‘အောင်မြတ်သာနှင့်ကျောက်ခဲအပင်း”(စ/ဆုံး)

Uincode Version

”အောင်မြတ်သာနှင့်ကျောက်ခဲအပင်း”(စ/ဆုံး)
——————————————————–

“ ဒေါင် ဒေါင် ဒေါင် ဒေါင်”

ကျောင်းခေါင်းလောင်းတီးသံကြောင့် ကွင်းပြင်မှာ ဆော့ကစားနေကြတဲ့ ကလေးတွေအားလုံး ဝရုန်းသုန်းကားနဲ့ စာသင်ခန်းထဲကိုပြေးဝင်လာခဲ့ကြတယ်။

“ လူစုံပီလား…”

“ မစုံသေးဘူးဆရာမ… ဆောင်းနှင်းဖြူမလာသေးဘူး”

သွက်သွက်လက်လက်ရှိတဲ့ ကျောင်းသူမလေးရဲ့ စကားကြောင့် အတန်းပိုင်ဆရာမက ကျောင်းခန်းအပြင်ကိုထွက်ပြီး လိုက်ကြည့်ရာ လွယ်အိတ်ကိုလွယ်ပြီး အမောတကော ပြေးလာနေတဲ့ ဆောင်းနှင်းဖြူကိုမြင်လိုက်ရတယ်။

“ ကျောင်းတက်တာကြာနေပြီ.. ဘာလုပ်နေလို့ နောက်ကျနေတာလဲ”

“ အိမ်မှာ ထမင်းချက်တာ နောက်ကျလို့ စောင့်နေရတာဆရာမ”

ဆောင်းနှင်းဖြူစကားကြောင့်ဆရာမရဲ့လေသံက ပြောင်းသွားပြီး

“ ကဲကဲ စာသင်ခုံကိုအမြန်သွား..”

“ ဟုတ်ကဲ့”

ဆောင်းနှင်းဖြူ စာသင်ခုံရောက်တော့ အနောက်တန်းမှာထိုင်နေတဲ့ စန္ဒာခင်ဆိုတဲ့ကောင်မလေးက

“ ဒီကောင်မက ဆရာမကို သနားအောင် အပိုတွေလုပ်ပြနေတာ”

“ ဟုတ်ပါ့နော်… လူရှေ့ရောက်ရင် သူက အဲဒီတိုင်းပဲ”

မကြားတကြားပြောလိုက်တဲ့အသံကြောင့် ဆောင်းနှင်းဖြူရဲ့ မျက်စောင်းတစ်ချက်က အနောက်ကိုရောက်လာခဲ့တယ်။

“ ဟိုမှာ ငါတို့ကိုကြည့်နေပြီ…”

“ ကြည့်ပစေပေါ့… မှန်တာပြောတာပဲ ဂရုမစိုက်ပါဘူး”

စန္ဒာရွှေက ရှုံ့မဲ့တဲ့မျက်နှာထားတဲ့ ပြောပြီး ကျောင်းစာအုပ်ကို စားပွဲပေါ်ပစ်တင်လိုက်တယ်။

“ ဟိုကလေးတွေ စာအုပ်ထုပ်ခိုင်းတာ စကားများနေတယ်…”

ဆရာမရဲ့အော်သံကြောင့် စန္ဒာခင်တို့အဖွဲ့ငြိမ်သွားကြသလို မကြာမီအချိန်တွင်း စာသင်ခန်းထဲကနေ စာဆိုသံတွေထွက်ပေါ်လာခဲ့တယ်။

++++++

“ မြေးလေး… ကျောင်းကပြန်လာတာ မျက်နှာလဲ မကောင်းပါလား ဘာဖြစ်လို့လဲ”

“ ဘာမှမဖြစ်ပါဘူးအဖွား”

“ ဒီနားကိုလာစမြးပါဦး”

ဆောင်းနှင်းဖြူက လွယ်အိတ်ကို တိုင်မှာချိတ်ပြီး အဖွားနားမှာထိုင်လိုက်ချိန်မှာတော့ သားရည်တွေရှုံ့တွနေတဲ့လက်တစ်ဖက်က ပခုံးဆီကိုရောက်လာခဲ့တယ်။

“ မြေးလေး… အဖွားကိုမှန်မှန်ပြော ကျောင်းမှာ ဘာဖြစ်ခဲ့လို့လဲ… ဟိုကောင်မလေး ရန်စပြန်ပီလား”

“ အဖွား နောက်ရက်တွေ ထမင်းစောစော ချက်ပေးပါနော်… သမီးကျောင်းမတက်ခင် စာသင်ခန်းထဲရောက်ချင်တယ်”

“ အေးပါ မြေးလေးရယ်… အဖွား မနက်စောစော ဈေးရောင်းထွက်ပါ့မယ်၊ မြေးလေးက စာပဲကြိုးစား ဟုတ်ပီလား”

ဒေါ်မယ်တင်က ဆောင်းနှင်းဖြူကို ပွေ့ဖက်လိုက်တဲ့အချိန် မျက်လုံးထဲနေ မျက်ရည်စအချို့စီးကျလာခဲ့တယ်။

++++++

“ ဟင်းရွက်စုံတွေရမယ်နော်… ဟင်းရွက်စုံတွေရမယ်”

“ အမေကြီး လာပါဦးရှင့်”

“ လာပီ လာပီ”

“ ကန်စွန်းက တစ်စည်းဘယ်လောက်လဲ အမေကြီး”

“ နှစ်ဆယ်ပဲပေးလေ သမီး… သုံးစည်းယူ ငါးဆယ်ထားပေးမယ်”

“ ဒါဆို သုံးစည်းပေးနော်…”

ဒေါ်မယ်တင်က ကန်ရွက်စည်းထဲကနေ အရွက်များများပါတဲ့အစည်းကိုရွေးပေးလိုက်ရာ

“ အမေကြီး မြေးမလေးက ကျောင်းမှာ စာတော်တယ်လို့ကြားတယ်”

“ သူက ဉာဏ်ကောင်းတယ် သမီးရဲ့… ကျောင်းကပြန်လာတာနဲ့ စာပဲလုပ်နေတာ၊ ကစားတာတောင်ခပ်ရှားရှားပဲ”

“ အမေကြီးလဲ မြေးတစ်ယောက်အတွက် ပင်ပန်းနေရှာပါပြီ”

“ ပင်ပန်းတယ်လဲမဟုတ်ပါဘူးကွယ်၊ ကိုယ်က မိဘလိုဖြစ်နေတော့ နိုင်သလောက်ရှာကျွေးရမှာပေါ့”

ဟင်းရွက်ဗန်းကို ခေါင်းပေါ်ရွက်ပြီး ထွက်သွားတဲ့ ဒေါ်မယ်တင်ရဲ့ အတွေးထဲမှာတော့ ဒီနေ့ ထမင်းစောစောချက်နိုင်ဖို့ဆိုတာက စိုးမိုးနေခဲ့တယ်။

+++++

“ အဖွားရေ အဖွား”

“ ဟေ မြေးလေး ကျောင်းကပြန်ရောက်ပီလား”

“ ဒီနေ့ ထမင်းအစောကြီးကျက်နေပါလား”

“ မြေးလေး ကျောင်းနောက်မကျအောင် ချက်ထားပေးတာလေ၊ ကဲကဲ လွယ်အိတ်ကိုချ ထမင်းစားလိုက်ဦး”

ဆောင်းနှင်းဖြူလဲ အဖွားချက်ထားပေးတဲ့ ထမင်းနဲ့ဟင်းကို မြိန်ယှက်စွာစားပြီး ကျောင်းကိုပြန်လာခဲ့လိုက်တယ်။

ဒီနေ့ ကျောင်းကိုအစောကြီးရောက်နေတာကြောင့် စာသင်ခုံမှာထိုင်ပြီး ပျော်ရွှင်စွာဆော့ကစားနေကြတဲ့ ကလေးတွေကို ငေးကြည့်နေခဲ့တယ်။

“ ဒီနေ့ ထမင်းချက်တာ နောက်မကျတော့ဘူးထင်တယ်”

ကျောအနောက်ကနေ ထွက်လာတဲ့အသံကြောင့် စန္ဒာခင်တို့အုပ်စုရောက်နေပီဆိုတာ သိလိုက်ရတယ်။

“ ဟိတ်… မေးနေတာလဲမဖြေဘူး… ဘာလဲ နင်က ငါတို့ကိုစကားမပြောချင်လို့လား”

“ ငါ့ဘာသာအေးဆေးနေတာ မနှောက်ယှက်ပါနဲ့”

“ အောင်မာ… ငါ့အမေဆီက ယူထားတဲ့ ‌အကြွေးနဲ့ ထမင်းစားနေတဲ့ကောင်မကများ… လေကြီးလေကျယ်တွေပြောနေလိုက်တာ”

“ နင် တရားမလွန်လာနဲ့ စန္ဒာခင်”

“ ငါကအမှန်ပြောတာလေ… ငါပြောတာမယုံရင် နင့်အဖွားနင်ပြန်မေးလိုက်”

အခြားလူတွေရှေ့မှာ ပြောခံလိုက်ရတာကြောင့် ရှက်တဲ့စိတ်နဲ့ ခံပြင်းတဲ့စိတ်ရောထွေးပြီး

“ နင်ငါ့ကို လူကြားထဲအရှက်ခွဲရတာ ကျေနပ်တယ်မဟုတ်လား… အေး… ငါအခုလို ခံစားရသလို နင်လဲ ပြန်ခံစားရမယ်” လို့ပြောပြီး စာသင်ခန်းအပြင်ဘက်ကိုထွက်ပြေးသွားခဲ့တယ်။

အဲဒီနေ့ကစပြီး ဆောင်းနှင်းဖြူနဲ့ အဖွားမယ်တင်တို့ကို ရွာမှာမတွေ့ရတော့ပေ။

++++++

ဒီကိစ္စတွေဖြစ်ပြီး ဆယ်နှစ်ခန့်အကြာ…

“ အရှေ့ကိုလျှောက်ပါလို့… အနောက်ကိုတဲ့ မျှော်လိုက်ရင်… မျှော်လိုက်ရင်” ဆိုတဲ့ သီချင်းသံက ရွာဦးဘုန်းကြီးကျောင်းဆီကနေ ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။

ဘုန်းကြီးကျောင်းဝင်းထဲမှာတော့ ရှင်လောင်းလှည့်မယ့်သူတွေနဲ့ရွာရဲ့အချောအလှတွေက ဟန်တပြင်ပြင်ဖြစ်နေခဲ့ကြတယ်။

“ ရှင်လောင်းတွေကို ရွာတစ်ပတ် ပတ်မယ်ဟေ့”

ရွာဆော်ကိုတရုတ်ကြီးရဲ့အသံကြောင့် အလှူရှင်တွေ၊ ရှင်လောင်းတွေ၊ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေက အသီးသီးနေရာယူလိုက်ကြပြီး မကြာခင် ဆိုင်းသံဗုံသံတွေနဲ့အတူ ရှင်လောင်းလှည့်ပွဲကြီး စတင်လာခဲ့ကြတယ်။

“ စန္ဒာခင်… နင် ဒီနေ့အရမ်းလှနေတာနော်”

“ ခစ်ခစ်… နင်လဲ လှပါတယ် မြရီရဲ့”

ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်တွေက အချင်းချင်းစကားပြောရင်း လိုက်ပါလာခဲ့ကြပေမယ့် သူတို့ကို ခပ်ပြုံးပြုံး မျက်နှာထားနဲ့ စိုက်ကြည့်နေတဲ့သူတစ်ယောက်ရှိနေတာကိုတော့ သတိမထားမိခဲ့ကြပေ။

ရှင်လောင်းလှည့်အပြီး ညဘက်မှာတော့ မြို့ပေါ်ကနေ ငှားထားတဲ့အငြိမ့်အဖွဲ့နဲ့ ထပ်မံဧည့်ခံတာကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းအပြင်မှာ လူတွေကြိတ်ကြိတ်တိုးစည်ကားနေခဲ့တယ်။

“ ဒုန်း….”

ပခုံးချင်းတိုက်မိလိုက်တာကြောင့် စန္ဒာခင်လက်ထဲကိုင်ထားတဲ့ ကောက်ညှင်းကျဉ်တောက်အထုပ်က မြေကြီးပေါ်ပြုတ်ကျသွားခဲ့တယ်။

“ တောင်းပန်ပါတယ်ရှင်… ကျွန်မ တကယ်မမြင်လိုက်လို့ပါ…ဘာများဖြစ်သွားသေးလဲ”

“ ရပါတယ် ဘာမှမဖြစ်ပါဘူး… နောက်ဆို သတိထားပြီးလျောက်လေနော်”

စန္ဒာခင်က လွတ်ကျသွားတဲ့ ကောက်ညှင်းကျည်တောက်အထုပ်ကို ပြန်ကောက်ယူပြီး အငြိမ့်ကတဲ့ဘက်ကို ထွက်သွားတဲ့အချိန် ပခုံးချင်းတိုက်မိတဲ့မိန်းမက မဲ့ပြုံးတစ်ချက်ပြုံးကာ ပွဲခင်းထဲကနေ ပြန်ထွက်သွားခဲ့တယ်။

“ စန္ဒာခင် … နင်ဘယ်ရောက်သွားတာလဲ”

“ ကောက်ညှင်းကျည်တောက်သွားဝယ်တာလေ… နင်တို့လဲစားကြဦး”

“ ငါတို့လဲ ဗိုက်ဆာနေတာနဲ့အတော်ပဲ… ပေးပေး ငါခွာလိုက်မယ်”

မြရီက ကောက်ညှင်းကျဉ်တောက်ကို ကျွမ်းကျင်စွာခွာလိုက်ပြီး စန္ဒာခင်ကိုကမ်းပေးလိုက်တယ်။

ပွဲခင်းထဲမှာလဲ လူပျက်တွေရဲ့ ရယ်စရာပျက်လုံးကြောင့် တဝါးဝါးတဟားဟားနဲ့ ရယ်မောနေသလို လူသူမရှိတိတ်ဆိတ်တဲ့ တဲအိမ်တစ်လုံးထဲမှာလဲ မိန်းမတစ်ယောက်ရဲ့ သဘောကျစွာရယ်သံတစ်ခု ထွက်ပေါ်နေခဲ့တယ်။

+++++++

“ မြရီ… မြရီ ရှိလား”

“ ရှိတယ်လေ သူငယ်ချင်း… အိမ်ပေါ်တက်ပါဦး”

“ မတက်တော့ဘူး… စန္ဒာခင် နေမကောင်းဖြစ်နေတယ်ဆိုလို့ သွားကြည့်မလို့ နင်လိုက်ဦးမလား”

“ သူဘာဖြစ်လို့လဲ”

“ ရှင်ပြုပွဲပြီးထဲက တရှောင်ရှောင်ဖြစ်နေတယ်ပြောတာပဲ…ငါလဲ မနေ့ကမှ သူ့အမေနဲ့တွေ့လို့သိရတာ”

“ ငါက နင်ပြောမှသိတာ… ခဏလေးနော် ငါအဝတ်လဲလိုက်ဦးမယ်”

“ အေး ရတယ်… ဖြေးဖြေးလုပ်”

မြရီတို့လဲ လူနာသတင်းမေးဖို့ စန္ဒခင်တို့ အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ မျက်နှာအနည်းငယ် ချောင်ကျနေတဲ့ သူငယ်ချင်းဖြစ်သူကိုမြင်လိာက်ကြရတယ်။

“ စန္ဒာခင်… နင်သက်သာရဲ့လား”

