”အောင်မြတ်သာနှင့်မြေကြီးထဲကငိုကြွေးသံ”(စ-ဆုံး)

Unicode Version

”အောင်မြတ်သာနှင့်မြေကြီးထဲကငိုကြွေးသံ”(စ-ဆုံး)
—————————————————————–

ဇေယန(ရာမည)

“ ယောင်္ကျားရင့်မာကြီးနှစ်ယောက်က သရဲခြောက်ခံ ထိပြီးမေ့လဲရတယ်တဲ့… လူကြားလို့တောင်မကောင်းဘူးကွာ”

ငဆန်းရဲ့ မထိတထိစကားကြောင့် ဖိုးကတုံးက အရက်ခွက်ကို စားပွဲပေါ်‌ပြန်ချလိုက်ပြီး

“ ယောင်္ကျားလေးက သရဲမကြောက်ရဘူးလို့ မင်းတို့ကိုဘယ်သူပြောလဲ… မင်းတို့က မကြုံဖူးလို့ ဒီစကားပြောတာကိုးကွ”

“ ဟားဟား ဖိုးကတုံးရယ်.. ငါတို့က သရဲမကိုတွေ့ရင် အနားကပ်ပြီး ရည်းစားစကားပြောပစ်လိုက်မယ်.. ဒါနဲ့ သရဲမလေးက ဆယ်ကျော်သက်လေးလား ဟဲဟဲ”

ငဆန်းစကားကို ဖိုးကတုံးနဲ့ ကြွက်နီတို့ အဖက်မလုပ်တော့ပဲ ပုလင်းထဲက လက်ကျန်အရက်ကိုသာ တဂွပ်ဂွပ်နဲ့ မော့သောက်နေလိုက်တယ်။

++++

‌နေလုံးကြီးက တစ်နေကုန်ပူပြင်းပြီးတဲ့နောက်မှာတော့ မောသွားတဲ့ ဟန်နဲ့ အနောက်ဘက် မိုးကုတ်စက်ဝိုင်းထဲကို ခေါင်းငိုက်စိုက်ကာ ထိုးဝင်သွားခဲ့တယ်။

အလင်းရောင်မှိန်ကျသွားတာကြောင့် ငဆန်းနဲ့ ဖိုးလုံးတို့နှစ်ယောက်အရက်ဆိုင်ကနေ ထွက်လာပြီး ရွာထဲကိုဝင်လာခဲ့ကြတယ်။

“ ဖိုးလုံး… မင်းက သရဲကြောက်လား”

“ ကြောက်စရာလားကွ… သရဲဆိုတာ ကြောက်မှ ခြောက်တာ မကြောက်တဲ့သူကို ဘယ်သရဲမှ မခြောက်ဘူး”

“ ဟားဟား မင်းပြောတာမှန်တယ်… ဒါကို ဟိုနှစ်ကောင်က မေ့လဲရတယ်လို့”

“ နေဦး… သူတို့ကိုသရဲခြောက်တယ်ဆိုတဲ့နေရာက ဘယ်နားလဲ”

“ ဦးတိုးကြီးအိမ်အနောက်က ဗန်ဒါပင်အောက်မှာလို့ ပြောတာပဲ”

“ အဲဒီနေရာမှာ သရဲခြောက်တယ်လို့ တစ်ခါမှမကြားဖူးပါဘူး… ငါဆို မူးလာရင် သေးကော့ပန်းနေကြ ဟက်ဟက်”

“ ပြောနေရင်ကြာပါတယ်ကွာ… အခုပဲ သေးသွားပေါက်ကြတာပေါ့”

အချိန်က ညီအစ်ကိုမသိတသိအချိန်(ညနေ၅:၅၀ခန့်)ရှိပြီမို့ ငဆန်းတို့လဲ လမ်းမကြီးအတိုင်းမသွားပဲ အိမ်တွေရဲ့အနောက်ဘက် လမ်းကျဉ်းကနေ ဖြတ်ကာ ဗန်ဒါပင်အောက်ကို ထွက်လာခဲ့လိုက်တယ်။

စိမ်းစိုစိုအရွက်တွေအုံ့ဆိုင်းနေတဲ့ ဗန်ဒါပင်အောက်ကိုရောက်တော့ ဖိုးလုံးနဲ့ ငဆန်းက လုံချည်ကိုဆွဲမပြီး သောက်ထားသမျှ အရည်တွေကိုပြန်စွန့်ထုတ်လိုက်တယ်။

“ အား.. တစ်ကိုယ်လုံး ကျင်တက်သွားတာပဲ..”

“ ငါလဲ ဆီးအောင့်ထားတာကြာနေလို့လားမသိဘူး.. အခုမှပေါ့ထွက်သွားတယ်”

နှစ်ယောက်သားစကားပြောနေတဲ့အချိန် ရုတ်တရက်ကြားလိုက်ရတဲ့ငိုညဉ်းသံ။

“ ငဆန်း… မင်းကြားလား”

“ အေး ကြားတယ်.. မိန်းမတစ်ယောက် ငိုနေတဲ့အသံလိုပဲ”

ဖိုးလုံးက ဘေးဘီကိုကြည့်လိုက်ပြီး

“ စိတ်ထင်လို့နေမှာပါကွာ… သရဲဆိုတာ တကယ်မရှိပါဘူး”လို့ပြောလိုက်ပေမယ့် ဘာသံမှထွက်မလာတာကြောင့် လှည့်ကြည့်လိုက်ရာ သူ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတဲ့ ငဆန်းကို မြင်လိုက်ရတယ်။

“ ဟေ့ကောင် ငါ့ကိုဘာလို့စိုက်ကြည့်နေတာလဲ..”

ပခုံးကိုကိုင်လှုပ်ပြီးမေးလိုက်ပေမယ့် ငဆန်းက ဘာမှမပြောပဲ မျက်နှာတည်နဲ့ကြည့်နေရင်းကနေ ဗန်ဒါပင်နဲ့ ခေါင်းကို ပြေးဆောင့်ပါလေရော။

“ ဒုန်း… ခွပ်…”

ဖြာခနဲထွက်လာတဲ့ သွေးတွေကြောင့် ငဆန်းမျက်နှာတစ်ခုလုံး ရဲရဲနီသွားခဲ့တယ်။ အဲဒီတော့မှ ဖိုးလုံးလဲ ငဆန်းကို ပြေးဆွဲပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ရတယ်။

ဖိုးလုံးအော်သံကြောင့် အနီးနားကလူတွေ ပြေးလာပြီးဝိုင်းဆွဲကြတဲ့ထိကို ငဆန်းက ခေါင်းနဲ့ ပြေးဆောင့်ဖို့ ဟန်တပြင်ပြင်ဖြစ်နေခဲ့တယ်။

“ ဒါ အပမှီနေတာပဲ… ပရိတ်ရေသွားယူကြစမ်း”

ဦးတိုးကြီးစကားကြောင့် အနားမှာရှိနေတဲ့သူတွေက အိမ်မှာရှိတဲ့ပရိတ်ရေဘူးတွေကို ယူလာပြီး ငဆန်းရဲ့ ခေါင်းပေါ်ကနေ လောင်းချလိုက်ရာ တစ်ကိုယ်လုံး ဓါတ်လိုက်သလိုတုန်ရီလာပြီး အရုပ်ကြိုးပြတ်လဲကျ သွားခဲ့တယ်။

“ ငဆန်း… ငဆန်း… သတိထားစမ်း”

ပါးကိုခပ်ဆတ်ဆတ်လေးရိုက်ပြီး နှိုးလိုက်တာကြောင့် ငဆန်းတစ်ယောက် တအင်းအင်းနဲ့ညဉ်းကာ သတိလည်လာခဲ့တယ်။

“ ဟိုမိန်းမ ဘယ်ရောက်သွားလဲ… ဟိုမိန်းမရော”

“ ဘယ်မိန်းမကိုပြောတာလဲ…”

“ ပုလဲလုံးဝမ်းဆက်ဝတ်ထားတဲ့မိန်းမလေ…”

“ ဒီမှာ ပုလဲလုံးဝမ်းဆက်ဝတ်ထားတဲ့သူ မရှိဘူး… မင်းဘယ်သူကိုမြင်လိုက်လို့လဲ”

“ ငါသေချာမြင်လိုက်တယ်… ဒီဗန်ဒါပင်အနောက်ကနေ ထွက်လာပြီး ငါ့ကိုစိုက်ကြည့်နေတာကွ”

“ အဲဒါတွေအသာထား… မင်းခေါင်းက အနည်းဆုံး လေးချက်ချုပ်ရမှာ”

ဖိုးလုံးပြောမှ ငဆန်းက သူ့ခေါင်းကို ပြန်စမ်းကြည့်လိုက်ရာ ချွဲကပ်နေတဲ့ သွေးတွေယိုကျနေတဲ့ ဒဏ်ရာက တဆစ်ဆစ်နဲ့ ကိုက်လာခဲ့တယ်။

ငဆန်းကိစ္စဖြစ်ပြီးနောက်ပိုင်း တစ်လလောက်ငြိမ်သွားခဲ့တာကြောင့် ရွာထဲက လူတွေကလဲ မေ့မေ့ပျောက်ပျောက်ဖြစ်ကာ အရင်လိုပြန်နေခဲ့ကြတယ်။

++++

လရောင်ကမှိန်ပြပြကျနေတာကြောင့် ကျီးအာရွာအဝင်လမ်းမကြီးကို ရှင်းလင်းစွာမြင်နေရတယ်။ အချိန်က လုလင်ပြန်ချိန်(ည၁၀နာရီခန့်)ရှိနေတာကြောင့် အချို့အိမ်တွေက အမှောင်ချထားကြသလို အချို့အိမ်တွေကလဲ မီးအလင်းရောင်သဲ့သဲ့ ထွန်းထားကြတယ်။

“ မင်းကောင်မလေးက တကယ်ရော ထွက်တွေ့ပါ့မလား”

“ ငါမနက်က သေချာမှာလိုက်ပါတယ်.. ထွက်တွေ့မှာပါ”

“ ဟုတ်မှလဲ လုပ်နော်… တော်ကြာ သူခိုးဆိုပြီး ဝိုင်းရိုက်တာခံနေရဦးမယ်”

ဆယ်ကျော်သက် ကာလသားနှစ်ယောက်က ကျီးအာရွာအဝင်လမ်းထဲကိုဝင်လာရင်း တီးတိုးစကားပြောနေခဲ့ကြပေမယ့် သူတို့နှစ်ယောက်ရဲ့အနောက်မှာ ကပ်ပါလာတဲ့ မိန်းမတစ်ယောက်ကိုတော့ သတိမထားမိခဲ့ကြပေ။

“ အိမ်က မီးထွန်းထားသေးတယ်… သူ့အဖေမအိပ်သေးဘူးထင်တယ်နော်”

“ ဒါဆိုလဲ အိပ်တဲ့ထိစောင့်ကြတာပေါ့… မတော်ရသေးတဲ့ယောက္ခထီးက အခုထိမအိပ်သေးပဲ ဘာလုပ်နေလဲမသိပါဘူး”

ဆံပင်ကို ကျော့နေအောင် ဖြီးထားတဲ့လူက အိမ်အနောက်က ကောက်ရိုးပုံဘေးမှာ ဝင်ထိုင်လိုက်ပြီး စိတ်မရှည်တဲ့ဟန်နဲ့ အိမ်ဘက်ကို မကြာမကြာ လှမ်းကြည့်နေခဲ့တယ်။

“ ဟေ့ကောင်… ဟိုမှာ ဟိုမှာကြည့်စမ်း.. မိန်းမတစ်ယောက်ထိုင်နေတာမဟုတ်လား”

“ အေး.. မိန်းကလေးတစ်ယောက်ထဲ သရက်ပင်အောက်မှာ ဘာလုပ်နေတာပါလိမ့်”

“ မင်းကောင်မလေးတော့မဟုတ်ပါဘူးနော်… ချိန်းထားတဲ့နေရာမှားပြီးစောင့်နေတာများလား”

“ မဖြစ်နိုင်ပါဘူး… မနက်ကတွေ့တော့ ကောက်ရိုးပုံနောက်မှာတွေ့မယ်လို့‌ပြောခဲ့တာ”

ကာလသားနှစ်ယောက်အချင်းချင်းပြောနေကြတဲ့ အချိန် သရက်ပင်အောက်မှာ ထိုင်နေတဲ့ မိန်းကလေးက ရုတ်တရက်ထလိုက်ပြီး သူတို့ရှိတဲ့ဘက်ကို လျောက်လာတာကိုမြင်လိုက်ရတယ်။

“ ဟေ့ကောင်… ငါတို့ဘက်ကို လျောက်လာတယ်ကွ”

“ လာတော့ဘာဖြစ်လဲ… မင်းကအခုထိ ရည်းစား မရသေးဘူးမဟုတ်လား… လုပ်ထည့်လိုက် ငါ့ကောင်”

“ ဖြစ် ဖြစ်ပါ့မလား”

“ ဖြစ်ပါတယ် သွားစမ်းပါဟ”

တွန်းထိုးလိုက်တဲ့အရှိန်ကြောင့် အဖော်လိုက်လာတဲ့ လူက ယိုင်တိယိုင်တိုင်နဲ့ လမ်းလျောက်လာတဲ့ မိန်းကလေးနားကိုရောက်သွားခဲ့တယ်။

“ ဟိတ်.. ညကြီးအချိန်မတော် တစ်ယောက်ထဲ လျောက်သွားနေတာလား.. ဒါမှမဟုတ် ရည်းစားနဲ့ ချိန်းထားတာလား”

“ ရည်းစားမရှိပါဘူး… ဒီတိုင်းပျင်းလို့ လျောက်သွားနေတာ.. ဒါနဲ့ အကိုက ဒီရွာက မဟုတ်ဘူးထင်တယ်…”

“ အကိုတို့က ဒီရွာကမဟုတ်ဘူး… သူငယ်ချင်းက သူ့ရည်းစားနဲ့လာချိန်းတွေ့တာမို့ အဖော်လိုက်လာပေးတာ”

“ ဟုတ်လား… ဒါဆို သူတို့ဘာသာ လွတ်လွတ်လပ်လပ်ပြောပစေလေ..ဒါနဲ့ အကို့နာမည်က ဘယ်လိုခေါ်လဲ”

“ စိုးနိုင်လို့ခေါ်ပါတယ်… သူငယ်ချင်းတွေက မောင်စိုးလို့ခေါ်တာများတယ်၊ ညီမ နာမည်ကရော”

“ ညီမနာမည်က မြပုလဲသွယ်ပါ”

“ နာမည်က လှလိုက်တာ…”

“ အမေ ပေးထားတာလေ… ပုလဲက ဒီနာမည်ကို သိပ်ကြိုက်တာ..”

ညလေအဝှေ့မှာ တစ်ချက်တစ်ချက် လွ့င့်ပျံ့လာတဲ့ ညမွှေးပန်းရနံ့က စိုးနိုင်ရဲ့နှာခေါင်းထဲ စူးဝင်လာခဲ့တယ်။

“ ညီမက ဘယ်နားမှာနေတာလဲ”

“ အကိုက ဘာဖြစ်လို့မေးတာ”

“ အော်… ‌လာလည်လို့ရအောင်မေးကြည့်တာပါ”

“ ဟက်ဟက်..”

ခြောက်ကပ်ကပ်ရယ်သံတစ်ချက်နဲ့အတူ မြပုလဲသွယ်ရဲ့နှုတ်ခမ်းလေးတွန့်တက်သွားခဲ့တယ်။

“ ဘာဖြစ်လို့လဲ…ညီမ”

“ ဘာမှမဖြစ်ပါဘူး… ညီမက အခုလောလောဆယ် ဒီနားလေးမှာပဲနေတာပါ”

စိုးနိုင်လဲ သူ့ကိုအိမ်မပြောချင်တာကြောင့် ဝေ့ဝိုက်ပြောနေတယ်လို့တွေးပြီး ဆက်မမေးတော့ပဲ ရောက်တတ်ရာရာ စကားတွေကိုပဲပြောနေခဲ့တယ်။

“ ‌အကို…”

“ ဗျာ…”

“ အကိုတို့က ညကြီးသန်းခေါင် ဟိုဘက်ရွာကို ပြန်ရမှာပေါ့နော်”

“ အင်းပေါ့… ဘာဖြစ်လို့လဲ”

“ ဒီလိုမှောင်မဲနေတဲ့အချိန် နှစ်ယောက်ထဲပြန်ရမှာ မကြောက်ဘူးလား”

“ မကြောက်ပါဘူး… ဘယ်သူ့ကိုကြောက်ရမှာလဲ”

“ ဒါဆို အကိုက သရဲမကြောက်တတ်ဘူးပေါ့”

“ အကိုက အဲလိုတွေအယုံအကြည်မရှိဘူး…”

စိုးနိုင်စကားကိုကြားတော့ မြပုလဲသွယ်က တခစ်ခစ်နဲ့ရယ်လိုက်ပြီး

“ ညီမလဲ မကြောက်တတ်ဘူး..”

