” အောင်မြတ်သာနှင့်ဘီလူးလက်ပြတ် “(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်ဘီလူးလက်ပြတ် “(စ/ဆုံး)
—————————————————————

“ ကျွီ ကျွီ ကျွီ”

အိမ်ရှေ့မြေကွက်လပ်ကနေ ထွက်ပေါ်လာတဲ့ ရေဘော်ထိုးသံကြောင့် နေ့လည်ခင်းတစ်ရေးတစ်မောအိပ်ဖို့လုပ်နေတဲ့ ဒေါ်မမကြီး ‌မျက်နှာကိုရှံ့မဲ့ကာ အိမ်အောက်ကို ဆင်းလာခဲ့လိုက်တယ်။

“ ဦးမောင်လေး… ရေဘော်ထိုးတာ ဘယ်လောက်ကြာဦးမှာလဲ”

“ ခဏနေဆိုပြီးပါပြီ… ဘာဖြစ်လို့လဲ အစ်မ”

“ ဘာမှမဟုတ်ပါဘူး… ဒီတိုင်းမေးလိုက်တာ”

မျက်နှာထိမျက်နှာထားနဲ့ပြောပြီး ပြန်တက်သွားတဲ့ အိမ်ရှင်မိန်းမကြောင့် လက်သမားဆရာတွေအချင်းချင်းကြည့်လိုက်ပြီး

“ ဒီမိန်းမမျက်နှာက တစ်လောကလုံး သူ့လုပ်စာ စားထားသလိုပဲနော်”

“ ဟေ့ကောင် သူများအကြောင်းမပြောနဲ့ ကိုယ့်အလုပ်သာကိုယ်လုပ်စမ်းပါ”

ဦးမောင်လေးစကားကြောင့် ဝိုင်းကူလုပ်ပေးနေကြတဲ့သူတွေ ငြိမ်သွားပြီး ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေခဲ့ကြတယ်။

“ အစ်မ .. ခုနက ဦးမောင်လေးကို ဘာသွားမေးနေတာလဲ”

“ ရေဘော်ထိုးတာ ဘယ်အချိန်ပြီးမလဲလို့ မေးတာလေ”

“ အစ်မရယ် သူတို့အလုပ်သူတို့လုပ်နေတာ အဲလိုလိုက်မမေးနေပါနဲ့”

“ အငယ်မ နင်က ဘာသိလို့လဲ… လက်သမားတွေက သူတို့လုပ်ခပိုရအောင် အချိန်ဆွဲပြီးလုပ်တတ်ကြတယ်၊ ဒီလိုမဖြစ်အောင် ငါကလိုက်ပြောနေတာဟဲ့”လို့ပြောပြီး အိမ်ပေါ်ကို ခြေသံပြင်းပြင်းနဲ့ တက်သွားခဲ့လိုက်တယ်။
++++

“ အစ်မ အစ်မ”

“ ဟေ ဘယ်သူတုန်း”

“ ကျွန်တော် လက်သမားအဖွဲ့ကပါ”

“ ဘာကိစ္စရှိလို့လဲ”

“ ရေလေးတစ်ခွက်လောက်သောက်ချင်လို့ ခွင့်တောင်းတာပါ”

“ နင်တို့ကလဲ အလုပ်လုပ်တာ ရေဘူးမယူလာဘူးလား…”

ဒေါ်မမကြီးက ‌အပြစ်တင်တဲ့လေသံနဲ့ပြောပြီး သောက်ရေအိုးထဲကရေတစ်ခွက်ခပ်ကာ ကမ်းပေးလိုက်တယ်။

“ ကျေးဇူးတင်ပါတယ်အစ်မ”

“ အင်း အင်း… ဒါနဲ့ နင်တို့အိမ်ပြင်တာ ဘယ်ရက်လောက်ပြီးမှာလဲ”

“ အတိအကျတော့မသိသေးဘူးအစ်မ… ဆရာက တစ်ပတ်ဆယ်ရက်လောက်ကြာဦးမယ်လို့ပြောသံတော့ကြားတယ်”

“ နင်တို့ပြောတော့ လဆန်း၁၃ရက်နေ့ အမှီပြီးမယ်ဆို အခုပဲ ၁၀ရက်ရောက်နေပြီ.. အလုပ်ကိုဘယ်လိုလုပ်နေကြလဲမသိဘူး၊ ဒါကြောင့် နင်တို့တွေ ဒီဘဝကနေမတိုးတက်တာ”

မမကြီးစကားကြောင့် ရေလာသောက်တဲ့ ကောင်လေးမျက်နှာပျက်သွားပြီး လှည့်ထွက်ဖို့အလုပ်

“ လဆန်း၁၃ရက်နေ့ အပြီးလို့ပြောခဲ့တယ်ဆိုပေမယ့် ကြားထဲမှာ မှာထားတဲ့သစ်တွေမရောက်ခဲ့တာမို့ အခုလိုကြာသွားတာပါ…” ဆိုတဲ့အသံနဲ့အတူ လက်သမားဆရာဦးမောင်ငယ် အနားကိုရောက်လာခဲ့တယ်။

“ ဦးမောင်‌လေးတို့က ပြောလိုက်ရင် ဒီအတိုင်းကြီးပဲ.. ဆင်ခြင်ဆင်လက်ကအပြည့်”

“ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစား‌ပေးပါမယ်… ဒါပေမယ့် အစ်မညီမက လှေကားကိုပါအသစ်ပြန်ပြင်ချင်တယ်ဆိုလို့ တစ်ပတ်ဆယ်ရက်ကြာမယ်လို့ပြောလိုက်တာ”

“ လှေကားကနောက်မှလုပ်မယ်… အိမ်ကိုပဲအရင်ပြီးအောင်လုပ်ပေး”

“ ဒါဆိုလဲ ကျုပ်တို့အိမ်ကိုအရင်ပြီးအောင်လုပ်ပေးပါ့မယ်”

ဦးမောင်လေးက အောက်လေနဲ့ပြောပြီး အလုပ်လုပ်နေတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်။

“ စံသိန်း… လှေကားအတွက် လုပ်နေတာတွေ ရပ်လိုက်တော့… ကျန်တဲ့သူတွေလဲ အိမ်ပြီးဖို့ပဲ ဦးစားပေးပြီးလုပ်ကြ”

“ အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ဘယ်လို မိန်းမလဲမသိဘူး… ဒါကြောင့် လင်မရတာ”

အဖွဲ့ထဲက အလုပ်သမားတစ်ယောက်ရဲ့စကားကြောင့် ကျန်တဲ့သူတွေအကုန် ပြုံးစိစိဖြစ်ကုန်ကြတယ်။
+++++

လဆန်း(၁၃)ရက်နေ့

“ ဆွေးနေတဲ့ယက်မတွေ တိုင်တွေအကုန်လဲပြီးပါပြီ. အိမ်နောက်ကရေကပြင်ကိုလဲ အသစ်ရိုက်ထားပေးပါတယ် အစ်မ”

“ တော်သေးတာပေါ့ လပြည့်နေ့အမှီပြီးသွားပေလို့၊ ဒါနဲ့ လက်ခက ဘယ်လောက်ပေးရမလဲ”

“ အရင်ကပြောထားတာက အပြီးစီး နှစ်သောင်းဆိုပေမယ့် ရေကပြင်အသစ်ရိုက်ပေးထားရလို့ သုံးထောင်လောက်ပိုပေးလေအစ်မ”

“ နည်းနည်းလျော့ပေးလေ… ရေကပြင်ရိုက်ခက သုံးထောင်ဆိုတော့ များတာပေါ့”

“ မများပါဘူး‌ဗျာ… သူများတွေဆိုရင် ခြောက်ထောင်လောက်ယူတာ”

“ ကဲ… နှစ်သောင်းနှစ်ထောင်ယူလိုက်”

“ တကယ်မရလို့ပါအစ်မ… တစ်ထောင်လောက်ကို ဈေးမဆစ်ပါနဲ့ဗျာ၊ ကျွန်တော်တို့လဲ သေချာလေးလုပ်ထားပေးပါတယ်”

“ နှစ်သောင်းနှစ်ထောင်ထားလိုက်ပါ.. နောက်လဲ လှေကားလုပ်ဖို့ရှိနေတာပဲ”

ဦးမောင်လေးလဲ ငွေတစ်ထောင်ကို မရမကဆစ်နေတာကြောင့် စိတ်ထဲထောင်းခနဲဖြစ်သွားပြီး

“ ကျွန်တော်တို့က စေတနာပါပါနဲ့ ဈေးသက်သက်သာသာယူထားပေးတာတောင် မရမကလိုက်ဆစ်နေတာပဲ… ကဲ ထားပါ နှစ်သောင်းနှစ်ထောင်ပဲပေးလိုက်”

ဒေါ်မမကြီးလဲ ပိုက်ဆံအိတ်ထဲက ငွေအချို့ကိုထုတ်ပြီးကမ်းပေးလိုက်တဲ့အချိန်

“ ကျွန်တော် ပြင်ထားတဲ့ နေရာတွေပြန်စစ်ကြည့်လိုက်ဦးမယ်…နောက်နေ့မှ တစ်ခုခုလိုရင် ဒီအထိပြန်လာရမှာစိုးလို့ပါ”

“ ဒါဆိုလဲ သေချာလေးစစ်ပေးဦး”

ဒေါ်မမကြီးစကားကြောင့် ဦးမောင်လေးက လက်သမားအိတ်ကိုလွယ်ကာ ပြုပြင်ထားတဲ့နေရာတွေဘက်ကို ထွက်သွားခဲ့လိုက်တယ်။

ခဏနေတော့ ဦးမောင်လေး ပြန်ရောက်လာပြီး

“ အကုန်လုံးအဆင်ပြေတယ်အစ်မ… အိမ်ကတော့ အတော်ခိုင်ခန့်သွားတာပဲ”

“ အခုလို လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်”

“ ရပါတယ်… ဒါကကျွန်တော်တို့အလုပ်ပဲလေ၊ အခုတော့ခွင့်ပြုပါဦး”

ဦးမောင်လေးတို့အဖွဲ့လဲ ဒေါ်မမကြီးကို နှုတ်ဆက်ပြီး မိမိတို့ဇာတိဖြစ်တဲ့ ကျွန်းလှရွာဆီကိုပြန်လာခဲ့လိုက်တယ်။
++++++

လပြည့်နေ့ညသန်းခေါင်ယံအချိန်

ဘုရားရှိခိုးပြီးပေမယ့် အိပ်မပျော်သေးတဲ့အတွက် မမလေးတစ်ယောက် တောင်တွေးမြောက်တွေး စဉ်းစားနေတဲ့အချိန်

“ ဒုန်း….”

အိမ်အောက်ကနေ ထွက်လာတဲ့အသံကြောင့် မမကြီးနဲ့မမလေးတို့ ငုတ်တုတ်ထထိုင်လိုက်ကြတယ်။

“ အငယ်မ အိမ်အောက်မှာ ဘာသံကြီးလဲမသိဘူး”

“ တစ်ခုခုပြုတ်ကျတဲ့အသံပဲ ကြောင်တွေသောင်းကျန်းပြန်ပီလားမသိဘူး”

ညီအစ်မနှစ်ယောက် ခြင်ထောင်ထဲကနေထွက်ပြီး ဓါတ်မီးကိုယူကာ အိမ်အောက်ကိုထိုးကြည့်လိုက်တော့ ဘာမှမတွေ့။

“ ဘာပစ္စည်းမှလဲ ပြုတ်ကျတာမတွေ့ပါဘူး”

“ ဒါပေမယ့် အသံက အိမ်အောက်ထပ်ကနေ ထွက်လာတာတော့သေချာတယ်လေ”

နှစ်ယောက်သား လှေကားရင်းကနေ ဆင်းလာပြီး မီးအိမ်ကိုမီးညှိလိုက်တယ်။

“ ဘာမှလဲမရှိပါဘူး… အခြားအိမ်က လာတဲ့အသံများလား”

မမကြီးက ဇဝေဇဝါအတွေးနဲ့ပြောလိုက်တဲ့အချိန် အိမ်ခန်းဝမှာချိတ်ထားတဲ့ လိုက်ကာစက ဖျတ်ခနဲ လှုပ်ရှားသွားတာမြင်လိုက်ရတယ်။

“ အငယ်မ… လိုက်ကာအနောက်ကိုကြည့်စမ်း”

“ လိုက် လိုက်ကာအနောက်မှာ လူတစ်ယောက် မတ်တပ်ရပ်နေသလိုပဲ…”

“ မဖြစ်နိုင်ပါဘူး…လူရပ်နေတယ်ဆိုရင် အောက်မှာ ခြေထောက်ပေါ်နေမှာပေါ့”

‌ညီအစ်မနှစ်ယောက်လဲ လိုက်ကာအနားကို အသာလေးကပ်သွားပြီး ဆွဲဖယ်လိုက်ရာ အငယ်မစက်ချုပ်တဲ့အခါသုံးတဲ့ ဖော့အရုပ်ဖြစ်နေတာကိုမြင်လိုက်ရတယ်။

“ အမလေး လန့်လိုက်တာ အငယ်မရယ်… နင်က အရုပ်ကို လိုက်ကာအနောက်ထားစရာလား”

“ ညနေက အခန်းထဲထည့်မယ်ဆိုပြီး မေ့သွားတာ….”

