”အောင်မြတ်သာနှင့်ထီးတော်တင်ပွဲခြိမ့်ခြိမ့်သဲ”(စ/ဆုံး)

Unicode Version

”အောင်မြတ်သာနှင့်ထီးတော်တင်ပွဲခြိမ့်ခြိမ့်သဲ”(စ/ဆုံး)
———————————————————————-

ဇေယန(ရာမည)

“ ကိုကျော်ပိုင်… ဗျို့ ကိုကျော်ပိုင်”

ခြံထဲကို အမောတကောပြေး၀င်လာတဲ့ မောင်လွေးအသံကြောင့် ထင်းခွဲနေတဲ့ ကိုကျော်ပိုင်က မျက်လုံးပင့်ကြည့်လိုက်ပြီး

“ ဟေ့ မောင်လွေး ဘာဖြစ်လို့လဲ”

“ ခင် ခင်ဗျားသား ရွာထဲပြန်ရောက်နေပြီဗျ…”

“ ဘာ… ငါ့သားလေး ပြန်ရောက်နေပီ ဟုတ်လား.. မိန်းမရေ သားလေး ပြန်လာပြီတဲ့ဟေ့”

ကိုကျော်ပိုင်က အိမ်နောက်ဘေးမှာရှိနေတဲ့ မိန်းမဖြစ်သူကို အော်ပြောပြီး ရွာထဲကိုပြေးထွက် သွားခဲ့တယ်။

ရွာအ၀င်လမ်းမပေါ်ကိုရောက်တော့ ယောဂီ၀တ်လူသုံးယောက်နဲ့အတူပါလာတဲ့ သားဖြစ်သူကိုမြင်တော့ ကိုကျော်ပိုင်တစ်ယောက် ၀မ်းသာအားရနဲ့ ပြေးဖက်လိုက်ပြီး

“ သား… ဘာမှမဖြစ်ဘူးနော်..”

“ ဘာမှမဖြစ်ပါဘူး အဖေ… ဒီဆရာတွေက သားကို ရွာပြန်ရောက်အောင် ကူညီပေးခဲ့တာ”

“ ဆရာလေးတို့ ကျေးဇူးကို ဘယ်လိုဆပ်ရမလဲတောင်မသိတော့ပါဘူးဗျာ”

“ အဖေ ဆရာတို့ကို အိမ်အရင်ခေါ်သွားပါ‌ရစေဦး..”

“ အေးအေး … အဖေလဲ ၀မ်းသာလွန်သွားလို့ပါ သားရယ်”

ကိုကျော်ပိုင်က မျက်နှာကြီးပြုံဖြီးပြီး ရှေ့ကနေ ထွက်သွားခဲ့တယ်။ အိမ်ကိုရောက်တော့ မိုးထက်မြင့်က ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်ရာ

“ ကံသီပေလို့ပေါ့ သားရယ်… ဒါနဲ့ အဲဒီလူက ဘုရားဌာပနာတွေကိုမှ ပစ်မှားရတယ်လို့ကွယ်”

“ သူပြောတဲ့ပုံအရ အရင်ကလဲ ဌာပနာတွေဖောက်ခဲ့ဖူးတယ်တဲ့…”

“ အခု ဒီလူဘယ်လိုဖြစ်သွားလဲ… သေများသေသွား တာလား”

မလှသိန်းရင်စကားကြောင့် အောင်မြတ်သာက ခေါင်းခါယမ်းပြပြီး

“ အသက်မသေပေမယ့် အသိဉာဏ်ကတော့ သေသွားခဲ့ပါပြီ၊ ဒါကလဲ သူ့အပြစ်နဲ့သူခံရတာပဲလေ”လို့‌ပြောတော့ မိုးထက်မြင့်က မိဘတွေဘက်ကိုလှည့်ပြီး

“ အမေနဲ့အဖေကို တစ်ခုခွင့်တောင်းချင်တယ်”

“ ပြောလေ သား… ဘာခွင့်တောင်းဖို့လဲ”

“ သား ငယ်ငယ်ထဲက ပြိုပျက်နေတဲ့စေတီတွေကို အိမ်မက်မက်တဲ့အကြောင်း ပြောပြခဲ့ဖူးတယ်မလား”

“ ဟုတ်တယ်လေ … ဘာဖြစ်လို့ အဲကိစ္စကိုပြောနေရတာလဲ”

“ အခု သားအနေနဲ့ အိမ်မက်ထဲက စေတီပျက်တွေရှိတဲ့နေရာကို ရောက်ခဲ့ပြီးပြီ… ဒီကဆရာတွေပြောတာကတော့ အဲဒီစေတီတွေကို သားကိုယ်တိုင် ဦးစီးပြီးပြုပြင်ရမယ်တဲ့”

“ ဟင်… သားက ငယ်ငယ်လေးရှိသေးတာ .. မဖြစ်နိုင်ဘူးထင်တယ်နော်”

“ ဖြစ်နိုင်ပါတယ်… အဲဒီစေတီပျက်တွေမှာ ရှိနေကြတဲ့သူတွေကလဲ ဒီကလေးကို စောင့်မျှော် နေကြသလို စေတီပျက်တွေနဲ့ ဆက်နွယ်နေတဲ့ ပဌာန်းဆက်တွေကလဲ ဒီကလေးရဲ့ ဦးဆောင်မှုကို မျှော်လင့်နေကြပါတယ်”

“ သား သဘောကရော ဘယ်လိုရှိလဲ”

“ လုပ်ကြည့်ချင်တယ်အဖေ… ဆရာတွေကလဲ ကိစ္စအားလုံးပြီးတဲ့ထိ အနားမှာနေပေးမယ်တဲ့”

“ ဒါဆို သားက ရွာမှာမနေပဲ ဆရာတို့နဲ့ပြန်လိုက်သွားမှာလား”

“ ဒါကတော့ အဖေတို့ ခွင့်ပြုမှ ပြန်လိုက်သွားမှာပါ”

မိုးထက်မြင့်စကားကြောင့် ကိုကျော်ပိုင်က ဇနီးဖြစ်သူကိုလှမ်းကြည့်လိုက်ပြီး

“ မိန်းမရေ ငါကတော့ သားလေးကို ဒီတိုင်းမလွှတ်ချင်ဘူး”

“ ‌တော်က သဘောမတူဘူးလို့ပြောချင်တာလား”

“ သဘောမတူတာမဟုတ်ပါဘူး… သားလေးတစ်ယောက်ထဲဆိုရင် စားရေးသောက်ရေးအဆင်မပြေဖြစ်နေမှာစိုးလို့ ငါတို့လင်မယားပါလိုက်နေရင်ကောင်းမလားလို့ တိုင်ပင်ကြည့်တာ”

“ ရှင်ပြောတဲ့အကြံမဆိုးဘူး… သားလေး လုပ်ချင်တဲ့အလုပ်ကို ကျွန်မတို့က ဘေးကနေ ပံ့ပိုးလို့ရတာပေါ့… ဒါနဲ့ အခုသွားမယ့်နေရာက အရမ်းခေါင်လားဟင်”

“ မခေါင်ပါဘူးဗျ… စေတီပျက်တွေအနားမှာ မြို့တစ်မြို့လဲရှိပါသေးတယ်”

“ ဒါဖြင့် အထုပ်အပိုးတွေပြင်ထားလိုက်တော့ မိန်းမရေ…”

“ ချက်ချင်းကြီးလား… ဆရာတို့က ဘယ်နေ့သွားမယ်ဆိုတာမပြောသေးဘူးလေ”

“ ကျုပ်တို့က မိဘတွေရဲ့ ခွင့်ပြုချက်ရတာနဲ့ ပြန်သွားကြမှာပါ… ဒီကိစ္စအောင်မြင်ဖို့အတွက် ကာယကံရှင်ကိုယ်တိုင် စွမ်းဆောင်ရမယ့် အရာတွေအများကြီးရှိတယ်နော်”

“ ကျွန်တော်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”

မိုးထက်မြင့်စကားကြောင့် အောင်မြတ်သာက သဘောကျစွာပြုံးလိုက်ပြီး

“ မိဘတွေလဲသဘောတူပြီးပြီဆိုတော့ မနက်ဖြန်မနက် ခရီးစထွက်ကြတာပေါ့…”

“ ဟုတ်ကဲ့ဆရာ … ကျွန်တော်တို့လဲ လိုအပ်တာတွေ ထုပ်ပိုးထားလိုက်ပါမယ်”

ကိုကျော်ပိုင်နဲ့မလှသန်းရင်က တက်ကြွစွာနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ညတွင်းချင်း သိမ်းဆည်း ထုပ်ပိုး‌ခဲ့ကြတယ်။

++++

မနက်မိုးလင်းတာနဲ့ ညထဲကအသင့်ပြင်ထားတဲ့ ပစ္စည်းတွေကိုယူပြီး စေတီပျက်တွေရှိရာ ရွှေပေါ်ကျွန်းမြို့ဆီကို ထွက်လာခဲ့ကြတယ်။

ကားတစ်တန် ‌လှည်းတစ်တန်နဲ့ ခရီးဆက်ပြီးချိန်မှာတော့ ရွှေပေါ်ကျွန်းမြို့ကိုရောက်လာခဲ့ပြီး ရှေးဦးစွာ ဦးအံ့ကြီးနေအိမ်ကိုသွားကာ နှုတ်ဆက်ခဲ့ကြတယ်။ ပြီးတော့မှ စေတီပျက်ရှိရာဘက်ကို ထွက်လာပြီး သင့်တော်တဲ့နေရာတစ်ခုမှာ တဲထိုးကာ နေထိုင်ခဲ့ကြတယ်။

ဦးအံ့ကြီးနဲ့ ရွှေပေါ်ကျွန်းမြို့သူမြို့သားအချို့ကလဲ စေတီပျက်တွေကို ပြန်လည်ပြင်ဆင်မယ်ဆိုတဲ့ သတင်းကိုကြားပေမယ့် ထဲထဲ၀င်၀င် မလုပ်ကြသေးပဲ တကယ်ရောလုပ်နိုင်ပါ့မလားဆိုတဲ့ မျက်လုံးတွေနဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့ကြတယ်။ အောင်မြတ်သာက စေတီပျက်တွေရှိတဲ့နေရာကို ခြေချပြီဆိုတာနဲ့ ပါလာတဲ့သူအားလုံးကို ယောဂီ၀တ်ခိုင်းပြီး သက်သက်လွတ်သာစားစေခဲ့တယ်။

ဒီလိုနဲ့ သုံးရက်မြောက်နေ့မှာတော့ မိုးထက်မြင့် အိပ်ပျော်နေတဲ့အချိန် တဲပေါ်ကို တက်လာတဲ့ခြေသံတစ်ခုကိုကြားလိုက်ရတယ်။

“ ဘယ်သူလဲ… အမေတို့လား…”ဆိုပြီးလှမ်းမေး လိုက်ပေမယ့် ဘာသံမှမထွက်တဲ့အတွက် အိပ်ယာဘေးမှာရှိတဲ့ ဖယောင်းတိုင်နဲ့ မီးခြစ်ကို ယူပြီး ထွန်းဖို့အလုပ်…

“ မီးမထွန်းနဲ့… ငါ့ကိုတွေ့ရင် သွေးပျက်သွားလိမ့်မယ်” ဆိုတဲ့အသံဩဩကို ကြားလိုက်ရတယ်။

မိုးထက်မြင့်က အောင်မြတ်သာတို့နဲ့ တူတူနေပေမယ့် ဒီနေ့မှာတော့ နေသိပ်မကောင်းလို့ တစ်ယောက်ထဲအိပ်နေတဲ့အချိန် အခုလိုကြားလိုက်တာကြောင့် ကြက်သီးမွှေးညှင်းတွေထသွားပြီး

“ သင်က ဘယ်သူလဲ… ဘာလို့ တဲပေါ်ကို တက်လာရတာလဲ”

“ ငါက နင့်ကိုစကားပြောချင်တာကြာပြီ… ဟိုဆရာတွေရှိနေလို့ မလာတာ…နင်က စေတီပျက်တွေကို ပြန်ပြုပြင်မှာသေချာလား”

အမှောင်ထုထဲမှာ ငြိမ်သက်နေတဲ့ လူရိပ်မဲမဲဆီကနေ ထွက်လာတဲ့စကားကြောင့် မိုးထက်မြင့်က မဆိုင်းမတွပဲ

“ သေချာတာပေါ့… ကျုပ်မဖြစ်ဖြစ်အောင်ကို လုပ်မှာ”

“ ငါခွင့်မပြုဘူး… နင်ဒီနေရာကို တရားသံဖုံးလွှမ်းအောင် လုပ်ရင် ငါ့အကြောင်းသိစေရမယ်”

အသံက ချက်ချင်းမာထန်သွားတာကြောင့် မိုးထက်မြင့်တစ်ယောက် အနည်းငယ်ကြောက်စိတ် ၀င်သွားပြီး

“ နင်ကဘယ်သူလဲ… ကောင်းတာလုပ်မှာကို ဘာလို့ တားဆီးနေရတာလဲ”

“ ငါဘယ်သူဆိုတာ နင်သိဖို့မလိုဘူး… နင်လုပ်နေတာကို ရပ်တန်းကရပ်ဖို့သတိလာပေးတာ”

လူရိပ်မဲမဲကြီးက ခြောက်ကပ်ကပ်အသံနဲ့ပြောပြီး ‌တဲပေါ်ကနေ ဝုန်းခနဲခုန်ချကာ စေတီပျက်တွေအနောက်ဘက်ကို ပြေးထွက်သွားခဲ့တယ်။

မိုးထက်မြင့်လဲ အခုလို မကြုံဖူးတာမို့ ခြေဖျားလက်ဖျားတွေအေးစက်ပြီး ကြောက်စိတ်က ဒိုင်းခနဲ၀င်လာတာကြောင့် ဖယောင်းတိုင်မီးကို ထွန်းပြီး ငုတ်တုတ်ထိုင်နေတဲ့အချိန် တဲဆီကိုပြန်လာတဲ့ ခြေသံကို ထပ်ကြားလိုက်ရတယ်။

“ ဒီကောင်လေး အခုထိမအိပ်သေးဘူးလား”

တဲအရှေ့ကနေ လှမ်းမေးတဲ့ မောင်ကောင်းရဲ့ အသံကိုကြားမှ မိုးထက်မြင့်တစ်ယောက် သက်ပြင်းချနိုင်ခဲ့တယ်။

“ အိပ် အိပ်မပျော်လို့…ဆရာ”

“ မင်းပုံစံက တစ်မျိုးကြီးပဲ… ငါတို့မရှိတဲ့အချိန် ဘာဖြစ်ခဲ့တာလဲ”

အောင်မြတ်သာက မျက်မှောက်ကျုံ့ပြီး မေးလိုက်တော့ မိုးထက်မြင့်က တုန်ရီနေတဲ့အသံနဲ့

“ ဆရာတို့မရောက်ခင် မိနစ်ပိုင်းလောက်က တဲပေါ်ကို အရိပ်မဲတစ်ခုတက်လာပြီး စေတီပြုပြင်တာကို ဆက်မလုပ်ဖို့နဲ့ ဆက်လုပ်ရင် သူ့အကြောင်းသိစေရမယ်လို့ လာပြောသွားတယ်”

“ လာပြောတဲ့သူက လူလား နာနာဘာ၀လား”

“ လူတော့မဟုတ်လောက်ဘူးထင်တာပဲ”

“ ဒါဆို ငါတို့ထင်တဲ့အတိုင်း ဖြစ်နေပြီပဲ”

အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှကိုကြည့်ပြီးပြောလိုက်တော့ မိုးထက်မြင့်က ဘာမှနားမလည်တဲ့ဟန်နဲ့

“ ဆရာတို့သိနေတာလား”

“ အစကတော့ သေချာမသိပါဘူး… အခုမှ သိသွားတာ…”

“ တဲပေါ်ကိုလာတဲ့သူက ဘယ်သူလဲဆရာ”

“ ကောင်းမှုလုပ်တာမကြိုက်တဲ့ နာနာဘာ၀ တစ်ကောင်လို့ပဲ သိထားပါ… မင်းအနေနဲ့လဲ ထီးတော်တင်ဖို့အတွက် စောင့်ထိန်းရမယ့် အကျင့်သီလတွေကို မပျက်ယွင်းအောင် ထိန်းဖို့လိုမယ်..ဘာလို့ဆို ရှေ့ဆက်ဒီထက်ပိုကြမ်းတဲ့ အဖျက်တွေ၀င်လာနိုင်တယ်”

“ ကျွန်တော်က ဆရာတို့ပြောသလို ထိန်းပါတယ်… ဒါပေမယ့် ကျွန်တော်မှာ ထီးတော်တင်ဖို့ ငွေတစ်ပြားတစ်ချပ်မှမရှိသေးဘူး”

မိုးထက်မြင့်က သိမ်ငယ်စိတ်နဲ့ပြောတော့ အောင်မြတ်သာက အရှေ့မှာ၀င်ထိုင်လိုက်ပြီး

“ အချိန်တန်ရင် ဖြစ်လာမှာပေါ့… အဲဒီကိစ္စကို တွေးမနေနဲ့…” လို့အားပေးစကားပြောနေတဲ့အချိန် ကိုကျော်ပိုင်တို့နေတဲ့ တဲဘက်ကနေ စူးစူးဝါးဝါးအော်တဲ့အသံကိုကြားလိုက်ရတယ်။

“ မောင်ကောင်း ဟိုဘက်တဲမှာ ဘာဖြစ်လဲမသိဘူး… သွားကြည့်လိုက်ဦး”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းက ကိုကျော်ပိုင်တို့တဲဘက်ကို ထွက်သွားခဲ့လိုက်တယ်။

