုအခါ ဖိုးေထြးသည္ ေမာင္ဘိုးထင္ ဘက္လွည့္ၿပီး မ်က္စာ ပစ္လိုက္ကာ

“မေန႔က က်ဳပ္အဘေျပာထားတဲ့ သရဲပူးၿပီး ခိုင္းတဲ့ နည္းေတာ့ ရွိတယ္ ခင္ဗ်ားတို႔ ကို ဝင္ပူးမွာ ဘယ္လိုလဲ လုပ္ရဲလား ”

ေမာင္ဘိုးထင္စကားၾကားေသာအခါ သူတို႔အားလုံး တေယာက္မ်က္ႏွာ တေယာက္ၾကည့္လိုက္ၿပီး ေခါင္းညိတ္ၿပီး သေဘာတူလိုက္ၾကသည္၊ ထိုအခါါ ေမာင္ဘိုးထင္သည္ သစ္႐ြက္ တ႐ြက္ကို ခူးကာ သူမွအပ က်န္သူမ်ား၏ လက္‌ေခ်ာင္းထိပ္ ေလးကို ေဖာက္ၿပီး ေသြးစေလးမ်ား အနည္းငယ္ ထည့္ကာ ေလသံတိုးတိုးႏွင့္

“ကိုဖိုးေထြးတို႔ က်ဳပ္ ခဏေနျပန္လာခဲ့မယ္ ဒီကပဲေစာင့္ ”

“ေအးေအး ျမန္ျမန္ေတာ့ျပန္လာ “,

ေမာင္ဘိုးထင္ ထြက္သြားလိုက္သည္ အတန္လွမ္းေသာ ေနရာေရာက္ေသာ အခါ သရဲ သဘက္မ်ားကို ျမင္ႏိုင္ေစရန္ မတၱန္တပုဒ္ကို ႐ြတ္လိုက္ၿပီး သူ၏ လက္ညႇိဳးျဖစ္ သူ၏ ေျခမွ ေျခစာ မႈန႔္ အနည္းငယ္ ကို ယူကာ ကြင္းလိုက္သည္ ထိုအခါ သစ္ပင္ မ်ားတြင္ ထိုင္သူ ထိုင္ သစ္ကိုင္းမွာ ေဇာက္ထိုး ေနသူက ေန ႏွင့္ သရဲ တေစၦ မ်ားစြာကို ေတြ႕ရသည္ ၊ ေမာင္ဘိုးထင္အား သူတို႔ကို မျမင္ဘူးအထင္ ႏွင့္ ဂ႐ုပင္မစိုက္ေပ သူအတန္ၾကာ သစ္ပင္ အရိပ္မ်ားကို လိုက္ၾကည့္ေနရာ ႀကီးမားေသာ ေညာင္ပင္ႀကီး တပင္အ‌ေရာက္ ခက္ထန္ၾကမ္းတန္းသည့္ ဟန္ႏွင့္ သရဲႀကီးငါးေကာင္ ထိုင္ေနေလသည္ ၊ ေမာင္ဘိုးထင္ ေထြေထြ ထူးထူး စဥ္း စားမေနေတာ့ပဲ ေသြးမ်ားထည့္ထားေသာ သစ္႐ြက္ ကိုယူကာ

“ဟ‌ဲ့ သ‌ရဲေတြ နင္တို႔ နဲ႔ ကမ္းလွမ္းစရာ ရွိတယ္ ”

ေမာင္ဘိုးထင္၏ စကားၾကားေသာအခါ သရဲႀကီးမ်ားသည္ ေမာင္ဘိုးထင္ကို ၾကည့္ၿပီး

“မင္းက တို႔ကို ျမင္ရတာလား”

“ေအးျမင္ရတယ္ မင္းတို႔ ငါခိုင္းတာ လုပ္ရင္ မင္းတို႔အားလံုးကို အမဲသား သုံးပိႆေကြၽးမယ္”

“မင္းတကယ္ေျပာတာလား ”

“ေအးတကယ္ေျပာတာ ”

“အဲ့တာဆိုလုပ္မယ္ ဘာလုပ္ရမွာလဲ ”

“ဒီေသြးေတြ ရဲ႕ ပိုင္ရွင္ေတြကို မင္းတို႔ ဝင္ပူးၾက ၿပီးရင္ ငါဘာလုပ္ရမယ္ဆိုတာ ခိုင္းမယ္ ”

