‘အောင်မြတ်သာနှင့်ငါးလောင်းပြိုင်သေဆုံးမှု'(စ/ဆုံး)

Unicode Version

‘အောင်မြတ်သာနှင့်ငါးလောင်းပြိုင်သေဆုံးမှု'(စ/ဆုံး)
—————————————————————————

“ မြိုပြင်ကဘာဘူတိုက်မှာ လူသတ်မှုဖြစ်တယ်တဲ့”

ပဲပြုတ်တောင်းကို ခေါင်းပေါ်ကမချခင် လှမ်းပြောလိုက်တဲ့ဒေါ်မနီစကားကြောင့် လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့သူတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်။

“ ဒေါ်မနီ ခင်ဗျားသတင်းက သေချာလို့လား”

“ သေချာတာပေါ့အေ… ရပ်ကွက်လူကြီးတွေရော.. ရဲတွေရော အိမ်ထဲမှာအများကြီးပဲ… ငါ့ကိုတောင် မဆိုင်သူမကပ်နဲ့ဆိုပြီး မောင်းထုတ်လို့ အဝေးကနေပဲကြည့်ခဲ့ရတယ်”

ဒေါမနီစကားကြောင့် လက်ဖက်ရည်သောက်နေတဲ့ သူတွေအကုန်နီးပါး မြို့ပြင်ကဘာဘူတိုက်ရှိရာ ဘက်ကိုထွက်သွားခဲ့ကြတယ်။

ဘာဘူတိုက်ဆိုတာက ရှေးယခင်က ဘာဘူကုလားတစ်ယောက်ပိုင်တဲ့တိုက်ဖြစ်ပြီး လွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ တိုက်ကို ရောင်းချပြီး အိန္ဒိယကိုပြန်သွားခဲ့တယ်။ ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် တိုက်ကိုပိုင်ဆိုင်ခဲ့ကြ ပေမယ့် မြို့ထဲက လူတွေကတော့ အဲဒီတိုက်ကို ဘာဘူတိုက်လို့သာခေါ်ဆိုခဲ့ကြတယ်။

“ ဘာဘူတိုက်မှာ အခုနေတဲ့သူတွေက ပြင်ပကလူတွေနဲ့သိပ်ပြီး အရော၀င်တာမတွေ့မိဘူးနော်”

လမ်းလျောက်နေရင်းပြောလိုက်တဲ့ စိန်မြင့်စကားကြောင့် ဘေးကနေပါလာတဲ့သူတွေထဲကတစ်ယောက်က

“ သူတို့က အထက်ဘက်ကနေ ပြောင်းလာတယ်လို့ပဲ သိရတယ်… မြို့အတွက်သာရေးနာရေးကောက်ဖို့ သွားရင်တောင် တံခါးဖွင့်ပေးတာမဟုတ်ဘူး.. အတော်ကို လူမှုရေးခေါင်းပါးတဲ့သူတွေကွာ”

“ တစ်ခါတစ်လေ သူတို့အိမ်ရှေ့ကဖြတ်သွားရင် ကလေးတစ်ယောက်နဲ့ အိမ်ဖော်မလေးတစ်ယောက် ဆော့နေတာတော့ တွေ့တယ်… သူတို့ပါ သေတဲ့ထဲပါသွားကြလားမသိဘူးနော်”

စိန်မြင့်တို့လဲ စကားတစ်ပြောပြောနဲ့ လမ်းလျောက် လာရာ လူတွေအုံခဲနေတဲ့ ဘာဘူတိုက်ရှေ့ကို ရောက်လာခဲ့တယ်။

“ ကိုသောင်းဒင်… အထဲက လူတွေ ဘယ်လို ဖြစ်သွားကြလဲ”

စိန်မြင့်စကားကြောင့် ကြိုရောက်နေတဲ့ ကိုသောင်းဒင်က စိတ်မကောင်းတဲ့မျက်နှာထားနဲ့

“ တစ်အိမ်လုံးအဆိပ်သောက်ပြီး သတ်သေသွားတာလို့ ပြောတယ်ကွ”

“ ဟင်… ဒါဆို ဟိုကလေးလေးရော သေသွားတာလား”

“ ဟုတ်တယ်… ဘာမှနားမလည်တဲ့ ကလေးကိုပါ ဘာကြောင့်လုပ်ရက်ကြတာလဲမသိပါဘူး”

ကိုသောင်းဒင်က သက်ပြင်းတစ်ချက်ချပြီး အိမ်ထဲ ကနေ အဝတ်ဖြူအုပ်ပြီး လူနာတင်ကားပေါ် ဆွဲတင်နေတဲ့ အလောင်းတွေကို ငေးကြည့်နေခဲ့တယ်။

+++++

ညောင်ပင်ရိပ်လက်ဖက်ရည်ဆိုင်ထဲမှာတော့ အရင်ကထက်လူပိုများနေပြီး လူတိုင်းနီးပါးကလဲ သတ်သေသွားကြတဲ့ ဘာဘူတိုက်ကလူတွေ အကြောင်းကိုသာ ပြောနေခဲ့ကြတယ်။

“ တာတီးရေ … ရေနွေးကြမ်းတစ်အိုးချပေးဦး”

လက်ဖက်ရည်တစ်ခွက်မှာသောက်ပြီး ရေနွေးကြမ်း သုံးအိုးလောက်ထိုင်သောက်နေတဲ့ စိန်မြင့်တို့ လူစုကို စားပွဲထိုးကောင်လေးက မကြည်သလိုကြည့်ပြီး အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးခရားတစ်လုံးကိုလာချပေးလိုက်တယ်။

“ ကိုသောင်းဒင်… ဘာဘူတိုက်က သေတဲ့လူတွေ အကြောင်းသိပြီးပြီလား”

“ ဘာအကြောင်းလဲ လုပ်စမ်းပါဦး”

“ အဲဒီအိမ်မှာနေတဲ့သူတွေက ဖားကန့်ဘက်ကနေ ကျောက်အောင်ပြီးဒီမှာလာနေတာလို့ သတင်းကြားတယ်”

“ အေးလေ… အဲဒါငါလဲသိတာပဲ…”

“ နေစမ်းပါဦး… ကျုပ်ပြောတာမဆုံးသေးဘူး… သူတို့ဘာဘူတိုက်ကိုပြောင်းလာပြီးနောက်ပိုင်း အိမ်ကိုသော့ပိတ်ပြီး ဘယ်မှမသွားတာကိုရော သတိထားမိလား”

“ အေးနော်… မင်းပြောမှသတိထားမိတယ်.. ဆက်ပြောပါဦး”

“ သူတို့အိမ်မှာ အဝတ်လျော် မီးပူတိုက်လုပ်ပေးနေတဲ့ ဒေါ်ရှာဘီပြောတာကတော့ သူတို့က ဒီအရပ်မှာ လူမသိသူမသိ လာနေတာ အကြောင်းတစ်ခုခုရှိမယ်လို့ပြောတယ်”

“ မင်းပြောတာနဲ့ သူတို့သတ်သေတာ ဘာဆိုင်လို့လဲ”

“ ကိုသောင်းဒင်စဉ်းစားကြည့်ဗျာ… သူတို့သေတော့ ရဲတွေက ငွေတွေရော လက်ဝတ်လက်စားတွေရော စာရင်းနဲ့သိမ်းသွားတာမြင်တယ်မဟုတ်လား… ဒီလောက်ငွေကြေးဥစ္စာပေါများနေတဲ့သူတွေက ဘာကြောင့် ကိုယ့်ကိုကိုယ်သတ်သေရတာလဲ.. တစ်ခုခု ထူးဆန်းနေတယ်မထင်ဘူးလား”

“ မင်းပြောတာက သူတို့က ကိုယ့်ကိုကိုယ်သတ်သေ တာမဟုတ်ပဲ အခြားသူကအဆိပ်ခတ်သတ်သွား တာလား”

“ ကျွန်တော်တော့ အဲလိုထင်တယ်… ဒါကလဲ စိတ်အထင်နဲ့ပြောတာဆိုတော့ မှန်ချင်မှလဲမှန်မယ်နော်”

“ ဒါပေမယ့် သူတို့အိမ်ထဲကို အပြင်လူဝင်ထွက်တာ မရှိပါဘူး… အိမ်ထဲဝင်တာဆိုလို့ ဒေါ်ရှာဘီ တစ်ယောက်ပဲရှိတာ…သူ့ကိုလဲ ရဲတွေစစ်မေးပြီးလို့ ပြန်တောင်လွှတ်ပေးလိုက်ပြီမဟုတ်လား”

“ အဲဒါတော့ ဟုတ်တယ်လေ… ကျွန်တော်တော့ ဒီသေဆုံးမှုကို သမရိုးကျဖြစ်စဉ်လို့ကို မထင်တာ”

“ ဟေ့ကောင် စိန်မြင့်… မင်း စုံထောက်ဝတ္တုတွေ အဖတ်များကြီး ငါတို့ကို ဦးနှောက်မပေးစားနဲ့… ငါတို့ထက်အများကြီးအတွေ့ကြုံရှိတဲ့ မှုခင်းရဲ တွေတောင် ကိုယ့်ကိုကိုယ်သတ်သေမှုလို့ ပြောနေတာကို မင်းက ဘာလို့အတွန့်တက်နေသေးတာလဲ”

ကိုသောင်းဒင်စကားကို စိန်မြင့်က ဘာမှပြန်မပြောပဲ အေးစက်စပြုနေတဲ့ ရေနွေးခွက်ကိုယူကာ မော့သောက်လိုက်တယ်။

+++++++

“ အူ… ဝူး ဝူး ဝူး….”

ဘာဘူတိုက်ဘက်ရှေ့ကနေ စွဲစွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံကြောင့် အိပ်ယာထဲလူးလိမ့်နေတဲ့ ကိုတင်ရီတစ်ယောက် ငုတ်တုတ်ထထိုင်လိုက်တယ်။

“ ဒီခွေးတွေ အတော်သောင်းကျန်းနေပါလား… တင်ရီအကြောင်းသိစေရမယ်”

ကိုတင်ရီက လှေကားရင်းမှာ ချိတ်ထားတဲ့ လောက်စာလုံးနဲ့လေးခွကိုယူပြီး အိမ်ရှေ့ဝရန်တာကို ထွက်လာတဲ့အချိန်

“ ဟင်… ဘာဘူတိုက်ထဲမှာ လူတစ်ယောက် ဘာလုပ်နေပါလိမ့်”

ကိုတင်ရီက လရောင်အောက်မှာ လမ်းလျောက်နေတဲ့ လူတစ်ယောက်ကိုကြည့်ပြီး တစ်ယောက်ထဲရေရွတ်လိုက်တယ်။

“ ကိုတင်ရီ ရှင်မဝင်လာသေးဘူးလား…”

“ မိန်းမ ဒီကိုခဏလာဦး”

ကိုတင်ရီခေါ်သံကြောင့် မိန်းမဖြစ်သူက ဝရန်တာကို ထွက်လာတဲ့အချိန်

“ ဘာဘူတိုက်က ဆင်ဝင်အောက်ကို ‌ကြည့်စမ်း.. လူတစ်ယောက်လမ်းလျောက်နေသလိုပဲ”

“ ရှင် ကျွန်မကို မခြောက်နဲ့နော်…”

“ အော်… ငါကခြောက်စရာလား.. တကယ်ပြောနေတာ ဟောဟော ပြောနေရင်း အဲဒီလူက အိမ်ထဲဝင်သွားပြီဟ”

“ ဘယ်မှာလဲ… ကျွန်မကြည့်နေတာ ဘာမှမမြင်ပါဘူး…”

“ ဟာ… ဒီလောက် လူတစ်ယောက်လုံး လမ်းလျောက်နေတာ မင်းမမြင်ဘူးလား”

“ တကယ်မမြင်ဘူးရှင့်… ကျုပ်မြင်တာ ခြံရှေ့မှာ အူနေတဲ့ ခွေးတွေပဲရှိတယ်”

ကိုတင်ရီလဲ မိန်းမဖြစ်သူစကားကြောင့် စိတ်ထဲမတင်မကျဖြစ်သွားပြီး လောက်စာလုံး ထည့်ထားတဲ့လေးခွကို အားကုန်ဆွဲကာ ခွေးအုပ်ကြားထဲပစ်ထည့်လိုက်တယ်။

“ ငါမြင်လိုက်တာ လူလား သရဲလား…”

ကိုတင်ရီက တစ်ယောက်ထဲ တီးတိုးရေရွတ်လိုက်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့ လိုက်တယ်။

+++++

ညကားတစ်ဖြေးဖြေးနက်လာတာနဲ့အမျှ ပတ်ဝန်းကျင်တစ်ခုလုံးကလဲ တိတ်ဆိတ်ငြိမ်သက်လာခဲ့တယ်။

“ ကျွီ….”

ဆီခြောက်ခမ်းပြုနေတဲ့ အိမ်တံခါးကနေ ထွက်လာတဲ့အသံကြောင့် ဘာဘူတိုက်ထဲကို ဝင်ဖို့လုပ်နေတဲ့ လူနှစ်ယောက်ရဲ့ ခြေလှမ်းတွေ တိခနဲ ရပ်သွားခဲ့တယ်။

“ ဟေ့ကောင် မောင်အေး… အသံကြားလိုက်လား”

“ လေတိုက်လို့ တံခါးဟတဲ့အသံပါကွာ… မင်းကလဲ အရေးထဲလာကြောက်နေသေးတယ်”

“ မကြောက်ပါဘူးကွ… စိတ်ထဲနည်းနည်းလေးနေ သလိုဖြစ်လာလို့ပါ”

“ ဒီအလုပ်လုပ် လုပ်လာတာလဲကြာလှပြီ… အခုမှ ကြောက်သလိုလို ရွံ့သလိုလိုလုပ်နေတယ်”

လက်နှိပ်ဓါတ်မီးတစ်လက်ကို ခါးကြားထိုးထားတဲ့ လူက ဘာဘူတိုက်အဝမှာ ခတ်ထားတဲ့ သော့ကို ကျွမ်းကျင်စွာဖြုတ်လိုက်တဲ့အချိန် အိမ်ထဲကနေ လမ်းလျောက်သွားတဲ့ ခြေသံတစ်ခုကို ကြားလိုက်ရတယ်။

“ ခြေသံတော့ ကြားရပြီ… ငါပြောပါတယ် ဒီလူတွေ အိမ်ကိုစွဲနေပါမယ်လို့”

“ ဒါနဲ့ မင်းရတဲ့သတင်းက သေချာလို့လား”

“ သေချာတာပေါ့… ရဲစခန်းက ငါ့လူပြောတဲ့ စကားအရဆိုရင် လက်ဝတ်လက်စားအချို့နဲ့ ငွေအချို့ပဲပါလာတာတဲ့…ငါသိထားတဲ့ သတင်းအရဆိုရင် အိမ်ထဲကတစ်နေရာမှာ လက်သီးဆုပ်လောက်ရှိတဲ့ ကျောက်စိမ်းတုံး ရှိကို ရှိရမယ်”

လူနှစ်ယောက်လဲ အိမ်တံခါးကိုဖွင့်ပြီးတာနဲ့ အထဲကိုဝင်လာတဲ့အချိန် နှာခေါင်းထဲကို ပိုးသတ်ဆေးလိုမျိုး အနံ့ပြင်းတဲ့အရာတစ်ခု တိုးဝင်လာခဲ့တယ်။

“ လူမနေတာ လေးရက်လောက်ပဲရှိသေးတယ် တစ်အိမ်လုံးဖုန်တွေကြီးပဲ”

လက်နှိပ်ဓါတ်မီးကို ခါးကြားထဲကထုတ်ပြီး ဖုန်တွေတက်နေတဲ့ဗီဒိုကိုထိုးလိုက်တဲ့အချိန် ဗီဒိုထောင့်မှာ သွေးမရှိတဲ့မျက်နှာနဲ့ ခပ်ရို့ရို့လေး ရပ်နေတဲ့ ကလေးတစ်ယောက်ကို မြင်လိုက်ရတယ်။

“မောင်အေး… ဟိုမှာ ဟိုမှာ”

“ ငါတွေ့တယ်… သူတို့ဘာသာနေပစေ… ငါတို့လုပ်စရာရှိတာပဲလုပ်”

အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ မောင်အေးက သူတို့ကို ရပ်ကြည့်နေတဲ့ ကလေးကို ဂရုမစိုက်ပဲ ဗီဒိုမှာခတ်ထားတဲ့သော့ကို ဖွင့်ဖို့လုပ်နေတဲ့အချိန်