“ ကိုကျော်ပိုင်… ဘာဖြစ်တာလဲဗျ”

“ ‌ဆရာ လာတာအတော်ပဲဗျာ… ခုနက ကျုပ်တို့အိပ်နေတဲ့အချိန် တဲပေါ်ကို လူတစ်ယောက်တက်လာပြီး လည်ပင်းလာညှစ်လို့ဗျ”

“ ဟင်… လူဆိုတာသေချာလို့လား”

“ သေချာတယ်ဗျ… လူမှ လူအစစ်… လည်ပင်းလာညှစ်လို့ သူ့မျက်နှာကို ရိုက်ချလိုက်တာ အော်ပြီးထွက်ပြေးသွားတယ်”

“ ကျုပ်တို့ကို အဘက်ဘက်ကနေ စမ်းနေပြီထင်တယ်…”

“ စိတ်မပူပါနဲ့ဆရာ… ကျွန်တော် သတိထားပြီး အိပ်ပါ့မယ်…”

ကိုကျော်ပိုင်က စိတ်မပူဖို့ အထပ်ထပ်ပြောနေတာကြောင့် မောင်ကောင်းလဲ တဲပေါ်ကနေ ဆင်းကာ ပြန်လာခဲ့လိုက်တယ်။

“ ဆရာ ကိုကျော်ပိုင်တို့တဲပေါ်ကို လူတစ်ယောက် တက်လာပြီး လည်ပင်းလာညှစ်တယ်ပြောတယ်”

“ ဒီအနီးနားမှာ လူမှမနေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ လူတစ်ယောက်ရှိနေပါတယ် ဆရာ”

အသံက အောက်ခြေလှိုဏ်ခေါင်းပါတဲ့ စေတီပျက်ဘေး‌ကနေ ထွက်လာတာကြောင့် လှည့်ကြည့်လိုက်ရာ ဖွာလန်ကျဲနေတဲ့ အ၀တ်အစားကို ၀တ်ဆင်ထားတဲ့ လူတစ်ယောက်ထွက်လာခဲ့တယ်။

“ သင်ဘယ်သူပါလဲ…”

“ ကျုပ်က ဒီစေတီပျက်မှာနေတဲ့ မောင်ရွှေသင်းပါ”

“ သင် ဘာပြောစရာများရှိလို့လဲ”

“ ခုနက ဖြစ်တဲ့ကိစ္စရဲ့တရားခံကို ဆရာတို့ကောင်းကောင်းကြီးသိနေပါတယ်”

“ ကျုပ်တို့သိတဲ့သူ ဟုတ်လား.. ဘယ်သူများလဲဆိုတာပြောပါဦး”

“ ဆရာတို့နဲ့ ပညာခြင်းပြိုင်လို့ ရှုံးနိမ့်ခဲ့တဲ့သူက ဒီအရပ်ကနေ ဘယ်မှမသွားရသေးပါဘူး… ညဘက်တွေဆို သစ်ကိုင်းခြောက်တစ်ချောင်းနဲ့ တွေ့ရာစေတီအောက်ခြေကို လိုက်တူးနေတာလဲမြင်ရပါတယ်”

“ ဒီလူက အသိစိတ်ကင်းမဲ့နေပြီမဟုတ်လား”

“ အသိစိတ်ကင်းမဲ့နေပေမယ့် သူ့ရဲ့စိတ်အစွဲက ရှိနေသေးတာကြောင့် အခုလိုပြုမူနေတာလို့ ထင်တယ်”

“ ဒါဆိုရင် ဟိုဘက်တဲပေါ်ကိုတက်ပြီး လည်ပင်းညှစ်တာ သူပေါ့”

“ ဟုတ်ပါတယ်ဆရာ…”

“ ‌အဲလိုဆိုရင် ဒီကောင်လေးရှိတဲ့ တဲပေါ်တက်ပြီး ခြိမ်းချောက်တာကရော ဘယ်သူလဲ”

“ ဒီစေတီအနီးတစ်ဝိုက်မှာ ဘုရားသံတရားသံ မကြားချင်တဲ့ ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဆရာ.. သူတို့ထဲက တစ်ယောက်တော့ဖြစ်မယ်လို့ထင်တယ်”

မောင်ရွှေသင်းက စကားပြောနေရင်း ခေတ္တရပ်လိုက်ပြီး မိုးထက်မြင့်ကို လှမ်းကြည့်ကာ

“ ဆရာတော်ကြီးက အရင်ဘ၀ကပုံစံနဲ့သိပ်တူတာပဲ၊ ကျွန်တော်တို့အားလုံး ဒီကုသိုလ်ကြီး ပြီးမြောက်အောင် ဝိုင်း၀န်းကူညီပေးပါ့မယ်” လို့ပြောပြီး အမှောင်ထုကြီးစိုးနေတဲ့ စေတီပျက်တွေဘက်ကို လက်ညိုးထိုးပြခဲ့တယ်။

“ အဲဒီအမှောင်ထုထဲမှာ ဆရာတော်ကြီးကို စောင့်နေကြတဲ့သူတွေ အများကြီးပဲရှိတယ်၊ သူတို့က အနားလာချင်ပေမယ့် ဒီကဆရာတွေရဲ့ အရှိန်အဝါကြောင့် လာမရဘူးဖြစ်နေတာ”

အောင်မြတ်သာလဲ မောင်ရွှေသင်း လက်ညိုးထိုးပြတဲ့ဘက်ကိုကြည့်လိုက်ရာ အမှောင်ထုထဲမှာ ရွှေ့လျားသွားလာနေကြတဲ့ အရိပ်မဲမဲတွေကို မြင်တွေ့လိုက်ရတယ်။

“ သူတို့မျှော်လင့်နေတဲ့နေ့ရက်ကို မကြာခင်ရောက်လာပါ့မယ်လို့ ပြောပေးပါ… သင်တို့က ဒီစေတီပျက်တွေမှာနေထိုင်တဲ့သူ ဖြစ်လို့ မကောင်းတဲ့အရာတွေမဖြစ်အောင် ကူညီပေးကြဖို့လဲ တိုက်တွန်းပါရစေ”

“ ဆရာတို့ ခွင့်ပြုမယ်ဆိုရင် ဆရာတော်ကြီးနေထိုင်တဲ့ ပတ်၀န်းကျင်မှာ ကျွန်တော်တို့လာနေချင်ပါတယ်…”

“ ကဲ… ကောင်လေး.. မင်းရဲ့သဘောကရော”

“ ကျွန်တော်က ဆရာတို့ လမ်းညွှန်တဲ့အတိုင်းနေမှာမို့

သင့်တော်သလို စီမံပေးပါ”

“ ကောင်းပြီလေ… မောင်ရွှေသင်းတို့အနေနဲ့ ကူညီပေးရမှာက ဒီနေရာနဲ့ ပဌာန်းဆက်ရှိတဲ့ သူတွေကို အိမ်မက်ကနေပဲဖြစ်ဖြစ် အခြားလှုံ့ဆော်လို့ရတဲ့နည်းနဲ့ဖြစ်ဖြစ် အသိပေးပါ… ဒီအလှူက ‌ရွှေပေါ်ကျွန်းမြို့ပေါ်မှာ အထူးခြားဆုံးနဲ့ အစည်ကားဆုံး အလှူပွဲဖြစ်လာပါလိမ့်မယ်”

အောင်မြတ်သာစကားကြောင့် မောင်ရွှေသင်းက ခေါင်းငြိမ့်ပြပြီး

“ ကျွန်တော်လဲ ဖိုးသူတော်ကြီးနဲ့တိုင်ပင်ပြီး လုပ်နိုင်သမျှလုပ်ထားလိုက်ပါ့မယ်…” လို့ပြောကာ စေတီပျက်အထဲကို၀င်ရောက်ပျောက်ကွယ်သွား ခဲ့တယ်။

အောင်မြတ်သာတို့လဲ မောင်ရွှေသင်းပျောက်သွားတာနဲ့ တဲဆီကိုပြန်လာခဲ့ပြီး မိုးထက်မြင့်အတွက် အဆောင်လက်ဖွဲ့တစ်ခုလုပ်ကာ လည်ပင်းမှာဆွဲထားစေခဲ့တယ်။

နောက်ရက်တွေမှာတော့ ဘုရားငုတ်တို အနောက်မှာရှိတဲ့တောစပ်ကနေ ထွက်လာတတ်တဲ့ အရူးတစ်ယောက်ကို အောင်မြတ်သာတို့ မြင်တွေ့လိုက်ရတယ်။

+++++++

မွန်းတည့်နေက ပူပြင်းနေတဲ့ နေ့ခင်းကြီးမှာ ကိုအံ့ကြီးတစ်ယောက်ဟင်းသီးဟင်းရွက်အစည်း လိုက်ပိုက်ပြီးရောက်ချလာခဲ့တယ်။

“ ‌ကိုအံ့ကြီးပါလား… ဒီကိုတမင်လာတာလားဗျ”

“ ဟုတ်တယ်ဆရာလေးရေ… ကျုပ်ခြံထဲကထွက်တဲ့ ဟင်းသီးဟင်းရွက်အချို့လာပို့တာ… ဒါနဲ့ ပြောစရာရှိသေးတယ်”

“ ဘာများလဲကိုအံ့ကြီး”

“ ဆရာလေးတို့ ဦးဆောင်ပြီး စေတီတွေကို ထီးတော်တင်မယ်လို့ကြားတော့ မြို့ပေါ်ကလူတွေကလဲ သူတို့လဲ နိုင်သလောက်ပါ၀င်ကြမယ်ဆိုပြီး လမ်းကြီးဘေးမှာ မဏ္ဍပ်တွေထိုးပြီး အလှူခံနေကြတယ်”

“ ဟင်… အဲလိုဆိုဝောာ့ ၀မ်းသာစရာပေါ့ဗျာ…”

“ ဒီထက် ၀မ်းသာစရာကောင်းတာက မနက်ဖြန်ကစပြီး ညနေစောင်းတာနဲ့ စေတီပျက်တွေမှာ လုပ်အားဒါနပေးမယ့် သူတွေလာကြလိမ့်မယ်…”

“ အရင်က ဒီကိုမလာရဲကြတဲ့သူတွေက ဘယ်လိုဖြစ်ပြီး အခုလိုစိတ်အားထက်သန်သွားကြ တာလဲ”

“ တကယ်တော့ ကျုပ်တို့မြို့ကလူတွေအနေနဲ့ ဦးစီးဦးဆောင်ပြုမယ့်သူကိုလိုနေတာ…ဆရာလေးတို့က အခုလိုလုပ်ပြတော့ မြို့ခံဖြစ်တဲ့ကျုပ်တို့ကလဲ အချောင်နေလို့ဘယ်ရတော့မလဲဗျ ဟဲဟဲ”

“ ကြားရတဲ့သတင်းက ၀မ်းသာစရာပဲဗျာ… မြို့ခံတွေကလဲ နိုင်တဲ့ဘက်က ကူညီကြသလို… ကျုပ်တို့ဘက်ကလဲ နိုင်တဲ့ဘက်က အားထည့်ပေးရမှာပေါ့…”

“ စေတီတွေထီးတင်တဲ့အခါ ကျုပ်ကိုရှေ့ဆုံးမှာ ထားနော် ဆရာလေး”

ကိုအံ့ကြီးစကားကြောင့် အောင်မြတ်သာက သဘောကျစွာရယ်မောလိုက်ပါတော့တယ်။

+++++

ရွှေပေါ်ကျွန်းမြို့သူမြို့သားတွေအနေနဲ့ နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့တဲ့ ထီးတော်တင်ပွဲအတွက် နိုင်တဲ့ဘက်ကအစွမ်းကုန် အားထည့်ပေးကြသလို အောင်မြတ်သာတို့ကလဲ အဓိဌာန်၀င်ခြင်း၊ သီလဆောက်တည်ခြင်းများ လုပ်ဆောင်‌ခဲ့ကြတယ်။ ဒီလိုနဲ့ တစ်လလောက်ကြာတဲ့အချိန်မှာတော့ စင်္ကြန်လျောက်နေတဲ့အချိန် စံပယ်ပန်းရနံ့က ကြိုင်လှိုင်စွာထွက်ပေါ်လာခဲ့သလို ခပ်ဖွဖွလျောက်နင်းလာတဲ့ ခြေသံကိုကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်ရာ တစ်ခေါင်းလုံး စံပယ်ပန်းတွေသီကုံးပန်ဆင်ထားတဲ့ မိန်းမတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။

“ ဆရာ ကျွန်မကို မှတ်မိပါရဲ့လား”

အင်မတန်မှ ချောမောလှပတဲ့ မိန်းကလေးက လက်အုပ်ချီပြီးရိုကျိုးစွာမေးလိုက်တဲ့စကားကြောင့် အောင်မြတ်သာက တည်ငြိမ်တဲ့လေသံနဲ့

“ မြပန်းနွယ်ကို ကျုပ်မှတ်မိပါတယ်ဗျာ…”

“ ဆရာတို့စရောက်တဲ့အချိန်မှာ လာမတွေ့နိုင်တာက ယခင်ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ဆေးကြောတဲ့ အနေနဲ့ အဓိဌာန်၀င်နေလို့ပါ”

“ အခုရော အဓိဌာန်အောင်မြင်သွားပြီလား”

“ အောင်မြင်ခဲ့ပါတယ်ဆရာ… ဆရာတို့အနေနဲ့ ဒီစေတီတွေကို အသစ်ပြန်လည်မွမ်းမံမယ်ဆိုတဲ့ သတင်းလဲကြားရတာကြောင့် ကျွန်မပိုင်ဆိုင်တဲ့ ပစ္စည်းထဲက အချို့ကို ဌာပနာလာထည့်တာပါဆရာ”

“ သာဓု သာဓု သာဓု… သင်ရဲ့ မွန်မြတ်တဲ့စိတ်ထားကို ကျုပ်သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်… ထီးတော်တင်ပွဲကြရင်လဲ သင့်အတွက် ရေစက်ခွက် သီးသန့်ထားပေးပါမယ်”

အောင်မြတ်သာစကားကြားတော့ မြပန်းနွယ်က ကြည်နူးစွာဖြင့် တံတောင်ဆစ်ခန့်၀တ်ဆင်ထားတဲ့ လက်ကောက်တွေကို ချွတ်ကာ လှူဒါန်းပြီး အမှောင်ထုထဲ၀င်ရောက်ကာ ပျောက်ကွယ်သွား ခဲ့တယ်။

ဒုတိယနေ့မှာတော့ ဖိုးသူတော်ကြီးဝါယမရောက် လာပြီး စေတီပျက်တစ်ခုရဲ့အောက်ခြေမှာ မြုပ်နှံထားတဲ့ ပိုင်ရှင်မဲ့ပတ္တမြားတွေကို ဌာပနာအတွက် လာရောက်လှူဒါန်ပေးခဲ့တယ်။

အောင်မြတ်သာလဲ ရရှိထားတဲ့ ဌာပနာပစ္စည်းတွေကို မြို့ခံလူကြီးတွေလက်ထဲကို စာရင်းနဲ့တကွအပ်ပြီး ထိန်းသိမ်းစောင့်ရှောက်စေခဲ့တယ်။ မြို့မိမြို့ဖတွေကလဲ လောကမာန်အောင်စေတီနှင့် အရံစေတီများပြန်လည်ပြုပြင်မွမ်းမံခြင်းဆိုတဲ့ အဖွဲ့ကိုဖွဲ့စည်းကာ ရရှိလာတဲ့ အလှူငွေတွေနဲ့ အခြားဌာပနာပစ္စည်းတွေကို စနစ်တကျ မှတ်တမ်းထားတာ ထိန်းသိမ်းပေးခဲ့ကြတယ်။

‌ယခင်က အမှိုက်သရိုက်တွေနဲ့ ရှုပ်ပွနေတဲ့ လောကမာန်အောင်စေတီပရ၀ဏ်ကလဲ မြို့သူမြို့သားတွေရဲ့ လုပ်အားဒါနကြောင့် သန့်ရှင်းလာခဲ့ပြီး မျက်စိပသာဒကျလာခဲ့တယ်။

ဒီလိုနဲ့ ငါးလလောက်ကြာတဲ့အချိန်မှာတော့ စေတီရှေ့ကို ဟီးနိုးကားတစ်စီး ထိုးရပ်လာပြီး အထဲကနေ ဥပဓိရုပ်ကောင်းကောင်း လူတစ်ယောက်နဲ့ အလုပ်သမားအယောက်၃၀လောက်ဆင်းလာတာကိုမြင်လိုက်ရတယ်။

အ၀တ်အစားသန့်သန့်ပြန့်ပြန့်၀တ်စားတဲ့လူက ‌အောင်မြတ်သာအရှေ့ကိုတန်း၀င်လာပြီး ၀မ်းသာတဲ့ မျက်နှာထားနဲ့

“ ဆရာ ကျွန်တော်ကို မှတ်မိပါရဲ့လား” လို့ပြောလိုက်တာကြောင့် သေချာကြည့်လိုက်ရာ ယခင်က ရွှေပေါ်ကျွန်းမြို့မှာ တောင်းရမ်းစားသောက်ခဲ့ရတဲ့ မောင်ကျင်ဖြစ်နေတာကိုမြင်လိုက်ရတယ်။

(မောင်ကျင် အကြောင်းကိုတော့ အောင်မြတ်သာနှင့် ထူဆန်းသောဘုရားငုတ်တိုဆိုတဲ့၀တ္တုမှာဖတ်ရှု နိုင်ပါသည်)

