” အောင်မြတ်သာနှင့်သွေးစိမ်းအတိုက် ”(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်သွေးစိမ်းအတိုက် ”(စ/ဆုံး)
——————————————–

ဇေယန(ရာမည)

” အဟင့် အဟင့် ဟီး ဟီး”
အိမ်ခေါင်းရင်းထရံနားကနေ ထွက်ပေါ်လာတဲ့ငိုသံကြောင့် အိပ်မပျော်တပျော်ဖြစ်နေတဲ့ ဦးဟန်ကြည်တစ်ယောက် ငုတ်တုတ်ထထိုင်လိုက်မိတယ်။

” စံလှရေ .. အိပ်နေပီလား”

” မအိပ်သေးပါဘူး ဦးလေး၊ ဘာခိုင်းစရာရှိလို့လဲ”

” ခေါင်းရင်းမှာ လူတစ်ယောက်ငိုနေတဲ့အသံကြားလို့ ခြံစောင့်လင်မယားရန်ဖြစ်ပြန်ပီနဲ့တူတယ်၊ ထကြည့်လိုက်ဦး”

စံလှလဲ ဦးဟန်ကြည်စကားကြောင့် ပြူတင်းပေါက်တံခါးကိုဖွင့်ကြည့်လိုက်ရာ လူရိပ်လူခြေမမြင်ရပဲ ရှင်းလင်းနေတာကိုမြင်တွေ့လိုက်ရတယ်။

” ဘယ်သူမှမရှိပါဘူးဦးလေး… ဒါနဲ့ ငိုသံလဲမကြားမိပါဘူးဗျ”

” ဟေ .. ဟုတ်လား.. ငါခုနက သေသေချာချာကြားလိုက်ပါတယ်၊ မရှိရင်လဲထားလိုက်တော့၊ မနက်ကျရင် ခြံထဲသွားရမှာရှိသေးတယ်နော် စောစောအိပ်ဦး”

“ဟုတ်ကဲ့ ဦးလေး.. ခဏနေအိပ်ပါပြီ”

ဦးဟန်ကြည်လဲ စံလှကိုပြောပြီး အိပ်ရာဘေးချထားတဲ့ ကိုးလုံးပုတီးကို တစ်ဂျောက်ဂျောက်စိပ်ကာ ဂုဏ်တော်ကိုးပါးကိုပွားများနေလိုက်တယ်။
+++++++
” လှည်းပေါ်ကို ပစ္စည်းတွေသေချာတင်ကြဦး၊ ခြံထဲရောက်လို့မှ ဟိုကျန်ဒီကျန်ဖြစ်တယ်ဆို ပြန်ယူလို့ရမှာမဟုတ်ဘူး”

စံလှက အလုပ်သမားတွေကို အော်ပြောရင်း လိုတဲ့ပစ္စည်းတွေကို လိုက်စစ်နေခဲ့တယ်။ ခဏနေတော့ အိမ်ပေါ်ကနေ ဦးဟန်ကြည်ဆင်းလာပြီး

” လူစုံရင်သွားကြရအောင်… ဒီညတော့ ခြံထဲမှာအိပ်မှာမို့ ကျော်စံတို့လင်မယားနဲ့ အခြားလူတွေက အိမ်ကို​သေချာကြည့်ထားပေးဦး”

” စိတ်ချပါ ဦးလေး… ကျွန်တော်တို့သေချာကြည့်ပေးပါမယ်”

ဦးဟန်ကြည်ဆိုတာက ဒီနယ်တစ်ဝိုက်မှာ လူကုံထံစာရင်းပေါက်တဲ့ သူဌေးတစ်ဦးဖြစ်သလို သီးပင်စားပင်တွေစိုက်ထားတဲ့ခြံပေါင်းများစွာလဲပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တယ်။ ငွေကြေးဥစ္စာအတန်သင့်ပြည့်စုံသော်လည်း အိမ်ထောင်မပြုပဲ တပည့်သားချင်းတွေနဲ့သာ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်တဲ့ လူရိုးလူအေးတစ်ယောက်။ အခုလဲ ခြံထဲက ရင့်မှည့်တဲ့အသီးအနှံတွေကို ခူးယူဖို့ ကိုယ်တိုင်လိုက်ပါသွားခဲ့တယ်။
++++++
” မိန်းမရေ… ခြံအနောက်က နွားခြံကိုသွားကြည့်လိုက်ဦးနော်၊ ငါ ဝက်စာကျွေးပြီးတာနဲ့ လိုက်လာခဲ့မယ်”

ကျော်စံတစ်ယောက် ဝက်တွေကိုအစာကျွေးရင်း လှမ်းပြောလိုက်တာကြောင့် နွားစာစဉ်းနေတဲ့ မိန်းမဖြစ်သူက လုပ်လက်စအလုပ်ကိုပစ်ကာ နွားခြံဘက်ကိုထွက်သွားခဲ့တယ်။

” ဖြူမနဲ့ ညိုပြာနှစ်ကောင် ဒီနေ့နို့လဲသိပ်မထွက်ဘူး၊ နေများမကောင်းလို့လားမသိ”

မနှင်းက မနက်နွားနို့ညှစ်တဲ့ချိန် နို့မလိုက်တဲ့ နွားနှစ်ကောင်အကြောင်းကိုတွေးကာ ခြံဘက်ကိုလျောက်လာတဲ့အချိန် နွားရုံအနောက်ကိုဖျတ်ခနဲ ဝင်သွားတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။

” သာဒွန်းလားဟေ့…. ”

အိမ်မှာ တောက်တိုမယ်ရခိုင်းဖို့ ခေါ်ထားတဲ့ သာဒွန်းထင်ပြီး လှမ်းအော်လိုက်ပေမယ့် အသံမပြုတာကြောင့် နွားခြံထဲကိုမဝင်ပဲ နောက်ကျောဘက်ကို ထွက်လာခဲ့လိုက်တယ်။

” ဟိုကောင်လေး… ငါခေါ်နေတာမကြားဘူးလား၊ အလုပ်မလုပ်ချင်လို့ နွားခြံနောက်လာပုန်းနေတယ်မဟုတ်လား”

မနှင်းက ဗျစ်တောက်ဗျစ်တောက်နဲ့ပြောပြီး ခြံအနောက်ကိုလှမ်းကြည့်လိုက်ပေမယ့် လူရိပ်နဲ့တူတာဆိုလို့ ဘာမှမတွေ့တဲ့အတွက် စိတ်ထဲဇဝေဇဝါဖြစ်သွားပြီး

” ငါအမြင်မှားတာနေမှာပါ” လို့တွေးကာ လုပ်စရာရှိတဲ့အလုပ်တွေကို လုပ်နေလိုက်တယ်။

” မေ့သမီးလေး ဒီနေ့ နေမကောင်းဘူးလား… နို့လဲသိပ်မထွက်ဘူးနော်”

မနှင်းက ဖြူမကို သားသမီးသဖွယ်သံယောဇဉ်ရှိတာကြောင့် ဦးခေါင်းကိုပွတ်သပ်ပြီး ချော့မြူနေတဲ့အချိန် ညှီစို့စို့ပုတ်အဲ့အဲ့အနံ့တစ်ခုက နှာခေါင်းထဲကိုစူးဝင်လာခဲ့တယ်။

” ထွီ… နံလိုက်တာတော်၊ ဘယ်အိမ်က ပုဇွန်ခေါင်းတွေ ခြံထဲလာပစ်ထည့်ထပြန်ပီလဲမသိဘူး”

ဘေးမှာရှိတဲ့ အိမ်တွေက လူလစ်ရင်လစ်သလို အမှိုက်တွေပစ်ထည့်တတ်တာမို့ မနှင်းတစ်ယောက် တောက်တစ်ချက်ခတ်ပြီး ပြန်ထွက်ဖို့အလုပ် ဝင်ပေါက်ရှေ့ကနေ မိန်းမတစ်ယောက် ဆံပင်ဖားလျားချပြီး ဖြတ်လျောက်သွားတာ မြင်လိုက်ရတယ်။

ဒီတစ်ခါတော့ အမြင်မှားတာမဟုတ်ဘူးဆိုတာသိတဲ့ မနှင်းက ချက်ချင်းဆိုသလို ထွက်ကြည့်ပေမယ့် လူနဲ့တူတာဆိုလို့ ဘာမှမတွေ့။

” ဒီခြံထဲမှာနေလာတာ ငါးနှစ်ပြည့်တော့မယ်… ဒီလိုမျိုးတစ်ခါမှမဖြစ်ဘူးဘူး… မနက်ဖြန် ဦးလေးပြန်လာရင် သေချာပြောပြရမယ်”

အပျိုဘဝတုန်းက ကြမ်းပေ့ဆိုတဲ့ နယ်မြေတွေမှာ အလုပ်လုပ်ခဲ့ဖူးတဲ့မနှင်းက အခြေအနေကိုရိပ်စားမိတဲ့အတွက် နွားခြံထဲကနေ ကမန်းကတမ်းထွက်ပြီး အိမ်ရှေ့ကိုပြန်လာခဲ့လိုက်တယ်။

” ကိုကျော်စံ.. ရှင် အလုပ်ကိုခဏထားပြီး ဒီကိုလာပါဦး”

” ဘာဖြစ်လို့လဲမိန်းမရဲ့”

” လာပါဦးဆို လာလိုက်ပေါ့”

မနှင်းစကားကြောင့် ကျော်စံက ဝက်စာပုံးကိုဘေးမှာချပြီး ရောက်လာခဲ့တယ်။

” ဘာဖြစ်လို့လဲ နွားတွေ နေမကောင်းလို့လား”

” အဲဒီအကြောင်းပြောဖို့မဟုတ်ဘူး… ခုနက နွားခြံနားမှာ မိန်းမတစ်ယောက် ဆံပင်ဖားလျားနဲ့ လျောက်သွားနေတာမြင်လို့ တော့”

” ဘယ်ကမိန်းမလဲ… ငါလဲမတွေ့မိပါဘူး”

” ဒါတော့ ကျုပ်လဲဘယ်သိပါ့မလဲ… ဟိုလေ ကျုပ်ကိုသရဲခြောက်တာများလား”

” ဟားဟားဟား ငါ့မိန်းမကတော့ လုပ်ပီဟေ့.. နေ့ခင်းကြောင်တောင်ကြီးသရဲခြောက်စရာလား၊ မင်းအမြင်မှားတာနေမှာပါဟာ၊ ငါတို့ဒီမှာနေလာတာ ကြာပီ ဒီလိုတစ်ခါမှမကြုံဖူးပါဘူး”

” အဲဒါတော့ဟုတ်ပါတယ်… ဒါနဲ့ သာဒွန်းတစ်ယောက်ရော”

” အဲဒီကောင်ကို ခြံအနောက်က အမှိုက်တွေမီးရှို့ခိုင်းထားတယ်၊ နင် နွားခြံဘက်သွားတာ သူ့ကိုမတွေ့မိဘူးလား”

” ဟအင်း မတွေးမိဘူးလေ… ခါတိုင်းဆို သီချင်းလေးတစ်ကြော်ကြော်နဲ့ အလုပ်လုပ်နေတာမြင်ပြီး ဒီနေ့မှပျောက်နေလို့မေးကြည့်တာ”

” ဒီကောင် အလုပ်မလုပ်ပဲ ဘယ်သွားပြန်ပီလဲမသိပါဘူး”

ကျော်စံက စကားဆုံးတာနဲ့ ခြံအနောက်ဘက်ကိုထွက်သွားရာ မနှင်းလဲအနောက်ကနေ တစ်ကောက်ကောက်လိုက်ပါသွားခဲ့တယ်။

” ဟင်… အမှိုက်ပုံကိုမီးတောင်မရှို့ရသေးပါလား.. တောက်စ် ဒီကောင်ကို ဦးလေးနဲ့တိုင်မှရတော့မယ်”

” သေချာရှာပါဦး… အိမ်သာတွေဘာတွေတက်နေလားမှမသိတာ”

မနှင်းစကားကြောင့် ကျော်စံက အလုပ်သမားတွေအတွက် သီးသန့်ဆောက်ပေးထားတဲ့အိမ်သာရှေ့ကိုသွားပြီး တံခါးဆွဲဖွင့်လိုက်ရာ အိမ်သာထဲမှာ အမြုပ်တစီစီထွက်ပြီး သတိလစ်နေတဲ့ သာဒွန်းကိုမြင်လိုက်ရတယ်။

” ဟေ့ကောင်လေး… သတိထားစမ်း သတိထားစမ်း”

ကျော်စံက သားဒွန်းကို ဆွဲထူပြီး လှုပ်နှိုးပေမယ့် သတိပြန်မလည်လာတာကြောင့် ချက်ချင်းဆိုသလို ပွေ့ချီပြီး အိမ်ရှေ့ကိုခေါ်လာခဲ့လိုက်တယ်။

” မိန်းမ …. ဆေးဆရာသွားပင့်… မြန်မြန်”

မနှင်းလဲ ရုတ်တရက်မို့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ကြောင်အအဖြစ်နေရာကနေ သတိဝင်ကာ ကျန်းမာရေးမှူးအိမ်ဘက်ကို ခပ်သုတ်သုတ်ထွက်သွားခဲ့လိုက်တယ်။

ခြံထဲမှာရုတ်ရုတ်သဲသဲဖြစ်နေတာကြောင့် အနီးနားကလူတွေရောက်လာပြီး ခြေထောက်ချိုးတဲ့သူချိုး ယပ်ခတ်တဲ့သူကခတ်လုပ်လိုက်ရာ ကျန်းမာရေးမှူမရောက်လာခင်အချိန်မှာပဲ သာဒွန်းတစ်ယောက် သတိပြန်လည်လာခဲ့တယ်။ ဒါပေမယ့် အရင်ပုံစံအတိုင်း မဟုတ်တော့ပဲ အနားမှာရှိတဲ့သူတွေကို မျက်လုံးသေနဲ့ကြည့်ကာ ဒူးနှစ်ဖက်ကိုပိုက်ပီး ငူငူငိုင်ငိုင်ဖြစ်နေခဲ့တယ်။

ခဏနေတော့ ကျန်းမာရေးမှူးရောက်လာပြီး စမ်းသပ်ပေမယ့် ဘာမှထူးခြားတာမတွေ့တဲ့အတွက် တစ်စုံတစ်ခုကိုမြင်ပြီး လန့်သွားတာဖြစ်မယ်လို့ ကောက်ချက်ချကာ ပြန်သွားခဲ့တယ်။ ရွာထဲက တတ်သိနားလည်တဲ့သူအချို့ကတော့ ပရိတ်ရေတွေနဲ့ မျက်နှာကိုဖြန်း၊ ဦးခေါင်းကိုလောင်းချလုပ်နေတဲ့ချိန်

” နီရဲနေတဲ့ မျက်လုံးနဲ့ ကျွန်တော်ကိုစိုက်ကြည့်နေတာ၊ သူ့သူ့မျက်နှာမှာလဲ လောက်တွေတဖွားဖွားနဲ့၊ ကျွန်တော်ကြောက်တယ်… ကျွန်တော်ကြောက်တယ် အဟီးအဟီး” လို့ပြောပြီးချုံးပွဲချငိုပါလေရော။

ခဏနေတော့ ငိုတာရပ်သွားပြီး အနားမှာရှိတဲ့သူတွေကို မျက်လုံးသေနဲ့လိုက်ကြည့်နေခဲ့တယ်။

” ဒီကောင်ကို ဒီတိုင်းထားလို့မရဘူး… သူ့ဦးလေးအိမ်ပြန်ပို့မှဖြစ်မယ်၊ ဒီနေ့မှ ဦးလေးက ခြံထဲလိုက်သွားရတယ်လို့ဗျာ”

ကျော်စံက စိတ်ပျက်လက်ပျက်ရေရွတ်ရင်း သာဒွန်းကို မကြောက်ဖို့နှစ်သိမ့်နေတဲ့အချိန် သာဒွန်းရဲ့ ဦးလေးဖြစ်သူရောက်လာပြီး အိမ်ပြန်ခေါ်သွားခဲ့တယ်။
+++++++
” ကိုကျော်စံ… မနက်ကကိစ္စကို ဘယ်လိုမြင်လဲ”
ညစာထမင်းခူးနေရင်းမေးလိုက်တဲ့ မိန်းမဖြစ်သူစကားကြောင့် ကျော်စံတစ်ယောက် လက်ဆေးရေခွက်ထဲလက်နှစ်ထားရာမှ ပြန်ရုတ်လိုက်ပြီး
” ဒီကောင်လေးကံနိမ့်နေလို့ နာနာဘာဝမြင်တာဖြစ်မှာပါ၊ ဒီလိုပုဂ္ဂိုလ်တွေက ငါတို့အနီးနားပတ်ဝန်းကျင်မှာ အနည်းနဲ့အများတော့ရှိမှာပဲလေ စိတ်ထဲမထားနေနဲ့” လို့ပြောကာ အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းကိုနယ်ဖတ်ကာစားနေလိုက်တယ်။

ထမင်းစားပြီးချိန်မှာတော့ အိမ်တံခါးတွေလုံမလုံစစ်ပြီး မိမိတို့လင်မယားနေတဲ့ အိမ်အောက်က အခန်းထဲကိုဆင်းလာတဲ့အချိန်
” ဒုန်း ဒုန်း ဒုန်း ဝုန်း”

” ဟာ အိမ်ပေါ်မှာ ဘာတွေပြုတ်ကျပြန်ပီလဲမသိဘူး.. နားတော့ပါမယ်ဆိုမှကွာ”

ကိုကျော်စံက စိတ်မရှည်စွာရေရွတ်လိုက်ပြီး လက်ထဲကမီးအိမ်ကိုမြောက်ကာ အိမ်တံခါးကိုဖွင့်ပြီးအထဲပြန်ဝင်လာခဲ့လိုက်တယ်။

အိမ်ထဲရောက်လို့လိုက်ကြည့်တော့ ပစ္စည်းတွေအားလုံးခြေရာလက်ရာမပျက်ပဲရှိနေတာမြင်လို့ ငါစိတ်ထင်တာနေမှာပါလို့တွေးကာ ပြန်ဆင်းဖို့အလုပ် သူ့အရှေ့တည့်တည့်မှာရပ်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

မျက်နှာဖုံးလုမတတ်ရှည်ကျနေတဲ့ဆံပင်တွေကဖရိုဖရဲ၊ ပုတ်ပွပဲ့ကျနေတဲ့အသားအရည်နဲ့ သူ့ကိုရယ်ကျဲကျဲကြည့်နေတာမြင်တော့ ကိုကျော်စံတစ်ယောက် ဟန်ပင်မဆောင်နိုင်ပဲ ငယ်သံပါအောင်အော်ပြီး ဝရုန်းသုန်းကားထွက်ပြေးပါလေရော။ ကြောက်လန့်နေတဲ့ဇောနဲ့လှေကားထစ်တွေကို ကျော်ပြီးပြေးဆင်းမိတဲ့အတွက် ခြေချော်ပြီးအိမ်အောက်ကို ဒလိမ့်ခေါက်​ကွေးပြုတ်ကျကာ သတိလစ်သွားခဲ့တယ်။
++++++++++
” ကျော်စံ .. သတိထားဦး.. ကျော်စံ”

