” အောင်မြတ်သာနှင့်ခုနှစ်စဉ်အတိုက် “(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်ခုနှစ်စဉ်အတိုက် “(စ/ဆုံး)
————————————————————-

“ ဒီကိုယ်ဝန်က ဘယ်သူနဲ့ရတာလဲပြောစမ်း”

ဦးသောင်းဖေအသံက တုန်ရီနေသလို မျက်လုံးတွေက အငွေ့တထောင်းထောင်း ထွက်နေခဲ့တယ်။ အရှေ့မှာတော့ သမီးဖြစ်သူ ရီစိန်က ပုဆစ်တုပ်ထိုင်ကာ ငိုရှိုက်နေခဲ့တယ်။

“ အဖေကိုပြောစမ်းသမီး… ဒီကိုယ်ဝန်ဘယ်သူနဲ့ရတာလဲ”

“ ကိုနိုင်မြင့်နဲ့ပါ”

“ ဒီနာမည်ငါမကြားဖူးဘူး.. အဲဒီကောင်က ဘယ်ကလဲ”

“ သမီး… သမီးအလုပ်လုပ်တဲ့ ဆေးလိပ်ခုံပိုင်ရှင်ရဲ့ တူပါ”

“ လာ… အခုချက်ချင်း နင့်အလုပ်ကိုသွားမယ်”

“ မလုပ်ပါနဲ့အဖေရယ်… သမီး သမီးရှက်လို့ပါ”

“ ဘာ… အခုမှ ရှက်တယ်လေး ဘာလေးနဲ့ နင်ရှက်သလိုငါလဲရှက်တယ်၊ ငါ့မျက်နှာပတ်ဝန်းကျင်မှာဘယ်လိုပြမလဲ၊ နိုင်မြင့်ဆိုတဲ့အကောင် နင့်ကိုတာဝန်ယူအောင် ငါသွားပြောမှာ၊ ထစမ်း…”

ဦးသောင်းဖေက ရီစိန်လက်ကိုဆွဲပြီး အိမ်ရှေ့မှာရပ်ထားတဲ့ နွားလှည်းပေါ်ကို တက်ခိုင်းလိုက်တယ်။

“ အဖေ… သမီးကိုသာသတ်လိုက်ပါတော့”

“ နင့်ပါးစပ်ပိတ်ထားစမ်း…အသံထွက်ရင် ငါတကယ်သတ်ပစ်မှာ”

ဦးသောင်းဖေက ဒေါသတစ်ကြီးပြောရင်း နွားဇက်ကြိုးကိုဆွဲကာ မောင်းထွက်သွားခဲ့တယ်။

++++++

“ နွားမင်းဆေးလိပ်ခုံ” ဆိုတဲ့ဆိုင်းဘုတ်ရှေ့ကိုရောက်တော့ ဦးသောင်းဖေက လှည်းပေါ်ကနေဆင်းပြီး

“ နိုင်မြင့်ဆိုတဲ့ကောင်ရှိလား… ထွက်လာစမ်း”

“ ဘယ်သူလဲ အော်ကြီးဟစ်ကျယ်လုပ်နေတာ”

အသံနဲ့အတူ ရွှေတွေညွှတ်နေအောင်ဝတ်ထားတဲ့ ခပ်ဝဝမိန်းမတစ်ယောက် အိမ်ပေါ်ကနေဆင်းလာခဲ့တယ်။ အိမ်အောက်မှာ ဆေးလိပ်လိပ်နေကြတဲ့အလုပ်သမတွေကတော့ ဘာများဖြစ်တာလဲဆိုတဲ့အကြည့်တွေနဲ့ လှမ်းကြည့်နေခဲ့ကြတယ်။

“ နိုင်မြင့်ဆိုတဲ့ကောင်နဲ့တွေ့ချင်လို့လာတာ၊ သူရှိလား”

“ နိုင်မြင့်က မြို့တက်သွားတာ တစ်ပတ်ကျော်ပြီ၊ ဘာကိစ္စရှိလို့လဲ”

“ ဘာကိစ္စရမှာလဲ… ကျုပ်သမီးမှာ အဲဒီကောင်နဲ့ ရတဲ့ကိုယ်ဝန်ရှိနေပြီ၊ ဒါကို ဘယ်လိုတာဝန်ယူပေးမှာလဲ”

“ အလိုတော် … ပေါက်ပေါက်ရှာရှာ.. ဘာတွေလာပြောနေတာလဲ”

“ ရီစိန် နင်ပြောပြလိုက်စမ်း..”

“ ဟောဟော ဘယ်သူများလဲလို့ ဟိုတစ်လကမှ အလုပ်ထုတ်ခံထိသွားတဲ့သူမဟုတ်လား၊ ပြောစမ်းပါဦး ညဉ်းကိုယ်ဝန်က ဘယ်သူနဲ့ရတာလဲ”

“ ကို ကိုနိုင်မြင့်နဲ့ရတာပါ”

“ နင် ပေါက်တီးပေါက်ရှာမစွပ်စွဲနဲ့၊ ဟဲ့ မေခင်တို့ မေနွဲ့တို့လာကြစမ်းပါဦးအေ”

ခပ်ဝဝမိန်းမကြီးခေါ်သံကြောင့် အနီးနားမှာရှိတဲ့အိမ်ကနေ လူအချို့ထွက်လာခဲ့ကြတယ်။

“ မေနွဲ့… ဒီကောင်မပြောတာ သူ့ကိုယ်ဝန်က နင့်သားနဲ့ရတာဆိုပဲ”

“ ဘယ်လိုဖြစ်နိုင်မှာလဲ မမရယ်… နိုင်မြင့်က မြို့မှာကျောင်းတက်နေတာမဟုတ်လား၊ သူရွာကိုပြန်လာတာ တစ်နှစ်နေလို့ တစ်လတောင်မရှိတာကို မဖြစ်နိုင်ပါဘူး”

“ သမီး တကယ်ပြောတာပါ၊ လွန်ခဲ့တဲ့ သင်္ကြန်တုန်းက သမီးတို့နှစ်ယောက် လွန်ကျူးခဲ့ကြတာပါ”

“ နင်က ငါ့တူကို ဘယ်လိုမြူစွယ်လိုက်လဲမှမသိတာ၊ ရွာပြန်လာတဲ့ရက်ပိုင်းအတွင်း အခုလိုဖြစ်သွားတာ အံ့ဩတယ်ဟေ့”

“ ဟုတ်ပါ့ မမရယ်…ခုခေတ် မိန်းကလေးတွေများ အတော်ကြောက်ဖို့ကောင်းတာပဲ”

အဲဒီစကားကြားတော့ ဦးသောင်းဖေ စိတ်မထိန်းနိုင်တော့ပဲ

“ ခင်ဗျားတို့ လူမှဟုတ်သေးရဲ့လား၊ ကာယကံရှင်ကိုယ်တိုင် အရှက်ကွဲခံပြီး ပြောနေတာတောင်ဗျာ”

“ အိုတော်… ရှင်ကလဲ ကိုယ့်သမီးကိုယ်နိုင်အောင် ထိန်းထားလေ၊ ဘယ်နှယ့် ဘယ်သူနဲ့ရလို့ ရမှန်းမသိမှ နိုင်မြင့်အပေါ်လက်ညိုးထိုးချချင်နေတာလား”

“ အဲဒီကောင် အခုဘယ်မှာလဲ ကျုပ်ကိုပြော”

“ သိ‌တော့ရောဘာလုပ်မလို့လဲ၊ ခြိမ်းခြောက်ပြီး အတင်းအကြပ်ဝန်ခံခိုင်းမလို့လား”

“ အဖေရယ်… မပြောပါနဲ့တော့ သမီး သမီး အရမ်းရှက်လို့ပါ”

“ တောက်စ်… ခင်ဗျားတို့ဗျာ သားသမီးချင်းကိုယ်ချင်းမစာမနာပြောရက်လိုက်ကြတာ”

“ အဲဒီတော့ နင်ကဘာလုပ်ချင်လဲ၊ ငါ့တူနာမည်ကိုသုံးပြီးပိုက်ဆံလိုချင်နေတာလား”

“ ခင်ဗျားပါးစပ်ပိတ်လိုက်တော့… ရီစိန် လှည်းပေါ်တက်”

ဦးသောင်းဖေက သမီးဖြစ်သူရဲ့မျက်နှာကြောင့် ဘာမှထပ်မပြောတော့ပဲ ဆေးလိပ်ခုံရှေ့ကနေ မောင်းထွက်လာခဲ့လိုက်တယ်။

“ သမီး… ဘာမှအားမငယ်နဲ့၊ အဲဒီကောင်ကို အဖေတွေ့အောင်ရှာမယ်၊ သူသာ သမီးကို တကယ်ချစ်ရင် ဒီအဖြစ်ကိုသူလက်ခံမှာပါ”

“ သမီး ဘာမှမသိချင်တော့ဘူးအဖေရာ၊ သမီး သမီး ရှက်တာပဲသိတယ်”

ဦးသောင်းဖေလဲ စိတ်ထဲခံပြင်းသမျှကို မြိုသိပ်ရင်း အိမ်ကိုပြန်လာခဲ့လိုက်တယ်။ ညဘက်ရောက်တော့ ရီစိန်က ထမင်းမစားပဲ ငိုပဲငိုနေတာကြောင့်

“ သမီး မနက်ကျရင် အဖေ မြို့တက်ပြီး နိုင်မြင့်ဆိုတဲ့သူကိုသွားရှာမယ်၊ သူ့ဆွေမျိုးတွေဘယ်လိုပဲပြောနေပါစေ၊ အဲဒီကောင် သမီးကိုတာဝန်ယူတဲ့ထိ အဖေလုပ်မယ်”

“ ကိုနိုင်မြင့်က ဒီနှစ်ဆို တက္ကသိုလ်ကဘွဲ့ရတော့မှာ၊ သမီးကြောင့် သူ့ပညာရေးအနှောက်အယှက်ဖြစ်နေ ပါ့မယ်၊ တကယ်လို့ သူကသာ ငြင်းရင် သမီးဘဝက သူများတံတွေးထဲပက်လက်မျောတော့မှာ၊ သမီး သမီး အရမ်းမှားသွားတယ်အဖေရယ် အဟင့်အဟင့်”

“ ဒီကောင် ငြင်းရဲငြင်းကြည့်ပါလား… သောင်းဖေ ဆိုတာဘာကောင်လဲသိသွားမှာပေါ့”

“ အဖေ… သမီး စိတ်အရမ်းရှုပ်နေလို့ ခဏလောက်နားချင်တယ်”

“ နားလေ သမီး… အဖေ ဘာလုပ်ပေးရမလဲ”

“ ဘာမှမလုပ်ပါနဲ့ သမီး တစ်ယောက်ထဲနေချင်လို့ပါ”

“ ဒါဖြင့် ခဏနားလိုက်ဦး အဖေ နွားစာသွားစဉ်းလိုက်ဦးမယ်”

ဦးသောင်းဖေလဲ နွားစာစဉ်းဖို့ ထွက်သွားခဲ့လိုက်တယ်။ ဒီလိုနဲ့ ညနက်ရောက်တဲ့အထိ ရီစိန်အခန်းထဲက ထွက်မလာတာကြောင့် တံခါးကိုတွန်းဖွင့်ပြီးကြည့်လိုက်ရာ အိမ်ထုပ်တန်းပေါ်မှာ ကြိုးဆွဲချပြီးသေနေတာကိုမြင်လိုက်ရတယ်။

တစ်ဦးထဲသောသမီးလဲဖြစ် မိတဆိုးလေးလဲဖြစ်တာမို့ ဦးသောင်းဖေတစ်ယောက် ရင်ကွဲမတတ်ဖြစ်ခဲ့သလို သူ့သမီးကို အခုလိုဖြစ်အောင်လုပ်တဲ့ သူတွေကိုလဲ စိတ်အနာကြီးနာခဲ့မိတယ်။

ရီစိန်ဆုံးပြီးနောက်ပိုင်းမှာတော့ ဦးသောင်းဖေ တစ်ယောက် ဘယ်သူ့ကိုမှ ပြဿနာမရှာပဲ တစ်ယောက်ထဲ အေးအေးလူလူပြန်နေခဲ့တယ်။ ဒါကလဲ သာမန်လူတွေ စိတ်ကူးနဲ့တောင် မတွေးကြည့်နိုင်လောက်တဲ့ ရက်စက်မှုကိုအစပျိုးနေခဲ့ခြင်းပင်။

+++++++++++

တစ်နှစ်ခန့်အကြာ….

“ ကိုငှက်ခါးရေ… ထန်ရည်နှစ်မြူချပေးပါဦး”

“ လာပြီ လာပြီ အကိုလေးရေ”

“ ထန်းရည်က မြို့ပေါ်မှာ ဒီလိုအစစ်မရဘူးဗျ၊ ဒါကြောင့် ရွာပြန်ရောက်တုန်းလေး အတိုးချပြီး သောက်နေတာ”

“ ဟဲဟဲ… အကိုလေး ရွာပြန်ရောက်နေတယ်ဆိုလို့ ချိုခါးပင်ကျရည်တွေသီးသန့်ဖယ်ထားပေးတာဗျ”

“ ကျုပ်ကအများကြီးတော့မသောက်နိုင်ပါဘူး… တိုးအောင်တို့ ဖိုးထွန်းတို့ကတော့ သောက်နိုင်တယ်ဗျ”

“ ဒီကောင်တွေက ကြွက်တွင်းတွေလေ၊ အကိုလေးနဲ့တော့ဘယ်တူမလဲ”

“ ကိုငှက်ခါးကတော့ လုပ်ပြီဗျာ၊ ကျုပ်တို့လဲအများကြီးမသောက်နိုင်ပါဘူး”

“ ကဲကဲ သူငယ်ချင်းတွေဆုံတုန်း အေးအေးဆေးဆေးသောက်ကြ၊ လိုတာရှိလဲ အော်ပြောလိုက်”

ကိုငှက်ခါးထွက်သွားတော့ တိုးအောင်က

“ နိုင်မြင့်… မင်း ဒီနှစ်ကျောင်းပြီးပြီပေါ့”

“ အေးပေါ့ကွ… မြို့‌က ကောင်မလေးတွေကိုတော့ လွမ်းနေရတော့မှာပဲ”

“ နိုင်မြင့်… ဟိုလေ ငါမေးစရာရှိလို့”

“ မေးလေ… ဘာမေးမလို့လဲ”

“ မင်း ရီစိန်ဆိုတဲ့ ကောင်မလေးကို မှတ်မိတယ်မဟုတ်လား”

“ ရီစိန်… ရီစိန်ဆိုတာက အော်… ငါ့အဒေါ်ဆေးလိပ်ခုံမှာအလုပ်လုပ်တဲ့ ကောင်မလေးလား”

“ မင်း အဲဒီသတင်းကြားပြီးပြီမဟုတ်လား”

“ သူ့ကိုယ်သူသတ်သေသွားတာတော့ကြားတယ်၊ ဘာဖြစ်လို့လဲ”

“ အဲဒီကောင်မလေးနဲ့ မင်းနဲ့ ဟိုဒင်းဟိုဟာ…”

“ တိုးအောင်… မင်းဘာတွေလျောက်ပြောနေတာလဲ၊ ပြီးခဲ့တာလဲပြီးနေပြီဟာကို”

“ အေးပါ… ငါကသိချင်လို့မေးကြည့်တာပါ”

“ မင်းကြောင့် ငါပျော်နေတဲ့အပျော်တွေပါ ပျောက်ကုန်ပြီ၊ မင်းတို့ပဲဆက်သောက်ကြ ငါပြန်တော့မယ်”

“ စိတ်မဆိုးပါနဲ့ကွာ… မပြောနဲ့ဆို မပြောတော့ပါဘူး”

“ ထားလိုက်တော့ ငါ ပြန်တော့မယ်… ဘယ်မှာလဲ ငါ့ဖိနပ်”

“ မင်း ဖိနပ်ကိုဘယ်မှာချွတ်ထားလို့လဲ”

“ ခုနက ဒီထန်းပင်အောက်မှာပဲ ချွတ်ထားတာလေကွာ”

“ ခွေးတွေဘာတွေများဆွဲသွားတာလား”

“ ဒီနေ့က ပြဿဒါးနေ့ပဲထင်တယ်…ထွီ”

နိုင်မြင့်က ခြေဖလာနဲ့ ထန်းတောအပြင်ဘက်ကို ထွက်သွားတာကြောင့် တိုးအောင်နဲ့ ဖိုးထွန်းတို့ သောက်လက်စထန်းရည်ခွက်ကိုချပြီး အနောက်ကနေ လိုက်သွားခဲ့ကြတယ်။

နိုင်မြင့်တို့ထွက်သွားပြီးတဲ့အချိန် မလှမ်းမကမ်းက စားပွဲဝိုင်းမှာထိုင်နေတဲ့လူတစ်ယောက် ထလာပြီး နိုင်မြင့်လမ်းလျောက်သွားတဲ့ခြေရာခွက်ထဲက မြေကြီးအချို့ကို လက်နဲ့ကျုံးယူကာ လှည့်ထွက်သွားခဲ့တယ်။

++++++

“ ဖိုးထွန်း… မင်း နိုင်မြင့်ကိုတွေ့သေးလား”

“ ဟိုနေ့ မင်းပြောလိုက်ထဲက မတွေ့တော့တာ တစ်ပတ်လောက်ရှိရောပေါ့၊ဒီကောင်ငါတို့ကို

စိတ်ဆိုးနေတာများလား”

