” အောင်မြတ်သာနှင့်ထူးဆန်းသောဘုရားငုတ်တို ”(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်ထူးဆန်းသောဘုရားငုတ်တို ”(စ/ဆုံး)
———————————————————————–

ဇေယန(ရာမည)

” ရွှေပေါ်ကျွန်းမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ဆေးရောင်မှန်ဖျော့နေတဲ့ဆိုင်းဘုတ်အောက်မှာတော့ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက် ခေတ္တအနားယူနေခဲ့ကြတယ်။

ရွှေပေါ်ကျွန်းမြို့လို့ဆိုပေမယ့် တကယ်တော့ ရွာကြီးတစ်ခုသာသာပဲရှိနေသလို မြိုအ၀င်လမ်းမကြီးကလဲ သွားလာသူကျိုးတိုးကျဲတဲနဲ့ အနည်းငယ်ခြောက်ကပ်နေခဲ့တယ်။ မြို့ရဲ့အရှေ့ဘက်မှာတော့ မှိုင်းညို့နေတဲ့ တောင်တန်းတစ်ခုတည်ရှိပြီး အနောက်ဘက်မှာတော့ ငလျင်ဒဏ်ကြောင့်ပြိုပျက်ခဲ့ဖူးတဲ့ စေတီပုထိုးတွေထိုးထိုးထောင်ထောင်နဲ့တည်ရှိနေခဲ့တယ်။ လမ်းမကြီးကတော့ မြိုရဲ့ တောင်နဲ့မြောက်ကို ဖြတ်ပြီးတည်ဆောက်ထားတဲ့အတွက် မြို့ခံအိမ်တွေကတော့လမ်းမကြီးရဲ့ ဘေးဘယ်ညာဘက်ခြမ်းတွေမှာရှိနေခဲ့ကြတယ်။ ရွှေပေါ်ကျွန်းမြို့သူမြိုသားတွေကတော့ ခြံလုပ်ငန်းလုပ်ကိုင်သူတွေများကြပြီး အချို့ကတော့ မိရိုးဖလာလယ်လုပ်ငန်းကိုလဲလုပ်ကိုင်ခဲ့ကြတယ်။ စီးပွားရေးအတန်သင့်ပြေလည်ပြီး ဘာသာရေးကိုင်းရှိုင်းကြတဲ့ ရွှေပေါ်ကျွန်းမြို့လေးကို မယောင်မလည်တဲ့ရောက်လာတဲ့ အောင်မြတ်သာတို့ကတော့ မြို့အ၀င်ဇရပ်လေးမှာခေတ္တအနားယူပြီး မြို့ထဲ၀င်လာတဲ့အချိန်မှာတော့ ချေးအထပ်ထပ်တက်နေတဲ့ သက္ကလပ်ကုတ်အင်္ကျီနဲ့ ကာကီဘောင်းဘီကို၀တ်ဆင်ထားတဲ့ အသက်၃၀အရွယ်လူတစ်ယောက်က လမ်း‌ဘေးမှာထိုင်ပြီးကျွတ်ကျွတ်အိတ်နဲ့ထုပ်ထားတဲ့အရာတစ်ခုကို ပလုပ်ပလောင်းစားနေတာကိုမြင်လိုက်ရတယ်။

” ဟေ့လူတွေ ငါ့ကိုဘာလို့ကြည့်နေတာလဲ… ငါ့မှာရှိတာတွေကိုတော့ လာမလုနဲ့နော်… ငါ့ဆီကလုရင် နင်တို့ကို မြပန်းနွယ်နဲ့တိုင်ပြောလိုက်မယ်…”

မရိတ်သိမ်းထားတဲ့ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ ညစ်ပတ်ပေရေတဲ့ပုံစံဖြစ်နေတဲ့လူရဲ့စကားကြောင့် အောင်မြတ်သာက ဘေးတစ်ဖက်ကိုမျက်နှာလွှဲလိုက်ပြီး မြို့ထဲကို၀င်လာခဲ့လိုက်တယ်။ အတန်ကြာလမ်းလျောက်လာပြီးချိန်မှာတော့ စုရုံးစုရုံးဖြစ်နေတဲ့လူအချို့ကြောင့် ခြေလှမ်းတွေကိုရပ်လိုက်ပြီး ကြည့်လိုက်ရာ သီးပင်စားပင်တွေ စိုက်ထားတဲ့ ခြံ၀င်းတစ်ခုထဲမှာ လဲကျနေတဲ့ ကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်။ သူ့ရဲ့ဘေးမှာတော့ ပြန့်ကျဲနေတဲ့ ဆီးသီးအချို့နဲ့အတူ မျက်နှာငယ်လေးတွေနဲ့ထိုင်နေကြတဲ့ ဆယ်ကျော်သက်လူငယ်နှစ်ယောက်။

” မင်းတို့ကောင်တွေကွာ… ဒီလောက်မြင့်တဲ့အပင်ကိုမှ တက်ရတယ်လို့… ”

အသက်၅၀အရွယ်လူကြီးတစ်ယောက်က သတိလစ်မေ့မျောနေတဲ့ ကလေးကိုပွေ့ထားပြီး ဘေးမှာထိုင်နေတဲ့သူတွေကို ပြစ်တင်ကြိမ်းမောင်းလိုက်တယ်။

” ကိုအံ့ကြီး… ရှင်ဆူနေလို့ ဒီကလေးက သတိလည်လာမှာမဟုတ်ဘူး… ဆေးရုံကိုပို့ဖို့လုပ်ရမယ်လေ”

” ငါ ကားခေါ်ခိုင်းထားပါတယ်… ဒါနဲ့ ဒီကလေးတွေရဲ့ မိဘတွေကိုအသိပေးရဦးမယ်မဟုတ်လား”

ကိုအံ့ကြီးဆိုသူရဲ့စကားကြောင့် လူအုပ်ထဲက တစ်ယောက်က

” အခုသတိလစ်နေတဲ့ကလေးက ငွေလွင်ရဲ့သားမဟုတ်လား…”

” ဟုတ်တယ် ဦးလေး… သူ့အဖေကိုသိလို့လား”

” တစ်မြို့ထဲသားတွေပဲ သိတာပေါ့ကွ… ကဲ ကိုအံ့ကြီးက ဒီကလေးကို ဆေးရုံခေါ်သွားပေး… ကျုပ်က သူ့မိဘတွေကိုအကြောင်းကြားပြီးလိုက်လာခဲ့မယ်”

အောင်မြတ်သာတို့လဲ ဘေးကနေ နားထောင်နေရင်း ဖြစ်ကြောင်းကုန်စင်ကိုသိလိုက်ရတဲ့အတွက် သတိလစ်နေတဲ့ကလေးနားကိုတိုးလာပြီး

” ကလေးက အကြောက်လွန်ပြီးမေ့သွားတာဖြစ်မယ်… ကျုပ်တတ်သလောက် လုပ်ကြည့်ပါရစေ” လို့ပြောတော့ ကိုအံ့ကြီးက

” လုပ်တတ်ရင် လုပ်ပေးပါဦးဗျာ… ကျုပ်မလဲ ဒီဆီးပင်ကြောင့် နှစ်တိုင်းလိုလို ဆေးရုံပို့နေရတယ်…” ‌လို့ရေရွတ်ပြီး သတ်လစ်နေတဲ့ ကလေးကို အောင်မြတ်သာလက်ထဲထိုးပေးလိုက်တယ်။

” ဓါးမနဲ့ ရေတစ်ပုံလောက်ရမလား”

” ရပါတယ် ရပါတယ်… ခဏလေးနော်”

အနားမှာရှိတဲ့သူတွေက ကပြာကယာနဲ့ ဓါးမနဲ့ ရေပုံးကို ယူလာပေးခဲ့ရာ အောင်မြတ်သာက ဘေးမှာချခိုင်းလိုက်ပြီး ကလေးကို မောင်ကောင်း ပေါင်ပေါ်မှာပေးမှီထားလိုက်တယ်။

” အပင်က အတော်ကြီးတာပဲ… သက်တမ်းဘယ်လောက်ရှိပြီလဲဗျ”

” ကျုပ်ကလေးဘ၀ထဲက ဒီအပင်ရှိနေတာဆိုတော့ နှစ်၄၀-၅၀လောက်တော့ကြာပီထင်တယ်”

အောင်မြတ်သာလဲ ဓါးမနဲ့ရေပုံးကိုဆွဲယူပြီး ကလေးပြုတ်ကျတဲ့နေရာကို ဓါးဦးနဲ့မြေလှန်ကာ ရေပုံးကိုလောင်းချလိုက်ပြီး

” အပင်မှာ စောင့်ကြပ်နေတဲ့ အစောင့်အရှောက်များကို ကျုပ်ကပဲ မေတ္တာရပ်ခံပါတယ်… ဒီကလေးက အမှားကျူးလွန်ခဲ့ရင်လဲ ကျုပ်မျက်နှာကိုထောက်ထားပြီး ခွင့်လွှတ်ပေးကြပါ… သင်တို့အနေနဲ့ ကလေးအပေါ် ဒဏ်ပေးထားတာရှိရင်လဲ ပြန်လည်နှုတ်ယူကြဖို့ ထပ်လောင်းမေတ္တာရပ်ခံပါတယ်…” လို့ပြောပြီး နောက်ကိုလှည့်လိုက်ရာ သတိလစ်နေတဲ့ကလေးက ရုတ်တရက်သတိပြန်လည်လာပြီး ဘေးဘီကိုကြောင်တောင်တောင်မျက်လုံးတွေနဲ့ လိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။

” ဟေး… သတိရလာပြီကွ… ”

” ထူးဆန်းလိုက်တာ… ဒီလူစကားဆုံးတာနဲ့ သတိရလာတာနော်…”

” သူတို့ကိုလဲ ဒီမြို့မှာတစ်ခါမှမတွေ့ဖူးဖူး… ခရီးသွားရင်း လမ်းကြုံလို့၀င်ကူညီကြတဲ့ဆရာတွေများလား”

ရပ်ကြည့်နေတဲ့ လူတွေထဲကနေ တီးတိုးစကားသံတွေထွက်လာသလို အချို့ကလဲ အောင်မြတ်သာတို့ကို ဖော်ရွှေတဲ့မျက်လုံးတွေနဲ့ကြည့်ကာ ကျေးဇူးတင်စကားလာရောက်ပြောဆိုကြတာတွေလဲရှိခဲ့တယ်။

ခဏနေတော့ ကလေးရဲ့မိဘတွေရောက်လာပြီး အောင်မြတ်သာကို ကျေးဇူးတင်စကားအထပ်ထပ်ဆိုကာ ကလေးကိုပြန်ခေါ်သွားခဲ့ကြတာကြောင့် ကိုအံ့ကြီးက ခေါင်းကိုခါယမ်းပြီး

” ဒင်းတို့လေးတွေ အတော်ကိုမွှေကြတာ… ကျုပ်လောက်အော်တာလဲကျုပ်ပဲ… ဒါပေမယ့် လစ်ရင်လစ်သလို အပင်ပေါ်တက်ကြတာ…ဟူး”

” ကလေးတွေဆိုတာ ဒီလိုပါပဲဗျာ…. ဒီအတွက်ကြောင့် အပင်ကိုခုတ်လှဲတာတော့မလုပ်ပါနဲ့…”

” ကျုပ်က ခုတ်ချင်နေတာကြာပီဗျ… ခုတ်မယ်လုပ်ရင် အိမ်မက်ထဲမှာ မခုတ်ဖို့လာပြောတာမို့ ဒီတိုင်းပြန်ထားထားတာ… ဒါနဲ့ ငါ့တူတို့က ဒီမြို့ခံတွေမဟုတ်ဘူးနဲ့တူတယ်”

” မဟုတ်ပါဘူး… ကျုပ်တို့က လမ်းကြုံလို့ ဖြတ်သွားရင်း ၀င်ကူညီလိုက်တာပါ”

” ငါ့တူတို့က ဒီလိုကိစ္စတွေ အတွေ့အကြုံရှိတယ်နဲ့တူတယ်… အခုလဲကြည့်လေ.. စကားမေးတောင်မရတဲ့ သူကို ချက်ချင်းသတိပြန်လည်အောင် လုပ်ပေးခဲ့သေးတယ်”

ကိုအံ့ကြီးစကားကြောင့် အောင်မြတ်သာက ဘာမှပြန်မပြောပဲ ရယ်ပဲရယ်နေလိုက်တယ်။

” ငါ့တူတို့က ဘယ်ထိခရီးဆက်ကြဦးမှာလဲ… ”

” ဘယ်ဆီရယ်လို့တော့မရှိပါဘူး…. ခြေဦးတည့်ရာ ဓါတ်ကျရာလျောက်သွားနေတာပါပဲ… ဒီလိုသွားနေရင်း အမြင်မတော်တာရှိ ၀င်ကူညီလိုက်တာပေါ့ဗျာ”

” ဒါဖြင့် အချိန်လဲလင့်နေပြီဆိုတော့ ဘယ်မှာ တည်းကြမလဲ”

” စေတီတစ်ဆူ… ဇရပ်တစ်ဆောင်ရှိရင် ကျုပ်တို့အတွက် အဆင်ပြေပါတယ်… ”

” ဒီလိုလုပ် …. ကျုပ်က တစ်ယောက်ထဲသမားဆိုတော့ ဒီည ကျုပ်အိမ်မှာပဲတည်းလိုက်ဗျာ.. နောက်နေ့ ငါ့တူတို့ လိုတဲ့ခရီးထပ်ဆက်ကြပေါ့”

အောင်မြတ်သာတို့လဲ ကိုအံ့ကြီးရဲ့ ဖိတ်ခေါ်မှုကို မငြင်းတော့ပဲ သဘောတူလက်ခံလိုက်ကြတယ်။ ညဘက်ရောက်တော့ ကိုအံ့ကြီးက ဟင်းခတ်အမွှေးကြိုင်စုံလင်စွာနဲ့ချက်ထားတဲ့ သီးစုံဟင်း ဧည့်ခံခဲ့သလို စားသောက်ပြီးချိန်မှာလဲ ရေနွေးကြမ်းတစ်အိုး၊ လက်ဖက်တစ်ပန်းကန်ချကာ လေးယောက်သား စကားစမြည်ပြော‌ဖြစ်ခဲ့ကြတယ်။

” ငါ့တူတို့အမြင်အရ ဒီဆီးပင်မှာ အစောင့်ရှိတယ်ဆိုတာယုံလား”

” ဘာဖြစ်လို့လဲ ဦးကြီး”

” ကျုပ်က တစ်ယောက်ထဲသမားဆိုတော့ တစ်ခါတစ်လေ သတိမေ့ပြီး ခြံတံခါးမပိတ်မိတာတို့ဘာတို့ရှိတတ်တယ်… ဒီမြို့မှာက သူခိုးသူဝှက်အကြီးစားမရှိပေမယ့် အပျော်တမ်း ကြက်ခိုး ဘူးသီးခိုးတဲ့သူတွေတော့ရှိတယ်ကွယ့်… တစ်ခါတစ်လေ အိပ်ပျော်နေတဲ့အချိန် ခြေထောက်ကိုလာလှုပ်ပြီး ကြက်သူခိုးတွေလာတော့မယ်၊ သွားကြည့်လိုက်ဦး ဆိုပြီးပြောတာတွေရှိသလို တစ်ခါတစ်လေ ကြက်ခိုးတဲ့သူတွေ အလန့်တကြားအော်ပြေးကြတာတွေလဲကြုံဖူးတယ်… လာခိုးတဲ့ကောင်တွေပြောတာ ပြန်ကြားတာကတော့ ခိုးနေတဲ့အချိန် ဇက်ပိုးကို အေးစက်စက်လက်နဲ့ ရိုက်တာတို့ ကျောကုန်းကို လေးလံတဲ့အရာနဲ့ရိုက်ချတဲ့ဗျာ… ကျုပ်ကတော့ အဲဒီလိုလုပ်နေတာက ဆီးပင်မှာနေတဲ့ကောင်ပဲဖြစ်ရမယ်လို့ ထင်တယ်”

” သူက ဦးကြီးကို စောင့်ရှောက်နေတဲ့ပုံပဲ…. ဒါကြောင့် အပင်ကိုမခုတ်ဖို့ပြောတာပေါ့”

” ကျုပ်တို့မြို့ကလဲ ဒီလိုထူးဆန်းတဲ့ကိစ္စတွေအတော်ကိုအဖြစ်များတာ… ဘုရားငုတ်တိုရှိတဲ့ဘက်ဆိုရင် ညနေမှောင်စပျိုးချိန် ဘယ်သူမှမသွားရဲဘူး… အဲ… ဟိုအရူးကလွဲပြီးတော့ပေါ့”

