” အောင်မြတ်သာနှင့်အိမ်စောင့်သရဲမ “(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်အိမ်စောင့်သရဲမ “(စ/ဆုံး)
———————————————————

“ အဟွတ် အဟွတ် အဟွတ်”

အိမ်ခန်းထဲကနေ ချောင်းခြောက်ဆိုးသံထွက်ပေါ် လာတာကြောင့် ထမင်းအိုးတည်နေတဲ့ ယဉ်လှတစ်ယောက် ကပြာကယာအခန်းထဲ ပြေးဝင်လာခဲ့လိုက်တယ်။

“ အမေ… ချောင်းတွေဆိုးနေပြန်ပြီလား”

“ ခဏနေ သက်သာသွားမှာအေ.. ငါ့ကို ယက်ဆားဘူးလေးပေးစမ်းပါဦး”

“ အမေ ဆေးခန်းသွားပြရအောင်လား”

“ မပြချင်ပါဘူး.. ငါက နေမကောင်းဖြစ်တာမှမဟုတ်တာ၊ အခန့်မသင့်လို့ ချောင်းဆိုးနေတာ ရေးကြီးခွင်ကျယ်လုပ်မနေစမ်းပါနဲ့”

“ အမေကတော့ ပြောရဆိုရခက်လိုက်တာ၊ ဆေးခန်းပြလို့ ဘယ်လောက်မှမကုန်ပါဘူး”

“ ယဉ်လှ.. နင့်အလုပ်နင်သွားလုပ်စမ်း၊ ငါ့ကိုဆရာလာမလုပ်နေနဲ့”

မိခင်ဖြစ်သူရဲ့ စကားကြောင့် ယဉ်လှတစ်ယောက် ဆောင့်ချည်အောင့်ချည်နဲ့ မီးဖိုချောင်ထဲကို ပြန်ဝင်သွားခဲ့တယ်။

“ ယဉ်လှ … ဒီကိုလာဦး”

“ ဘာဖြစ်လို့လဲအမေ”

“ အသားဟင်းတွေ ဘာလို့အများကြီးထည့်လာတာလဲ၊ ငါကတစ်တုံးဆို ရပြီလို့ပြောထားတာကို”

“ လက်တစ်ဆစ်လောက်အသားတုံးနဲ့ အမေဘယ်လိုစားမလဲ၊နောက်ပြီးနေကလဲ ကောင်းတာမဟုတ်ဘူး”

“ ငါစားတတ်ပါတယ်၊ သွား သွား ဒီဟင်းတွေ ပြန်ယူသွားလိုက်”

“ ဟင်း… အမေ အဲဒီလိုကြပ်ကြပ်လုပ်၊ အစားဆိုလဲ ဟုတ်တိပတ်တိမစား၊ ဆေးခန်းဆိုလဲမပြနဲ့၊ အမေတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ”

“ ဟဲ့… ယဉ်လှ၊ ငါက ဘာမှမဖြစ်ဘူး… ငါမရှိရင်သာ နင်တို့သားအဖ ဒုက္ခရောက်မှာမြင်ယောင်နေသေး”

ယဉ်လှလဲ ဘာမှဆက်မပြောတော့ပဲ ခေါင်းကိုခါယမ်းကာ အိမ်အနောက်ဘက်ကို ထွက်သွားခဲ့လိုက်တယ်။

+++++

“အဖေ… ဒီနေ့ ကားမထွက်ဘူးလား”

“ ကားပြင်ဖို့နည်းနည်းရှိနေလို့ ဒီနေ့ နားတယ်၊ ဘာဖြစ်လို့လဲသမီး”

“ အမေအခုတစ်လော ချောင်းတွေဆိုးနေတာ အဖေသတိထားမိလား”

“ အဖေတောင်မနေ့ညက ဆေးခန်းသွားဖို့ပြောသေးတယ်၊ နင့်အမေကတော့သိတဲ့အတိုင်း သူဘာမှမဖြစ်ဘူးပဲပြောနေတာ”

“ အဖေပြောတာလဲ မရဘူးလား”

“ အင်း… ဘယ်လိုပြောပြောကိုမရတာ”

“ အမေတို့ကလဲ ပိုက်ဆံလဲရှိရှိကြီး ဘာလို့ ရောဂါကို ပျောက်အောင်မကုလဲမသိပါဘူး”

သားဖနှစ်ယောက် စကားပြောနေတဲ့အချိန် ခြံဝင်းထဲကို မိန်းမတစ်ယောက်ဝင်လာခဲ့တယ်။

“ မကြည်အောင်ရှိလားရှင့်”

“ ရှိပါတယ်၊ ဘာကိစ္စရှိလို့လဲ”

“ အတိုးဖိုးငွေလာပေးတာပါ”

အတိုးဖိုးငွေဆိုတဲ့အသံလဲကြားရော မကြည်အောင် တစ်ယောက် အိမ်ခန်းထဲကနေ အပြင်ကိုထွက်လာခဲ့တယ်။

“ စမ်းအေးပါလား… နင် ပြီးခဲ့တဲ့လကလဲ အတိုးမပေးဘူးနော်”

“ ပြီးခဲ့တဲ့လက ယောင်္ကျားဘက်ကအမျိုးတွေဆီ အလည်သွားနေလို့ပါ၊ အခု နှစ်လစာယူလာတယ်၊ သေချာစစ်လိုက်ဦး”

မကြည်အောင်က သူ့ကိုကမ်းပေးတဲ့ ငွေအချို့ကို ရေတွက်လိုက်ပြီး

“ အရင်းကရော ဘယ်တော့ပြန်ဆပ်မှာလဲ.. အဟွတ် အဟွတ်”

“ မကြည်အောင် နေမကောင်းဘူးလား”

“ အဟွတ်.. ငါ ငါနေကောင်းတယ်၊ ဘာမှမဖြစ်ဘူး”

“ အရင်းက သီတင်းကျွတ်လောက်ပေးပါ့မယ်”

“ အေးအေး… အတိုးလဲမှန်မှန်ပေးဦး”

“ စိတ်ချပါ၊ ကျွန်မနဲ့ မကြည်အောင် အလုပ်လုပ်တာ နှစ်ပေါက်နေပြီဟာကို”

မကြည်အောင်လဲ စမ်းအေးစကားကြောင့် နှုတ်ခမ်းကိုတွန့်လိုက်ပြီး အိမ်ထဲပြန်ဝင်သွားခဲ့တယ်။

++++++

ဒီလိုနဲ့ နှစ်လလောက်ကြာတော့ မကြည်အောင်ရဲ့ ရောဂါက သက်သာမလာပဲ ချောင်းဆိုးလိုက်တိုင်း သွေးတွေပါလာခဲ့တယ်။

“ ယဉ်လှ… နင့်အဖေ ခေါ်ပေးစမ်းပါ”

“ အဖေ.. အမေခေါ်နေတယ်”

ယဉ်လှစကားကြောင့် ကားရေဆေးနေတဲ့ ကိုသောင်းနိုင် အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။

“ သောင်းနိုင်… ငါ ဘုရားဆွမ်းကပ်ချင်လို့ မနက်ကျရင် ဈေးစောစောသွားပေးပါလား”

“ ငါ့မိန်းမကတော့ ဒီနေ့ထူးဆန်းနေပါလား၊ ဆွမ်းကပ်ဖို့ငါဘာဝယ်ပေးရမလဲ”

“ အဆင်ပြေတာဝယ်ခဲ့လိုက်၊ ဒီမှာ ပိုက်ဆံယူထား”

မကြည်အောင်က ချွေးခံအိတ်ထဲမှာ ထည့်ထားတဲ့ပိုက်ဆံအချို့ကိုထုတ်ပေးရင်း

“ ယဉ်လှ.. ငါ့ကိုလမ်းထိပ်ကဆေးဆိုင်မှာ ဆေးသွားစပ်ပေးပါလား”

“ စပ်ဆေးတွေက မကောင်းဘူးအမေရဲ့၊ ဆေးခန်းသွားပြလိုက်ပါလား”

“ နင်မရှည်နဲ့ ငါပြောရင်ပြောသလိုလုပ်”

“ ဒါဆိုလဲပြီးတာပဲ၊ ဘယ်လိုပြောပြီး စပ်ခိုင်းရမလဲဆိုတာပြောဦး”

“ လည်ချောင်းနာပြီး ချောင်းဆိုးတာလို့၊ နောက်ပြီး ကိုယ်နည်းနည်းပူနေတယ်”

“ မိန်းမ… နင်နေလို့ရောအဆင်ပြေရဲ့လား”

“ ငါဘာမှမဖြစ်ဘူး၊ အဲဒီအတိုင်းသာပြောပြီး ဆေးစပ်ခဲ့စမ်းပါ”

ယဉ်လှလဲ မိခင်ဖြစ်သူကို မျက်စောင်းတစ်ချက်ထိုးပြီး လမ်းထိပ်က ဆေးဆိုင်ကိုထွက်သွားခဲ့လိုက်တယ်။

+++++

နောက်တစ်နေ့မနက် ဆွမ်းကပ်ပြီးတဲ့ချိန်ထိ အကောင်းကြီးရှိနေတဲ့ မကြည်အောင်တစ်ယောက် နေ့လည်လောက်ရောက်တော့ ရုတ်တရက်ဆိုသလို အသက်ရှူကြပ်လာခဲ့တယ်။

ယဉ်လှတို့လဲ ချက်ချင်းဆိုသလို ဆေးရုံတင်ဖို့လုပ်ကြပေမယ့် မမှီတော့ပဲ လမ်းမှာတင်ဆုံးပါးသွားခဲ့တယ်။

အသက်ရှင်စဉ်ကာလမှာထဲက ပစ္စည်းဥစ္စာနဲ့ပတ်သတ်ပြီး အစွဲအလမ်းကြီးခဲ့တဲ့ မကြည်အောင်က သေဆုံးတဲ့ညမှာတင် အိမ်မှာရှိတဲ့သူတွေကို စတင်ခြောက်လှန့်တဲ့ ဖြစ်ရပ်ပေါ်ပေါက်လာခဲ့တယ်။

“ ယဉ်လှရေ… ဧည့်သည်တွေစားဖို့ ကြက်ရိုးနဲ့ဘူးသီးချက်လိုက်ရမလား”

“ ဟုတ်ကဲ့ ဒေါ်မေလေး၊ ညအိပ်စောင့်မယ့်သူတွေလဲ ဆာရင်စားလို့ရအောင် ပိုပိုလေးချက်ထားပေးနော်”

‌ဒေါ်မေလေးတစ်ယောက် ဧည့်သည်တွေစားဖို့အတွက် ကြက်ရိုးနဲ့ဘူးသီးဟင်းချက်ဖို့ မီးဖိုချောင်းထဲကိုဝင်လာတဲ့အချိန် အခန်းထဲက ကုတင်ပေါ်မှာ မိန်းမတစ်ယောက် ထိုင်နေတာကို ရိပ်ခနဲမြင်လိုက်ရတယ်။

ရုတ်တရက်မို့ ဒေါ်မေလေးလဲ အမြင်မှားတာနေမှာဆိုပြီး မီးဖိုခန်းထဲကိုဝင်ကာ ချက်ပြုတ်စရာရှိတာတွေကို ချုပ်ပြုတ်နေခဲ့လိုက်တယ်။ အဲဒီအချိန် ကျောအနောက်မှာ တစ်စုံတစ်ယောက်လာရပ်နေသလို ခံစားလိုက်မိတယ်။ ဒါပေမယ့် လှည့်ကြည့်လိုက်တဲ့အချိန် ဘာမှမရှိတာကြောင့် စိတ်ထင်တာနေမှာပါဆိုပြီး မီးဖိုပေါ်ကဟင်းအိုးကိုဖွင့်လိုက်ရာ အိုးအဖုံးက ကြမ်းပြင်ပေါ်ကို လွတ်ကျသွားခဲ့တယ်။

ဒေါ်မေလေးလဲ ကျသွားတဲ့အိုးအဖုံးကို ကောက်ဖို့ငုံ့လိုက်တဲ့အချိန် သူ့အနောက်မှာ ရပ်နေတဲ့ ခြေထောက်နှစ်ချောင်းကို ထင်ထင်ရှားရှားမြင်လိုက်ရတယ်။ အစတော့ ယဉ်လှလို့ထင်နေပေမယ့် အနောက်မှာရပ်နေတဲ့သူက တဖြည်းဖြည်းထိုင်ချလိုက်တဲ့အချိန် လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားခဲ့တယ်။

ဘာဖြစ်လို့လဲဆိုတော့ သူ့အနောက်မှာရပ်နေတာ ယဉ်လှမဟုတ်ပဲ နေ့လည်ကမှဆုံးသွားတဲ့ မကြည်အောင်ဖြစ်နေလို့ပဲ။

“ အမလေး… ကယ်ကြပါဦး….”

ဒေါ်မေလေးရဲ့အော်သံကြောင့် အိမ်ရှေ့မှာ ရှိနေတဲ့သူတွေပြေးဝင်လာပြီး

“ ဒေါ်မေလေး… ဘာဖြစ်တာလဲ”

“ မကြည် မကြည်ကို ခုနကမြင်လိုက်တယ်၊ ငါ ငါ ဒီမှာမနေရဲတော့ဘူး”

“ ဒေါ်မေလေး အမြင်မှားတာများလား”

“ မမှားဘူး.. ငါသေချာမြင်လိုက်တာ၊ ငါ ငါ ပြန်တော့မယ်”

ဒေါ်မေလေးက ဘယ်လိုမှ မရတော့ပဲ ချက်ချင်းအိမ်ပြန်သွားခဲ့သလို ကျန်တဲ့သူတွေကလဲ အိမ်နောက်ဖေးကိုမဝင်ရဲတော့ပဲ အိမ်ရှေ့မှာထိုင်ကာ စကားစုပြောနေခဲ့ကြတယ်။

ညတစ်နာရီလောက်ရောက်တော့ ယဉ်လှတစ်ယောက် အပေါ့သွားချင်တာမို့ အိမ်သာဘက်ကိုထွက်လာတဲ့အချိန် အိမ်ခန်းထဲက ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။

“ အဖေ… အဖေ… မြန်မြန်လာဦး”

“ သမီး… ဘာဖြစ်လို့လဲ”

“ ခုနက အမေကုတင်ပေါ်မှာ လူတစ်ယောက် ထိုင်နေတာမြင်လို့”

“ မဖြစ်နိုင်ပါဘူး… ဧည့်သည်တွေက အပြင်မှာအကုန်ရှိနေတာလေ”

“ ဒါဆို အမေ အမေများဖြစ်နေမလား”

“ သူကအစွဲအလမ်းကြီးတော့ ဒီနေရာကို စိတ်စွဲနေတာလဲဖြစ်နိုင်တယ်၊ ရက်လည်ပြီးရင် သူလဲ ကောင်းတဲ့ဘဝကိုရောက်သွားမှာပါ”

“ သမီးလဲ အဖေ့လိုပဲဆုတောင်းနေပါတယ်”

သားဖနှစ်ယောက်လဲ အိမ်ခန်းထဲကို တစ်ချက်မှကြည့်ပြီး ပြန်ထွက်လာခဲ့လိုက်တယ်။

+++++

နောက်တစ်နေ့မနက်သက်ပျောက်ဆွမ်းကပ်ပြီးလို့ တရားနာနေတဲ့အချိန် အိမ်ခန်းထဲမှာ ပစ္စည်းတွေပစ်ချသံ၊ ဒေါသတစ်ကြီး လမ်းလျောက်နေတဲ့အသံတွေကို တရားနာနေတဲ့သူတွေအကုန်ကြားလိုက်ရတယ်။

အသုဘမြေချပြီးလို့ အိမ်ပြန်လာတဲ့အချိန်မှာလဲ တစ်အိမ်လုံးကိုရစရာမရှိအောင် သောင်းကျန်းထားတာကြောင့် ဘယ်ဧည့်သည်မှ ကြာကြာမနေရဲပဲ ပြန်ပြေးကြကုန်တယ်။ ဒီလိုနဲ့ ညဘက်ရောက်တော့ ကိုသောင်းနိုင်တို့ သားအဖနှစ်ယောက်နဲ့အသုဘစောင့်တဲ့ လူနှစ်ယောက်သာကျန်နေတဲ့အချိန် အိမ်ခန်းထဲကနေ ရှိုက်ကြီးတငင်ငိုတဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

“ ကြည်အောင်… နင် နဲ့ ငါတို့က ဘဝခြားသွားပြီလေ၊ ဘာကြောင့် အခုလိုလုပ်နေတာလဲ”

ကိုသောင်းနိုင်ရဲ့စကားကြောင့် ငိုနေတဲ့အသံတိတ်သွားပြီး မကြာခင်မှာပဲ အိမ်ခန်းတံခါးကို ဝုန်းခနဲ ဒိုင်းခနဲ‌ အဖွင့်အပိတ်လုပ်နေတဲ့အသံထွက်ပေါ်လာခဲ့တယ်။

“ အဖေ… သမီး မနေရဲတော့ဘူး၊ သမီး ကြောက်လာပြီ”

“ ရက်လည်တဲ့ထိတော့ သည်းခံလိုက်ပါသမီးရယ်.. နော်”

“ ဦးလေးတို့လဲရှိနေတာပဲ အရမ်းကြီးမကြောက်ပါနဲ့”

အသုဘစောင့်တဲ့သူနှစ်ယောက်ကလဲ လှယဉ်ကိုအားပေးစကားပြောနေပေမယ့် သူတို့ရဲ့စိတ်တွေလဲချောက်ချားနေခဲ့ကြတယ်။

ညတစ်နာရီလောက်ရောက်တော့ တစ်နေကုန်ပင်ပန်းထားတာကြောင့် လှယဉ် မှေးခနဲအိပ်ပျော်သွားတဲ့အချိန်

“ ယဉ်လှ…ယဉ်လှ”

ခြေမကိုကိုင်ပြီးလှုပ်နှိုးနေတဲ့အသံကြောင့် ကြည့်လိုက်ရာ ခြေရင်းမှာငုတ်တုပ်ထိုင်နေတဲ့ မိခင်ဖြစ်သူကိုမြင်လိုက်ရတယ်။

“ အမေ…”