“ ငါလဲ ဘာရယ်မဟုတ်ပဲမေးလိုက်တာ၊ ဒီကောင်အဲလောက်စိတ်ဆိုးမယ်မထင်ခဲ့ဘူး”

“ ဒီကောင်ကစိတ်ဆိုးလဲခဏပါပဲ၊ လာကွာ သူ့အိမ်သွားကြရအောင်”

တိုးအောင်နဲ့ ဖိုးထွန်းတို့လဲ နိုင်မြင့်နေတဲ့အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့ ဒေါ်မေနွဲ့ထွက်လာပြီး

“ တိုးအောင်နဲ့ဖိုးထွန်းပါလား… ဘယ်ကိုလာကြတာလဲ”

“ နိုင်မြင့်ဆီကိုလာတာ ဒေါ်လေး… သူအိမ်မှာရှိနေလား”

“ သူသိပ်နေမကောင်းလို့ အပြင်တောင်မထွက်ဘူး”

“ ဒီကောင်ဖျားနေတာလား… ဒါကြောင့် မတွေ့ရတာကိုး”

တိုးအောင်တို့အိမ်ခန်းထဲဝင်သွားတော့ အားမရှိတဲ့ပုံစံနဲ့ နံရံကိုမှီပြီးမှိန်းနေတဲ့ နိုင်မြင့်ကို မြင်လိုက်ရတယ်။

“ ဟေ့ကောင် မင်း ဘယ်လိုဖြစ်တာလဲ… မျက်နှာတောင်အတော်ချောင်ကျသွားတာပဲ”

“ ငါလဲမသိဘူး… မင်းတို့နဲ့ထန်းတောကပြန်လာပြီး နောက်နေ့ တစ်ကိုယ်လုံးညောင်းကိုက်လာတာ၊ အဲဒီထဲက အခုထိ မထူနိုင်သေးဘူး”

“ ဆေးခန်းတွေဘာတွေရောမပြကြည့်ဘူးလား”

“ ပြတယ်.. ဆရာဝန်က သွေးအားနည်းနေတယ်ပဲပြောတယ်”

“ မင်းပုံစံကြည့်ရတာ ဖြူဖတ်ဖြူလျော်နဲ့ အားရှိတာလေးလဲစားဦး၊ နေကောင်းမှ ကိုငှက်ခါးထန်းရည်လေးနဲ့ လယ်ကြွက်ကင်လေး သွားစားရအောင်”

“ အေးပါ… နေကောင်းတဲ့ရက်သွားကြတာပေါ့”

“ ဒါဆို ငါတို့ပြန်လိုက်ဦးမယ်၊ မနက်ဖြန် မင်းအတွက် ကြက်စွပ်ပြုတ်လေး ယူလာပေးမယ်”

တိုးအောင်တို့ထွက်သွားတော့ နိုင်မြင့်လဲ ခေါင်းအုံးကိုမှီပြီးမှေးနေတဲ့အချိန် အိမ်နောက်ဖေးကနေ တက်လာတဲ့ ခြေသံတစ်ခုကိုကြားလိုက်ရတယ်။

“ ဒီကောင်တွေအခုထိမပြန်ကြသေးဘူးထင်တယ်”

နိုင်မြင့်က တိုးအောင်နဲ့ ဖိုးထွန်းအထင်နဲ့ ထမကြည့်ပဲ ဘေးစောင်းလှဲနေတဲ့အချိန် ခြေသံက အိမ်ခန်းထဲကိုရောက်လာခဲ့တယ်။

“ မင်းတို့မပြန်ကြသေးဘူးလား”

“ ဟင်းဟင်းဟင်းဟင်း”

ရုတ်တရက်ကြားလိုက်ရတဲ့ ညဉ်းသံကြောင့် နိုင်မြင့် လှည့်ကြည့်လိုက်ရာ ရှည်လျားတဲ့အမွှေးအမျှင်တွေအပြင်၊ ချွန်မြနေတဲ့လက်သည်းတွေပါတဲ့ အကောင်တစ်ကောင်ကိုမြင်လိုက်ရတယ်။

မကြာခင် အိမ်ပေါ်ကနေ နိုင်မြင့်ရဲ့ အလန့်တကြားအော်ဟစ်သံထွက်လာတာကြောင့် ဆေးလိပ်ခုံကလူတွေရော အိမ်နားချင်းတွေပါ လာကြည့်ခဲ့ရာ မျက်လုံးပြူးပြီးပါးစပ်ဟကာ သေဆုံးနေတာကိုထိတ်လန့်ဖွယ်မြင်တွေ့

လိုက်ရတယ်။

ရောဂါမယ်မယ်ရရမရှိပဲ ရုတ်တရက်သေဆုံးသွားတဲ့ သားဖြစ်သူရဲ့စိတ်ကြောင့် ဒေါ်မေနွဲ့တစ်ယောက် အိပ်ယာထဲဘုန်းဘုန်းလဲပါလေရော၊ ဒီလိုနဲ့ နိုင်မြင့်အသုဘရက်လည်ပြီးတစ်ပတ်လောက် အကြာမှာပဲ ဒေါ်မေနွဲ့ကို အိပ်ယာထဲမှာ သေနေတာမြင်လိုက်ရတယ်။

တစ်လအတွင်း တစ်အိမ်ထဲလူနှစ်ယောက်သေတာကြောင့် ရွာမှာရှိတဲ့သူတွေ အနည်းငယ်ထိတ်လန့်လာခဲ့ ကြတယ်။ ညဘက်ရောက်ရင်လဲ ခွေးတွေက ဒေါ်မေနွဲ့တို့အိမ်ကို ကြည့်ပြီးစူးစူးဝါးဝါ းထိုးဟောင်နေတတ်သလို အိမ်ထဲမှာလဲ အရိပ်မဲမဲတွေလှုပ်ရှားသွားလာနေတာကို မြင်တဲ့သူတွေရှိခဲ့တယ်။

ဒီအဖြစ်ကြောင့် ဆေးလိပ်ခုံပိုင်ရှင်တစ်ဖြစ်လဲ ဒေါ်သန်းနွဲ့တစ်ယောက် ညဘက်တွေ တစ်ယောက်ထဲမအိပ်ရဲတော့ပဲ အလုပ်သမအချို့ကိုခေါ်ကာ အိပ်ရတဲ့အခြေအနေထိဖြစ်လာခဲ့တယ်။

ဒေါ်မေနွဲ့သေပြီး တစ်ပတ်လောက်အကြာမှာပဲ ‌အကိုဖြစ်သူ ဦးစိန်နွဲ့ ရေတွင်းဆယ်ရင်း အသက်ရှုကြပ်ကာ သေဆုံးတဲ့ဖြစ်ရပ်တစ်ခု ထပ်ဖြစ်ပွားခဲ့တယ်။ ဦးစိန်နွဲ့သေတယ်ဆိုတဲ့ သတင်းကြားတာနဲ့ ဒေါ်သန်းနွဲ့တစ်ယောက် သူ့အိမ်ကို သံဃာတော်တွေပင့်ပြီး ပရိတ်တရားနာတာတွေ ပြုလုပ်ခဲ့တယ်။

ဒီလိုနဲ့ ဦးစိန်နွဲ့ဆုံးပြီး ငါးရက်ခန့်အကြာ

“ ဒေါ်လေးနွဲ့… ဒေါ်လေးနွဲ့”

“ ဘယ်သူခေါ်နေတာလဲ ကြည့်စမ်းပါဦး”

ဒေါ်သန်းနွဲ့က သူနဲ့အဖော်အိပ်ပေးတဲ့ ဆေးလိပ်သမလေးနှစ်ယောက်ကိုလှမ်းပြောလိုက်တယ်။

“ ကိုခိုင်မောင် ထင်တယ်…ဒေါ်လေး”

ခိုင်မောင်ဆိုတဲ့အသံကြောင့် ဒေါ်သန်းနွဲ့ အိမ်ရှေ့တံခါးကိုဖွင့်လိုက်ပြီး

“ ညကြီးအချိန်မတော် ဘာဖြစ်လို့လဲ”

“ ဘာမှမဖြစ်ပါဘူး… ဒေါ်လေးနွဲ့မျက်နှာကို လာကြည့်တာ”

ခိုင်မောင်က မျက်နှာသေနဲ့စိုက်ကြည့်ကာ ပြောလိုက်တာကြောင့် ဒေါ်သန်းနွဲ့ စိတ်ထဲထင့်ခနဲ ဖြစ်သွားခဲ့တယ်။

“ နင် ခိုင်မောင်ရော ဟုတ်ရဲ့လား…”

“ ဟီးဟီးဟီး… ငါက ခိုင်မောင်ပဲလေ နင်မယုံရင် ဆင်းပြီးလာကြည့်”

“ အေးကြည်မရေ တံခါးအမြန်ပိတ်လိုက်တော့… ခိုင်မောင်က ငါ့ကို နင်နဲ့ငါနဲ့ မပြောဖူးဖူး၊ အခုအိမ်ရှေ့မှာရပ်နတာ ခိုင်မောင် မဟုတ်ဘူး”

ဒေါ်သန်းနွဲ့စကားကြောင့် အေးကြည်မက တံခါးကို ပိတ်လိုက်တဲ့အချိန် ဟီးဟီးဟားဟားရယ်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။ ခဏနေတော့

“ မသန်းနွဲ့… မသန်းနွဲ့”

“ အသံထပ်ကြားပြန်ပြီ… တံခါးမဖွင့်ပေးနဲ့”

“ ဒေါ်လေး အခုက ဦးသာဝတို့အဖွဲ့လာခေါ်နေတာ”

“ သူ သူတစ်ယောက်ထဲလား… ဘယ်သူတွေပါသေးလဲ”

“ အခြားလူတွေ လေးငါးယောက်ပါတယ်”

အေးကြည်မစကားကြောင့် ဒေါ်သန်းနွဲ့ ပြူတင်းပေါက်တံခါးကိုအသာဖွင့်ကြည့်လိုက်ရာ ရွာလူကြီးဦးသာဝတို့အဖွဲ့ကိုမြင်လိုက်ရတယ်။

“ မသန်းနွဲ့… ဗျို့မသန်းနွဲ့”

“ ဘာကိစ္စရှိလို့လဲကိုသာဝ”

“ ခင်ဗျားတူ ခိုင်မောင် ခုနကပဲ ဆုံးသွားလို့ လာပြောတာ”

ဦးသာဝစကားကြောင့် ဒေါ်သန်းနွဲ့ ခေါင်းထဲမိုက်ခနဲဖြစ်ကာ ယိုင်ကျသွားခဲ့သလို အဖော်လာအိပ်ပေးတဲ့သူနှစ်ယောက်လဲ လန့်ဖြန့်သွားခဲ့တယ်။

“ ဒေါ်လေး သတိထားဦးလေ… ဒေါ်လေး”

“ ငါ ဘာ ဘာမှမဖြစ်ဘူး… ခိုင်… ခိုင်မောင်က ဘယ်လိုဖြစ်တာလဲ”

“ သူ့အဖေရက်လည်မှာ ထမင်းချက်ဖို့ ထင်းခွဲနေတုန်း ထင်းစက ရင်ဘတ်တည့်တည့်စိုက်ဝင်သွားလို့”

“ အ..အသက်ရော ရှိသေးလားဟင်”

“ နေရာမှာတင်ဆုံးသွားတာ… သူ့အမေကလဲ ခိုင်မောင်အဖြစ်ကိုမြင်ပြီးသတိလစ်နေတာကြောင့် မသန်းနွဲ့ကို လာခေါ်ရတာပါ”

“ ဘုရား ဘုရား…. ဘာတွေဖြစ်ကုန်ပြီလဲ၊ ကျွန်မ အခုပဲလာခဲ့မယ်”

ဒေါ်သန်းနွဲ့လဲ ပိုက်ဆံအိတ်ယူပြီး ဆင်းဖို့အလုပ် ဟနေတဲ့ လှေကားကြားထဲကနေ လက်တစ်ဖက်ထွက်လာကာ ခြေထောက်ကိုဆွဲချသွားခဲ့တယ်။

နှစ်ထပ်အိမ်‌ဆိုတော့ လှေကားကအတော်အတန်မြင့်တာမို့ မေးစေ့နဲ့ လှေကားထစ်ရိုက်မိတဲ့အရှိန်အပြင် အောက်မှာခင်းထားတဲ့ ကွန်ကရစ်နဲ့ခေါင်းဆောင့်မိတဲ့အရှိန်ကြောင့် လှေကားရင်းတစ်ခုလုံးသွေးချင်းချင်းနီသွားခဲ့တယ်။

“ မသန်းနွဲ့ မသန်းနွဲ့… လုပ်ကြပါဦး”

ဦးသာဝနဲ့ပါလာတဲ့သူတွေက ‌သွေးအိုင်ထဲမှာလဲနေတဲ့ ဒေါ်သန်းနွဲ့ကိုပွေ့ထူလိုက်ရာ မျက်ဖြူလန်ပြီး အသက်ထွက်နေတာမြင်လိုက်ရတယ်။

ဆေးလိပ်သမနှစ်ယောက်လဲ သူတို့အရှေ့မှာတင် အသက်ထွက်သွားတဲ့ ဒေါ်သန်းနွဲ့ကိုမြင်ပြီး အတော်ကိုထိတ်လန့်သွားခဲ့သလို ရွာမှာရှိတဲ့သူတွေအားလုံးလဲ သွေးပျက်သွားခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ တစ်လအတွင်း မသန်းနွဲ့တို့ရဲ့ဆွေမျိုးသားချင်း ငါးယောက်တိတိသေဆုံးသွားခဲ့တာမဟုတ်လား။

+++++

ခရီးသည်တင်ကားတစ်စီးထိုးရပ်လာတာကြောင့် ခေါင်းရွက်ဈေးသည်တွေအားလုံးလှုပ်လှုပ်ရှားရှား ဖြစ်ကုန်တယ်။

“ မြေပဲပြုတ်… ပြောင်းဖူးပြုတ်… ငုံးဥပြုတ်တွေရမယ်နော်၊ ဟိုကအစ်ကိုကြီး ပြောင်းဖူးပြုတ်လေးအားပေးပါဦး”

သွက်သွက်လက်လက်ရှိတဲ့ ဈေးသည်မလေးက ကားပေါ်ကနေဆင်းလာတဲ့ ခရီးသည်တွေကို သူ့ဆီမှာရှိတဲ့ အမယ်တွေရွတ်ပြနေခဲ့တယ်။

“ ကျုပ်ပိုက်ဆံအိတ် ဘယ်ရောက်သွားလဲမသိဘူး.. လုပ်ကြပါဦး.. ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံရပြီ ထင်တယ်”

ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် ကားပေါ်ကနေဆင်းလာတဲ့သူတွေအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။

“ ပိုက်ဆံအိတ်ကိုဘယ်မှာထားထားလို့လဲဗျ”

“ ဘောင်းဘီအိတ်ထဲထည့်ထားတာ ခုနက ကားဂိတ်မရောက်ခင်ကတောင်ရှိသေးတယ်”

ပိုက်ဆံအိတ်ပျောက်တဲ့သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေတဲ့အချိန်

“ ပိုက်ဆံအိတ်က ဒီကားဂိတ်ရောက်မှ ပျောက်တာမဟုတ်လား” ဆိုတဲ့အသံကြားလို့ကြည့်လိုက်ရာ ဖျင်ကြမ်းအင်္ကျီဝတ်ဆင်ပြီး လွယ်အိတ်ကိုယ်စီ လွယ်ထားတဲ့ လူသုံးယောက်ကို မြင်လိုက်ရတယ်။

“ ဟုတ်တယ်ဗျ… ကားပေါ်ကဆင်းတဲ့အချိန် နှိုက်သွားတာဖြစ်မယ်၊ တစ်နှစ်ပတ်လုံး စုထားတဲ့ငွေလေးတွေတော့ ကုန်ပါပြီဗျာ”

“ မိတ်ဆွေက ဒီမြို့ကပဲလား”

“ မဟုတ်ဘူးဗျ… ကျုပ်က ကျုံကွယ်ရွာကိုသွားရမှာ၊ ဟူး ရွာမှာလဲအရေးကြီးနေပါတယ်ဆိုမှ ဒုက္ခပါပဲဗျာ”

“ မိတ်ဆွေ ပျောက်သွားတဲ့ပိုက်ဆံအိတ်ကို ပြန်ရအောင် ကျုပ်တို့လုပ်ပေးမယ်”

“ တကယ်ပြောတာလား..ပြန်ရမယ်ဆိုရင် ကျေးဇူးဆပ်ပါမယ်ဗျာ”

“ အခုဒီမှာလူတွေအရမ်းများတယ်၊ ကျုပ်တို့နောက်လိုက်လာခဲ့”

ပိုက်ဆံအိတ်ပျောက်တဲ့သူလဲ ပြန်ရလိုပြန်ရငြား မျက်နှာစိမ်းလူတွေခေါ်တဲ့နောက်ကိုလိုက်သွားခဲ့ရာ လူအတော်တန်ရှင်းတဲ့ နေရာတစ်ခုကိုရောက်တော့

“ မိတ်ဆွေနာမည်ကဘယ်လိုခေါ်လဲ”

“ ခင်မောင်အေးလို့ခေါ်ပါတယ်”

“ ဒါဆို တနင်္လာသားပေါ့”

“ ဟုတ်ပါတယ်.. တနင်္လာသားပါ”