“ ငါ့မြေးတို့ ဘာလုပ်နေတာလဲ” ဆိုတဲ့အသံက ဗီဒိုပေါ်ကနေ ခြောက်ကပ်စွာထွက်လာခဲ့တယ်။

ဒီတစ်ခါတော့ မောင်အေး ဆတ်ခနဲဖြစ်သွားပြီး အသံကြားတဲ့အပေါ်ဘက်ကို ဓါတ်မီးနဲ့ထိုးကြည့် လိုက်ရာ ပါးစပ်ထဲကနေ အမြုပ်တစီစီကျနေတဲ့ အဖွားကြီးတစ်ယောက် မျက်လုံးကြီးပြူးပြီး ဆောင့်ကြောင့်ထိုင်ကြည့်နေတာကို သွေးပျက်ဖွယ် မြင်လိုက်ရတယ်။

“ ဟေ့ကောင် ဆန်းနိုင်… ပရိတ်ရေနဲ့ပက်စမ်း”

မောင်အေးစကားကြောင့် ဆန်းနိုင်က ခါးကြားထိုးလာတဲ့ ပရိတ်ရေဘူးကို ထုတ်ပြီး ဗိရိုအပေါ်ကို ပက်ဖြန်းလိုက်တယ်။

ပရိတ်ရေထိသွားတာနဲ့ဆောင့်ကြောင့်ထိုင်နေတဲ့ အဖွားကြီးက ဖျတ်ခနဲပျောက်သွားပြီး အိမ်ပေါ်ထပ်ကနေ ‌တောက်ခတ်ကြိမ်းဝါးသံ၊ ခြေဆောင့်သံတွေထွက်လာခဲ့တယ်။

“ အပါးပါး… ဗီဒိုထဲမှာ ဝတ်ကောင်းစားလှတွေ မနည်းမနောပါလား…”

မောင်အေးက ဗီဒိုကိုမွှေနှောက်ရင်း လိုချင်တဲ့ပစ္စည်းကိုအသဲအသန်ရှာဖွေနေခဲ့တယ်။

“ ဒီမှာမရှိဘူးကွ… သူတို့ဘယ်မှာထားနိုင်သေးလဲ… စဉ်းစားကြည့်စမ်း”

“ သူတို့အိပ်ခန်းထဲကို ဝင်ရှာကြည့်ရအောင်… ငါဆိုလဲ ဒီလိုပစ္စည်းကို ကိုယ့်အိပ်တဲ့နားမှာပဲ ထားမှာ”

“ ဒါဆို အပေါ်ထပ်တက်ရဦးမှာပေါ့… ဟိုအဖွားကြီးကို ထပ်တွေ့တာနဲ့ ပရိတ်ရေနဲ့သာပက် ကြားလား”

“ အေးပါကွ… အချိန်မရှိဘူး မြန်မြန်လုပ်ရအောင်”

မောင်အေးတို့လဲ အပေါ်ထပ်ကို တက်ဖို့လှေကားရင်းဆီကို ထွက်လာတဲ့အချိန် ဆံပင်ကိုမျက်နှာရှေ့ချထားတဲ့ မိန်းမတစ်ယောက်နဲ့ ပါးစပ်ထဲကနေ သွေးတွေယိုစီးနေတဲ့ ယောင်္ကျား တစ်ယောက် လှေကားထစ်တွေပေါ်မှာ မတ်တပ်ရပ် နေတာကိုမြင်လိုက်ရတယ်။

ဆန်းနိုင်လဲ အရှေ့မှာမြင်နေရတဲ့သူတွေကို ပရိတ်ရေနဲ့ပက်ဖို့ ဘူးကိုထုတ်လိုက်တဲ့အချိန်

“ ဖြောင်း” ဆိုတဲ့အသံနဲ့အတူ ပရိတ်ရေဘူးကို ‌ရိုက်ချလိုက်တာခံလိုက်ရတယ်။

လှည့်ကြည့်လိုက်တော့ ဆံပင်နှစ်ခွစည်းထားပြီး မျက်လုံးတွေနီရဲနေတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်။

သူ့ပုံစံက ဆန်းနိုင်ကို စားမတတ်ဝါးမတတ် စိုက်ကြည့်နေခဲ့တယ်။

မောင်အေးလဲ ပရိတ်ရေဘူးလွတ်ကျတယ်ဆိုတာနဲ့ လှေကားပေါ်ကိုမတက်တော့ပဲ လက်မောင်းမှာ ချည်ထားတဲ့အဆောင်ကြိုးကို ဆွဲဖြုတ်ကာ မျက်ထောင့်နီနဲ့ စိုက်ကြည့်နေတဲ့ မိန်းကလေးရှေ့ ထိုးပြလိုက်တယ်။

အဆောင်လက်ဖွဲ့အစွမ်းကြောင့် မိန်းကလေးက မျက်နှာကိုလက်နဲ့ကွယ်ပြီး ကုလားထိုင်ထားထားတဲ့ ဘေးကအမှောင်ထုထဲကို ထွက်ပြေးသွားခဲ့တယ်။

“ ဆန်းနိုင် ငါ့ဘေးမှာနေစမ်း… ဒီအိမ်က ကောင်တွေ အတော်အစွဲကြီးတယ်ကွ”

မောင်အေးက အဆောင်ကိုကိုင်ကာ ဝှေ့ရမ်းနေပေမယ့် လှေကားပေါ်မှာ ရပ်နေတဲ့ ယောင်္ကျားနဲ့ မိန်းမက သူ့အနားကို တစ်ဖြေးဖြေး တိုးလာခဲ့တယ်။

“ ခစ်ခစ်ခစ်…”

ကလေးတစ်ယောက်ရယ်သံကြောင့် အနောက်ကို လှည့်ကြည့်လိုက်ရာ ဗိဒိုနားမှာတွေ့ခဲ့တဲ့ကလေးက သူတို့နဲ့ သုံးတောင်အကွာထိကိုရောက်လာခဲ့တယ်။

“ ငါတို့အိမ်ထဲကနေ ထွက်သွားစမ်း….”

“ ငါ့အိမ်ထဲကနေ ထွက်သွား”

“ သားတို့အိမ်ထဲကနေ ထွက်သွား”

“ သမီးအလုပ်လုပ်တဲ့အိမ်ကနေထွက်သွား”

အသံတွေက ဘေးပတ်ပတ်လည်ကနေ ခြောက်ကပ်စွာထွက်လာခဲ့တာကြောင့် ဆန်းနိုင် တစ်ယောက် ဘယ်လိုမှဟန်မဆောင်ရဲတော့ပဲ ငယ်သံပါအောင် အော်ကာ ပြေးပါလေရော။

“ ဟေ့ကောင် … ဘယ်ကိုထွက်ပြေးတာလဲ.. ချီးထဲမှပဲ”

မောင်အေးက ဆန်းနိုင် အော်သံကြောင့် ပတ်ဝန်းကျင်ကလူတွေ ရောက်လာတော့မယ်ဆိုတာ သိတဲ့အတွက် အဆောင်ကြိုးကိုမွှေ့ယမ်းကာ အနောက်ကနေ ပြေးလိုက်ခဲ့တယ်။

မောင်အေးတို့ ခြံထဲရောက်တဲ့အချိန်မှာတော့ အိမ်ထဲကနေ ကြောက်မက်ဖွယ်ရယ်သံတွေ အူလှိုက်သည်းလှိုက်ထွက်ပေါ်လာခဲ့တယ်။ အလားတူ လမ်းမဘက်ကနေ ဝင်းခနဲ လက်ခနဲ ထွက်လာတဲ့ ဓါတ်မီးရောင်နဲ့ စကားပြောသံအချို့။

++++++++

ဘာဘူတိုက်ထဲဝင်ခိုးတဲ့ သူခိုးနှစ်ယောက်ထဲမှာ တစ်ယောက်က စိတ်အခြေအနေပုံမှန်မဟုတ်ပဲ ရူးသလိုကြောင်သလိုဖြစ်သွားခဲ့သလို နောက်တစ်ယောက်ကလဲ အနီးနားကလူတွေရဲ့ ဖမ်းဆီးမှုကြောင့် ထောင်ကျသွားခဲ့ရတယ်။

အဲဒီနောက်ပိုင်း ဘာဘူတိုက်ထဲမှာ သရဲခြောက်တယ်ဆိုတဲ့သတင်းက မြို့ထဲမှာပျံ့နှံ့ခဲ့သလို ညအချိန်မတော် အိမ်ပေါ်ထပ်က ပြူတင်းပေါက်မှာ မတ်တပ်ရပ် နေတဲ့အရိပ်အယောင်တွေအပြင် ကလေးတစ်ယောက် ခြံထဲမှာဆော့ကစားနေတဲ့ ပုံရိပ်တွေကိုမြင်တွေ့ရတဲ့သူတွေရှိလာခဲ့တယ်။

ဒီလိုနဲ့ နှစ်ကာလကြာလာတာနဲ့အမျှ ဘာဘူတိုက်ကလဲ ဟောင်းနွမ်းဆွေးမြေ့လာသလို မခုတ်ထွင် မရှင်းလင်းပဲရှိနေတဲ့ ခြုံနွယ်ပိတ်ပေါင်း တွေကလဲ တစ်စတစ်စ ထူထပ်လာခဲ့တယ်။

++++

“ သူခိုးဗျို့ သူခိုး”

ညကြီးသန်းခေါင်ထွက်ပေါ်လာတဲ့ အော်သံကြောင့် မအိပ်သေးပဲရှိနေသေးတဲ့သူတွေအကုန် တုတ်ဓါးဆွဲပြီး လမ်းမပေါ်ပြေးထွက်လာခဲ့ကြတယ်။

“ ‌ဘယ်သူအိမ်ကို သူခိုးကပ်လို့လဲ”

“ အပျိုကြီးလှရင်အိမ်ကို သူခိုးကပ်လို့တဲ့”

“ ဒီကောင် ဘယ်ဘက်ကိုထွက်ပြေးသွားတာလဲ”

“ ဘာဘူတိုက်ဘက်ကို ပြေးသွားတာလို့ ကြားတယ်…”

လူအုပ်ကြီးကလဲ သူခိုးထွက်ပြေးသွားတဲ့ ဘာဘူတိုက်ဘက်ကို လိုက်လာခဲ့ရာ ခြုံပုတ်တွေကြားထဲတိုးဝင်သွားတဲ့ စွပ်ကြောင်းရာ တစ်ခုကို အထင်းသားမြင်တွေ့လိုက်ရတယ်။

“ ဒီကောင် ဘာဘူတိုက်ထဲပြေးသွားတာပဲ ဖြစ်ရမယ်”

“ ဘယ်လိုလုပ်ကြမလဲ… အပျိုကြီးက သူစုထားတဲ့ ရွှေတွေပါသွားလို့ တငိုငိုတရီရီဖြစ်နေပြီ”

အယောက်နှစ်ဆယ်‌ခန့်ရှိတဲ့ လူအုပ်ကြီးက ဘာဘူခြံထဲကို ဝင်ရနိုးနိုး မဝင်ရနိုးနိုး ဖြစ်နေတဲ့အချိန် တိုက်ပျက်ထဲကနေ သွေးပျက်ဖွယ် အော်သံတစ်ခု ထွက်လာခဲ့တယ်။

“ ဟိုကောင်တော့ ဒုက္ခရောက်ပီထင်တယ်… လာကွာ ဓါတ်မီးတွေအကုန်ယူလာခဲ့ အထဲဝင်ကြရအောင်”

“ ဖြစ်ပါ့မလား ဦးထွန်းလေး…”

“ ငါတို့လူအများကြီးကို ဘာမှလုပ်လို့မရပါဘူး… သိပ်မကြောက်စမ်းပါနဲ့”

ဦးထွန်းလေးစကားကြောင့် လူအုပ်ကြီးက တုတ်ဓါး လက်နက်တွေကိုင်ပြီး ဘာဘူတိုက်ထဲကို ဝင်လာခဲ့ကြတယ်။

“ အသံက အိမ်ထဲကနေ ကြားရတာဆိုတော့ ဒီကောင် ကြောက်အားလန့်အားနဲ့ အိမ်ထဲဝင်ပြေးတာ ဖြစ်မယ်… အားလုံး တူတူစုပြီး ရှာကြ”

လူအုပ်ကြီးလဲ ခိုချေးတွေ အမှိုက်သရိုက်တွေနဲ့ ပွစာကျဲနေတဲ့ တိုက်ပျက်ကြီးထဲကို ဝင်လာတဲ့အချိန် လူတစ်ယောက်ကို ဒရွတ်တိုက်ဆွဲခေါ်သွားတဲ့ အရာတစ်ခုကိုမြင်လိုက်ရတယ်။

“ ဦးထွန်းလေး ဒီကိုကြည့်ပါဦး…”

ကြမ်းပေါ်မှာပြန့်ကျဲနေတဲ့ ရွှေတိုရွှေစအချို့ကိုမြင်တော့ ဦးထွန်းလေးက တစ်ခုချင်းကောက်ယူလိုက်ပြီး စွပ်ကြောင်းရာသွားတဲ့ဘက်ကို မီးထိုးကာ ဆက်ဝင်လာခဲ့လိုက်တယ်။

“ အခန်းထဲကိုဆွဲခေါ်သွားတဲ့ပုံပဲ…”

“ ဟုတ်တယ်နော် ဆွဲခေါ်တဲ့အရာက ဒီအခန်းတံခါးရှေ့မှာရပ်သွားတာ”

‌ဝါးဆစ်ပိတ်တစ်ချောင်းကိုင်ထားတဲ့ မောင်ပိန်က ပိတ်ထားတဲ့ အခန်းတံခါးကိုကြည့်ပြီး ရေရွတ်လိုက်တယ်။

“ ဟင်… တံခါးက အထဲကနေ ဂျက်ထိုးထားသလိုပဲ.. ဖွင့်လို့လဲမရပါလား”

ဦးထွန်းလေးတို့ အခန်းတံခါးကို ဖွင့်ဖို့လုပ်နေတဲ့ အချိန် အိမ်ပေါ်ထပ်မှာ လမ်းလျောက်နေတဲ့ ခြေသံတစ်ခုကို ထင်ထင်ရှားရှား ကြားလိုက်ရတယ်။

“ ဖွင့်မရရင် ခြေထောက်နဲ့ ကန်ဖွင့်ကွာ… အချိန်ဆွဲနေရင် ဟိုကောင်အသက်ပါသွားလိမ့်မယ်”

စိတ်မြန်လက်မြန်ရှိတဲ့ ဦးထွန်းလေးက အခန်းတံခါးကို ခြေထောက်နဲ့ဆယ်ချက်လောက် ဆောင့်ကန်လိုက်ရာ ဆွေးမြေ့နေတဲ့ တံခါးဘောင်က ကျိုးပဲ့ပြီး ဝုန်းခနဲပွင့်ထွက်သွားခဲ့တယ်။ အထဲမှာတော့ မျက်လုံးပြူးပြီး ဇက်ကျိုးနေတဲ့ လူတစ်ယောက်။

“ ဟင်… ဒီကောင်က ဖိနပ်ချုပ်တဲ့ ကျော်မြင့်မဟုတ်လား”

“ ဟုတ်တယ်ဗျ… ဒီကောင်က ဘယ်လိုလုပ်ပြီး သူခိုးဖြစ်နေတာလဲ”

ချစ်ဆွေက အခန်းအလယ်မှာလဲကျနေတဲ့ ကျော်မြင့်အနားသွားကြည့်ပြီး

“ ဦးထွန်းလေး… ကျော်မြင့် အသက်မရှိတော့ဘူး”

ချစ်ဆွေစကားကြောင့် ပါလာတဲ့သူအကုန် ကြက်သီးမွှေးညှင်းတွေထပြီး လန့်ဖြန့်သွားခဲ့တယ်။

“ အလောင်းကို ပြန်သယ်လာခဲ့လိုက်… မောင်ပိန်နဲ့ချစ်ဆွေက သူ့မိသားစုကို အကြောင်းကြားပေးလိုက်ဦး”

ဦးထွန်းလေးလဲ ဆွဲကြိုးတစ်ကုံးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းသေဆုံးနေတဲ့ ကျော်မြင့်ကို စိတ်မကောင်းစွာကြည့်နေတဲ့အချိန် ဘေးမှာရှိတဲ့လှေကားအပေါ်ကနေ နီရဲနေတဲ့မျက်လုံးလေးလုံးပေါ်လာတာကိုမြင်လိုက်ရတယ်။