“ ဟုတ်လား… တော်တော်သတ္တိကောင်းတာပဲနော်”

“ ဒါပေါ့ သတ္တိကောင်းလို့ အကိုနဲ့စကားပြောနေတာလေ”

စိုးနိုင်လဲ မြပုလဲသွယ်နဲ့စကားပြောနေခဲ့ရာ အချိန်တွေကုန်လို့ကုန်မှန်းမသိဖြစ်သွားခဲ့တယ်။

“ အချိန်တောင် အတော်လင့်နေပြီ… ညီမ တစ်ယောက်ထဲပြန်ရမှာအဆင်ပြေပါ့မလား”

“ ညီမကိုစိတ်မချရင် အကိုပြန်လိုက်ပို့ပေးပေါ့”

စိုးနိုင်လဲ အိမ်သိရတော့မယ်ဆိုတဲ့အတွေးကြောင့် စိတ်ထဲဝမ်းသာသွားပြီး

“ လိုက်ပို့ပေးမှာပေါ့… ဘယ်နားမှာလဲအိမ်က”

“ သိပ်မဝေးပါဘူး…”

“ ဒါဆို သွားကြရအောင် အကိုတို့လဲ ခဏနေပြန်ရတော့မယ်”

“ ဒါဆို ပြန်တော့မယ်နော်”

စိုးနိုင်လဲအိမ်သိချင်တဲ့စိတ်နဲ့ မြပုလဲသွယ်သွားတဲ့ နောက်ကိုလိုက်လာခဲ့ရာ အိမ်အနည်းငယ်ပြတ်တဲ့ မျက်ကွယ်ကွေ့အရောက်မှာတော့

“ ညီမကဒီမှာနေတာ…”

“ မနောက်ပါနဲ့ ညီမရယ်… ဒါက မြေစာပုံကြီးလေ ဘယ်လိုလူနေလို့ရပါ့မလဲ”

“ အကိုကမယုံဘူးပေါ့လေ… အဟက်အဟက်”

မြပုလဲသွယ်က မြေစာပုံထဲ လက်ထိုးထည့်ပြီးနှိုက်လိုက်ရာ အထဲကနေ အရိုးကျနေပြီဖြစ်တဲ့ ဦးခေါင်းခွံတစ်လုံးထွက်လာခဲ့တယ်။

“ အဟီးအဟီး… အ အ အခု ယုံ ယုံ ပြီ လား…”

အသံက ရုတ်တရက်အက်ကွဲလာကာ ခုနက ချောမောလှပနေတဲ့ မြပုလဲသွယ်က ချက်ချင်းဆိုသလို အသားတွေပဲ့ကြွေပြီး အပုတ်နံ့တွေထောင်းခနဲ ထလာခဲ့တယ်။

စိုးနိုင်လဲ ရုတ်တရက်မို့ ကြက်သေသေကာ ငေးကြည့်နေတဲ့အချိန်

“ ငါအိမ်ပြန်ချင်တယ်… ငါ့ကိုအိမ်ပြန်ပို့ပေး… အိမ်ပြန်ပို့ပေး” ဆိုတဲ့အသံက ဒေါသကြီးစွာ ထွက်ပေါ်လာခဲ့တယ်။

အဲဒီတော့မှ စိုးနိုင်လဲသတိပြန်ဝင်လာကာ ကောက်ရိုးပုံရှိတဲ့ဘက်ကို ငယ်သံပါအောင်အော်ပြီး ပြေးပါလေရော။

ပြေးနေရင်း အနောက်ကို လှည့်ကြည့်လိုက်တော့ ပုလဲလုံးဝမ်းဆက်ဝတ်ထားတဲ့မိန်းမတစ်ယောက်က မြေစာပုံဘေးမှာ မတ်တပ်ရပ်နေတာကို မြင်လိုက်ရတယ်။

စိုးနိုင်လဲ ဒီကိစ္စဖြစ်ပြီးနောက်ပိုင်း စိတ်ကယောင်ကတမ်းတွေဖြစ်ကာ “ မြပုလဲသွယ် မြပုလဲသွယ်” ဆိုတဲ့နာမည်ကိုသာ အမြဲလိုလို ရေရွတ်နေတဲ့ စိတ်မနှံ့သူတစ်ယောက်ဖြစ်သွားခဲ့ရတယ်။

++++++

အရိပ်အာဝါသကောင်းတဲ့ ညောင်ညိုပင်အောက်မှာ ဆော့ကစားနေကြတဲ့ ကလေးတစ်သိုက်ရဲ့ ဘေးမှာတော့ အောင်မြတ်သာတို့ ဆရာတပည့်တွေ ခေတ္တထိုင်ကာ အနားယူနေခဲ့ကြတယ်။

ခဏကြာတော့ ရွာထဲကနေ ပြေးလာတဲ့ ကလေးတစ်ယောက်က

“ အရူးစိုးနိုင်အိမ်မှာသောင်းကျန်းနေပြန်ပီတဲ့… မြန်မြန်လာကြဟေ့” လို့အော်ပြောလိုက်တော့ ကစားနေတဲ့ကလေးတွေက ဆော့နေတာကို ရပ်ပြီး ရွာထဲဘက်ကို ပြန်ပြေးသွားကြတယ်။ ပြေးရင်းလွှားရင်း ပိန်ပိန်ညှက်ညှက်နဲ့ကလေးတစ်ယောက်က ညောင်မြစ်နဲ့ခလုပ်တိုက်ပြီး လဲကျသွားတာကြောင့် မောင်ကောင်းနဲ့ခွန်းလှက ဆွဲထူလိုက်ရင်း

“ ဘယ်လိုဖြစ်လို့ အလောတကြီး ပြေးရတာလဲ ကောင်ကလေး”

“ အရူးစိုးနိုင်ကိုသွားကြည့်မလို့လေ”

“ အရူးတစ်ယောက်ကို သွားကြည့်တာများ ဒီလောက်ထိ ပြေးရလား”

“ ဦးလေးက ဘာမှမသိပဲနဲ့ အရူးစိုးနိုင်က သူစိတ်ဖောက်ပြီဆိုရင် အိမ်ကိုပဲပြဿနာရှာတာ၊ သားတို့ကိုတွေ့ရင် သူ့စိတ်က ပြန်ငြိမ်သွားလို့ သူ့အမေက စိတ်ဖောက်တိုင်း ကလေးတွေကို လာလာခေါ်ခိုင်းတာဗျ၊ သားတို့ရောက်ရင် သူ့အမေက မုန့်တွေအချိုရည်တွေလဲကျွေးသေးတယ်”

“ အော် အဲလိုလား…”

မောင်ကောင်းက တအံ့တဩနဲ့ရေရွတ်ရင်း ရွာထဲပြေးသွားတဲ့ကလေးရဲ့နောက်ကျောကို ကြည့်နေခဲ့လိုက်တယ်။

“ မောင်ကောင်း… ရွာထဲခဏဝင်ကြရအောင်”

ရုတ်တရက်ထွက်လာတဲ့ အောင်မြတ်သာရဲ့အသံကြောင့် မောင်ကောင်းရော ခွန်းလှပါ ချထားတဲ့လွတ်အိတ်တွေကို ကောက်လွယ်လိုက်ပြီး ဆရာဖြစ်သူရဲ့နောက်ကို လိုက်သွားခဲ့ကြတယ်။

အောင်မြတ်သာတို့ရွာထဲဝင်လာတော့ ကလေးတွေစုရုံးစုရုံးဖြစ်နေတဲ့ အိမ်တစ်အိမ်ကိုမြင်တွေ့လိုက်ရတယ်။

“ ဆရာ.. ဒီအိမ်က ခုနက ကလေးတွေပြောတဲ့အိမ်ပဲဖြစ်မယ်”

အောင်မြတ်သာက ခြံဝိုင်းထဲက ကွပ်ပြစ်မှာထိုင်နေတဲ့ လူတစ်ယောက်ကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ပြီး

“ အဲဒီလူက ပြန်ကောင်းနိုင်သေးတာပဲ…” လို့ ခပ်တိုးတိုးလေးရေရွတ်လိုက်တယ်။

“ ဦးလေး… ဘာလုပ်နေတာလဲ”

အသံကြားလို့ လှည့်ကြည့်လိုက်တော့ ညောင်ပင်အောက်မှာ ချော်လဲခဲ့တဲ့ ကလေးဖြစ်နေတာကိုမြင်လိုက်ရတယ်။

“ မင်းတို့လူက ငြိမ်သွားပြီလား”

“ ငြိမ်သွားပြီဗျ… ခုနကတော့ အတော်သောင်းကျန်းနေသေးတာ”

“ ဒါဆို မင်းတို့မုန့်စားရတော့မှာပေါ့”

မောင်ကောင်းစကားကြောင့် သွက်လက်ဟန်ရှိတဲ့ ကလေးက သဘောကျစွာရယ်လိုက်ပြီး

“ ဟော.. ဟိုမှာ ဒေါ်လေးမေပြန်လာပြီ”

“ ဟဲ့ ဖိုးခွေး… ဘယ်သူတွေနဲ့ စကားပြောနေတာလဲ”

“ ညောင်ပင်အောက်မှာ တွေ့ခဲ့တဲ့သူတွေပါ ဒေါ်လေး..”

အောင်မြတ်သာက အသက်၅၀ကျော်အရွယ်ရှိတဲ့ ဒေါ်လေးမေဆိုသူကို ကြည့်လိုက်ပြီး

“ အစ်မကြီးရဲ့သားက ဒီလိုဝေဒနာခံစားနေရတာ အတော်ကြာပြီလား”

“ လေးငါး‌လလောက်တော့ရှိပြီထင်တယ်… ဆရာတွေနဲ့ကုတာလဲ အတော်စုံနေပါပြီ… မသက်သာဘူး ငါ့မောင်တို့ရေ”

“ ကျွန်တော်တို့ခဏကြည့်လို့ရမလား…”

“ ငါ့မောင်တို့ နားလည်တတ်ကျွမ်းရင် ကြည့်ပေးပါဦးကွယ်”

အောင်မြတ်သာလဲ ခွင့်ပြုချက်ရပြီမို့ ကွပ်ပြစ်မှာ ထိုင်နေတဲ့ လူငယ်ကို အိမ်ပေါ်ခေါ်တင်လာပြီး ဘုရား ကျောင်းဆောင်ရှေ့မှာ ထိုင်စေကာ ရေသန်သန့်တစ်ခွက်တောင်းယူလိုက်တယ်။

“ မင်းနာမည် ဘယ်လိုခေါ်လဲ”

“ မောင်စိုးနိုင်လို့ခေါ်တယ်”

“ အခု မင်းစိတ်ထဲ ဘယ်အကြောင်းအရာကို သတိရနေလဲဆိုတာ ပြောပြလို့ရမလား”

အောင်မြတ်သာစကားကြောင့် မောင်စိုးနိုင်ရဲ့ မျက်လုံးသူငယ်အိမ်က ရုတ်တရက်ကျဉ်းလာပြီး

“ မြပုလဲသွယ်… မြပုလဲသွယ်… သူ့ကိုကြောက်တယ် သူ့ကကြောက်စရာကြီး” လို့ပြောပြီး ထပြေးဖို့အလုပ် ဘေးမှာ အသင့်စောင့်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှက ဖမ်းချုပ်ထားလိုက်ကြတယ်။

“ အရမ်းစိတ်မလှုပ်ရှားနဲ့ ကောင်လေး… ခဏနေရင် မင်းစိတ်တွေအရင်လိုပြန်ဖြစ်လာတော့မှာပါ”

အောင်မြတ်သာက ရေခွက်ထဲက ရေကို လက်ညိုးနဲ့ဆွဲယူပြီး မျက်နှာကို တောက်ချလိုက်တယ်။

“ စိတ်ကိုငြိမ်ငြိမ်လေးထား… မြင်နေရတဲ့ မကောင်းသောမြင်ကွင်းတွေကို ဆိုင်ရာပုဂ္ဂိုလ်များက မမြင်အောင် ကူညီပေးပါ”လို့ပြောပြီး ညာလက်ညိုးနဲ့ နဖူးကို ထောက်ထားလိုက်ရာ ရုန်းကန်နေတဲ့ လူက တစ်ဖြေးဖြေးငြိမ်သက်လာခဲ့တယ်။

“ စိတ်ထဲနေရတာအဆင်ပြေလာတယ်မဟုတ်လား”

အောင်မြတ်သာရဲ့အမေးကို ထိုင်နေတဲ့လူငယ်က ခေါင်းညိမ့်ပြပြီးထောက်ခံခဲ့တယ်။

“ မောင်ကောင်း…လိပ်ပြာချုပ်အင်းကို သူ့လည်ပင်းမှာ ဆွဲထားပေးလိုက်”

မောင်ကောင်းလဲ လိပ်ပြာချုပ်အင်းကို အပ်ချည်ကြိုးနဲ့ချည်ပြီး လည်ပင်းမှာဆွဲပေးလိုက်တော့မှ သာမန်လူအတိုင်း သတိပြန်ဝင်လာခဲ့တယ်။

“ ကြောက်စိတ်တွေရှိနေသေးလား”

“ အရင်ကလိုတော့ မကြောက်တော့ပါဘူး၊ စိတ်ကိုလဲ ထိန်းနိုင်လာတယ်”

“ ကျေးဇူးတင်လိုက်တာဆရာတို့ရယ်… ဒါဆို ကျွန်မသားက လူကောင်းအတိုင်းပြန်ဖြစ်ပြီပေါ့နော်”

“ သူ့အတွက်လုပ်ပေးထားတဲ့အဆောင်ကို တစ်ပတ်လောက်မချွတ်တမ်းဝတ်ထားပေးပါ၊ မနက်အိပ်ယာနိုးတဲ့အချိန်မှာလဲ အခုပေးခဲ့မယ့် ဆေးပြာကို ကွမ်းရိုးတစ်တို့စာ ကျွေးပေးပါ”

အောင်မြတ်သာက မှာစရာရှိတာမှာပြီး အင်းတစ်ချပ်ကိုပြာချကာ မိုင်းကိုင်စက္ကူနဲ့ထုပ်ပြီး လှမ်းပေးလိုက်တယ်။

ခြံပြင်ရောက်တော့ လူနာရဲ့မိခင်ဖြစ်သူက

“ ဆရာတို့ကို ကျေးဇူးတင်ပါတယ်ရှင်… သားလေးက ကျီးအာရွာမှာ ဖြစ်ပြီးထဲက အခုလိုမူမမှန်ဖြစ်နေတာအတော်ကြာရောပေါ့… အင်း သူကြုံခဲ့ရတာကလဲ သွေးပျက်စရာဖြစ်နေတာကိုး”

“ ကျီးအာရွာမှာ ဖြစ်ခဲ့တဲ့ ကိစ္စဆိုတာ ဘာများလဲ”

“ ဖြစ်စဉ်က ဒီလိုပါ”

ဒေါ်လေးမေဆိုသူက စိုးနိုင် ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို အစအဆုံးရှင်းပြလိုက်ရာ

“ ဒီဖြစ်စဉ်တွေရဲ့ ဇစ်မြစ်က ကျီးအာရွာက စခဲ့တာကိုး… ဒါနဲ့ ကျီးအာရွာက ဒီကနေ သွားရသေးလား”

“ အရမ်းကြီးမသွားရပါဘူး… နာရီဝက်လောက်ဆို ရောက်ပါပြီ… အော် ဒါက ဆရာတို့ကို ကျွန်မ နိုင်သလောက် ကျေးဇူးဆပ်တာပါ၊ လက်ခံပေးပါနော်”

ဒေါ်လေးမေက လက်ထဲဆုပ်ကိုင်ထားတဲ့ ငွေအချို့ကို ‌ကမ်းပေးတော့ အောင်မြတ်သာက လက်ကာပြပြီး

“ ဒီငွေတွေကို လူနာအတွက် လိုတဲ့နေရာမှာသုံးလိုက်ပါ… ကျွန်တော်တို့အတွက် မလိုပါဘူး”လို့ပြောကာ ကျီးအာရွာဘက်ကို ထွက်လာခဲ့လိုက်တယ်။

ဒေါ်လေးမေပြောသလို နာရီဝက်ခန့် လမ်းလျောက်ပြီးချိန်မှာတော့ ခရေပင်တွေကို ညီညာစွာစိုက်ပျိုးထားတဲ့ ကျီးအာရွာထိပ်ကို ရောက်လာခဲ့ကြတယ်။ ရွာအဝင်ဝကိုရောက်တော့ အောင်မြတ်သာက ရုတ်တရက်ရပ်လိုက်ပြီး

“ ဒီရွာက အတော်ကိုအခြေအနေစိုးနေပြီပဲ” လို့ ခပ်တိုးတိုးလေး ညဉ်းတွားလိုက်တယ်။

အောင်မြတ်သာတို့ ရွာလမ်းထဲကိုဝင်လာတဲ့အချိန်က နွားရိုင်းသွင်းချိန် ဖြစ်နေတာကြောင့် လယ်ထဲကပြန်လာသူအချို့ကိုသာ မြင်တွေ့ရပြီး သူတို့မျက်နှာမှာလဲ ကြောက်လန့်နေတဲ့ ပုံရိပ်တွေ အထင်းသားပေါ်လွင်နေခဲ့တယ်။

“ ခဏလေးနေပါဦးဗျ…”

အောင်မြတ်သာအသံကြောင့် ပေါက်တူးကို ပခုံးပေါ်ထမ်းပြီးသွားနေတဲ့ လူနှစ်ယောက်က နောက်လှည့်ကြည့်လိုက်ပြီး

“ ဘာကိစ္စလဲ… မြန်မြန်ပြောဗျာ”

“ မိတ်ဆွေတို့ကို ကြည့်ရတာ ရေးကြီးသုတ်ပြာဖြစ်နေသလိုပဲ”

“ မဖြစ်လို့လဲမရဘူးလေ… အလင်းရောင်ပျောက်တာနဲ့ မပုလဲက ဒုက္ခပေးနေတာကိုး”

“ မပုလဲ ဟုတ်လား… သူကဘယ်လို ဒုက္ခပေးတာလဲ”

“ ဟာ.. ခင်ဗျားတို့မေးတာဖြေဖို့အချိန်မရှိဘူး… သိချင်ရင် အိမ်သာလိုက်ခဲ့ကြဗျာ”

အောင်မြတ်သာတို့လဲ ဖိတ်ခေါ်ချက်ကို မငြင်းပဲ ရှေ့ကနေ ခပ်သုတ်သုတ်ထွက်သွားတဲ့ သူရဲ့နောက်ကို လိုက်လာခဲ့ကြတယ်။

