”အောင်မြတ်သာနှင့်ရာသီသွေးအတိုက်”(စ/ဆုံး)

Unicode Version

”အောင်မြတ်သာနှင့်ရာသီသွေးအတိုက်”(စ/ဆုံး)
———————————————————–

“ အေ့… လှရင် တံခါးဖွင့်စမ်း… ဒုန်း ဒုန်း ဒုန်း”
အိမ်တံခါးကို ခပ်ပြင်ပြင်းထုရင်း အော်နေတဲ့အသံကြောင့် ကလေးသိပ်နေတဲ့ လှရင်တစ်ယောက် ကမန်းကတမ်းထလိုက်ပြီး တံခါးဖွင့်ပေးလိုက်တယ်။
“ ကိုမောင်ငယ်… ရှင် အရက်တွေသောက်လာတာလား”
“ နည်းနည်းပါမိန်းမရယ်… ဟိုကောင် ဟန်ငြိမ်း နွားရောင်းရလို့ တိုက်လိုက်တာ”
လှရင်လဲ ယိုင်တိုင်တိုင်ဖြစ်နေတဲ့ ယောင်္ကျားဖြစ်သူကို ဆွဲခေါ်ရင်း ကုလားထိုင်ပေါ် ပေးထိုက်လိုက်တယ်။
“ ယောင်္ကျားရယ် ရှင်အရင်က ဒီလိုတွေသောက်တာ မမြင်ဖူးပါဘူး… ဒီရက်ပိုင်း ဘယ်လိုဖြစ်နေတာလဲ”
“ ငါ့ဘာသာ သောက်ချင်လို့သောက်တာ လာမရစ်နေနဲ့… နင်လုပ်စရာရှိတာ သွားလုပ် ငါ ခဏထိုင်ဦးမယ်”
လှရင်လဲ လူမှန်းသူမှန်းမသိအောင် ဖြစ်နေတဲ့ ကိုမောင်ငယ်ကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချကာ ခြင်ထောင်ထဲပြန်ဝင်သွားလိုက်တယ်။
အရင်ကဆို ဘုရားတရားအမြဲလုပ်တတ်ပြီး အရက်ဆိုတာဘာမှန်းမသိတဲ့ ကိုမောင်ငယ်က ဒီနှစ်လအတွင်း ဘာကြောင့်ပြောင်းလဲသွားရတာလဲဆိုတဲ့ အတွေးက လှရင်ခေါင်းထဲကို မစဉ်းစားပဲ ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။
“ သူလဲ စီးပွားရေးအဆင်မပြေလို့ စိတ်ထွက်ပေါက်ရှာတာ ဖြစ်မှာပါလေ” လို့တီးတိုးရေရွတ်ရင်း မအိပ်ချင်သေးတဲ့ မျက်လုံးကို အတင်းမှိတ်ကာ အိပ်ဖို့ကြိုးစားခဲ့လိုက်တယ်။
အိမ်ရဲ့ပတ်ဝန်းကျင်မှာတော့ ညပိုးကောင်လေးတွေရဲ့အသံ၊ အိမ်ထဲမှာတော့ ကိုမောင်ငယ်ရဲ့ ဟောက်သံက စည်းချက်ညီညီ ထွက်ပေါ်လျက်။
++++++
“ ကိုမောင်ငယ် မနက်အစောကြီးနိုးနေပါလား”
ပြေကျနေတဲ့ ဆံပင်ကို တစ်ပတ်လျှိုထုံးရင်း အိပ်ယာထဲကထွက်လာရင်းမေးလိုက်တဲ့ လှရင်စကားကြောင့် မောင်ငယ်က
“ လှရင် နင့်မှာ ဆွဲကြိုးရှိသေးတယ်မဟုတ်လား”
“ ရှိတယ်လေ… ဘာဖြစ်လို့လဲ”
“ ငါ့ကိုရောင်းပေးစမ်းဟာ… ဟိုဘက်ရွာမှာ နွားတစ်ရှဉ်းလှလှလေးတွေ့ထားလို့”
“ ဟင် … အရင်က နွားဝယ်ဖို့ပေးထားတဲ့ ပိုက်ဆံတွေက ဘယ်ရောက်သွားလို့လဲ”
လှရင်စကားကို မောင်ငယ် ပြန်မဖြေပဲ အိပ်အပြင်ဘက်ကိုငေးကြည့်နေခဲ့တယ်။
“ ကျွန်မ မေးနေတယ်လေ… ရှင် ပိုက်ဆံတွေကို ဘာလုပ်လိုက်တာလဲ”
“ အဲဒီပိုက်ဆံတွေမရှိတော့ဘူး… ငါ ငါ ဖဲရိုက်လိုက်တာ ကုန်သွားတယ်”
“ ဘာ…”
လှရင်အသံက တုန်ရီစွာထွက်ပေါ်လာခဲ့သလို အသားတွေလဲ တဆတ်ဆတ်တုန်လာခဲ့တယ်။
“ အဲဒီပိုက်ဆံတွေက တပေါင်းလရောက်ရင် သားကို ရှင်ပြုပေးဖို့စုထားတဲ့ ပိုက်ဆံတွေဆိုတာ ရှင်မသိတာလား… နွားဝယ်မယ်ဆိုလို့ ခဏပေးလိုက်တာကို ရှင် ရှင်က လောင်းကစား လုပ်ပစ်လိုက်တာပေါ့လေ”
“ ငါလဲ နိုင်မယ်ထင်ပြီး ကစားလိုက်တာ… ကုန်သွားတာတော့မတတ်နိုင်ဘူး”
“ ရှင် လူစကားပြော … ဘယ်နှယ့်တော် ဒီနှစ်ထဲ စီးပွားရေးအဆင်မပြေလို့ ချွေတာနေရပါတယ်ဆိုမှ ဒီလိုလုပ်ပစ်ရတယ်လို့၊ ရှင် ဘယ်လိုဖြစ်ပြီး ပြောင်းလဲသွားရတာလဲ”
“ ငါ့ကိုအပြစ်လာတင်မနေနဲ့… ငါရှာကျွေးလို့ လူတန်းစေ့နေနိုင်တာကိုကျတော့ ထည့်မပြောဘူး”
“ အော်… ရှင်က သူများသားသမီးကို ယူထား‌တာလေ၊ ရှင်ရှာမကျွေးရင် ဘယ်လင်ငယ်က ရှာကျွေးမှာလဲ”
လှရင်စကားက မောင်ငယ်အရှိုက်ကို ထိသွားတာမို့ ရှေ့မှာချထားတဲ့ စားပွဲကို ဝုန်းခနဲလှန်တင်ပြီး ဖန်ခွက်တွေကို ပစ်ခွဲပါလေရော။
ဝုန်းခနဲ ဒိုင်းခနဲ ထွက်ပေါ်လာတဲ့အသံကြောင့် အိပ်ပျော်နေတဲ့ ဖိုးသား လန့်နိုးလာပြီး မိဘနှစ်ပါးကို ကြောင်စီစီကြည့်နေခဲ့တယ်။
“ တောက်…”
မောင်ငယ်က တောက်တစ်ချက်ကို ပြင်းထန်စွာခေါက်လိုက်ပြီး အိမ်ပေါ်ကနေ ဆင်းသွားတဲ့အချိန် လှရင်ရဲ့ မျက်လုံးအိမ်ထဲကနေ ပူပြင်းလှတဲ့ မျက်ရည်ပူတွေ စီးကျလာခဲ့တယ်။
ခဏနေတော့ အိမ်ပေါ်ကို အမတင်အေး တက်လာပြီး
“ လှရင်ရယ် နင်တို့လင်မယား ဘယ်လိုဖြစ်ကြတာလဲ”
“ အမလဲ အကုန်ကြားပီးပီ ထင်ပါတယ်… ကိုမောင်ငယ်က အရင်လိုမဟုတ်တော့ဘူး.. ဟင့် ဟင့်”
“ မဟုတ်တာကွယ်.. မောင်ငယ်က နင်တို့ကို အလိုလိုက်ပါတယ်… စိတ်မကောင်းမဖြစ်နဲ့နော်၊ သူလဲစိတ်ဆိုးလို့ခဏပြောတာဖြစ်မှာပါ”
လှရင်က အမတင်အေး ပခုံးပေါ်မှာ မှီပြီး စိတ်ထဲတင်းထားသမျှကို ငိုချပစ်လိုက်တယ်။
တင်အေးကတော့ သူ့ပခုံးပေါ်မှာ မှီပြီးငိုနေတဲ့ လှရင်ကိုအားပေးစကားပြောရင်း အိမ်နောက်ဖေးအဝင်တံခါးဘောင်ပေါ်ကို စောင်းငဲ့ကြည့်လိုက်တယ်။
+++++
သီချင်းသံသဲ့သဲ့ပြန့်လွင့်နေတဲ့ ဗန်ဒါရိပ်လက်ဖက်ရည်ဆိုင်ထဲမှာတော့ တိုးကြီး၊ ဝေလွင်နဲ့ မောင်ငယ်တို့ ထိုင်နေကြတယ်။
“ မောင်ငယ် မင်း လှရင်နဲ့စကားများတယ်ဆို”
“ ဒီလိုပါပဲ တစ်ခွန်းစ နှစ်ခွန်းစပါ”
“ ဟင်း… မင်း ဟန်ငြိမ်းနဲ့ တပူးပူးတတွဲတွဲ ဖြစ်နေတယ်လို့ငါကြားတယ်… အဲဒီကောင်နဲ့ပေါင်းတာ ငါတို့မကြိုက်ဘူး မောင်ငယ်”
“ ဘာဖြစ်လို့လဲ…’’
“ ဘာဖြစ်ရမှာလဲ… ဟန်ငြိမ်းဆိုတဲ့ကောင်က လိုင်းစုံတယ်… မင်းက လူရိုးလူအေး”
“ သူက မင်းထင်သလို မဟုတ်ပါဘူး…”
“ ဒါကတော့ မင်းဆုံးဖြတ်ရမှာ.. ငါတို့က သူငယ်ချင်းဖြစ်နေလို့ ပေါင်းသင့်မပေါင်းသင့် ပြောပြပေးတာ”
“ အေးပါ… ဒါဆို ငါသွားတော့မယ် လက်ဖက်ရည်ဖိုး မင်းတို့ပဲရှင်းလိုက်တော့”
မောင်ငယ် ထွက်သွားတော့ တိုးကြီးက
“ မောင်ငယ်က အရင်နဲ့မတူတော့ဘူး… ပျက်စီးခြင်း လမ်းစကိုရောက်နေပြီကွာ” လို့ လေးတွဲစွာရေရွတ်လိုက်တယ်။
++++
“ မောင်ငယ် သောက်ကွာ… ဒါက ကောက်ညှင်းချက်အရက်နော် မွှေးနေတာပဲ”
ဟန်ငြိမ်းက နီကျင်ကျင်ဖြစ်နေတဲ့ ပုလင်းထဲက အရက်အချို့ကို မောင်ငယ်ခွက်ထဲ လောင်းထည့်ပေးလိုက်တယ်။
“ ဒီနေ့ ဖဲဝိုင်းရှိသေးတယ် သွားကြည့်မလား”
“ လိုက်ဆိုလိုက်ပေးမယ်လေ… ဆော့ဖို့တော့ပိုက်ဆံမရှိဘူး”
“ သူဌေးကလဲ ညဉ်းတော့မယ်… မင်းသူရင်းငှားချထားတဲ့လယ်တွေအများကြီးရှိတာကိုကွာ”
“ လယ်ရှိတာက ရှိတာပေါ့… ဒါပေမယ့် ဒီနှစ်ထဲ စီးပွားရေးအဆင်မပြေဘူးဆိုတာ မင်းလဲသိနေတာပဲ၊ ဘာလုပ်လုပ်အဆင်ကိုမပြေတာ”
“ ဟုတ်ပါပြီကွာ… ဒါဆို မင်းဘေးမှာပဲ ထိုင်ကြည့်ပေါ့… ငါနိုင်ရင် မင်းနိုင်သလိုပါပဲ”
ဟန်ငြိမ်းက မောင်ငယ် ပခုံးကိုပုတ်ကာပြောလိုက်ပြီး ပုလင်းထဲက အရက်လက်ကျန်ကို ဖြတ်ကာ ဖဲဝိုင်းရှိတဲ့ဘက်ကို ထွက်သွားခဲ့ကြတယ်။
မောင်ငယ်လဲ တစ်နေ့တစ်နေ့ အရက်သောက်လိုက်၊ ဖဲရိုက်လိုက်၊ ကြက်တိုက်လိုက်နဲ့‌ အချိန်ကုန်နေတာမို့ ပြေလည်နေတဲ့အိမ်ထောင်ရေးက တစ်စတစ်စဆိုသလို အက်ကြောင်းတွေထလာခဲ့တယ်။
မောင်ငယ်တို့ လင်မယားစကားများတာကလဲ တစ်ရက်ခြားတစ်ခါလိုဖြစ်လာတာကြောင့် လှရင် သည်းမခံနိုင်တော့ပဲ သားဖြစ်သူကိုခေါ်ကာ အိမ်ပေါ်ကနေ ဆင်းသွားခဲ့တယ်။
လှရင်မရှိတော့ မောင်ငယ်က ပိုလွတ်လပ်သွားပြီး အချိန်ပြည့်ဆိုသလို သောက်စားမူးရူးကာ ဘဝကို ဖြစ်သလိုနေထိုင်ခဲ့တယ်။
“ မောင်ငယ်… အိမ်ပေါ်မှာရှိလား”
အိမ်ရှေ့ကနေ ခေါ်နေတဲ့အသံကြောင့် အိပ်ပျော်နေတဲ့ နိုးလာပြီး အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်။