မျက်နှာစိမ်းလူသုံးယောက်ထဲက အရပ်မြင့်မြင့်ပုဂ္ရိုလ်က လွယ်အိတ်ထဲကနေ အင်းကွက်တွေရေးဆွဲထားတဲ့

စာရွက်တစ်ရွက်ကိုထုတ်ယူပြီး ‌ခင်မောင်အေးရဲ့ နာမည်၊ နေ့နံတွေကို လွတ်နေတဲ့နေရာတွေမှာ ဖြည့်လိုက်တာကိုမြင်လိုက်ရတယ်။ ပြီးတာနဲ့ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီး ဂါထာတစ်ပုဒ်ကိုအဆင်မပြတ်ရွတ်ဖတ်နေခဲ့ရာ ဆယ်မိနစ်လောက်ကြာတော့ ကားဂိတ်ရှိတဲ့ဘက်ကနေ ငယ်သံပါအောင်အော်တဲ့အသံတစ်ခုထွက်ပေါ်လာခဲ့တယ်။

“ အခုအော်နေတဲ့ကောင်က ပိုက်ဆံအိတ်ယူတဲ့သူပဲ၊ အမြန်လိုက်ပေတော့” လို့ပြောလိုက်တာကြောင့် ခင်မောင်အေးလဲ အသံကြားတဲ့ဘက်ကိုပြေးထွက် သွားခဲ့တယ်။ ခဏနေတော့ ပြုံးဖြီးနေတဲ့မျက်နှာနဲ့ ပြန်ရောက်လာပြီး

“ ပိုက်ဆံအိတ်ပြန်ရပြီဗျ…ဆရာတို့ပညာက တကယ်စွမ်းတာပဲ”

“ အဲဒီလောက်လဲမဟုတ်ပါဘူး.. မျက်စိရှေ့မှာ အမြင်မတော်တာမြင်လို့ ကူညီပေးတယ်ပဲ သဘောထားပါ”

“ခုနက ခါးပိုက်နှိုက်ကောင်ကျုပ်ပိုက်ဆံအိတ်ကို ယူထားတဲ့အချိန် တစ်ကိုယ်လုံး မီးနဲ့အမြိုက်ခံရသလိုဖြစ်လာလို့ မနေနိုင်တော့ပဲ ထအော်တာဗျ၊ ဒီလိုမျိုးဖြစ်အောင်လုပ်နိုင်တာ တော်ရုံပညာစွမ်းနဲ့တော့ မရလောက်ဘူးဆိုတာ ကျုပ်သိပါတယ်”

ခင်မောင်အေးစကားကြောင့် မျက်နှာစိမ်းလူသုံးယောက်က ဘာမှပြန်မပြောပဲ ရယ်နေခဲ့တယ်။

“ အပန်းမကြီးရင် ဆရာတို့နာမည်လေးပြောပြပါလား”

“ ကျုပ်နာမည်က အောင်မြတ်သာပါ၊ သူတို့နှစ်ယောက်က မောင်ကောင်းနဲ့ ခွန်းလှလို့ခေါ်တယ်”

“ နာမည်တွေကတော့ ဟိတ်ရှိတယ်ဗျို့၊ ဒါနဲ့ ဆရာတို့ကဘယ်သွားကြမလို့လဲ”

“ ကျုပ်တို့က ဘယ်သွားမယ်လို့တော့ စိတ်ကူးထားတာမရှိပါဘူး၊ အခုဒီမှာရှိနေပေမယ့် မနက်ဖြန်ကျ အခြားနေရာရောက်ချင်ရောက်နေမှာ”

“ ဒါဖြင့် ကျုပ်ရွာကိုလိုက်ခဲ့ဗျာ”

“ မိတ်ဆွေခုနကပြောတော့ ရွာမှာအရေးကြီး ကိစ္စရှိတယ်ဆို… ကျုပ်တို့ကြောင့် အလုပ်ရှုပ်နေပါဦးမယ်”

“ အရေးကြီးကိစ္စဆိုတာက ကျုပ်တူလေး ရှင်ပြုဖို့ရှိနေလို့ပါ၊ သူက အဖေမရှိတော့ ကျုပ်ကပဲ ထောက်ပံ့နေရတာ၊ အခုလဲ သူ့ရှင်ပြုပွဲကို ရောက်အောင်လာပါဆိုလို့ အလောတကြီးပြန်လာရတာလေ”

“ ဒါဆိုရင်လဲ ရောက်ဖူးသည်ရှိအောင် လိုက်ခဲ့ပါ့မယ်”

“ ဒါဖြင့်ခဏစောင့်ဦး… ရွာကိုရောက်မယ့် ထွေလာဂျီတစ်စီးငှားလိုက်ဦးမယ်”

ခင်မောင်အေးထွက်သွားတော့ မောင်ကောင်းက အောင်မြတ်သာကိုကြည့်ပြီး

“ ဆရာ … ဒီလူခေါ်တာကို ဘာလို့မငြင်းတာလဲ”

“ ငြင်းလို့မရတဲ့အကြောင်းတစ်ခုရှိနေလို့ပေါ့ မောင်ကောင်းရ”

“ ဘယ်လိုငြင်းလို့မရတာလဲဆရာ”

“ ခုနက ကားဂိတ်မှာ ငါတို့ရှိနေတဲ့အချိန် နားထဲမှာ ဆရာသခင်ရဲ့အသံကိုကြားရတယ်။ သူပြောတာက ပိုက်ဆံအိတ်ပျောက်တဲ့သူကို ကူညီပေးပြီး သူနေတဲ့ရွာကိုလိုက်သွားပါတဲ့၊ ဒါကြောင့် သူခေါ်တာကို မငြင်းပဲလက်ခံလိုက်တာ”

“ ဒါဆိုရင်တော့ သူနေတဲ့ရွာမှာ တစ်ခုခုဖြစ်နေပြီနဲ့တူတယ်”

“ ဟိုရောက်ရင်တော့ ဘာလို့သွားခိုင်းတယ်ဆိုတာ အဖြေထွက်လာမှာပေါ့”

အောင်မြတ်သာတို့စကားပြောနေတဲ့အချိန် မီးခိုးတအူအူထွက်နေတဲ့ ထွေလာဂျီတစ်စီး အနားကိုရောက်လာခဲ့တယ်။

“ ဆရာတို့ကားပေါ်တက်ကြ‌ဗျ… ဒီထွေလာဂျီက ရွာနားထိရောက်မယ်ပြောတယ်”

ခင်မောင်အေးစကားကြောင့် အောင်မြတ်သာတို့လဲ ထွေလာဂျီပေါ်တက်ထိုင်ကာ လိုက်သွားခဲ့တယ်။ ကားဂိတ်ကနေထွက်လာပြီး နှစ်နာရီလောက်ကြာတော့ အတန်သင့်စည်ကားတဲ့ ရွာတစ်ရွာကိုရောက်လာခဲ့တယ်။

“ ရွာရောက်ပြီလားဗျ”

“ မရောက်သေးဘူးဆရာ… ဒီရွာကနေ နာရီဝက်လောက်ဆက်သွားရဦးမယ်၊ ကျုပ်တို့ရွာက လမ်းပန်းဆက်သွယ်ရေးအရသာ ဝေးတယ်ဆိုပေမယ့် အထဲမှာတော့ အတော်ကိုစည်တာဗျ၊ စာသင်ကျောင်းရော၊ ဈေးရော၊ တိုက်နယ်ဆေးရုံရောရှိတယ်”

“ ဒါဆိုရွာကြီးပဲပေါ့… ဒီပုံစံဆိုမကြာခင် ကားလမ်းပေါက်မယ်ထင်တာပဲ”

“ ကားလမ်းပေါက်လို့ကတော့ အတော်ကိုအဆင်ပြေမှာ၊ အခုချိန်တော့ သွားလာရ နည်းနည်းခက်ခဲတာပေါ့ဗျာ”

အောင်မြတ်သာတို့စကားတစ်ပြောပြောနဲ့ လမ်းလျောက်လာခဲ့ရာ မှောင်စပျိုးတဲ့အချိန်မှာတော့ ကျုံကွယ်ရွာကို ရောက်လာခဲ့တယ်။

“ ရှင်ပြုရှိတယ်လဲပြောသေး… ဘာသံမှလဲမကြားရပါလား”

ခင်မောင်အေးက အသံတိုးတိုး‌နဲ့ ရေရွတ်ကာ အတန်သင့်ကျယ်ဝန်းတဲ့ ခြံဝိုင်းတစ်ခုထဲကိုဝင်သွားခဲ့တယ်။

“ အေးမိရေ.. အေးမိ”

“ ဟော အစ်ကိုကြီးပြန်လာပြီ… သားရေ နင့်ဘကြီး ပြန်ရောက်ပြီဟေ့”

“ ဒါဆိုအသာထားဦး… ရှင်ပြုကသဘက်ခါလုပ်မယ်‌ဆိုပြီး အခုထိ ဘာမှပြင်ဆင်ထားတာမတွေ့ပါလား”

“ ဟုတ်တယ် ကိုကြီးရေ.. ရွာမှာ ပြဿနာနည်းနည်းတက်နေလို့ အလှူကိုရက်ရွေ့လိုက်ရတယ်၊ လာလာ အိမ်ပေါ်ရောက်မှ မိအေးရှင်းပြမယ်”

အောင်မြတ်သာတို့လဲ ခင်မောင်အေးနဲ့အတူအိမ်ပေါ်ကိုလိုက်တက်လာခဲ့ကြတယ်။

“ ဘယ်လိုပြဿနာတက်တာလဲပြောပါဦး”

“ ရွာမှာဆေးလိပ်ခုံထောင်ထားတဲ့ ဒေါ်သန်းနွဲ့ကိုသိတယ်မဟုတ်လား”

“ အင်း သိတယ်လေ.. ဘာဖြစ်လို့လဲ”

“ ဒီတစ်လအတွင်းမှာပဲ မသန်းနွဲ့ရယ်၊ သူ့ညီမ မေနွဲ့နဲ့ သားဖြစ်သူ နိုင်မြင့်ရယ်၊ သူ့အကို ဦးစိန်နွဲ့နဲ့ သားဖြစ်သူခိုင်မောင်တို့ဆုံးသွားကြတယ်”

“ ဟာ… တစ်လထဲမှာ ဘယ်လိုလုပ် အကုန်ဆုံးသွားတာလဲ”

“ နောက်ထူးဆန်းတာက တစ်ယောက်ရက်မလည်ခင် နောက်တစ်ယောက်ဆုံးတာပဲ”

မိအေးစကားကြောင့် မောင်ကောင်းက အောင်မြတ်သာကို အဓိပ္ပါယ်ပါပါလှမ်းကြည့်လိုက်တယ်။

“ ဘယ်လိုဆုံးတာလဲ မိအေး… ဖျားနာပြီးဆုံးတာလား”

“ မဟုတ်ဘူးကိုကြီး… နိုင်မြင့်က ရုတ်တရက် နှလုံးရပ်ပြီးဆုံးတာ၊သူ့အမေ မေနွဲ့က သူ့သားစိတ်နဲ့ဆုံးတာလို့ပြောကြတယ်၊ ကိုစိန်နွဲ့က ရေတွင်းဆယ်ရင်းအသက်ရှုကြပ်ပြီးဆုံးတယ်၊ သူ့သား ခိုင်မောင်က သူ့အဖေရက်လည်အတွက် ထင်းခွဲနေရင်း ရသ်ဘတ်ကိုထင်းအပိုင်းစစိုက်ပြီး ဆုံးတယ်၊ မသန်းနွဲ့က လှေကားပေါ်ကနေ ပြုတ်ကျပြီးဆုံးတယ်၊ ဒီလိုကိစ္စတွေကြောင့် အလှူကိုနောက်ဆုတ်လိုက်ရတာ”

မိအေးစကားကြောင့် ခင်မောင်အေးက အောင်မြတ်သာကိုကြည့်လိုက်ပြီး

“ ဆရာတို့အမြင်ကရော ဒါက သဘောရိုးဖြစ်နိုင်တယ်လို့ထင်လား”

“ ဒီလိုအဖြစ်မျိုးက သွေးရိုးသားရိုးတိုက်ဆိုင်မှုမဖြစ်နိုင်ဘူး၊ အခုသေတာကလဲ သူတို့အမျိုးဆွေတွေပဲဆိုတော့ ကျုပ်ထင်တာများဖြစ်နေမလားပဲ”

“ ဆရာက ဘယ်လိုထင်လို့လဲ”

“ လောကီပညာအရခန့်မှန်းရမယ်ဆိုရင် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်သေကြေအောင် တိုက်ထားတာလို့မြင်တယ်၊ ဒီတိုင်းလွှတ်ထားရင် တစ်မျိုးတစ်နွယ်လုံး ကုန်သွားလိမ့်မယ်”

“ ဘုရား.. ဘုရား… အဲဒီလိုဆို မိအေးတို့လဲ ဘယ်လွတ်ပါ့မလဲ၊ ကိုစိန်နွဲ့မိန်းမနဲ့ မိအေးတို့က မောင်နှစ်မတစ်ဝမ်းကွဲတွေလေ၊ ဘယ်သူကများ ဒီလိုရက်စက်တဲ့ကိစ္စကိုလုပ်တာလဲမသိပါဘူး”

“ သေဆုံးသွားကြတဲ့ မိသားစုဝင်တွေက ဘယ်သူနဲ့ပြဿနာကြီးကြီးမားမားဖြစ်ဖူးလဲ”

အောင်မြတ်သာစကားကြောင့် မိအေးက ခေတ္တစဉ်းစားလိုက်ပြီး

“ နိုင်မြင့်ကြောင့် ဆေးလိပ်ခုံ အလုပ်သမတစ်ယောက် ကိုယ်ဝန်ရသွားလို့ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရသေးတယ်၊ နောက်တော့ အဲဒီကောင်မလေး ကိုယ့်ကိုယ်ကိုသတ်သေသွားတယ်လို့ကြားတယ်”

“ အခုဖြစ်စဉ်မှာလဲ နိုင်မြင့်ကအရင်သေတာလား”

“ ဟုတ်တယ်ဆရာ… သူအရင်သေတာ”

“ အကုန်လုံး ဒုက္ခရောက်ကြတော့မှာပဲ…အခု သူတို့အမျိုးဆွေတွေထဲမှာ အနီးကပ်ဆုံးဘယ်သူရှိသေးလဲ”

“ ဦးစိန်နွဲ့ မိန်းမ မလွင်ခိုင်ရှိသေးတယ်… သူခဗျာ လင်ကော သားရော သေထားတော့ အတော်စိတ်ဓါတ်ကျနေရှာတာ”

“ ကျုပ်တို့အချိန်ဆွဲနေလို့မရတော့ဘူး… အခုချက်ချင်း အသုဘအိမ်ကိုလိုက်သွားမှဖြစ်မယ်”

“ မိအေး နင်က ကလေးနဲ့အိမ်မှာပဲနေ… ငါ ဆရာတို့ကို ခေါ်သွားလိုက်မယ်”

ခင်မောင်အေးက အောင်မြတ်သာတို့ကိုခေါ်ပြီး မလွင်ခိုင်တို့အိမ်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့ အောက်လင်းမီးရောင်အောက်မှာ လူအချို့စကားထိုင်ပြောနေတာကိုမြင်လိုက်ရတယ်။

“ ဆရာ အိမ်ထဲဝင်ဦးလေ”

“ အထဲတော့မဝင်တော့ဘူး… အိမ်ထဲမှာ သေဆုံးသူတွေရဲ့ဝိဉာဉ်အပြင် အခြားနာနာဘာဝကောင်တွေပါရှိနေပြီ”

“ မလွင်ခိုင်အတွက်ရော စိုးရိမ်ရလားဆရာ”

“ အစီအရင်ကို မဖော်ထုတ်နိုင်ရင်တော့ သူ့အတွက်လဲစိုးရိမ်ရတယ်၊ လောလောဆယ် သူ့ကိုဘာမှမပြောနဲ့ဦး၊ ကိုခင်မောင်အေးလဲ ဒီအကြောင်းတွေ ဘယ်သူကိုမှ မပြောဖို့လိုမယ်”

“ မပြောပါဘူးဆရာ… အခု ဘယ်လိုလုပ်ကြမလဲ”

“ ဒီအတိုက်မျိုးက ပထမဆုံးသေတဲ့‌သူဆီကို အရင်ဦးတည်တာဖြစ်လို့ နိုင်မြင့်သေတဲ့အိမ်ဝင်းထဲမှာ အစီအရင် သေချာပေါက်ကိုရှိရမယ်”

“ ကျုပ်ဘာကူညီပေးရမလဲဆရာ”

“ နိုင်မြင့်နေခဲ့အိမ်ကို လိုက်ပြပေးနိုင်မလား”

“ ဒီကိစ္စကိုတော့ ရွာလူကြီးတွေကိုအသိပေးမှ ဖြစ်မယ်ထင်တယ်”

“ သူတို့အနေနဲ့လက်ခံရင်ပိုကောင်းတာပေါ့”

“ လက်ခံအောင် ကျုပ်ပြောမှာ.. ဒီအတွက်စိတ်မပူနဲ့”

ခင်မောင်အေးစကားကြောင့် အောင်မြတ်သာတို့ရဲ့ ခြေလှမ်းတွေက နိုင်မြင့်အိမ်ဘက်ကိုမလှည့်တော့ပဲ ရွာလူကြီးဦးသာဝအိမ်ဘက်ကို လှည့်သွားခဲ့ကြတယ်။