“ နင်တို့ ဒီအိမ်ကနေ ဘယ်မှမသွားနဲ့နော်၊ နင့်အဖေကိုပြောလိုက် ကုတင်အောက်က ကြမ်းထဲမှာ ငါသိမ်းထားတဲ့ပစ္စည်းတွေရှိတယ်၊ ဘယ်သူမှမသိအောင်ယူနော်၊ ပစ္စည်းတွေယူပြီး ငါ့ကိုထားသွားရင်တော့ ကြည်အောင်အကြောင်းသိတယ်မဟုတ်လား”

“ အမေကို သမီးကြောက်တယ်”

“ မကြောက်နဲ့ ငါ နင်တို့ကိုကြောက်အောင်လုပ်နေတာမဟုတ်ဘူး၊ အခြားသူတွေကိုကြောက်အောင်လုပ်နေတာ”

“ ဘယ်သူကိုမှမခြောက်ပါနဲ့အမေရယ်၊ သမီးကိုသနားရင် အဲလိုတွေမလုပ်ပါနဲ့နော်”

“ နင်တို့ ငါ့ကိုမထားခဲ့ဘူးဆိုတဲ့ကတိပေး၊ ဒါဆို ငါအခုလိုမလုပ်တော့ဘူး”

“ ပေးပါတယ် .. အမေကိုမထားခဲ့ပါဘူး”

“ အေးအေး… ငါနေတဲ့အခန်းထဲကို ဘယ်သူစိမ်းမှပေးမဝင်နဲ့ ကြားလား”

“ ဟုတ်.. ဟုတ်ကဲ့”

“ သမီး သမီး… ဘာတွေအိမ်မက်မက်နေတာလဲ”

“ အဖေ… အိမ်မက်ထဲမှာလေ အမေ အမေကိုတွေ့တယ်၊ သူအိပ်တဲ့ကုတင်အောက်မှာ စုထားတဲ့ပစ္စည်းတွေရှိတယ်လို့လဲပြောတယ်”

“ ဟင်… အဖေလဲ သမီးလိုပဲ မနေ့က အိမ်မက်မက်တယ်၊ စိတ်စွဲပြီးမက်တယ်ထင်လို့ သမီးကိုမပြောပြတာ”

နောက်တစ်နေ့ မနက်ရောက်တော့ သားဖနှစ်ယောက် အိမ်ခန်းထဲဝင်ပြီး ကုတင်အောက်ကိုကြည့်လိုက်ရာ ပျဉ်ချပ်တွေကိုဟထားတဲ့ခြေရာလက်ရာတွေကိုမြင်လိုက်ရတယ်။

နှစ်ယောက်သား ပျဉ်ချပ်တွေကိုဆွဲခွာလိုက်ရာ အထဲမှာ ပလပ်စတစ်အိတ်နဲ့ထုပ်ထားတဲ့ မုန့်ပုံးငါးပုံးရှိနေပြီး အထဲမှာတော့ ငွေစက္ကူအသစ်တွေနဲ့အတူ ရွေထည်ပစ္စည်းတွေရှိ‌နေခဲ့တယ်။

“ အဖေ အဖေ ပိုက်ဆံတွေ ပိုက်ဆံတွေရော ရွှေတွေရောအများကြီးပါလား”

“ ဟုတ်ပါ့ကွာ.. ဒီပစ္စည်းတွေရှိနေတာ အဖေတောင်မသိခဲ့ဘူး”

သားဖနှစ်ယောက် ဝမ်းသာအားရပြောနေတဲ့အချိန် အော်ဂလီဆန်ချင်စရာကောင်းတဲ့ အပုတ်နံ့က အခန်းထဲလွှင့်ပျံ့လာခဲ့တယ်။

++++

ဒီလိုနဲ့ ရက်လည်တဲ့နေ့အရောက်မှာတော့ ဆွမ်းစားနေတဲ့ သံဃာတော်တွေထဲက ဝါအကြီးဆုံး ဦးဇင်းရဲ့နားထဲမှာ

“ ဆွမ်းစားပြီးရင်ပြန်ကြတော့ ငါ့အတွက် အမျှမဝေနဲ့” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

ဦးဇင်း‌လေးက နားကြားမှားတာဖြစ်မှာဆိုပြီး အမှုမဲ့အမှတ်မဲ့နေနေတဲ့အချိန် ဗိရိုမှန်ကိုကာထားတဲ့ အဝတ်စက သူ့အလိုလိုပြုတ်ကျလာခဲ့သလို မှန်ထဲမှာလဲ ခါးထောက်ကာ မတ်တရပ်ရပ်နေတဲ့ မ‌ကြည်အောင်ကိုမြင်လိုက်ရတယ်။

ဒီတစ်ခါတော့ သံဃာတော်တွေအပြင် တရားနာလာကြတဲ့သူတွေပါ မြင်လိုက်ရတာကြောင့် ထပြေးတဲ့သူကပြေး၊ ကြောက်လန့်တကြားအော်တဲ့ သူကအော်နဲ့ ဝရုန်းသုန်းကားဖြစ်သွားကာ တရားနာတဲ့အစီအစဉ်ပျက်သွားခဲ့တယ်။

တတ်သိနားလည်တဲ့လူကြီးတွေကတော့ ကိုသောင်းနိုင်တို့ကို အိမ်ကနေအမြန်ပြောင်းဖို့ ပြောခဲ့ကြပေမယ့် သားဖနှစ်ယောက်ကတော့ အိမ်မှာပဲအရဲစွန့်ကာနေခဲ့ကြတယ်။

ပတ်ဝန်းကျင်ကလူတွေကတော့ ဒီသားဖ ဘယ်လောက်နေနိုင်မလဲဆိုတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့ရာ တစ်လလောက်အကြာမှာတော့ သားဖနှစ်ယောက်လုံး မနေနိုင်တော့ပဲ အိမ်ပေါ်ကနေ ဆင်းပြေးရတဲ့အခြေအနေကိုရောက်လာခဲ့တယ်။

“ ကိုစံထူး ကိုစံထူး တံခါးဖွင့်ပါဦး”

“ မနက်စောစောစီးစီး ဘယ်သူများလဲ”

“ ကျွန်တော် သောင်းနိုင်ပါ”

သောင်းနိုင်ဆိုတဲ့အသံကြောင့် ကိုစံထူး အိပ်ချင်မူးတူးနဲ့တံခါးထဖွင့်လိုက်ရာ မျက်တွင်းဟောက်ပတ်နဲ့ ပိန်ခြုံးနေတဲ့ သားဖနှစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဒီသားဖနှစ်ယောက် ဘယ်လိုဖြစ်လာကြတာလဲ”

“ ကျွန်တော်တို့ အိမ်မှာမနေရဲတော့ဘူး… အခုတောင် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးလာတာ”

“ ဟေ… ဘယ်လိုများဖြစ်ကြတာလဲ၊ ကဲကဲ အိမ်ပေါ်အရင်တက်ကြပါဦး”

‌အိမ်ပေါ်ရောက်တော့ ကိုသောင်းနိုင်က ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး

“ မကြည်အောင် ဒုက္ခပေးနေလို့ ကိုစံထူးရေ၊ မနက်ဆိုလဲမနက် ညဆိုလဲည အိပ်လို့ကိုမရဘူး”

“ ငါလဲ အစထဲက မင်းကိုသတိပေးတာပဲ၊ မိသားစုကိစ္စဆိုတော့ အရမ်းလဲမပြောရဲဘူးလေ”

“ ဟုတ်တယ် ကိုစံထူးရာ၊ ကျွန်တော်တို့လဲ ဒီလောက်ဖြစ်မယ်မထင်ထားဘူး”

“ အခုဘယ်လိုတောင် သောင်းကျန်းနေတာလဲ”

“ နေ့ဘက်တွေဆိုရင် အခန်းထဲမှာ သွားလာလှုပ်ရှားနေတဲ့အသံတွေကြားရတယ်၊ ညဘက်ရောက်ရင် တစ်အိမ်လုံးလမ်းလျောက်နေတာဗျာ၊ ဒီလောက်ထိကတော့ ကိုယ့်မိန်းမဆိုတဲ့ အတွေးနဲ့ နေလို့အဆင်ပြေသေးတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်လောက်အရောက်မှာတော့ အကောင်အထည်လိုက်ကိုမြင်ရတာ၊ အပုတ်နံ့ကလဲ တစ်အိမ်လုံး မွှန်ထူနေတာပဲ၊ ယဉ်လှက ဘုရားပန်းကပ်တာတို့ ဘုရားရှိခိုးတာတို့လုပ်တဲ့ နေ့ဆို အိမ်ကပစ္စည်းတွေရိုက်ခွဲတာ၊ ပစ်ချတာမျိုးတွေထိပါလုပ်လာတယ်”

“ မင်းတို့က သူ့အတွက်အလှူအတန်းထပ်မလုပ်ပေးဘူးလား”

“ လုပ်ပေးချင်တာပေါ့ဗျာ.. အဲဒီလိုလုပ်ပေးဖို့ တိုင်ပင်တဲ့နေ့ဆိုရင် အနားမှာငုတ်တုတ်လာထိုင်ပြီး လုပ်ရဲရင်လုပ်ကြည့်ဆိုပြီး ပြောသေးတာ”

“ မင်းတို့အဖြစ်ကလဲ အတော်ဆိုးတာပဲ”

“ ဒီထက်ဆိုးတာက အတွင်းပစ္စည်းတွေကို ဘယ်မှမပေးယူတာပဲ၊ မနေ့က သားဖနှစ်ယောက် ဒီအိမ်မှာမနေတော့ဘူးလို့ တိုင်ပင်ပြီး အိမ်ကနေ ထွက်ဖို့အလုပ် ခြံဝမှာ ငုတ်တုတ်ကြီးထိုင်စောင့်နေတာဗျာ၊ ဒါတောင် နေ့ခင်းကြီးနော်”

“ ဒါဆို အခုကရော ဘယ်လိုထွက်လာတာလဲ”

“ အခုထွက်လာတာ ဘာပစ္စည်းမှမပါဘူးလေ၊ ပါလာရင် ခြံဝမှာတင် ကျွန်တော်တို့ကို ဂုတ်ချိုးသတ်မယ်ထင်တယ်”

“ မင်းတို့လဲ အတော်ပင်ပန်းနေကြပြီထင်တယ်၊ လောလောဆယ် ငါ့အိမ်မှာပဲ နားကြဦး၊ ပြီးတော့မှ ဘယ်လိုလုပ်သင့်တယ်ဆိုတာ တိုင်ပင်ကြတာပေါ့”

“ ကျေးဇူးတင်ပါတယ် ကိုစံထူးရယ်၊ ကျုပ်တို့မနေ့ထဲကမအိပ်ရသေးလို့ ခဏလောက် မှေးလိုက်ဦးမယ်”

“ အေးအေး အိမ်ခန်းထဲမှာ ခေါင်းအုံးတွေရှိတယ်၊ အိပ်ရေးဝအောင်အိပ်လိုက်ကြဦး”

သားဖနှစ်ယောက်လဲ ကိုစံထူးစကားကြောင့် အိမ်ခန်းထဲဝင်ကာ ကျောဆန့်လိုက်ရာ ခဏလေးအတွင်းအိပ်ပျော်သွားခဲ့တယ်။

ညနေစောင်းအချိန်ရောက်တော့ သားဖနှစ်ယောက် နိုးလာပြီးအိမ်ရှေ့ထွက်လာရာ ကိုစံထူးနဲ့ အိမ်နီးနားချင်းလူကြီးအချို့စကားထိုင်ပြောနေတာမြင်လိုက်ရတယ်။

“ သောင်းနိုင် နိုးပြီလား… လာထိုင်နေကွာ”

“ ဟုတ်ကဲ့”

“ ဒါက ရာအိမ်မှူးဦးစိုးလှိုင်တဲ့၊ ‌ဘေးကတစ်ယောက်က ဦးစိုးဝင်း”

“ ဟုတ်ကဲ့ ကျွန်တော်နာမည် သောင်းနိုင်ပါ”

“ မင်းတို့အိမ်အကြောင်းကို စံထူးပြောလို့သိပြီးပါပြီ၊ ဦးလေးတို့အတွေ့အကြုံအရ သံဃာတော်တွေနဲ့ ကမ္မဝါဖတ်ပြီးနှင်ထုတ်တာပိုကောင်းမယ်လို့ထင်တယ်”

“ ဦးလေးတို့သိကျွမ်းတဲ့ သံဃာတော်တွေများရှိလား”

“ သိကျွမ်းတဲ့ ဆရာတော်တွေတော့ရှိတယ်၊ သူတို့ ရွတ်မရွတ်ပဲမေးရမှာ”

“ ကူညီပေးပါ ဦးလေးရယ်၊ ကျွန်တော်တို့လဲ ဘာလုပ်ရမှန်းမသိတော့ဘူး”

“ အဲဒါဆို မနက်မိုးလင်းရင် အကြောင်းပြန်ပေးမယ်”

“ ကျေးဇူးတင်ပါတယ်ဗျာ”

“ ရပါတယ်… ဒါဆို ဦးလေးတို့ကို သွားခွင့်ပြုဦး”

“ ဟုတ်ကဲ့ ဦးလေး.”

+++++

နောက်တစ်နေ့မနက်ရောက်တော့ ဆွဲခြင်းတစ်လုံးနဲ့ ဦးစိုးဝင်းရောက်ချလာခဲ့တယ်။

“ ဈေးသွားမလို့လား ဦးစိုး”

“ အေး ဈေးသွားရင်း မင်းတို့အိမ်ဘက်ဝင်လာတာ၊ ကမ္မဝါရွတ်မယ့်ကိစ္စက အဆင်မပြေဘူးကောင်လေး”

“ ဘာ ဘာဖြစ်လို့လဲ ဦးလေး”

“ ဆရာတော်တွေက သူတို့ကြောင့် အခြားသူတွေ ထိခိုက်မှာမလိုချင်ကြဘူး၊ မင်းတို့အိမ်အနေအထားက သာမန်ကမ္မဝါလောက်နဲ့ မရဘူးတဲ့၊ တကယ်လို့ရွတ်မယ်ဆိုရင် တစ်ရပ်ကွက်လုံးမှာရှိတဲ့ ပရဘုံသားတွေ ထွက်ပြေးရလိမ့်မယ်လို့ပြောတယ်”

“ ဒါဆို အခြားဘယ်လိုနည်းလမ်းရှိဦးမလဲ”

“ ကျွန်းတောလမ်းဘက်မှာတော့ နာမည်ကြီးဆရာတစ်ယောက်ရှိတယ်၊ သူနဲ့ပြကြည့်ပါလား”

“ သူက စွမ်းရောစွမ်းရဲ့လား”

“ နာမည်တော့ ကြီးနေတာပဲ၊ တကယ်စွမ်းမစွမ်း ငါလဲမကြုံဖူးတော့မသိဘူး၊ ငါက သိထားတာလေးပြောပြတာ”

“ ဦးလေးပြောတဲ့အတိုင်းလုပ်ကြည့်မယ်လေ၊ တကယ်လို့ ဆရာကလုပ်ပေးမယ်ဆိုရင် ဦးလေးပါ လိုက်လာခဲ့ပေါ့”

“ ရက်အတိအကျသိရင်ပြောလေ၊ ငါလဲ အတွေ့အကြုံတစ်ခုရတာပေါ့”

“ ဟုတ်ကဲ့ ဦးလေး၊ ဒါနဲ့ အဲဒီဆရာနာမည်ဘယ်လိုခေါ်လဲ”

“ ဆရာစက်ရောင်လို့ခေါ်တယ်၊ ကျွန်းတောလမ်းရောက်ရင် သူ့နာမည်သာမေးလိုက် မသိတဲ့သူမရှိဘူး”

“ ဟုတ်ကဲ့ ဦးလေး၊ ခဏနေ ကျွန်တော်တို့သွားလိုက်ပါ့မယ်”

ဦးစိုးဝင်းထွက်သွားတော့ သောင်းနိုင်နဲ့ကိုစံထူးလဲ ကျွန်းတောလမ်းမှာနေတဲ့ ဆရာစက်ရောင်ဆီကိုထွက်လာခဲ့ကြတယ်။

ဟိုရောက်တော့ ဆရာစက်ရောင်ဆိုသူနဲ့တွေ့ပြီး အကျိုးအကြောင်းပြောပြလိုက်ရာ လာမယ့် စနေနေ့ မနက်သူကိုယ်တိုင်လိုက်ကြည့်ပေးမယ်ဆိုတဲ့အတွက် သောင်းနိုင်စိတ်ထဲ အနည်းငယ်အေးသွားခဲ့တယ်။

++++

စနေနေ့မနက်ရောက်တော့ ကိုသောင်းနိုင်လဲ ဆရာစက်ရောင်ကိုဝင်ခေါ်ပြီး အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့ ဆရာစက်ရောင်က ခြံအဝင်ဝမှာ အင်းဖယောင်းတိုင်နှစ်တိုင်ထွန်းနေတဲ့အချိန် ပိတ်ထားတဲ့အိမ်တံခါးမကြီးက လေမတိုက်ပဲ တဒုန်းဒုန်းနဲ့လှုပ်ခါပါလေရော။

“ ဒီအိမ်ကအတော်ကိုကြမ်းတာပဲ”

“ ဟုတ်တယ်ဆရာ၊ ဒါကြောင့် ဆရာ့ကိုအားကိုးပါတယ်”

“ ကျွန်တော်က အခုလိုပြဿနာမျိုးတွေ အများကြီးဖြေရှင်းပေးခဲ့ဖူးတာမို့ သိပ်မစိုးရိမ်ပါနဲ့၊ လာ အထဲဝင်ကြရအောင်”

ဆရာစက်ရောင် အိမ်ရှေ့တံခါးဝကိုရောက်တော့ ထုရိုက်နေတဲ့အသံတွေရပ်သွားပြီး ‌ကျယ်လောင်တဲ့ ညဉ်းသံတစ်ချက်ထွက်ပေါ်လာခဲ့တယ်။

“ အိမ်သော့ပါရင် ဖွင့်လိုက်တော့”

ကိုသောင်းနိုင်လဲ ပါလာတဲ့သော့နဲ့ အိမ်တံခါးကိုဖွင့်လိုက်ရာ မိန်းမတစ်ယောက် အခန်းထဲကိုဝင်ပြေးသွားတာမြင်လိုက်ရတယ်။

“ ဆရာ.. ဆရာမြင်လိုက်လား”

“ ကျွန်တော်မြင်တယ်၊ အဲဒီအခန်းက သူနေတဲ့အခန်းလား”

“ ဟုတ်တယ်ဆရာ”

“ နေ့ခင်းအချိန်မှာတောင် ဒီလိုခြောက်လှန့်နေတာပါလား”

