ဦဖိုးဝေနှင့်လူမိုက်တို့သွား၇

*ဦးဖိုးဝေ နှင့် လူမိုက်တို့သွားရာလမ်း*📖📖📖

********************************

    ▪️အခန်း-၁

    ဦးဖိုးဝေ နှင့် သူရိယသည် ကြာကန်ရွာမှ ပြန်လည် ထွက်ခွာလာရာ  နေမွန်းတည့်အချိန်တွင်  ကြေးနန်းလမ်းဆင်းဟု  ဒီနယ်သားများ ခေါ်သော နေရာသို့ရောက်လာကြသည် ၊ ကြေးနန်းလမ်းဆင်းသည် တောင်ကြားလမ်းလေးကို ခေါ်ဆိုချင်းဖြစ်သည်၊  တောင်ကမ်းပါးယံတွင်  နွယ်ပင်များ ပေါက်ရောက်နေကာ ‌လမ်း၏ အကျယ်သည် လှည်းတစီးသွားရုံမျှဖြစ်သည် ။ယခု ထိုတောင်ကြားလမ်းလေးထဲ သို့ ဦးဖိုးဝေ နှင့် သူရိယ လမ်းလျှောက်နေကြသည် ၊ ထိုအချိန် နွားအော်သံများ ဆူညံစွာ ထွက်ပေါ်လာသည် ၊ လှည်း တစီးသာ သွားလို့ရပြီး တောင်ကံပါးယံတို့က မက်စောက် လွန်းလှသည့် တောင်ကြားလမ်းထဲဝယ် ၊  ဦးဖိုးဝေတို့  တောင်ကြားလမ်း အလယ်သို့ ရောက်ရှိ‌ေနပြီဖြစ်၏။ ထိုအချိန် နွားအော်သံများ ပဲ့တင်နေလေရာ သူရိယသည် ဦးဖိုး‌ေဝကိုကြည့်လိုက်ပြီး

    “အဘ ကျနော်တို့ကို အကောက်ကြံ ကြပြီထင်တယ် “

    “လူမိုက်‌ေတွက လူမိုက်အလုပ် လုပ်ကြမှာပေါ့ကွယ် “

    “ဟုတ်ပါတယ် အဘ လူမိုက်တွေနောင်တ ရဖို့ ဆိုတာ လမ်းမမြင်ပါဘူး”

    ဦးဖိုးဝေ နှင့် သူရိယ စကားပြောနေစဉ် သူတို့၏ အရှေ့ နှင့် အနောက်မှ နွားရိုင်း များ ပြေးဝင်လာကြသည် ထိုအခါ ဦးဖိုးဝေနှင့် သူရိယသည် လမ်းတဖက် တချက်ကို လှည့်လိုက်ပြီး သူတို့ဆီပြေးဝင်လာသော နွားများကို စူးဆိုက်ကြည့် လိုက်ရာ တောင်ကြားလမ်း အနောက်ဘက် အရှေ့ဆုံးမှ ပြေးလာသော နွားများသည်  ရုတ်ချည် ရပ်တန့်သွားပြီး သူရိယကို စူးဆိုက်ကြည့်‌ေန၍  ငြိမ်သွားသလို တောင်ကြားလမ်း အ‌ေရှ့ဘက်မှ ပြေးလာသော နွားများသည်လမ်း ဦးဖိုးဝေကို တွေ့သော အခါ ရုတ်ချည် ရပ်တန့်လိုက်ပြီး ငြိမ်နေလေသည် ထို့နောက် အနောက်ကို  တဖြည်းဖြည်း ပြန်ဆုတ်ကာ လှည့်၍  ပြန်ပြေးကုန်ကြပါ‌ေလတော့သည်။

    ▪️အခန်း-၂

    နွားများ မရှိတော့၍ ဦးဖိုးဝေ နှင့် သူရိယ တောင်ကြားလမ်းလေး အတိုင်း လမ်းလျှောက်နေကြသည် ထိုလမ်း အလယ်တွင်တော့ နွားများနင်းခံ ထားရ၍ တအင်းအင်း နှင့် ညည်းညူပြီး လဲနေသော လူ နှစ်ယောက်ကို တွေ့ရသည် ၊ဦးဖိုးဝေနှင့် သူရိယ ထိုလဲနေသော လူများ အနားရောက်သောအခါ

    “ကျုပ် ကျုပ်တို့ကို ကယ်ပါဦး  ကျုပ်တို့ အရိုးတွေ ကျိူးကုန်ပြီ ထင်ပါတယ်ဗျာ “

    သူရိယသည် ထိုသူများကို သေချာကြည့်လိုက်သည် ဦးစံတင်၏ တပည်များဖြစ်နေ‌သည်ကို မှတ်မိသော အခါ ဦးဖိုးဝေကို  ကြည့်လိုက်ပြီး

    “အဘ ဒီလူတွေက ဦးစံတင်ရဲ့ တပည်တွေ “

    “အင်း ငါတို့ရဲ့ ရန်သူဆိုလို့ သူတယောက်ပဲ ရှိတာကို “

    “ကျနော် တို့ ဒီလူတွေကို ဘယ်လို လုပ်မလဲ အဘ “

    “သစ်ပင် ရိပ်ကို ရွှေ့ပေးထားကြတာပေါ့ နွားလှည်း တစီး‌တလေ လာရင်တော့ သူတို့ကံကောင်းမယ်ထင်ပါတယ် မလာခဲ့ရင်တော့ သူတို့ထိုက်နဲ့သူတို့ကံပဲပေါ့ “

    ဦးဖိုးဝေ၏ စကား‌ကြားရသော အခါ သူရိယည် ဦးဖိုးဝေအားကြည့်နေ‌ေလ၏ ၊ သူရိယ ကြည့်သည့် အဓိပ္ပါယ်ကို သတိထားမိသော ဦးဖိုးဝေသည်