ရွာလယ်လမ်းမကြီးရဲ့ဘေး လမ်းသွယ်ထဲကိုရောက်တော့ ဝါးတွေကိုခွဲခြမ်းပြီး ခြံစည်းရိုးသဖွယ်ပြုလုပ်ထားတဲ့ အိမ်တစ်လုံးရှေ့ကို ရောက်တော့ ပေါက်တူးကိုင်ထားတဲ့လူက

“ ခင်ဗျားတို့က ဒီနယ်ကမဟုတ်ဘူးထင်တယ်…’’

“ ကျုပ်တို့က ဒီကိုအခုမှရောက်ဖူးတာ…ဒါကြောင့် ရွာမှာဘာတွေဖြစ်နေတယ်ဆိုတာ မသိဘူးဗျ”

“ ဟင်း… အချိန်လဲ လင့်နေပြီ၊ အခုချိန်မှခရီးဆက်ရင်လဲ လမ်းမှာတင် မိုးချုပ်မှာဆိုတော့ ကျုပ်အိမ်မှာပဲ တစ်ညတည်းလိုက်ပေါ့၊ ခင်ဗျားတို့ပုံစံကြည့်ရတာ လူကောင်းတွေနဲ့တူပါတယ်”

“ မိတ်ဆွေက လူကဲခတ်တော်သားပဲ… ကျုပ်တို့က နယ်လှည့်ပြီး ပယောဂလိုက်ကုနေတဲ့သူတွေပါ၊ ဟောဒီမှာကြည့်”

အောင်မြတ်သာက လွယ်အိတ်ထဲမှာရှိတဲ့ပစ္စည်းတွေကိုသွန်ချလိုက်ရာ အင်းစမအချို့နဲ့ အင်းဆွဲတဲ့အခါ အသုံးပြုတဲ့ အရာတွေ ထွက်ကျလာခဲ့တယ်။

“ ခင်ဗျားတို့က ဆရာတွေပဲ… အဆင်သင့်လိုက်တာဗျာ… ကျုပ်တို့ရွာမှာ သောင်းကျန်းနေတဲ့ မပုလဲကို ဆုံးမပေးပါဦး”

“ အမှန်တိုင်းပြောရရင် ကျုပ်တို့လဲ မပုလဲ အကြောင်းသိချင်ပါတယ်”

“ ဒီသရဲမကအတော်ဆိုးဆိုးပဲဗျာ… ညမှောင်ရီပျိုးတာနဲ့ တစ်ရွာလုံးလှည့်ပတ်ပြီး ခြောက်လှန့်နေတာ လေးငါးလလောက်ရှိရောပေါ့”

“ ဒါကို ရွာက ဘာမှမလုပ်ကြဘူးလား… ကမ္မဝါဖတ်တာပဲဖြစ်ဖြစ်၊ ပရိတ်ရွတ်တာပဲဖြစ်ဖြစ်ပေါ့”

“ မလုပ်ရိုးလားဆရာရယ်… ရွတ်ရင်လဲ ရက်ပိုင်းလောက်ပဲငြိမ်သွားတာ၊ ပြီးရင် ပိုပိုဆိုးလာတာဗျ၊ လွန်ခဲ့တဲ့ လကဆိုရင် ပရိတ်ရွတ်နေတဲ့ ဉူးဇင်းလေးတွေကို ခဲတွေသဲတွေနဲ့ကိုပက်တာ၊ ကျုပ်တို့ရွာမှာကလဲ ထေရ်ကြီးဝါကြီးသံဃာမရှိတာမို့ ဒီသရဲမ လုပ်ချင်တိုင်းလုပ်နေတာထင်တယ်”

“ ဒါကြောင့် မှောင်စပျိုးတာနဲ့ တစ်ရွာလုံး အိမ်တံခါးပိတ်ပြီးနေကြတာကိုး”

“ ဟုတ်တယ်ဗျ… လပြည့်လကွယ်နေ့တွေဆိုရင် ပုလဲလုံးဝမ်းဆက်ဝတ်ပြီး ရွာလမ်းတွေပေါ်မှာ လမ်းလျောက်နေတာ အတော်များများမြင်ဖူးကြတယ်”

အောင်မြတ်သာနဲ့ အိမ်ရှင်လူကြီးတို့ စကားကောင်းနေတဲ့အချိန် ရွာအနောက်ပိုင်းကနေ အလန့်တကြားအော်ဟစ်တဲ့အသံတစ်ခု ထွက်လာခဲ့တယ်။

“ ဟိုသရဲမ မွှေပြန်ပြီထင်တယ်… ဆရာတို့ရောက်တုန်းလေး သွားကြည့်ပေးပါလို့ တောင်းဆိုပါတယ်”

“ ရပါတယ်… ကျုပ်တို့သွားကြည့်ပေးမယ်၊ ခင်ဗျားလဲလိုက်ခဲ့လေ၊ လူခံရှိတော့ပိုအဆင်ပြေတာပေါ့”

အိမ်ရှင်လူကြီးလဲ ချွေးစိုနေတဲ့အင်္ကျီကို မချွတ်နိုင်ပဲ အောင်မြတ်သာတို့နဲ့အတူ အသံကြားတဲ့ဘက်ကို လိုက်ပါလာခဲ့တယ်။

“ ဟေ့ မစောရင် ဘယ်သူ့အိမ်ဖြစ်ပြန်ပီလဲ”

ခြံပြင်ကနေ လှမ်းမေးလိုက်တာကြောင့် အိမ်တံခါးကို လှပ်ပြီးကြည့်နေတဲ့ မိန်းမကြီးက

“ ကိုဘမြင့်အိမ်လို့ထင်တာပဲ…”

“ အေးအေး… ငါသွားကြည့်လိုက်ဦးမယ်”

အိမ်ရှင်လူကြီးလဲ အောင်မြတ်သာတို့ကို ခေါ်ဆောင်ပြီး လမ်းကြားလေးထဲဝင်သွားတဲ့အချိန် ဆံပင်ဖားလျားချထားတဲ့မိန်းမတစ်ယောက် သစ်ပင်အနောက်ကနေ ဖြတ်သွားတာ ရိပ်ခနဲ မြင်လိုက်ရတယ်။

“ ဆရာ… မြင်လိုက်လား”

“ အင်း… မြင်လိုက်တယ်၊ သူက ဒီနေရာကို အတော် ကျွမ်းကျင်နေပီထင်တယ်၊ အခုတော့ အသံကြားတဲ့အိမ်ကိုအရင်သွားကြရအောင်”

အောင်မြတ်သာတို့ရောက်တော့ အသက်နှစ်ဆယ်အရွယ်ကောင်မလေးတစ်ယောက် မျက်ဖြူလန်ကာ အမောဖောက်နေတာကို မြင်လိုက်ရတယ်။

“ ကိုဘမြင့်… ဘယ်လိုဖြစ်တာလဲ”

“ ငါလဲမသိဘူး သန်းအောင်ရာ… ထမင်းစားနေတုန်း အိမ်အနောက်က အော်သံကြားလို့သွားကြည့်တာ အခုလိုဖြစ်နေတာပဲ”

“ ဆရာ… ဒီကောင်မလေးကို ကြည့်ပေးပါဦး”

အောင်မြတ်သာလဲ မျက်ဖြူလန်နေတဲ့ ကောင်မလေးကို သင့်တင့်တဲ့ နေရာမှချခိုင်းပြီး ဦးခေါင်းထက်ကို လက်နဲ့အုပ်ကာ

“ မိစ္ဆာနာနာဘာဝ၊ အစိမ်းသရဲတို့၏ ခြောက်လှန့်ပူးကပ်မှုကြောင့်ယခုလိုဝေဒနာခံစားနေရပါက မိမွေးတိုင်းဖမွေးတိုင်း အတိုင်းဖြစ်စေ” လို့အမိန့်ပြန်လိုက်ရာ မျက်ဖြူလန်နေတဲ့ ကောင်မလေးက ဆတ်ခနဲတွန့်တက်သွားပြီး အလန့်တကြားငိုပါလေရော။

အားရပါးရငိုပြီး ရပ်သွားတော့မှ အောင်မြတ်သာက

“ ဘာမြင်လိုက်တယ်ဆိုတာ ဆရာတို့ကိုပြောပြပေးလို့ရလား” လို့မေးလိုက်ရာ ကြောက်တဲ့စိတ်နဲ့တုန်ရီနေတဲ့ကောင်မလေးက အိမ်နောက်ဖေးကို လက်ညိုးထိုးပြီး

“ အဖေတို့ထမင်းစားပြီးရင် ပန်းကန်ဆေးဖို့ ရေစည်ထဲကနေ ရေခပ်နေတဲ့အချိန် မျက်နှာကို ဆံပင်စတွေလာစင်လို့ လှည့်ကြည့်လိုက်တာ ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့မျက်နှာကြီးက သွားဖြဲပြီးရယ်ပြနေတာ.. သမီးလဲ ရုတ်တရက်မို့ အသံတောင်မထွက်နိုင်ပဲ လဲကျသွားတဲ့အချိန် အဲဒီမိန်းမက သမီးအနားတိုးလာပြီး သူအိမ်ပြန်ချင်တယ်ဆိုပြီးပြောတာ၊ အဲဒီနောက်ပိုင်း သမီးအော်လိုက်တာပဲ မှတ်မိတော့တယ်”

“ ဘာမှမဖြစ်တော့ဘူးနော် စိတ်အေးအေးထားလိုက်၊ ဆရာတို့လဲသမီးအတွက် အဆောင်လုပ်ပေးခဲ့ပါမယ်”

အောင်မြတ်သာလဲ ခြောက်လှန့်ခံထိတဲ့ကောင်မလေးအတွက် သိမ်ဝင်ပရိတ်ကြိုးကို ကိုးခေါက်ခေါက်ပြီး လက်မှာပတ်ပေးရင်း အိမ်ရှေ့ကိုအမှတ်မထင် လှမ်းကြည့်လိုက်ရာ ရပ်ကြည့်နေတဲ့ လူတွေကြားထဲမှာ အတါဖျော့ရောင်ပုလဲလုံးဝမ်းဆက်ဝတ်ဆင်ထားတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

+++++

“ ဆရာတို့မြင်ပြီမဟုတ်လား… ဒီသရဲမ အခုလိုလုပ်နေတာ အတော်ကြာပြီ”

ကွမ်းယာနေရင်းလှမ်းပြောလိုက်တဲ့ အိမ်ရှင်လူကြီးရဲ့ စကားကြောင့် ရေနွေးကြမ်းသောက်နေတဲ့ အောင်မြတ်သာက

“ ကျုပ်လဲ ဒီမိန်းမကိုမြင်လိုက်ပါတယ်… သူကအမြဲတမ်းပုလဲလုံးဝမ်းဆက်ဝတ်ထားတာ မဟ်ယုတ်လား”

“ ဟုတ်တယ်ဆရာ… ခြောက်ခံထိတဲ့သူတိုင်းပြောတာကလဲ ပုလဲလုံးဝမ်းဆက်ဝတ်ထားတာတဲ့”

“ ညဦးပိုင်းက ခြောက်ခံထိတဲ့ ကောင်မလေးပြောတဲ့စကားထဲမှာ သူအိမ်ပြန်ချင်တယ်လို့ပြောတယ်ဆိုပဲ၊ ဒါကိုကြည့်ခြင်းအားဖြင့် ဒီသရဲမက ဒီရွာမှာသေတဲ့သူမဟုတ်ဘူး”

“ ဆရာပြောမှ သတိထားမိတယ်၊ ဖိုးကတုံးနဲ့ ကြွက်နီတို့ခြောက်ခံထိတုန်းကလဲ သူ့ကိုအိမ်ပြန်ခေါ်သွားမယ်မဟုတ်လားဆိုပြီးပြောတယ်တဲ့”

“ ဒါဆို ဒီသရဲမက ရွာထဲကို အကြောင်းတစ်ခုခုကြောင့်ရောက်လာပြီး ပြန်ထွက်လို့မရတာဖြစ်မယ်”

“ ဆရာတို့ မောင်းထုတ်နိုင်ရင် မောင်းထုတ်ပေးပါဗျာ၊ ရှေ့လထဲ ညဘက်ရေသွင်းဖို့ ရှိသေးတယ်၊ အဲလိုမှမသွင်းရဘူးဆိုရင် စပါးခင်းတွေ အကုန်ပျက်ကုန်မှာ”

“ သိပ်လဲစိတ်မပူပါနဲ့… တစ်ရက်နှစ်ရက်အတွင်း ဒီကိစ္စကို ဖြေရှင်းပေးပါ့မယ်”

အောင်မြတ်သာရဲ့စကားကြောင့် အိမ်ပိုင်ရှင် လူကြီးရဲ့မျက်နှာက အပြုံးရိပ်တွေသမ်းလာပြီး နေကျပ်တဲ့အရိပ်ယောင်တွေပေါ်လာခဲ့တယ်။

+++++

ရေနံဆီမီးအိမ်အလင်းရောင် မှိန်ပြပြက တစ်အိမ်လုံးမြင်ရတဲ့အထိ ဖြန့်ကျက်နေခဲ့တယ်။ အလုပ်ပင်ပန်းတာကြောင့် အိပ်မောကျနေတဲ့ အိမ်ပိုင်ရှင်လူကြီးရဲ့ ဟောက်သံက စည်းချက်ညီညီ ထွက်ပေါ်နေတဲ့အချိန် အောင်မြတ်သာက အိပ်နေရာကနေ အသာထပြီး

“ မောင်ကောင်း၊ ခွန်းလှ… ငါနဲ့လိုက်ခဲ့” လို့ပြောကာ အိမ်အောက်ကိုအသာလေးဆင်းလာခဲ့လိုက်တယ်။ ဆရာတပည့်သုံးယောက် ခြံပြင်ကိုရောက်တော့ ရွာအနောက်ပိုင်းကနေ စူးစူးဝါးဝါးထွက်လာတဲ့ ခွေးအူသံ။

“ ဆရာ … ဘယ်သွားမလို့လဲ”

“ ရွာထိပ်က သပြေပင်ကိုသွားမလို့…ဟိုရောက်ရင် ဒီသရဲမအကြောင်းတစ်ခုခုသိမယ်ထင်တယ်”

အောင်မြတ်သာတို့လဲ လရောင်ကို အားပြုပြီး ရွာထိပ်ကသပြေပင်ရှိတဲ့ဘက်ကိုထွက်လာခဲ့ရာ အပင်အောက်ကိုရောက်တော့ ပင်စည်ကို လက်နဲ့ခေါက်ပြီး

“ သပြေပင်မှာနေထိုင်ကြတဲ့ ပုဂ္ရိုလ်တွေထဲက သက်တမ်းအကြာဆုံးပုဂ္ဂိုလ် ကျုပ်ရှေ့ကို ရောက်စေ” လို့ပြောလိုက်ရာ တောင်ဘက်စွန်းစွန်းမှာ ထွက်နေတဲ့ သပြေကိုင်းက လေမတိုက်ပဲ လှုပ်ခါလာပြီး သာမန်လူသုံးယောက် ပူးကပ်ထားတဲ့အရွယ်ရှိတဲ့ လူမဲမဲဝဝကြီး ခုန်ဆင်းလာခဲ့တယ်။

“ သင်က သပြေပင်မှာနေတဲ့ကာလအကြာဆုံးသူလား”

“ ဟုတ်တယ်… ငါက ဒီမှာနေတာ နှစ်၇၀ရှိပြီ၊ ဘာလို့ ငါ့ကိုမှရွေးခေါ်ရတာလဲ”

“ သင့်ကိုမေးစရာရှိလို့ ခေါ်လိုက်တာပါ… သင်က သပြေပင်မှာနေတာကြာပြီဆိုတော့ ရွာထဲမှာ ဖြစ်နေတဲ့ကိစ္စတွေကို သိလောက်မှာပေါ့”

“ ဟိုကောင်မ ကိစ္စကိုပြောတာလား”

“ ဟုတ်တယ်… သူက ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ”

“ ငါလဲ အတိအကျမသိဘူး… အဲဒီကောင်မက ငါတို့ကိုတောင် အဖက်လုပ်တာမဟုတ်ဘူး”

“ သင့်လို ဗိမ္မာန်ရှိတဲ့သူကိုတောင် ဂရုမစိုက်ဘူးဆိုတော့ သူ့ကိုမောင်းထုတ်နိုင်မယ့်သူ ရွာမှာမရှိဘူးဆိုတဲ့သဘောပေါ့”

“ ငါတို့က ဒီအပင်အရိပ်ကျတဲ့နေရာထိပဲသွားလို့ရပေမယ့် ဒီကောင်မက တစ်ရွာလုံး လှည့်ပတ်သွားနေတာ၊ နယ်ပိုင်ကွင်းပိုင်တွေကလဲ ဘာမှမပြောဘူးဆိုတော့ ငါလဲ မသိသလိုနေပြီး လွှတ်ထားလိုက်ရတာ”

“ ဒီ‌လောက်သိရတာကျေနပ်ပါတယ်၊ သင်လဲ ကိုယ့်နေရာကိုယ်ပြန်နိုင်ပါပြီ”

အောင်မြတ်သာ ခွင့်ပြုလိုက်တာနဲ့ မဲမဲဝဝပုဂ္ဂိုလ်က သပြေပင်ပေါ်ကို ကြောင်တစ်ကောင်လိုခုန်တက်ပြီး ပျောက်ကွယ်သွားခဲ့တယ်။