“ ဘယ်သူများလဲလို့ အမတင်အေးပါလား၊ ဘာကိစ္စရှိလို့လဲ”
“ အိမ်မှာ ငါးရံ့အူဟင်းချက်လို့လေ… မင်းလဲ တစ်ယောက်ထဲဆိုတော့ ဟင်းမချက်တာသိလို့ လာပို့တာ”
“ အော် … အိမ်ပေါ်တက်လေအမ… ကျွန်တော် ခုနကမှနိုးတာမို့ ရှုပ်ပါနေတာတော့ သည်းခံပေး”
“ ဟက်ဟက် ရပါတယ် မောင်ငယ်ရဲ့…”
အမတင်အေးက အိမ်ပေါ်ကိုတက်လာပြီး မောင်ငယ်ကို ဟင်းပန်းကန် ကမ်းပေးလိုက်တယ်။
“ မောင်ငယ်… လှရင်တို့က ပြန်မလားသေးဘူးလား”
“ သူ့အကြောင်းမပြောပါနဲ့ဗျာ… သူ့အသံရော ရုပ်ရော မကြားချင်ဘူး”
အမတင်အေးက မောင်ငယ်စကားကြားတော့ မသိမသာလေးပြုံးလိုက်ပြီး
“ မင်းလဲ အရက်တွေသိပ်မသောက်နဲ့လေ… ကြည့်လိုက်ရင် အမြဲမူးနေတာပဲ”
“ အမြဲမသောက်ပါဘူး… ဒါနဲ့ ကျွန်တော် ပန်းကန်နောက်မှ လာပေးမယ်နော်”
“ ပန်းကန်ကရပါတယ်… ဒါနဲ့ မင်းအင်္ကျီအနောက်မှာ ဘာတွေပေနေတာလဲ”
အမတင်အေးက မောင်ငယ်ကျောကုန်းကို လှမ်းကိုင်ဖို့လုပ်တော့
“ ရပါတယ်အမ … ကျွန်တော် ခဏနေ ရေချိုးတော့မှာ အဲတော့မှ လျှော်လိုက်ပါမယ်” လို့ပြောပြီး အခြားတစ်ဖက်ကိုရှောင်ထွက်သွားလိုက်တယ်။
အဲဒီတော့မှ အမတင်အေးက ရှိုးတိုးရှက်တန့်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲကာ အိမ်ပေါ်ကနေ ပြန်ဆင်းသွားခဲ့တယ်။
+++++
တစ်ပတ်လောက်ကြာတော့ သူငယ်ချင်းတွေရဲ့ ဖြန်‌ဖြေပေးမှုကြောင့် လင်မယားနှစ်ယောက် ပြန်အဆင်ပြေသွားပြီး မောင်ငယ်လဲ ခေတ္တပြန်ငြိမ်သွားခဲ့တယ်။
ဒါကို မကျေမနပ်ဖြစ်နေတဲ့သူတစ်ယောက်ရှိနေခဲ့တယ်။ သူကတော့ မတင်အေး။
ခြံချင်းကပ်‌ဖြစ်နေတဲ့အတွက် မောင်ငယ်တို့မိသားစု ပျော်ရွှင်ရယ်မောနေတဲ့အသံကြားရင် သူ့နားထဲကို သံရည်ပူလောင်းထည့်သလိုဖြစ်နေခဲ့တယ်။ ဒါပေမယ့် အပူရုပ်ကို ဟန်လုပ်ပြီး လှရင်တို့အိမ်ကို ဝင်ထွက်ကာ အိမ်နီးချင်းကောင်းအဖြစ်နေထိုင်ခဲ့ပေမယ့် နောက်ဆုံးမခံစားနိုင်တော့ပဲ မကြံကောင်းတဲ့ အကြံတစ်ခုကို ကြံစည်ပါလေရော။
++++++
“ ဆရာမင်းသိုက်
ဗေဒင်လက္ခဏာ၊အစီအရင်၊
သိုက်ဆက်နတ်ဆက်ဟောသည်” ဆိုတဲ့ဆိုင်းဘုတ် တပ်ထားတဲ့ အိမ်အောက်မှာတော့ လူအချို့ယပ်တောင် တဖျတ်ဖျတ်နဲ့ တန်းစီနေကြတယ်။
“မတင်အေးရှိလား”
နာမည်စာရင်းခေါ်တဲ့လူရဲ့အသံကြောင့် မတင်အေး တစ်ယောက် အခန်းထဲကို ဝင်လာခဲ့လိုက်တယ်။ အခန်းထဲရောက်တော့ အဆောင်လက်ဖွဲ့တွေ၊ အင်းချပ်တွေနဲ့ရစ်ပတ်ထားတဲ့ဖယောင်းတိုင်တွေကို စားပွဲပေါ်တင်နေတဲ့ အသက်၅၀အရွယ် လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ဘာကိစ္စနဲ့ ဆရာဆီရောက်လာတာလဲ…သမီး”
“ ဆရာနဲ့တိုင်ပင်စရာရှိလို့ပါ… ဒါပေမယ့် ပြောရမှာလဲ အားနာနေတာ”
မတင်အေးစကားကြောင့် ဆရာဖြစ်သူက အသံထွက်အောင် ရယ်လိုက်ပြီး
“ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြော… ဒါမှ ဆရာကူညီလို့ရမှာ”
“ ဟုတ်ကဲ့ဆရာ… သမီးလေ… အိမ်ထောင်ရှိ ယောင်္ကျားတစ်ယောက်ကို ပိုင်ဆိုင်ချင်လို့”
မတင်အေးစကားကြောင့် ဆရာဖြစ်သူက မျက်ခုံးနှုတ်ခုကိုကျုံ့ကာ စိုက်ကြည့်လိုက်တဲ့အချိန် ပူလောင်တဲ့လေငွေ့တစ်ခုက အခန်းထဲကို တိုးဝင်လာခဲ့တယ်။
++++++
“ ကိုမောင်ငယ်… ထမင်းစားတော့မလား”
“ မစားချင်သေးဘူး… အရင်စားချင်စားလေ”
ခပ်ပြတ်ပြတ်ပြောလိုက်တဲ့ စကားကြောင့် လှရင် ဘာမှထပ်မမေးတော့ပဲ ခူးထားတဲ့ပန်းကန်ကို ဘေးမှာဖယ်ပြီး အုပ်ဆောင်းပြန်အုပ်ထားလိုက်တယ်။
“ ကိုမောင်ငယ်… တပေါင်းလက နောက်သုံးလဆိုပြည့်တော့မယ်နော်၊ သားကို ရှင်ပြုပေးဖို့အဆင်ပြေနိုင်ပါ့မလား”
“ ဒီနှစ်မပြုရလဲ နောက်နှစ်တွေလုပ်လို့ရနေတာပဲ၊ စိတ်ထဲအရမ်းမထားနေပါနဲ့”
“ မဟုတ်ဘူးလေ… ကျွန်မတို့နှစ်ယောက် ဒီနှစ်လုပ်ဖို့တိုင်ပင်ထားကြတာလေ၊ ပိုက်ဆံမရှိရင်လဲ ဆွဲကြိုးရောင်းပြီး လုပ်ပေးချင်တယ်”
“ စီးပွားရေးက အဆင်မပြေပါဘူးဆိုမှ နားလာငြီးနေတယ်၊ ရှင်ပြုတာက မသေမချင်းပြုလို့ရတယ်၊ ငါ့မှာတော့ စပါးတွေပိုးကျလို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ”
လှရင်လဲ သားဖြစ်သူအိပ်ပျော်နေတာကြောင့် စကားမများအောင် ရှောင်ထွက်ပြီး အိပ်ယာထဲဝင်ခဲ့လိုက်တယ်။
သာယာပျော်ရွှင်ခဲ့ရတဲ့အိမ်ထောင်ရေးက လပိုင်းအတွင်းမှာပင် အဖုအထစ်‌များစွာဖြစ်လာပြီး တစ်ယောက်မျက်နှာ တစ်ယောက်မမြင်ချင်လောက်တဲ့ထိကို ဆိုးဝါးလာခဲ့တယ်။
တစ်ရက်မှာတော့ မောင်ငယ်ရဲ့ နှိပ်စက်မှုတွေကို သည်းမခံနိုင်တော့တဲ့ လှရင်တစ်ယောက် သားဖြစ်သူရဲ့လက်ကိုဆွဲကာ မိဘတွေရှိတဲ့ ရွာကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်လာခဲ့လိုက်တယ်။
ထွက်လာတဲ့အချိန်က မှောင်စပျိုးချိန်ဖြစ်နေတာကြောင့် လမ်းတစ်ဝက်ရောက်တဲ့အခါမှာတော့ အလင်းရောင်လုံးဝပျောက်သွားပြီး သားမိနှစ်ယောက်ထဲ ရွာချင်းဆက်လမ်းပေါ်မှာ ခိုကိုးရာမဲ့ဖြစ်ခဲ့ကြရတယ်။
လှရင်ကတော့ သားဖြစ်သူရဲ့လက်ကိုခပ်တင်းတင်းဆွဲကာ စီးကျလာတဲ့မျက်ရည်စတွေကို လက်ခုံနဲ့ခပ်တင်းတင်းသုတ်လိုက်ပြီး ကြောက်စိတ်တွေကိုဖယ်ထုတ်ကာ မိဘတွေရှိတဲ့ရွာဘက်ကို ခပ်သုတ်သုတ်လျောက်လာခဲ့လိုက်တယ်။
“ အား….”
ခြေမျက်စိအောက်ကနေ မီးစနဲ့ထိုးခံလိုက်ရသလို ဖြစ်သွားတာကြောင့် လှရင်တစ်ယောက် အောက်ငုံ့ကြည့်လိုက်ရာ မှိန်ပြပြအလင်းရောင် အောက်မှာ ‌လျောခနဲထွက်ပြေးသွားတဲ့ မဲမဲရှည်ရှည် အကောင်တစ်ကောင်ကို မြင်လိုက်ရတယ်။
“ အမေ … ဘာဖြစ်တာလဲ”
“ ဘာမှမဖြစ်ပါဘူးသားရယ်… လာ လာ သွားကြရအောင်”
သားဖြစ်သူ ကြောက်မှာစိုးတဲ့အတွက် ဝေဒနာကို အံတုရင်း ရှိသမျှခွန်အားတွေစုစည်းပြီး ရှေ့ဆက်သွားနေပေမယ့် အဆိပ်က တစ်ကိုယ်လုံးကိုပျံ့နှံ့နေတာကြောင့် မျက်လုံးတွေ ပြာဝေပြီး အားအင်တွေဆုတ်ယုတ်လာခဲ့တယ်။
“ အမေ … အမေ… ဘာဖြစ်တာလဲ.. အီးဟီးဟီး”
အေးစက်တဲ့မြေကြီးနဲ့ထိ‌တွေ့တာကို သိလိုက်ရတဲ့အပြင် သားဖြစ်သူရဲ့ ငိုကြွေးသံကို ကြားလိုက်ရပြီးချိန်မှာတော့ လှရင် တစ်ယောက် သတိလစ်မေ့မျောသွားခဲ့တယ်။
++++++
“ အချိန်ကအတော်လင့်နေပြီ… တည်းဖို့နေရာကလဲ ဒီလောက်တောင်ရှားရလားကွာ”
မောင်ကောင်းရဲ့ စကားကြောင့် ခွန်းလှက ရှေ့ကို ခပ်သုတ်သုတ်လျောက်သွားပြီး ဇရပ်တွေများရှိမလားဆိုတဲ့အတွေးနဲ့ ဟိုဟိုဒီဒီလိုက်ကြည့်နေခဲ့တယ်။ အဲဒီအချိန်
“ အမေ… ထပါဦး… အမေ.. အီးဟီးဟီး”
“ ဟင် … ကလေးတစ်ယောက် ငိုတဲ့အသံပါလား”
ခွန်းလှလဲ အသံကြားတဲ့ဘက်ကို လျောက်ခဲ့ရာ အမှောင်ထုဲမှာ လဲကျနေတဲ့မိန်းမတစ်ယောက်ကို လှုပ်နှိုးပြီး ငိုယိုနေတဲ့ ကလေးတစ်ယောက်ကို မြင်လိုက်ရတယ်။
“ ဘာဖြစ်တာလဲ ကောင်လေး…”
“ အမေ… အမေ ဘာဖြစ်လဲမသိဘူး၊ လမ်းလျောက်နေရင်း လဲကျသွားတာ၊ ခေါ်လို့လဲမရတောဘူး”
ခွန်းလှဲ ချက်ချင်းဆိုသလို လွယ်အိတ်ထဲကနေ ‌ဖယောင်းတိုင်နဲ့ မီးခြစ်ထုတ်ပြီး ထွန်းလိုက်ရာ နှုတ်ခမ်းတွေဖြူဖျော့ပြီး သတိလစ်နေတဲ့ မိန်းမတစ်ယောက်ရုပ်သွင်ပေါ်လာခဲ့တယ်။
“ ခွန်းလှ ဘာဖြစ်တာလဲ”
“ မသိဘူးဆရာ… မိန်းမတစ်ယောက် သတိလစ်နေလို့”
အောင်မြတ်သာလဲ ခွန်းလှ ဘေးဝင်ထိုင်ကြည့်လိုက်ပြီး ကြည့်လိုက်ရာ
“ ပိုးထိလူနာပဲ… ငါတို့သောက်မယ့်ရေပါလာတယ်မဟုတ်လား..”