    “လူလေး တို့များ မြတ်စွာဘုရားရှင်ရဲ့ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်ထေရ် ‌ေတာင် ဝဋ်‌ေကြွးရှိရင်  ရှောင်လွှဲလို့ မရပေဘူး ဒီလူမိုက်တွေရဲ့ ဝဋ်‌ေကြွးကိုလည်း အဘတို့ မမြင်နိုင်ဘူ း အဲ့တော့ လှည်းလာခဲ့ရင် သူတို့ရဲ့ ကံပဲ အဘတုိ့ တင်ပေးလိုက်ကြတာပေါ့ “

    ဦးဖိုးဝေသည်  နွားများ အနင်းခံ အဝှေ့ခံထားရသော ဦးစံတင်၏ တပည်လေးယောက်အား ကြည့်၍ စကားဆိုနေလေသည် ၊ ထိုလေးယောက်ထဲမှ အနာတရ အနည်းဆံုးသော သူသည် ဦးဖိုးဝေအားညှိုးငယ်သော မျက်နှာထားနှင့် ကြည့်ကာ

    “ကျုပ်တို့ နောင်တရပါပြီ ကျုပ်တို့ကိုကယ်ပါ ဆရာကြီး စံတင် ဘယ်မှာ ရှိတယ်ဆိုတာ ပြောပြပါမယ် “

    “ငါတို့က မင်းတို့ ဆရာကြီးဘယ်မှာရှိတယ်ဆိုတာ မသိချင်ပါဘူး မင်းတို့ကံကောင်းရင် လှည်းလာမပေါ့ ဒါနဲ့ မင်းတို့ ဘယ်က နွားတွေကို မောင်းလာတာလဲ “

    “ဟို ဟို မီးပူရွာ စားကျတ်က နွားတွေပါ”

    “နွားတွေကတော့ သူ့စားကျတ်သူ  ပြန်ရောက်မယ်ထင်ပါတယ် လေ “

    “ကျုပ်တို့ကို  ကယ်ပါ ပြစ်မထားပါနဲ့ “

    ဦးဖိုးဝေသည် မျက်နှာ လွှဲ၍ နေလေရာ သူရိယပင် ဦးဖိုးဝေအားနားမလည်နိုင်ဖြစ်နေရသည် ၊ ထိုစဉ် တောင်းကြားလမ်းထဲမှ နွားခလောက်သံပေါ်လာလေသည်၊ ထိုနွားခလောက်သံကို ကြားသောအခါ သူရိယသည် အသံလာရာ ဆီသို့ လမ်းလျှောက်သွား‌‌ေလ‌ေတာ့သည် ၊ မကြာသော အချိန်တွင် လှည်းတစီး နှင့် လှည်းရဲ့ နောက်တွင် သူရယ လမ်းလျှောက်လာသည် သူရိယသည် လှည်းသမားအား စကားများပြောနေသည် လှည်း‌သမားသည် ခေါင်းကို တွင်တွင် ညိတ်ပြီးသာ ဖြေကြားနေ‌ေလသည် ၊မကြာသော အချိန်တွင် ဦးဖိုး‌‌ေဝတို့ အနားသို့ လှည်းရောက်လာသောအခါ သူရိယမှ ဦးဖိုးဝေအား

    “အဘ ဒီက လှည်သမားက မီးပူရွာကတဲ့ အဲ့တာ ဒီလူလေးယောက်ကို ခေါ်သွားခိုင်းရမလား “

    “ဒီလူမိုက်တွေက ဘယ်ကလည်း မေးစမ်းပါဦးလူလေးရဲ့ “

    “ဟုတ်ကဲ့ အဘ ကျနော်မေးလိုက်ပါမယ် “

    သူရိယသည် လဲသူလဲ သစ်ပင်ကို မှီသူ မှီနေကြသော လူလေးယောက်အား သေချာကြည့်ကာ

    “ခင်ဗျား တို့က ဘယ်ရွာကလဲ “

    “ကျုပ်တို့က ဒီနယ်ကမဟုတ်ပါဘူး  တခြားနယ်ကပါ “

    “အဲ့တာဆို ကျုပ်က ဘယ်လို လုပ်ပေးရမှာလဲ “

    “ကျုပ်တို့ ဆရာကြီးနေတဲ့ နေရာကို သိပါတယ် အဲ့ကို ပို့ပေးလို့ရမလား “

    “ဘယ်လောက်ဝေးလဲ “

    “တ‌ရက်လောက်သွားရင် ရပါတယ် အခု ချိန်သွားမယ် ဆို  မနက်မိုးလင်းရောက်နိုင်ပါတယ် “

    စကားပြောနိုင်သော ဦးစံတင် တပည်မှ သူရိယအား ထိုသို့ ပြောနေသည်ကို  ဘေးမှ ‌ေန၍ သူတိ့အားကြည့်နေသော  ဦးဖိုး‌ေဝသည်၊

    “ငါတို့ လိုက်ပို့ရင် မင်းဆရာကြီးက ငါတို့ကို‌ေတွ့ရင်ပြေးမှာပေါ့ “

    “မပြေး နိုင်ပါဘူး ဆရာကြီးက အဲ့ဒီမှ သူကို ရန်ပြုဖို့ခက်ခဲအောင် လုပ်ထားတယ် “

    “အော် မင်းတို့က အခု ထိ မင်းတို့ဆရာကြီးကို အထင်ကြီးနေတုန်းကိုကွ  ကဲ ထားပါ လှည်းသမားကို ပြောကြည့် ပေါ့”

    ဒဏ်ရာ ရနေကြသော ဦးစံတင် တပည်များထဲမှ ဒဏ်ရာ မများသော သူသည် လှည်း သမားဘက်လှည့်ကာ

    “လှည်းသမား ငါတို့ကို လိုက်ပို့ပေးစမ်း မင်းအတွက် ငွေ မနည်းစေရဘူး ဟိုရောက်ရင် ပေးမယ် “