အိမ်ပြန်ရောက်တော့ အောင်မြတ်သာက ချက်ချင်းမအိပ်သေးပဲ တရားထိုင်နေတဲ့အချိန်

“ လက်ရှိကြုံနေတဲ့ပြဿနာကို တိုက်ကြက်စမသုံးပြီး ‌ဖြေရှင်းပါ၊ ဒီနည်းလမ်းသုံးတဲ့အခါ လူအများရဲ့ရှေ့မှောက်မှာ ထင်သာမြင်သာရှိအောင်လုပ်ပါ” ဆိုတဲ့အသံကို ပီပီသသကြီးကြားလိုက်ရတယ်။

အောင်မြတ်သာလဲ တရားဖြတ်တာနဲ့ စမအက္ခရာတွေကိုကြက်တစ်ကောင်နဲ့တူအောင်ရေးဆွဲပြီး အသက်သွင်းကာ အသင့်ဆောင်ထားလိုက်တယ်။

မနက်မိုးလင်းတော့ အိမ်ရှင်လူကြီးကို အကျိုးကြောင်းပြောပြီး ခွပ်လက်မထိုးရသေးတဲ့ ကြက်ဖတစ်ကောင်ရှာစေခဲ့တယ်။ ကြက်ဖရတာနဲ့ တစ်ကိုယ်လုံးကို တရော်ကင်မွန်းပေး၊ ဆေးကြောပြီး တိုက်ကြက်စမကို ပြာချကာ ခြေထောက်မှာ ကြိုးနဲ့ချည်ထားပေးလိုက်တယ်။

အားလုံး လုပ်သင့်တာလုပ်ပြီးချိန်မှာတော့ ရွာလူကြီးအချို့ရှေ့မှောက်မှာတင် ကြက်ဖကိုလွှတ်ချပေးလိုက်တယ်။

“ ဆရာ… ကျွန်တော်တို့ ကြက်ဖနောက်လိုက်ရမှာလား”

“ ဟုတ်တယ်… သူယက်တဲ့နေရာကို တူးကြည့် ထူးခြားတာတွေ့လိမ့်မယ်”

ရွာခံလူတွေလဲ ကြက်ဖသွားတဲ့နောက်ကို လိုက်ကြရာ ဦးတိုးကြီးအိမ်အနောက်က ဗန်ဒါပင်အောက်ကို ယက်နေတာမြင်လိုက်ရတယ်။

“ ဒါ ဒါ ဖိုးကတုံးတို့ခြောက်ခံထိတဲ့နေရာပဲ”

“ ဒီမှာ တစ်ခုခုရှိနေပြီထင်တယ်…”

လိုက်ကြည့်ကြတဲ့လူတွေရဲ့ စကားသံကြောင့် စိတ်မြန်လက်မြန်ရှိတဲ့ ရွာခံအချို့က ဗန်ဒါပင်အောက်ကို တူးကြည့်ရာ အဝါရောင် ပုလဲလုံးအဝတ်နဲ့ လုံးထွေးနေတဲ့ အရိုးတစ်ချောင်း ထွက်လာခဲ့တယ်။

ရွာခံတွေအားလုံးလဲ မြင်ရတဲ့ အရာကြောင့် ဟာခနဲ ဟင်ခနဲဖြစ်သွားကြသလို အောင်မြတ်သာတို့ကို ချီးကျုးတဲ့အသံတွေ ထွက်လာခဲ့တယ်။

ကြက်ဖလေးကလဲ အရိုးချောင်းထွက်လာပြီးတာနဲ့ တောင်ပံနှစ်ဖက်ကိုဖြန့်ကာ နောက်တစ်နေရာကို ပြေးပါလေရော။ လူတွေကလဲ ကြက်ဖသွားတဲ့နောက်ကို လိုက်ကြရာ မြေစာတွေပုံထားတဲ့ နေရာတစ်ခုဆီကိုရောက်လာခဲ့တယ်။ အဲဒီနေရာကို ထပ်တူးကြည့်ရာ အရိုးကျနေတဲ့ ဦးခေါင်းခွံတစ်ခု ထပ်ထွက်လာခဲ့တယ်။

ဒီလိုနဲ့ ရှစ်နေရာတိတိတူးပြီးတဲ့အခါမှာတော့ ကြက်ဖက ဘယ်မှထပ်မသွားတော့ပဲ အောင်မြတ်သာအနားကိုလာကာ တဂွတ်ဂွတ်နဲ့ အော်ပါလေရော။

ရွာခံတွေလဲ တူးလို့ထွက်လာတဲ့အရိုးတွေကိုစုလိုက်ရာ လူတစ်ကိုယ်စာပုံဖော်လို့ရနိုင်တဲ့အထိ ဖြစ်သွားခဲ့တယ်။

ဒါပေမယ့် ဒီအရိုးစုတွေက ဘယ်လိုဖြစ်ပြီး တစ်ရွာလုံးပြန့်ကျဲနေတာလဲ၊ ဘယ်သူက အခုလို အလောင်းကို တစ်စစီ လုပ်ထားတာလဲဆိုတဲ့ မေးခွန်းတွေက ကြွက်စိကြွက်စိထွက်လာခဲ့တယ်။ အဲဒီအချိန် လူအုပ်ထဲမှာရှိနေတဲ့ ကောင်လေးတစ်ယောက်က မျက်နှာကို လက်ဝါးနဲ့အုပ်ကာ ရှိုက်ကြီးတငင်ငိုပါလေရော။

“ ဟိတ်… မောင်နိုင်ထွန်း… ဘာလို့ငိုနေတာလဲ”

“ ငါ မောင်နိုင်ထွန်း မဟုတ်ဘူး…. ငါ့နာမည် မြပုလဲသွယ် အဟင့်အဟင့်”

ယောင်္ကျားလေးဆီကနေ မိန်းမအသံထွက်လာတာကြောင့် ရပ်ကြည့်နေတဲ့သူတွေအားလုံး အံ့အားသင့်သွားခဲ့ရတယ်။

“ နင်က မြပုလဲသွယ်လား”

အောင်မြတ်သာရဲ့အသံကြောင့် ငိုနေတဲ့ကောင်လေးက မျက်ထောင့်နီနဲ့ လှမ်းကြည့်ပြီး

“ ဟုတ်တယ်… ငါနာမည် မြပုလဲသွယ်”

“ ဒီအရိုးတွေက နင်ခန္ဓာကိုယ်အပိုင်းအစပေါ့”

“ သူတို့တွေငါ့ကို မသေပဲမြုပ်ပစ်ခဲ့ကြတယ်… ငါအကုန်လုံးသိနေပေမယ့် ဘာမှမလုပ်နိုင်ခဲ့ဘူး… ငါအိမ်ပြန်ချင်တယ်… ငါ့ကိုအိမ်ပြန်ပို့ပေးပါ”

“ နင်ကို ဘယ်သူတွေ မြေမြုပ်ခဲ့ကြတာလဲ”

“ ငါမသိဘူး… ငါမမှတ်မိဘူး…ငါနေတဲ့ ရွာထိပ်မှာ ကရမက်ပင်တစ်ပင်ရှိတာပဲသိတယ်”

“ ကရမက်ပင် ဟုတ်လား… ဒီအနီးတစ်ဝိုက်မှာ ကရမက်ပင်မှမရှိတာ… တစ်ခုခုလွဲနေပြီထင်တယ်”

“ ကရမက်ပင်ဆိုတာ မြင်တောင်မမြင်ဖူးဖူးလေ”

ရွာခံတွေရဲ့စကားကြောင့် အောင်မြတ်သာ မျက်မှောင်ကျုံ့လိုက်ပြီး

“ မဟုတ်သေးဘူး… သူပြောတာတွေက အမှန်ဖြစ်နိုင်တယ်၊ ကရမက်ပင်ရှိတဲ့ရွာကို ဘယ်သူသိကြသေးလဲ” လို့မေးလိုက်ရာ လူအုပ်ရဲ့အနောက်ကနေ အသက်၆၀အရွယ် လူကြီးတစ်ယောက် ထွက်လာခဲ့တယ်။

“ သူပြောတဲ့ရွာက ယက်ကန်းစင်ရွာများဖြစ်နေမလား”

“ အဘပြောတဲ့ ယက်ကန်းစင်ရွာဆိုတာ ကြားတောင်မကြားဖူးဖူး”

“ ဒီအနီးနားမှာ မရှိဘူးထင်တယ်နော်”

“ ယက်ကန်းစင်ရွာဆိုတာ ဒီကနေ လေးနာရီလောက် သွားရတယ်ကွယ့်… အဘတို့အသက်၃၀လောက်က တစ်ခါရောက်ဖူးတယ်၊ ရွာထိပ်မှာ လူတစ်ဖောင်စာလောက်မြင့်တဲ့ ကရမက်ပင်တစ်ပင်ရှိတာမြင်ဖူးတယ်”

“ ဟုတ်လား… မြပုလဲသွယ် နင်နေတဲ့ရွာက ယက်ကန်းစင်ရွာလား”

“ အီး ဟီး ဟီး… အဲဒါငါ့ရွာပဲ… ငါ့ကိုရွာပြန်ပို့ပေးပါ”

“ အခုလောလောဆယ် ရွာလူကြီးတွေက ယက်ကန်းစင်ရွာကိုလူလွှတ်ပြီး မြပုလဲသွယ်ဆိုတဲ့ မိန်းကလေး ရွာမှာရှိမရှိ စုံစမ်းပေးပါ”

အောင်မြတ်သာစကားကြောင့် ရွာခံလူတွေက ချက်ချင်းဆိုသလို ယက်ကန်းစင်ရွာကို လူလွှတ်ပေးခဲ့တယ်။

အောင်မြတ်သာလဲ မြပုလဲသွယ်ရဲ့ ဝိဉာဉ်ကို ပူးကပ်နေသူရဲ့ကိုယ်ကနေ ဖယ်ခိုင်းပြီး နေရာတစ်ခုပေးကာ ခေတ္တချုပ်နှောင်ထားလိုက်တယ်။

ညနေစောင်းတော့ ယက်ကမ်းစင်ရွာကလူတွေ ရောက်ချလာပြီး အရိုးစုနဲ့ဘေးမှာပုံထားတဲ့ အဝတ်စအချို့ကိုကြည့်ကာ

“ ဒီကလေးမက ရွာကနေ ပျောက်သွားတာ နှစ်နှစ်ကျော်ပြီ၊ သူပျောက်သွားတုန်းကလဲ ပုလဲလုံးဝမ်းဆက်နဲ့ပဲ” လို့ပြောခဲ့တယ်။

ကောင်မလေးရဲ့ မိဘတွေကတော့ သူတို့သမီးကို အခုလိုအဖြစ်မျိုးနဲ့ပြန်မြင်ရတဲ့အတွက် ယူကြုံးမရ ဖြစ်ကာ တငိုငိုတရီရီဖြစ်နေတာကြောင့် အတော်ကိုဖျောင်းဖျနားချပေးခဲ့ရတယ်။

အောင်မြတ်သာတို့လဲ အရိုးစုတွေကို မိဘတွေဆီပြန်အပ်ခဲ့ပေမယ့် ဒီအရိုးစုတွေက ဘယ်လိုကြောင့် ကျီးအာရွာထဲကိုရောက်နေရတာလဲ၊ ဒီကောင်မလေးကို ဘယ်သူသတ်တာလဲဆိုတဲ့ အတွေးတွေက ရွာခံတွေစိတ်ထဲမှာ တထင့်ထင့်စွဲကျန်နေခဲ့တယ်။

+++++

“ ကျွန်တော်အထင်ပြောရရင် မြပုလဲသွယ်ဆိုတဲ့ ကောင်မလေးက သူ့ခန္ဓာကိုယ်ကို စွဲလမ်းပြီး ရွာထဲကိုရောက်လာတာဖြစ်ရမယ်… ဒါကြောင့် အရိုးအပိုင်းအစတွေရှိတဲ့နေရာတိုင်း သူသွားလို့ရနေတာ”

ခွန်းလှစကားကြောင့် အနားမှာရှိနေတဲ့ ကျီးအာရွာသားတွေက လက်ခံတဲ့ဟန်နဲ့ ဟုတ်မှန်ကြောင်းထောက်ခံခဲ့ကြတယ်။

“ ဒါဆို အရိုးတွေက ဘယ်လိုဖြစ်ပြီး ရွာထဲရောက်‌နေရတာလဲ”

“ ဒါတော့စဉ်းစားစရာပဲ”

မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် ရွာသားတွေနဲ့စကားကောင်းနေတဲ့အချိန်

“ ဗျို့ … ဘကြီးစံရင်… မြေနီတွေယူဦးမလား” ဆိုတဲ့အသံကြောင့် ကြည့်လိုက်ရာ ထော်လာဂျီအစုတ်ကိုတဒုတ်ဒုတ်နဲ့ မောင်းနှင်လာတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဘယ်သူများလဲလို့ ဝင်းခိုင် ဖြစ်နေပါလား… မင်းအခုဘာလုပ်နေလဲ”

“ ကျေးရွာချင်းဆက်လမ်းတွေဖောက်တဲ့နေရာမှာ လုပ်နေတာ၊ လွန်ခဲ့တဲ့ ငါးလလောက်ကတောင် ကျွန်တော် မြေနီတွေ လာပို့ပေးသေးတယ်လေဗျာ”

“ အေး မှတ်မိပြီ… အခုရော အဲမှာလုပ်တုန်းပဲလား”

“ ဟုတ်တယ် ဘကြီး.. မြေနီတွေလိုရင်လဲပြောဦးနော်… ဆီဖိုးပဲပေး ကျွန်တော်လာပို့ပေးမယ်”

ဝင်းခိုင်က သူ့ထော်လာဂျီအစုတ်ကို အသံမျိုးစုံထွက်အောင် မောင်းထွက်သွားတဲ့အချိန် အနောက်အဖုံးကြားထဲမှာ ဆွေးမြေ့နေတဲ့ အဝါဖျော့ရောင်ပုလဲလုံးပိတ်စလေးတစ်ခု ညှပ်ပါနေတာကို ဘယ်သူမှသတိမထားမိခဲ့ကြပေ။

++++++

အောင်မြတ်သာတို့လဲ ကျီးအာရွာမှာ တစ်ပတ်လောက်နေပြီး မိမိတို့ရဲ့ လုပ်ငန်းစဉ်အတိုင်း ခရီးဆက်ထွက်ခဲ့ကြတယ်။ ဒီတစ်ခါမှာတော့ စီးပွားပျက်၊ ဘဝပျက်အောင် ပြုလုပ်ထားတဲ့ မိသားစုပြဿနာတစ်ခုကို ဖြေရှင်းပေးခဲ့ရတယ်။

ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် ရာသီသွေးအတိုက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

”ေအာင္ျမတ္သာႏွင့္ေျမႀကီးထဲကငိုေႂကြးသံ”(စ-ဆုံး)
—————————————————————–

ေဇယန(ရာမည)

“ ေယာက်ၤားရင့္မာႀကီးႏွစ္ေယာက္က သရဲေျခာက္ခံ ထိၿပီးေမ့လဲရတယ္တဲ့… လူၾကားလို႔ေတာင္မေကာင္းဘူးကြာ”

ငဆန္းရဲ႕ မထိတထိစကားေၾကာင့္ ဖိုးကတုံးက အရက္ခြက္ကို စားပြဲေပၚ‌ျပန္ခ်လိုက္ၿပီး

“ ေယာက်ၤားေလးက သရဲမေၾကာက္ရဘူးလို႔ မင္းတို႔ကိုဘယ္သူေျပာလဲ… မင္းတို႔က မႀကဳံဖူးလို႔ ဒီစကားေျပာတာကိုးကြ”

“ ဟားဟား ဖိုးကတုံးရယ္.. ငါတို႔က သရဲမကိုေတြ႕ရင္ အနားကပ္ၿပီး ရည္းစားစကားေျပာပစ္လိုက္မယ္.. ဒါနဲ႔ သရဲမေလးက ဆယ္ေက်ာ္သက္ေလးလား ဟဲဟဲ”

ငဆန္းစကားကို ဖိုးကတုံးနဲ႔ ႂကြက္နီတို႔ အဖက္မလုပ္ေတာ့ပဲ ပုလင္းထဲက လက္က်န္အရက္ကိုသာ တဂြပ္ဂြပ္နဲ႔ ေမာ့ေသာက္ေနလိုက္တယ္။

++++

‌ေနလုံးႀကီးက တစ္ေနကုန္ပူျပင္းၿပီးတဲ့ေနာက္မွာေတာ့ ေမာသြားတဲ့ ဟန္နဲ႔ အေနာက္ဘက္ မိုးကုတ္စက္ဝိုင္းထဲကို ေခါင္းငိုက္စိုက္ကာ ထိုးဝင္သြားခဲ့တယ္။

အလင္းေရာင္မွိန္က်သြားတာေၾကာင့္ ငဆန္းနဲ႔ ဖိုးလုံးတို႔ႏွစ္ေယာက္အရက္ဆိုင္ကေန ထြက္လာၿပီး ႐ြာထဲကိုဝင္လာခဲ့ၾကတယ္။

“ ဖိုးလုံး… မင္းက သရဲေၾကာက္လား”

“ ေၾကာက္စရာလားကြ… သရဲဆိုတာ ေၾကာက္မွ ေျခာက္တာ မေၾကာက္တဲ့သူကို ဘယ္သရဲမွ မေျခာက္ဘူး”

“ ဟားဟား မင္းေျပာတာမွန္တယ္… ဒါကို ဟိုႏွစ္ေကာင္က ေမ့လဲရတယ္လို႔”

“ ေနဦး… သူတို႔ကိုသရဲေျခာက္တယ္ဆိုတဲ့ေနရာက ဘယ္နားလဲ”

“ ဦးတိုးႀကီးအိမ္အေနာက္က ဗန္ဒါပင္ေအာက္မွာလို႔ ေျပာတာပဲ”

“ အဲဒီေနရာမွာ သရဲေျခာက္တယ္လို႔ တစ္ခါမွမၾကားဖူးပါဘူး… ငါဆို မူးလာရင္ ေသးေကာ့ပန္းေနၾက ဟက္ဟက္”

“ ေျပာေနရင္ၾကာပါတယ္ကြာ… အခုပဲ ေသးသြားေပါက္ၾကတာေပါ့”

အခ်ိန္က ညီအစ္ကိုမသိတသိအခ်ိန္(ညေန၅:၅၀ခန႔္)ရွိၿပီမို႔ ငဆန္းတို႔လဲ လမ္းမႀကီးအတိုင္းမသြားပဲ အိမ္ေတြရဲ႕အေနာက္ဘက္ လမ္းက်ဥ္းကေန ျဖတ္ကာ ဗန္ဒါပင္ေအာက္ကို ထြက္လာခဲ့လိုက္တယ္။

စိမ္းစိုစိုအ႐ြက္ေတြအုံ႔ဆိုင္းေနတဲ့ ဗန္ဒါပင္ေအာက္ကိုေရာက္ေတာ့ ဖိုးလုံးနဲ႔ ငဆန္းက လုံခ်ည္ကိုဆြဲမၿပီး ေသာက္ထားသမွ် အရည္ေတြကိုျပန္စြန႔္ထုတ္လိုက္တယ္။

“ အား.. တစ္ကိုယ္လုံး က်င္တက္သြားတာပဲ..”