“ သွား အခုထည့်လိုက်”

မမကြီးစကားကြောင့် အငယ်မလဲ ဖော့အရုပ်ကိုမကာ အခန်းထဲယူလာတဲ့အချိန် အလင်းရောင်မရှိတဲ့ အခန်းထောင့်မှာ မတ်တပ်ရပ်နေတဲ့လူရိပ်တစ်ခု။

“ အားးးးးးးးးးး”

“ အငယ်မ ဘာဖြစ်တာလဲ”

မမကြီးလဲ အခန်းထဲပြေးဝင်လာပြီး ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ ဘာမှမတွေ့။

“ အငယ်မ … ဘာလို့အော်တာလဲ”

“ ခုနက ခုနက အဲဒီထောင့်မှာ မတ်တပ်ရပ်နေတာ မြင်လိုက်တယ်… အရိပ်မဲမဲကြီး ရပ်နေတာ”

“ နင်စိတ်ထင်တာဖြစ်မှာပါဟယ်… အခုဘာရှိလို့လဲ”

“ တကယ်မြင်လိုက်တာ… မလိမ်ဘူး”

“ စိတ်အေးအေးထား… ဘာမှမရှိတော့ဘူး”

ညီအစ်မနှစ်ယောက် အခန်းထဲကနေပြန်ထွက်လာပြီး အိမ်ပေါ်ထပ်ကို တက်သွားတဲ့အချိန် အောက်ထပ်အိမ်ခန်းဝကနေ ဆင်သားရည်လိုကြမ်းထော်နေတဲ့အသားရည်ရှိတဲ့လက်တစ်ဖက်ထွက်လာခဲ့တယ်။
++++++

“ ညက အော်တဲ့အသံကြားလိုက်တယ်… ဘာဖြစ်ကြတာလဲအစ်မ”

အထည်လာယူတဲ့ ‌ကောင်မလေးစကားကြောင့် စာအုပ်ဖတ်နေတဲ့ မမကြီးက

“ ဘာမှမဖြစ်ပါဘူး… လှေကားပေါ်က ချော်ကျမလိုဖြစ်လို့ အော်လိုက်တာ”

“ အော်.. ဟုတ်ကဲ့.. သမီးလဲ အဲဒီအချိန်မအိပ်သေးတော့ ဘာများဖြစ်လဲဆိုပြီး စိတ်ပူသွားတာ”

မမကြီးရဲ့ စကားကြောင့် မမလေးက စကားလမ်းကြောင်းလွှဲလိုက်ပြီး

“ ယုမေ… အင်္ကျီက နင်နဲ့ကွက်တိပဲ.. ထဘီကတော့ မနက်ဖြန်မှယူ… ဒီညအပြီးချုပ်ထားပေးမယ်”

“ ရပါတယ် မမလေးရဲ့… ယုမေက နောက်အပတ်မှ ဝတ်မှာ အားမှချုပ်ပေး”

“ ဟိုကလေးမ… ချုပ်ပြီးရင် ချုပ်ခတော့အပြည့်ပေးရမယ်နော်…”

“ ဟာ မမကြီးကလဲ သူများကို အားနာစရာ… ယုမေက ချုပ်ခအမြဲတမ်းပေးပါတယ်”

“ အေးပါ… အေးပါ… ပေးရင်လဲပြီးရော”

မမကြီးစကားကြောင့် ယုမေ မျက်နှာပျက်သွားပေမယ့် ဟန်မပျက်ထိန်းလိုက်ပြီး

“ ဒါဆို ယုမေ ပြန်လိုက်ဦးမယ်နော် မမလေး… ထဘီရမှပဲ လာယူတော့မယ်” လို့ပြောကာ ပြန်ထွက်သွားခဲ့တယ်။

“ မမကြီးပြောလိုက်တာ ယုမေကို အားနာစရာကြီး”

“ ဘာကို အားနာရမှာလဲ ငါကအမှန်တိုင်းပြောတာကို. နင်က အားနာတတ်လို့ ဟိုလျော့ ဒီလျော့လုပ်နေကြတာ ငါမသိဘူးထင်နေလား”

“ မမကြီး ပြောပုံနဲ့ ဘယ်သူမှအထည်လာအပ်မှာမဟုတ်ဘူး”

“ ငါက နင့်ဘက်ကလိုက်ပြောပေးတာကို နင်က အပြစ်မြင်တယ်ပေါ့… နောက်နေ့ကစပြီး ငါဘာမှဝင်မပြောဘူး”

မမကြီးက စာအုပ်ကို ဘုန်းခနဲပစ်ချပြီး အိမ်ခန်းထဲကိုဝင်သွားခဲ့လိုက်တယ်။

“ လူတိုင်းကိုလိုက်သနားနေတဲ့ကောင်မ… နောက်မှ ဟိုလူဆီက ချုပ်ခမရလို့ ဒီလူဆီက ချုပ်မရလို့နဲ့ နားလာငြီးဦးမယ်”

မမကြီးလဲ ပွစိပွစိရေရွတ်ရင်း ခေါင်းအုံးကိုယူကာ လှဲချလိုက်တယ်။ မနက်ကအစောကြီးထထားတာမို့ အချိန်ခဏလေးအတွင်း မှေးခနဲဖြစ်သွားတဲ့အချိန် ကျောအနောက်ဘက်ကနေ တစ်ယောက်ယောက် ကြည့်နေတဲ့ ခံစားချက်တစ်ခုဝင်လာခဲ့တယ်။

အိပ်ချင်နေတဲ့စိတ်ကို ပယ်လိုက်ပြီး ဖျတ်ခနဲလှည့်ကြည့်လိုက်ပေမယ့် ဘယ်သူမှမရှိ။

“ ငါ ဒီရက်ပိုင်း ဘာတွေဖြစ်နေပါလိမ့်”

မမကြီးလဲ တစ်ယောက်ထဲရေရွတ်ပြီး ပြန်အိပ်လိုက်တဲ့အချိန် အခန်းထဲကို တစ်ယောက်ယောက်ဝင်လာတဲ့ခြေသံကိုကြားလိုက်ရတယ်။ ဒါပေမယ့် အငယ်မဝင်လာတယ်ထင်ပြီး မျက်လုံးမဖွင့်ကြည့်ပဲနေတဲ့အချိန် ခြေသံက ခေါင်းရင်းမှာရပ်သွားတာကို သတိထားမိလိုက်တယ်။

“ အငယ်မက ငါ့ခေါင်းရင်းမှာတစ်ခါမှမနေပါဘူး…” လို့တွေးမိပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ မီးကျီခဲလို နီရဲနေတဲ့ မျက်လုံးနှစ်လုံးက အပေါ်ကနေ စိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။

မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သွေးပျက်မတတ်ဖြစ်ပြီး အသံကုန်အော်လိုက်ပေမယ့် အသံကမထွက်လာပဲ လည်ချောင်းဝမှာတင်ပျောက်သွားခဲ့တယ်။ အဲဒီအချိန် ဆောင့်ကြောင့်‌ထိုင်ကာ သူ့ကိုငုံ့ကြည့်နေတဲ့အကောင်က ပါးစပ်ကို နားရွက်ထိရောက်အောင် ရယ်လိုက်ရာ ချွန်မြပြီးရှည်လျားတဲ့အစွယ်တွေ ပြူးထွက်လာခဲ့တယ်။

“ အဟီး အဟီး .. အဟက်”

ငှက်ဆိုးထိုးသံလို ကျက်သရေမရှိတဲ့ရယ်သံအဆုံးမှာ ကြမ်းတမ်းတဲ့လက်တစ်ဖက်က သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်တာ ခံစားလိုက်ရတယ်။

“ အစ် အစ် အစ်… ကယ် ကယ် ကြ ပါဦး”

ညှစ်ထားတဲ့လက်တစ်ဖက်က ပြုတ်တူတစ်ချောင်းလို မြဲမြံနေတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်ပြီး အသက်ရှုဖို့ ရုန်းကန်နေတဲ့အချိန်

“ မမကြီး… မမကြီး… ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ” ဆိုတဲ့အငယ်မရဲ့အသံကို ကြားလိုက်တော့မှ လူကသတိပြန်ရလာခဲ့တယ်။

“ ငါ့ ငါ့ကို လည်ပင်းလာညစ်တယ်…”

“ ဘယ်သူက လည်ပင်းလာညှစ်လို့လဲ… မမကြီး အိမ်မက်မက်နေတာဖြစ်မှာပါ”

“ မဟုတ်ဘူး… ငါအိပ်နေတာကို လည်ပင်းလာညှစ်တာ… နင်သာမလာရင် ငါသေနေပြီ”

“ ကျွန်မရောက်လာတော့ မမကြီး ကိုယ့်လည်ပင်းကိုယ်ကိုင်ပြီး ရုန်းနေတာ၊ အဲဒါကြောင့် လှုပ်နှိုးလိုက်တာလေ၊ အနားမှာ ဘယ်သူမှမရှိပါဘူး”

“ ဟုတ်လား… ဘယ်သူမှ နင်မမြင်ဘူးလား”

“ မမြင်ဘူးလေ… မမကြီးက ဘာမြင်လို့လဲ”

“ မျက်လုံးပြူးပြူး အစွယ်တွေနဲ့ … သူက ငါ့ကို ‌ဟောဒီလို…”

မမကြီးက သူ့လည်ပင်းကိုကိုင်ပြီး အဝတ်ဗီဒိုကမှန်ကိုကြည့်လိုက်ရာ အနောက်မှာ လျာတန်းလန်းကျပြီး ငုတ်တုတ်ထိုင်နေတဲ့ကောင်ကိုမြင်လိုက်ရတယ်။

“ အမေရေ… သရဲ သရဲ မှန်ထဲမှာ မှန်ထဲမှာ..”

“ ဘယ်မှာလဲ မှန်ထဲမှာ ဘာမှမရှိပါဘူး”

“ နင်မမြင်ဘူးလား… ငါ့အနောက်မှာ ငါ့အနောက်မှာ ထိုင်နေတာ”

မမကြီးရဲ့အသံက ချက်ချင်းနစ်ဝင်သွားပြီး အငယ်မလက်ပေါ်မှာတင် သတိလစ်မေ့မျောသွားခဲ့တယ်။

“ လာကြပါဦး လာကြပါဦး… မမကြီး သတိလစ်သွားလို့”

အငယ်မရဲ့အော်သံကြောင့် အိမ်နီးနားချင်းတွေ ရောက်လာပြီး ဝိုင်းဝန်းပြုစုကြတော့မှ သတိပြန်လည်လာခဲ့တယ်။

“ ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာလဲ ငါ့တူမတို့ရယ်”

“ ဦးလေး ဒီအိမ်မှာ ဒီအိမ်မှာ သရဲရှိနေပြီ… မျက်လုံးပြူးပြူးအစွယ်တွေနဲ့ အရမ်းကြောက်ဖို့ကောင်းတာပဲ”

“ ငါ့တူမ စိတ်ထင်တာဖြစ်မှာပါကွယ်…”

အိမ်နီးချင်းလဲဖြစ် ငယ်စဉ်ထဲက ထိန်းကျောင်းလာခဲ့သူလဲဖြစ်တဲ့ ဦးဝင်းကျော်ရဲ့စကားကြောင့် မမကြီးမျက်စောင်းထိုးလိုက်ပြီး

“ ဒီအဖိုးကြီး ငါက မြင်လို့မြင်တယ်ပြောတာ… ဘာမှမသိပဲ လိုက်ပြောမနေနဲ့”

“ မမကြီး ဦးလေးကို ဘယ်လိုပြောလိုက်တာလဲ”

“ ဘယ်လိုပြောပြောအေ… ငါ ငါ ဒီအိမ်မှာ မနေရဲတော့ဘူး ငါတို့ အခြားနေရာပြောင်းနေကြကအောင်နော်”

မမကြီးပုံစံက ရယ်လိုက်ငိုလိုက်နဲ့ မူမမှန်ဖြစ်နေတာကြောင့် ဦးလေးဝင်းကျော်က အငယ်မကိုအပြင်ခေါ်ထုတ်ပြီး

“ မကြီးအခြေအနေက မူမမှန်ဘူးသမီး… ဦးလေးအမြင်ပြောရရင် သမီးတို့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြသင့်တယ်လို့ထင်တယ်”

“ မနက်ဖြန် အဖေဘက်ကအမျိုးတွေရှိတဲ့ မြို့ကိုသွားပြီး‌ ဆေးခန်းပြဖို့ စီစဉ်လိုက်ပါမယ်.. ဒီညတော့ ဦးလေးတို့မိသားစု အိမ်မှာ လာနေပေးပါလား၊ မမကြီး စိတ်က ပုံမှန်မဟုတ်တော့ သမီးလဲ မနေရဲဘူး”

“ ဦးလေးရော နင့်အဒေါ်ရော လာနေပေးပါ့မယ်… သမီးတို့ သွားဖို့သာပြင်ဆင်ကြ”

အငယ်မလဲ ဦးလေးဝင်းကျော်တို့ မိသားစုလာနေပေးမယ်ဆိုတာကြောင့် အားတက်သွားပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။
++++

ညဦးပိုင်းရောက်တော့ ဦးလေးဝင်းကျော်ရဲ့မိန်းမ မ‌စောက အပေါ့ပါးသွားချင်တာကြောင့် အိမ်နောက်ဘေးကိုသွားဖို့ မီးဖိုချောင်းထဲကနေ ဖြတ်လာတဲ့အချိန်

“ ဘုတ် ဘုတ် ဘုတ်”

ထမင်းစားစားပွဲကို လက်နဲ့ပုတ်တဲ့အသံကြောင့် ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ ညိုညစ်ညစ်ပွယောင်းယောင်းလက်တစ်ဖက်ထဲ လှုပ်ရှားနေတာမြင်လိုက်ရတယ်။

ရုတ်တရက်မို့ မစောလဲ ကြက်သေသေပြီး တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းတွေထလာကာ အော်ဖို့တောင် မေ့တဲ့ထိကို ကြောက်လန့်သွားခဲ့တယ်။

ထမင်းစားပွဲကိုရိုက်နေတဲ့လက်တစ်ဖက်က လေပေါ်မှာရွေ့လျားပြီး ပန်းကန်စင်ပေါ်မှာတင်ထားတဲ့ ဒန်အိုးတစ်လုံးကိုဆွဲယူကာ မစောရှိတဲ့ဘက်ကို ပစ်ထည့်လိုက်ချိန်မှာတော့

“ အမလေး… ကိုဝင်းကျော်ရေ သရဲ သရဲ” လို့အော်ကာ အိမ်ရှေ့ကိုပြေးထွက်လာခဲ့တယ်။

တစ်အိမ်လုံးလဲ မစောအော်သံကြောင့် ကြောက်လန့်သွားပြီး အသံကြားတဲ့ဘက်ကို ကြည့်လိုက်ရာ ဒန်အိုးဒန်ခွက်တွေ လေပေါ်မှာဝဲပျံနေတာကိုမြင်လိုက်ရတယ်။

“ အားလုံး အိမ်ပြင်ထွက်ကြတော့… အိမ်ထဲမှာနေရင် အကုန်သေကုန်လိမ့်မယ်”

ဦးဝင်းကျော်က မမကြီးနဲ့ မမလေး မောင်နှစ်မနှစ်ယောက်ကို အိမ်ပြင်ထွက်ခိုင်းပြီး သူကိုယ်တိုင်ကလဲ အကြောက်လွန်ကာ တုန်ရီနေတဲ့ မိန်းမဖြစ်သူကို တွဲကာထွက်လာခဲ့လိုက်တယ်။

အခြားအိမ်နီးနားချင်းတွေရောက်လာတဲ့ချိန်မှာတော့ အိမ်ထဲမှာ ပစ္စည်းတွေပစ်ချသံ၊ တောက်ခတ်ကြိမ်းဝါးသံတွေအပြင် အိမ်ပေါ်ထပ်မှာ လှုပ်ရှားနေတဲ့ အရိပ်အယောင်တွေကို မြင်လိုက်ကြရတယ်။

“ ဒီလိုမျိုး ခြောက်လှန့်တာ တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးဖူးဗျာ”

“ ဟုတ်ပါ့တော်… ကြည့်နေရင်း ကြက်သီးတွေပါထလာတယ်”

ရပ်ကြည့်နေတဲ့သူတွေဆီကနေ စကားသံတွေ တီးတိုးထွက်ပေါ်လာခဲ့တယ်။ ဒီလိုနဲ့ သန်းခေါင်းယံအချိန်ရောက်တဲ့ထိ သောင်းကျန်းပြီးချိန်မှာတော့ အိမ်က နဂိုအတိုင်း ပြန်လည်ငြိမ်သက်သွားခဲ့တယ်။

ဒီဖြစ်ရပ်ကြောင့် မမကြီးတို့ညီအစ်မနှစ်ယောက်လဲ မနက်မိုးလင်းတာနဲ့ ယူသင့်တဲ့ပစ္စည်းတွေယူကာ အိမ်ကိုသော့ပိတ်ပြီးအမျိုးတွေရှိတဲ့မြို့ကိုပြောင်းရွှေ့သွားခဲ့ကြတယ်။
++++++++

ဒီကိစ္စတွေဖြစ်ပြီး နှစ်လခန့်အကြာမှာတော့ ဦးဝင်းကျော်နေတဲ့အိမ်ကို သားသားနားနားဝတ်စားထားတဲ့ လူတစ်ယောက် ရောက်လာခဲ့တယ်။