ဆရာစက်ရောင်က တီးတိုးရေရွတ်ပြီး ဘုရားကျောင်းဆောင်ကိုကြည့်လိုက်ရာ ဘုရားဆင်းတုကိုကျောပေးလျက်အနေအထားနဲ့မြင်တွေ့လိုက်ရတယ်။

“ သူ့ကိုအိမ်ကနေမောင်းထုတ်ဖို့ အမှန်တကယ် ဆန္ဒရှိလား”

“ သူနဲ့ကျွန်တော်တို့နဲ့က ဘဝခြင်းခြားနေပြီမို့ သူ့လမ်းသူဖြောင့်အောင်သွားစေချင်တာပါ”

ကိုသောင်းနိုင်စကားကြောင့် ဆရာစက်ရောင် မျက်နှာကွက်ခနဲပျက်သွားပြီး အိမ်ထဲကနေ လှည့်ထွက်ဖို့အလုပ် အိမ်တံခါးဝမှာ ခါးထောက်ပြီး မတ်တပ်ရပ်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဟဲ့ ဆရာစုတ်… ငါ့ကို ဒီအိမ်ကနေ မောင်းထုတ်ဖို့ စိတ်မကူးနဲ့၊ သောင်းနိုင် နင့်ကိုလဲ ငါသတ်မယ်၊ နင်ခေါ်လာတဲ့ကောင်ကိုလဲသတ်မယ်”

“ ကိုသောင်းနိုင် ခင်ဗျားကိုယ်တိုင်က စိတ်မပြတ်သားတာ အခုတော့ နှစ်ယောက်လုံး ဒုက္ခရောက်တော့မယ်”

ဆရာစက်ရောင်က စိတ်ပျက်လက်ပျက်နဲ့ပြောပြီး ရပ်နေတဲ့မိန်းမကြီးကို လက်ညိုးနဲ့ထိုးကာ ဂါထာရွတ်လိုက်တယ်ဆိုရင်ပဲ တံခါးမကြီးရဲ့ ဘေးကိုလွင့်ထွက်သွားခဲ့တယ်။ ဒါပေမယ့် ချက်ချင်းပြန်ထလာပြီး အိမ်ပေါ်ဝမှာ ရပ်နေပြန်ရော ဒီတစ်ခါမှာတော့ ရုပ်သွင်က ကြောက်မက်ဖွယ်ပုံစံဖြစ်သွားပြီး မျက်လုံးတွေက ရဲရဲနီနေတာမြင်လိုက်ရတယ်။

“ ငါ့အိမ်ကနေ ထွက်သွားကြစမ်း၊ မသွားရင် ငါ့အကြောင်းသိမယ်”

“ အတော်ကိုအစွဲကြီးတဲ့မိန်းမပဲ၊ အင်းဖယောင်းတိုင် ထွန်းထားတာတောင် ဘာမှမဖြစ်ပါလား”

“ ဆရာ‌ဆိုတဲ့အကောင်၊ ဒါငါ့အိမ်… ဒါငါ့မြေ… ငါမသေခင်ထဲက ဒီနေရာမှာ‌ပဲနေဖို့ ဘုရားမှာဆုတောင်းခဲ့ပြီးပြီ၊ နင်တို့ပညာက ငါ့နေရာမှာဘာမှအသုံးဝင်မှာမဟုတ်ဘူး၊ ငါလဲ နင့်ကိုထိခိုက်အောင်လုပ်လို့မရသလို၊ ငါ့ကိုလဲနင် ထိခိုက်အောင်လုပ်လို့မရဘူး၊ သောင်းနိုင်… ငါက နင့်ကိုတော့ သေအောင်လုပ်လို့ရတယ်နော် အဟီးအဟီး”

သောင်းနိုင်က သူ့ကိုလက်ညိုးထိုးပြီး တဟီးဟီးနဲ့ရယ်နေတာကိုမြင်တော့ ခြေတွေလက်တွေတုန်ကာ ကြောက်လန့်သွားခဲ့တယ်။

“ ဆရာ… ကျွန်တော်တို့ဘာလုပ်ကြမလဲ”

“ သူက ဒီအိမ်နဲ့အတွင်းပစ္စည်းတွေကို စွဲလမ်းနေတာဆိုတော့ ကျွန်တော်တို့ ဘာမှမယူပဲ ပြန်ထွက်သွားတာအကောင်းဆုံးလို့ထင်တယ်၊ ကျုပ်ဘဝမှာ ဒီလိုမျိုး အစွဲကြီးတဲ့သရဲ မတွေ့ဘူးဘူး”

“ သောင်းနိုင် နင့်က ငါ့ယောင်္ကျားဖြစ်ခဲ့ဖူးတာမို့ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်၊ နောက်တစ်ခါ ငါ့ကိုမောင်းထုတ်ဖို့ကြိုးစားရင် အသေသတ်ပစ်မယ်၊ ထွက်သွား… ငါ့အိမ်ထဲက ထွက်သွားကြစမ်း”

မကြည်အောင်က ဝမ်းခေါင်းသံနဲ့အော်ပြောပြီး ပျောက်ကွယ်သွားတဲ့အချိန် ဆရာစက်ရောင်နဲ့ ကိုသောင်းနိုင်တို့နှစ်ယောက် ခြံအပြင်ကို ကမန်းကတမ်းပြေးထွက်လာခဲ့ကြတယ်။ နှစ်ယောက်သား ခြံအပြင်လဲရောက်ရော အိမ်ရှေ့တံခါးက ဂျိမ်းခနဲပြန်ပိတ်သွားတာကို မြင်လိုက်ရတယ်။

“ ကိုသောင်းနိုင် ခင်ဗျားဗျာ… ကျွန်တော်ကိုပြောတုန်းကကျတော့ မောင်းထုတ်မယ်လေးဘာလေးနဲ့၊ အခုကျတော့ ဘာလို့ စကားတစ်မျိုးပြောရတာလဲ”

“ ကျွန်တော် ကျွန်တော် စိတ်ထဲဖြစ်တာပြောမိသွားတာ”

“ နောက်တစ်ခါ ကျွန်တော်ကို ဒီအိမ်နဲ့ပတ်သတ်ပြီး ဘာမှလုပ်ဖို့လာမပြောနဲ့”

ဆရာစက်ရောင်က ကိုသောင်းနိုင်ကို မကျေနပ်တဲ့လေသံနဲ့ပြောပြီး ပြန်ထွက်သွားခဲ့တယ်။ အိမ်ပြန်ရောက်တော့ ကိုစံထူးကိုအကျိုးအကြောင်းပြောပြရာ

“ သောင်းနိုင်ရာ… မင်းကိုက စိတ်မပြတ်သားတာကိုး၊ အခုဘယ်လိုလုပ်ကြမလဲ”

“ ကျွန်တော်လဲမသိတော့ပါဘူးဗျာ”

“ စိတ်မကောင်းဖြစ်မနေနဲ့၊ ဘယ်အရာမဆို ကိုယ်နဲ့ထိုက်မှရတာကွ၊ အခုလောလောဆယ် မေတ္တာဂုဏ်ရည်ဘုန်းကြီးကျောင်းက ဘုရားထီးတင်ပွဲမှာ ထမင်းသွားစားရအောင်”

“ ယဉ်လှရော…ကိုစံထူး”

“ သူက ဘေးအိမ်က ကောင်မလေးတွေနဲ့ အရင်ထွက်သွားပြီ၊ လာ သွားကြရအောင်”

ကိုသောင်းနိုင်လဲ စိတ်ပျက်လက်ပျက်နဲ့ ကိုစံထူးခေါ်တဲ့နောက်ကိုလိုက်သွားရာ ဆောင်းဘောက်သံတွေဆူညံနေတဲ့ ဘုန်းကြီးကျောင်းဝင်းတစ်ခုထဲကိုရောက်လာ ခဲ့တယ်။

ကျောင်းဝင်းထဲရောက်တော့ စတုဒီသာမဏ္ဍပ်ထဲမှာ လူတွေပြည့်နေတာမို့ အရိပ်ရတဲ့အပင်အောက်မှာ ထိုင်စောင့်နေတဲ့အချိန် ‌ထီးတင်ထားတဲ့ စေတီဘက်မှာ လူတွေရုတ်ရုတ်သဲသဲဖြစ်နေတာမြင်လိုက်ရတယ်။

“ ကိုစံထူး ဟိုမှာ ဘာဖြစ်တာလဲမသိဘူး သွားကြည့်ရအောင်”

ကိုစံထူးလဲ သောင်းနိုင်စကားကြောင့် စေတီဘက်ကိုထွက်လာခဲ့ရာ အသက်နှစ်ဆယ်အရွယ် ယောင်္ကျားလေးတစ်ယောက် အံကိုကြိတ်ပြီး စေတီကြမ်းပြင်နဲ့ခေါင်းကိုဆောင့်နေတာမြင်လိုက်ရတယ်။

“ ဘာဖြစ်တာလဲ”

“ မသိဘူး‌ဗျ… စကားပြောနေရင်း အခုလိုဖြစ်သွားတာပဲ”

တစ်စုံတစ်ယောက်ဝင်ပူးနေသလို သွားရည်တွေတမြှားမြှားကျနေတဲ့ကောင်လေးက အနားတိုးလာတဲ့သူတွေကို လက်နဲ့လှမ်းကုတ်ကာရန်ပြုနေသလို တစ်ခါတစ်ရံ သူ့လက်ကိုကိုသူကိုက်ဖဲ့နေခဲ့တယ်။

“ ဆရာတော် ကြွလာပြီ ဖယ်ကြ ဖယ်ကြ”

ရုတ်တရက်ထွက်လာတဲ့အသံကြောင့် လူအုပ်ကြီးက ဘေးကိုဖယ်ပေးလိုက်ကြတယ်။ ဆရာတော်လဲ တဟင်းဟင်းနဲ့ ဒေါသထွက်နေတဲ့ သူရှေ့မှာရပ်လိုက်ပြီး

“ အခုဝင်ပူးနေတာ ဘယ်သူလဲ ပြောစမ်း”

“ မောင်… မောင်…နီပါဘုရား”

“ မောင်နီ… သင်က ဘယ်လိုကြောင့် ဒီကလေးကိုဝင်ပူးနေတာတုန်း၊ သင် ဘာလိုချင်လဲ ဘုန်းကြီးကိုပြော”

“ ဒီကောင်က ကျုပ်ကိုလဲ စော်ကားတယ်၊ ကိုရင်တွေရဲ့ခါးပန်းကြိုးနဲ့ ကျုပ်နေတဲ့ နေရာကိုလာချည်ထားတယ်”

“ ဟင်း… အတော်ကို လက်ဆော့တဲ့ကောင်တွေပဲ၊ မောင်နီ သင်က ဘယ်မှာနေတာလဲ ဘုန်းကြီးကိုပြော၊ အခုပဲသွားဖြုတ်ခိုင်းလိုက်မယ်”

“ စေတီဘေးက ဇီးဖြူပင်မှာနေပါတယ်”

“ တစ်ယောက်ယောက် ခါးပန်းကြိုးသွားဖြုတ်ပေးလိုက်ကြ”

ဆရာတော်စကားကြောင့် ကိုသောင်းနိုင်က စေတီဘေးမှာပေါက်နေတဲ့ ဇီးဖြူပင်ဆီသွားကာ သစ်ကိုင်းမှာချည်ထားတဲ့ ခါးပန်းကြိုးကို ဆွဲဖြုတ်ပေးလိုက်တယ်။

“ အရှင်ဘုရား တပည့်တော် ခါးပန်းကြိုးဖြုတ်လာခဲ့ပြီပါပြီ”

“ ‌အေးအေး…ဒကာကြီး ဘုန်းကြီးကိုပေး”

ဆရာတော်က ခါးပန်းကြိုးကိုယူပြီး ဝင်ပူးနေတဲ့သူဘက်ကိုလှည့်ကာ

“မောင်နီ… နောက်တစ်ခါ ဒီလိုမျိုးမဖြစ်အောင် ဘုန်းကြီးဆုံးမလိုက်မယ်၊ အခုတော့ ပြန်ထွက်ပေးလိုက်”

“ တင် တင်ပါဘုရား… တပည့်တော် သွားပါတော့မယ်”

ဝင်ပူးနေတဲ့ကောင်ထွက်သွားတာနဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးက ဗိုင်းခနဲလဲကျသွားခဲ့တယ်။

“ သူ့ကိုကျောင်းပေါ်ချီတင်လာပေးဦး”

“ တင်ပါဘုရား တပည့်တော် ချီလာခဲ့ပါမယ်”

သောင်းနိုင်လဲ ပျော့ခွေနေတဲ့လူငယ်ကို ပွေ့ချီပြီး ကျောင်းပေါ်ကိုတက်လာခဲ့လိုက်တယ်။ အပေါ်ရောက်တော့ ဘုရားကျောင်းဆောင်အရှေ့မှာ ချပေးကာ ပြန်ထွက်ဖို့အလုပ်

“ ဒကာကြီး… ဒကာကြီး သောင်းနိုင်မဟုတ်လား”

“ ဦးဇင်းလေးပါလား… ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ”

“ ထီးတင်ပွဲလာရင်း ဆရာတော်နဲ့ စကားပြောနေတာလေ”

“ ဦးဇင်းနဲ့ ဒီကဒကာကြီးတို့ကသိနေကြတာလား”

“ တင်ပါဘုရား… ဒကာကြီးရဲ့ဇနီး ရက်လည်ဆွမ်းကပ်တုန်းကအကြောင်း ဆရာတော်ကိုတောင်လျောက်ထားဖူးတယ်လေ”

“ ‌ဆွမ်းကပ်နေတုန်း အမျှမဝေဖို့လာပြောတဲ့ ဒကာမကြီးရဲ့ အမျိုးသားလား”

“ တင်ပါဘုရား”

“ အခုရော ဘယ်လိုအခြေအနေရှိလဲ”

“ အခုကပိုဆိုးလာပါတယ်ဘုရား၊ တပည့်တော်တို့တောင် အိမ်မှာမနေရဲပဲ အသိအိမ်ကပ်နေနေရပါတယ်”

“ ဒကာမကြီးအကြောင်း ဒီကဦးဇင်းလေးပြောပြလို့ သိနေတာ၊ သူက အတော်ကိုအစွဲကြီးတာပဲ”

“ ဟုတ်ပါတယ်ဘုရား၊ အိမ်ကပစ္စည်းဆိုရင် အပ်တို တစ်ချောင်းတောင် ယူလို့မရတဲ့ထိကို စွဲနေတာဘုရား၊ တပည့်တော် သိချင်တာက အခုလိုအခြောက်အလှန့်ကြမ်းတဲ့သူတွေကို

ကမ္မဝါဖတ်ပြီး နှင်ထုတ်လို့ရလားဘုရား”

“ ကမ္မဝါဆိုတာက မြတ်ဗုဒ္ဓရဲ့ အာဏာစက်ပဲလေ၊ သရဲတစ္ဆေတွေတင်မက ဆိုးသွမ်းတဲ့နတ်ဘီလူးတွေ ကိုတောင် နှင်ထုတ်နိုင်တယ်၊ ဒါပေမယ့် ဝိနည်းတော်ကိုလိုက်နာကြတဲ့ သံဃာတွေအနေနဲ့ အခုလိုမျိုးမလုပ်ကြဘူး၊ ဘာကြောင့်လဲဆိုရင် ဘုန်းကြီးတို့ ရွတ်ဖတ်လိုက်တဲ့အခါ အနီးအနားမှာရှိတဲ့ နာနာဘာဝတွေ ဆောက်တည်ရာမရထွက်ပြေးကြရတယ်၊ အချို့ဆို ကမ္မဝါရွတ်ဖတ်သံကြားရင် ပူလောင်လွန်းလို့ ငိုကြွေးကြတာတွေလဲရှိတယ်၊ ဒါကြောင့် ကမ္မဝါတွေထဲမှာ အနန္တရာယိကကမ္မဝါလောက်ပဲ ရွတ်ဖတ်ကြတယ်”

“ တပည့်တော်လဲ အခုလိုဖြစ်ရပ်ကြောင့် အတော်ကိုဒုက္ခရောက်နေလို့ ဘယ်လိုလုပ်ရင် သင့်တော်မလဲဆိုတာ လမ်းပြပေးပါဘုရား”

“ အိမ်း…. ဒါဆိုရင် ထီးတင်ပွဲလာတဲ့ဧည့်သည်သုံးယောက်နဲ့မိတ်ဆက်ပေးမယ်၊ သူတို့က လောကီပညာပိုင်းမှာ အတော်ကို ထူးချွန်ကြတယ်”

“ တင်ပါဘုရား… ကျေးဇူးလဲတင်ပါတယ်ဘုရား”

“ ရပါတယ် ဒကာကြီးရယ်၊ မောင်ကျောင်းသားရှိလား”

“ ရှိပါတယ် ဘုရား”

“ အာဂန္တု‌အဆောင်မှာ တည်းနေတဲ့ ဧည့်သည်တွေကို ဘုန်းကြီးခေါ်တယ်လို့ သွားပြောပေးဦး”

“ တင်ပါဘုရား…”

မောင်ကျောင်းသားထွက်သွားပြီး ဆယ်မိနစ်လောက်နေတော့ ဆင်စွယ်ရောင်တီရှပ်ဝတ်ဆင်ထားတဲ့လူသုံးယောက် ကျောင်းပေါ်ကိုတက်လာခဲ့တယ်။

“ ဆရာတော်ဘုရား ခေါ်တယ်ဆိုလို့ပါ၊ ဘာအရေးကိစ္စများရှိလို့ပါလဲဘုရား”

“ ဟောဒီက ဒကာကြီးကြုံတွေ့နေရတဲ့ ကိစ္စအကြောင်းပြောပြချင်လို့ခေါ်လိုက်တာ၊ နိုင်သလောက်ကူညီပေးလိုက်ကြပါဦး”

“ တင်ပါဘုရား… တပည့်တော် အကျိုးအကြောင်းမေးလိုက်ပါ့မယ်”

“ ဒါဆို ဘုန်းကြီး အခြားဧည့်သည်တွေဆီသွားလိုက်ဦးမယ်”

ဆရာတော်ထွက်သွားတော့ သောင်းနိုင်က

“ ကျွန်တော်နာမည်သောင်းနိုင်လို့ခေါ်ပါတယ်”