” ဘယ်ကအရူးလဲ ဦးကြီး…”

” ငါ့တူတို့က အခုမှရောက်တာဆိုတော့ မမြင်ရသေးတာပါ…. သူ့နာမည်က အရူးမောင်ကျင်တဲ့… ဘယ်လောက်ပူပူ အရောင်အဆင်းမရှိတဲ့ သက္ကလပ်ကုတ်ကိုအမြဲ၀တ်ထားလို့ မြို့ခံတွေက သက္ကလပ်မောင်ကျင်လို့ခေါ်ပြီး စနောက်တတ်ကြတယ်…”

” အော်…. ဒါဆို မြို့အ၀င်မှာတွေ့ခဲ့တဲ့သူဖြစ်မယ်… သက္ကလပ်ကုတ်အင်္ကျီနဲ့ ကာကီဘောင်းဘီ၀တ်ထားတဲ့သူ ဟုတ်တယ်မလား”

” ဟုတ်တယ်… ဟုတ်တယ်… သူ့ကိုပြောတာ”

” ခုနကပြောတဲ့ထဲ ဘုရားငုတ်တိုကိုသူတစ်ယောက်ကလွဲရင် အခြားသူတွေကဘာလို့မသွားရဲတာလဲ”

” အရူးမောင်ကျင်ကြောင့် မသွားရဲတာလေ… တကယ်တော့ မောင်ကျင်က ခေတ်ပညာတတ်ဆရာ၀န်တစ်ယောက်ပဲကွယ့်”

” ဘယ်လို… အရူးမောင်ကျင်က ဆရာ၀န် ဟုတ်လား”

” အင်း… ဟုတ်တယ်… သူဒီမြို့ကိုစရောက်တုန်းက ဆရာ၀န်ပေါက်စလေးပေါ့… သဘောလဲကောင်း ရုပ်လေးကလဲ အသင့်တင့်ရှိတော့ မြို့ခံအပျိုတွေကြား အတော်ကိုရေပန်းစားခဲ့တာ… ဒီလိုနဲ့ တစ်နှစ်လောက်အကြာမှာတော့ မောင်ကျင်တစ်ယောက် အချိန်ရရင်ရသလို ဘုရားငုတ်တိုဘက်ကိုသွားတော့တာပဲ… တစ်ခါတစ်လေ တစ်ယောက်ထဲစကားတွေပြောပြီး ရယ်မောနေတာကိုမြင်တဲ့သူရှိသလို တစ်ခါတစ်လေ တစ်စုံတစ်ယောက်နဲ့ စကားများရန်ဖြစ်နေတဲ့ပုံစံကိုလဲမြင်တဲ့သူတွေရှိတယ်”

” အရူးမောင်ကျင်အကြောင်းက စိတ်၀င်စားစရာပဲ… နောက်တော့ ဘယ်လိုဖြစ်သွားလဲ ဆက်ပြောပါဦး”

” မောင်ကျင်မိဘတွေက ဒီအကြောင်းကိုသိတော့ အိမ်ပြန်ခေါ်သွားကြတာ… ဒါပေမယ့် တစ်လလောက်နေရင် မောင်ကျင်က ဒီကိုပြန်ရောက်လာတာပဲ… မြို့ကလူတွေကလဲ မောင်ကျင်ရောက်လာရင် သူ့မိဘတွေကိုအကြောင်းကြားပေးရတာပေါ့… ဒီလိုနဲ့ သုံးနှစ်လောက်အထိ မောင်ကျင်ရဲ့သတင်းကိုမကြားရတော့ဘူး… ဒါပေမယ့် သိပ်မကြာပါဘူး အခုလိုပုံစံနဲ့ပြန်ရောက်လာတာပဲ….”

” သူ့မိဘတွေကရော ပြန်လာမခေါ်ကြဘူးလား”

” ပြန်ခေါ်ကြတာပေါ့… ဒါပေမယ့် မောင်ကျင်က ထူးဆန်းတယ်… သူ့ကိုလာခေါ်ပြီ‌ဆိုရင် အစနတောင်မတွေ့အောင်ပျောက်သွားတော့တာပဲ… ဘယ်လိုလိုက်ရှာရှာ မတွေ့ဘူး… သူ့မိဘတွေပြန်သွားပြီဟေ့ဆိုရင်တော့ ဘယ်ကနေ ပြန်ပေါ်လာမှန်းကိုမသိတာ”

” ပြန်ပီဆိုပြီးသတင်းလွင့်ပြီး စောင့်ဖမ်းလို့မရဘူးလား”

” ငါ့တူတို့ကိုပြောရင်ယုံမှာတောင်မဟုတ်ဘူး… အဲလို လုပ်ကြည့်ပေမယ့် သကောင့်သားက လုံး၀ကိုပေါ်မလာဘူးလေ… နောက်ဆုံး သူ့မိဘတွေက မြို့ခံလူအချို့ကို ပိုက်ဆံပေးပြီး သူတို့သားလေး စားရေးသောက်ရေး အဆင်ပြေအောင် စီမံပေးကြရတယ်၊ မြို့ခံတွေက‌ေတာ့ မောင်ကျင်တစ်ယောက် ဘုရားငုတ်တိုဘက်ကို သွားလို့အခုလိုရူးသွားတာလို့ ယုံကြည်ထားကြတယ်”

” အရင်ကရော ဘုရားငုတ်တိုဘက်ကို လူတွေသွားကြလား”

” ကျွဲပျောက်နွားပျောက်သမားတွေကတော့ တစ်ခါတစ်လေ အရဲစွန့်ပြီးသွားကြတာပဲ… သူတို့ပြောစကားအရဆို ဘုရားငုတ်တိုဘက်ရောက်ပီဆိုတာနဲ့ မိန်းမတွေရဲ့ လှောင်ပြောင်ရယ်မောသံတွေကြားရသလို တစ်ခါတစ်လေ ဗိုက်ပူပူအရပ်ပုပုနဲ့လူတွေ ဘုရားငုတ်တိုဘေးမှာ တင်းပုတ်ကိုင်ပြီး လျောက်သွားနေကြတာကိုမြင်ရတယ်လို့လဲပြောကြတယ်”

” ဦးကြီးပြောပုံအရဆိုရင် မောင်ကျင်စိတ်အခြေအနေက သာမန်မဟုတ်လောက်ဘူး… ကျုပ်တို့ကြုံဖူးတဲ့အသိအရဆို မောင်ကျင်က အခုလိုဖြစ်တာတစ်စုံတစ်ယောက်ရဲ့ ပယောဂမကင်းဘူးလို့မြင်မိတယ်”

” အကုန်လုံးလဲ ငါ့တူတို့လိုတွေးတာပဲ… ဒါပေမယ့် မောင်ကျင်က ဘယ်သူ့ကိုမှ အနားကပ်မခံတာကြောင့် ခက်နေတာ”

” ဒီပုံအတိုင်းဆို ကျုပ်တို့အနေနဲ့ ဦးကြီးဆီမှာ ရက်အနည်းငယ်လောက်ထပ်နေရဦးမယ်ထင်ပါတယ်”

” ရက်အနည်းငယ်မဟုတ်ဘူး ပျော်သလောက်နေပါ ငါ့တူတို့ရယ်… ဒါပေမယ့် တစ်လကျော်ရင်တော့ ဆန်ဖိုးပေးရမယ်နော် ဟားဟား”

ဦးအံ့ကြီးစကားကြောင့် အောင်မြတ်သာတို့ဆရာတပည့်တွေ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကာ စကားဝိုင်းကိုလက်စသတ်လိုက်ကြတယ်။
++++++++

” ပတောက် ပတောက် ပတောက်”

နှင်းစက်တွေက အိမ်ခေါင်မိုးပေါ်ကနေ မြေကြီးပေါ်ကို တစ်ဖျောက်ဖျောက်ကျနေတဲ့ အရုဏ်တက်ချိန်မှာတော့ အောင်မြတ်သာရဲ့ အရပ်ရှစ်မျက်နှာမေတ္တာပို့သံက ခြံထဲကနေ သာယာစွာထွက်ပေါ်လာခဲ့တယ်။

” ဂျစ် ဂျစ် ဂျစ်”

သစ်သားကို လက်သည်းနဲ့ကုတ်ခြစ်တဲ့အသံက ဆီးပင်ပေါ်ကနေ ထွက်လာတာကို သတိထားမိလိုက်တာကြောင့် မေတ္တာပို့နေတာကိုရပ်လိုက်ပြီး

” သင် အသံပေးရတဲ့အကြောင်းရင်းက ကျုပ်ကိုပြောချင်တာတစ်ခုခုများရှိနေတာလား…” လို့မေးလိုက်တော့ လက်သည်းခြစ်သံက ပိုမိုကျယ်လောင်စွာထွက်လာခဲ့တယ်။

” သင်ပြောချင်တာပြောဖို့ ကျုပ်ခွင့်ပြုပါတယ်… သင် ကျုပ်ရဲ့ရှေ့ကိုလာရောက်ခဲ့ပါ” လို့ခွင့်ပြုလိုက်တာနဲ့ ဆီးပင်ပေါ်ကနေ လူတစ်ယောက် ကျောပေးလျက်အနေအထားခုန်ဆင်းလာခဲ့တယ်။

” သင်က ဘယ်သူလဲ”

” ကျုပ်က ဆီးပင်မှာနေတဲ့သူပါ…”

” သင့်ကိုရည်စူပြီးပို့သတဲ့မေတ္တာကိုရတယ်မဟုတ်လား…”

” ရပါတယ်”

” ဒါဖြင့် ဘာအကြောင်းအရာများပြောချင်လို့လဲ”

” နေ့လည်က ကျုပ်နေတဲ့အပင်ပေါ်ကိုခွင့်မတောင်းပဲတက်တဲ့ကလေးကို ဆရာမျက်နှာကြောင့် ချမ်းသာပေးလိုက်တယ်ဆိုတာပြောချင်လို့ပါ”

” ကလေးဆိုတာ ဒီလိုပါပဲ… ဘာလို့စိတ်လိုက်မာန်ပါလုပ်ချင်ရတာလဲ..”

” သူက ကျုပ်နေတဲ့အပင်ပေါ်ကိုတက်တဲ့အပြင် အကိုင်းတွေကိုပါ ချိုးပစ်တာကြောင့် စိတ်တိုပြီးလုပ်ခဲ့မိတာ”

” ကဲကဲ… နောက်ထပ် ဘယ်သူမှထပ်မလုပ်နိုင်အောင် ပြောပေးခဲ့မယ်… သင်လဲ စိတ်လျော့လိုက်ပါတော့”

” အင်း…. နောက်တစ်ခုက ဆရာတို့ရောက်နေတာ သူတို့သိနေပြီ”

” ဘယ်သူတွေကသိနေတာလဲ”

” ဘုရားငုတ်တိုမှာနေတဲ့သူတွေကိုပြောတာပါ”

” သင်က ဘာလို့ ဒီကိစ္စကိုလာပြောရတာလဲ”

” ဆရာတို့ကို ဘုရားငုတ်တိုနဲ့အရူးမောင်ကျင်အကြောင်းပြောပြခဲ့တဲ့ ဒီခြံပိုင်ရှင်ကိုပါရန်ပြုကြမှာမို့ လာပြောရတာပါ”

” ကျုပ်နားလည်ပါပြီ… သင်စောင့်ရှောက်နေတဲ့သူ ဘာမှမဖြစ်အောင် ကျုပ်တို့စီစဉ်ထားပေးပါမယ်”

” ဒီလိုဆိုလဲ ကျုပ်ပြောစရာကုန်ပြီမို့ ပြန်ခွင့်ပြုပါ”

” ကောင်းပါပြီ… သင့်ကိုပြန်ခွင့်ပြုပါတယ်”

အောင်မြတ်သာခွင့်ပြုလိုက်တာနဲ့ ကျောပေးရပ်နေတဲ့သူက ဆီးပင်ပေါ်ကို ရှည်လျားတဲ့လက်သည်းတွေနဲ့ကုတ်တက်ကာ ပျောက်ကွယ်သွားခဲ့တယ်။
++++++

” မနက်စောစောစီးစီး ဘယ်သွားကြမလို့လဲ”

ခြံထဲကနေထွက်ခါနီးကြားလိုက်ရတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ ဂေါ်ဖီထုတ်တွေကိုကျောလွယ်ခြင်းနဲ့သယ်လာတဲ့ ဦးအံ့ကြီးကိုမြင်လိုက်ရတယ်။

” မောင်ကျင်နဲ့သွားတွေ့မလို့ဗျ… ဦးကြီးရော ဂေါ်ဖီထုပ်တွေနဲ့ဘယ်ကပြန်လာတာလဲ”

” စိုက်ကွင်းထဲကပြန်လာတာ ငါ့တူတို့ရေ…ဒီနေ့က ဂေါ်ဖီတွေလဲရသလို ခွေးလဲဆွဲခံထိသဟ”

” ဘာဖြစ်သွားသေးလဲ ဦးကြီး”

” ဘယ်ကခွေးလေခွေးလွင့်တွေ စိုက်ကွင်းနားရောက်နေလဲမသိပါဘူး… ပြန်တဲ့လမ်းမှာ အနောက်ကနေ အသာလိုက်လာပြီး ဟပ်ဖို့လုပ်တာ… ဒါပေမယ့် အနားရောက်တာနဲ့ တဂိန်ဂိန်အော်ပြီး အမြှီးကုပ်ပြေးသွားလို့ ဘာမှမဖြစ်လိုက်ဘူး”

” တော်သေးတာပေါ့… နောက်ဆို ခွေးရူးကာကွယ်ဆေးထိုးနေရဦးမယ်”

” ဒါနဲ့ မင်းတို့က မောင်ကျင်ကိုရှာပြီးဘာလုပ်မလို့လဲ”

” ညက ဦးကြီးပြောပြတဲ့အကြောင်းကိုစိတ်၀င်စားတာရယ်… မောင်ကျင်ဖြစ်နေတာက ကုလို့ရနိုင်တယ်လို့ထင်တာရယ်ကြောင့်ပါ”

” အဲလိုဆိုရင် ငါလဲ လိုက်ခဲ့မယ်ကွ… မောင်ကျင်ကို ငါက ထမင်းဟင်းတွေအမြဲပေးနေကြဆိုတော့ အစိမ်းသက်သက်မဖြစ်တော့ဘူးပေါ့ကွာ”

အောင်မြတ်သာတို့လဲ ဦးအံ့ကြီးစကားကို လက်ခံတဲ့အနေနဲ့ ခြံရှေ့က ကွပ်ပြစ်မှာထိုင်ကာစောင့်နေလိုက်တယ်။ ခဏနေတော့ ခမောက်တိုတစ်လုံးကိုဆောင်းကာ ထွက်လာတဲ့ ဦးအံ့ကြီးက

” ဒီကြေးပြားက ဘယ်လိုလုပ်ငါ့အိတ်ထဲရောက်နေတာလဲမသိဘူး… ငါ့တူတို့နားလည်ရင်ကြည့်ပေးပါဦး” လို့ပြောတဲ့အတွက် လှမ်းကြည့်လိုက်ရာ စမအက္ခရာတွေနဲ့ ကျားပုံစံရေးဆွဲထားတဲ့အင်းပြားကိုမြင်တွေ့လိုက်တယ်။

” ဦးကြီးအတွက် အန္တရာယ်ကင်းအောင်လို့ ကျွန်တော်ထည့်ထားပေးတာပါ… ဒီအဆောင်ကြောင့် မနက်က ဘာမှမဖြစ်တာလို့ပြောရမယ်”

” ဟေ…. ဟုတ်လား…. ဒါကြောင့် ခွေးတွေအနားရောက်တာနဲ့ အော်ပြေးတာကိုး၊ ငါ့တူတို့ပညာကလဲ ပေါ့သေးသေးမဟုတ်ပေဘူးပဲ”

ဦးအံ့ကြီးက အောင်မြတ်သာကို ချီးကျူးလိုက်ပြီး မောင်ကျင်နေတတ်တဲ့ ဇရပ်ဆီကိုခေါ်သွားခဲ့လိုက်တယ်။ ဇရပ်ကိုရောက်တော့ မောင်ကျင်ရဲ့ အရိပ်အယောင်ကိုမတွေ့ရပဲ အိတ်အစုတ်နဲ့ထုပ်ထားတဲ့အ၀တ်အစားအချို့ကိုသာမြင်တွေ့လိုက်ရတယ်။

” ခါတိုင်းနေ့တွေ ဒီမှာပဲနေပါတယ်… ဘယ်လိုဖြစ်လို့ ဒီနေ့မှမရှိရတာလဲမသိပါဘူး”