“ ဒါက ဦးဝင်းကျော် အိမ်လားဗျ”

“ ဟုတ်ပါတယ်… ကျွန်တော်က ဝင်းကျော်ပါ”

“ မမလေးတို့ အိမ်သော့က ဦးဝင်းကျော်ဆီအပ်ထားတယ်ဆို”

“ အိမ်သော့အပ်ထားတာတော့ဟုတ်ပါတယ်၊ ဘာကိစ္စရှိလို့လဲဗျ”

ဦးဝင်းကျော်စကားကြောင့် လူစိမ်းက သားရေလွယ်အိတ်ထဲကနေ စာချုပ်တစ်စောင်ထုတ်ပြပြီး

“ ကျွန်တော်က ဒီအိမ်ကိုဝယ်လိုက်တဲ့သူပါ… ဒါက အရောင်းအဝယ်စာချုပ်”

“ ဟေ… မောင်ရင်က ဒီအိမ်ကိုဝယ်လိုက်တာ ဟုတ်လား… ဟိုလေ…”

“ အိမ်မှာအခြောက်အလှန့်ရှိတဲ့အကြောင်း ပြောမလို့လား”

“ မောင်ရင်က သိနေတာလား”

“ အရင်အိမ်ပိုင်ရှင်တွေက ဖြစ်ကြောင်းကုန်စင်ပြောပြထားပြီးပါပြီ၊ ကျွန်တော်က သရဲတစ္ဆေတွေကို မကြောက်တတ်တာမို့ဝယ်လိုက်တာ၊ နောက်ပြီး အိမ်ကဈေးအရမ်းတန်နေတယ်လေ”

ထီမထင်တဲ့မျက်နှာထားနဲ့ပြောနေတဲ့ လူရွယ်ကိုကြည့်ပြီး ဦးဝင်းကျော် ဘာမှဆက်မပြောတော့ပဲ အိမ်ပေါ်မှာသိမ်းထားတဲ့ သော့တွဲကိုယူကာ ကမ်းပေးလိုက်တယ်။

“ ကျေးဇူးတင်ပါတယ် ဦးလေး… ကျွန်တော်ကို ခွင့်ပြုပါဦး”

လူရွယ်က နှုတ်ဆက်ပြီး သော့ကိုယူကာ ပြန်ထွက်သွားခဲ့တယ်။
+++++

နောက်တစ်နေ့ မနက်ရောက်တော့ ဦးဝင်းကျော်လဲ မမကြီးတို့အိမ်မှာ ဆူညံဆူညံအသံတွေကြားလို့ အောက်ဆင်းပြီး ကြည့်လိုက်ရာ တစ်အိမ်လုံးမှာရှိတဲ့ ပစ္စည်းပစ္စယတွေကိုကားတစ်စီးပေါ်တင်နေတာကို
မြင်လိုက်ရတယ်။

ပတ်ဝန်းကျင်ကလူတွေကလဲ ဒီအိမ်ကိုဝယ်ရဲတဲ့ ပိုင်ရှင်ကိုစိတ်ဝင်စားတာကြောင့် မသိမသာချောင်းကြည့်နေခဲ့ကြတယ်။

“ ဦးလေး… မနက်စာစားပြီးပြီလား”

တစ်ဖက်အိမ်ကနေ လှမ်းနှုတ်ဆက်လိုက်တဲ့အသံကြောင့် ဦးဝင်းကျော် အလိုက်သင့်ပြုံးပြရင်း

“ စားပြီးပြီ ငါ့တူရ… ဦးလေးတို့ ဘာကူညီပေးရမလဲ”

“ ရပါတယ်ဗျ… အရင်အိမ်ရှင်တွေက သူတို့ပစ္စည်းတွေပြန်ပို့ပေးပါဆိုလို့ ကားပေါ်တင်ပေးနေတာ”

“ အော်… ဒါနဲ့ မောင်ရင်က ဘယ်ဇာတိလဲ.. ဒီအနီးနားမှာအရင်ကမမြင်ဖူးလို့”

“ ကျွန်တော်က ဒီကိုရောက်တာ တစ်နှစ်လောက်ပဲရှိဦးမယ်၊ ဇာတိကတော့ ပဲခူးဘက်ကပါ၊ နာမည်က ရှိန်းဝဏ္ဏလို့ခေါ်ပါတယ်”

“ ဒါနဲ့ မောင်ရင်က တစ်ယောက်ထဲနေမှာလား”

“ တစ်ရက်နှစ်ရက်တော့ တစ်ယောက်ထဲပဲနေရဦးမယ်၊ အလုပ်သမားတွေက နောက်သုံးလေးရက်မှ လာနေကြမှာ”

“ အေးအေး… တစ်ယောက်ထဲဆိုတော့ နေလို့အဆင်ပြေပါ့မလား”

“ အဆင်ပြေပါတယ်… ကျွန်တော်က တစ်ယောက်ထဲနေရတာပိုကြိုက်တယ်လေ”

သွက်သွက်လက်လက်ရှိပြီး အကြောက်အလန့်ကင်းတဲ့လူရွယ်ရဲ့စကားကြောင့် ဦးဝင်းကျော် ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး နှုတ်ဆက်ကာ အိမ်ထဲပြန်ဝင်သွားခဲ့တယ်။
++++++

အလုပ်သမားတွေပြန်သွားတဲ့အချိန်မှာတော့ ရှိုင်းဝဏ္ဏတစ်ယောက် မီးမွှေးလိုက်ပြီး ညစာအတွက်ပြင်ဆင်ခဲ့လိုက်တယ်။ ညစာ စားပြီးချိန်မှာတော့ ကော်ဖီတစ်ခွက်ဖျော်ပြီး အိမ်ရှေ့ဝရန်တာမှာ ထိုင်နေတဲ့အချိန် လှေကားပေါ်ကို တက်လာတဲ့ခြေသံတစ်ခုကြားလိုက်ရတယ်။

ငယ်ငယ်လေးထဲက အကြောက်အလန့်မရှိတဲ့ ရှိုင်းဝဏ္ဏက ဖယောင်းတိုင်မီးအလင်းရောင်နဲ့ လှေကားကိုလှမ်းကြည့်လိုက်ရာ ဘယ်သူကိုမှမတွေ့တာကြောင့်

“ ခြေသံပေးတာတို့ အရိပ်ပြတာတို့ လုပ်လဲ ငါက ကြောက်မှာမဟုတ်ဘူး… နင်တို့ရှိတယ်ဆိုရင် ကိုယ့်နေရာကိုယ်နေ ငါ့ကိုလာမနှောက်ယှက်နဲ့” လို့ပြောပြီး ကော်ဖီသောက်နေလိုက်တယ်။

“ ဒုန်း ဒုန်း ဒုန်း…”

“ ဘာအသံတုန်းဟ”

အိမ်အောက်ထပ်ကနေ ထွက်လာတဲ့အသံကြောင့် ရှိုင်းဝဏ္ဏတစ်ယောက် ကော်ဖီခွက်ကိုယူပြီးဆင်းလာတဲ့အချိန် ဖုန်တက်နေတဲ့ကြမ်းပြင်မှာ သာမန်ခြေဖဝါးနှစ်ခုစာလောက်ကြီးတဲ့ ခြေရာတွေကိုမြင်လိုက်ရတယ်။

စစရောက်တဲ့နေ့မှာပဲ ထူးခြားမှုတွေစနေတာမို့ ရှိုင်းဝဏ္ဏတစ်ယောက် ကော်ဖီခွက်ကို ထမင်းစားစားပွဲပေါ်တင်ပြီး မှောင်ရိပ်ရှိတဲ့နေရာတွေကို ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ နံရံထောင့်မှာ ကျောပေးပြီးရပ်နေတဲ့ လူတစ်ယောက်၊ အဲဒီလူရဲ့ခြေထောက်နှစ်ဖက်က သာမန်ထက်ကြီးနေပြီး လက်ကလဲ တစ်ဖက်ပဲပါတာကိုသတိထားမိခဲ့တယ်။

အခုလိုအကောင်အထည်လိုက်ကြီးမြင်လိုက်တာမို့ မကြောက်တတ်တဲ့ ရှိုင်းဝဏ္ဏတောင် ကြက်သီးမွှေးညှင်းတွေထလာခဲ့တယ်။

“ ဟိတ်… ဘယ်သူလဲ”

ဓါတ်မီးနဲ့ထိုးပြီးလှမ်းမေးလိုက်ပေမယ့် ကျောပေးထားတဲ့သူက တုတ်တုတ်မျှမလှုပ်။

“ ငါမေးနေတယ်လေ ဘယ်သူလဲလို့… မင်းက သရဲလား တစ္ဆေလား”

ရှိုင်းဝဏ္ဏလဲ သူမေးတာကိုဘာမှပြန်မဖြေတဲ့အတွက် လှေကားအတက်ဆင်းမှာ ထောင်ထားတဲ့ သံတူရွင်းကိုကိုင်ပြီး ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်နေလိုက်တယ်။

“ ငါ့နေရာကနေ ထွက်သွား”

အသံဩဩကြီးနဲ့ပြောလိုက်တာကြောင့် ရှိုင်းဝဏ္ဏ အနောက်ကိုပြန်ဆုတ်လိုက်ပြီး

“ ဒီအိမ်ကို ငါဝယ်ထားတာလေ… သွားစရာရှိ နင်ပဲသွားရမှာ” လို့ပြောလိုက်ရာ ကျောပေးထားတဲ့သူရဲ့ မျက်နှာတစ်ခုထဲ တစ်ဖြေးဖြေး အနောက်ကိုလှည့်လာခဲ့တယ်။

တောဝက်စွယ်လိုကော့တက်နေတဲ့အစွယ်နှစ်ချောင်း၊ အပေါ်ကိုလန်နေတဲ့နှုတ်ခမ်း၊ ပြူးကျယ်နေတဲ့မျက်လုံးနှစ်လုံအပြင် သွေးစုနာလို အနာရည်တွေတရွှဲရွှဲကျနေတဲ့ မျက်နှာက အတော်ကိုကြောက်မက်ဖွယ်ကောင်းနေခဲ့တယ်။

“ ငါ့အနားမလာနဲ့ သွားစမ်း…”

ရှိုင်းဝဏ္ဏက သံတူရွင်းနဲ့မွှေ့ရမ်းပြီး ပြောလိုက်ပေမယ့် မျက်နှာကကျောဘက်ကိုရောက်နေတဲ့သူက သူ့ဆီကိုနောက်ပြန်လမ်းလျောက်လာကိုမြင်လိုက်ရတယ်။

ဒီတစ်ခါတော့ ရှိုင်းဝဏ္ဏ တည်ပြီးရပ်မနေနိုင်တော့ပဲ အနောက်ကိုဆုတ်နေခဲ့မိတယ်။ ရင်ဘတ်ထဲမှာလဲ တစ်ခါမှမဖြစ်ဖူးတဲ့ကြောက်စိတ်တွေက လှိုက်ခနဲ လှိုက်ခနဲတက်လာတာကို ခံစားနေမိတယ်။

“ အီး ဟီး ဟီး ဟီး…”

ကျောဘက်ရောက်နေတဲ့ခေါင်းကို လှုပ်ရှားပြီး အနားကပ်လာတာကြောင့် ရှိုင်းဝဏ္ဏလဲ
ရှိသမျှသတ္တိတွေကိုစုစည်းပြီး ကိုင်ထားတဲ့ သံတူရွင်းနဲ့ ခေါင်းကိုရိုက်ချလိုက်တယ်။

“ ဒုတ်…ဖောက်”

သံတူရွင်းက ခေါင်းတည့်တည့်ကိုကျသွားပေမယ့် ရော်ဘာတုံးနဲ့ထိသလို ပြန်ကန်ထွက်လာတာကို မြင်တော့ ထိတ်လန့်သွားပြီး အနောက်ကိုဆုတ်လိုက်ရာ ခြေထောက်ချော်ပြီး လဲကျသွားခဲ့တယ်။

ရှိုင်းဝဏ္ဏလဲကျသွားတာကိုမြင်တော့ ကျောပေးပြီးလမ်းလျောက်လာတဲ့ကောင်က မွဲခြောက်ခြောက်အသားအရည်ရှိတဲ့လက်တစ်ဖက်ကိုဆန့်တန်းပြီး အနားကပ်လာတဲ့အချိန်

“ ယံဒုန္နိ မိတ္တံ အဝမင်္ဂလဉ္စ

ယောစာမနာပေါ သကုဿသဒ္ဒေါ

ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ

ဗုဒ္ဓါနုဘာဝေန ဝနသမေန္တု” အစချီတဲ့ ပုဗ္ဗဏှသုတ် ပရိတ်တော်ကို ရွတ်လိုက်တော့မှ အနားကပ်လာတဲ့ကောင်က မျက်နှာကိုလက်နဲ့အုပ်ပြီး အိမ်နောက်ဘေးဘက်ကို ဝင်ပြေးသွားခဲ့တယ်။

ရှိုင်းဝဏ္ဏလဲ အဲဒီတော့မှ ကုန်းရုန်းထပြီး ဦးဝင်းကျော်အိမ်ဘက်ကို ပြေးလာခဲ့လိုက်တယ်။ အိမ်ရောက်တော့ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ရာ

“ ကံသီပေလို့ပဲ ငါ့တူရေ… ဦးလေးပြောသားပဲ ဒီအိမ်က ‌အတော်ကြမ်းပါတယ်လို့”

“ ကျွန်တော်လဲ သရဲခြောက်တဲ့နေရာအတော်များများ နေဖူးပါတယ်၊ ဒါပေမယ့် အခုလို အကောင်အထည်လိုက်ရန်မူတာမျိုးတော့ မကြုံဖူးဖူး…”

“ ဒီညတော့ ငါ့တူ ဦးလေးတို့အိမ်မှာပဲ အိပ်လိုက်တော့၊ မနက်ကျမှ ဘာဆက်လုပ်မလဲ စဉ်းစားပေါ့”

“ ကျွန်တော် ဘာဆက်လုပ်သင့်လဲ ဦးလေး၊ အိမ်ဝယ်ပြီးပထမရက်မှာတင် ပြန်ပြေးလာတယ်ဆိုတာကြီးက အဆင်တော့ပြေမနေဘူးထင်တယ်နော်”

“ အဲလိုတော့လဲ ဘယ်ဟုတ်မလဲငါ့တူရာ၊ ဒါကလဲ အတွေ့အကြုံတစ်ခုရတာပေါ့၊ ဘာမှမစဉ်းစားနေနဲ့ အိပ်ပျော်အောင်အိပ်လိုက်”

“ ဟုတ်ကဲ့ ဦးလေး”

+++++

“ ဦးဝင်းကျော် … ဦးဝင်းကျော်”

“ ဟေ… ဘယ်သူလဲကွ”

“ ကျွန်တော် ထွန်းမင်းပါဗျ”

“ အိမ်ပေါ်တက်လာလေကွာ…ထမင်းကြော်စားသွား ဦး”

“ မစားတော့ဘူးဦးလေး… ဒါနဲ့ ညီလေးက မမကြီးတို့အိမ်ကိုဝယ်လိုက်တဲ့သူလား”

“ ဟုတ်ပါတယ် ဘာကိစ္စများရှိလို့လဲ”

“ မနက်က ကျွန်တော် ဟင်းရွက်တွေသွားပို့ပြီးပြန်လာတော့ ဒီညီလေး တယ်ထားတဲ့အိမ်ရှေ့မှာ လူသုံးယောက် မတ်တပ်ရပ်နေတာတွေ့တယ်၊ ကျွန်တော် ဟင်းရွက်ပို့တဲ့အချိန်က အရုဏ်တက်ခါနီးဆိုတော့ သူခိုးသူဝှက်တွေထင်တာပေါ၊ အနားရောက်မှကြည့်လိုက်တာ သုံးယောက်လုံး ယောဂီဝတ်စုံဝတ်ထားကြတာ”

“ အဲဒီတော့ မင်းကဘာကိုပြောချင်တာလဲ ထွန်းမင်းရ”

“ အဲဒီလူသုံးယောက်က ကျွန်တော်ကိုမြင်တော့ အနားကိုလာပြီး အိမ်ပိုင်ရှင်ကို မနက်ကျရင် လမ်းထိပ်ကဇရပ်ကိုလာဖို့ပြောပေးပါတဲ့”

“ အဲဒီလူတွေကိုအရင်က မြင်ဖူးလား”

“ ဟအင်း… မမြင်ဖူးဖူးဗျ…”

“ မောင်ရင်သဘောကရော ဘယ်လိုရှိလဲ”

“ ကိုထွန်းမင်းစကားအရ သွားကြည့်လိုက်တာအကျိုးမယုတ်ဘူးထင်တာပဲ”

“ ဒါဖြင့် ဦးလေးလဲ လိုက်လာခဲ့မယ်၊ တူတူသွားကြတာပေါ့”
+++++
ရှိုင်းဝဏ္ဏတို့ဇရပ်ရှေ့ကိုရောက်တော့ ယောဂီဝတ်စုံ ဝတ်ထားတဲ့လူသုံးယောက် အောက်ကိုဆင်းလာခဲ့တယ်။

“ ရောက်လာကြပြီလား အပေါ်တက်ကြပါဦး”

“ ကဲ အပေါ်တက်ကြရအောင်”

ရှိုင်းဝဏ္ဏတို့ဇရပ်ပေါ်ရောက်တော့ နက်မှောင်တဲ့ဆံပင်ကို သပ်ရပ်စွာထုံးထားတဲ့ လူက

“ နှစ်ထပ်ပျဉ်ထောင်အိမ်ပိုင်ရှင်က ဘယ်သူများလဲ”

“ ကျွန်တော်ပါ..”