“ ပါတယ်ဆရာ”
“ ဒဏ်ရာကို ရေနဲ့အရင်ဆေးလိုက်…”
မောင်ကောင်းက သောက်ရေဘူးထဲက ရေနဲ့ ပိုးထိတဲ့နေရာကိုဆေးကြောနေတဲ့အချိန် အောင်မြတ်သာက ညာဘက်ဝါးနဲ့ ဒဏ်ရာကိုအုပ်ပြီး အောက်ကို ဆွဲချပစ်နေခဲ့တယ်။ ဆယ်ချက်လောက် ဆွဲချပြီးမှာတော့ ပိုးထိတဲ့နေရာကနေ သွေးနဲ့ရောနေတဲ့အဆိပ်ရည်တွေ စီးကျလာခဲ့တယ်။
အဆိပ်တွေ ထွက်သွားပြီးချိန်မှာတော့ အနားမှာရှိတဲ့ ဝါးတစ်ချောင်းကိုခြေထောက်နဲ့ပူးချည်ပြီး သစ်ပင်အောက်မှာ ပေးမှီထားတဲ့အချိန် လူနာသတိပြန်လည်လာခဲ့တယ်။
“ သား… သား…”
“အမိရဲ့ ကလေး ဒီမှာရှိပါတယ်…”
“ ရှင်တို့က ဘယ်သူတွေလဲ”
“ ဒီလမ်းကနေ ဖြတ်သွားတဲ့အချိန် ပိုးထိပြီးသတိလစ်နေတဲ့ အမိကိုတွေ့လိုက်တာပဲ၊ အခုတော့ အဆိပ်တွေထွက်သွားပြီမို့ အသက်အန္တရာယ်တော့စိုးရိမ်စရာမရှိတော့ပါဘူး”
“ အော်… ကျေးဇူးတင်ပါတယ်ရှင်…”
“ ဒါနဲ့ ဒီအချိန်ကြီး သားအမိနှစ်ယောက်ထဲ ဘယ်သွားကြမလို့လဲ”
“ မိဘတွေရှိတဲ့ရွာကိုသွားမလို့ပါ…”
“ အခုလိုချိန် မိန်းမသားတစ်ယောက်ထဲ သွားလာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး… အနီးနားမှာရော အသိအကျွမ်းတွေများ မရှိဘူးလား”
“ ရှေ့က ရွာမှာတော့ အမျိုးသားအိမ်ရှိပါတယ်… အခုက သူ့ကိုစိတ်ဆိုးပြီး အိမ်ကဆင်းလာခဲ့ကြတာပါ”
“ လောလောဆယ် ဒဏ်ရာတွေနဲ့မို့ အမျိုးသားအိမ်ကို အရင်ပြန်လိုက်ပါ… ဒဏ်ရာသက်သာမှ ကိုယ်လိုရာကိုသွားပေါ့”
“ ဒါပေမယ့်…. ကျွန်မ သူ့ဆီကိုမသွားချင်ဘူး…”
“ ကျုပ်တို့လဲအချိန်မရတာမို့… ရှေ့ကရွာသွားမယ်‌ဆို ခေါ်သွားပေးမယ်၊ မိဘတွေဆီပြန်မယ်ဆိုရင်တော့ အမိတို့နှစ်ယောက်ထဲ သွားရတော့မှာနော်”
“ အမေ… အဖေဆီပဲပြန်ကြရအောင်နော်… လမ်းကမှောင်မဲနေတာ အဖွားတို့ဆီမသွားချင်တော့ဘူး၊ အိမ်ပဲပြန်မယ်လေ”
လှရင်လဲ သားဖြစ်သူရဲ့ ငိုမဲ့မဲ့မျက်နှာကြောင့် မာန်မာနကိုချလိုက်ပြီး
“ ဆရာတို့ကို အနှောက်အယှက်ပေးမိပြီ”
“ ရပါတယ် … မောင်ကောင်း ရှေ့က ဝါးရုံပင်မှာ လက်တစ်ကမ်းစာဝါးတစ်ချောင်းချိုးခဲ့ပေး”
မောင်ကောင်းလဲ အောင်မြတ်သာစကားကြောင့် ဝါးတစ်ချောင်းချိုးပြီးယူလာခဲ့လိုက်တယ်။
“ အမိက ဒီဝါးအစွန်းကိုကိုင်ပြီးလိုက်လာခဲ့ပါ… မောင်ကောင်း မင်းက ရှေ့ကနေ အစွန်းတစ်ဖက်ကို ကိုင်ပြီးသွား”
အောင်မြတ်သာတို့လဲ လှရင်တို့သားအမိနေတဲ့အိမ်အထိရောက်အောင် လိုက်ပို့ပေးခဲ့ကြတယ်။ အိမ်ရှေ့ရောက်တော့ ခြံထဲဝင်ဖို့ခြေလှမ်းလိုက်တဲ့အချိန် အင်္ကျီကော်လံစကို တစ်ယောက်ယောက်ဆွဲထားသလိုဖြစ်နေတာကြောင့် စိတ်ထဲထင့်ခနဲဖြစ်သွားပြီး အနောက်ကိုပြန်ဆုတ်လိုက်တယ်။
“ ဆရာတို့ အိမ်ထဲဝင်ပါဦး”
“ ရပါတယ်…. မဝင်တော့ပါဘူး… မနက်ကျလို့ မူးတာဝေတာရှိသေးရင် ဘုန်းကြီးကျောင်းကို လာခဲ့ပါ”
“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ”
အောင်မြတ်သာတို့လဲ လှရင်တို့အိမ်ကနေ ထွက်လာပြီး ရွာလယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းဆီကို ဦးတည်ခဲ့လိုက်တယ်။
++++
“ ဆရာ… ခုနက အိမ်ထဲဝင်မလို့လုပ်ပြီးမှ ဘာလို့မဝင်တော့တာလဲ”
“ ဂိုဏ်စောင့်တွေက ငါ့‌ဂုတ်ကိုဆွဲထားကြလို့ မဝင်ပဲထွက်လာတာ… စိတ်ထင်ပြောရရင် အဲဒီအိမ်မှာ မကောင်းတဲ့အရာတစ်ခုခုရှိနေပြီထင်တယ်”
“ သူပြောတဲ့စကားတွေအရ အိမ်ထောင်ရေးလဲ အဆင်မပြေလောက်ဘူး… သာမန်လင်မယား စကားများတာလောက်နဲ့ သားအမိနှစ်ယောက် ထွက်လာမှာတော့မဟုတ်ဘူး”
“ အရမ်းလဲတွေးမနေပါနဲ့… မင်းတို့လဲ တစ်နေကုန် ပင်ပန်းထားကြတာဆိုတော့ နားလိုက်ကြဦး”
အောင်မြတ်သာလဲ မောင်ကောင်းနဲ့ ခွန်းလှတို့ကို အနားယူခိုင်းပြီး ဘုန်းကြီးကျောင်းဝင်းထဲမှာ စင်္ကြန်လျောက်နေခဲ့တယ်။
“ ရှပ် ရှပ် ရှပ်”
အနောက်ကနေ ကပ်ပါလာတဲ့ ခြေသံကြောင့် စင်္ကြန်လျောက်နေတာကိုရပ်လိုက်ရာ ခြေသံလဲရပ်သွားခဲ့တယ်။ ပြန်လျောက်ရင် အနောက်ကနေ ခြေသံပြန်ကြားရတာကြောင့် အာရုံခံပြီးကြည့်လိုက်ရာ စုတ်ပြဲနေတဲ့အင်္ကျီနဲ့ လုံချည်ကိုဝတ်ထားတဲ့ လူတစ်ယောက် အနောက်ကနေ ကပ်လိုက်နေတာကိုမြင်လိုက်ရတယ်။
“ သင်ဘယ်သူလဲ… ဘာကြောင့် ကျုပ်စင်္ကြန်လျောက်နေတာကို နှောက်ယှက်နေရတာလဲ” လို့ပြောပြီး လှည့်ကြည့်လိုက်ရာ ခေါင်းတစ်ဖက်ပိန်ကပ်နေပြီး မျက်လုံးက အပြင်ကိုပြူးထွက်နေတဲ့ ယောင်္ကျားတစ်ယောက်ကိုမြင်လိုက်ရတယ်။ အဲဒီလူက အောင်မြတ်သာမျက်နှာရှေ့ကို လက်နဲ့ဝှေ့ယမ်းလိုက်ပြီး
“ ကျွန်တော်ကိုမြင်ရတယ်မလား… ကျွန်တော်ပြောတာလဲကြားတယ်မဟုတ်လား”
“ သင့်ကိုလဲမြင်ရတယ်… သင်ပြောတာကိုလဲကြားတယ်၊ ဘာကိစ္စနဲ့ အနောက်ကလိုက်နေရတာလဲ”
“ ပျော်လိုက်တာဗျာ… အခြားသူတွေဆိုရင် ကျုပ်အနောက်ကလိုက်တာနဲ့ ထွက်ပြေးကြပြီ၊ ဒါကြောင့် ပြောချင်တာတွေ မပြောရတာ… အခုကျမှ ကျုပ်ပြောပြချင်တာတွေပြောပြရတော့မယ်”
“ သင်မှာ ဘာပြောစရာတွေရှိနေတာလဲ”
“ ကျုပ်နာမည်က ဆန်းဦးလို့ခေါ်တယ်၊ လူ့ဘဝတုန်းကတော့ သစ်ပင်တက်သမားပေါ့၊ တစ်ရက်ကျတော့ ဘုန်းကြီးကျောင်းခြံစည်းရိုးနဲ့ ကပ်လျက်ပေါက်နေတဲ့ ညောင်ပင်ကို တက်ခုတ်တာ အပင်ပေါ်ကနေ တွန်းချခံထိပြီး သေသွားတာပဲ၊ ကျုပ်သေတော့ အိမ်ကလူတွေက ဘုန်းကြီးကျောင်းမှာ ထီးတံခွန်လာပေးထားကြတာ၊ တကယ်တော့ ကျုပ်က ထီးတံခွန်လိုချင်တာမဟုတ်ဘူး၊ အမျှအတန်းလိုချင်တာ၊ ကျုပ်အိမ်ကိုပြောပြချင်ပေမယ့် ညောင်ပင်က တစ္ဆေကြီးက ဘုန်းကြီးကျောင်းဝင်းထဲကနေ အပြင်ကိုပေးမထွက်ဘူးဖြစ်နေတယ်၊ အဲဒါ ကျုပ်အိမ်ကို ပြောပေးနိုင်မလား”
“ သင့်အိမ်ကို ကျုပ်တို့ပြောရင် ယုံပါ့မလား”
“ ယုံအောင်လုပ်ဖို့နည်းရှိပါတယ်… ကျုပ်လူ့ဘဝတုန်းက ဖဲနိုင်လို့ဖွက်ထားတဲ့ ငွေအချို့ကို အိမ်ဦးတိုင်အောက်မှာ လုံချည်စုတ်နဲ့ပတ်ပြီးမြုပ်ထားတယ်၊ အဲဒါကိုပြန်ဖော်လိုက်ရင် သူတို့ယုံမှာပါ”
“ သင့်အိမ်ကိုဘယ်လိုရှာရမလဲဆိုတာပြောပါဦး”
“ ရွာထဲမှာ သစ်ပင်တက်သမားဆန်းဦး အိမ်လို့မေးရင် အကုန်သိတယ်… အဲဒါလေး ကူညီပါနော်… ကျုပ် အခြားဘဝတစ်ခုကိုသွားချင်ပြီ”
“ ကောင်းပါပြီ… မနက်မိုးလင်းတာနဲ့ သင့်အိမ်ကို လိုက်ရှာပြီး ပြောပေးပါ့မယ်”
အောင်မြတ်သာစကားအဆုံးမှာ ခေါင်းတစ်ခြမ်းပိန်နေတဲ့သူက ညောင်ပင်ရှိတဲ့ဘက်ကို ထော့ကျိုးထော့ကျိုးနဲ့ ပြန်ထွက်သွားခဲ့တယ်။
+++++
မနက်မိုးလင်းတော့ အောင်မြတ်သာတို့လဲ သစ်ပင်တက်သမားဆန်းဦးနေတဲ့အိမ်ကို လိုက်ရှာခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ ပျဉ်ထောင်ခပ်နွမ်းနွမ်းအိမ်တစ်လုံးရှေ့ကို ရောက်လာပြီး အထဲကနေ အသက်၃၀အရွယ် လူတစ်ယောက်ထွက်လာခဲ့တယ်။
“ ဒီအိမ်က ကိုဆန်းဦးအိမ်လား”
“ အဖေက သေသွားတာ ဆယ်နှစ်ကျော်ပြီ… ဘာကိစ္စရှိလို့လဲ”
ဆယ်နှစ်ဆိုတဲ့စကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ အချင်းချင်းပြန်ကြည့်လိုက်ကြတယ်။
“ ခင်ဗျားရဲ့အဖေ အကူအညီတောင်းလို့ ဒီကိုရောက်လာတာပါ”
“ အဖေက အကူအညီတောင်းတယ် ဟုတ်လား… လိမ်ရင်လဲ ယုတ္တိရှိရှိလိမ်ကြလေဗျာ… သေသွားတဲ့ လူကအကူအညီတောင်းတယ်ဆိုတာ မဖြစ်နိုင်တာ”
“ ကျုပ်ဟာသလုပ်နေတာမဟုတ်ဘူး၊ ခင်ဗျားအဖေက အခုထိ မကျွတ်လွတ်သေးဘူးဆိုတာရောသိကြလား”