“ ငါလဲ ဆီးေအာင့္ထားတာၾကာေနလို႔လားမသိဘူး.. အခုမွေပါ့ထြက္သြားတယ္”

ႏွစ္ေယာက္သားစကားေျပာေနတဲ့အခ်ိန္ ႐ုတ္တရက္ၾကားလိုက္ရတဲ့ငိုညဥ္းသံ။

“ ငဆန္း… မင္းၾကားလား”

“ ေအး ၾကားတယ္.. မိန္းမတစ္ေယာက္ ငိုေနတဲ့အသံလိုပဲ”

ဖိုးလုံးက ေဘးဘီကိုၾကည့္လိုက္ၿပီး

“ စိတ္ထင္လို႔ေနမွာပါကြာ… သရဲဆိုတာ တကယ္မရွိပါဘူး”လို႔ေျပာလိုက္ေပမယ့္ ဘာသံမွထြက္မလာတာေၾကာင့္ လွည့္ၾကည့္လိုက္ရာ သူ႔ကို မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေနတဲ့ ငဆန္းကို ျမင္လိုက္ရတယ္။

“ ေဟ့ေကာင္ ငါ့ကိုဘာလို႔စိုက္ၾကည့္ေနတာလဲ..”

ပခုံးကိုကိုင္လႈပ္ၿပီးေမးလိုက္ေပမယ့္ ငဆန္းက ဘာမွမေျပာပဲ မ်က္ႏွာတည္နဲ႔ၾကည့္ေနရင္းကေန ဗန္ဒါပင္နဲ႔ ေခါင္းကို ေျပးေဆာင့္ပါေလေရာ။

“ ဒုန္း… ခြပ္…”

ျဖာခနဲထြက္လာတဲ့ ေသြးေတြေၾကာင့္ ငဆန္းမ်က္ႏွာတစ္ခုလုံး ရဲရဲနီသြားခဲ့တယ္။ အဲဒီေတာ့မွ ဖိုးလုံးလဲ ငဆန္းကို ေျပးဆြဲၿပီး ပတ္ဝန္းက်င္ကို အကူအညီေတာင္းခဲ့ရတယ္။

ဖိုးလုံးေအာ္သံေၾကာင့္ အနီးနားကလူေတြ ေျပးလာၿပီးဝိုင္းဆြဲၾကတဲ့ထိကို ငဆန္းက ေခါင္းနဲ႔ ေျပးေဆာင့္ဖို႔ ဟန္တျပင္ျပင္ျဖစ္ေနခဲ့တယ္။

“ ဒါ အပမွီေနတာပဲ… ပရိတ္ေရသြားယူၾကစမ္း”

ဦးတိုးႀကီးစကားေၾကာင့္ အနားမွာရွိေနတဲ့သူေတြက အိမ္မွာရွိတဲ့ပရိတ္ေရဘူးေတြကို ယူလာၿပီး ငဆန္းရဲ႕ ေခါင္းေပၚကေန ေလာင္းခ်လိုက္ရာ တစ္ကိုယ္လုံး ဓါတ္လိုက္သလိုတုန္ရီလာၿပီး အ႐ုပ္ႀကိဳးျပတ္လဲက် သြားခဲ့တယ္။

“ ငဆန္း… ငဆန္း… သတိထားစမ္း”

ပါးကိုခပ္ဆတ္ဆတ္ေလး႐ိုက္ၿပီး ႏႈိးလိုက္တာေၾကာင့္ ငဆန္းတစ္ေယာက္ တအင္းအင္းနဲ႔ညဥ္းကာ သတိလည္လာခဲ့တယ္။

“ ဟိုမိန္းမ ဘယ္ေရာက္သြားလဲ… ဟိုမိန္းမေရာ”

“ ဘယ္မိန္းမကိုေျပာတာလဲ…”

“ ပုလဲလုံးဝမ္းဆက္ဝတ္ထားတဲ့မိန္းမေလ…”

“ ဒီမွာ ပုလဲလုံးဝမ္းဆက္ဝတ္ထားတဲ့သူ မရွိဘူး… မင္းဘယ္သူကိုျမင္လိုက္လို႔လဲ”

“ ငါေသခ်ာျမင္လိုက္တယ္… ဒီဗန္ဒါပင္အေနာက္ကေန ထြက္လာၿပီး ငါ့ကိုစိုက္ၾကည့္ေနတာကြ”

“ အဲဒါေတြအသာထား… မင္းေခါင္းက အနည္းဆုံး ေလးခ်က္ခ်ဳပ္ရမွာ”

ဖိုးလုံးေျပာမွ ငဆန္းက သူ႔ေခါင္းကို ျပန္စမ္းၾကည့္လိုက္ရာ ခြၽဲကပ္ေနတဲ့ ေသြးေတြယိုက်ေနတဲ့ ဒဏ္ရာက တဆစ္ဆစ္နဲ႔ ကိုက္လာခဲ့တယ္။

ငဆန္းကိစၥျဖစ္ၿပီးေနာက္ပိုင္း တစ္လေလာက္ၿငိမ္သြားခဲ့တာေၾကာင့္ ႐ြာထဲက လူေတြကလဲ ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ကာ အရင္လိုျပန္ေနခဲ့ၾကတယ္။

++++

လေရာင္ကမွိန္ျပျပက်ေနတာေၾကာင့္ က်ီးအာ႐ြာအဝင္လမ္းမႀကီးကို ရွင္းလင္းစြာျမင္ေနရတယ္။ အခ်ိန္က လုလင္ျပန္ခ်ိန္(ည၁၀နာရီခန႔္)ရွိေနတာေၾကာင့္ အခ်ိဳ႕အိမ္ေတြက အေမွာင္ခ်ထားၾကသလို အခ်ိဳ႕အိမ္ေတြကလဲ မီးအလင္းေရာင္သဲ့သဲ့ ထြန္းထားၾကတယ္။

“ မင္းေကာင္မေလးက တကယ္ေရာ ထြက္ေတြ႕ပါ့မလား”

“ ငါမနက္က ေသခ်ာမွာလိုက္ပါတယ္.. ထြက္ေတြ႕မွာပါ”

“ ဟုတ္မွလဲ လုပ္ေနာ္… ေတာ္ၾကာ သူခိုးဆိုၿပီး ဝိုင္း႐ိုက္တာခံေနရဦးမယ္”

ဆယ္ေက်ာ္သက္ ကာလသားႏွစ္ေယာက္က က်ီးအာ႐ြာအဝင္လမ္းထဲကိုဝင္လာရင္း တီးတိုးစကားေျပာေနခဲ့ၾကေပမယ့္ သူတို႔ႏွစ္ေယာက္ရဲ႕အေနာက္မွာ ကပ္ပါလာတဲ့ မိန္းမတစ္ေယာက္ကိုေတာ့ သတိမထားမိခဲ့ၾကေပ။

“ အိမ္က မီးထြန္းထားေသးတယ္… သူ႔အေဖမအိပ္ေသးဘူးထင္တယ္ေနာ္”

“ ဒါဆိုလဲ အိပ္တဲ့ထိေစာင့္ၾကတာေပါ့… မေတာ္ရေသးတဲ့ေယာကၡထီးက အခုထိမအိပ္ေသးပဲ ဘာလုပ္ေနလဲမသိပါဘူး”

ဆံပင္ကို ေက်ာ့ေနေအာင္ ၿဖီးထားတဲ့လူက အိမ္အေနာက္က ေကာက္႐ိုးပုံေဘးမွာ ဝင္ထိုင္လိုက္ၿပီး စိတ္မရွည္တဲ့ဟန္နဲ႔ အိမ္ဘက္ကို မၾကာမၾကာ လွမ္းၾကည့္ေနခဲ့တယ္။

“ ေဟ့ေကာင္… ဟိုမွာ ဟိုမွာၾကည့္စမ္း.. မိန္းမတစ္ေယာက္ထိုင္ေနတာမဟုတ္လား”

“ ေအး.. မိန္းကေလးတစ္ေယာက္ထဲ သရက္ပင္ေအာက္မွာ ဘာလုပ္ေနတာပါလိမ့္”

“ မင္းေကာင္မေလးေတာ့မဟုတ္ပါဘူးေနာ္… ခ်ိန္းထားတဲ့ေနရာမွားၿပီးေစာင့္ေနတာမ်ားလား”

“ မျဖစ္ႏိုင္ပါဘူး… မနက္ကေတြ႕ေတာ့ ေကာက္႐ိုးပုံေနာက္မွာေတြ႕မယ္လို႔‌ေျပာခဲ့တာ”

ကာလသားႏွစ္ေယာက္အခ်င္းခ်င္းေျပာေနၾကတဲ့ အခ်ိန္ သရက္ပင္ေအာက္မွာ ထိုင္ေနတဲ့ မိန္းကေလးက ႐ုတ္တရက္ထလိုက္ၿပီး သူတို႔ရွိတဲ့ဘက္ကို ေလ်ာက္လာတာကိုျမင္လိုက္ရတယ္။

“ ေဟ့ေကာင္… ငါတို႔ဘက္ကို ေလ်ာက္လာတယ္ကြ”

“ လာေတာ့ဘာျဖစ္လဲ… မင္းကအခုထိ ရည္းစား မရေသးဘူးမဟုတ္လား… လုပ္ထည့္လိုက္ ငါ့ေကာင္”

“ ျဖစ္ ျဖစ္ပါ့မလား”

“ ျဖစ္ပါတယ္ သြားစမ္းပါဟ”

တြန္းထိုးလိုက္တဲ့အရွိန္ေၾကာင့္ အေဖာ္လိုက္လာတဲ့ လူက ယိုင္တိယိုင္တိုင္နဲ႔ လမ္းေလ်ာက္လာတဲ့ မိန္းကေလးနားကိုေရာက္သြားခဲ့တယ္။

“ ဟိတ္.. ညႀကီးအခ်ိန္မေတာ္ တစ္ေယာက္ထဲ ေလ်ာက္သြားေနတာလား.. ဒါမွမဟုတ္ ရည္းစားနဲ႔ ခ်ိန္းထားတာလား”

“ ရည္းစားမရွိပါဘူး… ဒီတိုင္းပ်င္းလို႔ ေလ်ာက္သြားေနတာ.. ဒါနဲ႔ အကိုက ဒီ႐ြာက မဟုတ္ဘူးထင္တယ္…”

“ အကိုတို႔က ဒီ႐ြာကမဟုတ္ဘူး… သူငယ္ခ်င္းက သူ႔ရည္းစားနဲ႔လာခ်ိန္းေတြ႕တာမို႔ အေဖာ္လိုက္လာေပးတာ”

“ ဟုတ္လား… ဒါဆို သူတို႔ဘာသာ လြတ္လြတ္လပ္လပ္ေျပာပေစေလ..ဒါနဲ႔ အကို႔နာမည္က ဘယ္လိုေခၚလဲ”

“ စိုးႏိုင္လို႔ေခၚပါတယ္… သူငယ္ခ်င္းေတြက ေမာင္စိုးလို႔ေခၚတာမ်ားတယ္၊ ညီမ နာမည္ကေရာ”

“ ညီမနာမည္က ျမပုလဲသြယ္ပါ”

“ နာမည္က လွလိုက္တာ…”

“ အေမ ေပးထားတာေလ… ပုလဲက ဒီနာမည္ကို သိပ္ႀကိဳက္တာ..”

ညေလအေဝွ႔မွာ တစ္ခ်က္တစ္ခ်က္ လြ႕င့္ပ်ံ႕လာတဲ့ ညေမႊးပန္းရနံ႔က စိုးႏိုင္ရဲ႕ႏွာေခါင္းထဲ စူးဝင္လာခဲ့တယ္။

“ ညီမက ဘယ္နားမွာေနတာလဲ”

“ အကိုက ဘာျဖစ္လို႔ေမးတာ”

“ ေအာ္… ‌လာလည္လို႔ရေအာင္ေမးၾကည့္တာပါ”

“ ဟက္ဟက္..”

ေျခာက္ကပ္ကပ္ရယ္သံတစ္ခ်က္နဲ႔အတူ ျမပုလဲသြယ္ရဲ႕ႏႈတ္ခမ္းေလးတြန႔္တက္သြားခဲ့တယ္။

“ ဘာျဖစ္လို႔လဲ…ညီမ”

“ ဘာမွမျဖစ္ပါဘူး… ညီမက အခုေလာေလာဆယ္ ဒီနားေလးမွာပဲေနတာပါ”

စိုးႏိုင္လဲ သူ႔ကိုအိမ္မေျပာခ်င္တာေၾကာင့္ ေဝ့ဝိုက္ေျပာေနတယ္လို႔ေတြးၿပီး ဆက္မေမးေတာ့ပဲ ေရာက္တတ္ရာရာ စကားေတြကိုပဲေျပာေနခဲ့တယ္။

“ ‌အကို…”

“ ဗ်ာ…”

“ အကိုတို႔က ညႀကီးသန္းေခါင္ ဟိုဘက္႐ြာကို ျပန္ရမွာေပါ့ေနာ္”

“ အင္းေပါ့… ဘာျဖစ္လို႔လဲ”

“ ဒီလိုေမွာင္မဲေနတဲ့အခ်ိန္ ႏွစ္ေယာက္ထဲျပန္ရမွာ မေၾကာက္ဘူးလား”

“ မေၾကာက္ပါဘူး… ဘယ္သူ႔ကိုေၾကာက္ရမွာလဲ”

“ ဒါဆို အကိုက သရဲမေၾကာက္တတ္ဘူးေပါ့”

“ အကိုက အဲလိုေတြအယုံအၾကည္မရွိဘူး…”

စိုးႏိုင္စကားကိုၾကားေတာ့ ျမပုလဲသြယ္က တခစ္ခစ္နဲ႔ရယ္လိုက္ၿပီး

“ ညီမလဲ မေၾကာက္တတ္ဘူး..”

“ ဟုတ္လား… ေတာ္ေတာ္သတၱိေကာင္းတာပဲေနာ္”

“ ဒါေပါ့ သတၱိေကာင္းလို႔ အကိုနဲ႔စကားေျပာေနတာေလ”

စိုးႏိုင္လဲ ျမပုလဲသြယ္နဲ႔စကားေျပာေနခဲ့ရာ အခ်ိန္ေတြကုန္လို႔ကုန္မွန္းမသိျဖစ္သြားခဲ့တယ္။

“ အခ်ိန္ေတာင္ အေတာ္လင့္ေနၿပီ… ညီမ တစ္ေယာက္ထဲျပန္ရမွာအဆင္ေျပပါ့မလား”

“ ညီမကိုစိတ္မခ်ရင္ အကိုျပန္လိုက္ပို႔ေပးေပါ့”

စိုးႏိုင္လဲ အိမ္သိရေတာ့မယ္ဆိုတဲ့အေတြးေၾကာင့္ စိတ္ထဲဝမ္းသာသြားၿပီး

“ လိုက္ပို႔ေပးမွာေပါ့… ဘယ္နားမွာလဲအိမ္က”

“ သိပ္မေဝးပါဘူး…”

“ ဒါဆို သြားၾကရေအာင္ အကိုတို႔လဲ ခဏေနျပန္ရေတာ့မယ္”

“ ဒါဆို ျပန္ေတာ့မယ္ေနာ္”

စိုးႏိုင္လဲအိမ္သိခ်င္တဲ့စိတ္နဲ႔ ျမပုလဲသြယ္သြားတဲ့ ေနာက္ကိုလိုက္လာခဲ့ရာ အိမ္အနည္းငယ္ျပတ္တဲ့ မ်က္ကြယ္ေကြ႕အေရာက္မွာေတာ့

“ ညီမကဒီမွာေနတာ…”

“ မေနာက္ပါနဲ႔ ညီမရယ္… ဒါက ေျမစာပုံႀကီးေလ ဘယ္လိုလူေနလို႔ရပါ့မလဲ”

“ အကိုကမယုံဘူးေပါ့ေလ… အဟက္အဟက္”

ျမပုလဲသြယ္က ေျမစာပုံထဲ လက္ထိုးထည့္ၿပီးႏႈိက္လိုက္ရာ အထဲကေန အ႐ိုးက်ေနၿပီျဖစ္တဲ့ ဦးေခါင္းခြံတစ္လုံးထြက္လာခဲ့တယ္။

“ အဟီးအဟီး… အ အ အခု ယုံ ယုံ ၿပီ လား…”