” ဦးကြီး ပြောခဲ့ဖူးသလို မောင်ကျင်က ကြိုသိနေတာများလား”

” အဲဒါတော့ ငါလဲမပြောတတ်ဘူး… ငါ့တူတို့ဘယ်လိုလုပ်ချင်လဲ”

” ကျွန်တော်တို့ စေတီပျက်တွေရှိတဲ့ဘက် သွားကြည့်ချင်သေးတယ်… ဦးကြီးလိုက်လို့အဆင်ပြေပါ့မလား”

” ငါ့တူတို့က စေတီပျက်တွေဘက် ဘာသွားလုပ်မှာလဲ… အဲဒီနေရာက လူပြတ်တယ်နော်”

” ဒီတိုင်းလေ့လာချင်တဲ့သဘောနဲ့သွားမလို့ပါ… ကျွန်တော်က အဲလိုအကြောင်းတွေဆို စိတ်၀င်စားတယ်လေ”

” လူငယ်တွေဆိုတော့ စူးစမ်းချင်စိတ်ရှိကြမှာပေါ့… ကဲပါ ကဲပါ သွားလက်စနဲ့ ဦးကြီးပဲလိုက်ပို့ပေးပါ့မယ်”

ဦးအံကြီးက အောင်မြတ်သာတို့ကို ရှေ့ကနေလမ်းပြပြီး လမ်းမကြီးကိုဖြတ်ကာ အနောက်ဘက်စေတီပျက်တွေဘက်ကို ခေါ်ဆောင်သွားခဲ့တယ်။ မြူတွေအုံ့ဆိုင်းနေတဲ့ ရွှေပေါ်ကျွန်းမြို့လေးကနေ နာရီ၀က်လောက်လမ်းလျောက်ပြီးချိန်မှာတော့ ရေညှိတွေအထပ်ထပ်တက်ကာ ပြိုကျနေတဲ့ စေတီအဟောင်းအပျက်အချို့ကိုစတင်မြင်တွေ့ခဲ့ကြတယ်။

” ပဲခူးရွှေမော်ဓောဘုရားပြိုကျခဲ့တဲ့ ငလျင်က ဒီစေတီတွေကိုပါထိခိုက်စေခဲ့တာလေ…”

” ဒါဆို နှစ်အတော်ကြာနေပြီပဲ…”

” ဟုတ်တယ် ငါ့တူတို့ရေ… မြို့ခံတွေက စေတီတွေကို ပြန်ပြင်ဖို့အကြိမ်ကြိမ်အခါခါ ကြိုးစားခဲ့ကြဖူးတယ်… ဦးကြီးတို့ငယ်ငယ်ကဆို စေတီတွေပြုပြင်ဖို့အကုန်စီစဉ်ပြီးကာမှ လုပ်အားပေးမယ့်သူတွေအကုန်၀မ်းလျောကုန်တာ… နားလည်တဲ့သူတွေတွက်ချက်တော့ ဦးဆောင်ပြုပြင်မယ့်သူအစစ်အမှန်မလာသေးတာကြောင့်လို့ပြောကြတယ်။ အဲဒီနောက်ပိုင်း အခြားသူတွေလဲ ကြိုးစားကြပေမယ့် အနှောက်အယှက်တွေ၀င်တာကြောင့် ဘယ်သူမှ ထပ်ပြီးမလုပ်ရဲကြတော့တာ အခုထက်ထိပဲ”

” အတော်တော့ထူးဆန်းတာပဲနော်… ဒါကြောင့်လဲ ဒီနေရာကိုတော်ရုံဘယ်သူမှမလာရဲကြတာကိုး”

အောင်မြတ်သာတို့လဲ စေတီပျက်တွေရှိတဲ့ဘက်ကို လျောက်လာခဲ့တာ အုတ်ပုံသာသာဖြစ်နေတဲ့ စေတီတစ်ဆူရှေ့အရောက်မှာတော့ မကြာသေးကမှ ပူဇော်ထားတဲ့ ဖယောင်းတိုင်နဲ့အမွှေးတိုင်ကို မြင်တွေ့လိုက်ရတယ်။

” ဦးကြီးပြောတော့ ဘယ်သူမှမလာရဲဘူးဆိုပြီး အခုကျတော့ အမွှေးတိုင် ဖယောင်းတိုင်တွေနဲ့ပူဇော်ထားပါလား”

” လမ်းသွားလမ်းလာတဲ့သူတွေကများ ပူဇော်သွားတာလားမသိပါဘူး”

ဦးအံ့ကြီးက အံ့ဩစွာရေရွတ်ရင်း ဘေးဘီကိုလှည့်ကြည့်လိုက်တဲ့အချိန် လူရိပ်တစ်ခုက မလှမ်းမကမ်းမှာရှိတဲ့စေတီပျက်နှစ်ခုကြားထဲကို ပြေး၀င်သွားတာမြင်လိုက်ရတယ်။

” ဟိတ် ဘယ်သူလဲကွ”

” ဘာမြင်လို့လဲ ဦးကြီး”

” လူတစ်ယောက် ဖြတ်ပြေးသွားတာမြင်လိုက်လို့ ငါ့တူရ”

မောင်ကောင်းနဲ့ ခွန်းလှတို့လဲ အုတ်ကျိုးတစ်ခုစီကောက်ကိုင်ပြီး ဦးအံ့ကြီး ညွှန်ပြတဲ့နေရာနားကို အသာကပ်သွားခဲ့လိုက်တယ်။

” ချွတ် ချွတ် ဂျွတ်…”

စေတီပျက်နှစ်ခုကြားထဲကနေ ကြားလိုက်ရတဲ့ သစ်ကိုင်းခြောက်နင်းသံကြောင့် မောင်ကောင်းက အုတ်ကျိုးကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး ကြည့်လိုက်ရာ ဆေးသားတွေကွာကျပြီး လက်တစ်ဖက်ကျိုးပဲ့နေတဲ့ ဖိုးသူတော်ရုပ်ကိုမြင်လိုက်ရတယ်။

” ဟင်… ဘယ်သူမှလဲမတွေ့ပါလား… ခုနက သစ်ကိုင်းခြောက်နင်းတဲ့အသံသေချာကြားလိုက်ပါတယ်”

” ကျွန်တော်လဲကြားလိုက်တယ်… ထူးဆန်းလိုက်တာ”

ဦးအံ့ကြီးနဲ့ အောင်မြတ်သာလဲ မောင်ကောင်းတို့ရှိတဲ့ဘက်ကိုလာပြီးကြည့်လိုက်ရာ ဖိုးသူတော်ရုပ်ကလွဲပြီး ဘာမှမတွေ့။

” ငါ စိတ်ထင်တာများလား…. မဟုတ်သေးပါဘူး လူတစ်ယောက်၀င်သွားတာကိုသေချာမြင်လိုက်ပါတယ်”

အောင်မြတ်သာကတော့ ဖိုးသူတော်ရုပ်ကိုတစ်ချက်မျှကြည့်ပြီး မောင်ကောင်းနဲ့ ခွန်းလှကို ပြန်ခေါ်ကာ အပြင်ကိုထွက်လာခဲ့လိုက်တယ်။

” ဒီစေတီ‌ပျက်တွေက အရံစေတီတွေဖြစ်ဖို့များတယ်နော်…”

” ဟုတ်တယ် ငါ့တူ… ဒါတွေက အရံစေတီတွေလေ… တကယ့်စေတီကြီးက ဟိုးမှာမြင်နေရတယ်… ဦးကြီးတို့ဒေသအခေါ်ကတော့ ဘုရားငုတ်တိုလို့ခေါ်တယ်”

အောင်မြတ်သာတို့လဲ လှမ်းမြင်နေရတဲ့ ဘုရားငုတ်တိုဘက်ကို ထွက်လာခဲ့ရာ ဘုရားပရ၀ဏ်အဝင်ကိုရောက်တော့ စီးထားတဲ့ဖိနပ်တွေကို ချွတ်ပြီးကောက်ယူလိုက်တဲ့အချိန် ဘယ်ကနေ ထွက်လာမှန်းမသိတဲ့ အုတ်ကျိုးတစ်လုံးက ဦးခေါင်းဘေးကနေ ဝှီးခနဲဖြတ်သွားပြီး အနားမှာရှိတဲ့ စေတီပျက်ကိုထိမှန်ကာ ဖွာခနဲလွင့်ထွက်သွားခဲ့တယ်။

” ဆရာ… ဘာဖြစ်သွားသေးလဲ”

” ဘာမှမဖြစ်ဘူး… ဒီအနားမှာ လူတစ်ယောက်တော့ ရှိနေတာသေချာပြီ..”

မောင်ကောင်းနဲ့ ခွန်းလှလဲ ပတ်၀န်းကျင်ကို နှံ့စပ်အောင်လိုက်ကြည့်နေတဲ့အချိန် အုတ်ကျိုးတစ်လုံးက ကိုးတောင်ပြည့်စေတီပျက်အနောက်ကနေ ထပ်ထွက်လာခဲ့တယ်။

” ဟေ့ကောင် မပြေးနဲ့ မင်းတော့မိရင်နာပီသာမှတ်”

လူရိပ်ကိုသေချာမြင်လိုက်တာကြောင့် မောင်ကောင်းနဲ့ ခွန်းလှက လျင်မြန်စွာနဲ့ စေတီပျက်အနောက်ကို ပြေး၀င်ပြီးကြည့်လိုက်ရာ မျက်လုံးကလယ်ကလယ်နဲ့ အုတ်ကျိုးတစ်လုံးကိုကိုင်ထားတဲ့ အရူးမောင်ကျင်ကိုမြင်လိုက်ရတယ်။

” ဆရာ.. ဒီမှာ မောင်ကျင်ကိုတွေ့ပြီဗျ”

အောင်မြတ်သာတို့လဲ မောင်ကောင်းအသံကြောင့် စေတီပျက်အနောက်ကို၀င်လာခဲ့ရာ အုတ်ကျိုးနဲ့ချိန်ထားတဲ့ အရူးမောင်ကျင်က

” သိုက်တူးသမားတွေ ထွက်သွားစမ်း… နင်တို့ ဒီကိုဘာအကြံနဲ့လာလဲငါသိတယ်နော်… မသွားရင် ခဲနဲ့ထုမှာ”

” ဟေ့ကောင် မောင်ကျင်… ငါပါဟ ဦးအံ့ကြီးလေ မမှတ်မိတော့ဘူးလား”

မောင်ကျင်က ဦးအံ့ကြီးကိုမြင်တော့ အုတ်ကျိုးနဲ့ချိန်ထားတာကို အောက်ချလိုက်ပြီး

” သူတို့ကဘယ်သူတွေလဲ… ဒီကိုဘာလာလုပ်ကြတာလဲ”

” အုတ်ကျိုးကိုအရင်ပစ်ချလိုက်စမ်းပါဟ.. ငါလခွီးထဲမှပဲ”

” မပစ်ချဘူး… မြပန်းနွယ်ကငါ့ကိုပြောထားတယ်… သူတို့က ငါတို့နှစ်ယောက်ကိုခွဲမှာတဲ့…”

” ဒီကောင် ဘာတွေပြောနေတာလဲ… ဘယ်က မြပန်းနွယ်ဆိုတာပေါ်လာတာလဲဟ”

” သူစိတ်နောက်ရတဲ့အကြောင်းက မြပန်းနွယ်ဆိုတဲ့သူနဲ့ပတ်သတ်နေမယ်လို့ထင်တယ်… အခုတော့ ချော့မော့ပြီး ပြန်ခေါ်သွားရအောင်”

ဦးအံ့ကြီးလဲ အောင်မြတ်သာစကားကြောင့် မောင်ကျင်ကို ချော့မော့ပြောနေတဲ့အချိန် ဘုရားငုတ်တိုဘေးမှာရှိတဲ့ ထနောင်းပင်ကနေ မိန်းမတစ်ယောက်ရဲ့ရယ်သံတစ်ခုထွက်လာခဲ့တယ်။

” မြပန်း… မြပန်း မောင်တော်ကိုစိတ်ဆိုးနေတာလား… ဒီလူတွေက မောင်တော် ခေါ်လာတာမဟုတ်ပါဘူးကွယ်…”

မောင်ကျင်က ပြာပြာယာယာနဲ့ အသံကြားတဲ့ ထနောင်းပင်ကိုကြည့်ကာ တောင်းပန်နေရာကနေ အောင်မြတ်သာတို့ရှိတဲ့ဘက်ကို နီရဲနေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီး

” နင်တို့ကြောင့် မြပန်းစိတ်‌ဆိုးနေပြီ… သွားကြစမ်း… ဒီကနေထွက်သွားကြစမ်း” လို့ပြောကာ ရန်လိုတဲ့ဟန်နဲ့ အနားကိုတိုးကပ်လာခဲ့တယ်။

အောင်မြတ်သာကတော့ အနည်းငယ်မျှ တုန်လှုပ်မှုမရှိပဲအနားကပ်လာတဲ့ မောင်ကျင်ကိုသာစိုက်ကြည့်နေခဲ့တယ်။

” ဆရာ… သတိထား”

” ငါ့တူ သတိထား… ဒီကောင်က စိတ်ရူးပေါက်နေပီ”

မောင်ကောင်း၊ ခွန်းလှ၊ ဦးအံ့ကြီးတို့ရဲ့ စိုးရိမ်တကြီးအော်သံတွေအဆုံးမှာပဲ မောင်ကျင်က အောင်မြတ်သာရဲ့မျက်နှာကို လက်ထဲကိုင်ထားတဲ့ အုတ်ကျိုးနဲ့ အားကုန်ထုချလိုက်တယ်။

” ဝှီး… ”

” ခွပ်”

” အင့်”

အောင်မြတ်သာက မျက်နှာတည့်တည့်၀င်လာတဲ့ အုတ်ကျိုးကို ခန္ဓာကိုယ်ယိမ်းကာရှောင်လိုက်ပြီး အရှိန်လွန်ကာကျလာတဲ့ မောင်ကျင်ရဲ့ နဖူးကို ညာဘက်လက်ဝါးနဲ့ရိုက်ကာ

” မိမွေးတိုင်း ဖမွေးတိုင်းဖြစ်စမ်း” လို့အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ အုတ်ပုံတွေကြားထဲလဲကျသွားတဲ့ မောင်ကျင်က အိပ်ယာကနေလန့်နိုးတဲ့သူလို ဖြစ်သွားပြီး

” ကျုပ် ဘယ်ကိုရောက်နေတာလဲ…. ဒီနေရာက ဘယ်မှာရှိနေတာလဲ” လို့ပြောကာ ကြောင်တောင်တောင်ဖြစ်နေခဲ့တယ်။

” မင်းနာမည် ဘယ်လိုခေါ်လဲဆိုတာ မှတ်မိလား”

” ကျုပ်နာမည် ‌ကျင်စိန်လေ.. ဘာဖြစ်လို့လဲ”

” မင်းမိဘနာမည်တွေကရော”

” ကျုပ်မိဘနာမည်ကိုမေးပြီး ဘာလုပ်မလို့လဲ”

” မေးတာကိုဖြေပါ… ပြီးရင် ဘာလို့မေးရလဲဆိုတာပြောပြမယ်”

” ကျုပ်‌အဖေနာမည်က ဦးတိတ်လျန်၊ အမေနာမည်က ဒေါ်ခင်နု”

” မင်း မြပန်းနွယ်ဆိုတဲ့ မိန်းကလေးကိုသိလား”

” သိတာပေါ့…. သူက ကျုပ်ချစ်သူလေ… ဒီဘုရားငုတ်တိုမှာ သူနဲ့ကျွန်တော်အမြဲတွေ့နေကြ… ဒါနဲ့ ခင်ဗျားတို့က သူ့နာမည်ဘယ်လိုသိတာလဲ”

” မင်းက ဥစ္စာစောင့်ကိုမှ ရည်းစားထားရတယ်လို့… မင်းချစ်သူ မြပန်းနွယ်ဆိုတာက လူမဟုတ်ဘူး…”

” ဟာ… မဖြစ်နိုင်တာ… သူ့အသားကို ကျုပ်ထိလို့ရတယ် … သူ့ရဲ့ကိုယ်သင်းနံ့လေးတွေကို ကျုပ်ရှုရှိုက်လို့ရတယ်… ဒါကို လူမဟုတ်ဘူးလို့ ဘာလို့ပြောတာလဲ”

” ခေတ်ပညာတတ်ဆရာ၀န်တစ်ယောက်က ဘယ်လိုပုံစံဖြစ်နေတယ်ဆိုတာ ကိုယ့်ကိုကိုယ်ပြန်ကြည့်ဦး…”