“ အဖေက သစ်ပင်ပေါ်က ပြုတ်ကျပြီးသေတာဆိုပေမယ့် သေတဲ့အချိန်ကစပြီး ကျုပ်တို့ကို ဘာအရိပ်အယောင်မှ ပြတာမဟုတ်ဘူး… အဲဒီတော့ ခင်ဗျားစကားကို ဘယ်လိုယုံရမှာလဲ”
“ ကောင်းပြီလေ… မယုံဘူးဆိုရင် အိမ်ဦးတိုင်အောက်ကို တူးကြည့်ပါ၊ သူကိုယ်တိုင် လုံချည်စုတ်နဲ့ မြုပ်ထားတဲ့ ငွေ့အချို့ရှိတယ်လို့ပြောတယ်၊ အဲဒီငွေကိုရရင် သူ့နာမည်ကိုခေါ်ပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်ပေးလိုက်ပါ”
အောင်မြတ်သာက ခပ်ပြတ်ပြတ်ပြောပြီး ထွက်သွားဖို့အလုပ် ခြံထဲရပ်နေတဲ့လူက ရှေ့ကနေ ပိတ်ရပ်ပြီး
“ အဖေက တကယ်မကျွတ်သေးတာလား”
“ ဟုတ်မဟုတ် တူးကြည့်ရင်သိရမှာပေါ့”
“ ကျုပ် ခင်ဗျားတို့ပြောတဲ့ငွေကို ရထားပြီးပြီ၊ လွန်ခဲ့တဲ့နှစ်က အိမ်ပြင်လို့ အိမ်ဦးတိုင်ကိုတူးလိုက်တာ လုံချည်စုတ်နဲ့ ပတ်ထားတဲ့ငွေတွေရခဲ့ဖူးတယ်”
“ ဒါဆို ကျုပ်လိမ်နေတာမဟုတ်ဘူးဆိုတာ သိလောက်ရောပေါ့”
“ တောင်းပန်ပါတယ်ဗျာ… ကျုပ်မနက်ဖြန် အဖေအတွက်ရည်စူးပြီး ထီးတံခွန်ပြန်ပေးလိုက်ပါ့မယ်”
“ ထီးတံခွန်ပေးတာထက် ဆွမ်းဖြစ်ဖြစ် သင်္ကန်းဖြစ်ဖြစ် သူ့နာမည်နဲ့ကပ်လှူတာက ပိုထိရောက်ပါတယ်”
“ ကျွန်တော် အဲဒီတိုင်းလုပ်ပေးလိုက်ပါမယ်”
အောင်မြတ်သာတို့ ကိုဆန်းဦး အိမ်ကနေ ထွက်လာပြီး ဘုန်းကြီးကျောင်းကိုအရောက် လှေကားရင်းမှာ ထိုင်စောင့်နေတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်။
“ ဆရာတို့ ရွာထဲသွားတယ်ဆိုလို့ စောင့်နေတာ”
“ ဒဏ်ရာရော သက်သာရဲ့လား”
“ သက်သာပါတယ်ဆရာ… အဲဒါကျေးဇူးတင်လို့ ဆရာတို့စားဖို့ အသီးအနှံလေးတွေလာပို့တာပါ”
“ ဒါနဲ့ အိမ်မှာ ပြဿနာတွေ ဖြစ်နေတာ အတော်ကြာပြီလား”
“ စီးပွားရေးအဆင်မပြေတာက တစ်နှစ်လောက်ရှိပြီဆရာ၊ အိမ်ထောင်ရေးအဆင်မပြေတာကတော့ သုံးလလောက်ရှိပြီ”
“ အမျိုးသားကရော အရင်က အခုလိုမျိုးပဲလား”
“ ဘယ်ဟုတ်ရမလဲဆရာရယ်… အိမ်ထောင်သက် ရှစ်နှစ်အတွင်း ဒါမျိုးတစ်ခါမှမဖြစ်ဘူးဘူး… သူက ဒီလပိုင်းထဲမှာတင် ပြောင်းလဲလာတာ”
“ ကျုပ်အမြင်ပြောရရင် အမိတို့အိမ်မှာ အနှောက်အယှက်တစ်ခုခုရှိနေတယ်ထင်တယ်”
“ ကျွန်မလဲ ဆရာပြောသလို တွေးမိပါတယ်… ဒါပေမယ့် အဲလိုကိစ္စတွေမှာ ဘယ်သူကိုတိုင်ပင်ရမလဲမသိဘူးဖြစ်နေတယ်”
“ ဒါဖြင့် ကျောင်းပေါ် ခဏတက်လာခဲ့ပါ”
အောင်မြတ်သာလဲ မလှရင်ကိုကျောင်းပေါ်ခေါ်ပြီး လွယ်အိတ်ထဲမှာရှိတဲ့ အင်းတစ်ချပ်ကိုပြာချကာ စက္ကူနဲ့ထုပ်ပေးလိုက်တယ်။
“ အိမ်ရောက်ရင် ပြာမှုန်ကို ရေသန့်သန့် တစ်ခွက်ထဲ ထည့်ပြီး တစ်အိမ်လုံးဖြန်းလိုက်ပါ… ပိုတဲ့ရေကို အိမ်သားတွေသောက်တဲ့ရေအိုးထဲ ထည့်ထားပေး၊ ရေမကုန်အောင်လဲသတိထားဦး၊ နှစ်ရက်အတွင်း ထူးခြားလာလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်ဆရာ… ကျွန်မ အိမ်ရောက်တာနဲ့သေချာလုပ်လိုက်ပါမယ်”
မလှရင်လဲ ပြာထုပ်ကိုယူပြီး အိမ်ကိုပြန်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ ပြောထားတဲ့အတိုင်း အိမ်အတွင်းအပြင်ဖြန်းနေတဲ့အချိန် အိမ်ခန်းထဲအဝင် လိပ်ကာဘောင်ပေါ်ကနေ ကြိုးအနီနဲ့ပတ်ထားတဲ့ အဝတ်စတစ်ခု လိမ့်ကျလာတာကိုမြင်လိုက်ရတယ်။
လှရင်လဲ ချက်ချင်းဆိုသလို ပြုတ်ကျလာတဲ့ အဝတ်စကိုဖြေကြည့်လိုက်ရာ ခြောက်သွေ့နေပြီဖြစ်တဲ့သွေးစွန်းအဝတ်ဖြစ်နေခဲ့တယ်။
ဒါကြောင့် ချက်ချင်းဘုန်းကြီးကျောင်းပြန်သွားပြီး အကျိုးအကြောင်းပြောပြလိုက်ရာ အောင်မြတ်သာက
“ ကျုပ်ထင်တော့ထင်သား… အမိတို့အိမ်ထောင်ရေးကို မနာလိုတဲ့သူတော့ရှိနေပြီ”
“ ဆရာ… ဒါက ဘာနဲ့လုပ်ထားတာ ဖြစ်နိုင်မလဲ”
“ အတော်ကို အောက်တန်းကျတဲ့အစီအရင်ပဲ… နားလည်အောင်ပြောရရင် ရာသီသွေးပေနေတဲ့ အဝတ်စကို အစီအရင်လုပ်ပြီး အိမ်ထောင်ကွဲ စီးပွားပျက်အောင်လုပ်ထားတာ”
“ အမလေးလေး… ဘယ်လိုလူကများ ဒီလိုလုပ်ရက်တာလဲ… ဒါကြောင့် ကိုမောင်ငယ် ပြောင်းလဲသွားတာကိုး၊ ကူညီပါဦးဆရာရယ်.. ဒီတစ်ခေါက်ရှာတွေ့ပေမယ့် နောက်တစ်ခါ ဆရာတို့မရှိတဲ့အခါ ဘယ်လိုလုပ်ရပါ့မလဲ”
“ ကျုပ်အခုပေးလိုက်မယ့် အင်းကို လှေကားအတက်အဆင်းမှာ မြုပ်ထားလိုက်ပါ၊ ကိုယ့်ကိုလုပ်တဲ့သူ တန်ပြန်ပါလိမ့်မယ်”
အောင်မြတ်သာက တန်ပြအင်းကို ကြေးပြားပေါ်မှာ ရေးဆွဲပြီး ပေးလိုက်တယ်။ လှရင်လဲ အိမ်ရောက်တာနဲ့ အင်းကို လှေကားရင်းမှာ မြုပ်ပြီး ဟန်မပျက်နေနေခဲ့လိုက်တယ်။
ညနေစောင်းတော့ ကိုမောင်ငယ် ပြန်ရောက်လာပြီး သောက်ရေအိုးထဲက ရေကိုခပ်သောက်နေတာမြင်တော့ ဘာများဖြစ်မလဲဆိုတဲ့အတွေးနဲ့ စောင့်ကြည့်နေခဲ့တယ်။ ခဏနေတော့ ဆေးလိပ်သောက်နေတဲ့ မောင်ငယ်တစ်ယောက် အိမ်နောက်ဖေးကိုထပြေးပြီး တဝေါ့ဝေါ့နဲ့ ထိုးအန်တာ ပါးစပ်ထဲကနေ အစာမဲမဲတွေ ထွက်လာတာမြင်လိုက်ရတယ်။
လှရင်တစ်ယောက် ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ပြောပြဖို့အတွက် မိုးလင်းတာနဲ့ ဘုန်းကြီးကျောင်းဘက်ကိုထွက်လာခဲ့ရာ ကျောင်းရောက်တော့ အောင်မြတ်သာတို့အရိပ်အယောင်ကိုမမြင်တွေ့ရတော့ပဲ သင်္ကန်းလာလှူတဲ့ မောင်‌ဆန်းမြင့်တို့မိသားစုကိုသာမြင်လိုက်ရတယ်။
“ ဆန်းမြင့်… ဘာအလှူရှိလို့လဲ”
“ အလှူမဟုတ်ဘူး လှရင်ရေ… ငါ့အဖေက သူ့အတွက် အလှူလုပ်ပေးပါဆိုပြီး လာပြောခိုင်းလို့ အလှူလာလုပ်ပေးတာ,၊ နင်ကရော ဘာလာလုပ်တာလဲ”
“ ငါက ဒီမှာတည်းနေတဲ့ ဆရာဆီလာတာ”
“ အရပ်မြင့်မြင့်နဲ့ လူကိုပြောတာလား… သူ့တပည့်နှစ်ယောက်လဲပါတယ်လေ”
“ ဟုတ်တယ်… နင်တွေ့မိသေးလား”
“ ငါရောက်တော့ သူတို့မရှိကြတော့ဘူး… ဆရာတော်ပြောတာက အရုဏ်တက်ထဲက ထွက်သွားကြတယ်တဲ့”
လှရင်လဲ သူ့ရဲ့အသက်ကိုကယ်ခဲ့တဲ့သူဆိုလဲဟုတ်၊ အိမ်ရဲ့ပြဿနာကိုရှင်းပေးခဲ့တဲ့သူလဲဟုတ်တဲ့ ဆရာဖြစ်သူကို မတွေ့ရတာကြောင့် စိတ်ပျက်လက်ပျက်နဲ့ပြန်လာခဲ့လိုက်တယ်။ ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ မောင်ငယ်တစ်ယောက် ပုံမှန်ပြန်ဖြစ်လာပြီး မိသားစုအပေါ်ကိုလဲ အရင်လိုပြန်ဂရုစိုက်လာတာကို သတိထားမိခဲ့တယ်။
++++
တစ်လခန့်အကြာ…
“ လှရင်ရေ… လှရင်”
“ အမတင်အေးပါလား… ဘာတွေလာပို့ပြန်ပီလဲ”
“ ဟိုဘက်ရွာကနေ တောဝက်ရလာလို့ ချက်ထားတာ”
အမတင်အေးက ပန်းကန်ကိုကိုင်ပြီး လှေကားရင်းကို တက်ဖို့လုပ်တဲ့အချိန် ပထမအဆင့်အရောက်မှာပဲ ကြွေပန်းကန်က သူ့အလိုလို ထက်ခြမ်းကွဲကာ ဟင်းတွေအကုန်မှောက်ကျကုန်တယ်။
“ အမ … အဆင်ပြေရဲ့လား…”
“ ရတယ် ရတယ်… ပန်းကန်ကကြာပီဆိုတော့ အပူနဲ့ထိတဲ့အချိန်ကွဲတာနေမှာ.. အမ နောက်တစ်ပန်းကန်ပြန်ပို့ပေးမယ်နော်”
အမတင်အေးက ကျကွဲနေတဲ့ပန်းကန် အပိုင်းအစတွေကိုကောက်ယူပြီး ပြန်ထွက်သွားခဲ့တာ ညနေစောင်းတဲ့ထိပြန်ပေါ်မလာခဲ့ဘူး။
နောက်တစ်နေ့မနက်ရောက်တော့ အမတင်အေး တစ်ယောက် ရုတ်တရက် မေ့လဲပြီး ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့သတင်းကြားလိုက်ရတယ်။
အဲဒီတော့မှ လှရင်လဲ ဖြစ်ပျက်ခဲ့တာတွေနဲ့ ဆရာဖြစ်သူပြောတဲ့ ကိုယ့်ကိုလုပ်တဲ့သူတန်ပြန်ထိလိမ့်မယ်ဆိုတဲ့စကားကို ဆက်စပ်တွေးလိုက်ရာ အဖြေတစ်ခုက ခေါင်းထဲမှာ ထင်းခနဲပေါ်လာခဲ့တာကြောင့်
“ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးခံစားရမယ်ဆိုတာသိပ်မှန်တာပဲ”ဆိုတဲ့စကားကို ခပ်တိုးတိုးရေရွတ်ရင်း သောက်ရေအိုးထဲကိုရေအပြည့်ဖြည့်နေခဲ့လိုက်တယ်။