“ ဒီလိုပါပဲ မြရီရယ်”

“ နင် ဆေးခန်းမပြဘူးလား”

“ ပြတယ်… မြို့ထိတက်ပြပြီပြီ… ဒါပေမယ့် ဆရာဝန်က အကုန်ကောင်းတယ်ပဲပြောနေတာ”

“ အခု နင် ဘယ်လိုခံစားနေရတာလဲ”

“ ငါအစားစားချင်စိတ်ကိုမရှိတာ… စားလိုက်ရင်လဲ ပါးစပ်ထဲဘာအရသာမှမရှိဘူး”

“ နင်ပါးစပ်ပျက်နေတာဖြစ်မှာပေါ့… ငါ့အမေသောက်တဲ့ သွေးဆေးသောက်ကြည့်ပါလား”

“ ငါဆေးတွေအကုန်သောက်ပြီးပြီ…”

“ ဟုတ်တယ် သမီးတို့ရေ… သူက ဘာစားစား အရသာမရှိဘူးပဲပြောနေတာ၊ မြို့ပေါ်ကဆရာဝန်ပြောတာကတော့ လျာမှာရှိတဲ့အာရုံခံအကြောထိခိုက်တာလဲ ဖြစ်နိုင်တယ်တဲ့”

“ အမေကလဲ အာရုံခံအကြောထိရင် ဘာအရသာမှ ခံစားလို့ရမှာမဟုတ်ဘူး… အခုက ထမင်းစားရင်သာ ဖြစ်တာ အခြားမုန့်ပဲသရေစာ စားရင် ဘာမှမဖြစ်ဘူးလေ”

“ နင့်ရောဂါကလဲ အဆန်းကြီးပါအေ… ထမင်းစားမရမှတော့ အဟာရပြတ်ပီပေါ့”

“ အဲဒါပြောတာပေါ့… အဟာရဖြစ်အောင် ကြက်သားစွပ်ပြုတ်တိုက်တော့လဲ သစ်ခေါက်ဖတ်ဝါးနေရသလိုပဲတဲ့”

မြရီတို့လဲ စန္ဒာခင်ခံစားနေရတာကို ကြည့်ပြီး ဘာလုပ်ပေးရမှန်းမသိဖြစ်နေတဲ့အချိန်

“ သရက်သီးချဉ်ငံစပ်တွေရမယ်နော်…” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

“ မြရီ… သရက်သီးသည်ခေါ်လိုက်ဦး.. ချဉ်ငံစပ်လေးစားရင် ပါးစပ်ပျက်တာသက်သာမလားပဲ”

စန္ဒာခင်စကားကြောင့် မြရီလဲ သရက်သီးသည်ကို လှမ်းခေါ်လိုက်ရတယ်။

“ သရက်သီးဘယ်လိုရောင်းလဲ”

“ တစ်လုံးကို တစ်ရာကျမယ်ရှင့်”

“ နင့်ဟာက ဈေးများလိုက်တာ… လျော့ပေးဦး”

“ မချစ်စုသီးမို့လို့ပါ… ဈေးမများပါဘူး”

“ အဲဒါဆိုရင် သုံးလုံးထည့်ပေး…”

သရက်သီးသည်ကောင်မလေးက အိပ်ယာ‌ပေါ်မှာ ထိုင်နေတဲ့ စန္ဒာခင်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး သရက်သီးကို အိတ်နဲ့ထုပ်ကာကမ်းပေးလိုက်တယ်။

“ ခဏနေဦး…”

စန္ဒာခင်အသံကြောင့် မြရီက လှည့်ကြည့်လိုက်ပြီး

“ ဘာဖြစ်လို့လဲ”

“ ခုနက သရက်သီးသည်ကို မြင်ဖူးနေသလိုပဲ”

“ ဒီလိုပဲ ရွာနီးချုပ်စပ်က ဈေးသည်တွေလာရောင်းနေကြကို မြင်ဖူးတာအဆန်းလုပ်လို့”

“ မဟုတ်သေးပါဘူးနော်… သူ့ကို ရင်းရင်းနှီးနှီး မြင်ဖူးနေတာ”

“ နေမကောင်းရတဲ့ထဲ ဘာတွေလျောက်တွေးနေလဲမသိဘူး… ရော့ သရက်သီးစားလိုက်”

မြရီက ဆားတို့ထားတဲ့ သရက်သီးစိပ်ကို စန္ဒာ‌ခင်ထံကမ်းပေးလိုက်တယ်။

++++++

ဒီလိုနဲ့ နှစ်လလောက်ကြာတော့ စန္ဒာခင်တစ်ယောက် အစားစားမရတဲ့ရောဂါကို ပိုခံစားလာရတယ်။ ဘာစားစား အန်ထွက်နေတဲ့အတွက် အစာအိမ်ကြောင့်ဖြစ်မလားဆိုပြီး ဆေးခန်းပြတော့လဲ အစာအိမ်ကဘာမှမဖြစ်ဘူးဆိုတဲ့အဖြေပဲရခဲ့တယ်။ လနဲ့ချီအစားစားမရတာကြောင့် လူတစ်ကိုယ်လုံး ပိန်ချုံးလာပေမယ့် ဝမ်းဗိုက်တစ်ခုကတော့ ရေဖျင်းတည်သလို ဖောင်းကားလာခဲ့တယ်။

ရွာနီးချုပ်စပ်မှာ အချောအလှဆုံးဖြစ်ခဲ့တဲ့ စန္ဒာခင်တစ်ယောက် အခုခါမှာတော့ အိမ်ထဲကအိမ်ပြင်မထွက်ရဲလောက်တဲ့ထိ ပိန်ချုံးသွားခဲ့တယ်။ မိဘဆွေကလဲ နာမည်ကြီးဆရာဝန်‌၊ နာမည်ကြီးသမားတော်တွေနဲ့ လိုက်ကုပေမယ့် မသက်သာတဲ့အတွက် သတ္တဝါတစ်ခု ကံတစ်ခုလို့သတ်မှတ်ကာ လက်လျော့တဲ့အဆင့်ထိရောက်လာခဲ့တယ်။

တစ်ရက်မှာတော့ စန္ဒာခင်တို့အိမ်မှာ သံဃာတွေဆွမ်းကပ်ပြီးတဲ့အချိန် စကားစပ်မိရာမှ ကျောင်းထိုင်ဆရာတော်က

“ ဒကာမလေး ရောဂါက သိပ္ပံနည်းနဲ့ အဖြေရှာမရရင် ဝိဇ္ဇာနည်းနဲ့အဖြေရှာကြည့်ဖို့ အကြံပေးချင်တယ်”

“ ဝိဇ္ဇာနည်းဆိုတာ ဘာကိုရည်ညွှန်း

တာလဲဘုရား”

“ မြန်မာနည်း မြန်မာဟန်နဲ့ ပယောဂစစ်ကြည့်ဖို့ပြောတာပါ ဒကာကြီး”

“ တပည့်တော်တို့က အဲလိုမျိုးတွေအယုံအကြည်မရှိပေမယ့် ဆရာတော်တိုက်တွန်းတာကြောင့် စစ်ကြည့်လိုက်ချင်ပါတယ်၊ ဒါပေမယ့် ပယောဂကုတဲ့ဆရာတွေနဲ့ အဆက်အသွယ်မရှိတာက ဆိုးတယ်ဘုရား”

“ အိမ်း… တိုက်ဆိုင်မှုလို့ပြောရမလားပဲ… မနေ့ညက ဘုန်းကြီးကျောင်းကို ပယောဂကုတဲ့ဆရာသုံးယောက် ရောက်လာတယ်၊ ဒီနေ့လည် ဆွမ်းစားပြီးချိန် ခရီးဆက်ကြမယ်လို့လဲ ပြောတယ်ကွယ့်၊ ဒကာကြီးတို့ဘက်က သဘောတူတယ်ဆိုရင် ကပ္ပိယကို အခုသွားခေါ်ခိုင်းလိုက်မလို့”

“ ဒီအခြေအနေထိရောက်လာမှတော့ စမ်းကြည့်ရမှာပေါ့ဘုရား”

“ ဟဲ့ ကပ္ပိယကြီး… ကျောင်းက ဆရာတွေကို အမြန်သွားခေါ်လာခဲ့”

“ တင်ပါဘုရား… အခုသွားခေါ်လိုက်ပါ့မယ်”

ကပ္ပိယကြီးထွက်သွားပြီး နာရီဝက်လောက်အကြာမှာတော့ အသက်၃၀ကျေယ်အရွယ်ခန့်ရှိတဲ့ လူငယ်သုံးယောက်နဲ့အတူပြန်ရောက်လာခဲ့တယ်။

“ ဆရာတော် ဘုရားအခေါ်လွှတ်တယ်ဆိုလို့ ရောက်လာတာပါဘုရား”

“ အေးကွယ့် မောင်ရင်တို့က ပယောဂကုတယ်ဆိုလို့ ဟောဒီက လူနာကို ကြည့်ပေးလို့ရအောင် ခေါ်ခိုင်းလိုက်တာ”

ဆရာတော်စကားကြောင့် ပါလာတဲ့လူသုံးယောက်ထဲက အရပ်မြင့်မြင့် အသားဖြူဖြူပုဂ္ဂိုလ်က လူနာကို ခေတ္တမျှစိုက်ကြည့်လိုက်ပြီး

“ တပည့်တော်တို့ ပယောဂရှိမရှိ စစ်ဆေးပါမယ်ဘုရား… တကယ်လို့ ရောဂါက ပယောဂကြောင့်ဆိုရင် ချက်ချင်းအမြစ်ပြတ်တဲ့ ကုပေးပါမယ်”

“ သာဓု သာဓု သာဓု ကွယ်… ဘုန်းကြီးလဲ မောင်ရင်တို့ကုတာ ကြည့်လိုက်ပါဦးမယ်”

“ အရှင်ဘုရား အပေါ်ဘက်ကိုကြွပါဘုရား”

ပယောဂဆရာတွေက ကျောင်းထိုင်ဆရာတော်ကို မြင့်တဲ့နေရာမှာ ထိုင်စေပြီး ပယောဂကုတဲ့အမှုကိုစတင်ခဲ့ကြတယ်။

“ လူနာက ဘာနေ့သမီးလဲ”

“ အင်္ဂါသမီးပါဆရာ”

“ နာမည်ကရော”

“ စန္ဒာခင်ပါဆရာ”

“ ကောင်းပြီ… စနေသမီး မစန္ဒာခင်ရဲ့ အသက်နဲ့ ခန္ဓာကို ဆရာတို့ဆီအပ်ပါ”

“ အပ်ပါတယ်ဆရာ”

“ ဆရာကလဲ စ‌နေသမီးရဲ့ အသက်နဲ့ခန္ဓာကို အထက်ဆရာကြီးတွေထံ ပြန်လည်အပ်နှံပါတယ်၊ ကဲ မောင်ကောင်း လူနာကို စကုဖို့ပြင်ပေတော့”

လူသုံးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူက မောင်ကောင်းဆိုတဲ့သူထံ အပ်ပြီး အခြားတပည့်တစ်ယောက်နဲ့အတူ

ဘေးကို ဖယ်နေလိုက်တယ်။

“ ရေတစ်ခွက်လောက်ရနိုင်မလား”

“ ရပါတယ်ဗျ”

မောင်ကောင်းက ရေတစ်ခွက်ရတာနဲ့ ဘုရားကျောင်းဆောင်ဘက်ကိုလှည့်ပြီး အထက်ဆရာတွေထံ ကုသခွင့်အရင်တောင်းခံလိုက်တယ်။ ပြီးတာနဲ့ ရေခွက်ထဲ လက်ညိုးထည့်ပြီး မွှေ့ကာ လူနာရဲ့ ဖခင်ဖြစ်သူထံကမ်းပေးလိုက်တယ်။

“ ဒီရေက လူနာမျက်လုံးထဲဝင်သွားတဲ့အခါ စပ်နေရင် ပယောဂရှိနေလို့ပဲ၊ ပယောဂမရှိရင် အေးနေလိမ့်မယ်”

“ရေကိုမျက်စဉ်းခပ်ရမှာလားဆရာ”

“ ဟုတ်တယ်.. မျက်စဉ်းခပ်ပေးလိုက်ပါ”

လူနာရဲ့ဖခင်ဖြစ်သူက ဖန်ခွက်ထဲက ရေကို လူနာရဲ့မျက်လုံးထဲ အစက်ချလိုက်ရာ

“ အား… စပ်တယ် အဖေ… စပ်တယ်”

“ ဘာမှသွားမလုပ်နဲ့ ခဏနေ သက်သာသွားလိမ့်မယ်”

ခဏနေတော့ စပ်နေတဲ့ဝေဒနာက တစ်ဖြေးဖြေးသက်သာလာခဲ့တယ်။

“ ကြည့်နေတဲ့သူတွေ သံသယကင်းသွားအောင် ဒီရေကို ဦးလေးမျက်လုံးထဲခပ်ကြည့်ပါ”

လူနာရဲ့ဖခင်လဲ ဖန်ခွက်ထဲကရေကို မျက်လုံးထဲခပ်လိုက်ရာ

“ အေးတာပဲသိတယ်… ပူတာစပ်တာမခံစားရဘူးဆရာ”

“ ဒါကဘာကိုပြလဲဆိုရင် ပယောဂရှိသူနဲ့ ပ‌ယောဂမရှိသူကိုပြတာ၊ အခု လူနာက ပယောဂရှိတာသေချာပီဆိုတော့ ဘယ်လိုပယောဂနဲ့ ပြုစားထားလဲဆိုတာ စစ်ရဦးမယ်”

မောင်ကောင်းက လူနာရဲ့ ဦးခေါင်းထက်မှာ ညာလက်ကိုတင်ပြီး ခန္ဓာကိုယ်ကိုမထိပဲသပ်ချနေတဲ့အချိန်

“ အား… ဆရာ… ဗိုက်ထဲကနေ လေထိုးသလိုအောင့်လာတယ်”

“ ဟုတ်ပီ… ဒါဆို အခုဘယ်လိုနေလဲ ပြောပေးနော်”

မောင်ကောင်းက ဝမ်း‌ဗိုက်ကို လက်ဝါးနဲ့အုပ်ပြီး လေထဲကနေ ဂျုံမှုန့်လုံးသလို ပွတ်လိုက်ရာ ဗိုက်ထဲကနေ အပြင်ကိုတိုးထွက်လာတဲ့ အဖုအလုံးတွေကို အရှင်းသားမြင်လိုက်ရတယ်။

“ ဝမ်းဗိုက်ထဲ အပင်းထည့်ထားတာပဲ… ရေဇလုံတစ်ခုရနိုင်မလား”

မောင်ကောင်းက ရေဇလုံတစ်လုံးတောင်းပြီးတာနဲ့ လေးကွက်အင်းကို မီးရှို့ကာ ရလာတဲ့ပြာကိုတိုက်လိုက်တဲ့အချိန် လူနာက ပျို့တက်လာခဲ့တယ်။

“ အန်ချင်ရင် အန်ချလိုက် အောင့်မထားနဲ့”

“ ဝေါ့… ဂလောက် ဂလောက်..”