“ မင်းက မောင်ကျင် မဟုတ်လား”

“ ဟုတ်တာပေါ့ဆရာရယ်… ကျွန်တော် မောင်ကျင်လေ”

“ အခုလိုကျတော့လဲ မှတ်တောင်မမှတ်မိဘူး…”

“ ဆရာကသာမမှတ်မိတာ… ကျွန်တော်က မှတ်မိပါတယ်”

မောင်ကျင်နဲ့အောင်မြတ်သာတို့ စကားပြောနေတဲ့အချိန် မောင်ကောင်း၊ ခွန်းလှနဲ့ မိုးထက်မြင့်တို့ရောက်လာခဲ့တယ်။

“ ဆရာတို့ ကျွန်တော်ကို မှတ်မိလား”

“ ဟင်… မင်းက မင်းက အရူးမောင်ကျင် မဟုတ်လား”

“ ဟုတ်တာပေါ့ဆရာရဲ့ … အရူးမောင်ကျင်လေဗျာ”

မောင်ကောင်းနဲ့ ခွန်းလှတို့လဲ မောင်ကျင်ကို ပွေ့ဖက်ကာနှုတ်ဆက်လိုက်ပြီး

“ ဘယ်လိုလုပ် ရောက်လာတာလဲမောင်ကျင်ရ… နောက်ပြီး အလုပ်သမားတွေလဲ အများကြီးပါလား”

“ ဒီနေရာက ကျွန်တော်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း ရှင်သန်ခဲ့တဲ့နေရာလေဗျာ… လွန်ခဲ့တဲ့လက ဦးအံ့ကြီးနဲ့မြို့ပေါ်မှာဆုံတော့ ဆရာတို့ဦးဆောင်ပြီး စေတီကိုပြန်ပြင်ပြုပြင်နေတယ်ဆိုတာ သိလိုက်ရတယ်၊ ဒါနဲ့ ကျွန်တော်လဲ နိုင်သလောက်ကူညီမယ်ဆိုပြီး အလုပ်သမားတွေကိုခေါ်လာခဲ့တာပဲ… ဒါက အလုပ်သမားခေါင်းဆောင် ကိုမြင့်ဦးတဲ့၊ သူက ပန်းရံရော လက်သမားပါရတာမို့ ဆရာတို့အတွက်အဆင်ပြေမှာပါ”

မောင်ကျင်ရဲ့စကားကြောင့် ကိုမြင့်ဦးကို ပြုံးပြပြီး

“ ဆရာတို့ လိုအပ်တာရှိရင် အချိန်မရွေးခေါ်ခိုင်းပါ ကျွန်တော်တို့ဆရာက စေတီပြုပြင်ပြီးတဲ့ထိ ဒီမှာနေဖို့ပြောထားပါတယ်”

“ ဒီလိုဆိုတော့လဲ အဆင်သင့်တာပေါ့ဗျာ… နေထိုင်ဖို့ကိုတော့ လွတ်တဲ့နေရာမှာ အခုလိုတဲထိုးပြီး နေကြပေါ့”

“ကျွန်တော်တို့က အခြားမြို့ရွာတွေမှာ လနဲ့ချီပြီး အလုပ်လုပ်ဖူးတာမို့၊ နေထိုင်ဖို့အတွက် စိတ်မပူပါနဲ့”

အောင်မြတ်သာလဲ အလုပ်သမားအဖွဲ့ကို နေထိုင်တဲ့အချိန် သတိထားရမယ့်အချက်တွေကို ပြောပြပြီး နေရာချပေးခဲ့တယ်။

မောင်ကျင်က ရွှေပေါ်ကျွန်းမြို့မှာ တစ်ပတ်ခန့်နေသွားပြီး ပြိုပျက်နေတဲ့ စေတီငယ်တွေကို စတင်မွမ်းမံပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ အောင်မြတ်သာတို့ကပဲ ကြီးကြပ်ကာ ဆောင်ရွက်ခဲ့တယ်။ လိုအပ်တဲ့ အလှူငွေတွေကိုတော့ မြို့ခံလူထုတွေအပြင် အနီးနားမှာရှိတဲ့အလှူရှင်တွေက တစ်ယောက်တစ်လက် ကူညီပေးခဲ့ကြတယ်။

တစ်စတစ်စနဲ့ ရုပ်လုံးပေါ်လာတဲ့ စေတီတွေကြောင့် ရပ်ဝေးရပ်နီးကနေ လာရောက်ဖူးမျှော်ကြတဲ့ ဘုရားဖူးတွေက တစ်စတစ်စနဲ့ များပြားလာခဲ့တယ်။ အချို့ကျတော့လဲ အိမ်မက်အရ လာရောက်ဖူးမျှော်တာရှိသလို အချို့ကျတော့လဲ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ လာရောက်ဖူးမျှော်ခဲ့ကြတယ်။

အရံစေတီတွေအားလုံးကို ပြုပြင်ပြီးချိန်မှာတော့ ထင်မှတ်မထားတဲ့ ဖြစ်ရပ်တစ်ခု ရွှေပေါ်ကျွန်းမြို့မှာ ဖြစ်ပွားခဲ့တယ်။

+++++

“ ဆရာလေး… ဆရာလေး…”

ညကြီးသန်းခေါင်အချိန်အော်ခေါ်နေတဲ့ ဦးအံ့ကြီး အသံကြောင့် အောင်မြတ်သာ တဲအပြင်ကို ထွက်လာပြီး

“ ဦးအံ့ကြီးပါလား ဘာများဖြစ်လို့လဲဗျ”

“ ဆရာ လာကြည့်ပေးပါဦး… ညနေက စေတီမှာ လုပ်အားလာပေးကြတဲ့သူတွေအားလုံး မူးဝေအော့အန်နေလို့ဗျာ”

“ ဟင်… အားလုံးဖြစ်နေတာလား”

“ အားလုံးမဟုတ်ပေမယ့် အတော်များများဖြစ်နေကြတယ်… အချို့ဆို တစ်ယောက်ယောက်၀င်ပူးသလို မူမမှန်ဖြစ်နေကြတယ်ဆရာ”

အောင်မြတ်သာလဲ ဦးအံ့ကြီးစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ကို ခေါ်ကာ ချက်ချင်းပင် မြို့ထဲကိုလိုက်လာခဲ့လိုက်တယ်။ မြို့ထဲရောက်တော့ အတန်သင့်ကျယ်၀န်းတဲ့ အိမ်တစ်အိမ်မှာ အားလုံးကိုစုခိုင်းပြီး ပြင်ပကအနှောက်အယှက်တွေမ၀င်နိုင်အောင် တစ်အိမ်လုံးကိုစည်းတားနေတဲ့အချိန်

“ အီးဟီးဟီး… အီးအဟီး ဆိုတဲ့အသံနဲ့အတူ လူငယ်အချို့ ထငိုပါလေရော”

မိဘတွေက စိုးရိမ်တကြီး အနားကပ်ဖို့လုပ်တော့ အောင်မြတ်သာက လက်ကာပြပြီး

“ အားလုံးနောက်ဆုတ်နေကြပါ…ကလေးတွေ ဘာမှမဖြစ်စေရပါဘူး…” လို့ပြောကာ အနားကပ်သွားခဲ့တယ်။

“ သင်တို့ကဘယ်သူတွေလဲ…ကလေးတွေကို ဘာကြောင့် ပူးကပ်နှောက်ယှက်နေတယ်ဆိုတာ နှုတ်ဖွင့်စမ်း” လို့အမိန့်ပြန်လိုက်ပေမယ့် ပူးကပ်နေတဲ့သူတွေက ဘာမှမဖြေပဲ ငိုမြဲတိုင်းငိုနေတာကြောင့် သုံးကွင်အင်းကိုပြာချရေဖျော်ကာ လူအုပ်ထဲကို လက်ညိုးနဲ့ တောက်ထုတ်လိုက်တယ်။

“ အမလေး… ပူတယ်… ပူလှချည်ရဲ့ … အဟီးအဟီး”

“ ပူတယ်ဆိုရင် မေးတာကိုဖြေ… သင်တို့ဘာကြောင့် ကလေးတွေကို ၀င်ရောက်ပူးကပ်နေကြတာလဲ”

“ စုတ်ဖွားကြီးခိုင်းလို့လုပ်ရတာပါ…”

“ စုတ်ဖွားကြီးဆိုတာ ဘယ်သူလဲ… သူကဘယ်မှာနေတာလဲ”

“ ‌သူက စေတီပျက်တွေရဲ့အပြင်ဘက် ထန်းပင်မှာနေပါတယ်…”

“ သူက ကလေးတွေကိုဘာလို့ ဒီလိုလုပ်ခိုင်းရတာလဲ.. အမှန်တိုင်းဖြေစမ်း”

“ စုတ်ဖွားကြီးက စေတီတွေအသစ်ပြုပြင်တာကို မနှစ်သက်ပါဘူး… ဘုရားသံတရားသံတွေကြားရင် အထက်နတ်ကြီးတွေလာမှာစိုးတဲ့အတွက် ဒီပွဲကို မဖြစ်အောင် နည်းအမျိုးမျိုးနဲ့နှောက်ယှက်ဖို့ မှာထားပါတယ်”

“ နင်တို့က သူပြောတဲ့အတိုင်း လိုက်လုပ်စရာလား…”

“ မလုပ်လို့မရဘူးဆရာ.. ကျုပ်တို့က သူပိုင်နက်ထဲမှာ ခိုကပ်နေတဲ့သူတွေဖြစ်လို့ သူခိုင်းတာမလုပ်ရင် နေစရာမရှိအောင် မောင်းထုတ်တာကိုခံရပါတယ်”

“ သူ့လက်အောက်မှာနေကြတဲ့သူတွေ ဘယ်လောက်ရှိလဲ”

“ အတော်များပါတယ်ဆရာ… အတိအကျတော့ မသိပါဘူး”

“ ဒီကောင်အတော်ကို ဆိုးသွမ်းနေပါလား… ဟင်း… မင်းတို့ရော သူ့လက်အောက်မှာ နေချင်သေးလား”

“ မနေချင်ကြပါဘူးဆရာ… နေစရာမရှိလို့ ခိုကပ်နေရပေမယ့် နေဖို့နေရာရှိရင် သူ့ဆီကနေ ထွက်လာကြမယ့်သူတွေအများကြီးရှိပါတယ်”

“ အိမ်း ဟုတ်ပြီ…အခုညကစပြီး သင်တို့နေဖို့ စေတီရဲ့ပရ၀ဏ်ထဲမှာ နေရာလုပ်ပေးမယ်… ဒါကြောင့် ကလေးတွေကိုယ်ထဲကနေ အခုချက်ချင်းခွာပြီး အိမ်ရှေ့လမ်းပေါ်မှာ စောင့်နေကြ”

အောင်မြတ်သာအမိန့်ပေးလိုက်တယ်ဆိုရင်ပဲ ငိုယိုနေကြတဲ့လူငယ်တွေက လူကောင်းအတိုင်းပြန်ဖြစ်သွားပြီး ပတ်၀န်းကျင်ကို ထူးဆန်းတဲ့မျက်လုံးတွေနဲ့ လိုက်ကြည့်နေခဲ့ကြတယ်။

“ ခွန်းလှ‌နဲ့ မောင်ကောင်းက သူတို့အားလုံးကို ရေမန်းလိုက်တိုက်ပေးပါ…‌ပြီးရင်တော့ လမ်းမမှာစောင့်နေကြတဲ့သူတွေကို ပရ၀ဏ်ထဲကို ခေါ်သွားလိုက်… ငါမကြာခင်လိုက်လာခဲ့မယ်”

“ဟုတ်ကဲ့ပါဆရာ… ကျွန်တော်တို့ သေချာခေါ်သွားလိုက်ပါ့မယ်”

အောင်မြတ်သာလဲ မြို့ခံလူတွေကို စိတ်မပူဖို့ပြောပြီးတာနဲ့ ထန်းပင်ရှိရာဘက်ကို တစ်ယောက်ထဲ ထွက်လာခဲ့လိုက်တယ်။

+++++

လရောင်က မှိန်ပြပြကျနေတာမို့ ပတ်၀န်းကျင်တစ်ခု လုံးကို ကောင်းစွာမြင်တွေ့နေရသလို တစ်ပင်ထဲ ထီးထီးကြီးဖြစ်နေတဲ့ နှစ်ချို့ထန်းပင်ကြီးက တစ္ဆေတစ်ကောင် မတ်တပ်ရပ်နေတဲ့အလား ထီးထီးကြီးတည်ရှိနေခဲ့တယ်။

အောင်မြတ်သာက ထန်းပင်နဲ့ ဝါးတစ်ပြန်အကွာရောက်တော့ ရှေ့ကိုဆက်မတိုးတော့ပဲ အပေါ်ကိုမော့ကြည့်ကာ

“ ဒီအပင်မှာနေထိုင်တဲ့ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ် တွေအနေနဲ့ ကျုပ်တို့လုပ်ဆောင်နေတဲ့ ကိစ္စကို ထပ်မံမနှောက်ယှက်ဖို့ မေတ္တာရပ်ခံချင်တယ်” လို့ပြောလိုက်တယ်ဆိုရင်ပဲ ထန်းပင်ပေါ်ကနေ လက်သီးဆုပ်ခန့်ရှိတဲ့ ထန်းသီးခြောက်တွေ ကျဆင်းလာခဲ့တယ်။

“ ကောင်းကောင်းမွန်မွန်ပြောနေတာကို အခုလိုပြုမူတယ်ဆိုတော့ ငါ့အနေနဲ့ သက်ညှာစရာမလိုတော့ဘူး”

အောင်မြတ်သာက စူးရှတဲ့မျက်လုံးနဲ့ ထန်းပင်ပေါ်ကိုမော့ကြည့်ပြီး မိစ္ဆာနိုင်အင်းတစ်ရွက်ကို ထန်းပင်အမြစ်နားမှာ ချလိုက်တယ်ဆိုရင်ပဲ ထန်းရွက်တွေက လေမတိုက်ပဲ တဖျတ်ဖျတ်နဲ့လှုပ်ရှားလာပြီး ကြောက်လန့်တကြားအော်ဟစ်သံတွေထွက်လာခဲ့တယ်။ မကြာခင်မှာပဲ ထန်းပင်ပေါ်ကနေ အမွှေးအမျှင်တွေ ထူထဲစွာပေါက်နေတဲ့ လူလိုလို မျောက်လိုလိုအကောင်တစ်ကောင် တွယ်ဆင်းလာခဲ့ပြီး မြေကြီးနဲ့ တစ်လံလောက်အကွာမှာ ငြိမ်နေခဲ့တယ်။

“ စုတ်ဖွားဆိုတာ မင်းလား”

“ အေး.. စုတ်ဖွားဆိုတာငါပဲကွ”

လေသံက မာထန်လွန်းတာကြောင့် အောင်မြတ်သာက မြေကြီးကိုဖနောင့်နဲ့ ပေါက်ချလိုက်ရာ ထန်းပင်မှာတွယ်ကပ်နေတဲ့ အကောင်က မြေကြီးပေါ်ကို ဗိုင်းခနဲပြုတ်ကျလာခဲ့တယ်။

“ မင်းဘာလို့ လုပ်အားဒါနပေးတဲ့ ကလေးတွေကို ခြောက်လှန့်ခိုင်းတာလဲ”

“ ငါမကြိုက်ဘူး…ဒီနေရာမှာ ဘာမှလာမလုပ်ကြနဲ့ ထွက်သွားကြ”

“ ငါတို့ကလဲ ကိုယ်ကျိုးအတွက် လုပ်နေတာ တစ်ခုမှမရှိဘူး… ဝေနေယျသတ္တဝါတွေ ကျွတ်လွတ်ပါစေဆိုတဲ့စိတ်နဲ့လုပ်ပေးနေတာ… ဒါကို မင်းလိုမိုက်တွင်းနက်တဲ့ကောင်က ဘယ်သိနိုင်ပါ့မလဲ…”

“ ငါ့ကိုတရားလာမဟောနဲ့…မသိချင်ဘူး… ငါ့နေရာကနေ သွားကြစမ်း”

“ အတော်အကုသိုလ်ကြီးတဲ့ကောင်ပဲ… မင်းက ချွတ်လို့လဲကျွတ်မှာမဟုတ်တာကြောင့် မင်းနဲ့တန်ရာကိုပဲပြပေးရမှာပေါ့”

အောင်မြတ်သာက ခပ်ပြုံးပြုံးနဲ့ပြောပြီး နှုတ်ခမ်းလှုပ်ရုံရေရွတ်လိုက်ရာ အသားနီနီ ကိုယ်ထည်တောင့်တောင့် မျက်လုံးပြူးပြူးနဲ့ လူထွားကြီးတစ်ယောက် ဘွားခနဲပေါ်လာခဲ့တယ်။

“ နယ် နယ်ပိုင်သခင်ပါလား”

စုတ်ဖွားရဲ့ အလန့်တကြားရေရွတ်သံ။

“ ကျုပ်ကိုခေါ်တာ ဆရာလား”

“ ဟုတ်ပါတယ်… ဒီကောင်က သင့်လက်အောက်မှာ ရှိနေတဲ့သူမဟုတ်လား”

နယ်ပိုင်ပုဂ္ဂိုလ်က စုတ်ဖွားကို မျက်ထောင့်နီနဲ့ လှမ်းကြည့်ပြီးမှ

“ ဒီကောင်က လက်တိုလက်တောင်းခိုင်းတဲ့အဆင့်ပဲ ရှိပါတယ်ဆရာ… ဘာများမလိမ်မာတာလုပ်မိလို့ ပါလဲ”