+++++

ဦးသာဝအိမ်ရောက်တော့ ခင်မောင်အေးက ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ရှင်းပြလိုက်ရာ

“ ဟေ…”

“ ဟုတ်တယ် ဘကြီး… ဒီလိုအဖြစ်မျိုးက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူး”

“ မင်းပြောတာလဲဖြစ်နိုင်ပါတယ်…အခုငါတို့ ဘယ်လိုလုပ်ကြမလဲ”

“ ဒီကဆရာတွေက ညတွင်းချင်း အစီအရင်တွေကိုဖယ်ရှား‌ချင်တယ်လို့ပြောတယ်”

“ ညဘက်ကြီးအဆင်ပြေပါ့မလား”

“ ဒီကိစ္စက အချိန်ဆွဲလို့မရလို့ပါဘကြီး”

အောင်မြတ်သာတို့စကားပြောနေတဲ့အချိန် အိမ်ဝိုင်းထဲကို လူတစ်ယောက် အလောတကြီးပြေးဝင်လာခဲ့တယ်။

“ ဘကြီး… ဘကြီး… မလွင်ခိုင် မလွင်ခိုင် ရက်လည်မှာကျွေးမယ့် ကြက်သားတွေကို အစိမ်းစားနေလို့”

“ ဒုက္ခပါပဲ… ငါတို့အခုလာခဲ့မယ်”

ဦးသာဝလဲ အောင်မြတ်သာတို့ကိုခေါ်ပြီး အသုဘအိမ်ကိုထွက်လာခဲ့ရာ အိမ်ရှေ့ရောက်တော့ ကြက်သားအစိမ်းတွေကို လက်နှစ်ဖက်နဲ့ ကြုံးစားနေတဲ့ မလွင်ခိုင်ကိုမြင်လိုက်ရတယ်။

“ လွင်ခိုင်… စိတ်ထိန်းစမ်း”

“ ငါ လွင်ခိုင် မဟုတ်ဘူး…’’

“ ဘကြီး ဒီကောင်တွေကို အခုလို ပြောလို့ရမှာမဟုတ်ဘူး၊ ကျွန်တော်ကြည့်ရှင်းလိုက်မယ်”

အောင်မြတ်သာက ရေတစ်ခွက်ခပ်ခိုင်းပြီး အင်းပြာအချို့ကိုထည့်မွှေလိုက်တယ်။ ပြီးတာနဲ့ ကြက်သားတွေကို သရဲစား ဘီလူးစား စားနေတဲ့ မလွင်ခိုင်ရဲ့ မျက်နှာကို ရေနဲ့တောက်လိုက်ရာ တီကောင်ကိုဆားနဲ့ထိသလို ကြမ်းပေါ်မှာလူးလိမ့်အော်ဟစ်ရင်း ငြိမ်သက်သွားခဲ့တယ်။

အဲဒီအချိန် မောင်ကောင်းက ခြံအပြင်ဘက်ကို ရုတ်တရက်ပြေးထွက်သွားပြီး

“ဟိုကောင်ထွက်ပြေးတဲ့နောက်ကို ကျွန်တော်လိုက်သွားမယ်… ဆရာတို့အနောက်က လိုက်လာခဲ့” လို့ပြောတဲ့အသံကြားလိုက်ရတယ်။

အောင်မြတ်သာတို့လဲ မေ့မျောနေတဲ့ မလွင်ခိုင်ကို လှည့်မကြည့်နိုင်ပဲ မောင်ကောင်း ပြေးတဲ့နောက်ကို လိုက်သွားခဲ့ကြတယ်။

“ ဟေ့ ညွန့်ဦး… ခုနက လူတစ်ယောက် ပြေးသွားတာမြင်လိုက်လား”

“ နိုင်မြင့်တို့အိမ်ဘက်ကို လူတစ်ယောက်ပြေးသွားတာမြင်လိုက်တယ်”

“ နိုင်မြင့်တို့အိမ်ဘက်တဲ့ လိုက်ကြဟ”

ဦးသာဝစကားကြောင့် ရွာထဲကလူတွေလဲ စိတ်ဝင်တစား လိုက်ပါလာခဲ့တယ်။ နိုင်မြင့်တို့အိမ်ရှေ့ရောက်တော့ ဒူးခေါင်းကိုလက်နဲ့ထောက်ပြီး အမောဖြေနေတဲ့ မောင်ကောင်းကိုမြင်လိုက်ရတယ်။

“ သေချာပြီဆရာ… ဒီကောင် ခြံထဲကိုဖောက်ဝင်သွားတယ်”

“ ဒင်းတို့က ဒီခြံထဲမှာရှိနေတာကိုး၊ ဘကြီး ကျွန်တော်တို့ခြံထဲဝင်ကြည့်လို့ရမလား”

“ ရတယ်လေ… ခြံသော့ဘယ်သူ့မှာလဲ”

“ ခြံသော့လုပ်မနေပါနဲ့ ဘကြီးရာ… ရိုက်ဖျက်လို့ရနေတာပဲ”

ခင်မောင်အေး အနားမှာရှိတဲ့အုတ်ခဲနဲ့ ထုလိုက်ရာ ခြံတံခါးပွင့်ထွက်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ အောက်လင်းမီးတွေထွန်းပြီး ခြံထဲကိုလိုက်ကြည့်နေတဲ့အချိန် အိမ်အနောက်ဘက် ခြံထောင့်မှာ လေမတိုက်ပဲလှုပ်ရမ်းနေတဲ့ စပါးလင်ခြုံတစ်ခုကိုမြင်လိုက်ရတယ်။

“ အိုး… ဒီကောင်တွေ စပါးလင်ခြုံကို ဗိမ္မာန်လုပ်ပြီးနေနေကြပါလား”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ကြည့်လိုက်ရာ အရွယ်စုံသဏ္ဌာန်စုံ နာနာဘာဝအကောင်ပေါင်းများစွာက အရွက်တွေကိုအမှီပြုပြီးနေထိုင်နေတာကိုမြင်လိုက်ရတယ်။

“ စပါးလင်ခြုံကိုတူးလိုက်ရမလားဆရာ”

“ တူးရမှာပေါ့… ဒါက အဓိကနေရာပဲ”

မောင်ကောင်းတို့လဲ စပါးလင်ပင်မှာရှိတဲ့ နာနာဘာဝတွေကို အမိန့်နဲ့မောင်းထုတ်ပြီး တူးထုတ်လိုက်ရာ မြေကြီးထဲကနေ ခြောက်သွေ့နေတဲ့ သွေးခဲ‌တွေထွက်လာခဲ့တယ်။

သွေးခဲတွေအောက်မှာတော့ အဝတ်အိတ်နဲ့

ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ရှိနေပြီး အထဲကိုဖွင့်ကြည့်လိုက်ရာ နီစွေးစွေးမြေကြီးအချို့ထွက်လာခဲ့တယ်။

အောင်မြတ်သာလဲချက်ချင်းပဲ မီးပုံတစ်ခုပုံစေပြီး စပါးလင်ပင်ကို ပြာကျတဲ့ထိ မီးရှို့စေခဲ့သလို အဝတ်နဲ့ထုပ်ထားတဲ့မြေကြီးတွေကိုလဲ မီးရှို့စေခဲ့တယ်။ စပါးလင်ပင်ကိုမီးရှို့နေတဲ့အချိန် ခြံထဲမှာ ပြေးလွှားနေကြတဲ့ ခြေသံတွေကို ရွာသားတွေအကုန်ကြားလိုက်ရတယ်။

အားလုံးပြီးစီးသွားချိန်မှာတော့ ဦးသာဝက

“ ဘကြီးလဲ အစီအရင်အတော်များများတွေ့ဖူး ပါတယ်၊ ဒါပေမယ့် အခုလို စပါးလင်ပင်စိုက်ပြီးလုပ်တဲ့ အစီအရင်ကိုတော့ မမြင်ဖူးဖူးကွယ့်”

“ ဒီအစီအရင်က တော်ရုံမလုပ်ကြဘူး၊ အရမ်းစိတ်နာမှသာလုပ်ကြတဲ့အစီအရင်တစ်ခုပဲ၊ ဘကြီးတို့နားလည်အောင်ပြောရရင် ဒီအတိုက်ကို ခုနှစ်စဉ်အတိုက်လို့ခေါ်ကြတယ်”

“ ခုနှစ်စဉ်အတိုက်ဟုတ်လား… ဗဟုသုတရအောင် ပြောပြပါဦး”

“ ပြောပြပါဆရာ… ကျွန်တော်တို့လဲဗဟုသုတရတာပေါ့”

ရွာသားတွေရဲ့စကားကြောင့် အောင်မြတ်သာလဲ မနေသာတော့ပဲ

“ ဒီအတိုက်က ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက်ကို သေအောင်လုပ်တဲ့အစီအရင်တစ်ခုပဲ၊ ကိုယ်ဦးတည်တဲ့လူရဲ့ ခြေရာမြေကြီးကိုအရင်ယူရတယ်၊ ပြီးရင်တော့ ဌာနေလေးဌာနေကမြေဖြစ်တဲ့သင်္ချိုင်းမြေ၊ နတ်စင်အောက်ကမြေ၊ ဘုန်းကြီးကျောင်းကမြေ၊ ကိုယ်ပြုစားမယ့်အိမ်ကမြေကိုယူရတယ်၊ အဲဒါတွေ အကုန်ရပြီဆိုရင် သင်္ချိုင်းကိုသွား၊ အခေါင်းပျဉ်ပေါ်မှာတင်ပြီး အောက်ကနေမီးမြိုက်ရတာ၊ မီးမြိုက်နေတဲ့အချိန်မှာလဲ ဂါထာကိုအဆက်မပြတ်ရွတ်နေရတယ်၊ မြေကြီးတွေပူလာပြီဆိုရင် တံစူးဝါးနဲ့လုပ်ထားတဲ့ ယောင်းမနဲ့ မွှေပေးရတယ်၊ ခပ်နာနာလေးမွှေပြီးရင်တော့ မြေကြီးတွေကို အအေးပြန်ခံ၊ အေးပြီဆိုရင် အောက်ဆေးနှစ်မျိုးနဲ့ရောပြီး မြေကြီးအခဲဖြစ်အောင်လုပ်ရတယ်။ ပြီးရင်တော့ ကိုယ်ပြုစားချင်တဲ့အိမ်နယ်နိမိတ်ထဲကိုဝင်ပြီး လူတွေသတိမထားမိတဲ့နေရာမှာ

ကျင်းတစ်ကျင်းတူး၊ ကျင်းထဲမှာ ခုနက မြေကြီးအခဲတွေကိုထားရတယ်၊ ထားပြီးပြီဆိုရင် ကျင်းထဲကို ကြက်သွေးဖြစ်ဖြစ် အမဲသွေးဖြစ်ဖြစ် လောင်းရတယ်၊ လောင်းပြီးပြီဆိုရင် စပါးလင်ပင် တစ်ပင်စိုက်ခဲ့ရတယ်၊ အဲဒီမှာ စိုက်တဲ့သူက ဒီအပင်မှာ နာနာဘာဝဖုတ်သရဲမျိုးစုံနေနိုင်ပြီး ဦးဘယ်သူ ဒေါ်ဘယ်သူအပါအဝင် သူ့ရဲ့ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်ကို စိတ်ကြိုက်စားသုံးနိုင်တယ်လို့ပြောလိုက်ရုံပဲ၊ စပါးလင်ပင်ကြီးလာတာနဲ့အမျှ အဲဒီအိမ်ကလူတွေ ဒုက္ခရောက်ပြီသာမှတ်ပေတော့”

“ အမလေး ကြောက်စရာကောင်းလိုက်တာ”

“ သိတာနောက်ကျရင် တစ်မျိုးတစ်ဆွေလုံး သေနိုင်လို့ ခုနှစ်စဉ်အတိုက်လို့ခေါ်ကြတာ”

“ ဆရာတို့ရောက်တာမြန်ပေလို့ပေါ့… မဟုတ်ရင် တစ်ရွာလုံးနီးပါးကုန်မှာဗျ”

“ကိုခင်မောင်အေး အလည်လိုက်ဖို့သာမခေါ်ရင် ကျုပ်တို့လဲအခုလိုကူညီပေးနိုင်မှာမဟုတ်ဘူး၊ ကျေးဇူးတင်မယ်ဆို သူ့ကိုတင်ရမှာပါ”

“ ဘယ်လိုပဲဖြစ်ဖြစ် ဆရာတို့ကိုကျေးဇူးတင်ပါတယ်၊ ဒါကြောင့် စပါးလင်ပင်တွေကို အညှီအဟောက်တွေ မပက်နဲ့ဆိုပြီး လူကြီးတွေပြောခဲ့တာကိုး”

“ ဟုတ်တယ်ဘကြီး… အချို့ရှေးစကားတွေက မယုံလို့လဲမရဘူးလေ”

အောင်မြတ်သာရဲ့စကားကို ဘေးမှာရှိတဲ့ ရွာသားတွေအားလုံး ခေါင်းငြိမ့်ကာ အသိအမှတ်ပြုခဲ့ကြတယ်။

+++++

အောင်မြတ်သာတို့လဲ ကျုံကွယ်ရွာမှာ တစ်ပတ်ဆယ်ရက်လောက်နေပြီး တော့ မိမိတို့ရဲ့ခရီးစဉ်ကို ပြန်ဆက်ခဲ့ကြတယ်။ နောက်ဝတ္တုမှာတော့ လယ်ထွန်ရင်းရခဲ့တဲ့ မြလက်စွပ်ကို သိမ်းထားရာကနေ ထူးဆန်းထိတ်လန့်ဖွယ်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ မိသားစုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် ထူးဆန်းသောမြလက်စွပ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြ ပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္ခုႏွစ္စဥ္အတိုက္ “(စ/ဆုံး)
————————————————————-

“ ဒီကိုယ္ဝန္က ဘယ္သူနဲ႔ရတာလဲေျပာစမ္း”

ဦးေသာင္းေဖအသံက တုန္ရီေနသလို မ်က္လုံးေတြက အေငြ႕တေထာင္းေထာင္း ထြက္ေနခဲ့တယ္။ အေရွ႕မွာေတာ့ သမီးျဖစ္သူ ရီစိန္က ပုဆစ္တုပ္ထိုင္ကာ ငိုရႈိက္ေနခဲ့တယ္။

“ အေဖကိုေျပာစမ္းသမီး… ဒီကိုယ္ဝန္ဘယ္သူနဲ႔ရတာလဲ”

“ ကိုႏိုင္ျမင့္နဲ႔ပါ”

“ ဒီနာမည္ငါမၾကားဖူးဘူး.. အဲဒီေကာင္က ဘယ္ကလဲ”

“ သမီး… သမီးအလုပ္လုပ္တဲ့ ေဆးလိပ္ခုံပိုင္ရွင္ရဲ႕ တူပါ”

“ လာ… အခုခ်က္ခ်င္း နင့္အလုပ္ကိုသြားမယ္”

“ မလုပ္ပါနဲ႔အေဖရယ္… သမီး သမီးရွက္လို႔ပါ”

“ ဘာ… အခုမွ ရွက္တယ္ေလး ဘာေလးနဲ႔ နင္ရွက္သလိုငါလဲရွက္တယ္၊ ငါ့မ်က္ႏွာပတ္ဝန္းက်င္မွာဘယ္လိုျပမလဲ၊ ႏိုင္ျမင့္ဆိုတဲ့အေကာင္ နင့္ကိုတာဝန္ယူေအာင္ ငါသြားေျပာမွာ၊ ထစမ္း…”

ဦးေသာင္းေဖက ရီစိန္လက္ကိုဆြဲၿပီး အိမ္ေရွ႕မွာရပ္ထားတဲ့ ႏြားလွည္းေပၚကို တက္ခိုင္းလိုက္တယ္။

“ အေဖ… သမီးကိုသာသတ္လိုက္ပါေတာ့”

“ နင့္ပါးစပ္ပိတ္ထားစမ္း…အသံထြက္ရင္ ငါတကယ္သတ္ပစ္မွာ”

ဦးေသာင္းေဖက ေဒါသတစ္ႀကီးေျပာရင္း ႏြားဇက္ႀကိဳးကိုဆြဲကာ ေမာင္းထြက္သြားခဲ့တယ္။

++++++

“ ႏြားမင္းေဆးလိပ္ခုံ” ဆိုတဲ့ဆိုင္းဘုတ္ေရွ႕ကိုေရာက္ေတာ့ ဦးေသာင္းေဖက လွည္းေပၚကေနဆင္းၿပီး

“ ႏိုင္ျမင့္ဆိုတဲ့ေကာင္ရွိလား… ထြက္လာစမ္း”

“ ဘယ္သူလဲ ေအာ္ႀကီးဟစ္က်ယ္လုပ္ေနတာ”

အသံနဲ႔အတူ ေ႐ႊေတြၫႊတ္ေနေအာင္ဝတ္ထားတဲ့ ခပ္ဝဝမိန္းမတစ္ေယာက္ အိမ္ေပၚကေနဆင္းလာခဲ့တယ္။ အိမ္ေအာက္မွာ ေဆးလိပ္လိပ္ေနၾကတဲ့အလုပ္သမေတြကေတာ့ ဘာမ်ားျဖစ္တာလဲဆိုတဲ့အၾကည့္ေတြနဲ႔ လွမ္းၾကည့္ေနခဲ့ၾကတယ္။

“ ႏိုင္ျမင့္ဆိုတဲ့ေကာင္နဲ႔ေတြ႕ခ်င္လို႔လာတာ၊ သူရွိလား”

“ ႏိုင္ျမင့္က ၿမိဳ႕တက္သြားတာ တစ္ပတ္ေက်ာ္ၿပီ၊ ဘာကိစၥရွိလို႔လဲ”

“ ဘာကိစၥရမွာလဲ… က်ဳပ္သမီးမွာ အဲဒီေကာင္နဲ႔ ရတဲ့ကိုယ္ဝန္ရွိေနၿပီ၊ ဒါကို ဘယ္လိုတာဝန္ယူေပးမွာလဲ”

“ အလိုေတာ္ … ေပါက္ေပါက္ရွာရွာ.. ဘာေတြလာေျပာေနတာလဲ”

“ ရီစိန္ နင္ေျပာျပလိုက္စမ္း..”