အသံတွေက ဝေးလာလိုက် နီးလာလိုက်ဖြစ်နေသလို ခံစားနေရပြီး ခန္ဓာကိုယ်က လေထဲလွင့်နေသလိုဖြစ်နေခဲ့တယ်။ အဲဒီအချိန် အိမ်ခေါင်မိုးအပေါ်ကနေ ဝါကျင်နေတဲ့သွားတွ ပေါ်အောင်ထိုင်ရီနေတဲ့မိန်းမတစ်ယောက်ကိုဖျတ်ခနဲတွေ့လိုက်ရတဲ့အတွက် ကျော်စံတစ်ယောက် အလန့်တကြားအော်ကာ သတိပြန်ရလာခဲ့တယ်။

သူ့ဘေးမှာတော့ ဦးလေးဟန်ကြည်အပြင် အခြားလူတွေပါ ဝိုင်းအုံနေတာကို သတိထားမိခဲ့တယ်။

” ကျော်စံ… ဘယ်လိုဖြစ်တာလဲ…”

” ဦးလေး… အိမ်ပေါ်မှာ သရဲ သရဲရှိတယ်… ဆံပင်ဖားလျားချပြီး ပုတ်ပွနေတဲ့အသားစတွေက ကြမ်းပြင်ပေါ်ကိုတစ်ဖတ်ချင်းကျနေတာ ကျွန်တော် ကျွန်တော် တစ်သက်မှာတစ်ခါမှမမြင်ဖူးဘူး”

” စိတ်အေးအေးထားစမ်း… ဒီကိစ္စကို ငါကိုယ်တိုင်ဖြေရှင်းပေးပါမယ်”

” ကျွန်တော်က တော်ရုံမကြောက်တတ်တဲ့သူပါ ဦးလေးရယ်၊ အခုဟာက တကယ့်ကိုသွေးပျက်အောင် ခြောက်လှန့်တာ”

” ငါသိပါတယ်ကွာ… ခဏနေ ရွာဦးကျောင်းသွားပြီး ဆရာတော်နဲ့တိုင်ပင်လိုက်ပါမယ်၊ မင်းလဲ သက်တောင့်သက်သာနားလိုက်ဦး”

ဦးဟန်ကြည်က ကျော်စံကို အားပေးပြီး သာဒွန်းနေတဲ့အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။
” ကိုငယ်လေး… သာဒွန်းအခြေအနေဘယ်လိုနေသေးလဲ”

” ဟော ကိုဟန်ကြည်ပါလား.. ကျုပ်တူအခြေအနေသိချင်ရင် အိမ်ထဲဝင်ကြည့်ပါဗျာ”

ဦးဟန်ကြည်လဲ အိမ်ပေါ်ကိုတက်လာပြီးကြည့်လိုက်ရာ အိမ်ထောင့်လေးမှာ တုန်တုန်ရီရီနဲ့ ငုတ်တုတ်ထိုင်နေတဲ့ သာဒွန်းကိုမြင်လိုက်ရတယ်။

” သာဒွန်း… မင်း ဘာဖြစ်နေတာလဲ”

” သရဲမ သရဲမ ခြံထဲမှာရှိတယ်… နီရဲနေတဲ့မျက်လုံးတွေက ကြောက်စရာကြီး .. သွား သွား ငါ့အနာယမလာနဲ့ သွားကြ သွားကြ”

သာဒွန်းက ဦးဟန်ကြည်ကိုတောင် မသိတော့ပဲ ကြောက်လန့်တကြားဖြစ်နေတာမြင်တော့ စိတ်ထဲမကောင်းဖြစ်သွားပြီး အိမ်အောက်ကိုပြန်ဆင်းလာခဲ့လိုက်တယ်။

” ကိုငယ်လေး… ဒါက သာဒွန်းအတွက် လိုအပ်တာသုံးဖို့ပေးတာပါ၊ ကျုပ်ကိစ္စလုပ်ပေးနေရင်းဖြစ်သွားတဲ့အတွက် ကျုပ်မှာတာဝန်ရှိတယ်မဟုတ်လား”

” ကျေးဇူးတင်ပါတယ်ဗျာ.. ဒါနဲ့ ကျော်စံတစ်ယောက်လဲ သာဒွန်းလိုဖြစ်သွားတယ်ကြားမိလိုက်တယ်”

” ဟုတ်တယ် ကိုငယ်လေးရေ.. ဒါကြောင့် ဒီကနေပြန်ရင် ဘုန်းကြီးကျောင်းခဏဝင်ပြီးတိုင်ပင်ကြည့်ပါဦးမယ်”

ဦးဟန်ကြည်လဲ ကိုငယ်လေးကိုနှုတ်ဆက်ကာ ဘုန်းကြီးကျောင်းဘက်ကိုဆက်ထွက်လာခဲ့လိုက်တယ်။ ကျောင်းရောက်တော့ ဆရာတော်မရှိတာမို့ တိုက်အုပ်ကိုယ်တော်လေးကိုအကျိုးအကြောင်းပြောကာ မနက်ဖြန် ပရိတ်ကမ္မဝါရွတ်ဖတ်ဖို့အတွက် လျောက်တင်ခဲ့တယ်။

တိုက်အုပ်ကိုယ်တော်လေးကလဲ အသက်ငယ်တာကတစ်ကြောင်း အခုလိုအဖြစ်မျိုးကိုစိတ်ဝင်စားတာကြောင့် ချက်ချင်းလက်ခံကာ လိုအပ်တာတွေပြင်ဆင်ထားဖို့ မိန့်ကြားခဲ့တယ်။

ဦးဟန်ကြည်လဲ အိမ်ပြန်ရောက်တာနဲ့ ပရိတ်အိုးတွေနဲ့ လှူဖွယ်ပစ္စည်းတွေကိုပြင်ဆင်ပြီး နောက်တစ်နေ့ ရောက်မယ့်အချိန်ကို အားတက်သရော စောင့်မျှော်နေလိုက်တယ်။

ညဘက်ရောက်တော့ အလုပ်သမားတွေအကုန် အိမ်ပေါ်မှာလာအိပ်ပေးကြတဲ့အတွက် ဦးဟန်ကြည်တစ်ယောက်အနည်းငယ်စိတ်သက်သာရာရခဲ့တယ်။ ဒီလိုနဲ့ ညသန်းခေါင်အချိန်ရောက်တော့

” ကျွီ…. ကျွီ”

စကားပြောနေရင်း ကြားလိုက်ရတဲ့အသံကြောင့် ဦးဟန်ကြည်အပါအဝင် အခြားသူတွေပါ ခေါင်းတွေထောင်လာခဲ့တယ်။

” ဘီဒိုကိုတွန်းနေတဲ့အသံလိုပဲ… ဘယ်နားကထွက်လာတာလဲ သတိထားမိလား”

” အိမ်ခန်းထဲကဖြစ်နိုင်တယ်ဦးလေး… အသံကအဲဒီဘက်ကထွက်လာတာ”

ဖိုးစိန်စကားကို ကျန်တဲ့သူတွေအားလုံး လက်ခံကာ ထိုင်နေရာကနေ အသာထပြီး အိမ်ခန်းထဲကိုချောင်းကြည့်လိုက်ရာ အဝတ်ထည့်ထားတဲ့ ဘီဒိုက အကောင်အထည်မမြင်ရပဲ တကျွီကျွီနဲ့ ရွေ့နေတာကိုမြင်လိုက်ရတယ်။

” ဦးလေး ဒီကိုလာကြည့်ဦး.. ဗီဒိုက သူ့အလိုလိုရွေ့နေတယ်ဗျ”

ဖိုးစိန်အသံကြောင့် အိမ်ရှေ့မှာရှိနေတဲ့သူတွေအားလုံး အခန်းထဲရောက်လာကြတဲ့ချိန်မှာတော့ ဘီဒိုက မလှုပ်ရှားတော့ပေ။

” ငါ့အိမ်က ဘယ်လိုဖြစ်တာလဲကွာ… အရင်က ဒီလိုမျိုးတစ်ခါမှမဖြစ်ဘူးပါဘူး”

” ဦးလေး.. ဒါက မကောင်းတဲ့ပညာနဲ့တိုက်ထားတာ ဖြစ်နိုင်တယ်နော်”

” ဟေ့ကောင်ရ.. ငါက ဘယ်သူကိုဒုက္ခပေးနေလို့ ဘယ်သူက ငါ့ကိုမကောင်းကြံရတာလဲ”

” ဒါတော့ မသိဘူးလေ ဦးလေးရယ်၊ လောကမှာ ကိုယ့်ကိုမနာလိုတဲ့သူက ရှိစမြဲမဟုတ်လား”

” ဟင်း… ဒီညတော့ မင်းတို့အားလုံးမအိပ်ကြနဲ့တော့၊ အားလုံးအိပ်နေရင် ဘာ​တွေထပ်ဖြစ်မယ် ဆိုတာတွေးလို့ရတာမဟုတ်ဘူး”

ဦးဟန်ကြည်စကားကြောင့် အဖော်လုပ်ပေးနေကြတဲ့သူတွေအားလုံး မအိပ်ကြတော့ပဲ တစ်ညလုံး စကားပြောကာ ထိုင်စောင့်နေခဲ့လိုက်တယ်။ တစ်ညလုံး အိမ်ကိုခဲနဲ့ပေါက်လိုက်၊ အပုတ်နံ့ပေးလိုက်၊ ပစ္စည်းတွေရွေ့လိုက်နဲ့ ဒုက္ခပေးနေခဲ့ရာ အရုဏ်တက်ချိန်ရောက်မှ ငြိမ်သွားခဲ့တယ်။

သံဃာတော်တွေကြွလာတဲ့အချိန်မှာတော့ အိမ်နောက်ဖေးမှာရှိတဲ့ ဒန်အိုးတွေက လေမတိုက်ပဲ ပြုတ်ကျကုန်တဲ့အတွက် ဦးဇင်းငယ်လေးတွေအကုန် မျက်စိမျက်နှာပျက်သွားခဲ့တယ်။ ဒါပေမယ့် စီစဉ်ပြီးသားမို့ လုပ်ထုံးလုပ်နည်းအတိုင်း ပရိတ်ကမ္မဝါရွတ်ဖတ်ခဲ့ရာ တစ်ဝက်လောက်အရောက်မှာတော့ အလွန်နံစော်တဲ့ တံတွေးတွေက တရားနာပရိတ်သတ်တွေအပေါ် ကျလာတဲ့အပြင် ကုလားထိုင်တွေက လူမရှိပဲ တကျွီကျွီနဲ့ရွေ့လျားလာတာကြောင့် ဦးဇင်းငယ်တွေအပါအဝင် ပရိတ်သတ်တွေပါ ထပြေးရတဲ့အဆင့်ထိဖြစ်ခဲ့ရတယ်။

လူတွေအကုန်အိမ်အောက်ရောက်ချိန်မှာတော့ ပရိတ်အိုးတွေရော လှူဖွယ်ပစ္စည်းတွေပါ ပြူတင်းပေါက်ကနေ လွှင့်ထွက်လာသလို ကျယ်လောင်တဲ့ တောက်ခတ်သံတွေကိုလဲ ကြားလိုက်ရတယ်။

တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကြုံဖူးတဲ့ဖြစ်စဉ်ကြောင့် ဦးဟန်ကြည်ရော ရွာသားတွေပါ ထိတ်လန့်သွားခဲ့​ပြီး အိမ်မှာဆက်မနေရဲကြတော့ပေ။

ရွာသားတွေအနေနဲ့ ညဘက်တွေဆိုရင် အိမ်ထဲမှာ လမ်းလျောက်နေတဲ့မိန်းမတစ်ယောက်ကို မြင်တွေ့ကြရသလို ပစ္စည်းတွေကိုဒေါသတစ်ကြီးပစ်ချသောင်းကျန်းနေတဲ့အသံတွေကိုလဲကြားခဲ့ကြတယ်။

ဒီလိုနဲ့ နှစ်ရက်လောက်ကြာတော့ ဦးဟန်ကြည်နဲ့ စံလှတို့လဲ ဆရာတော်ကိုမြို့တက်ပြီး ပင့်ဖို့ရွာကနေ ထွက်လာခဲ့လိုက်တယ်။ လမ်းတစ်ဝက်ရောက်တော့ နေကလဲတည့်နေပြီမို့ ပါလာတဲ့ ထမင်းထုပ်တွေကို အရိပ်ရသစ်ပင်အောက်မှာဖွင့်စားနေတဲ့ချိန် မလှမ်းမကမ်းလယ်ကွင်းထဲကနေ ရုတ်ရုတ်သဲသဲဖြစ်လာတာကြောင့် စံလှက ထမင်းစားနေတာကိုလက်စသတ်လိုက်ပြီး လူတွေအုံနေတဲ့ဘက်ကို ထွက်သွားခဲ့လိုက်တယ်။

” ပိုးထိတာအတော်ကြာနေပြီလား…”

” တစ်နာရီလောက်တော့ရှိပြီ… အခုမြို့ကိုသွားဖို့ ထမ်းဆင်နဲ့သယ်လာတာပါ”

” ဒီပုံတိုင်းဆိုရင် လူနာက မြို့မရောက်ခင် အသက်ဆုံးမှာပဲ… လူနာကို အပင်အောက်ခေါ်လာခဲ့”

ရှည်လျားတဲ့ဆံပင်ကို သေသပ်စွာစည်းနှောင်ထားတဲ့ လူက ပိုးထိလူနာကိုသစ်ပင်အောက်မှာ ချခိုင်းပြီး ခန္ဓာကိုယ်ကိုစမ်းသပ်လိုက်တယ်။

” အချိန်မှီသေးတယ်… မောင်ကောင်း… ရေတစ်ခွက် ယူလာခဲ့”

” ဆရာ ဒီနားမှာ ရေနဲ့တူတာဆိုလို့ ဘာမှမရှိဘူး… ဘယ်လိုလုပ်ရမလဲ”

လယ်ကွင်းပြင်စပ်မှာဖြစ်နေတာကြောင့် ရေအိုးစင်တစ်လုံးမှမရှိတဲ့အတွက် အခက်တွေ့နေတဲ့အချိန်

” ခဏလေး ခဏလေး ကျုပ်တို့လှည်းမှာ သောက်ရေတွေပါလာတယ်၊ ကျုပ်သွားယူပေးမယ်”

စံလှက လှည်းဆီကိုအလောတကြီးပြေးကာ ပါလာတဲ့ ရေဘူးနဲ့ခွက်ကိုယူလာပေးခဲ့တယ်။

ဆရာဖြစ်ဟန်တူတဲ့သူက ရေရတာနဲ့ ခွက်ထဲကိုထည့်ပီး နှုတ်ကနေ ဂါထာတစ်ပုဒ်ကို တတွတ်တွတ်ရွတ်ဆိုတာ လက်ညိုးနဲ့မွှေနေခဲ့တယ်။ ပြီးတာနဲ့ ခေါင််််းကနေ ​ခြေဖျားအထိကို ညာဘက်လက်ဝါးနဲ့ ခပ်နာနာလေးသပ်ချလိုက်ရာ အစွယ်ပေါက်ထဲကနေ မဲညစ်ညစ်​သွေးပုတ်တွေ စီးကျလာပြီး လူနာက တအင်းအင်းနဲ့သတိပြန်လည်လာခဲ့တယ်။

” သတိပြန်ရလာပြီ သတိပြန်ရလာပြီဟ… ”

လူအုပ်ကြီးရဲ့ အော်သံကိုကြားတော့ ဆရာဖြစ်သူက ခေါင်းကိုခါယမ်းလိုက်ပြီး

” မြွေဆိပ်ထွက်သွားတာမှန်ပေမယ့် အထဲမှာ တစ်ခုခုကျန်နေသေးတယ်… လူနာကို ဘယ်သူမှမထိနဲ့ဦး” လို့ပြောကာ အစွယ်ပေါက်နေရာကို လက်နဲ့အုပ်ပြီး အကြိမ်ပေါင်းများစွာသပ်ချလိုက်ရာ ဆန်စေ့နှစ်စေ့အရွယ်ရှိတဲ့ အစွယ်က အပေါက်ထဲကနေ လောက်တစ်ကောင်လို လူးလွန့်ပြီးထွက်လာခဲ့တယ်။

” ဒါ ဒါ မြွေစွယ်မဟုတ်လား… ဒီကောင်ကအထဲမှာကျန်နေတာလား”

” ဟုတ်တယ်… ပေါက်လိုက်တဲ့အချိန် အစွယ်ထိပ်ပိုင်းလေးကျိုးပြီး အထဲမှာကျန်နေတာ၊ ဒါကိုမသိပဲထလိုက်မယ်ဆိုရင် လူနာက မြွေဆိပ်တပ်တက်ပြီး အသက်အန္တရာယ်စိုးရိမ်နိုင်တယ်၊ အခုတော့ စိုးရိမ်စရာမလိုတော့ပါဘူး… လူနာကို ရေမန်းလေးတိုက်လိုက်ပါဦး”

ရေမန်းသောက်ပြီးချိန်မှာတော့ ပြာနှမ်းနေတဲ့ နှုတ်ခမ်းဖျားက သွေးရောင်အနည်းငယ်သမ်းလာပြီး လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ်။

” တော်သေးပါရဲ့ဗျာ… ဆရာနဲ့တွေ့လို့သာပဲ၊ မဟုတ်ရင် ဒုက္ခရောက်ပြီ”

” ဒီလိုလဲမဟုတ်ပါဘူးဗျာ… ဒီနေရာက ကျန်းမာရေးဌာနနဲ့ဝေးလို့ ကျုပ်က ကုပေးလိုက်တာပါ၊ ကျန်းမာရေးဌာနနဲ့ နီးတဲ့နေရာဆိုရင်တော့ ကျုပ်က အဲဒီကိုပဲသွားခိုင်းမှာ”

” ဟင်… ဘာဖြစ်လို့လဲဆရာ….”