နယ်ပိုင်က အောင်မြတ်သာက ရိုရိုကျိုးကျိုးပြောနေတာမြင်တဲ့ စုတ်ဖွားက အသားတွေတဆတ်ဆတ်တုန်တဲ့ထိ ကြောက်လန့်နေခဲ့တယ်။

“ သင့်တပည့်က စေတီ‌ပျက်တွေပြုပြင်တာကို မနှစ်သက်တဲ့အပြင် လုပ်အားဒါနပေးတဲ့ လူငယ်တွေကို နှောက်ယှက်ခဲ့တယ်။ ဒါတင်မကသေးပဲ ကျုပ်ကိုတောင် ရန်ပြုမယ့်ပုံစံ လုပ်ခဲ့သေးတယ်”

“ ကျုပ်တပည့်ရဲ့ ရိုင်းပြမှုအတွက် ဆရာကို တောင်းပန်ပါတယ်… ဒီကောင်ကိုလဲ နောက်နောင် အခုလိုမလုပ်ရအောင် ဆရာရှေ့မှာတင်ဆုံးမပေးပါ့မယ်… ဟေ့ကောင် စုတ်ဖွား လာစမ်း”

နယ်ပိုင်လူထွားကြီးရဲ့အသံကြောင့် စုတ်ဖွားက တုန်တုန်ရီရီနဲ့ အနားကပ်လာခဲ့ရာ ဟိုက ဘာမှမပြောပဲ ခြေထောက်ကနေဆွဲကိုင်ကာ ထန်းပင်နဲ့ဆွဲဖွတ်ပါလေရော။

“ ဖြောင်း”

“ ဂျွတ်”

“ ဝုန်း”

“ ကြောက်ပါပြီ နောက်နောင် မလေးမစားမလုပ်ရဲတော့ပါဘူး… ဒီတစ်ခါ ခွင့်လွှတ်ပေးပါ”

“ ဟမ်… ခွင့်လွှတ်ပေးရမယ်ဟုတ်လား… ဒီပုဂ္ဂိုလ်က သူ့ဖိနပ်ကို မင်းခေါင်းပေါ်တင်ရင်တောင် မင်းမျက်လုံးတောင်မော်ကြည့်ခွင့်မရှိဘူးကွ.. ဖြောင်း ဖြောင်း ဖြောင်း”

နားထင်ကို ကြီးမားတဲ့လက်ဝါးတွေနဲ့ဆင့်ကာ ဆင့်ကာရိုက်ချလိုက်ရာ စုတ်ဖွားတစ်ကောင် ထန်းပင်အောက်မှာ ပုံလျက်သားလဲကျသွားခဲ့တယ်။

“ ဒီလောက်ဆို သူလဲမှတ်လောက်ပါပြီ… ထပ်မရိုက်ပါနဲ့တော့”

“ ဆရာတို့ကို နောက်နောင် ဘယ်သူမှမနှောက်ယှက်စေရတော့ပါဘူး… ထီးတော်တင်ပွဲကျရင်လဲ ကျုပ်တို့အတွက် အမျှအတန်းထည့်ဝေပေးပါ…”

“ ကောင်းပါပြီ သင့်နာမည်ကိုခေါ်ပြီး အမျှတန်းပေးဝေမှာဖြစ်သလို သင့်ငယ်သားတွေကိုလဲ ရည်စူးပြီးအမျှတန်းဝေပေးပါ့မယ်”

စုတ်ဖွားလဲအဲဒီတော့မှ အောင်မြတ်သာရဲ့ရှေ့မှာ ဒူးထောက်ကာ အကြိမ်ကြိမ်အခါခါတောင်းပန် ပါလေရော။

“ သင်အမှားကိုသိပြီဆိုရင် နောက်နောင် ဒီလိုမဖြစ်စေနဲ့…ကျုပ်လဲ အခြားအရေးကိစ္စတွေ လုပ်ရဦးမှာမို့ ဒီလောက်နဲ့သွားလိုက်ပါ့မယ်” လို့ပြောကာ ထန်းပင်အောက်ကနေ ထွက်လာခဲ့လိုက်တယ်။

တဲကိုပြန်ရောက်တော့ မောင်ကောင်း၊ ခွန်းလှနဲ့ မိုးထက်မြင့်တို့ မအိပ်သေးပဲစောင့်နေကြတာကို မြင်လိုက်ရတယ်။

“ ဘယ်လိုလဲ…နေရာချတာအဆင်ပြေရဲ့လား”

“ အဆင်ပြေပါတယ်ဆရာ.. ဖိုးသူတော်ကြီးက ပါလာတဲ့ပုဂ္ဂိုလ်တွေအတွက် သင့်တော်တဲ့နေရာ စီစဉ်ပေးပါတယ်”

“ အင်း… အချိန်လဲနောက်ကျနေပြီမို့ အနားယူလိုက်ကြဦး… မနက်ဖြန်ကျရင် လုပ်စရာတွေကျန်သေးတယ်”

“ ဟုတ်ကဲ့ဆရာ.. ဒါဆို ကျွန်တော်တို့ နားလိုက်ပါ့မယ်”

မောင်ကောင်းတို့ တဲပေါ်တက်သွားတော့ အောင်မြတ်သာက ‌လောကမာန်အောင်စေတီပေါ်ကို တက်ကာ ပြုပြင်ထားတဲ့အခြေအနေတွေကို လိုက်ကြည့်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ စေတီရဲ့ ‌အနောက်ဘက်လှေကားကနေ ခါးကုန်းကုန်းနဲ့ မိန်းမတစ်ယောက်တက်လာပြီး တစ်လံအကွာရောက်တော့ ခါးကိုဆန့်ထုတ်လိုက်ရာ အရပ်ခြောက်ပေကျော်အထိ မြင့်တက်သွားခဲ့တယ်။

“ အသင်က ဘယ်သူပါလဲ”

“ ကျွန်မက မြို့ပြင်ကျောက်ဂူမှာရှိတဲ့ ပစ္စည်းတွေကို စောင့်ရှောက်နေတဲ့သူပါ…နာမည်ကတော့ မိရွှေမြလို့ခေါ်ပါတယ်”

“ သင်က ကျုပ်ဆီရောက်လာတာ ဘာအရေးကိစ္စများရှိလို့ပါလဲ”

“ ဆရာတို့ ဘုရားဌာပနာထည့်တဲ့အခါ ကျွန်မတို့မိဘစဉ်ဆက်ကိုးကွယ်လာတဲ့ မြဘုရားကိုပါ ထည့်စေချင်ပါတယ်”

“ သင်ရဲ့ဆန္ဒပါတယ်ဆိုရင် ကျုပ်ထည့်ပေးပါ့မယ်… ဌာပနာပစ္စည်းကအခုပါလာတာလား”

“ ပါပါတယ်ဆရာ…ဒီမှာပါ”

မိရွှေမြက ပခုံးမှာတင်ထားတဲ့ သဘက်ကို ဆွဲဖယ်လိုက်ရာ လက်ပေါ်မှာတင်ထားတဲ့ တစ်ထွာသာသာမြဘုရားတစ်ဆူကိုဖူးမြင်လိုက်ရတယ်။

“ အတော်ကိုလက်ရာမြောက်တဲ့ဘုရားတစ်ဆူ ပါလား”

“ ဆရာတို့ရဲ့ကျေးဇူးကြောင့် အခုလို လှူဒါန်းခွင့်ရတာကို ကျေနပ်နေပါပြီ… ထီးတော်တင်မယ့်နေ့ကျရင်လဲ သာဓုခေါ်ဆိုဖို့စောင့်နေပါ့မယ်”

“ သင့်ကိုလဲ မမေ့မလျော့ ပင့်ဖိတ်မှာပါ”

အောင်မြတ်သာက မြဘုရားကို လက်ခံယူလိုက်ပြီးချိန်မှာတော့ မိရွှေမြက စေတီကို ဦးသုံးကြိမ်ချကာ အနောက်ဘက်လှေကားကနေ ပြန်ဆင်းသွားခဲ့တယ်။

++++

ဒီလိုနဲ့ ကိုးလတိတိပြည့်တဲ့နေ့မှာတော့ အလှူရှင်တွေရဲ့ စေတနာသဒ္ဒါတရားထက်သန် မှုနဲ့အတူ စေတီတွေအားလုံးကို ပြုပြင်နိုင်ခဲ့ပြီး ဌာပနာပစ္စည်းတွေလဲ တန်ဖိုးဖြတ်မရအောင် ရရှိခဲ့တယ်။

အောင်မြတ်သာတို့လဲ မြို့ခံလူကြီးတွေနဲ့ တိုင်ပင်ပြီးချိန်မှာတော့ ထီးတော်တင်ပွဲကို တပေါင်းလပြည့်နေ့မှာကျင်းပပြုလုပ်ဖို့ သဘောတူညီခဲ့ကြတယ်။

ထီးတော်လှည့်လည်ပွဲအခမ်းအနားကတော့ ရွှေပေါ်ကျွန်းမြို့ပေါ်မှာ အကြီးကျယ်အခမ်းနားဆုံးဖြစ်ခဲ့သလို အခြားမြို့ရွာက လူတွေတောင် အားကျရတဲ့ထိ ကြိတ်ကြိတ်တိုးစည်းကားခဲ့တယ်။

ထီးတော်ကြီးကို လောကမာန်အောင်စေတီပေါ်ကို တင်တဲ့အခါမှာလဲ မိုးထက်မြင့်နဲ့အတူ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်၊ မြို့မိမြို့ဖတွေစုပေါင်းတင်လှူခဲ့ကြပြီး ရေစက်ချတဲ့အခါမှာလဲ ရေစက်ခွက်ပေါင်း ၃၀တိတိ ချထားပေးခဲ့ရတယ်။

သာမန်လူတွေအမြင်မှာ ရေစက်ခွက်အချို့က အလွတ်အတိုင်းဖြစ်နေပေမယ့် အမျှဝေချိန်မှာတော့ လူမရှိတဲ့ရေစက်ခွက်တွေထဲမှာ ရေတွေအပြည့်ဖြစ်နေတာကို ထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။

အောင်မြတ်သာလဲ အမျှဝေပြီးချိန် စေတီပတ်ပတ်လည်ကိုကြည့်လိုက်ရာ သင်္ကန်းအသစ်တွေ၀တ်ဆင်ပြီး ပြုံးရယ်နေကြတဲ့ သံဃာတော်တွေအပြင် ဖြူဖွေးတဲ့ပိတ်ဖြူသားကို ၀တ်ဆင်ထားတဲ့ ဖိုးသူတော်ဝါယမကိုပါ မြင်တွေ့လိုက်ရတယ်။

စေတီရဲ့အရှေ့ဘက်လှေကားမှာတော့ သစ်လွင်တဲ့အ၀တ်အစားကို ကျနစွာ၀တ်ထားတဲ့ မောင်ရွှေသင်းက အောင်မြတ်သာကို ပြုံးပြုံးကြီးစိုက်ကြည့်နေသလို ရွှေတွေအိနေအောင် ၀တ်ဆင်ထားတဲ့ မြပန်းနွယ်ကတော့ ပရိတ်သတ်အလယ်မှာ ထိုင်နေတဲ့ မောင်ကျင်ကို ငေးကြည့်နေခဲ့တယ်။

စေတီအောက်ခြေမှာရှိတဲ့ အရံစေတီငယ်လေးတွေမှာလဲ ပြေးလွှားဆော့ကစားနေကြတဲ့ ကလေးတွေရှိနေကြပြီး ထောင့်အစွန်မှာရှိတဲ့ အရံစေတီဘေးမှာတော့ ညစ်ပတ်ပေရေတဲ့အ၀တ်အစားကို ၀တ်ဆင်ထားတဲ့ လူတစ်ယောက်က သစ်ကိုင်းခြောက်တစ်ခုနဲ့ မြေကြီးတွေကိုတူးဆွနေခဲ့တယ်။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ခြောက်ကပ်နေခဲ့တဲ့ ဘုရားငုတ်တိုကုန်းက အခုဆို ဆည်းလည်းသံ၊ ခေါင်းလောင်းသံတွေနဲ့ သာယာဖွယ်ကောင်းတဲ့ နေရာတစ်ခုဖြစ်လာခဲ့သလို တရားအားထုတ်လိုသူ မြို့ခံတွေအတွက်လဲ စိတ်ငြိမ်ရာအရပ်တစ်ခု ဖြစ်လာခဲ့တယ်။

မိုးထက်မြင့်ကတော့ ထီးတော်တင်တဲ့နေ့မှာတင် မိဘတွေထံခွင့်တောင်းပြီး ရဟန်းဘ၀ကိုအပြီးတိုင် ခံယူကာ ပရိယတ္တိစာပေးတွေကို လေ့လာသင်ကြားခဲ့တယ်။

အောင်မြတ်သာတို့လဲ ရွှေပေါ်ကျွန်းမြို့မှာ ဘုရားထီးတင်တဲ့ကိစ္စနဲ့ တစ်နှစ်နီးပါးနေထိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘယ်သူမှမသိလိုက်ပဲ ပျောက်ခြင်းမလှပျောက်ကွယ် သွားခဲ့တယ်။

+++++

ဒီလိုနဲ့ ၃လခန့်အကြာမှာတော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတစ်ခုက ရွာတစ်ရွာမှာ

အောင်မြတ်သာတို့ဆရာတပည့်တွေပြန်လည်ပေါ်ထွက်လာခဲ့တယ်။

ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်မြေတွင်းအောင်းတစ္ဆေဆိုတဲ့ ၀တ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

”ေအာင္ျမတ္သာႏွင့္ထီးေတာ္တင္ပြဲၿခိမ့္ၿခိမ့္သဲ”(စ/ဆုံး)
———————————————————————-

ေဇယန(ရာမည)

“ ကိုေက်ာ္ပိုင္… ဗ်ိဳ႕ ကိုေက်ာ္ပိုင္”

ၿခံထဲကို အေမာတေကာေျပး၀င္လာတဲ့ ေမာင္ေလြးအသံေၾကာင့္ ထင္းခြဲေနတဲ့ ကိုေက်ာ္ပိုင္က မ်က္လုံးပင့္ၾကည့္လိုက္ၿပီး

“ ေဟ့ ေမာင္ေလြး ဘာျဖစ္လို႔လဲ”

“ ခင္ ခင္ဗ်ားသား ႐ြာထဲျပန္ေရာက္ေနၿပီဗ်…”

“ ဘာ… ငါ့သားေလး ျပန္ေရာက္ေနပီ ဟုတ္လား.. မိန္းမေရ သားေလး ျပန္လာၿပီတဲ့ေဟ့”

ကိုေက်ာ္ပိုင္က အိမ္ေနာက္ေဘးမွာရွိေနတဲ့ မိန္းမျဖစ္သူကို ေအာ္ေျပာၿပီး ႐ြာထဲကိုေျပးထြက္ သြားခဲ့တယ္။

႐ြာအ၀င္လမ္းမေပၚကိုေရာက္ေတာ့ ေယာဂီ၀တ္လူသုံးေယာက္နဲ႔အတူပါလာတဲ့ သားျဖစ္သူကိုျမင္ေတာ့ ကိုေက်ာ္ပိုင္တစ္ေယာက္ ၀မ္းသာအားရနဲ႔ ေျပးဖက္လိုက္ၿပီး

“ သား… ဘာမွမျဖစ္ဘူးေနာ္..”

“ ဘာမွမျဖစ္ပါဘူး အေဖ… ဒီဆရာေတြက သားကို ႐ြာျပန္ေရာက္ေအာင္ ကူညီေပးခဲ့တာ”

“ ဆရာေလးတို႔ ေက်းဇူးကို ဘယ္လိုဆပ္ရမလဲေတာင္မသိေတာ့ပါဘူးဗ်ာ”

“ အေဖ ဆရာတို႔ကို အိမ္အရင္ေခၚသြားပါ‌ရေစဦး..”