“ ကျွန်တော်က အောင်မြတ်သာပါ၊ သူတို့နှစ်ယောက်က မောင်ကောင်းနဲ့ ခွန်းလှပါ”

“ ဟုတ်ကဲ့… အခုကျွန်တော်ဖြစ်နေတဲ့ကိစ္စလေး ပြောပြချင်ပါတယ်”

“ ပြောပါဗျ… ကျွန်တော်တို့နားထောင်နေပါတယ်”

သောင်းနိုင်လဲ အဖြစ်အပျက်အားလုံးကို ခရေစေ့တွင်းကျပြောပြလိုက်ရာ အောင်မြတ်သာဆိုတဲ့လူက ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး

“ ကိုသောင်းနိုင်ဖြစ်ချင်တာက အိမ်မှာကျန်ခဲ့တဲ့ အတွင်းပစ္စည်းတွေကိုပြန်လိုချင်တာလား”

“ ဟုတ်ပါတယ်… အပြင်မှာလုပ်ကိုင်စားသောက်ဖို့ ရရင်ကျေနပ်ပါပြီ”

“ ဆရာတော်ကလဲ ကူညီပေးဖို့ပြောထားတာကြောင့် ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစားပေးပ့ါမယ်၊ အခုဘယ်အချိန်ရှိနေပြီလဲ”

“ နေ့လည် တစ်နာရီထိုးပြီးသွားပြီဆရာ”

“ ကျုပ်တို့လဲ မနက်ဖြန် အခြားတစ်နေရာခရီးဆက်ရမှာမို့ အခုပဲသွားကြည့်ချင်ပါတယ်၊ အိမ်နေရာကိုလမ်းပြပေးပါလား”

“ ရပါတယ်ဆရာ… ကျွန်တော်လမ်းပြပေးပါ့မယ်”

သောင်းနိုင်လဲ အောင်မြတ်သာတို့ကိုခေါ်ပြီး အိမ်ရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။

“ ဆရာ.. ဟိုက..အုတ်ခုံနှစ်ခုရှိတဲ့အိမ်က ကျွန်တော်အိမ်ပါပဲ”

“ ကိုသောင်းနိုင် အထဲလိုက်ဝင်ဦးမလား”

“ မလိုက်လို့ရရင် မလိုက်တော့ပါဘူးဆရာ၊ အတွင်းပစ္စည်းတွေကအိမ်ခန်းထဲကုတင်ကြမ်း

အောက်မှာရှိပါတယ်”

“ ကျွန်တော်တို့ကြိုးစားကြည့်ပါ့မယ်၊ အိမ်သော့ကရော ခတ်ထားသေးလား”

“ မခတ်ထားဘူးဆရာ… မနက်က ထွက်ပြေးလာတာနဲ့တင် ခတ်ဖို့မေ့သွားတာ”

“ ဟုတ်ပြီလေ… ဒါဆို ဒီမှာပဲစောင့်နေလိုက်ပါဦး”

အောင်မြတ်သာတို့လဲ ကိုသောင်းနိုင်ပြတဲ့အိမ်ရှေ့ကို လျောက်လာပြီး အကဲခတ်လိုက်ရာ အိမ်စောင့်ခြံစောင့်တွေမရှိတော့ပဲ အခြားသော နာနာဘာဝတွေခိုအောင်းနေတာကိုပါမြင်လိုက်ရတယ်။

“ ခြံထဲမဝင်ခင် ဆိုင်ရာပိုင်ရာတွေကို အရင်ခွင့်တောင်းဖို့မမေ့ကြနဲ့”

“ ဟုတ်ကဲ့ပါဆရာ”

‌သုံးယောက်သား ဝင်ခွင့်တောင်းပြီး ခြံထဲခြေချလိုက်တာနဲ့ အိမ်တံခါးမကြီး လှုပ်ခါလာခဲ့တယ်။

“ ကြိုဆိုပုံကကြမ်းလိုက်တာဆရာ”

“ အစွဲကြီးတဲ့သူတွေက ဒီလိုပဲ၊ အိမ်ထဲရောက်ရင် ပိုကြမ်းတာတွေမြင်ရလိမ့်မယ်၊ ‌မောင်ကောင်း တံခါးဆွဲဖွင့်လိုက်”

မောင်ကောင်းလဲ အိမ်တံခါးကို အသာဆွဲဖွင့်လိုက်ရာ ဧည့်ခန်းကခုံပေါ်မှာကျောပေးပြီးထိုင်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“နင်တို့ငါ့အိမ်ထဲဘာလာလုပ်ကြတာလဲ”ဆိုတဲ့

ခြောက်ကပ်ကပ်အသံကထိုင်နေတဲ့မိန်းမဆီ

ကနေထွက်လာခဲ့တယ်။

“ ကျုပ်တို့လာတာ သင့်ကိုရန်ပြုဖို့မဟုတ်ပါဘူး”

“ ငါ့အိမ်ကိုဝင်လာရင် ငါ့ကိုဒုက္ခပေးဖို့ပဲ၊ ဘာလဲ သောင်းနိုင် နင်တို့ကိုလွတ်လိုက်တာလား”

“ သူတိုရသင့်တဲ့ပစ္စည်းတွေလာယူတာပါ”

“ သူတိုပစ္စည်းတစ်ခုမှမရှိဘူး၊ ဒီအိမ်ကပစ္စည်းအားလုံးက ငါ့ပစ္စည်းတွေပဲ”

“ သင်က သိပ်ကိုအတ္တကြီးနေပါလား၊ ဒါကြောင့်လဲ ဘယ်အရာကိုမှမကြောက်တော့တာထင်တယ်”

“ ငါပိုင်နက်ထဲမှာ ဘယ်သူကိုကြောက်ရမှာလဲ၊ နင်တို့ဒုက္ခမရောက်ချင်ရင် ငါ့အိမ်ထဲကထွက်သွားစမ်း”

ထိုင်နေတဲ့မိန်းမက ဒေါသတစ်ကြီးအော်ပြောရင်း မျက်နှာကိုလှည့်လိုက်ရာ ဆံပင်တွေလေထဲကို လွှင့်ပျံသွားခဲ့တယ်။

“ ဆရာ… သူဘာမှကိုမကြောက်တာဗျ၊ ပညာနည်းနည်းပေးလိုက်ရမလား”

“ ကြောက်လန့်အောင်ပဲလုပ်နော်၊ သူ့ကိုထိခိုက်အောင်မလုပ်နဲ့”

“ ဟုတ်ကဲ့ဆရာ”

မောင်ကောင်းက အရှေ့တက်သွားပြီး စားပွဲပေါ်မှာ တင်ထားတဲ့ ပန်းအိုးကို‌ကောက်ကိုင်လိုက်ရာ

“ ငါ့ပစ္စည်းကိုမထိနဲ့” ဆိုတဲ့အသံနက်ကြီးနဲ့အတူ အနီးနားမှာရှိတဲ့အရာဝတ္တုတွေကိုလွှင့်ပစ်ကာ သောင်းကျန်းပါလေရော။

“ လက်နှစ်ဖက်ကို ဆိုင်ရာက ချုပ်ထားစမ်း”

မောင်ကောင်းကအမိန့်ပေးပြီး ရှေ့တက်သွားတဲ့အချိန် ဗီရိုထဲက ဖန်ခွက်တစ်လုံးက မျက်နှာတည့်တည့်ကိုဝင်လာတာမြင်လိုက်ရတယ်။

“ ခွမ်း…”

အရှောင်မြန်လိုက်တာမို့ ဖန်ခွက်က နားရွက်ဘေးကနေဖြတ်ပြီး အိမ်နံရံကိုသွားထိကာ အစိပ်စိပ်အမြွှာမြွှာဖြစ်သွားခဲ့တယ်။

မောင်ကောင်းလဲ ချက်ချင်းပဲ လေးကွင်းအင်းတစ်ရွက်ထုတ်ပြီး ပစ်လိုက်ရာ၊ မိန်းမကြီးဆီမရောက်ခင်မှာပဲ အောက်ကိုပြုတ်ကျသွားခဲ့တယ်။ ဒုတိယအကြိမ် လိပ်ပြာချုပ်အင်းနဲ့ ဖမ်းဖို့ကြိုးစားခဲ့ပေမယ့် အင်းကအသက်မဝင်ပဲ သာမန်စက္ကူတစ်ရွက်လိုသာ ဖြစ်နေခဲ့တယ်။

“ ဆရာ… ဒီမိန်းမကို ချုပ်လို့မရဘူး”

“ မောင်ကောင်း အနောက်ပြန်ဆုတ်… ငါလဲ စိတ်ထဲကနေ အမိန့်ပေးပြီးချုပ်ခိုင်းလို့မရဘူး”

“ ဒီအိမ်ထဲမှာ ဘာမှလုပ်လို့မရတာလား”

“ ဟုတ်လောက်တယ်၊ ငါတို့မသိတဲ့ အခြားအကြောင်းတစ်ခုခုရှိနေပြီထင်တယ်”

အောင်မြတ်သာတို့ အိမ်ထဲကနေပြန်မထွက်ခင် လေးကွက်အင်းကို တံခါးဘောင်မှာရိုက်လိုက်ရာ စမအက္ခရာတွေက ဘောင်မှာကပ်မနေပဲ လက်ဝါးပေါ်မှာပြန်ပါလာခဲ့တယ်။

“ အိမ်အပြင်ထွက်ကြတော့… သူ့အိမ်ထဲမှာ ငါတို့ဘာမှလုပ်လို့မရတော့ဘူး”

“ ထူးဆန်းလိုက်တာ… တစ်ခါမှဒီလိုအဖြစ်မျိုး မကြုံဖူးဖူးဗျာ”

ကြမ်းပေ့ရမ်းပေ့ဆိုတဲ့သူတွေကို နှိပ်ကွပ်လာတဲ့ ဆရာတပည့်တွေ အခုကျမှ အိမ်အပြင်ပြန်ပြေးရတဲ့အထိဖြစ်ခဲ့ရတယ်။

“ ဆရာ… ဆရာတို့ ရခဲ့လား”

“ မရခဲ့ဘူးဗျ… ကျုပ်တို့ဘဝမှာ အခုလိုနောက်ဆုတ်ရတာ ပထမဆုံးပဲ၊ ကိုသောင်းနိုင် ခင်ဗျားမိန်းမမသေခင် မှတ်မှတ်ရရ ဘာလုပ်ခဲ့သေးလဲ”

“ သူမသေခင် လုပ်ခဲ့တာက ဘုရားကို စားပွဲဝိုင်းနဲ့ ဆွမ်းကပ်ခဲ့တာပဲ”

“ အရင်ကရော ပုံမှန်ဆွမ်းကပ်နေကြလား”

“ ဘယ်ကလာ… ဘုရားတောင် နေ့တိုင်းရှိခိုးတာ မဟုတ်ဘူး၊ တိုက်တိုက်ဆိုင်ဆိုင် ဆွမ်းကပ်ပြီးတဲ့နေ့လည်ပဲ ဆုံးတာ”

“ ကျွန်တော်စိတ်ထင်တာပြောရရင် ဆုတောင်းမှားခဲ့ပြီထင်တယ်”

“ ဘယ်လိုဆုတောင်းမှားတာလဲဆရာ”

“ အတိအကျတော့မပြောတတ်ဘူး၊ အခုကျုပ်တို့ အိမ်ထဲရောက်သွားတာနဲ့ ပညာတွေက ဘာမှအသုံးမဝင်တော့ဘူး”

“ မနက်ကဆရာတစ်ယောက်လဲ အခုလိုပဲပြောတယ်”

“ သူလဲ ကျုပ်တို့လိုဖြစ်တာလား”

“ ဟုတ်တယ်ဆရာ… နေဦး… မနက်က ကျွန်တော်တို့အိမ်ထဲဝင်တော့ ဒီနေရာက သူ့နေရာတဲ့၊ မသေခင်ထဲက ဒီမှာပဲနေဖို့ ဆုတောင်းခဲ့တာလို့ပြောတယ်၊ အဲဒီဆုတောင်းကြောင့် အခုလိုဖြစ်နေတာလား”

“ မသေခင် ဘုရားဆွမ်းကပ်ပြီး ဆုတောင်းခဲ့တာဖြစ်မယ်၊ ဒီပုံစံဆိုရင် ဘယ်လိုမှ ကျွတ်လွတ်မှာမဟုတ်တော့ဘူး စိတ်မကောင်းစရာပဲ”

“ ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ”

“ အခုလောလောဆယ် ဆုံးထားတာမကြာသေးတာမို့ ဖျောင်းဖျနားချဖို့ကလွယ်မှာ မဟုတ်ဘူး၊ အချိန်တွေကြာလို့ သူကိုယ်တိုင် အကျွတ်တရားရမှသာ ဒီဘဝကလွတ်မှာ”

“ ဘယ်တတ်နိုင်ပါ့မလဲဗျာ… ကျုပ်တို့နဲ့မထိုက်ဘူးလို့ပဲ မှတ်ယူရတော့မှာပေါ့၊ ကျွန်တော်ကို ပြန်ခွင့်ပြုပါဦး”

ကိုသောင်းနိုင်က ခေါင်းငိုက်စိုက်ကျပြီး ပြန်ထွက်သွားခဲ့သလို အောင်မြတ်သာတို့လဲ နှုတ်ဆိတ်စွာဖြင့် ဘုန်းကြီးကျောင်းဘက်ကို ထွက်ခွာသွားခဲ့ကြတယ်။

ဒီဖြစ်ရပ်က သူတို့ဘဝအတွက် မေ့ပျောက်လို့မရတဲ့ အရာတစ်ခုဖြစ်သွားခဲ့ပြီမဟုတ်လား။

အဆိုပါအိမ်က ယခုထိ တည်ရှိနေဆဲဖြစ်ပြီး ခြံထဲမှာတော့ ပြိုကျလုဆဲဆဲအိမ်တစ်လုံးနဲ့ သံချေးတက်နေတဲ့ကားတစ်စီးရှိနေ‌ခဲ့သလို

ရံဖန်ရံခါ ဆံပင်ဖားလျားချထားတဲ့မိန်းမ တစ်ယောက် ခြံထဲမှာလမ်းလျောက်နေတာကိုလဲ ပတ်ဝန်းကျင်ကလူတွေ အခုထိမြင်နေရဆဲ။

ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအား အမည်နာမများပြောင်းလဲရေးသားထားခြင်းဖြစ်ပါတယ်။

နောက်ဝတ္တုမှာတော့ အိမ်ခုနှစ်အိမ်ကို တစ်ပြိုက်နက်ထဲ ပြုစားထားတဲ့ အကြောင်းကိုတော့

“အောင်မြတ်သာနှင့်ခုနှစ်စင်အတိုက်”ဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္အိမ္ေစာင့္သရဲမ “(စ/ဆုံး)
———————————————————

“ အဟြတ္ အဟြတ္ အဟြတ္”

အိမ္ခန္းထဲကေန ေခ်ာင္းေျခာက္ဆိုးသံထြက္ေပၚ လာတာေၾကာင့္ ထမင္းအိုးတည္ေနတဲ့ ယဥ္လွတစ္ေယာက္ ကျပာကယာအခန္းထဲ ေျပးဝင္လာခဲ့လိုက္တယ္။

“ အေမ… ေခ်ာင္းေတြဆိုးေနျပန္ၿပီလား”

“ ခဏေန သက္သာသြားမွာေအ.. ငါ့ကို ယက္ဆားဘူးေလးေပးစမ္းပါဦး”

“ အေမ ေဆးခန္းသြားျပရေအာင္လား”

“ မျပခ်င္ပါဘူး.. ငါက ေနမေကာင္းျဖစ္တာမွမဟုတ္တာ၊ အခန႔္မသင့္လို႔ ေခ်ာင္းဆိုးေနတာ ေရးႀကီးခြင္က်ယ္လုပ္မေနစမ္းပါနဲ႔”

“ အေမကေတာ့ ေျပာရဆိုရခက္လိုက္တာ၊ ေဆးခန္းျပလို႔ ဘယ္ေလာက္မွမကုန္ပါဘူး”

“ ယဥ္လွ.. နင့္အလုပ္နင္သြားလုပ္စမ္း၊ ငါ့ကိုဆရာလာမလုပ္ေနနဲ႔”

မိခင္ျဖစ္သူရဲ႕ စကားေၾကာင့္ ယဥ္လွတစ္ေယာက္ ေဆာင့္ခ်ည္ေအာင့္ခ်ည္နဲ႔ မီးဖိုေခ်ာင္ထဲကို ျပန္ဝင္သြားခဲ့တယ္။

“ ယဥ္လွ … ဒီကိုလာဦး”

“ ဘာျဖစ္လို႔လဲအေမ”

“ အသားဟင္းေတြ ဘာလို႔အမ်ားႀကီးထည့္လာတာလဲ၊ ငါကတစ္တုံးဆို ရၿပီလို႔ေျပာထားတာကို”

“ လက္တစ္ဆစ္ေလာက္အသားတုံးနဲ႔ အေမဘယ္လိုစားမလဲ၊ေနာက္ၿပီးေနကလဲ ေကာင္းတာမဟုတ္ဘူး”

“ ငါစားတတ္ပါတယ္၊ သြား သြား ဒီဟင္းေတြ ျပန္ယူသြားလိုက္”

“ ဟင္း… အေမ အဲဒီလိုၾကပ္ၾကပ္လုပ္၊ အစားဆိုလဲ ဟုတ္တိပတ္တိမစား၊ ေဆးခန္းဆိုလဲမျပနဲ႔၊ အေမတစ္ခုခုျဖစ္ရင္ ဘယ္လိုလုပ္မလဲ”

“ ဟဲ့… ယဥ္လွ၊ ငါက ဘာမွမျဖစ္ဘူး… ငါမရွိရင္သာ နင္တို႔သားအဖ ဒုကၡေရာက္မွာျမင္ေယာင္ေနေသး”

ယဥ္လွလဲ ဘာမွဆက္မေျပာေတာ့ပဲ ေခါင္းကိုခါယမ္းကာ အိမ္အေနာက္ဘက္ကို ထြက္သြားခဲ့လိုက္တယ္။

+++++

“အေဖ… ဒီေန႔ ကားမထြက္ဘူးလား”

“ ကားျပင္ဖို႔နည္းနည္းရွိေနလို႔ ဒီေန႔ နားတယ္၊ ဘာျဖစ္လို႔လဲသမီး”

“ အေမအခုတစ္ေလာ ေခ်ာင္းေတြဆိုးေနတာ အေဖသတိထားမိလား”