    လှည်းသမားသည် တချက်ပြုံးလိုက်ပြီး သူ၏ နွားများကို ကြိမ်နှင့် တို့ကာ

    “ဟဲ့ နွားသွားစမ်း အလကား အချိန် ဖင့်တယ် “

    လှည်းသမားသည် သူ၏ လှည်းကို စတင် မောင်းလိုက်ချိန် သူရိယသည် လှည်းသမားအနား သွားလိုက်ပြီး

    “ဦးလေးရယ် ဒီလူတွေက အပြောမတက် အဆို မတက်တွေ မို့ပါ လူ့အသက် ကယ် ကောင်းပါတယ် ဗျာ”

    “ငါ့တူ မင်းကောက်တွေကိုလည်း ကြည့်ဦးလေ လူတွေက သေကာနီးနေတဲ့ ပုံနဲ့ ငါ့ကို များ ငွေနဲ့ ပေးခိုင်းရင် ရမဲ့သူထင်နေတာ”

    “ဇိဝိတဒါန လို့ သဘောထားပါ ဦးလေးရာ သူတို့ မိုက်ပြစ် သူတို့ ခံရပါ လိမ့်မယ် “

    ထိုအခါမှ လှည်းသမားသည် သက်ပျင်းရှည် တချက်ကို ချလိုက်ပြီး

    “ဦးလေး မင်းကို လေးစားလို့ ပို့ပေးမယ် ဒါနဲ့ ဒီလူတွေနဲ့ ငါ့တူ  ဘယ်လို ပတ်သက်တာလဲ “

    “,ဘာမှ မပတ်သက်ပါဘူးဗျာ ဒီလူတွေက ကျနော့် နဲ့ ဟော့ဟိုက ကျနော့်ရဲ့ အဘကို ‌ဟိုတောင်ကြားလမ်းထဲ သွားနေတုန်း နွားရိုင်းတွေ မောင်းသွင်းတဲ့သူတွေပါ”

    “ငါ့တူတို့ကို ရန်ပြုတဲ့ သူတွေပဲ “

    “အခုတော့ သူတို့ အကုသိုလ် နဲ့ သူ‌တိူ့ မသေရုံ တမယ် ဒဏ်ရာတွေနဲ့ပေါ့ ဒါပေမဲ့ ကျနော် ဝမ်းမသာနိုင်ပါဘူးဗျာ  “

    “အေးကွာ မင်းရဲ့ စေတနာကို တန်ဖိုးထားလို့ ပို့ပေးမယ် ကဲ အဲ့လူတွေကို တင်ကြတာပေါ့ “

    သူရိယ နှင့် လှည်းသမားသည် ဒဏ်ရာ များရနေကြသော ဦးစံတင်၏ တပည်များအား လှည်းပေါ်တင်ပေးလိုက်ကြသည် ထိုနောက် လှည်းသမားသည် ဦးစံတင် တပည် ပြောသော လမ်းသို့ လှည်းကို မောင်းလိုက်သည် ၊ လှည်း၏ နောက်တွင် တော့ ဦးဖိုးဝေ နှင့် သူရိယ လမ်းလျှောက်၍ လိုက်သွားကြပါလေတော့သည်။

    ▪️အခန်း-၃

    အင်မတန် ကျယ်ဝန်းသော  ခြံကြီး တခြံတွင် ဖြစ်သည်၊ ထိုဦးခြံကြီးသည် ကျယ်ဝန်းပြီး နှစ်ရှည်သီးပင်စားပင်များ စိုက်ထားပြီး လှည်းတစီးဝင်လို့ရသည့် လှည်းလမ်းလေးသာ အလယ်တွင် ရှိသည် ထိုလှည်းလမ်းလေးအတိုင်း ဆက်သွားပါက ရေနံချေးများဝနေသော ပျဉ်ထောင်ပျဉ်ခင်း အိမ်ကြီးတလုံးရှိသည် ၊ ထိုအိမ်ကြီးသည်  ဦးစံတင်၏ အိမ်ကြီးဖြစ်၏ ၊ အိမ်ကြီးသည် ရေနံချေးများ ဝ၍ မဲနက်နေသလို အိမ်းဘေးတွင် ရှိသည့်  ကြီးမားလှသော အပင်ကြီးများ၏ အရိပ်ကြောင့် နေ့ခင်း ဖြစ်လင့်ကစား မှောင်ရိပ့်ကျနေလေသည် ၊ အိမ် ပတ်လည်‌တွင်‌ေတာ့  ဦးစံတင်၏ တပည်များ တုတ်၊ဓား ၊လှံတံ များကိုင်ပြီး စောင့်နေသလို  ခြံကြီးအဝင်တွင်လည်း  သူ၏ တပည်များ အတော်များ များ စောင့်ကြပ်နေကြသည် ၊  ထိုခြံဝအနားသိူ့ လှည်းတစီးဆိုက်ရောက်လာ‌ေလသည် ထိုလှည်းသည် သူရိယ အကူညီတောင်းထားသော ဦးစံတင်၏ ဒဏ်ရာ ရနေသည့် တပည့်များကို တင်သော လှည်းဖြစ်သည် ၊ ခြံဝ တွင် စောင့်နေသော လူများသည် လှည်းကို မြင်သော အခါ ကိုင်ထားသော ဓားများ လှံများကို လှည်းသမားအား ချိန် ရွယ် လိုက်ပြီး

    “ဟေ့ ဘယ်သူလဲ “

    “ငါ ငါ တို့ပါ ကွ ငါ သိန်းမြိုင်ပါ “

    “ဟေ့ သိန်းမြိုင် ဘယ်လို  ဖြစ်တာလဲ မင်းကို ဆရာကြီးက ဟိုလူတွေကို ရှင်ဖို့တာ‌ဝန်ပေးထားတာ မဟုတ်လား “