အောင်မြတ်သာစကားကြောင့် မောင်ကျင်သတိပြန်၀င်လာပြီး ကိုယ့်ရုပ်ကိုပြန်စမ်းကြည့်လိုက်ရာ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ ညှင်းသိုးသိုးဖြစ်နေတဲ့ပုံစံကို သတိထားမိသွားခဲ့တယ်။

” ကျုပ်ဘယ်လိုဖြစ်ပြီး အခုလိုပုံစံပြောင်းသွားရတာလဲ”

” အမှန်တိုင်းပြောရရင် မင်းက ဥစ္စာစောင့်မတစ်ယောက်ရဲ့ ဖျားယောင်းမှုအောက်မှာ နစ်မွန်းခဲ့တာ၊ မင်းရဲ့စိတ်ကို သိမ်းသွင်းပြီး သူတို့စိတ်သာယာမှုကိုရှာခဲ့တာပဲ… ”

” မြပန်းက တကယ်လူမဟုတ်ဘူးလား… ကျုပ်ကိုညာနေတာတော့မဟုတ်ပါဘူးနော်”

” ဟင်း… ဒီလူနဲ့တော့ ခက်ပြီ… မင်း ယုံအောင် ကျုပ်လက်တွေ့ခေါ်ပြမယ် ကြည့်နေ”

အောင်မြတ်သာက မောင်ကျင်ရဲ့ မျက်လုံးကိုလက်နဲ့သပ်ချကာ အမြင်အာရုံဖွင့်ပေးပြီး ဘုရားငုတ်တိုဘေးက ထနောင်းပင်ကိုလက်ညိုးထိုးကာ

” မြပန်းနွယ်ဆိုတဲ့နာမည်နဲ့ ဒီအရပ်ဒေသမှာ နေထိုင်သည်ရှိသော် ကျုပ်ရဲ့ အရှေ့ဆယ်လှမ်းအကွာမှာ မူလရုပ်သွင်အတိုင်းကိုယ်ထင်ပြစေ” လို့အမိန့်ပြန်လိုက်တယ်ဆိုရင်ပဲ ထနောင်းပင်အနောက်ကနေ ပုတ်လောက်ကြီးတဲ့ ခန္ဓာကိုယ်ကြီးကို အိပဲ့အိပဲ့နဲ့လှုပ်ကာ လမ်းလျောက်လာတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်။

အသားနီလန်နေတဲ့ ဦးရည်ပြားထက်မှာ ကျိုးတိုးကျဲတဲပေါက်နေတဲ့ဆံပင်အချို့အပြင် အဆမတန်ပြူးထွက်နေတဲ့ နီကျင်ကျင်မျက်လုံး၊ ဖောင်းအစ်မို့ထနေတဲ့ ပွယောင်းယောင်းပါးနှစ်ဖက်၊ အသားပိုလိုတစ်ထွာလောက်တွဲကျနေတဲ့ နှုတ်ခမ်းသားတွေ‌နဲ့ ဖွဲ့စည်းထားတဲ့ရုပ်သွင်က မောင်ကျင်ကို တုန်လှုပ်တဲ့ထိ ကြောက်လန့်စေခဲ့တယ်။

” ဒါ မင်းအရမ်းချစ်ပါတယ် လှပါတယ်ဆိုတဲ့ မြပန်းနွယ်ရဲ့ မူလရုပ်သွင်ပဲ…”

အောင်မြတ်သာရဲ့စကားကို မောင်ကျင်တစ်ယောက် ဘာမှ ထပ်မပြောနိုင်ပဲ အံ့ဩထိတ်လန့်နေခဲ့တယ်။

” အခုရော မင်းချစ်သေးရဲ့လား.. မြတ်နိုးသေးရဲ့လား”

” ဟအင်း… ဒီလိုမျိုးမှန်းသိရင် အစထဲက ချစ်ရေးမဆိုခဲ့ပါဘူး… ကျုပ် ကျုပ် ဘယ်လိုဖြစ်သွားရတာလဲဗျာ”

” မင်းအခုကစပြီး မိဘတွေရှိတဲ့အရပ်ကိုပြန်ပါ… ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ့်လမ်းကိုယ်ပြန်လျောက်ပါ… နောက်တစ်ခါ ဒီအရပ်ကိုလာမယ်‌ဆိုရင် မင်းအသက်ကို သူတို့နှုတ်ကြလိမ့်မယ်… ကဲ ဦးကြီးနဲ့ မောင်ကောင်းက သူ့ကို ပြန်ခေါ်သွားလိုက်ကြ… ခွန်းလှကတော့ ဒီမှာနေခဲ့ လိုက်ပါ”

ဦးအံ့ကြီးနဲ့မောင်ကောင်းလဲ ထိတ်လန့်နေတဲ့ မောင်ကျင်ကို တွဲထူပြီး မြို့ထဲကိုပြန်ထွက်သွားခဲ့ကြတယ်။ အဲဒီတော့မှ အောင်မြတ်သာက မြပန်းနွယ်ကိုကြည့်ပြီး

” သင့်ရဲ့ အတ္တဘောရုပ်သွင်ကို လိုရာဖန်းဆင်းနိုင်ပါပြီ” လို့ပြောလိုက်ရာ ကြောက်မက်ဖွယ်အဆင်းရှိတဲ့ ပုံစံကနေ အင်မတန်ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်အသွင်အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။

” သင်ဘာလို့ ကိုယ်နဲ့ဘ၀မတူတဲ့သူကို စိတ်နောက်တဲ့အထိ ပြုစားထားရတာလဲ”

” မြပန်း တမင်လုပ်ခဲ့တာမဟုတ်ပါဘူး… စနောက်တဲ့သဘောနဲ့ ကျီစယ်ရင်း သံယောဇဉ်တွယ်မိခဲ့တာကြောင့် အခုလိုအခြေအနေရောက်သွားတာပါ”

” ဒီတစ်ခါတော့ ရှိပစေတော့ … နောက်ထပ်အလားတူဖြစ်ရပ်မျိုးထပ်လုပ်ရင်တော့ သင်တို့ရဲ့သိုက်ချုပ်အဘိုးသာလာယကို ပင့်ဖိတ်ပြီး သိုက်စည်းကမ်းအရ အပြစ်ပေးရလိမ့်မယ်”

” အဘိုးနဲ့တော့ မတိုင်ပါနဲ့ဆရာရယ်… မြပန်း ထပ်မလုပ်ရဲတော့ပါဘူး… သစ္စာဆိုပြီးတိုင်တည်ဆို တိုင်တည်ပါ့မယ်… ထပ်မလုပ်တော့ပါဘူး”

” အင်း…. သင်ကတိသင်တည်အောင်နေထိုင်ပါ… ဒါနဲ့ ကျုပ်နဲ့အတူပါလာတဲ့ ဦးကြီးကို ခွေးနဲ့ရှုးတိုက်ခိုင်းတာ သင်ပဲမဟုတ်လား”

” ဟုတ်ပါတယ်… မြပန်း မကြံကောင်းတဲ့အမှုကိုပြုခဲ့မိပါတယ်… ဒါပေမယ့် သူ့မှာရှိတဲ့အဆောင်ကြောင့် အနားတောင်ကပ်မရခဲ့ပါဘူး”

” ကျုပ်ကြားခဲ့တဲ့သတင်းအရ ဒီဘုရားငုတ်တိုကို ပြန်လည်ပြုပြင်လို့မရဘူးဆို…”

” ပဌာန်းဆက်အမှန်မပေါ်သေးတာကြောင့် ဒီနေရာမှာရှိတဲ့သူတွေက လက်မခံကြသေးတာပါ”

” ကောင်းတဲ့အလုပ်လုပ်တာကို ဘာလို့ လက်မခံနိုင်ကြတာလဲ”

” ဒီနေရာရဲ့ မူလအစောင့်က ဖိုးသူတော်ကြီးဝါယမပါ… သူလက်မခံတာကြောင့် ကျန်တဲ့သူတွေလဲ ဘာမှ၀င်စွက်ဖက်လို့မရပါဘူး”

” အဲဒီ ဖိုးသူတော်ကြီး ကျုပ်အရှေ့အရောက်လာပါဦး”

အောင်မြတ်သာစကားအဆုံးမှာ နောက်ကျောဘက်ကနေ တောင်ဝှေးကိုတ‌စ်ဒေါက်ဒေါက်ထောက်တဲ့အသံနဲ့အတူ ဖိုးသူတော်တစ်ပါးထွက်လာခဲ့တယ်။

” ဖိုးသူတော်ကြီးဝါယမဆိုတာလား”

” ဟုတ်ပါတယ်… ကျုပ်ကိုဘာကြောင့်ခေါ်ရတာလဲ”

” ဒီစေတီပျက်တွေကို ပြုပြင်မယ့်သူရှိလျက်နဲ့ ဘာကြောင့် မပြုပြင်ဖြစ်အောင်ဟန့်တားနေရတာလဲ”

” ဒီဘုရားငုတ်တိုကိုတည်မယ့် ပဌာန်းဆက်မလာသေးတာကြောင့်ပါဆရာ”

” သူမတည်ရင် ဒီစေတီက အခုလိုအပျက်စီးတိုင်းပဲရှိနေရတော့မှာလား”

” သူကိုယ်တိုင် ထီးတော်တင်မှ ဘုရားငုတ်တိုပတ်၀န်းကျင်မှာရှိတဲ့ မကျွတ်မလွတ်သူတွေ အမျှတန်းရကြမှာပါ… ဒါကြောင့် အခြားသူတွေ မပြုပြင်နိုင်အောင် လုပ်ခဲ့ရခြင်းဖြစ်ပါတယ်ဆရာ”

” အခု အဲဒီသူက ဘယ်ဘ၀ရောက်နေပြီလဲ”

” လူ့ဘ၀ကိုပြန်ရောက်နေတယ်လို့ပဲသိထားပါတယ်… ကျန်တာကျုပ်တို့မသိရပါဘူး”

” အတော်ကိုခက်ခဲမယ့်ရှာဖွေမှုပဲ… ဒါနဲ့သူက ဒီဘုရားငုတ်တိုနဲ့ ဘယ်လိုပတ်သတ်ခဲ့ဖူးတာလဲ”

” သူက အတိတ်ဘ၀တုန်းက ဘုရားငုတ်တိုလို့ခေါ်တဲ့ လောကမာန်အောင်စေတီရဲ့ ဥပဇ္ဇျာယ်ဆရာတော်တစ်ပါးဖြစ်ခဲ့သလို တပည့်တွေအပေါ်မှာလဲ အလွန်သံယောဇဉ်ကြီးတဲ့ ဆရာတော်တစ်ပါးဖြစ်ခဲ့တယ်။ ငလျင်ဒဏ်ကြောင့် စေတီပြိုကျတဲ့အချိန် ဆရာတော်အပါအ၀င် ရဟန်းတော်အတော်များများ ဒီပရ၀ဏ်မှာသေဆုံးခဲ့ကြရတယ်။ အဲဒီထဲကမှ ဆရာတော်က ကျွတ်လွတ်ပြီး အခြားဘ၀ကိုရောက်နေပေမယ့် သူ့တပည့်တွေကတော့ ဒီနေရာမှာ သူတို့ဆရာတော်ကိုစောင့်နေကြပါတယ်”

ဖိုးသူတော်ကြီးက စကားပြောနေရင်း ဘုရားငုတ်တိုပေါ်ကို လက်ညိုးထိုးပြလိုက်ရာ စုတ်ပြဲနေတဲ့ သင်္ကန်းတွေကိုခြုံထားတဲ့ ရဟန်းတော်တွေရဲ့ ပုံရိပ်ကိုမြင်တွေ့လိုက်ရတယ်။

” ဘုရားငုတ်တိုကို သူကိုယ်တိုင် ပြုပြင်မွမ်းမံပြီး ထီးတော်တင်တဲ့နေ့ကို ကျုပ်တို့အားလုံးစောင့်မျှော်နေကြောင်းပြောပေးပါ”

” ကောင်းပါပြီ… ကျုပ်အကောင်းဆုံးကြိုးစားရှာဖွေပေးပါ့မယ်…”

” ဒါဆိုရင် ကျုပ်တို့ကို ခွင့်ပြုပေးပါ”

အောင်မြတ်သာ ပြန်ခွင့်ပြုလိုက်တာနဲ့ ဖိုးသူတော်ရော မြပန်းနွယ်ပါ မျက်စိရှေ့ကနေပျောက်ကွယ်သွားခဲ့ပြီး ဘုရားငုတ်တိုတစ်ဝိုက်မှာတော့ အလွန်မွှေးပျံ့တဲ့ရနံ့တွေသာကျန်ရစ်ခဲ့ပါတော့တယ်။

အောင်မြတ်သာလဲ သူပေးထားတဲ့ကတိအတိုင်း ဘုရားငုတ်တိုကိုပြုပြင်မွမ်းမံမယ့် ပဌာန်းဆက်ကို ဘယ်လိုရှာဖွေမလဲဆိုတာကိုတော့

” အောင်မြတ်သာနှင့် ပဌာန်းဆက်ရှာပုံတော်”ဆိုတဲ့၀တ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္ထူးဆန္းေသာဘုရားငုတ္တို ”(စ/ဆုံး)
———————————————————————–

ေဇယန(ရာမည)

” ေ႐ႊေပၚကြၽန္းၿမိဳ႕မွ ႀကိဳဆိုပါ၏” ဆိုတဲ့ေဆးေရာင္မွန္ေဖ်ာ့ေနတဲ့ဆိုင္းဘုတ္ေအာက္မွာေတာ့ ေအာင္ျမတ္သာတို႔ဆရာတပည့္သုံးေယာက္ ေခတၱအနားယူေနခဲ့ၾကတယ္။

ေ႐ႊေပၚကြၽန္းၿမိဳ႕လို႔ဆိုေပမယ့္ တကယ္ေတာ့ ႐ြာႀကီးတစ္ခုသာသာပဲရွိေနသလို ၿမိဳအ၀င္လမ္းမႀကီးကလဲ သြားလာသူက်ိဳးတိုးက်ဲတဲနဲ႔ အနည္းငယ္ေျခာက္ကပ္ေနခဲ့တယ္။ ၿမိဳ႕ရဲ႕အေရွ႕ဘက္မွာေတာ့ မႈိင္းညိဳ႕ေနတဲ့ ေတာင္တန္းတစ္ခုတည္ရွိၿပီး အေနာက္ဘက္မွာေတာ့ ငလ်င္ဒဏ္ေၾကာင့္ၿပိဳပ်က္ခဲ့ဖူးတဲ့ ေစတီပုထိုးေတြထိုးထိုးေထာင္ေထာင္နဲ႔တည္ရွိေနခဲ့တယ္။ လမ္းမႀကီးကေတာ့ ၿမိဳရဲ႕ ေတာင္နဲ႔ေျမာက္ကို ျဖတ္ၿပီးတည္ေဆာက္ထားတဲ့အတြက္ ၿမိဳ႕ခံအိမ္ေတြကေတာ့လမ္းမႀကီးရဲ႕ ေဘးဘယ္ညာဘက္ျခမ္းေတြမွာရွိေနခဲ့ၾကတယ္။ ေ႐ႊေပၚကြၽန္းၿမိဳ႕သူၿမိဳသားေတြကေတာ့ ၿခံလုပ္ငန္းလုပ္ကိုင္သူေတြမ်ားၾကၿပီး အခ်ိဳ႕ကေတာ့ မိ႐ိုးဖလာလယ္လုပ္ငန္းကိုလဲလုပ္ကိုင္ခဲ့ၾကတယ္။ စီးပြားေရးအတန္သင့္ေျပလည္ၿပီး ဘာသာေရးကိုင္းရႈိင္းၾကတဲ့ ေ႐ႊေပၚကြၽန္းၿမိဳ႕ေလးကို မေယာင္မလည္တဲ့ေရာက္လာတဲ့ ေအာင္ျမတ္သာတို႔ကေတာ့ ၿမိဳ႕အ၀င္ဇရပ္ေလးမွာေခတၱအနားယူၿပီး ၿမိဳ႕ထဲ၀င္လာတဲ့အခ်ိန္မွာေတာ့ ေခ်းအထပ္ထပ္တက္ေနတဲ့ သကၠလပ္ကုတ္အက်ႌနဲ႔ ကာကီေဘာင္းဘီကို၀တ္ဆင္ထားတဲ့ အသက္၃၀အ႐ြယ္လူတစ္ေယာက္က လမ္း‌ေဘးမွာထိုင္ၿပီးကြၽတ္ကြၽတ္အိတ္နဲ႔ထုပ္ထားတဲ့အရာတစ္ခုကို ပလုပ္ပေလာင္းစားေနတာကိုျမင္လိုက္ရတယ္။