“ အေဖေတာင္မေန႔ညက ေဆးခန္းသြားဖို႔ေျပာေသးတယ္၊ နင့္အေမကေတာ့သိတဲ့အတိုင္း သူဘာမွမျဖစ္ဘူးပဲေျပာေနတာ”

“ အေဖေျပာတာလဲ မရဘူးလား”

“ အင္း… ဘယ္လိုေျပာေျပာကိုမရတာ”

“ အေမတို႔ကလဲ ပိုက္ဆံလဲရွိရွိႀကီး ဘာလို႔ ေရာဂါကို ေပ်ာက္ေအာင္မကုလဲမသိပါဘူး”

သားဖႏွစ္ေယာက္ စကားေျပာေနတဲ့အခ်ိန္ ၿခံဝင္းထဲကို မိန္းမတစ္ေယာက္ဝင္လာခဲ့တယ္။

“ မၾကည္ေအာင္ရွိလားရွင့္”

“ ရွိပါတယ္၊ ဘာကိစၥရွိလို႔လဲ”

“ အတိုးဖိုးေငြလာေပးတာပါ”

အတိုးဖိုးေငြဆိုတဲ့အသံလဲၾကားေရာ မၾကည္ေအာင္ တစ္ေယာက္ အိမ္ခန္းထဲကေန အျပင္ကိုထြက္လာခဲ့တယ္။

“ စမ္းေအးပါလား… နင္ ၿပီးခဲ့တဲ့လကလဲ အတိုးမေပးဘူးေနာ္”

“ ၿပီးခဲ့တဲ့လက ေယာက်ၤားဘက္ကအမ်ိဳးေတြဆီ အလည္သြားေနလို႔ပါ၊ အခု ႏွစ္လစာယူလာတယ္၊ ေသခ်ာစစ္လိုက္ဦး”

မၾကည္ေအာင္က သူ႔ကိုကမ္းေပးတဲ့ ေငြအခ်ိဳ႕ကို ေရတြက္လိုက္ၿပီး

“ အရင္းကေရာ ဘယ္ေတာ့ျပန္ဆပ္မွာလဲ.. အဟြတ္ အဟြတ္”

“ မၾကည္ေအာင္ ေနမေကာင္းဘူးလား”

“ အဟြတ္.. ငါ ငါေနေကာင္းတယ္၊ ဘာမွမျဖစ္ဘူး”

“ အရင္းက သီတင္းကြၽတ္ေလာက္ေပးပါ့မယ္”

“ ေအးေအး… အတိုးလဲမွန္မွန္ေပးဦး”

“ စိတ္ခ်ပါ၊ ကြၽန္မနဲ႔ မၾကည္ေအာင္ အလုပ္လုပ္တာ ႏွစ္ေပါက္ေနၿပီဟာကို”

မၾကည္ေအာင္လဲ စမ္းေအးစကားေၾကာင့္ ႏႈတ္ခမ္းကိုတြန႔္လိုက္ၿပီး အိမ္ထဲျပန္ဝင္သြားခဲ့တယ္။

++++++

ဒီလိုနဲ႔ ႏွစ္လေလာက္ၾကာေတာ့ မၾကည္ေအာင္ရဲ႕ ေရာဂါက သက္သာမလာပဲ ေခ်ာင္းဆိုးလိုက္တိုင္း ေသြးေတြပါလာခဲ့တယ္။

“ ယဥ္လွ… နင့္အေဖ ေခၚေပးစမ္းပါ”

“ အေဖ.. အေမေခၚေနတယ္”

ယဥ္လွစကားေၾကာင့္ ကားေရေဆးေနတဲ့ ကိုေသာင္းႏိုင္ အိမ္ထဲကိုဝင္လာခဲ့လိုက္တယ္။

“ ေသာင္းႏိုင္… ငါ ဘုရားဆြမ္းကပ္ခ်င္လို႔ မနက္က်ရင္ ေဈးေစာေစာသြားေပးပါလား”

“ ငါ့မိန္းမကေတာ့ ဒီေန႔ထူးဆန္းေနပါလား၊ ဆြမ္းကပ္ဖို႔ငါဘာဝယ္ေပးရမလဲ”

“ အဆင္ေျပတာဝယ္ခဲ့လိုက္၊ ဒီမွာ ပိုက္ဆံယူထား”

မၾကည္ေအာင္က ေခြၽးခံအိတ္ထဲမွာ ထည့္ထားတဲ့ပိုက္ဆံအခ်ိဳ႕ကိုထုတ္ေပးရင္း

“ ယဥ္လွ.. ငါ့ကိုလမ္းထိပ္ကေဆးဆိုင္မွာ ေဆးသြားစပ္ေပးပါလား”

“ စပ္ေဆးေတြက မေကာင္းဘူးအေမရဲ႕၊ ေဆးခန္းသြားျပလိုက္ပါလား”

“ နင္မရွည္နဲ႔ ငါေျပာရင္ေျပာသလိုလုပ္”

“ ဒါဆိုလဲၿပီးတာပဲ၊ ဘယ္လိုေျပာၿပီး စပ္ခိုင္းရမလဲဆိုတာေျပာဦး”

“ လည္ေခ်ာင္းနာၿပီး ေခ်ာင္းဆိုးတာလို႔၊ ေနာက္ၿပီး ကိုယ္နည္းနည္းပူေနတယ္”

“ မိန္းမ… နင္ေနလို႔ေရာအဆင္ေျပရဲ႕လား”

“ ငါဘာမွမျဖစ္ဘူး၊ အဲဒီအတိုင္းသာေျပာၿပီး ေဆးစပ္ခဲ့စမ္းပါ”

ယဥ္လွလဲ မိခင္ျဖစ္သူကို မ်က္ေစာင္းတစ္ခ်က္ထိုးၿပီး လမ္းထိပ္က ေဆးဆိုင္ကိုထြက္သြားခဲ့လိုက္တယ္။

+++++

ေနာက္တစ္ေန႔မနက္ ဆြမ္းကပ္ၿပီးတဲ့ခ်ိန္ထိ အေကာင္းႀကီးရွိေနတဲ့ မၾကည္ေအာင္တစ္ေယာက္ ေန႔လည္ေလာက္ေရာက္ေတာ့ ႐ုတ္တရက္ဆိုသလို အသက္ရႉၾကပ္လာခဲ့တယ္။

ယဥ္လွတို႔လဲ ခ်က္ခ်င္းဆိုသလို ေဆး႐ုံတင္ဖို႔လုပ္ၾကေပမယ့္ မမွီေတာ့ပဲ လမ္းမွာတင္ဆုံးပါးသြားခဲ့တယ္။

အသက္ရွင္စဥ္ကာလမွာထဲက ပစၥည္းဥစၥာနဲ႔ပတ္သတ္ၿပီး အစြဲအလမ္းႀကီးခဲ့တဲ့ မၾကည္ေအာင္က ေသဆုံးတဲ့ညမွာတင္ အိမ္မွာရွိတဲ့သူေတြကို စတင္ေျခာက္လွန႔္တဲ့ ျဖစ္ရပ္ေပၚေပါက္လာခဲ့တယ္။

“ ယဥ္လွေရ… ဧည့္သည္ေတြစားဖို႔ ၾကက္႐ိုးနဲ႔ဘူးသီးခ်က္လိုက္ရမလား”

“ ဟုတ္ကဲ့ ေဒၚေမေလး၊ ညအိပ္ေစာင့္မယ့္သူေတြလဲ ဆာရင္စားလို႔ရေအာင္ ပိုပိုေလးခ်က္ထားေပးေနာ္”

‌ေဒၚေမေလးတစ္ေယာက္ ဧည့္သည္ေတြစားဖို႔အတြက္ ၾကက္႐ိုးနဲ႔ဘူးသီးဟင္းခ်က္ဖို႔ မီးဖိုေခ်ာင္းထဲကိုဝင္လာတဲ့အခ်ိန္ အခန္းထဲက ကုတင္ေပၚမွာ မိန္းမတစ္ေယာက္ ထိုင္ေနတာကို ရိပ္ခနဲျမင္လိုက္ရတယ္။

႐ုတ္တရက္မို႔ ေဒၚေမေလးလဲ အျမင္မွားတာေနမွာဆိုၿပီး မီးဖိုခန္းထဲကိုဝင္ကာ ခ်က္ျပဳတ္စရာရွိတာေတြကို ခ်ဳပ္ျပဳတ္ေနခဲ့လိုက္တယ္။ အဲဒီအခ်ိန္ ေက်ာအေနာက္မွာ တစ္စုံတစ္ေယာက္လာရပ္ေနသလို ခံစားလိုက္မိတယ္။ ဒါေပမယ့္ လွည့္ၾကည့္လိုက္တဲ့အခ်ိန္ ဘာမွမရွိတာေၾကာင့္ စိတ္ထင္တာေနမွာပါဆိုၿပီး မီးဖိုေပၚကဟင္းအိုးကိုဖြင့္လိုက္ရာ အိုးအဖုံးက ၾကမ္းျပင္ေပၚကို လြတ္က်သြားခဲ့တယ္။

ေဒၚေမေလးလဲ က်သြားတဲ့အိုးအဖုံးကို ေကာက္ဖို႔ငုံ႔လိုက္တဲ့အခ်ိန္ သူ႔အေနာက္မွာ ရပ္ေနတဲ့ ေျခေထာက္ႏွစ္ေခ်ာင္းကို ထင္ထင္ရွားရွားျမင္လိုက္ရတယ္။ အစေတာ့ ယဥ္လွလို႔ထင္ေနေပမယ့္ အေနာက္မွာရပ္ေနတဲ့သူက တျဖည္းျဖည္းထိုင္ခ်လိုက္တဲ့အခ်ိန္ လိပ္ျပာလြင့္မတတ္ေၾကာက္လန႔္သြားခဲ့တယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔အေနာက္မွာရပ္ေနတာ ယဥ္လွမဟုတ္ပဲ ေန႔လည္ကမွဆုံးသြားတဲ့ မၾကည္ေအာင္ျဖစ္ေနလို႔ပဲ။

“ အမေလး… ကယ္ၾကပါဦး….”

ေဒၚေမေလးရဲ႕ေအာ္သံေၾကာင့္ အိမ္ေရွ႕မွာ ရွိေနတဲ့သူေတြေျပးဝင္လာၿပီး

“ ေဒၚေမေလး… ဘာျဖစ္တာလဲ”

“ မၾကည္ မၾကည္ကို ခုနကျမင္လိုက္တယ္၊ ငါ ငါ ဒီမွာမေနရဲေတာ့ဘူး”

“ ေဒၚေမေလး အျမင္မွားတာမ်ားလား”

“ မမွားဘူး.. ငါေသခ်ာျမင္လိုက္တာ၊ ငါ ငါ ျပန္ေတာ့မယ္”

ေဒၚေမေလးက ဘယ္လိုမွ မရေတာ့ပဲ ခ်က္ခ်င္းအိမ္ျပန္သြားခဲ့သလို က်န္တဲ့သူေတြကလဲ အိမ္ေနာက္ေဖးကိုမဝင္ရဲေတာ့ပဲ အိမ္ေရွ႕မွာထိုင္ကာ စကားစုေျပာေနခဲ့ၾကတယ္။

ညတစ္နာရီေလာက္ေရာက္ေတာ့ ယဥ္လွတစ္ေယာက္ အေပါ့သြားခ်င္တာမို႔ အိမ္သာဘက္ကိုထြက္လာတဲ့အခ်ိန္ အိမ္ခန္းထဲက ကုတင္ေပၚမွာ ငုတ္တုတ္ထိုင္ေနတဲ့ လူရိပ္တစ္ခုကို ျမင္လိုက္ရတယ္။

“ အေဖ… အေဖ… ျမန္ျမန္လာဦး”

“ သမီး… ဘာျဖစ္လို႔လဲ”

“ ခုနက အေမကုတင္ေပၚမွာ လူတစ္ေယာက္ ထိုင္ေနတာျမင္လို႔”

“ မျဖစ္ႏိုင္ပါဘူး… ဧည့္သည္ေတြက အျပင္မွာအကုန္ရွိေနတာေလ”

“ ဒါဆို အေမ အေမမ်ားျဖစ္ေနမလား”

“ သူကအစြဲအလမ္းႀကီးေတာ့ ဒီေနရာကို စိတ္စြဲေနတာလဲျဖစ္ႏိုင္တယ္၊ ရက္လည္ၿပီးရင္ သူလဲ ေကာင္းတဲ့ဘဝကိုေရာက္သြားမွာပါ”

“ သမီးလဲ အေဖ့လိုပဲဆုေတာင္းေနပါတယ္”

သားဖႏွစ္ေယာက္လဲ အိမ္ခန္းထဲကို တစ္ခ်က္မွၾကည့္ၿပီး ျပန္ထြက္လာခဲ့လိုက္တယ္။

+++++

ေနာက္တစ္ေန႔မနက္သက္ေပ်ာက္ဆြမ္းကပ္ၿပီးလို႔ တရားနာေနတဲ့အခ်ိန္ အိမ္ခန္းထဲမွာ ပစၥည္းေတြပစ္ခ်သံ၊ ေဒါသတစ္ႀကီး လမ္းေလ်ာက္ေနတဲ့အသံေတြကို တရားနာေနတဲ့သူေတြအကုန္ၾကားလိုက္ရတယ္။

အသုဘေျမခ်ၿပီးလို႔ အိမ္ျပန္လာတဲ့အခ်ိန္မွာလဲ တစ္အိမ္လုံးကိုရစရာမရွိေအာင္ ေသာင္းက်န္းထားတာေၾကာင့္ ဘယ္ဧည့္သည္မွ ၾကာၾကာမေနရဲပဲ ျပန္ေျပးၾကကုန္တယ္။ ဒီလိုနဲ႔ ညဘက္ေရာက္ေတာ့ ကိုေသာင္းႏိုင္တို႔ သားအဖႏွစ္ေယာက္နဲ႔အသုဘေစာင့္တဲ့ လူႏွစ္ေယာက္သာက်န္ေနတဲ့အခ်ိန္ အိမ္ခန္းထဲကေန ရႈိက္ႀကီးတငင္ငိုတဲ့အသံတစ္ခု ထြက္ေပၚလာခဲ့တယ္။

“ ၾကည္ေအာင္… နင္ နဲ႔ ငါတို႔က ဘဝျခားသြားၿပီေလ၊ ဘာေၾကာင့္ အခုလိုလုပ္ေနတာလဲ”

ကိုေသာင္းႏိုင္ရဲ႕စကားေၾကာင့္ ငိုေနတဲ့အသံတိတ္သြားၿပီး မၾကာခင္မွာပဲ အိမ္ခန္းတံခါးကို ဝုန္းခနဲ ဒိုင္းခနဲ‌ အဖြင့္အပိတ္လုပ္ေနတဲ့အသံထြက္ေပၚလာခဲ့တယ္။

“ အေဖ… သမီး မေနရဲေတာ့ဘူး၊ သမီး ေၾကာက္လာၿပီ”

“ ရက္လည္တဲ့ထိေတာ့ သည္းခံလိုက္ပါသမီးရယ္.. ေနာ္”

“ ဦးေလးတို႔လဲရွိေနတာပဲ အရမ္းႀကီးမေၾကာက္ပါနဲ႔”

အသုဘေစာင့္တဲ့သူႏွစ္ေယာက္ကလဲ လွယဥ္ကိုအားေပးစကားေျပာေနေပမယ့္ သူတို႔ရဲ႕စိတ္ေတြလဲေခ်ာက္ခ်ားေနခဲ့ၾကတယ္။

ညတစ္နာရီေလာက္ေရာက္ေတာ့ တစ္ေနကုန္ပင္ပန္းထားတာေၾကာင့္ လွယဥ္ ေမွးခနဲအိပ္ေပ်ာ္သြားတဲ့အခ်ိန္

“ ယဥ္လွ…ယဥ္လွ”

ေျခမကိုကိုင္ၿပီးလႈပ္ႏႈိးေနတဲ့အသံေၾကာင့္ ၾကည့္လိုက္ရာ ေျခရင္းမွာငုတ္တုပ္ထိုင္ေနတဲ့ မိခင္ျဖစ္သူကိုျမင္လိုက္ရတယ္။

“ အေမ…”

“ နင္တို႔ ဒီအိမ္ကေန ဘယ္မွမသြားနဲ႔ေနာ္၊ နင့္အေဖကိုေျပာလိုက္ ကုတင္ေအာက္က ၾကမ္းထဲမွာ ငါသိမ္းထားတဲ့ပစၥည္းေတြရွိတယ္၊ ဘယ္သူမွမသိေအာင္ယူေနာ္၊ ပစၥည္းေတြယူၿပီး ငါ့ကိုထားသြားရင္ေတာ့ ၾကည္ေအာင္အေၾကာင္းသိတယ္မဟုတ္လား”

“ အေမကို သမီးေၾကာက္တယ္”

“ မေၾကာက္နဲ႔ ငါ နင္တို႔ကိုေၾကာက္ေအာင္လုပ္ေနတာမဟုတ္ဘူး၊ အျခားသူေတြကိုေၾကာက္ေအာင္လုပ္ေနတာ”

“ ဘယ္သူကိုမွမေျခာက္ပါနဲ႔အေမရယ္၊ သမီးကိုသနားရင္ အဲလိုေတြမလုပ္ပါနဲ႔ေနာ္”

“ နင္တို႔ ငါ့ကိုမထားခဲ့ဘူးဆိုတဲ့ကတိေပး၊ ဒါဆို ငါအခုလိုမလုပ္ေတာ့ဘူး”

“ ေပးပါတယ္ .. အေမကိုမထားခဲ့ပါဘူး”

“ ေအးေအး… ငါေနတဲ့အခန္းထဲကို ဘယ္သူစိမ္းမွေပးမဝင္နဲ႔ ၾကားလား”

“ ဟုတ္.. ဟုတ္ကဲ့”

“ သမီး သမီး… ဘာေတြအိမ္မက္မက္ေနတာလဲ”

“ အေဖ… အိမ္မက္ထဲမွာေလ အေမ အေမကိုေတြ႕တယ္၊ သူအိပ္တဲ့ကုတင္ေအာက္မွာ စုထားတဲ့ပစၥည္းေတြရွိတယ္လို႔လဲေျပာတယ္”

“ ဟင္… အေဖလဲ သမီးလိုပဲ မေန႔က အိမ္မက္မက္တယ္၊ စိတ္စြဲၿပီးမက္တယ္ထင္လို႔ သမီးကိုမေျပာျပတာ”