    “အဲ့ဒီလူတွေက နောက်မှာ အခု ငါတို့က ‌ေသေတော့မယ် ငါတို့ အကုန်လုံး ဒဏ်ရာတွေ ကြည့်ပဲ ငါ့ခြောက်ထောက်ဆို ကျိုးတောင်ကျိုးနေပြီ ဒီကိုလာကြည့် ကျန်တဲ့ကောင်တွေ ရဲ့ ပုံစံတွေကို ကော “

    သိန်းမြိုင်ဆိုသူသည် ခြံဝတွင် ရှိသော ဦးစံတင်၏ တပည် သူ၏ အသိမိတ်ေဆွများကို ပြောလိုက်ရာ ထိုလူများလှည်းပေါ်လာကြည့်ပြီး

    “ဟေ့ကောင် ဆရာကြီးကို ချက်ချင်းသွားပြော သိန်းမြိုင်တို့ အဖွဲ့ ဒဏ်ရာတွေရထားတယ် လို့ “

သိန်းမြိုင်သည် ဦးစံတင်အား သွားပြောခိုင်းသော သူအား ကြည့်ကာ

    “လှဝင်း ငါတို့ကို တခါတည်း ဝင်ခွင့်ပေးပြီး ဆေးကုပေးတော့လေကွာ “

    “ဆရာကြီးက ဘယ်သူလာလာ ဝင်ခွင့် မပေးနဲ့ဆိုလို့လေ “

    “ငါက သူတပည်ပါကွ သူအကျိုးတွေကို  မိုက်မိုက်ကန်းကန်း လုပ်ပေးတဲ့သူတွေပါ ကွာ “,

    “သိန်းမြိုင်  အမှန်တိုင်းပြောမယ်ကွာ  ဆရာကြီးက ငါတို့ကို ဒဏ်ရာ ကြီးကြီးမားမား ရထားတဲ့ သူတွေကို ငါတို့ဂိုဏ်းက ထုတ်ပြစ်လိုက်ပြီတဲ့ကွ “

    “ဘာ မင်းဘာပြောတယ် “

    သိန်းမြိုင်သည် အထိတ်တလန့်  ခြံဝမှ လှဝင်းအား ပြောလေသည် ၊ သိန်းမြိုင်နည်းတူ ဒဏ်ရာ ဗလပွနှင့် အခြေအနေ ဆိုးနေသော လူများသည် အံဩထိတ်လန့်ကာ နောင်တရနေသည့် မျက်နှာများ ဖြစ်ကုန်ကြသည်၊ ထိုစဉ် လှဝင်း မှ ဦးစံတင်ကို သွားပြောခိုင်းသော သူသည် ပြန်လည်ရောက်ရှိလာသည် ထိုလူသည် လှဝင်းကို ကြည့်ကာ

    “ကိုလှဝင်း ဆရာကြီးက ပြောတယ်  လမ်းလျှောက်နိုင်သူသာ ခြံထဲ အဝင်ခံပါတဲ့ ကျန်တဲ့ သူတွေကို ဂိုဏ်းက ထုတ်ပစ်လိုက်ပြီ တဲ့ “

    “အေးအေး “

    လှဝင်းသည် အံဩသည့် မျက်နှာ မရှိပါ သူသည် ဦးစံတင်ကို သဘောမကျ ပေမဲ့ သို့ပေမဲ့ သူ၏ မိသားစုအား ဒုက္ခပေးမည် ဆိုးသော ကြောင့် အလုပ်ဝင်လုပ်နေရသူဖြစ်သည် ၊ ယခု ဒဏ်ရာ ရနေ‌သူများသည်  ဦးစံတင်၏ အကျိုးကို စိတ်ရောကိုယ်ပါ ပြုလုပ်ပေးသည် ဖြစ်ကြသည် ၊ သိန်းမြိုင်သည် ဦးစံတင်မှ တာဝန်မဲ့ စကားဆိုလေရာ မယုံနိုင်ဟန်ဖြစ် လှဝင်းကို ကြည့်ကာ

    “လှဝင်း ပြန်မေးခိုင်းပါဦး ကွာ ဟုတ်ကော ဟုတ်လို့လားလို့ ငါ ငါတို့က ဆရာကြီး အကျိုးအတွက် ဆို အသက်တောင် မငဲ့ ပဲ လုပ်တဲ့ကောင်တွေပါကွာ “

    “မင်းတို့က သူ့အကျိုးအတွက် လုပ်တာလေ အခု သူရဲ့ အကျိုးကို မင်းတို့ မထမ်း နိုင်တော့ သူက ဘယ် အလိုရှိတော့ မှာလဲ ငါလည်း စိတ်မကောင်းပါဘူးကွာ တနေ့ငါလည်း မင်းတို့ဘဝ ရောက်မဲ့သူပါပဲကွာ “

    “အင်း ကို့ရဲ့ မိသားစုအတွက် ကာကွယ် ဖို့ မိုက်ပေးတဲ့သူလည်း ရှိသေးတာကို “

    ဦးစံတင်၏ တပည် လှဝင်း၏ စကားဆုံသည်နှင့် လှည်းနောက်မှ ဦးဖိုးဝေ၏ အသံပေါ်လာသည်၊ ထိုအခါ ခြံဝ မှ ဦးစံတင် တပည်များသည် တုတ် ၊ဓား ၊လှံတံများကို ကမန်းကတန်း ချိန်ရွယ် လိုက်ပြီး

    “ဟေ့ ခင် ခင်ဗျားက ဦးဖိုးဝေဆိုတဲ့ လူကြီးလား “

    “အေးလေကွာ  မင်းတို့ဆရာ ကြီးကို သွားပြောလိုက်စမ်းကွာ ငါလာတယ်လို့ “

    “ပြော စရာမလိုဘူး ကျုပ်တို့ ဆရာကြီးက ခင်ဗျားကို လာရင် အသေသတ်ခိုင်းထားတယ်။ ဟေ့ကောင်တွေ ဘာငေးနေတာလဲ ချကြလေ “