“ ေအးေအး … အေဖလဲ ၀မ္းသာလြန္သြားလို႔ပါ သားရယ္”

ကိုေက်ာ္ပိုင္က မ်က္ႏွာႀကီးၿပဳံၿဖီးၿပီး ေရွ႕ကေန ထြက္သြားခဲ့တယ္။ အိမ္ကိုေရာက္ေတာ့ မိုးထက္ျမင့္က ျဖစ္ေၾကာင္းကုန္စင္ရွင္းျပလိုက္ရာ

“ ကံသီေပလို႔ေပါ့ သားရယ္… ဒါနဲ႔ အဲဒီလူက ဘုရားဌာပနာေတြကိုမွ ပစ္မွားရတယ္လို႔ကြယ္”

“ သူေျပာတဲ့ပုံအရ အရင္ကလဲ ဌာပနာေတြေဖာက္ခဲ့ဖူးတယ္တဲ့…”

“ အခု ဒီလူဘယ္လိုျဖစ္သြားလဲ… ေသမ်ားေသသြား တာလား”

မလွသိန္းရင္စကားေၾကာင့္ ေအာင္ျမတ္သာက ေခါင္းခါယမ္းျပၿပီး

“ အသက္မေသေပမယ့္ အသိဉာဏ္ကေတာ့ ေသသြားခဲ့ပါၿပီ၊ ဒါကလဲ သူ႔အျပစ္နဲ႔သူခံရတာပဲေလ”လို႔‌ေျပာေတာ့ မိုးထက္ျမင့္က မိဘေတြဘက္ကိုလွည့္ၿပီး

“ အေမနဲ႔အေဖကို တစ္ခုခြင့္ေတာင္းခ်င္တယ္”

“ ေျပာေလ သား… ဘာခြင့္ေတာင္းဖို႔လဲ”

“ သား ငယ္ငယ္ထဲက ၿပိဳပ်က္ေနတဲ့ေစတီေတြကို အိမ္မက္မက္တဲ့အေၾကာင္း ေျပာျပခဲ့ဖူးတယ္မလား”

“ ဟုတ္တယ္ေလ … ဘာျဖစ္လို႔ အဲကိစၥကိုေျပာေနရတာလဲ”

“ အခု သားအေနနဲ႔ အိမ္မက္ထဲက ေစတီပ်က္ေတြရွိတဲ့ေနရာကို ေရာက္ခဲ့ၿပီးၿပီ… ဒီကဆရာေတြေျပာတာကေတာ့ အဲဒီေစတီေတြကို သားကိုယ္တိုင္ ဦးစီးၿပီးျပဳျပင္ရမယ္တဲ့”

“ ဟင္… သားက ငယ္ငယ္ေလးရွိေသးတာ .. မျဖစ္ႏိုင္ဘူးထင္တယ္ေနာ္”

“ ျဖစ္ႏိုင္ပါတယ္… အဲဒီေစတီပ်က္ေတြမွာ ရွိေနၾကတဲ့သူေတြကလဲ ဒီကေလးကို ေစာင့္ေမွ်ာ္ ေနၾကသလို ေစတီပ်က္ေတြနဲ႔ ဆက္ႏြယ္ေနတဲ့ ပဌာန္းဆက္ေတြကလဲ ဒီကေလးရဲ႕ ဦးေဆာင္မႈကို ေမွ်ာ္လင့္ေနၾကပါတယ္”

“ သား သေဘာကေရာ ဘယ္လိုရွိလဲ”

“ လုပ္ၾကည့္ခ်င္တယ္အေဖ… ဆရာေတြကလဲ ကိစၥအားလုံးၿပီးတဲ့ထိ အနားမွာေနေပးမယ္တဲ့”

“ ဒါဆို သားက ႐ြာမွာမေနပဲ ဆရာတို႔နဲ႔ျပန္လိုက္သြားမွာလား”

“ ဒါကေတာ့ အေဖတို႔ ခြင့္ျပဳမွ ျပန္လိုက္သြားမွာပါ”

မိုးထက္ျမင့္စကားေၾကာင့္ ကိုေက်ာ္ပိုင္က ဇနီးျဖစ္သူကိုလွမ္းၾကည့္လိုက္ၿပီး

“ မိန္းမေရ ငါကေတာ့ သားေလးကို ဒီတိုင္းမလႊတ္ခ်င္ဘူး”

“ ‌ေတာ္က သေဘာမတူဘူးလို႔ေျပာခ်င္တာလား”

“ သေဘာမတူတာမဟုတ္ပါဘူး… သားေလးတစ္ေယာက္ထဲဆိုရင္ စားေရးေသာက္ေရးအဆင္မေျပျဖစ္ေနမွာစိုးလို႔ ငါတို႔လင္မယားပါလိုက္ေနရင္ေကာင္းမလားလို႔ တိုင္ပင္ၾကည့္တာ”

“ ရွင္ေျပာတဲ့အႀကံမဆိုးဘူး… သားေလး လုပ္ခ်င္တဲ့အလုပ္ကို ကြၽန္မတို႔က ေဘးကေန ပံ့ပိုးလို႔ရတာေပါ့… ဒါနဲ႔ အခုသြားမယ့္ေနရာက အရမ္းေခါင္လားဟင္”

“ မေခါင္ပါဘူးဗ်… ေစတီပ်က္ေတြအနားမွာ ၿမိဳ႕တစ္ၿမိဳ႕လဲရွိပါေသးတယ္”

“ ဒါျဖင့္ အထုပ္အပိုးေတြျပင္ထားလိုက္ေတာ့ မိန္းမေရ…”

“ ခ်က္ခ်င္းႀကီးလား… ဆရာတို႔က ဘယ္ေန႔သြားမယ္ဆိုတာမေျပာေသးဘူးေလ”

“ က်ဳပ္တို႔က မိဘေတြရဲ႕ ခြင့္ျပဳခ်က္ရတာနဲ႔ ျပန္သြားၾကမွာပါ… ဒီကိစၥေအာင္ျမင္ဖို႔အတြက္ ကာယကံရွင္ကိုယ္တိုင္ စြမ္းေဆာင္ရမယ့္ အရာေတြအမ်ားႀကီးရွိတယ္ေနာ္”

“ ကြၽန္ေတာ္လုပ္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္”

မိုးထက္ျမင့္စကားေၾကာင့္ ေအာင္ျမတ္သာက သေဘာက်စြာၿပဳံးလိုက္ၿပီး

“ မိဘေတြလဲသေဘာတူၿပီးၿပီဆိုေတာ့ မနက္ျဖန္မနက္ ခရီးစထြက္ၾကတာေပါ့…”

“ ဟုတ္ကဲ့ဆရာ … ကြၽန္ေတာ္တို႔လဲ လိုအပ္တာေတြ ထုပ္ပိုးထားလိုက္ပါမယ္”

ကိုေက်ာ္ပိုင္နဲ႔မလွသန္းရင္က တက္ႂကြစြာနဲ႔ လိုအပ္တဲ့ပစၥည္းေတြကို ညတြင္းခ်င္း သိမ္းဆည္း ထုပ္ပိုး‌ခဲ့ၾကတယ္။

++++

မနက္မိုးလင္းတာနဲ႔ ညထဲကအသင့္ျပင္ထားတဲ့ ပစၥည္းေတြကိုယူၿပီး ေစတီပ်က္ေတြရွိရာ ေ႐ႊေပၚကြၽန္းၿမိဳ႕ဆီကို ထြက္လာခဲ့ၾကတယ္။

ကားတစ္တန္ ‌လွည္းတစ္တန္နဲ႔ ခရီးဆက္ၿပီးခ်ိန္မွာေတာ့ ေ႐ႊေပၚကြၽန္းၿမိဳ႕ကိုေရာက္လာခဲ့ၿပီး ေရွးဦးစြာ ဦးအံ့ႀကီးေနအိမ္ကိုသြားကာ ႏႈတ္ဆက္ခဲ့ၾကတယ္။ ၿပီးေတာ့မွ ေစတီပ်က္ရွိရာဘက္ကို ထြက္လာၿပီး သင့္ေတာ္တဲ့ေနရာတစ္ခုမွာ တဲထိုးကာ ေနထိုင္ခဲ့ၾကတယ္။

ဦးအံ့ႀကီးနဲ႔ ေ႐ႊေပၚကြၽန္းၿမိဳ႕သူၿမိဳ႕သားအခ်ိဳ႕ကလဲ ေစတီပ်က္ေတြကို ျပန္လည္ျပင္ဆင္မယ္ဆိုတဲ့ သတင္းကိုၾကားေပမယ့္ ထဲထဲ၀င္၀င္ မလုပ္ၾကေသးပဲ တကယ္ေရာလုပ္ႏိုင္ပါ့မလားဆိုတဲ့ မ်က္လုံးေတြနဲ႔ အေျခအေနကို ေစာင့္ၾကည့္ေနခဲ့ၾကတယ္။ ေအာင္ျမတ္သာက ေစတီပ်က္ေတြရွိတဲ့ေနရာကို ေျခခ်ၿပီဆိုတာနဲ႔ ပါလာတဲ့သူအားလုံးကို ေယာဂီ၀တ္ခိုင္းၿပီး သက္သက္လြတ္သာစားေစခဲ့တယ္။

ဒီလိုနဲ႔ သုံးရက္ေျမာက္ေန႔မွာေတာ့ မိုးထက္ျမင့္ အိပ္ေပ်ာ္ေနတဲ့အခ်ိန္ တဲေပၚကို တက္လာတဲ့ေျခသံတစ္ခုကိုၾကားလိုက္ရတယ္။

“ ဘယ္သူလဲ… အေမတို႔လား…”ဆိုၿပီးလွမ္းေမး လိုက္ေပမယ့္ ဘာသံမွမထြက္တဲ့အတြက္ အိပ္ယာေဘးမွာရွိတဲ့ ဖေယာင္းတိုင္နဲ႔ မီးျခစ္ကို ယူၿပီး ထြန္းဖို႔အလုပ္…

“ မီးမထြန္းနဲ႔… ငါ့ကိုေတြ႕ရင္ ေသြးပ်က္သြားလိမ့္မယ္” ဆိုတဲ့အသံဩဩကို ၾကားလိုက္ရတယ္။

မိုးထက္ျမင့္က ေအာင္ျမတ္သာတို႔နဲ႔ တူတူေနေပမယ့္ ဒီေန႔မွာေတာ့ ေနသိပ္မေကာင္းလို႔ တစ္ေယာက္ထဲအိပ္ေနတဲ့အခ်ိန္ အခုလိုၾကားလိုက္တာေၾကာင့္ ၾကက္သီးေမႊးညႇင္းေတြထသြားၿပီး

“ သင္က ဘယ္သူလဲ… ဘာလို႔ တဲေပၚကို တက္လာရတာလဲ”

“ ငါက နင့္ကိုစကားေျပာခ်င္တာၾကာၿပီ… ဟိုဆရာေတြရွိေနလို႔ မလာတာ…နင္က ေစတီပ်က္ေတြကို ျပန္ျပဳျပင္မွာေသခ်ာလား”

အေမွာင္ထုထဲမွာ ၿငိမ္သက္ေနတဲ့ လူရိပ္မဲမဲဆီကေန ထြက္လာတဲ့စကားေၾကာင့္ မိုးထက္ျမင့္က မဆိုင္းမတြပဲ

“ ေသခ်ာတာေပါ့… က်ဳပ္မျဖစ္ျဖစ္ေအာင္ကို လုပ္မွာ”

“ ငါခြင့္မျပဳဘူး… နင္ဒီေနရာကို တရားသံဖုံးလႊမ္းေအာင္ လုပ္ရင္ ငါ့အေၾကာင္းသိေစရမယ္”

အသံက ခ်က္ခ်င္းမာထန္သြားတာေၾကာင့္ မိုးထက္ျမင့္တစ္ေယာက္ အနည္းငယ္ေၾကာက္စိတ္ ၀င္သြားၿပီး

“ နင္ကဘယ္သူလဲ… ေကာင္းတာလုပ္မွာကို ဘာလို႔ တားဆီးေနရတာလဲ”

“ ငါဘယ္သူဆိုတာ နင္သိဖို႔မလိုဘူး… နင္လုပ္ေနတာကို ရပ္တန္းကရပ္ဖို႔သတိလာေပးတာ”

လူရိပ္မဲမဲႀကီးက ေျခာက္ကပ္ကပ္အသံနဲ႔ေျပာၿပီး ‌တဲေပၚကေန ဝုန္းခနဲခုန္ခ်ကာ ေစတီပ်က္ေတြအေနာက္ဘက္ကို ေျပးထြက္သြားခဲ့တယ္။

မိုးထက္ျမင့္လဲ အခုလို မႀကဳံဖူးတာမို႔ ေျခဖ်ားလက္ဖ်ားေတြေအးစက္ၿပီး ေၾကာက္စိတ္က ဒိုင္းခနဲ၀င္လာတာေၾကာင့္ ဖေယာင္းတိုင္မီးကို ထြန္းၿပီး ငုတ္တုတ္ထိုင္ေနတဲ့အခ်ိန္ တဲဆီကိုျပန္လာတဲ့ ေျခသံကို ထပ္ၾကားလိုက္ရတယ္။

“ ဒီေကာင္ေလး အခုထိမအိပ္ေသးဘူးလား”

တဲအေရွ႕ကေန လွမ္းေမးတဲ့ ေမာင္ေကာင္းရဲ႕ အသံကိုၾကားမွ မိုးထက္ျမင့္တစ္ေယာက္ သက္ျပင္းခ်ႏိုင္ခဲ့တယ္။

“ အိပ္ အိပ္မေပ်ာ္လို႔…ဆရာ”

“ မင္းပုံစံက တစ္မ်ိဳးႀကီးပဲ… ငါတို႔မရွိတဲ့အခ်ိန္ ဘာျဖစ္ခဲ့တာလဲ”

ေအာင္ျမတ္သာက မ်က္ေမွာက္က်ဳံ႕ၿပီး ေမးလိုက္ေတာ့ မိုးထက္ျမင့္က တုန္ရီေနတဲ့အသံနဲ႔

“ ဆရာတို႔မေရာက္ခင္ မိနစ္ပိုင္းေလာက္က တဲေပၚကို အရိပ္မဲတစ္ခုတက္လာၿပီး ေစတီျပဳျပင္တာကို ဆက္မလုပ္ဖို႔နဲ႔ ဆက္လုပ္ရင္ သူ႔အေၾကာင္းသိေစရမယ္လို႔ လာေျပာသြားတယ္”

“ လာေျပာတဲ့သူက လူလား နာနာဘာ၀လား”

“ လူေတာ့မဟုတ္ေလာက္ဘူးထင္တာပဲ”

“ ဒါဆို ငါတို႔ထင္တဲ့အတိုင္း ျဖစ္ေနၿပီပဲ”

ေအာင္ျမတ္သာက ေမာင္ေကာင္းနဲ႔ ခြန္းလွကိုၾကည့္ၿပီးေျပာလိုက္ေတာ့ မိုးထက္ျမင့္က ဘာမွနားမလည္တဲ့ဟန္နဲ႔

“ ဆရာတို႔သိေနတာလား”

“ အစကေတာ့ ေသခ်ာမသိပါဘူး… အခုမွ သိသြားတာ…”

“ တဲေပၚကိုလာတဲ့သူက ဘယ္သူလဲဆရာ”

“ ေကာင္းမႈလုပ္တာမႀကိဳက္တဲ့ နာနာဘာ၀ တစ္ေကာင္လို႔ပဲ သိထားပါ… မင္းအေနနဲ႔လဲ ထီးေတာ္တင္ဖို႔အတြက္ ေစာင့္ထိန္းရမယ့္ အက်င့္သီလေတြကို မပ်က္ယြင္းေအာင္ ထိန္းဖို႔လိုမယ္..ဘာလို႔ဆို ေရွ႕ဆက္ဒီထက္ပိုၾကမ္းတဲ့ အဖ်က္ေတြ၀င္လာႏိုင္တယ္”

“ ကြၽန္ေတာ္က ဆရာတို႔ေျပာသလို ထိန္းပါတယ္… ဒါေပမယ့္ ကြၽန္ေတာ္မွာ ထီးေတာ္တင္ဖို႔ ေငြတစ္ျပားတစ္ခ်ပ္မွမရွိေသးဘူး”

မိုးထက္ျမင့္က သိမ္ငယ္စိတ္နဲ႔ေျပာေတာ့ ေအာင္ျမတ္သာက အေရွ႕မွာ၀င္ထိုင္လိုက္ၿပီး

“ အခ်ိန္တန္ရင္ ျဖစ္လာမွာေပါ့… အဲဒီကိစၥကို ေတြးမေနနဲ႔…” လို႔အားေပးစကားေျပာေနတဲ့အခ်ိန္ ကိုေက်ာ္ပိုင္တို႔ေနတဲ့ တဲဘက္ကေန စူးစူးဝါးဝါးေအာ္တဲ့အသံကိုၾကားလိုက္ရတယ္။

“ ေမာင္ေကာင္း ဟိုဘက္တဲမွာ ဘာျဖစ္လဲမသိဘူး… သြားၾကည့္လိုက္ဦး”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းက ကိုေက်ာ္ပိုင္တို႔တဲဘက္ကို ထြက္သြားခဲ့လိုက္တယ္။

“ ကိုေက်ာ္ပိုင္… ဘာျဖစ္တာလဲဗ်”

“ ‌ဆရာ လာတာအေတာ္ပဲဗ်ာ… ခုနက က်ဳပ္တို႔အိပ္ေနတဲ့အခ်ိန္ တဲေပၚကို လူတစ္ေယာက္တက္လာၿပီး လည္ပင္းလာညႇစ္လို႔ဗ်”

“ ဟင္… လူဆိုတာေသခ်ာလို႔လား”

“ ေသခ်ာတယ္ဗ်… လူမွ လူအစစ္… လည္ပင္းလာညႇစ္လို႔ သူ႔မ်က္ႏွာကို ႐ိုက္ခ်လိုက္တာ ေအာ္ၿပီးထြက္ေျပးသြားတယ္”

“ က်ဳပ္တို႔ကို အဘက္ဘက္ကေန စမ္းေနၿပီထင္တယ္…”

“ စိတ္မပူပါနဲ႔ဆရာ… ကြၽန္ေတာ္ သတိထားၿပီး အိပ္ပါ့မယ္…”

ကိုေက်ာ္ပိုင္က စိတ္မပူဖို႔ အထပ္ထပ္ေျပာေနတာေၾကာင့္ ေမာင္ေကာင္းလဲ တဲေပၚကေန ဆင္းကာ ျပန္လာခဲ့လိုက္တယ္။

“ ဆရာ ကိုေက်ာ္ပိုင္တို႔တဲေပၚကို လူတစ္ေယာက္ တက္လာၿပီး လည္ပင္းလာညႇစ္တယ္ေျပာတယ္”

“ ဒီအနီးနားမွာ လူမွမေနတာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ”

“ လူတစ္ေယာက္ရွိေနပါတယ္ ဆရာ”