“ အဲဒီအိမ်မှာ တစ်ခုခုထူးခြားနေတယ်မဟုတ်လား”

“ ခင်ဗျားတို့က ဘယ်လိုသိတာလဲ”

“ မနက်က ကျုပ်တို့အိမ်ရှေ့ကနေဖြတ်သွားတဲ့အချိန် အိမ်ရှေ့ဝရန်တာမှာ လူတစ်ယောက်မတ်တပ်ရပ်နေတာမြင်လိုက်ရတယ်၊ အစကတော့ လူလို့ပဲထင်တာ၊ နောက်မှ သေချာကြည့်လိုက်တော့ လက်တစ်ဖက်ပြတ်နေတဲ့ ဘီလူးတစ်ကောင်ဖြစ်နေတယ်၊ လူနေတဲ့အိမ်မှာ ဒီလိုဘီလူးသဘက်တွေရှိနေတယ်ဆိုတာက မဖြစ်သင့်တဲ့အရာမို့ ဟောဒီက မိတ်ဆွေကို အကူအညီတောင်းလိုက်ရတာပါ”

“ ဆရာတို့ပြောတာမှန်ပါတယ်…. ကျွန်တော်လဲ ညကမှနဖူးတွေ့ဒူးတွေ့ကြုံခဲ့ရတာ၊ ဒီကောင်ကို ဘယ်လိုမောင်းထုတ်လို့ရနိုင်မလဲ”

“ ဒီလိုမျိုးဖြစ်တာ ဘယ်လောက်ကြာပီလဲ”

“ မှတ်မိသလောက်ကတော့ လွန်ခဲ့တဲ့နှစ်လလောက်ကမှစဖြစ်တာ”

“ ခွင့်ပြုမယ်ဆိုရင် အိမ်ထဲဝင်ကြည့်ပါရစေ”

“ ရတာပေါ့ဗျာ သိပ်ရတာပေါ့… အခုပဲသွားကြမလား”

ရှိုင်းဝဏ္ဏလဲ တက်ကြွစွာနဲ့ ဆရာသုံးယောက်ကို ခေါ်ဆောင်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့ သျောင်တစ်စောင်းနဲဆရာက အင်းစမအချို့ရေးဆွဲထားတဲ့ မိုင်းကိုင်စက္ကူတစ်ရွက်ကိုအောက်ခံပြီး ဖယောင်းတိုင်တစ်တိုင်ထွန်းလိုက်တယ်။

ဖယောင်းတိုင်မီးစွဲတာနဲ့ အိမ်ထဲကနေ ပစ္စည်းတွေလွှင့်ပစ်တဲ့အသံတွေထွက်ပေါ်လာခဲ့တယ်။

“ ဆရာ… မြင်တဲ့အတိုင်း အတော်ကိုသောင်းကျန်းတာဗျ”

“ အင်းဖယောင်းတိုင်ထွန်းလိုက်တော့ သူနေလို့မရတော့ဘူးလေ၊ ဒါကြောင့် ကြောက်လန့်အောင်လုပ်နေတာ”

အိမ်ထဲရောက်တော့ ဆရာသုံးယောက်က ဖိုခနောက်ဆိုင်ထိုင်လိုက်ပြီး အလယ်မှာ အင်းဆွဲထားတဲ့သပိတ်ကွဲတစ်ခုကို ချကာ ဖယောင်းတိုင်စိုက်ထားလိုက်တယ်။ ပြီးတာနဲ့ ဘုရားကျောင်းဆောင်ရှိတဲ့ဘက်လှည့်ကာ ငါးပါးသီလခံယူကာ ဖယောင်းတိုင်ကို မီးညှိလိုက်တယ်ဆိုရင်ပဲ အိမ်နောက်ဖေးခန်းထဲမှာ အိုးခွက်ပန်းကန်တွေကို ပစ်ခွဲနေတဲ့အသံတွေရပ်သွားခဲ့တယ်။

“ ဒီကောင်က လက်တစ်ဖက်မရှိတဲ့ ဘီလူးပဲ”

“ ဟုတ်တယ် ဟုတ်တယ်… ကျွန်တော်တွေ့တာလဲ လက်တစ်ဖက်မပါဘူး၊ အစွယ်နှစ်ချောင်းက ပါးစောင်ထဲက‌နေ အပေါ်ကို ကော့တက်နေတာ”

“ သူက မီးဖိုခန်းထဲကနေ အပြင်ကိုမထွက်လာဘူးဆိုတော့ သူ့နေရာကလဲ မီးဖိုခန်းထဲမှာရှိမယ်ထင်တယ်၊ ဆန်လက်တစ်ဆုပ်လောက်ရနိုင်မလား”

“ ခဏလေးစောင့်ပေးဆရာ၊ အခုသွားယူပေးပါမယ်”

ဦးဝင်းကျော်က ကမန်းကတန်းပြေးသွားပြီး အိမ်ကနေ ဆန်ကိုပန်းကန်လုံးနဲ့ထည့်ယူလာခဲ့တယ်။ ဆန်ရတော့ သျောင်တစ်စောင်းနဲ့ဆရာက လက်နဲ့အုပ်ပြီး ဂါထာတစ်ပုဒ်ကို ၃၇အုပ်ရွတ်ကာ မီးဖိုခန်းထဲကို ကျဲလိုက်တဲ့အချိန် ဆန်စေ့တွေက ကြမ်းပြင်တစ်ခုပေါ်မှာ အစုလိုက်ဖြစ်နေတာကိုမြင်လိုက်ရတယ်။

“ အဲဒီပျဉ်ပြားကို ခွာကြည့်လိုက်”

ရှိုင်းဝဏ္ဏလဲ ပျဉ်ပြားကို သံတူးရွင်းနဲ့ကလပ်ထုတ်လိုက်ရာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အကုန် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့တယ်။

“ ဘီလူးပုံကိုကြမ်းအောက်က ဆင့်မှာ ထုထားပါလား”

“ လက်စသတ်တော့ ဒီကောင်က ဒီနေရာမှာအသက်ဝင်နေတာကိုး”

သျောင်တစ်စောင်းနဲ့သူရဲ့စကားကြောင့် ဦးဝင်းကျော်က

“ ဒီဆင့်တွေက လွန်ခဲ့တဲ့နှစ်လလောက်ကမှ လဲထားတာ၊ အဲ ခဏနေဦး … အခုကြုံနေရတဲ့ပြဿနာကလဲ အိမ်ပြင်ပြီးတော့မှဖြစ်လာတာ”

“ ဘီလူးရုပ်က လက်တစ်ဖက်လဲမပါဘူး…”

ရှိုင်းဝဏ္ဏစကားကြောင့် ငုံ့ကြည့်လိုက်ရာ ဘီလူးရုပ်မှာ လက်တစ်ဖက်မပါတာကိုမြင်လိုက်ရတယ်။

“ ကျွန်တော်အမြင်ပြောရရင် ဒီပြဿနာက လက်သမားဆရာ‌တွေပညာပြသွားတာလို့ယူဆလို့ရတယ်”

“ ဟင်.. “

“ ဟုတ်တယ်. ဘီလူးရုပ်ကိုစစ်ကြည့်တဲ့အခါ အခြားပညာရပ်နဲ့စီရင်ထားတာမတွေ့ရပဲ၊ ဘီလူးနက္ခတ်နဲ့ကိုက်ညီတဲ့အချိန်ထုသွားတာလို့ထင်တယ်”

“ အခု ဒီအရုပ်ကို ဘယ်လိုလုပ်ရမလဲဆရာ”

“ အရုပ်ပါတဲ့နေရာကို ပိုင်းဖြတ်ပြီး မီးရှို့လိုက်ပါ၊ နောက်နောင်အခုလိုမျိုးထပ်မဖြစ်တော့ဘူး”

“ ဟုတ်ကဲ့ဆရာ အခုပဲ လုပ်လိုက်ပါမယ်၊ ဒါနဲ့ ဒီကိစ္စဘယ်သူလက်ချက်လဲဆိုတာ ကျွန်တော်သိတယ်ဆရာ”

“ အချို့အရာတွေက အကြောင်းရှိလို့ အကျိုးဖြစ်လာတာပါ၊ အခုတော့ ဒီရုပ်ပုံကိုဖျက်ဆီးလိုက်ဦး”

ဦးဝင်းကျော်တို့လဲ ဘီလူးပုံပါတဲ့ ဆင့်ကို ပိုင်းဖြတ်ပြီး ဓါတ်ဆီလောင်းကာ မီးရှို့လိုက်ကြတယ်။ အဲဒီနောက်ပိုင်း အိမ်ထဲမှာ ဘာသံမှမကြားရတော့သလို ကူညီပေးခဲ့ကြတဲ့ဆရာတွေကိုလဲ ထပ်မတွေ့ကြရတော့ပေ။
+++++

အောင်မြတ်သာတို့လဲ ဒီပြဿနာကို ခရီးသွားဟန်လွှဲကူညီပေးပြီးတဲ့နောက်မှာတော့ မြန်မာပြည်အထက်ပိုင်းကဝေးလံခေါင်ဖျားတဲ့ ရွာတစ်ရွာဆီကို ရောက်လာခဲ့ကြတယ်။

အဲဒီရွာမှာ ဩဇာအရှိဆုံး နတ်ဆရာကြီးရဲ့ မှားယွင်းတဲ့အယူအဆတွေနောက်ကို လိုက်နေကြတဲ့ရွာသားတွေကို အောင်မြတ်သာတို့ ဘယ်လိုတည့်မတ်ပေးကြမလဲဆိုတာကိုတော့ “အောင်မြတ်သာနှင့်နတ်ဆရာဘွမ်ခါ”ဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi version

” ေအာင္ျမတ္သာႏွင့္ဘီလူးလက္ျပတ္ “(စ/ဆုံး)
—————————————————————

“ ကြၽီ ကြၽီ ကြၽီ”

အိမ္ေရွ႕ေျမကြက္လပ္ကေန ထြက္ေပၚလာတဲ့ ေရေဘာ္ထိုးသံေၾကာင့္ ေန႔လည္ခင္းတစ္ေရးတစ္ေမာအိပ္ဖို႔လုပ္ေနတဲ့ ေဒၚမမႀကီး ‌မ်က္ႏွာကိုရွံ႕မဲ့ကာ အိမ္ေအာက္ကို ဆင္းလာခဲ့လိုက္တယ္။

“ ဦးေမာင္ေလး… ေရေဘာ္ထိုးတာ ဘယ္ေလာက္ၾကာဦးမွာလဲ”

“ ခဏေနဆိုၿပီးပါၿပီ… ဘာျဖစ္လို႔လဲ အစ္မ”

“ ဘာမွမဟုတ္ပါဘူး… ဒီတိုင္းေမးလိုက္တာ”

မ်က္ႏွာထိမ်က္ႏွာထားနဲ႔ေျပာၿပီး ျပန္တက္သြားတဲ့ အိမ္ရွင္မိန္းမေၾကာင့္ လက္သမားဆရာေတြအခ်င္းခ်င္းၾကည့္လိုက္ၿပီး

“ ဒီမိန္းမမ်က္ႏွာက တစ္ေလာကလုံး သူ႔လုပ္စာ စားထားသလိုပဲေနာ္”

“ ေဟ့ေကာင္ သူမ်ားအေၾကာင္းမေျပာနဲ႔ ကိုယ့္အလုပ္သာကိုယ္လုပ္စမ္းပါ”

ဦးေမာင္ေလးစကားေၾကာင့္ ဝိုင္းကူလုပ္ေပးေနၾကတဲ့သူေတြ ၿငိမ္သြားၿပီး ကိုယ့္အလုပ္ကိုယ္ဆက္လုပ္ေနခဲ့ၾကတယ္။

“ အစ္မ .. ခုနက ဦးေမာင္ေလးကို ဘာသြားေမးေနတာလဲ”

“ ေရေဘာ္ထိုးတာ ဘယ္အခ်ိန္ၿပီးမလဲလို႔ ေမးတာေလ”

“ အစ္မရယ္ သူတို႔အလုပ္သူတို႔လုပ္ေနတာ အဲလိုလိုက္မေမးေနပါနဲ႔”

“ အငယ္မ နင္က ဘာသိလို႔လဲ… လက္သမားေတြက သူတို႔လုပ္ခပိုရေအာင္ အခ်ိန္ဆြဲၿပီးလုပ္တတ္ၾကတယ္၊ ဒီလိုမျဖစ္ေအာင္ ငါကလိုက္ေျပာေနတာဟဲ့”လို႔ေျပာၿပီး အိမ္ေပၚကို ေျခသံျပင္းျပင္းနဲ႔ တက္သြားခဲ့လိုက္တယ္။
++++

“ အစ္မ အစ္မ”

“ ေဟ ဘယ္သူတုန္း”

“ ကြၽန္ေတာ္ လက္သမားအဖြဲ႕ကပါ”

“ ဘာကိစၥရွိလို႔လဲ”

“ ေရေလးတစ္ခြက္ေလာက္ေသာက္ခ်င္လို႔ ခြင့္ေတာင္းတာပါ”

“ နင္တို႔ကလဲ အလုပ္လုပ္တာ ေရဘူးမယူလာဘူးလား…”