“ ဟင်… ကျောက်စရစ်ခဲတွေ အန်ထွက်လာပါလား”

လူနာရော ကြည့်နေတဲ့သူတွေပါ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ကြတယ်။

“ ဘာမှမဖြစ်ဘူး… စိတ်ကိုမချုပ်ထားနဲ့ အန်ချလိုက်”

“ ဝေါ့…. ဂဒေါက် ဂဒေါက် ဂဒေါက်”

အပျစ်အချွဲတွေနဲ့ ကျောက်စရစ်ခဲတွေထပ်ပြီး အန်ထွက်လာခဲ့တယ်။ အတန်ကြာအန်ထုတ်ပြီးချိန်မှာတော့ ကျောက်ခဲအလုံးပေါင်း ၂၀ကျော်ထွက်လာခဲ့ပြီး လူနာရှင်ရဲ့ဝမ်းဗိုက်လဲ သိသိသာသာ ပိန်ကျသွားခဲ့တယ်။

“ ‌အန်ချင်နေသေးလား”

“ မအန်ချင်တော့ဘူးဆရာ”

“ အပင်းတွေကုန်မကုန်သိရအောင် အင်းပြာရေထပ်သောက်လိုက်ဦး”

လူနာလဲ အင်းပြာရည်ကိုထပ်သောက်လိုက်ရာ နောက်ထက်ပျို့တက်လာပြီး အချွဲအချို့အန်ထွက်လာခဲ့တယ်။

“ အပင်းတွေကုန်သွားပြီထင်တယ်၊ နေရတာသက်သာရဲ့လား”

“ သက်သာပါတယ်ဆရာ”

“ အခုလောလောဆယ် လူနာလဲ ပင်ပန်းနေပီဆိုတော့ မနက်ဖြန် ကျမှ ထပ်ကုပေးပါမယ်… ဒီနေ့တော့ နားလိုက်ပါဦး”

မောင်ကောင်းရဲ့ ကုသပုံကိုကြည့်ပြီး လူနာရှင်တွေရော ကျောင်းထိုင်ဆရာတော်ပါ သဘောကျသွားခဲ့တယ်။

“ ကျေးဇူးတင်ပါတယ်ဆရာတို့ရယ်… သမီးလေးက ဆရာတို့ပေးတဲ့အသက်ပဲရှိတော့တာ”

“ ရပါတယ်ဗျာ… ဒါက ကျွန်တော်တို့လုပ်ပေးရမယ့် တာဝန်ပဲလေ”

“ ဘယ်သူတွေကများ ဒီလိုမျိုးလုပ်တာလဲဆိုတာ သိခွင့်ရှိမလားဆရာ”

“ အဲလိုမျိုးတော့ ပြောလို့မရဘူး… ဒါက ကျွန်တော်တို့စောင့်ထိန်းရမယ့် စည်းတစ်ခုဖြစ်နေလို့ပါ”

“ ဟုတ်ကဲ့ဆရာ… ဒါဆိုရင် မနက်ဖြန် ဘယ်အချိန်လာပင့်ရမလဲဆရာ”

“ သံဃာတွေဆွမ်းစားပြီးချိန် လာခဲ့လိုက်ပါ…”

“ ဟုတ်ကဲ့ပါဆရာ…”

“ ကဲ ကိစ္စလဲပီးသင့်သလောက်ပီးပီဆိုတော့ ဘုန်းကြီးလဲကျောင်းကိုပြန်ရတော့မယ်၊ ဒကာလေးတို့လဲတူတူလိုက်ခဲ့လေ”

“ တင်ပါဘုရား… တပည့်တော်တို့ လိုက်လာခဲ့ပါ့မယ်”

++++++++

ဘုန်းကြီးကျောင်းပြန်ရောက်တော့ ကျောင်းထိုင်ဆရာတော်က

“ ဒကာလေးတို့ရဲ့ပညာကိုမြင်တော့ ဘုန်းကြီးငယ်ငယ်က ဆုံခဲ့ဖူးတဲ့လူတစ်ယောက်ကို သတိရသွားတယ်”

“ တင်ပါဘုရား… အဲဒီလူက အခုချိန်ဆို ရှိတောင်ရှိပါတော့မလား”

“ ဘယ်ရှိပါတော့မလဲ… သူကလဲ ဒကာလေးတို့လို အင်းစမတွေကိုအသုံးပြုပြီး ဆေးကုတာ၊ အာဏာစက်ကလဲပြင်းသလားမမေးနဲ့၊ တောပိုင်တောင်ပိုင်တွေတောင် သူ့အာဏာစက်နဲ့ခေါ်ရင် စက္ကန့်ပိုင်းအတွင်းဝင်လာရတာပဲ၊ အဲဒီတုန်းက သူတို့လဲ လူသုံးယောက်ပဲကွယ့်…”

ဆရာတော်စကားကြောင့် အောင်မြတ်သာက နက်မှောင်နေတဲ့ မျက်ခုံးနှစ်ခုကို အနည်းငယ်တွန့်လိုက်ပြီး

“ ဆရာတော်က ဘယ်ဇာတိလဲဗျ”

“ ဘုန်းကြီးဇာတိက ကရင်ပြည်နယ်ဘက်ကလေ၊ အဇိုင်းရွာလို့ခေါ်တယ်”

အဇိုင်းရွာဆိုတဲ့စကားက အောင်မြတ်သာရဲ့ နားထဲကိုတိုးဝင်သွားပြီး အတွေးထဲမှာလဲ ကညင်ပင်ပေါ်မှာကြီးစိုးနေတဲ့ ပုဂ္ဂိုလ်ကိုဆုံးမခဲ့တဲ့

ပုံရိပ်တွေရုပ်ရှင်ပြသလိုပေါ်လာခဲ့တယ်။

(ဒီအကြောင်းအရာကို အောင်မြတ်သာနှင့် ကညင်ပင်စောင့်နတ်ဝတ္တုမှာဖတ်ရှုနိုင်ပါသည်)

“ ဆရာတော်က ကရင်တိုင်းရင်းသားလား”

“ ဟုတ်တယ် ဒကာလေး… ဘုန်းကြီးက ရွာကနေ ထွက်လာပြီး ပရိယတ္တိစာပေတွေသင်ရင်း ဒီကျောင်းမှာ ကျောင်းထိုင်လိုက်ရတာ၊ ရွာမှာလဲ မိဘတွေမရှိတော့တာမို့ မပြန်ဖြစ်တာတောင်ကြာပါပြီ”

“ တင်ပါဘုရား…လူ့ဘောင်က ကျဉ်းကျဉ်းလေးမို့ သံသရာတစ်ကွေ့ကွေ့မှာပြန်ဆုံကြနိုင်တာပဲလေ”

“ ဒကာလေးတို့ကိုမြင်တော့ သူတို့ကိုသတိရသွားလို့ပါ၊ ကဲကဲ နေ့လည်နေ့ခင်း နားလိုက်ကြဦး”

ဆရာတော်က စကားစကိုဖြတ်ပြီး ကျက်သရေခန်းထဲကိုဝင်သွားတဲ့အချိန် အောင်မြတ်သာက

“ ဒီနေ့ ကုရတဲ့လူနာအပေါ် ဘယ်လိုမြင်လဲ”

“ ကျွန်တော်ကတော့ အငြိုးအတေးတစ်ခုခုကြောင့် လုပ်တာလို့ထင်တယ်”

“ ခွန်းလှကရော ဘယ်လိုမြင်လဲ”

“ သူငယ်ချင်း အချင်းချင်း မနာလိုလို့ လုပ်တာလို့ထင်တယ်၊ ဘာကြောင့်လံဆိုတော့ ကောင်မလေးက အတော်ကိုပိန်ချုံးကျသွားပြီး နဂိုရုပ်နဲ့လုံးဝမတူတာ သတိထားမိလိုက်တယ်”

“ နဂိုရုပ်ကို မင်းက ဘယ်လိုသိတာလဲကွ… ပြောစမ်းပါဦး”

“ အကိုကလဲ လူနာရဲ့ ဓါတ်ပုံကို နရံမှာကပ်ထားတယ်လေဗျာ… ရှင်ပြုတုန်းက ရိုက်ထားတယ်ထင်တာပဲ… ဘယ်လိုသိလဲမမေးနဲ့နော်… လက်ထဲမှာ ကွမ်းတောင်ကိုင်ထားလို့ သိတာ”

မောင်ကောင်းနဲ့ ခွန်းလှစကားကြောင့် အောင်မြတ်သာ ပြုံးလိုက်ပြီး

“ မင်းတို့နှစ်ယောက်လုံးတွေးတာဖြစ်နိုင်တယ်… လုပ်တဲ့သူကလဲ ဒီရွာထဲကဖြစ်ဖို့များတယ်… ဒါကြောင့် စွဲရင်းကိုမခေါ်ခိုင်းခဲ့တာ”

“ ဒီတိုင်းလွှတ်ပေးလိုက်တော့မလို့လားဆရာ”

“ လွှတ်ပေးလိုက်ရင် ပိုအတင့်ရဲလာမှာလဲစိတ်ပူတယ်၊ ဒါကြောင့် ညကျရင် စွဲရင်းခေါ်ပြီး ဆုံးမဖို့စဉ်းစားထားတယ်”

“ ကောင်းတယ်ဆရာ… ကျွန်တော်တို့ စွဲရင်းခေါ်တာကို ဆရာတော်ကိုတော့အသိပေးရမယ်ထင်တယ်နော်”

“ ဆရာတော်ကိုပါ ခေါ်ထားရမှာပေါ့… ဒီကျောင်းမှာ ငါတို့က ဧည့်သည်ဖြစ်နေတာမို့ ကိုယ့်ထင်သလိုလုပ်လို့မကောင်းဘူးလေ”

“ ဟုတ်ကဲ့ဆရာ… ဒါဆို ကျွန်တော်တို့ လိုအပ်တာတွေပြင်ဆင်ထားလိုက်ပါမယ်”

++++

ညဦးပိုင်းရောက်တော့ ဆရာတော်ကို အကျိုးကြောင်းပြောပြလိုက်ရာ

“ ဘုန်းကြီးလဲ ဒီလိုမျိုးဖြစ်စေချင်တာ… ဒကာလေးတို့ စွဲရင်းခေါ်တဲ့အခါ အာဂန္တုတွေ လာရင်တည်းဖို့ဆောက်ထားတဲ့ ကျောင်းကိုအသုံးပြုလို့ရတယ်နော်၊ ဒီမှာက ကပ္ပိယတွေနဲ့ သံဃာတော်တွေ အဝင်အထွက်များတာကြောင့် မလိုလားအပ်တာတွေဖြစ်မှာစိတ်ပူလို့ပါ”

“ ဆရာတော် စီစဉ်ပေးတာ ကျေးဇူးတင်ပါတယ်၊ တပည့်တော်တို့ ညဆယ်နာရီ စွဲရင်းခေါ်တဲ့အခါ ဆရာတော်ကို လာပင့်ပါ့မယ်ဘုရား”

“ အေးအေး… ဘုန်းကြီးအသင့်ပြင်ထားလိုက်မယ်”

ညဆယ်နာရီရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်တွေရော၊ ဆရာတော်ပါ ကျောင်းပေါ်ကိုရောက်လာခဲ့ကြတယ်။ မောင်ကောင်းက ဆရာတော်ကို နေရာထိုင်ခင်း စီစဉ်ပေးပြီးတာနဲ့ အလင်းရောင်ရအောင် ဖယောင်းတိုင်တွေလိုက်ထွန်းနေခဲ့တယ်။

အားလုံးပြင်ဆင်ပြီးချိန်မှာတော့ အောင်မြတ်သာက ဘုရားရှိခိုး သီလခံယူပြီး ပွင့်တော်မူပြီးသော ဘုရားလေးဆူနဲ့ အထက်ဆရာတွေဆီ ခွင့်ပြုမိန့်တောင်းခံလိုက်တယ်။ ပြီးတာနဲ့ လှေကားအတက်အဆင်းကို စိုက်ကြည့်ပြီး

“ အင်္ဂါသမီး၊ မစန္ဒာခင်၏ ခန္ဓာကိုယ်ထဲသို့ ကျောက်ခဲအပင်းထည့်သွင်းနှိပ်စက်ထားတဲ့ ပညာသည် ကျုပ်ထိုင်နေတဲ့ရှေ့ကို မူလပုံစံအတိုင်း ရောက်စေ၊ တကယ်လို့ အမိန့်ကို မနာခံပဲ တင်းခံနေပါက ခန္ဓာကိုယ်နဲ့ထိစပ်တဲ့နေရာတိုင်း ငရဲမီးတောက်ပေါ်လာစေသား” လို့ပြောပြီး ကြမ်းကို လက်ဝါးနဲ့ရိုက်ကာ ‌ထိုင်ကြည့်နေခဲ့တယ်။

ဒီလိုနဲ့ ဆယ်ငါးမိနစ်လောက်ကြာတော့ ဘုန်းကြီးကျောင်းအပြင်တံစက်မြိတ်မှာမိုးထားတဲ့ ဖက်တွေက လေမတိုက်ပဲ တဖျတ်ဖျတ်နဲ့ လှုပ်ခါလာတာကို မြင်တွေ့လိုက်ရတယ်။

“ အရှင်ဘုရား… တံဆက်မြိတ်က ဖက်တွေလှုပ်နေတာကိုမြင်တယ်မဟုတ်လား”

“ မြင်တယ် ဒကာလေး… လေမတိုက်ပဲ ဘာကြောင့် လှုပ်ခါနေတာလဲ”

“ အဲဒါက ပညာသည်ရဲ့ စက်တွေရောက်လာလို့ဘုရား… သူလာနေပြီဖြစ်ကြောင်း သတင်းအရင်ပေးတာလို့လဲ ယူဆလို့ရတယ်”

“ ရွာမှာနေတဲ့သူဆိုရင်တော့ ဘုန်းကြီးသိမှာပဲ… ဒါပေမယ့် သိခဲ့ရင်တောင် စိတ်ထဲမှာပဲ သိမ်းထားမှာပါ”

“ ယုံကြည်ပါတယ်ဘုရား… ဒါကြောင့် ဆရာတော်ကိုပါပင့်ထားတာပါ”

အောင်မြတ်သာနဲ့ ဆရာတော်တို့ စကားစမြည်ပြောနေတဲ့အချိန် ကျောင်းအနောက်ဘက်အပေါက်ကနေ လမ်းလျောက်လာတဲ့ လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရတယ်။

ပဝါကို မျက်နှာမပေါ်အောင်ခြုံထားတဲ့ မိန်းမတစ်ယောက်က ကျောင်းလှေကားရင်းရောက်တော့ ရပ်လိုက်ပြီး

“ ဆရာခေါ်လို့ အရောက်လာခဲ့ပါတယ်၊ ဘာကိစ္စရှိလို့လဲ”

“ ကျောင်းပေါ်ကိုအရင်တက်လာခဲ့ပါ”

“ မတက်ချင်ပါဘူး… အနားကပ်လာရင် ပိုပူလို့ အောက်ကနေပဲပြောပါမယ်”

“ ဒါဆိုရင်လဲ ကျုပ်မေးတာကို အမှန်တိုင်းဖြေပါ၊ လိမ်ညာပြောဆိုရင် သင်လဲနာကျင်မှုကိုခံစားရလိမ့်မယ်၊ ကျုပ်အနေနဲ့လဲ သင့်ကိုနာကျင်အောင်မလုပ်ချင်ဘူး”

“ ကျွန်မက လုပ်ရဲသလို လုပ်ထားတာကိုလဲ ပြန်ခံရဲပါတယ်.. ဆရာမြင်ဖူးတဲ့ပညာသည်တွေလို လိမ်ညာပြောမယ့်သူမဟုတ်ဘူး”

ခပ်ပြတ်ပြတ်ပြောလိုက်တဲ့စကားကြောင့် အောင်မြတ်သာ သဘောကျစွာပြုံးလိုက်ပြီး

“ အင်္ဂါသမီးကို အပင်းသွင်းထားတာ သင်လား”