+++++++
အောင်မြတ်သာတို့ ရွာကနေ ထွက်လာပြီးနောက်ပိုင်းမှာတော့ ဝေဘာဂတောင်ပေါ်မှာရှိတဲ့ ကိုးတောင်ပြည့်စေတီကိုရောက်လာခဲ့ကြတယ်။ ဆရာပြန်ပြေးဘုရားလေးလို့ လူသိများကြတဲ့ ကိုးတောင်ပြည့်စေတီမှာ အောင်မြတ်သာတို့ဆရာတပည့်တွေ ဘယ်လိုပွဲကြမ်းကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ဝေဘာဂကိုးနဝင်းစေတီဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

”ေအာင္ျမတ္သာႏွင့္ရာသီေသြးအတိုက္”(စ/ဆုံး)
———————————————————–

“ ေအ့… လွရင္ တံခါးဖြင့္စမ္း… ဒုန္း ဒုန္း ဒုန္း”
အိမ္တံခါးကို ခပ္ျပင္ျပင္းထုရင္း ေအာ္ေနတဲ့အသံေၾကာင့္ ကေလးသိပ္ေနတဲ့ လွရင္တစ္ေယာက္ ကမန္းကတမ္းထလိုက္ၿပီး တံခါးဖြင့္ေပးလိုက္တယ္။
“ ကိုေမာင္ငယ္… ရွင္ အရက္ေတြေသာက္လာတာလား”
“ နည္းနည္းပါမိန္းမရယ္… ဟိုေကာင္ ဟန္ၿငိမ္း ႏြားေရာင္းရလို႔ တိုက္လိုက္တာ”
လွရင္လဲ ယိုင္တိုင္တိုင္ျဖစ္ေနတဲ့ ေယာက်ၤားျဖစ္သူကို ဆြဲေခၚရင္း ကုလားထိုင္ေပၚ ေပးထိုက္လိုက္တယ္။
“ ေယာက်ၤားရယ္ ရွင္အရင္က ဒီလိုေတြေသာက္တာ မျမင္ဖူးပါဘူး… ဒီရက္ပိုင္း ဘယ္လိုျဖစ္ေနတာလဲ”
“ ငါ့ဘာသာ ေသာက္ခ်င္လို႔ေသာက္တာ လာမရစ္ေနနဲ႔… နင္လုပ္စရာရွိတာ သြားလုပ္ ငါ ခဏထိုင္ဦးမယ္”
လွရင္လဲ လူမွန္းသူမွန္းမသိေအာင္ ျဖစ္ေနတဲ့ ကိုေမာင္ငယ္ကို ၾကည့္ၿပီး သက္ျပင္းတစ္ခ်က္ ခ်ကာ ျခင္ေထာင္ထဲျပန္ဝင္သြားလိုက္တယ္။
အရင္ကဆို ဘုရားတရားအၿမဲလုပ္တတ္ၿပီး အရက္ဆိုတာဘာမွန္းမသိတဲ့ ကိုေမာင္ငယ္က ဒီႏွစ္လအတြင္း ဘာေၾကာင့္ေျပာင္းလဲသြားရတာလဲဆိုတဲ့ အေတြးက လွရင္ေခါင္းထဲကို မစဥ္းစားပဲ ထိုးေဖာက္ဝင္ေရာက္လာခဲ့တယ္။
“ သူလဲ စီးပြားေရးအဆင္မေျပလို႔ စိတ္ထြက္ေပါက္ရွာတာ ျဖစ္မွာပါေလ” လို႔တီးတိုးေရ႐ြတ္ရင္း မအိပ္ခ်င္ေသးတဲ့ မ်က္လုံးကို အတင္းမွိတ္ကာ အိပ္ဖို႔ႀကိဳးစားခဲ့လိုက္တယ္။
အိမ္ရဲ႕ပတ္ဝန္းက်င္မွာေတာ့ ညပိုးေကာင္ေလးေတြရဲ႕အသံ၊ အိမ္ထဲမွာေတာ့ ကိုေမာင္ငယ္ရဲ႕ ေဟာက္သံက စည္းခ်က္ညီညီ ထြက္ေပၚလ်က္။
++++++
“ ကိုေမာင္ငယ္ မနက္အေစာႀကီးႏိုးေနပါလား”
ေျပက်ေနတဲ့ ဆံပင္ကို တစ္ပတ္လွ်ိဳထုံးရင္း အိပ္ယာထဲကထြက္လာရင္းေမးလိုက္တဲ့ လွရင္စကားေၾကာင့္ ေမာင္ငယ္က
“ လွရင္ နင့္မွာ ဆြဲႀကိဳးရွိေသးတယ္မဟုတ္လား”
“ ရွိတယ္ေလ… ဘာျဖစ္လို႔လဲ”
“ ငါ့ကိုေရာင္းေပးစမ္းဟာ… ဟိုဘက္႐ြာမွာ ႏြားတစ္ရွဥ္းလွလွေလးေတြ႕ထားလို႔”
“ ဟင္ … အရင္က ႏြားဝယ္ဖို႔ေပးထားတဲ့ ပိုက္ဆံေတြက ဘယ္ေရာက္သြားလို႔လဲ”
လွရင္စကားကို ေမာင္ငယ္ ျပန္မေျဖပဲ အိပ္အျပင္ဘက္ကိုေငးၾကည့္ေနခဲ့တယ္။
“ ကြၽန္မ ေမးေနတယ္ေလ… ရွင္ ပိုက္ဆံေတြကို ဘာလုပ္လိုက္တာလဲ”
“ အဲဒီပိုက္ဆံေတြမရွိေတာ့ဘူး… ငါ ငါ ဖဲ႐ိုက္လိုက္တာ ကုန္သြားတယ္”
“ ဘာ…”
လွရင္အသံက တုန္ရီစြာထြက္ေပၚလာခဲ့သလို အသားေတြလဲ တဆတ္ဆတ္တုန္လာခဲ့တယ္။
“ အဲဒီပိုက္ဆံေတြက တေပါင္းလေရာက္ရင္ သားကို ရွင္ျပဳေပးဖို႔စုထားတဲ့ ပိုက္ဆံေတြဆိုတာ ရွင္မသိတာလား… ႏြားဝယ္မယ္ဆိုလို႔ ခဏေပးလိုက္တာကို ရွင္ ရွင္က ေလာင္းကစား လုပ္ပစ္လိုက္တာေပါ့ေလ”
“ ငါလဲ ႏိုင္မယ္ထင္ၿပီး ကစားလိုက္တာ… ကုန္သြားတာေတာ့မတတ္ႏိုင္ဘူး”
“ ရွင္ လူစကားေျပာ … ဘယ္ႏွယ့္ေတာ္ ဒီႏွစ္ထဲ စီးပြားေရးအဆင္မေျပလို႔ ေခြၽတာေနရပါတယ္ဆိုမွ ဒီလိုလုပ္ပစ္ရတယ္လို႔၊ ရွင္ ဘယ္လိုျဖစ္ၿပီး ေျပာင္းလဲသြားရတာလဲ”
“ ငါ့ကိုအျပစ္လာတင္မေနနဲ႔… ငါရွာေကြၽးလို႔ လူတန္းေစ့ေနႏိုင္တာကိုက်ေတာ့ ထည့္မေျပာဘူး”
“ ေအာ္… ရွင္က သူမ်ားသားသမီးကို ယူထား‌တာေလ၊ ရွင္ရွာမေကြၽးရင္ ဘယ္လင္ငယ္က ရွာေကြၽးမွာလဲ”
လွရင္စကားက ေမာင္ငယ္အရႈိက္ကို ထိသြားတာမို႔ ေရွ႕မွာခ်ထားတဲ့ စားပြဲကို ဝုန္းခနဲလွန္တင္ၿပီး ဖန္ခြက္ေတြကို ပစ္ခြဲပါေလေရာ။
ဝုန္းခနဲ ဒိုင္းခနဲ ထြက္ေပၚလာတဲ့အသံေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ ဖိုးသား လန႔္ႏိုးလာၿပီး မိဘႏွစ္ပါးကို ေၾကာင္စီစီၾကည့္ေနခဲ့တယ္။
“ ေတာက္…”
ေမာင္ငယ္က ေတာက္တစ္ခ်က္ကို ျပင္းထန္စြာေခါက္လိုက္ၿပီး အိမ္ေပၚကေန ဆင္းသြားတဲ့အခ်ိန္ လွရင္ရဲ႕ မ်က္လုံးအိမ္ထဲကေန ပူျပင္းလွတဲ့ မ်က္ရည္ပူေတြ စီးက်လာခဲ့တယ္။
ခဏေနေတာ့ အိမ္ေပၚကို အမတင္ေအး တက္လာၿပီး
“ လွရင္ရယ္ နင္တို႔လင္မယား ဘယ္လိုျဖစ္ၾကတာလဲ”
“ အမလဲ အကုန္ၾကားပီးပီ ထင္ပါတယ္… ကိုေမာင္ငယ္က အရင္လိုမဟုတ္ေတာ့ဘူး.. ဟင့္ ဟင့္”
“ မဟုတ္တာကြယ္.. ေမာင္ငယ္က နင္တို႔ကို အလိုလိုက္ပါတယ္… စိတ္မေကာင္းမျဖစ္နဲ႔ေနာ္၊ သူလဲစိတ္ဆိုးလို႔ခဏေျပာတာျဖစ္မွာပါ”
လွရင္က အမတင္ေအး ပခုံးေပၚမွာ မွီၿပီး စိတ္ထဲတင္းထားသမွ်ကို ငိုခ်ပစ္လိုက္တယ္။
တင္ေအးကေတာ့ သူ႔ပခုံးေပၚမွာ မွီၿပီးငိုေနတဲ့ လွရင္ကိုအားေပးစကားေျပာရင္း အိမ္ေနာက္ေဖးအဝင္တံခါးေဘာင္ေပၚကို ေစာင္းငဲ့ၾကည့္လိုက္တယ္။
+++++
သီခ်င္းသံသဲ့သဲ့ျပန႔္လြင့္ေနတဲ့ ဗန္ဒါရိပ္လက္ဖက္ရည္ဆိုင္ထဲမွာေတာ့ တိုးႀကီး၊ ေဝလြင္နဲ႔ ေမာင္ငယ္တို႔ ထိုင္ေနၾကတယ္။
“ ေမာင္ငယ္ မင္း လွရင္နဲ႔စကားမ်ားတယ္ဆို”
“ ဒီလိုပါပဲ တစ္ခြန္းစ ႏွစ္ခြန္းစပါ”
“ ဟင္း… မင္း ဟန္ၿငိမ္းနဲ႔ တပူးပူးတတြဲတြဲ ျဖစ္ေနတယ္လို႔ငါၾကားတယ္… အဲဒီေကာင္နဲ႔ေပါင္းတာ ငါတို႔မႀကိဳက္ဘူး ေမာင္ငယ္”
“ ဘာျဖစ္လို႔လဲ…’’
“ ဘာျဖစ္ရမွာလဲ… ဟန္ၿငိမ္းဆိုတဲ့ေကာင္က လိုင္းစုံတယ္… မင္းက လူ႐ိုးလူေအး”
“ သူက မင္းထင္သလို မဟုတ္ပါဘူး…”
“ ဒါကေတာ့ မင္းဆုံးျဖတ္ရမွာ.. ငါတို႔က သူငယ္ခ်င္းျဖစ္ေနလို႔ ေပါင္းသင့္မေပါင္းသင့္ ေျပာျပေပးတာ”
“ ေအးပါ… ဒါဆို ငါသြားေတာ့မယ္ လက္ဖက္ရည္ဖိုး မင္းတို႔ပဲရွင္းလိုက္ေတာ့”
ေမာင္ငယ္ ထြက္သြားေတာ့ တိုးႀကီးက
“ ေမာင္ငယ္က အရင္နဲ႔မတူေတာ့ဘူး… ပ်က္စီးျခင္း လမ္းစကိုေရာက္ေနၿပီကြာ” လို႔ ေလးတြဲစြာေရ႐ြတ္လိုက္တယ္။
++++
“ ေမာင္ငယ္ ေသာက္ကြာ… ဒါက ေကာက္ညႇင္းခ်က္အရက္ေနာ္ ေမႊးေနတာပဲ”
ဟန္ၿငိမ္းက နီက်င္က်င္ျဖစ္ေနတဲ့ ပုလင္းထဲက အရက္အခ်ိဳ႕ကို ေမာင္ငယ္ခြက္ထဲ ေလာင္းထည့္ေပးလိုက္တယ္။
“ ဒီေန႔ ဖဲဝိုင္းရွိေသးတယ္ သြားၾကည့္မလား”
“ လိုက္ဆိုလိုက္ေပးမယ္ေလ… ေဆာ့ဖို႔ေတာ့ပိုက္ဆံမရွိဘူး”
“ သူေဌးကလဲ ညဥ္းေတာ့မယ္… မင္းသူရင္းငွားခ်ထားတဲ့လယ္ေတြအမ်ားႀကီးရွိတာကိုကြာ”
“ လယ္ရွိတာက ရွိတာေပါ့… ဒါေပမယ့္ ဒီႏွစ္ထဲ စီးပြားေရးအဆင္မေျပဘူးဆိုတာ မင္းလဲသိေနတာပဲ၊ ဘာလုပ္လုပ္အဆင္ကိုမေျပတာ”
“ ဟုတ္ပါၿပီကြာ… ဒါဆို မင္းေဘးမွာပဲ ထိုင္ၾကည့္ေပါ့… ငါႏိုင္ရင္ မင္းႏိုင္သလိုပါပဲ”
ဟန္ၿငိမ္းက ေမာင္ငယ္ ပခုံးကိုပုတ္ကာေျပာလိုက္ၿပီး ပုလင္းထဲက အရက္လက္က်န္ကို ျဖတ္ကာ ဖဲဝိုင္းရွိတဲ့ဘက္ကို ထြက္သြားခဲ့ၾကတယ္။
ေမာင္ငယ္လဲ တစ္ေန႔တစ္ေန႔ အရက္ေသာက္လိုက္၊ ဖဲ႐ိုက္လိုက္၊ ၾကက္တိုက္လိုက္နဲ႔‌ အခ်ိန္ကုန္ေနတာမို႔ ေျပလည္ေနတဲ့အိမ္ေထာင္ေရးက တစ္စတစ္စဆိုသလို အက္ေၾကာင္းေတြထလာခဲ့တယ္။
ေမာင္ငယ္တို႔ လင္မယားစကားမ်ားတာကလဲ တစ္ရက္ျခားတစ္ခါလိုျဖစ္လာတာေၾကာင့္ လွရင္ သည္းမခံႏိုင္ေတာ့ပဲ သားျဖစ္သူကိုေခၚကာ အိမ္ေပၚကေန ဆင္းသြားခဲ့တယ္။
လွရင္မရွိေတာ့ ေမာင္ငယ္က ပိုလြတ္လပ္သြားၿပီး အခ်ိန္ျပည့္ဆိုသလို ေသာက္စားမူး႐ူးကာ ဘဝကို ျဖစ္သလိုေနထိုင္ခဲ့တယ္။