ေဒၚမမႀကီးက ‌အျပစ္တင္တဲ့ေလသံနဲ႔ေျပာၿပီး ေသာက္ေရအိုးထဲကေရတစ္ခြက္ခပ္ကာ ကမ္းေပးလိုက္တယ္။

“ ေက်းဇူးတင္ပါတယ္အစ္မ”

“ အင္း အင္း… ဒါနဲ႔ နင္တို႔အိမ္ျပင္တာ ဘယ္ရက္ေလာက္ၿပီးမွာလဲ”

“ အတိအက်ေတာ့မသိေသးဘူးအစ္မ… ဆရာက တစ္ပတ္ဆယ္ရက္ေလာက္ၾကာဦးမယ္လို႔ေျပာသံေတာ့ၾကားတယ္”

“ နင္တို႔ေျပာေတာ့ လဆန္း၁၃ရက္ေန႔ အမွီၿပီးမယ္ဆို အခုပဲ ၁၀ရက္ေရာက္ေနၿပီ.. အလုပ္ကိုဘယ္လိုလုပ္ေနၾကလဲမသိဘူး၊ ဒါေၾကာင့္ နင္တို႔ေတြ ဒီဘဝကေနမတိုးတက္တာ”

မမႀကီးစကားေၾကာင့္ ေရလာေသာက္တဲ့ ေကာင္ေလးမ်က္ႏွာပ်က္သြားၿပီး လွည့္ထြက္ဖို႔အလုပ္

“ လဆန္း၁၃ရက္ေန႔ အၿပီးလို႔ေျပာခဲ့တယ္ဆိုေပမယ့္ ၾကားထဲမွာ မွာထားတဲ့သစ္ေတြမေရာက္ခဲ့တာမို႔ အခုလိုၾကာသြားတာပါ…” ဆိုတဲ့အသံနဲ႔အတူ လက္သမားဆရာဦးေမာင္ငယ္ အနားကိုေရာက္လာခဲ့တယ္။

“ ဦးေမာင္‌ေလးတို႔က ေျပာလိုက္ရင္ ဒီအတိုင္းႀကီးပဲ.. ဆင္ျခင္ဆင္လက္ကအျပည့္”

“ ကြၽန္ေတာ္တို႔ အတတ္ႏိုင္ဆုံး ႀကိဳးစား‌ေပးပါမယ္… ဒါေပမယ့္ အစ္မညီမက ေလွကားကိုပါအသစ္ျပန္ျပင္ခ်င္တယ္ဆိုလို႔ တစ္ပတ္ဆယ္ရက္ၾကာမယ္လို႔ေျပာလိုက္တာ”

“ ေလွကားကေနာက္မွလုပ္မယ္… အိမ္ကိုပဲအရင္ၿပီးေအာင္လုပ္ေပး”

“ ဒါဆိုလဲ က်ဳပ္တို႔အိမ္ကိုအရင္ၿပီးေအာင္လုပ္ေပးပါ့မယ္”

ဦးေမာင္ေလးက ေအာက္ေလနဲ႔ေျပာၿပီး အလုပ္လုပ္ေနတဲ့ဘက္ကိုထြက္သြားခဲ့လိုက္တယ္။

“ စံသိန္း… ေလွကားအတြက္ လုပ္ေနတာေတြ ရပ္လိုက္ေတာ့… က်န္တဲ့သူေတြလဲ အိမ္ၿပီးဖို႔ပဲ ဦးစားေပးၿပီးလုပ္ၾက”

“ အခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳးနဲ႔ ဘယ္လို မိန္းမလဲမသိဘူး… ဒါေၾကာင့္ လင္မရတာ”

အဖြဲ႕ထဲက အလုပ္သမားတစ္ေယာက္ရဲ႕စကားေၾကာင့္ က်န္တဲ့သူေတြအကုန္ ၿပဳံးစိစိျဖစ္ကုန္ၾကတယ္။
+++++

လဆန္း(၁၃)ရက္ေန႔

“ ေဆြးေနတဲ့ယက္မေတြ တိုင္ေတြအကုန္လဲၿပီးပါၿပီ. အိမ္ေနာက္ကေရကျပင္ကိုလဲ အသစ္႐ိုက္ထားေပးပါတယ္ အစ္မ”

“ ေတာ္ေသးတာေပါ့ လျပည့္ေန႔အမွီၿပီးသြားေပလို႔၊ ဒါနဲ႔ လက္ခက ဘယ္ေလာက္ေပးရမလဲ”

“ အရင္ကေျပာထားတာက အၿပီးစီး ႏွစ္ေသာင္းဆိုေပမယ့္ ေရကျပင္အသစ္႐ိုက္ေပးထားရလို႔ သုံးေထာင္ေလာက္ပိုေပးေလအစ္မ”

“ နည္းနည္းေလ်ာ့ေပးေလ… ေရကျပင္႐ိုက္ခက သုံးေထာင္ဆိုေတာ့ မ်ားတာေပါ့”

“ မမ်ားပါဘူး‌ဗ်ာ… သူမ်ားေတြဆိုရင္ ေျခာက္ေထာင္ေလာက္ယူတာ”

“ ကဲ… ႏွစ္ေသာင္းႏွစ္ေထာင္ယူလိုက္”

“ တကယ္မရလို႔ပါအစ္မ… တစ္ေထာင္ေလာက္ကို ေဈးမဆစ္ပါနဲ႔ဗ်ာ၊ ကြၽန္ေတာ္တို႔လဲ ေသခ်ာေလးလုပ္ထားေပးပါတယ္”

“ ႏွစ္ေသာင္းႏွစ္ေထာင္ထားလိုက္ပါ.. ေနာက္လဲ ေလွကားလုပ္ဖို႔ရွိေနတာပဲ”

ဦးေမာင္ေလးလဲ ေငြတစ္ေထာင္ကို မရမကဆစ္ေနတာေၾကာင့္ စိတ္ထဲေထာင္းခနဲျဖစ္သြားၿပီး

“ ကြၽန္ေတာ္တို႔က ေစတနာပါပါနဲ႔ ေဈးသက္သက္သာသာယူထားေပးတာေတာင္ မရမကလိုက္ဆစ္ေနတာပဲ… ကဲ ထားပါ ႏွစ္ေသာင္းႏွစ္ေထာင္ပဲေပးလိုက္”

ေဒၚမမႀကီးလဲ ပိုက္ဆံအိတ္ထဲက ေငြအခ်ိဳ႕ကိုထုတ္ၿပီးကမ္းေပးလိုက္တဲ့အခ်ိန္

“ ကြၽန္ေတာ္ ျပင္ထားတဲ့ ေနရာေတြျပန္စစ္ၾကည့္လိုက္ဦးမယ္…ေနာက္ေန႔မွ တစ္ခုခုလိုရင္ ဒီအထိျပန္လာရမွာစိုးလို႔ပါ”

“ ဒါဆိုလဲ ေသခ်ာေလးစစ္ေပးဦး”

ေဒၚမမႀကီးစကားေၾကာင့္ ဦးေမာင္ေလးက လက္သမားအိတ္ကိုလြယ္ကာ ျပဳျပင္ထားတဲ့ေနရာေတြဘက္ကို ထြက္သြားခဲ့လိုက္တယ္။

ခဏေနေတာ့ ဦးေမာင္ေလး ျပန္ေရာက္လာၿပီး

“ အကုန္လုံးအဆင္ေျပတယ္အစ္မ… အိမ္ကေတာ့ အေတာ္ခိုင္ခန႔္သြားတာပဲ”

“ အခုလို လုပ္ေပးလို႔ ေက်းဇူးတင္ပါတယ္”

“ ရပါတယ္… ဒါကကြၽန္ေတာ္တို႔အလုပ္ပဲေလ၊ အခုေတာ့ခြင့္ျပဳပါဦး”

ဦးေမာင္ေလးတို႔အဖြဲ႕လဲ ေဒၚမမႀကီးကို ႏႈတ္ဆက္ၿပီး မိမိတို႔ဇာတိျဖစ္တဲ့ ကြၽန္းလွ႐ြာဆီကိုျပန္လာခဲ့လိုက္တယ္။
++++++

လျပည့္ေန႔ညသန္းေခါင္ယံအခ်ိန္

ဘုရားရွိခိုးၿပီးေပမယ့္ အိပ္မေပ်ာ္ေသးတဲ့အတြက္ မမေလးတစ္ေယာက္ ေတာင္ေတြးေျမာက္ေတြး စဥ္းစားေနတဲ့အခ်ိန္

“ ဒုန္း….”

အိမ္ေအာက္ကေန ထြက္လာတဲ့အသံေၾကာင့္ မမႀကီးနဲ႔မမေလးတို႔ ငုတ္တုတ္ထထိုင္လိုက္ၾကတယ္။

“ အငယ္မ အိမ္ေအာက္မွာ ဘာသံႀကီးလဲမသိဘူး”

“ တစ္ခုခုျပဳတ္က်တဲ့အသံပဲ ေၾကာင္ေတြေသာင္းက်န္းျပန္ပီလားမသိဘူး”

ညီအစ္မႏွစ္ေယာက္ ျခင္ေထာင္ထဲကေနထြက္ၿပီး ဓါတ္မီးကိုယူကာ အိမ္ေအာက္ကိုထိုးၾကည့္လိုက္ေတာ့ ဘာမွမေတြ႕။

“ ဘာပစၥည္းမွလဲ ျပဳတ္က်တာမေတြ႕ပါဘူး”

“ ဒါေပမယ့္ အသံက အိမ္ေအာက္ထပ္ကေန ထြက္လာတာေတာ့ေသခ်ာတယ္ေလ”

ႏွစ္ေယာက္သား ေလွကားရင္းကေန ဆင္းလာၿပီး မီးအိမ္ကိုမီးညႇိလိုက္တယ္။

“ ဘာမွလဲမရွိပါဘူး… အျခားအိမ္က လာတဲ့အသံမ်ားလား”

မမႀကီးက ဇေဝဇဝါအေတြးနဲ႔ေျပာလိုက္တဲ့အခ်ိန္ အိမ္ခန္းဝမွာခ်ိတ္ထားတဲ့ လိုက္ကာစက ဖ်တ္ခနဲ လႈပ္ရွားသြားတာျမင္လိုက္ရတယ္။

“ အငယ္မ… လိုက္ကာအေနာက္ကိုၾကည့္စမ္း”

“ လိုက္ လိုက္ကာအေနာက္မွာ လူတစ္ေယာက္ မတ္တပ္ရပ္ေနသလိုပဲ…”

“ မျဖစ္ႏိုင္ပါဘူး…လူရပ္ေနတယ္ဆိုရင္ ေအာက္မွာ ေျခေထာက္ေပၚေနမွာေပါ့”

‌ညီအစ္မႏွစ္ေယာက္လဲ လိုက္ကာအနားကို အသာေလးကပ္သြားၿပီး ဆြဲဖယ္လိုက္ရာ အငယ္မစက္ခ်ဳပ္တဲ့အခါသုံးတဲ့ ေဖာ့အ႐ုပ္ျဖစ္ေနတာကိုျမင္လိုက္ရတယ္။

“ အမေလး လန႔္လိုက္တာ အငယ္မရယ္… နင္က အ႐ုပ္ကို လိုက္ကာအေနာက္ထားစရာလား”

“ ညေနက အခန္းထဲထည့္မယ္ဆိုၿပီး ေမ့သြားတာ….”

“ သြား အခုထည့္လိုက္”

မမႀကီးစကားေၾကာင့္ အငယ္မလဲ ေဖာ့အ႐ုပ္ကိုမကာ အခန္းထဲယူလာတဲ့အခ်ိန္ အလင္းေရာင္မရွိတဲ့ အခန္းေထာင့္မွာ မတ္တပ္ရပ္ေနတဲ့လူရိပ္တစ္ခု။

“ အားးးးးးးးးးး”

“ အငယ္မ ဘာျဖစ္တာလဲ”

မမႀကီးလဲ အခန္းထဲေျပးဝင္လာၿပီး ဓါတ္မီးနဲ႔ထိုးၾကည့္လိုက္ရာ ဘာမွမေတြ႕။

“ အငယ္မ … ဘာလို႔ေအာ္တာလဲ”

“ ခုနက ခုနက အဲဒီေထာင့္မွာ မတ္တပ္ရပ္ေနတာ ျမင္လိုက္တယ္… အရိပ္မဲမဲႀကီး ရပ္ေနတာ”

“ နင္စိတ္ထင္တာျဖစ္မွာပါဟယ္… အခုဘာရွိလို႔လဲ”

“ တကယ္ျမင္လိုက္တာ… မလိမ္ဘူး”

“ စိတ္ေအးေအးထား… ဘာမွမရွိေတာ့ဘူး”

ညီအစ္မႏွစ္ေယာက္ အခန္းထဲကေနျပန္ထြက္လာၿပီး အိမ္ေပၚထပ္ကို တက္သြားတဲ့အခ်ိန္ ေအာက္ထပ္အိမ္ခန္းဝကေန ဆင္သားရည္လိုၾကမ္းေထာ္ေနတဲ့အသားရည္ရွိတဲ့လက္တစ္ဖက္ထြက္လာခဲ့တယ္။
++++++

“ ညက ေအာ္တဲ့အသံၾကားလိုက္တယ္… ဘာျဖစ္ၾကတာလဲအစ္မ”

အထည္လာယူတဲ့ ‌ေကာင္မေလးစကားေၾကာင့္ စာအုပ္ဖတ္ေနတဲ့ မမႀကီးက

“ ဘာမွမျဖစ္ပါဘူး… ေလွကားေပၚက ေခ်ာ္က်မလိုျဖစ္လို႔ ေအာ္လိုက္တာ”

“ ေအာ္.. ဟုတ္ကဲ့.. သမီးလဲ အဲဒီအခ်ိန္မအိပ္ေသးေတာ့ ဘာမ်ားျဖစ္လဲဆိုၿပီး စိတ္ပူသြားတာ”

မမႀကီးရဲ႕ စကားေၾကာင့္ မမေလးက စကားလမ္းေၾကာင္းလႊဲလိုက္ၿပီး

“ ယုေမ… အက်ႌက နင္နဲ႔ကြက္တိပဲ.. ထဘီကေတာ့ မနက္ျဖန္မွယူ… ဒီညအၿပီးခ်ဳပ္ထားေပးမယ္”

“ ရပါတယ္ မမေလးရဲ႕… ယုေမက ေနာက္အပတ္မွ ဝတ္မွာ အားမွခ်ဳပ္ေပး”

“ ဟိုကေလးမ… ခ်ဳပ္ၿပီးရင္ ခ်ဳပ္ခေတာ့အျပည့္ေပးရမယ္ေနာ္…”

“ ဟာ မမႀကီးကလဲ သူမ်ားကို အားနာစရာ… ယုေမက ခ်ဳပ္ခအၿမဲတမ္းေပးပါတယ္”

“ ေအးပါ… ေအးပါ… ေပးရင္လဲၿပီးေရာ”

မမႀကီးစကားေၾကာင့္ ယုေမ မ်က္ႏွာပ်က္သြားေပမယ့္ ဟန္မပ်က္ထိန္းလိုက္ၿပီး

“ ဒါဆို ယုေမ ျပန္လိုက္ဦးမယ္ေနာ္ မမေလး… ထဘီရမွပဲ လာယူေတာ့မယ္” လို႔ေျပာကာ ျပန္ထြက္သြားခဲ့တယ္။