” ေဟ့လူေတြ ငါ့ကိုဘာလို႔ၾကည့္ေနတာလဲ… ငါ့မွာရွိတာေတြကိုေတာ့ လာမလုနဲ႔ေနာ္… ငါ့ဆီကလုရင္ နင္တို႔ကို ျမပန္းႏြယ္နဲ႔တိုင္ေျပာလိုက္မယ္…”

မရိတ္သိမ္းထားတဲ့ မုတ္ဆိတ္က်င္စြယ္ေတြနဲ႔ ညစ္ပတ္ေပေရတဲ့ပုံစံျဖစ္ေနတဲ့လူရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက ေဘးတစ္ဖက္ကိုမ်က္ႏွာလႊဲလိုက္ၿပီး ၿမိဳ႕ထဲကို၀င္လာခဲ့လိုက္တယ္။ အတန္ၾကာလမ္းေလ်ာက္လာၿပီးခ်ိန္မွာေတာ့ စု႐ုံးစု႐ုံးျဖစ္ေနတဲ့လူအခ်ိဳ႕ေၾကာင့္ ေျခလွမ္းေတြကိုရပ္လိုက္ၿပီး ၾကည့္လိုက္ရာ သီးပင္စားပင္ေတြ စိုက္ထားတဲ့ ၿခံ၀င္းတစ္ခုထဲမွာ လဲက်ေနတဲ့ ကေလးတစ္ေယာက္ကိုျမင္လိုက္ရတယ္။ သူ႔ရဲ႕ေဘးမွာေတာ့ ျပန႔္က်ဲေနတဲ့ ဆီးသီးအခ်ိဳ႕နဲ႔အတူ မ်က္ႏွာငယ္ေလးေတြနဲ႔ထိုင္ေနၾကတဲ့ ဆယ္ေက်ာ္သက္လူငယ္ႏွစ္ေယာက္။

” မင္းတို႔ေကာင္ေတြကြာ… ဒီေလာက္ျမင့္တဲ့အပင္ကိုမွ တက္ရတယ္လို႔… ”

အသက္၅၀အ႐ြယ္လူႀကီးတစ္ေယာက္က သတိလစ္ေမ့ေမ်ာေနတဲ့ ကေလးကိုေပြ႕ထားၿပီး ေဘးမွာထိုင္ေနတဲ့သူေတြကို ျပစ္တင္ႀကိမ္းေမာင္းလိုက္တယ္။

” ကိုအံ့ႀကီး… ရွင္ဆူေနလို႔ ဒီကေလးက သတိလည္လာမွာမဟုတ္ဘူး… ေဆး႐ုံကိုပို႔ဖို႔လုပ္ရမယ္ေလ”

” ငါ ကားေခၚခိုင္းထားပါတယ္… ဒါနဲ႔ ဒီကေလးေတြရဲ႕ မိဘေတြကိုအသိေပးရဦးမယ္မဟုတ္လား”

ကိုအံ့ႀကီးဆိုသူရဲ႕စကားေၾကာင့္ လူအုပ္ထဲက တစ္ေယာက္က

” အခုသတိလစ္ေနတဲ့ကေလးက ေငြလြင္ရဲ႕သားမဟုတ္လား…”

” ဟုတ္တယ္ ဦးေလး… သူ႔အေဖကိုသိလို႔လား”

” တစ္ၿမိဳ႕ထဲသားေတြပဲ သိတာေပါ့ကြ… ကဲ ကိုအံ့ႀကီးက ဒီကေလးကို ေဆး႐ုံေခၚသြားေပး… က်ဳပ္က သူ႔မိဘေတြကိုအေၾကာင္းၾကားၿပီးလိုက္လာခဲ့မယ္”

ေအာင္ျမတ္သာတို႔လဲ ေဘးကေန နားေထာင္ေနရင္း ျဖစ္ေၾကာင္းကုန္စင္ကိုသိလိုက္ရတဲ့အတြက္ သတိလစ္ေနတဲ့ကေလးနားကိုတိုးလာၿပီး

” ကေလးက အေၾကာက္လြန္ၿပီးေမ့သြားတာျဖစ္မယ္… က်ဳပ္တတ္သေလာက္ လုပ္ၾကည့္ပါရေစ” လို႔ေျပာေတာ့ ကိုအံ့ႀကီးက

” လုပ္တတ္ရင္ လုပ္ေပးပါဦးဗ်ာ… က်ဳပ္မလဲ ဒီဆီးပင္ေၾကာင့္ ႏွစ္တိုင္းလိုလို ေဆး႐ုံပို႔ေနရတယ္…” ‌လို႔ေရ႐ြတ္ၿပီး သတ္လစ္ေနတဲ့ ကေလးကို ေအာင္ျမတ္သာလက္ထဲထိုးေပးလိုက္တယ္။

” ဓါးမနဲ႔ ေရတစ္ပုံေလာက္ရမလား”

” ရပါတယ္ ရပါတယ္… ခဏေလးေနာ္”

အနားမွာရွိတဲ့သူေတြက ကျပာကယာနဲ႔ ဓါးမနဲ႔ ေရပုံးကို ယူလာေပးခဲ့ရာ ေအာင္ျမတ္သာက ေဘးမွာခ်ခိုင္းလိုက္ၿပီး ကေလးကို ေမာင္ေကာင္း ေပါင္ေပၚမွာေပးမွီထားလိုက္တယ္။

” အပင္က အေတာ္ႀကီးတာပဲ… သက္တမ္းဘယ္ေလာက္ရွိၿပီလဲဗ်”

” က်ဳပ္ကေလးဘ၀ထဲက ဒီအပင္ရွိေနတာဆိုေတာ့ ႏွစ္၄၀-၅၀ေလာက္ေတာ့ၾကာပီထင္တယ္”

ေအာင္ျမတ္သာလဲ ဓါးမနဲ႔ေရပုံးကိုဆြဲယူၿပီး ကေလးျပဳတ္က်တဲ့ေနရာကို ဓါးဦးနဲ႔ေျမလွန္ကာ ေရပုံးကိုေလာင္းခ်လိုက္ၿပီး

” အပင္မွာ ေစာင့္ၾကပ္ေနတဲ့ အေစာင့္အေရွာက္မ်ားကို က်ဳပ္ကပဲ ေမတၱာရပ္ခံပါတယ္… ဒီကေလးက အမွားက်ဴးလြန္ခဲ့ရင္လဲ က်ဳပ္မ်က္ႏွာကိုေထာက္ထားၿပီး ခြင့္လႊတ္ေပးၾကပါ… သင္တို႔အေနနဲ႔ ကေလးအေပၚ ဒဏ္ေပးထားတာရွိရင္လဲ ျပန္လည္ႏႈတ္ယူၾကဖို႔ ထပ္ေလာင္းေမတၱာရပ္ခံပါတယ္…” လို႔ေျပာၿပီး ေနာက္ကိုလွည့္လိုက္ရာ သတိလစ္ေနတဲ့ကေလးက ႐ုတ္တရက္သတိျပန္လည္လာၿပီး ေဘးဘီကိုေၾကာင္ေတာင္ေတာင္မ်က္လုံးေတြနဲ႔ လိုက္ၾကည့္ေနတာကိုျမင္လိုက္ရတယ္။

” ေဟး… သတိရလာၿပီကြ… ”

” ထူးဆန္းလိုက္တာ… ဒီလူစကားဆုံးတာနဲ႔ သတိရလာတာေနာ္…”

” သူတို႔ကိုလဲ ဒီၿမိဳ႕မွာတစ္ခါမွမေတြ႕ဖူးဖူး… ခရီးသြားရင္း လမ္းႀကဳံလို႔၀င္ကူညီၾကတဲ့ဆရာေတြမ်ားလား”

ရပ္ၾကည့္ေနတဲ့ လူေတြထဲကေန တီးတိုးစကားသံေတြထြက္လာသလို အခ်ိဳ႕ကလဲ ေအာင္ျမတ္သာတို႔ကို ေဖာ္ေ႐ႊတဲ့မ်က္လုံးေတြနဲ႔ၾကည့္ကာ ေက်းဇူးတင္စကားလာေရာက္ေျပာဆိုၾကတာေတြလဲရွိခဲ့တယ္။

ခဏေနေတာ့ ကေလးရဲ႕မိဘေတြေရာက္လာၿပီး ေအာင္ျမတ္သာကို ေက်းဇူးတင္စကားအထပ္ထပ္ဆိုကာ ကေလးကိုျပန္ေခၚသြားခဲ့ၾကတာေၾကာင့္ ကိုအံ့ႀကီးက ေခါင္းကိုခါယမ္းၿပီး

” ဒင္းတို႔ေလးေတြ အေတာ္ကိုေမႊၾကတာ… က်ဳပ္ေလာက္ေအာ္တာလဲက်ဳပ္ပဲ… ဒါေပမယ့္ လစ္ရင္လစ္သလို အပင္ေပၚတက္ၾကတာ…ဟူး”

” ကေလးေတြဆိုတာ ဒီလိုပါပဲဗ်ာ…. ဒီအတြက္ေၾကာင့္ အပင္ကိုခုတ္လွဲတာေတာ့မလုပ္ပါနဲ႔…”

” က်ဳပ္က ခုတ္ခ်င္ေနတာၾကာပီဗ်… ခုတ္မယ္လုပ္ရင္ အိမ္မက္ထဲမွာ မခုတ္ဖို႔လာေျပာတာမို႔ ဒီတိုင္းျပန္ထားထားတာ… ဒါနဲ႔ ငါ့တူတို႔က ဒီၿမိဳ႕ခံေတြမဟုတ္ဘူးနဲ႔တူတယ္”

” မဟုတ္ပါဘူး… က်ဳပ္တို႔က လမ္းႀကဳံလို႔ ျဖတ္သြားရင္း ၀င္ကူညီလိုက္တာပါ”

” ငါ့တူတို႔က ဒီလိုကိစၥေတြ အေတြ႕အႀကဳံရွိတယ္နဲ႔တူတယ္… အခုလဲၾကည့္ေလ.. စကားေမးေတာင္မရတဲ့ သူကို ခ်က္ခ်င္းသတိျပန္လည္ေအာင္ လုပ္ေပးခဲ့ေသးတယ္”

ကိုအံ့ႀကီးစကားေၾကာင့္ ေအာင္ျမတ္သာက ဘာမွျပန္မေျပာပဲ ရယ္ပဲရယ္ေနလိုက္တယ္။

” ငါ့တူတို႔က ဘယ္ထိခရီးဆက္ၾကဦးမွာလဲ… ”

” ဘယ္ဆီရယ္လို႔ေတာ့မရွိပါဘူး…. ေျခဦးတည့္ရာ ဓါတ္က်ရာေလ်ာက္သြားေနတာပါပဲ… ဒီလိုသြားေနရင္း အျမင္မေတာ္တာရွိ ၀င္ကူညီလိုက္တာေပါ့ဗ်ာ”

” ဒါျဖင့္ အခ်ိန္လဲလင့္ေနၿပီဆိုေတာ့ ဘယ္မွာ တည္းၾကမလဲ”

” ေစတီတစ္ဆူ… ဇရပ္တစ္ေဆာင္ရွိရင္ က်ဳပ္တို႔အတြက္ အဆင္ေျပပါတယ္… ”

” ဒီလိုလုပ္ …. က်ဳပ္က တစ္ေယာက္ထဲသမားဆိုေတာ့ ဒီည က်ဳပ္အိမ္မွာပဲတည္းလိုက္ဗ်ာ.. ေနာက္ေန႔ ငါ့တူတို႔ လိုတဲ့ခရီးထပ္ဆက္ၾကေပါ့”

ေအာင္ျမတ္သာတို႔လဲ ကိုအံ့ႀကီးရဲ႕ ဖိတ္ေခၚမႈကို မျငင္းေတာ့ပဲ သေဘာတူလက္ခံလိုက္ၾကတယ္။ ညဘက္ေရာက္ေတာ့ ကိုအံ့ႀကီးက ဟင္းခတ္အေမႊးႀကိဳင္စုံလင္စြာနဲ႔ခ်က္ထားတဲ့ သီးစုံဟင္း ဧည့္ခံခဲ့သလို စားေသာက္ၿပီးခ်ိန္မွာလဲ ေရေႏြးၾကမ္းတစ္အိုး၊ လက္ဖက္တစ္ပန္းကန္ခ်ကာ ေလးေယာက္သား စကားစျမည္ေျပာ‌ျဖစ္ခဲ့ၾကတယ္။

” ငါ့တူတို႔အျမင္အရ ဒီဆီးပင္မွာ အေစာင့္ရွိတယ္ဆိုတာယုံလား”

” ဘာျဖစ္လို႔လဲ ဦးႀကီး”

” က်ဳပ္က တစ္ေယာက္ထဲသမားဆိုေတာ့ တစ္ခါတစ္ေလ သတိေမ့ၿပီး ၿခံတံခါးမပိတ္မိတာတို႔ဘာတို႔ရွိတတ္တယ္… ဒီၿမိဳ႕မွာက သူခိုးသူဝွက္အႀကီးစားမရွိေပမယ့္ အေပ်ာ္တမ္း ၾကက္ခိုး ဘူးသီးခိုးတဲ့သူေတြေတာ့ရွိတယ္ကြယ့္… တစ္ခါတစ္ေလ အိပ္ေပ်ာ္ေနတဲ့အခ်ိန္ ေျခေထာက္ကိုလာလႈပ္ၿပီး ၾကက္သူခိုးေတြလာေတာ့မယ္၊ သြားၾကည့္လိုက္ဦး ဆိုၿပီးေျပာတာေတြရွိသလို တစ္ခါတစ္ေလ ၾကက္ခိုးတဲ့သူေတြ အလန႔္တၾကားေအာ္ေျပးၾကတာေတြလဲႀကဳံဖူးတယ္… လာခိုးတဲ့ေကာင္ေတြေျပာတာ ျပန္ၾကားတာကေတာ့ ခိုးေနတဲ့အခ်ိန္ ဇက္ပိုးကို ေအးစက္စက္လက္နဲ႔ ႐ိုက္တာတို႔ ေက်ာကုန္းကို ေလးလံတဲ့အရာနဲ႔႐ိုက္ခ်တဲ့ဗ်ာ… က်ဳပ္ကေတာ့ အဲဒီလိုလုပ္ေနတာက ဆီးပင္မွာေနတဲ့ေကာင္ပဲျဖစ္ရမယ္လို႔ ထင္တယ္”

” သူက ဦးႀကီးကို ေစာင့္ေရွာက္ေနတဲ့ပုံပဲ…. ဒါေၾကာင့္ အပင္ကိုမခုတ္ဖို႔ေျပာတာေပါ့”

” က်ဳပ္တို႔ၿမိဳ႕ကလဲ ဒီလိုထူးဆန္းတဲ့ကိစၥေတြအေတာ္ကိုအျဖစ္မ်ားတာ… ဘုရားငုတ္တိုရွိတဲ့ဘက္ဆိုရင္ ညေနေမွာင္စပ်ိဳးခ်ိန္ ဘယ္သူမွမသြားရဲဘူး… အဲ… ဟိုအ႐ူးကလြဲၿပီးေတာ့ေပါ့”

” ဘယ္ကအ႐ူးလဲ ဦးႀကီး…”

” ငါ့တူတို႔က အခုမွေရာက္တာဆိုေတာ့ မျမင္ရေသးတာပါ…. သူ႔နာမည္က အ႐ူးေမာင္က်င္တဲ့… ဘယ္ေလာက္ပူပူ အေရာင္အဆင္းမရွိတဲ့ သကၠလပ္ကုတ္ကိုအၿမဲ၀တ္ထားလို႔ ၿမိဳ႕ခံေတြက သကၠလပ္ေမာင္က်င္လို႔ေခၚၿပီး စေနာက္တတ္ၾကတယ္…”

” ေအာ္…. ဒါဆို ၿမိဳ႕အ၀င္မွာေတြ႕ခဲ့တဲ့သူျဖစ္မယ္… သကၠလပ္ကုတ္အက်ႌနဲ႔ ကာကီေဘာင္းဘီ၀တ္ထားတဲ့သူ ဟုတ္တယ္မလား”

” ဟုတ္တယ္… ဟုတ္တယ္… သူ႔ကိုေျပာတာ”

” ခုနကေျပာတဲ့ထဲ ဘုရားငုတ္တိုကိုသူတစ္ေယာက္ကလြဲရင္ အျခားသူေတြကဘာလို႔မသြားရဲတာလဲ”