” အချို့အရာတွေက တစ်သမတ်ထဲယုံလို့မရဘူးလေ၊ မြွေဆိပ်ဖြေဆေးရှိတဲ့ ကျန်းမာရေးဌာနနဲ့ နီးပါလျက်နဲ့ မန်းမှုတ်ပေးမယ့် ဆရာကိုလိုက်ရှာတာမျိုးက မဖြစ်သင့်ဘူးမဟုတ်လား”

ခပ်ပြုံးပြုံးမျက်နှာထားနဲ့ပြောနေတဲ့သူကိုကြည့်ပြီး စံလှတစ်ယောက် သဘောကျကာ အနားကိုကပ်သွားခဲ့လိုက်တယ်။

” ဆရာတို့အချိန်ရရင် ကျုပ်တို့လှည်းဆီကို ခေတ္တကြွပေးလို့ရမလား”

” ဘာအရေးကိစ္စများရှိလို့လဲဗျ”

” ကိစ္စကတော့ ကြီးတယ်ဆရာ.. သေချာလေးပြောပြမှရမှာမို့လို့ပါ၊ ဆရာ မြွေဆိပ်ကုတာမြင်ပြီး လေးစားအားကိုးတဲ့စိတ်တွေဖြစ်လာလို့ အကူညီတောင်းမိတာပါ”

” ကောင်းပြီလေ.. ကျုပ်တို့လိုက်ခဲ့ပေးပါမယ်”
စံလှလဲ ပိုးထိလူနာရှင်တွေကျေးဇူးတင်စကားပြောပြီးတဲ့ထိစောင့်ကာ လှည်းဆီကိုခေါ်လာခဲ့လိုက်တယ်။
++++++

” ဟေ့ကောင် စံလှ… ရေတစ်ဘူးယူပြီးထွက်သွားတာ အခုမှပြန်ရောက်လာရသလား၊ မြို့ပေါ်တက်ဖို့ နောက်ကျနေပါတယ်ဆိုမှ”

” ဦးလေးကလဲ ပြောမယ်ဆိုတာကြီးပဲ… ကျွန်တော်က ဆရာတွေကိုပင့်နေလို့ နည်းနည်းကြာနေတာပါ”

” ဘယ်ကဆရာတွေလဲ… မင်း ဘာတွေလျောက်လုပ်လာပြန်တာလဲကွာ”

ဦးဟန်ကြည်စကားကြောင့် စံလှက အားတုံ့အားနာမျက်နှာနဲ့
” ဦးလေးက မသိလို့ပြောမိတာပါ ဆရာတို့ရယ် စိတ်မဆိုးကြပါနဲ့…”

” ရပါတယ်ဗျာ … စိတ်မဆိုးပါဘူး၊ ဒါနဲ့ ကျုပ်တို့ကိုပြောမယ့်ကိစ္စဆိုတာ ဘာများလဲဗျ”

စံလှလဲ ဦးဟန်ကြည်အိမ်မှာ​ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အသေးစိတ်ပြောပြလိုက်ရာ

” အရင်ကမ​ဖြစ်ခဲ့ပဲ ချက်ချင်းထ​ဖြစ်တာဆိုတော့ သာမန်အစွဲတော့မဖြစ်နိုင်ဘူး… ဒါပေမယ့် အိမ်ပိုင်ရှင်က သဘောတူညီတယ်ဆိုမှ ကျုပ်တို့လိုက်ခဲ့ပေးပါမယ်”

ဦးဟန်ကြည်လဲ အဲဒီတော့မှ စံလှခေါ်လာတာ ပယောဂကုတဲ့ဆရာတွေမှန်းသဘောပေါက်သွားပြီး

” ဆရာလေးတို့ကို မယုံလို့ပြောတာမဟုတ်ပါဘူး… ကျုပ်တို့က မြို့တက်ပြီး ဆရာတော်ကိုပင့်ဖို့စိတ်လောနေတာကြောင့် ဘယ်သူ ဘယ်ဝါဆိုတာ မမေးမိလိုက်တာပါ၊ ကျုပ်တောင်းပန်ပါတယ်ဗျာ”

” ဒါနဲ့ ရွာမှာက သံဃာတော်တွေမကျန်ခဲ့ဘူးလား… ဒီလိုဖြစ်ရပ်တွေက ပဗ္ဗာဇနိယကမ္မဝါနဲ့မောင်းထုတ်လို့ရတယ်လေ”

” ဆရာတော်ကြီးက မြို့ပေါ်ကြွသွားလို့ ကိုယ်တော်ငယ်လေးတွေနဲ့ ရွတ်တာ ဗြောင်းဆန်အောင်သောင်းကျန်းလို့ အကုန်ထပြေးကြရတယ်”

” တကယ့်ထေရ်ကြီးဝါကြီး သံဃာတွေရွတ်ရင် နတ်ဘီလူးတွေတောင် ထွက်ပြေးကြရလို့ ဝိနည်းရှောင်တဲ့ သံဃာအတော်များများက ပဗ္ဗာဇနိယကမ္မဝါစာကို မရွတ်ဖတ်ကြဘူး”

” ကမ္မဝါဆိုရင် တစ်မျိုးထဲပဲထင်နေတာ… အဲလိုမဟုတ်ဘူးလား”

” ဘယ်ဟုတ်မလဲ… အနန်တရာယိကကမ္မဝါစာနဲ့
ပဗ္ဗာဇနိယကမ္မဝါစာတွေကို လူတွေအတွက်သုံးပြီး အခြားကမ္မဝါစာတွေကိုတော့ ရဟန်းတက်တဲ့အခါ သိမ်နှုတ်သိမ်သမုတ်တဲ့အခါတွေမှာသုံးကြတယ်”

” ဒါဆို ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ… ဆရာတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကူညီပေးပါဗျာ”

” ကာယကံရှင်ကိုယ်တိုင် လိုလိုလားလားနဲ့ ပြောလာတော့လဲ ကူညီပေးရတာပေါ့”

” ကျေးဇူးတင်ပါတယ်ဗျာ ကျုပ်နာမည်က ဟန်ကြည်လို့ခေါ်ပါတယ်၊ သူကတော့ စံလှပါ”

” ကျုပ်နာမည်က အောင်မြတ်သာပါ၊ ဒီနှစ်ယောက်က မောင်ကောင်းနဲ့ ခွန်းလှလို့ခေါ်ပါတယ်”

” ဟုတ်ကဲ့ဆရာ … ဒါဖြင့် လှည်းပေါ်တက်ပါဦး”

” ဦးလေးတို့ရွာနာမည်က ဘာလဲဗျ… ကျုပ်တို့ ရှေ့ကရွာထဲခဏဝင်စရာရှိလို့ ပြီးတာနဲ့ လိုက်လာခဲ့ပါမယ်”

” ကျုပ်တို့ရွာနာမည်က ကုန်းမြင့်သာရွာလို့ခေါ်ပါတယ်၊ ဆရာလေးတို့က ဘယ်ရွာကိုသွားမှာလဲ ကျုပ်တို့လိုက်ပို့​ပေးမယ်လေ”

” ကျုပ်တို့က ယောင်ဗွေရွာကိုသွားမလို့ပါ…လိုက်ပို့လို့အဆင်ပြေပါ့မလား”

” ယောင်ဗွေရွာဆိုတာ တစ်ခါမှလဲမကြားဖူးဖူး… စံလှ မင်းရောသိလား”

” ဟအင်း အခုမှပဲကြားဖူးတာ”

” ထားပါဗျာ … ညနေ နေမဝင်ခင် ကျုပ်တို့အရောက်လာခဲ့ပါမယ်”

အောင်မြတ်သာတို့လဲ ဦးဟန်ကြည်တို့ကို နှုတ်ဆက်​ပြီး ယောင်ဗွေရွာဘက်ကို ထွက်သွားခဲ့ကြတယ်။
++++++
” ဟဲ့ … ဟဲ့… ရှူး…. ဒီကောင်ကွာပေကပ်ကပ်နဲ့”
စံံံလှက နွားဇက်ကြိုးကိုဆွဲပြီး ရွာလမ်းမထဲကို ကွေ့လိုက်တဲ့အချိန် ဝါးရုံတန်းဘေးမှာ မတ်တပ်ရပ်နေကြတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။

” ဦးလေး… ဟို ဟိုမှာ ဆရာတွေရောက်နေကြပါလား… ”

စံလှစကားကြောင့် ဦးဟန်ကြည်က ခေါင်းထောင်ကြည့်လိုက်ပြီးမှ လှည်းအောက်ကိုဆင်းပြီး

” ဆရာတို့ ဘယ်လမ်းကနေများ လာလိုက်ကြတာလဲ၊ မြန်လိုက်တာဗျာ”

” ယောင်ဗွေရွာက မိတ်ဆွေတွေ ဖြတ်လမ်းကနေ လိုက်ပို့​ပေးလို့ ရောက်လာကြတာပါ… ကဲ ရှေ့ကနေ ဖြေးဖြေးမောင်းသွားပါ၊ ကျုပ်တို့လိုက်လာခဲ့ပါ့မယ်”

ဦးဟန်ကြည်တို့လဲ အောင်မြတ်သာတို့ကို အံ့ဩတဲ့မျက်လုံးတွေနဲ့ကြည့်​ပြီး ခေတ္တတည်းတဲ့အိမ်ဘက်ကိုမောင်းထွက်လာခဲ့လိုက်တယ်။

အောင်မြတ်သာတို့လဲ လှည်းအနောက်ကနေ ခပ်ခွာခွာလိုက်လာခဲ့ရာ အိမ်တစ်လုံးရှေ့ရောက်တော့ နွားလှည်း​က တုံ့ခနဲရပ်လိုက်ပြီး

” ဒီအိမ်ပဲဆရာရေ… ကျုပ်တို့ဖြင့် အထဲမဝင်ရဲလို့ ဒီတိုင်းပစ်ထားရတာ”

” ကျုပ်တို့ဒီည ဒီအိမ်မှာပဲအိပ်လိုက်ပါမယ်”

” ဆရာလေးတို့ အဆင်ပြေပါ့မလား… စားဖို့သောက်ဖို့အတွက်က ဘယ်လိုစီစဉ်ပေးရပါ့မလဲ”

” ကျုပ်တို့က မီးလွတ်အဓိဌာန်စားနေတာမို့ အသီးအနှံအချို့ရှိရင်ရပါပြီ”

” ဒါဖြင့် ခဏနေ ကျုပ်တို့လာပို့ပေးပါမယ်၊ စံလှရေ ဆရာလေးတို့လိုအပ်တာခိုင်းဖို့ မင်းလိုက်နေပေးလိုက်ဦး”

ဦးဟန်ကြည်စကားကြောင့် စံလှမျက်နှာ ပျက်သွားတာမြင်တဲ့ အောင်မြတ်သာက
” နေပါစေဗျာ… ကျုပ်တို့သုံးယောက်နဲ့အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့” လို့ပြောကာ စေ့ထားတဲ့ခြံတံခါးကို တွန်းဖွင့်ပြီးအထဲဝင်သွားလိုက်တယ်။

ခြံထဲကိုခြေချတာနဲ့ ညှီစို့စို့သွေးနံ့က နှာခေါင်းထဲစူးခနဲဝင်လာတာကြောင့် မျက်လွှာကိုပင့်ပြီးကြည့်လိုက်ရာ ပွင့်နေတဲ့ပြူတင်းပေါက်မှာ ကျောပေးပြီးရပ်နေတဲ့ မိန်းမတစ်ယောက်ရဲ့နောက်ကျောကို မြင်လိုက်ရတယ်။

မောင်ကောင်းနဲ့ခွန်းလှကတော့ ခြံပတ်ပတ်လည်ကိုလိုက်ကြည့်ရင်း တစ်နေရာအရောက်မှာတော့

” ဆရာ ခြံရောအိမ်ကိုပါတိုက်ထားတဲ့ပုံပဲ… ခြံထဲမှာလဲ အပုတ်နံ့တွေရနေတယ်”

” မောင်ကောင်းပြောတာဖြစ်နိုင်တယ်၊ ခွန်းလှက​ရော ဘယ်လိုမြင်လဲ”

” ကျွန်တော်အမြင်ပြောရရင် သွေးညှီနံ့ရော အပုတ်နံ့ပါတွဲလျက်ရတယ်ဆိုတော့ အစိမ်းတိုက်လို့မြင်မိတယ်”

အောင်မြတ်သာတို့ ခြံထဲမှာစကားပြောနေတဲ့ချိန် စံလှတစ်ယောက် ဆွဲခြင်းတစ်လုံးနဲ့ရောက်လာပြီး

” ဆရာလေးတို့စားဖို့ အသီးအနှံတွေလာပို့ပေးတာပါ၊ ဟိုလေ အိမ်ထဲမှာ ဘာမြင်လဲဆရာ”

” မိန်းမတစ်ယောက် ရှိနေတယ်လို့တော့ခံစားမိတယ်၊ ဘာဖြစ်လို့လဲ”

” မှန်လိုက်တာဆရာရယ်… သူ့ကြောင့် သာဒွန်းနဲ့ ကျော်စံတို့နှစ်ယောက် ရူးသလိုကြောင်သလိုဖြစ်နေတာ၊ ဒါပြီးရင် သူတို့ကိုလဲကြည့်ပေးပါဦးဆရာရယ်”

” ဒီကိစ္စရှင်းပြီးတာနဲ့ ကျန်တဲ့သူတွေအလိုလိုကောင်းသွားပါလိမ့်မယ်၊ သိပ်လဲစိတ်မပူပါနဲ့”

” ဟုတ်ကဲ့ဆရာ… အိမ်ပေါ်မှာတော့ ဖယောင်းတိုင်တွေ မီးခြစ်တွေလဲရှိတယ်ဆရာ၊ အိပ်ယာတွေကတော့ အိမ်ခန်းထဲမှာ ရှိပါတယ်”

အောင်မြတ်သာလဲ စံလှဆီက အသီးအနှံခြင်းကိုယူကာ ပြန်နားဖို့ပြောပြီး အိမ်ပေါ်ကို တက်လာခဲ့လိုက်တယ်။

အိမ်ပေါ်ကိုရောက်တာနဲ့ ဝုန်းဒိုင်းကျဲတဲ့အသံတွေ စတင်ကြားလိုက်ရပြီး အိမ်နံရံကိုလက်နဲ့ပုတ်တဲ့အသံတွေကိုလဲတစ်ဆက်ထဲကြားလိုက်ရတယ်။

အောင်မြတ်သာကတော့ အသံကြားတဲ့ဘက်ကို ဂရုမစိုက်ပဲ ဖုန်တွေတက်နေတဲ့ ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးလုပ်ကာ ဖယောင်းတိုင်မီးငါးတိုင်ပူဇော်လိုက်တယ်။

ဘုရားမီးပူဇော်ပြီးတဲ့ချိန်ရောက်မှ အသံဗလံတွေငြိမ်သက်သွားပြီး အိမ်နောက်ဘေးဘက်ကိုဆင်းပြေးတဲ့ခြေသံတစ်ခုကို အရှင်းသားကြားလိုက်ရတယ်။

” ဆရာ… ဟိုကောင်ပြေးပီးထင်တယ်… ဘယ်လိုလုပ်ရမလဲ”

” လွှတ်ထားပေးလိုက်ပါဦး… ခဏနေလို့ အမိန့်ပြန်ပြီးခေါ်ရင် စကြာဝဠာတံတိုင်းအပြင်ဘက်ရောက်နေတာတောင် ရောက်အောင်လာရလိမ့်မယ်”

အောင်မြတ်သာကစကားဆုံးတာနဲ့ ဘုရားကျောင်းဆောင်ရှေ့မှာသီလခံယူပြီး မောင်ကောင်းနဲ့ ခွန်းလှတို့ကိုလဲ သီလယူစေခဲ့တယ်။ ပြီးတာနဲ့ အထက်ဆရာတွေကိုခွင့်တောင်းပြီး

” ဒီအိမ် ဒီခြံကို လူနေလို့မရအောင် ခြောက်လှန့်ဖမ်းစားနေတဲ့ ပုဂ္ဂိုလ် ကျုပ်အရှေ့ကို အကောင်အထည်လိုက်ရောက်စေ၊ အမိန့်ကို ငြင်းဆန်ခွင့်မရှိစေရ၊ ငြင်းဆန်ပြီးမလာရောက်ခဲ့သည်ရှိသော် ခန္ဓာကိုယ်တစ်ခုလုံး နေရာလွတ်မကျန်တဲ့ထိ ပူလောင်မှုကိုခံစားရစေသား” လို့အမိန့်ပြန်လိုက်ရာ အိမ်နောက်ဖေးရေကပြင်ကနေ လေးဘက်ထောက်ပြီး ဝင်လာတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

ဆံပင်တွေက မျက်နှာကိုမမြင်အောင်ဖုံးကွယ်ထားပြီး ကောက်ကွေးနေတဲ့လက်နှစ်ဖက်ကိုလိမ်ကာ လေးဘက်ထောက်လာနေတဲ့မိန်းမက အောင်မြတ်သာ အရှေ့လဲရောက်ရော ဆတ်ခနဲထထိုင်ပြီး ကျောပေးထားလိုက်တယ်။

” နင် ဘယ်သူလဲ… အမှန်တိုင်းဖြေစမ်း”

” ငါ့ ငါ့ နာမည် ပြူးစိန်မ”

” ပြူးစိန်မဆိုရင် ဘုရားဘက်လှည့်ပြီး ဦးတိုက်”

” မတိုက်ဘူး… ငါက ဘုရားကိုမကြည့်ချင်ဘူး”

” မင်းက ဘုရားကိုတောင်မသိတဲ့ထိ မိုက်မဲနေတာကိုး… ကဲ ဆိုင်ရာက ဒီိမိန်းမကိုဆံပင်ကနေ ဆွဲကိုင်ပီး ဘုရားဘက်မျက်နှာမူအောင် လုပ်ပေးလိုက်”

အောင်မြတ်သာစကားဆုံးတာနဲ့ ဆံပင်ဦးစဖုတ်က ဆတ်ခနဲထောင်တက်သွားပြီး လည်ပင်းရိုးတွေပါ တဂျွတ်ဂျွတ်မြည်လာသလိုဖြစ်ကာ ရှေ့ကို လှည့်လာခဲ့တယ်။

” ဘုရားဦးတိုက်စမ်း… ”

” မတိုက်ဘူး.. လုံးဝမတိုက်ဘူး”

” ဟူး အတော်ခေါင်းမာတဲ့သရဲမပဲ… ကဲ မတိုက်ဘူးဆိုတော့လဲ ဆင်ပိုင်က ငယ်ထိပ်ကို ခြေနဲ့နင်းပြီး ဦးတိုက်ခိုင်းလိုက်”

စကားဆုံးတာနဲ့ ဦးခေါင်းက ချက်ချင်းကြမ်းပြင်အောက်ကိုကျဆင်းလာပြီး တဒုန်းဒုန်းနဲ့ဆောင့်ပါလေရော။

” ပြူးစိန်မ… နင့်ခေါင်းကိုဆင်နဲ့နင်းတော့ မနာဘူးလား”

” နာတယ်… ဒါပေမယ့် ငါအံကြိတ်ပြီးခံထားတယ်၊ နင်တို့ရှေ့မှာ ဘယ်တော့မှ မာန်မချဘူးဟေ့”

” အတော်ကြမ်းတဲ့အစိမ်းတိုက်ပါလား… ဒါကြောင့် သာမန်ဦးဇင်းလေးတွေ ထွက်ပြေးရတာကိုး”

အောင်မြတ်သာက တီးတိုးရေရွတ်လိုက်ပြီး သက်ပြင်းရှည်တစ်ချက်ကိုချကာ

” နင်ဒီကိုရောက်တာ ဘယ်လောက်ကြာနေပီလဲ”

” မပြောဘူး.. နင်တို့မေးတာ ငါမဖြေဘူး”

” ဟင်း.. နင့်ကိုနာကျင်အောင်မလုပ်ချင်ပေမယ့်.. မလုပ်လို့မရတဲ့အခြေအနေရောက်သွားပြီ၊ အခုကစပြီး ငါမေးတာကိုအမှန်တိုင်းမဖြေရင်တော့ အသဲခိုက်တဲ့နာကျင်မှုမျိုးခံစားအောင်လုပ်ပေးမယ်၊ နင် ဒီကိုဘာရည်ရွယ်ချက်နဲ့ရောက်လာတာလဲ”

အောင်မြတ်သာမေးတာကို ဘာမှပြန်မပြောပဲ ရေငုံနှုတ်ပိတ်နေနေတဲ့ သရဲမရဲ့ကိုယ်က ရုတ်တရက် ဆတ်လနဲကော့တက်သွားပြီး လေပေါ်မြောက်တက်သွားခဲ့တယ်။

” လှံပိုင်တွေ လည်မြိုကို လှံတဲ့ဖောက်ပီး လေပေါ်ချိတ်ဆွဲထားကြ၊ ဓါးပိုင်တွေက ရင်ကိုခွဲပြီး အသဲကို မွှန်းကြစမ်း… ”

ပြူးစိန်မက နာကျင်မှုဒဏ်ကို အံကြိတ်ခံပေမယ့် နောက်ဆုံးဘယ်လိုမှမခံစားနိုင်တော့ပဲ အသံနက်ကြီးနဲ့အော်ကာ

” ဒီအိမ်နဲ့ခြံကို ဘယ်သူမနေရဲအောင် လုပ်ခိုင်းထားတာဟေ့… အမလေး သေရပါချည်ရဲ့ နာရပါချည်ရဲ့”

” ဒီအိမ်ကို ဘာနဲ့တိုက်ထားတာလဲ… ပြောစမ်း”

” အိမ်နဲ့ခြံကို အစိမ်းသွေးနဲ့တိုက်ထားတာပါ… ငါ့လည်ချောင်းထဲကထွက်တဲ့ သွေးနဲ့တိုက်ထားတာဟဲ့”

” ဒီနေ့ ဒီအချိန်ကစပြီး နင်နဲ့ဒီအိမ်နဲ့က ဘယ်လိုမှမပတ်သတ်တော့ဘူး၊ ဘယ်တော့အခါမှ ဒီနေရာကိုခြေချခွင့်မရှိစေရဘူး ကြားလား”

” ငါသွားလို့မရဘူး… ငါ့ကိုခိုင်းထားတဲ့အစီအရင်ကို ဖျက်စီးမှသွားလို့ရမယ်…”

” နင့်ကိုဘယ်နေရာမှာမြုပ်ထားတာလဲပြောစမ်း”

” နွားခြံအနောက်က သရက်ပင်အောက်မှာ ရှိတယ်..”