    တချို့သူများသည် အားကြိုးမာန်တက် ဦးဖိုးဝေ နှင့် သူရိယအား တိုက်ခိုက် ရန် ပြင်ဆင်နေကြပေမဲ့ လှဝင်း အပါအဝင် တချိုသူများသည်  ရန်လိုသော သူများ၏ အနောက်သို့ ဝင် သွားကြသည် ၊ ဦးစံတင်၏ အကျိုးကို လိုလားသော လူမိုက်များသည်  တုတ်ဓားများ ဖြစ် လှည်း နောက်ရှိ ဦးဖိုးဝေ တို့အနားသွား‌ေနကြချိန် သူရိယသည် လှည်း သမားအား အမြန် ပြန်လှည့်စေ၍ မလှမ်း မကမ်း တွင်  စောင့်နေခိုင်းလိုက်သည် ။

    ထို့နောက် သူရိယသည် အရိပ်ပမာ လျင်မြန်စွာ လှုပ်ရှားသွားပြီး သူတို့အား ရန်ပြုသူများ၏ လက်ထဲမှာ ဓားများ တုတ်များ လှံတံများ မြေပြင်သို့ ပြုတ်ကျကုန်တော့သည် ၊ ဦးဖိုးဝေသည်  လက်နောက်ပြစ်ပြီး ကွမ်းကို ဝါးကာ  မတ်တတ်ရပ်လို့ ရန်ပြုသည့်  ဦးစံတင်တပည်များအား ပြုံး၍ကြည့်နေလေသည် ၊ ထိုအခါ ရန်ပြုတိုက်ခိုက်သည့် ဦးစံတင် တပည့်များသည်  ဦးဖိုးဝေအား မယုံကြည်ဟန်ကြည့်နေစဉ် ဦးဖိုးဝေအနားသို့ သူရိယသည် အရိပ်တခုပမာ  လျင်မြန်စွာ ပြန်ရောက်လာပြီး မတ်တတ်ရပ်နေ၏ ၊

    “ဟာ လူတွေ မဟုတ်ဘူး သ သရဲတွေ ဆရာကြီး ဆီ ပြေးကြဟေ့ ဆရာကြီး ဆီပြေးကြ “

    “ဟုတ်တယ် ဟေ့ ပြေးကြ”

    ရန်ပြုတိုက်ခိုက်ကြသူများသည် ခြံကြီးထဲသို့ ဝင်ပြေးကုန်ုတော့သည်  ၊ ဦးဖိုးဝေတို့အား ရန်ပြုချင်မရှိသည်ြ  လှဝင်းအမည်ရသော ဦးစံတင် တပည် နှင့် ကျန်သူများသည် ဦးဖိုးဝေရှေ့တွင် ဒူးထောက်လက်အုပ်ချီလိုက်ပြီး

    “ဆရာကြီး ကျုပ်တို့က မတက်သာလို့ သူရဲ့ လက်အောက်မှာ နေ နေရတာပါ တခြားသူတွေ ဒုက္ခရောက်အောင် ကျုပ်တို့ မလုပ်ဘူးပါဘူး ဦးစံတင်က လုပ်ခိုင်းရင်တောင် ကျုပ်တို့ အကြောင်းမျိုးမျိုးပြပြီး ရှောင်ဖယ် ခဲ့ပါတယ် ကျုပ်တို့ကို ခွှင့်လွှတ်ပါ “

    “အင်း မင်းတို့ရဲ့  မိသားစုတွေ ဒုက္ခ မဖြစ်စေရဘူးလို့ ငါတာဝန်ယူတယ် အခုတော့ မင်းတို့ရဲ့ လက်နက်တွေကို ထားခဲ့ ပြီး ဟို နားက လှည်ပေါ်က လူတွေကို ဆေးကုဖို့ခေါ််သွားကြတော့ လူမိုက်တွေကတော့ မကြာခင် လူမိုက်တို့ သွားရလမ်းကို သွားရတော့မယ် မင်းတို့ တွေရဲ့ မိသားစုတွေဆီပြန် ဘယ်တော့မှ မကောင်းတာတွေ မလုပ်ကြတော့နဲ့ကြားလား”

    “ကျေး ကျေးဇူးကြီးလှပါတယ် ဆရာကြီး ကျုပ်တို့ မိသားစုတွေ  ဘာမှ မဖြစ်ပါဘူးနော် “

    “ဒီနေ့ စံတင်ရဲ့ နိဂုန်း ပဲ “

    “ဟုတ်ကဲ့ပါ ဆရာကြီး ကျုပ်တို့ ကောင်းကောင်းမွန်မွန်နေပါမယ် “

    မိသားစုများကို အနာတရ ဖြစ်မှာ မလိုလားသော ကြောင့် ဦးစံတင်၏ တပည်များဖြစ်လာသူများသည် ၊ ဦးဖိုးဝေကို ဦးချ နုတ်ဆက်ပြီး ဒဏ်ရာ ရထားသော လူများတင်ထားသော လှည်းအနားကို သွားလိုက်ကြပါ‌‌ေတာ့သည် ၊ ဦးဖိုးဝေ နှင့် သူရိယသည် ဦးစံတင် တပည်များ ဖွင့်ထားလိုက်သည့်  တံခါးပေါက်မှ ခြံ အလယ်တွင်ရှိသော  ဦးစံတင်အိမ်ကြီးဆီ ခြေလှမ်းပြင်လိုက်ကြပါလေတော့သည် ။

    ▪️အခန်း-၄

    ဦးစံတင်သည် ကိုဇော်အား ငေါက်ငမ်းနေလေသည် ၊ အကြောင်းသည်က သမီးဖြစ်သူနှင့် ပေးစားထား‌ေပမဲ့ သမက်ဖြစ် ကိုဇော်မှာ သူအတွက် ဘာမှ အားမကိုးရ၍ ဖြစ်သည် ၊