“ ေမာင္ငယ္… အိမ္ေပၚမွာရွိလား”
အိမ္ေရွ႕ကေန ေခၚေနတဲ့အသံေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ ႏိုးလာၿပီး အိမ္ေရွ႕ကိုထြက္လာခဲ့လိုက္တယ္။
“ ဘယ္သူမ်ားလဲလို႔ အမတင္ေအးပါလား၊ ဘာကိစၥရွိလို႔လဲ”
“ အိမ္မွာ ငါးရံ႕အူဟင္းခ်က္လို႔ေလ… မင္းလဲ တစ္ေယာက္ထဲဆိုေတာ့ ဟင္းမခ်က္တာသိလို႔ လာပို႔တာ”
“ ေအာ္ … အိမ္ေပၚတက္ေလအမ… ကြၽန္ေတာ္ ခုနကမွႏိုးတာမို႔ ရႈပ္ပါေနတာေတာ့ သည္းခံေပး”
“ ဟက္ဟက္ ရပါတယ္ ေမာင္ငယ္ရဲ႕…”
အမတင္ေအးက အိမ္ေပၚကိုတက္လာၿပီး ေမာင္ငယ္ကို ဟင္းပန္းကန္ ကမ္းေပးလိုက္တယ္။
“ ေမာင္ငယ္… လွရင္တို႔က ျပန္မလားေသးဘူးလား”
“ သူ႔အေၾကာင္းမေျပာပါနဲ႔ဗ်ာ… သူ႔အသံေရာ ႐ုပ္ေရာ မၾကားခ်င္ဘူး”
အမတင္ေအးက ေမာင္ငယ္စကားၾကားေတာ့ မသိမသာေလးၿပဳံးလိုက္ၿပီး
“ မင္းလဲ အရက္ေတြသိပ္မေသာက္နဲ႔ေလ… ၾကည့္လိုက္ရင္ အၿမဲမူးေနတာပဲ”
“ အၿမဲမေသာက္ပါဘူး… ဒါနဲ႔ ကြၽန္ေတာ္ ပန္းကန္ေနာက္မွ လာေပးမယ္ေနာ္”
“ ပန္းကန္ကရပါတယ္… ဒါနဲ႔ မင္းအက်ႌအေနာက္မွာ ဘာေတြေပေနတာလဲ”
အမတင္ေအးက ေမာင္ငယ္ေက်ာကုန္းကို လွမ္းကိုင္ဖို႔လုပ္ေတာ့
“ ရပါတယ္အမ … ကြၽန္ေတာ္ ခဏေန ေရခ်ိဳးေတာ့မွာ အဲေတာ့မွ ေလွ်ာ္လိုက္ပါမယ္” လို႔ေျပာၿပီး အျခားတစ္ဖက္ကိုေရွာင္ထြက္သြားလိုက္တယ္။
အဲဒီေတာ့မွ အမတင္ေအးက ရႈိးတိုးရွက္တန႔္ျဖစ္ၿပီး စကားလမ္းေၾကာင္းလႊဲကာ အိမ္ေပၚကေန ျပန္ဆင္းသြားခဲ့တယ္။
+++++
တစ္ပတ္ေလာက္ၾကာေတာ့ သူငယ္ခ်င္းေတြရဲ႕ ျဖန္‌ေျဖေပးမႈေၾကာင့္ လင္မယားႏွစ္ေယာက္ ျပန္အဆင္ေျပသြားၿပီး ေမာင္ငယ္လဲ ေခတၱျပန္ၿငိမ္သြားခဲ့တယ္။
ဒါကို မေက်မနပ္ျဖစ္ေနတဲ့သူတစ္ေယာက္ရွိေနခဲ့တယ္။ သူကေတာ့ မတင္ေအး။
ၿခံခ်င္းကပ္‌ျဖစ္ေနတဲ့အတြက္ ေမာင္ငယ္တို႔မိသားစု ေပ်ာ္႐ႊင္ရယ္ေမာေနတဲ့အသံၾကားရင္ သူ႔နားထဲကို သံရည္ပူေလာင္းထည့္သလိုျဖစ္ေနခဲ့တယ္။ ဒါေပမယ့္ အပူ႐ုပ္ကို ဟန္လုပ္ၿပီး လွရင္တို႔အိမ္ကို ဝင္ထြက္ကာ အိမ္နီးခ်င္းေကာင္းအျဖစ္ေနထိုင္ခဲ့ေပမယ့္ ေနာက္ဆုံးမခံစားႏိုင္ေတာ့ပဲ မႀကံေကာင္းတဲ့ အႀကံတစ္ခုကို ႀကံစည္ပါေလေရာ။
++++++
“ ဆရာမင္းသိုက္
ေဗဒင္လကၡဏာ၊အစီအရင္၊
သိုက္ဆက္နတ္ဆက္ေဟာသည္” ဆိုတဲ့ဆိုင္းဘုတ္ တပ္ထားတဲ့ အိမ္ေအာက္မွာေတာ့ လူအခ်ိဳ႕ယပ္ေတာင္ တဖ်တ္ဖ်တ္နဲ႔ တန္းစီေနၾကတယ္။
“မတင္ေအးရွိလား”
နာမည္စာရင္းေခၚတဲ့လူရဲ႕အသံေၾကာင့္ မတင္ေအး တစ္ေယာက္ အခန္းထဲကို ဝင္လာခဲ့လိုက္တယ္။ အခန္းထဲေရာက္ေတာ့ အေဆာင္လက္ဖြဲ႕ေတြ၊ အင္းခ်ပ္ေတြနဲ႔ရစ္ပတ္ထားတဲ့ဖေယာင္းတိုင္ေတြကို စားပြဲေပၚတင္ေနတဲ့ အသက္၅၀အ႐ြယ္ လူတစ္ေယာက္ကိုျမင္လိုက္ရတယ္။
“ ဘာကိစၥနဲ႔ ဆရာဆီေရာက္လာတာလဲ…သမီး”
“ ဆရာနဲ႔တိုင္ပင္စရာရွိလို႔ပါ… ဒါေပမယ့္ ေျပာရမွာလဲ အားနာေနတာ”
မတင္ေအးစကားေၾကာင့္ ဆရာျဖစ္သူက အသံထြက္ေအာင္ ရယ္လိုက္ၿပီး
“ ေျပာစရာရွိတာ ပြင့္ပြင့္လင္းလင္းေျပာ… ဒါမွ ဆရာကူညီလို႔ရမွာ”
“ ဟုတ္ကဲ့ဆရာ… သမီးေလ… အိမ္ေထာင္ရွိ ေယာက်ၤားတစ္ေယာက္ကို ပိုင္ဆိုင္ခ်င္လို႔”
မတင္ေအးစကားေၾကာင့္ ဆရာျဖစ္သူက မ်က္ခုံးႏႈတ္ခုကိုက်ဳံ႕ကာ စိုက္ၾကည့္လိုက္တဲ့အခ်ိန္ ပူေလာင္တဲ့ေလေငြ႕တစ္ခုက အခန္းထဲကို တိုးဝင္လာခဲ့တယ္။
++++++
“ ကိုေမာင္ငယ္… ထမင္းစားေတာ့မလား”
“ မစားခ်င္ေသးဘူး… အရင္စားခ်င္စားေလ”
ခပ္ျပတ္ျပတ္ေျပာလိုက္တဲ့ စကားေၾကာင့္ လွရင္ ဘာမွထပ္မေမးေတာ့ပဲ ခူးထားတဲ့ပန္းကန္ကို ေဘးမွာဖယ္ၿပီး အုပ္ေဆာင္းျပန္အုပ္ထားလိုက္တယ္။
“ ကိုေမာင္ငယ္… တေပါင္းလက ေနာက္သုံးလဆိုျပည့္ေတာ့မယ္ေနာ္၊ သားကို ရွင္ျပဳေပးဖို႔အဆင္ေျပႏိုင္ပါ့မလား”
“ ဒီႏွစ္မျပဳရလဲ ေနာက္ႏွစ္ေတြလုပ္လို႔ရေနတာပဲ၊ စိတ္ထဲအရမ္းမထားေနပါနဲ႔”
“ မဟုတ္ဘူးေလ… ကြၽန္မတို႔ႏွစ္ေယာက္ ဒီႏွစ္လုပ္ဖို႔တိုင္ပင္ထားၾကတာေလ၊ ပိုက္ဆံမရွိရင္လဲ ဆြဲႀကိဳးေရာင္းၿပီး လုပ္ေပးခ်င္တယ္”
“ စီးပြားေရးက အဆင္မေျပပါဘူးဆိုမွ နားလာၿငီးေနတယ္၊ ရွင္ျပဳတာက မေသမခ်င္းျပဳလို႔ရတယ္၊ ငါ့မွာေတာ့ စပါးေတြပိုးက်လို႔ ဘယ္လိုလုပ္ရမလဲ စဥ္းစားေနတာ”
လွရင္လဲ သားျဖစ္သူအိပ္ေပ်ာ္ေနတာေၾကာင့္ စကားမမ်ားေအာင္ ေရွာင္ထြက္ၿပီး အိပ္ယာထဲဝင္ခဲ့လိုက္တယ္။
သာယာေပ်ာ္႐ႊင္ခဲ့ရတဲ့အိမ္ေထာင္ေရးက လပိုင္းအတြင္းမွာပင္ အဖုအထစ္‌မ်ားစြာျဖစ္လာၿပီး တစ္ေယာက္မ်က္ႏွာ တစ္ေယာက္မျမင္ခ်င္ေလာက္တဲ့ထိကို ဆိုးဝါးလာခဲ့တယ္။
တစ္ရက္မွာေတာ့ ေမာင္ငယ္ရဲ႕ ႏွိပ္စက္မႈေတြကို သည္းမခံႏိုင္ေတာ့တဲ့ လွရင္တစ္ေယာက္ သားျဖစ္သူရဲ႕လက္ကိုဆြဲကာ မိဘေတြရွိတဲ့ ႐ြာကို အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ထြက္လာခဲ့လိုက္တယ္။
ထြက္လာတဲ့အခ်ိန္က ေမွာင္စပ်ိဳးခ်ိန္ျဖစ္ေနတာေၾကာင့္ လမ္းတစ္ဝက္ေရာက္တဲ့အခါမွာေတာ့ အလင္းေရာင္လုံးဝေပ်ာက္သြားၿပီး သားမိႏွစ္ေယာက္ထဲ ႐ြာခ်င္းဆက္လမ္းေပၚမွာ ခိုကိုးရာမဲ့ျဖစ္ခဲ့ၾကရတယ္။
လွရင္ကေတာ့ သားျဖစ္သူရဲ႕လက္ကိုခပ္တင္းတင္းဆြဲကာ စီးက်လာတဲ့မ်က္ရည္စေတြကို လက္ခုံနဲ႔ခပ္တင္းတင္းသုတ္လိုက္ၿပီး ေၾကာက္စိတ္ေတြကိုဖယ္ထုတ္ကာ မိဘေတြရွိတဲ့႐ြာဘက္ကို ခပ္သုတ္သုတ္ေလ်ာက္လာခဲ့လိုက္တယ္။
“ အား….”
ေျခမ်က္စိေအာက္ကေန မီးစနဲ႔ထိုးခံလိုက္ရသလို ျဖစ္သြားတာေၾကာင့္ လွရင္တစ္ေယာက္ ေအာက္ငုံ႔ၾကည့္လိုက္ရာ မွိန္ျပျပအလင္းေရာင္ ေအာက္မွာ ‌ေလ်ာခနဲထြက္ေျပးသြားတဲ့ မဲမဲရွည္ရွည္ အေကာင္တစ္ေကာင္ကို ျမင္လိုက္ရတယ္။
“ အေမ … ဘာျဖစ္တာလဲ”
“ ဘာမွမျဖစ္ပါဘူးသားရယ္… လာ လာ သြားၾကရေအာင္”
သားျဖစ္သူ ေၾကာက္မွာစိုးတဲ့အတြက္ ေဝဒနာကို အံတုရင္း ရွိသမွ်ခြန္အားေတြစုစည္းၿပီး ေရွ႕ဆက္သြားေနေပမယ့္ အဆိပ္က တစ္ကိုယ္လုံးကိုပ်ံ႕ႏွံ႔ေနတာေၾကာင့္ မ်က္လုံးေတြ ျပာေဝၿပီး အားအင္ေတြဆုတ္ယုတ္လာခဲ့တယ္။
“ အေမ … အေမ… ဘာျဖစ္တာလဲ.. အီးဟီးဟီး”
ေအးစက္တဲ့ေျမႀကီးနဲ႔ထိ‌ေတြ႕တာကို သိလိုက္ရတဲ့အျပင္ သားျဖစ္သူရဲ႕ ငိုေႂကြးသံကို ၾကားလိုက္ရၿပီးခ်ိန္မွာေတာ့ လွရင္ တစ္ေယာက္ သတိလစ္ေမ့ေမ်ာသြားခဲ့တယ္။
++++++
“ အခ်ိန္ကအေတာ္လင့္ေနၿပီ… တည္းဖို႔ေနရာကလဲ ဒီေလာက္ေတာင္ရွားရလားကြာ”
ေမာင္ေကာင္းရဲ႕ စကားေၾကာင့္ ခြန္းလွက ေရွ႕ကို ခပ္သုတ္သုတ္ေလ်ာက္သြားၿပီး ဇရပ္ေတြမ်ားရွိမလားဆိုတဲ့အေတြးနဲ႔ ဟိုဟိုဒီဒီလိုက္ၾကည့္ေနခဲ့တယ္။ အဲဒီအခ်ိန္
“ အေမ… ထပါဦး… အေမ.. အီးဟီးဟီး”
“ ဟင္ … ကေလးတစ္ေယာက္ ငိုတဲ့အသံပါလား”
ခြန္းလွလဲ အသံၾကားတဲ့ဘက္ကို ေလ်ာက္ခဲ့ရာ အေမွာင္ထုဲမွာ လဲက်ေနတဲ့မိန္းမတစ္ေယာက္ကို လႈပ္ႏႈိးၿပီး ငိုယိုေနတဲ့ ကေလးတစ္ေယာက္ကို ျမင္လိုက္ရတယ္။
“ ဘာျဖစ္တာလဲ ေကာင္ေလး…”
“ အေမ… အေမ ဘာျဖစ္လဲမသိဘူး၊ လမ္းေလ်ာက္ေနရင္း လဲက်သြားတာ၊ ေခၚလို႔လဲမရေတာဘူး”
ခြန္းလွဲ ခ်က္ခ်င္းဆိုသလို လြယ္အိတ္ထဲကေန ‌ဖေယာင္းတိုင္နဲ႔ မီးျခစ္ထုတ္ၿပီး ထြန္းလိုက္ရာ ႏႈတ္ခမ္းေတြျဖဴေဖ်ာ့ၿပီး သတိလစ္ေနတဲ့ မိန္းမတစ္ေယာက္႐ုပ္သြင္ေပၚလာခဲ့တယ္။
“ ခြန္းလွ ဘာျဖစ္တာလဲ”
“ မသိဘူးဆရာ… မိန္းမတစ္ေယာက္ သတိလစ္ေနလို႔”
ေအာင္ျမတ္သာလဲ ခြန္းလွ ေဘးဝင္ထိုင္ၾကည့္လိုက္ၿပီး ၾကည့္လိုက္ရာ
“ ပိုးထိလူနာပဲ… ငါတို႔ေသာက္မယ့္ေရပါလာတယ္မဟုတ္လား..”