“ ေဟာေဟာ ဘယ္သူမ်ားလဲလို႔ ဟိုတစ္လကမွ အလုပ္ထုတ္ခံထိသြားတဲ့သူမဟုတ္လား၊ ေျပာစမ္းပါဦး ညဥ္းကိုယ္ဝန္က ဘယ္သူနဲ႔ရတာလဲ”

“ ကို ကိုႏိုင္ျမင့္နဲ႔ရတာပါ”

“ နင္ ေပါက္တီးေပါက္ရွာမစြပ္စြဲနဲ႔၊ ဟဲ့ ေမခင္တို႔ ေမႏြဲ႕တို႔လာၾကစမ္းပါဦးေအ”

ခပ္ဝဝမိန္းမႀကီးေခၚသံေၾကာင့္ အနီးနားမွာရွိတဲ့အိမ္ကေန လူအခ်ိဳ႕ထြက္လာခဲ့ၾကတယ္။

“ ေမႏြဲ႕… ဒီေကာင္မေျပာတာ သူ႔ကိုယ္ဝန္က နင့္သားနဲ႔ရတာဆိုပဲ”

“ ဘယ္လိုျဖစ္ႏိုင္မွာလဲ မမရယ္… ႏိုင္ျမင့္က ၿမိဳ႕မွာေက်ာင္းတက္ေနတာမဟုတ္လား၊ သူ႐ြာကိုျပန္လာတာ တစ္ႏွစ္ေနလို႔ တစ္လေတာင္မရွိတာကို မျဖစ္ႏိုင္ပါဘူး”

“ သမီး တကယ္ေျပာတာပါ၊ လြန္ခဲ့တဲ့ သၾကၤန္တုန္းက သမီးတို႔ႏွစ္ေယာက္ လြန္က်ဴးခဲ့ၾကတာပါ”

“ နင္က ငါ့တူကို ဘယ္လိုျမဴစြယ္လိုက္လဲမွမသိတာ၊ ႐ြာျပန္လာတဲ့ရက္ပိုင္းအတြင္း အခုလိုျဖစ္သြားတာ အံ့ဩတယ္ေဟ့”

“ ဟုတ္ပါ့ မမရယ္…ခုေခတ္ မိန္းကေလးေတြမ်ား အေတာ္ေၾကာက္ဖို႔ေကာင္းတာပဲ”

အဲဒီစကားၾကားေတာ့ ဦးေသာင္းေဖ စိတ္မထိန္းႏိုင္ေတာ့ပဲ

“ ခင္ဗ်ားတို႔ လူမွဟုတ္ေသးရဲ႕လား၊ ကာယကံရွင္ကိုယ္တိုင္ အရွက္ကြဲခံၿပီး ေျပာေနတာေတာင္ဗ်ာ”

“ အိုေတာ္… ရွင္ကလဲ ကိုယ့္သမီးကိုယ္ႏိုင္ေအာင္ ထိန္းထားေလ၊ ဘယ္ႏွယ့္ ဘယ္သူနဲ႔ရလို႔ ရမွန္းမသိမွ ႏိုင္ျမင့္အေပၚလက္ညိဳးထိုးခ်ခ်င္ေနတာလား”

“ အဲဒီေကာင္ အခုဘယ္မွာလဲ က်ဳပ္ကိုေျပာ”

“ သိ‌ေတာ့ေရာဘာလုပ္မလို႔လဲ၊ ၿခိမ္းေျခာက္ၿပီး အတင္းအၾကပ္ဝန္ခံခိုင္းမလို႔လား”

“ အေဖရယ္… မေျပာပါနဲ႔ေတာ့ သမီး သမီး အရမ္းရွက္လို႔ပါ”

“ ေတာက္စ္… ခင္ဗ်ားတို႔ဗ်ာ သားသမီးခ်င္းကိုယ္ခ်င္းမစာမနာေျပာရက္လိုက္ၾကတာ”

“ အဲဒီေတာ့ နင္ကဘာလုပ္ခ်င္လဲ၊ ငါ့တူနာမည္ကိုသုံးၿပီးပိုက္ဆံလိုခ်င္ေနတာလား”

“ ခင္ဗ်ားပါးစပ္ပိတ္လိုက္ေတာ့… ရီစိန္ လွည္းေပၚတက္”

ဦးေသာင္းေဖက သမီးျဖစ္သူရဲ႕မ်က္ႏွာေၾကာင့္ ဘာမွထပ္မေျပာေတာ့ပဲ ေဆးလိပ္ခုံေရွ႕ကေန ေမာင္းထြက္လာခဲ့လိုက္တယ္။

“ သမီး… ဘာမွအားမငယ္နဲ႔၊ အဲဒီေကာင္ကို အေဖေတြ႕ေအာင္ရွာမယ္၊ သူသာ သမီးကို တကယ္ခ်စ္ရင္ ဒီအျဖစ္ကိုသူလက္ခံမွာပါ”

“ သမီး ဘာမွမသိခ်င္ေတာ့ဘူးအေဖရာ၊ သမီး သမီး ရွက္တာပဲသိတယ္”

ဦးေသာင္းေဖလဲ စိတ္ထဲခံျပင္းသမွ်ကို ၿမိဳသိပ္ရင္း အိမ္ကိုျပန္လာခဲ့လိုက္တယ္။ ညဘက္ေရာက္ေတာ့ ရီစိန္က ထမင္းမစားပဲ ငိုပဲငိုေနတာေၾကာင့္

“ သမီး မနက္က်ရင္ အေဖ ၿမိဳ႕တက္ၿပီး ႏိုင္ျမင့္ဆိုတဲ့သူကိုသြားရွာမယ္၊ သူ႔ေဆြမ်ိဳးေတြဘယ္လိုပဲေျပာေနပါေစ၊ အဲဒီေကာင္ သမီးကိုတာဝန္ယူတဲ့ထိ အေဖလုပ္မယ္”

“ ကိုႏိုင္ျမင့္က ဒီႏွစ္ဆို တကၠသိုလ္ကဘြဲ႕ရေတာ့မွာ၊ သမီးေၾကာင့္ သူ႔ပညာေရးအေႏွာက္အယွက္ျဖစ္ေန ပါ့မယ္၊ တကယ္လို႔ သူကသာ ျငင္းရင္ သမီးဘဝက သူမ်ားတံေတြးထဲပက္လက္ေမ်ာေတာ့မွာ၊ သမီး သမီး အရမ္းမွားသြားတယ္အေဖရယ္ အဟင့္အဟင့္”

“ ဒီေကာင္ ျငင္းရဲျငင္းၾကည့္ပါလား… ေသာင္းေဖ ဆိုတာဘာေကာင္လဲသိသြားမွာေပါ့”

“ အေဖ… သမီး စိတ္အရမ္းရႈပ္ေနလို႔ ခဏေလာက္နားခ်င္တယ္”

“ နားေလ သမီး… အေဖ ဘာလုပ္ေပးရမလဲ”

“ ဘာမွမလုပ္ပါနဲ႔ သမီး တစ္ေယာက္ထဲေနခ်င္လို႔ပါ”

“ ဒါျဖင့္ ခဏနားလိုက္ဦး အေဖ ႏြားစာသြားစဥ္းလိုက္ဦးမယ္”

ဦးေသာင္းေဖလဲ ႏြားစာစဥ္းဖို႔ ထြက္သြားခဲ့လိုက္တယ္။ ဒီလိုနဲ႔ ညနက္ေရာက္တဲ့အထိ ရီစိန္အခန္းထဲက ထြက္မလာတာေၾကာင့္ တံခါးကိုတြန္းဖြင့္ၿပီးၾကည့္လိုက္ရာ အိမ္ထုပ္တန္းေပၚမွာ ႀကိဳးဆြဲခ်ၿပီးေသေနတာကိုျမင္လိုက္ရတယ္။

တစ္ဦးထဲေသာသမီးလဲျဖစ္ မိတဆိုးေလးလဲျဖစ္တာမို႔ ဦးေသာင္းေဖတစ္ေယာက္ ရင္ကြဲမတတ္ျဖစ္ခဲ့သလို သူ႔သမီးကို အခုလိုျဖစ္ေအာင္လုပ္တဲ့ သူေတြကိုလဲ စိတ္အနာႀကီးနာခဲ့မိတယ္။

ရီစိန္ဆုံးၿပီးေနာက္ပိုင္းမွာေတာ့ ဦးေသာင္းေဖ တစ္ေယာက္ ဘယ္သူ႔ကိုမွ ျပႆနာမရွာပဲ တစ္ေယာက္ထဲ ေအးေအးလူလူျပန္ေနခဲ့တယ္။ ဒါကလဲ သာမန္လူေတြ စိတ္ကူးနဲ႔ေတာင္ မေတြးၾကည့္ႏိုင္ေလာက္တဲ့ ရက္စက္မႈကိုအစပ်ိဳးေနခဲ့ျခင္းပင္။

+++++++++++

တစ္ႏွစ္ခန႔္အၾကာ….

“ ကိုငွက္ခါးေရ… ထန္ရည္ႏွစ္ျမဴခ်ေပးပါဦး”

“ လာၿပီ လာၿပီ အကိုေလးေရ”

“ ထန္းရည္က ၿမိဳ႕ေပၚမွာ ဒီလိုအစစ္မရဘူးဗ်၊ ဒါေၾကာင့္ ႐ြာျပန္ေရာက္တုန္းေလး အတိုးခ်ၿပီး ေသာက္ေနတာ”

“ ဟဲဟဲ… အကိုေလး ႐ြာျပန္ေရာက္ေနတယ္ဆိုလို႔ ခ်ိဳခါးပင္က်ရည္ေတြသီးသန႔္ဖယ္ထားေပးတာဗ်”

“ က်ဳပ္ကအမ်ားႀကီးေတာ့မေသာက္ႏိုင္ပါဘူး… တိုးေအာင္တို႔ ဖိုးထြန္းတို႔ကေတာ့ ေသာက္ႏိုင္တယ္ဗ်”

“ ဒီေကာင္ေတြက ႂကြက္တြင္းေတြေလ၊ အကိုေလးနဲ႔ေတာ့ဘယ္တူမလဲ”

“ ကိုငွက္ခါးကေတာ့ လုပ္ၿပီဗ်ာ၊ က်ဳပ္တို႔လဲအမ်ားႀကီးမေသာက္ႏိုင္ပါဘူး”

“ ကဲကဲ သူငယ္ခ်င္းေတြဆုံတုန္း ေအးေအးေဆးေဆးေသာက္ၾက၊ လိုတာရွိလဲ ေအာ္ေျပာလိုက္”

ကိုငွက္ခါးထြက္သြားေတာ့ တိုးေအာင္က

“ ႏိုင္ျမင့္… မင္း ဒီႏွစ္ေက်ာင္းၿပီးၿပီေပါ့”

“ ေအးေပါ့ကြ… ၿမိဳ႕‌က ေကာင္မေလးေတြကိုေတာ့ လြမ္းေနရေတာ့မွာပဲ”

“ ႏိုင္ျမင့္… ဟိုေလ ငါေမးစရာရွိလို႔”

“ ေမးေလ… ဘာေမးမလို႔လဲ”

“ မင္း ရီစိန္ဆိုတဲ့ ေကာင္မေလးကို မွတ္မိတယ္မဟုတ္လား”

“ ရီစိန္… ရီစိန္ဆိုတာက ေအာ္… ငါ့အေဒၚေဆးလိပ္ခုံမွာအလုပ္လုပ္တဲ့ ေကာင္မေလးလား”

“ မင္း အဲဒီသတင္းၾကားၿပီးၿပီမဟုတ္လား”

“ သူ႔ကိုယ္သူသတ္ေသသြားတာေတာ့ၾကားတယ္၊ ဘာျဖစ္လို႔လဲ”

“ အဲဒီေကာင္မေလးနဲ႔ မင္းနဲ႔ ဟိုဒင္းဟိုဟာ…”

“ တိုးေအာင္… မင္းဘာေတြေလ်ာက္ေျပာေနတာလဲ၊ ၿပီးခဲ့တာလဲၿပီးေနၿပီဟာကို”

“ ေအးပါ… ငါကသိခ်င္လို႔ေမးၾကည့္တာပါ”

“ မင္းေၾကာင့္ ငါေပ်ာ္ေနတဲ့အေပ်ာ္ေတြပါ ေပ်ာက္ကုန္ၿပီ၊ မင္းတို႔ပဲဆက္ေသာက္ၾက ငါျပန္ေတာ့မယ္”

“ စိတ္မဆိုးပါနဲ႔ကြာ… မေျပာနဲ႔ဆို မေျပာေတာ့ပါဘူး”

“ ထားလိုက္ေတာ့ ငါ ျပန္ေတာ့မယ္… ဘယ္မွာလဲ ငါ့ဖိနပ္”

“ မင္း ဖိနပ္ကိုဘယ္မွာခြၽတ္ထားလို႔လဲ”

“ ခုနက ဒီထန္းပင္ေအာက္မွာပဲ ခြၽတ္ထားတာေလကြာ”

“ ေခြးေတြဘာေတြမ်ားဆြဲသြားတာလား”

“ ဒီေန႔က ျပႆဒါးေန႔ပဲထင္တယ္…ထြီ”

ႏိုင္ျမင့္က ေျခဖလာနဲ႔ ထန္းေတာအျပင္ဘက္ကို ထြက္သြားတာေၾကာင့္ တိုးေအာင္နဲ႔ ဖိုးထြန္းတို႔ ေသာက္လက္စထန္းရည္ခြက္ကိုခ်ၿပီး အေနာက္ကေန လိုက္သြားခဲ့ၾကတယ္။

ႏိုင္ျမင့္တို႔ထြက္သြားၿပီးတဲ့အခ်ိန္ မလွမ္းမကမ္းက စားပြဲဝိုင္းမွာထိုင္ေနတဲ့လူတစ္ေယာက္ ထလာၿပီး ႏိုင္ျမင့္လမ္းေလ်ာက္သြားတဲ့ေျခရာခြက္ထဲက ေျမႀကီးအခ်ိဳ႕ကို လက္နဲ႔က်ဳံးယူကာ လွည့္ထြက္သြားခဲ့တယ္။

++++++

“ ဖိုးထြန္း… မင္း ႏိုင္ျမင့္ကိုေတြ႕ေသးလား”

“ ဟိုေန႔ မင္းေျပာလိုက္ထဲက မေတြ႕ေတာ့တာ တစ္ပတ္ေလာက္ရွိေရာေပါ့၊ဒီေကာင္ငါတို႔ကို

စိတ္ဆိုးေနတာမ်ားလား”

“ ငါလဲ ဘာရယ္မဟုတ္ပဲေမးလိုက္တာ၊ ဒီေကာင္အဲေလာက္စိတ္ဆိုးမယ္မထင္ခဲ့ဘူး”

“ ဒီေကာင္ကစိတ္ဆိုးလဲခဏပါပဲ၊ လာကြာ သူ႔အိမ္သြားၾကရေအာင္”

တိုးေအာင္နဲ႔ ဖိုးထြန္းတို႔လဲ ႏိုင္ျမင့္ေနတဲ့အိမ္ဘက္ကိုထြက္လာခဲ့လိုက္တယ္။ အိမ္ေရွ႕ေရာက္ေတာ့ ေဒၚေမႏြဲ႕ထြက္လာၿပီး

“ တိုးေအာင္နဲ႔ဖိုးထြန္းပါလား… ဘယ္ကိုလာၾကတာလဲ”

“ ႏိုင္ျမင့္ဆီကိုလာတာ ေဒၚေလး… သူအိမ္မွာရွိေနလား”

“ သူသိပ္ေနမေကာင္းလို႔ အျပင္ေတာင္မထြက္ဘူး”

“ ဒီေကာင္ဖ်ားေနတာလား… ဒါေၾကာင့္ မေတြ႕ရတာကိုး”

တိုးေအာင္တို႔အိမ္ခန္းထဲဝင္သြားေတာ့ အားမရွိတဲ့ပုံစံနဲ႔ နံရံကိုမွီၿပီးမွိန္းေနတဲ့ ႏိုင္ျမင့္ကို ျမင္လိုက္ရတယ္။

“ ေဟ့ေကာင္ မင္း ဘယ္လိုျဖစ္တာလဲ… မ်က္ႏွာေတာင္အေတာ္ေခ်ာင္က်သြားတာပဲ”

“ ငါလဲမသိဘူး… မင္းတို႔နဲ႔ထန္းေတာကျပန္လာၿပီး ေနာက္ေန႔ တစ္ကိုယ္လုံးေညာင္းကိုက္လာတာ၊ အဲဒီထဲက အခုထိ မထူႏိုင္ေသးဘူး”