” မောင်ကောင်းနဲ့ခွန်းလှ သရက်ပင်အောက်ကို သွားပြီး အစီအရင်ရှိမရှိ ကြည့်ပေး၊ သူလိမ်ပြောတယ်ဆိုရင် ဒီထက်ပိုတဲ့ အပြစ်ကိုပေးရလိမ့်မယ်”

မောင်ကောင်းတို့လဲ ချက်ချင်းဆိုသလို ဖယောင်းတိုင်မီးကိုယူပြီး နွားခြံနောက်ကိုထွက်သွားခဲ့လိုက်တယ်။ ခဏကြာတော့ သွေးစွန်းနေတဲ့ထဘီနဲ့ထုပ်ထားတဲ့အထုပ်တစ်ထုပ်ပါလာခဲ့တယ်။

” ဆရာ သူပြောတာဟုတ်တယ်… ဒီအထုပ်ကိုဘယ်လိုလုပ်ရမလဲ”

” လှေကားအတက်ဆင်းမှာ ခဏထားထားဦး၊ သူ့ကိုမေးစရာရှိသေးတယ်၊ ပြူးစိန်မ နင့်ကိုဘယ်သူခိုင်းတာလဲ မှန်မှန်ဖြေ”

” ငါမသိဘူး… ငါ့ကိုဒီအိမ်နဲ့ ဒီခြံမှာနေရမယ်လို့ပြောလို့လာနေတာ၊ ကျန်တာမသိဘူး”

” ဒီနေ့ဒီအချိန်ကစပြီး နင်နဲ့ဒီနေရာကမသက်ဆိုင်တော့ဘူး… ဒါကြောင့် နင့်ကိုသင့်တော်တဲ့နေရာကိုပို့ပေးမယ်၊ နင်မသွားခင် ဖမ်းစားထားတဲ့သူတွေကို မိမွေးတိုင်းဖမွေးတိုင်းဖြစ်အောင်လုပ်ခဲ့ပေးပါ”

အောင်မြတ်သာက ပြူးစိန်မကိုပြောပြီး စိတ်ထဲကနေ တိုင်တည်လိုက်ရာ ပုတီးတစ်ကုံးကိုလည်ပင်းမှာချိတ်ထားတဲ့အဘိုးအိုတစ်ယောက် ခြံတံခါးဝရှေ့မှာ ပေါ်လာခဲ့တယ်။

” အဘိုးနဲ့နင်လိုက်သွားပေတော့… ဟိုရောက်လို့ရှိရင် သူပေးတဲ့နေရာမှာအေးအေးဆေးဆေးနေ၊ ပြဿနာရှာလို့ကတော့ နင့်ကိုငါလဲကယ်နိုင်မှာမဟုတ်ဘူး” လို့ပြောလိုက်တဲ့အချိန် ပြူးစိန်မက မျက်စိရှေ့ကနေ ပျောက်သွားပြီး အဘိုးအိုဘေးကိုရောက်သွားခဲ့တယ်။

” ဆရာ.. ဒီကိစ္စက ခုလိုကျတော့လဲ လွယ်သားပဲနော်”

” တကယ်တော့ ပြူးစိန်မက အသုံးချခံရတာ၊ သူ့ကိုဒီနေရာမှာနေဖို့ ဖန်တီးတဲ့သူတစ်ယောက်ရှိဦးမယ်၊ ဒါကလဲ အတွင်းလူထဲကပဲဖြစ်မယ်လို့ထင်တယ်”

” ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆရာ”

” ဦးဟန်ကြည်ဆီသွားပြီး တိုင်ပင်ကြတာပေါ့… လောလောဆယ် ဒီအစီရင်ကို မီးရှို့ဖျက်စီးလိုက်”

မောင်ကောင်းတို့လဲ အိမ်အောက်မှာအသင့်ရှိနေတဲ့ ရေနံဆီကို အထုပ်ပေါ်လောင်းချကာ မီးရှို့ဖျက်စီးလိုက်တယ်။ ပြီးတာနဲ့ ဦးဟန်ကြည်နေတဲ့ အိမ်ကိုသွားကာ ဆက်လုပ်ရမယ့်ကိစ္စတွေကို တီးတိုးတိုင်ပင်ခဲ့ကြတယ်။
++++++++
” ဦးလေး… အိမ်မှာဘာမှရှိတော့ဘူးဆိုတာ တကယ်လား”

” တကယ်ပေါ့ဟ… မနက်ဖြန် ငါ့အိမ်ငါပြန်ပြောင်းပီးနေတော့မှာ၊ ဒါနဲ့ သာဒွန်းနဲ့ ကျော်စံတို့ရော ဘယ်လိုနေသေးလဲ”

” ဟိုဆရာတွေပြောသလို လူကောင်းပကတိဖြစ်သွားတာ ဦးလေးရေ၊ ဟိုလေ … အဲဒီဆရာတွေ ဘယ်အချိန်ထဲ​က ပြန်သွားကြတာလဲ”

” ဒီမနက်အစောကပဲ ယောင်ဗွေရွာကိုသွားမယ်ဆိုပြီး ထွက်သွားတာပဲ၊ ဘာဖြစ်လို့လဲ”

” လာပြန်ပီ ယောင်ဗွေရွာ.. အဲဒီရွာအကြောင်း လိုက်မေးကြည့်တော့လဲ ဘယ်သူမှမသိဘူးပဲပြောနေကြတယ်”

” ဟေ့ကောင် စံလှ… ဒါမင်းအလုပ်မဟုတ်ဘူး… အိမ်ပြောင်းပြီးတဲ့အချိန်ကျရင် နွားခြံအနောက်က သရက်ပင်အောက်ကို လူတစ်ယောက်လာပြီး တစ်ခုခုကိုတူးနေလိမ့်မယ်၊ အဲဒီလူက ငါတို့အိမ်ကိုခုလိုဖြစ်အောင် လုပ်တဲ့သူပဲ၊ ဘယ်သူလဲဆိုတာ မင်းရအောင်စောင့်ဖမ်းဖို့ပြင်ထား”

” ဗျာ… နွားခြံအနောက်ကသရက်ပင်ဟုတ်လား”

” အေးလေ ဘာ​ဖြစ်လို့လဲ”

” ဘာမှမဖြစ်ပါဘူး ဒီတိုင်းပြောလိုက်တာပါ၊ ဒါနဲ့ ဆရာလေးတို့ကူညီတာ ဘယ်သူသိသေးလဲဦးလေး”

” မင်းနဲ့ငါနဲ့ပဲသိတာလေ… ဘယ်သူမှမသိဘူး၊ ဒါကြောင့် မင်းသာ သေချာအောင်စောင့်ဖမ်းစမ်းပါ… တကယ်လုပ်တဲ့သူက အဲဒီသရက်ပင်အောက်ကို လာတူးလိမ့်မယ်”

” စိတ်ချ ဦးလေး… ကျွန်တော်ရအောင်ဖမ်းပြမယ်”

စံလှက အားတက်သရောပြောပြီး အိမ်ပြောင်းဖို့ကိစ္စတွေစီစဉ်နေလိုက်တယ်။
+++++++
လူခြေတိတ်ချိန်ဖြစ်တဲ့အတွက် ခြံတစ်ခုလုံး အပ်ကျသံပင်မကြားလောက်အောင် တိတ်ဆိတ်နေခဲ့တယ်။ အဲဒီအချိန်အမှောင်ထုကိုအားယူပြီး လူတစ်ယောက် နွားခြံနောက်ကို ခပ်သုတ်သုတ်ဝင်လာခဲ့တယ်။ ခဏကြာတော့ သရက်ပင်အောက်မှာ မြေကြီးကိုတူးဆွနေတဲ့အသံတစ်ချို့ထွက်ပေါ်လာခဲ့တယ်။

” ဟိတ် ဘယ်သူလဲ… ”

ရုတ်တရက်ထွက်လာတဲ့ မီးရောင်ကြောင့် ပုဆိုးခြုံပီး တူးနေတဲ့လူက လက်မှာကိုင်ထားတဲ့ သံတူရွင်းကိုပစ်ချပြီး ထွက်ပြေးဖို့အလုပ် စံလှရဲ့လက်က ပုဆိုးကိုလှမ်းဆွဲလိုက်ရာ ဝုန်းခနဲမြေကြီးပေါ်လဲကျသွားခဲ့တယ်။

” ဟင်… မနှင်းပါလား….”

” စံလှ နင်ငါ့ကို ဘာလုပ်တာလဲ… ကယ်ကြပါဦးရှင် စံလှ ကျွန်မကို မတော်မတရားကြံစည်နေလို့”

မနှင်းအော်သံအဆုံးမှာ ဦးဟန်ကြည်ရော အခြားအလုပ်သမားတွေပါရောက်လာခဲ့ကြတယ်။

” ဦးလေး .. စံလှလေ သမီးကို အဟင့် အဟင့်”

မနှင်းက မျက်ရည်စမ်းစမ်းနဲ့ ဦးဟန်ကြည်ကိုကြည့်လိုက် ယောင်္ကျားဖြစ်သူ ကျော်စံကိုကြည့်လိုက်နဲ့အသနားခံနေတဲ့အချိန်

” ကျော်စံ … မင်း ဖြစ်ကြောင်းကုန်စင်သိပြီမဟုတ်လား၊ မင်းဘာဆက်လုပ်မှာလဲ”

” ကျွန်တော်သိပါပြီဦးလေး… ဒီကောင်မက ကျေးဇူးရှင်ကိုကျေးစွပ်တတ်မှန်းမသိခဲ့ဘူး”

” ကိုကျော်စံ ရှင်ဘာပြောနေတာလဲ…”

” မနှင်း… အမှန်တိုင်းဝန်ခံလိုက်တော့… နင် ဘာကြောင့် ဒီလိုလုပ်ရတာလဲ”

စံလှစကားကို မနှင််းက အရူးကွက်နင်းပြီး ဝေ့လည်ကြောင်ပတ်လည်ပေမယ့် နောက်ဆုံးမှာတော့ လိမ်မရမှန်းသိသွားတာကြောင့် ဒူးထောက်တောင်းပန်ပြီး
” မြို့ပေါ်က သူဌေးတစ်ယောက်က ဒီခြံကိုသဘောကျလို့ဝယ်ချင်နေပေမယ့် ဦးလေးကမရောင်းဘူးပြောလို့ ဘယ်သူမှမနေရဲပဲ ရောင်းရအောင် လုပ်မိတာပါ၊ အဲဒီသူဌေးက ခြံကိုရောင်းလို့ရှိရင် ကျွန်မတို့အတွက် လယ်ငါးဧကနဲ့နွားတစ်ရှည်းပေးမယ်လို့ပြောလို့ မကြံကောင်းမစည်ရာကြံလိုက်မိတာပါ” လို့ပြောလိုက်တဲ့အချိန် ကျော်စံရဲ့ လက်က ပါးပေါ်ကိုဖြောင်းခနဲဝင်လာခဲ့တယ်။

” ကျော်စံ စိတ်ထိန်းစမ်း… ဟိတ်ကောင်”

” ဦးလေး… ဒီကောင်မကို ကျွန်တော်ဆက်မပေါင်းနိုင်တော့ဘူး… ဟဲ့ကောင်မ နင်မနက်မိုးလင်းတာနဲ့ အထုပ်ဆွဲပြီး ငါ့ရှေ့ကထွက်သွားစမ်း”

” ကဲ ကောင်မ​လး.. နင်မနက်ရောက်တာနဲ့ ငါ့အိမ်ထဲကထွက်သွားပါ၊ နင့်ကိုဒီရွာမှာမမြင်ချင်တော့ဘူး၊ စံလှ … ကျော်စံကိုခေါ်သွားလိုက်တော့” လို့ပြောကာ အိမ်ရှေ့ကိုပြန်ထွက်လာခဲ့လိုက်တယ်။

မနက်လင်းအားကြီးချိန်ရောက်တော့ မိန်းမတစ်ယောက် အထုပ်တစ်ထုပ်ကိုပိုက်ပြီး တစ်ရွေ့ရွေ့ထွက်သွားတာကို ရွာထဲကလူအချို့မြင်တွေ့လိုက်ရတယ်။
+++++++++
အောင်မြတ်သာတို့လဲ ဦးဟန်ကြည်ကို ကူညီပေးပြီးတဲ့နောက် ယောင်ဗွေရွာကိုရောက်လာခဲ့ကြတယ်။ တကယ်တော့ ယောင်ဗွေရွာဆိုတာက နတ်ဖွက်ထားတဲ့ရွာတစ်ရွာဖြစ်​ပြီး သာမန်လူတွေအဖို့ မသိနိုင်တဲ့ရွာတစ်ရွာလဲဖြစ်တယ်။ ဒီရွာကို ဘာကြောင့်ရောက်ခဲ့လဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ကျိန်စာသင့်ရွာဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္ေသြးစိမ္းအတိုက္ ”(စ/ဆုံး)
————————————————————

ေဇယန(ရာမည)

” အဟင့္ အဟင့္ ဟီး ဟီး”
အိမ္ေခါင္းရင္းထရံနားကေန ထြက္ေပၚလာတဲ့ငိုသံေၾကာင့္ အိပ္မေပ်ာ္တေပ်ာ္ျဖစ္ေနတဲ့ ဦးဟန္ၾကည္တစ္ေယာက္ ငုတ္တုတ္ထထိုင္လိုက္မိတယ္။

” စံလွေရ .. အိပ္ေနပီလား”

” မအိပ္ေသးပါဘူး ဦးေလး၊ ဘာခိုင္းစရာရွိလို႔လဲ”

” ေခါင္းရင္းမွာ လူတစ္ေယာက္ငိုေနတဲ့အသံၾကားလို႔ ၿခံေစာင့္လင္မယားရန္ျဖစ္ျပန္ပီနဲ႔တူတယ္၊ ထၾကည့္လိုက္ဦး”

စံလွလဲ ဦးဟန္ၾကည္စကားေၾကာင့္ ျပဴတင္းေပါက္တံခါးကိုဖြင့္ၾကည့္လိုက္ရာ လူရိပ္လူေျခမျမင္ရပဲ ရွင္းလင္းေနတာကိုျမင္ေတြ႕လိုက္ရတယ္။

” ဘယ္သူမွမရွိပါဘူးဦးေလး… ဒါနဲ႔ ငိုသံလဲမၾကားမိပါဘူးဗ်”

” ေဟ .. ဟုတ္လား.. ငါခုနက ေသေသခ်ာခ်ာၾကားလိုက္ပါတယ္၊ မရွိရင္လဲထားလိုက္ေတာ့၊ မနက္က်ရင္ ၿခံထဲသြားရမွာရွိေသးတယ္ေနာ္ ေစာေစာအိပ္ဦး”

“ဟုတ္ကဲ့ ဦးေလး.. ခဏေနအိပ္ပါၿပီ”

ဦးဟန္ၾကည္လဲ စံလွကိုေျပာၿပီး အိပ္ရာေဘးခ်ထားတဲ့ ကိုးလုံးပုတီးကို တစ္ေဂ်ာက္ေဂ်ာက္စိပ္ကာ ဂုဏ္ေတာ္ကိုးပါးကိုပြားမ်ားေနလိုက္တယ္။
+++++++
” လွည္းေပၚကို ပစၥည္းေတြေသခ်ာတင္ၾကဦး၊ ၿခံထဲေရာက္လို႔မွ ဟိုက်န္ဒီက်န္ျဖစ္တယ္ဆို ျပန္ယူလို႔ရမွာမဟုတ္ဘူး”

စံလွက အလုပ္သမားေတြကို ေအာ္ေျပာရင္း လိုတဲ့ပစၥည္းေတြကို လိုက္စစ္ေနခဲ့တယ္။ ခဏေနေတာ့ အိမ္ေပၚကေန ဦးဟန္ၾကည္ဆင္းလာၿပီး

” လူစုံရင္သြားၾကရေအာင္… ဒီညေတာ့ ၿခံထဲမွာအိပ္မွာမို႔ ေက်ာ္စံတို႔လင္မယားနဲ႔ အျခားလူေတြက အိမ္ကို​ေသခ်ာၾကည့္ထားေပးဦး”

” စိတ္ခ်ပါ ဦးေလး… ကြၽန္ေတာ္တို႔ေသခ်ာၾကည့္ေပးပါမယ္”