“ ပါတယ္ဆရာ”
“ ဒဏ္ရာကို ေရနဲ႔အရင္ေဆးလိုက္…”
ေမာင္ေကာင္းက ေသာက္ေရဘူးထဲက ေရနဲ႔ ပိုးထိတဲ့ေနရာကိုေဆးေၾကာေနတဲ့အခ်ိန္ ေအာင္ျမတ္သာက ညာဘက္ဝါးနဲ႔ ဒဏ္ရာကိုအုပ္ၿပီး ေအာက္ကို ဆြဲခ်ပစ္ေနခဲ့တယ္။ ဆယ္ခ်က္ေလာက္ ဆြဲခ်ၿပီးမွာေတာ့ ပိုးထိတဲ့ေနရာကေန ေသြးနဲ႔ေရာေနတဲ့အဆိပ္ရည္ေတြ စီးက်လာခဲ့တယ္။
အဆိပ္ေတြ ထြက္သြားၿပီးခ်ိန္မွာေတာ့ အနားမွာရွိတဲ့ ဝါးတစ္ေခ်ာင္းကိုေျခေထာက္နဲ႔ပူးခ်ည္ၿပီး သစ္ပင္ေအာက္မွာ ေပးမွီထားတဲ့အခ်ိန္ လူနာသတိျပန္လည္လာခဲ့တယ္။
“ သား… သား…”
“အမိရဲ႕ ကေလး ဒီမွာရွိပါတယ္…”
“ ရွင္တို႔က ဘယ္သူေတြလဲ”
“ ဒီလမ္းကေန ျဖတ္သြားတဲ့အခ်ိန္ ပိုးထိၿပီးသတိလစ္ေနတဲ့ အမိကိုေတြ႕လိုက္တာပဲ၊ အခုေတာ့ အဆိပ္ေတြထြက္သြားၿပီမို႔ အသက္အႏၲရာယ္ေတာ့စိုးရိမ္စရာမရွိေတာ့ပါဘူး”
“ ေအာ္… ေက်းဇူးတင္ပါတယ္ရွင္…”
“ ဒါနဲ႔ ဒီအခ်ိန္ႀကီး သားအမိႏွစ္ေယာက္ထဲ ဘယ္သြားၾကမလို႔လဲ”
“ မိဘေတြရွိတဲ့႐ြာကိုသြားမလို႔ပါ…”
“ အခုလိုခ်ိန္ မိန္းမသားတစ္ေယာက္ထဲ သြားလာဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး… အနီးနားမွာေရာ အသိအကြၽမ္းေတြမ်ား မရွိဘူးလား”
“ ေရွ႕က ႐ြာမွာေတာ့ အမ်ိဳးသားအိမ္ရွိပါတယ္… အခုက သူ႔ကိုစိတ္ဆိုးၿပီး အိမ္ကဆင္းလာခဲ့ၾကတာပါ”
“ ေလာေလာဆယ္ ဒဏ္ရာေတြနဲ႔မို႔ အမ်ိဳးသားအိမ္ကို အရင္ျပန္လိုက္ပါ… ဒဏ္ရာသက္သာမွ ကိုယ္လိုရာကိုသြားေပါ့”
“ ဒါေပမယ့္…. ကြၽန္မ သူ႔ဆီကိုမသြားခ်င္ဘူး…”
“ က်ဳပ္တို႔လဲအခ်ိန္မရတာမို႔… ေရွ႕က႐ြာသြားမယ္‌ဆို ေခၚသြားေပးမယ္၊ မိဘေတြဆီျပန္မယ္ဆိုရင္ေတာ့ အမိတို႔ႏွစ္ေယာက္ထဲ သြားရေတာ့မွာေနာ္”
“ အေမ… အေဖဆီပဲျပန္ၾကရေအာင္ေနာ္… လမ္းကေမွာင္မဲေနတာ အဖြားတို႔ဆီမသြားခ်င္ေတာ့ဘူး၊ အိမ္ပဲျပန္မယ္ေလ”
လွရင္လဲ သားျဖစ္သူရဲ႕ ငိုမဲ့မဲ့မ်က္ႏွာေၾကာင့္ မာန္မာနကိုခ်လိုက္ၿပီး
“ ဆရာတို႔ကို အေႏွာက္အယွက္ေပးမိၿပီ”
“ ရပါတယ္ … ေမာင္ေကာင္း ေရွ႕က ဝါး႐ုံပင္မွာ လက္တစ္ကမ္းစာဝါးတစ္ေခ်ာင္းခ်ိဳးခဲ့ေပး”
ေမာင္ေကာင္းလဲ ေအာင္ျမတ္သာစကားေၾကာင့္ ဝါးတစ္ေခ်ာင္းခ်ိဳးၿပီးယူလာခဲ့လိုက္တယ္။
“ အမိက ဒီဝါးအစြန္းကိုကိုင္ၿပီးလိုက္လာခဲ့ပါ… ေမာင္ေကာင္း မင္းက ေရွ႕ကေန အစြန္းတစ္ဖက္ကို ကိုင္ၿပီးသြား”
ေအာင္ျမတ္သာတို႔လဲ လွရင္တို႔သားအမိေနတဲ့အိမ္အထိေရာက္ေအာင္ လိုက္ပို႔ေပးခဲ့ၾကတယ္။ အိမ္ေရွ႕ေရာက္ေတာ့ ၿခံထဲဝင္ဖို႔ေျခလွမ္းလိုက္တဲ့အခ်ိန္ အက်ႌေကာ္လံစကို တစ္ေယာက္ေယာက္ဆြဲထားသလိုျဖစ္ေနတာေၾကာင့္ စိတ္ထဲထင့္ခနဲျဖစ္သြားၿပီး အေနာက္ကိုျပန္ဆုတ္လိုက္တယ္။
“ ဆရာတို႔ အိမ္ထဲဝင္ပါဦး”
“ ရပါတယ္…. မဝင္ေတာ့ပါဘူး… မနက္က်လို႔ မူးတာေဝတာရွိေသးရင္ ဘုန္းႀကီးေက်ာင္းကို လာခဲ့ပါ”
“ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ဆရာ”
ေအာင္ျမတ္သာတို႔လဲ လွရင္တို႔အိမ္ကေန ထြက္လာၿပီး ႐ြာလယ္မွာရွိတဲ့ ဘုန္းႀကီးေက်ာင္းဆီကို ဦးတည္ခဲ့လိုက္တယ္။
++++
“ ဆရာ… ခုနက အိမ္ထဲဝင္မလို႔လုပ္ၿပီးမွ ဘာလို႔မဝင္ေတာ့တာလဲ”
“ ဂိုဏ္ေစာင့္ေတြက ငါ့‌ဂုတ္ကိုဆြဲထားၾကလို႔ မဝင္ပဲထြက္လာတာ… စိတ္ထင္ေျပာရရင္ အဲဒီအိမ္မွာ မေကာင္းတဲ့အရာတစ္ခုခုရွိေနၿပီထင္တယ္”
“ သူေျပာတဲ့စကားေတြအရ အိမ္ေထာင္ေရးလဲ အဆင္မေျပေလာက္ဘူး… သာမန္လင္မယား စကားမ်ားတာေလာက္နဲ႔ သားအမိႏွစ္ေယာက္ ထြက္လာမွာေတာ့မဟုတ္ဘူး”
“ အရမ္းလဲေတြးမေနပါနဲ႔… မင္းတို႔လဲ တစ္ေနကုန္ ပင္ပန္းထားၾကတာဆိုေတာ့ နားလိုက္ၾကဦး”
ေအာင္ျမတ္သာလဲ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ကို အနားယူခိုင္းၿပီး ဘုန္းႀကီးေက်ာင္းဝင္းထဲမွာ စၾကၤန္ေလ်ာက္ေနခဲ့တယ္။
“ ရွပ္ ရွပ္ ရွပ္”
အေနာက္ကေန ကပ္ပါလာတဲ့ ေျခသံေၾကာင့္ စၾကၤန္ေလ်ာက္ေနတာကိုရပ္လိုက္ရာ ေျခသံလဲရပ္သြားခဲ့တယ္။ ျပန္ေလ်ာက္ရင္ အေနာက္ကေန ေျခသံျပန္ၾကားရတာေၾကာင့္ အာ႐ုံခံၿပီးၾကည့္လိုက္ရာ စုတ္ၿပဲေနတဲ့အက်ႌနဲ႔ လုံခ်ည္ကိုဝတ္ထားတဲ့ လူတစ္ေယာက္ အေနာက္ကေန ကပ္လိုက္ေနတာကိုျမင္လိုက္ရတယ္။
“ သင္ဘယ္သူလဲ… ဘာေၾကာင့္ က်ဳပ္စၾကၤန္ေလ်ာက္ေနတာကို ေႏွာက္ယွက္ေနရတာလဲ” လို႔ေျပာၿပီး လွည့္ၾကည့္လိုက္ရာ ေခါင္းတစ္ဖက္ပိန္ကပ္ေနၿပီး မ်က္လုံးက အျပင္ကိုျပဴးထြက္ေနတဲ့ ေယာက်ၤားတစ္ေယာက္ကိုျမင္လိုက္ရတယ္။ အဲဒီလူက ေအာင္ျမတ္သာမ်က္ႏွာေရွ႕ကို လက္နဲ႔ေဝွ႔ယမ္းလိုက္ၿပီး
“ ကြၽန္ေတာ္ကိုျမင္ရတယ္မလား… ကြၽန္ေတာ္ေျပာတာလဲၾကားတယ္မဟုတ္လား”
“ သင့္ကိုလဲျမင္ရတယ္… သင္ေျပာတာကိုလဲၾကားတယ္၊ ဘာကိစၥနဲ႔ အေနာက္ကလိုက္ေနရတာလဲ”
“ ေပ်ာ္လိုက္တာဗ်ာ… အျခားသူေတြဆိုရင္ က်ဳပ္အေနာက္ကလိုက္တာနဲ႔ ထြက္ေျပးၾကၿပီ၊ ဒါေၾကာင့္ ေျပာခ်င္တာေတြ မေျပာရတာ… အခုက်မွ က်ဳပ္ေျပာျပခ်င္တာေတြေျပာျပရေတာ့မယ္”
“ သင္မွာ ဘာေျပာစရာေတြရွိေနတာလဲ”
“ က်ဳပ္နာမည္က ဆန္းဦးလို႔ေခၚတယ္၊ လူ႔ဘဝတုန္းကေတာ့ သစ္ပင္တက္သမားေပါ့၊ တစ္ရက္က်ေတာ့ ဘုန္းႀကီးေက်ာင္းၿခံစည္း႐ိုးနဲ႔ ကပ္လ်က္ေပါက္ေနတဲ့ ေညာင္ပင္ကို တက္ခုတ္တာ အပင္ေပၚကေန တြန္းခ်ခံထိၿပီး ေသသြားတာပဲ၊ က်ဳပ္ေသေတာ့ အိမ္ကလူေတြက ဘုန္းႀကီးေက်ာင္းမွာ ထီးတံခြန္လာေပးထားၾကတာ၊ တကယ္ေတာ့ က်ဳပ္က ထီးတံခြန္လိုခ်င္တာမဟုတ္ဘူး၊ အမွ်အတန္းလိုခ်င္တာ၊ က်ဳပ္အိမ္ကိုေျပာျပခ်င္ေပမယ့္ ေညာင္ပင္က တေစၦႀကီးက ဘုန္းႀကီးေက်ာင္းဝင္းထဲကေန အျပင္ကိုေပးမထြက္ဘူးျဖစ္ေနတယ္၊ အဲဒါ က်ဳပ္အိမ္ကို ေျပာေပးႏိုင္မလား”
“ သင့္အိမ္ကို က်ဳပ္တို႔ေျပာရင္ ယုံပါ့မလား”
“ ယုံေအာင္လုပ္ဖို႔နည္းရွိပါတယ္… က်ဳပ္လူ႔ဘဝတုန္းက ဖဲႏိုင္လို႔ဖြက္ထားတဲ့ ေငြအခ်ိဳ႕ကို အိမ္ဦးတိုင္ေအာက္မွာ လုံခ်ည္စုတ္နဲ႔ပတ္ၿပီးျမဳပ္ထားတယ္၊ အဲဒါကိုျပန္ေဖာ္လိုက္ရင္ သူတို႔ယုံမွာပါ”
“ သင့္အိမ္ကိုဘယ္လိုရွာရမလဲဆိုတာေျပာပါဦး”
“ ႐ြာထဲမွာ သစ္ပင္တက္သမားဆန္းဦး အိမ္လို႔ေမးရင္ အကုန္သိတယ္… အဲဒါေလး ကူညီပါေနာ္… က်ဳပ္ အျခားဘဝတစ္ခုကိုသြားခ်င္ၿပီ”
“ ေကာင္းပါၿပီ… မနက္မိုးလင္းတာနဲ႔ သင့္အိမ္ကို လိုက္ရွာၿပီး ေျပာေပးပါ့မယ္”
ေအာင္ျမတ္သာစကားအဆုံးမွာ ေခါင္းတစ္ျခမ္းပိန္ေနတဲ့သူက ေညာင္ပင္ရွိတဲ့ဘက္ကို ေထာ့က်ိဳးေထာ့က်ိဳးနဲ႔ ျပန္ထြက္သြားခဲ့တယ္။
+++++
မနက္မိုးလင္းေတာ့ ေအာင္ျမတ္သာတို႔လဲ သစ္ပင္တက္သမားဆန္းဦးေနတဲ့အိမ္ကို လိုက္ရွာခဲ့ၾကတယ္။ သိပ္မၾကာခင္မွာပဲ ပ်ဥ္ေထာင္ခပ္ႏြမ္းႏြမ္းအိမ္တစ္လုံးေရွ႕ကို ေရာက္လာၿပီး အထဲကေန အသက္၃၀အ႐ြယ္ လူတစ္ေယာက္ထြက္လာခဲ့တယ္။
“ ဒီအိမ္က ကိုဆန္းဦးအိမ္လား”
“ အေဖက ေသသြားတာ ဆယ္ႏွစ္ေက်ာ္ၿပီ… ဘာကိစၥရွိလို႔လဲ”
ဆယ္ႏွစ္ဆိုတဲ့စကားေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ အခ်င္းခ်င္းျပန္ၾကည့္လိုက္ၾကတယ္။
“ ခင္ဗ်ားရဲ႕အေဖ အကူအညီေတာင္းလို႔ ဒီကိုေရာက္လာတာပါ”
“ အေဖက အကူအညီေတာင္းတယ္ ဟုတ္လား… လိမ္ရင္လဲ ယုတၱိရွိရွိလိမ္ၾကေလဗ်ာ… ေသသြားတဲ့ လူကအကူအညီေတာင္းတယ္ဆိုတာ မျဖစ္ႏိုင္တာ”
“ က်ဳပ္ဟာသလုပ္ေနတာမဟုတ္ဘူး၊ ခင္ဗ်ားအေဖက အခုထိ မကြၽတ္လြတ္ေသးဘူးဆိုတာေရာသိၾကလား”
“ အေဖက သစ္ပင္ေပၚက ျပဳတ္က်ၿပီးေသတာဆိုေပမယ့္ ေသတဲ့အခ်ိန္ကစၿပီး က်ဳပ္တို႔ကို ဘာအရိပ္အေယာင္မွ ျပတာမဟုတ္ဘူး… အဲဒီေတာ့ ခင္ဗ်ားစကားကို ဘယ္လိုယုံရမွာလဲ”