“ ေဆးခန္းေတြဘာေတြေရာမျပၾကည့္ဘူးလား”

“ ျပတယ္.. ဆရာဝန္က ေသြးအားနည္းေနတယ္ပဲေျပာတယ္”

“ မင္းပုံစံၾကည့္ရတာ ျဖဴဖတ္ျဖဴေလ်ာ္နဲ႔ အားရွိတာေလးလဲစားဦး၊ ေနေကာင္းမွ ကိုငွက္ခါးထန္းရည္ေလးနဲ႔ လယ္ႂကြက္ကင္ေလး သြားစားရေအာင္”

“ ေအးပါ… ေနေကာင္းတဲ့ရက္သြားၾကတာေပါ့”

“ ဒါဆို ငါတို႔ျပန္လိုက္ဦးမယ္၊ မနက္ျဖန္ မင္းအတြက္ ၾကက္စြပ္ျပဳတ္ေလး ယူလာေပးမယ္”

တိုးေအာင္တို႔ထြက္သြားေတာ့ ႏိုင္ျမင့္လဲ ေခါင္းအုံးကိုမွီၿပီးေမွးေနတဲ့အခ်ိန္ အိမ္ေနာက္ေဖးကေန တက္လာတဲ့ ေျခသံတစ္ခုကိုၾကားလိုက္ရတယ္။

“ ဒီေကာင္ေတြအခုထိမျပန္ၾကေသးဘူးထင္တယ္”

ႏိုင္ျမင့္က တိုးေအာင္နဲ႔ ဖိုးထြန္းအထင္နဲ႔ ထမၾကည့္ပဲ ေဘးေစာင္းလွဲေနတဲ့အခ်ိန္ ေျခသံက အိမ္ခန္းထဲကိုေရာက္လာခဲ့တယ္။

“ မင္းတို႔မျပန္ၾကေသးဘူးလား”

“ ဟင္းဟင္းဟင္းဟင္း”

႐ုတ္တရက္ၾကားလိုက္ရတဲ့ ညဥ္းသံေၾကာင့္ ႏိုင္ျမင့္ လွည့္ၾကည့္လိုက္ရာ ရွည္လ်ားတဲ့အေမႊးအမွ်င္ေတြအျပင္၊ ခြၽန္ျမေနတဲ့လက္သည္းေတြပါတဲ့ အေကာင္တစ္ေကာင္ကိုျမင္လိုက္ရတယ္။

မၾကာခင္ အိမ္ေပၚကေန ႏိုင္ျမင့္ရဲ႕ အလန႔္တၾကားေအာ္ဟစ္သံထြက္လာတာေၾကာင့္ ေဆးလိပ္ခုံကလူေတြေရာ အိမ္နားခ်င္းေတြပါ လာၾကည့္ခဲ့ရာ မ်က္လုံးျပဴးၿပီးပါးစပ္ဟကာ ေသဆုံးေနတာကိုထိတ္လန႔္ဖြယ္ျမင္ေတြ႕

လိုက္ရတယ္။

ေရာဂါမယ္မယ္ရရမရွိပဲ ႐ုတ္တရက္ေသဆုံးသြားတဲ့ သားျဖစ္သူရဲ႕စိတ္ေၾကာင့္ ေဒၚေမႏြဲ႕တစ္ေယာက္ အိပ္ယာထဲဘုန္းဘုန္းလဲပါေလေရာ၊ ဒီလိုနဲ႔ ႏိုင္ျမင့္အသုဘရက္လည္ၿပီးတစ္ပတ္ေလာက္ အၾကာမွာပဲ ေဒၚေမႏြဲ႕ကို အိပ္ယာထဲမွာ ေသေနတာျမင္လိုက္ရတယ္။

တစ္လအတြင္း တစ္အိမ္ထဲလူႏွစ္ေယာက္ေသတာေၾကာင့္ ႐ြာမွာရွိတဲ့သူေတြ အနည္းငယ္ထိတ္လန႔္လာခဲ့ ၾကတယ္။ ညဘက္ေရာက္ရင္လဲ ေခြးေတြက ေဒၚေမႏြဲ႕တို႔အိမ္ကို ၾကည့္ၿပီးစူးစူးဝါးဝါ းထိုးေဟာင္ေနတတ္သလို အိမ္ထဲမွာလဲ အရိပ္မဲမဲေတြလႈပ္ရွားသြားလာေနတာကို ျမင္တဲ့သူေတြရွိခဲ့တယ္။

ဒီအျဖစ္ေၾကာင့္ ေဆးလိပ္ခုံပိုင္ရွင္တစ္ျဖစ္လဲ ေဒၚသန္းႏြဲ႕တစ္ေယာက္ ညဘက္ေတြ တစ္ေယာက္ထဲမအိပ္ရဲေတာ့ပဲ အလုပ္သမအခ်ိဳ႕ကိုေခၚကာ အိပ္ရတဲ့အေျခအေနထိျဖစ္လာခဲ့တယ္။

ေဒၚေမႏြဲ႕ေသၿပီး တစ္ပတ္ေလာက္အၾကာမွာပဲ ‌အကိုျဖစ္သူ ဦးစိန္ႏြဲ႕ ေရတြင္းဆယ္ရင္း အသက္ရႈၾကပ္ကာ ေသဆုံးတဲ့ျဖစ္ရပ္တစ္ခု ထပ္ျဖစ္ပြားခဲ့တယ္။ ဦးစိန္ႏြဲ႕ေသတယ္ဆိုတဲ့ သတင္းၾကားတာနဲ႔ ေဒၚသန္းႏြဲ႕တစ္ေယာက္ သူ႔အိမ္ကို သံဃာေတာ္ေတြပင့္ၿပီး ပရိတ္တရားနာတာေတြ ျပဳလုပ္ခဲ့တယ္။

ဒီလိုနဲ႔ ဦးစိန္ႏြဲ႕ဆုံးၿပီး ငါးရက္ခန္႔အၾကာ

“ ေဒၚေလးႏြဲ႕… ေဒၚေလးႏြဲ႕”

“ ဘယ္သူေခၚေနတာလဲ ၾကည့္စမ္းပါဦး”

ေဒၚသန္းႏြဲ႕က သူနဲ႔အေဖာ္အိပ္ေပးတဲ့ ေဆးလိပ္သမေလးႏွစ္ေယာက္ကိုလွမ္းေျပာလိုက္တယ္။

“ ကိုခိုင္ေမာင္ ထင္တယ္…ေဒၚေလး”

ခိုင္ေမာင္ဆိုတဲ့အသံေၾကာင့္ ေဒၚသန္းႏြဲ႕ အိမ္ေရွ႕တံခါးကိုဖြင့္လိုက္ၿပီး

“ ညႀကီးအခ်ိန္မေတာ္ ဘာျဖစ္လို႔လဲ”

“ ဘာမွမျဖစ္ပါဘူး… ေဒၚေလးႏြဲ႕မ်က္ႏွာကို လာၾကည့္တာ”

ခိုင္ေမာင္က မ်က္ႏွာေသနဲ႔စိုက္ၾကည့္ကာ ေျပာလိုက္တာေၾကာင့္ ေဒၚသန္းႏြဲ႕ စိတ္ထဲထင့္ခနဲ ျဖစ္သြားခဲ့တယ္။

“ နင္ ခိုင္ေမာင္ေရာ ဟုတ္ရဲ႕လား…”

“ ဟီးဟီးဟီး… ငါက ခိုင္ေမာင္ပဲေလ နင္မယုံရင္ ဆင္းၿပီးလာၾကည့္”

“ ေအးၾကည္မေရ တံခါးအျမန္ပိတ္လိုက္ေတာ့… ခိုင္ေမာင္က ငါ့ကို နင္နဲ႔ငါနဲ႔ မေျပာဖူးဖူး၊ အခုအိမ္ေရွ႕မွာရပ္နတာ ခိုင္ေမာင္ မဟုတ္ဘူး”

ေဒၚသန္းႏြဲ႕စကားေၾကာင့္ ေအးၾကည္မက တံခါးကို ပိတ္လိုက္တဲ့အခ်ိန္ ဟီးဟီးဟားဟားရယ္သံတစ္ခု ထြက္ေပၚလာခဲ့တယ္။ ခဏေနေတာ့

“ မသန္းႏြဲ႕… မသန္းႏြဲ႕”

“ အသံထပ္ၾကားျပန္ၿပီ… တံခါးမဖြင့္ေပးနဲ႔”

“ ေဒၚေလး အခုက ဦးသာဝတို႔အဖြဲ႕လာေခၚေနတာ”

“ သူ သူတစ္ေယာက္ထဲလား… ဘယ္သူေတြပါေသးလဲ”

“ အျခားလူေတြ ေလးငါးေယာက္ပါတယ္”

ေအးၾကည္မစကားေၾကာင့္ ေဒၚသန္းႏြဲ႕ ျပဴတင္းေပါက္တံခါးကိုအသာဖြင့္ၾကည့္လိုက္ရာ ႐ြာလူႀကီးဦးသာဝတို႔အဖြဲ႕ကိုျမင္လိုက္ရတယ္။

“ မသန္းႏြဲ႕… ဗ်ိဳ႕မသန္းႏြဲ႕”

“ ဘာကိစၥရွိလို႔လဲကိုသာဝ”

“ ခင္ဗ်ားတူ ခိုင္ေမာင္ ခုနကပဲ ဆုံးသြားလို႔ လာေျပာတာ”

ဦးသာဝစကားေၾကာင့္ ေဒၚသန္းႏြဲ႕ ေခါင္းထဲမိုက္ခနဲျဖစ္ကာ ယိုင္က်သြားခဲ့သလို အေဖာ္လာအိပ္ေပးတဲ့သူႏွစ္ေယာက္လဲ လန႔္ျဖန႔္သြားခဲ့တယ္။

“ ေဒၚေလး သတိထားဦးေလ… ေဒၚေလး”

“ ငါ ဘာ ဘာမွမျဖစ္ဘူး… ခိုင္… ခိုင္ေမာင္က ဘယ္လိုျဖစ္တာလဲ”

“ သူ႔အေဖရက္လည္မွာ ထမင္းခ်က္ဖို႔ ထင္းခြဲေနတုန္း ထင္းစက ရင္ဘတ္တည့္တည့္စိုက္ဝင္သြားလို႔”

“ အ..အသက္ေရာ ရွိေသးလားဟင္”

“ ေနရာမွာတင္ဆုံးသြားတာ… သူ႔အေမကလဲ ခိုင္ေမာင္အျဖစ္ကိုျမင္ၿပီးသတိလစ္ေနတာေၾကာင့္ မသန္းႏြဲ႕ကို လာေခၚရတာပါ”

“ ဘုရား ဘုရား…. ဘာေတြျဖစ္ကုန္ၿပီလဲ၊ ကြၽန္မ အခုပဲလာခဲ့မယ္”

ေဒၚသန္းႏြဲ႕လဲ ပိုက္ဆံအိတ္ယူၿပီး ဆင္းဖို႔အလုပ္ ဟေနတဲ့ ေလွကားၾကားထဲကေန လက္တစ္ဖက္ထြက္လာကာ ေျခေထာက္ကိုဆြဲခ်သြားခဲ့တယ္။

ႏွစ္ထပ္အိမ္‌ဆိုေတာ့ ေလွကားကအေတာ္အတန္ျမင့္တာမို႔ ေမးေစ့နဲ႔ ေလွကားထစ္႐ိုက္မိတဲ့အရွိန္အျပင္ ေအာက္မွာခင္းထားတဲ့ ကြန္ကရစ္နဲ႔ေခါင္းေဆာင့္မိတဲ့အရွိန္ေၾကာင့္ ေလွကားရင္းတစ္ခုလုံးေသြးခ်င္းခ်င္းနီသြားခဲ့တယ္။

“ မသန္းႏြဲ႕ မသန္းႏြဲ႕… လုပ္ၾကပါဦး”

ဦးသာဝနဲ႔ပါလာတဲ့သူေတြက ‌ေသြးအိုင္ထဲမွာလဲေနတဲ့ ေဒၚသန္းႏြဲ႕ကိုေပြ႕ထူလိုက္ရာ မ်က္ျဖဴလန္ၿပီး အသက္ထြက္ေနတာျမင္လိုက္ရတယ္။

ေဆးလိပ္သမႏွစ္ေယာက္လဲ သူတို႔အေရွ႕မွာတင္ အသက္ထြက္သြားတဲ့ ေဒၚသန္းႏြဲ႕ကိုျမင္ၿပီး အေတာ္ကိုထိတ္လန႔္သြားခဲ့သလို ႐ြာမွာရွိတဲ့သူေတြအားလုံးလဲ ေသြးပ်က္သြားခဲ့ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္လအတြင္း မသန္းႏြဲ႕တို႔ရဲ႕ေဆြမ်ိဳးသားခ်င္း ငါးေယာက္တိတိေသဆုံးသြားခဲ့တာမဟုတ္လား။

+++++

ခရီးသည္တင္ကားတစ္စီးထိုးရပ္လာတာေၾကာင့္ ေခါင္း႐ြက္ေဈးသည္ေတြအားလုံးလႈပ္လႈပ္ရွားရွား ျဖစ္ကုန္တယ္။

“ ေျမပဲျပဳတ္… ေျပာင္းဖူးျပဳတ္… ငုံးဥျပဳတ္ေတြရမယ္ေနာ္၊ ဟိုကအစ္ကိုႀကီး ေျပာင္းဖူးျပဳတ္ေလးအားေပးပါဦး”

သြက္သြက္လက္လက္ရွိတဲ့ ေဈးသည္မေလးက ကားေပၚကေနဆင္းလာတဲ့ ခရီးသည္ေတြကို သူ႔ဆီမွာရွိတဲ့ အမယ္ေတြ႐ြတ္ျပေနခဲ့တယ္။

“ က်ဳပ္ပိုက္ဆံအိတ္ ဘယ္ေရာက္သြားလဲမသိဘူး.. လုပ္ၾကပါဦး.. ပိုက္ဆံအိတ္ခါးပိုက္ႏႈိက္ခံရၿပီ ထင္တယ္”

႐ုတ္တရက္ထြက္ေပၚလာတဲ့အသံေၾကာင့္ ကားေပၚကေနဆင္းလာတဲ့သူေတြအားလုံး ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္တယ္။

“ ပိုက္ဆံအိတ္ကိုဘယ္မွာထားထားလို႔လဲဗ်”

“ ေဘာင္းဘီအိတ္ထဲထည့္ထားတာ ခုနက ကားဂိတ္မေရာက္ခင္ကေတာင္ရွိေသးတယ္”

ပိုက္ဆံအိတ္ေပ်ာက္တဲ့သူက ပတ္ဝန္းက်င္ကို ေဝ့ဝဲၾကည့္ေနတဲ့အခ်ိန္

“ ပိုက္ဆံအိတ္က ဒီကားဂိတ္ေရာက္မွ ေပ်ာက္တာမဟုတ္လား” ဆိုတဲ့အသံၾကားလို႔ၾကည့္လိုက္ရာ ဖ်င္ၾကမ္းအက်ႌဝတ္ဆင္ၿပီး လြယ္အိတ္ကိုယ္စီ လြယ္ထားတဲ့ လူသုံးေယာက္ကို ျမင္လိုက္ရတယ္။

“ ဟုတ္တယ္ဗ်… ကားေပၚကဆင္းတဲ့အခ်ိန္ ႏႈိက္သြားတာျဖစ္မယ္၊ တစ္ႏွစ္ပတ္လုံး စုထားတဲ့ေငြေလးေတြေတာ့ ကုန္ပါၿပီဗ်ာ”

“ မိတ္ေဆြက ဒီၿမိဳ႕ကပဲလား”

“ မဟုတ္ဘူးဗ်… က်ဳပ္က က်ဳံကြယ္႐ြာကိုသြားရမွာ၊ ဟူး ႐ြာမွာလဲအေရးႀကီးေနပါတယ္ဆိုမွ ဒုကၡပါပဲဗ်ာ”

“ မိတ္ေဆြ ေပ်ာက္သြားတဲ့ပိုက္ဆံအိတ္ကို ျပန္ရေအာင္ က်ဳပ္တို႔လုပ္ေပးမယ္”

“ တကယ္ေျပာတာလား..ျပန္ရမယ္ဆိုရင္ ေက်းဇူးဆပ္ပါမယ္ဗ်ာ”

“ အခုဒီမွာလူေတြအရမ္းမ်ားတယ္၊ က်ဳပ္တို႔ေနာက္လိုက္လာခဲ့”

ပိုက္ဆံအိတ္ေပ်ာက္တဲ့သူလဲ ျပန္ရလိုျပန္ရျငား မ်က္ႏွာစိမ္းလူေတြေခၚတဲ့ေနာက္ကိုလိုက္သြားခဲ့ရာ လူအေတာ္တန္ရွင္းတဲ့ ေနရာတစ္ခုကိုေရာက္ေတာ့

“ မိတ္ေဆြနာမည္ကဘယ္လိုေခၚလဲ”

“ ခင္ေမာင္ေအးလို႔ေခၚပါတယ္”

“ ဒါဆို တနလၤာသားေပါ့”

“ ဟုတ္ပါတယ္.. တနလၤာသားပါ”

မ်က္ႏွာစိမ္းလူသုံးေယာက္ထဲက အရပ္ျမင့္ျမင့္ပုဂ္ရိဳလ္က လြယ္အိတ္ထဲကေန အင္းကြက္ေတြေရးဆြဲထားတဲ့