ဦးဟန္ၾကည္ဆိုတာက ဒီနယ္တစ္ဝိုက္မွာ လူကုံထံစာရင္းေပါက္တဲ့ သူေဌးတစ္ဦးျဖစ္သလို သီးပင္စားပင္ေတြစိုက္ထားတဲ့ၿခံေပါင္းမ်ားစြာလဲပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္တယ္။ ေငြေၾကးဥစၥာအတန္သင့္ျပည့္စုံေသာ္လည္း အိမ္ေထာင္မျပဳပဲ တပည့္သားခ်င္းေတြနဲ႔သာ ဘဝကိုေအးေအးခ်မ္းခ်မ္း ျဖတ္သန္းေနထိုင္တဲ့ လူ႐ိုးလူေအးတစ္ေယာက္။ အခုလဲ ၿခံထဲက ရင့္မွည့္တဲ့အသီးအႏွံေတြကို ခူးယူဖို႔ ကိုယ္တိုင္လိုက္ပါသြားခဲ့တယ္။
++++++
” မိန္းမေရ… ၿခံအေနာက္က ႏြားၿခံကိုသြားၾကည့္လိုက္ဦးေနာ္၊ ငါ ဝက္စာေကြၽးၿပီးတာနဲ႔ လိုက္လာခဲ့မယ္”

ေက်ာ္စံတစ္ေယာက္ ဝက္ေတြကိုအစာေကြၽးရင္း လွမ္းေျပာလိုက္တာေၾကာင့္ ႏြားစာစဥ္းေနတဲ့ မိန္းမျဖစ္သူက လုပ္လက္စအလုပ္ကိုပစ္ကာ ႏြားၿခံဘက္ကိုထြက္သြားခဲ့တယ္။

” ျဖဴမနဲ႔ ညိဳျပာႏွစ္ေကာင္ ဒီေန႔ႏို႔လဲသိပ္မထြက္ဘူး၊ ေနမ်ားမေကာင္းလို႔လားမသိ”

မႏွင္းက မနက္ႏြားႏို႔ညႇစ္တဲ့ခ်ိန္ ႏို႔မလိုက္တဲ့ ႏြားႏွစ္ေကာင္အေၾကာင္းကိုေတြးကာ ၿခံဘက္ကိုေလ်ာက္လာတဲ့အခ်ိန္ ႏြား႐ုံအေနာက္ကိုဖ်တ္ခနဲ ဝင္သြားတဲ့ လူရိပ္တစ္ခုကို ျမင္လိုက္ရတယ္။

” သာဒြန္းလားေဟ့…. ”

အိမ္မွာ ေတာက္တိုမယ္ရခိုင္းဖို႔ ေခၚထားတဲ့ သာဒြန္းထင္ၿပီး လွမ္းေအာ္လိုက္ေပမယ့္ အသံမျပဳတာေၾကာင့္ ႏြားၿခံထဲကိုမဝင္ပဲ ေနာက္ေက်ာဘက္ကို ထြက္လာခဲ့လိုက္တယ္။

” ဟိုေကာင္ေလး… ငါေခၚေနတာမၾကားဘူးလား၊ အလုပ္မလုပ္ခ်င္လို႔ ႏြားၿခံေနာက္လာပုန္းေနတယ္မဟုတ္လား”

မႏွင္းက ဗ်စ္ေတာက္ဗ်စ္ေတာက္နဲ႔ေျပာၿပီး ၿခံအေနာက္ကိုလွမ္းၾကည့္လိုက္ေပမယ့္ လူရိပ္နဲ႔တူတာဆိုလို႔ ဘာမွမေတြ႕တဲ့အတြက္ စိတ္ထဲဇေဝဇဝါျဖစ္သြားၿပီး

” ငါအျမင္မွားတာေနမွာပါ” လို႔ေတြးကာ လုပ္စရာရွိတဲ့အလုပ္ေတြကို လုပ္ေနလိုက္တယ္။

” ေမ့သမီးေလး ဒီေန႔ ေနမေကာင္းဘူးလား… ႏို႔လဲသိပ္မထြက္ဘူးေနာ္”

မႏွင္းက ျဖဴမကို သားသမီးသဖြယ္သံေယာဇဥ္ရွိတာေၾကာင့္ ဦးေခါင္းကိုပြတ္သပ္ၿပီး ေခ်ာ့ျမဴေနတဲ့အခ်ိန္ ညႇီစို႔စို႔ပုတ္အဲ့အဲ့အနံ႔တစ္ခုက ႏွာေခါင္းထဲကိုစူးဝင္လာခဲ့တယ္။

” ထြီ… နံလိုက္တာေတာ္၊ ဘယ္အိမ္က ပုဇြန္ေခါင္းေတြ ၿခံထဲလာပစ္ထည့္ထျပန္ပီလဲမသိဘူး”

ေဘးမွာရွိတဲ့ အိမ္ေတြက လူလစ္ရင္လစ္သလို အမႈိက္ေတြပစ္ထည့္တတ္တာမို႔ မႏွင္းတစ္ေယာက္ ေတာက္တစ္ခ်က္ခတ္ၿပီး ျပန္ထြက္ဖို႔အလုပ္ ဝင္ေပါက္ေရွ႕ကေန မိန္းမတစ္ေယာက္ ဆံပင္ဖားလ်ားခ်ၿပီး ျဖတ္ေလ်ာက္သြားတာ ျမင္လိုက္ရတယ္။

ဒီတစ္ခါေတာ့ အျမင္မွားတာမဟုတ္ဘူးဆိုတာသိတဲ့ မႏွင္းက ခ်က္ခ်င္းဆိုသလို ထြက္ၾကည့္ေပမယ့္ လူနဲ႔တူတာဆိုလို႔ ဘာမွမေတြ႕။

” ဒီၿခံထဲမွာေနလာတာ ငါးႏွစ္ျပည့္ေတာ့မယ္… ဒီလိုမ်ိဳးတစ္ခါမွမျဖစ္ဘူးဘူး… မနက္ျဖန္ ဦးေလးျပန္လာရင္ ေသခ်ာေျပာျပရမယ္”

အပ်ိဳဘဝတုန္းက ၾကမ္းေပ့ဆိုတဲ့ နယ္ေျမေတြမွာ အလုပ္လုပ္ခဲ့ဖူးတဲ့မႏွင္းက အေျခအေနကိုရိပ္စားမိတဲ့အတြက္ ႏြားၿခံထဲကေန ကမန္းကတမ္းထြက္ၿပီး အိမ္ေရွ႕ကိုျပန္လာခဲ့လိုက္တယ္။

” ကိုေက်ာ္စံ.. ရွင္ အလုပ္ကိုခဏထားၿပီး ဒီကိုလာပါဦး”

” ဘာျဖစ္လို႔လဲမိန္းမရဲ႕”

” လာပါဦးဆို လာလိုက္ေပါ့”

မႏွင္းစကားေၾကာင့္ ေက်ာ္စံက ဝက္စာပုံးကိုေဘးမွာခ်ၿပီး ေရာက္လာခဲ့တယ္။

” ဘာျဖစ္လို႔လဲ ႏြားေတြ ေနမေကာင္းလို႔လား”

” အဲဒီအေၾကာင္းေျပာဖို႔မဟုတ္ဘူး… ခုနက ႏြားၿခံနားမွာ မိန္းမတစ္ေယာက္ ဆံပင္ဖားလ်ားနဲ႔ ေလ်ာက္သြားေနတာျမင္လို႔ ေတာ့”

” ဘယ္ကမိန္းမလဲ… ငါလဲမေတြ႕မိပါဘူး”

” ဒါေတာ့ က်ဳပ္လဲဘယ္သိပါ့မလဲ… ဟိုေလ က်ဳပ္ကိုသရဲေျခာက္တာမ်ားလား”

” ဟားဟားဟား ငါ့မိန္းမကေတာ့ လုပ္ပီေဟ့.. ေန႔ခင္းေၾကာင္ေတာင္ႀကီးသရဲေျခာက္စရာလား၊ မင္းအျမင္မွားတာေနမွာပါဟာ၊ ငါတို႔ဒီမွာေနလာတာ ၾကာပီ ဒီလိုတစ္ခါမွမႀကဳံဖူးပါဘူး”

” အဲဒါေတာ့ဟုတ္ပါတယ္… ဒါနဲ႔ သာဒြန္းတစ္ေယာက္ေရာ”

” အဲဒီေကာင္ကို ၿခံအေနာက္က အမႈိက္ေတြမီးရႈိ႕ခိုင္းထားတယ္၊ နင္ ႏြားၿခံဘက္သြားတာ သူ႔ကိုမေတြ႕မိဘူးလား”

” ဟအင္း မေတြးမိဘူးေလ… ခါတိုင္းဆို သီခ်င္းေလးတစ္ေၾကာ္ေၾကာ္နဲ႔ အလုပ္လုပ္ေနတာျမင္ၿပီး ဒီေန႔မွေပ်ာက္ေနလို႔ေမးၾကည့္တာ”

” ဒီေကာင္ အလုပ္မလုပ္ပဲ ဘယ္သြားျပန္ပီလဲမသိပါဘူး”

ေက်ာ္စံက စကားဆုံးတာနဲ႔ ၿခံအေနာက္ဘက္ကိုထြက္သြားရာ မႏွင္းလဲအေနာက္ကေန တစ္ေကာက္ေကာက္လိုက္ပါသြားခဲ့တယ္။

” ဟင္… အမႈိက္ပုံကိုမီးေတာင္မရႈိ႕ရေသးပါလား.. ေတာက္စ္ ဒီေကာင္ကို ဦးေလးနဲ႔တိုင္မွရေတာ့မယ္”

” ေသခ်ာရွာပါဦး… အိမ္သာေတြဘာေတြတက္ေနလားမွမသိတာ”

မႏွင္းစကားေၾကာင့္ ေက်ာ္စံက အလုပ္သမားေတြအတြက္ သီးသန႔္ေဆာက္ေပးထားတဲ့အိမ္သာေရွ႕ကိုသြားၿပီး တံခါးဆြဲဖြင့္လိုက္ရာ အိမ္သာထဲမွာ အျမဳပ္တစီစီထြက္ၿပီး သတိလစ္ေနတဲ့ သာဒြန္းကိုျမင္လိုက္ရတယ္။

” ေဟ့ေကာင္ေလး… သတိထားစမ္း သတိထားစမ္း”

ေက်ာ္စံက သားဒြန္းကို ဆြဲထူၿပီး လႈပ္ႏႈိးေပမယ့္ သတိျပန္မလည္လာတာေၾကာင့္ ခ်က္ခ်င္းဆိုသလို ေပြ႕ခ်ီၿပီး အိမ္ေရွ႕ကိုေခၚလာခဲ့လိုက္တယ္။

” မိန္းမ …. ေဆးဆရာသြားပင့္… ျမန္ျမန္”

မႏွင္းလဲ ႐ုတ္တရက္မို႔ ေျခမကိုင္မိလက္မကိုင္မိျဖစ္ၿပီး ေၾကာင္အအျဖစ္ေနရာကေန သတိဝင္ကာ က်န္းမာေရးမႉးအိမ္ဘက္ကို ခပ္သုတ္သုတ္ထြက္သြားခဲ့လိုက္တယ္။

ၿခံထဲမွာ႐ုတ္႐ုတ္သဲသဲျဖစ္ေနတာေၾကာင့္ အနီးနားကလူေတြေရာက္လာၿပီး ေျခေထာက္ခ်ိဳးတဲ့သူခ်ိဳး ယပ္ခတ္တဲ့သူကခတ္လုပ္လိုက္ရာ က်န္းမာေရးမႉမေရာက္လာခင္အခ်ိန္မွာပဲ သာဒြန္းတစ္ေယာက္ သတိျပန္လည္လာခဲ့တယ္။ ဒါေပမယ့္ အရင္ပုံစံအတိုင္း မဟုတ္ေတာ့ပဲ အနားမွာရွိတဲ့သူေတြကို မ်က္လုံးေသနဲ႔ၾကည့္ကာ ဒူးႏွစ္ဖက္ကိုပိုက္ပီး ငူငူငိုင္ငိုင္ျဖစ္ေနခဲ့တယ္။

ခဏေနေတာ့ က်န္းမာေရးမႉးေရာက္လာၿပီး စမ္းသပ္ေပမယ့္ ဘာမွထူးျခားတာမေတြ႕တဲ့အတြက္ တစ္စုံတစ္ခုကိုျမင္ၿပီး လန႔္သြားတာျဖစ္မယ္လို႔ ေကာက္ခ်က္ခ်ကာ ျပန္သြားခဲ့တယ္။ ႐ြာထဲက တတ္သိနားလည္တဲ့သူအခ်ိဳ႕ကေတာ့ ပရိတ္ေရေတြနဲ႔ မ်က္ႏွာကိုျဖန္း၊ ဦးေခါင္းကိုေလာင္းခ်လုပ္ေနတဲ့ခ်ိန္

” နီရဲေနတဲ့ မ်က္လုံးနဲ႔ ကြၽန္ေတာ္ကိုစိုက္ၾကည့္ေနတာ၊ သူ႔သူ႔မ်က္ႏွာမွာလဲ ေလာက္ေတြတဖြားဖြားနဲ႔၊ ကြၽန္ေတာ္ေၾကာက္တယ္… ကြၽန္ေတာ္ေၾကာက္တယ္ အဟီးအဟီး” လို႔ေျပာၿပီးခ်ဳံးပြဲခ်ငိုပါေလေရာ။

ခဏေနေတာ့ ငိုတာရပ္သြားၿပီး အနားမွာရွိတဲ့သူေတြကို မ်က္လုံးေသနဲ႔လိုက္ၾကည့္ေနခဲ့တယ္။

” ဒီေကာင္ကို ဒီတိုင္းထားလို႔မရဘူး… သူ႔ဦးေလးအိမ္ျပန္ပို႔မွျဖစ္မယ္၊ ဒီေန႔မွ ဦးေလးက ၿခံထဲလိုက္သြားရတယ္လို႔ဗ်ာ”

ေက်ာ္စံက စိတ္ပ်က္လက္ပ်က္ေရ႐ြတ္ရင္း သာဒြန္းကို မေၾကာက္ဖို႔ႏွစ္သိမ့္ေနတဲ့အခ်ိန္ သာဒြန္းရဲ႕ ဦးေလးျဖစ္သူေရာက္လာၿပီး အိမ္ျပန္ေခၚသြားခဲ့တယ္။
+++++++
” ကိုေက်ာ္စံ… မနက္ကကိစၥကို ဘယ္လိုျမင္လဲ”
ညစာထမင္းခူးေနရင္းေမးလိုက္တဲ့ မိန္းမျဖစ္သူစကားေၾကာင့္ ေက်ာ္စံတစ္ေယာက္ လက္ေဆးေရခြက္ထဲလက္ႏွစ္ထားရာမွ ျပန္႐ုတ္လိုက္ၿပီး
” ဒီေကာင္ေလးကံနိမ့္ေနလို႔ နာနာဘာဝျမင္တာျဖစ္မွာပါ၊ ဒီလိုပုဂၢိဳလ္ေတြက ငါတို႔အနီးနားပတ္ဝန္းက်င္မွာ အနည္းနဲ႔အမ်ားေတာ့ရွိမွာပဲေလ စိတ္ထဲမထားေနနဲ႔” လို႔ေျပာကာ အေငြ႕တေထာင္းေထာင္းထေနတဲ့ ထမင္းကိုနယ္ဖတ္ကာစားေနလိုက္တယ္။

ထမင္းစားၿပီးခ်ိန္မွာေတာ့ အိမ္တံခါးေတြလုံမလုံစစ္ၿပီး မိမိတို႔လင္မယားေနတဲ့ အိမ္ေအာက္က အခန္းထဲကိုဆင္းလာတဲ့အခ်ိန္
” ဒုန္း ဒုန္း ဒုန္း ဝုန္း”

” ဟာ အိမ္ေပၚမွာ ဘာေတြျပဳတ္က်ျပန္ပီလဲမသိဘူး.. နားေတာ့ပါမယ္ဆိုမွကြာ”

ကိုေက်ာ္စံက စိတ္မရွည္စြာေရ႐ြတ္လိုက္ၿပီး လက္ထဲကမီးအိမ္ကိုေျမာက္ကာ အိမ္တံခါးကိုဖြင့္ၿပီးအထဲျပန္ဝင္လာခဲ့လိုက္တယ္။

အိမ္ထဲေရာက္လို႔လိုက္ၾကည့္ေတာ့ ပစၥည္းေတြအားလုံးေျခရာလက္ရာမပ်က္ပဲရွိေနတာျမင္လို႔ ငါစိတ္ထင္တာေနမွာပါလို႔ေတြးကာ ျပန္ဆင္းဖို႔အလုပ္ သူ႔အေရွ႕တည့္တည့္မွာရပ္ေနတဲ့ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။

မ်က္ႏွာဖုံးလုမတတ္ရွည္က်ေနတဲ့ဆံပင္ေတြကဖ႐ိုဖရဲ၊ ပုတ္ပြပဲ့က်ေနတဲ့အသားအရည္နဲ႔ သူ႔ကိုရယ္က်ဲက်ဲၾကည့္ေနတာျမင္ေတာ့ ကိုေက်ာ္စံတစ္ေယာက္ ဟန္ပင္မေဆာင္ႏိုင္ပဲ ငယ္သံပါေအာင္ေအာ္ၿပီး ဝ႐ုန္းသုန္းကားထြက္ေျပးပါေလေရာ။ ေၾကာက္လန႔္ေနတဲ့ေဇာနဲ႔ေလွကားထစ္ေတြကို ေက်ာ္ၿပီးေျပးဆင္းမိတဲ့အတြက္ ေျခေခ်ာ္ၿပီးအိမ္ေအာက္ကို ဒလိမ့္ေခါက္​ေကြးျပဳတ္က်ကာ သတိလစ္သြားခဲ့တယ္။
++++++++++
” ေက်ာ္စံ .. သတိထားဦး.. ေက်ာ္စံ”

အသံေတြက ေဝးလာလိုက္ နီးလာလိုက္ျဖစ္ေနသလို ခံစားေနရၿပီး ခႏၶာကိုယ္က ေလထဲလြင့္ေနသလိုျဖစ္ေနခဲ့တယ္။ အဲဒီအခ်ိန္ အိမ္ေခါင္မိုးအေပၚကေန ဝါက်င္ေနတဲ့သြားတြ ေပၚေအာင္ထိုင္ရီေနတဲ့မိန္းမတစ္ေယာက္ကိုဖ်တ္ခနဲေတြ႕လိုက္ရတဲ့အတြက္ ေက်ာ္စံတစ္ေယာက္ အလန႔္တၾကားေအာ္ကာ သတိျပန္ရလာခဲ့တယ္။

သူ႔ေဘးမွာေတာ့ ဦးေလးဟန္ၾကည္အျပင္ အျခားလူေတြပါ ဝိုင္းအုံေနတာကို သတိထားမိခဲ့တယ္။

” ေက်ာ္စံ… ဘယ္လိုျဖစ္တာလဲ…”

” ဦးေလး… အိမ္ေပၚမွာ သရဲ သရဲရွိတယ္… ဆံပင္ဖားလ်ားခ်ၿပီး ပုတ္ပြေနတဲ့အသားစေတြက ၾကမ္းျပင္ေပၚကိုတစ္ဖတ္ခ်င္းက်ေနတာ ကြၽန္ေတာ္ ကြၽန္ေတာ္ တစ္သက္မွာတစ္ခါမွမျမင္ဖူးဘူး”