အသံက ႐ုတ္တရက္အက္ကြဲလာကာ ခုနက ေခ်ာေမာလွပေနတဲ့ ျမပုလဲသြယ္က ခ်က္ခ်င္းဆိုသလို အသားေတြပဲ့ေႂကြၿပီး အပုတ္နံ႔ေတြေထာင္းခနဲ ထလာခဲ့တယ္။

စိုးႏိုင္လဲ ႐ုတ္တရက္မို႔ ၾကက္ေသေသကာ ေငးၾကည့္ေနတဲ့အခ်ိန္

“ ငါအိမ္ျပန္ခ်င္တယ္… ငါ့ကိုအိမ္ျပန္ပို႔ေပး… အိမ္ျပန္ပို႔ေပး” ဆိုတဲ့အသံက ေဒါသႀကီးစြာ ထြက္ေပၚလာခဲ့တယ္။

အဲဒီေတာ့မွ စိုးႏိုင္လဲသတိျပန္ဝင္လာကာ ေကာက္႐ိုးပုံရွိတဲ့ဘက္ကို ငယ္သံပါေအာင္ေအာ္ၿပီး ေျပးပါေလေရာ။

ေျပးေနရင္း အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ ပုလဲလုံးဝမ္းဆက္ဝတ္ထားတဲ့မိန္းမတစ္ေယာက္က ေျမစာပုံေဘးမွာ မတ္တပ္ရပ္ေနတာကို ျမင္လိုက္ရတယ္။

စိုးႏိုင္လဲ ဒီကိစၥျဖစ္ၿပီးေနာက္ပိုင္း စိတ္ကေယာင္ကတမ္းေတြျဖစ္ကာ “ ျမပုလဲသြယ္ ျမပုလဲသြယ္” ဆိုတဲ့နာမည္ကိုသာ အၿမဲလိုလို ေရ႐ြတ္ေနတဲ့ စိတ္မႏွံ႔သူတစ္ေယာက္ျဖစ္သြားခဲ့ရတယ္။

++++++

အရိပ္အာဝါသေကာင္းတဲ့ ေညာင္ညိဳပင္ေအာက္မွာ ေဆာ့ကစားေနၾကတဲ့ ကေလးတစ္သိုက္ရဲ႕ ေဘးမွာေတာ့ ေအာင္ျမတ္သာတို႔ ဆရာတပည့္ေတြ ေခတၱထိုင္ကာ အနားယူေနခဲ့ၾကတယ္။

ခဏၾကာေတာ့ ႐ြာထဲကေန ေျပးလာတဲ့ ကေလးတစ္ေယာက္က

“ အ႐ူးစိုးႏိုင္အိမ္မွာေသာင္းက်န္းေနျပန္ပီတဲ့… ျမန္ျမန္လာၾကေဟ့” လို႔ေအာ္ေျပာလိုက္ေတာ့ ကစားေနတဲ့ကေလးေတြက ေဆာ့ေနတာကို ရပ္ၿပီး ႐ြာထဲဘက္ကို ျပန္ေျပးသြားၾကတယ္။ ေျပးရင္းလႊားရင္း ပိန္ပိန္ညႇက္ညႇက္နဲ႔ကေလးတစ္ေယာက္က ေညာင္ျမစ္နဲ႔ခလုပ္တိုက္ၿပီး လဲက်သြားတာေၾကာင့္ ေမာင္ေကာင္းနဲ႔ခြန္းလွက ဆြဲထူလိုက္ရင္း

“ ဘယ္လိုျဖစ္လို႔ အေလာတႀကီး ေျပးရတာလဲ ေကာင္ကေလး”

“ အ႐ူးစိုးႏိုင္ကိုသြားၾကည့္မလို႔ေလ”

“ အ႐ူးတစ္ေယာက္ကို သြားၾကည့္တာမ်ား ဒီေလာက္ထိ ေျပးရလား”

“ ဦးေလးက ဘာမွမသိပဲနဲ႔ အ႐ူးစိုးႏိုင္က သူစိတ္ေဖာက္ၿပီဆိုရင္ အိမ္ကိုပဲျပႆနာရွာတာ၊ သားတို႔ကိုေတြ႕ရင္ သူ႔စိတ္က ျပန္ၿငိမ္သြားလို႔ သူ႔အေမက စိတ္ေဖာက္တိုင္း ကေလးေတြကို လာလာေခၚခိုင္းတာဗ်၊ သားတို႔ေရာက္ရင္ သူ႔အေမက မုန႔္ေတြအခ်ိဳရည္ေတြလဲေကြၽးေသးတယ္”

“ ေအာ္ အဲလိုလား…”

ေမာင္ေကာင္းက တအံ့တဩနဲ႔ေရ႐ြတ္ရင္း ႐ြာထဲေျပးသြားတဲ့ကေလးရဲ႕ေနာက္ေက်ာကို ၾကည့္ေနခဲ့လိုက္တယ္။

“ ေမာင္ေကာင္း… ႐ြာထဲခဏဝင္ၾကရေအာင္”

႐ုတ္တရက္ထြက္လာတဲ့ ေအာင္ျမတ္သာရဲ႕အသံေၾကာင့္ ေမာင္ေကာင္းေရာ ခြန္းလွပါ ခ်ထားတဲ့လြတ္အိတ္ေတြကို ေကာက္လြယ္လိုက္ၿပီး ဆရာျဖစ္သူရဲ႕ေနာက္ကို လိုက္သြားခဲ့ၾကတယ္။

ေအာင္ျမတ္သာတို႔႐ြာထဲဝင္လာေတာ့ ကေလးေတြစု႐ုံးစု႐ုံးျဖစ္ေနတဲ့ အိမ္တစ္အိမ္ကိုျမင္ေတြ႕လိုက္ရတယ္။

“ ဆရာ.. ဒီအိမ္က ခုနက ကေလးေတြေျပာတဲ့အိမ္ပဲျဖစ္မယ္”

ေအာင္ျမတ္သာက ၿခံဝိုင္းထဲက ကြပ္ျပစ္မွာထိုင္ေနတဲ့ လူတစ္ေယာက္ကို မ်က္ေမွာင္က်ဳံ႕ကာ ၾကည့္လိုက္ၿပီး

“ အဲဒီလူက ျပန္ေကာင္းႏိုင္ေသးတာပဲ…” လို႔ ခပ္တိုးတိုးေလးေရ႐ြတ္လိုက္တယ္။

“ ဦးေလး… ဘာလုပ္ေနတာလဲ”

အသံၾကားလို႔ လွည့္ၾကည့္လိုက္ေတာ့ ေညာင္ပင္ေအာက္မွာ ေခ်ာ္လဲခဲ့တဲ့ ကေလးျဖစ္ေနတာကိုျမင္လိုက္ရတယ္။

“ မင္းတို႔လူက ၿငိမ္သြားၿပီလား”

“ ၿငိမ္သြားၿပီဗ်… ခုနကေတာ့ အေတာ္ေသာင္းက်န္းေနေသးတာ”

“ ဒါဆို မင္းတို႔မုန႔္စားရေတာ့မွာေပါ့”

ေမာင္ေကာင္းစကားေၾကာင့္ သြက္လက္ဟန္ရွိတဲ့ ကေလးက သေဘာက်စြာရယ္လိုက္ၿပီး

“ ေဟာ.. ဟိုမွာ ေဒၚေလးေမျပန္လာၿပီ”

“ ဟဲ့ ဖိုးေခြး… ဘယ္သူေတြနဲ႔ စကားေျပာေနတာလဲ”

“ ေညာင္ပင္ေအာက္မွာ ေတြ႕ခဲ့တဲ့သူေတြပါ ေဒၚေလး..”

ေအာင္ျမတ္သာက အသက္၅၀ေက်ာ္အ႐ြယ္ရွိတဲ့ ေဒၚေလးေမဆိုသူကို ၾကည့္လိုက္ၿပီး

“ အစ္မႀကီးရဲ႕သားက ဒီလိုေဝဒနာခံစားေနရတာ အေတာ္ၾကာၿပီလား”

“ ေလးငါး‌လေလာက္ေတာ့ရွိၿပီထင္တယ္… ဆရာေတြနဲ႔ကုတာလဲ အေတာ္စုံေနပါၿပီ… မသက္သာဘူး ငါ့ေမာင္တို႔ေရ”

“ ကြၽန္ေတာ္တို႔ခဏၾကည့္လို႔ရမလား…”

“ ငါ့ေမာင္တို႔ နားလည္တတ္ကြၽမ္းရင္ ၾကည့္ေပးပါဦးကြယ္”

ေအာင္ျမတ္သာလဲ ခြင့္ျပဳခ်က္ရၿပီမို႔ ကြပ္ျပစ္မွာ ထိုင္ေနတဲ့ လူငယ္ကို အိမ္ေပၚေခၚတင္လာၿပီး ဘုရား ေက်ာင္းေဆာင္ေရွ႕မွာ ထိုင္ေစကာ ေရသန္သန႔္တစ္ခြက္ေတာင္းယူလိုက္တယ္။

“ မင္းနာမည္ ဘယ္လိုေခၚလဲ”

“ ေမာင္စိုးႏိုင္လို႔ေခၚတယ္”

“ အခု မင္းစိတ္ထဲ ဘယ္အေၾကာင္းအရာကို သတိရေနလဲဆိုတာ ေျပာျပလို႔ရမလား”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္စိုးႏိုင္ရဲ႕ မ်က္လုံးသူငယ္အိမ္က ႐ုတ္တရက္က်ဥ္းလာၿပီး

“ ျမပုလဲသြယ္… ျမပုလဲသြယ္… သူ႔ကိုေၾကာက္တယ္ သူ႔ကေၾကာက္စရာႀကီး” လို႔ေျပာၿပီး ထေျပးဖို႔အလုပ္ ေဘးမွာ အသင့္ေစာင့္ေနတဲ့ ေမာင္ေကာင္းနဲ႔ ခြန္းလွက ဖမ္းခ်ဳပ္ထားလိုက္ၾကတယ္။

“ အရမ္းစိတ္မလႈပ္ရွားနဲ႔ ေကာင္ေလး… ခဏေနရင္ မင္းစိတ္ေတြအရင္လိုျပန္ျဖစ္လာေတာ့မွာပါ”

ေအာင္ျမတ္သာက ေရခြက္ထဲက ေရကို လက္ညိဳးနဲ႔ဆြဲယူၿပီး မ်က္ႏွာကို ေတာက္ခ်လိုက္တယ္။

“ စိတ္ကိုၿငိမ္ၿငိမ္ေလးထား… ျမင္ေနရတဲ့ မေကာင္းေသာျမင္ကြင္းေတြကို ဆိုင္ရာပုဂၢိဳလ္မ်ားက မျမင္ေအာင္ ကူညီေပးပါ”လို႔ေျပာၿပီး ညာလက္ညိဳးနဲ႔ နဖူးကို ေထာက္ထားလိုက္ရာ ႐ုန္းကန္ေနတဲ့ လူက တစ္ေျဖးေျဖးၿငိမ္သက္လာခဲ့တယ္။

“ စိတ္ထဲေနရတာအဆင္ေျပလာတယ္မဟုတ္လား”

ေအာင္ျမတ္သာရဲ႕အေမးကို ထိုင္ေနတဲ့လူငယ္က ေခါင္းညိမ့္ျပၿပီးေထာက္ခံခဲ့တယ္။

“ ေမာင္ေကာင္း…လိပ္ျပာခ်ဳပ္အင္းကို သူ႔လည္ပင္းမွာ ဆြဲထားေပးလိုက္”

ေမာင္ေကာင္းလဲ လိပ္ျပာခ်ဳပ္အင္းကို အပ္ခ်ည္ႀကိဳးနဲ႔ခ်ည္ၿပီး လည္ပင္းမွာဆြဲေပးလိုက္ေတာ့မွ သာမန္လူအတိုင္း သတိျပန္ဝင္လာခဲ့တယ္။

“ ေၾကာက္စိတ္ေတြရွိေနေသးလား”

“ အရင္ကလိုေတာ့ မေၾကာက္ေတာ့ပါဘူး၊ စိတ္ကိုလဲ ထိန္းႏိုင္လာတယ္”

“ ေက်းဇူးတင္လိုက္တာဆရာတို႔ရယ္… ဒါဆို ကြၽန္မသားက လူေကာင္းအတိုင္းျပန္ျဖစ္ၿပီေပါ့ေနာ္”

“ သူ႔အတြက္လုပ္ေပးထားတဲ့အေဆာင္ကို တစ္ပတ္ေလာက္မခြၽတ္တမ္းဝတ္ထားေပးပါ၊ မနက္အိပ္ယာႏိုးတဲ့အခ်ိန္မွာလဲ အခုေပးခဲ့မယ့္ ေဆးျပာကို ကြမ္း႐ိုးတစ္တို႔စာ ေကြၽးေပးပါ”

ေအာင္ျမတ္သာက မွာစရာရွိတာမွာၿပီး အင္းတစ္ခ်ပ္ကိုျပာခ်ကာ မိုင္းကိုင္စကၠဴနဲ႔ထုပ္ၿပီး လွမ္းေပးလိုက္တယ္။

ၿခံျပင္ေရာက္ေတာ့ လူနာရဲ႕မိခင္ျဖစ္သူက

“ ဆရာတို႔ကို ေက်းဇူးတင္ပါတယ္ရွင္… သားေလးက က်ီးအာ႐ြာမွာ ျဖစ္ၿပီးထဲက အခုလိုမူမမွန္ျဖစ္ေနတာအေတာ္ၾကာေရာေပါ့… အင္း သူႀကဳံခဲ့ရတာကလဲ ေသြးပ်က္စရာျဖစ္ေနတာကိုး”

“ က်ီးအာ႐ြာမွာ ျဖစ္ခဲ့တဲ့ ကိစၥဆိုတာ ဘာမ်ားလဲ”

“ ျဖစ္စဥ္က ဒီလိုပါ”

ေဒၚေလးေမဆိုသူက စိုးႏိုင္ ႀကဳံခဲ့ရတဲ့အျဖစ္အပ်က္ေတြကို အစအဆုံးရွင္းျပလိုက္ရာ

“ ဒီျဖစ္စဥ္ေတြရဲ႕ ဇစ္ျမစ္က က်ီးအာ႐ြာက စခဲ့တာကိုး… ဒါနဲ႔ က်ီးအာ႐ြာက ဒီကေန သြားရေသးလား”

“ အရမ္းႀကီးမသြားရပါဘူး… နာရီဝက္ေလာက္ဆို ေရာက္ပါၿပီ… ေအာ္ ဒါက ဆရာတို႔ကို ကြၽန္မ ႏိုင္သေလာက္ ေက်းဇူးဆပ္တာပါ၊ လက္ခံေပးပါေနာ္”

ေဒၚေလးေမက လက္ထဲဆုပ္ကိုင္ထားတဲ့ ေငြအခ်ိဳ႕ကို ‌ကမ္းေပးေတာ့ ေအာင္ျမတ္သာက လက္ကာျပၿပီး

“ ဒီေငြေတြကို လူနာအတြက္ လိုတဲ့ေနရာမွာသုံးလိုက္ပါ… ကြၽန္ေတာ္တို႔အတြက္ မလိုပါဘူး”လို႔ေျပာကာ က်ီးအာ႐ြာဘက္ကို ထြက္လာခဲ့လိုက္တယ္။

ေဒၚေလးေမေျပာသလို နာရီဝက္ခန႔္ လမ္းေလ်ာက္ၿပီးခ်ိန္မွာေတာ့ ခေရပင္ေတြကို ညီညာစြာစိုက္ပ်ိဳးထားတဲ့ က်ီးအာ႐ြာထိပ္ကို ေရာက္လာခဲ့ၾကတယ္။ ႐ြာအဝင္ဝကိုေရာက္ေတာ့ ေအာင္ျမတ္သာက ႐ုတ္တရက္ရပ္လိုက္ၿပီး

“ ဒီ႐ြာက အေတာ္ကိုအေျခအေနစိုးေနၿပီပဲ” လို႔ ခပ္တိုးတိုးေလး ညဥ္းတြားလိုက္တယ္။

ေအာင္ျမတ္သာတို႔ ႐ြာလမ္းထဲကိုဝင္လာတဲ့အခ်ိန္က ႏြား႐ိုင္းသြင္းခ်ိန္ ျဖစ္ေနတာေၾကာင့္ လယ္ထဲကျပန္လာသူအခ်ိဳ႕ကိုသာ ျမင္ေတြ႕ရၿပီး သူတို႔မ်က္ႏွာမွာလဲ ေၾကာက္လန႔္ေနတဲ့ ပုံရိပ္ေတြ အထင္းသားေပၚလြင္ေနခဲ့တယ္။

“ ခဏေလးေနပါဦးဗ်…”

ေအာင္ျမတ္သာအသံေၾကာင့္ ေပါက္တူးကို ပခုံးေပၚထမ္းၿပီးသြားေနတဲ့ လူႏွစ္ေယာက္က ေနာက္လွည့္ၾကည့္လိုက္ၿပီး

“ ဘာကိစၥလဲ… ျမန္ျမန္ေျပာဗ်ာ”

“ မိတ္ေဆြတို႔ကို ၾကည့္ရတာ ေရးႀကီးသုတ္ျပာျဖစ္ေနသလိုပဲ”

“ မျဖစ္လို႔လဲမရဘူးေလ… အလင္းေရာင္ေပ်ာက္တာနဲ႔ မပုလဲက ဒုကၡေပးေနတာကိုး”

“ မပုလဲ ဟုတ္လား… သူကဘယ္လို ဒုကၡေပးတာလဲ”

“ ဟာ.. ခင္ဗ်ားတို႔ေမးတာေျဖဖို႔အခ်ိန္မရွိဘူး… သိခ်င္ရင္ အိမ္သာလိုက္ခဲ့ၾကဗ်ာ”