“ မမႀကီးေျပာလိုက္တာ ယုေမကို အားနာစရာႀကီး”

“ ဘာကို အားနာရမွာလဲ ငါကအမွန္တိုင္းေျပာတာကို. နင္က အားနာတတ္လို႔ ဟိုေလ်ာ့ ဒီေလ်ာ့လုပ္ေနၾကတာ ငါမသိဘူးထင္ေနလား”

“ မမႀကီး ေျပာပုံနဲ႔ ဘယ္သူမွအထည္လာအပ္မွာမဟုတ္ဘူး”

“ ငါက နင့္ဘက္ကလိုက္ေျပာေပးတာကို နင္က အျပစ္ျမင္တယ္ေပါ့… ေနာက္ေန႔ကစၿပီး ငါဘာမွဝင္မေျပာဘူး”

မမႀကီးက စာအုပ္ကို ဘုန္းခနဲပစ္ခ်ၿပီး အိမ္ခန္းထဲကိုဝင္သြားခဲ့လိုက္တယ္။

“ လူတိုင္းကိုလိုက္သနားေနတဲ့ေကာင္မ… ေနာက္မွ ဟိုလူဆီက ခ်ဳပ္ခမရလို႔ ဒီလူဆီက ခ်ဳပ္မရလို႔နဲ႔ နားလာၿငီးဦးမယ္”

မမႀကီးလဲ ပြစိပြစိေရ႐ြတ္ရင္း ေခါင္းအုံးကိုယူကာ လွဲခ်လိုက္တယ္။ မနက္ကအေစာႀကီးထထားတာမို႔ အခ်ိန္ခဏေလးအတြင္း ေမွးခနဲျဖစ္သြားတဲ့အခ်ိန္ ေက်ာအေနာက္ဘက္ကေန တစ္ေယာက္ေယာက္ ၾကည့္ေနတဲ့ ခံစားခ်က္တစ္ခုဝင္လာခဲ့တယ္။

အိပ္ခ်င္ေနတဲ့စိတ္ကို ပယ္လိုက္ၿပီး ဖ်တ္ခနဲလွည့္ၾကည့္လိုက္ေပမယ့္ ဘယ္သူမွမရွိ။

“ ငါ ဒီရက္ပိုင္း ဘာေတြျဖစ္ေနပါလိမ့္”

မမႀကီးလဲ တစ္ေယာက္ထဲေရ႐ြတ္ၿပီး ျပန္အိပ္လိုက္တဲ့အခ်ိန္ အခန္းထဲကို တစ္ေယာက္ေယာက္ဝင္လာတဲ့ေျခသံကိုၾကားလိုက္ရတယ္။ ဒါေပမယ့္ အငယ္မဝင္လာတယ္ထင္ၿပီး မ်က္လုံးမဖြင့္ၾကည့္ပဲေနတဲ့အခ်ိန္ ေျခသံက ေခါင္းရင္းမွာရပ္သြားတာကို သတိထားမိလိုက္တယ္။

“ အငယ္မက ငါ့ေခါင္းရင္းမွာတစ္ခါမွမေနပါဘူး…” လို႔ေတြးမိၿပီး မ်က္လုံးဖြင့္ၾကည့္လိုက္ရာ မီးက်ီခဲလို နီရဲေနတဲ့ မ်က္လုံးႏွစ္လုံးက အေပၚကေန စိုက္ၾကည့္ေနတာကိုျမင္လိုက္ရတယ္။

ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ေသြးပ်က္မတတ္ျဖစ္ၿပီး အသံကုန္ေအာ္လိုက္ေပမယ့္ အသံကမထြက္လာပဲ လည္ေခ်ာင္းဝမွာတင္ေပ်ာက္သြားခဲ့တယ္။ အဲဒီအခ်ိန္ ေဆာင့္ေၾကာင့္‌ထိုင္ကာ သူ႔ကိုငုံ႔ၾကည့္ေနတဲ့အေကာင္က ပါးစပ္ကို နား႐ြက္ထိေရာက္ေအာင္ ရယ္လိုက္ရာ ခြၽန္ျမၿပီးရွည္လ်ားတဲ့အစြယ္ေတြ ျပဴးထြက္လာခဲ့တယ္။

“ အဟီး အဟီး .. အဟက္”

ငွက္ဆိုးထိုးသံလို က်က္သေရမရွိတဲ့ရယ္သံအဆုံးမွာ ၾကမ္းတမ္းတဲ့လက္တစ္ဖက္က သူ႔လည္ပင္းကို ဆုပ္ကိုင္လိုက္တာ ခံစားလိုက္ရတယ္။

“ အစ္ အစ္ အစ္… ကယ္ ကယ္ ၾက ပါဦး”

ညႇစ္ထားတဲ့လက္တစ္ဖက္က ျပဳတ္တူတစ္ေခ်ာင္းလို ၿမဲၿမံေနတာေၾကာင့္ ခႏၶာကိုယ္တစ္ခုလုံး တြန႔္လိမ္ၿပီး အသက္ရႈဖို႔ ႐ုန္းကန္ေနတဲ့အခ်ိန္

“ မမႀကီး… မမႀကီး… ဘာျဖစ္တာလဲ ဘာျဖစ္တာလဲ” ဆိုတဲ့အငယ္မရဲ႕အသံကို ၾကားလိုက္ေတာ့မွ လူကသတိျပန္ရလာခဲ့တယ္။

“ ငါ့ ငါ့ကို လည္ပင္းလာညစ္တယ္…”

“ ဘယ္သူက လည္ပင္းလာညႇစ္လို႔လဲ… မမႀကီး အိမ္မက္မက္ေနတာျဖစ္မွာပါ”

“ မဟုတ္ဘူး… ငါအိပ္ေနတာကို လည္ပင္းလာညႇစ္တာ… နင္သာမလာရင္ ငါေသေနၿပီ”

“ ကြၽန္မေရာက္လာေတာ့ မမႀကီး ကိုယ့္လည္ပင္းကိုယ္ကိုင္ၿပီး ႐ုန္းေနတာ၊ အဲဒါေၾကာင့္ လႈပ္ႏႈိးလိုက္တာေလ၊ အနားမွာ ဘယ္သူမွမရွိပါဘူး”

“ ဟုတ္လား… ဘယ္သူမွ နင္မျမင္ဘူးလား”

“ မျမင္ဘူးေလ… မမႀကီးက ဘာျမင္လို႔လဲ”

“ မ်က္လုံးျပဴးျပဴး အစြယ္ေတြနဲ႔ … သူက ငါ့ကို ‌ေဟာဒီလို…”

မမႀကီးက သူ႔လည္ပင္းကိုကိုင္ၿပီး အဝတ္ဗီဒိုကမွန္ကိုၾကည့္လိုက္ရာ အေနာက္မွာ လ်ာတန္းလန္းက်ၿပီး ငုတ္တုတ္ထိုင္ေနတဲ့ေကာင္ကိုျမင္လိုက္ရတယ္။

“ အေမေရ… သရဲ သရဲ မွန္ထဲမွာ မွန္ထဲမွာ..”

“ ဘယ္မွာလဲ မွန္ထဲမွာ ဘာမွမရွိပါဘူး”

“ နင္မျမင္ဘူးလား… ငါ့အေနာက္မွာ ငါ့အေနာက္မွာ ထိုင္ေနတာ”

မမႀကီးရဲ႕အသံက ခ်က္ခ်င္းနစ္ဝင္သြားၿပီး အငယ္မလက္ေပၚမွာတင္ သတိလစ္ေမ့ေမ်ာသြားခဲ့တယ္။

“ လာၾကပါဦး လာၾကပါဦး… မမႀကီး သတိလစ္သြားလို႔”

အငယ္မရဲ႕ေအာ္သံေၾကာင့္ အိမ္နီးနားခ်င္းေတြ ေရာက္လာၿပီး ဝိုင္းဝန္းျပဳစုၾကေတာ့မွ သတိျပန္လည္လာခဲ့တယ္။

“ ႐ုတ္တရက္ႀကီး ဘယ္လိုျဖစ္တာလဲ ငါ့တူမတို႔ရယ္”

“ ဦးေလး ဒီအိမ္မွာ ဒီအိမ္မွာ သရဲရွိေနၿပီ… မ်က္လုံးျပဴးျပဴးအစြယ္ေတြနဲ႔ အရမ္းေၾကာက္ဖို႔ေကာင္းတာပဲ”

“ ငါ့တူမ စိတ္ထင္တာျဖစ္မွာပါကြယ္…”

အိမ္နီးခ်င္းလဲျဖစ္ ငယ္စဥ္ထဲက ထိန္းေက်ာင္းလာခဲ့သူလဲျဖစ္တဲ့ ဦးဝင္းေက်ာ္ရဲ႕စကားေၾကာင့္ မမႀကီးမ်က္ေစာင္းထိုးလိုက္ၿပီး

“ ဒီအဖိုးႀကီး ငါက ျမင္လို႔ျမင္တယ္ေျပာတာ… ဘာမွမသိပဲ လိုက္ေျပာမေနနဲ႔”

“ မမႀကီး ဦးေလးကို ဘယ္လိုေျပာလိုက္တာလဲ”

“ ဘယ္လိုေျပာေျပာေအ… ငါ ငါ ဒီအိမ္မွာ မေနရဲေတာ့ဘူး ငါတို႔ အျခားေနရာေျပာင္းေနၾကကေအာင္ေနာ္”

မမႀကီးပုံစံက ရယ္လိုက္ငိုလိုက္နဲ႔ မူမမွန္ျဖစ္ေနတာေၾကာင့္ ဦးေလးဝင္းေက်ာ္က အငယ္မကိုအျပင္ေခၚထုတ္ၿပီး

“ မႀကီးအေျခအေနက မူမမွန္ဘူးသမီး… ဦးေလးအျမင္ေျပာရရင္ သမီးတို႔ ကြၽမ္းက်င္တဲ့ဆရာဝန္နဲ႔ျပသင့္တယ္လို႔ထင္တယ္”

“ မနက္ျဖန္ အေဖဘက္ကအမ်ိဳးေတြရွိတဲ့ ၿမိဳ႕ကိုသြားၿပီး‌ ေဆးခန္းျပဖို႔ စီစဥ္လိုက္ပါမယ္.. ဒီညေတာ့ ဦးေလးတို႔မိသားစု အိမ္မွာ လာေနေပးပါလား၊ မမႀကီး စိတ္က ပုံမွန္မဟုတ္ေတာ့ သမီးလဲ မေနရဲဘူး”

“ ဦးေလးေရာ နင့္အေဒၚေရာ လာေနေပးပါ့မယ္… သမီးတို႔ သြားဖို႔သာျပင္ဆင္ၾက”

အငယ္မလဲ ဦးေလးဝင္းေက်ာ္တို႔ မိသားစုလာေနေပးမယ္ဆိုတာေၾကာင့္ အားတက္သြားၿပီး အိမ္ထဲကိုျပန္ဝင္လာခဲ့လိုက္တယ္။
++++

ညဦးပိုင္းေရာက္ေတာ့ ဦးေလးဝင္းေက်ာ္ရဲ႕မိန္းမ မ‌ေစာက အေပါ့ပါးသြားခ်င္တာေၾကာင့္ အိမ္ေနာက္ေဘးကိုသြားဖို႔ မီးဖိုေခ်ာင္းထဲကေန ျဖတ္လာတဲ့အခ်ိန္

“ ဘုတ္ ဘုတ္ ဘုတ္”

ထမင္းစားစားပြဲကို လက္နဲ႔ပုတ္တဲ့အသံေၾကာင့္ ဓါတ္မီးနဲ႔ထိုးၾကည့္လိုက္ရာ ညိဳညစ္ညစ္ပြေယာင္းေယာင္းလက္တစ္ဖက္ထဲ လႈပ္ရွားေနတာျမင္လိုက္ရတယ္။

႐ုတ္တရက္မို႔ မေစာလဲ ၾကက္ေသေသၿပီး တစ္ကိုယ္လုံးၾကက္သီးေမႊးညႇင္းေတြထလာကာ ေအာ္ဖို႔ေတာင္ ေမ့တဲ့ထိကို ေၾကာက္လန႔္သြားခဲ့တယ္။

ထမင္းစားပြဲကို႐ိုက္ေနတဲ့လက္တစ္ဖက္က ေလေပၚမွာေ႐ြ႕လ်ားၿပီး ပန္းကန္စင္ေပၚမွာတင္ထားတဲ့ ဒန္အိုးတစ္လုံးကိုဆြဲယူကာ မေစာရွိတဲ့ဘက္ကို ပစ္ထည့္လိုက္ခ်ိန္မွာေတာ့

“ အမေလး… ကိုဝင္းေက်ာ္ေရ သရဲ သရဲ” လို႔ေအာ္ကာ အိမ္ေရွ႕ကိုေျပးထြက္လာခဲ့တယ္။

တစ္အိမ္လုံးလဲ မေစာေအာ္သံေၾကာင့္ ေၾကာက္လန႔္သြားၿပီး အသံၾကားတဲ့ဘက္ကို ၾကည့္လိုက္ရာ ဒန္အိုးဒန္ခြက္ေတြ ေလေပၚမွာဝဲပ်ံေနတာကိုျမင္လိုက္ရတယ္။

“ အားလုံး အိမ္ျပင္ထြက္ၾကေတာ့… အိမ္ထဲမွာေနရင္ အကုန္ေသကုန္လိမ့္မယ္”

ဦးဝင္းေက်ာ္က မမႀကီးနဲ႔ မမေလး ေမာင္ႏွစ္မႏွစ္ေယာက္ကို အိမ္ျပင္ထြက္ခိုင္းၿပီး သူကိုယ္တိုင္ကလဲ အေၾကာက္လြန္ကာ တုန္ရီေနတဲ့ မိန္းမျဖစ္သူကို တြဲကာထြက္လာခဲ့လိုက္တယ္။

အျခားအိမ္နီးနားခ်င္းေတြေရာက္လာတဲ့ခ်ိန္မွာေတာ့ အိမ္ထဲမွာ ပစၥည္းေတြပစ္ခ်သံ၊ ေတာက္ခတ္ႀကိမ္းဝါးသံေတြအျပင္ အိမ္ေပၚထပ္မွာ လႈပ္ရွားေနတဲ့ အရိပ္အေယာင္ေတြကို ျမင္လိုက္ၾကရတယ္။

“ ဒီလိုမ်ိဳး ေျခာက္လွန႔္တာ တစ္သက္နဲ႔တစ္ကိုယ္ မျမင္ဖူးဖူးဗ်ာ”

“ ဟုတ္ပါ့ေတာ္… ၾကည့္ေနရင္း ၾကက္သီးေတြပါထလာတယ္”

ရပ္ၾကည့္ေနတဲ့သူေတြဆီကေန စကားသံေတြ တီးတိုးထြက္ေပၚလာခဲ့တယ္။ ဒီလိုနဲ႔ သန္းေခါင္းယံအခ်ိန္ေရာက္တဲ့ထိ ေသာင္းက်န္းၿပီးခ်ိန္မွာေတာ့ အိမ္က နဂိုအတိုင္း ျပန္လည္ၿငိမ္သက္သြားခဲ့တယ္။