” စိတ္ေအးေအးထားစမ္း… ဒီကိစၥကို ငါကိုယ္တိုင္ေျဖရွင္းေပးပါမယ္”

” ကြၽန္ေတာ္က ေတာ္႐ုံမေၾကာက္တတ္တဲ့သူပါ ဦးေလးရယ္၊ အခုဟာက တကယ့္ကိုေသြးပ်က္ေအာင္ ေျခာက္လွန႔္တာ”

” ငါသိပါတယ္ကြာ… ခဏေန ႐ြာဦးေက်ာင္းသြားၿပီး ဆရာေတာ္နဲ႔တိုင္ပင္လိုက္ပါမယ္၊ မင္းလဲ သက္ေတာင့္သက္သာနားလိုက္ဦး”

ဦးဟန္ၾကည္က ေက်ာ္စံကို အားေပးၿပီး သာဒြန္းေနတဲ့အိမ္ဘက္ကိုထြက္လာခဲ့လိုက္တယ္။
” ကိုငယ္ေလး… သာဒြန္းအေျခအေနဘယ္လိုေနေသးလဲ”

” ေဟာ ကိုဟန္ၾကည္ပါလား.. က်ဳပ္တူအေျခအေနသိခ်င္ရင္ အိမ္ထဲဝင္ၾကည့္ပါဗ်ာ”

ဦးဟန္ၾကည္လဲ အိမ္ေပၚကိုတက္လာၿပီးၾကည့္လိုက္ရာ အိမ္ေထာင့္ေလးမွာ တုန္တုန္ရီရီနဲ႔ ငုတ္တုတ္ထိုင္ေနတဲ့ သာဒြန္းကိုျမင္လိုက္ရတယ္။

” သာဒြန္း… မင္း ဘာျဖစ္ေနတာလဲ”

” သရဲမ သရဲမ ၿခံထဲမွာရွိတယ္… နီရဲေနတဲ့မ်က္လုံးေတြက ေၾကာက္စရာႀကီး .. သြား သြား ငါ့အနာယမလာနဲ႔ သြားၾက သြားၾက”

သာဒြန္းက ဦးဟန္ၾကည္ကိုေတာင္ မသိေတာ့ပဲ ေၾကာက္လန႔္တၾကားျဖစ္ေနတာျမင္ေတာ့ စိတ္ထဲမေကာင္းျဖစ္သြားၿပီး အိမ္ေအာက္ကိုျပန္ဆင္းလာခဲ့လိုက္တယ္။

” ကိုငယ္ေလး… ဒါက သာဒြန္းအတြက္ လိုအပ္တာသုံးဖို႔ေပးတာပါ၊ က်ဳပ္ကိစၥလုပ္ေပးေနရင္းျဖစ္သြားတဲ့အတြက္ က်ဳပ္မွာတာဝန္ရွိတယ္မဟုတ္လား”

” ေက်းဇူးတင္ပါတယ္ဗ်ာ.. ဒါနဲ႔ ေက်ာ္စံတစ္ေယာက္လဲ သာဒြန္းလိုျဖစ္သြားတယ္ၾကားမိလိုက္တယ္”

” ဟုတ္တယ္ ကိုငယ္ေလးေရ.. ဒါေၾကာင့္ ဒီကေနျပန္ရင္ ဘုန္းႀကီးေက်ာင္းခဏဝင္ၿပီးတိုင္ပင္ၾကည့္ပါဦးမယ္”

ဦးဟန္ၾကည္လဲ ကိုငယ္ေလးကိုႏႈတ္ဆက္ကာ ဘုန္းႀကီးေက်ာင္းဘက္ကိုဆက္ထြက္လာခဲ့လိုက္တယ္။ ေက်ာင္းေရာက္ေတာ့ ဆရာေတာ္မရွိတာမို႔ တိုက္အုပ္ကိုယ္ေတာ္ေလးကိုအက်ိဳးအေၾကာင္းေျပာကာ မနက္ျဖန္ ပရိတ္ကမၼဝါ႐ြတ္ဖတ္ဖို႔အတြက္ ေလ်ာက္တင္ခဲ့တယ္။

တိုက္အုပ္ကိုယ္ေတာ္ေလးကလဲ အသက္ငယ္တာကတစ္ေၾကာင္း အခုလိုအျဖစ္မ်ိဳးကိုစိတ္ဝင္စားတာေၾကာင့္ ခ်က္ခ်င္းလက္ခံကာ လိုအပ္တာေတြျပင္ဆင္ထားဖို႔ မိန႔္ၾကားခဲ့တယ္။

ဦးဟန္ၾကည္လဲ အိမ္ျပန္ေရာက္တာနဲ႔ ပရိတ္အိုးေတြနဲ႔ လႉဖြယ္ပစၥည္းေတြကိုျပင္ဆင္ၿပီး ေနာက္တစ္ေန႔ ေရာက္မယ့္အခ်ိန္ကို အားတက္သေရာ ေစာင့္ေမွ်ာ္ေနလိုက္တယ္။

ညဘက္ေရာက္ေတာ့ အလုပ္သမားေတြအကုန္ အိမ္ေပၚမွာလာအိပ္ေပးၾကတဲ့အတြက္ ဦးဟန္ၾကည္တစ္ေယာက္အနည္းငယ္စိတ္သက္သာရာရခဲ့တယ္။ ဒီလိုနဲ႔ ညသန္းေခါင္အခ်ိန္ေရာက္ေတာ့

” ကြၽီ…. ကြၽီ”

စကားေျပာေနရင္း ၾကားလိုက္ရတဲ့အသံေၾကာင့္ ဦးဟန္ၾကည္အပါအဝင္ အျခားသူေတြပါ ေခါင္းေတြေထာင္လာခဲ့တယ္။

” ဘီဒိုကိုတြန္းေနတဲ့အသံလိုပဲ… ဘယ္နားကထြက္လာတာလဲ သတိထားမိလား”

” အိမ္ခန္းထဲကျဖစ္ႏိုင္တယ္ဦးေလး… အသံကအဲဒီဘက္ကထြက္လာတာ”

ဖိုးစိန္စကားကို က်န္တဲ့သူေတြအားလုံး လက္ခံကာ ထိုင္ေနရာကေန အသာထၿပီး အိမ္ခန္းထဲကိုေခ်ာင္းၾကည့္လိုက္ရာ အဝတ္ထည့္ထားတဲ့ ဘီဒိုက အေကာင္အထည္မျမင္ရပဲ တကြၽီကြၽီနဲ႔ ေ႐ြ႕ေနတာကိုျမင္လိုက္ရတယ္။

” ဦးေလး ဒီကိုလာၾကည့္ဦး.. ဗီဒိုက သူ႔အလိုလိုေ႐ြ႕ေနတယ္ဗ်”

ဖိုးစိန္အသံေၾကာင့္ အိမ္ေရွ႕မွာရွိေနတဲ့သူေတြအားလုံး အခန္းထဲေရာက္လာၾကတဲ့ခ်ိန္မွာေတာ့ ဘီဒိုက မလႈပ္ရွားေတာ့ေပ။

” ငါ့အိမ္က ဘယ္လိုျဖစ္တာလဲကြာ… အရင္က ဒီလိုမ်ိဳးတစ္ခါမွမျဖစ္ဘူးပါဘူး”

” ဦးေလး.. ဒါက မေကာင္းတဲ့ပညာနဲ႔တိုက္ထားတာ ျဖစ္ႏိုင္တယ္ေနာ္”

” ေဟ့ေကာင္ရ.. ငါက ဘယ္သူကိုဒုကၡေပးေနလို႔ ဘယ္သူက ငါ့ကိုမေကာင္းႀကံရတာလဲ”

” ဒါေတာ့ မသိဘူးေလ ဦးေလးရယ္၊ ေလာကမွာ ကိုယ့္ကိုမနာလိုတဲ့သူက ရွိစၿမဲမဟုတ္လား”

” ဟင္း… ဒီညေတာ့ မင္းတို႔အားလုံးမအိပ္ၾကနဲ႔ေတာ့၊ အားလုံးအိပ္ေနရင္ ဘာ​ေတြထပ္ျဖစ္မယ္ ဆိုတာေတြးလို႔ရတာမဟုတ္ဘူး”

ဦးဟန္ၾကည္စကားေၾကာင့္ အေဖာ္လုပ္ေပးေနၾကတဲ့သူေတြအားလုံး မအိပ္ၾကေတာ့ပဲ တစ္ညလုံး စကားေျပာကာ ထိုင္ေစာင့္ေနခဲ့လိုက္တယ္။ တစ္ညလုံး အိမ္ကိုခဲနဲ႔ေပါက္လိုက္၊ အပုတ္နံ႔ေပးလိုက္၊ ပစၥည္းေတြေ႐ြ႕လိုက္နဲ႔ ဒုကၡေပးေနခဲ့ရာ အ႐ုဏ္တက္ခ်ိန္ေရာက္မွ ၿငိမ္သြားခဲ့တယ္။

သံဃာေတာ္ေတြႂကြလာတဲ့အခ်ိန္မွာေတာ့ အိမ္ေနာက္ေဖးမွာရွိတဲ့ ဒန္အိုးေတြက ေလမတိုက္ပဲ ျပဳတ္က်ကုန္တဲ့အတြက္ ဦးဇင္းငယ္ေလးေတြအကုန္ မ်က္စိမ်က္ႏွာပ်က္သြားခဲ့တယ္။ ဒါေပမယ့္ စီစဥ္ၿပီးသားမို႔ လုပ္ထုံးလုပ္နည္းအတိုင္း ပရိတ္ကမၼဝါ႐ြတ္ဖတ္ခဲ့ရာ တစ္ဝက္ေလာက္အေရာက္မွာေတာ့ အလြန္နံေစာ္တဲ့ တံေတြးေတြက တရားနာပရိတ္သတ္ေတြအေပၚ က်လာတဲ့အျပင္ ကုလားထိုင္ေတြက လူမရွိပဲ တကြၽီကြၽီနဲ႔ေ႐ြ႕လ်ားလာတာေၾကာင့္ ဦးဇင္းငယ္ေတြအပါအဝင္ ပရိတ္သတ္ေတြပါ ထေျပးရတဲ့အဆင့္ထိျဖစ္ခဲ့ရတယ္။

လူေတြအကုန္အိမ္ေအာက္ေရာက္ခ်ိန္မွာေတာ့ ပရိတ္အိုးေတြေရာ လႉဖြယ္ပစၥည္းေတြပါ ျပဴတင္းေပါက္ကေန လႊင့္ထြက္လာသလို က်ယ္ေလာင္တဲ့ ေတာက္ခတ္သံေတြကိုလဲ ၾကားလိုက္ရတယ္။

တစ္သက္နဲ႔တစ္ကိုယ္ တစ္ခါမွမႀကဳံဖူးတဲ့ျဖစ္စဥ္ေၾကာင့္ ဦးဟန္ၾကည္ေရာ ႐ြာသားေတြပါ ထိတ္လန႔္သြားခဲ့​ၿပီး အိမ္မွာဆက္မေနရဲၾကေတာ့ေပ။

႐ြာသားေတြအေနနဲ႔ ညဘက္ေတြဆိုရင္ အိမ္ထဲမွာ လမ္းေလ်ာက္ေနတဲ့မိန္းမတစ္ေယာက္ကို ျမင္ေတြ႕ၾကရသလို ပစၥည္းေတြကိုေဒါသတစ္ႀကီးပစ္ခ်ေသာင္းက်န္းေနတဲ့အသံေတြကိုလဲၾကားခဲ့ၾကတယ္။

ဒီလိုနဲ႔ ႏွစ္ရက္ေလာက္ၾကာေတာ့ ဦးဟန္ၾကည္နဲ႔ စံလွတို႔လဲ ဆရာေတာ္ကိုၿမိဳ႕တက္ၿပီး ပင့္ဖို႔႐ြာကေန ထြက္လာခဲ့လိုက္တယ္။ လမ္းတစ္ဝက္ေရာက္ေတာ့ ေနကလဲတည့္ေနၿပီမို႔ ပါလာတဲ့ ထမင္းထုပ္ေတြကို အရိပ္ရသစ္ပင္ေအာက္မွာဖြင့္စားေနတဲ့ခ်ိန္ မလွမ္းမကမ္းလယ္ကြင္းထဲကေန ႐ုတ္႐ုတ္သဲသဲျဖစ္လာတာေၾကာင့္ စံလွက ထမင္းစားေနတာကိုလက္စသတ္လိုက္ၿပီး လူေတြအုံေနတဲ့ဘက္ကို ထြက္သြားခဲ့လိုက္တယ္။

” ပိုးထိတာအေတာ္ၾကာေနၿပီလား…”

” တစ္နာရီေလာက္ေတာ့ရွိၿပီ… အခုၿမိဳ႕ကိုသြားဖို႔ ထမ္းဆင္နဲ႔သယ္လာတာပါ”

” ဒီပုံတိုင္းဆိုရင္ လူနာက ၿမိဳ႕မေရာက္ခင္ အသက္ဆုံးမွာပဲ… လူနာကို အပင္ေအာက္ေခၚလာခဲ့”

ရွည္လ်ားတဲ့ဆံပင္ကို ေသသပ္စြာစည္းေႏွာင္ထားတဲ့ လူက ပိုးထိလူနာကိုသစ္ပင္ေအာက္မွာ ခ်ခိုင္းၿပီး ခႏၶာကိုယ္ကိုစမ္းသပ္လိုက္တယ္။

” အခ်ိန္မွီေသးတယ္… ေမာင္ေကာင္း… ေရတစ္ခြက္ ယူလာခဲ့”

” ဆရာ ဒီနားမွာ ေရနဲ႔တူတာဆိုလို႔ ဘာမွမရွိဘူး… ဘယ္လိုလုပ္ရမလဲ”

လယ္ကြင္းျပင္စပ္မွာျဖစ္ေနတာေၾကာင့္ ေရအိုးစင္တစ္လုံးမွမရွိတဲ့အတြက္ အခက္ေတြ႕ေနတဲ့အခ်ိန္

” ခဏေလး ခဏေလး က်ဳပ္တို႔လွည္းမွာ ေသာက္ေရေတြပါလာတယ္၊ က်ဳပ္သြားယူေပးမယ္”

စံလွက လွည္းဆီကိုအေလာတႀကီးေျပးကာ ပါလာတဲ့ ေရဘူးနဲ႔ခြက္ကိုယူလာေပးခဲ့တယ္။

ဆရာျဖစ္ဟန္တူတဲ့သူက ေရရတာနဲ႔ ခြက္ထဲကိုထည့္ပီး ႏႈတ္ကေန ဂါထာတစ္ပုဒ္ကို တတြတ္တြတ္႐ြတ္ဆိုတာ လက္ညိဳးနဲ႔ေမႊေနခဲ့တယ္။ ၿပီးတာနဲ႔ ေခါင္္္္းကေန ​ေျခဖ်ားအထိကို ညာဘက္လက္ဝါးနဲ႔ ခပ္နာနာေလးသပ္ခ်လိုက္ရာ အစြယ္ေပါက္ထဲကေန မဲညစ္ညစ္​ေသြးပုတ္ေတြ စီးက်လာၿပီး လူနာက တအင္းအင္းနဲ႔သတိျပန္လည္လာခဲ့တယ္။

” သတိျပန္ရလာၿပီ သတိျပန္ရလာၿပီဟ… ”

လူအုပ္ႀကီးရဲ႕ ေအာ္သံကိုၾကားေတာ့ ဆရာျဖစ္သူက ေခါင္းကိုခါယမ္းလိုက္ၿပီး

” ေႁမြဆိပ္ထြက္သြားတာမွန္ေပမယ့္ အထဲမွာ တစ္ခုခုက်န္ေနေသးတယ္… လူနာကို ဘယ္သူမွမထိနဲ႔ဦး” လို႔ေျပာကာ အစြယ္ေပါက္ေနရာကို လက္နဲ႔အုပ္ၿပီး အႀကိမ္ေပါင္းမ်ားစြာသပ္ခ်လိုက္ရာ ဆန္ေစ့ႏွစ္ေစ့အ႐ြယ္ရွိတဲ့ အစြယ္က အေပါက္ထဲကေန ေလာက္တစ္ေကာင္လို လူးလြန႔္ၿပီးထြက္လာခဲ့တယ္။

” ဒါ ဒါ ေႁမြစြယ္မဟုတ္လား… ဒီေကာင္ကအထဲမွာက်န္ေနတာလား”

” ဟုတ္တယ္… ေပါက္လိုက္တဲ့အခ်ိန္ အစြယ္ထိပ္ပိုင္းေလးက်ိဳးၿပီး အထဲမွာက်န္ေနတာ၊ ဒါကိုမသိပဲထလိုက္မယ္ဆိုရင္ လူနာက ေႁမြဆိပ္တပ္တက္ၿပီး အသက္အႏၲရာယ္စိုးရိမ္ႏိုင္တယ္၊ အခုေတာ့ စိုးရိမ္စရာမလိုေတာ့ပါဘူး… လူနာကို ေရမန္းေလးတိုက္လိုက္ပါဦး”

ေရမန္းေသာက္ၿပီးခ်ိန္မွာေတာ့ ျပာႏွမ္းေနတဲ့ ႏႈတ္ခမ္းဖ်ားက ေသြးေရာင္အနည္းငယ္သမ္းလာၿပီး လႈပ္လႈပ္ရွားရွားျဖစ္လာခဲ့တယ္။

” ေတာ္ေသးပါရဲ႕ဗ်ာ… ဆရာနဲ႔ေတြ႕လို႔သာပဲ၊ မဟုတ္ရင္ ဒုကၡေရာက္ၿပီ”

” ဒီလိုလဲမဟုတ္ပါဘူးဗ်ာ… ဒီေနရာက က်န္းမာေရးဌာနနဲ႔ေဝးလို႔ က်ဳပ္က ကုေပးလိုက္တာပါ၊ က်န္းမာေရးဌာနနဲ႔ နီးတဲ့ေနရာဆိုရင္ေတာ့ က်ဳပ္က အဲဒီကိုပဲသြားခိုင္းမွာ”

” ဟင္… ဘာျဖစ္လို႔လဲဆရာ….”