” အ႐ူးေမာင္က်င္ေၾကာင့္ မသြားရဲတာေလ… တကယ္ေတာ့ ေမာင္က်င္က ေခတ္ပညာတတ္ဆရာ၀န္တစ္ေယာက္ပဲကြယ့္”

” ဘယ္လို… အ႐ူးေမာင္က်င္က ဆရာ၀န္ ဟုတ္လား”

” အင္း… ဟုတ္တယ္… သူဒီၿမိဳ႕ကိုစေရာက္တုန္းက ဆရာ၀န္ေပါက္စေလးေပါ့… သေဘာလဲေကာင္း ႐ုပ္ေလးကလဲ အသင့္တင့္ရွိေတာ့ ၿမိဳ႕ခံအပ်ိဳေတြၾကား အေတာ္ကိုေရပန္းစားခဲ့တာ… ဒီလိုနဲ႔ တစ္ႏွစ္ေလာက္အၾကာမွာေတာ့ ေမာင္က်င္တစ္ေယာက္ အခ်ိန္ရရင္ရသလို ဘုရားငုတ္တိုဘက္ကိုသြားေတာ့တာပဲ… တစ္ခါတစ္ေလ တစ္ေယာက္ထဲစကားေတြေျပာၿပီး ရယ္ေမာေနတာကိုျမင္တဲ့သူရွိသလို တစ္ခါတစ္ေလ တစ္စုံတစ္ေယာက္နဲ႔ စကားမ်ားရန္ျဖစ္ေနတဲ့ပုံစံကိုလဲျမင္တဲ့သူေတြရွိတယ္”

” အ႐ူးေမာင္က်င္အေၾကာင္းက စိတ္၀င္စားစရာပဲ… ေနာက္ေတာ့ ဘယ္လိုျဖစ္သြားလဲ ဆက္ေျပာပါဦး”

” ေမာင္က်င္မိဘေတြက ဒီအေၾကာင္းကိုသိေတာ့ အိမ္ျပန္ေခၚသြားၾကတာ… ဒါေပမယ့္ တစ္လေလာက္ေနရင္ ေမာင္က်င္က ဒီကိုျပန္ေရာက္လာတာပဲ… ၿမိဳ႕ကလူေတြကလဲ ေမာင္က်င္ေရာက္လာရင္ သူ႔မိဘေတြကိုအေၾကာင္းၾကားေပးရတာေပါ့… ဒီလိုနဲ႔ သုံးႏွစ္ေလာက္အထိ ေမာင္က်င္ရဲ႕သတင္းကိုမၾကားရေတာ့ဘူး… ဒါေပမယ့္ သိပ္မၾကာပါဘူး အခုလိုပုံစံနဲ႔ျပန္ေရာက္လာတာပဲ….”

” သူ႔မိဘေတြကေရာ ျပန္လာမေခၚၾကဘူးလား”

” ျပန္ေခၚၾကတာေပါ့… ဒါေပမယ့္ ေမာင္က်င္က ထူးဆန္းတယ္… သူ႔ကိုလာေခၚၿပီ‌ဆိုရင္ အစနေတာင္မေတြ႕ေအာင္ေပ်ာက္သြားေတာ့တာပဲ… ဘယ္လိုလိုက္ရွာရွာ မေတြ႕ဘူး… သူ႔မိဘေတြျပန္သြားၿပီေဟ့ဆိုရင္ေတာ့ ဘယ္ကေန ျပန္ေပၚလာမွန္းကိုမသိတာ”

” ျပန္ပီဆိုၿပီးသတင္းလြင့္ၿပီး ေစာင့္ဖမ္းလို႔မရဘူးလား”

” ငါ့တူတို႔ကိုေျပာရင္ယုံမွာေတာင္မဟုတ္ဘူး… အဲလို လုပ္ၾကည့္ေပမယ့္ သေကာင့္သားက လုံး၀ကိုေပၚမလာဘူးေလ… ေနာက္ဆုံး သူ႔မိဘေတြက ၿမိဳ႕ခံလူအခ်ိဳ႕ကို ပိုက္ဆံေပးၿပီး သူတို႔သားေလး စားေရးေသာက္ေရး အဆင္ေျပေအာင္ စီမံေပးၾကရတယ္၊ ၿမိဳ႕ခံေတြက‌ေတာ့ ေမာင္က်င္တစ္ေယာက္ ဘုရားငုတ္တိုဘက္ကို သြားလို႔အခုလို႐ူးသြားတာလို႔ ယုံၾကည္ထားၾကတယ္”

” အရင္ကေရာ ဘုရားငုတ္တိုဘက္ကို လူေတြသြားၾကလား”

” ကြၽဲေပ်ာက္ႏြားေပ်ာက္သမားေတြကေတာ့ တစ္ခါတစ္ေလ အရဲစြန႔္ၿပီးသြားၾကတာပဲ… သူတို႔ေျပာစကားအရဆို ဘုရားငုတ္တိုဘက္ေရာက္ပီဆိုတာနဲ႔ မိန္းမေတြရဲ႕ ေလွာင္ေျပာင္ရယ္ေမာသံေတြၾကားရသလို တစ္ခါတစ္ေလ ဗိုက္ပူပူအရပ္ပုပုနဲ႔လူေတြ ဘုရားငုတ္တိုေဘးမွာ တင္းပုတ္ကိုင္ၿပီး ေလ်ာက္သြားေနၾကတာကိုျမင္ရတယ္လို႔လဲေျပာၾကတယ္”

” ဦးႀကီးေျပာပုံအရဆိုရင္ ေမာင္က်င္စိတ္အေျခအေနက သာမန္မဟုတ္ေလာက္ဘူး… က်ဳပ္တို႔ႀကဳံဖူးတဲ့အသိအရဆို ေမာင္က်င္က အခုလိုျဖစ္တာတစ္စုံတစ္ေယာက္ရဲ႕ ပေယာဂမကင္းဘူးလို႔ျမင္မိတယ္”

” အကုန္လုံးလဲ ငါ့တူတို႔လိုေတြးတာပဲ… ဒါေပမယ့္ ေမာင္က်င္က ဘယ္သူ႔ကိုမွ အနားကပ္မခံတာေၾကာင့္ ခက္ေနတာ”

” ဒီပုံအတိုင္းဆို က်ဳပ္တို႔အေနနဲ႔ ဦးႀကီးဆီမွာ ရက္အနည္းငယ္ေလာက္ထပ္ေနရဦးမယ္ထင္ပါတယ္”

” ရက္အနည္းငယ္မဟုတ္ဘူး ေပ်ာ္သေလာက္ေနပါ ငါ့တူတို႔ရယ္… ဒါေပမယ့္ တစ္လေက်ာ္ရင္ေတာ့ ဆန္ဖိုးေပးရမယ္ေနာ္ ဟားဟား”

ဦးအံ့ႀကီးစကားေၾကာင့္ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ ဟက္ဟက္ပက္ပက္ရယ္ေမာလိုက္ကာ စကားဝိုင္းကိုလက္စသတ္လိုက္ၾကတယ္။
++++++++

” ပေတာက္ ပေတာက္ ပေတာက္”

ႏွင္းစက္ေတြက အိမ္ေခါင္မိုးေပၚကေန ေျမႀကီးေပၚကို တစ္ေဖ်ာက္ေဖ်ာက္က်ေနတဲ့ အ႐ုဏ္တက္ခ်ိန္မွာေတာ့ ေအာင္ျမတ္သာရဲ႕ အရပ္ရွစ္မ်က္ႏွာေမတၱာပို႔သံက ၿခံထဲကေန သာယာစြာထြက္ေပၚလာခဲ့တယ္။

” ဂ်စ္ ဂ်စ္ ဂ်စ္”

သစ္သားကို လက္သည္းနဲ႔ကုတ္ျခစ္တဲ့အသံက ဆီးပင္ေပၚကေန ထြက္လာတာကို သတိထားမိလိုက္တာေၾကာင့္ ေမတၱာပို႔ေနတာကိုရပ္လိုက္ၿပီး

” သင္ အသံေပးရတဲ့အေၾကာင္းရင္းက က်ဳပ္ကိုေျပာခ်င္တာတစ္ခုခုမ်ားရွိေနတာလား…” လို႔ေမးလိုက္ေတာ့ လက္သည္းျခစ္သံက ပိုမိုက်ယ္ေလာင္စြာထြက္လာခဲ့တယ္။

” သင္ေျပာခ်င္တာေျပာဖို႔ က်ဳပ္ခြင့္ျပဳပါတယ္… သင္ က်ဳပ္ရဲ႕ေရွ႕ကိုလာေရာက္ခဲ့ပါ” လို႔ခြင့္ျပဳလိုက္တာနဲ႔ ဆီးပင္ေပၚကေန လူတစ္ေယာက္ ေက်ာေပးလ်က္အေနအထားခုန္ဆင္းလာခဲ့တယ္။

” သင္က ဘယ္သူလဲ”

” က်ဳပ္က ဆီးပင္မွာေနတဲ့သူပါ…”

” သင့္ကိုရည္စူၿပီးပို႔သတဲ့ေမတၱာကိုရတယ္မဟုတ္လား…”

” ရပါတယ္”

” ဒါျဖင့္ ဘာအေၾကာင္းအရာမ်ားေျပာခ်င္လို႔လဲ”

” ေန႔လည္က က်ဳပ္ေနတဲ့အပင္ေပၚကိုခြင့္မေတာင္းပဲတက္တဲ့ကေလးကို ဆရာမ်က္ႏွာေၾကာင့္ ခ်မ္းသာေပးလိုက္တယ္ဆိုတာေျပာခ်င္လို႔ပါ”

” ကေလးဆိုတာ ဒီလိုပါပဲ… ဘာလို႔စိတ္လိုက္မာန္ပါလုပ္ခ်င္ရတာလဲ..”

” သူက က်ဳပ္ေနတဲ့အပင္ေပၚကိုတက္တဲ့အျပင္ အကိုင္းေတြကိုပါ ခ်ိဳးပစ္တာေၾကာင့္ စိတ္တိုၿပီးလုပ္ခဲ့မိတာ”

” ကဲကဲ… ေနာက္ထပ္ ဘယ္သူမွထပ္မလုပ္ႏိုင္ေအာင္ ေျပာေပးခဲ့မယ္… သင္လဲ စိတ္ေလ်ာ့လိုက္ပါေတာ့”

” အင္း…. ေနာက္တစ္ခုက ဆရာတို႔ေရာက္ေနတာ သူတို႔သိေနၿပီ”

” ဘယ္သူေတြကသိေနတာလဲ”

” ဘုရားငုတ္တိုမွာေနတဲ့သူေတြကိုေျပာတာပါ”

” သင္က ဘာလို႔ ဒီကိစၥကိုလာေျပာရတာလဲ”

” ဆရာတို႔ကို ဘုရားငုတ္တိုနဲ႔အ႐ူးေမာင္က်င္အေၾကာင္းေျပာျပခဲ့တဲ့ ဒီၿခံပိုင္ရွင္ကိုပါရန္ျပဳၾကမွာမို႔ လာေျပာရတာပါ”

” က်ဳပ္နားလည္ပါၿပီ… သင္ေစာင့္ေရွာက္ေနတဲ့သူ ဘာမွမျဖစ္ေအာင္ က်ဳပ္တို႔စီစဥ္ထားေပးပါမယ္”

” ဒီလိုဆိုလဲ က်ဳပ္ေျပာစရာကုန္ၿပီမို႔ ျပန္ခြင့္ျပဳပါ”

” ေကာင္းပါၿပီ… သင့္ကိုျပန္ခြင့္ျပဳပါတယ္”

ေအာင္ျမတ္သာခြင့္ျပဳလိုက္တာနဲ႔ ေက်ာေပးရပ္ေနတဲ့သူက ဆီးပင္ေပၚကို ရွည္လ်ားတဲ့လက္သည္းေတြနဲ႔ကုတ္တက္ကာ ေပ်ာက္ကြယ္သြားခဲ့တယ္။
++++++

” မနက္ေစာေစာစီးစီး ဘယ္သြားၾကမလို႔လဲ”

ၿခံထဲကေနထြက္ခါနီးၾကားလိုက္ရတဲ့အသံေၾကာင့္ လွည့္ၾကည့္လိုက္ရာ ေဂၚဖီထုတ္ေတြကိုေက်ာလြယ္ျခင္းနဲ႔သယ္လာတဲ့ ဦးအံ့ႀကီးကိုျမင္လိုက္ရတယ္။

” ေမာင္က်င္နဲ႔သြားေတြ႕မလို႔ဗ်… ဦးႀကီးေရာ ေဂၚဖီထုပ္ေတြနဲ႔ဘယ္ကျပန္လာတာလဲ”

” စိုက္ကြင္းထဲကျပန္လာတာ ငါ့တူတို႔ေရ…ဒီေန႔က ေဂၚဖီေတြလဲရသလို ေခြးလဲဆြဲခံထိသဟ”

” ဘာျဖစ္သြားေသးလဲ ဦးႀကီး”

” ဘယ္ကေခြးေလေခြးလြင့္ေတြ စိုက္ကြင္းနားေရာက္ေနလဲမသိပါဘူး… ျပန္တဲ့လမ္းမွာ အေနာက္ကေန အသာလိုက္လာၿပီး ဟပ္ဖို႔လုပ္တာ… ဒါေပမယ့္ အနားေရာက္တာနဲ႔ တဂိန္ဂိန္ေအာ္ၿပီး အျမႇီးကုပ္ေျပးသြားလို႔ ဘာမွမျဖစ္လိုက္ဘူး”

” ေတာ္ေသးတာေပါ့… ေနာက္ဆို ေခြး႐ူးကာကြယ္ေဆးထိုးေနရဦးမယ္”

” ဒါနဲ႔ မင္းတို႔က ေမာင္က်င္ကိုရွာၿပီးဘာလုပ္မလို႔လဲ”

” ညက ဦးႀကီးေျပာျပတဲ့အေၾကာင္းကိုစိတ္၀င္စားတာရယ္… ေမာင္က်င္ျဖစ္ေနတာက ကုလို႔ရႏိုင္တယ္လို႔ထင္တာရယ္ေၾကာင့္ပါ”

” အဲလိုဆိုရင္ ငါလဲ လိုက္ခဲ့မယ္ကြ… ေမာင္က်င္ကို ငါက ထမင္းဟင္းေတြအၿမဲေပးေနၾကဆိုေတာ့ အစိမ္းသက္သက္မျဖစ္ေတာ့ဘူးေပါ့ကြာ”

ေအာင္ျမတ္သာတို႔လဲ ဦးအံ့ႀကီးစကားကို လက္ခံတဲ့အေနနဲ႔ ၿခံေရွ႕က ကြပ္ျပစ္မွာထိုင္ကာေစာင့္ေနလိုက္တယ္။ ခဏေနေတာ့ ခေမာက္တိုတစ္လုံးကိုေဆာင္းကာ ထြက္လာတဲ့ ဦးအံ့ႀကီးက

” ဒီေၾကးျပားက ဘယ္လိုလုပ္ငါ့အိတ္ထဲေရာက္ေနတာလဲမသိဘူး… ငါ့တူတို႔နားလည္ရင္ၾကည့္ေပးပါဦး” လို႔ေျပာတဲ့အတြက္ လွမ္းၾကည့္လိုက္ရာ စမအကၡရာေတြနဲ႔ က်ားပုံစံေရးဆြဲထားတဲ့အင္းျပားကိုျမင္ေတြ႕လိုက္တယ္။

” ဦးႀကီးအတြက္ အႏၲရာယ္ကင္းေအာင္လို႔ ကြၽန္ေတာ္ထည့္ထားေပးတာပါ… ဒီအေဆာင္ေၾကာင့္ မနက္က ဘာမွမျဖစ္တာလို႔ေျပာရမယ္”

” ေဟ…. ဟုတ္လား…. ဒါေၾကာင့္ ေခြးေတြအနားေရာက္တာနဲ႔ ေအာ္ေျပးတာကိုး၊ ငါ့တူတို႔ပညာကလဲ ေပါ့ေသးေသးမဟုတ္ေပဘူးပဲ”

ဦးအံ့ႀကီးက ေအာင္ျမတ္သာကို ခ်ီးက်ဴးလိုက္ၿပီး ေမာင္က်င္ေနတတ္တဲ့ ဇရပ္ဆီကိုေခၚသြားခဲ့လိုက္တယ္။ ဇရပ္ကိုေရာက္ေတာ့ ေမာင္က်င္ရဲ႕ အရိပ္အေယာင္ကိုမေတြ႕ရပဲ အိတ္အစုတ္နဲ႔ထုပ္ထားတဲ့အ၀တ္အစားအခ်ိဳ႕ကိုသာျမင္ေတြ႕လိုက္ရတယ္။