ဒီျဖစ္ရပ္ေၾကာင့္ မမႀကီးတို႔ညီအစ္မႏွစ္ေယာက္လဲ မနက္မိုးလင္းတာနဲ႔ ယူသင့္တဲ့ပစၥည္းေတြယူကာ အိမ္ကိုေသာ့ပိတ္ၿပီးအမ်ိဳးေတြရွိတဲ့ၿမိဳ႕ကိုေျပာင္းေ႐ႊ႕သြားခဲ့ၾကတယ္။
++++++++

ဒီကိစၥေတြျဖစ္ၿပီး ႏွစ္လခန႔္အၾကာမွာေတာ့ ဦးဝင္းေက်ာ္ေနတဲ့အိမ္ကို သားသားနားနားဝတ္စားထားတဲ့ လူတစ္ေယာက္ ေရာက္လာခဲ့တယ္။

“ ဒါက ဦးဝင္းေက်ာ္ အိမ္လားဗ်”

“ ဟုတ္ပါတယ္… ကြၽန္ေတာ္က ဝင္းေက်ာ္ပါ”

“ မမေလးတို႔ အိမ္ေသာ့က ဦးဝင္းေက်ာ္ဆီအပ္ထားတယ္ဆို”

“ အိမ္ေသာ့အပ္ထားတာေတာ့ဟုတ္ပါတယ္၊ ဘာကိစၥရွိလို႔လဲဗ်”

ဦးဝင္းေက်ာ္စကားေၾကာင့္ လူစိမ္းက သားေရလြယ္အိတ္ထဲကေန စာခ်ဳပ္တစ္ေစာင္ထုတ္ျပၿပီး

“ ကြၽန္ေတာ္က ဒီအိမ္ကိုဝယ္လိုက္တဲ့သူပါ… ဒါက အေရာင္းအဝယ္စာခ်ဳပ္”

“ ေဟ… ေမာင္ရင္က ဒီအိမ္ကိုဝယ္လိုက္တာ ဟုတ္လား… ဟိုေလ…”

“ အိမ္မွာအေျခာက္အလွန႔္ရွိတဲ့အေၾကာင္း ေျပာမလို႔လား”

“ ေမာင္ရင္က သိေနတာလား”

“ အရင္အိမ္ပိုင္ရွင္ေတြက ျဖစ္ေၾကာင္းကုန္စင္ေျပာျပထားၿပီးပါၿပီ၊ ကြၽန္ေတာ္က သရဲတေစၦေတြကို မေၾကာက္တတ္တာမို႔ဝယ္လိုက္တာ၊ ေနာက္ၿပီး အိမ္ကေဈးအရမ္းတန္ေနတယ္ေလ”

ထီမထင္တဲ့မ်က္ႏွာထားနဲ႔ေျပာေနတဲ့ လူ႐ြယ္ကိုၾကည့္ၿပီး ဦးဝင္းေက်ာ္ ဘာမွဆက္မေျပာေတာ့ပဲ အိမ္ေပၚမွာသိမ္းထားတဲ့ ေသာ့တြဲကိုယူကာ ကမ္းေပးလိုက္တယ္။

“ ေက်းဇူးတင္ပါတယ္ ဦးေလး… ကြၽန္ေတာ္ကို ခြင့္ျပဳပါဦး”

လူ႐ြယ္က ႏႈတ္ဆက္ၿပီး ေသာ့ကိုယူကာ ျပန္ထြက္သြားခဲ့တယ္။
+++++

ေနာက္တစ္ေန႔ မနက္ေရာက္ေတာ့ ဦးဝင္းေက်ာ္လဲ မမႀကီးတို႔အိမ္မွာ ဆူညံဆူညံအသံေတြၾကားလို႔ ေအာက္ဆင္းၿပီး ၾကည့္လိုက္ရာ တစ္အိမ္လုံးမွာရွိတဲ့ ပစၥည္းပစၥယေတြကိုကားတစ္စီးေပၚတင္ေနတာကို
ျမင္လိုက္ရတယ္။

ပတ္ဝန္းက်င္ကလူေတြကလဲ ဒီအိမ္ကိုဝယ္ရဲတဲ့ ပိုင္ရွင္ကိုစိတ္ဝင္စားတာေၾကာင့္ မသိမသာေခ်ာင္းၾကည့္ေနခဲ့ၾကတယ္။

“ ဦးေလး… မနက္စာစားၿပီးၿပီလား”

တစ္ဖက္အိမ္ကေန လွမ္းႏႈတ္ဆက္လိုက္တဲ့အသံေၾကာင့္ ဦးဝင္းေက်ာ္ အလိုက္သင့္ၿပဳံးျပရင္း

“ စားၿပီးၿပီ ငါ့တူရ… ဦးေလးတို႔ ဘာကူညီေပးရမလဲ”

“ ရပါတယ္ဗ်… အရင္အိမ္ရွင္ေတြက သူတို႔ပစၥည္းေတြျပန္ပို႔ေပးပါဆိုလို႔ ကားေပၚတင္ေပးေနတာ”

“ ေအာ္… ဒါနဲ႔ ေမာင္ရင္က ဘယ္ဇာတိလဲ.. ဒီအနီးနားမွာအရင္ကမျမင္ဖူးလို႔”

“ ကြၽန္ေတာ္က ဒီကိုေရာက္တာ တစ္ႏွစ္ေလာက္ပဲရွိဦးမယ္၊ ဇာတိကေတာ့ ပဲခူးဘက္ကပါ၊ နာမည္က ရွိန္းဝဏၰလို႔ေခၚပါတယ္”

“ ဒါနဲ႔ ေမာင္ရင္က တစ္ေယာက္ထဲေနမွာလား”

“ တစ္ရက္ႏွစ္ရက္ေတာ့ တစ္ေယာက္ထဲပဲေနရဦးမယ္၊ အလုပ္သမားေတြက ေနာက္သုံးေလးရက္မွ လာေနၾကမွာ”

“ ေအးေအး… တစ္ေယာက္ထဲဆိုေတာ့ ေနလို႔အဆင္ေျပပါ့မလား”

“ အဆင္ေျပပါတယ္… ကြၽန္ေတာ္က တစ္ေယာက္ထဲေနရတာပိုႀကိဳက္တယ္ေလ”

သြက္သြက္လက္လက္ရွိၿပီး အေၾကာက္အလန႔္ကင္းတဲ့လူ႐ြယ္ရဲ႕စကားေၾကာင့္ ဦးဝင္းေက်ာ္ ေခါင္းတၿငိမ့္ၿငိမ့္လုပ္ၿပီး ႏႈတ္ဆက္ကာ အိမ္ထဲျပန္ဝင္သြားခဲ့တယ္။
++++++

အလုပ္သမားေတြျပန္သြားတဲ့အခ်ိန္မွာေတာ့ ရႈိင္းဝဏၰတစ္ေယာက္ မီးေမႊးလိုက္ၿပီး ညစာအတြက္ျပင္ဆင္ခဲ့လိုက္တယ္။ ညစာ စားၿပီးခ်ိန္မွာေတာ့ ေကာ္ဖီတစ္ခြက္ေဖ်ာ္ၿပီး အိမ္ေရွ႕ဝရန္တာမွာ ထိုင္ေနတဲ့အခ်ိန္ ေလွကားေပၚကို တက္လာတဲ့ေျခသံတစ္ခုၾကားလိုက္ရတယ္။

ငယ္ငယ္ေလးထဲက အေၾကာက္အလန႔္မရွိတဲ့ ရႈိင္းဝဏၰက ဖေယာင္းတိုင္မီးအလင္းေရာင္နဲ႔ ေလွကားကိုလွမ္းၾကည့္လိုက္ရာ ဘယ္သူကိုမွမေတြ႕တာေၾကာင့္

“ ေျခသံေပးတာတို႔ အရိပ္ျပတာတို႔ လုပ္လဲ ငါက ေၾကာက္မွာမဟုတ္ဘူး… နင္တို႔ရွိတယ္ဆိုရင္ ကိုယ့္ေနရာကိုယ္ေန ငါ့ကိုလာမေႏွာက္ယွက္နဲ႔” လို႔ေျပာၿပီး ေကာ္ဖီေသာက္ေနလိုက္တယ္။

“ ဒုန္း ဒုန္း ဒုန္း…”

“ ဘာအသံတုန္းဟ”

အိမ္ေအာက္ထပ္ကေန ထြက္လာတဲ့အသံေၾကာင့္ ရႈိင္းဝဏၰတစ္ေယာက္ ေကာ္ဖီခြက္ကိုယူၿပီးဆင္းလာတဲ့အခ်ိန္ ဖုန္တက္ေနတဲ့ၾကမ္းျပင္မွာ သာမန္ေျခဖဝါးႏွစ္ခုစာေလာက္ႀကီးတဲ့ ေျခရာေတြကိုျမင္လိုက္ရတယ္။

စစေရာက္တဲ့ေန႔မွာပဲ ထူးျခားမႈေတြစေနတာမို႔ ရႈိင္းဝဏၰတစ္ေယာက္ ေကာ္ဖီခြက္ကို ထမင္းစားစားပြဲေပၚတင္ၿပီး ေမွာင္ရိပ္ရွိတဲ့ေနရာေတြကို ဓါတ္မီးနဲ႔ထိုးၾကည့္လိုက္ရာ နံရံေထာင့္မွာ ေက်ာေပးၿပီးရပ္ေနတဲ့ လူတစ္ေယာက္၊ အဲဒီလူရဲ႕ေျခေထာက္ႏွစ္ဖက္က သာမန္ထက္ႀကီးေနၿပီး လက္ကလဲ တစ္ဖက္ပဲပါတာကိုသတိထားမိခဲ့တယ္။

အခုလိုအေကာင္အထည္လိုက္ႀကီးျမင္လိုက္တာမို႔ မေၾကာက္တတ္တဲ့ ရႈိင္းဝဏၰေတာင္ ၾကက္သီးေမႊးညႇင္းေတြထလာခဲ့တယ္။

“ ဟိတ္… ဘယ္သူလဲ”

ဓါတ္မီးနဲ႔ထိုးၿပီးလွမ္းေမးလိုက္ေပမယ့္ ေက်ာေပးထားတဲ့သူက တုတ္တုတ္မွ်မလႈပ္။

“ ငါေမးေနတယ္ေလ ဘယ္သူလဲလို႔… မင္းက သရဲလား တေစၦလား”

ရႈိင္းဝဏၰလဲ သူေမးတာကိုဘာမွျပန္မေျဖတဲ့အတြက္ ေလွကားအတက္ဆင္းမွာ ေထာင္ထားတဲ့ သံတူ႐ြင္းကိုကိုင္ၿပီး ခပ္လွမ္းလွမ္းကေန ရပ္ၾကည့္ေနလိုက္တယ္။

“ ငါ့ေနရာကေန ထြက္သြား”

အသံဩဩႀကီးနဲ႔ေျပာလိုက္တာေၾကာင့္ ရႈိင္းဝဏၰ အေနာက္ကိုျပန္ဆုတ္လိုက္ၿပီး

“ ဒီအိမ္ကို ငါဝယ္ထားတာေလ… သြားစရာရွိ နင္ပဲသြားရမွာ” လို႔ေျပာလိုက္ရာ ေက်ာေပးထားတဲ့သူရဲ႕ မ်က္ႏွာတစ္ခုထဲ တစ္ေျဖးေျဖး အေနာက္ကိုလွည့္လာခဲ့တယ္။

ေတာဝက္စြယ္လိုေကာ့တက္ေနတဲ့အစြယ္ႏွစ္ေခ်ာင္း၊ အေပၚကိုလန္ေနတဲ့ႏႈတ္ခမ္း၊ ျပဴးက်ယ္ေနတဲ့မ်က္လုံးႏွစ္လုံအျပင္ ေသြးစုနာလို အနာရည္ေတြတ႐ႊဲ႐ႊဲက်ေနတဲ့ မ်က္ႏွာက အေတာ္ကိုေၾကာက္မက္ဖြယ္ေကာင္းေနခဲ့တယ္။

“ ငါ့အနားမလာနဲ႔ သြားစမ္း…”

ရႈိင္းဝဏၰက သံတူ႐ြင္းနဲ႔ေမႊ႕ရမ္းၿပီး ေျပာလိုက္ေပမယ့္ မ်က္ႏွာကေက်ာဘက္ကိုေရာက္ေနတဲ့သူက သူ႔ဆီကိုေနာက္ျပန္လမ္းေလ်ာက္လာကိုျမင္လိုက္ရတယ္။

ဒီတစ္ခါေတာ့ ရႈိင္းဝဏၰ တည္ၿပီးရပ္မေနႏိုင္ေတာ့ပဲ အေနာက္ကိုဆုတ္ေနခဲ့မိတယ္။ ရင္ဘတ္ထဲမွာလဲ တစ္ခါမွမျဖစ္ဖူးတဲ့ေၾကာက္စိတ္ေတြက လႈိက္ခနဲ လႈိက္ခနဲတက္လာတာကို ခံစားေနမိတယ္။

“ အီး ဟီး ဟီး ဟီး…”

ေက်ာဘက္ေရာက္ေနတဲ့ေခါင္းကို လႈပ္ရွားၿပီး အနားကပ္လာတာေၾကာင့္ ရႈိင္းဝဏၰလဲ
ရွိသမွ်သတၱိေတြကိုစုစည္းၿပီး ကိုင္ထားတဲ့ သံတူ႐ြင္းနဲ႔ ေခါင္းကို႐ိုက္ခ်လိုက္တယ္။

“ ဒုတ္…ေဖာက္”

သံတူ႐ြင္းက ေခါင္းတည့္တည့္ကိုက်သြားေပမယ့္ ေရာ္ဘာတုံးနဲ႔ထိသလို ျပန္ကန္ထြက္လာတာကို ျမင္ေတာ့ ထိတ္လန႔္သြားၿပီး အေနာက္ကိုဆုတ္လိုက္ရာ ေျခေထာက္ေခ်ာ္ၿပီး လဲက်သြားခဲ့တယ္။

ရႈိင္းဝဏၰလဲက်သြားတာကိုျမင္ေတာ့ ေက်ာေပးၿပီးလမ္းေလ်ာက္လာတဲ့ေကာင္က မြဲေျခာက္ေျခာက္အသားအရည္ရွိတဲ့လက္တစ္ဖက္ကိုဆန႔္တန္းၿပီး အနားကပ္လာတဲ့အခ်ိန္

“ ယံဒုႏၷိ မိတၱံ အဝမဂၤလၪၥ

ေယာစာမနာေပါ သကုႆသေဒၵါ

ပါပဂၢေဟာ ဒုႆုပိနံ အကႏၲံ

ဗုဒၶါႏုဘာေဝန ဝနသေမႏၲဳ” အစခ်ီတဲ့ ပုဗၺဏွသုတ္ ပရိတ္ေတာ္ကို ႐ြတ္လိုက္ေတာ့မွ အနားကပ္လာတဲ့ေကာင္က မ်က္ႏွာကိုလက္နဲ႔အုပ္ၿပီး အိမ္ေနာက္ေဘးဘက္ကို ဝင္ေျပးသြားခဲ့တယ္။

ရႈိင္းဝဏၰလဲ အဲဒီေတာ့မွ ကုန္း႐ုန္းထၿပီး ဦးဝင္းေက်ာ္အိမ္ဘက္ကို ေျပးလာခဲ့လိုက္တယ္။ အိမ္ေရာက္ေတာ့ ျဖစ္ေၾကာင္းကုန္စင္ေျပာျပလိုက္ရာ