“ ဟေ့ကောင်တွေ မြန်မြန်လုပ်… ဒီအိမ်ထဲ ကြာကြာနေလို့ မကောင်းဘူးကွ”

ဦးထွန်းလေးလဲ လက်ဖျံပေါ်မှာ ဖိန်းကနဲထလာတဲ့ ကြက်သီးမွှေးညှင်းတွေကို လက်နဲ့သပ်ချပြီး လူအုပ်ကြီးနဲ့အတူ ခြံအပြင်ကို ထွက်လာခဲ့လိုက်တယ်။

ကျော်မြင့်ဖြစ်စဉ် ဖြစ်ပြီးတဲ့နောက်မှာတော့ မြို့ခံလူတွေအနေနဲ့ ဘာဘူတိုက်ထဲကို ဝင်ဖို့မပြောနဲ့ အရှေ့ကဖြတ်ရင်တောင် တိုက်ကို စေ့စေ့မကြည့်ရဲတော့တဲ့ထိဖြစ်လာခဲ့တယ်။

+++++++

“ အမလေး… အတော်ကိုပူတဲ့ နွေပါလားနော်”

ယောဂီရောင်ချည်သားအင်္ကျီကို ပုတ်ခတ်ပုတ်ခပ်လုပ်ပြီး ညဉ်းညူလိုက်တဲ့ မောင်ကောင်းစကားကြောင့် ကုက္ကိုပင်အရိပ်အောက်မှာထိုင်နေတဲ့ ခွန်းလှက

“ ကျွန်တော်တို့သာ ချွေးသံတရဲရဲဖြစ်နေတာ… ဆရာကတော့ နဖူးမှာချွေးတောင်မစို့ဘူးဗျ” လို့ ခပ်တိုးတိုးလေးလှမ်းပြောလိုက်တယ်။

“ အနားယူလို့ပြီးရင် မြို့ထဲဝင်ကြရအောင်… ညနေမစောင်းခင် ဆိတ်ဖလူးကုန်းကိုရောက်ဖို့လိုတယ်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ ထိုင်နေရာကနေ ထရပ်လိုက်ကြတယ်။

“ ဒီအချိန် ရေအေးအေးလေးတစ်ခွက်လောက် သောက်လိုက်ရရင်ကောင်းမှာပဲ”

ခွန်းလှရဲ့ ခပ်တိုးတိုးညဉ်းသံကြောင့် အောင်မြတ်သာက ခေါင်းကိုစောင်းပြီး ကြည့်လိုက်ပြီး

“ ပင်ပန်းနေတာတွေကို ဟိုရောက်မှ အတိုးချနားကြတာပေါ့… ကဲ ဆက်ထွက်ရအောင်”လို့ပြောကာ ခြေလှမ်းလှမ်းလိုက်တဲ့အချိန် ကြမ်းပေါ်မှာ အော်ဟစ်လူးလိမ့်‌နေတဲ့ လူငါးယောက်ရဲ့ ပုံရိပ်က မျက်လုံးထဲ ဖျတ်ခနဲမြင်ယောင်လာခဲ့တယ်။

လမ်းလျောက်နေရင်း ရုတ်တရက်ရပ်တန့်လိုက်တာကိုဘေးမှာပါလာတဲ့ မောင်ကောင်းနဲ့ ခွန်းလှက သတိထားမိသွားပြီး

“ ဆရာ ဘာဖြစ်လို့လဲ”

“ ငါလဲသေချာမပြောတတ်ဘူး… မျက်လုံးထဲ မချိမဆံ့ခံစားနေရတဲ့ လူငါးယောက်ကို မြင်လိုက်ရလို့…အဲဒီထဲမှာ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်လဲပါနေတယ်”

“ ဆရာအနေနဲ့ ဒီမြို့ကိုစဝင်တာနဲ့ မြင်ရတာဆိုတော့ တစ်ခုခုထူးခြားနေပီနော်”

“ ဒီအမြင်အာရုံက ငါတို့ကို တစ်ခုခုလုပ်ခိုင်းစေချင်တဲ့ပုံပဲ… ကဲ မြို့ထဲရောက်ရင် တွေ့တဲ့လူကို စကားနှိုက်ကြည့်တာပေါ့”

အောင်မြတ်သာတို့လဲ မြို့အစွန်ကနေ ဖြတ်လာခဲ့ရာ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ဖုံးအုပ်နေတဲ့ တိုက်ပျက်တစ်ခုရှေ့အရောက်မှာတော့

“ အယုတ်တမာမ နင်ဘယ်ရောက်နေလဲ” ဆိုတဲ့ အသံတစ်ခုကို ရှင်းလင်းစွာကြားလိုက်ရတယ်။

“ မောင်ကောင်း မင်းအသံကြားလား”

“ ဟင်… ဘာအသံလဲဆရာ ကျွန်တော်မကြားမိဘူး”

“ ခွန်းလှ မင်းရော ကြားလား”

“ ကျွန်တော်လဲမကြားမိဘူးဆရာ”

“ အင်း … ဒါဖြင့် အရှေ့က ဆိုင်မှာခဏနားကြရအောင်”

အောင်မြတ်သာတို့လဲ မလှမ်းမကမ်းမှာ ဖွင့်ထားတဲ့ ကြံရည်ဆိုင်တစ်ခုထဲကိုဝင်ထိုင်လိုက်ကြတယ်။

“ ကြံရည်သုံးခွက်ပေးပါ…”

“ ခဏလေးနော်…”

ဆိုင်ရှင် မိန်းမကြီးက ဖော်ရွေစွာနဲ့ပြောလိုက်ပြီး ကြံတစ်ချောင်းကိုယူကာ ကျွမ်းကျင်စွာနဲ့ ကြိတ်စက်ထဲထိုးထည့်လိုက်တယ်။

“ ဒီက ငါ့မောင်တို့ကို အရင်ကမမြင်ဖူးဖူးနော်… ခရီးသွားတွေများလား”

“ ဟုတ်ပါတယ်… ကျွန်တော်တို့က ဆတ်ဖလူးကုန်းကို သွားမလို့ ဒီမြို့ထဲကနေ ဖြတ်လာတာပါ”

“ ဆတ်ဖလူးကုန်းဟုတ်လား…”

“ ဟုတ်ပါတယ် ဘာဖြစ်လို့လဲဗျ”

“ အော် ဘာ ဘာမှမဟုတ်ပါဘူး… အဲဒီဘက်မှာက လူနေအိမ်တွေမရှိလို့ ဘာသွားလုပ်ကြမလဲဆိုပြီး တွေးလိုက်မိလို့ပါ”

“ လူမနေပေမယ့် တောရဆောက်တည်တဲ့ ရဟန်းတစ်ပါးတော့ရှိပါတယ်… သူ့ဆီသွားမလို့ပါ”

I’mအောင်မြတ်သာစကားကြောင့် ကြံရည်ကြိတ်နေတဲ့ မိန်းမကြီးက ဘာမှဆက်မပြောတော့ပဲ ကြံရည်ထည့်ထားတဲ့ဖန်ခွက်သုံးခွက်ကိုအရှေ့မှာ လာချပေးခဲ့တယ်။

“ ခုနက ကျွန်တော်တို့လာတဲ့လမ်းမှာတွေ့ရတဲ့ တိုက်ပျက်ကြီးမှာ လူမနေတာကြာပီလား”

“ ငါ့မောင်တို့က ဘာဘူတိုက်ကိုပြောတာဖြစ်မယ်.. အဲဒီတိုက်ကအရမ်းသရဲခြောက်လို့ ဘယ်သူမှမနေရဲကြဘူးလေ”

“ ဟုတ်လား… ဘယ်လိုမျိုးခြောက်တာလဲ”

“ အဲဒီအိမ်မှာ အဆိပ်သောက်သေသွားတဲ့ လူတွေက မကျွတ်ပဲ အထဲမှာရှိနေကြတယ်ပြောတယ်… သူတို့အိမ်ထဲဝင်တဲ့သူဆိုရင် အသက်သေတဲ့ထိ ခြောက်လှန့်ကြတာ… လွန်ခဲ့တဲ့ငါးလလောက်ကပဲ အိမ်ထဲဝင်တဲ့ လူတစ်ယောက်သေခဲ့ရတယ်လေ”

“ အစ်မပြောတဲ့ပုံအရဆိုရင် အတော်ကို ကြမ်းတာပဲ.. ဒါကြောင့် အိမ်ကအိုဟောင်းနေတာကိုး”

အောင်မြတ်သာလဲ ကြံရည်ကို ကုန်စင်အောင် သောက်လိုက်ပြီး ကျသင့်ငွေကိုရှင်းကာ မြို့ပြင်ကို ပြန်ထွက်လာခဲ့လိုက်တယ်။

“ ဆရာ ဆတ်ဖလူးကုန်းသွားမယ်ဆိုပြီး ဘယ်လိုဖြစ်လို့ မြို့ပြင်ပြန်ထွက်လာရတာလဲ”

“ ဆတ်ဖလူးကုန်းကို နောက်နေ့မနက်မှသွားကြမယ်.. ဒီညမှာ လုပ်စရာကိစ္စတစ်ခုရှိသေးလို့ မှောင်တဲ့ထိ ဒီမှာနေကြတာပေါ့”

မောင်ကောင်းနဲ့ခွန်းလှလဲ အောင်မြတ်သာရဲ့ ထူးဆန်းတဲ့စကားကြောင့် ဒီညတော့ အကြောင်းကိစ္စတစ်ခုခုရှိတော့မယ်ဆိုတာ ရိပ်မိခဲ့ကြတယ်။

+++++

ညအမှောင်က တစ်ဖြေးဖြေးကြီးစိုးလာခဲ့တာနဲ့အမျှ ဘာဘူတိုက်ကြီးက အမှောင်ယံမှာငုတ်တုတ်ထိုင် နေတဲ့ တစ္ဆေ‌တစ်ကောင်လို ဖြစ်နေခဲ့တယ်။ မကြာခင် အမှောင်ထုထဲကနေ လွယ်အိတ်ကိုယ်စီ လွယ်ထားတဲ့ လူသုံးယောက် ဘာဘူတိုက်နားကို ချဉ်းကပ်လာခဲ့ကြတယ်။

“ တိုက်ပျက်ကြီးက သွေးပျက်စရာကောင်းလောက်တယ်နော်”

ခွန်းလှရဲ့ ခပ်တိုးတိုး စကားပြောသံကို မောင်ကောင်းက ခေါင်းညိမ့်ပြပြီး ဟုတ်မှန်ကြောင်း ထောက်ခံလိုက်တယ်။

အောင်မြတ်သာလဲ စေ့ရုံစေ့ထားတဲ့ ခြံတံခါးကိုအသာတွန်းဖွင့်ပြီး အထဲကိုခြေချလိုက်ရုံရှိသေး အော်ဂလီဆန်ချင်စရာကောင်းတဲ့ အပုတ်နံ့က နှာခေါင်းထဲကို စူးခနဲဝင်ရောက်လာခဲ့တယ်။

“ အပုတ်နံ့က အတော်ဆိုးဆိုးပဲ”

နှာခေါင်းကိုလက်နဲ့အုပ်ပြီးပြောလိုက်တဲ့ မောင်ကောင်းစကားကြောင့် အောင်မြတ်သာက လေသံတိုးတိုးဖြင့်

“ တိုက်ပျက်ထဲမှာရှိနေတဲ့သူတွေကို ဘယ်လိုအကြောင်းကြောင်းနဲ့မှ နာကျင်အောင် မလုပ်ဖို့ သတိထားကြပါ… မတတ်သာလို့ လုပ်ရမယ်ဆိုရင်တောင် သူတို့ကြောက်လန့်ရုံသာ ခြောက်လှန့်ကြ” လို့သတိပေးပြီး အိမ်အတွင်းထဲကို ဝင်ရောက်ခဲ့ကြတယ်။

လေဝင်လေထွက်မရှိတဲ့ တိုက်ပျက်ထဲမှာတော့ အသိုက်ဖွဲ့ထားတဲ့ငှက်တွေရဲ့ အမွှေးတွေ၊ အညစ်အကြေးတွေက ခြေချစရာနေရာမရှိအောင် ပြန့်ကျဲနေခဲ့တယ်။

အောင်မြတ်သာလဲ အိမ်ထဲရောက်တာနဲ့ ပရဝဏ်အတွင်းမှီတင်းနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေကို မေတ္တာပို့လိုက်ရာ အိမ်ပေါ်ထပ်ကနေ စူးစူးဝါးဝါး အော်ဟစ်တဲ့အသံတွေ ထွက်လာခဲ့တယ်။

“ သူတို့ကိုရန်ပြုမယ့်သူတွေလို့ ထင်နေကြပြီထင်တယ်”

“ ဟုတ်တယ် မောင်ကောင်း… သူတို့ရဲ့ ကြောက်လန့်တဲ့စိတ်က သူတို့ကိုမလုံခြုံဖြစ်စေတယ်လို့ ထင်မိတယ်”

“ ကျွန်တော်တို့ ဒီကိုလာတဲ့ရည်ရွယ်ချက်က သူတို့ကို ကျွတ်လွတ်အောင်လုပ်ပေးဖို့ပဲမဟုတ်လား”

“ ဒါကတော့ သူတို့ရဲ့ စိတ်အပေါ်မူတည်သေးတယ်.. အရင်ဆုံးသူတို့ထွက်လာအောင် ခေါ်ကြရအောင်”

အောင်မြတ်သာတို့လဲ သမထစွမ်းအင်တွေကို စုစည်းပြီးကြည့်လိုက်ရာ သူတို့ရဲ့ အရှေ့ငါးပေလောက်အကွာမှာ ဆောင့်ကြောင့်ထိုင်ပြီး ပြူးကျယ်တဲ့မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်။

ဆံပင်ကို နှစ်ခွစည်းထားပြီး ပုတ်ပွနေတဲ့အသားအရည်တွေကနေ အပုတ်ရည်တွေယိုစီးနေတဲ့ ကောင်မလေးက အောင်မြတ်သာတို့ကို မနှစ်မြို့တဲ့မျက်လုံးနဲ့ စိုက်ကြည့်နေသလို သူရဲ့ဘေးမှာတော့ ‌ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က ဘောလုံးတစ်လုံးကိုကိုင်ပြီး ရပ်နေတာကိုမြင်လိုက်ရတယ်။

“ ငါထင်တဲ့အတိုင်းပါပဲလား…”

အောင်မြတ်သာက စိတ်မကောင်းကြီးစွာရေရွတ်ရင်း လှေကားဘက်ကို ကြည့်လိုက်ရာ ကြောက်မက်ဖွယ်မျက်နှာထားနဲ့ စိုက်ကြည့်နေကြတဲ့ လူသုံးယောက်။

“ သင်တို့က ဒီအိမ်ရဲ့ ပိုင်ရှင်တွေဖြစ်မယ်ထင်တယ်.. ကျုပ်ဒီကိုရောက်လာတာကလဲ သင်တို့ကို ဒုက္ခပေးဖို့မဟုတ်ကြောင်း အရင်ဆုံးအသိပေးချင်တယ်”

“ ထွက်သွား… ငါတို့အိမ်ကနေ ချက်ချင်းထွက်သွား စမ်း”

“ ဒေါသနဲ့သေတဲ့သူတွေဖြစ်လို့ စိတ်ဆန္ဒက ပြင်းထန်မယ်ဆိုတာလဲသိထားပါတယ်… ကျုပ်အနေနဲ့ သင်တို့ကို ဒီဘဝက ကျွတ်လွတ်အောင် လုပ်ပေးဖို့လာတာဖြစ်လို့ ဒီအိမ်ကြီးထဲမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ပြောစေချင်တယ်”

“ နင့်ကို ငါတို့ကယုံမယ်ထင်လား… အဟီးအဟီး.. ငါတို့ကတစ်ခါပဲ အမှားခံမယ်… နောက်တစ်ခါတော့ အမှားမခံဘူးဟေ့”

လှေကားရင်းမှာ ရပ်နေတဲ့ လူသုံးယောက်က အောင်မြတ်သာတို့ဆီ လက်နှစ်ဖက်ကိုဆန့်တန်းပြီး ပြေးဝင်လာခဲ့ပေမယ့် အနားမရောက်ခင်မှာပဲ ရာဘာတုံးကိုထိတဲ့ ကျောက်ခဲလို အနောက်ကို လွင့်ထွက်သွားခဲ့တယ်။

“ ငါ့အမေနဲ့အဖေကို မလုပ်နဲ့ အီးဟီးဟီး…”