ေမာင္ဘိုးထင္သည္ ေသြးမ်ားထည့္ထားေသာ သစ္႐ြက္အား သရဲႀကီးမ်ားေရွ႕ ခ်ေပးလိုက္ရာ သရဲႀကီးမ်ားသည္ သစ္႐ြက္ကို ဝိုင္းၿပီး နမ္းလိုက္ၿပီး အရိပ္ပမာ လွ်င္ျမန္စြာ ႏွင့္ ေျပးထြက္သြားၾကပါေလေတာ့သည္။

▪️အခန္း

ေမာင္ဘိုးထင္ ေညာင္ပင္ေအာက္မွ သရဲမ်ားႏွင့္ အေပးအယူတည့္ၿပီး၍ ဖိုးေထြးတို႔ရွိေသာ ေနရာကို ျပန္လာေသာအခါ ဖိုးေထြးတို႔ ငါးေယာက္လုံးသည္ မက္တပ္ရပ္လ်က္ရွိေနၿပီး မ်က္ေထာင့္မ်ားနီရဲကာ ‌ေခြၽမ်ားျပန္ေနေလသည္ ေနပုံထိုင္ပုံမ်ားသည္ လည္း လူၾကမ္းႀကီးမ်ားႏွင့္ တူေနေလရာ သရဲမ်ားဝင္ပူးေနသည္ဆိုတာ ေမာင္ဘိုးထင္သိလိုက္သည္ ထို႔ေနာက္ေမာင္ဘိုးထင္သည္ ဝင္အပူးခံေနရေသာ ဖိုးေထြးတို႔ ကုိၾကည့္ကာ

“မင္းတို႔ကို ခိုင္းမယ္ ဆိုတာ ဟိုလူေတြကို ႏိုင္ေအာင္ ခ်ခဲ့ သတ္ေတာ့ မသတ္နဲ႔ ၾကားလား “။

ဝင္ပူးခံေနရေသာ ဖိုးေထြးတို႔သည္ ဓားကိုင္ထားေသာ ဓါးျပ ငါးေယာက္ဘက္သို႔ ေျပးဝင္သြားၿပီး မယုံၾကည္ႏိုင္ေလာက္ေအာင္ လ်င္ျမန္‌ေသာအရရွိန္ႏွင့္ ဓါးမ်ားကိုယ္ ႐ိုက္ပုတ္ဖယ္ရွားကာ အေမွာက္သိပ္လိုက္‌ၾကေတာ့ ခဏ ေလးႏွင့္ ဓားျပမ်ား ေမွာက္သြားခ်ိန္ ဝင္ပူးခံေနရေသာ ဖိုးေထြးတို႔ သည္ တေယာက္ကို တေယာက္ၾကည့္ကာ ဓားမ်ားကို ေကာက္ကိုင္လိုက္ၿပီး

“ဟားးးဟားးး မိုးသီးတို႔ ဓားကိုင္လို႔ရေနၿပီေဟ့ ေဟ့ေကာင္ေတြ ငါတို႔ေတြ ဓါးမကိုင္ရတာဘယ္ေလာက္ၾကာၿပီလဲ ငါတို႔ အခု ဓါးျပသြားတိုက္ၾကမယ္ ငါ့ရဲ႕ စည္းမ်ဥ္းအတိုင္း လူမသတ္ရဘူး မုဒိမ္းမက်င့္ရဘူး ၾကားလား ”

“ဟုတ္ကဲ့ပါ ဗိုလ္မိုးသီး”

ေမာင္ဘိုးထင္ ေခြၽး‌မ်ားျပန္ေနၿပီ ျဖစ္သည္ လူဓားျပ ရန္က ကင္းျပန္ေသာ လည္း သရဲ ဓားျပမ်ားက ၾကမ္းေနေခ်ၿပီး အခုအခ်ိန္ သြားတားရင္ ဓားေနာက္ နဲ႔ ထုလိုက္မွျဖစ္ ဂိေနႏိုင္သည္၊ ဦးအုန္းေျပာေသာ သူတို႔ဝါသနာကို သိရမယ္ ဆိုေသာ အခ်က္ကို ေမ့ၿပီး ပူခိုင္းလိုက္မိသည္ ၊ ယခု သရဲမ်ား၏ ဝါသနာက ဓားျပတိုက္ခ်င္းျဖစ္ေလရာ ေမာင္ဘိုးထင္ ႀကံရာ မရသည္အဆုံး ဦးအုန္းဆီသို႔သာ အေျပးလွမ္းလိုက္ရပါေလေတာ့သည္ ။