စာ႐ြက္တစ္႐ြက္ကိုထုတ္ယူၿပီး ‌ခင္ေမာင္ေအးရဲ႕ နာမည္၊ ေန႔နံေတြကို လြတ္ေနတဲ့ေနရာေတြမွာ ျဖည့္လိုက္တာကိုျမင္လိုက္ရတယ္။ ၿပီးတာနဲ႔ ဖေယာင္းတိုင္တစ္တိုင္ထြန္းၿပီး ဂါထာတစ္ပုဒ္ကိုအဆင္မျပတ္႐ြတ္ဖတ္ေနခဲ့ရာ ဆယ္မိနစ္ေလာက္ၾကာေတာ့ ကားဂိတ္ရွိတဲ့ဘက္ကေန ငယ္သံပါေအာင္ေအာ္တဲ့အသံတစ္ခုထြက္ေပၚလာခဲ့တယ္။

“ အခုေအာ္ေနတဲ့ေကာင္က ပိုက္ဆံအိတ္ယူတဲ့သူပဲ၊ အျမန္လိုက္ေပေတာ့” လို႔ေျပာလိုက္တာေၾကာင့္ ခင္ေမာင္ေအးလဲ အသံၾကားတဲ့ဘက္ကိုေျပးထြက္ သြားခဲ့တယ္။ ခဏေနေတာ့ ၿပဳံးၿဖီးေနတဲ့မ်က္ႏွာနဲ႔ ျပန္ေရာက္လာၿပီး

“ ပိုက္ဆံအိတ္ျပန္ရၿပီဗ်…ဆရာတို႔ပညာက တကယ္စြမ္းတာပဲ”

“ အဲဒီေလာက္လဲမဟုတ္ပါဘူး.. မ်က္စိေရွ႕မွာ အျမင္မေတာ္တာျမင္လို႔ ကူညီေပးတယ္ပဲ သေဘာထားပါ”

“ခုနက ခါးပိုက္ႏႈိက္ေကာင္က်ဳပ္ပိုက္ဆံအိတ္ကို ယူထားတဲ့အခ်ိန္ တစ္ကိုယ္လုံး မီးနဲ႔အၿမိဳက္ခံရသလိုျဖစ္လာလို႔ မေနႏိုင္ေတာ့ပဲ ထေအာ္တာဗ်၊ ဒီလိုမ်ိဳးျဖစ္ေအာင္လုပ္ႏိုင္တာ ေတာ္႐ုံပညာစြမ္းနဲ႔ေတာ့ မရေလာက္ဘူးဆိုတာ က်ဳပ္သိပါတယ္”

ခင္ေမာင္ေအးစကားေၾကာင့္ မ်က္ႏွာစိမ္းလူသုံးေယာက္က ဘာမွျပန္မေျပာပဲ ရယ္ေနခဲ့တယ္။

“ အပန္းမႀကီးရင္ ဆရာတို႔နာမည္ေလးေျပာျပပါလား”

“ က်ဳပ္နာမည္က ေအာင္ျမတ္သာပါ၊ သူတို႔ႏွစ္ေယာက္က ေမာင္ေကာင္းနဲ႔ ခြန္းလွလို႔ေခၚတယ္”

“ နာမည္ေတြကေတာ့ ဟိတ္ရွိတယ္ဗ်ိဳ႕၊ ဒါနဲ႔ ဆရာတို႔ကဘယ္သြားၾကမလို႔လဲ”

“ က်ဳပ္တို႔က ဘယ္သြားမယ္လို႔ေတာ့ စိတ္ကူးထားတာမရွိပါဘူး၊ အခုဒီမွာရွိေနေပမယ့္ မနက္ျဖန္က် အျခားေနရာေရာက္ခ်င္ေရာက္ေနမွာ”

“ ဒါျဖင့္ က်ဳပ္႐ြာကိုလိုက္ခဲ့ဗ်ာ”

“ မိတ္ေဆြခုနကေျပာေတာ့ ႐ြာမွာအေရးႀကီး ကိစၥရွိတယ္ဆို… က်ဳပ္တို႔ေၾကာင့္ အလုပ္ရႈပ္ေနပါဦးမယ္”

“ အေရးႀကီးကိစၥဆိုတာက က်ဳပ္တူေလး ရွင္ျပဳဖို႔ရွိေနလို႔ပါ၊ သူက အေဖမရွိေတာ့ က်ဳပ္ကပဲ ေထာက္ပံ့ေနရတာ၊ အခုလဲ သူ႔ရွင္ျပဳပြဲကို ေရာက္ေအာင္လာပါဆိုလို႔ အေလာတႀကီးျပန္လာရတာေလ”

“ ဒါဆိုရင္လဲ ေရာက္ဖူးသည္ရွိေအာင္ လိုက္ခဲ့ပါ့မယ္”

“ ဒါျဖင့္ခဏေစာင့္ဦး… ႐ြာကိုေရာက္မယ့္ ေထြလာဂ်ီတစ္စီးငွားလိုက္ဦးမယ္”

ခင္ေမာင္ေအးထြက္သြားေတာ့ ေမာင္ေကာင္းက ေအာင္ျမတ္သာကိုၾကည့္ၿပီး

“ ဆရာ … ဒီလူေခၚတာကို ဘာလို႔မျငင္းတာလဲ”

“ ျငင္းလို႔မရတဲ့အေၾကာင္းတစ္ခုရွိေနလို႔ေပါ့ ေမာင္ေကာင္းရ”

“ ဘယ္လိုျငင္းလို႔မရတာလဲဆရာ”

“ ခုနက ကားဂိတ္မွာ ငါတို႔ရွိေနတဲ့အခ်ိန္ နားထဲမွာ ဆရာသခင္ရဲ႕အသံကိုၾကားရတယ္။ သူေျပာတာက ပိုက္ဆံအိတ္ေပ်ာက္တဲ့သူကို ကူညီေပးၿပီး သူေနတဲ့႐ြာကိုလိုက္သြားပါတဲ့၊ ဒါေၾကာင့္ သူေခၚတာကို မျငင္းပဲလက္ခံလိုက္တာ”

“ ဒါဆိုရင္ေတာ့ သူေနတဲ့႐ြာမွာ တစ္ခုခုျဖစ္ေနၿပီနဲ႔တူတယ္”

“ ဟိုေရာက္ရင္ေတာ့ ဘာလို႔သြားခိုင္းတယ္ဆိုတာ အေျဖထြက္လာမွာေပါ့”

ေအာင္ျမတ္သာတို႔စကားေျပာေနတဲ့အခ်ိန္ မီးခိုးတအူအူထြက္ေနတဲ့ ေထြလာဂ်ီတစ္စီး အနားကိုေရာက္လာခဲ့တယ္။

“ ဆရာတို႔ကားေပၚတက္ၾက‌ဗ်… ဒီေထြလာဂ်ီက ႐ြာနားထိေရာက္မယ္ေျပာတယ္”

ခင္ေမာင္ေအးစကားေၾကာင့္ ေအာင္ျမတ္သာတို႔လဲ ေထြလာဂ်ီေပၚတက္ထိုင္ကာ လိုက္သြားခဲ့တယ္။ ကားဂိတ္ကေနထြက္လာၿပီး ႏွစ္နာရီေလာက္ၾကာေတာ့ အတန္သင့္စည္ကားတဲ့ ႐ြာတစ္႐ြာကိုေရာက္လာခဲ့တယ္။

“ ႐ြာေရာက္ၿပီလားဗ်”

“ မေရာက္ေသးဘူးဆရာ… ဒီ႐ြာကေန နာရီဝက္ေလာက္ဆက္သြားရဦးမယ္၊ က်ဳပ္တို႔႐ြာက လမ္းပန္းဆက္သြယ္ေရးအရသာ ေဝးတယ္ဆိုေပမယ့္ အထဲမွာေတာ့ အေတာ္ကိုစည္တာဗ်၊ စာသင္ေက်ာင္းေရာ၊ ေဈးေရာ၊ တိုက္နယ္ေဆး႐ုံေရာရွိတယ္”

“ ဒါဆို႐ြာႀကီးပဲေပါ့… ဒီပုံစံဆိုမၾကာခင္ ကားလမ္းေပါက္မယ္ထင္တာပဲ”

“ ကားလမ္းေပါက္လို႔ကေတာ့ အေတာ္ကိုအဆင္ေျပမွာ၊ အခုခ်ိန္ေတာ့ သြားလာရ နည္းနည္းခက္ခဲတာေပါ့ဗ်ာ”

ေအာင္ျမတ္သာတို႔စကားတစ္ေျပာေျပာနဲ႔ လမ္းေလ်ာက္လာခဲ့ရာ ေမွာင္စပ်ိဳးတဲ့အခ်ိန္မွာေတာ့ က်ဳံကြယ္႐ြာကို ေရာက္လာခဲ့တယ္။

“ ရွင္ျပဳရွိတယ္လဲေျပာေသး… ဘာသံမွလဲမၾကားရပါလား”

ခင္ေမာင္ေအးက အသံတိုးတိုး‌နဲ႔ ေရ႐ြတ္ကာ အတန္သင့္က်ယ္ဝန္းတဲ့ ၿခံဝိုင္းတစ္ခုထဲကိုဝင္သြားခဲ့တယ္။

“ ေအးမိေရ.. ေအးမိ”

“ ေဟာ အစ္ကိုႀကီးျပန္လာၿပီ… သားေရ နင့္ဘႀကီး ျပန္ေရာက္ၿပီေဟ့”

“ ဒါဆိုအသာထားဦး… ရွင္ျပဳကသဘက္ခါလုပ္မယ္‌ဆိုၿပီး အခုထိ ဘာမွျပင္ဆင္ထားတာမေတြ႕ပါလား”

“ ဟုတ္တယ္ ကိုႀကီးေရ.. ႐ြာမွာ ျပႆနာနည္းနည္းတက္ေနလို႔ အလႉကိုရက္ေ႐ြ႕လိုက္ရတယ္၊ လာလာ အိမ္ေပၚေရာက္မွ မိေအးရွင္းျပမယ္”

ေအာင္ျမတ္သာတို႔လဲ ခင္ေမာင္ေအးနဲ႔အတူအိမ္ေပၚကိုလိုက္တက္လာခဲ့ၾကတယ္။

“ ဘယ္လိုျပႆနာတက္တာလဲေျပာပါဦး”

“ ႐ြာမွာေဆးလိပ္ခုံေထာင္ထားတဲ့ ေဒၚသန္းႏြဲ႕ကိုသိတယ္မဟုတ္လား”

“ အင္း သိတယ္ေလ.. ဘာျဖစ္လို႔လဲ”

“ ဒီတစ္လအတြင္းမွာပဲ မသန္းႏြဲ႕ရယ္၊ သူ႔ညီမ ေမႏြဲ႕နဲ႔ သားျဖစ္သူ ႏိုင္ျမင့္ရယ္၊ သူ႔အကို ဦးစိန္ႏြဲ႕နဲ႔ သားျဖစ္သူခိုင္ေမာင္တို႔ဆုံးသြားၾကတယ္”

“ ဟာ… တစ္လထဲမွာ ဘယ္လိုလုပ္ အကုန္ဆုံးသြားတာလဲ”

“ ေနာက္ထူးဆန္းတာက တစ္ေယာက္ရက္မလည္ခင္ ေနာက္တစ္ေယာက္ဆုံးတာပဲ”

မိေအးစကားေၾကာင့္ ေမာင္ေကာင္းက ေအာင္ျမတ္သာကို အဓိပၸါယ္ပါပါလွမ္းၾကည့္လိုက္တယ္။

“ ဘယ္လိုဆုံးတာလဲ မိေအး… ဖ်ားနာၿပီးဆုံးတာလား”

“ မဟုတ္ဘူးကိုႀကီး… ႏိုင္ျမင့္က ႐ုတ္တရက္ ႏွလုံးရပ္ၿပီးဆုံးတာ၊သူ႔အေမ ေမႏြဲ႕က သူ႔သားစိတ္နဲ႔ဆုံးတာလို႔ေျပာၾကတယ္၊ ကိုစိန္ႏြဲ႕က ေရတြင္းဆယ္ရင္းအသက္ရႈၾကပ္ၿပီးဆုံးတယ္၊ သူ႔သား ခိုင္ေမာင္က သူ႔အေဖရက္လည္အတြက္ ထင္းခြဲေနရင္း ရသ္ဘတ္ကိုထင္းအပိုင္းစစိုက္ၿပီး ဆုံးတယ္၊ မသန္းႏြဲ႕က ေလွကားေပၚကေန ျပဳတ္က်ၿပီးဆုံးတယ္၊ ဒီလိုကိစၥေတြေၾကာင့္ အလႉကိုေနာက္ဆုတ္လိုက္ရတာ”

မိေအးစကားေၾကာင့္ ခင္ေမာင္ေအးက ေအာင္ျမတ္သာကိုၾကည့္လိုက္ၿပီး

“ ဆရာတို႔အျမင္ကေရာ ဒါက သေဘာ႐ိုးျဖစ္ႏိုင္တယ္လို႔ထင္လား”

“ ဒီလိုအျဖစ္မ်ိဳးက ေသြး႐ိုးသား႐ိုးတိုက္ဆိုင္မႈမျဖစ္ႏိုင္ဘူး၊ အခုေသတာကလဲ သူတို႔အမ်ိဳးေဆြေတြပဲဆိုေတာ့ က်ဳပ္ထင္တာမ်ားျဖစ္ေနမလားပဲ”

“ ဆရာက ဘယ္လိုထင္လို႔လဲ”

“ ေလာကီပညာအရခန႔္မွန္းရမယ္ဆိုရင္ ေဆြခုႏွစ္ဆက္ မ်ိဳးခုႏွစ္ဆက္ေသေၾကေအာင္ တိုက္ထားတာလို႔ျမင္တယ္၊ ဒီတိုင္းလႊတ္ထားရင္ တစ္မ်ိဳးတစ္ႏြယ္လုံး ကုန္သြားလိမ့္မယ္”

“ ဘုရား.. ဘုရား… အဲဒီလိုဆို မိေအးတို႔လဲ ဘယ္လြတ္ပါ့မလဲ၊ ကိုစိန္ႏြဲ႕မိန္းမနဲ႔ မိေအးတို႔က ေမာင္ႏွစ္မတစ္ဝမ္းကြဲေတြေလ၊ ဘယ္သူကမ်ား ဒီလိုရက္စက္တဲ့ကိစၥကိုလုပ္တာလဲမသိပါဘူး”

“ ေသဆုံးသြားၾကတဲ့ မိသားစုဝင္ေတြက ဘယ္သူနဲ႔ျပႆနာႀကီးႀကီးမားမားျဖစ္ဖူးလဲ”

ေအာင္ျမတ္သာစကားေၾကာင့္ မိေအးက ေခတၱစဥ္းစားလိုက္ၿပီး

“ ႏိုင္ျမင့္ေၾကာင့္ ေဆးလိပ္ခုံ အလုပ္သမတစ္ေယာက္ ကိုယ္ဝန္ရသြားလို႔ အုတ္ေအာ္ေသာင္းနင္း ျဖစ္ခဲ့ရေသးတယ္၊ ေနာက္ေတာ့ အဲဒီေကာင္မေလး ကိုယ့္ကိုယ္ကိုသတ္ေသသြားတယ္လို႔ၾကားတယ္”

“ အခုျဖစ္စဥ္မွာလဲ ႏိုင္ျမင့္ကအရင္ေသတာလား”

“ ဟုတ္တယ္ဆရာ… သူအရင္ေသတာ”

“ အကုန္လုံး ဒုကၡေရာက္ၾကေတာ့မွာပဲ…အခု သူတို႔အမ်ိဳးေဆြေတြထဲမွာ အနီးကပ္ဆုံးဘယ္သူရွိေသးလဲ”

“ ဦးစိန္ႏြဲ႕ မိန္းမ မလြင္ခိုင္ရွိေသးတယ္… သူခဗ်ာ လင္ေကာ သားေရာ ေသထားေတာ့ အေတာ္စိတ္ဓါတ္က်ေနရွာတာ”

“ က်ဳပ္တို႔အခ်ိန္ဆြဲေနလို႔မရေတာ့ဘူး… အခုခ်က္ခ်င္း အသုဘအိမ္ကိုလိုက္သြားမွျဖစ္မယ္”

“ မိေအး နင္က ကေလးနဲ႔အိမ္မွာပဲေန… ငါ ဆရာတို႔ကို ေခၚသြားလိုက္မယ္”

ခင္ေမာင္ေအးက ေအာင္ျမတ္သာတို႔ကိုေခၚၿပီး မလြင္ခိုင္တို႔အိမ္ကိုထြက္လာခဲ့လိုက္တယ္။ အိမ္ေရွ႕ေရာက္ေတာ့ ေအာက္လင္းမီးေရာင္ေအာက္မွာ လူအခ်ိဳ႕စကားထိုင္ေျပာေနတာကိုျမင္လိုက္ရတယ္။

“ ဆရာ အိမ္ထဲဝင္ဦးေလ”

“ အထဲေတာ့မဝင္ေတာ့ဘူး… အိမ္ထဲမွာ ေသဆုံးသူေတြရဲ႕ဝိဉာဥ္အျပင္ အျခားနာနာဘာဝေကာင္ေတြပါရွိေနၿပီ”

“ မလြင္ခိုင္အတြက္ေရာ စိုးရိမ္ရလားဆရာ”