ဘောလုံးကိုင်ထားတဲ့ ကလေးက ကြောက်လန့်တကြား အော်ဟစ်ငိုကြွေးနေတာကြောင့် အောင်မြတ်သာက ရှေ့ကို တစ်ဖြေးဖြေးတိုးသွားပြီး

“ သားရဲ့ မိသားစုကို ဘာမှမလုပ်ပါဘူး… မငိုနဲ့တော့နော်…”လို့ပြောလိုက်တဲ့အချိန် ထိုင်နေတဲ့ ကလေးရဲ့ ဦးခေါင်းက တစ်ဖြေးဖြေးကြီးလာပြီး ပါးစပ်ထဲကနေ အစွယ်တွေရှည်ထွက်လာကာ အောင်မြတ်သာကိုဖမ်းကိုက်ပါလေရော။

“ ဟိတ်… ကောင်လေး…ရပ်လိုက်စမ်း”

မောင်ကောင်းက လက်ညိုးထိုးပြီး အော်လိုက်ရာ အစွယ်အဖွေးသားနဲ့ကောင်လေးက ဝုန်းဆို နံရံထောင့်ကို လွင့်ထွက်သွားတယ်။

“ မောင်ကောင်း ဘာမှမလုပ်နဲ့တော့… ကဲ.. သင်တို့ကို ကျုပ်တစ်ခွန်းပဲမေးမယ်… အခုလို နေရတဲ့ဘဝကနေ လွတ်မြောက်ချင်လား၊ ဒါမှမဟုတ် ဒီအိမ်ပျက်ကြီးထဲမှာ အမြဲတမ်းနေချင်လား”

အောင်မြတ်သာစကားကိုကြားတော့ ဆံပင်တွေဖြူဖွေးပြီးဖွာလန်ကျဲနေတဲ့ အဖွားကြီးက

“ ငါတို့ဒီအိမ်ကနေ ထွက်သွားလို့မရဘူး… ငါတို့သွားရင် အိမ်မှာရှိတဲ့ပစ္စည်းကို သူများတွေ ယူသွားလိမ့်မယ်”

“ အိမ်မှာရှိတဲ့ပစ္စည်းဆိုတာက ဘာများလဲ… ဒီအရာကိုစွဲလမ်းတဲ့စိတ်ကြောင့် အခုလိုဖြစ်နေကြတာလား”

“ ငါတို့မိသားစု အဆိပ်သောက်သေကြတယ်လို့ နင်သိထားတယ်မဟုတ်လား… တကယ်တော့ တကယ်တော့လေ ငါတို့တစ်အိမ်လုံးကို အဆိပ်တိုက်ပြီး အသေသတ်သွားခဲ့တာ အီး ဟီး ဟီး”

အဖွားအိုကြီးက ပြောနေရင်း ငိုချလိုက်ရာ အောင်မြတ်သာအပါအဝင် မောင်ကောင်းရော ခွန်းလှပါ အံ့အားသင့်သွားရတယ်။

“ သင်တို့ကို ဘယ်သူက အဆိပ်ခတ်ခဲ့တာလဲ”

“ အဲဒီမိန်းမ ငါတို့ရဲ့ခိုင်းဖတ် ငါတို့ရဲ့ ကျွန်လိုဖြစ်နေတဲ့ကောင်မ ဒင်းက ငါတို့သိမ်းထားတဲ့ ကျောက်စိမ်းတုံးကို အပိုင်ယူချင်လို့ တစ်အိမ်လုံးကို အဆိပ်ခတ်ခဲ့တာ”

“ အဲဒီမိန်းမက ကျောက်စိမ်းတုံးကို ရသွားလား”

“ဟအင်း… ကျောက်စိမ်းတုံးက ဒီအိမ်ရဲ့ တစ်နေရာမှာရှိနေတုန်းပဲ…”

“ အတော်ကို ယုတ်မာတဲ့မိန်းမပဲ…”

“ ဒင်း ဒီအိမ်ထဲကို ပြန်လာမှာကို ငါတို့စောင့်နေတာ… ဒါပေမယ့် အခုထိ ဒီကောင်မ မရောက်လာဘူး”

“ ဒါဆို သင်တို့က ဒီအိမ်ထဲကနေ ဘယ်မှမသွားကြတော့ဘူးပေါ့”

“ ကျောက်စိမ်းတုံးကို ဘယ်သူကိုမှမပေးနိုင်တဲ့ အတွက် ငါတို့ထွက်မသွားဘူး”

“ ကျန်တဲ့သူတွေကရော ဒီမှာပဲ ဆက်နေကြမှာလား”

“ ဟုတ်တယ် ငါတို့ ဒီအိမ်မှာပဲ‌ဆက်နေမှာ… နင်အနေနဲ့ ငါတို့ကို ကူညီချင်တယ်ဆိုရင် အဆိပ်ခတ်သတ်ခဲ့တဲ့ ကောင်မကို ခေါ်လာပေး”

“ ကျုပ်တို့အပြင်ရောက်လို့ လူသတ်တရားခံ လွတ်နေသေးတယ်ဆိုရင် သူနဲ့ထိုက်သင့်တဲ့အပြစ်ဒဏ်ခံရအောင် လုပ်ပေးဖို့ ကတိပေးပါတယ်…”

“ အဲဒီမိန်းမကို တွေ့အောင်ရှာပေးပါ… သူ့နာမည်က ဒေါ်ရှာဘီလို့ခေါ်တယ်”

“ သင်တို့အကူအညီတောင်းတာ ကျုပ်ကူညီပေးပါမယ်… သင်တို့လဲ နောက်ထပ် လူမသတ်ဖို့ကျုပ်ကိုကတိပေးပါ”

“ ငါတို့နေရာထဲကို မရိုးသားတဲ့စိတ်နဲ့ဝင်လာရင်တော့ သတ်ရမှာပဲ အဟက်အဟက်”

“ သင်တို့ ‌မသတ်ပဲ ခြောက်လှန့်လို့ရတဲ့နည်းတွေ အများကြီးရှိပါတယ်… ဒီလိုသာ သတ်ဖြတ်နေမယ် ဆိုရင် သင်တို့က ဒေါ်ရှာဘီဆိုတဲ့မိန်းမနဲ့ တန်းတူဖြစ်နေမှာပေါ့”

အောင်မြတ်သာစကားကြောင့် အိမ်ပိုင်ရှင်လင်မယားရော အဖွားကြီးပါ ငြိမ်ကျသွားခဲ့တယ်။

“ ကျုပ်အနေနဲ့ ပြောသင့်တာပြောခဲ့ပြီးပြီ… ကျန်တာကသင်တို့လုပ်ရမယ့်အပိုင်းဖြစ်တာမို့ လုပ်သင့်မလုပ်သင့်ကိုစဉ်းစားပါ” လို့ပြောပြီး တိုက်ပျက်ထဲကနေ ပြန်ထွက်လာခဲ့လိုက်တယ်။

ခြံပြင်ရောက်လို့ လှည့်ကြည့်လိုက်ချိန်မှာတော့ အိမ်တံခါးဝမှာ မတ်တပ်ရပ်နေကြတဲ့ လူငါးယောက်ကို မြင်လိုက်ရတယ်။ သူတို့မျက်နှာထားကတော့ တင်းနေကြဆဲ။

++++++

“ မင်းက ဘာဘူတိုက် လူသေမှုအကြောင်း ဘယ်လိုသိနေရတာလဲ”

အနက်ရောင်ကိုင်းတပ်မျက်မှန်ကိုဝတ်ထားတဲ့ စခန်းမှူးရဲ့စကားကြောင့် ခွန်းလှက တည်ငြိမ်တဲ့ မျက်နှာထားနဲ့ကြည့်လိုက်ပြီး

“ သေဆုံးခဲ့သူတွေရဲ့ ဝိဉာဉ်က အခုထိ အိမ်ပျက်ထဲမှာ ရှိနေသေးတယ်… အခုကလဲ သူတို့အကူအညီတောင်းလို့ စခန်းမှူးကိုလာအသိပေးတာပါ”

“ မဖြစ်နိုင်ဘူးနော်… ဒီအမှုက လွန်ခဲ့တဲ့ လေးနှစ်လောက်ထဲက ကိုယ့်ကိုကိုယ်သတ်သေတဲ့အမှုဆိုပြီး ပိတ်ထားခဲ့တာ”

“ ဒါကတော့ စခန်းမှူးတို့က ပိုသိမှာပေါ့… ကျုပ်တို့က တရားဥပဒေအတိုင်းဖြစ်စေချင်တာမို့ တကူးတကလာပြောပြတာ… တကယ့်လူသတ်တရားခံက လေးနှစ်ကြီးများတောင် အပြင်မှာရှိနေပေမယ့် သေဆုံးသွားတဲ့မိသားစုက အခုထိ သူတို့နေတဲ့ တိုက်ပျက်ထဲမှာ အငြိုးတေးတွေနဲ့ စောင့်နေတုန်းပဲ”

ခွန်းလှစကားကြောင့် စခန်းမှူးက မျက်မှန်ကို ချွတ်လိုက်ပြီး

“ ဆရာကြီးတင်သိန်းရှိလား…”

“ ဟုတ်ကဲ့ ရှိပါတယ်ဗျ”

“ လွန်ခဲ့တဲ့လေးနှစ်ကဖြစ်ခဲ့တဲ့ ဘာဘူတိုက် လူသေမှုကို ဘယ်သူကိုင်ခဲ့တာလဲ”

“ အဲဒါက အရင်စခန်းမှူးကိုယ်တိုင် ကိုင်ခဲ့တာပါ”

“ ခင်ဗျားက ဒီမြို့ခံဆိုတော့ ဒေါ်ရှာဘီဆိုတဲ့ မိန်းမကိုသိလား”

“ သိတာပေါ့ ဆရာ.. အဲဒီမိန်းမက ဘာဖြစ်လို့လဲ”

“ ဘာဘူတိုက်လူသေမှုမှာ သူ့ကိုသံသယရှိနေလို့”

“ ဗျာ… သူ့ကို နည်းအမျိုးမျိုးနဲ့ စစ်မေးခဲ့ပြီးပြီလေဆရာ”

“ ဒါက အရင်လူတွေစစ်ခဲ့တာမဟုတ်လား… အခုကျုပ်ကိုယ်တိုင် ဒီအမှုကို ပြန်ကိုင်မယ်… လိုအပ်တာတွေအသင့်ပြင်ထားလိုက်ပါ”

စခန်းမှူးရဲ့စကားကြောင့် ခွန်းလှက သဘောကျစွာ ရယ်လိုက်ပြီး ရဲစခန်းအပြင်ဘက်ကို ထွက်လာခဲ့လိုက်တယ်။

“ ခွန်းလှ ခဏနေပါဦးကွ”

“ စခန်းမှူးကြီး ဘာကိစ္စများရှိလို့လဲ”

“ ဟေ့ကောင် … ကျောင်းတုန်းကလိုပဲ ပြောစမ်းပါကွာ”

“ မင်းက ယူနီဖောင်းနဲ့လေ အောင်ကြည်ရဲ့… ဒါကြောင့် ငါက မင်းကိုလေးလေးစားစားဆက်ဆံတာ”

“ မလိုပါဘူး ခွန်းလှရယ်… ဒါနဲ့ မင်းက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ”

“ ဒီလိုဖြစ်ရမယ်‌ဆိုတဲ့ကံပါလာလို့ပေါ့… ဟိုမှာ ငါ့ဆရာစောင့်နေတယ်… အော် မင်း ဒီအမှုကို အမှန်ပေါ်တဲ့ထိစစ်ပေးပါ”

“ စိတ်ချကွာ ငါ အမှုကိုအစအဆုံး သေချာပြန်ကြည့်မယ်၊ မကောင်းတာလုပ်တဲ့သူက ဘယ်တော့မှ လွတ်ရိုးထုံးစံမရှိစေရဘူး”

“ ငါတို့နိုင်ငံမှာ မင်းလို ဖြောင့်မတ်တဲ့ ပြည်သူဝန်ထမ်းတွေ အများကြီးလိုတယ် သူငယ်ချင်း”

“ ခုနကတော့ စခန်းမှူးတွေ ဘာတွေလုပ်နေပြီး အခုမှ သူငယ်ချင်းဖြစ်သွားရောလားကွ ဟားဟား”

သူငယ်ချင်းနှစ်ယောက် ပွေ့ဖက်နှုတ်ဆက်လိုက်ကြပြီး ရဲစခန်းရှေ့မှာတင် လမ်းခွဲခဲ့ကြတယ်။

++++++

မကြာခင်အချိန်ကာလအတွင်းမှာတော့ ဒေါ်ရှာဘီတစ်ယောက် ငါးလောင်းပြိုင်လူသတ်မှုနဲ့ အဖမ်းခံခဲ့ရသလို သူအနေနဲ့ ဘာကြောင့် အခုလိုသတ်ခဲ့ရလဲ၊ နောက်ကွယ်မှာ ဘယ်သူတွေရှိနေခဲ့တာလဲဆိုတဲ့ အကြောင်းကိုတော့ အောင်မြတ်သာနှင့် ကံ ကံ၏အကျိုး ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်

ဇေယန(ရာမည)

Zawgyi Version

‘ေအာင္ျမတ္သာႏွင့္ငါးေလာင္းၿပိဳင္ေသဆုံးမႈ'(စ/ဆုံး)
—————————————————————————

“ ၿမိဳျပင္ကဘာဘူတိုက္မွာ လူသတ္မႈျဖစ္တယ္တဲ့”

ပဲျပဳတ္ေတာင္းကို ေခါင္းေပၚကမခ်ခင္ လွမ္းေျပာလိုက္တဲ့ေဒၚမနီစကားေၾကာင့္ လက္ဖက္ရည္ဆိုင္မွာထိုင္ေနတဲ့သူေတြအားလုံး လႈပ္လႈပ္ရွားရွားျဖစ္ကုန္ၾကတယ္။

“ ေဒၚမနီ ခင္ဗ်ားသတင္းက ေသခ်ာလို႔လား”

“ ေသခ်ာတာေပါ့ေအ… ရပ္ကြက္လူႀကီးေတြေရာ.. ရဲေတြေရာ အိမ္ထဲမွာအမ်ားႀကီးပဲ… ငါ့ကိုေတာင္ မဆိုင္သူမကပ္နဲ႔ဆိုၿပီး ေမာင္းထုတ္လို႔ အေဝးကေနပဲၾကည့္ခဲ့ရတယ္”

ေဒါမနီစကားေၾကာင့္ လက္ဖက္ရည္ေသာက္ေနတဲ့ သူေတြအကုန္နီးပါး ၿမိဳ႕ျပင္ကဘာဘူတိုက္ရွိရာ ဘက္ကိုထြက္သြားခဲ့ၾကတယ္။

ဘာဘူတိုက္ဆိုတာက ေရွးယခင္က ဘာဘူကုလားတစ္ေယာက္ပိုင္တဲ့တိုက္ျဖစ္ၿပီး လြတ္လပ္ေရးရၿပီးတဲ့ေနာက္မွာေတာ့ တိုက္ကို ေရာင္းခ်ၿပီး အိႏၵိယကိုျပန္သြားခဲ့တယ္။ ဒီလိုနဲ႔ တစ္ေယာက္ၿပီးတစ္ေယာက္ တိုက္ကိုပိုင္ဆိုင္ခဲ့ၾက ေပမယ့္ ၿမိဳ႕ထဲက လူေတြကေတာ့ အဲဒီတိုက္ကို ဘာဘူတိုက္လို႔သာေခၚဆိုခဲ့ၾကတယ္။

“ ဘာဘူတိုက္မွာ အခုေနတဲ့သူေတြက ျပင္ပကလူေတြနဲ႔သိပ္ၿပီး အေရာ၀င္တာမေတြ႕မိဘူးေနာ္”

လမ္းေလ်ာက္ေနရင္းေျပာလိုက္တဲ့ စိန္ျမင့္စကားေၾကာင့္ ေဘးကေနပါလာတဲ့သူေတြထဲကတစ္ေယာက္က

“ သူတို႔က အထက္ဘက္ကေန ေျပာင္းလာတယ္လို႔ပဲ သိရတယ္… ၿမိဳ႕အတြက္သာေရးနာေရးေကာက္ဖို႔ သြားရင္ေတာင္ တံခါးဖြင့္ေပးတာမဟုတ္ဘူး.. အေတာ္ကို လူမႈေရးေခါင္းပါးတဲ့သူေတြကြာ”