“ ေကာင္းၿပီေလ… မယုံဘူးဆိုရင္ အိမ္ဦးတိုင္ေအာက္ကို တူးၾကည့္ပါ၊ သူကိုယ္တိုင္ လုံခ်ည္စုတ္နဲ႔ ျမဳပ္ထားတဲ့ ေငြ႕အခ်ိဳ႕ရွိတယ္လို႔ေျပာတယ္၊ အဲဒီေငြကိုရရင္ သူ႔နာမည္ကိုေခၚၿပီး ဘုန္းႀကီးေက်ာင္းမွာ အလႉလုပ္ေပးလိုက္ပါ”
ေအာင္ျမတ္သာက ခပ္ျပတ္ျပတ္ေျပာၿပီး ထြက္သြားဖို႔အလုပ္ ၿခံထဲရပ္ေနတဲ့လူက ေရွ႕ကေန ပိတ္ရပ္ၿပီး
“ အေဖက တကယ္မကြၽတ္ေသးတာလား”
“ ဟုတ္မဟုတ္ တူးၾကည့္ရင္သိရမွာေပါ့”
“ က်ဳပ္ ခင္ဗ်ားတို႔ေျပာတဲ့ေငြကို ရထားၿပီးၿပီ၊ လြန္ခဲ့တဲ့ႏွစ္က အိမ္ျပင္လို႔ အိမ္ဦးတိုင္ကိုတူးလိုက္တာ လုံခ်ည္စုတ္နဲ႔ ပတ္ထားတဲ့ေငြေတြရခဲ့ဖူးတယ္”
“ ဒါဆို က်ဳပ္လိမ္ေနတာမဟုတ္ဘူးဆိုတာ သိေလာက္ေရာေပါ့”
“ ေတာင္းပန္ပါတယ္ဗ်ာ… က်ဳပ္မနက္ျဖန္ အေဖအတြက္ရည္စူးၿပီး ထီးတံခြန္ျပန္ေပးလိုက္ပါ့မယ္”
“ ထီးတံခြန္ေပးတာထက္ ဆြမ္းျဖစ္ျဖစ္ သကၤန္းျဖစ္ျဖစ္ သူ႔နာမည္နဲ႔ကပ္လႉတာက ပိုထိေရာက္ပါတယ္”
“ ကြၽန္ေတာ္ အဲဒီတိုင္းလုပ္ေပးလိုက္ပါမယ္”
ေအာင္ျမတ္သာတို႔ ကိုဆန္းဦး အိမ္ကေန ထြက္လာၿပီး ဘုန္းႀကီးေက်ာင္းကိုအေရာက္ ေလွကားရင္းမွာ ထိုင္ေစာင့္ေနတဲ့ မိန္းမတစ္ေယာက္ကို ျမင္လိုက္ရတယ္။
“ ဆရာတို႔ ႐ြာထဲသြားတယ္ဆိုလို႔ ေစာင့္ေနတာ”
“ ဒဏ္ရာေရာ သက္သာရဲ႕လား”
“ သက္သာပါတယ္ဆရာ… အဲဒါေက်းဇူးတင္လို႔ ဆရာတို႔စားဖို႔ အသီးအႏွံေလးေတြလာပို႔တာပါ”
“ ဒါနဲ႔ အိမ္မွာ ျပႆနာေတြ ျဖစ္ေနတာ အေတာ္ၾကာၿပီလား”
“ စီးပြားေရးအဆင္မေျပတာက တစ္ႏွစ္ေလာက္ရွိၿပီဆရာ၊ အိမ္ေထာင္ေရးအဆင္မေျပတာကေတာ့ သုံးလေလာက္ရွိၿပီ”
“ အမ်ိဳးသားကေရာ အရင္က အခုလိုမ်ိဳးပဲလား”
“ ဘယ္ဟုတ္ရမလဲဆရာရယ္… အိမ္ေထာင္သက္ ရွစ္ႏွစ္အတြင္း ဒါမ်ိဳးတစ္ခါမွမျဖစ္ဘူးဘူး… သူက ဒီလပိုင္းထဲမွာတင္ ေျပာင္းလဲလာတာ”
“ က်ဳပ္အျမင္ေျပာရရင္ အမိတို႔အိမ္မွာ အေႏွာက္အယွက္တစ္ခုခုရွိေနတယ္ထင္တယ္”
“ ကြၽန္မလဲ ဆရာေျပာသလို ေတြးမိပါတယ္… ဒါေပမယ့္ အဲလိုကိစၥေတြမွာ ဘယ္သူကိုတိုင္ပင္ရမလဲမသိဘူးျဖစ္ေနတယ္”
“ ဒါျဖင့္ ေက်ာင္းေပၚ ခဏတက္လာခဲ့ပါ”
ေအာင္ျမတ္သာလဲ မလွရင္ကိုေက်ာင္းေပၚေခၚၿပီး လြယ္အိတ္ထဲမွာရွိတဲ့ အင္းတစ္ခ်ပ္ကိုျပာခ်ကာ စကၠဴနဲ႔ထုပ္ေပးလိုက္တယ္။
“ အိမ္ေရာက္ရင္ ျပာမႈန္ကို ေရသန႔္သန႔္ တစ္ခြက္ထဲ ထည့္ၿပီး တစ္အိမ္လုံးျဖန္းလိုက္ပါ… ပိုတဲ့ေရကို အိမ္သားေတြေသာက္တဲ့ေရအိုးထဲ ထည့္ထားေပး၊ ေရမကုန္ေအာင္လဲသတိထားဦး၊ ႏွစ္ရက္အတြင္း ထူးျခားလာလိမ့္မယ္”
“ေက်းဇူးတင္ပါတယ္ဆရာ… ကြၽန္မ အိမ္ေရာက္တာနဲ႔ေသခ်ာလုပ္လိုက္ပါမယ္”
မလွရင္လဲ ျပာထုပ္ကိုယူၿပီး အိမ္ကိုျပန္လာခဲ့လိုက္တယ္။ အိမ္ေရာက္ေတာ့ ေျပာထားတဲ့အတိုင္း အိမ္အတြင္းအျပင္ျဖန္းေနတဲ့အခ်ိန္ အိမ္ခန္းထဲအဝင္ လိပ္ကာေဘာင္ေပၚကေန ႀကိဳးအနီနဲ႔ပတ္ထားတဲ့ အဝတ္စတစ္ခု လိမ့္က်လာတာကိုျမင္လိုက္ရတယ္။
လွရင္လဲ ခ်က္ခ်င္းဆိုသလို ျပဳတ္က်လာတဲ့ အဝတ္စကိုေျဖၾကည့္လိုက္ရာ ေျခာက္ေသြ႕ေနၿပီျဖစ္တဲ့ေသြးစြန္းအဝတ္ျဖစ္ေနခဲ့တယ္။
ဒါေၾကာင့္ ခ်က္ခ်င္းဘုန္းႀကီးေက်ာင္းျပန္သြားၿပီး အက်ိဳးအေၾကာင္းေျပာျပလိုက္ရာ ေအာင္ျမတ္သာက
“ က်ဳပ္ထင္ေတာ့ထင္သား… အမိတို႔အိမ္ေထာင္ေရးကို မနာလိုတဲ့သူေတာ့ရွိေနၿပီ”
“ ဆရာ… ဒါက ဘာနဲ႔လုပ္ထားတာ ျဖစ္ႏိုင္မလဲ”
“ အေတာ္ကို ေအာက္တန္းက်တဲ့အစီအရင္ပဲ… နားလည္ေအာင္ေျပာရရင္ ရာသီေသြးေပေနတဲ့ အဝတ္စကို အစီအရင္လုပ္ၿပီး အိမ္ေထာင္ကြဲ စီးပြားပ်က္ေအာင္လုပ္ထားတာ”
“ အမေလးေလး… ဘယ္လိုလူကမ်ား ဒီလိုလုပ္ရက္တာလဲ… ဒါေၾကာင့္ ကိုေမာင္ငယ္ ေျပာင္းလဲသြားတာကိုး၊ ကူညီပါဦးဆရာရယ္.. ဒီတစ္ေခါက္ရွာေတြ႕ေပမယ့္ ေနာက္တစ္ခါ ဆရာတို႔မရွိတဲ့အခါ ဘယ္လိုလုပ္ရပါ့မလဲ”
“ က်ဳပ္အခုေပးလိုက္မယ့္ အင္းကို ေလွကားအတက္အဆင္းမွာ ျမဳပ္ထားလိုက္ပါ၊ ကိုယ့္ကိုလုပ္တဲ့သူ တန္ျပန္ပါလိမ့္မယ္”
ေအာင္ျမတ္သာက တန္ျပအင္းကို ေၾကးျပားေပၚမွာ ေရးဆြဲၿပီး ေပးလိုက္တယ္။ လွရင္လဲ အိမ္ေရာက္တာနဲ႔ အင္းကို ေလွကားရင္းမွာ ျမဳပ္ၿပီး ဟန္မပ်က္ေနေနခဲ့လိုက္တယ္။
ညေနေစာင္းေတာ့ ကိုေမာင္ငယ္ ျပန္ေရာက္လာၿပီး ေသာက္ေရအိုးထဲက ေရကိုခပ္ေသာက္ေနတာျမင္ေတာ့ ဘာမ်ားျဖစ္မလဲဆိုတဲ့အေတြးနဲ႔ ေစာင့္ၾကည့္ေနခဲ့တယ္။ ခဏေနေတာ့ ေဆးလိပ္ေသာက္ေနတဲ့ ေမာင္ငယ္တစ္ေယာက္ အိမ္ေနာက္ေဖးကိုထေျပးၿပီး တေဝါ့ေဝါ့နဲ႔ ထိုးအန္တာ ပါးစပ္ထဲကေန အစာမဲမဲေတြ ထြက္လာတာျမင္လိုက္ရတယ္။
လွရင္တစ္ေယာက္ ျဖစ္ပ်က္ခဲ့တဲ့အရာေတြကို ေျပာျပဖို႔အတြက္ မိုးလင္းတာနဲ႔ ဘုန္းႀကီးေက်ာင္းဘက္ကိုထြက္လာခဲ့ရာ ေက်ာင္းေရာက္ေတာ့ ေအာင္ျမတ္သာတို႔အရိပ္အေယာင္ကိုမျမင္ေတြ႕ရေတာ့ပဲ သကၤန္းလာလႉတဲ့ ေမာင္‌ဆန္းျမင့္တို႔မိသားစုကိုသာျမင္လိုက္ရတယ္။
“ ဆန္းျမင့္… ဘာအလႉရွိလို႔လဲ”
“ အလႉမဟုတ္ဘူး လွရင္ေရ… ငါ့အေဖက သူ႔အတြက္ အလႉလုပ္ေပးပါဆိုၿပီး လာေျပာခိုင္းလို႔ အလႉလာလုပ္ေပးတာ,၊ နင္ကေရာ ဘာလာလုပ္တာလဲ”
“ ငါက ဒီမွာတည္းေနတဲ့ ဆရာဆီလာတာ”
“ အရပ္ျမင့္ျမင့္နဲ႔ လူကိုေျပာတာလား… သူ႔တပည့္ႏွစ္ေယာက္လဲပါတယ္ေလ”
“ ဟုတ္တယ္… နင္ေတြ႕မိေသးလား”
“ ငါေရာက္ေတာ့ သူတို႔မရွိၾကေတာ့ဘူး… ဆရာေတာ္ေျပာတာက အ႐ုဏ္တက္ထဲက ထြက္သြားၾကတယ္တဲ့”
လွရင္လဲ သူ႔ရဲ႕အသက္ကိုကယ္ခဲ့တဲ့သူဆိုလဲဟုတ္၊ အိမ္ရဲ႕ျပႆနာကိုရွင္းေပးခဲ့တဲ့သူလဲဟုတ္တဲ့ ဆရာျဖစ္သူကို မေတြ႕ရတာေၾကာင့္ စိတ္ပ်က္လက္ပ်က္နဲ႔ျပန္လာခဲ့လိုက္တယ္။ ဒီလိုနဲ႔ တစ္ပတ္ေလာက္ၾကာေတာ့ ေမာင္ငယ္တစ္ေယာက္ ပုံမွန္ျပန္ျဖစ္လာၿပီး မိသားစုအေပၚကိုလဲ အရင္လိုျပန္ဂ႐ုစိုက္လာတာကို သတိထားမိခဲ့တယ္။
++++
တစ္လခန႔္အၾကာ…
“ လွရင္ေရ… လွရင္”
“ အမတင္ေအးပါလား… ဘာေတြလာပို႔ျပန္ပီလဲ”
“ ဟိုဘက္႐ြာကေန ေတာဝက္ရလာလို႔ ခ်က္ထားတာ”
အမတင္ေအးက ပန္းကန္ကိုကိုင္ၿပီး ေလွကားရင္းကို တက္ဖို႔လုပ္တဲ့အခ်ိန္ ပထမအဆင့္အေရာက္မွာပဲ ေႂကြပန္းကန္က သူ႔အလိုလို ထက္ျခမ္းကြဲကာ ဟင္းေတြအကုန္ေမွာက္က်ကုန္တယ္။
“ အမ … အဆင္ေျပရဲ႕လား…”
“ ရတယ္ ရတယ္… ပန္းကန္ကၾကာပီဆိုေတာ့ အပူနဲ႔ထိတဲ့အခ်ိန္ကြဲတာေနမွာ.. အမ ေနာက္တစ္ပန္းကန္ျပန္ပို႔ေပးမယ္ေနာ္”
အမတင္ေအးက က်ကြဲေနတဲ့ပန္းကန္ အပိုင္းအစေတြကိုေကာက္ယူၿပီး ျပန္ထြက္သြားခဲ့တာ ညေနေစာင္းတဲ့ထိျပန္ေပၚမလာခဲ့ဘူး။
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ အမတင္ေအး တစ္ေယာက္ ႐ုတ္တရက္ ေမ့လဲၿပီး ေဆး႐ုံတင္လိုက္ရတယ္ဆိုတဲ့သတင္းၾကားလိုက္ရတယ္။
အဲဒီေတာ့မွ လွရင္လဲ ျဖစ္ပ်က္ခဲ့တာေတြနဲ႔ ဆရာျဖစ္သူေျပာတဲ့ ကိုယ့္ကိုလုပ္တဲ့သူတန္ျပန္ထိလိမ့္မယ္ဆိုတဲ့စကားကို ဆက္စပ္ေတြးလိုက္ရာ အေျဖတစ္ခုက ေခါင္းထဲမွာ ထင္းခနဲေပၚလာခဲ့တာေၾကာင့္
“ မေကာင္းတာလုပ္ရင္ မေကာင္းတဲ့အက်ိဳးခံစားရမယ္ဆိုတာသိပ္မွန္တာပဲ”ဆိုတဲ့စကားကို ခပ္တိုးတိုးေရ႐ြတ္ရင္း ေသာက္ေရအိုးထဲကိုေရအျပည့္ျဖည့္ေနခဲ့လိုက္တယ္။
+++++++
ေအာင္ျမတ္သာတို႔ ႐ြာကေန ထြက္လာၿပီးေနာက္ပိုင္းမွာေတာ့ ေဝဘာဂေတာင္ေပၚမွာရွိတဲ့ ကိုးေတာင္ျပည့္ေစတီကိုေရာက္လာခဲ့ၾကတယ္။ ဆရာျပန္ေျပးဘုရားေလးလို႔ လူသိမ်ားၾကတဲ့ ကိုးေတာင္ျပည့္ေစတီမွာ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ ဘယ္လိုပြဲၾကမ္းၾကမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ ေဝဘာဂကိုးနဝင္းေစတီဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)