ေနာက္တစ္ေန႔ မနက္ေရာက္ေတာ့ သားဖႏွစ္ေယာက္ အိမ္ခန္းထဲဝင္ၿပီး ကုတင္ေအာက္ကိုၾကည့္လိုက္ရာ ပ်ဥ္ခ်ပ္ေတြကိုဟထားတဲ့ေျခရာလက္ရာေတြကိုျမင္လိုက္ရတယ္။

ႏွစ္ေယာက္သား ပ်ဥ္ခ်ပ္ေတြကိုဆြဲခြာလိုက္ရာ အထဲမွာ ပလပ္စတစ္အိတ္နဲ႔ထုပ္ထားတဲ့ မုန႔္ပုံးငါးပုံးရွိေနၿပီး အထဲမွာေတာ့ ေငြစကၠဴအသစ္ေတြနဲ႔အတူ ေ႐ြထည္ပစၥည္းေတြရွိ‌ေနခဲ့တယ္။

“ အေဖ အေဖ ပိုက္ဆံေတြ ပိုက္ဆံေတြေရာ ေ႐ႊေတြေရာအမ်ားႀကီးပါလား”

“ ဟုတ္ပါ့ကြာ.. ဒီပစၥည္းေတြရွိေနတာ အေဖေတာင္မသိခဲ့ဘူး”

သားဖႏွစ္ေယာက္ ဝမ္းသာအားရေျပာေနတဲ့အခ်ိန္ ေအာ္ဂလီဆန္ခ်င္စရာေကာင္းတဲ့ အပုတ္နံ႔က အခန္းထဲလႊင့္ပ်ံ႕လာခဲ့တယ္။

++++

ဒီလိုနဲ႔ ရက္လည္တဲ့ေန႔အေရာက္မွာေတာ့ ဆြမ္းစားေနတဲ့ သံဃာေတာ္ေတြထဲက ဝါအႀကီးဆုံး ဦးဇင္းရဲ႕နားထဲမွာ

“ ဆြမ္းစားၿပီးရင္ျပန္ၾကေတာ့ ငါ့အတြက္ အမွ်မေဝနဲ႔” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

ဦးဇင္း‌ေလးက နားၾကားမွားတာျဖစ္မွာဆိုၿပီး အမႈမဲ့အမွတ္မဲ့ေနေနတဲ့အခ်ိန္ ဗိ႐ိုမွန္ကိုကာထားတဲ့ အဝတ္စက သူ႔အလိုလိုျပဳတ္က်လာခဲ့သလို မွန္ထဲမွာလဲ ခါးေထာက္ကာ မတ္တရပ္ရပ္ေနတဲ့ မ‌ၾကည္ေအာင္ကိုျမင္လိုက္ရတယ္။

ဒီတစ္ခါေတာ့ သံဃာေတာ္ေတြအျပင္ တရားနာလာၾကတဲ့သူေတြပါ ျမင္လိုက္ရတာေၾကာင့္ ထေျပးတဲ့သူကေျပး၊ ေၾကာက္လန႔္တၾကားေအာ္တဲ့ သူကေအာ္နဲ႔ ဝ႐ုန္းသုန္းကားျဖစ္သြားကာ တရားနာတဲ့အစီအစဥ္ပ်က္သြားခဲ့တယ္။

တတ္သိနားလည္တဲ့လူႀကီးေတြကေတာ့ ကိုေသာင္းႏိုင္တို႔ကို အိမ္ကေနအျမန္ေျပာင္းဖို႔ ေျပာခဲ့ၾကေပမယ့္ သားဖႏွစ္ေယာက္ကေတာ့ အိမ္မွာပဲအရဲစြန႔္ကာေနခဲ့ၾကတယ္။

ပတ္ဝန္းက်င္ကလူေတြကေတာ့ ဒီသားဖ ဘယ္ေလာက္ေနႏိုင္မလဲဆိုတဲ့မ်က္လုံးေတြနဲ႔ ၾကည့္ေနခဲ့ရာ တစ္လေလာက္အၾကာမွာေတာ့ သားဖႏွစ္ေယာက္လုံး မေနႏိုင္ေတာ့ပဲ အိမ္ေပၚကေန ဆင္းေျပးရတဲ့အေျခအေနကိုေရာက္လာခဲ့တယ္။

“ ကိုစံထူး ကိုစံထူး တံခါးဖြင့္ပါဦး”

“ မနက္ေစာေစာစီးစီး ဘယ္သူမ်ားလဲ”

“ ကြၽန္ေတာ္ ေသာင္းႏိုင္ပါ”

ေသာင္းႏိုင္ဆိုတဲ့အသံေၾကာင့္ ကိုစံထူး အိပ္ခ်င္မူးတူးနဲ႔တံခါးထဖြင့္လိုက္ရာ မ်က္တြင္းေဟာက္ပတ္နဲ႔ ပိန္ၿခဳံးေနတဲ့ သားဖႏွစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ဒီသားဖႏွစ္ေယာက္ ဘယ္လိုျဖစ္လာၾကတာလဲ”

“ ကြၽန္ေတာ္တို႔ အိမ္မွာမေနရဲေတာ့ဘူး… အခုေတာင္ အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ေျပးလာတာ”

“ ေဟ… ဘယ္လိုမ်ားျဖစ္ၾကတာလဲ၊ ကဲကဲ အိမ္ေပၚအရင္တက္ၾကပါဦး”

‌အိမ္ေပၚေရာက္ေတာ့ ကိုေသာင္းႏိုင္က ေျခပစ္လက္ပစ္ထိုင္ခ်လိုက္ၿပီး

“ မၾကည္ေအာင္ ဒုကၡေပးေနလို႔ ကိုစံထူးေရ၊ မနက္ဆိုလဲမနက္ ညဆိုလဲည အိပ္လို႔ကိုမရဘူး”

“ ငါလဲ အစထဲက မင္းကိုသတိေပးတာပဲ၊ မိသားစုကိစၥဆိုေတာ့ အရမ္းလဲမေျပာရဲဘူးေလ”

“ ဟုတ္တယ္ ကိုစံထူးရာ၊ ကြၽန္ေတာ္တို႔လဲ ဒီေလာက္ျဖစ္မယ္မထင္ထားဘူး”

“ အခုဘယ္လိုေတာင္ ေသာင္းက်န္းေနတာလဲ”

“ ေန႔ဘက္ေတြဆိုရင္ အခန္းထဲမွာ သြားလာလႈပ္ရွားေနတဲ့အသံေတြၾကားရတယ္၊ ညဘက္ေရာက္ရင္ တစ္အိမ္လုံးလမ္းေလ်ာက္ေနတာဗ်ာ၊ ဒီေလာက္ထိကေတာ့ ကိုယ့္မိန္းမဆိုတဲ့ အေတြးနဲ႔ ေနလို႔အဆင္ေျပေသးတယ္၊ ဒါေပမယ့္ ၿပီးခဲ့တဲ့အပတ္ေလာက္အေရာက္မွာေတာ့ အေကာင္အထည္လိုက္ကိုျမင္ရတာ၊ အပုတ္နံ႔ကလဲ တစ္အိမ္လုံး မႊန္ထူေနတာပဲ၊ ယဥ္လွက ဘုရားပန္းကပ္တာတို႔ ဘုရားရွိခိုးတာတို႔လုပ္တဲ့ ေန႔ဆို အိမ္ကပစၥည္းေတြ႐ိုက္ခြဲတာ၊ ပစ္ခ်တာမ်ိဳးေတြထိပါလုပ္လာတယ္”

“ မင္းတို႔က သူ႔အတြက္အလႉအတန္းထပ္မလုပ္ေပးဘူးလား”

“ လုပ္ေပးခ်င္တာေပါ့ဗ်ာ.. အဲဒီလိုလုပ္ေပးဖို႔ တိုင္ပင္တဲ့ေန႔ဆိုရင္ အနားမွာငုတ္တုတ္လာထိုင္ၿပီး လုပ္ရဲရင္လုပ္ၾကည့္ဆိုၿပီး ေျပာေသးတာ”

“ မင္းတို႔အျဖစ္ကလဲ အေတာ္ဆိုးတာပဲ”

“ ဒီထက္ဆိုးတာက အတြင္းပစၥည္းေတြကို ဘယ္မွမေပးယူတာပဲ၊ မေန႔က သားဖႏွစ္ေယာက္ ဒီအိမ္မွာမေနေတာ့ဘူးလို႔ တိုင္ပင္ၿပီး အိမ္ကေန ထြက္ဖို႔အလုပ္ ၿခံဝမွာ ငုတ္တုတ္ႀကီးထိုင္ေစာင့္ေနတာဗ်ာ၊ ဒါေတာင္ ေန႔ခင္းႀကီးေနာ္”

“ ဒါဆို အခုကေရာ ဘယ္လိုထြက္လာတာလဲ”

“ အခုထြက္လာတာ ဘာပစၥည္းမွမပါဘူးေလ၊ ပါလာရင္ ၿခံဝမွာတင္ ကြၽန္ေတာ္တို႔ကို ဂုတ္ခ်ိဳးသတ္မယ္ထင္တယ္”

“ မင္းတို႔လဲ အေတာ္ပင္ပန္းေနၾကၿပီထင္တယ္၊ ေလာေလာဆယ္ ငါ့အိမ္မွာပဲ နားၾကဦး၊ ၿပီးေတာ့မွ ဘယ္လိုလုပ္သင့္တယ္ဆိုတာ တိုင္ပင္ၾကတာေပါ့”

“ ေက်းဇူးတင္ပါတယ္ ကိုစံထူးရယ္၊ က်ဳပ္တို႔မေန႔ထဲကမအိပ္ရေသးလို႔ ခဏေလာက္ ေမွးလိုက္ဦးမယ္”

“ ေအးေအး အိမ္ခန္းထဲမွာ ေခါင္းအုံးေတြရွိတယ္၊ အိပ္ေရးဝေအာင္အိပ္လိုက္ၾကဦး”

သားဖႏွစ္ေယာက္လဲ ကိုစံထူးစကားေၾကာင့္ အိမ္ခန္းထဲဝင္ကာ ေက်ာဆန႔္လိုက္ရာ ခဏေလးအတြင္းအိပ္ေပ်ာ္သြားခဲ့တယ္။

ညေနေစာင္းအခ်ိန္ေရာက္ေတာ့ သားဖႏွစ္ေယာက္ ႏိုးလာၿပီးအိမ္ေရွ႕ထြက္လာရာ ကိုစံထူးနဲ႔ အိမ္နီးနားခ်င္းလူႀကီးအခ်ိဳ႕စကားထိုင္ေျပာေနတာျမင္လိုက္ရတယ္။

“ ေသာင္းႏိုင္ ႏိုးၿပီလား… လာထိုင္ေနကြာ”

“ ဟုတ္ကဲ့”

“ ဒါက ရာအိမ္မႉးဦးစိုးလႈိင္တဲ့၊ ‌ေဘးကတစ္ေယာက္က ဦးစိုးဝင္း”

“ ဟုတ္ကဲ့ ကြၽန္ေတာ္နာမည္ ေသာင္းႏိုင္ပါ”

“ မင္းတို႔အိမ္အေၾကာင္းကို စံထူးေျပာလို႔သိၿပီးပါၿပီ၊ ဦးေလးတို႔အေတြ႕အႀကဳံအရ သံဃာေတာ္ေတြနဲ႔ ကမၼဝါဖတ္ၿပီးႏွင္ထုတ္တာပိုေကာင္းမယ္လို႔ထင္တယ္”

“ ဦးေလးတို႔သိကြၽမ္းတဲ့ သံဃာေတာ္ေတြမ်ားရွိလား”

“ သိကြၽမ္းတဲ့ ဆရာေတာ္ေတြေတာ့ရွိတယ္၊ သူတို႔ ႐ြတ္မ႐ြတ္ပဲေမးရမွာ”

“ ကူညီေပးပါ ဦးေလးရယ္၊ ကြၽန္ေတာ္တို႔လဲ ဘာလုပ္ရမွန္းမသိေတာ့ဘူး”

“ အဲဒါဆို မနက္မိုးလင္းရင္ အေၾကာင္းျပန္ေပးမယ္”

“ ေက်းဇူးတင္ပါတယ္ဗ်ာ”

“ ရပါတယ္… ဒါဆို ဦးေလးတို႔ကို သြားခြင့္ျပဳဦး”

“ ဟုတ္ကဲ့ ဦးေလး.”

+++++

ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ ဆြဲျခင္းတစ္လုံးနဲ႔ ဦးစိုးဝင္းေရာက္ခ်လာခဲ့တယ္။

“ ေဈးသြားမလို႔လား ဦးစိုး”

“ ေအး ေဈးသြားရင္း မင္းတို႔အိမ္ဘက္ဝင္လာတာ၊ ကမၼဝါ႐ြတ္မယ့္ကိစၥက အဆင္မေျပဘူးေကာင္ေလး”

“ ဘာ ဘာျဖစ္လို႔လဲ ဦးေလး”

“ ဆရာေတာ္ေတြက သူတို႔ေၾကာင့္ အျခားသူေတြ ထိခိုက္မွာမလိုခ်င္ၾကဘူး၊ မင္းတို႔အိမ္အေနအထားက သာမန္ကမၼဝါေလာက္နဲ႔ မရဘူးတဲ့၊ တကယ္လို႔႐ြတ္မယ္ဆိုရင္ တစ္ရပ္ကြက္လုံးမွာရွိတဲ့ ပရဘုံသားေတြ ထြက္ေျပးရလိမ့္မယ္လို႔ေျပာတယ္”

“ ဒါဆို အျခားဘယ္လိုနည္းလမ္းရွိဦးမလဲ”

“ ကြၽန္းေတာလမ္းဘက္မွာေတာ့ နာမည္ႀကီးဆရာတစ္ေယာက္ရွိတယ္၊ သူနဲ႔ျပၾကည့္ပါလား”

“ သူက စြမ္းေရာစြမ္းရဲ႕လား”

“ နာမည္ေတာ့ ႀကီးေနတာပဲ၊ တကယ္စြမ္းမစြမ္း ငါလဲမႀကဳံဖူးေတာ့မသိဘူး၊ ငါက သိထားတာေလးေျပာျပတာ”

“ ဦးေလးေျပာတဲ့အတိုင္းလုပ္ၾကည့္မယ္ေလ၊ တကယ္လို႔ ဆရာကလုပ္ေပးမယ္ဆိုရင္ ဦးေလးပါ လိုက္လာခဲ့ေပါ့”

“ ရက္အတိအက်သိရင္ေျပာေလ၊ ငါလဲ အေတြ႕အႀကဳံတစ္ခုရတာေပါ့”

“ ဟုတ္ကဲ့ ဦးေလး၊ ဒါနဲ႔ အဲဒီဆရာနာမည္ဘယ္လိုေခၚလဲ”

“ ဆရာစက္ေရာင္လို႔ေခၚတယ္၊ ကြၽန္းေတာလမ္းေရာက္ရင္ သူ႔နာမည္သာေမးလိုက္ မသိတဲ့သူမရွိဘူး”

“ ဟုတ္ကဲ့ ဦးေလး၊ ခဏေန ကြၽန္ေတာ္တို႔သြားလိုက္ပါ့မယ္”

ဦးစိုးဝင္းထြက္သြားေတာ့ ေသာင္းႏိုင္နဲ႔ကိုစံထူးလဲ ကြၽန္းေတာလမ္းမွာေနတဲ့ ဆရာစက္ေရာင္ဆီကိုထြက္လာခဲ့ၾကတယ္။

ဟိုေရာက္ေတာ့ ဆရာစက္ေရာင္ဆိုသူနဲ႔ေတြ႕ၿပီး အက်ိဳးအေၾကာင္းေျပာျပလိုက္ရာ လာမယ့္ စေနေန႔ မနက္သူကိုယ္တိုင္လိုက္ၾကည့္ေပးမယ္ဆိုတဲ့အတြက္ ေသာင္းႏိုင္စိတ္ထဲ အနည္းငယ္ေအးသြားခဲ့တယ္။

++++

စေနေန႔မနက္ေရာက္ေတာ့ ကိုေသာင္းႏိုင္လဲ ဆရာစက္ေရာင္ကိုဝင္ေခၚၿပီး အိမ္ဘက္ကိုထြက္လာခဲ့လိုက္တယ္။ အိမ္ေရွ႕ေရာက္ေတာ့ ဆရာစက္ေရာင္က ၿခံအဝင္ဝမွာ အင္းဖေယာင္းတိုင္ႏွစ္တိုင္ထြန္းေနတဲ့အခ်ိန္ ပိတ္ထားတဲ့အိမ္တံခါးမႀကီးက ေလမတိုက္ပဲ တဒုန္းဒုန္းနဲ႔လႈပ္ခါပါေလေရာ။

“ ဒီအိမ္ကအေတာ္ကိုၾကမ္းတာပဲ”

“ ဟုတ္တယ္ဆရာ၊ ဒါေၾကာင့္ ဆရာ့ကိုအားကိုးပါတယ္”

“ ကြၽန္ေတာ္က အခုလိုျပႆနာမ်ိဳးေတြ အမ်ားႀကီးေျဖရွင္းေပးခဲ့ဖူးတာမို႔ သိပ္မစိုးရိမ္ပါနဲ႔၊ လာ အထဲဝင္ၾကရေအာင္”

ဆရာစက္ေရာင္ အိမ္ေရွ႕တံခါးဝကိုေရာက္ေတာ့ ထု႐ိုက္ေနတဲ့အသံေတြရပ္သြားၿပီး ‌က်ယ္ေလာင္တဲ့ ညဥ္းသံတစ္ခ်က္ထြက္ေပၚလာခဲ့တယ္။

“ အိမ္ေသာ့ပါရင္ ဖြင့္လိုက္ေတာ့”

ကိုေသာင္းႏိုင္လဲ ပါလာတဲ့ေသာ့နဲ႔ အိမ္တံခါးကိုဖြင့္လိုက္ရာ မိန္းမတစ္ေယာက္ အခန္းထဲကိုဝင္ေျပးသြားတာျမင္လိုက္ရတယ္။

“ ဆရာ.. ဆရာျမင္လိုက္လား”

“ ကြၽန္ေတာ္ျမင္တယ္၊ အဲဒီအခန္းက သူေနတဲ့အခန္းလား”

“ ဟုတ္တယ္ဆရာ”