“ ဟုတ်တယ်… အစကတော့ သေတဲ့ထိရည်ရွယ်ထားပေမယ့် ဆရာတို့ ကုပေးလိုက်တာကြောင့် သေတဲ့အထိတော့မရတော့ဘူးပေါ့”

“ ဘာကြောင့် အခုလိုလုပ်ရတာလဲ”

“ နှစ်ပေါင်းများစွာမြိုသိပ်လာရတဲ့ နာကျဉ်းချက်တွေကြောင့် လုပ်တာ”

“ သူက သင့်အပေါ်ဘာတွေလုပ်ခဲ့လို့ ဒီလောက်နာကျဉ်းနေတာလဲ”

“ ဒီအကြောင်းတွေကိုသိတော့ရော ဆရာတို့အနေနဲ့ ဘာမှထူးလာမှာမဟုတ်ပါဘူး… အခု ကျွန်မဆရာတို့ပညာကို မလွန်ဆန်နိုင်လို့ ခေါ်တဲ့အတိုင်းရောက်လာပါပြီ၊ ကျွန်မကို အပြစ်ပေးမယ်ဆိုရင်လဲ ခံယူပါမယ်”

“ ဟိတ် ကောင်မလေး… စကားပြောတာ ရိုင်းလှချည်လား… ငါ လုပ်လိုက်ရ”

ဆရာတော်က စိတ်မရှည်တဲ့ဟန်နဲ့ ဟိန်းဟောက်လိုက်ရာ အောင်မြတ်သာက

“ တပည့်တော် ပြောကြည့်ပါဦးမယ်ဘုရား… ကဲ သင်က ခပ်ပြတ်ပြတ်ပြောတော့လဲ ကျုပ်လဲ ခပ်ပြတ်ပြတ်ပြောမယ်…. သင် ပြုစားထားတဲ့ ပညာတွေအားလုံးကို ဒီညထဲအပြီးပြန်နှုတ်ပါ၊ မနက်ဆွမ်းစားပြီးချိန်ရောက်လို့ လူနာမှာ ပယောဂတစ်စုံတစ်ခုကျန်နေသေးတယ်ဆိုရင် ကျုပ်အဆိုးမဆိုပါနဲ့”

“ ဟက်ဟက်… မနိုင်မှန်းသိလျက်နဲ့ ကျွန်မအသက်ကိုအဆုံးခံပြီး မပြိုင်ပါဘူးရှင်… ဆရာတို့ပြောတဲ့အတိုင်း ပညာတွေပြန်နှုတ်လိုက်ပါမယ်၊ ဒီလောက်ဆို ကျွန်မပြန်လို့ရပြီလား”

“ မရသေးဘူး… သင်ပြောတဲ့အတိုင်း တည်ဖို့အတွက် သစ္စာရေသောက်ရဦးမယ်”

သစ္စာရေဆိုတဲ့အသံကြောင့် ကျောင်းအောက်မှာရပ်နေတဲ့ မိန်းကလေးက ခေါင်းကိုမော့ကြည့်လိုက်ရာ ခြုံထည်အောက်ကနေ ဖျတ်ခနဲပွင့်လာတဲ့ မျက်ဝန်းညိုညိုတစ်စုံကို မြင်လိုက်ရတယ်။

“ သင့်မှာ ရွေးချယ်စရာတစ်ခုရှိတယ်… ပညာကိုစွန့်မလား၊ သစ္စာရေသောက်မလား”

“ တောက်စ်… ဒင်းနဲ့အပေါင်းအပါတွေ ခံစားရတာကြည့်မလို့ ပြန်လာပါတယ်ဆိုမှ ဆရာတွေနဲ့လာတိုးနေတယ်”

“ သင်က စန္ဒာခင်ကိုအတော်မုန်းနေတာပဲ”

“ ဆရာတို့ခံသွားလို့နော် မဟုတ်ရင် ဒီကောင်‌မတွေ အကုန်သေတယ်”

“ သင်တို့ရဲ့အညိုးအတေးတွေဘယ်လိုရှိခဲ့တယ် ဆိုတာ ကျုပ်မသိချင်ဘူး… အခု ကျုပ်ပြောတဲ့အတိုင်းလိုက်နာမှာလား၊ မလိုက်နာဘူးလား”

“ မလိုက်နာလို့လဲမရဘူးလေ… ဘေးနားမှာဝိုင်းထားတဲ့ အစောင့်တွေက ကျွန်မကို ရစရာမရှိအောင် ခုတ်ပိုင်းလိုက်မှာပေါ့”

“ ဒါဆို သစ္စာဆို… မောင်ကောင်း ရေတစ်ခွက်သွားပေးလိုက်”

မောင်ကောင်းလဲ ရေအိုးထဲကရေတစ်ခွက်ခပ်ပြီး ကျောင်းအောက်မှာရပ်နေတဲ့သူကို ကမ်းပေးလိုက်တယ်။

“ ကျုပ်ဆိုတဲ့အတိုင်း လိုက်ဆို၊ ကျွန်မသည်”

“ ကျွန်မသည်”

“ အင်္ဂါသမီးနှင့် အခြားအပေါင်းအပါများအား”

“ အင်္ဂါသမီးနှင့် အခြားအပေါင်းအပါများအား”

“ အသက်အန္တရာယ်ထိခိုက်စေအောင် ဘယ်သောအခါမှ မပြုစားတော့ပါ၊ ဤသစ္စာစကားမှန်ကန်ပါက ယခုဘဝထက်ကောင်းမွန်သောဘဝကို ရရှိပါစေသား၊ အကယ်၍ သစ္စာဖောက်ဖျက်ခဲ့ပါက သွေးပွက်ပွက်အန်၍သေဆုံးပါစေ၊ သေဆုံးပြီးလျှင်လည်း အဝီဇိငရဲသို့ကျရောက်ပါ‌စေသား”

အောင်မြတ်သာတိုင်ပေးတဲ့စကားကို နောက်ဆုံးအချိန်မှာ လိုက်မဆိုပဲ တင်းခံနေတာကြောင့်

“ ဟိတ်… ဘာလို့လိုက်မဆိုတာလဲ”

“ အဟီးအဟီး အဟင့်… အဖွားကိုပေးထားတဲ့ကတိ သမီးမတည်နိုင်တော့ဘူး… ဒင်းတို့ကို ကလဲ့စားမချေနိုင်တော့ဘူး အီးဟီးဟီး”ဆိုပြီး ငိုကြွေးပါလေရော။ အတန်ကြာငိုပြီးကာမှ မျက်ရည်တွေကိုသုတ်ကာ နောက်ဆုံးသစ္စာကိုဆိုပြီး သောက်ချခဲ့တယ်။

“ သင်ရဲ့ အမုန်းကကြီးလိုက်တာ”

“ ကျွန်မ သူတို့ကို ကလဲ့စားချေဖို့ ဆယ်နှစ်တိတိ ကြိုးစားခဲ့တာ၊ ဒါပေမယ့် မျှော်မှန်းထားသလို မဖြစ်လာခဲ့ဘူး၊ ဆရာတို့ တော်ပါတယ် ဟက်ဟက် တကယ်ကိုတော်ပါတယ်”

“ စိတ်လျော့ပါ မိန်းကလေး… အမုန်းတရားဆိုတာ ကိုယ့်ကိုအရင်ပူလောင်စေတယ်၊ သင်ကိုယ်တိုင် အေးချမ်းချင်ရင် အမုန်းတွေကို စိတ်ထဲကနေ ထုတ်ပစ်လိုက်ပါ၊ အခုတော့ သင်လိုရာသွားနိုင်ပါပြီ”

အောင်မြတ်သာခွင့်ပြုလိုက်တော့ ခြုံထည်ခြုံထားတဲ့မိန်းကလေးက လေးပင်တဲ့ခြေလှမ်းတွေနဲ့ ဘုန်းကြီးကျောင်းအနောက်ဘက်အမှောင်ထုထဲကို ထွက်သွားခဲ့တယ်။

++++

ဒီကိစ္စတွေဖြစ်ပြီး နှစ်ရက်လောက်အကြာမှာတော့ လူနာက ပြန်လည်ထူထူထောင်ထောင်ဖြစ်လာပြီး အစားလဲပြန်စားနိုင်ပြီဆိုတဲ့သတင်းကိုကြားလိုက်ရတယ်။

အောင်မြတ်သာတို့လဲ ဆရာတော်ရဲ့ မေတ္တာရပ်ခံမှုကြောင့် ရွာမှာရှိတဲ့သူတွေကို တန်ပြန်အဆောင်တွေပြုလုပ်ပေးပြီး သူတစ်ပါး နှောက်ယှက်လို့မရအောင် စီမံပေးခဲ့ကြတယ်။

ရွာမှာနေတာ ခြောက်ရက်မြောက်နေ့ အရုဏ်တက်ချိန်မှာတော့ ဆရာတော်ကို ခွင့်တောင်းကာ ရွာထဲကနေ တိတ်တိတ်လေး ထွက်လာခဲ့ကြတယ်။

အောင်မြတ်သာတို့ ရွာအပြင်ကွင်းစပ်အရောက်မှာ မျက်နှာကိုပဝါအုပ်ထားတဲ့ အမယ်အိုတစ်ယောက် အမှောင်ထုထဲကနေတိတ်တဆိတ်ချောင်းကြည့်ရင်း

“ ငါ့မြေး စိတ်ထိခိုက်အောင် လုပ်တဲ့သူတွေ မယ်တင်အကြောင်း ကောင်းကောင်းသိစေရမယ်”လို့ အသံအုပ်အုပ်နဲ့ ကြိမ်းဝါးလိုက်တဲ့အချိန် အနားမှာရှိတဲ့ ညောင်ပင်ကနေ ပုဆိုးကိုမြောက်နေအောင်ကျိုက်ထားပြီး ခေါင်းပေါင်းပေါင်းထားတဲ့ အဖိုးအိုတစ်ယောက် လမ်းလျောက်ဆင်းလာတာကိုမြင်လိုက်ရတယ်။

“ ဟဲ့ မယ်တင်… နင်က ကျောက်ဆောင်ကို ကြက်ဥနဲ့ပေါက်ဦးမလို့လား”

“ သူတို့ကြောင့် ကျွန်မမြေးမလေး စိတ်ဆင်းရဲနေရပြီ၊ ဒါကို ကြည့်မနေနိုင်ပါဘူး”

“ နင်နဲ့တော့ ခက်ပြီ မယ်တင်ရေ… နင်အံတုမယ့်ဆိုရင်လဲ အံတုမယ့်သူရဲ့အကြောင်းကို စုံစမ်းရတယ်ကွယ့်”

“ သူတို့လဲ သတိလျော့တဲ့အချိန်ရှိမှာပဲလေ…အဲဒီအချိန်ကိုစောင့်ပြီး ဆုံးမရမှာပေါ့”

“ အဲဒီပုဂ္ဂိုလ်က နင်တို့ရဲ့အချုပ် ရေယဉ်ကတော်ကိုတောင် ဆင့်ခေါ်နိုင်တဲ့ အင်းဝိဇ္ဇာတစ်ပါးပဲ”

“ ဒီလူရွယ်လေးက အင်းဝိဇ္ဇာ ဟုတ်လား.. ဖိုးကြာပန်း”

“ လူရွယ်လို့မခေါ်နဲ့… သူ့ရဲ့အသက်အမှန်က ငါတို့သက်တမ်းနှစ်ဆလောက်ရှိတယ်”

“ အမလေး တော်ပါသေးရဲ့… ဆရာအစစ်အမှန်ကိုပစ်မှားမိတော့မလို့”

“ သွား သွား ကိုယ့်နေရာကိုယ်ပြန်… သူတို့မှာလဲ အခြားသူတွေကို ကယ်တင်ရမယ့်တာဝန်ရှိသေးတယ်၊ လိုက်မနှောက်ယှက်နဲ့တော့”

ဖိုးကြာပန်းဆိုသူက မယ်တင်ဆိုတဲ့ အဖွားကြီးကို မောင်းထုတ်လိုက်ပြီး ညောင်ပင်ပေါ်ကို လမ်းလျောက်ကာပြန်တက်သွားခဲ့တယ်။

+++++

ဖိုးကြာပန်းဆိုတဲ့သူက အောင်မြတ်သာတို့နဲ့ ဘယ်လိုပတ်သတ်နေတာလဲဆိုတဲ့အကြောင်းအရာကိုတော့ ‌ “ အောင်မြတ်သာနှင့် ကြာပန်းရတနာသိုက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

”ေအာင္ျမတ္သာႏွင့္ေက်ာက္ခဲအပင္း”(စ/ဆုံး)
——————————————————–

“ ေဒါင္ ေဒါင္ ေဒါင္ ေဒါင္”

ေက်ာင္းေခါင္းေလာင္းတီးသံေၾကာင့္ ကြင္းျပင္မွာ ေဆာ့ကစားေနၾကတဲ့ ကေလးေတြအားလုံး ဝ႐ုန္းသုန္းကားနဲ႔ စာသင္ခန္းထဲကိုေျပးဝင္လာခဲ့ၾကတယ္။

“ လူစုံပီလား…”

“ မစုံေသးဘူးဆရာမ… ေဆာင္းႏွင္းျဖဴမလာေသးဘူး”

သြက္သြက္လက္လက္ရွိတဲ့ ေက်ာင္းသူမေလးရဲ႕ စကားေၾကာင့္ အတန္းပိုင္ဆရာမက ေက်ာင္းခန္းအျပင္ကိုထြက္ၿပီး လိုက္ၾကည့္ရာ လြယ္အိတ္ကိုလြယ္ၿပီး အေမာတေကာ ေျပးလာေနတဲ့ ေဆာင္းႏွင္းျဖဴကိုျမင္လိုက္ရတယ္။

“ ေက်ာင္းတက္တာၾကာေနၿပီ.. ဘာလုပ္ေနလို႔ ေနာက္က်ေနတာလဲ”

“ အိမ္မွာ ထမင္းခ်က္တာ ေနာက္က်လို႔ ေစာင့္ေနရတာဆရာမ”

ေဆာင္းႏွင္းျဖဴစကားေၾကာင့္ဆရာမရဲ႕ေလသံက ေျပာင္းသြားၿပီး

“ ကဲကဲ စာသင္ခုံကိုအျမန္သြား..”