” ခါတိုင္းေန႔ေတြ ဒီမွာပဲေနပါတယ္… ဘယ္လိုျဖစ္လို႔ ဒီေန႔မွမရွိရတာလဲမသိပါဘူး”

” ဦးႀကီး ေျပာခဲ့ဖူးသလို ေမာင္က်င္က ႀကိဳသိေနတာမ်ားလား”

” အဲဒါေတာ့ ငါလဲမေျပာတတ္ဘူး… ငါ့တူတို႔ဘယ္လိုလုပ္ခ်င္လဲ”

” ကြၽန္ေတာ္တို႔ ေစတီပ်က္ေတြရွိတဲ့ဘက္ သြားၾကည့္ခ်င္ေသးတယ္… ဦးႀကီးလိုက္လို႔အဆင္ေျပပါ့မလား”

” ငါ့တူတို႔က ေစတီပ်က္ေတြဘက္ ဘာသြားလုပ္မွာလဲ… အဲဒီေနရာက လူျပတ္တယ္ေနာ္”

” ဒီတိုင္းေလ့လာခ်င္တဲ့သေဘာနဲ႔သြားမလို႔ပါ… ကြၽန္ေတာ္က အဲလိုအေၾကာင္းေတြဆို စိတ္၀င္စားတယ္ေလ”

” လူငယ္ေတြဆိုေတာ့ စူးစမ္းခ်င္စိတ္ရွိၾကမွာေပါ့… ကဲပါ ကဲပါ သြားလက္စနဲ႔ ဦးႀကီးပဲလိုက္ပို႔ေပးပါ့မယ္”

ဦးအံႀကီးက ေအာင္ျမတ္သာတို႔ကို ေရွ႕ကေနလမ္းျပၿပီး လမ္းမႀကီးကိုျဖတ္ကာ အေနာက္ဘက္ေစတီပ်က္ေတြဘက္ကို ေခၚေဆာင္သြားခဲ့တယ္။ ျမဴေတြအုံ႔ဆိုင္းေနတဲ့ ေ႐ႊေပၚကြၽန္းၿမိဳ႕ေလးကေန နာရီ၀က္ေလာက္လမ္းေလ်ာက္ၿပီးခ်ိန္မွာေတာ့ ေရညႇိေတြအထပ္ထပ္တက္ကာ ၿပိဳက်ေနတဲ့ ေစတီအေဟာင္းအပ်က္အခ်ိဳ႕ကိုစတင္ျမင္ေတြ႕ခဲ့ၾကတယ္။

” ပဲခူးေ႐ႊေမာ္ေဓာဘုရားၿပိဳက်ခဲ့တဲ့ ငလ်င္က ဒီေစတီေတြကိုပါထိခိုက္ေစခဲ့တာေလ…”

” ဒါဆို ႏွစ္အေတာ္ၾကာေနၿပီပဲ…”

” ဟုတ္တယ္ ငါ့တူတို႔ေရ… ၿမိဳ႕ခံေတြက ေစတီေတြကို ျပန္ျပင္ဖို႔အႀကိမ္ႀကိမ္အခါခါ ႀကိဳးစားခဲ့ၾကဖူးတယ္… ဦးႀကီးတို႔ငယ္ငယ္ကဆို ေစတီေတြျပဳျပင္ဖို႔အကုန္စီစဥ္ၿပီးကာမွ လုပ္အားေပးမယ့္သူေတြအကုန္၀မ္းေလ်ာကုန္တာ… နားလည္တဲ့သူေတြတြက္ခ်က္ေတာ့ ဦးေဆာင္ျပဳျပင္မယ့္သူအစစ္အမွန္မလာေသးတာေၾကာင့္လို႔ေျပာၾကတယ္။ အဲဒီေနာက္ပိုင္း အျခားသူေတြလဲ ႀကိဳးစားၾကေပမယ့္ အေႏွာက္အယွက္ေတြ၀င္တာေၾကာင့္ ဘယ္သူမွ ထပ္ၿပီးမလုပ္ရဲၾကေတာ့တာ အခုထက္ထိပဲ”

” အေတာ္ေတာ့ထူးဆန္းတာပဲေနာ္… ဒါေၾကာင့္လဲ ဒီေနရာကိုေတာ္႐ုံဘယ္သူမွမလာရဲၾကတာကိုး”

ေအာင္ျမတ္သာတို႔လဲ ေစတီပ်က္ေတြရွိတဲ့ဘက္ကို ေလ်ာက္လာခဲ့တာ အုတ္ပုံသာသာျဖစ္ေနတဲ့ ေစတီတစ္ဆူေရွ႕အေရာက္မွာေတာ့ မၾကာေသးကမွ ပူေဇာ္ထားတဲ့ ဖေယာင္းတိုင္နဲ႔အေမႊးတိုင္ကို ျမင္ေတြ႕လိုက္ရတယ္။

” ဦးႀကီးေျပာေတာ့ ဘယ္သူမွမလာရဲဘူးဆိုၿပီး အခုက်ေတာ့ အေမႊးတိုင္ ဖေယာင္းတိုင္ေတြနဲ႔ပူေဇာ္ထားပါလား”

” လမ္းသြားလမ္းလာတဲ့သူေတြကမ်ား ပူေဇာ္သြားတာလားမသိပါဘူး”

ဦးအံ့ႀကီးက အံ့ဩစြာေရ႐ြတ္ရင္း ေဘးဘီကိုလွည့္ၾကည့္လိုက္တဲ့အခ်ိန္ လူရိပ္တစ္ခုက မလွမ္းမကမ္းမွာရွိတဲ့ေစတီပ်က္ႏွစ္ခုၾကားထဲကို ေျပး၀င္သြားတာျမင္လိုက္ရတယ္။

” ဟိတ္ ဘယ္သူလဲကြ”

” ဘာျမင္လို႔လဲ ဦးႀကီး”

” လူတစ္ေယာက္ ျဖတ္ေျပးသြားတာျမင္လိုက္လို႔ ငါ့တူရ”

ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔လဲ အုတ္က်ိဳးတစ္ခုစီေကာက္ကိုင္ၿပီး ဦးအံ့ႀကီး ၫႊန္ျပတဲ့ေနရာနားကို အသာကပ္သြားခဲ့လိုက္တယ္။

” ခြၽတ္ ခြၽတ္ ဂြၽတ္…”

ေစတီပ်က္ႏွစ္ခုၾကားထဲကေန ၾကားလိုက္ရတဲ့ သစ္ကိုင္းေျခာက္နင္းသံေၾကာင့္ ေမာင္ေကာင္းက အုတ္က်ိဳးကို ခပ္တင္းတင္းဆုပ္ကိုင္ၿပီး ၾကည့္လိုက္ရာ ေဆးသားေတြကြာက်ၿပီး လက္တစ္ဖက္က်ိဳးပဲ့ေနတဲ့ ဖိုးသူေတာ္႐ုပ္ကိုျမင္လိုက္ရတယ္။

” ဟင္… ဘယ္သူမွလဲမေတြ႕ပါလား… ခုနက သစ္ကိုင္းေျခာက္နင္းတဲ့အသံေသခ်ာၾကားလိုက္ပါတယ္”

” ကြၽန္ေတာ္လဲၾကားလိုက္တယ္… ထူးဆန္းလိုက္တာ”

ဦးအံ့ႀကီးနဲ႔ ေအာင္ျမတ္သာလဲ ေမာင္ေကာင္းတို႔ရွိတဲ့ဘက္ကိုလာၿပီးၾကည့္လိုက္ရာ ဖိုးသူေတာ္႐ုပ္ကလြဲၿပီး ဘာမွမေတြ႕။

” ငါ စိတ္ထင္တာမ်ားလား…. မဟုတ္ေသးပါဘူး လူတစ္ေယာက္၀င္သြားတာကိုေသခ်ာျမင္လိုက္ပါတယ္”

ေအာင္ျမတ္သာကေတာ့ ဖိုးသူေတာ္႐ုပ္ကိုတစ္ခ်က္မွ်ၾကည့္ၿပီး ေမာင္ေကာင္းနဲ႔ ခြန္းလွကို ျပန္ေခၚကာ အျပင္ကိုထြက္လာခဲ့လိုက္တယ္။

” ဒီေစတီ‌ပ်က္ေတြက အရံေစတီေတြျဖစ္ဖို႔မ်ားတယ္ေနာ္…”

” ဟုတ္တယ္ ငါ့တူ… ဒါေတြက အရံေစတီေတြေလ… တကယ့္ေစတီႀကီးက ဟိုးမွာျမင္ေနရတယ္… ဦးႀကီးတို႔ေဒသအေခၚကေတာ့ ဘုရားငုတ္တိုလို႔ေခၚတယ္”

ေအာင္ျမတ္သာတို႔လဲ လွမ္းျမင္ေနရတဲ့ ဘုရားငုတ္တိုဘက္ကို ထြက္လာခဲ့ရာ ဘုရားပရ၀ဏ္အဝင္ကိုေရာက္ေတာ့ စီးထားတဲ့ဖိနပ္ေတြကို ခြၽတ္ၿပီးေကာက္ယူလိုက္တဲ့အခ်ိန္ ဘယ္ကေန ထြက္လာမွန္းမသိတဲ့ အုတ္က်ိဳးတစ္လုံးက ဦးေခါင္းေဘးကေန ဝွီးခနဲျဖတ္သြားၿပီး အနားမွာရွိတဲ့ ေစတီပ်က္ကိုထိမွန္ကာ ဖြာခနဲလြင့္ထြက္သြားခဲ့တယ္။

” ဆရာ… ဘာျဖစ္သြားေသးလဲ”

” ဘာမွမျဖစ္ဘူး… ဒီအနားမွာ လူတစ္ေယာက္ေတာ့ ရွိေနတာေသခ်ာၿပီ..”

ေမာင္ေကာင္းနဲ႔ ခြန္းလွလဲ ပတ္၀န္းက်င္ကို ႏွံ႔စပ္ေအာင္လိုက္ၾကည့္ေနတဲ့အခ်ိန္ အုတ္က်ိဳးတစ္လုံးက ကိုးေတာင္ျပည့္ေစတီပ်က္အေနာက္ကေန ထပ္ထြက္လာခဲ့တယ္။

” ေဟ့ေကာင္ မေျပးနဲ႔ မင္းေတာ့မိရင္နာပီသာမွတ္”

လူရိပ္ကိုေသခ်ာျမင္လိုက္တာေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွက လ်င္ျမန္စြာနဲ႔ ေစတီပ်က္အေနာက္ကို ေျပး၀င္ၿပီးၾကည့္လိုက္ရာ မ်က္လုံးကလယ္ကလယ္နဲ႔ အုတ္က်ိဳးတစ္လုံးကိုကိုင္ထားတဲ့ အ႐ူးေမာင္က်င္ကိုျမင္လိုက္ရတယ္။

” ဆရာ.. ဒီမွာ ေမာင္က်င္ကိုေတြ႕ၿပီဗ်”

ေအာင္ျမတ္သာတို႔လဲ ေမာင္ေကာင္းအသံေၾကာင့္ ေစတီပ်က္အေနာက္ကို၀င္လာခဲ့ရာ အုတ္က်ိဳးနဲ႔ခ်ိန္ထားတဲ့ အ႐ူးေမာင္က်င္က

” သိုက္တူးသမားေတြ ထြက္သြားစမ္း… နင္တို႔ ဒီကိုဘာအႀကံနဲ႔လာလဲငါသိတယ္ေနာ္… မသြားရင္ ခဲနဲ႔ထုမွာ”

” ေဟ့ေကာင္ ေမာင္က်င္… ငါပါဟ ဦးအံ့ႀကီးေလ မမွတ္မိေတာ့ဘူးလား”

ေမာင္က်င္က ဦးအံ့ႀကီးကိုျမင္ေတာ့ အုတ္က်ိဳးနဲ႔ခ်ိန္ထားတာကို ေအာက္ခ်လိုက္ၿပီး

” သူတို႔ကဘယ္သူေတြလဲ… ဒီကိုဘာလာလုပ္ၾကတာလဲ”

” အုတ္က်ိဳးကိုအရင္ပစ္ခ်လိုက္စမ္းပါဟ.. ငါလခြီးထဲမွပဲ”

” မပစ္ခ်ဘူး… ျမပန္းႏြယ္ကငါ့ကိုေျပာထားတယ္… သူတို႔က ငါတို႔ႏွစ္ေယာက္ကိုခြဲမွာတဲ့…”

” ဒီေကာင္ ဘာေတြေျပာေနတာလဲ… ဘယ္က ျမပန္းႏြယ္ဆိုတာေပၚလာတာလဲဟ”

” သူစိတ္ေနာက္ရတဲ့အေၾကာင္းက ျမပန္းႏြယ္ဆိုတဲ့သူနဲ႔ပတ္သတ္ေနမယ္လို႔ထင္တယ္… အခုေတာ့ ေခ်ာ့ေမာ့ၿပီး ျပန္ေခၚသြားရေအာင္”

ဦးအံ့ႀကီးလဲ ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္က်င္ကို ေခ်ာ့ေမာ့ေျပာေနတဲ့အခ်ိန္ ဘုရားငုတ္တိုေဘးမွာရွိတဲ့ ထေနာင္းပင္ကေန မိန္းမတစ္ေယာက္ရဲ႕ရယ္သံတစ္ခုထြက္လာခဲ့တယ္။

” ျမပန္း… ျမပန္း ေမာင္ေတာ္ကိုစိတ္ဆိုးေနတာလား… ဒီလူေတြက ေမာင္ေတာ္ ေခၚလာတာမဟုတ္ပါဘူးကြယ္…”

ေမာင္က်င္က ျပာျပာယာယာနဲ႔ အသံၾကားတဲ့ ထေနာင္းပင္ကိုၾကည့္ကာ ေတာင္းပန္ေနရာကေန ေအာင္ျမတ္သာတို႔ရွိတဲ့ဘက္ကို နီရဲေနတဲ့မ်က္လုံးေတြနဲ႔စိုက္ၾကည့္ၿပီး

” နင္တို႔ေၾကာင့္ ျမပန္းစိတ္‌ဆိုးေနၿပီ… သြားၾကစမ္း… ဒီကေနထြက္သြားၾကစမ္း” လို႔ေျပာကာ ရန္လိုတဲ့ဟန္နဲ႔ အနားကိုတိုးကပ္လာခဲ့တယ္။

ေအာင္ျမတ္သာကေတာ့ အနည္းငယ္မွ် တုန္လႈပ္မႈမရွိပဲအနားကပ္လာတဲ့ ေမာင္က်င္ကိုသာစိုက္ၾကည့္ေနခဲ့တယ္။

” ဆရာ… သတိထား”

” ငါ့တူ သတိထား… ဒီေကာင္က စိတ္႐ူးေပါက္ေနပီ”

ေမာင္ေကာင္း၊ ခြန္းလွ၊ ဦးအံ့ႀကီးတို႔ရဲ႕ စိုးရိမ္တႀကီးေအာ္သံေတြအဆုံးမွာပဲ ေမာင္က်င္က ေအာင္ျမတ္သာရဲ႕မ်က္ႏွာကို လက္ထဲကိုင္ထားတဲ့ အုတ္က်ိဳးနဲ႔ အားကုန္ထုခ်လိုက္တယ္။

” ဝွီး… ”

” ခြပ္”

” အင့္”

ေအာင္ျမတ္သာက မ်က္ႏွာတည့္တည့္၀င္လာတဲ့ အုတ္က်ိဳးကို ခႏၶာကိုယ္ယိမ္းကာေရွာင္လိုက္ၿပီး အရွိန္လြန္ကာက်လာတဲ့ ေမာင္က်င္ရဲ႕ နဖူးကို ညာဘက္လက္ဝါးနဲ႔႐ိုက္ကာ

” မိေမြးတိုင္း ဖေမြးတိုင္းျဖစ္စမ္း” လို႔အမိန႔္ေပးလိုက္တယ္ဆိုရင္ပဲ အုတ္ပုံေတြၾကားထဲလဲက်သြားတဲ့ ေမာင္က်င္က အိပ္ယာကေနလန႔္ႏိုးတဲ့သူလို ျဖစ္သြားၿပီး

” က်ဳပ္ ဘယ္ကိုေရာက္ေနတာလဲ…. ဒီေနရာက ဘယ္မွာရွိေနတာလဲ” လို႔ေျပာကာ ေၾကာင္ေတာင္ေတာင္ျဖစ္ေနခဲ့တယ္။

” မင္းနာမည္ ဘယ္လိုေခၚလဲဆိုတာ မွတ္မိလား”