▪️အခန္း

ေမာင္ဘိုးထင္သည္ ဦးအုန္းအား အေျပးေလးသြားေျပာၿပီး ခ်ိန္တြင္ေတာ့ အိမ္တြင္ ဦးအႏ္ုးက ရွိမေနပါ ၊ ေမာင္ဘိုးထင္ မည္သို႔ လုပ္ရမည္နည္းဟု ေတြးကာ ဟိုသြားလိုက္ဒီသြားလိုက္ လုပ္ေနရာ တနာရီမွ် ၾကာခ်ိန္တြင္ ဦးအုန္းျပန္ေရာက္လာသည္ ၊ ေမာင္ဘိုးထင္သည္ ျဖစ္ပ်က္သမွ် အကုန္ေျပာလိုက္ေသာ အခါ ဦးအုန္းသည္ သူ၏ လြယ္အိတ္ကို လြယ္ၿပီး ထြက္သြားေတာ့သည္ ၊ ေမာင္ဘိုးထင္ လိုက္မည္ျပဳရာ

“ေကာင္ေလး မင္းအိမ္မွာပဲေန တကယ့္ေကာင္ေတြ ငါကလည္း ဇက္ေက်ာဆြဲတာ ခံမိလိုက္တာကိုက ငါ့အျပစ္”

ဦးအုန္းတေယာက္ သူ႔ကိုယ္သူ အျပစ္တင္ကာ ႐ြာထဲ ထြက္သြားေတာ့ သည္ တန္းလ်ားတြင္ေတာ့ ေမာင္ဘိုးထင္ သည္ ထိုင္ရမလို ထရမလို ႏွင့္ မထိုင္ႏိုင္ပဲ ထလိုက္ ထိုင္လိုက္ျပဳလုပ္ေန၏ ေနာက္ဆုံး ထိန္းမရသည့္ အဆုံး ႐ြာထဲ သို႔လိုက္သြားလိုက္ပါေလေတာ့သည္ ၊ ႐ြာထဲတြင္ ဟိုးေလးတေၾကာ္ျဖစ္ေနသည္ ႐ြာလူႀကီးသား ဖိုးေထြးဦးေဆာင္ၿပီး သာရႏွင္ ကေလးမ်ား ဓားျပတိုက္သည္ ဟုသတင္းျဖစ္သည္ ၊ ထိုသတင္းၾကား၍ ေမာင္ဘိုးထင္သည္ ႐ြာလူးႀကီးအိမ္သြားစဥ္ ထိတ္တုံး တခုတြင္ သာရ ႏွင့္ ဖိုးေထြး က်န္ထိတ္တုံးတြင္ သာေအး ေပတူး ႏွင့္ ေအာင္သန္း တို႔ ျဖစ္ၿပီး မ်က္ကြင္း တဖက္စီညိဳေနေလသည္ ၊ ေမာင္ဘိုးထင္ ေသခ်ာၾကည့္ေသာ အခါ လင္သီးႏွင့္ထိုးခံထားရပုံေပၚ၏ ၊ ဖိုးေထြး ႏွင့္ သာရတို႔ သည္ ေမာင္ဘိုးထင္ကို ျမင္ေသာ အခါ ဖိုးေထြးမွ တန္းးလ်ားတြင္ ထိုင္ေနေသာ သူ၏ အဘအား

“အဘ အဘ က်ဳပ္တို႔ ဆရာႀကီးလာၿပီ က်ဳပ္တို႔ကို သူခိုင္းတာ ”

ဖိူေထြး၏ စကားေၾကာင့္ ေမာင္ဘိုးထင္ ေၾကာင္ေငးေနစဥ္ ႐ြာလူႀကီး‌ေရာက္လာၿပီး ဖိုးေထြးတို႔ ႏွင့္ အတူ ထိတ္တုံး ခက္ ခံလိုက္ရပါေလေတာ့သည္ ၊ ဖိုးေထြးႏွင့္ သာရသည္ ေမာင္ဘိုးထင္ သူတို႔ ႏွင့္ ထိတ္တံုးခက္ ခံရကာမွ အညိဳအမဲ စြဲေနေသာ မ်က္လံုးႏွင့္ သူ႔အားၾကည့္လိုက္ၿပီး ၿပဳံးျပကာ

“ဘိုးထင္ငါတို႔ သူရဲေကာင္း ျဖစ္ၿပီလား ”

“လာမ႐ြဲ႕ နဲ႔ ဗ်ာ အခု ကိစၥက က်ဳပ္တေယာက္ထဲ ေၾကာင့္ မဟုတ္ဘူး ”

“မင္းမွ အျပစ္မရွိဘူး အျပစ္ရွိတာ ဟိုငႏြားေအာင္သန္းေလး တို႔႐ြာက ခိုးသြားတဲ့ ႏြားကို ႏြားသူခိုးနဲ႔ပါ မိလို႔ ႐ြာျပန္လာပို႔တာကို ဓားျပဆိုၿပီး ျပတဲ့အဲ့ေကာင္ေၾကာင့္ ”