အသံက ေအာက္ေျခလႈိဏ္ေခါင္းပါတဲ့ ေစတီပ်က္ေဘး‌ကေန ထြက္လာတာေၾကာင့္ လွည့္ၾကည့္လိုက္ရာ ဖြာလန္က်ဲေနတဲ့ အ၀တ္အစားကို ၀တ္ဆင္ထားတဲ့ လူတစ္ေယာက္ထြက္လာခဲ့တယ္။

“ သင္ဘယ္သူပါလဲ…”

“ က်ဳပ္က ဒီေစတီပ်က္မွာေနတဲ့ ေမာင္ေ႐ႊသင္းပါ”

“ သင္ ဘာေျပာစရာမ်ားရွိလို႔လဲ”

“ ခုနက ျဖစ္တဲ့ကိစၥရဲ႕တရားခံကို ဆရာတို႔ေကာင္းေကာင္းႀကီးသိေနပါတယ္”

“ က်ဳပ္တို႔သိတဲ့သူ ဟုတ္လား.. ဘယ္သူမ်ားလဲဆိုတာေျပာပါဦး”

“ ဆရာတို႔နဲ႔ ပညာျခင္းၿပိဳင္လို႔ ရႈံးနိမ့္ခဲ့တဲ့သူက ဒီအရပ္ကေန ဘယ္မွမသြားရေသးပါဘူး… ညဘက္ေတြဆို သစ္ကိုင္းေျခာက္တစ္ေခ်ာင္းနဲ႔ ေတြ႕ရာေစတီေအာက္ေျခကို လိုက္တူးေနတာလဲျမင္ရပါတယ္”

“ ဒီလူက အသိစိတ္ကင္းမဲ့ေနၿပီမဟုတ္လား”

“ အသိစိတ္ကင္းမဲ့ေနေပမယ့္ သူ႔ရဲ႕စိတ္အစြဲက ရွိေနေသးတာေၾကာင့္ အခုလိုျပဳမူေနတာလို႔ ထင္တယ္”

“ ဒါဆိုရင္ ဟိုဘက္တဲေပၚကိုတက္ၿပီး လည္ပင္းညႇစ္တာ သူေပါ့”

“ ဟုတ္ပါတယ္ဆရာ…”

“ ‌အဲလိုဆိုရင္ ဒီေကာင္ေလးရွိတဲ့ တဲေပၚတက္ၿပီး ၿခိမ္းေခ်ာက္တာကေရာ ဘယ္သူလဲ”

“ ဒီေစတီအနီးတစ္ဝိုက္မွာ ဘုရားသံတရားသံ မၾကားခ်င္တဲ့ ပုဂၢိဳလ္ေတြအမ်ားႀကီးရွိတယ္ဆရာ.. သူတို႔ထဲက တစ္ေယာက္ေတာ့ျဖစ္မယ္လို႔ထင္တယ္”

ေမာင္ေ႐ႊသင္းက စကားေျပာေနရင္း ေခတၱရပ္လိုက္ၿပီး မိုးထက္ျမင့္ကို လွမ္းၾကည့္ကာ

“ ဆရာေတာ္ႀကီးက အရင္ဘ၀ကပုံစံနဲ႔သိပ္တူတာပဲ၊ ကြၽန္ေတာ္တို႔အားလုံး ဒီကုသိုလ္ႀကီး ၿပီးေျမာက္ေအာင္ ဝိုင္း၀န္းကူညီေပးပါ့မယ္” လို႔ေျပာၿပီး အေမွာင္ထုႀကီးစိုးေနတဲ့ ေစတီပ်က္ေတြဘက္ကို လက္ညိဳးထိုးျပခဲ့တယ္။

“ အဲဒီအေမွာင္ထုထဲမွာ ဆရာေတာ္ႀကီးကို ေစာင့္ေနၾကတဲ့သူေတြ အမ်ားႀကီးပဲရွိတယ္၊ သူတို႔က အနားလာခ်င္ေပမယ့္ ဒီကဆရာေတြရဲ႕ အရွိန္အဝါေၾကာင့္ လာမရဘူးျဖစ္ေနတာ”

ေအာင္ျမတ္သာလဲ ေမာင္ေ႐ႊသင္း လက္ညိဳးထိုးျပတဲ့ဘက္ကိုၾကည့္လိုက္ရာ အေမွာင္ထုထဲမွာ ေ႐ႊ႕လ်ားသြားလာေနၾကတဲ့ အရိပ္မဲမဲေတြကို ျမင္ေတြ႕လိုက္ရတယ္။

“ သူတို႔ေမွ်ာ္လင့္ေနတဲ့ေန႔ရက္ကို မၾကာခင္ေရာက္လာပါ့မယ္လို႔ ေျပာေပးပါ… သင္တို႔က ဒီေစတီပ်က္ေတြမွာေနထိုင္တဲ့သူ ျဖစ္လို႔ မေကာင္းတဲ့အရာေတြမျဖစ္ေအာင္ ကူညီေပးၾကဖို႔လဲ တိုက္တြန္းပါရေစ”

“ ဆရာတို႔ ခြင့္ျပဳမယ္ဆိုရင္ ဆရာေတာ္ႀကီးေနထိုင္တဲ့ ပတ္၀န္းက်င္မွာ ကြၽန္ေတာ္တို႔လာေနခ်င္ပါတယ္…”

“ ကဲ… ေကာင္ေလး.. မင္းရဲ႕သေဘာကေရာ”

“ ကြၽန္ေတာ္က ဆရာတို႔ လမ္းၫႊန္တဲ့အတိုင္းေနမွာမို႔

သင့္ေတာ္သလို စီမံေပးပါ”

“ ေကာင္းၿပီေလ… ေမာင္ေ႐ႊသင္းတို႔အေနနဲ႔ ကူညီေပးရမွာက ဒီေနရာနဲ႔ ပဌာန္းဆက္ရွိတဲ့ သူေတြကို အိမ္မက္ကေနပဲျဖစ္ျဖစ္ အျခားလႈံ႕ေဆာ္လို႔ရတဲ့နည္းနဲ႔ျဖစ္ျဖစ္ အသိေပးပါ… ဒီအလႉက ‌ေ႐ႊေပၚကြၽန္းၿမိဳ႕ေပၚမွာ အထူးျခားဆုံးနဲ႔ အစည္ကားဆုံး အလႉပြဲျဖစ္လာပါလိမ့္မယ္”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေ႐ႊသင္းက ေခါင္းၿငိမ့္ျပၿပီး

“ ကြၽန္ေတာ္လဲ ဖိုးသူေတာ္ႀကီးနဲ႔တိုင္ပင္ၿပီး လုပ္ႏိုင္သမွ်လုပ္ထားလိုက္ပါ့မယ္…” လို႔ေျပာကာ ေစတီပ်က္အထဲကို၀င္ေရာက္ေပ်ာက္ကြယ္သြား ခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ ေမာင္ေ႐ႊသင္းေပ်ာက္သြားတာနဲ႔ တဲဆီကိုျပန္လာခဲ့ၿပီး မိုးထက္ျမင့္အတြက္ အေဆာင္လက္ဖြဲ႕တစ္ခုလုပ္ကာ လည္ပင္းမွာဆြဲထားေစခဲ့တယ္။

ေနာက္ရက္ေတြမွာေတာ့ ဘုရားငုတ္တို အေနာက္မွာရွိတဲ့ေတာစပ္ကေန ထြက္လာတတ္တဲ့ အ႐ူးတစ္ေယာက္ကို ေအာင္ျမတ္သာတို႔ ျမင္ေတြ႕လိုက္ရတယ္။

+++++++

မြန္းတည့္ေနက ပူျပင္းေနတဲ့ ေန႔ခင္းႀကီးမွာ ကိုအံ့ႀကီးတစ္ေယာက္ဟင္းသီးဟင္း႐ြက္အစည္း လိုက္ပိုက္ၿပီးေရာက္ခ်လာခဲ့တယ္။

“ ‌ကိုအံ့ႀကီးပါလား… ဒီကိုတမင္လာတာလားဗ်”

“ ဟုတ္တယ္ဆရာေလးေရ… က်ဳပ္ၿခံထဲကထြက္တဲ့ ဟင္းသီးဟင္း႐ြက္အခ်ိဳ႕လာပို႔တာ… ဒါနဲ႔ ေျပာစရာရွိေသးတယ္”

“ ဘာမ်ားလဲကိုအံ့ႀကီး”

“ ဆရာေလးတို႔ ဦးေဆာင္ၿပီး ေစတီေတြကို ထီးေတာ္တင္မယ္လို႔ၾကားေတာ့ ၿမိဳ႕ေပၚကလူေတြကလဲ သူတို႔လဲ ႏိုင္သေလာက္ပါ၀င္ၾကမယ္ဆိုၿပီး လမ္းႀကီးေဘးမွာ မ႑ပ္ေတြထိုးၿပီး အလႉခံေနၾကတယ္”

“ ဟင္… အဲလိုဆိုေဝာာ့ ၀မ္းသာစရာေပါ့ဗ်ာ…”

“ ဒီထက္ ၀မ္းသာစရာေကာင္းတာက မနက္ျဖန္ကစၿပီး ညေနေစာင္းတာနဲ႔ ေစတီပ်က္ေတြမွာ လုပ္အားဒါနေပးမယ့္ သူေတြလာၾကလိမ့္မယ္…”

“ အရင္က ဒီကိုမလာရဲၾကတဲ့သူေတြက ဘယ္လိုျဖစ္ၿပီး အခုလိုစိတ္အားထက္သန္သြားၾက တာလဲ”

“ တကယ္ေတာ့ က်ဳပ္တို႔ၿမိဳ႕ကလူေတြအေနနဲ႔ ဦးစီးဦးေဆာင္ျပဳမယ့္သူကိုလိုေနတာ…ဆရာေလးတို႔က အခုလိုလုပ္ျပေတာ့ ၿမိဳ႕ခံျဖစ္တဲ့က်ဳပ္တို႔ကလဲ အေခ်ာင္ေနလို႔ဘယ္ရေတာ့မလဲဗ် ဟဲဟဲ”

“ ၾကားရတဲ့သတင္းက ၀မ္းသာစရာပဲဗ်ာ… ၿမိဳ႕ခံေတြကလဲ ႏိုင္တဲ့ဘက္က ကူညီၾကသလို… က်ဳပ္တို႔ဘက္ကလဲ ႏိုင္တဲ့ဘက္က အားထည့္ေပးရမွာေပါ့…”

“ ေစတီေတြထီးတင္တဲ့အခါ က်ဳပ္ကိုေရွ႕ဆုံးမွာ ထားေနာ္ ဆရာေလး”

ကိုအံ့ႀကီးစကားေၾကာင့္ ေအာင္ျမတ္သာက သေဘာက်စြာရယ္ေမာလိုက္ပါေတာ့တယ္။

+++++

ေ႐ႊေပၚကြၽန္းၿမိဳ႕သူၿမိဳ႕သားေတြအေနနဲ႔ ႏွစ္ေပါင္းမ်ားစြာေစာင့္ဆိုင္းခဲ့တဲ့ ထီးေတာ္တင္ပြဲအတြက္ ႏိုင္တဲ့ဘက္ကအစြမ္းကုန္ အားထည့္ေပးၾကသလို ေအာင္ျမတ္သာတို႔ကလဲ အဓိဌာန္၀င္ျခင္း၊ သီလေဆာက္တည္ျခင္းမ်ား လုပ္ေဆာင္‌ခဲ့ၾကတယ္။ ဒီလိုနဲ႔ တစ္လေလာက္ၾကာတဲ့အခ်ိန္မွာေတာ့ စၾကၤန္ေလ်ာက္ေနတဲ့အခ်ိန္ စံပယ္ပန္းရနံ႔က ႀကိဳင္လႈိင္စြာထြက္ေပၚလာခဲ့သလို ခပ္ဖြဖြေလ်ာက္နင္းလာတဲ့ ေျခသံကိုၾကားလိုက္ရတာေၾကာင့္ လွည့္ၾကည့္လိုက္ရာ တစ္ေခါင္းလုံး စံပယ္ပန္းေတြသီကုံးပန္ဆင္ထားတဲ့ မိန္းမတစ္ေယာက္ကိုျမင္ေတြ႕လိုက္ရတယ္။

“ ဆရာ ကြၽန္မကို မွတ္မိပါရဲ႕လား”

အင္မတန္မွ ေခ်ာေမာလွပတဲ့ မိန္းကေလးက လက္အုပ္ခ်ီၿပီး႐ိုက်ိဳးစြာေမးလိုက္တဲ့စကားေၾကာင့္ ေအာင္ျမတ္သာက တည္ၿငိမ္တဲ့ေလသံနဲ႔

“ ျမပန္းႏြယ္ကို က်ဳပ္မွတ္မိပါတယ္ဗ်ာ…”

“ ဆရာတို႔စေရာက္တဲ့အခ်ိန္မွာ လာမေတြ႕ႏိုင္တာက ယခင္က်ဴးလြန္ခဲ့တဲ့အျပစ္ေတြကို ေဆးေၾကာတဲ့ အေနနဲ႔ အဓိဌာန္၀င္ေနလို႔ပါ”

“ အခုေရာ အဓိဌာန္ေအာင္ျမင္သြားၿပီလား”

“ ေအာင္ျမင္ခဲ့ပါတယ္ဆရာ… ဆရာတို႔အေနနဲ႔ ဒီေစတီေတြကို အသစ္ျပန္လည္မြမ္းမံမယ္ဆိုတဲ့ သတင္းလဲၾကားရတာေၾကာင့္ ကြၽန္မပိုင္ဆိုင္တဲ့ ပစၥည္းထဲက အခ်ိဳ႕ကို ဌာပနာလာထည့္တာပါဆရာ”

“ သာဓု သာဓု သာဓု… သင္ရဲ႕ မြန္ျမတ္တဲ့စိတ္ထားကို က်ဳပ္သာဓုအႀကိမ္ႀကိမ္ေခၚပါတယ္… ထီးေတာ္တင္ပြဲၾကရင္လဲ သင့္အတြက္ ေရစက္ခြက္ သီးသန႔္ထားေပးပါမယ္”

ေအာင္ျမတ္သာစကားၾကားေတာ့ ျမပန္းႏြယ္က ၾကည္ႏူးစြာျဖင့္ တံေတာင္ဆစ္ခန႔္၀တ္ဆင္ထားတဲ့ လက္ေကာက္ေတြကို ခြၽတ္ကာ လႉဒါန္းၿပီး အေမွာင္ထုထဲ၀င္ေရာက္ကာ ေပ်ာက္ကြယ္သြား ခဲ့တယ္။

ဒုတိယေန႔မွာေတာ့ ဖိုးသူေတာ္ႀကီးဝါယမေရာက္ လာၿပီး ေစတီပ်က္တစ္ခုရဲ႕ေအာက္ေျခမွာ ျမဳပ္ႏွံထားတဲ့ ပိုင္ရွင္မဲ့ပတၱျမားေတြကို ဌာပနာအတြက္ လာေရာက္လႉဒါန္ေပးခဲ့တယ္။

ေအာင္ျမတ္သာလဲ ရရွိထားတဲ့ ဌာပနာပစၥည္းေတြကို ၿမိဳ႕ခံလူႀကီးေတြလက္ထဲကို စာရင္းနဲ႔တကြအပ္ၿပီး ထိန္းသိမ္းေစာင့္ေရွာက္ေစခဲ့တယ္။ ၿမိဳ႕မိၿမိဳ႕ဖေတြကလဲ ေလာကမာန္ေအာင္ေစတီႏွင့္ အရံေစတီမ်ားျပန္လည္ျပဳျပင္မြမ္းမံျခင္းဆိုတဲ့ အဖြဲ႕ကိုဖြဲ႕စည္းကာ ရရွိလာတဲ့ အလႉေငြေတြနဲ႔ အျခားဌာပနာပစၥည္းေတြကို စနစ္တက် မွတ္တမ္းထားတာ ထိန္းသိမ္းေပးခဲ့ၾကတယ္။

‌ယခင္က အမႈိက္သ႐ိုက္ေတြနဲ႔ ရႈပ္ပြေနတဲ့ ေလာကမာန္ေအာင္ေစတီပရ၀ဏ္ကလဲ ၿမိဳ႕သူၿမိဳ႕သားေတြရဲ႕ လုပ္အားဒါနေၾကာင့္ သန႔္ရွင္းလာခဲ့ၿပီး မ်က္စိပသာဒက်လာခဲ့တယ္။

ဒီလိုနဲ႔ ငါးလေလာက္ၾကာတဲ့အခ်ိန္မွာေတာ့ ေစတီေရွ႕ကို ဟီးႏိုးကားတစ္စီး ထိုးရပ္လာၿပီး အထဲကေန ဥပဓိ႐ုပ္ေကာင္းေကာင္း လူတစ္ေယာက္နဲ႔ အလုပ္သမားအေယာက္၃၀ေလာက္ဆင္းလာတာကိုျမင္လိုက္ရတယ္။

အ၀တ္အစားသန႔္သန႔္ျပန႔္ျပန႔္၀တ္စားတဲ့လူက ‌ေအာင္ျမတ္သာအေရွ႕ကိုတန္း၀င္လာၿပီး ၀မ္းသာတဲ့ မ်က္ႏွာထားနဲ႔

“ ဆရာ ကြၽန္ေတာ္ကို မွတ္မိပါရဲ႕လား” လို႔ေျပာလိုက္တာေၾကာင့္ ေသခ်ာၾကည့္လိုက္ရာ ယခင္က ေ႐ႊေပၚကြၽန္းၿမိဳ႕မွာ ေတာင္းရမ္းစားေသာက္ခဲ့ရတဲ့ ေမာင္က်င္ျဖစ္ေနတာကိုျမင္လိုက္ရတယ္။