    “အလကားကောင် နေတိုင်း စားလိုက်အိပ်လိုက်နဲ့ ဘာမှ အားမကိုးရဘူး မင်းကို ငါ့သမီးနဲ့ ပေးစားမိတာ ငါမှားတယ် အခု မင်းပထွေး ဖိုးဝေ လာနေပြီ အခု မင်းဘာလုပ်ပေးနိုင်လဲ ပြော “

    “ဆရာကြီးတောင် ဘာမှ မတက်နိုင်တာ ကျုပ်က ဘယ်လိုလုပ်တက်နိုင်မှာလဲ ဗျ”

    “တောက် ဒီခွေးမသားက ငါတောင် ပြန်ပြော နေပါလား ကဲ ဟယ် ကဲဟယ် “

    ဦးစံတင်သည် ကိုဇော်အား ဘေး‌တွင် ရှိသော တောင်ဝှေးနှင့် ကျောပြင်အား ရိုက်လေတော့သည် ၊ ကို‌ဇော်မှာ အော်ညည်းချင်းမရှိ အံကြိတ်၍ သာ ပေတေခံနေလေသည် ၊ ထိုအခါ ဦးစံတင်သည်

    “တောက် အရည်ကလည်း နွားလိုပဲ ထူတဲ့ကောင်  အလကားကောင် ငါရိုက်ရတာ ငါ့လက်ပဲ နာတယ် “

    “အဖေ ‌ပြောမနေစမ်းပါနဲ့ သမီးပြောပါတယ် ဒီကောင်က အလကားကောင်ပါဆို “

    “အေး ငါက လက်ဦးတပည်တွေမို့ အားကိုးရမလားအောင့်မေ့ အလကား ဆန်ကုန်‌ေမြလေးကောင် အလကား တိရိစ္ဆာန်မသား “

    ကိုဇော်သည် အံကို ကြိတ်လို့သာ နေလေသည် ၊ ကျောကို  အရိုက်ခံရ၍ နာသည်ထက် သူ၏ မိခင်ကို စော်ကားသော စကားများသည်သာ အသဲနှလုံးထဲထိ နာကျင်နေစေသည် ၊ထိုအချိန် ခြံဝ မှ ပြေးလာသော ဦးစံတင်တပည်များသည် အော်ဟစ်ပြီး ရောက်လာကြလေသည်

    “ဆရာကြီး ဟို ဟိုလူတွေက လူမဟုတ်ဘူး ကျုပ် တို့ မ မနိုင်ဘူး ဆရာကြီး “

    “တောက် အလကားကောင်တွေ ‌”

    ဦးစံတင်သည် ခြေကို တချက်စောင့် လိုက်ရာ ခြံဝ မှ ပြေးလာသော သူ၏ တပည်များ ပါးစပ်မှ သွေးများအံထွက်ကာ မြေပြင်ပေါ်သို့ လဲကျသေဆုံးကုန်ကြသည် ၊ ထို‌့နောက် ဦးစံတင်သည် သူ၏ အိမ်ရှေ့တွင် စုရုံးနေကြသော တပည်များအား စူးရဲစွာကြည့်ကာ

    “ဟေ့ကောင်တွေ မင်းတို့ ဒီက ငတုံးတွေကို ကြည့်ထားကြ လက်နက်ချပြီး ပြန်ပြေးလာရင် မင်းတို့ကောင်တွေ လည်းသူတို့နောက် လိုက်သွားကြရမယ်  ငါရဲ့ စံတင်ဂိုဏ်းက လူသားတွေ အကျိုးပြုဖို ‌တည်ထောင်းထားတာ အခု ငါ့ရဲ့ ဂိုဏ်းကို မင်းတို့တွေ ကာကွယ်ကြ ကြားလား အခု သွားပြီး  ဖိုးဝေဆိုတဲ့ ကောင်ကိုသတ်ကြ  ပြန်ပြေးလာတဲ့ ကောင်ကို ဒီကောင်တွေနောက်ကို ပို့ပြစ်မယ် “

    ဦးစံတင်သည် တပည်များကို သူ၏ ရှေ့မလှမ်းမကမ်းတွင် ပါးစပ်ထဲ မှ သွေးများ တပွက်ပွက် အမ်ပြီးသေဆုံးနေသော သူ့တပည်များကို ပြပြီး စကားဆိုလိုက်ရာ  အသက်ရှင်ကျန်သော တပည်များအားလုံး ကြောက်လန့်နေကြသည် ၊ သူတို့၏ ဘဝသည်က ရှေ့တိုးလည်း သေနောက်ဆုတ်လည်းသေကြရမည်ဘဝ များဖြစ်နေကြသည် ၊ သနား ကြင်နာမှုမရှိ ယုတ်မာရိုင်းစိုင်းစွာ  အကြောက်တရားနှင့် အုပ်ချုပ်သော ဦးစံ‌တင်အား သူ၏တပည်များမှ တုံနေအောင်ကြောက်ကြသည်၊ ဦးစံတင်သည် သူ၏ ဂိုဏ်ဌာန ချုပ်ကို  သူပိုင်ဆိုင်သည့် ယခုခြံကျယ် ကြီးထဲတွင်  တပည်တပန်းများစွာ နှင့် အထိုင်ချထားသည်၊ ကြာကန်ရွာ နှင့် တခြား ရွာများကို အနိုင်ကျင့် ဗိုလ်ကျပြီး သူ၏ အာဏာကို တည်စေသည် ၊ မိုက်ကမ်းသော လူမိုက်များကို တပည်အဖြစ်မွေးသလို မိသားစုများ၏ အသက်ကို ခြိမ်းခြောက်၍ တပည်များစုဆောင်းထားသည် ၊ ယခု ကြာကန်ရွာတွင်တော့ သူ၏ အာဏာမရှိတော့‌ေပ ၊ ကြာကန် ရွာသူ ရွာသားများ းသည်  ဦးဖိုးဝေ၏ အကူအညီနှင့် သူ၏ ပညာများ တိုးမပေါက်‌နိုင်အောင် ကာကွယ်ထားပြီးဖြစ်သည်  ၊  ဦးဖိုးဝေသည် ကြာကန်ရွာတွင် သူအား ဒုက္ခပေးရုံ သာမက ယခု သူ၏ နေရာသို့ ရောက်လာပြီဖြစ်ရာ ဆိူးထိတ်မှု့တော့ဖြစ်နေလေသည်  ၊ ဦးစံတင်သည်  ဦးဖိုးဝေအကြောင်း‌ေတွးကာ ဒေါသ အင်မတန်ထွက်လာပြီး ဘာမဆိုင် ညာမဆိုင် သူရဲ့ ဘေးတွင်ရှိသော ကိုဇော်ကို သာ တောင်ဝှေးနှင့် ရိုက်နေပါလေ‌ေတာ့သည် ။