“ တစ္ခါတစ္ေလ သူတို႔အိမ္ေရွ႕ကျဖတ္သြားရင္ ကေလးတစ္ေယာက္နဲ႔ အိမ္ေဖာ္မေလးတစ္ေယာက္ ေဆာ့ေနတာေတာ့ ေတြ႕တယ္… သူတို႔ပါ ေသတဲ့ထဲပါသြားၾကလားမသိဘူးေနာ္”

စိန္ျမင့္တို႔လဲ စကားတစ္ေျပာေျပာနဲ႔ လမ္းေလ်ာက္ လာရာ လူေတြအုံခဲေနတဲ့ ဘာဘူတိုက္ေရွ႕ကို ေရာက္လာခဲ့တယ္။

“ ကိုေသာင္းဒင္… အထဲက လူေတြ ဘယ္လို ျဖစ္သြားၾကလဲ”

စိန္ျမင့္စကားေၾကာင့္ ႀကိဳေရာက္ေနတဲ့ ကိုေသာင္းဒင္က စိတ္မေကာင္းတဲ့မ်က္ႏွာထားနဲ႔

“ တစ္အိမ္လုံးအဆိပ္ေသာက္ၿပီး သတ္ေသသြားတာလို႔ ေျပာတယ္ကြ”

“ ဟင္… ဒါဆို ဟိုကေလးေလးေရာ ေသသြားတာလား”

“ ဟုတ္တယ္… ဘာမွနားမလည္တဲ့ ကေလးကိုပါ ဘာေၾကာင့္လုပ္ရက္ၾကတာလဲမသိပါဘူး”

ကိုေသာင္းဒင္က သက္ျပင္းတစ္ခ်က္ခ်ၿပီး အိမ္ထဲ ကေန အဝတ္ျဖဴအုပ္ၿပီး လူနာတင္ကားေပၚ ဆြဲတင္ေနတဲ့ အေလာင္းေတြကို ေငးၾကည့္ေနခဲ့တယ္။

+++++

ေညာင္ပင္ရိပ္လက္ဖက္ရည္ဆိုင္ထဲမွာေတာ့ အရင္ကထက္လူပိုမ်ားေနၿပီး လူတိုင္းနီးပါးကလဲ သတ္ေသသြားၾကတဲ့ ဘာဘူတိုက္ကလူေတြ အေၾကာင္းကိုသာ ေျပာေနခဲ့ၾကတယ္။

“ တာတီးေရ … ေရေႏြးၾကမ္းတစ္အိုးခ်ေပးဦး”

လက္ဖက္ရည္တစ္ခြက္မွာေသာက္ၿပီး ေရေႏြးၾကမ္း သုံးအိုးေလာက္ထိုင္ေသာက္ေနတဲ့ စိန္ျမင့္တို႔ လူစုကို စားပြဲထိုးေကာင္ေလးက မၾကည္သလိုၾကည့္ၿပီး အေငြ႕တေထာင္းေထာင္းထေနတဲ့ ေရေႏြးခရားတစ္လုံးကိုလာခ်ေပးလိုက္တယ္။

“ ကိုေသာင္းဒင္… ဘာဘူတိုက္က ေသတဲ့လူေတြ အေၾကာင္းသိၿပီးၿပီလား”

“ ဘာအေၾကာင္းလဲ လုပ္စမ္းပါဦး”

“ အဲဒီအိမ္မွာေနတဲ့သူေတြက ဖားကန႔္ဘက္ကေန ေက်ာက္ေအာင္ၿပီးဒီမွာလာေနတာလို႔ သတင္းၾကားတယ္”

“ ေအးေလ… အဲဒါငါလဲသိတာပဲ…”

“ ေနစမ္းပါဦး… က်ဳပ္ေျပာတာမဆုံးေသးဘူး… သူတို႔ဘာဘူတိုက္ကိုေျပာင္းလာၿပီးေနာက္ပိုင္း အိမ္ကိုေသာ့ပိတ္ၿပီး ဘယ္မွမသြားတာကိုေရာ သတိထားမိလား”

“ ေအးေနာ္… မင္းေျပာမွသတိထားမိတယ္.. ဆက္ေျပာပါဦး”

“ သူတို႔အိမ္မွာ အဝတ္ေလ်ာ္ မီးပူတိုက္လုပ္ေပးေနတဲ့ ေဒၚရွာဘီေျပာတာကေတာ့ သူတို႔က ဒီအရပ္မွာ လူမသိသူမသိ လာေနတာ အေၾကာင္းတစ္ခုခုရွိမယ္လို႔ေျပာတယ္”

“ မင္းေျပာတာနဲ႔ သူတို႔သတ္ေသတာ ဘာဆိုင္လို႔လဲ”

“ ကိုေသာင္းဒင္စဥ္းစားၾကည့္ဗ်ာ… သူတို႔ေသေတာ့ ရဲေတြက ေငြေတြေရာ လက္ဝတ္လက္စားေတြေရာ စာရင္းနဲ႔သိမ္းသြားတာျမင္တယ္မဟုတ္လား… ဒီေလာက္ေငြေၾကးဥစၥာေပါမ်ားေနတဲ့သူေတြက ဘာေၾကာင့္ ကိုယ့္ကိုကိုယ္သတ္ေသရတာလဲ.. တစ္ခုခု ထူးဆန္းေနတယ္မထင္ဘူးလား”

“ မင္းေျပာတာက သူတို႔က ကိုယ့္ကိုကိုယ္သတ္ေသ တာမဟုတ္ပဲ အျခားသူကအဆိပ္ခတ္သတ္သြား တာလား”

“ ကြၽန္ေတာ္ေတာ့ အဲလိုထင္တယ္… ဒါကလဲ စိတ္အထင္နဲ႔ေျပာတာဆိုေတာ့ မွန္ခ်င္မွလဲမွန္မယ္ေနာ္”

“ ဒါေပမယ့္ သူတို႔အိမ္ထဲကို အျပင္လူဝင္ထြက္တာ မရွိပါဘူး… အိမ္ထဲဝင္တာဆိုလို႔ ေဒၚရွာဘီ တစ္ေယာက္ပဲရွိတာ…သူ႔ကိုလဲ ရဲေတြစစ္ေမးၿပီးလို႔ ျပန္ေတာင္လႊတ္ေပးလိုက္ၿပီမဟုတ္လား”

“ အဲဒါေတာ့ ဟုတ္တယ္ေလ… ကြၽန္ေတာ္ေတာ့ ဒီေသဆုံးမႈကို သမ႐ိုးက်ျဖစ္စဥ္လို႔ကို မထင္တာ”

“ ေဟ့ေကာင္ စိန္ျမင့္… မင္း စုံေထာက္ဝတၱဳေတြ အဖတ္မ်ားႀကီး ငါတို႔ကို ဦးေႏွာက္မေပးစားနဲ႔… ငါတို႔ထက္အမ်ားႀကီးအေတြ႕ႀကဳံရွိတဲ့ မႈခင္းရဲ ေတြေတာင္ ကိုယ့္ကိုကိုယ္သတ္ေသမႈလို႔ ေျပာေနတာကို မင္းက ဘာလို႔အတြန႔္တက္ေနေသးတာလဲ”

ကိုေသာင္းဒင္စကားကို စိန္ျမင့္က ဘာမွျပန္မေျပာပဲ ေအးစက္စျပဳေနတဲ့ ေရေႏြးခြက္ကိုယူကာ ေမာ့ေသာက္လိုက္တယ္။

+++++++

“ အူ… ဝူး ဝူး ဝူး….”

ဘာဘူတိုက္ဘက္ေရွ႕ကေန စြဲစြဲငင္ငင္ အူလိုက္တဲ့ ေခြးအူသံေၾကာင့္ အိပ္ယာထဲလူးလိမ့္ေနတဲ့ ကိုတင္ရီတစ္ေယာက္ ငုတ္တုတ္ထထိုင္လိုက္တယ္။

“ ဒီေခြးေတြ အေတာ္ေသာင္းက်န္းေနပါလား… တင္ရီအေၾကာင္းသိေစရမယ္”

ကိုတင္ရီက ေလွကားရင္းမွာ ခ်ိတ္ထားတဲ့ ေလာက္စာလုံးနဲ႔ေလးခြကိုယူၿပီး အိမ္ေရွ႕ဝရန္တာကို ထြက္လာတဲ့အခ်ိန္

“ ဟင္… ဘာဘူတိုက္ထဲမွာ လူတစ္ေယာက္ ဘာလုပ္ေနပါလိမ့္”

ကိုတင္ရီက လေရာင္ေအာက္မွာ လမ္းေလ်ာက္ေနတဲ့ လူတစ္ေယာက္ကိုၾကည့္ၿပီး တစ္ေယာက္ထဲေရ႐ြတ္လိုက္တယ္။

“ ကိုတင္ရီ ရွင္မဝင္လာေသးဘူးလား…”

“ မိန္းမ ဒီကိုခဏလာဦး”

ကိုတင္ရီေခၚသံေၾကာင့္ မိန္းမျဖစ္သူက ဝရန္တာကို ထြက္လာတဲ့အခ်ိန္

“ ဘာဘူတိုက္က ဆင္ဝင္ေအာက္ကို ‌ၾကည့္စမ္း.. လူတစ္ေယာက္လမ္းေလ်ာက္ေနသလိုပဲ”

“ ရွင္ ကြၽန္မကို မေျခာက္နဲ႔ေနာ္…”

“ ေအာ္… ငါကေျခာက္စရာလား.. တကယ္ေျပာေနတာ ေဟာေဟာ ေျပာေနရင္း အဲဒီလူက အိမ္ထဲဝင္သြားၿပီဟ”

“ ဘယ္မွာလဲ… ကြၽန္မၾကည့္ေနတာ ဘာမွမျမင္ပါဘူး…”

“ ဟာ… ဒီေလာက္ လူတစ္ေယာက္လုံး လမ္းေလ်ာက္ေနတာ မင္းမျမင္ဘူးလား”

“ တကယ္မျမင္ဘူးရွင့္… က်ဳပ္ျမင္တာ ၿခံေရွ႕မွာ အူေနတဲ့ ေခြးေတြပဲရွိတယ္”

ကိုတင္ရီလဲ မိန္းမျဖစ္သူစကားေၾကာင့္ စိတ္ထဲမတင္မက်ျဖစ္သြားၿပီး ေလာက္စာလုံး ထည့္ထားတဲ့ေလးခြကို အားကုန္ဆြဲကာ ေခြးအုပ္ၾကားထဲပစ္ထည့္လိုက္တယ္။

“ ငါျမင္လိုက္တာ လူလား သရဲလား…”

ကိုတင္ရီက တစ္ေယာက္ထဲ တီးတိုးေရ႐ြတ္လိုက္ၿပီး အိမ္ထဲကို ျပန္ဝင္လာခဲ့ လိုက္တယ္။

+++++

ညကားတစ္ေျဖးေျဖးနက္လာတာနဲ႔အမွ် ပတ္ဝန္းက်င္တစ္ခုလုံးကလဲ တိတ္ဆိတ္ၿငိမ္သက္လာခဲ့တယ္။

“ ကြၽီ….”

ဆီေျခာက္ခမ္းျပဳေနတဲ့ အိမ္တံခါးကေန ထြက္လာတဲ့အသံေၾကာင့္ ဘာဘူတိုက္ထဲကို ဝင္ဖို႔လုပ္ေနတဲ့ လူႏွစ္ေယာက္ရဲ႕ ေျခလွမ္းေတြ တိခနဲ ရပ္သြားခဲ့တယ္။

“ ေဟ့ေကာင္ ေမာင္ေအး… အသံၾကားလိုက္လား”

“ ေလတိုက္လို႔ တံခါးဟတဲ့အသံပါကြာ… မင္းကလဲ အေရးထဲလာေၾကာက္ေနေသးတယ္”

“ မေၾကာက္ပါဘူးကြ… စိတ္ထဲနည္းနည္းေလးေန သလိုျဖစ္လာလို႔ပါ”

“ ဒီအလုပ္လုပ္ လုပ္လာတာလဲၾကာလွၿပီ… အခုမွ ေၾကာက္သလိုလို ႐ြံ႕သလိုလိုလုပ္ေနတယ္”

လက္ႏွိပ္ဓါတ္မီးတစ္လက္ကို ခါးၾကားထိုးထားတဲ့ လူက ဘာဘူတိုက္အဝမွာ ခတ္ထားတဲ့ ေသာ့ကို ကြၽမ္းက်င္စြာျဖဳတ္လိုက္တဲ့အခ်ိန္ အိမ္ထဲကေန လမ္းေလ်ာက္သြားတဲ့ ေျခသံတစ္ခုကို ၾကားလိုက္ရတယ္။

“ ေျခသံေတာ့ ၾကားရၿပီ… ငါေျပာပါတယ္ ဒီလူေတြ အိမ္ကိုစြဲေနပါမယ္လို႔”

“ ဒါနဲ႔ မင္းရတဲ့သတင္းက ေသခ်ာလို႔လား”

“ ေသခ်ာတာေပါ့… ရဲစခန္းက ငါ့လူေျပာတဲ့ စကားအရဆိုရင္ လက္ဝတ္လက္စားအခ်ိဳ႕နဲ႔ ေငြအခ်ိဳ႕ပဲပါလာတာတဲ့…ငါသိထားတဲ့ သတင္းအရဆိုရင္ အိမ္ထဲကတစ္ေနရာမွာ လက္သီးဆုပ္ေလာက္ရွိတဲ့ ေက်ာက္စိမ္းတုံး ရွိကို ရွိရမယ္”

လူႏွစ္ေယာက္လဲ အိမ္တံခါးကိုဖြင့္ၿပီးတာနဲ႔ အထဲကိုဝင္လာတဲ့အခ်ိန္ ႏွာေခါင္းထဲကို ပိုးသတ္ေဆးလိုမ်ိဳး အနံ႔ျပင္းတဲ့အရာတစ္ခု တိုးဝင္လာခဲ့တယ္။

“ လူမေနတာ ေလးရက္ေလာက္ပဲရွိေသးတယ္ တစ္အိမ္လုံးဖုန္ေတြႀကီးပဲ”

လက္ႏွိပ္ဓါတ္မီးကို ခါးၾကားထဲကထုတ္ၿပီး ဖုန္ေတြတက္ေနတဲ့ဗီဒိုကိုထိုးလိုက္တဲ့အခ်ိန္ ဗီဒိုေထာင့္မွာ ေသြးမရွိတဲ့မ်က္ႏွာနဲ႔ ခပ္႐ို႕႐ို႕ေလး ရပ္ေနတဲ့ ကေလးတစ္ေယာက္ကို ျမင္လိုက္ရတယ္။

“ေမာင္ေအး… ဟိုမွာ ဟိုမွာ”

“ ငါေတြ႕တယ္… သူတို႔ဘာသာေနပေစ… ငါတို႔လုပ္စရာရွိတာပဲလုပ္”

အေတြ႕အႀကဳံရင့္ေနၿပီျဖစ္တဲ့ ေမာင္ေအးက သူတို႔ကို ရပ္ၾကည့္ေနတဲ့ ကေလးကို ဂ႐ုမစိုက္ပဲ ဗီဒိုမွာခတ္ထားတဲ့ေသာ့ကို ဖြင့္ဖို႔လုပ္ေနတဲ့အခ်ိန္

“ ငါ့ေျမးတို႔ ဘာလုပ္ေနတာလဲ” ဆိုတဲ့အသံက ဗီဒိုေပၚကေန ေျခာက္ကပ္စြာထြက္လာခဲ့တယ္။

ဒီတစ္ခါေတာ့ ေမာင္ေအး ဆတ္ခနဲျဖစ္သြားၿပီး အသံၾကားတဲ့အေပၚဘက္ကို ဓါတ္မီးနဲ႔ထိုးၾကည့္ လိုက္ရာ ပါးစပ္ထဲကေန အျမဳပ္တစီစီက်ေနတဲ့ အဖြားႀကီးတစ္ေယာက္ မ်က္လုံးႀကီးျပဴးၿပီး ေဆာင့္ေၾကာင့္ထိုင္ၾကည့္ေနတာကို ေသြးပ်က္ဖြယ္ ျမင္လိုက္ရတယ္။

“ ေဟ့ေကာင္ ဆန္းႏိုင္… ပရိတ္ေရနဲ႔ပက္စမ္း”

ေမာင္ေအးစကားေၾကာင့္ ဆန္းႏိုင္က ခါးၾကားထိုးလာတဲ့ ပရိတ္ေရဘူးကို ထုတ္ၿပီး ဗိ႐ိုအေပၚကို ပက္ျဖန္းလိုက္တယ္။