ေအာင္ျမတ္သာတို႔လဲ ဖိတ္ေခၚခ်က္ကို မျငင္းပဲ ေရွ႕ကေန ခပ္သုတ္သုတ္ထြက္သြားတဲ့ သူရဲ႕ေနာက္ကို လိုက္လာခဲ့ၾကတယ္။

႐ြာလယ္လမ္းမႀကီးရဲ႕ေဘး လမ္းသြယ္ထဲကိုေရာက္ေတာ့ ဝါးေတြကိုခြဲျခမ္းၿပီး ၿခံစည္း႐ိုးသဖြယ္ျပဳလုပ္ထားတဲ့ အိမ္တစ္လုံးေရွ႕ကို ေရာက္ေတာ့ ေပါက္တူးကိုင္ထားတဲ့လူက

“ ခင္ဗ်ားတို႔က ဒီနယ္ကမဟုတ္ဘူးထင္တယ္…’’

“ က်ဳပ္တို႔က ဒီကိုအခုမွေရာက္ဖူးတာ…ဒါေၾကာင့္ ႐ြာမွာဘာေတြျဖစ္ေနတယ္ဆိုတာ မသိဘူးဗ်”

“ ဟင္း… အခ်ိန္လဲ လင့္ေနၿပီ၊ အခုခ်ိန္မွခရီးဆက္ရင္လဲ လမ္းမွာတင္ မိုးခ်ဳပ္မွာဆိုေတာ့ က်ဳပ္အိမ္မွာပဲ တစ္ညတည္းလိုက္ေပါ့၊ ခင္ဗ်ားတို႔ပုံစံၾကည့္ရတာ လူေကာင္းေတြနဲ႔တူပါတယ္”

“ မိတ္ေဆြက လူကဲခတ္ေတာ္သားပဲ… က်ဳပ္တို႔က နယ္လွည့္ၿပီး ပေယာဂလိုက္ကုေနတဲ့သူေတြပါ၊ ေဟာဒီမွာၾကည့္”

ေအာင္ျမတ္သာက လြယ္အိတ္ထဲမွာရွိတဲ့ပစၥည္းေတြကိုသြန္ခ်လိုက္ရာ အင္းစမအခ်ိဳ႕နဲ႔ အင္းဆြဲတဲ့အခါ အသုံးျပဳတဲ့ အရာေတြ ထြက္က်လာခဲ့တယ္။

“ ခင္ဗ်ားတို႔က ဆရာေတြပဲ… အဆင္သင့္လိုက္တာဗ်ာ… က်ဳပ္တို႔႐ြာမွာ ေသာင္းက်န္းေနတဲ့ မပုလဲကို ဆုံးမေပးပါဦး”

“ အမွန္တိုင္းေျပာရရင္ က်ဳပ္တို႔လဲ မပုလဲ အေၾကာင္းသိခ်င္ပါတယ္”

“ ဒီသရဲမကအေတာ္ဆိုးဆိုးပဲဗ်ာ… ညေမွာင္ရီပ်ိဳးတာနဲ႔ တစ္႐ြာလုံးလွည့္ပတ္ၿပီး ေျခာက္လွန႔္ေနတာ ေလးငါးလေလာက္ရွိေရာေပါ့”

“ ဒါကို ႐ြာက ဘာမွမလုပ္ၾကဘူးလား… ကမၼဝါဖတ္တာပဲျဖစ္ျဖစ္၊ ပရိတ္႐ြတ္တာပဲျဖစ္ျဖစ္ေပါ့”

“ မလုပ္႐ိုးလားဆရာရယ္… ႐ြတ္ရင္လဲ ရက္ပိုင္းေလာက္ပဲၿငိမ္သြားတာ၊ ၿပီးရင္ ပိုပိုဆိုးလာတာဗ်၊ လြန္ခဲ့တဲ့ လကဆိုရင္ ပရိတ္႐ြတ္ေနတဲ့ ဥဴးဇင္းေလးေတြကို ခဲေတြသဲေတြနဲ႔ကိုပက္တာ၊ က်ဳပ္တို႔႐ြာမွာကလဲ ေထရ္ႀကီးဝါႀကီးသံဃာမရွိတာမို႔ ဒီသရဲမ လုပ္ခ်င္တိုင္းလုပ္ေနတာထင္တယ္”

“ ဒါေၾကာင့္ ေမွာင္စပ်ိဳးတာနဲ႔ တစ္႐ြာလုံး အိမ္တံခါးပိတ္ၿပီးေနၾကတာကိုး”

“ ဟုတ္တယ္ဗ်… လျပည့္လကြယ္ေန႔ေတြဆိုရင္ ပုလဲလုံးဝမ္းဆက္ဝတ္ၿပီး ႐ြာလမ္းေတြေပၚမွာ လမ္းေလ်ာက္ေနတာ အေတာ္မ်ားမ်ားျမင္ဖူးၾကတယ္”

ေအာင္ျမတ္သာနဲ႔ အိမ္ရွင္လူႀကီးတို႔ စကားေကာင္းေနတဲ့အခ်ိန္ ႐ြာအေနာက္ပိုင္းကေန အလန႔္တၾကားေအာ္ဟစ္တဲ့အသံတစ္ခု ထြက္လာခဲ့တယ္။

“ ဟိုသရဲမ ေမႊျပန္ၿပီထင္တယ္… ဆရာတို႔ေရာက္တုန္းေလး သြားၾကည့္ေပးပါလို႔ ေတာင္းဆိုပါတယ္”

“ ရပါတယ္… က်ဳပ္တို႔သြားၾကည့္ေပးမယ္၊ ခင္ဗ်ားလဲလိုက္ခဲ့ေလ၊ လူခံရွိေတာ့ပိုအဆင္ေျပတာေပါ့”

အိမ္ရွင္လူႀကီးလဲ ေခြၽးစိုေနတဲ့အက်ႌကို မခြၽတ္ႏိုင္ပဲ ေအာင္ျမတ္သာတို႔နဲ႔အတူ အသံၾကားတဲ့ဘက္ကို လိုက္ပါလာခဲ့တယ္။

“ ေဟ့ မေစာရင္ ဘယ္သူ႔အိမ္ျဖစ္ျပန္ပီလဲ”

ၿခံျပင္ကေန လွမ္းေမးလိုက္တာေၾကာင့္ အိမ္တံခါးကို လွပ္ၿပီးၾကည့္ေနတဲ့ မိန္းမႀကီးက

“ ကိုဘျမင့္အိမ္လို႔ထင္တာပဲ…”

“ ေအးေအး… ငါသြားၾကည့္လိုက္ဦးမယ္”

အိမ္ရွင္လူႀကီးလဲ ေအာင္ျမတ္သာတို႔ကို ေခၚေဆာင္ၿပီး လမ္းၾကားေလးထဲဝင္သြားတဲ့အခ်ိန္ ဆံပင္ဖားလ်ားခ်ထားတဲ့မိန္းမတစ္ေယာက္ သစ္ပင္အေနာက္ကေန ျဖတ္သြားတာ ရိပ္ခနဲ ျမင္လိုက္ရတယ္။

“ ဆရာ… ျမင္လိုက္လား”

“ အင္း… ျမင္လိုက္တယ္၊ သူက ဒီေနရာကို အေတာ္ ကြၽမ္းက်င္ေနပီထင္တယ္၊ အခုေတာ့ အသံၾကားတဲ့အိမ္ကိုအရင္သြားၾကရေအာင္”

ေအာင္ျမတ္သာတို႔ေရာက္ေတာ့ အသက္ႏွစ္ဆယ္အ႐ြယ္ေကာင္မေလးတစ္ေယာက္ မ်က္ျဖဴလန္ကာ အေမာေဖာက္ေနတာကို ျမင္လိုက္ရတယ္။

“ ကိုဘျမင့္… ဘယ္လိုျဖစ္တာလဲ”

“ ငါလဲမသိဘူး သန္းေအာင္ရာ… ထမင္းစားေနတုန္း အိမ္အေနာက္က ေအာ္သံၾကားလို႔သြားၾကည့္တာ အခုလိုျဖစ္ေနတာပဲ”

“ ဆရာ… ဒီေကာင္မေလးကို ၾကည့္ေပးပါဦး”

ေအာင္ျမတ္သာလဲ မ်က္ျဖဴလန္ေနတဲ့ ေကာင္မေလးကို သင့္တင့္တဲ့ ေနရာမွခ်ခိုင္းၿပီး ဦးေခါင္းထက္ကို လက္နဲ႔အုပ္ကာ

“ မိစာၦနာနာဘာဝ၊ အစိမ္းသရဲတို႔၏ ေျခာက္လွန႔္ပူးကပ္မႈေၾကာင့္ယခုလိုေဝဒနာခံစားေနရပါက မိေမြးတိုင္းဖေမြးတိုင္း အတိုင္းျဖစ္ေစ” လို႔အမိန႔္ျပန္လိုက္ရာ မ်က္ျဖဴလန္ေနတဲ့ ေကာင္မေလးက ဆတ္ခနဲတြန႔္တက္သြားၿပီး အလန႔္တၾကားငိုပါေလေရာ။

အားရပါးရငိုၿပီး ရပ္သြားေတာ့မွ ေအာင္ျမတ္သာက

“ ဘာျမင္လိုက္တယ္ဆိုတာ ဆရာတို႔ကိုေျပာျပေပးလို႔ရလား” လို႔ေမးလိုက္ရာ ေၾကာက္တဲ့စိတ္နဲ႔တုန္ရီေနတဲ့ေကာင္မေလးက အိမ္ေနာက္ေဖးကို လက္ညိဳးထိုးၿပီး

“ အေဖတို႔ထမင္းစားၿပီးရင္ ပန္းကန္ေဆးဖို႔ ေရစည္ထဲကေန ေရခပ္ေနတဲ့အခ်ိန္ မ်က္ႏွာကို ဆံပင္စေတြလာစင္လို႔ လွည့္ၾကည့္လိုက္တာ ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေနတဲ့မ်က္ႏွာႀကီးက သြားၿဖဲၿပီးရယ္ျပေနတာ.. သမီးလဲ ႐ုတ္တရက္မို႔ အသံေတာင္မထြက္ႏိုင္ပဲ လဲက်သြားတဲ့အခ်ိန္ အဲဒီမိန္းမက သမီးအနားတိုးလာၿပီး သူအိမ္ျပန္ခ်င္တယ္ဆိုၿပီးေျပာတာ၊ အဲဒီေနာက္ပိုင္း သမီးေအာ္လိုက္တာပဲ မွတ္မိေတာ့တယ္”

“ ဘာမွမျဖစ္ေတာ့ဘူးေနာ္ စိတ္ေအးေအးထားလိုက္၊ ဆရာတို႔လဲသမီးအတြက္ အေဆာင္လုပ္ေပးခဲ့ပါမယ္”

ေအာင္ျမတ္သာလဲ ေျခာက္လွန႔္ခံထိတဲ့ေကာင္မေလးအတြက္ သိမ္ဝင္ပရိတ္ႀကိဳးကို ကိုးေခါက္ေခါက္ၿပီး လက္မွာပတ္ေပးရင္း အိမ္ေရွ႕ကိုအမွတ္မထင္ လွမ္းၾကည့္လိုက္ရာ ရပ္ၾကည့္ေနတဲ့ လူေတြၾကားထဲမွာ အတါေဖ်ာ့ေရာင္ပုလဲလုံးဝမ္းဆက္ဝတ္ဆင္ထားတဲ့ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။

+++++

“ ဆရာတို႔ျမင္ၿပီမဟုတ္လား… ဒီသရဲမ အခုလိုလုပ္ေနတာ အေတာ္ၾကာၿပီ”

ကြမ္းယာေနရင္းလွမ္းေျပာလိုက္တဲ့ အိမ္ရွင္လူႀကီးရဲ႕ စကားေၾကာင့္ ေရေႏြးၾကမ္းေသာက္ေနတဲ့ ေအာင္ျမတ္သာက

“ က်ဳပ္လဲ ဒီမိန္းမကိုျမင္လိုက္ပါတယ္… သူကအၿမဲတမ္းပုလဲလုံးဝမ္းဆက္ဝတ္ထားတာ မဟ္ယုတ္လား”

“ ဟုတ္တယ္ဆရာ… ေျခာက္ခံထိတဲ့သူတိုင္းေျပာတာကလဲ ပုလဲလုံးဝမ္းဆက္ဝတ္ထားတာတဲ့”

“ ညဦးပိုင္းက ေျခာက္ခံထိတဲ့ ေကာင္မေလးေျပာတဲ့စကားထဲမွာ သူအိမ္ျပန္ခ်င္တယ္လို႔ေျပာတယ္ဆိုပဲ၊ ဒါကိုၾကည့္ျခင္းအားျဖင့္ ဒီသရဲမက ဒီ႐ြာမွာေသတဲ့သူမဟုတ္ဘူး”

“ ဆရာေျပာမွ သတိထားမိတယ္၊ ဖိုးကတုံးနဲ႔ ႂကြက္နီတို႔ေျခာက္ခံထိတုန္းကလဲ သူ႔ကိုအိမ္ျပန္ေခၚသြားမယ္မဟုတ္လားဆိုၿပီးေျပာတယ္တဲ့”

“ ဒါဆို ဒီသရဲမက ႐ြာထဲကို အေၾကာင္းတစ္ခုခုေၾကာင့္ေရာက္လာၿပီး ျပန္ထြက္လို႔မရတာျဖစ္မယ္”

“ ဆရာတို႔ ေမာင္းထုတ္ႏိုင္ရင္ ေမာင္းထုတ္ေပးပါဗ်ာ၊ ေရွ႕လထဲ ညဘက္ေရသြင္းဖို႔ ရွိေသးတယ္၊ အဲလိုမွမသြင္းရဘူးဆိုရင္ စပါးခင္းေတြ အကုန္ပ်က္ကုန္မွာ”

“ သိပ္လဲစိတ္မပူပါနဲ႔… တစ္ရက္ႏွစ္ရက္အတြင္း ဒီကိစၥကို ေျဖရွင္းေပးပါ့မယ္”

ေအာင္ျမတ္သာရဲ႕စကားေၾကာင့္ အိမ္ပိုင္ရွင္ လူႀကီးရဲ႕မ်က္ႏွာက အၿပဳံးရိပ္ေတြသမ္းလာၿပီး ေနက်ပ္တဲ့အရိပ္ေယာင္ေတြေပၚလာခဲ့တယ္။

+++++

ေရနံဆီမီးအိမ္အလင္းေရာင္ မွိန္ျပျပက တစ္အိမ္လုံးျမင္ရတဲ့အထိ ျဖန႔္က်က္ေနခဲ့တယ္။ အလုပ္ပင္ပန္းတာေၾကာင့္ အိပ္ေမာက်ေနတဲ့ အိမ္ပိုင္ရွင္လူႀကီးရဲ႕ ေဟာက္သံက စည္းခ်က္ညီညီ ထြက္ေပၚေနတဲ့အခ်ိန္ ေအာင္ျမတ္သာက အိပ္ေနရာကေန အသာထၿပီး

“ ေမာင္ေကာင္း၊ ခြန္းလွ… ငါနဲ႔လိုက္ခဲ့” လို႔ေျပာကာ အိမ္ေအာက္ကိုအသာေလးဆင္းလာခဲ့လိုက္တယ္။ ဆရာတပည့္သုံးေယာက္ ၿခံျပင္ကိုေရာက္ေတာ့ ႐ြာအေနာက္ပိုင္းကေန စူးစူးဝါးဝါးထြက္လာတဲ့ ေခြးအူသံ။

“ ဆရာ … ဘယ္သြားမလို႔လဲ”

“ ႐ြာထိပ္က သေျပပင္ကိုသြားမလို႔…ဟိုေရာက္ရင္ ဒီသရဲမအေၾကာင္းတစ္ခုခုသိမယ္ထင္တယ္”

ေအာင္ျမတ္သာတို႔လဲ လေရာင္ကို အားျပဳၿပီး ႐ြာထိပ္ကသေျပပင္ရွိတဲ့ဘက္ကိုထြက္လာခဲ့ရာ အပင္ေအာက္ကိုေရာက္ေတာ့ ပင္စည္ကို လက္နဲ႔ေခါက္ၿပီး

“ သေျပပင္မွာေနထိုင္ၾကတဲ့ ပုဂ္ရိဳလ္ေတြထဲက သက္တမ္းအၾကာဆုံးပုဂၢိဳလ္ က်ဳပ္ေရွ႕ကို ေရာက္ေစ” လို႔ေျပာလိုက္ရာ ေတာင္ဘက္စြန္းစြန္းမွာ ထြက္ေနတဲ့ သေျပကိုင္းက ေလမတိုက္ပဲ လႈပ္ခါလာၿပီး သာမန္လူသုံးေယာက္ ပူးကပ္ထားတဲ့အ႐ြယ္ရွိတဲ့ လူမဲမဲဝဝႀကီး ခုန္ဆင္းလာခဲ့တယ္။

“ သင္က သေျပပင္မွာေနတဲ့ကာလအၾကာဆုံးသူလား”

“ ဟုတ္တယ္… ငါက ဒီမွာေနတာ ႏွစ္၇၀ရွိၿပီ၊ ဘာလို႔ ငါ့ကိုမွေ႐ြးေခၚရတာလဲ”

“ သင့္ကိုေမးစရာရွိလို႔ ေခၚလိုက္တာပါ… သင္က သေျပပင္မွာေနတာၾကာၿပီဆိုေတာ့ ႐ြာထဲမွာ ျဖစ္ေနတဲ့ကိစၥေတြကို သိေလာက္မွာေပါ့”

“ ဟိုေကာင္မ ကိစၥကိုေျပာတာလား”

“ ဟုတ္တယ္… သူက ဘယ္ကေန ဘယ္လို ေရာက္လာတာလဲ”

“ ငါလဲ အတိအက်မသိဘူး… အဲဒီေကာင္မက ငါတို႔ကိုေတာင္ အဖက္လုပ္တာမဟုတ္ဘူး”