    ▪️အခန်း

    ဦးဖိုးဝေ နှင့် သူရိယ ခြံကြီးအလယ်ရှိ လှည်းလမ်းအတိုင်း ဦးစံတင်၏ အိမ်သို့ လမ်းလျှောက်သွားနေသည် ၊ ခြံကြီးသည် ကျယ်ဝန်းသည်အတွက် အိမ်ကြီးသို့ရောက်အောင် အတော် လမ်းလျှောက်‌ေနရသည် မကြာသောအချိန်တွင် ဦးစံတင်၏ တပည်လူမိုက်များသည် လက်နက် များကို ကိုင်ကာ သူတို့အနားသိူ့ တဟုန်ထိုး ပြေးလာကြသည် ၊ ထိုအခါ ဦးဖိုးဝေ သည် သူရိယကိုကြည့်ကာ

    “လူလေး ဒီတခါ အဘ ပညာလေး နည်းနည်းပြပါရစေကွာနော် “

    “ဟုတ်အဘ “

    ဦးဖိုးဝေသည်  သူတို့ဆီပြေးဝင်လာသော လူအုပ်ကြီး သူတို့ နှင့် မလှမ်း မကမ်းသို့ရောက်ချိန်  အနားတွင် ရှိသော မြေစာခဲများကို လက်နှစ်ဖက်နှင့် ကုတ်လိုက်ကာ

    “ဟဲ့ လူမိုက်တွေ မင်းတို့ ရဲ့  လက်နက်ကိုင်ထားတဲ့လက်တွေ သတိထားဟေ့ “

    ဦးဖိုးဝေသည် ထိုသို့ကျယ်လောင်စွာပြောလိုက်ပြီး မြေခဲလေးများကို ပစ်လွှတ်လိုက်ရာ ဦးဖိုးဝေ ပစ်လွှတ်လိုက်သော မြေခဲများသည်  လူမိုက်များ၏ မြင်ကွင်းတွင် နှစ်ဖက် အသွားပါသော သံလျက် များအဖြစ်ပြောင်းသွာလေတော့သည် ၊ ရှေ့ဆုံးမှ လူမိုက်များသည် လန့်ဖျက်ကာ ငုံရှောင်လိုက်ချိန်။ အရှိန်နှင့် ပြေးလာသော နောက်က လူများ မှ တွန်းတိုက်မိ၍ အလဲလဲအကွဲကွဲ ဖြစ်ကုန်ကြသလို ၊ သူတို့၏ လက်မှ ကိုင်ထားသော ဓားများ လှံများသည် အချင်းချင်း ထိခိုက်ကုန်ရာ တိချို့ အသက်ပင် ကင်းမဲ့ ကြကုန်တော့သည် ၊ ထိုအချင်း အရာကိုမြင်းသော ဦးဖိုးဝေသည်

    “ဟဲ့ လူမိုင်တွေ မင်းတို့ကို ငါ သတ်တာ မဟုတ်ဘူးနော် မင်းတို့ရဲ့ ဒေါသကြောင့် ဖြစ်တာ ကဲ ထပ်မိုက်ဦးမယ် ဆိုရင်တော့ မင်းတို့ရဲ့ ငယ်ထိပ် နေရာကို သာ မော့ ကြည့်ပေတော့”

    လူမိုက်များသည် လဲကျနေရာမှ အသက် မသေသော သူများသည် အပေါသို့မော့ကြည့်လိုက်ရာ ဝင်းလက်နေသော သံလျက်များသည် ဖြည်းညှင်းစွာ လည် နေရင်း သူ့၏ ခေါင်းများပေါ်တွင် ရပ်တည်နေလေသည် ၊ ထိုအခါ လူမိုက်များသည် ကြောက်ရွံ့တုံလှုပ်ကာ

    “ကျုပ်တို့ကို မသတ်ပါနဲ့ ကျုပ်တို့”

    လူမိုက်များ၏ စကားမဆုံးခင် သူတို့၏ ပါးစပ်များမှ သွေးများအံကျလာကာ လဲကျသေဆုံးသွာလေသည် ၊ ထိုအခါ  ဦးဖိုးဝေသည် သူရိယကိုကြည့်ကာ

    “ကဲ လူလေး သူရိယ ကြည့်ထား သူ့အတွက် မကာကွယ်ပေးနိုင်ရင် သူ့အတွက် ဘယ်လောက် အနစ်နာခံပြီး အသက်ပေး ကာကွယ်ပေးတဲ့ သူမဆို ကြက်ကလေး ငှက်ကလေးလို သတ်တက်တဲ့ အတ္တသမားတွေ ရဲ့ လုပ်ရပ်ကိုပေါ့ “

    “ဟုတ်တယ်အဘ ဒီထဲက လူတွေက သူ့အတွက် အသတ်အသေခံပြီးတိုက်တာပါ လုံးဝ မနိုင်တော့မှ အရှုံးပေးတာကို ဒီလို လုပ်တာကတော့ ရက်စက်လွန်းပါတယ်ဗျာ “