” အခ်ိဳ႕အရာေတြက တစ္သမတ္ထဲယုံလို႔မရဘူးေလ၊ ေႁမြဆိပ္ေျဖေဆးရွိတဲ့ က်န္းမာေရးဌာနနဲ႔ နီးပါလ်က္နဲ႔ မန္းမႈတ္ေပးမယ့္ ဆရာကိုလိုက္ရွာတာမ်ိဳးက မျဖစ္သင့္ဘူးမဟုတ္လား”

ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားနဲ႔ေျပာေနတဲ့သူကိုၾကည့္ၿပီး စံလွတစ္ေယာက္ သေဘာက်ကာ အနားကိုကပ္သြားခဲ့လိုက္တယ္။

” ဆရာတို႔အခ်ိန္ရရင္ က်ဳပ္တို႔လွည္းဆီကို ေခတၱႂကြေပးလို႔ရမလား”

” ဘာအေရးကိစၥမ်ားရွိလို႔လဲဗ်”

” ကိစၥကေတာ့ ႀကီးတယ္ဆရာ.. ေသခ်ာေလးေျပာျပမွရမွာမို႔လို႔ပါ၊ ဆရာ ေႁမြဆိပ္ကုတာျမင္ၿပီး ေလးစားအားကိုးတဲ့စိတ္ေတြျဖစ္လာလို႔ အကူညီေတာင္းမိတာပါ”

” ေကာင္းၿပီေလ.. က်ဳပ္တို႔လိုက္ခဲ့ေပးပါမယ္”
စံလွလဲ ပိုးထိလူနာရွင္ေတြေက်းဇူးတင္စကားေျပာၿပီးတဲ့ထိေစာင့္ကာ လွည္းဆီကိုေခၚလာခဲ့လိုက္တယ္။
++++++

” ေဟ့ေကာင္ စံလွ… ေရတစ္ဘူးယူၿပီးထြက္သြားတာ အခုမွျပန္ေရာက္လာရသလား၊ ၿမိဳ႕ေပၚတက္ဖို႔ ေနာက္က်ေနပါတယ္ဆိုမွ”

” ဦးေလးကလဲ ေျပာမယ္ဆိုတာႀကီးပဲ… ကြၽန္ေတာ္က ဆရာေတြကိုပင့္ေနလို႔ နည္းနည္းၾကာေနတာပါ”

” ဘယ္ကဆရာေတြလဲ… မင္း ဘာေတြေလ်ာက္လုပ္လာျပန္တာလဲကြာ”

ဦးဟန္ၾကည္စကားေၾကာင့္ စံလွက အားတုံ႔အားနာမ်က္ႏွာနဲ႔
” ဦးေလးက မသိလို႔ေျပာမိတာပါ ဆရာတို႔ရယ္ စိတ္မဆိုးၾကပါနဲ႔…”

” ရပါတယ္ဗ်ာ … စိတ္မဆိုးပါဘူး၊ ဒါနဲ႔ က်ဳပ္တို႔ကိုေျပာမယ့္ကိစၥဆိုတာ ဘာမ်ားလဲဗ်”

စံလွလဲ ဦးဟန္ၾကည္အိမ္မွာ​ျဖစ္ပ်က္ေနတဲ့ ကိစၥေတြကို အေသးစိတ္ေျပာျပလိုက္ရာ

” အရင္ကမ​ျဖစ္ခဲ့ပဲ ခ်က္ခ်င္းထ​ျဖစ္တာဆိုေတာ့ သာမန္အစြဲေတာ့မျဖစ္ႏိုင္ဘူး… ဒါေပမယ့္ အိမ္ပိုင္ရွင္က သေဘာတူညီတယ္ဆိုမွ က်ဳပ္တို႔လိုက္ခဲ့ေပးပါမယ္”

ဦးဟန္ၾကည္လဲ အဲဒီေတာ့မွ စံလွေခၚလာတာ ပေယာဂကုတဲ့ဆရာေတြမွန္းသေဘာေပါက္သြားၿပီး

” ဆရာေလးတို႔ကို မယုံလို႔ေျပာတာမဟုတ္ပါဘူး… က်ဳပ္တို႔က ၿမိဳ႕တက္ၿပီး ဆရာေတာ္ကိုပင့္ဖို႔စိတ္ေလာေနတာေၾကာင့္ ဘယ္သူ ဘယ္ဝါဆိုတာ မေမးမိလိုက္တာပါ၊ က်ဳပ္ေတာင္းပန္ပါတယ္ဗ်ာ”

” ဒါနဲ႔ ႐ြာမွာက သံဃာေတာ္ေတြမက်န္ခဲ့ဘူးလား… ဒီလိုျဖစ္ရပ္ေတြက ပဗၺာဇနိယကမၼဝါနဲ႔ေမာင္းထုတ္လို႔ရတယ္ေလ”

” ဆရာေတာ္ႀကီးက ၿမိဳ႕ေပၚႂကြသြားလို႔ ကိုယ္ေတာ္ငယ္ေလးေတြနဲ႔ ႐ြတ္တာ ေျဗာင္းဆန္ေအာင္ေသာင္းက်န္းလို႔ အကုန္ထေျပးၾကရတယ္”

” တကယ့္ေထရ္ႀကီးဝါႀကီး သံဃာေတြ႐ြတ္ရင္ နတ္ဘီလူးေတြေတာင္ ထြက္ေျပးၾကရလို႔ ဝိနည္းေရွာင္တဲ့ သံဃာအေတာ္မ်ားမ်ားက ပဗၺာဇနိယကမၼဝါစာကို မ႐ြတ္ဖတ္ၾကဘူး”

” ကမၼဝါဆိုရင္ တစ္မ်ိဳးထဲပဲထင္ေနတာ… အဲလိုမဟုတ္ဘူးလား”

” ဘယ္ဟုတ္မလဲ… အနန္တရာယိကကမၼဝါစာနဲ႔
ပဗၺာဇနိယကမၼဝါစာေတြကို လူေတြအတြက္သုံးၿပီး အျခားကမၼဝါစာေတြကိုေတာ့ ရဟန္းတက္တဲ့အခါ သိမ္ႏႈတ္သိမ္သမုတ္တဲ့အခါေတြမွာသုံးၾကတယ္”

” ဒါဆို ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ရမလဲ… ဆရာတို႔အေနနဲ႔ ကူညီႏိုင္တယ္ဆိုရင္ ကူညီေပးပါဗ်ာ”

” ကာယကံရွင္ကိုယ္တိုင္ လိုလိုလားလားနဲ႔ ေျပာလာေတာ့လဲ ကူညီေပးရတာေပါ့”

” ေက်းဇူးတင္ပါတယ္ဗ်ာ က်ဳပ္နာမည္က ဟန္ၾကည္လို႔ေခၚပါတယ္၊ သူကေတာ့ စံလွပါ”

” က်ဳပ္နာမည္က ေအာင္ျမတ္သာပါ၊ ဒီႏွစ္ေယာက္က ေမာင္ေကာင္းနဲ႔ ခြန္းလွလို႔ေခၚပါတယ္”

” ဟုတ္ကဲ့ဆရာ … ဒါျဖင့္ လွည္းေပၚတက္ပါဦး”

” ဦးေလးတို႔႐ြာနာမည္က ဘာလဲဗ်… က်ဳပ္တို႔ ေရွ႕က႐ြာထဲခဏဝင္စရာရွိလို႔ ၿပီးတာနဲ႔ လိုက္လာခဲ့ပါမယ္”

” က်ဳပ္တို႔႐ြာနာမည္က ကုန္းျမင့္သာ႐ြာလို႔ေခၚပါတယ္၊ ဆရာေလးတို႔က ဘယ္႐ြာကိုသြားမွာလဲ က်ဳပ္တို႔လိုက္ပို႔​ေပးမယ္ေလ”

” က်ဳပ္တို႔က ေယာင္ေဗြ႐ြာကိုသြားမလို႔ပါ…လိုက္ပို႔လို႔အဆင္ေျပပါ့မလား”

” ေယာင္ေဗြ႐ြာဆိုတာ တစ္ခါမွလဲမၾကားဖူးဖူး… စံလွ မင္းေရာသိလား”

” ဟအင္း အခုမွပဲၾကားဖူးတာ”

” ထားပါဗ်ာ … ညေန ေနမဝင္ခင္ က်ဳပ္တို႔အေရာက္လာခဲ့ပါမယ္”

ေအာင္ျမတ္သာတို႔လဲ ဦးဟန္ၾကည္တို႔ကို ႏႈတ္ဆက္​ၿပီး ေယာင္ေဗြ႐ြာဘက္ကို ထြက္သြားခဲ့ၾကတယ္။
++++++
” ဟဲ့ … ဟဲ့… ရႉး…. ဒီေကာင္ကြာေပကပ္ကပ္နဲ႔”
စံံံလွက ႏြားဇက္ႀကိဳးကိုဆြဲၿပီး ႐ြာလမ္းမထဲကို ေကြ႕လိုက္တဲ့အခ်ိန္ ဝါး႐ုံတန္းေဘးမွာ မတ္တပ္ရပ္ေနၾကတဲ့ လူသုံးေယာက္ကိုျမင္လိုက္ရတယ္။

” ဦးေလး… ဟို ဟိုမွာ ဆရာေတြေရာက္ေနၾကပါလား… ”

စံလွစကားေၾကာင့္ ဦးဟန္ၾကည္က ေခါင္းေထာင္ၾကည့္လိုက္ၿပီးမွ လွည္းေအာက္ကိုဆင္းၿပီး

” ဆရာတို႔ ဘယ္လမ္းကေနမ်ား လာလိုက္ၾကတာလဲ၊ ျမန္လိုက္တာဗ်ာ”

” ေယာင္ေဗြ႐ြာက မိတ္ေဆြေတြ ျဖတ္လမ္းကေန လိုက္ပို႔​ေပးလို႔ ေရာက္လာၾကတာပါ… ကဲ ေရွ႕ကေန ေျဖးေျဖးေမာင္းသြားပါ၊ က်ဳပ္တို႔လိုက္လာခဲ့ပါ့မယ္”

ဦးဟန္ၾကည္တို႔လဲ ေအာင္ျမတ္သာတို႔ကို အံ့ဩတဲ့မ်က္လုံးေတြနဲ႔ၾကည့္​ၿပီး ေခတၱတည္းတဲ့အိမ္ဘက္ကိုေမာင္းထြက္လာခဲ့လိုက္တယ္။

ေအာင္ျမတ္သာတို႔လဲ လွည္းအေနာက္ကေန ခပ္ခြာခြာလိုက္လာခဲ့ရာ အိမ္တစ္လုံးေရွ႕ေရာက္ေတာ့ ႏြားလွည္း​က တုံ႔ခနဲရပ္လိုက္ၿပီး

” ဒီအိမ္ပဲဆရာေရ… က်ဳပ္တို႔ျဖင့္ အထဲမဝင္ရဲလို႔ ဒီတိုင္းပစ္ထားရတာ”

” က်ဳပ္တို႔ဒီည ဒီအိမ္မွာပဲအိပ္လိုက္ပါမယ္”

” ဆရာေလးတို႔ အဆင္ေျပပါ့မလား… စားဖို႔ေသာက္ဖို႔အတြက္က ဘယ္လိုစီစဥ္ေပးရပါ့မလဲ”

” က်ဳပ္တို႔က မီးလြတ္အဓိဌာန္စားေနတာမို႔ အသီးအႏွံအခ်ိဳ႕ရွိရင္ရပါၿပီ”

” ဒါျဖင့္ ခဏေန က်ဳပ္တို႔လာပို႔ေပးပါမယ္၊ စံလွေရ ဆရာေလးတို႔လိုအပ္တာခိုင္းဖို႔ မင္းလိုက္ေနေပးလိုက္ဦး”

ဦးဟန္ၾကည္စကားေၾကာင့္ စံလွမ်က္ႏွာ ပ်က္သြားတာျမင္တဲ့ ေအာင္ျမတ္သာက
” ေနပါေစဗ်ာ… က်ဳပ္တို႔သုံးေယာက္နဲ႔အဆင္ေျပပါတယ္၊ စိတ္မပူပါနဲ႔” လို႔ေျပာကာ ေစ့ထားတဲ့ၿခံတံခါးကို တြန္းဖြင့္ၿပီးအထဲဝင္သြားလိုက္တယ္။

ၿခံထဲကိုေျခခ်တာနဲ႔ ညႇီစို႔စို႔ေသြးနံ႔က ႏွာေခါင္းထဲစူးခနဲဝင္လာတာေၾကာင့္ မ်က္လႊာကိုပင့္ၿပီးၾကည့္လိုက္ရာ ပြင့္ေနတဲ့ျပဴတင္းေပါက္မွာ ေက်ာေပးၿပီးရပ္ေနတဲ့ မိန္းမတစ္ေယာက္ရဲ႕ေနာက္ေက်ာကို ျမင္လိုက္ရတယ္။

ေမာင္ေကာင္းနဲ႔ခြန္းလွကေတာ့ ၿခံပတ္ပတ္လည္ကိုလိုက္ၾကည့္ရင္း တစ္ေနရာအေရာက္မွာေတာ့

” ဆရာ ၿခံေရာအိမ္ကိုပါတိုက္ထားတဲ့ပုံပဲ… ၿခံထဲမွာလဲ အပုတ္နံ႔ေတြရေနတယ္”

” ေမာင္ေကာင္းေျပာတာျဖစ္ႏိုင္တယ္၊ ခြန္းလွက​ေရာ ဘယ္လိုျမင္လဲ”

” ကြၽန္ေတာ္အျမင္ေျပာရရင္ ေသြးညႇီနံ႔ေရာ အပုတ္နံ႔ပါတြဲလ်က္ရတယ္ဆိုေတာ့ အစိမ္းတိုက္လို႔ျမင္မိတယ္”

ေအာင္ျမတ္သာတို႔ ၿခံထဲမွာစကားေျပာေနတဲ့ခ်ိန္ စံလွတစ္ေယာက္ ဆြဲျခင္းတစ္လုံးနဲ႔ေရာက္လာၿပီး

” ဆရာေလးတို႔စားဖို႔ အသီးအႏွံေတြလာပို႔ေပးတာပါ၊ ဟိုေလ အိမ္ထဲမွာ ဘာျမင္လဲဆရာ”

” မိန္းမတစ္ေယာက္ ရွိေနတယ္လို႔ေတာ့ခံစားမိတယ္၊ ဘာျဖစ္လို႔လဲ”

” မွန္လိုက္တာဆရာရယ္… သူ႔ေၾကာင့္ သာဒြန္းနဲ႔ ေက်ာ္စံတို႔ႏွစ္ေယာက္ ႐ူးသလိုေၾကာင္သလိုျဖစ္ေနတာ၊ ဒါၿပီးရင္ သူတို႔ကိုလဲၾကည့္ေပးပါဦးဆရာရယ္”

” ဒီကိစၥရွင္းၿပီးတာနဲ႔ က်န္တဲ့သူေတြအလိုလိုေကာင္းသြားပါလိမ့္မယ္၊ သိပ္လဲစိတ္မပူပါနဲ႔”

” ဟုတ္ကဲ့ဆရာ… အိမ္ေပၚမွာေတာ့ ဖေယာင္းတိုင္ေတြ မီးျခစ္ေတြလဲရွိတယ္ဆရာ၊ အိပ္ယာေတြကေတာ့ အိမ္ခန္းထဲမွာ ရွိပါတယ္”

ေအာင္ျမတ္သာလဲ စံလွဆီက အသီးအႏွံျခင္းကိုယူကာ ျပန္နားဖို႔ေျပာၿပီး အိမ္ေပၚကို တက္လာခဲ့လိုက္တယ္။

အိမ္ေပၚကိုေရာက္တာနဲ႔ ဝုန္းဒိုင္းက်ဲတဲ့အသံေတြ စတင္ၾကားလိုက္ရၿပီး အိမ္နံရံကိုလက္နဲ႔ပုတ္တဲ့အသံေတြကိုလဲတစ္ဆက္ထဲၾကားလိုက္ရတယ္။

ေအာင္ျမတ္သာကေတာ့ အသံၾကားတဲ့ဘက္ကို ဂ႐ုမစိုက္ပဲ ဖုန္ေတြတက္ေနတဲ့ ဘုရားေက်ာင္းေဆာင္ကို သန႔္ရွင္းေရးလုပ္ကာ ဖေယာင္းတိုင္မီးငါးတိုင္ပူေဇာ္လိုက္တယ္။

ဘုရားမီးပူေဇာ္ၿပီးတဲ့ခ်ိန္ေရာက္မွ အသံဗလံေတြၿငိမ္သက္သြားၿပီး အိမ္ေနာက္ေဘးဘက္ကိုဆင္းေျပးတဲ့ေျခသံတစ္ခုကို အရွင္းသားၾကားလိုက္ရတယ္။

” ဆရာ… ဟိုေကာင္ေျပးပီးထင္တယ္… ဘယ္လိုလုပ္ရမလဲ”

” လႊတ္ထားေပးလိုက္ပါဦး… ခဏေနလို႔ အမိန႔္ျပန္ၿပီးေခၚရင္ စၾကာဝဠာတံတိုင္းအျပင္ဘက္ေရာက္ေနတာေတာင္ ေရာက္ေအာင္လာရလိမ့္မယ္”

ေအာင္ျမတ္သာကစကားဆုံးတာနဲ႔ ဘုရားေက်ာင္းေဆာင္ေရွ႕မွာသီလခံယူၿပီး ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ကိုလဲ သီလယူေစခဲ့တယ္။ ၿပီးတာနဲ႔ အထက္ဆရာေတြကိုခြင့္ေတာင္းၿပီး

” ဒီအိမ္ ဒီၿခံကို လူေနလို႔မရေအာင္ ေျခာက္လွန႔္ဖမ္းစားေနတဲ့ ပုဂၢိဳလ္ က်ဳပ္အေရွ႕ကို အေကာင္အထည္လိုက္ေရာက္ေစ၊ အမိန႔္ကို ျငင္းဆန္ခြင့္မရွိေစရ၊ ျငင္းဆန္ၿပီးမလာေရာက္ခဲ့သည္ရွိေသာ္ ခႏၶာကိုယ္တစ္ခုလုံး ေနရာလြတ္မက်န္တဲ့ထိ ပူေလာင္မႈကိုခံစားရေစသား” လို႔အမိန႔္ျပန္လိုက္ရာ အိမ္ေနာက္ေဖးေရကျပင္ကေန ေလးဘက္ေထာက္ၿပီး ဝင္လာတဲ့ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။

ဆံပင္ေတြက မ်က္ႏွာကိုမျမင္ေအာင္ဖုံးကြယ္ထားၿပီး ေကာက္ေကြးေနတဲ့လက္ႏွစ္ဖက္ကိုလိမ္ကာ ေလးဘက္ေထာက္လာေနတဲ့မိန္းမက ေအာင္ျမတ္သာ အေရွ႕လဲေရာက္ေရာ ဆတ္ခနဲထထိုင္ၿပီး ေက်ာေပးထားလိုက္တယ္။

” နင္ ဘယ္သူလဲ… အမွန္တိုင္းေျဖစမ္း”

” ငါ့ ငါ့ နာမည္ ျပဴးစိန္မ”

” ျပဴးစိန္မဆိုရင္ ဘုရားဘက္လွည့္ၿပီး ဦးတိုက္”

” မတိုက္ဘူး… ငါက ဘုရားကိုမၾကည့္ခ်င္ဘူး”

” မင္းက ဘုရားကိုေတာင္မသိတဲ့ထိ မိုက္မဲေနတာကိုး… ကဲ ဆိုင္ရာက ဒီိမိန္းမကိုဆံပင္ကေန ဆြဲကိုင္ပီး ဘုရားဘက္မ်က္ႏွာမူေအာင္ လုပ္ေပးလိုက္”