“ သင့္လို ဗိမၼာန္ရွိတဲ့သူကိုေတာင္ ဂ႐ုမစိုက္ဘူးဆိုေတာ့ သူ႔ကိုေမာင္းထုတ္ႏိုင္မယ့္သူ ႐ြာမွာမရွိဘူးဆိုတဲ့သေဘာေပါ့”

“ ငါတို႔က ဒီအပင္အရိပ္က်တဲ့ေနရာထိပဲသြားလို႔ရေပမယ့္ ဒီေကာင္မက တစ္႐ြာလုံး လွည့္ပတ္သြားေနတာ၊ နယ္ပိုင္ကြင္းပိုင္ေတြကလဲ ဘာမွမေျပာဘူးဆိုေတာ့ ငါလဲ မသိသလိုေနၿပီး လႊတ္ထားလိုက္ရတာ”

“ ဒီ‌ေလာက္သိရတာေက်နပ္ပါတယ္၊ သင္လဲ ကိုယ့္ေနရာကိုယ္ျပန္ႏိုင္ပါၿပီ”

ေအာင္ျမတ္သာ ခြင့္ျပဳလိုက္တာနဲ႔ မဲမဲဝဝပုဂၢိဳလ္က သေျပပင္ေပၚကို ေၾကာင္တစ္ေကာင္လိုခုန္တက္ၿပီး ေပ်ာက္ကြယ္သြားခဲ့တယ္။

အိမ္ျပန္ေရာက္ေတာ့ ေအာင္ျမတ္သာက ခ်က္ခ်င္းမအိပ္ေသးပဲ တရားထိုင္ေနတဲ့အခ်ိန္

“ လက္ရွိႀကဳံေနတဲ့ျပႆနာကို တိုက္ၾကက္စမသုံးၿပီး ‌ေျဖရွင္းပါ၊ ဒီနည္းလမ္းသုံးတဲ့အခါ လူအမ်ားရဲ႕ေရွ႕ေမွာက္မွာ ထင္သာျမင္သာရွိေအာင္လုပ္ပါ” ဆိုတဲ့အသံကို ပီပီသသႀကီးၾကားလိုက္ရတယ္။

ေအာင္ျမတ္သာလဲ တရားျဖတ္တာနဲ႔ စမအကၡရာေတြကိုၾကက္တစ္ေကာင္နဲ႔တူေအာင္ေရးဆြဲၿပီး အသက္သြင္းကာ အသင့္ေဆာင္ထားလိုက္တယ္။

မနက္မိုးလင္းေတာ့ အိမ္ရွင္လူႀကီးကို အက်ိဳးေၾကာင္းေျပာၿပီး ခြပ္လက္မထိုးရေသးတဲ့ ၾကက္ဖတစ္ေကာင္ရွာေစခဲ့တယ္။ ၾကက္ဖရတာနဲ႔ တစ္ကိုယ္လုံးကို တေရာ္ကင္မြန္းေပး၊ ေဆးေၾကာၿပီး တိုက္ၾကက္စမကို ျပာခ်ကာ ေျခေထာက္မွာ ႀကိဳးနဲ႔ခ်ည္ထားေပးလိုက္တယ္။

အားလုံး လုပ္သင့္တာလုပ္ၿပီးခ်ိန္မွာေတာ့ ႐ြာလူႀကီးအခ်ိဳ႕ေရွ႕ေမွာက္မွာတင္ ၾကက္ဖကိုလႊတ္ခ်ေပးလိုက္တယ္။

“ ဆရာ… ကြၽန္ေတာ္တို႔ ၾကက္ဖေနာက္လိုက္ရမွာလား”

“ ဟုတ္တယ္… သူယက္တဲ့ေနရာကို တူးၾကည့္ ထူးျခားတာေတြ႕လိမ့္မယ္”

႐ြာခံလူေတြလဲ ၾကက္ဖသြားတဲ့ေနာက္ကို လိုက္ၾကရာ ဦးတိုးႀကီးအိမ္အေနာက္က ဗန္ဒါပင္ေအာက္ကို ယက္ေနတာျမင္လိုက္ရတယ္။

“ ဒါ ဒါ ဖိုးကတုံးတို႔ေျခာက္ခံထိတဲ့ေနရာပဲ”

“ ဒီမွာ တစ္ခုခုရွိေနၿပီထင္တယ္…”

လိုက္ၾကည့္ၾကတဲ့လူေတြရဲ႕ စကားသံေၾကာင့္ စိတ္ျမန္လက္ျမန္ရွိတဲ့ ႐ြာခံအခ်ိဳ႕က ဗန္ဒါပင္ေအာက္ကို တူးၾကည့္ရာ အဝါေရာင္ ပုလဲလုံးအဝတ္နဲ႔ လုံးေထြးေနတဲ့ အ႐ိုးတစ္ေခ်ာင္း ထြက္လာခဲ့တယ္။

႐ြာခံေတြအားလုံးလဲ ျမင္ရတဲ့ အရာေၾကာင့္ ဟာခနဲ ဟင္ခနဲျဖစ္သြားၾကသလို ေအာင္ျမတ္သာတို႔ကို ခ်ီးက်ဳးတဲ့အသံေတြ ထြက္လာခဲ့တယ္။

ၾကက္ဖေလးကလဲ အ႐ိုးေခ်ာင္းထြက္လာၿပီးတာနဲ႔ ေတာင္ပံႏွစ္ဖက္ကိုျဖန႔္ကာ ေနာက္တစ္ေနရာကို ေျပးပါေလေရာ။ လူေတြကလဲ ၾကက္ဖသြားတဲ့ေနာက္ကို လိုက္ၾကရာ ေျမစာေတြပုံထားတဲ့ ေနရာတစ္ခုဆီကိုေရာက္လာခဲ့တယ္။ အဲဒီေနရာကို ထပ္တူးၾကည့္ရာ အ႐ိုးက်ေနတဲ့ ဦးေခါင္းခြံတစ္ခု ထပ္ထြက္လာခဲ့တယ္။

ဒီလိုနဲ႔ ရွစ္ေနရာတိတိတူးၿပီးတဲ့အခါမွာေတာ့ ၾကက္ဖက ဘယ္မွထပ္မသြားေတာ့ပဲ ေအာင္ျမတ္သာအနားကိုလာကာ တဂြတ္ဂြတ္နဲ႔ ေအာ္ပါေလေရာ။

႐ြာခံေတြလဲ တူးလို႔ထြက္လာတဲ့အ႐ိုးေတြကိုစုလိုက္ရာ လူတစ္ကိုယ္စာပုံေဖာ္လို႔ရႏိုင္တဲ့အထိ ျဖစ္သြားခဲ့တယ္။

ဒါေပမယ့္ ဒီအ႐ိုးစုေတြက ဘယ္လိုျဖစ္ၿပီး တစ္႐ြာလုံးျပန႔္က်ဲေနတာလဲ၊ ဘယ္သူက အခုလို အေလာင္းကို တစ္စစီ လုပ္ထားတာလဲဆိုတဲ့ ေမးခြန္းေတြက ႂကြက္စိႂကြက္စိထြက္လာခဲ့တယ္။ အဲဒီအခ်ိန္ လူအုပ္ထဲမွာရွိေနတဲ့ ေကာင္ေလးတစ္ေယာက္က မ်က္ႏွာကို လက္ဝါးနဲ႔အုပ္ကာ ရႈိက္ႀကီးတငင္ငိုပါေလေရာ။

“ ဟိတ္… ေမာင္ႏိုင္ထြန္း… ဘာလို႔ငိုေနတာလဲ”

“ ငါ ေမာင္ႏိုင္ထြန္း မဟုတ္ဘူး…. ငါ့နာမည္ ျမပုလဲသြယ္ အဟင့္အဟင့္”

ေယာက်ၤားေလးဆီကေန မိန္းမအသံထြက္လာတာေၾကာင့္ ရပ္ၾကည့္ေနတဲ့သူေတြအားလုံး အံ့အားသင့္သြားခဲ့ရတယ္။

“ နင္က ျမပုလဲသြယ္လား”

ေအာင္ျမတ္သာရဲ႕အသံေၾကာင့္ ငိုေနတဲ့ေကာင္ေလးက မ်က္ေထာင့္နီနဲ႔ လွမ္းၾကည့္ၿပီး

“ ဟုတ္တယ္… ငါနာမည္ ျမပုလဲသြယ္”

“ ဒီအ႐ိုးေတြက နင္ခႏၶာကိုယ္အပိုင္းအစေပါ့”

“ သူတို႔ေတြငါ့ကို မေသပဲျမဳပ္ပစ္ခဲ့ၾကတယ္… ငါအကုန္လုံးသိေနေပမယ့္ ဘာမွမလုပ္ႏိုင္ခဲ့ဘူး… ငါအိမ္ျပန္ခ်င္တယ္… ငါ့ကိုအိမ္ျပန္ပို႔ေပးပါ”

“ နင္ကို ဘယ္သူေတြ ေျမျမဳပ္ခဲ့ၾကတာလဲ”

“ ငါမသိဘူး… ငါမမွတ္မိဘူး…ငါေနတဲ့ ႐ြာထိပ္မွာ ကရမက္ပင္တစ္ပင္ရွိတာပဲသိတယ္”

“ ကရမက္ပင္ ဟုတ္လား… ဒီအနီးတစ္ဝိုက္မွာ ကရမက္ပင္မွမရွိတာ… တစ္ခုခုလြဲေနၿပီထင္တယ္”

“ ကရမက္ပင္ဆိုတာ ျမင္ေတာင္မျမင္ဖူးဖူးေလ”

႐ြာခံေတြရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာ မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး

“ မဟုတ္ေသးဘူး… သူေျပာတာေတြက အမွန္ျဖစ္ႏိုင္တယ္၊ ကရမက္ပင္ရွိတဲ့႐ြာကို ဘယ္သူသိၾကေသးလဲ” လို႔ေမးလိုက္ရာ လူအုပ္ရဲ႕အေနာက္ကေန အသက္၆၀အ႐ြယ္ လူႀကီးတစ္ေယာက္ ထြက္လာခဲ့တယ္။

“ သူေျပာတဲ့႐ြာက ယက္ကန္းစင္႐ြာမ်ားျဖစ္ေနမလား”

“ အဘေျပာတဲ့ ယက္ကန္းစင္႐ြာဆိုတာ ၾကားေတာင္မၾကားဖူးဖူး”

“ ဒီအနီးနားမွာ မရွိဘူးထင္တယ္ေနာ္”

“ ယက္ကန္းစင္႐ြာဆိုတာ ဒီကေန ေလးနာရီေလာက္ သြားရတယ္ကြယ့္… အဘတို႔အသက္၃၀ေလာက္က တစ္ခါေရာက္ဖူးတယ္၊ ႐ြာထိပ္မွာ လူတစ္ေဖာင္စာေလာက္ျမင့္တဲ့ ကရမက္ပင္တစ္ပင္ရွိတာျမင္ဖူးတယ္”

“ ဟုတ္လား… ျမပုလဲသြယ္ နင္ေနတဲ့႐ြာက ယက္ကန္းစင္႐ြာလား”

“ အီး ဟီး ဟီး… အဲဒါငါ့႐ြာပဲ… ငါ့ကို႐ြာျပန္ပို႔ေပးပါ”

“ အခုေလာေလာဆယ္ ႐ြာလူႀကီးေတြက ယက္ကန္းစင္႐ြာကိုလူလႊတ္ၿပီး ျမပုလဲသြယ္ဆိုတဲ့ မိန္းကေလး ႐ြာမွာရွိမရွိ စုံစမ္းေပးပါ”

ေအာင္ျမတ္သာစကားေၾကာင့္ ႐ြာခံလူေတြက ခ်က္ခ်င္းဆိုသလို ယက္ကန္းစင္႐ြာကို လူလႊတ္ေပးခဲ့တယ္။

ေအာင္ျမတ္သာလဲ ျမပုလဲသြယ္ရဲ႕ ဝိဉာဥ္ကို ပူးကပ္ေနသူရဲ႕ကိုယ္ကေန ဖယ္ခိုင္းၿပီး ေနရာတစ္ခုေပးကာ ေခတၱခ်ဳပ္ေႏွာင္ထားလိုက္တယ္။

ညေနေစာင္းေတာ့ ယက္ကမ္းစင္႐ြာကလူေတြ ေရာက္ခ်လာၿပီး အ႐ိုးစုနဲ႔ေဘးမွာပုံထားတဲ့ အဝတ္စအခ်ိဳ႕ကိုၾကည့္ကာ

“ ဒီကေလးမက ႐ြာကေန ေပ်ာက္သြားတာ ႏွစ္ႏွစ္ေက်ာ္ၿပီ၊ သူေပ်ာက္သြားတုန္းကလဲ ပုလဲလုံးဝမ္းဆက္နဲ႔ပဲ” လို႔ေျပာခဲ့တယ္။

ေကာင္မေလးရဲ႕ မိဘေတြကေတာ့ သူတို႔သမီးကို အခုလိုအျဖစ္မ်ိဳးနဲ႔ျပန္ျမင္ရတဲ့အတြက္ ယူႀကဳံးမရ ျဖစ္ကာ တငိုငိုတရီရီျဖစ္ေနတာေၾကာင့္ အေတာ္ကိုေဖ်ာင္းဖ်နားခ်ေပးခဲ့ရတယ္။

ေအာင္ျမတ္သာတို႔လဲ အ႐ိုးစုေတြကို မိဘေတြဆီျပန္အပ္ခဲ့ေပမယ့္ ဒီအ႐ိုးစုေတြက ဘယ္လိုေၾကာင့္ က်ီးအာ႐ြာထဲကိုေရာက္ေနရတာလဲ၊ ဒီေကာင္မေလးကို ဘယ္သူသတ္တာလဲဆိုတဲ့ အေတြးေတြက ႐ြာခံေတြစိတ္ထဲမွာ တထင့္ထင့္စြဲက်န္ေနခဲ့တယ္။

+++++

“ ကြၽန္ေတာ္အထင္ေျပာရရင္ ျမပုလဲသြယ္ဆိုတဲ့ ေကာင္မေလးက သူ႔ခႏၶာကိုယ္ကို စြဲလမ္းၿပီး ႐ြာထဲကိုေရာက္လာတာျဖစ္ရမယ္… ဒါေၾကာင့္ အ႐ိုးအပိုင္းအစေတြရွိတဲ့ေနရာတိုင္း သူသြားလို႔ရေနတာ”

ခြန္းလွစကားေၾကာင့္ အနားမွာရွိေနတဲ့ က်ီးအာ႐ြာသားေတြက လက္ခံတဲ့ဟန္နဲ႔ ဟုတ္မွန္ေၾကာင္းေထာက္ခံခဲ့ၾကတယ္။

“ ဒါဆို အ႐ိုးေတြက ဘယ္လိုျဖစ္ၿပီး ႐ြာထဲေရာက္‌ေနရတာလဲ”

“ ဒါေတာ့စဥ္းစားစရာပဲ”

ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ႏွစ္ေယာက္ ႐ြာသားေတြနဲ႔စကားေကာင္းေနတဲ့အခ်ိန္

“ ဗ်ိဳ႕ … ဘႀကီးစံရင္… ေျမနီေတြယူဦးမလား” ဆိုတဲ့အသံေၾကာင့္ ၾကည့္လိုက္ရာ ေထာ္လာဂ်ီအစုတ္ကိုတဒုတ္ဒုတ္နဲ႔ ေမာင္းႏွင္လာတဲ့ လူတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ဘယ္သူမ်ားလဲလို႔ ဝင္းခိုင္ ျဖစ္ေနပါလား… မင္းအခုဘာလုပ္ေနလဲ”

“ ေက်း႐ြာခ်င္းဆက္လမ္းေတြေဖာက္တဲ့ေနရာမွာ လုပ္ေနတာ၊ လြန္ခဲ့တဲ့ ငါးလေလာက္ကေတာင္ ကြၽန္ေတာ္ ေျမနီေတြ လာပို႔ေပးေသးတယ္ေလဗ်ာ”

“ ေအး မွတ္မိၿပီ… အခုေရာ အဲမွာလုပ္တုန္းပဲလား”

“ ဟုတ္တယ္ ဘႀကီး.. ေျမနီေတြလိုရင္လဲေျပာဦးေနာ္… ဆီဖိုးပဲေပး ကြၽန္ေတာ္လာပို႔ေပးမယ္”

ဝင္းခိုင္က သူ႔ေထာ္လာဂ်ီအစုတ္ကို အသံမ်ိဳးစုံထြက္ေအာင္ ေမာင္းထြက္သြားတဲ့အခ်ိန္ အေနာက္အဖုံးၾကားထဲမွာ ေဆြးေျမ့ေနတဲ့ အဝါေဖ်ာ့ေရာင္ပုလဲလုံးပိတ္စေလးတစ္ခု ညႇပ္ပါေနတာကို ဘယ္သူမွသတိမထားမိခဲ့ၾကေပ။

++++++

ေအာင္ျမတ္သာတို႔လဲ က်ီးအာ႐ြာမွာ တစ္ပတ္ေလာက္ေနၿပီး မိမိတို႔ရဲ႕ လုပ္ငန္းစဥ္အတိုင္း ခရီးဆက္ထြက္ခဲ့ၾကတယ္။ ဒီတစ္ခါမွာေတာ့ စီးပြားပ်က္၊ ဘဝပ်က္ေအာင္ ျပဳလုပ္ထားတဲ့ မိသားစုျပႆနာတစ္ခုကို ေျဖရွင္းေပးခဲ့ရတယ္။

ဒီအေၾကာင္းအရာကိုေတာ့ ေအာင္ျမတ္သာႏွင့္ ရာသီေသြးအတိုက္ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)