“ အစီအရင္ကို မေဖာ္ထုတ္ႏိုင္ရင္ေတာ့ သူ႔အတြက္လဲစိုးရိမ္ရတယ္၊ ေလာေလာဆယ္ သူ႔ကိုဘာမွမေျပာနဲ႔ဦး၊ ကိုခင္ေမာင္ေအးလဲ ဒီအေၾကာင္းေတြ ဘယ္သူကိုမွ မေျပာဖို႔လိုမယ္”

“ မေျပာပါဘူးဆရာ… အခု ဘယ္လိုလုပ္ၾကမလဲ”

“ ဒီအတိုက္မ်ိဳးက ပထမဆုံးေသတဲ့‌သူဆီကို အရင္ဦးတည္တာျဖစ္လို႔ ႏိုင္ျမင့္ေသတဲ့အိမ္ဝင္းထဲမွာ အစီအရင္ ေသခ်ာေပါက္ကိုရွိရမယ္”

“ က်ဳပ္ဘာကူညီေပးရမလဲဆရာ”

“ ႏိုင္ျမင့္ေနခဲ့အိမ္ကို လိုက္ျပေပးႏိုင္မလား”

“ ဒီကိစၥကိုေတာ့ ႐ြာလူႀကီးေတြကိုအသိေပးမွ ျဖစ္မယ္ထင္တယ္”

“ သူတို႔အေနနဲ႔လက္ခံရင္ပိုေကာင္းတာေပါ့”

“ လက္ခံေအာင္ က်ဳပ္ေျပာမွာ.. ဒီအတြက္စိတ္မပူနဲ႔”

ခင္ေမာင္ေအးစကားေၾကာင့္ ေအာင္ျမတ္သာတို႔ရဲ႕ ေျခလွမ္းေတြက ႏိုင္ျမင့္အိမ္ဘက္ကိုမလွည့္ေတာ့ပဲ ႐ြာလူႀကီးဦးသာဝအိမ္ဘက္ကို လွည့္သြားခဲ့ၾကတယ္။

+++++

ဦးသာဝအိမ္ေရာက္ေတာ့ ခင္ေမာင္ေအးက ျဖစ္ပ်က္ေနတဲ့ကိစၥေတြကို ရွင္းျပလိုက္ရာ

“ ေဟ…”

“ ဟုတ္တယ္ ဘႀကီး… ဒီလိုအျဖစ္မ်ိဳးက သာမန္ျဖစ္႐ိုးျဖစ္စဥ္မဟုတ္ဘူး”

“ မင္းေျပာတာလဲျဖစ္ႏိုင္ပါတယ္…အခုငါတို႔ ဘယ္လိုလုပ္ၾကမလဲ”

“ ဒီကဆရာေတြက ညတြင္းခ်င္း အစီအရင္ေတြကိုဖယ္ရွား‌ခ်င္တယ္လို႔ေျပာတယ္”

“ ညဘက္ႀကီးအဆင္ေျပပါ့မလား”

“ ဒီကိစၥက အခ်ိန္ဆြဲလို႔မရလို႔ပါဘႀကီး”

ေအာင္ျမတ္သာတို႔စကားေျပာေနတဲ့အခ်ိန္ အိမ္ဝိုင္းထဲကို လူတစ္ေယာက္ အေလာတႀကီးေျပးဝင္လာခဲ့တယ္။

“ ဘႀကီး… ဘႀကီး… မလြင္ခိုင္ မလြင္ခိုင္ ရက္လည္မွာေကြၽးမယ့္ ၾကက္သားေတြကို အစိမ္းစားေနလို႔”

“ ဒုကၡပါပဲ… ငါတို႔အခုလာခဲ့မယ္”

ဦးသာဝလဲ ေအာင္ျမတ္သာတို႔ကိုေခၚၿပီး အသုဘအိမ္ကိုထြက္လာခဲ့ရာ အိမ္ေရွ႕ေရာက္ေတာ့ ၾကက္သားအစိမ္းေတြကို လက္ႏွစ္ဖက္နဲ႔ ႀကဳံးစားေနတဲ့ မလြင္ခိုင္ကိုျမင္လိုက္ရတယ္။

“ လြင္ခိုင္… စိတ္ထိန္းစမ္း”

“ ငါ လြင္ခိုင္ မဟုတ္ဘူး…’’

“ ဘႀကီး ဒီေကာင္ေတြကို အခုလို ေျပာလို႔ရမွာမဟုတ္ဘူး၊ ကြၽန္ေတာ္ၾကည့္ရွင္းလိုက္မယ္”

ေအာင္ျမတ္သာက ေရတစ္ခြက္ခပ္ခိုင္းၿပီး အင္းျပာအခ်ိဳ႕ကိုထည့္ေမႊလိုက္တယ္။ ၿပီးတာနဲ႔ ၾကက္သားေတြကို သရဲစား ဘီလူးစား စားေနတဲ့ မလြင္ခိုင္ရဲ႕ မ်က္ႏွာကို ေရနဲ႔ေတာက္လိုက္ရာ တီေကာင္ကိုဆားနဲ႔ထိသလို ၾကမ္းေပၚမွာလူးလိမ့္ေအာ္ဟစ္ရင္း ၿငိမ္သက္သြားခဲ့တယ္။

အဲဒီအခ်ိန္ ေမာင္ေကာင္းက ၿခံအျပင္ဘက္ကို ႐ုတ္တရက္ေျပးထြက္သြားၿပီး

“ဟိုေကာင္ထြက္ေျပးတဲ့ေနာက္ကို ကြၽန္ေတာ္လိုက္သြားမယ္… ဆရာတို႔အေနာက္က လိုက္လာခဲ့” လို႔ေျပာတဲ့အသံၾကားလိုက္ရတယ္။

ေအာင္ျမတ္သာတို႔လဲ ေမ့ေမ်ာေနတဲ့ မလြင္ခိုင္ကို လွည့္မၾကည့္ႏိုင္ပဲ ေမာင္ေကာင္း ေျပးတဲ့ေနာက္ကို လိုက္သြားခဲ့ၾကတယ္။

“ ေဟ့ ၫြန႔္ဦး… ခုနက လူတစ္ေယာက္ ေျပးသြားတာျမင္လိုက္လား”

“ ႏိုင္ျမင့္တို႔အိမ္ဘက္ကို လူတစ္ေယာက္ေျပးသြားတာျမင္လိုက္တယ္”

“ ႏိုင္ျမင့္တို႔အိမ္ဘက္တဲ့ လိုက္ၾကဟ”

ဦးသာဝစကားေၾကာင့္ ႐ြာထဲကလူေတြလဲ စိတ္ဝင္တစား လိုက္ပါလာခဲ့တယ္။ ႏိုင္ျမင့္တို႔အိမ္ေရွ႕ေရာက္ေတာ့ ဒူးေခါင္းကိုလက္နဲ႔ေထာက္ၿပီး အေမာေျဖေနတဲ့ ေမာင္ေကာင္းကိုျမင္လိုက္ရတယ္။

“ ေသခ်ာၿပီဆရာ… ဒီေကာင္ ၿခံထဲကိုေဖာက္ဝင္သြားတယ္”

“ ဒင္းတို႔က ဒီၿခံထဲမွာရွိေနတာကိုး၊ ဘႀကီး ကြၽန္ေတာ္တို႔ၿခံထဲဝင္ၾကည့္လို႔ရမလား”

“ ရတယ္ေလ… ၿခံေသာ့ဘယ္သူ႔မွာလဲ”

“ ၿခံေသာ့လုပ္မေနပါနဲ႔ ဘႀကီးရာ… ႐ိုက္ဖ်က္လို႔ရေနတာပဲ”

ခင္ေမာင္ေအး အနားမွာရွိတဲ့အုတ္ခဲနဲ႔ ထုလိုက္ရာ ၿခံတံခါးပြင့္ထြက္သြားခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ ေအာက္လင္းမီးေတြထြန္းၿပီး ၿခံထဲကိုလိုက္ၾကည့္ေနတဲ့အခ်ိန္ အိမ္အေနာက္ဘက္ ၿခံေထာင့္မွာ ေလမတိုက္ပဲလႈပ္ရမ္းေနတဲ့ စပါးလင္ၿခဳံတစ္ခုကိုျမင္လိုက္ရတယ္။

“ အိုး… ဒီေကာင္ေတြ စပါးလင္ၿခဳံကို ဗိမၼာန္လုပ္ၿပီးေနေနၾကပါလား”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ၾကည့္လိုက္ရာ အ႐ြယ္စုံသဏၭာန္စုံ နာနာဘာဝအေကာင္ေပါင္းမ်ားစြာက အ႐ြက္ေတြကိုအမွီျပဳၿပီးေနထိုင္ေနတာကိုျမင္လိုက္ရတယ္။

“ စပါးလင္ၿခဳံကိုတူးလိုက္ရမလားဆရာ”

“ တူးရမွာေပါ့… ဒါက အဓိကေနရာပဲ”

ေမာင္ေကာင္းတို႔လဲ စပါးလင္ပင္မွာရွိတဲ့ နာနာဘာဝေတြကို အမိန႔္နဲ႔ေမာင္းထုတ္ၿပီး တူးထုတ္လိုက္ရာ ေျမႀကီးထဲကေန ေျခာက္ေသြ႕ေနတဲ့ ေသြးခဲ‌ေတြထြက္လာခဲ့တယ္။

ေသြးခဲေတြေအာက္မွာေတာ့ အဝတ္အိတ္နဲ႔

ထုပ္ထားတဲ့ အထုပ္တစ္ထုပ္ရွိေနၿပီး အထဲကိုဖြင့္ၾကည့္လိုက္ရာ နီေစြးေစြးေျမႀကီးအခ်ိဳ႕ထြက္လာခဲ့တယ္။

ေအာင္ျမတ္သာလဲခ်က္ခ်င္းပဲ မီးပုံတစ္ခုပုံေစၿပီး စပါးလင္ပင္ကို ျပာက်တဲ့ထိ မီးရႈိ႕ေစခဲ့သလို အဝတ္နဲ႔ထုပ္ထားတဲ့ေျမႀကီးေတြကိုလဲ မီးရႈိ႕ေစခဲ့တယ္။ စပါးလင္ပင္ကိုမီးရႈိ႕ေနတဲ့အခ်ိန္ ၿခံထဲမွာ ေျပးလႊားေနၾကတဲ့ ေျခသံေတြကို ႐ြာသားေတြအကုန္ၾကားလိုက္ရတယ္။

အားလုံးၿပီးစီးသြားခ်ိန္မွာေတာ့ ဦးသာဝက

“ ဘႀကီးလဲ အစီအရင္အေတာ္မ်ားမ်ားေတြ႕ဖူး ပါတယ္၊ ဒါေပမယ့္ အခုလို စပါးလင္ပင္စိုက္ၿပီးလုပ္တဲ့ အစီအရင္ကိုေတာ့ မျမင္ဖူးဖူးကြယ့္”

“ ဒီအစီအရင္က ေတာ္႐ုံမလုပ္ၾကဘူး၊ အရမ္းစိတ္နာမွသာလုပ္ၾကတဲ့အစီအရင္တစ္ခုပဲ၊ ဘႀကီးတို႔နားလည္ေအာင္ေျပာရရင္ ဒီအတိုက္ကို ခုႏွစ္စဥ္အတိုက္လို႔ေခၚၾကတယ္”

“ ခုႏွစ္စဥ္အတိုက္ဟုတ္လား… ဗဟုသုတရေအာင္ ေျပာျပပါဦး”

“ ေျပာျပပါဆရာ… ကြၽန္ေတာ္တို႔လဲဗဟုသုတရတာေပါ့”

႐ြာသားေတြရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာလဲ မေနသာေတာ့ပဲ

“ ဒီအတိုက္က ေဆြခုႏွစ္ဆက္၊ မ်ိဳးခုႏွစ္ဆက္ကို ေသေအာင္လုပ္တဲ့အစီအရင္တစ္ခုပဲ၊ ကိုယ္ဦးတည္တဲ့လူရဲ႕ ေျခရာေျမႀကီးကိုအရင္ယူရတယ္၊ ၿပီးရင္ေတာ့ ဌာေနေလးဌာေနကေျမျဖစ္တဲ့သခ်ႋဳင္းေျမ၊ နတ္စင္ေအာက္ကေျမ၊ ဘုန္းႀကီးေက်ာင္းကေျမ၊ ကိုယ္ျပဳစားမယ့္အိမ္ကေျမကိုယူရတယ္၊ အဲဒါေတြ အကုန္ရၿပီဆိုရင္ သခ်ႋဳင္းကိုသြား၊ အေခါင္းပ်ဥ္ေပၚမွာတင္ၿပီး ေအာက္ကေနမီးၿမိဳက္ရတာ၊ မီးၿမိဳက္ေနတဲ့အခ်ိန္မွာလဲ ဂါထာကိုအဆက္မျပတ္႐ြတ္ေနရတယ္၊ ေျမႀကီးေတြပူလာၿပီဆိုရင္ တံစူးဝါးနဲ႔လုပ္ထားတဲ့ ေယာင္းမနဲ႔ ေမႊေပးရတယ္၊ ခပ္နာနာေလးေမႊၿပီးရင္ေတာ့ ေျမႀကီးေတြကို အေအးျပန္ခံ၊ ေအးၿပီဆိုရင္ ေအာက္ေဆးႏွစ္မ်ိဳးနဲ႔ေရာၿပီး ေျမႀကီးအခဲျဖစ္ေအာင္လုပ္ရတယ္။ ၿပီးရင္ေတာ့ ကိုယ္ျပဳစားခ်င္တဲ့အိမ္နယ္နိမိတ္ထဲကိုဝင္ၿပီး လူေတြသတိမထားမိတဲ့ေနရာမွာ

က်င္းတစ္က်င္းတူး၊ က်င္းထဲမွာ ခုနက ေျမႀကီးအခဲေတြကိုထားရတယ္၊ ထားၿပီးၿပီဆိုရင္ က်င္းထဲကို ၾကက္ေသြးျဖစ္ျဖစ္ အမဲေသြးျဖစ္ျဖစ္ ေလာင္းရတယ္၊ ေလာင္းၿပီးၿပီဆိုရင္ စပါးလင္ပင္ တစ္ပင္စိုက္ခဲ့ရတယ္၊ အဲဒီမွာ စိုက္တဲ့သူက ဒီအပင္မွာ နာနာဘာဝဖုတ္သရဲမ်ိဳးစုံေနႏိုင္ၿပီး ဦးဘယ္သူ ေဒၚဘယ္သူအပါအဝင္ သူ႔ရဲ႕ေဆြခုႏွစ္ဆက္ မ်ိဳးခုႏွစ္ဆက္ကို စိတ္ႀကိဳက္စားသုံးႏိုင္တယ္လို႔ေျပာလိုက္႐ုံပဲ၊ စပါးလင္ပင္ႀကီးလာတာနဲ႔အမွ် အဲဒီအိမ္ကလူေတြ ဒုကၡေရာက္ၿပီသာမွတ္ေပေတာ့”

“ အမေလး ေၾကာက္စရာေကာင္းလိုက္တာ”

“ သိတာေနာက္က်ရင္ တစ္မ်ိဳးတစ္ေဆြလုံး ေသႏိုင္လို႔ ခုႏွစ္စဥ္အတိုက္လို႔ေခၚၾကတာ”

“ ဆရာတို႔ေရာက္တာျမန္ေပလို႔ေပါ့… မဟုတ္ရင္ တစ္႐ြာလုံးနီးပါးကုန္မွာဗ်”

“ကိုခင္ေမာင္ေအး အလည္လိုက္ဖို႔သာမေခၚရင္ က်ဳပ္တို႔လဲအခုလိုကူညီေပးႏိုင္မွာမဟုတ္ဘူး၊ ေက်းဇူးတင္မယ္ဆို သူ႔ကိုတင္ရမွာပါ”

“ ဘယ္လိုပဲျဖစ္ျဖစ္ ဆရာတို႔ကိုေက်းဇူးတင္ပါတယ္၊ ဒါေၾကာင့္ စပါးလင္ပင္ေတြကို အညႇီအေဟာက္ေတြ မပက္နဲ႔ဆိုၿပီး လူႀကီးေတြေျပာခဲ့တာကိုး”

“ ဟုတ္တယ္ဘႀကီး… အခ်ိဳ႕ေရွးစကားေတြက မယုံလို႔လဲမရဘူးေလ”

ေအာင္ျမတ္သာရဲ႕စကားကို ေဘးမွာရွိတဲ့ ႐ြာသားေတြအားလုံး ေခါင္းၿငိမ့္ကာ အသိအမွတ္ျပဳခဲ့ၾကတယ္။

+++++

ေအာင္ျမတ္သာတို႔လဲ က်ဳံကြယ္႐ြာမွာ တစ္ပတ္ဆယ္ရက္ေလာက္ေနၿပီး ေတာ့ မိမိတို႔ရဲ႕ခရီးစဥ္ကို ျပန္ဆက္ခဲ့ၾကတယ္။ ေနာက္ဝတၱဳမွာေတာ့ လယ္ထြန္ရင္းရခဲ့တဲ့ ျမလက္စြပ္ကို သိမ္းထားရာကေန ထူးဆန္းထိတ္လန႔္ဖြယ္ျဖစ္ရပ္ေတြနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့ မိသားစုအေၾကာင္းကိုတင္ဆက္ေပးသြားမွာျဖစ္ပါတယ္။

ဒီအေၾကာင္းအရာကိုေတာ့ ေအာင္ျမတ္သာႏွင့္ ထူးဆန္းေသာျမလက္စြပ္ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾက ပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)