ေအာင္ျမတ္သာစကားဆုံးတာနဲ႔ ဆံပင္ဦးစဖုတ္က ဆတ္ခနဲေထာင္တက္သြားၿပီး လည္ပင္း႐ိုးေတြပါ တဂြၽတ္ဂြၽတ္ျမည္လာသလိုျဖစ္ကာ ေရွ႕ကို လွည့္လာခဲ့တယ္။

” ဘုရားဦးတိုက္စမ္း… ”

” မတိုက္ဘူး.. လုံးဝမတိုက္ဘူး”

” ဟူး အေတာ္ေခါင္းမာတဲ့သရဲမပဲ… ကဲ မတိုက္ဘူးဆိုေတာ့လဲ ဆင္ပိုင္က ငယ္ထိပ္ကို ေျခနဲ႔နင္းၿပီး ဦးတိုက္ခိုင္းလိုက္”

စကားဆုံးတာနဲ႔ ဦးေခါင္းက ခ်က္ခ်င္းၾကမ္းျပင္ေအာက္ကိုက်ဆင္းလာၿပီး တဒုန္းဒုန္းနဲ႔ေဆာင့္ပါေလေရာ။

” ျပဴးစိန္မ… နင့္ေခါင္းကိုဆင္နဲ႔နင္းေတာ့ မနာဘူးလား”

” နာတယ္… ဒါေပမယ့္ ငါအံႀကိတ္ၿပီးခံထားတယ္၊ နင္တို႔ေရွ႕မွာ ဘယ္ေတာ့မွ မာန္မခ်ဘူးေဟ့”

” အေတာ္ၾကမ္းတဲ့အစိမ္းတိုက္ပါလား… ဒါေၾကာင့္ သာမန္ဦးဇင္းေလးေတြ ထြက္ေျပးရတာကိုး”

ေအာင္ျမတ္သာက တီးတိုးေရ႐ြတ္လိုက္ၿပီး သက္ျပင္းရွည္တစ္ခ်က္ကိုခ်ကာ

” နင္ဒီကိုေရာက္တာ ဘယ္ေလာက္ၾကာေနပီလဲ”

” မေျပာဘူး.. နင္တို႔ေမးတာ ငါမေျဖဘူး”

” ဟင္း.. နင့္ကိုနာက်င္ေအာင္မလုပ္ခ်င္ေပမယ့္.. မလုပ္လို႔မရတဲ့အေျခအေနေရာက္သြားၿပီ၊ အခုကစၿပီး ငါေမးတာကိုအမွန္တိုင္းမေျဖရင္ေတာ့ အသဲခိုက္တဲ့နာက်င္မႈမ်ိဳးခံစားေအာင္လုပ္ေပးမယ္၊ နင္ ဒီကိုဘာရည္႐ြယ္ခ်က္နဲ႔ေရာက္လာတာလဲ”

ေအာင္ျမတ္သာေမးတာကို ဘာမွျပန္မေျပာပဲ ေရငုံႏႈတ္ပိတ္ေနေနတဲ့ သရဲမရဲ႕ကိုယ္က ႐ုတ္တရက္ ဆတ္လနဲေကာ့တက္သြားၿပီး ေလေပၚေျမာက္တက္သြားခဲ့တယ္။

” လွံပိုင္ေတြ လည္ၿမိဳကို လွံတဲ့ေဖာက္ပီး ေလေပၚခ်ိတ္ဆြဲထားၾက၊ ဓါးပိုင္ေတြက ရင္ကိုခြဲၿပီး အသဲကို မႊန္းၾကစမ္း… ”

ျပဴးစိန္မက နာက်င္မႈဒဏ္ကို အံႀကိတ္ခံေပမယ့္ ေနာက္ဆုံးဘယ္လိုမွမခံစားႏိုင္ေတာ့ပဲ အသံနက္ႀကီးနဲ႔ေအာ္ကာ

” ဒီအိမ္နဲ႔ၿခံကို ဘယ္သူမေနရဲေအာင္ လုပ္ခိုင္းထားတာေဟ့… အမေလး ေသရပါခ်ည္ရဲ႕ နာရပါခ်ည္ရဲ႕”

” ဒီအိမ္ကို ဘာနဲ႔တိုက္ထားတာလဲ… ေျပာစမ္း”

” အိမ္နဲ႔ၿခံကို အစိမ္းေသြးနဲ႔တိုက္ထားတာပါ… ငါ့လည္ေခ်ာင္းထဲကထြက္တဲ့ ေသြးနဲ႔တိုက္ထားတာဟဲ့”

” ဒီေန႔ ဒီအခ်ိန္ကစၿပီး နင္နဲ႔ဒီအိမ္နဲ႔က ဘယ္လိုမွမပတ္သတ္ေတာ့ဘူး၊ ဘယ္ေတာ့အခါမွ ဒီေနရာကိုေျခခ်ခြင့္မရွိေစရဘူး ၾကားလား”

” ငါသြားလို႔မရဘူး… ငါ့ကိုခိုင္းထားတဲ့အစီအရင္ကို ဖ်က္စီးမွသြားလို႔ရမယ္…”

” နင့္ကိုဘယ္ေနရာမွာျမဳပ္ထားတာလဲေျပာစမ္း”

” ႏြားၿခံအေနာက္က သရက္ပင္ေအာက္မွာ ရွိတယ္..”

” ေမာင္ေကာင္းနဲ႔ခြန္းလွ သရက္ပင္ေအာက္ကို သြားၿပီး အစီအရင္ရွိမရွိ ၾကည့္ေပး၊ သူလိမ္ေျပာတယ္ဆိုရင္ ဒီထက္ပိုတဲ့ အျပစ္ကိုေပးရလိမ့္မယ္”

ေမာင္ေကာင္းတို႔လဲ ခ်က္ခ်င္းဆိုသလို ဖေယာင္းတိုင္မီးကိုယူၿပီး ႏြားၿခံေနာက္ကိုထြက္သြားခဲ့လိုက္တယ္။ ခဏၾကာေတာ့ ေသြးစြန္းေနတဲ့ထဘီနဲ႔ထုပ္ထားတဲ့အထုပ္တစ္ထုပ္ပါလာခဲ့တယ္။

” ဆရာ သူေျပာတာဟုတ္တယ္… ဒီအထုပ္ကိုဘယ္လိုလုပ္ရမလဲ”

” ေလွကားအတက္ဆင္းမွာ ခဏထားထားဦး၊ သူ႔ကိုေမးစရာရွိေသးတယ္၊ ျပဴးစိန္မ နင့္ကိုဘယ္သူခိုင္းတာလဲ မွန္မွန္ေျဖ”

” ငါမသိဘူး… ငါ့ကိုဒီအိမ္နဲ႔ ဒီၿခံမွာေနရမယ္လို႔ေျပာလို႔လာေနတာ၊ က်န္တာမသိဘူး”

” ဒီေန႔ဒီအခ်ိန္ကစၿပီး နင္နဲ႔ဒီေနရာကမသက္ဆိုင္ေတာ့ဘူး… ဒါေၾကာင့္ နင့္ကိုသင့္ေတာ္တဲ့ေနရာကိုပို႔ေပးမယ္၊ နင္မသြားခင္ ဖမ္းစားထားတဲ့သူေတြကို မိေမြးတိုင္းဖေမြးတိုင္းျဖစ္ေအာင္လုပ္ခဲ့ေပးပါ”

ေအာင္ျမတ္သာက ျပဴးစိန္မကိုေျပာၿပီး စိတ္ထဲကေန တိုင္တည္လိုက္ရာ ပုတီးတစ္ကုံးကိုလည္ပင္းမွာခ်ိတ္ထားတဲ့အဘိုးအိုတစ္ေယာက္ ၿခံတံခါးဝေရွ႕မွာ ေပၚလာခဲ့တယ္။

” အဘိုးနဲ႔နင္လိုက္သြားေပေတာ့… ဟိုေရာက္လို႔ရွိရင္ သူေပးတဲ့ေနရာမွာေအးေအးေဆးေဆးေန၊ ျပႆနာရွာလို႔ကေတာ့ နင့္ကိုငါလဲကယ္ႏိုင္မွာမဟုတ္ဘူး” လို႔ေျပာလိုက္တဲ့အခ်ိန္ ျပဴးစိန္မက မ်က္စိေရွ႕ကေန ေပ်ာက္သြားၿပီး အဘိုးအိုေဘးကိုေရာက္သြားခဲ့တယ္။

” ဆရာ.. ဒီကိစၥက ခုလိုက်ေတာ့လဲ လြယ္သားပဲေနာ္”

” တကယ္ေတာ့ ျပဴးစိန္မက အသုံးခ်ခံရတာ၊ သူ႔ကိုဒီေနရာမွာေနဖို႔ ဖန္တီးတဲ့သူတစ္ေယာက္ရွိဦးမယ္၊ ဒါကလဲ အတြင္းလူထဲကပဲျဖစ္မယ္လို႔ထင္တယ္”

” ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ရမလဲဆရာ”

” ဦးဟန္ၾကည္ဆီသြားၿပီး တိုင္ပင္ၾကတာေပါ့… ေလာေလာဆယ္ ဒီအစီရင္ကို မီးရႈိ႕ဖ်က္စီးလိုက္”

ေမာင္ေကာင္းတို႔လဲ အိမ္ေအာက္မွာအသင့္ရွိေနတဲ့ ေရနံဆီကို အထုပ္ေပၚေလာင္းခ်ကာ မီးရႈိ႕ဖ်က္စီးလိုက္တယ္။ ၿပီးတာနဲ႔ ဦးဟန္ၾကည္ေနတဲ့ အိမ္ကိုသြားကာ ဆက္လုပ္ရမယ့္ကိစၥေတြကို တီးတိုးတိုင္ပင္ခဲ့ၾကတယ္။
++++++++
” ဦးေလး… အိမ္မွာဘာမွရွိေတာ့ဘူးဆိုတာ တကယ္လား”

” တကယ္ေပါ့ဟ… မနက္ျဖန္ ငါ့အိမ္ငါျပန္ေျပာင္းပီးေနေတာ့မွာ၊ ဒါနဲ႔ သာဒြန္းနဲ႔ ေက်ာ္စံတို႔ေရာ ဘယ္လိုေနေသးလဲ”

” ဟိုဆရာေတြေျပာသလို လူေကာင္းပကတိျဖစ္သြားတာ ဦးေလးေရ၊ ဟိုေလ … အဲဒီဆရာေတြ ဘယ္အခ်ိန္ထဲ​က ျပန္သြားၾကတာလဲ”

” ဒီမနက္အေစာကပဲ ေယာင္ေဗြ႐ြာကိုသြားမယ္ဆိုၿပီး ထြက္သြားတာပဲ၊ ဘာျဖစ္လို႔လဲ”

” လာျပန္ပီ ေယာင္ေဗြ႐ြာ.. အဲဒီ႐ြာအေၾကာင္း လိုက္ေမးၾကည့္ေတာ့လဲ ဘယ္သူမွမသိဘူးပဲေျပာေနၾကတယ္”

” ေဟ့ေကာင္ စံလွ… ဒါမင္းအလုပ္မဟုတ္ဘူး… အိမ္ေျပာင္းၿပီးတဲ့အခ်ိန္က်ရင္ ႏြားၿခံအေနာက္က သရက္ပင္ေအာက္ကို လူတစ္ေယာက္လာၿပီး တစ္ခုခုကိုတူးေနလိမ့္မယ္၊ အဲဒီလူက ငါတို႔အိမ္ကိုခုလိုျဖစ္ေအာင္ လုပ္တဲ့သူပဲ၊ ဘယ္သူလဲဆိုတာ မင္းရေအာင္ေစာင့္ဖမ္းဖို႔ျပင္ထား”

” ဗ်ာ… ႏြားၿခံအေနာက္ကသရက္ပင္ဟုတ္လား”

” ေအးေလ ဘာ​ျဖစ္လို႔လဲ”

” ဘာမွမျဖစ္ပါဘူး ဒီတိုင္းေျပာလိုက္တာပါ၊ ဒါနဲ႔ ဆရာေလးတို႔ကူညီတာ ဘယ္သူသိေသးလဲဦးေလး”

” မင္းနဲ႔ငါနဲ႔ပဲသိတာေလ… ဘယ္သူမွမသိဘူး၊ ဒါေၾကာင့္ မင္းသာ ေသခ်ာေအာင္ေစာင့္ဖမ္းစမ္းပါ… တကယ္လုပ္တဲ့သူက အဲဒီသရက္ပင္ေအာက္ကို လာတူးလိမ့္မယ္”

” စိတ္ခ် ဦးေလး… ကြၽန္ေတာ္ရေအာင္ဖမ္းျပမယ္”

စံလွက အားတက္သေရာေျပာၿပီး အိမ္ေျပာင္းဖို႔ကိစၥေတြစီစဥ္ေနလိုက္တယ္။
+++++++
လူေျခတိတ္ခ်ိန္ျဖစ္တဲ့အတြက္ ၿခံတစ္ခုလုံး အပ္က်သံပင္မၾကားေလာက္ေအာင္ တိတ္ဆိတ္ေနခဲ့တယ္။ အဲဒီအခ်ိန္အေမွာင္ထုကိုအားယူၿပီး လူတစ္ေယာက္ ႏြားၿခံေနာက္ကို ခပ္သုတ္သုတ္ဝင္လာခဲ့တယ္။ ခဏၾကာေတာ့ သရက္ပင္ေအာက္မွာ ေျမႀကီးကိုတူးဆြေနတဲ့အသံတစ္ခ်ိဳ႕ထြက္ေပၚလာခဲ့တယ္။

” ဟိတ္ ဘယ္သူလဲ… ”

႐ုတ္တရက္ထြက္လာတဲ့ မီးေရာင္ေၾကာင့္ ပုဆိုးၿခဳံပီး တူးေနတဲ့လူက လက္မွာကိုင္ထားတဲ့ သံတူ႐ြင္းကိုပစ္ခ်ၿပီး ထြက္ေျပးဖို႔အလုပ္ စံလွရဲ႕လက္က ပုဆိုးကိုလွမ္းဆြဲလိုက္ရာ ဝုန္းခနဲေျမႀကီးေပၚလဲက်သြားခဲ့တယ္။

” ဟင္… မႏွင္းပါလား….”

” စံလွ နင္ငါ့ကို ဘာလုပ္တာလဲ… ကယ္ၾကပါဦးရွင္ စံလွ ကြၽန္မကို မေတာ္မတရားႀကံစည္ေနလို႔”

မႏွင္းေအာ္သံအဆုံးမွာ ဦးဟန္ၾကည္ေရာ အျခားအလုပ္သမားေတြပါေရာက္လာခဲ့ၾကတယ္။

” ဦးေလး .. စံလွေလ သမီးကို အဟင့္ အဟင့္”

မႏွင္းက မ်က္ရည္စမ္းစမ္းနဲ႔ ဦးဟန္ၾကည္ကိုၾကည့္လိုက္ ေယာက်ၤားျဖစ္သူ ေက်ာ္စံကိုၾကည့္လိုက္နဲ႔အသနားခံေနတဲ့အခ်ိန္

” ေက်ာ္စံ … မင္း ျဖစ္ေၾကာင္းကုန္စင္သိၿပီမဟုတ္လား၊ မင္းဘာဆက္လုပ္မွာလဲ”

” ကြၽန္ေတာ္သိပါၿပီဦးေလး… ဒီေကာင္မက ေက်းဇူးရွင္ကိုေက်းစြပ္တတ္မွန္းမသိခဲ့ဘူး”

” ကိုေက်ာ္စံ ရွင္ဘာေျပာေနတာလဲ…”

” မႏွင္း… အမွန္တိုင္းဝန္ခံလိုက္ေတာ့… နင္ ဘာေၾကာင့္ ဒီလိုလုပ္ရတာလဲ”

စံလွစကားကို မႏွင္္းက အ႐ူးကြက္နင္းၿပီး ေဝ့လည္ေၾကာင္ပတ္လည္ေပမယ့္ ေနာက္ဆုံးမွာေတာ့ လိမ္မရမွန္းသိသြားတာေၾကာင့္ ဒူးေထာက္ေတာင္းပန္ၿပီး
” ၿမိဳ႕ေပၚက သူေဌးတစ္ေယာက္က ဒီၿခံကိုသေဘာက်လို႔ဝယ္ခ်င္ေနေပမယ့္ ဦးေလးကမေရာင္းဘူးေျပာလို႔ ဘယ္သူမွမေနရဲပဲ ေရာင္းရေအာင္ လုပ္မိတာပါ၊ အဲဒီသူေဌးက ၿခံကိုေရာင္းလို႔ရွိရင္ ကြၽန္မတို႔အတြက္ လယ္ငါးဧကနဲ႔ႏြားတစ္ရွည္းေပးမယ္လို႔ေျပာလို႔ မႀကံေကာင္းမစည္ရာႀကံလိုက္မိတာပါ” လို႔ေျပာလိုက္တဲ့အခ်ိန္ ေက်ာ္စံရဲ႕ လက္က ပါးေပၚကိုေျဖာင္းခနဲဝင္လာခဲ့တယ္။

” ေက်ာ္စံ စိတ္ထိန္းစမ္း… ဟိတ္ေကာင္”

” ဦးေလး… ဒီေကာင္မကို ကြၽန္ေတာ္ဆက္မေပါင္းႏိုင္ေတာ့ဘူး… ဟဲ့ေကာင္မ နင္မနက္မိုးလင္းတာနဲ႔ အထုပ္ဆြဲၿပီး ငါ့ေရွ႕ကထြက္သြားစမ္း”

” ကဲ ေကာင္မ​လး.. နင္မနက္ေရာက္တာနဲ႔ ငါ့အိမ္ထဲကထြက္သြားပါ၊ နင့္ကိုဒီ႐ြာမွာမျမင္ခ်င္ေတာ့ဘူး၊ စံလွ … ေက်ာ္စံကိုေခၚသြားလိုက္ေတာ့” လို႔ေျပာကာ အိမ္ေရွ႕ကိုျပန္ထြက္လာခဲ့လိုက္တယ္။

မနက္လင္းအားႀကီးခ်ိန္ေရာက္ေတာ့ မိန္းမတစ္ေယာက္ အထုပ္တစ္ထုပ္ကိုပိုက္ၿပီး တစ္ေ႐ြ႕ေ႐ြ႕ထြက္သြားတာကို ႐ြာထဲကလူအခ်ိဳ႕ျမင္ေတြ႕လိုက္ရတယ္။
+++++++++
ေအာင္ျမတ္သာတို႔လဲ ဦးဟန္ၾကည္ကို ကူညီေပးၿပီးတဲ့ေနာက္ ေယာင္ေဗြ႐ြာကိုေရာက္လာခဲ့ၾကတယ္။ တကယ္ေတာ့ ေယာင္ေဗြ႐ြာဆိုတာက နတ္ဖြက္ထားတဲ့႐ြာတစ္႐ြာျဖစ္​ၿပီး သာမန္လူေတြအဖို႔ မသိႏိုင္တဲ့႐ြာတစ္႐ြာလဲျဖစ္တယ္။ ဒီ႐ြာကို ဘာေၾကာင့္ေရာက္ခဲ့လဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ က်ိန္စာသင့္႐ြာဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)