“ ဟုတ္ကဲ့”

ေဆာင္းႏွင္းျဖဴ စာသင္ခုံေရာက္ေတာ့ အေနာက္တန္းမွာထိုင္ေနတဲ့ စႏၵာခင္ဆိုတဲ့ေကာင္မေလးက

“ ဒီေကာင္မက ဆရာမကို သနားေအာင္ အပိုေတြလုပ္ျပေနတာ”

“ ဟုတ္ပါ့ေနာ္… လူေရွ႕ေရာက္ရင္ သူက အဲဒီတိုင္းပဲ”

မၾကားတၾကားေျပာလိုက္တဲ့အသံေၾကာင့္ ေဆာင္းႏွင္းျဖဴရဲ႕ မ်က္ေစာင္းတစ္ခ်က္က အေနာက္ကိုေရာက္လာခဲ့တယ္။

“ ဟိုမွာ ငါတို႔ကိုၾကည့္ေနၿပီ…”

“ ၾကည့္ပေစေပါ့… မွန္တာေျပာတာပဲ ဂ႐ုမစိုက္ပါဘူး”

စႏၵာေ႐ႊက ရႈံ႕မဲ့တဲ့မ်က္ႏွာထားတဲ့ ေျပာၿပီး ေက်ာင္းစာအုပ္ကို စားပြဲေပၚပစ္တင္လိုက္တယ္။

“ ဟိုကေလးေတြ စာအုပ္ထုပ္ခိုင္းတာ စကားမ်ားေနတယ္…”

ဆရာမရဲ႕ေအာ္သံေၾကာင့္ စႏၵာခင္တို႔အဖြဲ႕ၿငိမ္သြားၾကသလို မၾကာမီအခ်ိန္တြင္း စာသင္ခန္းထဲကေန စာဆိုသံေတြထြက္ေပၚလာခဲ့တယ္။

++++++

“ ေျမးေလး… ေက်ာင္းကျပန္လာတာ မ်က္ႏွာလဲ မေကာင္းပါလား ဘာျဖစ္လို႔လဲ”

“ ဘာမွမျဖစ္ပါဘူးအဖြား”

“ ဒီနားကိုလာစျမးပါဦး”

ေဆာင္းႏွင္းျဖဴက လြယ္အိတ္ကို တိုင္မွာခ်ိတ္ၿပီး အဖြားနားမွာထိုင္လိုက္ခ်ိန္မွာေတာ့ သားရည္ေတြရႈံ႕တြေနတဲ့လက္တစ္ဖက္က ပခုံးဆီကိုေရာက္လာခဲ့တယ္။

“ ေျမးေလး… အဖြားကိုမွန္မွန္ေျပာ ေက်ာင္းမွာ ဘာျဖစ္ခဲ့လို႔လဲ… ဟိုေကာင္မေလး ရန္စျပန္ပီလား”

“ အဖြား ေနာက္ရက္ေတြ ထမင္းေစာေစာ ခ်က္ေပးပါေနာ္… သမီးေက်ာင္းမတက္ခင္ စာသင္ခန္းထဲေရာက္ခ်င္တယ္”

“ ေအးပါ ေျမးေလးရယ္… အဖြား မနက္ေစာေစာ ေဈးေရာင္းထြက္ပါ့မယ္၊ ေျမးေလးက စာပဲႀကိဳးစား ဟုတ္ပီလား”

ေဒၚမယ္တင္က ေဆာင္းႏွင္းျဖဴကို ေပြ႕ဖက္လိုက္တဲ့အခ်ိန္ မ်က္လုံးထဲေန မ်က္ရည္စအခ်ိဳ႕စီးက်လာခဲ့တယ္။

++++++

“ ဟင္း႐ြက္စုံေတြရမယ္ေနာ္… ဟင္း႐ြက္စုံေတြရမယ္”

“ အေမႀကီး လာပါဦးရွင့္”

“ လာပီ လာပီ”

“ ကန္စြန္းက တစ္စည္းဘယ္ေလာက္လဲ အေမႀကီး”

“ ႏွစ္ဆယ္ပဲေပးေလ သမီး… သုံးစည္းယူ ငါးဆယ္ထားေပးမယ္”

“ ဒါဆို သုံးစည္းေပးေနာ္…”

ေဒၚမယ္တင္က ကန္႐ြက္စည္းထဲကေန အ႐ြက္မ်ားမ်ားပါတဲ့အစည္းကိုေ႐ြးေပးလိုက္ရာ

“ အေမႀကီး ေျမးမေလးက ေက်ာင္းမွာ စာေတာ္တယ္လို႔ၾကားတယ္”

“ သူက ဉာဏ္ေကာင္းတယ္ သမီးရဲ႕… ေက်ာင္းကျပန္လာတာနဲ႔ စာပဲလုပ္ေနတာ၊ ကစားတာေတာင္ခပ္ရွားရွားပဲ”

“ အေမႀကီးလဲ ေျမးတစ္ေယာက္အတြက္ ပင္ပန္းေနရွာပါၿပီ”

“ ပင္ပန္းတယ္လဲမဟုတ္ပါဘူးကြယ္၊ ကိုယ္က မိဘလိုျဖစ္ေနေတာ့ ႏိုင္သေလာက္ရွာေကြၽးရမွာေပါ့”

ဟင္း႐ြက္ဗန္းကို ေခါင္းေပၚ႐ြက္ၿပီး ထြက္သြားတဲ့ ေဒၚမယ္တင္ရဲ႕ အေတြးထဲမွာေတာ့ ဒီေန႔ ထမင္းေစာေစာခ်က္ႏိုင္ဖို႔ဆိုတာက စိုးမိုးေနခဲ့တယ္။

+++++

“ အဖြားေရ အဖြား”

“ ေဟ ေျမးေလး ေက်ာင္းကျပန္ေရာက္ပီလား”

“ ဒီေန႔ ထမင္းအေစာႀကီးက်က္ေနပါလား”

“ ေျမးေလး ေက်ာင္းေနာက္မက်ေအာင္ ခ်က္ထားေပးတာေလ၊ ကဲကဲ လြယ္အိတ္ကိုခ် ထမင္းစားလိုက္ဦး”

ေဆာင္းႏွင္းျဖဴလဲ အဖြားခ်က္ထားေပးတဲ့ ထမင္းနဲ႔ဟင္းကို ၿမိန္ယွက္စြာစားၿပီး ေက်ာင္းကိုျပန္လာခဲ့လိုက္တယ္။

ဒီေန႔ ေက်ာင္းကိုအေစာႀကီးေရာက္ေနတာေၾကာင့္ စာသင္ခုံမွာထိုင္ၿပီး ေပ်ာ္႐ႊင္စြာေဆာ့ကစားေနၾကတဲ့ ကေလးေတြကို ေငးၾကည့္ေနခဲ့တယ္။

“ ဒီေန႔ ထမင္းခ်က္တာ ေနာက္မက်ေတာ့ဘူးထင္တယ္”

ေက်ာအေနာက္ကေန ထြက္လာတဲ့အသံေၾကာင့္ စႏၵာခင္တို႔အုပ္စုေရာက္ေနပီဆိုတာ သိလိုက္ရတယ္။

“ ဟိတ္… ေမးေနတာလဲမေျဖဘူး… ဘာလဲ နင္က ငါတို႔ကိုစကားမေျပာခ်င္လို႔လား”

“ ငါ့ဘာသာေအးေဆးေနတာ မေႏွာက္ယွက္ပါနဲ႔”

“ ေအာင္မာ… ငါ့အေမဆီက ယူထားတဲ့ ‌အေႂကြးနဲ႔ ထမင္းစားေနတဲ့ေကာင္မကမ်ား… ေလႀကီးေလက်ယ္ေတြေျပာေနလိုက္တာ”

“ နင္ တရားမလြန္လာနဲ႔ စႏၵာခင္”

“ ငါကအမွန္ေျပာတာေလ… ငါေျပာတာမယုံရင္ နင့္အဖြားနင္ျပန္ေမးလိုက္”

အျခားလူေတြေရွ႕မွာ ေျပာခံလိုက္ရတာေၾကာင့္ ရွက္တဲ့စိတ္နဲ႔ ခံျပင္းတဲ့စိတ္ေရာေထြးၿပီး

“ နင္ငါ့ကို လူၾကားထဲအရွက္ခြဲရတာ ေက်နပ္တယ္မဟုတ္လား… ေအး… ငါအခုလို ခံစားရသလို နင္လဲ ျပန္ခံစားရမယ္” လို႔ေျပာၿပီး စာသင္ခန္းအျပင္ဘက္ကိုထြက္ေျပးသြားခဲ့တယ္။

အဲဒီေန႔ကစၿပီး ေဆာင္းႏွင္းျဖဴနဲ႔ အဖြားမယ္တင္တို႔ကို ႐ြာမွာမေတြ႕ရေတာ့ေပ။

++++++

ဒီကိစၥေတြျဖစ္ၿပီး ဆယ္ႏွစ္ခန႔္အၾကာ…

“ အေရွ႕ကိုေလွ်ာက္ပါလို႔… အေနာက္ကိုတဲ့ ေမွ်ာ္လိုက္ရင္… ေမွ်ာ္လိုက္ရင္” ဆိုတဲ့ သီခ်င္းသံက ႐ြာဦးဘုန္းႀကီးေက်ာင္းဆီကေန က်ယ္ေလာင္စြာထြက္ေပၚလာခဲ့တယ္။

ဘုန္းႀကီးေက်ာင္းဝင္းထဲမွာေတာ့ ရွင္ေလာင္းလွည့္မယ့္သူေတြနဲ႔႐ြာရဲ႕အေခ်ာအလွေတြက ဟန္တျပင္ျပင္ျဖစ္ေနခဲ့ၾကတယ္။

“ ရွင္ေလာင္းေတြကို ႐ြာတစ္ပတ္ ပတ္မယ္ေဟ့”

႐ြာေဆာ္ကိုတ႐ုတ္ႀကီးရဲ႕အသံေၾကာင့္ အလႉရွင္ေတြ၊ ရွင္ေလာင္းေတြ၊ ကြမ္းေတာင္ကိုင္ ပန္းေတာင္ကိုင္ေတြက အသီးသီးေနရာယူလိုက္ၾကၿပီး မၾကာခင္ ဆိုင္းသံဗုံသံေတြနဲ႔အတူ ရွင္ေလာင္းလွည့္ပြဲႀကီး စတင္လာခဲ့ၾကတယ္။

“ စႏၵာခင္… နင္ ဒီေန႔အရမ္းလွေနတာေနာ္”

“ ခစ္ခစ္… နင္လဲ လွပါတယ္ ျမရီရဲ႕”

ကြမ္းေတာင္ကိုင္ပန္းေတာင္ကိုင္ေတြက အခ်င္းခ်င္းစကားေျပာရင္း လိုက္ပါလာခဲ့ၾကေပမယ့္ သူတို႔ကို ခပ္ၿပဳံးၿပဳံး မ်က္ႏွာထားနဲ႔ စိုက္ၾကည့္ေနတဲ့သူတစ္ေယာက္ရွိေနတာကိုေတာ့ သတိမထားမိခဲ့ၾကေပ။

ရွင္ေလာင္းလွည့္အၿပီး ညဘက္မွာေတာ့ ၿမိဳ႕ေပၚကေန ငွားထားတဲ့အၿငိမ့္အဖြဲ႕နဲ႔ ထပ္မံဧည့္ခံတာေၾကာင့္ ဘုန္းႀကီးေက်ာင္းဝင္းအတြင္းအျပင္မွာ လူေတြႀကိတ္ႀကိတ္တိုးစည္ကားေနခဲ့တယ္။

“ ဒုန္း….”

ပခုံးခ်င္းတိုက္မိလိုက္တာေၾကာင့္ စႏၵာခင္လက္ထဲကိုင္ထားတဲ့ ေကာက္ညႇင္းက်ဥ္ေတာက္အထုပ္က ေျမႀကီးေပၚျပဳတ္က်သြားခဲ့တယ္။

“ ေတာင္းပန္ပါတယ္ရွင္… ကြၽန္မ တကယ္မျမင္လိုက္လို႔ပါ…ဘာမ်ားျဖစ္သြားေသးလဲ”

“ ရပါတယ္ ဘာမွမျဖစ္ပါဘူး… ေနာက္ဆို သတိထားၿပီးေလ်ာက္ေလေနာ္”

စႏၵာခင္က လြတ္က်သြားတဲ့ ေကာက္ညႇင္းက်ည္ေတာက္အထုပ္ကို ျပန္ေကာက္ယူၿပီး အၿငိမ့္ကတဲ့ဘက္ကို ထြက္သြားတဲ့အခ်ိန္ ပခုံးခ်င္းတိုက္မိတဲ့မိန္းမက မဲ့ၿပဳံးတစ္ခ်က္ၿပဳံးကာ ပြဲခင္းထဲကေန ျပန္ထြက္သြားခဲ့တယ္။

“ စႏၵာခင္ … နင္ဘယ္ေရာက္သြားတာလဲ”

“ ေကာက္ညႇင္းက်ည္ေတာက္သြားဝယ္တာေလ… နင္တို႔လဲစားၾကဦး”

“ ငါတို႔လဲ ဗိုက္ဆာေနတာနဲ႔အေတာ္ပဲ… ေပးေပး ငါခြာလိုက္မယ္”

ျမရီက ေကာက္ညႇင္းက်ဥ္ေတာက္ကို ကြၽမ္းက်င္စြာခြာလိုက္ၿပီး စႏၵာခင္ကိုကမ္းေပးလိုက္တယ္။

ပြဲခင္းထဲမွာလဲ လူပ်က္ေတြရဲ႕ ရယ္စရာပ်က္လုံးေၾကာင့္ တဝါးဝါးတဟားဟားနဲ႔ ရယ္ေမာေနသလို လူသူမရွိတိတ္ဆိတ္တဲ့ တဲအိမ္တစ္လုံးထဲမွာလဲ မိန္းမတစ္ေယာက္ရဲ႕ သေဘာက်စြာရယ္သံတစ္ခု ထြက္ေပၚေနခဲ့တယ္။

+++++++

“ ျမရီ… ျမရီ ရွိလား”

“ ရွိတယ္ေလ သူငယ္ခ်င္း… အိမ္ေပၚတက္ပါဦး”

“ မတက္ေတာ့ဘူး… စႏၵာခင္ ေနမေကာင္းျဖစ္ေနတယ္ဆိုလို႔ သြားၾကည့္မလို႔ နင္လိုက္ဦးမလား”

“ သူဘာျဖစ္လို႔လဲ”

“ ရွင္ျပဳပြဲၿပီးထဲက တေရွာင္ေရွာင္ျဖစ္ေနတယ္ေျပာတာပဲ…ငါလဲ မေန႔ကမွ သူ႔အေမနဲ႔ေတြ႕လို႔သိရတာ”

“ ငါက နင္ေျပာမွသိတာ… ခဏေလးေနာ္ ငါအဝတ္လဲလိုက္ဦးမယ္”

“ ေအး ရတယ္… ေျဖးေျဖးလုပ္”

ျမရီတို႔လဲ လူနာသတင္းေမးဖို႔ စႏၵခင္တို႔ အိမ္ဘက္ကိုထြက္လာခဲ့လိုက္တယ္။ အိမ္ေရာက္ေတာ့ မ်က္ႏွာအနည္းငယ္ ေခ်ာင္က်ေနတဲ့ သူငယ္ခ်င္းျဖစ္သူကိုျမင္လိာက္ၾကရတယ္။

“ စႏၵာခင္… နင္သက္သာရဲ႕လား”

“ ဒီလိုပါပဲ ျမရီရယ္”

“ နင္ ေဆးခန္းမျပဘူးလား”

“ ျပတယ္… ၿမိဳ႕ထိတက္ျပၿပီၿပီ… ဒါေပမယ့္ ဆရာဝန္က အကုန္ေကာင္းတယ္ပဲေျပာေနတာ”

“ အခု နင္ ဘယ္လိုခံစားေနရတာလဲ”

“ ငါအစားစားခ်င္စိတ္ကိုမရွိတာ… စားလိုက္ရင္လဲ ပါးစပ္ထဲဘာအရသာမွမရွိဘူး”

“ နင္ပါးစပ္ပ်က္ေနတာျဖစ္မွာေပါ့… ငါ့အေမေသာက္တဲ့ ေသြးေဆးေသာက္ၾကည့္ပါလား”

“ ငါေဆးေတြအကုန္ေသာက္ၿပီးၿပီ…”

“ ဟုတ္တယ္ သမီးတို႔ေရ… သူက ဘာစားစား အရသာမရွိဘူးပဲေျပာေနတာ၊ ၿမိဳ႕ေပၚကဆရာဝန္ေျပာတာကေတာ့ လ်ာမွာရွိတဲ့အာ႐ုံခံအေၾကာထိခိုက္တာလဲ ျဖစ္ႏိုင္တယ္တဲ့”