ပရိတ္ေရထိသြားတာနဲ႔ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ အဖြားႀကီးက ဖ်တ္ခနဲေပ်ာက္သြားၿပီး အိမ္ေပၚထပ္ကေန ‌ေတာက္ခတ္ႀကိမ္းဝါးသံ၊ ေျခေဆာင့္သံေတြထြက္လာခဲ့တယ္။

“ အပါးပါး… ဗီဒိုထဲမွာ ဝတ္ေကာင္းစားလွေတြ မနည္းမေနာပါလား…”

ေမာင္ေအးက ဗီဒိုကိုေမႊေႏွာက္ရင္း လိုခ်င္တဲ့ပစၥည္းကိုအသဲအသန္ရွာေဖြေနခဲ့တယ္။

“ ဒီမွာမရွိဘူးကြ… သူတို႔ဘယ္မွာထားႏိုင္ေသးလဲ… စဥ္းစားၾကည့္စမ္း”

“ သူတို႔အိပ္ခန္းထဲကို ဝင္ရွာၾကည့္ရေအာင္… ငါဆိုလဲ ဒီလိုပစၥည္းကို ကိုယ့္အိပ္တဲ့နားမွာပဲ ထားမွာ”

“ ဒါဆို အေပၚထပ္တက္ရဦးမွာေပါ့… ဟိုအဖြားႀကီးကို ထပ္ေတြ႕တာနဲ႔ ပရိတ္ေရနဲ႔သာပက္ ၾကားလား”

“ ေအးပါကြ… အခ်ိန္မရွိဘူး ျမန္ျမန္လုပ္ရေအာင္”

ေမာင္ေအးတို႔လဲ အေပၚထပ္ကို တက္ဖို႔ေလွကားရင္းဆီကို ထြက္လာတဲ့အခ်ိန္ ဆံပင္ကိုမ်က္ႏွာေရွ႕ခ်ထားတဲ့ မိန္းမတစ္ေယာက္နဲ႔ ပါးစပ္ထဲကေန ေသြးေတြယိုစီးေနတဲ့ ေယာက်ၤား တစ္ေယာက္ ေလွကားထစ္ေတြေပၚမွာ မတ္တပ္ရပ္ ေနတာကိုျမင္လိုက္ရတယ္။

ဆန္းႏိုင္လဲ အေရွ႕မွာျမင္ေနရတဲ့သူေတြကို ပရိတ္ေရနဲ႔ပက္ဖို႔ ဘူးကိုထုတ္လိုက္တဲ့အခ်ိန္

“ ေျဖာင္း” ဆိုတဲ့အသံနဲ႔အတူ ပရိတ္ေရဘူးကို ‌႐ိုက္ခ်လိုက္တာခံလိုက္ရတယ္။

လွည့္ၾကည့္လိုက္ေတာ့ ဆံပင္ႏွစ္ခြစည္းထားၿပီး မ်က္လုံးေတြနီရဲေနတဲ့ ဆယ္ေက်ာ္သက္ ေကာင္မေလးတစ္ေယာက္။

သူ႔ပုံစံက ဆန္းႏိုင္ကို စားမတတ္ဝါးမတတ္ စိုက္ၾကည့္ေနခဲ့တယ္။

ေမာင္ေအးလဲ ပရိတ္ေရဘူးလြတ္က်တယ္ဆိုတာနဲ႔ ေလွကားေပၚကိုမတက္ေတာ့ပဲ လက္ေမာင္းမွာ ခ်ည္ထားတဲ့အေဆာင္ႀကိဳးကို ဆြဲျဖဳတ္ကာ မ်က္ေထာင့္နီနဲ႔ စိုက္ၾကည့္ေနတဲ့ မိန္းကေလးေရွ႕ ထိုးျပလိုက္တယ္။

အေဆာင္လက္ဖြဲ႕အစြမ္းေၾကာင့္ မိန္းကေလးက မ်က္ႏွာကိုလက္နဲ႔ကြယ္ၿပီး ကုလားထိုင္ထားထားတဲ့ ေဘးကအေမွာင္ထုထဲကို ထြက္ေျပးသြားခဲ့တယ္။

“ ဆန္းႏိုင္ ငါ့ေဘးမွာေနစမ္း… ဒီအိမ္က ေကာင္ေတြ အေတာ္အစြဲႀကီးတယ္ကြ”

ေမာင္ေအးက အေဆာင္ကိုကိုင္ကာ ေဝွ႔ရမ္းေနေပမယ့္ ေလွကားေပၚမွာ ရပ္ေနတဲ့ ေယာက်ၤားနဲ႔ မိန္းမက သူ႔အနားကို တစ္ေျဖးေျဖး တိုးလာခဲ့တယ္။

“ ခစ္ခစ္ခစ္…”

ကေလးတစ္ေယာက္ရယ္သံေၾကာင့္ အေနာက္ကို လွည့္ၾကည့္လိုက္ရာ ဗိဒိုနားမွာေတြ႕ခဲ့တဲ့ကေလးက သူတို႔နဲ႔ သုံးေတာင္အကြာထိကိုေရာက္လာခဲ့တယ္။

“ ငါတို႔အိမ္ထဲကေန ထြက္သြားစမ္း….”

“ ငါ့အိမ္ထဲကေန ထြက္သြား”

“ သားတို႔အိမ္ထဲကေန ထြက္သြား”

“ သမီးအလုပ္လုပ္တဲ့အိမ္ကေနထြက္သြား”

အသံေတြက ေဘးပတ္ပတ္လည္ကေန ေျခာက္ကပ္စြာထြက္လာခဲ့တာေၾကာင့္ ဆန္းႏိုင္ တစ္ေယာက္ ဘယ္လိုမွဟန္မေဆာင္ရဲေတာ့ပဲ ငယ္သံပါေအာင္ ေအာ္ကာ ေျပးပါေလေရာ။

“ ေဟ့ေကာင္ … ဘယ္ကိုထြက္ေျပးတာလဲ.. ခ်ီးထဲမွပဲ”

ေမာင္ေအးက ဆန္းႏိုင္ ေအာ္သံေၾကာင့္ ပတ္ဝန္းက်င္ကလူေတြ ေရာက္လာေတာ့မယ္ဆိုတာ သိတဲ့အတြက္ အေဆာင္ႀကိဳးကိုေမႊ႕ယမ္းကာ အေနာက္ကေန ေျပးလိုက္ခဲ့တယ္။

ေမာင္ေအးတို႔ ၿခံထဲေရာက္တဲ့အခ်ိန္မွာေတာ့ အိမ္ထဲကေန ေၾကာက္မက္ဖြယ္ရယ္သံေတြ အူလႈိက္သည္းလႈိက္ထြက္ေပၚလာခဲ့တယ္။ အလားတူ လမ္းမဘက္ကေန ဝင္းခနဲ လက္ခနဲ ထြက္လာတဲ့ ဓါတ္မီးေရာင္နဲ႔ စကားေျပာသံအခ်ိဳ႕။

++++++++

ဘာဘူတိုက္ထဲဝင္ခိုးတဲ့ သူခိုးႏွစ္ေယာက္ထဲမွာ တစ္ေယာက္က စိတ္အေျခအေနပုံမွန္မဟုတ္ပဲ ႐ူးသလိုေၾကာင္သလိုျဖစ္သြားခဲ့သလို ေနာက္တစ္ေယာက္ကလဲ အနီးနားကလူေတြရဲ႕ ဖမ္းဆီးမႈေၾကာင့္ ေထာင္က်သြားခဲ့ရတယ္။

အဲဒီေနာက္ပိုင္း ဘာဘူတိုက္ထဲမွာ သရဲေျခာက္တယ္ဆိုတဲ့သတင္းက ၿမိဳ႕ထဲမွာပ်ံ႕ႏွံ႔ခဲ့သလို ညအခ်ိန္မေတာ္ အိမ္ေပၚထပ္က ျပဴတင္းေပါက္မွာ မတ္တပ္ရပ္ ေနတဲ့အရိပ္အေယာင္ေတြအျပင္ ကေလးတစ္ေယာက္ ၿခံထဲမွာေဆာ့ကစားေနတဲ့ ပုံရိပ္ေတြကိုျမင္ေတြ႕ရတဲ့သူေတြရွိလာခဲ့တယ္။

ဒီလိုနဲ႔ ႏွစ္ကာလၾကာလာတာနဲ႔အမွ် ဘာဘူတိုက္ကလဲ ေဟာင္းႏြမ္းေဆြးေျမ့လာသလို မခုတ္ထြင္ မရွင္းလင္းပဲရွိေနတဲ့ ၿခဳံႏြယ္ပိတ္ေပါင္း ေတြကလဲ တစ္စတစ္စ ထူထပ္လာခဲ့တယ္။

++++

“ သူခိုးဗ်ိဳ႕ သူခိုး”

ညႀကီးသန္းေခါင္ထြက္ေပၚလာတဲ့ ေအာ္သံေၾကာင့္ မအိပ္ေသးပဲရွိေနေသးတဲ့သူေတြအကုန္ တုတ္ဓါးဆြဲၿပီး လမ္းမေပၚေျပးထြက္လာခဲ့ၾကတယ္။

“ ‌ဘယ္သူအိမ္ကို သူခိုးကပ္လို႔လဲ”

“ အပ်ိဳႀကီးလွရင္အိမ္ကို သူခိုးကပ္လို႔တဲ့”

“ ဒီေကာင္ ဘယ္ဘက္ကိုထြက္ေျပးသြားတာလဲ”

“ ဘာဘူတိုက္ဘက္ကို ေျပးသြားတာလို႔ ၾကားတယ္…”

လူအုပ္ႀကီးကလဲ သူခိုးထြက္ေျပးသြားတဲ့ ဘာဘူတိုက္ဘက္ကို လိုက္လာခဲ့ရာ ၿခဳံပုတ္ေတြၾကားထဲတိုးဝင္သြားတဲ့ စြပ္ေၾကာင္းရာ တစ္ခုကို အထင္းသားျမင္ေတြ႕လိုက္ရတယ္။

“ ဒီေကာင္ ဘာဘူတိုက္ထဲေျပးသြားတာပဲ ျဖစ္ရမယ္”

“ ဘယ္လိုလုပ္ၾကမလဲ… အပ်ိဳႀကီးက သူစုထားတဲ့ ေ႐ႊေတြပါသြားလို႔ တငိုငိုတရီရီျဖစ္ေနၿပီ”

အေယာက္ႏွစ္ဆယ္‌ခန႔္ရွိတဲ့ လူအုပ္ႀကီးက ဘာဘူၿခံထဲကို ဝင္ရႏိုးႏိုး မဝင္ရႏိုးႏိုး ျဖစ္ေနတဲ့အခ်ိန္ တိုက္ပ်က္ထဲကေန ေသြးပ်က္ဖြယ္ ေအာ္သံတစ္ခု ထြက္လာခဲ့တယ္။

“ ဟိုေကာင္ေတာ့ ဒုကၡေရာက္ပီထင္တယ္… လာကြာ ဓါတ္မီးေတြအကုန္ယူလာခဲ့ အထဲဝင္ၾကရေအာင္”

“ ျဖစ္ပါ့မလား ဦးထြန္းေလး…”

“ ငါတို႔လူအမ်ားႀကီးကို ဘာမွလုပ္လို႔မရပါဘူး… သိပ္မေၾကာက္စမ္းပါနဲ႔”

ဦးထြန္းေလးစကားေၾကာင့္ လူအုပ္ႀကီးက တုတ္ဓါး လက္နက္ေတြကိုင္ၿပီး ဘာဘူတိုက္ထဲကို ဝင္လာခဲ့ၾကတယ္။

“ အသံက အိမ္ထဲကေန ၾကားရတာဆိုေတာ့ ဒီေကာင္ ေၾကာက္အားလန႔္အားနဲ႔ အိမ္ထဲဝင္ေျပးတာ ျဖစ္မယ္… အားလုံး တူတူစုၿပီး ရွာၾက”

လူအုပ္ႀကီးလဲ ခိုေခ်းေတြ အမႈိက္သ႐ိုက္ေတြနဲ႔ ပြစာက်ဲေနတဲ့ တိုက္ပ်က္ႀကီးထဲကို ဝင္လာတဲ့အခ်ိန္ လူတစ္ေယာက္ကို ဒ႐ြတ္တိုက္ဆြဲေခၚသြားတဲ့ အရာတစ္ခုကိုျမင္လိုက္ရတယ္။

“ ဦးထြန္းေလး ဒီကိုၾကည့္ပါဦး…”

ၾကမ္းေပၚမွာျပန႔္က်ဲေနတဲ့ ေ႐ႊတိုေ႐ႊစအခ်ိဳ႕ကိုျမင္ေတာ့ ဦးထြန္းေလးက တစ္ခုခ်င္းေကာက္ယူလိုက္ၿပီး စြပ္ေၾကာင္းရာသြားတဲ့ဘက္ကို မီးထိုးကာ ဆက္ဝင္လာခဲ့လိုက္တယ္။

“ အခန္းထဲကိုဆြဲေခၚသြားတဲ့ပုံပဲ…”

“ ဟုတ္တယ္ေနာ္ ဆြဲေခၚတဲ့အရာက ဒီအခန္းတံခါးေရွ႕မွာရပ္သြားတာ”

‌ဝါးဆစ္ပိတ္တစ္ေခ်ာင္းကိုင္ထားတဲ့ ေမာင္ပိန္က ပိတ္ထားတဲ့ အခန္းတံခါးကိုၾကည့္ၿပီး ေရ႐ြတ္လိုက္တယ္။

“ ဟင္… တံခါးက အထဲကေန ဂ်က္ထိုးထားသလိုပဲ.. ဖြင့္လို႔လဲမရပါလား”

ဦးထြန္းေလးတို႔ အခန္းတံခါးကို ဖြင့္ဖို႔လုပ္ေနတဲ့ အခ်ိန္ အိမ္ေပၚထပ္မွာ လမ္းေလ်ာက္ေနတဲ့ ေျခသံတစ္ခုကို ထင္ထင္ရွားရွား ၾကားလိုက္ရတယ္။

“ ဖြင့္မရရင္ ေျခေထာက္နဲ႔ ကန္ဖြင့္ကြာ… အခ်ိန္ဆြဲေနရင္ ဟိုေကာင္အသက္ပါသြားလိမ့္မယ္”

စိတ္ျမန္လက္ျမန္ရွိတဲ့ ဦးထြန္းေလးက အခန္းတံခါးကို ေျခေထာက္နဲ႔ဆယ္ခ်က္ေလာက္ ေဆာင့္ကန္လိုက္ရာ ေဆြးေျမ့ေနတဲ့ တံခါးေဘာင္က က်ိဳးပဲ့ၿပီး ဝုန္းခနဲပြင့္ထြက္သြားခဲ့တယ္။ အထဲမွာေတာ့ မ်က္လုံးျပဴးၿပီး ဇက္က်ိဳးေနတဲ့ လူတစ္ေယာက္။

“ ဟင္… ဒီေကာင္က ဖိနပ္ခ်ဳပ္တဲ့ ေက်ာ္ျမင့္မဟုတ္လား”

“ ဟုတ္တယ္ဗ်… ဒီေကာင္က ဘယ္လိုလုပ္ၿပီး သူခိုးျဖစ္ေနတာလဲ”

ခ်စ္ေဆြက အခန္းအလယ္မွာလဲက်ေနတဲ့ ေက်ာ္ျမင့္အနားသြားၾကည့္ၿပီး

“ ဦးထြန္းေလး… ေက်ာ္ျမင့္ အသက္မရွိေတာ့ဘူး”

ခ်စ္ေဆြစကားေၾကာင့္ ပါလာတဲ့သူအကုန္ ၾကက္သီးေမႊးညႇင္းေတြထၿပီး လန႔္ျဖန႔္သြားခဲ့တယ္။

“ အေလာင္းကို ျပန္သယ္လာခဲ့လိုက္… ေမာင္ပိန္နဲ႔ခ်စ္ေဆြက သူ႔မိသားစုကို အေၾကာင္းၾကားေပးလိုက္ဦး”

ဦးထြန္းေလးလဲ ဆြဲႀကိဳးတစ္ကုံးကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ရင္းေသဆုံးေနတဲ့ ေက်ာ္ျမင့္ကို စိတ္မေကာင္းစြာၾကည့္ေနတဲ့အခ်ိန္ ေဘးမွာရွိတဲ့ေလွကားအေပၚကေန နီရဲေနတဲ့မ်က္လုံးေလးလုံးေပၚလာတာကိုျမင္လိုက္ရတယ္။