(ေမာင္က်င္ အေၾကာင္းကိုေတာ့ ေအာင္ျမတ္သာႏွင့္ ထူဆန္းေသာဘုရားငုတ္တိုဆိုတဲ့၀တၱဳမွာဖတ္ရႈ ႏိုင္ပါသည္)

“ မင္းက ေမာင္က်င္ မဟုတ္လား”

“ ဟုတ္တာေပါ့ဆရာရယ္… ကြၽန္ေတာ္ ေမာင္က်င္ေလ”

“ အခုလိုက်ေတာ့လဲ မွတ္ေတာင္မမွတ္မိဘူး…”

“ ဆရာကသာမမွတ္မိတာ… ကြၽန္ေတာ္က မွတ္မိပါတယ္”

ေမာင္က်င္နဲ႔ေအာင္ျမတ္သာတို႔ စကားေျပာေနတဲ့အခ်ိန္ ေမာင္ေကာင္း၊ ခြန္းလွနဲ႔ မိုးထက္ျမင့္တို႔ေရာက္လာခဲ့တယ္။

“ ဆရာတို႔ ကြၽန္ေတာ္ကို မွတ္မိလား”

“ ဟင္… မင္းက မင္းက အ႐ူးေမာင္က်င္ မဟုတ္လား”

“ ဟုတ္တာေပါ့ဆရာရဲ႕ … အ႐ူးေမာင္က်င္ေလဗ်ာ”

ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔လဲ ေမာင္က်င္ကို ေပြ႕ဖက္ကာႏႈတ္ဆက္လိုက္ၿပီး

“ ဘယ္လိုလုပ္ ေရာက္လာတာလဲေမာင္က်င္ရ… ေနာက္ၿပီး အလုပ္သမားေတြလဲ အမ်ားႀကီးပါလား”

“ ဒီေနရာက ကြၽန္ေတာ္ဘ၀ရဲ႕ တစ္စိတ္တစ္ပိုင္း ရွင္သန္ခဲ့တဲ့ေနရာေလဗ်ာ… လြန္ခဲ့တဲ့လက ဦးအံ့ႀကီးနဲ႔ၿမိဳ႕ေပၚမွာဆုံေတာ့ ဆရာတို႔ဦးေဆာင္ၿပီး ေစတီကိုျပန္ျပင္ျပဳျပင္ေနတယ္ဆိုတာ သိလိုက္ရတယ္၊ ဒါနဲ႔ ကြၽန္ေတာ္လဲ ႏိုင္သေလာက္ကူညီမယ္ဆိုၿပီး အလုပ္သမားေတြကိုေခၚလာခဲ့တာပဲ… ဒါက အလုပ္သမားေခါင္းေဆာင္ ကိုျမင့္ဦးတဲ့၊ သူက ပန္းရံေရာ လက္သမားပါရတာမို႔ ဆရာတို႔အတြက္အဆင္ေျပမွာပါ”

ေမာင္က်င္ရဲ႕စကားေၾကာင့္ ကိုျမင့္ဦးကို ၿပဳံးျပၿပီး

“ ဆရာတို႔ လိုအပ္တာရွိရင္ အခ်ိန္မေ႐ြးေခၚခိုင္းပါ ကြၽန္ေတာ္တို႔ဆရာက ေစတီျပဳျပင္ၿပီးတဲ့ထိ ဒီမွာေနဖို႔ေျပာထားပါတယ္”

“ ဒီလိုဆိုေတာ့လဲ အဆင္သင့္တာေပါ့ဗ်ာ… ေနထိုင္ဖို႔ကိုေတာ့ လြတ္တဲ့ေနရာမွာ အခုလိုတဲထိုးၿပီး ေနၾကေပါ့”

“ကြၽန္ေတာ္တို႔က အျခားၿမိဳ႕႐ြာေတြမွာ လနဲ႔ခ်ီၿပီး အလုပ္လုပ္ဖူးတာမို႔၊ ေနထိုင္ဖို႔အတြက္ စိတ္မပူပါနဲ႔”

ေအာင္ျမတ္သာလဲ အလုပ္သမားအဖြဲ႕ကို ေနထိုင္တဲ့အခ်ိန္ သတိထားရမယ့္အခ်က္ေတြကို ေျပာျပၿပီး ေနရာခ်ေပးခဲ့တယ္။

ေမာင္က်င္က ေ႐ႊေပၚကြၽန္းၿမိဳ႕မွာ တစ္ပတ္ခန႔္ေနသြားၿပီး ၿပိဳပ်က္ေနတဲ့ ေစတီငယ္ေတြကို စတင္မြမ္းမံေပးခဲ့တယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ ေအာင္ျမတ္သာတို႔ကပဲ ႀကီးၾကပ္ကာ ေဆာင္႐ြက္ခဲ့တယ္။ လိုအပ္တဲ့ အလႉေငြေတြကိုေတာ့ ၿမိဳ႕ခံလူထုေတြအျပင္ အနီးနားမွာရွိတဲ့အလႉရွင္ေတြက တစ္ေယာက္တစ္လက္ ကူညီေပးခဲ့ၾကတယ္။

တစ္စတစ္စနဲ႔ ႐ုပ္လုံးေပၚလာတဲ့ ေစတီေတြေၾကာင့္ ရပ္ေဝးရပ္နီးကေန လာေရာက္ဖူးေမွ်ာ္ၾကတဲ့ ဘုရားဖူးေတြက တစ္စတစ္စနဲ႔ မ်ားျပားလာခဲ့တယ္။ အခ်ိဳ႕က်ေတာ့လဲ အိမ္မက္အရ လာေရာက္ဖူးေမွ်ာ္တာရွိသလို အခ်ိဳ႕က်ေတာ့လဲ တစ္ဆင့္စကားတစ္ဆင့္နားနဲ႔ လာေရာက္ဖူးေမွ်ာ္ခဲ့ၾကတယ္။

အရံေစတီေတြအားလုံးကို ျပဳျပင္ၿပီးခ်ိန္မွာေတာ့ ထင္မွတ္မထားတဲ့ ျဖစ္ရပ္တစ္ခု ေ႐ႊေပၚကြၽန္းၿမိဳ႕မွာ ျဖစ္ပြားခဲ့တယ္။

+++++

“ ဆရာေလး… ဆရာေလး…”

ညႀကီးသန္းေခါင္အခ်ိန္ေအာ္ေခၚေနတဲ့ ဦးအံ့ႀကီး အသံေၾကာင့္ ေအာင္ျမတ္သာ တဲအျပင္ကို ထြက္လာၿပီး

“ ဦးအံ့ႀကီးပါလား ဘာမ်ားျဖစ္လို႔လဲဗ်”

“ ဆရာ လာၾကည့္ေပးပါဦး… ညေနက ေစတီမွာ လုပ္အားလာေပးၾကတဲ့သူေတြအားလုံး မူးေဝေအာ့အန္ေနလို႔ဗ်ာ”

“ ဟင္… အားလုံးျဖစ္ေနတာလား”

“ အားလုံးမဟုတ္ေပမယ့္ အေတာ္မ်ားမ်ားျဖစ္ေနၾကတယ္… အခ်ိဳ႕ဆို တစ္ေယာက္ေယာက္၀င္ပူးသလို မူမမွန္ျဖစ္ေနၾကတယ္ဆရာ”

ေအာင္ျမတ္သာလဲ ဦးအံ့ႀကီးစကားေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ကို ေခၚကာ ခ်က္ခ်င္းပင္ ၿမိဳ႕ထဲကိုလိုက္လာခဲ့လိုက္တယ္။ ၿမိဳ႕ထဲေရာက္ေတာ့ အတန္သင့္က်ယ္၀န္းတဲ့ အိမ္တစ္အိမ္မွာ အားလုံးကိုစုခိုင္းၿပီး ျပင္ပကအေႏွာက္အယွက္ေတြမ၀င္ႏိုင္ေအာင္ တစ္အိမ္လုံးကိုစည္းတားေနတဲ့အခ်ိန္

“ အီးဟီးဟီး… အီးအဟီး ဆိုတဲ့အသံနဲ႔အတူ လူငယ္အခ်ိဳ႕ ထငိုပါေလေရာ”

မိဘေတြက စိုးရိမ္တႀကီး အနားကပ္ဖို႔လုပ္ေတာ့ ေအာင္ျမတ္သာက လက္ကာျပၿပီး

“ အားလုံးေနာက္ဆုတ္ေနၾကပါ…ကေလးေတြ ဘာမွမျဖစ္ေစရပါဘူး…” လို႔ေျပာကာ အနားကပ္သြားခဲ့တယ္။

“ သင္တို႔ကဘယ္သူေတြလဲ…ကေလးေတြကို ဘာေၾကာင့္ ပူးကပ္ေႏွာက္ယွက္ေနတယ္ဆိုတာ ႏႈတ္ဖြင့္စမ္း” လို႔အမိန႔္ျပန္လိုက္ေပမယ့္ ပူးကပ္ေနတဲ့သူေတြက ဘာမွမေျဖပဲ ငိုၿမဲတိုင္းငိုေနတာေၾကာင့္ သုံးကြင္အင္းကိုျပာခ်ေရေဖ်ာ္ကာ လူအုပ္ထဲကို လက္ညိဳးနဲ႔ ေတာက္ထုတ္လိုက္တယ္။

“ အမေလး… ပူတယ္… ပူလွခ်ည္ရဲ႕ … အဟီးအဟီး”

“ ပူတယ္ဆိုရင္ ေမးတာကိုေျဖ… သင္တို႔ဘာေၾကာင့္ ကေလးေတြကို ၀င္ေရာက္ပူးကပ္ေနၾကတာလဲ”

“ စုတ္ဖြားႀကီးခိုင္းလို႔လုပ္ရတာပါ…”

“ စုတ္ဖြားႀကီးဆိုတာ ဘယ္သူလဲ… သူကဘယ္မွာေနတာလဲ”

“ ‌သူက ေစတီပ်က္ေတြရဲ႕အျပင္ဘက္ ထန္းပင္မွာေနပါတယ္…”

“ သူက ကေလးေတြကိုဘာလို႔ ဒီလိုလုပ္ခိုင္းရတာလဲ.. အမွန္တိုင္းေျဖစမ္း”

“ စုတ္ဖြားႀကီးက ေစတီေတြအသစ္ျပဳျပင္တာကို မႏွစ္သက္ပါဘူး… ဘုရားသံတရားသံေတြၾကားရင္ အထက္နတ္ႀကီးေတြလာမွာစိုးတဲ့အတြက္ ဒီပြဲကို မျဖစ္ေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ေႏွာက္ယွက္ဖို႔ မွာထားပါတယ္”

“ နင္တို႔က သူေျပာတဲ့အတိုင္း လိုက္လုပ္စရာလား…”

“ မလုပ္လို႔မရဘူးဆရာ.. က်ဳပ္တို႔က သူပိုင္နက္ထဲမွာ ခိုကပ္ေနတဲ့သူေတြျဖစ္လို႔ သူခိုင္းတာမလုပ္ရင္ ေနစရာမရွိေအာင္ ေမာင္းထုတ္တာကိုခံရပါတယ္”

“ သူ႔လက္ေအာက္မွာေနၾကတဲ့သူေတြ ဘယ္ေလာက္ရွိလဲ”

“ အေတာ္မ်ားပါတယ္ဆရာ… အတိအက်ေတာ့ မသိပါဘူး”

“ ဒီေကာင္အေတာ္ကို ဆိုးသြမ္းေနပါလား… ဟင္း… မင္းတို႔ေရာ သူ႔လက္ေအာက္မွာ ေနခ်င္ေသးလား”

“ မေနခ်င္ၾကပါဘူးဆရာ… ေနစရာမရွိလို႔ ခိုကပ္ေနရေပမယ့္ ေနဖို႔ေနရာရွိရင္ သူ႔ဆီကေန ထြက္လာၾကမယ့္သူေတြအမ်ားႀကီးရွိပါတယ္”

“ အိမ္း ဟုတ္ၿပီ…အခုညကစၿပီး သင္တို႔ေနဖို႔ ေစတီရဲ႕ပရ၀ဏ္ထဲမွာ ေနရာလုပ္ေပးမယ္… ဒါေၾကာင့္ ကေလးေတြကိုယ္ထဲကေန အခုခ်က္ခ်င္းခြာၿပီး အိမ္ေရွ႕လမ္းေပၚမွာ ေစာင့္ေနၾက”

ေအာင္ျမတ္သာအမိန႔္ေပးလိုက္တယ္ဆိုရင္ပဲ ငိုယိုေနၾကတဲ့လူငယ္ေတြက လူေကာင္းအတိုင္းျပန္ျဖစ္သြားၿပီး ပတ္၀န္းက်င္ကို ထူးဆန္းတဲ့မ်က္လုံးေတြနဲ႔ လိုက္ၾကည့္ေနခဲ့ၾကတယ္။

“ ခြန္းလွ‌နဲ႔ ေမာင္ေကာင္းက သူတို႔အားလုံးကို ေရမန္းလိုက္တိုက္ေပးပါ…‌ၿပီးရင္ေတာ့ လမ္းမမွာေစာင့္ေနၾကတဲ့သူေတြကို ပရ၀ဏ္ထဲကို ေခၚသြားလိုက္… ငါမၾကာခင္လိုက္လာခဲ့မယ္”

“ဟုတ္ကဲ့ပါဆရာ… ကြၽန္ေတာ္တို႔ ေသခ်ာေခၚသြားလိုက္ပါ့မယ္”

ေအာင္ျမတ္သာလဲ ၿမိဳ႕ခံလူေတြကို စိတ္မပူဖို႔ေျပာၿပီးတာနဲ႔ ထန္းပင္ရွိရာဘက္ကို တစ္ေယာက္ထဲ ထြက္လာခဲ့လိုက္တယ္။

+++++

လေရာင္က မွိန္ျပျပက်ေနတာမို႔ ပတ္၀န္းက်င္တစ္ခု လုံးကို ေကာင္းစြာျမင္ေတြ႕ေနရသလို တစ္ပင္ထဲ ထီးထီးႀကီးျဖစ္ေနတဲ့ ႏွစ္ခ်ိဳ႕ထန္းပင္ႀကီးက တေစၦတစ္ေကာင္ မတ္တပ္ရပ္ေနတဲ့အလား ထီးထီးႀကီးတည္ရွိေနခဲ့တယ္။

ေအာင္ျမတ္သာက ထန္းပင္နဲ႔ ဝါးတစ္ျပန္အကြာေရာက္ေတာ့ ေရွ႕ကိုဆက္မတိုးေတာ့ပဲ အေပၚကိုေမာ့ၾကည့္ကာ

“ ဒီအပင္မွာေနထိုင္တဲ့ ျမင္အပ္မျမင္အပ္ပုဂၢိဳလ္ ေတြအေနနဲ႔ က်ဳပ္တို႔လုပ္ေဆာင္ေနတဲ့ ကိစၥကို ထပ္မံမေႏွာက္ယွက္ဖို႔ ေမတၱာရပ္ခံခ်င္တယ္” လို႔ေျပာလိုက္တယ္ဆိုရင္ပဲ ထန္းပင္ေပၚကေန လက္သီးဆုပ္ခန႔္ရွိတဲ့ ထန္းသီးေျခာက္ေတြ က်ဆင္းလာခဲ့တယ္။

“ ေကာင္းေကာင္းမြန္မြန္ေျပာေနတာကို အခုလိုျပဳမူတယ္ဆိုေတာ့ ငါ့အေနနဲ႔ သက္ညႇာစရာမလိုေတာ့ဘူး”

ေအာင္ျမတ္သာက စူးရွတဲ့မ်က္လုံးနဲ႔ ထန္းပင္ေပၚကိုေမာ့ၾကည့္ၿပီး မိစာၦႏိုင္အင္းတစ္႐ြက္ကို ထန္းပင္အျမစ္နားမွာ ခ်လိုက္တယ္ဆိုရင္ပဲ ထန္း႐ြက္ေတြက ေလမတိုက္ပဲ တဖ်တ္ဖ်တ္နဲ႔လႈပ္ရွားလာၿပီး ေၾကာက္လန႔္တၾကားေအာ္ဟစ္သံေတြထြက္လာခဲ့တယ္။ မၾကာခင္မွာပဲ ထန္းပင္ေပၚကေန အေမႊးအမွ်င္ေတြ ထူထဲစြာေပါက္ေနတဲ့ လူလိုလို ေမ်ာက္လိုလိုအေကာင္တစ္ေကာင္ တြယ္ဆင္းလာခဲ့ၿပီး ေျမႀကီးနဲ႔ တစ္လံေလာက္အကြာမွာ ၿငိမ္ေနခဲ့တယ္။

“ စုတ္ဖြားဆိုတာ မင္းလား”

“ ေအး.. စုတ္ဖြားဆိုတာငါပဲကြ”

ေလသံက မာထန္လြန္းတာေၾကာင့္ ေအာင္ျမတ္သာက ေျမႀကီးကိုဖေနာင့္နဲ႔ ေပါက္ခ်လိုက္ရာ ထန္းပင္မွာတြယ္ကပ္ေနတဲ့ အေကာင္က ေျမႀကီးေပၚကို ဗိုင္းခနဲျပဳတ္က်လာခဲ့တယ္။

“ မင္းဘာလို႔ လုပ္အားဒါနေပးတဲ့ ကေလးေတြကို ေျခာက္လွန႔္ခိုင္းတာလဲ”