“ ကံသီေပလို႔ပဲ ငါ့တူေရ… ဦးေလးေျပာသားပဲ ဒီအိမ္က ‌အေတာ္ၾကမ္းပါတယ္လို႔”

“ ကြၽန္ေတာ္လဲ သရဲေျခာက္တဲ့ေနရာအေတာ္မ်ားမ်ား ေနဖူးပါတယ္၊ ဒါေပမယ့္ အခုလို အေကာင္အထည္လိုက္ရန္မူတာမ်ိဳးေတာ့ မႀကဳံဖူးဖူး…”

“ ဒီညေတာ့ ငါ့တူ ဦးေလးတို႔အိမ္မွာပဲ အိပ္လိုက္ေတာ့၊ မနက္က်မွ ဘာဆက္လုပ္မလဲ စဥ္းစားေပါ့”

“ ကြၽန္ေတာ္ ဘာဆက္လုပ္သင့္လဲ ဦးေလး၊ အိမ္ဝယ္ၿပီးပထမရက္မွာတင္ ျပန္ေျပးလာတယ္ဆိုတာႀကီးက အဆင္ေတာ့ေျပမေနဘူးထင္တယ္ေနာ္”

“ အဲလိုေတာ့လဲ ဘယ္ဟုတ္မလဲငါ့တူရာ၊ ဒါကလဲ အေတြ႕အႀကဳံတစ္ခုရတာေပါ့၊ ဘာမွမစဥ္းစားေနနဲ႔ အိပ္ေပ်ာ္ေအာင္အိပ္လိုက္”

“ ဟုတ္ကဲ့ ဦးေလး”

+++++

“ ဦးဝင္းေက်ာ္ … ဦးဝင္းေက်ာ္”

“ ေဟ… ဘယ္သူလဲကြ”

“ ကြၽန္ေတာ္ ထြန္းမင္းပါဗ်”

“ အိမ္ေပၚတက္လာေလကြာ…ထမင္းေၾကာ္စားသြား ဦး”

“ မစားေတာ့ဘူးဦးေလး… ဒါနဲ႔ ညီေလးက မမႀကီးတို႔အိမ္ကိုဝယ္လိုက္တဲ့သူလား”

“ ဟုတ္ပါတယ္ ဘာကိစၥမ်ားရွိလို႔လဲ”

“ မနက္က ကြၽန္ေတာ္ ဟင္း႐ြက္ေတြသြားပို႔ၿပီးျပန္လာေတာ့ ဒီညီေလး တယ္ထားတဲ့အိမ္ေရွ႕မွာ လူသုံးေယာက္ မတ္တပ္ရပ္ေနတာေတြ႕တယ္၊ ကြၽန္ေတာ္ ဟင္း႐ြက္ပို႔တဲ့အခ်ိန္က အ႐ုဏ္တက္ခါနီးဆိုေတာ့ သူခိုးသူဝွက္ေတြထင္တာေပါ၊ အနားေရာက္မွၾကည့္လိုက္တာ သုံးေယာက္လုံး ေယာဂီဝတ္စုံဝတ္ထားၾကတာ”

“ အဲဒီေတာ့ မင္းကဘာကိုေျပာခ်င္တာလဲ ထြန္းမင္းရ”

“ အဲဒီလူသုံးေယာက္က ကြၽန္ေတာ္ကိုျမင္ေတာ့ အနားကိုလာၿပီး အိမ္ပိုင္ရွင္ကို မနက္က်ရင္ လမ္းထိပ္ကဇရပ္ကိုလာဖို႔ေျပာေပးပါတဲ့”

“ အဲဒီလူေတြကိုအရင္က ျမင္ဖူးလား”

“ ဟအင္း… မျမင္ဖူးဖူးဗ်…”

“ ေမာင္ရင္သေဘာကေရာ ဘယ္လိုရွိလဲ”

“ ကိုထြန္းမင္းစကားအရ သြားၾကည့္လိုက္တာအက်ိဳးမယုတ္ဘူးထင္တာပဲ”

“ ဒါျဖင့္ ဦးေလးလဲ လိုက္လာခဲ့မယ္၊ တူတူသြားၾကတာေပါ့”
+++++
ရႈိင္းဝဏၰတို႔ဇရပ္ေရွ႕ကိုေရာက္ေတာ့ ေယာဂီဝတ္စုံ ဝတ္ထားတဲ့လူသုံးေယာက္ ေအာက္ကိုဆင္းလာခဲ့တယ္။

“ ေရာက္လာၾကၿပီလား အေပၚတက္ၾကပါဦး”

“ ကဲ အေပၚတက္ၾကရေအာင္”

ရႈိင္းဝဏၰတို႔ဇရပ္ေပၚေရာက္ေတာ့ နက္ေမွာင္တဲ့ဆံပင္ကို သပ္ရပ္စြာထုံးထားတဲ့ လူက

“ ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ပိုင္ရွင္က ဘယ္သူမ်ားလဲ”

“ ကြၽန္ေတာ္ပါ..”

“ အဲဒီအိမ္မွာ တစ္ခုခုထူးျခားေနတယ္မဟုတ္လား”

“ ခင္ဗ်ားတို႔က ဘယ္လိုသိတာလဲ”

“ မနက္က က်ဳပ္တို႔အိမ္ေရွ႕ကေနျဖတ္သြားတဲ့အခ်ိန္ အိမ္ေရွ႕ဝရန္တာမွာ လူတစ္ေယာက္မတ္တပ္ရပ္ေနတာျမင္လိုက္ရတယ္၊ အစကေတာ့ လူလို႔ပဲထင္တာ၊ ေနာက္မွ ေသခ်ာၾကည့္လိုက္ေတာ့ လက္တစ္ဖက္ျပတ္ေနတဲ့ ဘီလူးတစ္ေကာင္ျဖစ္ေနတယ္၊ လူေနတဲ့အိမ္မွာ ဒီလိုဘီလူးသဘက္ေတြရွိေနတယ္ဆိုတာက မျဖစ္သင့္တဲ့အရာမို႔ ေဟာဒီက မိတ္ေဆြကို အကူအညီေတာင္းလိုက္ရတာပါ”

“ ဆရာတို႔ေျပာတာမွန္ပါတယ္…. ကြၽန္ေတာ္လဲ ညကမွနဖူးေတြ႕ဒူးေတြ႕ႀကဳံခဲ့ရတာ၊ ဒီေကာင္ကို ဘယ္လိုေမာင္းထုတ္လို႔ရႏိုင္မလဲ”

“ ဒီလိုမ်ိဳးျဖစ္တာ ဘယ္ေလာက္ၾကာပီလဲ”

“ မွတ္မိသေလာက္ကေတာ့ လြန္ခဲ့တဲ့ႏွစ္လေလာက္ကမွစျဖစ္တာ”

“ ခြင့္ျပဳမယ္ဆိုရင္ အိမ္ထဲဝင္ၾကည့္ပါရေစ”

“ ရတာေပါ့ဗ်ာ သိပ္ရတာေပါ့… အခုပဲသြားၾကမလား”

ရႈိင္းဝဏၰလဲ တက္ႂကြစြာနဲ႔ ဆရာသုံးေယာက္ကို ေခၚေဆာင္လာခဲ့လိုက္တယ္။ အိမ္ေရွ႕ေရာက္ေတာ့ ေသ်ာင္တစ္ေစာင္းနဲဆရာက အင္းစမအခ်ိဳ႕ေရးဆြဲထားတဲ့ မိုင္းကိုင္စကၠဴတစ္႐ြက္ကိုေအာက္ခံၿပီး ဖေယာင္းတိုင္တစ္တိုင္ထြန္းလိုက္တယ္။

ဖေယာင္းတိုင္မီးစြဲတာနဲ႔ အိမ္ထဲကေန ပစၥည္းေတြလႊင့္ပစ္တဲ့အသံေတြထြက္ေပၚလာခဲ့တယ္။

“ ဆရာ… ျမင္တဲ့အတိုင္း အေတာ္ကိုေသာင္းက်န္းတာဗ်”

“ အင္းဖေယာင္းတိုင္ထြန္းလိုက္ေတာ့ သူေနလို႔မရေတာ့ဘူးေလ၊ ဒါေၾကာင့္ ေၾကာက္လန႔္ေအာင္လုပ္ေနတာ”

အိမ္ထဲေရာက္ေတာ့ ဆရာသုံးေယာက္က ဖိုခေနာက္ဆိုင္ထိုင္လိုက္ၿပီး အလယ္မွာ အင္းဆြဲထားတဲ့သပိတ္ကြဲတစ္ခုကို ခ်ကာ ဖေယာင္းတိုင္စိုက္ထားလိုက္တယ္။ ၿပီးတာနဲ႔ ဘုရားေက်ာင္းေဆာင္ရွိတဲ့ဘက္လွည့္ကာ ငါးပါးသီလခံယူကာ ဖေယာင္းတိုင္ကို မီးညႇိလိုက္တယ္ဆိုရင္ပဲ အိမ္ေနာက္ေဖးခန္းထဲမွာ အိုးခြက္ပန္းကန္ေတြကို ပစ္ခြဲေနတဲ့အသံေတြရပ္သြားခဲ့တယ္။

“ ဒီေကာင္က လက္တစ္ဖက္မရွိတဲ့ ဘီလူးပဲ”

“ ဟုတ္တယ္ ဟုတ္တယ္… ကြၽန္ေတာ္ေတြ႕တာလဲ လက္တစ္ဖက္မပါဘူး၊ အစြယ္ႏွစ္ေခ်ာင္းက ပါးေစာင္ထဲက‌ေန အေပၚကို ေကာ့တက္ေနတာ”

“ သူက မီးဖိုခန္းထဲကေန အျပင္ကိုမထြက္လာဘူးဆိုေတာ့ သူ႔ေနရာကလဲ မီးဖိုခန္းထဲမွာရွိမယ္ထင္တယ္၊ ဆန္လက္တစ္ဆုပ္ေလာက္ရႏိုင္မလား”

“ ခဏေလးေစာင့္ေပးဆရာ၊ အခုသြားယူေပးပါမယ္”

ဦးဝင္းေက်ာ္က ကမန္းကတန္းေျပးသြားၿပီး အိမ္ကေန ဆန္ကိုပန္းကန္လုံးနဲ႔ထည့္ယူလာခဲ့တယ္။ ဆန္ရေတာ့ ေသ်ာင္တစ္ေစာင္းနဲ႔ဆရာက လက္နဲ႔အုပ္ၿပီး ဂါထာတစ္ပုဒ္ကို ၃၇အုပ္႐ြတ္ကာ မီးဖိုခန္းထဲကို က်ဲလိုက္တဲ့အခ်ိန္ ဆန္ေစ့ေတြက ၾကမ္းျပင္တစ္ခုေပၚမွာ အစုလိုက္ျဖစ္ေနတာကိုျမင္လိုက္ရတယ္။

“ အဲဒီပ်ဥ္ျပားကို ခြာၾကည့္လိုက္”

ရႈိင္းဝဏၰလဲ ပ်ဥ္ျပားကို သံတူး႐ြင္းနဲ႔ကလပ္ထုတ္လိုက္ရာ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ အကုန္ ပါးစပ္အေဟာင္းသားျဖစ္သြားခဲ့တယ္။

“ ဘီလူးပုံကိုၾကမ္းေအာက္က ဆင့္မွာ ထုထားပါလား”

“ လက္စသတ္ေတာ့ ဒီေကာင္က ဒီေနရာမွာအသက္ဝင္ေနတာကိုး”

ေသ်ာင္တစ္ေစာင္းနဲ႔သူရဲ႕စကားေၾကာင့္ ဦးဝင္းေက်ာ္က

“ ဒီဆင့္ေတြက လြန္ခဲ့တဲ့ႏွစ္လေလာက္ကမွ လဲထားတာ၊ အဲ ခဏေနဦး … အခုႀကဳံေနရတဲ့ျပႆနာကလဲ အိမ္ျပင္ၿပီးေတာ့မွျဖစ္လာတာ”

“ ဘီလူး႐ုပ္က လက္တစ္ဖက္လဲမပါဘူး…”

ရႈိင္းဝဏၰစကားေၾကာင့္ ငုံ႔ၾကည့္လိုက္ရာ ဘီလူး႐ုပ္မွာ လက္တစ္ဖက္မပါတာကိုျမင္လိုက္ရတယ္။

“ ကြၽန္ေတာ္အျမင္ေျပာရရင္ ဒီျပႆနာက လက္သမားဆရာ‌ေတြပညာျပသြားတာလို႔ယူဆလို႔ရတယ္”

“ ဟင္.. “

“ ဟုတ္တယ္. ဘီလူး႐ုပ္ကိုစစ္ၾကည့္တဲ့အခါ အျခားပညာရပ္နဲ႔စီရင္ထားတာမေတြ႕ရပဲ၊ ဘီလူးနကၡတ္နဲ႔ကိုက္ညီတဲ့အခ်ိန္ထုသြားတာလို႔ထင္တယ္”

“ အခု ဒီအ႐ုပ္ကို ဘယ္လိုလုပ္ရမလဲဆရာ”

“ အ႐ုပ္ပါတဲ့ေနရာကို ပိုင္းျဖတ္ၿပီး မီးရႈိ႕လိုက္ပါ၊ ေနာက္ေနာင္အခုလိုမ်ိဳးထပ္မျဖစ္ေတာ့ဘူး”

“ ဟုတ္ကဲ့ဆရာ အခုပဲ လုပ္လိုက္ပါမယ္၊ ဒါနဲ႔ ဒီကိစၥဘယ္သူလက္ခ်က္လဲဆိုတာ ကြၽန္ေတာ္သိတယ္ဆရာ”

“ အခ်ိဳ႕အရာေတြက အေၾကာင္းရွိလို႔ အက်ိဳးျဖစ္လာတာပါ၊ အခုေတာ့ ဒီ႐ုပ္ပုံကိုဖ်က္ဆီးလိုက္ဦး”

ဦးဝင္းေက်ာ္တို႔လဲ ဘီလူးပုံပါတဲ့ ဆင့္ကို ပိုင္းျဖတ္ၿပီး ဓါတ္ဆီေလာင္းကာ မီးရႈိ႕လိုက္ၾကတယ္။ အဲဒီေနာက္ပိုင္း အိမ္ထဲမွာ ဘာသံမွမၾကားရေတာ့သလို ကူညီေပးခဲ့ၾကတဲ့ဆရာေတြကိုလဲ ထပ္မေတြ႕ၾကရေတာ့ေပ။
+++++

ေအာင္ျမတ္သာတို႔လဲ ဒီျပႆနာကို ခရီးသြားဟန္လႊဲကူညီေပးၿပီးတဲ့ေနာက္မွာေတာ့ ျမန္မာျပည္အထက္ပိုင္းကေဝးလံေခါင္ဖ်ားတဲ့ ႐ြာတစ္႐ြာဆီကို ေရာက္လာခဲ့ၾကတယ္။

အဲဒီ႐ြာမွာ ဩဇာအရွိဆုံး နတ္ဆရာႀကီးရဲ႕ မွားယြင္းတဲ့အယူအဆေတြေနာက္ကို လိုက္ေနၾကတဲ့႐ြာသားေတြကို ေအာင္ျမတ္သာတို႔ ဘယ္လိုတည့္မတ္ေပးၾကမလဲဆိုတာကိုေတာ့ “ေအာင္ျမတ္သာႏွင့္နတ္ဆရာဘြမ္ခါ”ဆိုတဲ့ဝတၱဳမွာ ဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)