“ ေန႔ခင္းအခ်ိန္မွာေတာင္ ဒီလိုေျခာက္လွန႔္ေနတာပါလား”

ဆရာစက္ေရာင္က တီးတိုးေရ႐ြတ္ၿပီး ဘုရားေက်ာင္းေဆာင္ကိုၾကည့္လိုက္ရာ ဘုရားဆင္းတုကိုေက်ာေပးလ်က္အေနအထားနဲ႔ျမင္ေတြ႕လိုက္ရတယ္။

“ သူ႔ကိုအိမ္ကေနေမာင္းထုတ္ဖို႔ အမွန္တကယ္ ဆႏၵရွိလား”

“ သူနဲ႔ကြၽန္ေတာ္တို႔နဲ႔က ဘဝျခင္းျခားေနၿပီမို႔ သူ႔လမ္းသူေျဖာင့္ေအာင္သြားေစခ်င္တာပါ”

ကိုေသာင္းႏိုင္စကားေၾကာင့္ ဆရာစက္ေရာင္ မ်က္ႏွာကြက္ခနဲပ်က္သြားၿပီး အိမ္ထဲကေန လွည့္ထြက္ဖို႔အလုပ္ အိမ္တံခါးဝမွာ ခါးေထာက္ၿပီး မတ္တပ္ရပ္ေနတဲ့ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ဟဲ့ ဆရာစုတ္… ငါ့ကို ဒီအိမ္ကေန ေမာင္းထုတ္ဖို႔ စိတ္မကူးနဲ႔၊ ေသာင္းႏိုင္ နင့္ကိုလဲ ငါသတ္မယ္၊ နင္ေခၚလာတဲ့ေကာင္ကိုလဲသတ္မယ္”

“ ကိုေသာင္းႏိုင္ ခင္ဗ်ားကိုယ္တိုင္က စိတ္မျပတ္သားတာ အခုေတာ့ ႏွစ္ေယာက္လုံး ဒုကၡေရာက္ေတာ့မယ္”

ဆရာစက္ေရာင္က စိတ္ပ်က္လက္ပ်က္နဲ႔ေျပာၿပီး ရပ္ေနတဲ့မိန္းမႀကီးကို လက္ညိဳးနဲ႔ထိုးကာ ဂါထာ႐ြတ္လိုက္တယ္ဆိုရင္ပဲ တံခါးမႀကီးရဲ႕ ေဘးကိုလြင့္ထြက္သြားခဲ့တယ္။ ဒါေပမယ့္ ခ်က္ခ်င္းျပန္ထလာၿပီး အိမ္ေပၚဝမွာ ရပ္ေနျပန္ေရာ ဒီတစ္ခါမွာေတာ့ ႐ုပ္သြင္က ေၾကာက္မက္ဖြယ္ပုံစံျဖစ္သြားၿပီး မ်က္လုံးေတြက ရဲရဲနီေနတာျမင္လိုက္ရတယ္။

“ ငါ့အိမ္ကေန ထြက္သြားၾကစမ္း၊ မသြားရင္ ငါ့အေၾကာင္းသိမယ္”

“ အေတာ္ကိုအစြဲႀကီးတဲ့မိန္းမပဲ၊ အင္းဖေယာင္းတိုင္ ထြန္းထားတာေတာင္ ဘာမွမျဖစ္ပါလား”

“ ဆရာ‌ဆိုတဲ့အေကာင္၊ ဒါငါ့အိမ္… ဒါငါ့ေျမ… ငါမေသခင္ထဲက ဒီေနရာမွာ‌ပဲေနဖို႔ ဘုရားမွာဆုေတာင္းခဲ့ၿပီးၿပီ၊ နင္တို႔ပညာက ငါ့ေနရာမွာဘာမွအသုံးဝင္မွာမဟုတ္ဘူး၊ ငါလဲ နင့္ကိုထိခိုက္ေအာင္လုပ္လို႔မရသလို၊ ငါ့ကိုလဲနင္ ထိခိုက္ေအာင္လုပ္လို႔မရဘူး၊ ေသာင္းႏိုင္… ငါက နင့္ကိုေတာ့ ေသေအာင္လုပ္လို႔ရတယ္ေနာ္ အဟီးအဟီး”

ေသာင္းႏိုင္က သူ႔ကိုလက္ညိဳးထိုးၿပီး တဟီးဟီးနဲ႔ရယ္ေနတာကိုျမင္ေတာ့ ေျခေတြလက္ေတြတုန္ကာ ေၾကာက္လန႔္သြားခဲ့တယ္။

“ ဆရာ… ကြၽန္ေတာ္တို႔ဘာလုပ္ၾကမလဲ”

“ သူက ဒီအိမ္နဲ႔အတြင္းပစၥည္းေတြကို စြဲလမ္းေနတာဆိုေတာ့ ကြၽန္ေတာ္တို႔ ဘာမွမယူပဲ ျပန္ထြက္သြားတာအေကာင္းဆုံးလို႔ထင္တယ္၊ က်ဳပ္ဘဝမွာ ဒီလိုမ်ိဳး အစြဲႀကီးတဲ့သရဲ မေတြ႕ဘူးဘူး”

“ ေသာင္းႏိုင္ နင့္က ငါ့ေယာက်ၤားျဖစ္ခဲ့ဖူးတာမို႔ ဒီတစ္ခါေတာ့ ခြင့္လႊတ္လိုက္မယ္၊ ေနာက္တစ္ခါ ငါ့ကိုေမာင္းထုတ္ဖို႔ႀကိဳးစားရင္ အေသသတ္ပစ္မယ္၊ ထြက္သြား… ငါ့အိမ္ထဲက ထြက္သြားၾကစမ္း”

မၾကည္ေအာင္က ဝမ္းေခါင္းသံနဲ႔ေအာ္ေျပာၿပီး ေပ်ာက္ကြယ္သြားတဲ့အခ်ိန္ ဆရာစက္ေရာင္နဲ႔ ကိုေသာင္းႏိုင္တို႔ႏွစ္ေယာက္ ၿခံအျပင္ကို ကမန္းကတမ္းေျပးထြက္လာခဲ့ၾကတယ္။ ႏွစ္ေယာက္သား ၿခံအျပင္လဲေရာက္ေရာ အိမ္ေရွ႕တံခါးက ဂ်ိမ္းခနဲျပန္ပိတ္သြားတာကို ျမင္လိုက္ရတယ္။

“ ကိုေသာင္းႏိုင္ ခင္ဗ်ားဗ်ာ… ကြၽန္ေတာ္ကိုေျပာတုန္းကက်ေတာ့ ေမာင္းထုတ္မယ္ေလးဘာေလးနဲ႔၊ အခုက်ေတာ့ ဘာလို႔ စကားတစ္မ်ိဳးေျပာရတာလဲ”

“ ကြၽန္ေတာ္ ကြၽန္ေတာ္ စိတ္ထဲျဖစ္တာေျပာမိသြားတာ”

“ ေနာက္တစ္ခါ ကြၽန္ေတာ္ကို ဒီအိမ္နဲ႔ပတ္သတ္ၿပီး ဘာမွလုပ္ဖို႔လာမေျပာနဲ႔”

ဆရာစက္ေရာင္က ကိုေသာင္းႏိုင္ကို မေက်နပ္တဲ့ေလသံနဲ႔ေျပာၿပီး ျပန္ထြက္သြားခဲ့တယ္။ အိမ္ျပန္ေရာက္ေတာ့ ကိုစံထူးကိုအက်ိဳးအေၾကာင္းေျပာျပရာ

“ ေသာင္းႏိုင္ရာ… မင္းကိုက စိတ္မျပတ္သားတာကိုး၊ အခုဘယ္လိုလုပ္ၾကမလဲ”

“ ကြၽန္ေတာ္လဲမသိေတာ့ပါဘူးဗ်ာ”

“ စိတ္မေကာင္းျဖစ္မေနနဲ႔၊ ဘယ္အရာမဆို ကိုယ္နဲ႔ထိုက္မွရတာကြ၊ အခုေလာေလာဆယ္ ေမတၱာဂုဏ္ရည္ဘုန္းႀကီးေက်ာင္းက ဘုရားထီးတင္ပြဲမွာ ထမင္းသြားစားရေအာင္”

“ ယဥ္လွေရာ…ကိုစံထူး”

“ သူက ေဘးအိမ္က ေကာင္မေလးေတြနဲ႔ အရင္ထြက္သြားၿပီ၊ လာ သြားၾကရေအာင္”

ကိုေသာင္းႏိုင္လဲ စိတ္ပ်က္လက္ပ်က္နဲ႔ ကိုစံထူးေခၚတဲ့ေနာက္ကိုလိုက္သြားရာ ေဆာင္းေဘာက္သံေတြဆူညံေနတဲ့ ဘုန္းႀကီးေက်ာင္းဝင္းတစ္ခုထဲကိုေရာက္လာ ခဲ့တယ္။

ေက်ာင္းဝင္းထဲေရာက္ေတာ့ စတုဒီသာမ႑ပ္ထဲမွာ လူေတြျပည့္ေနတာမို႔ အရိပ္ရတဲ့အပင္ေအာက္မွာ ထိုင္ေစာင့္ေနတဲ့အခ်ိန္ ‌ထီးတင္ထားတဲ့ ေစတီဘက္မွာ လူေတြ႐ုတ္႐ုတ္သဲသဲျဖစ္ေနတာျမင္လိုက္ရတယ္။

“ ကိုစံထူး ဟိုမွာ ဘာျဖစ္တာလဲမသိဘူး သြားၾကည့္ရေအာင္”

ကိုစံထူးလဲ ေသာင္းႏိုင္စကားေၾကာင့္ ေစတီဘက္ကိုထြက္လာခဲ့ရာ အသက္ႏွစ္ဆယ္အ႐ြယ္ ေယာက်ၤားေလးတစ္ေယာက္ အံကိုႀကိတ္ၿပီး ေစတီၾကမ္းျပင္နဲ႔ေခါင္းကိုေဆာင့္ေနတာျမင္လိုက္ရတယ္။

“ ဘာျဖစ္တာလဲ”

“ မသိဘူး‌ဗ်… စကားေျပာေနရင္း အခုလိုျဖစ္သြားတာပဲ”

တစ္စုံတစ္ေယာက္ဝင္ပူးေနသလို သြားရည္ေတြတျမႇားျမႇားက်ေနတဲ့ေကာင္ေလးက အနားတိုးလာတဲ့သူေတြကို လက္နဲ႔လွမ္းကုတ္ကာရန္ျပဳေနသလို တစ္ခါတစ္ရံ သူ႔လက္ကိုကိုသူကိုက္ဖဲ့ေနခဲ့တယ္။

“ ဆရာေတာ္ ႂကြလာၿပီ ဖယ္ၾက ဖယ္ၾက”

႐ုတ္တရက္ထြက္လာတဲ့အသံေၾကာင့္ လူအုပ္ႀကီးက ေဘးကိုဖယ္ေပးလိုက္ၾကတယ္။ ဆရာေတာ္လဲ တဟင္းဟင္းနဲ႔ ေဒါသထြက္ေနတဲ့ သူေရွ႕မွာရပ္လိုက္ၿပီး

“ အခုဝင္ပူးေနတာ ဘယ္သူလဲ ေျပာစမ္း”

“ ေမာင္… ေမာင္…နီပါဘုရား”

“ ေမာင္နီ… သင္က ဘယ္လိုေၾကာင့္ ဒီကေလးကိုဝင္ပူးေနတာတုန္း၊ သင္ ဘာလိုခ်င္လဲ ဘုန္းႀကီးကိုေျပာ”

“ ဒီေကာင္က က်ဳပ္ကိုလဲ ေစာ္ကားတယ္၊ ကိုရင္ေတြရဲ႕ခါးပန္းႀကိဳးနဲ႔ က်ဳပ္ေနတဲ့ ေနရာကိုလာခ်ည္ထားတယ္”

“ ဟင္း… အေတာ္ကို လက္ေဆာ့တဲ့ေကာင္ေတြပဲ၊ ေမာင္နီ သင္က ဘယ္မွာေနတာလဲ ဘုန္းႀကီးကိုေျပာ၊ အခုပဲသြားျဖဳတ္ခိုင္းလိုက္မယ္”

“ ေစတီေဘးက ဇီးျဖဴပင္မွာေနပါတယ္”

“ တစ္ေယာက္ေယာက္ ခါးပန္းႀကိဳးသြားျဖဳတ္ေပးလိုက္ၾက”

ဆရာေတာ္စကားေၾကာင့္ ကိုေသာင္းႏိုင္က ေစတီေဘးမွာေပါက္ေနတဲ့ ဇီးျဖဴပင္ဆီသြားကာ သစ္ကိုင္းမွာခ်ည္ထားတဲ့ ခါးပန္းႀကိဳးကို ဆြဲျဖဳတ္ေပးလိုက္တယ္။

“ အရွင္ဘုရား တပည့္ေတာ္ ခါးပန္းႀကိဳးျဖဳတ္လာခဲ့ၿပီပါၿပီ”

“ ‌ေအးေအး…ဒကာႀကီး ဘုန္းႀကီးကိုေပး”

ဆရာေတာ္က ခါးပန္းႀကိဳးကိုယူၿပီး ဝင္ပူးေနတဲ့သူဘက္ကိုလွည့္ကာ

“ေမာင္နီ… ေနာက္တစ္ခါ ဒီလိုမ်ိဳးမျဖစ္ေအာင္ ဘုန္းႀကီးဆုံးမလိုက္မယ္၊ အခုေတာ့ ျပန္ထြက္ေပးလိုက္”

“ တင္ တင္ပါဘုရား… တပည့္ေတာ္ သြားပါေတာ့မယ္”

ဝင္ပူးေနတဲ့ေကာင္ထြက္သြားတာနဲ႔ ဆယ္ေက်ာ္သက္အ႐ြယ္ေကာင္ေလးက ဗိုင္းခနဲလဲက်သြားခဲ့တယ္။

“ သူ႔ကိုေက်ာင္းေပၚခ်ီတင္လာေပးဦး”

“ တင္ပါဘုရား တပည့္ေတာ္ ခ်ီလာခဲ့ပါမယ္”

ေသာင္းႏိုင္လဲ ေပ်ာ့ေခြေနတဲ့လူငယ္ကို ေပြ႕ခ်ီၿပီး ေက်ာင္းေပၚကိုတက္လာခဲ့လိုက္တယ္။ အေပၚေရာက္ေတာ့ ဘုရားေက်ာင္းေဆာင္အေရွ႕မွာ ခ်ေပးကာ ျပန္ထြက္ဖို႔အလုပ္

“ ဒကာႀကီး… ဒကာႀကီး ေသာင္းႏိုင္မဟုတ္လား”

“ ဦးဇင္းေလးပါလား… ဘယ္လိုလုပ္ၿပီး ဒီကိုေရာက္ေနတာလဲ”

“ ထီးတင္ပြဲလာရင္း ဆရာေတာ္နဲ႔ စကားေျပာေနတာေလ”

“ ဦးဇင္းနဲ႔ ဒီကဒကာႀကီးတို႔ကသိေနၾကတာလား”

“ တင္ပါဘုရား… ဒကာႀကီးရဲ႕ဇနီး ရက္လည္ဆြမ္းကပ္တုန္းကအေၾကာင္း ဆရာေတာ္ကိုေတာင္ေလ်ာက္ထားဖူးတယ္ေလ”

“ ‌ဆြမ္းကပ္ေနတုန္း အမွ်မေဝဖို႔လာေျပာတဲ့ ဒကာမႀကီးရဲ႕ အမ်ိဳးသားလား”

“ တင္ပါဘုရား”

“ အခုေရာ ဘယ္လိုအေျခအေနရွိလဲ”

“ အခုကပိုဆိုးလာပါတယ္ဘုရား၊ တပည့္ေတာ္တို႔ေတာင္ အိမ္မွာမေနရဲပဲ အသိအိမ္ကပ္ေနေနရပါတယ္”

“ ဒကာမႀကီးအေၾကာင္း ဒီကဦးဇင္းေလးေျပာျပလို႔ သိေနတာ၊ သူက အေတာ္ကိုအစြဲႀကီးတာပဲ”

“ ဟုတ္ပါတယ္ဘုရား၊ အိမ္ကပစၥည္းဆိုရင္ အပ္တို တစ္ေခ်ာင္းေတာင္ ယူလို႔မရတဲ့ထိကို စြဲေနတာဘုရား၊ တပည့္ေတာ္ သိခ်င္တာက အခုလိုအေျခာက္အလွန႔္ၾကမ္းတဲ့သူေတြကို

ကမၼဝါဖတ္ၿပီး ႏွင္ထုတ္လို႔ရလားဘုရား”

“ ကမၼဝါဆိုတာက ျမတ္ဗုဒၶရဲ႕ အာဏာစက္ပဲေလ၊ သရဲတေစၦေတြတင္မက ဆိုးသြမ္းတဲ့နတ္ဘီလူးေတြ ကိုေတာင္ ႏွင္ထုတ္ႏိုင္တယ္၊ ဒါေပမယ့္ ဝိနည္းေတာ္ကိုလိုက္နာၾကတဲ့ သံဃာေတြအေနနဲ႔ အခုလိုမ်ိဳးမလုပ္ၾကဘူး၊ ဘာေၾကာင့္လဲဆိုရင္ ဘုန္းႀကီးတို႔ ႐ြတ္ဖတ္လိုက္တဲ့အခါ အနီးအနားမွာရွိတဲ့ နာနာဘာဝေတြ ေဆာက္တည္ရာမရထြက္ေျပးၾကရတယ္၊ အခ်ိဳ႕ဆို ကမၼဝါ႐ြတ္ဖတ္သံၾကားရင္ ပူေလာင္လြန္းလို႔ ငိုေႂကြးၾကတာေတြလဲရွိတယ္၊ ဒါေၾကာင့္ ကမၼဝါေတြထဲမွာ အနႏၲရာယိကကမၼဝါေလာက္ပဲ ႐ြတ္ဖတ္ၾကတယ္”

“ တပည့္ေတာ္လဲ အခုလိုျဖစ္ရပ္ေၾကာင့္ အေတာ္ကိုဒုကၡေရာက္ေနလို႔ ဘယ္လိုလုပ္ရင္ သင့္ေတာ္မလဲဆိုတာ လမ္းျပေပးပါဘုရား”

“ အိမ္း…. ဒါဆိုရင္ ထီးတင္ပြဲလာတဲ့ဧည့္သည္သုံးေယာက္နဲ႔မိတ္ဆက္ေပးမယ္၊ သူတို႔က ေလာကီပညာပိုင္းမွာ အေတာ္ကို ထူးခြၽန္ၾကတယ္”