“ ေဟ့ေကာင္ေတြ ျမန္ျမန္လုပ္… ဒီအိမ္ထဲ ၾကာၾကာေနလို႔ မေကာင္းဘူးကြ”

ဦးထြန္းေလးလဲ လက္ဖ်ံေပၚမွာ ဖိန္းကနဲထလာတဲ့ ၾကက္သီးေမႊးညႇင္းေတြကို လက္နဲ႔သပ္ခ်ၿပီး လူအုပ္ႀကီးနဲ႔အတူ ၿခံအျပင္ကို ထြက္လာခဲ့လိုက္တယ္။

ေက်ာ္ျမင့္ျဖစ္စဥ္ ျဖစ္ၿပီးတဲ့ေနာက္မွာေတာ့ ၿမိဳ႕ခံလူေတြအေနနဲ႔ ဘာဘူတိုက္ထဲကို ဝင္ဖို႔မေျပာနဲ႔ အေရွ႕ကျဖတ္ရင္ေတာင္ တိုက္ကို ေစ့ေစ့မၾကည့္ရဲေတာ့တဲ့ထိျဖစ္လာခဲ့တယ္။

+++++++

“ အမေလး… အေတာ္ကိုပူတဲ့ ေႏြပါလားေနာ္”

ေယာဂီေရာင္ခ်ည္သားအက်ႌကို ပုတ္ခတ္ပုတ္ခပ္လုပ္ၿပီး ညဥ္းညဴလိုက္တဲ့ ေမာင္ေကာင္းစကားေၾကာင့္ ကုကၠိဳပင္အရိပ္ေအာက္မွာထိုင္ေနတဲ့ ခြန္းလွက

“ ကြၽန္ေတာ္တို႔သာ ေခြၽးသံတရဲရဲျဖစ္ေနတာ… ဆရာကေတာ့ နဖူးမွာေခြၽးေတာင္မစို႔ဘူးဗ်” လို႔ ခပ္တိုးတိုးေလးလွမ္းေျပာလိုက္တယ္။

“ အနားယူလို႔ၿပီးရင္ ၿမိဳ႕ထဲဝင္ၾကရေအာင္… ညေနမေစာင္းခင္ ဆိတ္ဖလူးကုန္းကိုေရာက္ဖို႔လိုတယ္”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ ထိုင္ေနရာကေန ထရပ္လိုက္ၾကတယ္။

“ ဒီအခ်ိန္ ေရေအးေအးေလးတစ္ခြက္ေလာက္ ေသာက္လိုက္ရရင္ေကာင္းမွာပဲ”

ခြန္းလွရဲ႕ ခပ္တိုးတိုးညဥ္းသံေၾကာင့္ ေအာင္ျမတ္သာက ေခါင္းကိုေစာင္းၿပီး ၾကည့္လိုက္ၿပီး

“ ပင္ပန္းေနတာေတြကို ဟိုေရာက္မွ အတိုးခ်နားၾကတာေပါ့… ကဲ ဆက္ထြက္ရေအာင္”လို႔ေျပာကာ ေျခလွမ္းလွမ္းလိုက္တဲ့အခ်ိန္ ၾကမ္းေပၚမွာ ေအာ္ဟစ္လူးလိမ့္‌ေနတဲ့ လူငါးေယာက္ရဲ႕ ပုံရိပ္က မ်က္လုံးထဲ ဖ်တ္ခနဲျမင္ေယာင္လာခဲ့တယ္။

လမ္းေလ်ာက္ေနရင္း ႐ုတ္တရက္ရပ္တန႔္လိုက္တာကိုေဘးမွာပါလာတဲ့ ေမာင္ေကာင္းနဲ႔ ခြန္းလွက သတိထားမိသြားၿပီး

“ ဆရာ ဘာျဖစ္လို႔လဲ”

“ ငါလဲေသခ်ာမေျပာတတ္ဘူး… မ်က္လုံးထဲ မခ်ိမဆံ့ခံစားေနရတဲ့ လူငါးေယာက္ကို ျမင္လိုက္ရလို႔…အဲဒီထဲမွာ ဆယ္ေက်ာ္သက္အ႐ြယ္ ကေလးႏွစ္ေယာက္လဲပါေနတယ္”

“ ဆရာအေနနဲ႔ ဒီၿမိဳ႕ကိုစဝင္တာနဲ႔ ျမင္ရတာဆိုေတာ့ တစ္ခုခုထူးျခားေနပီေနာ္”

“ ဒီအျမင္အာ႐ုံက ငါတို႔ကို တစ္ခုခုလုပ္ခိုင္းေစခ်င္တဲ့ပုံပဲ… ကဲ ၿမိဳ႕ထဲေရာက္ရင္ ေတြ႕တဲ့လူကို စကားႏႈိက္ၾကည့္တာေပါ့”

ေအာင္ျမတ္သာတို႔လဲ ၿမိဳ႕အစြန္ကေန ျဖတ္လာခဲ့ရာ ၿခဳံႏြယ္ပိတ္ေပါင္းေတြနဲ႔ ဖုံးအုပ္ေနတဲ့ တိုက္ပ်က္တစ္ခုေရွ႕အေရာက္မွာေတာ့

“ အယုတ္တမာမ နင္ဘယ္ေရာက္ေနလဲ” ဆိုတဲ့ အသံတစ္ခုကို ရွင္းလင္းစြာၾကားလိုက္ရတယ္။

“ ေမာင္ေကာင္း မင္းအသံၾကားလား”

“ ဟင္… ဘာအသံလဲဆရာ ကြၽန္ေတာ္မၾကားမိဘူး”

“ ခြန္းလွ မင္းေရာ ၾကားလား”

“ ကြၽန္ေတာ္လဲမၾကားမိဘူးဆရာ”

“ အင္း … ဒါျဖင့္ အေရွ႕က ဆိုင္မွာခဏနားၾကရေအာင္”

ေအာင္ျမတ္သာတို႔လဲ မလွမ္းမကမ္းမွာ ဖြင့္ထားတဲ့ ႀကံရည္ဆိုင္တစ္ခုထဲကိုဝင္ထိုင္လိုက္ၾကတယ္။

“ ႀကံရည္သုံးခြက္ေပးပါ…”

“ ခဏေလးေနာ္…”

ဆိုင္ရွင္ မိန္းမႀကီးက ေဖာ္ေ႐ြစြာနဲ႔ေျပာလိုက္ၿပီး ႀကံတစ္ေခ်ာင္းကိုယူကာ ကြၽမ္းက်င္စြာနဲ႔ ႀကိတ္စက္ထဲထိုးထည့္လိုက္တယ္။

“ ဒီက ငါ့ေမာင္တို႔ကို အရင္ကမျမင္ဖူးဖူးေနာ္… ခရီးသြားေတြမ်ားလား”

“ ဟုတ္ပါတယ္… ကြၽန္ေတာ္တို႔က ဆတ္ဖလူးကုန္းကို သြားမလို႔ ဒီၿမိဳ႕ထဲကေန ျဖတ္လာတာပါ”

“ ဆတ္ဖလူးကုန္းဟုတ္လား…”

“ ဟုတ္ပါတယ္ ဘာျဖစ္လို႔လဲဗ်”

“ ေအာ္ ဘာ ဘာမွမဟုတ္ပါဘူး… အဲဒီဘက္မွာက လူေနအိမ္ေတြမရွိလို႔ ဘာသြားလုပ္ၾကမလဲဆိုၿပီး ေတြးလိုက္မိလို႔ပါ”

“ လူမေနေပမယ့္ ေတာရေဆာက္တည္တဲ့ ရဟန္းတစ္ပါးေတာ့ရွိပါတယ္… သူ႔ဆီသြားမလို႔ပါ”

I’mေအာင္ျမတ္သာစကားေၾကာင့္ ႀကံရည္ႀကိတ္ေနတဲ့ မိန္းမႀကီးက ဘာမွဆက္မေျပာေတာ့ပဲ ႀကံရည္ထည့္ထားတဲ့ဖန္ခြက္သုံးခြက္ကိုအေရွ႕မွာ လာခ်ေပးခဲ့တယ္။

“ ခုနက ကြၽန္ေတာ္တို႔လာတဲ့လမ္းမွာေတြ႕ရတဲ့ တိုက္ပ်က္ႀကီးမွာ လူမေနတာၾကာပီလား”

“ ငါ့ေမာင္တို႔က ဘာဘူတိုက္ကိုေျပာတာျဖစ္မယ္.. အဲဒီတိုက္ကအရမ္းသရဲေျခာက္လို႔ ဘယ္သူမွမေနရဲၾကဘူးေလ”

“ ဟုတ္လား… ဘယ္လိုမ်ိဳးေျခာက္တာလဲ”

“ အဲဒီအိမ္မွာ အဆိပ္ေသာက္ေသသြားတဲ့ လူေတြက မကြၽတ္ပဲ အထဲမွာရွိေနၾကတယ္ေျပာတယ္… သူတို႔အိမ္ထဲဝင္တဲ့သူဆိုရင္ အသက္ေသတဲ့ထိ ေျခာက္လွန႔္ၾကတာ… လြန္ခဲ့တဲ့ငါးလေလာက္ကပဲ အိမ္ထဲဝင္တဲ့ လူတစ္ေယာက္ေသခဲ့ရတယ္ေလ”

“ အစ္မေျပာတဲ့ပုံအရဆိုရင္ အေတာ္ကို ၾကမ္းတာပဲ.. ဒါေၾကာင့္ အိမ္ကအိုေဟာင္းေနတာကိုး”

ေအာင္ျမတ္သာလဲ ႀကံရည္ကို ကုန္စင္ေအာင္ ေသာက္လိုက္ၿပီး က်သင့္ေငြကိုရွင္းကာ ၿမိဳ႕ျပင္ကို ျပန္ထြက္လာခဲ့လိုက္တယ္။

“ ဆရာ ဆတ္ဖလူးကုန္းသြားမယ္ဆိုၿပီး ဘယ္လိုျဖစ္လို႔ ၿမိဳ႕ျပင္ျပန္ထြက္လာရတာလဲ”

“ ဆတ္ဖလူးကုန္းကို ေနာက္ေန႔မနက္မွသြားၾကမယ္.. ဒီညမွာ လုပ္စရာကိစၥတစ္ခုရွိေသးလို႔ ေမွာင္တဲ့ထိ ဒီမွာေနၾကတာေပါ့”

ေမာင္ေကာင္းနဲ႔ခြန္းလွလဲ ေအာင္ျမတ္သာရဲ႕ ထူးဆန္းတဲ့စကားေၾကာင့္ ဒီညေတာ့ အေၾကာင္းကိစၥတစ္ခုခုရွိေတာ့မယ္ဆိုတာ ရိပ္မိခဲ့ၾကတယ္။

+++++

ညအေမွာင္က တစ္ေျဖးေျဖးႀကီးစိုးလာခဲ့တာနဲ႔အမွ် ဘာဘူတိုက္ႀကီးက အေမွာင္ယံမွာငုတ္တုတ္ထိုင္ ေနတဲ့ တေစၦ‌တစ္ေကာင္လို ျဖစ္ေနခဲ့တယ္။ မၾကာခင္ အေမွာင္ထုထဲကေန လြယ္အိတ္ကိုယ္စီ လြယ္ထားတဲ့ လူသုံးေယာက္ ဘာဘူတိုက္နားကို ခ်ဥ္းကပ္လာခဲ့ၾကတယ္။

“ တိုက္ပ်က္ႀကီးက ေသြးပ်က္စရာေကာင္းေလာက္တယ္ေနာ္”

ခြန္းလွရဲ႕ ခပ္တိုးတိုး စကားေျပာသံကို ေမာင္ေကာင္းက ေခါင္းညိမ့္ျပၿပီး ဟုတ္မွန္ေၾကာင္း ေထာက္ခံလိုက္တယ္။

ေအာင္ျမတ္သာလဲ ေစ့႐ုံေစ့ထားတဲ့ ၿခံတံခါးကိုအသာတြန္းဖြင့္ၿပီး အထဲကိုေျခခ်လိုက္႐ုံရွိေသး ေအာ္ဂလီဆန္ခ်င္စရာေကာင္းတဲ့ အပုတ္နံ႔က ႏွာေခါင္းထဲကို စူးခနဲဝင္ေရာက္လာခဲ့တယ္။

“ အပုတ္နံ႔က အေတာ္ဆိုးဆိုးပဲ”

ႏွာေခါင္းကိုလက္နဲ႔အုပ္ၿပီးေျပာလိုက္တဲ့ ေမာင္ေကာင္းစကားေၾကာင့္ ေအာင္ျမတ္သာက ေလသံတိုးတိုးျဖင့္

“ တိုက္ပ်က္ထဲမွာရွိေနတဲ့သူေတြကို ဘယ္လိုအေၾကာင္းေၾကာင္းနဲ႔မွ နာက်င္ေအာင္ မလုပ္ဖို႔ သတိထားၾကပါ… မတတ္သာလို႔ လုပ္ရမယ္ဆိုရင္ေတာင္ သူတို႔ေၾကာက္လန႔္႐ုံသာ ေျခာက္လွန႔္ၾက” လို႔သတိေပးၿပီး အိမ္အတြင္းထဲကို ဝင္ေရာက္ခဲ့ၾကတယ္။

ေလဝင္ေလထြက္မရွိတဲ့ တိုက္ပ်က္ထဲမွာေတာ့ အသိုက္ဖြဲ႕ထားတဲ့ငွက္ေတြရဲ႕ အေမႊးေတြ၊ အညစ္အေၾကးေတြက ေျခခ်စရာေနရာမရွိေအာင္ ျပန႔္က်ဲေနခဲ့တယ္။

ေအာင္ျမတ္သာလဲ အိမ္ထဲေရာက္တာနဲ႔ ပရဝဏ္အတြင္းမွီတင္းေနထိုင္ၾကတဲ့ပုဂၢိဳလ္ေတြကို ေမတၱာပို႔လိုက္ရာ အိမ္ေပၚထပ္ကေန စူးစူးဝါးဝါး ေအာ္ဟစ္တဲ့အသံေတြ ထြက္လာခဲ့တယ္။

“ သူတို႔ကိုရန္ျပဳမယ့္သူေတြလို႔ ထင္ေနၾကၿပီထင္တယ္”

“ ဟုတ္တယ္ ေမာင္ေကာင္း… သူတို႔ရဲ႕ ေၾကာက္လန႔္တဲ့စိတ္က သူတို႔ကိုမလုံၿခဳံျဖစ္ေစတယ္လို႔ ထင္မိတယ္”

“ ကြၽန္ေတာ္တို႔ ဒီကိုလာတဲ့ရည္႐ြယ္ခ်က္က သူတို႔ကို ကြၽတ္လြတ္ေအာင္လုပ္ေပးဖို႔ပဲမဟုတ္လား”

“ ဒါကေတာ့ သူတို႔ရဲ႕ စိတ္အေပၚမူတည္ေသးတယ္.. အရင္ဆုံးသူတို႔ထြက္လာေအာင္ ေခၚၾကရေအာင္”

ေအာင္ျမတ္သာတို႔လဲ သမထစြမ္းအင္ေတြကို စုစည္းၿပီးၾကည့္လိုက္ရာ သူတို႔ရဲ႕ အေရွ႕ငါးေပေလာက္အကြာမွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး ျပဴးက်ယ္တဲ့မ်က္လုံးေတြနဲ႔ ၾကည့္ေနတဲ့ ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္။

ဆံပင္ကို ႏွစ္ခြစည္းထားၿပီး ပုတ္ပြေနတဲ့အသားအရည္ေတြကေန အပုတ္ရည္ေတြယိုစီးေနတဲ့ ေကာင္မေလးက ေအာင္ျမတ္သာတို႔ကို မႏွစ္ၿမိဳ႕တဲ့မ်က္လုံးနဲ႔ စိုက္ၾကည့္ေနသလို သူရဲ႕ေဘးမွာေတာ့ ‌ရွစ္ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ေယာက္က ေဘာလုံးတစ္လုံးကိုကိုင္ၿပီး ရပ္ေနတာကိုျမင္လိုက္ရတယ္။

“ ငါထင္တဲ့အတိုင္းပါပဲလား…”

ေအာင္ျမတ္သာက စိတ္မေကာင္းႀကီးစြာေရ႐ြတ္ရင္း ေလွကားဘက္ကို ၾကည့္လိုက္ရာ ေၾကာက္မက္ဖြယ္မ်က္ႏွာထားနဲ႔ စိုက္ၾကည့္ေနၾကတဲ့ လူသုံးေယာက္။