“ၿပီး‌‌ေတာ့ မင္းလည္း ဘာထူးလဲ ဓားျပသရဲကိုမွ ငါတို႔ကို ပူခိုင္းရတယ္လို႔ ဘိုးထင္ရယ္ ”

“ဘာျဖစ္လို႔လဲ ကိုသာရ ”

“႐ြာဝင္ဝင္ ခ်င္းက ငါႀကိဳက္ေနတဲ့ မိခ်ိဳရဲ႕အဘကို ငါဓါးျပတိုက္ရင္ ဓားေနာင့္ နဲ႔ ထု လိုက္မိယ္တဲ့ကြာ ငါ နဲ႔ မိခ်ိဳေလးေဝးပါၿပီကြာ ”

သာရသည္ ဝမ္းနည္းေၾကကြဲစြာေျပာေန၏ ေမာင္ဘိုးထင္မွာ ထိတ္တုံးခက္ခံထားရေသာ သာေအး ေပတူး ႏွင့္ ေအာင္သန္းတို႔ကို ၾကည့္လိုက္သည့္အခါ သူ႔အား ၿပဳံးျပေနသည္မို႔ စိတ္သက္သာရရသြားခ်ိန္ ဦးအုန္းေရာက္လာကာ ေမာင္ဘိုးထင္တို႔အား

“ေဟ့ေကာင္ေတြ ငါ ႐ြာလူႀကီးကို ေသခ်ာေျပာခဲ့ တယ္ မင္းတို႔ကာ မနက္ျဖန္မွ လႊတ္လိမ့္မယ္ ေကာင္ေလး ဘိုးထင္ မင္းက ဒီေလာက္အစြမ္းျပခ်င္ေနတာ မင္းကို စုန္းးေတြေပၚတဲ့ သဲကုန္႐ြာကို အလုပ္ခိုင္းဦးမယ္ မင္းေဘးက ေကာင္ႏွစ္ေယာက္ကိုပါ ေခၚသြား ၾကားလား ”

ေမာင္ဘိုးထင္ ေခါင္းညိတ္ၿပီးသာ အသိအမွတ္ျပဳခ်ိန္ ဦးအုန္းသည္ ဆက္ၿပီးစကားဆိုလာသည္

“ေတာ္ေသးတာေပါ့ကြာ စည္းရွိကမ္းရွိတဲ့ ဓားျပေတြ ဝင္ပူးလို႔သာပဲ လူသတ္ မုဒိမ္းက်င့္ တဲ့ ဓားျပေတြသာဝင္ပူးလို႔ကေတာ့ မင္းတို႔ ဒုကၡေရာက္ၿပီ ဒါေတာင္ ႐ြာထဲက လူငယ္‌ငါ‌း‌ေယာက္ေလာက္ သြားကြၽတ္ကုန္ေသးတယ္ ဟိုေကာင္သာရ မင္းနဲ႔ သာေအးက အဆိုးဆုံးတဲ့ ေတြ႕သမွ် နရင္းၾကည့္႐ိုက္ေနတာတဲ့ကြာ ”

ေမာင္ဘိုးထင္တို႔ ၿငိမ္‌ေနလိုက္သည္ ၊ ဖိုးေထြးသည္ ထိတ္တုံးမွ ထြင္းထားေသာ စာကိုၾကည့္လိုက္သည္ ေရအိုးစင္႐ြာ ဆိုသည္ကိုျမင္ေသာအခါ သူတို႔အား
ထိတ္တုံးခတ္ဖို႔ မေလာက္‌ေသာ‌ ေၾကာင့္ ေရအိုးစင္႐ြာမွ ထိတ္တုံးကို လွည္းနဲ႔ သြားသယ္ၿပီး သူတို႔အားခတ္ထားေသာ သူ၏ အဘ ႐ြာလူႀကီးမ်က္ႏွာ ႀကီးကို ျမင္ေယာင္မိသည္ ၊ ထိုေနာက္ ဘယ္သူမျပဳ မီ မီမႈ စကားအတိုင္ သူရဲေကာင္း ေခါင္းေဆာင္ ျဖစ္ခ်င္သည့္ အေတြးကို ေနာင္တ ရေနမိပါေလေတာ့သည္ ။

▪️ေအာက္လမ္းဘိုးႏွင့္ သူရဲေကာင္း သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ စုန္း႐ြာ ဟူေသာ ဇတ္လမ္းေလးအား တင္ဆက္‌ေပးပါမည္။

📝ေမာင္တင္ဆန္း

#mgtinsan