” က်ဳပ္နာမည္ ‌က်င္စိန္ေလ.. ဘာျဖစ္လို႔လဲ”

” မင္းမိဘနာမည္ေတြကေရာ”

” က်ဳပ္မိဘနာမည္ကိုေမးၿပီး ဘာလုပ္မလို႔လဲ”

” ေမးတာကိုေျဖပါ… ၿပီးရင္ ဘာလို႔ေမးရလဲဆိုတာေျပာျပမယ္”

” က်ဳပ္‌အေဖနာမည္က ဦးတိတ္လ်န္၊ အေမနာမည္က ေဒၚခင္ႏု”

” မင္း ျမပန္းႏြယ္ဆိုတဲ့ မိန္းကေလးကိုသိလား”

” သိတာေပါ့…. သူက က်ဳပ္ခ်စ္သူေလ… ဒီဘုရားငုတ္တိုမွာ သူနဲ႔ကြၽန္ေတာ္အၿမဲေတြ႕ေနၾက… ဒါနဲ႔ ခင္ဗ်ားတို႔က သူ႔နာမည္ဘယ္လိုသိတာလဲ”

” မင္းက ဥစၥာေစာင့္ကိုမွ ရည္းစားထားရတယ္လို႔… မင္းခ်စ္သူ ျမပန္းႏြယ္ဆိုတာက လူမဟုတ္ဘူး…”

” ဟာ… မျဖစ္ႏိုင္တာ… သူ႔အသားကို က်ဳပ္ထိလို႔ရတယ္ … သူ႔ရဲ႕ကိုယ္သင္းနံ႔ေလးေတြကို က်ဳပ္ရႈရႈိက္လို႔ရတယ္… ဒါကို လူမဟုတ္ဘူးလို႔ ဘာလို႔ေျပာတာလဲ”

” ေခတ္ပညာတတ္ဆရာ၀န္တစ္ေယာက္က ဘယ္လိုပုံစံျဖစ္ေနတယ္ဆိုတာ ကိုယ့္ကိုကိုယ္ျပန္ၾကည့္ဦး…”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္က်င္သတိျပန္၀င္လာၿပီး ကိုယ့္႐ုပ္ကိုျပန္စမ္းၾကည့္လိုက္ရာ မုတ္ဆိတ္က်င္စြယ္ေတြနဲ႔ ညႇင္းသိုးသိုးျဖစ္ေနတဲ့ပုံစံကို သတိထားမိသြားခဲ့တယ္။

” က်ဳပ္ဘယ္လိုျဖစ္ၿပီး အခုလိုပုံစံေျပာင္းသြားရတာလဲ”

” အမွန္တိုင္းေျပာရရင္ မင္းက ဥစၥာေစာင့္မတစ္ေယာက္ရဲ႕ ဖ်ားေယာင္းမႈေအာက္မွာ နစ္မြန္းခဲ့တာ၊ မင္းရဲ႕စိတ္ကို သိမ္းသြင္းၿပီး သူတို႔စိတ္သာယာမႈကိုရွာခဲ့တာပဲ… ”

” ျမပန္းက တကယ္လူမဟုတ္ဘူးလား… က်ဳပ္ကိုညာေနတာေတာ့မဟုတ္ပါဘူးေနာ္”

” ဟင္း… ဒီလူနဲ႔ေတာ့ ခက္ၿပီ… မင္း ယုံေအာင္ က်ဳပ္လက္ေတြ႕ေခၚျပမယ္ ၾကည့္ေန”

ေအာင္ျမတ္သာက ေမာင္က်င္ရဲ႕ မ်က္လုံးကိုလက္နဲ႔သပ္ခ်ကာ အျမင္အာ႐ုံဖြင့္ေပးၿပီး ဘုရားငုတ္တိုေဘးက ထေနာင္းပင္ကိုလက္ညိဳးထိုးကာ

” ျမပန္းႏြယ္ဆိုတဲ့နာမည္နဲ႔ ဒီအရပ္ေဒသမွာ ေနထိုင္သည္ရွိေသာ္ က်ဳပ္ရဲ႕ အေရွ႕ဆယ္လွမ္းအကြာမွာ မူလ႐ုပ္သြင္အတိုင္းကိုယ္ထင္ျပေစ” လို႔အမိန႔္ျပန္လိုက္တယ္ဆိုရင္ပဲ ထေနာင္းပင္အေနာက္ကေန ပုတ္ေလာက္ႀကီးတဲ့ ခႏၶာကိုယ္ႀကီးကို အိပဲ့အိပဲ့နဲ႔လႈပ္ကာ လမ္းေလ်ာက္လာတဲ့ မိန္းမတစ္ေယာက္ကို ျမင္လိုက္ရတယ္။

အသားနီလန္ေနတဲ့ ဦးရည္ျပားထက္မွာ က်ိဳးတိုးက်ဲတဲေပါက္ေနတဲ့ဆံပင္အခ်ိဳ႕အျပင္ အဆမတန္ျပဴးထြက္ေနတဲ့ နီက်င္က်င္မ်က္လုံး၊ ေဖာင္းအစ္မို႔ထေနတဲ့ ပြေယာင္းေယာင္းပါးႏွစ္ဖက္၊ အသားပိုလိုတစ္ထြာေလာက္တြဲက်ေနတဲ့ ႏႈတ္ခမ္းသားေတြ‌နဲ႔ ဖြဲ႕စည္းထားတဲ့႐ုပ္သြင္က ေမာင္က်င္ကို တုန္လႈပ္တဲ့ထိ ေၾကာက္လန႔္ေစခဲ့တယ္။

” ဒါ မင္းအရမ္းခ်စ္ပါတယ္ လွပါတယ္ဆိုတဲ့ ျမပန္းႏြယ္ရဲ႕ မူလ႐ုပ္သြင္ပဲ…”

ေအာင္ျမတ္သာရဲ႕စကားကို ေမာင္က်င္တစ္ေယာက္ ဘာမွ ထပ္မေျပာႏိုင္ပဲ အံ့ဩထိတ္လန႔္ေနခဲ့တယ္။

” အခုေရာ မင္းခ်စ္ေသးရဲ႕လား.. ျမတ္ႏိုးေသးရဲ႕လား”

” ဟအင္း… ဒီလိုမ်ိဳးမွန္းသိရင္ အစထဲက ခ်စ္ေရးမဆိုခဲ့ပါဘူး… က်ဳပ္ က်ဳပ္ ဘယ္လိုျဖစ္သြားရတာလဲဗ်ာ”

” မင္းအခုကစၿပီး မိဘေတြရွိတဲ့အရပ္ကိုျပန္ပါ… ကိုယ္တတ္တဲ့ပညာနဲ႔ ကိုယ့္လမ္းကိုယ္ျပန္ေလ်ာက္ပါ… ေနာက္တစ္ခါ ဒီအရပ္ကိုလာမယ္‌ဆိုရင္ မင္းအသက္ကို သူတို႔ႏႈတ္ၾကလိမ့္မယ္… ကဲ ဦးႀကီးနဲ႔ ေမာင္ေကာင္းက သူ႔ကို ျပန္ေခၚသြားလိုက္ၾက… ခြန္းလွကေတာ့ ဒီမွာေနခဲ့ လိုက္ပါ”

ဦးအံ့ႀကီးနဲ႔ေမာင္ေကာင္းလဲ ထိတ္လန႔္ေနတဲ့ ေမာင္က်င္ကို တြဲထူၿပီး ၿမိဳ႕ထဲကိုျပန္ထြက္သြားခဲ့ၾကတယ္။ အဲဒီေတာ့မွ ေအာင္ျမတ္သာက ျမပန္းႏြယ္ကိုၾကည့္ၿပီး

” သင့္ရဲ႕ အတၱေဘာ႐ုပ္သြင္ကို လိုရာဖန္းဆင္းႏိုင္ပါၿပီ” လို႔ေျပာလိုက္ရာ ေၾကာက္မက္ဖြယ္အဆင္းရွိတဲ့ ပုံစံကေန အင္မတန္ေခ်ာေမာလွပတဲ့ မိန္းကေလးတစ္ေယာက္အသြင္အျဖစ္ကိုေျပာင္းလဲသြားခဲ့တယ္။

” သင္ဘာလို႔ ကိုယ္နဲ႔ဘ၀မတူတဲ့သူကို စိတ္ေနာက္တဲ့အထိ ျပဳစားထားရတာလဲ”

” ျမပန္း တမင္လုပ္ခဲ့တာမဟုတ္ပါဘူး… စေနာက္တဲ့သေဘာနဲ႔ က်ီစယ္ရင္း သံေယာဇဥ္တြယ္မိခဲ့တာေၾကာင့္ အခုလိုအေျခအေနေရာက္သြားတာပါ”

” ဒီတစ္ခါေတာ့ ရွိပေစေတာ့ … ေနာက္ထပ္အလားတူျဖစ္ရပ္မ်ိဳးထပ္လုပ္ရင္ေတာ့ သင္တို႔ရဲ႕သိုက္ခ်ဳပ္အဘိုးသာလာယကို ပင့္ဖိတ္ၿပီး သိုက္စည္းကမ္းအရ အျပစ္ေပးရလိမ့္မယ္”

” အဘိုးနဲ႔ေတာ့ မတိုင္ပါနဲ႔ဆရာရယ္… ျမပန္း ထပ္မလုပ္ရဲေတာ့ပါဘူး… သစၥာဆိုၿပီးတိုင္တည္ဆို တိုင္တည္ပါ့မယ္… ထပ္မလုပ္ေတာ့ပါဘူး”

” အင္း…. သင္ကတိသင္တည္ေအာင္ေနထိုင္ပါ… ဒါနဲ႔ က်ဳပ္နဲ႔အတူပါလာတဲ့ ဦးႀကီးကို ေခြးနဲ႔ရႈးတိုက္ခိုင္းတာ သင္ပဲမဟုတ္လား”

” ဟုတ္ပါတယ္… ျမပန္း မႀကံေကာင္းတဲ့အမႈကိုျပဳခဲ့မိပါတယ္… ဒါေပမယ့္ သူ႔မွာရွိတဲ့အေဆာင္ေၾကာင့္ အနားေတာင္ကပ္မရခဲ့ပါဘူး”

” က်ဳပ္ၾကားခဲ့တဲ့သတင္းအရ ဒီဘုရားငုတ္တိုကို ျပန္လည္ျပဳျပင္လို႔မရဘူးဆို…”

” ပဌာန္းဆက္အမွန္မေပၚေသးတာေၾကာင့္ ဒီေနရာမွာရွိတဲ့သူေတြက လက္မခံၾကေသးတာပါ”

” ေကာင္းတဲ့အလုပ္လုပ္တာကို ဘာလို႔ လက္မခံႏိုင္ၾကတာလဲ”

” ဒီေနရာရဲ႕ မူလအေစာင့္က ဖိုးသူေတာ္ႀကီးဝါယမပါ… သူလက္မခံတာေၾကာင့္ က်န္တဲ့သူေတြလဲ ဘာမွ၀င္စြက္ဖက္လို႔မရပါဘူး”

” အဲဒီ ဖိုးသူေတာ္ႀကီး က်ဳပ္အေရွ႕အေရာက္လာပါဦး”

ေအာင္ျမတ္သာစကားအဆုံးမွာ ေနာက္ေက်ာဘက္ကေန ေတာင္ေဝွးကိုတ‌စ္ေဒါက္ေဒါက္ေထာက္တဲ့အသံနဲ႔အတူ ဖိုးသူေတာ္တစ္ပါးထြက္လာခဲ့တယ္။

” ဖိုးသူေတာ္ႀကီးဝါယမဆိုတာလား”

” ဟုတ္ပါတယ္… က်ဳပ္ကိုဘာေၾကာင့္ေခၚရတာလဲ”

” ဒီေစတီပ်က္ေတြကို ျပဳျပင္မယ့္သူရွိလ်က္နဲ႔ ဘာေၾကာင့္ မျပဳျပင္ျဖစ္ေအာင္ဟန႔္တားေနရတာလဲ”

” ဒီဘုရားငုတ္တိုကိုတည္မယ့္ ပဌာန္းဆက္မလာေသးတာေၾကာင့္ပါဆရာ”

” သူမတည္ရင္ ဒီေစတီက အခုလိုအပ်က္စီးတိုင္းပဲရွိေနရေတာ့မွာလား”

” သူကိုယ္တိုင္ ထီးေတာ္တင္မွ ဘုရားငုတ္တိုပတ္၀န္းက်င္မွာရွိတဲ့ မကြၽတ္မလြတ္သူေတြ အမွ်တန္းရၾကမွာပါ… ဒါေၾကာင့္ အျခားသူေတြ မျပဳျပင္ႏိုင္ေအာင္ လုပ္ခဲ့ရျခင္းျဖစ္ပါတယ္ဆရာ”

” အခု အဲဒီသူက ဘယ္ဘ၀ေရာက္ေနၿပီလဲ”

” လူ႔ဘ၀ကိုျပန္ေရာက္ေနတယ္လို႔ပဲသိထားပါတယ္… က်န္တာက်ဳပ္တို႔မသိရပါဘူး”

” အေတာ္ကိုခက္ခဲမယ့္ရွာေဖြမႈပဲ… ဒါနဲ႔သူက ဒီဘုရားငုတ္တိုနဲ႔ ဘယ္လိုပတ္သတ္ခဲ့ဖူးတာလဲ”

” သူက အတိတ္ဘ၀တုန္းက ဘုရားငုတ္တိုလို႔ေခၚတဲ့ ေလာကမာန္ေအာင္ေစတီရဲ႕ ဥပဇၨ်ာယ္ဆရာေတာ္တစ္ပါးျဖစ္ခဲ့သလို တပည့္ေတြအေပၚမွာလဲ အလြန္သံေယာဇဥ္ႀကီးတဲ့ ဆရာေတာ္တစ္ပါးျဖစ္ခဲ့တယ္။ ငလ်င္ဒဏ္ေၾကာင့္ ေစတီၿပိဳက်တဲ့အခ်ိန္ ဆရာေတာ္အပါအ၀င္ ရဟန္းေတာ္အေတာ္မ်ားမ်ား ဒီပရ၀ဏ္မွာေသဆုံးခဲ့ၾကရတယ္။ အဲဒီထဲကမွ ဆရာေတာ္က ကြၽတ္လြတ္ၿပီး အျခားဘ၀ကိုေရာက္ေနေပမယ့္ သူ႔တပည့္ေတြကေတာ့ ဒီေနရာမွာ သူတို႔ဆရာေတာ္ကိုေစာင့္ေနၾကပါတယ္”

ဖိုးသူေတာ္ႀကီးက စကားေျပာေနရင္း ဘုရားငုတ္တိုေပၚကို လက္ညိဳးထိုးျပလိုက္ရာ စုတ္ၿပဲေနတဲ့ သကၤန္းေတြကိုၿခဳံထားတဲ့ ရဟန္းေတာ္ေတြရဲ႕ ပုံရိပ္ကိုျမင္ေတြ႕လိုက္ရတယ္။

” ဘုရားငုတ္တိုကို သူကိုယ္တိုင္ ျပဳျပင္မြမ္းမံၿပီး ထီးေတာ္တင္တဲ့ေန႔ကို က်ဳပ္တို႔အားလုံးေစာင့္ေမွ်ာ္ေနေၾကာင္းေျပာေပးပါ”

” ေကာင္းပါၿပီ… က်ဳပ္အေကာင္းဆုံးႀကိဳးစားရွာေဖြေပးပါ့မယ္…”

” ဒါဆိုရင္ က်ဳပ္တို႔ကို ခြင့္ျပဳေပးပါ”

ေအာင္ျမတ္သာ ျပန္ခြင့္ျပဳလိုက္တာနဲ႔ ဖိုးသူေတာ္ေရာ ျမပန္းႏြယ္ပါ မ်က္စိေရွ႕ကေနေပ်ာက္ကြယ္သြားခဲ့ၿပီး ဘုရားငုတ္တိုတစ္ဝိုက္မွာေတာ့ အလြန္ေမႊးပ်ံ႕တဲ့ရနံ႔ေတြသာက်န္ရစ္ခဲ့ပါေတာ့တယ္။

ေအာင္ျမတ္သာလဲ သူေပးထားတဲ့ကတိအတိုင္း ဘုရားငုတ္တိုကိုျပဳျပင္မြမ္းမံမယ့္ ပဌာန္းဆက္ကို ဘယ္လိုရွာေဖြမလဲဆိုတာကိုေတာ့

” ေအာင္ျမတ္သာႏွင့္ ပဌာန္းဆက္ရွာပုံေတာ္”ဆိုတဲ့၀တၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)