“ ငါမႀကိဳက္ဘူး…ဒီေနရာမွာ ဘာမွလာမလုပ္ၾကနဲ႔ ထြက္သြားၾက”

“ ငါတို႔ကလဲ ကိုယ္က်ိဳးအတြက္ လုပ္ေနတာ တစ္ခုမွမရွိဘူး… ေဝေနယ်သတၱဝါေတြ ကြၽတ္လြတ္ပါေစဆိုတဲ့စိတ္နဲ႔လုပ္ေပးေနတာ… ဒါကို မင္းလိုမိုက္တြင္းနက္တဲ့ေကာင္က ဘယ္သိႏိုင္ပါ့မလဲ…”

“ ငါ့ကိုတရားလာမေဟာနဲ႔…မသိခ်င္ဘူး… ငါ့ေနရာကေန သြားၾကစမ္း”

“ အေတာ္အကုသိုလ္ႀကီးတဲ့ေကာင္ပဲ… မင္းက ခြၽတ္လို႔လဲကြၽတ္မွာမဟုတ္တာေၾကာင့္ မင္းနဲ႔တန္ရာကိုပဲျပေပးရမွာေပါ့”

ေအာင္ျမတ္သာက ခပ္ၿပဳံးၿပဳံးနဲ႔ေျပာၿပီး ႏႈတ္ခမ္းလႈပ္႐ုံေရ႐ြတ္လိုက္ရာ အသားနီနီ ကိုယ္ထည္ေတာင့္ေတာင့္ မ်က္လုံးျပဴးျပဴးနဲ႔ လူထြားႀကီးတစ္ေယာက္ ဘြားခနဲေပၚလာခဲ့တယ္။

“ နယ္ နယ္ပိုင္သခင္ပါလား”

စုတ္ဖြားရဲ႕ အလန႔္တၾကားေရ႐ြတ္သံ။

“ က်ဳပ္ကိုေခၚတာ ဆရာလား”

“ ဟုတ္ပါတယ္… ဒီေကာင္က သင့္လက္ေအာက္မွာ ရွိေနတဲ့သူမဟုတ္လား”

နယ္ပိုင္ပုဂၢိဳလ္က စုတ္ဖြားကို မ်က္ေထာင့္နီနဲ႔ လွမ္းၾကည့္ၿပီးမွ

“ ဒီေကာင္က လက္တိုလက္ေတာင္းခိုင္းတဲ့အဆင့္ပဲ ရွိပါတယ္ဆရာ… ဘာမ်ားမလိမ္မာတာလုပ္မိလို႔ ပါလဲ”

နယ္ပိုင္က ေအာင္ျမတ္သာက ႐ို႐ိုက်ိဳးက်ိဳးေျပာေနတာျမင္တဲ့ စုတ္ဖြားက အသားေတြတဆတ္ဆတ္တုန္တဲ့ထိ ေၾကာက္လန႔္ေနခဲ့တယ္။

“ သင့္တပည့္က ေစတီ‌ပ်က္ေတြျပဳျပင္တာကို မႏွစ္သက္တဲ့အျပင္ လုပ္အားဒါနေပးတဲ့ လူငယ္ေတြကို ေႏွာက္ယွက္ခဲ့တယ္။ ဒါတင္မကေသးပဲ က်ဳပ္ကိုေတာင္ ရန္ျပဳမယ့္ပုံစံ လုပ္ခဲ့ေသးတယ္”

“ က်ဳပ္တပည့္ရဲ႕ ႐ိုင္းျပမႈအတြက္ ဆရာကို ေတာင္းပန္ပါတယ္… ဒီေကာင္ကိုလဲ ေနာက္ေနာင္ အခုလိုမလုပ္ရေအာင္ ဆရာေရွ႕မွာတင္ဆုံးမေပးပါ့မယ္… ေဟ့ေကာင္ စုတ္ဖြား လာစမ္း”

နယ္ပိုင္လူထြားႀကီးရဲ႕အသံေၾကာင့္ စုတ္ဖြားက တုန္တုန္ရီရီနဲ႔ အနားကပ္လာခဲ့ရာ ဟိုက ဘာမွမေျပာပဲ ေျခေထာက္ကေနဆြဲကိုင္ကာ ထန္းပင္နဲ႔ဆြဲဖြတ္ပါေလေရာ။

“ ေျဖာင္း”

“ ဂြၽတ္”

“ ဝုန္း”

“ ေၾကာက္ပါၿပီ ေနာက္ေနာင္ မေလးမစားမလုပ္ရဲေတာ့ပါဘူး… ဒီတစ္ခါ ခြင့္လႊတ္ေပးပါ”

“ ဟမ္… ခြင့္လႊတ္ေပးရမယ္ဟုတ္လား… ဒီပုဂၢိဳလ္က သူ႔ဖိနပ္ကို မင္းေခါင္းေပၚတင္ရင္ေတာင္ မင္းမ်က္လုံးေတာင္ေမာ္ၾကည့္ခြင့္မရွိဘူးကြ.. ေျဖာင္း ေျဖာင္း ေျဖာင္း”

နားထင္ကို ႀကီးမားတဲ့လက္ဝါးေတြနဲ႔ဆင့္ကာ ဆင့္ကာ႐ိုက္ခ်လိုက္ရာ စုတ္ဖြားတစ္ေကာင္ ထန္းပင္ေအာက္မွာ ပုံလ်က္သားလဲက်သြားခဲ့တယ္။

“ ဒီေလာက္ဆို သူလဲမွတ္ေလာက္ပါၿပီ… ထပ္မ႐ိုက္ပါနဲ႔ေတာ့”

“ ဆရာတို႔ကို ေနာက္ေနာင္ ဘယ္သူမွမေႏွာက္ယွက္ေစရေတာ့ပါဘူး… ထီးေတာ္တင္ပြဲက်ရင္လဲ က်ဳပ္တို႔အတြက္ အမွ်အတန္းထည့္ေဝေပးပါ…”

“ ေကာင္းပါၿပီ သင့္နာမည္ကိုေခၚၿပီး အမွ်တန္းေပးေဝမွာျဖစ္သလို သင့္ငယ္သားေတြကိုလဲ ရည္စူးၿပီးအမွ်တန္းေဝေပးပါ့မယ္”

စုတ္ဖြားလဲအဲဒီေတာ့မွ ေအာင္ျမတ္သာရဲ႕ေရွ႕မွာ ဒူးေထာက္ကာ အႀကိမ္ႀကိမ္အခါခါေတာင္းပန္ ပါေလေရာ။

“ သင္အမွားကိုသိၿပီဆိုရင္ ေနာက္ေနာင္ ဒီလိုမျဖစ္ေစနဲ႔…က်ဳပ္လဲ အျခားအေရးကိစၥေတြ လုပ္ရဦးမွာမို႔ ဒီေလာက္နဲ႔သြားလိုက္ပါ့မယ္” လို႔ေျပာကာ ထန္းပင္ေအာက္ကေန ထြက္လာခဲ့လိုက္တယ္။

တဲကိုျပန္ေရာက္ေတာ့ ေမာင္ေကာင္း၊ ခြန္းလွနဲ႔ မိုးထက္ျမင့္တို႔ မအိပ္ေသးပဲေစာင့္ေနၾကတာကို ျမင္လိုက္ရတယ္။

“ ဘယ္လိုလဲ…ေနရာခ်တာအဆင္ေျပရဲ႕လား”

“ အဆင္ေျပပါတယ္ဆရာ.. ဖိုးသူေတာ္ႀကီးက ပါလာတဲ့ပုဂၢိဳလ္ေတြအတြက္ သင့္ေတာ္တဲ့ေနရာ စီစဥ္ေပးပါတယ္”

“ အင္း… အခ်ိန္လဲေနာက္က်ေနၿပီမို႔ အနားယူလိုက္ၾကဦး… မနက္ျဖန္က်ရင္ လုပ္စရာေတြက်န္ေသးတယ္”

“ ဟုတ္ကဲ့ဆရာ.. ဒါဆို ကြၽန္ေတာ္တို႔ နားလိုက္ပါ့မယ္”

ေမာင္ေကာင္းတို႔ တဲေပၚတက္သြားေတာ့ ေအာင္ျမတ္သာက ‌ေလာကမာန္ေအာင္ေစတီေပၚကို တက္ကာ ျပဳျပင္ထားတဲ့အေျခအေနေတြကို လိုက္ၾကည့္ေနခဲ့တယ္။ အဲဒီအခ်ိန္မွာပဲ ေစတီရဲ႕ ‌အေနာက္ဘက္ေလွကားကေန ခါးကုန္းကုန္းနဲ႔ မိန္းမတစ္ေယာက္တက္လာၿပီး တစ္လံအကြာေရာက္ေတာ့ ခါးကိုဆန႔္ထုတ္လိုက္ရာ အရပ္ေျခာက္ေပေက်ာ္အထိ ျမင့္တက္သြားခဲ့တယ္။

“ အသင္က ဘယ္သူပါလဲ”

“ ကြၽန္မက ၿမိဳ႕ျပင္ေက်ာက္ဂူမွာရွိတဲ့ ပစၥည္းေတြကို ေစာင့္ေရွာက္ေနတဲ့သူပါ…နာမည္ကေတာ့ မိေ႐ႊျမလို႔ေခၚပါတယ္”

“ သင္က က်ဳပ္ဆီေရာက္လာတာ ဘာအေရးကိစၥမ်ားရွိလို႔ပါလဲ”

“ ဆရာတို႔ ဘုရားဌာပနာထည့္တဲ့အခါ ကြၽန္မတို႔မိဘစဥ္ဆက္ကိုးကြယ္လာတဲ့ ျမဘုရားကိုပါ ထည့္ေစခ်င္ပါတယ္”

“ သင္ရဲ႕ဆႏၵပါတယ္ဆိုရင္ က်ဳပ္ထည့္ေပးပါ့မယ္… ဌာပနာပစၥည္းကအခုပါလာတာလား”

“ ပါပါတယ္ဆရာ…ဒီမွာပါ”

မိေ႐ႊျမက ပခုံးမွာတင္ထားတဲ့ သဘက္ကို ဆြဲဖယ္လိုက္ရာ လက္ေပၚမွာတင္ထားတဲ့ တစ္ထြာသာသာျမဘုရားတစ္ဆူကိုဖူးျမင္လိုက္ရတယ္။

“ အေတာ္ကိုလက္ရာေျမာက္တဲ့ဘုရားတစ္ဆူ ပါလား”

“ ဆရာတို႔ရဲ႕ေက်းဇူးေၾကာင့္ အခုလို လႉဒါန္းခြင့္ရတာကို ေက်နပ္ေနပါၿပီ… ထီးေတာ္တင္မယ့္ေန႔က်ရင္လဲ သာဓုေခၚဆိုဖို႔ေစာင့္ေနပါ့မယ္”

“ သင့္ကိုလဲ မေမ့မေလ်ာ့ ပင့္ဖိတ္မွာပါ”

ေအာင္ျမတ္သာက ျမဘုရားကို လက္ခံယူလိုက္ၿပီးခ်ိန္မွာေတာ့ မိေ႐ႊျမက ေစတီကို ဦးသုံးႀကိမ္ခ်ကာ အေနာက္ဘက္ေလွကားကေန ျပန္ဆင္းသြားခဲ့တယ္။

++++

ဒီလိုနဲ႔ ကိုးလတိတိျပည့္တဲ့ေန႔မွာေတာ့ အလႉရွင္ေတြရဲ႕ ေစတနာသဒၵါတရားထက္သန္ မႈနဲ႔အတူ ေစတီေတြအားလုံးကို ျပဳျပင္ႏိုင္ခဲ့ၿပီး ဌာပနာပစၥည္းေတြလဲ တန္ဖိုးျဖတ္မရေအာင္ ရရွိခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ ၿမိဳ႕ခံလူႀကီးေတြနဲ႔ တိုင္ပင္ၿပီးခ်ိန္မွာေတာ့ ထီးေတာ္တင္ပြဲကို တေပါင္းလျပည့္ေန႔မွာက်င္းပျပဳလုပ္ဖို႔ သေဘာတူညီခဲ့ၾကတယ္။

ထီးေတာ္လွည့္လည္ပြဲအခမ္းအနားကေတာ့ ေ႐ႊေပၚကြၽန္းၿမိဳ႕ေပၚမွာ အႀကီးက်ယ္အခမ္းနားဆုံးျဖစ္ခဲ့သလို အျခားၿမိဳ႕႐ြာက လူေတြေတာင္ အားက်ရတဲ့ထိ ႀကိတ္ႀကိတ္တိုးစည္းကားခဲ့တယ္။

ထီးေတာ္ႀကီးကို ေလာကမာန္ေအာင္ေစတီေပၚကို တင္တဲ့အခါမွာလဲ မိုးထက္ျမင့္နဲ႔အတူ ေအာင္ျမတ္သာတို႔ဆရာတပည့္သုံးေယာက္၊ ၿမိဳ႕မိၿမိဳ႕ဖေတြစုေပါင္းတင္လႉခဲ့ၾကၿပီး ေရစက္ခ်တဲ့အခါမွာလဲ ေရစက္ခြက္ေပါင္း ၃၀တိတိ ခ်ထားေပးခဲ့ရတယ္။

သာမန္လူေတြအျမင္မွာ ေရစက္ခြက္အခ်ိဳ႕က အလြတ္အတိုင္းျဖစ္ေနေပမယ့္ အမွ်ေဝခ်ိန္မွာေတာ့ လူမရွိတဲ့ေရစက္ခြက္ေတြထဲမွာ ေရေတြအျပည့္ျဖစ္ေနတာကို ထူးဆန္းစြာျမင္ေတြ႕လိုက္ရတယ္။

ေအာင္ျမတ္သာလဲ အမွ်ေဝၿပီးခ်ိန္ ေစတီပတ္ပတ္လည္ကိုၾကည့္လိုက္ရာ သကၤန္းအသစ္ေတြ၀တ္ဆင္ၿပီး ၿပဳံးရယ္ေနၾကတဲ့ သံဃာေတာ္ေတြအျပင္ ျဖဴေဖြးတဲ့ပိတ္ျဖဴသားကို ၀တ္ဆင္ထားတဲ့ ဖိုးသူေတာ္ဝါယမကိုပါ ျမင္ေတြ႕လိုက္ရတယ္။

ေစတီရဲ႕အေရွ႕ဘက္ေလွကားမွာေတာ့ သစ္လြင္တဲ့အ၀တ္အစားကို က်နစြာ၀တ္ထားတဲ့ ေမာင္ေ႐ႊသင္းက ေအာင္ျမတ္သာကို ၿပဳံးၿပဳံးႀကီးစိုက္ၾကည့္ေနသလို ေ႐ႊေတြအိေနေအာင္ ၀တ္ဆင္ထားတဲ့ ျမပန္းႏြယ္ကေတာ့ ပရိတ္သတ္အလယ္မွာ ထိုင္ေနတဲ့ ေမာင္က်င္ကို ေငးၾကည့္ေနခဲ့တယ္။

ေစတီေအာက္ေျခမွာရွိတဲ့ အရံေစတီငယ္ေလးေတြမွာလဲ ေျပးလႊားေဆာ့ကစားေနၾကတဲ့ ကေလးေတြရွိေနၾကၿပီး ေထာင့္အစြန္မွာရွိတဲ့ အရံေစတီေဘးမွာေတာ့ ညစ္ပတ္ေပေရတဲ့အ၀တ္အစားကို ၀တ္ဆင္ထားတဲ့ လူတစ္ေယာက္က သစ္ကိုင္းေျခာက္တစ္ခုနဲ႔ ေျမႀကီးေတြကိုတူးဆြေနခဲ့တယ္။

ဒီလိုနဲ႔ ႏွစ္ေပါင္းမ်ားစြာ ေျခာက္ကပ္ေနခဲ့တဲ့ ဘုရားငုတ္တိုကုန္းက အခုဆို ဆည္းလည္းသံ၊ ေခါင္းေလာင္းသံေတြနဲ႔ သာယာဖြယ္ေကာင္းတဲ့ ေနရာတစ္ခုျဖစ္လာခဲ့သလို တရားအားထုတ္လိုသူ ၿမိဳ႕ခံေတြအတြက္လဲ စိတ္ၿငိမ္ရာအရပ္တစ္ခု ျဖစ္လာခဲ့တယ္။

မိုးထက္ျမင့္ကေတာ့ ထီးေတာ္တင္တဲ့ေန႔မွာတင္ မိဘေတြထံခြင့္ေတာင္းၿပီး ရဟန္းဘ၀ကိုအၿပီးတိုင္ ခံယူကာ ပရိယတၱိစာေပးေတြကို ေလ့လာသင္ၾကားခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ ေ႐ႊေပၚကြၽန္းၿမိဳ႕မွာ ဘုရားထီးတင္တဲ့ကိစၥနဲ႔ တစ္ႏွစ္နီးပါးေနထိုင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ဘယ္သူမွမသိလိုက္ပဲ ေပ်ာက္ျခင္းမလွေပ်ာက္ကြယ္ သြားခဲ့တယ္။

+++++

ဒီလိုနဲ႔ ၃လခန႔္အၾကာမွာေတာ့ ျမန္မာႏိုင္ငံေအာက္ပိုင္းေဒသတစ္ခုက ႐ြာတစ္႐ြာမွာ

ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြျပန္လည္ေပၚထြက္လာခဲ့တယ္။

ဒီအေၾကာင္းအရာကိုေတာ့ ေအာင္ျမတ္သာႏွင့္ေျမတြင္းေအာင္းတေစၦဆိုတဲ့ ၀တၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)