“ အေမကလဲ အာ႐ုံခံအေၾကာထိရင္ ဘာအရသာမွ ခံစားလို႔ရမွာမဟုတ္ဘူး… အခုက ထမင္းစားရင္သာ ျဖစ္တာ အျခားမုန႔္ပဲသေရစာ စားရင္ ဘာမွမျဖစ္ဘူးေလ”

“ နင့္ေရာဂါကလဲ အဆန္းႀကီးပါေအ… ထမင္းစားမရမွေတာ့ အဟာရျပတ္ပီေပါ့”

“ အဲဒါေျပာတာေပါ့… အဟာရျဖစ္ေအာင္ ၾကက္သားစြပ္ျပဳတ္တိုက္ေတာ့လဲ သစ္ေခါက္ဖတ္ဝါးေနရသလိုပဲတဲ့”

ျမရီတို႔လဲ စႏၵာခင္ခံစားေနရတာကို ၾကည့္ၿပီး ဘာလုပ္ေပးရမွန္းမသိျဖစ္ေနတဲ့အခ်ိန္

“ သရက္သီးခ်ဥ္ငံစပ္ေတြရမယ္ေနာ္…” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

“ ျမရီ… သရက္သီးသည္ေခၚလိုက္ဦး.. ခ်ဥ္ငံစပ္ေလးစားရင္ ပါးစပ္ပ်က္တာသက္သာမလားပဲ”

စႏၵာခင္စကားေၾကာင့္ ျမရီလဲ သရက္သီးသည္ကို လွမ္းေခၚလိုက္ရတယ္။

“ သရက္သီးဘယ္လိုေရာင္းလဲ”

“ တစ္လုံးကို တစ္ရာက်မယ္ရွင့္”

“ နင့္ဟာက ေဈးမ်ားလိုက္တာ… ေလ်ာ့ေပးဦး”

“ မခ်စ္စုသီးမို႔လို႔ပါ… ေဈးမမ်ားပါဘူး”

“ အဲဒါဆိုရင္ သုံးလုံးထည့္ေပး…”

သရက္သီးသည္ေကာင္မေလးက အိပ္ယာ‌ေပၚမွာ ထိုင္ေနတဲ့ စႏၵာခင္ကို တစ္ခ်က္ေစာင္းငဲ့ၾကည့္လိုက္ၿပီး သရက္သီးကို အိတ္နဲ႔ထုပ္ကာကမ္းေပးလိုက္တယ္။

“ ခဏေနဦး…”

စႏၵာခင္အသံေၾကာင့္ ျမရီက လွည့္ၾကည့္လိုက္ၿပီး

“ ဘာျဖစ္လို႔လဲ”

“ ခုနက သရက္သီးသည္ကို ျမင္ဖူးေနသလိုပဲ”

“ ဒီလိုပဲ ႐ြာနီးခ်ဳပ္စပ္က ေဈးသည္ေတြလာေရာင္းေနၾကကို ျမင္ဖူးတာအဆန္းလုပ္လို႔”

“ မဟုတ္ေသးပါဘူးေနာ္… သူ႔ကို ရင္းရင္းႏွီးႏွီး ျမင္ဖူးေနတာ”

“ ေနမေကာင္းရတဲ့ထဲ ဘာေတြေလ်ာက္ေတြးေနလဲမသိဘူး… ေရာ့ သရက္သီးစားလိုက္”

ျမရီက ဆားတို႔ထားတဲ့ သရက္သီးစိပ္ကို စႏၵာ‌ခင္ထံကမ္းေပးလိုက္တယ္။

++++++

ဒီလိုနဲ႔ ႏွစ္လေလာက္ၾကာေတာ့ စႏၵာခင္တစ္ေယာက္ အစားစားမရတဲ့ေရာဂါကို ပိုခံစားလာရတယ္။ ဘာစားစား အန္ထြက္ေနတဲ့အတြက္ အစာအိမ္ေၾကာင့္ျဖစ္မလားဆိုၿပီး ေဆးခန္းျပေတာ့လဲ အစာအိမ္ကဘာမွမျဖစ္ဘူးဆိုတဲ့အေျဖပဲရခဲ့တယ္။ လနဲ႔ခ်ီအစားစားမရတာေၾကာင့္ လူတစ္ကိုယ္လုံး ပိန္ခ်ဳံးလာေပမယ့္ ဝမ္းဗိုက္တစ္ခုကေတာ့ ေရဖ်င္းတည္သလို ေဖာင္းကားလာခဲ့တယ္။

႐ြာနီးခ်ဳပ္စပ္မွာ အေခ်ာအလွဆုံးျဖစ္ခဲ့တဲ့ စႏၵာခင္တစ္ေယာက္ အခုခါမွာေတာ့ အိမ္ထဲကအိမ္ျပင္မထြက္ရဲေလာက္တဲ့ထိ ပိန္ခ်ဳံးသြားခဲ့တယ္။ မိဘေဆြကလဲ နာမည္ႀကီးဆရာဝန္‌၊ နာမည္ႀကီးသမားေတာ္ေတြနဲ႔ လိုက္ကုေပမယ့္ မသက္သာတဲ့အတြက္ သတၱဝါတစ္ခု ကံတစ္ခုလို႔သတ္မွတ္ကာ လက္ေလ်ာ့တဲ့အဆင့္ထိေရာက္လာခဲ့တယ္။

တစ္ရက္မွာေတာ့ စႏၵာခင္တို႔အိမ္မွာ သံဃာေတြဆြမ္းကပ္ၿပီးတဲ့အခ်ိန္ စကားစပ္မိရာမွ ေက်ာင္းထိုင္ဆရာေတာ္က

“ ဒကာမေလး ေရာဂါက သိပၸံနည္းနဲ႔ အေျဖရွာမရရင္ ဝိဇၨာနည္းနဲ႔အေျဖရွာၾကည့္ဖို႔ အႀကံေပးခ်င္တယ္”

“ ဝိဇၨာနည္းဆိုတာ ဘာကိုရည္ၫႊန္း

တာလဲဘုရား”

“ ျမန္မာနည္း ျမန္မာဟန္နဲ႔ ပေယာဂစစ္ၾကည့္ဖို႔ေျပာတာပါ ဒကာႀကီး”

“ တပည့္ေတာ္တို႔က အဲလိုမ်ိဳးေတြအယုံအၾကည္မရွိေပမယ့္ ဆရာေတာ္တိုက္တြန္းတာေၾကာင့္ စစ္ၾကည့္လိုက္ခ်င္ပါတယ္၊ ဒါေပမယ့္ ပေယာဂကုတဲ့ဆရာေတြနဲ႔ အဆက္အသြယ္မရွိတာက ဆိုးတယ္ဘုရား”

“ အိမ္း… တိုက္ဆိုင္မႈလို႔ေျပာရမလားပဲ… မေန႔ညက ဘုန္းႀကီးေက်ာင္းကို ပေယာဂကုတဲ့ဆရာသုံးေယာက္ ေရာက္လာတယ္၊ ဒီေန႔လည္ ဆြမ္းစားၿပီးခ်ိန္ ခရီးဆက္ၾကမယ္လို႔လဲ ေျပာတယ္ကြယ့္၊ ဒကာႀကီးတို႔ဘက္က သေဘာတူတယ္ဆိုရင္ ကပၸိယကို အခုသြားေခၚခိုင္းလိုက္မလို႔”

“ ဒီအေျခအေနထိေရာက္လာမွေတာ့ စမ္းၾကည့္ရမွာေပါ့ဘုရား”

“ ဟဲ့ ကပၸိယႀကီး… ေက်ာင္းက ဆရာေတြကို အျမန္သြားေခၚလာခဲ့”

“ တင္ပါဘုရား… အခုသြားေခၚလိုက္ပါ့မယ္”

ကပၸိယႀကီးထြက္သြားၿပီး နာရီဝက္ေလာက္အၾကာမွာေတာ့ အသက္၃၀ေက်ယ္အ႐ြယ္ခန႔္ရွိတဲ့ လူငယ္သုံးေယာက္နဲ႔အတူျပန္ေရာက္လာခဲ့တယ္။

“ ဆရာေတာ္ ဘုရားအေခၚလႊတ္တယ္ဆိုလို႔ ေရာက္လာတာပါဘုရား”

“ ေအးကြယ့္ ေမာင္ရင္တို႔က ပေယာဂကုတယ္ဆိုလို႔ ေဟာဒီက လူနာကို ၾကည့္ေပးလို႔ရေအာင္ ေခၚခိုင္းလိုက္တာ”

ဆရာေတာ္စကားေၾကာင့္ ပါလာတဲ့လူသုံးေယာက္ထဲက အရပ္ျမင့္ျမင့္ အသားျဖဴျဖဴပုဂၢိဳလ္က လူနာကို ေခတၱမွ်စိုက္ၾကည့္လိုက္ၿပီး

“ တပည့္ေတာ္တို႔ ပေယာဂရွိမရွိ စစ္ေဆးပါမယ္ဘုရား… တကယ္လို႔ ေရာဂါက ပေယာဂေၾကာင့္ဆိုရင္ ခ်က္ခ်င္းအျမစ္ျပတ္တဲ့ ကုေပးပါမယ္”

“ သာဓု သာဓု သာဓု ကြယ္… ဘုန္းႀကီးလဲ ေမာင္ရင္တို႔ကုတာ ၾကည့္လိုက္ပါဦးမယ္”

“ အရွင္ဘုရား အေပၚဘက္ကိုႂကြပါဘုရား”

ပေယာဂဆရာေတြက ေက်ာင္းထိုင္ဆရာေတာ္ကို ျမင့္တဲ့ေနရာမွာ ထိုင္ေစၿပီး ပေယာဂကုတဲ့အမႈကိုစတင္ခဲ့ၾကတယ္။

“ လူနာက ဘာေန႔သမီးလဲ”

“ အဂၤါသမီးပါဆရာ”

“ နာမည္ကေရာ”

“ စႏၵာခင္ပါဆရာ”

“ ေကာင္းၿပီ… စေနသမီး မစႏၵာခင္ရဲ႕ အသက္နဲ႔ ခႏၶာကို ဆရာတို႔ဆီအပ္ပါ”

“ အပ္ပါတယ္ဆရာ”

“ ဆရာကလဲ စ‌ေနသမီးရဲ႕ အသက္နဲ႔ခႏၶာကို အထက္ဆရာႀကီးေတြထံ ျပန္လည္အပ္ႏွံပါတယ္၊ ကဲ ေမာင္ေကာင္း လူနာကို စကုဖို႔ျပင္ေပေတာ့”

လူသုံးေယာက္ထဲမွာ ေခါင္းေဆာင္ျဖစ္ဟန္တူတဲ့လူက ေမာင္ေကာင္းဆိုတဲ့သူထံ အပ္ၿပီး အျခားတပည့္တစ္ေယာက္နဲ႔အတူ

ေဘးကို ဖယ္ေနလိုက္တယ္။

“ ေရတစ္ခြက္ေလာက္ရႏိုင္မလား”

“ ရပါတယ္ဗ်”

ေမာင္ေကာင္းက ေရတစ္ခြက္ရတာနဲ႔ ဘုရားေက်ာင္းေဆာင္ဘက္ကိုလွည့္ၿပီး အထက္ဆရာေတြထံ ကုသခြင့္အရင္ေတာင္းခံလိုက္တယ္။ ၿပီးတာနဲ႔ ေရခြက္ထဲ လက္ညိဳးထည့္ၿပီး ေမႊ႕ကာ လူနာရဲ႕ ဖခင္ျဖစ္သူထံကမ္းေပးလိုက္တယ္။

“ ဒီေရက လူနာမ်က္လုံးထဲဝင္သြားတဲ့အခါ စပ္ေနရင္ ပေယာဂရွိေနလို႔ပဲ၊ ပေယာဂမရွိရင္ ေအးေနလိမ့္မယ္”

“ေရကိုမ်က္စဥ္းခပ္ရမွာလားဆရာ”

“ ဟုတ္တယ္.. မ်က္စဥ္းခပ္ေပးလိုက္ပါ”

လူနာရဲ႕ဖခင္ျဖစ္သူက ဖန္ခြက္ထဲက ေရကို လူနာရဲ႕မ်က္လုံးထဲ အစက္ခ်လိုက္ရာ

“ အား… စပ္တယ္ အေဖ… စပ္တယ္”

“ ဘာမွသြားမလုပ္နဲ႔ ခဏေန သက္သာသြားလိမ့္မယ္”

ခဏေနေတာ့ စပ္ေနတဲ့ေဝဒနာက တစ္ေျဖးေျဖးသက္သာလာခဲ့တယ္။

“ ၾကည့္ေနတဲ့သူေတြ သံသယကင္းသြားေအာင္ ဒီေရကို ဦးေလးမ်က္လုံးထဲခပ္ၾကည့္ပါ”

လူနာရဲ႕ဖခင္လဲ ဖန္ခြက္ထဲကေရကို မ်က္လုံးထဲခပ္လိုက္ရာ

“ ေအးတာပဲသိတယ္… ပူတာစပ္တာမခံစားရဘူးဆရာ”

“ ဒါကဘာကိုျပလဲဆိုရင္ ပေယာဂရွိသူနဲ႔ ပ‌ေယာဂမရွိသူကိုျပတာ၊ အခု လူနာက ပေယာဂရွိတာေသခ်ာပီဆိုေတာ့ ဘယ္လိုပေယာဂနဲ႔ ျပဳစားထားလဲဆိုတာ စစ္ရဦးမယ္”

ေမာင္ေကာင္းက လူနာရဲ႕ ဦးေခါင္းထက္မွာ ညာလက္ကိုတင္ၿပီး ခႏၶာကိုယ္ကိုမထိပဲသပ္ခ်ေနတဲ့အခ်ိန္

“ အား… ဆရာ… ဗိုက္ထဲကေန ေလထိုးသလိုေအာင့္လာတယ္”

“ ဟုတ္ပီ… ဒါဆို အခုဘယ္လိုေနလဲ ေျပာေပးေနာ္”

ေမာင္ေကာင္းက ဝမ္း‌ဗိုက္ကို လက္ဝါးနဲ႔အုပ္ၿပီး ေလထဲကေန ဂ်ဳံမႈန႔္လုံးသလို ပြတ္လိုက္ရာ ဗိုက္ထဲကေန အျပင္ကိုတိုးထြက္လာတဲ့ အဖုအလုံးေတြကို အရွင္းသားျမင္လိုက္ရတယ္။

“ ဝမ္းဗိုက္ထဲ အပင္းထည့္ထားတာပဲ… ေရဇလုံတစ္ခုရႏိုင္မလား”

ေမာင္ေကာင္းက ေရဇလုံတစ္လုံးေတာင္းၿပီးတာနဲ႔ ေလးကြက္အင္းကို မီးရႈိ႕ကာ ရလာတဲ့ျပာကိုတိုက္လိုက္တဲ့အခ်ိန္ လူနာက ပ်ိဳ႕တက္လာခဲ့တယ္။

“ အန္ခ်င္ရင္ အန္ခ်လိုက္ ေအာင့္မထားနဲ႔”

“ ေဝါ့… ဂေလာက္ ဂေလာက္..”