“ တင္ပါဘုရား… ေက်းဇူးလဲတင္ပါတယ္ဘုရား”

“ ရပါတယ္ ဒကာႀကီးရယ္၊ ေမာင္ေက်ာင္းသားရွိလား”

“ ရွိပါတယ္ ဘုရား”

“ အာဂႏၲဳ‌အေဆာင္မွာ တည္းေနတဲ့ ဧည့္သည္ေတြကို ဘုန္းႀကီးေခၚတယ္လို႔ သြားေျပာေပးဦး”

“ တင္ပါဘုရား…”

ေမာင္ေက်ာင္းသားထြက္သြားၿပီး ဆယ္မိနစ္ေလာက္ေနေတာ့ ဆင္စြယ္ေရာင္တီရွပ္ဝတ္ဆင္ထားတဲ့လူသုံးေယာက္ ေက်ာင္းေပၚကိုတက္လာခဲ့တယ္။

“ ဆရာေတာ္ဘုရား ေခၚတယ္ဆိုလို႔ပါ၊ ဘာအေရးကိစၥမ်ားရွိလို႔ပါလဲဘုရား”

“ ေဟာဒီက ဒကာႀကီးႀကဳံေတြ႕ေနရတဲ့ ကိစၥအေၾကာင္းေျပာျပခ်င္လို႔ေခၚလိုက္တာ၊ ႏိုင္သေလာက္ကူညီေပးလိုက္ၾကပါဦး”

“ တင္ပါဘုရား… တပည့္ေတာ္ အက်ိဳးအေၾကာင္းေမးလိုက္ပါ့မယ္”

“ ဒါဆို ဘုန္းႀကီး အျခားဧည့္သည္ေတြဆီသြားလိုက္ဦးမယ္”

ဆရာေတာ္ထြက္သြားေတာ့ ေသာင္းႏိုင္က

“ ကြၽန္ေတာ္နာမည္ေသာင္းႏိုင္လို႔ေခၚပါတယ္”

“ ကြၽန္ေတာ္က ေအာင္ျမတ္သာပါ၊ သူတို႔ႏွစ္ေယာက္က ေမာင္ေကာင္းနဲ႔ ခြန္းလွပါ”

“ ဟုတ္ကဲ့… အခုကြၽန္ေတာ္ျဖစ္ေနတဲ့ကိစၥေလး ေျပာျပခ်င္ပါတယ္”

“ ေျပာပါဗ်… ကြၽန္ေတာ္တို႔နားေထာင္ေနပါတယ္”

ေသာင္းႏိုင္လဲ အျဖစ္အပ်က္အားလုံးကို ခေရေစ့တြင္းက်ေျပာျပလိုက္ရာ ေအာင္ျမတ္သာဆိုတဲ့လူက ေခါင္းတၿငိမ့္ၿငိမ့္လုပ္ၿပီး

“ ကိုေသာင္းႏိုင္ျဖစ္ခ်င္တာက အိမ္မွာက်န္ခဲ့တဲ့ အတြင္းပစၥည္းေတြကိုျပန္လိုခ်င္တာလား”

“ ဟုတ္ပါတယ္… အျပင္မွာလုပ္ကိုင္စားေသာက္ဖို႔ ရရင္ေက်နပ္ပါၿပီ”

“ ဆရာေတာ္ကလဲ ကူညီေပးဖို႔ေျပာထားတာေၾကာင့္ ကြၽန္ေတာ္တို႔အတတ္ႏိုင္ဆုံးႀကိဳးစားေပးပ့ါမယ္၊ အခုဘယ္အခ်ိန္ရွိေနၿပီလဲ”

“ ေန႔လည္ တစ္နာရီထိုးၿပီးသြားၿပီဆရာ”

“ က်ဳပ္တို႔လဲ မနက္ျဖန္ အျခားတစ္ေနရာခရီးဆက္ရမွာမို႔ အခုပဲသြားၾကည့္ခ်င္ပါတယ္၊ အိမ္ေနရာကိုလမ္းျပေပးပါလား”

“ ရပါတယ္ဆရာ… ကြၽန္ေတာ္လမ္းျပေပးပါ့မယ္”

ေသာင္းႏိုင္လဲ ေအာင္ျမတ္သာတို႔ကိုေခၚၿပီး အိမ္ရွိတဲ့ဘက္ကိုထြက္လာခဲ့လိုက္တယ္။

“ ဆရာ.. ဟိုက..အုတ္ခုံႏွစ္ခုရွိတဲ့အိမ္က ကြၽန္ေတာ္အိမ္ပါပဲ”

“ ကိုေသာင္းႏိုင္ အထဲလိုက္ဝင္ဦးမလား”

“ မလိုက္လို႔ရရင္ မလိုက္ေတာ့ပါဘူးဆရာ၊ အတြင္းပစၥည္းေတြကအိမ္ခန္းထဲကုတင္ၾကမ္း

ေအာက္မွာရွိပါတယ္”

“ ကြၽန္ေတာ္တို႔ႀကိဳးစားၾကည့္ပါ့မယ္၊ အိမ္ေသာ့ကေရာ ခတ္ထားေသးလား”

“ မခတ္ထားဘူးဆရာ… မနက္က ထြက္ေျပးလာတာနဲ႔တင္ ခတ္ဖို႔ေမ့သြားတာ”

“ ဟုတ္ၿပီေလ… ဒါဆို ဒီမွာပဲေစာင့္ေနလိုက္ပါဦး”

ေအာင္ျမတ္သာတို႔လဲ ကိုေသာင္းႏိုင္ျပတဲ့အိမ္ေရွ႕ကို ေလ်ာက္လာၿပီး အကဲခတ္လိုက္ရာ အိမ္ေစာင့္ၿခံေစာင့္ေတြမရွိေတာ့ပဲ အျခားေသာ နာနာဘာဝေတြခိုေအာင္းေနတာကိုပါျမင္လိုက္ရတယ္။

“ ၿခံထဲမဝင္ခင္ ဆိုင္ရာပိုင္ရာေတြကို အရင္ခြင့္ေတာင္းဖို႔မေမ့ၾကနဲ႔”

“ ဟုတ္ကဲ့ပါဆရာ”

‌သုံးေယာက္သား ဝင္ခြင့္ေတာင္းၿပီး ၿခံထဲေျခခ်လိုက္တာနဲ႔ အိမ္တံခါးမႀကီး လႈပ္ခါလာခဲ့တယ္။

“ ႀကိဳဆိုပုံကၾကမ္းလိုက္တာဆရာ”

“ အစြဲႀကီးတဲ့သူေတြက ဒီလိုပဲ၊ အိမ္ထဲေရာက္ရင္ ပိုၾကမ္းတာေတြျမင္ရလိမ့္မယ္၊ ‌ေမာင္ေကာင္း တံခါးဆြဲဖြင့္လိုက္”

ေမာင္ေကာင္းလဲ အိမ္တံခါးကို အသာဆြဲဖြင့္လိုက္ရာ ဧည့္ခန္းကခုံေပၚမွာေက်ာေပးၿပီးထိုင္ေနတဲ့ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“နင္တို႔ငါ့အိမ္ထဲဘာလာလုပ္ၾကတာလဲ”ဆိုတဲ့

ေျခာက္ကပ္ကပ္အသံကထိုင္ေနတဲ့မိန္းမဆီ

ကေနထြက္လာခဲ့တယ္။

“ က်ဳပ္တို႔လာတာ သင့္ကိုရန္ျပဳဖို႔မဟုတ္ပါဘူး”

“ ငါ့အိမ္ကိုဝင္လာရင္ ငါ့ကိုဒုကၡေပးဖို႔ပဲ၊ ဘာလဲ ေသာင္းႏိုင္ နင္တို႔ကိုလြတ္လိုက္တာလား”

“ သူတိုရသင့္တဲ့ပစၥည္းေတြလာယူတာပါ”

“ သူတိုပစၥည္းတစ္ခုမွမရွိဘူး၊ ဒီအိမ္ကပစၥည္းအားလုံးက ငါ့ပစၥည္းေတြပဲ”

“ သင္က သိပ္ကိုအတၱႀကီးေနပါလား၊ ဒါေၾကာင့္လဲ ဘယ္အရာကိုမွမေၾကာက္ေတာ့တာထင္တယ္”

“ ငါပိုင္နက္ထဲမွာ ဘယ္သူကိုေၾကာက္ရမွာလဲ၊ နင္တို႔ဒုကၡမေရာက္ခ်င္ရင္ ငါ့အိမ္ထဲကထြက္သြားစမ္း”

ထိုင္ေနတဲ့မိန္းမက ေဒါသတစ္ႀကီးေအာ္ေျပာရင္း မ်က္ႏွာကိုလွည့္လိုက္ရာ ဆံပင္ေတြေလထဲကို လႊင့္ပ်ံသြားခဲ့တယ္။

“ ဆရာ… သူဘာမွကိုမေၾကာက္တာဗ်၊ ပညာနည္းနည္းေပးလိုက္ရမလား”

“ ေၾကာက္လန႔္ေအာင္ပဲလုပ္ေနာ္၊ သူ႔ကိုထိခိုက္ေအာင္မလုပ္နဲ႔”

“ ဟုတ္ကဲ့ဆရာ”

ေမာင္ေကာင္းက အေရွ႕တက္သြားၿပီး စားပြဲေပၚမွာ တင္ထားတဲ့ ပန္းအိုးကို‌ေကာက္ကိုင္လိုက္ရာ

“ ငါ့ပစၥည္းကိုမထိနဲ႔” ဆိုတဲ့အသံနက္ႀကီးနဲ႔အတူ အနီးနားမွာရွိတဲ့အရာဝတၱဳေတြကိုလႊင့္ပစ္ကာ ေသာင္းက်န္းပါေလေရာ။

“ လက္ႏွစ္ဖက္ကို ဆိုင္ရာက ခ်ဳပ္ထားစမ္း”

ေမာင္ေကာင္းကအမိန႔္ေပးၿပီး ေရွ႕တက္သြားတဲ့အခ်ိန္ ဗီ႐ိုထဲက ဖန္ခြက္တစ္လုံးက မ်က္ႏွာတည့္တည့္ကိုဝင္လာတာျမင္လိုက္ရတယ္။

“ ခြမ္း…”

အေရွာင္ျမန္လိုက္တာမို႔ ဖန္ခြက္က နား႐ြက္ေဘးကေနျဖတ္ၿပီး အိမ္နံရံကိုသြားထိကာ အစိပ္စိပ္အႁမႊာႁမႊာျဖစ္သြားခဲ့တယ္။

ေမာင္ေကာင္းလဲ ခ်က္ခ်င္းပဲ ေလးကြင္းအင္းတစ္႐ြက္ထုတ္ၿပီး ပစ္လိုက္ရာ၊ မိန္းမႀကီးဆီမေရာက္ခင္မွာပဲ ေအာက္ကိုျပဳတ္က်သြားခဲ့တယ္။ ဒုတိယအႀကိမ္ လိပ္ျပာခ်ဳပ္အင္းနဲ႔ ဖမ္းဖို႔ႀကိဳးစားခဲ့ေပမယ့္ အင္းကအသက္မဝင္ပဲ သာမန္စကၠဴတစ္႐ြက္လိုသာ ျဖစ္ေနခဲ့တယ္။

“ ဆရာ… ဒီမိန္းမကို ခ်ဳပ္လို႔မရဘူး”

“ ေမာင္ေကာင္း အေနာက္ျပန္ဆုတ္… ငါလဲ စိတ္ထဲကေန အမိန႔္ေပးၿပီးခ်ဳပ္ခိုင္းလို႔မရဘူး”

“ ဒီအိမ္ထဲမွာ ဘာမွလုပ္လို႔မရတာလား”

“ ဟုတ္ေလာက္တယ္၊ ငါတို႔မသိတဲ့ အျခားအေၾကာင္းတစ္ခုခုရွိေနၿပီထင္တယ္”

ေအာင္ျမတ္သာတို႔ အိမ္ထဲကေနျပန္မထြက္ခင္ ေလးကြက္အင္းကို တံခါးေဘာင္မွာ႐ိုက္လိုက္ရာ စမအကၡရာေတြက ေဘာင္မွာကပ္မေနပဲ လက္ဝါးေပၚမွာျပန္ပါလာခဲ့တယ္။

“ အိမ္အျပင္ထြက္ၾကေတာ့… သူ႔အိမ္ထဲမွာ ငါတို႔ဘာမွလုပ္လို႔မရေတာ့ဘူး”

“ ထူးဆန္းလိုက္တာ… တစ္ခါမွဒီလိုအျဖစ္မ်ိဳး မႀကဳံဖူးဖူးဗ်ာ”

ၾကမ္းေပ့ရမ္းေပ့ဆိုတဲ့သူေတြကို ႏွိပ္ကြပ္လာတဲ့ ဆရာတပည့္ေတြ အခုက်မွ အိမ္အျပင္ျပန္ေျပးရတဲ့အထိျဖစ္ခဲ့ရတယ္။

“ ဆရာ… ဆရာတို႔ ရခဲ့လား”

“ မရခဲ့ဘူးဗ်… က်ဳပ္တို႔ဘဝမွာ အခုလိုေနာက္ဆုတ္ရတာ ပထမဆုံးပဲ၊ ကိုေသာင္းႏိုင္ ခင္ဗ်ားမိန္းမမေသခင္ မွတ္မွတ္ရရ ဘာလုပ္ခဲ့ေသးလဲ”

“ သူမေသခင္ လုပ္ခဲ့တာက ဘုရားကို စားပြဲဝိုင္းနဲ႔ ဆြမ္းကပ္ခဲ့တာပဲ”

“ အရင္ကေရာ ပုံမွန္ဆြမ္းကပ္ေနၾကလား”

“ ဘယ္ကလာ… ဘုရားေတာင္ ေန႔တိုင္းရွိခိုးတာ မဟုတ္ဘူး၊ တိုက္တိုက္ဆိုင္ဆိုင္ ဆြမ္းကပ္ၿပီးတဲ့ေန႔လည္ပဲ ဆုံးတာ”

“ ကြၽန္ေတာ္စိတ္ထင္တာေျပာရရင္ ဆုေတာင္းမွားခဲ့ၿပီထင္တယ္”

“ ဘယ္လိုဆုေတာင္းမွားတာလဲဆရာ”

“ အတိအက်ေတာ့မေျပာတတ္ဘူး၊ အခုက်ဳပ္တို႔ အိမ္ထဲေရာက္သြားတာနဲ႔ ပညာေတြက ဘာမွအသုံးမဝင္ေတာ့ဘူး”

“ မနက္ကဆရာတစ္ေယာက္လဲ အခုလိုပဲေျပာတယ္”

“ သူလဲ က်ဳပ္တို႔လိုျဖစ္တာလား”

“ ဟုတ္တယ္ဆရာ… ေနဦး… မနက္က ကြၽန္ေတာ္တို႔အိမ္ထဲဝင္ေတာ့ ဒီေနရာက သူ႔ေနရာတဲ့၊ မေသခင္ထဲက ဒီမွာပဲေနဖို႔ ဆုေတာင္းခဲ့တာလို႔ေျပာတယ္၊ အဲဒီဆုေတာင္းေၾကာင့္ အခုလိုျဖစ္ေနတာလား”

“ မေသခင္ ဘုရားဆြမ္းကပ္ၿပီး ဆုေတာင္းခဲ့တာျဖစ္မယ္၊ ဒီပုံစံဆိုရင္ ဘယ္လိုမွ ကြၽတ္လြတ္မွာမဟုတ္ေတာ့ဘူး စိတ္မေကာင္းစရာပဲ”

“ ဒါဆို ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ရမလဲ”

“ အခုေလာေလာဆယ္ ဆုံးထားတာမၾကာေသးတာမို႔ ေဖ်ာင္းဖ်နားခ်ဖို႔ကလြယ္မွာ မဟုတ္ဘူး၊ အခ်ိန္ေတြၾကာလို႔ သူကိုယ္တိုင္ အကြၽတ္တရားရမွသာ ဒီဘဝကလြတ္မွာ”

“ ဘယ္တတ္ႏိုင္ပါ့မလဲဗ်ာ… က်ဳပ္တို႔နဲ႔မထိုက္ဘူးလို႔ပဲ မွတ္ယူရေတာ့မွာေပါ့၊ ကြၽန္ေတာ္ကို ျပန္ခြင့္ျပဳပါဦး”

ကိုေသာင္းႏိုင္က ေခါင္းငိုက္စိုက္က်ၿပီး ျပန္ထြက္သြားခဲ့သလို ေအာင္ျမတ္သာတို႔လဲ ႏႈတ္ဆိတ္စြာျဖင့္ ဘုန္းႀကီးေက်ာင္းဘက္ကို ထြက္ခြာသြားခဲ့ၾကတယ္။

ဒီျဖစ္ရပ္က သူတို႔ဘဝအတြက္ ေမ့ေပ်ာက္လို႔မရတဲ့ အရာတစ္ခုျဖစ္သြားခဲ့ၿပီမဟုတ္လား။

အဆိုပါအိမ္က ယခုထိ တည္ရွိေနဆဲျဖစ္ၿပီး ၿခံထဲမွာေတာ့ ၿပိဳက်လုဆဲဆဲအိမ္တစ္လုံးနဲ႔ သံေခ်းတက္ေနတဲ့ကားတစ္စီးရွိေန‌ခဲ့သလို

ရံဖန္ရံခါ ဆံပင္ဖားလ်ားခ်ထားတဲ့မိန္းမ တစ္ေယာက္ ၿခံထဲမွာလမ္းေလ်ာက္ေနတာကိုလဲ ပတ္ဝန္းက်င္ကလူေတြ အခုထိျမင္ေနရဆဲ။

ျဖစ္ရပ္မွန္ဇာတ္လမ္းေလးအား အမည္နာမမ်ားေျပာင္းလဲေရးသားထားျခင္းျဖစ္ပါတယ္။

ေနာက္ဝတၱဳမွာေတာ့ အိမ္ခုႏွစ္အိမ္ကို တစ္ၿပိဳက္နက္ထဲ ျပဳစားထားတဲ့ အေၾကာင္းကိုေတာ့

“ေအာင္ျမတ္သာႏွင့္ခုႏွစ္စင္အတိုက္”ဆိုတဲ့ဝတၱဳမွာ ဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)u