“ သင္တို႔က ဒီအိမ္ရဲ႕ ပိုင္ရွင္ေတြျဖစ္မယ္ထင္တယ္.. က်ဳပ္ဒီကိုေရာက္လာတာကလဲ သင္တို႔ကို ဒုကၡေပးဖို႔မဟုတ္ေၾကာင္း အရင္ဆုံးအသိေပးခ်င္တယ္”

“ ထြက္သြား… ငါတို႔အိမ္ကေန ခ်က္ခ်င္းထြက္သြား စမ္း”

“ ေဒါသနဲ႔ေသတဲ့သူေတြျဖစ္လို႔ စိတ္ဆႏၵက ျပင္းထန္မယ္ဆိုတာလဲသိထားပါတယ္… က်ဳပ္အေနနဲ႔ သင္တို႔ကို ဒီဘဝက ကြၽတ္လြတ္ေအာင္ လုပ္ေပးဖို႔လာတာျဖစ္လို႔ ဒီအိမ္ႀကီးထဲမွာ ဘာေတြျဖစ္ပ်က္ခဲ့တယ္ဆိုတာ ေျပာေစခ်င္တယ္”

“ နင့္ကို ငါတို႔ကယုံမယ္ထင္လား… အဟီးအဟီး.. ငါတို႔ကတစ္ခါပဲ အမွားခံမယ္… ေနာက္တစ္ခါေတာ့ အမွားမခံဘူးေဟ့”

ေလွကားရင္းမွာ ရပ္ေနတဲ့ လူသုံးေယာက္က ေအာင္ျမတ္သာတို႔ဆီ လက္ႏွစ္ဖက္ကိုဆန႔္တန္းၿပီး ေျပးဝင္လာခဲ့ေပမယ့္ အနားမေရာက္ခင္မွာပဲ ရာဘာတုံးကိုထိတဲ့ ေက်ာက္ခဲလို အေနာက္ကို လြင့္ထြက္သြားခဲ့တယ္။

“ ငါ့အေမနဲ႔အေဖကို မလုပ္နဲ႔ အီးဟီးဟီး…”

ေဘာလုံးကိုင္ထားတဲ့ ကေလးက ေၾကာက္လန႔္တၾကား ေအာ္ဟစ္ငိုေႂကြးေနတာေၾကာင့္ ေအာင္ျမတ္သာက ေရွ႕ကို တစ္ေျဖးေျဖးတိုးသြားၿပီး

“ သားရဲ႕ မိသားစုကို ဘာမွမလုပ္ပါဘူး… မငိုနဲ႔ေတာ့ေနာ္…”လို႔ေျပာလိုက္တဲ့အခ်ိန္ ထိုင္ေနတဲ့ ကေလးရဲ႕ ဦးေခါင္းက တစ္ေျဖးေျဖးႀကီးလာၿပီး ပါးစပ္ထဲကေန အစြယ္ေတြရွည္ထြက္လာကာ ေအာင္ျမတ္သာကိုဖမ္းကိုက္ပါေလေရာ။

“ ဟိတ္… ေကာင္ေလး…ရပ္လိုက္စမ္း”

ေမာင္ေကာင္းက လက္ညိဳးထိုးၿပီး ေအာ္လိုက္ရာ အစြယ္အေဖြးသားနဲ႔ေကာင္ေလးက ဝုန္းဆို နံရံေထာင့္ကို လြင့္ထြက္သြားတယ္။

“ ေမာင္ေကာင္း ဘာမွမလုပ္နဲ႔ေတာ့… ကဲ.. သင္တို႔ကို က်ဳပ္တစ္ခြန္းပဲေမးမယ္… အခုလို ေနရတဲ့ဘဝကေန လြတ္ေျမာက္ခ်င္လား၊ ဒါမွမဟုတ္ ဒီအိမ္ပ်က္ႀကီးထဲမွာ အၿမဲတမ္းေနခ်င္လား”

ေအာင္ျမတ္သာစကားကိုၾကားေတာ့ ဆံပင္ေတြျဖဴေဖြးၿပီးဖြာလန္က်ဲေနတဲ့ အဖြားႀကီးက

“ ငါတို႔ဒီအိမ္ကေန ထြက္သြားလို႔မရဘူး… ငါတို႔သြားရင္ အိမ္မွာရွိတဲ့ပစၥည္းကို သူမ်ားေတြ ယူသြားလိမ့္မယ္”

“ အိမ္မွာရွိတဲ့ပစၥည္းဆိုတာက ဘာမ်ားလဲ… ဒီအရာကိုစြဲလမ္းတဲ့စိတ္ေၾကာင့္ အခုလိုျဖစ္ေနၾကတာလား”

“ ငါတို႔မိသားစု အဆိပ္ေသာက္ေသၾကတယ္လို႔ နင္သိထားတယ္မဟုတ္လား… တကယ္ေတာ့ တကယ္ေတာ့ေလ ငါတို႔တစ္အိမ္လုံးကို အဆိပ္တိုက္ၿပီး အေသသတ္သြားခဲ့တာ အီး ဟီး ဟီး”

အဖြားအိုႀကီးက ေျပာေနရင္း ငိုခ်လိုက္ရာ ေအာင္ျမတ္သာအပါအဝင္ ေမာင္ေကာင္းေရာ ခြန္းလွပါ အံ့အားသင့္သြားရတယ္။

“ သင္တို႔ကို ဘယ္သူက အဆိပ္ခတ္ခဲ့တာလဲ”

“ အဲဒီမိန္းမ ငါတို႔ရဲ႕ခိုင္းဖတ္ ငါတို႔ရဲ႕ ကြၽန္လိုျဖစ္ေနတဲ့ေကာင္မ ဒင္းက ငါတို႔သိမ္းထားတဲ့ ေက်ာက္စိမ္းတုံးကို အပိုင္ယူခ်င္လို႔ တစ္အိမ္လုံးကို အဆိပ္ခတ္ခဲ့တာ”

“ အဲဒီမိန္းမက ေက်ာက္စိမ္းတုံးကို ရသြားလား”

“ဟအင္း… ေက်ာက္စိမ္းတုံးက ဒီအိမ္ရဲ႕ တစ္ေနရာမွာရွိေနတုန္းပဲ…”

“ အေတာ္ကို ယုတ္မာတဲ့မိန္းမပဲ…”

“ ဒင္း ဒီအိမ္ထဲကို ျပန္လာမွာကို ငါတို႔ေစာင့္ေနတာ… ဒါေပမယ့္ အခုထိ ဒီေကာင္မ မေရာက္လာဘူး”

“ ဒါဆို သင္တို႔က ဒီအိမ္ထဲကေန ဘယ္မွမသြားၾကေတာ့ဘူးေပါ့”

“ ေက်ာက္စိမ္းတုံးကို ဘယ္သူကိုမွမေပးႏိုင္တဲ့ အတြက္ ငါတို႔ထြက္မသြားဘူး”

“ က်န္တဲ့သူေတြကေရာ ဒီမွာပဲ ဆက္ေနၾကမွာလား”

“ ဟုတ္တယ္ ငါတို႔ ဒီအိမ္မွာပဲ‌ဆက္ေနမွာ… နင္အေနနဲ႔ ငါတို႔ကို ကူညီခ်င္တယ္ဆိုရင္ အဆိပ္ခတ္သတ္ခဲ့တဲ့ ေကာင္မကို ေခၚလာေပး”

“ က်ဳပ္တို႔အျပင္ေရာက္လို႔ လူသတ္တရားခံ လြတ္ေနေသးတယ္ဆိုရင္ သူနဲ႔ထိုက္သင့္တဲ့အျပစ္ဒဏ္ခံရေအာင္ လုပ္ေပးဖို႔ ကတိေပးပါတယ္…”

“ အဲဒီမိန္းမကို ေတြ႕ေအာင္ရွာေပးပါ… သူ႔နာမည္က ေဒၚရွာဘီလို႔ေခၚတယ္”

“ သင္တို႔အကူအညီေတာင္းတာ က်ဳပ္ကူညီေပးပါမယ္… သင္တို႔လဲ ေနာက္ထပ္ လူမသတ္ဖို႔က်ဳပ္ကိုကတိေပးပါ”

“ ငါတို႔ေနရာထဲကို မ႐ိုးသားတဲ့စိတ္နဲ႔ဝင္လာရင္ေတာ့ သတ္ရမွာပဲ အဟက္အဟက္”

“ သင္တို႔ ‌မသတ္ပဲ ေျခာက္လွန႔္လို႔ရတဲ့နည္းေတြ အမ်ားႀကီးရွိပါတယ္… ဒီလိုသာ သတ္ျဖတ္ေနမယ္ ဆိုရင္ သင္တို႔က ေဒၚရွာဘီဆိုတဲ့မိန္းမနဲ႔ တန္းတူျဖစ္ေနမွာေပါ့”

ေအာင္ျမတ္သာစကားေၾကာင့္ အိမ္ပိုင္ရွင္လင္မယားေရာ အဖြားႀကီးပါ ၿငိမ္က်သြားခဲ့တယ္။

“ က်ဳပ္အေနနဲ႔ ေျပာသင့္တာေျပာခဲ့ၿပီးၿပီ… က်န္တာကသင္တို႔လုပ္ရမယ့္အပိုင္းျဖစ္တာမို႔ လုပ္သင့္မလုပ္သင့္ကိုစဥ္းစားပါ” လို႔ေျပာၿပီး တိုက္ပ်က္ထဲကေန ျပန္ထြက္လာခဲ့လိုက္တယ္။

ၿခံျပင္ေရာက္လို႔ လွည့္ၾကည့္လိုက္ခ်ိန္မွာေတာ့ အိမ္တံခါးဝမွာ မတ္တပ္ရပ္ေနၾကတဲ့ လူငါးေယာက္ကို ျမင္လိုက္ရတယ္။ သူတို႔မ်က္ႏွာထားကေတာ့ တင္းေနၾကဆဲ။

++++++

“ မင္းက ဘာဘူတိုက္ လူေသမႈအေၾကာင္း ဘယ္လိုသိေနရတာလဲ”

အနက္ေရာင္ကိုင္းတပ္မ်က္မွန္ကိုဝတ္ထားတဲ့ စခန္းမႉးရဲ႕စကားေၾကာင့္ ခြန္းလွက တည္ၿငိမ္တဲ့ မ်က္ႏွာထားနဲ႔ၾကည့္လိုက္ၿပီး

“ ေသဆုံးခဲ့သူေတြရဲ႕ ဝိဉာဥ္က အခုထိ အိမ္ပ်က္ထဲမွာ ရွိေနေသးတယ္… အခုကလဲ သူတို႔အကူအညီေတာင္းလို႔ စခန္းမႉးကိုလာအသိေပးတာပါ”

“ မျဖစ္ႏိုင္ဘူးေနာ္… ဒီအမႈက လြန္ခဲ့တဲ့ ေလးႏွစ္ေလာက္ထဲက ကိုယ့္ကိုကိုယ္သတ္ေသတဲ့အမႈဆိုၿပီး ပိတ္ထားခဲ့တာ”

“ ဒါကေတာ့ စခန္းမႉးတို႔က ပိုသိမွာေပါ့… က်ဳပ္တို႔က တရားဥပေဒအတိုင္းျဖစ္ေစခ်င္တာမို႔ တကူးတကလာေျပာျပတာ… တကယ့္လူသတ္တရားခံက ေလးႏွစ္ႀကီးမ်ားေတာင္ အျပင္မွာရွိေနေပမယ့္ ေသဆုံးသြားတဲ့မိသားစုက အခုထိ သူတို႔ေနတဲ့ တိုက္ပ်က္ထဲမွာ အၿငိဳးေတးေတြနဲ႔ ေစာင့္ေနတုန္းပဲ”

ခြန္းလွစကားေၾကာင့္ စခန္းမႉးက မ်က္မွန္ကို ခြၽတ္လိုက္ၿပီး

“ ဆရာႀကီးတင္သိန္းရွိလား…”

“ ဟုတ္ကဲ့ ရွိပါတယ္ဗ်”

“ လြန္ခဲ့တဲ့ေလးႏွစ္ကျဖစ္ခဲ့တဲ့ ဘာဘူတိုက္ လူေသမႈကို ဘယ္သူကိုင္ခဲ့တာလဲ”

“ အဲဒါက အရင္စခန္းမႉးကိုယ္တိုင္ ကိုင္ခဲ့တာပါ”

“ ခင္ဗ်ားက ဒီၿမိဳ႕ခံဆိုေတာ့ ေဒၚရွာဘီဆိုတဲ့ မိန္းမကိုသိလား”

“ သိတာေပါ့ ဆရာ.. အဲဒီမိန္းမက ဘာျဖစ္လို႔လဲ”

“ ဘာဘူတိုက္လူေသမႈမွာ သူ႔ကိုသံသယရွိေနလို႔”

“ ဗ်ာ… သူ႔ကို နည္းအမ်ိဳးမ်ိဳးနဲ႔ စစ္ေမးခဲ့ၿပီးၿပီေလဆရာ”

“ ဒါက အရင္လူေတြစစ္ခဲ့တာမဟုတ္လား… အခုက်ဳပ္ကိုယ္တိုင္ ဒီအမႈကို ျပန္ကိုင္မယ္… လိုအပ္တာေတြအသင့္ျပင္ထားလိုက္ပါ”

စခန္းမႉးရဲ႕စကားေၾကာင့္ ခြန္းလွက သေဘာက်စြာ ရယ္လိုက္ၿပီး ရဲစခန္းအျပင္ဘက္ကို ထြက္လာခဲ့လိုက္တယ္။

“ ခြန္းလွ ခဏေနပါဦးကြ”

“ စခန္းမႉးႀကီး ဘာကိစၥမ်ားရွိလို႔လဲ”

“ ေဟ့ေကာင္ … ေက်ာင္းတုန္းကလိုပဲ ေျပာစမ္းပါကြာ”

“ မင္းက ယူနီေဖာင္းနဲ႔ေလ ေအာင္ၾကည္ရဲ႕… ဒါေၾကာင့္ ငါက မင္းကိုေလးေလးစားစားဆက္ဆံတာ”

“ မလိုပါဘူး ခြန္းလွရယ္… ဒါနဲ႔ မင္းက ဘယ္လိုျဖစ္ၿပီး ဒီလိုျဖစ္သြားတာလဲ”

“ ဒီလိုျဖစ္ရမယ္‌ဆိုတဲ့ကံပါလာလို႔ေပါ့… ဟိုမွာ ငါ့ဆရာေစာင့္ေနတယ္… ေအာ္ မင္း ဒီအမႈကို အမွန္ေပၚတဲ့ထိစစ္ေပးပါ”

“ စိတ္ခ်ကြာ ငါ အမႈကိုအစအဆုံး ေသခ်ာျပန္ၾကည့္မယ္၊ မေကာင္းတာလုပ္တဲ့သူက ဘယ္ေတာ့မွ လြတ္႐ိုးထုံးစံမရွိေစရဘူး”

“ ငါတို႔ႏိုင္ငံမွာ မင္းလို ေျဖာင့္မတ္တဲ့ ျပည္သူဝန္ထမ္းေတြ အမ်ားႀကီးလိုတယ္ သူငယ္ခ်င္း”

“ ခုနကေတာ့ စခန္းမႉးေတြ ဘာေတြလုပ္ေနၿပီး အခုမွ သူငယ္ခ်င္းျဖစ္သြားေရာလားကြ ဟားဟား”

သူငယ္ခ်င္းႏွစ္ေယာက္ ေပြ႕ဖက္ႏႈတ္ဆက္လိုက္ၾကၿပီး ရဲစခန္းေရွ႕မွာတင္ လမ္းခြဲခဲ့ၾကတယ္။

++++++

မၾကာခင္အခ်ိန္ကာလအတြင္းမွာေတာ့ ေဒၚရွာဘီတစ္ေယာက္ ငါးေလာင္းၿပိဳင္လူသတ္မႈနဲ႔ အဖမ္းခံခဲ့ရသလို သူအေနနဲ႔ ဘာေၾကာင့္ အခုလိုသတ္ခဲ့ရလဲ၊ ေနာက္ကြယ္မွာ ဘယ္သူေတြရွိေနခဲ့တာလဲဆိုတဲ့ အေၾကာင္းကိုေတာ့ ေအာင္ျမတ္သာႏွင့္ ကံ ကံ၏အက်ိဳး ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္

ေဇယန(ရာမည)