“ ဟင္… ေက်ာက္စရစ္ခဲေတြ အန္ထြက္လာပါလား”

လူနာေရာ ၾကည့္ေနတဲ့သူေတြပါ ပါးစပ္အေဟာင္းသားျဖစ္သြားခဲ့ၾကတယ္။

“ ဘာမွမျဖစ္ဘူး… စိတ္ကိုမခ်ဳပ္ထားနဲ႔ အန္ခ်လိုက္”

“ ေဝါ့…. ဂေဒါက္ ဂေဒါက္ ဂေဒါက္”

အပ်စ္အခြၽဲေတြနဲ႔ ေက်ာက္စရစ္ခဲေတြထပ္ၿပီး အန္ထြက္လာခဲ့တယ္။ အတန္ၾကာအန္ထုတ္ၿပီးခ်ိန္မွာေတာ့ ေက်ာက္ခဲအလုံးေပါင္း ၂၀ေက်ာ္ထြက္လာခဲ့ၿပီး လူနာရွင္ရဲ႕ဝမ္းဗိုက္လဲ သိသိသာသာ ပိန္က်သြားခဲ့တယ္။

“ ‌အန္ခ်င္ေနေသးလား”

“ မအန္ခ်င္ေတာ့ဘူးဆရာ”

“ အပင္းေတြကုန္မကုန္သိရေအာင္ အင္းျပာေရထပ္ေသာက္လိုက္ဦး”

လူနာလဲ အင္းျပာရည္ကိုထပ္ေသာက္လိုက္ရာ ေနာက္ထက္ပ်ိဳ႕တက္လာၿပီး အခြၽဲအခ်ိဳ႕အန္ထြက္လာခဲ့တယ္။

“ အပင္းေတြကုန္သြားၿပီထင္တယ္၊ ေနရတာသက္သာရဲ႕လား”

“ သက္သာပါတယ္ဆရာ”

“ အခုေလာေလာဆယ္ လူနာလဲ ပင္ပန္းေနပီဆိုေတာ့ မနက္ျဖန္ က်မွ ထပ္ကုေပးပါမယ္… ဒီေန႔ေတာ့ နားလိုက္ပါဦး”

ေမာင္ေကာင္းရဲ႕ ကုသပုံကိုၾကည့္ၿပီး လူနာရွင္ေတြေရာ ေက်ာင္းထိုင္ဆရာေတာ္ပါ သေဘာက်သြားခဲ့တယ္။

“ ေက်းဇူးတင္ပါတယ္ဆရာတို႔ရယ္… သမီးေလးက ဆရာတို႔ေပးတဲ့အသက္ပဲရွိေတာ့တာ”

“ ရပါတယ္ဗ်ာ… ဒါက ကြၽန္ေတာ္တို႔လုပ္ေပးရမယ့္ တာဝန္ပဲေလ”

“ ဘယ္သူေတြကမ်ား ဒီလိုမ်ိဳးလုပ္တာလဲဆိုတာ သိခြင့္ရွိမလားဆရာ”

“ အဲလိုမ်ိဳးေတာ့ ေျပာလို႔မရဘူး… ဒါက ကြၽန္ေတာ္တို႔ေစာင့္ထိန္းရမယ့္ စည္းတစ္ခုျဖစ္ေနလို႔ပါ”

“ ဟုတ္ကဲ့ဆရာ… ဒါဆိုရင္ မနက္ျဖန္ ဘယ္အခ်ိန္လာပင့္ရမလဲဆရာ”

“ သံဃာေတြဆြမ္းစားၿပီးခ်ိန္ လာခဲ့လိုက္ပါ…”

“ ဟုတ္ကဲ့ပါဆရာ…”

“ ကဲ ကိစၥလဲပီးသင့္သေလာက္ပီးပီဆိုေတာ့ ဘုန္းႀကီးလဲေက်ာင္းကိုျပန္ရေတာ့မယ္၊ ဒကာေလးတို႔လဲတူတူလိုက္ခဲ့ေလ”

“ တင္ပါဘုရား… တပည့္ေတာ္တို႔ လိုက္လာခဲ့ပါ့မယ္”

++++++++

ဘုန္းႀကီးေက်ာင္းျပန္ေရာက္ေတာ့ ေက်ာင္းထိုင္ဆရာေတာ္က

“ ဒကာေလးတို႔ရဲ႕ပညာကိုျမင္ေတာ့ ဘုန္းႀကီးငယ္ငယ္က ဆုံခဲ့ဖူးတဲ့လူတစ္ေယာက္ကို သတိရသြားတယ္”

“ တင္ပါဘုရား… အဲဒီလူက အခုခ်ိန္ဆို ရွိေတာင္ရွိပါေတာ့မလား”

“ ဘယ္ရွိပါေတာ့မလဲ… သူကလဲ ဒကာေလးတို႔လို အင္းစမေတြကိုအသုံးျပဳၿပီး ေဆးကုတာ၊ အာဏာစက္ကလဲျပင္းသလားမေမးနဲ႔၊ ေတာပိုင္ေတာင္ပိုင္ေတြေတာင္ သူ႔အာဏာစက္နဲ႔ေခၚရင္ စကၠန႔္ပိုင္းအတြင္းဝင္လာရတာပဲ၊ အဲဒီတုန္းက သူတို႔လဲ လူသုံးေယာက္ပဲကြယ့္…”

ဆရာေတာ္စကားေၾကာင့္ ေအာင္ျမတ္သာက နက္ေမွာင္ေနတဲ့ မ်က္ခုံးႏွစ္ခုကို အနည္းငယ္တြန႔္လိုက္ၿပီး

“ ဆရာေတာ္က ဘယ္ဇာတိလဲဗ်”

“ ဘုန္းႀကီးဇာတိက ကရင္ျပည္နယ္ဘက္ကေလ၊ အဇိုင္း႐ြာလို႔ေခၚတယ္”

အဇိုင္း႐ြာဆိုတဲ့စကားက ေအာင္ျမတ္သာရဲ႕ နားထဲကိုတိုးဝင္သြားၿပီး အေတြးထဲမွာလဲ ကညင္ပင္ေပၚမွာႀကီးစိုးေနတဲ့ ပုဂၢိဳလ္ကိုဆုံးမခဲ့တဲ့

ပုံရိပ္ေတြ႐ုပ္ရွင္ျပသလိုေပၚလာခဲ့တယ္။

(ဒီအေၾကာင္းအရာကို ေအာင္ျမတ္သာႏွင့္ ကညင္ပင္ေစာင့္နတ္ဝတၱဳမွာဖတ္ရႈႏိုင္ပါသည္)

“ ဆရာေတာ္က ကရင္တိုင္းရင္းသားလား”

“ ဟုတ္တယ္ ဒကာေလး… ဘုန္းႀကီးက ႐ြာကေန ထြက္လာၿပီး ပရိယတၱိစာေပေတြသင္ရင္း ဒီေက်ာင္းမွာ ေက်ာင္းထိုင္လိုက္ရတာ၊ ႐ြာမွာလဲ မိဘေတြမရွိေတာ့တာမို႔ မျပန္ျဖစ္တာေတာင္ၾကာပါၿပီ”

“ တင္ပါဘုရား…လူ႔ေဘာင္က က်ဥ္းက်ဥ္းေလးမို႔ သံသရာတစ္ေကြ႕ေကြ႕မွာျပန္ဆုံၾကႏိုင္တာပဲေလ”

“ ဒကာေလးတို႔ကိုျမင္ေတာ့ သူတို႔ကိုသတိရသြားလို႔ပါ၊ ကဲကဲ ေန႔လည္ေန႔ခင္း နားလိုက္ၾကဦး”

ဆရာေတာ္က စကားစကိုျဖတ္ၿပီး က်က္သေရခန္းထဲကိုဝင္သြားတဲ့အခ်ိန္ ေအာင္ျမတ္သာက

“ ဒီေန႔ ကုရတဲ့လူနာအေပၚ ဘယ္လိုျမင္လဲ”

“ ကြၽန္ေတာ္ကေတာ့ အၿငိဳးအေတးတစ္ခုခုေၾကာင့္ လုပ္တာလို႔ထင္တယ္”

“ ခြန္းလွကေရာ ဘယ္လိုျမင္လဲ”

“ သူငယ္ခ်င္း အခ်င္းခ်င္း မနာလိုလို႔ လုပ္တာလို႔ထင္တယ္၊ ဘာေၾကာင့္လံဆိုေတာ့ ေကာင္မေလးက အေတာ္ကိုပိန္ခ်ဳံးက်သြားၿပီး နဂို႐ုပ္နဲ႔လုံးဝမတူတာ သတိထားမိလိုက္တယ္”

“ နဂို႐ုပ္ကို မင္းက ဘယ္လိုသိတာလဲကြ… ေျပာစမ္းပါဦး”

“ အကိုကလဲ လူနာရဲ႕ ဓါတ္ပုံကို နရံမွာကပ္ထားတယ္ေလဗ်ာ… ရွင္ျပဳတုန္းက ႐ိုက္ထားတယ္ထင္တာပဲ… ဘယ္လိုသိလဲမေမးနဲ႔ေနာ္… လက္ထဲမွာ ကြမ္းေတာင္ကိုင္ထားလို႔ သိတာ”

ေမာင္ေကာင္းနဲ႔ ခြန္းလွစကားေၾကာင့္ ေအာင္ျမတ္သာ ၿပဳံးလိုက္ၿပီး

“ မင္းတို႔ႏွစ္ေယာက္လုံးေတြးတာျဖစ္ႏိုင္တယ္… လုပ္တဲ့သူကလဲ ဒီ႐ြာထဲကျဖစ္ဖို႔မ်ားတယ္… ဒါေၾကာင့္ စြဲရင္းကိုမေခၚခိုင္းခဲ့တာ”

“ ဒီတိုင္းလႊတ္ေပးလိုက္ေတာ့မလို႔လားဆရာ”

“ လႊတ္ေပးလိုက္ရင္ ပိုအတင့္ရဲလာမွာလဲစိတ္ပူတယ္၊ ဒါေၾကာင့္ ညက်ရင္ စြဲရင္းေခၚၿပီး ဆုံးမဖို႔စဥ္းစားထားတယ္”

“ ေကာင္းတယ္ဆရာ… ကြၽန္ေတာ္တို႔ စြဲရင္းေခၚတာကို ဆရာေတာ္ကိုေတာ့အသိေပးရမယ္ထင္တယ္ေနာ္”

“ ဆရာေတာ္ကိုပါ ေခၚထားရမွာေပါ့… ဒီေက်ာင္းမွာ ငါတို႔က ဧည့္သည္ျဖစ္ေနတာမို႔ ကိုယ့္ထင္သလိုလုပ္လို႔မေကာင္းဘူးေလ”

“ ဟုတ္ကဲ့ဆရာ… ဒါဆို ကြၽန္ေတာ္တို႔ လိုအပ္တာေတြျပင္ဆင္ထားလိုက္ပါမယ္”

++++

ညဦးပိုင္းေရာက္ေတာ့ ဆရာေတာ္ကို အက်ိဳးေၾကာင္းေျပာျပလိုက္ရာ

“ ဘုန္းႀကီးလဲ ဒီလိုမ်ိဳးျဖစ္ေစခ်င္တာ… ဒကာေလးတို႔ စြဲရင္းေခၚတဲ့အခါ အာဂႏၲဳေတြ လာရင္တည္းဖို႔ေဆာက္ထားတဲ့ ေက်ာင္းကိုအသုံးျပဳလို႔ရတယ္ေနာ္၊ ဒီမွာက ကပၸိယေတြနဲ႔ သံဃာေတာ္ေတြ အဝင္အထြက္မ်ားတာေၾကာင့္ မလိုလားအပ္တာေတြျဖစ္မွာစိတ္ပူလို႔ပါ”

“ ဆရာေတာ္ စီစဥ္ေပးတာ ေက်းဇူးတင္ပါတယ္၊ တပည့္ေတာ္တို႔ ညဆယ္နာရီ စြဲရင္းေခၚတဲ့အခါ ဆရာေတာ္ကို လာပင့္ပါ့မယ္ဘုရား”

“ ေအးေအး… ဘုန္းႀကီးအသင့္ျပင္ထားလိုက္မယ္”

ညဆယ္နာရီေရာက္ေတာ့ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြေရာ၊ ဆရာေတာ္ပါ ေက်ာင္းေပၚကိုေရာက္လာခဲ့ၾကတယ္။ ေမာင္ေကာင္းက ဆရာေတာ္ကို ေနရာထိုင္ခင္း စီစဥ္ေပးၿပီးတာနဲ႔ အလင္းေရာင္ရေအာင္ ဖေယာင္းတိုင္ေတြလိုက္ထြန္းေနခဲ့တယ္။

အားလုံးျပင္ဆင္ၿပီးခ်ိန္မွာေတာ့ ေအာင္ျမတ္သာက ဘုရားရွိခိုး သီလခံယူၿပီး ပြင့္ေတာ္မူၿပီးေသာ ဘုရားေလးဆူနဲ႔ အထက္ဆရာေတြဆီ ခြင့္ျပဳမိန႔္ေတာင္းခံလိုက္တယ္။ ၿပီးတာနဲ႔ ေလွကားအတက္အဆင္းကို စိုက္ၾကည့္ၿပီး

“ အဂၤါသမီး၊ မစႏၵာခင္၏ ခႏၶာကိုယ္ထဲသို႔ ေက်ာက္ခဲအပင္းထည့္သြင္းႏွိပ္စက္ထားတဲ့ ပညာသည္ က်ဳပ္ထိုင္ေနတဲ့ေရွ႕ကို မူလပုံစံအတိုင္း ေရာက္ေစ၊ တကယ္လို႔ အမိန႔္ကို မနာခံပဲ တင္းခံေနပါက ခႏၶာကိုယ္နဲ႔ထိစပ္တဲ့ေနရာတိုင္း ငရဲမီးေတာက္ေပၚလာေစသား” လို႔ေျပာၿပီး ၾကမ္းကို လက္ဝါးနဲ႔႐ိုက္ကာ ‌ထိုင္ၾကည့္ေနခဲ့တယ္။

ဒီလိုနဲ႔ ဆယ္ငါးမိနစ္ေလာက္ၾကာေတာ့ ဘုန္းႀကီးေက်ာင္းအျပင္တံစက္ၿမိတ္မွာမိုးထားတဲ့ ဖက္ေတြက ေလမတိုက္ပဲ တဖ်တ္ဖ်တ္နဲ႔ လႈပ္ခါလာတာကို ျမင္ေတြ႕လိုက္ရတယ္။

“ အရွင္ဘုရား… တံဆက္ၿမိတ္က ဖက္ေတြလႈပ္ေနတာကိုျမင္တယ္မဟုတ္လား”

“ ျမင္တယ္ ဒကာေလး… ေလမတိုက္ပဲ ဘာေၾကာင့္ လႈပ္ခါေနတာလဲ”

“ အဲဒါက ပညာသည္ရဲ႕ စက္ေတြေရာက္လာလို႔ဘုရား… သူလာေနၿပီျဖစ္ေၾကာင္း သတင္းအရင္ေပးတာလို႔လဲ ယူဆလို႔ရတယ္”

“ ႐ြာမွာေနတဲ့သူဆိုရင္ေတာ့ ဘုန္းႀကီးသိမွာပဲ… ဒါေပမယ့္ သိခဲ့ရင္ေတာင္ စိတ္ထဲမွာပဲ သိမ္းထားမွာပါ”

“ ယုံၾကည္ပါတယ္ဘုရား… ဒါေၾကာင့္ ဆရာေတာ္ကိုပါပင့္ထားတာပါ”

ေအာင္ျမတ္သာနဲ႔ ဆရာေတာ္တို႔ စကားစျမည္ေျပာေနတဲ့အခ်ိန္ ေက်ာင္းအေနာက္ဘက္အေပါက္ကေန လမ္းေလ်ာက္လာတဲ့ လူရိပ္တစ္ခုကို ျမင္ေတြ႕လိုက္ရတယ္။

ပဝါကို မ်က္ႏွာမေပၚေအာင္ၿခဳံထားတဲ့ မိန္းမတစ္ေယာက္က ေက်ာင္းေလွကားရင္းေရာက္ေတာ့ ရပ္လိုက္ၿပီး

“ ဆရာေခၚလို႔ အေရာက္လာခဲ့ပါတယ္၊ ဘာကိစၥရွိလို႔လဲ”

“ ေက်ာင္းေပၚကိုအရင္တက္လာခဲ့ပါ”

“ မတက္ခ်င္ပါဘူး… အနားကပ္လာရင္ ပိုပူလို႔ ေအာက္ကေနပဲေျပာပါမယ္”

“ ဒါဆိုရင္လဲ က်ဳပ္ေမးတာကို အမွန္တိုင္းေျဖပါ၊ လိမ္ညာေျပာဆိုရင္ သင္လဲနာက်င္မႈကိုခံစားရလိမ့္မယ္၊ က်ဳပ္အေနနဲ႔လဲ သင့္ကိုနာက်င္ေအာင္မလုပ္ခ်င္ဘူး”

“ ကြၽန္မက လုပ္ရဲသလို လုပ္ထားတာကိုလဲ ျပန္ခံရဲပါတယ္.. ဆရာျမင္ဖူးတဲ့ပညာသည္ေတြလို လိမ္ညာေျပာမယ့္သူမဟုတ္ဘူး”

ခပ္ျပတ္ျပတ္ေျပာလိုက္တဲ့စကားေၾကာင့္ ေအာင္ျမတ္သာ သေဘာက်စြာၿပဳံးလိုက္ၿပီး

“ အဂၤါသမီးကို အပင္းသြင္းထားတာ သင္လား”

“ ဟုတ္တယ္… အစကေတာ့ ေသတဲ့ထိရည္႐ြယ္ထားေပမယ့္ ဆရာတို႔ ကုေပးလိုက္တာေၾကာင့္ ေသတဲ့အထိေတာ့မရေတာ့ဘူးေပါ့”

“ ဘာေၾကာင့္ အခုလိုလုပ္ရတာလဲ”

“ ႏွစ္ေပါင္းမ်ားစြာၿမိဳသိပ္လာရတဲ့ နာက်ဥ္းခ်က္ေတြေၾကာင့္ လုပ္တာ”

“ သူက သင့္အေပၚဘာေတြလုပ္ခဲ့လို႔ ဒီေလာက္နာက်ဥ္းေနတာလဲ”

“ ဒီအေၾကာင္းေတြကိုသိေတာ့ေရာ ဆရာတို႔အေနနဲ႔ ဘာမွထူးလာမွာမဟုတ္ပါဘူး… အခု ကြၽန္မဆရာတို႔ပညာကို မလြန္ဆန္ႏိုင္လို႔ ေခၚတဲ့အတိုင္းေရာက္လာပါၿပီ၊ ကြၽန္မကို အျပစ္ေပးမယ္ဆိုရင္လဲ ခံယူပါမယ္”

“ ဟိတ္ ေကာင္မေလး… စကားေျပာတာ ႐ိုင္းလွခ်ည္လား… ငါ လုပ္လိုက္ရ”

ဆရာေတာ္က စိတ္မရွည္တဲ့ဟန္နဲ႔ ဟိန္းေဟာက္လိုက္ရာ ေအာင္ျမတ္သာက

“ တပည့္ေတာ္ ေျပာၾကည့္ပါဦးမယ္ဘုရား… ကဲ သင္က ခပ္ျပတ္ျပတ္ေျပာေတာ့လဲ က်ဳပ္လဲ ခပ္ျပတ္ျပတ္ေျပာမယ္…. သင္ ျပဳစားထားတဲ့ ပညာေတြအားလုံးကို ဒီညထဲအၿပီးျပန္ႏႈတ္ပါ၊ မနက္ဆြမ္းစားၿပီးခ်ိန္ေရာက္လို႔ လူနာမွာ ပေယာဂတစ္စုံတစ္ခုက်န္ေနေသးတယ္ဆိုရင္ က်ဳပ္အဆိုးမဆိုပါနဲ႔”

“ ဟက္ဟက္… မႏိုင္မွန္းသိလ်က္နဲ႔ ကြၽန္မအသက္ကိုအဆုံးခံၿပီး မၿပိဳင္ပါဘူးရွင္… ဆရာတို႔ေျပာတဲ့အတိုင္း ပညာေတြျပန္ႏႈတ္လိုက္ပါမယ္၊ ဒီေလာက္ဆို ကြၽန္မျပန္လို႔ရၿပီလား”

“ မရေသးဘူး… သင္ေျပာတဲ့အတိုင္း တည္ဖို႔အတြက္ သစၥာေရေသာက္ရဦးမယ္”

သစၥာေရဆိုတဲ့အသံေၾကာင့္ ေက်ာင္းေအာက္မွာရပ္ေနတဲ့ မိန္းကေလးက ေခါင္းကိုေမာ့ၾကည့္လိုက္ရာ ၿခဳံထည္ေအာက္ကေန ဖ်တ္ခနဲပြင့္လာတဲ့ မ်က္ဝန္းညိဳညိဳတစ္စုံကို ျမင္လိုက္ရတယ္။

“ သင့္မွာ ေ႐ြးခ်ယ္စရာတစ္ခုရွိတယ္… ပညာကိုစြန႔္မလား၊ သစၥာေရေသာက္မလား”

“ ေတာက္စ္… ဒင္းနဲ႔အေပါင္းအပါေတြ ခံစားရတာၾကည့္မလို႔ ျပန္လာပါတယ္ဆိုမွ ဆရာေတြနဲ႔လာတိုးေနတယ္”

“ သင္က စႏၵာခင္ကိုအေတာ္မုန္းေနတာပဲ”

“ ဆရာတို႔ခံသြားလို႔ေနာ္ မဟုတ္ရင္ ဒီေကာင္‌မေတြ အကုန္ေသတယ္”

“ သင္တို႔ရဲ႕အညိဳးအေတးေတြဘယ္လိုရွိခဲ့တယ္ ဆိုတာ က်ဳပ္မသိခ်င္ဘူး… အခု က်ဳပ္ေျပာတဲ့အတိုင္းလိုက္နာမွာလား၊ မလိုက္နာဘူးလား”

“ မလိုက္နာလို႔လဲမရဘူးေလ… ေဘးနားမွာဝိုင္းထားတဲ့ အေစာင့္ေတြက ကြၽန္မကို ရစရာမရွိေအာင္ ခုတ္ပိုင္းလိုက္မွာေပါ့”

“ ဒါဆို သစၥာဆို… ေမာင္ေကာင္း ေရတစ္ခြက္သြားေပးလိုက္”

ေမာင္ေကာင္းလဲ ေရအိုးထဲကေရတစ္ခြက္ခပ္ၿပီး ေက်ာင္းေအာက္မွာရပ္ေနတဲ့သူကို ကမ္းေပးလိုက္တယ္။

“ က်ဳပ္ဆိုတဲ့အတိုင္း လိုက္ဆို၊ ကြၽန္မသည္”

“ ကြၽန္မသည္”

“ အဂၤါသမီးႏွင့္ အျခားအေပါင္းအပါမ်ားအား”

“ အဂၤါသမီးႏွင့္ အျခားအေပါင္းအပါမ်ားအား”

“ အသက္အႏၲရာယ္ထိခိုက္ေစေအာင္ ဘယ္ေသာအခါမွ မျပဳစားေတာ့ပါ၊ ဤသစၥာစကားမွန္ကန္ပါက ယခုဘဝထက္ေကာင္းမြန္ေသာဘဝကို ရရွိပါေစသား၊ အကယ္၍ သစၥာေဖာက္ဖ်က္ခဲ့ပါက ေသြးပြက္ပြက္အန္၍ေသဆုံးပါေစ၊ ေသဆုံးၿပီးလွ်င္လည္း အဝီဇိငရဲသို႔က်ေရာက္ပါ‌ေစသား”

ေအာင္ျမတ္သာတိုင္ေပးတဲ့စကားကို ေနာက္ဆုံးအခ်ိန္မွာ လိုက္မဆိုပဲ တင္းခံေနတာေၾကာင့္

“ ဟိတ္… ဘာလို႔လိုက္မဆိုတာလဲ”

“ အဟီးအဟီး အဟင့္… အဖြားကိုေပးထားတဲ့ကတိ သမီးမတည္ႏိုင္ေတာ့ဘူး… ဒင္းတို႔ကို ကလဲ့စားမေခ်ႏိုင္ေတာ့ဘူး အီးဟီးဟီး”ဆိုၿပီး ငိုေႂကြးပါေလေရာ။ အတန္ၾကာငိုၿပီးကာမွ မ်က္ရည္ေတြကိုသုတ္ကာ ေနာက္ဆုံးသစၥာကိုဆိုၿပီး ေသာက္ခ်ခဲ့တယ္။

“ သင္ရဲ႕ အမုန္းကႀကီးလိုက္တာ”

“ ကြၽန္မ သူတို႔ကို ကလဲ့စားေခ်ဖို႔ ဆယ္ႏွစ္တိတိ ႀကိဳးစားခဲ့တာ၊ ဒါေပမယ့္ ေမွ်ာ္မွန္းထားသလို မျဖစ္လာခဲ့ဘူး၊ ဆရာတို႔ ေတာ္ပါတယ္ ဟက္ဟက္ တကယ္ကိုေတာ္ပါတယ္”

“ စိတ္ေလ်ာ့ပါ မိန္းကေလး… အမုန္းတရားဆိုတာ ကိုယ့္ကိုအရင္ပူေလာင္ေစတယ္၊ သင္ကိုယ္တိုင္ ေအးခ်မ္းခ်င္ရင္ အမုန္းေတြကို စိတ္ထဲကေန ထုတ္ပစ္လိုက္ပါ၊ အခုေတာ့ သင္လိုရာသြားႏိုင္ပါၿပီ”

ေအာင္ျမတ္သာခြင့္ျပဳလိုက္ေတာ့ ၿခဳံထည္ၿခဳံထားတဲ့မိန္းကေလးက ေလးပင္တဲ့ေျခလွမ္းေတြနဲ႔ ဘုန္းႀကီးေက်ာင္းအေနာက္ဘက္အေမွာင္ထုထဲကို ထြက္သြားခဲ့တယ္။

++++

ဒီကိစၥေတြျဖစ္ၿပီး ႏွစ္ရက္ေလာက္အၾကာမွာေတာ့ လူနာက ျပန္လည္ထူထူေထာင္ေထာင္ျဖစ္လာၿပီး အစားလဲျပန္စားႏိုင္ၿပီဆိုတဲ့သတင္းကိုၾကားလိုက္ရတယ္။

ေအာင္ျမတ္သာတို႔လဲ ဆရာေတာ္ရဲ႕ ေမတၱာရပ္ခံမႈေၾကာင့္ ႐ြာမွာရွိတဲ့သူေတြကို တန္ျပန္အေဆာင္ေတြျပဳလုပ္ေပးၿပီး သူတစ္ပါး ေႏွာက္ယွက္လို႔မရေအာင္ စီမံေပးခဲ့ၾကတယ္။

႐ြာမွာေနတာ ေျခာက္ရက္ေျမာက္ေန႔ အ႐ုဏ္တက္ခ်ိန္မွာေတာ့ ဆရာေတာ္ကို ခြင့္ေတာင္းကာ ႐ြာထဲကေန တိတ္တိတ္ေလး ထြက္လာခဲ့ၾကတယ္။

ေအာင္ျမတ္သာတို႔ ႐ြာအျပင္ကြင္းစပ္အေရာက္မွာ မ်က္ႏွာကိုပဝါအုပ္ထားတဲ့ အမယ္အိုတစ္ေယာက္ အေမွာင္ထုထဲကေနတိတ္တဆိတ္ေခ်ာင္းၾကည့္ရင္း

“ ငါ့ေျမး စိတ္ထိခိုက္ေအာင္ လုပ္တဲ့သူေတြ မယ္တင္အေၾကာင္း ေကာင္းေကာင္းသိေစရမယ္”လို႔ အသံအုပ္အုပ္နဲ႔ ႀကိမ္းဝါးလိုက္တဲ့အခ်ိန္ အနားမွာရွိတဲ့ ေညာင္ပင္ကေန ပုဆိုးကိုေျမာက္ေနေအာင္က်ိဳက္ထားၿပီး ေခါင္းေပါင္းေပါင္းထားတဲ့ အဖိုးအိုတစ္ေယာက္ လမ္းေလ်ာက္ဆင္းလာတာကိုျမင္လိုက္ရတယ္။

“ ဟဲ့ မယ္တင္… နင္က ေက်ာက္ေဆာင္ကို ၾကက္ဥနဲ႔ေပါက္ဦးမလို႔လား”

“ သူတို႔ေၾကာင့္ ကြၽန္မေျမးမေလး စိတ္ဆင္းရဲေနရၿပီ၊ ဒါကို ၾကည့္မေနႏိုင္ပါဘူး”

“ နင္နဲ႔ေတာ့ ခက္ၿပီ မယ္တင္ေရ… နင္အံတုမယ့္ဆိုရင္လဲ အံတုမယ့္သူရဲ႕အေၾကာင္းကို စုံစမ္းရတယ္ကြယ့္”

“ သူတို႔လဲ သတိေလ်ာ့တဲ့အခ်ိန္ရွိမွာပဲေလ…အဲဒီအခ်ိန္ကိုေစာင့္ၿပီး ဆုံးမရမွာေပါ့”

“ အဲဒီပုဂၢိဳလ္က နင္တို႔ရဲ႕အခ်ဳပ္ ေရယဥ္ကေတာ္ကိုေတာင္ ဆင့္ေခၚႏိုင္တဲ့ အင္းဝိဇၨာတစ္ပါးပဲ”

“ ဒီလူ႐ြယ္ေလးက အင္းဝိဇၨာ ဟုတ္လား.. ဖိုးၾကာပန္း”

“ လူ႐ြယ္လို႔မေခၚနဲ႔… သူ႔ရဲ႕အသက္အမွန္က ငါတို႔သက္တမ္းႏွစ္ဆေလာက္ရွိတယ္”

“ အမေလး ေတာ္ပါေသးရဲ႕… ဆရာအစစ္အမွန္ကိုပစ္မွားမိေတာ့မလို႔”

“ သြား သြား ကိုယ့္ေနရာကိုယ္ျပန္… သူတို႔မွာလဲ အျခားသူေတြကို ကယ္တင္ရမယ့္တာဝန္ရွိေသးတယ္၊ လိုက္မေႏွာက္ယွက္နဲ႔ေတာ့”

ဖိုးၾကာပန္းဆိုသူက မယ္တင္ဆိုတဲ့ အဖြားႀကီးကို ေမာင္းထုတ္လိုက္ၿပီး ေညာင္ပင္ေပၚကို လမ္းေလ်ာက္ကာျပန္တက္သြားခဲ့တယ္။

+++++

ဖိုးၾကာပန္းဆိုတဲ့သူက ေအာင္ျမတ္သာတို႔နဲ႔ ဘယ္လိုပတ္သတ္ေနတာလဲဆိုတဲ့အေၾကာင္းအရာကိုေတာ့ ‌ “ ေအာင္ျမတ္သာႏွင့္ ၾကာပန္းရတနာသိုက္ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)