    “လူလေးရေ ရက်စက် တယ်ဆိုတာ သူတို့အတွက်တော့ ထင်းမင်းစား ရေသောက်ပေပေါ့ “

    ဦးဖိုးဝေ နှင့် သူရိယသည် ဦးစံတင်၏ တပည်များ၏ အလောင်းများကို ကျော်ဖြတ်ကာ သွားလိုက်၏ ထိုအချိန် သူတို့ ကျော်သွားသော  အလောင်းများဘက်မှာ ကျားအော်သံကြားလာရ၍ ၊  ဦးဖိုးဝေနှင့် သူရိယသည်  ‌ေနာက်သို့ ပြန်လှည့်ပြ‌ီးကြည့်လိုက်ရာ ကြီးမားလှသော ကျားကြီးသည် သေဆုံးနေပြီဖြစ်သော ဦးစံတင် တပည်များ၏ အလောင်းများထဲမှ အ‌ေလာင်းတလောင်းကို ဂုတ်က ကိုက်ဆွဲပြီး  ဦးခေါင်းယမ်းခါနေသည်  ၊  ထို့နောက် ကျားကြီး၏ နောက်မှ  ပိုးသား အင်္ကျီဝတ် ပုဂ္ဂိုလ်တယောက် ပေါ်လာသည် ထိုပဂ္ဂိုလိသည် ဦးဖိုးဝေအား မျက်ထောင့် နီကြီးဖြစ်ကြည့်နေလေရာ ဦးဖိုးမှ ခေါင်းကို ညိတ်၍

    “အော် သင်တို့ နတ်စိမ်းတွေ ဆိုသည်မှာလဲ  စုန်းကဝေ ပညာသည် တွေခိုင်းရင် လူဆိုး လူကောင်း နားမလည် ဒုက္ခပေးရတာပဲလား ဟဲ့ “

    “သင်က ဘယ်သူလဲ ငါ့ကိုမခန့်လေးစား စကားတွေ ဆိုနေတာ “

    “ဟဲ့ နတ်စိမ်း သင်ရဲ့ ကျားကိုခေါ်ပြီ သင့်ရဲ့ ဘုံကိုပြန်တော့ “

    “ငါကို ဆရာကြီးစံတင်က နင့်ကို သတ်ဖို့ခိုင်းတာတယ် ဟဲ့ “

    “တယ်လည်း ခက်တဲ့ နတ်စိမ်းပဲ ကဲ သင်ရဲ့ မိုက်ပြစ်သင် ခံ‌ပေ‌ေတာ့”

    ဦးဖိုးဝေသည် ထိုမျှသာ ပြောပြီး သူ၏ လက်နှင့် နတ်စိမ်း ဘက်သို့ ဝေှ့ယမ်းလိုက်ရာ ဦးစံတင်၏ တပည်အလောင်းကို ကိုက်ချီထားသော ကျားကြီးသည် အလောင်းကို ပြစ်ချကာ နတ်စိမ်းအနားသွား ပြီး နတ်စိမ်း၏ လည်ဂုတ်ကို ခဲကာ တချက် ခုန်လိုက်ရာ  ဦးဖိုးဝေတို့ မြင်ကွင်းမှ ပျောက်ကွယ် သွားပါလေ‌ေတာ့သည် ။

    ▪️အခန်း-၅

    ဦးစံတင်သည် ဒေါသ အလွန်ထွက် နေသည် ၊ အရှုံးပေးသော သူ၏ တပည်များကိုလည်း  သူကိုယ်တိုင် သတ်ပစ်လိုက်ရာ သူ၏နောက်လိုက်များ တယောက်မှ မရှိတော့ပေ သူ၏ ဘေးတွေတော့ သမီးဖြစ်သူ မြကြည်နှင့် သမက်ဖြစ်သူ ကိုဇော်သာ ရှိနေလေသည် ၊ ထို့နောက် ဦးစံတင်သည် အနားတွင် ရှိသော သူ၏ တောင်ဝှေးကို ယူကာ မြေပြင်တွင် တချက်စောင့် လိုက်ပြီး

    “ကဲ ငါ‌ေမွးထားတဲ့ အကောင်တွေ မင်းတို့ အတွက် ငါအလုပ်ပေးမယ် အခု ချက်ချင်းငါရှေ့ရောက်စမ်း “

    ဦးစံတင်စကားဆုံးသည် နှင့် အိမ်ကြီးထဲမှ အမဲအရိပ်များ ထွက်လာသလို ခြံကြီးထဲရှိ သစ်ပင်ကြီးများထဲ မှာ အမဲ ရိပ်များ ထွက်လာကာ ဦးစံတင် ပတ်လည် တွင် ဝေ့ဝဲ၍နေ‌သည် အမဲ ရိပ်များသည် အတော်ပင် များပြားလာပြီး ဝဲပျံနေလေသည် ၊ ဦးစံတင်သည် ထိုအမဲ အရိပ်များကို ပြုံး ပြီးကြည့်လိုက်ကာ

    “ကဲ မင်းတို့တွေ ငါအိမ်ဆီကို  လာနေတဲ့ နှစ်ယောက်ကို တိုက်ခိုက်ကြစမ်း အသေ သတ်နိုင်ရင် မင်းတို့ အတွက်  လူ အယောက်တရာ  ကျွေးမယ် မယ် ဟေ့ “

    ဦးစံတင် စကားဆုံးသော အခါ အမဲရိပ်များထံမှ ဝမ်းသာအားရ အော်ရယ် သံကြီးများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ ဖြန့်၍ သွားနေပါသည် တချို့ အမဲ အရိပ်များသည် ဦးစံတင် နှင့် မလှမ်း မကမ်းတွင် သေနေသော အလောင်းများထဲ သို့ ဝင်သွားကြသည်  ၊ ထိုအခါ အလောင်းများသည် ဒယီးဒယိုင် နှင့် မတ်တတ် ရပ်လိုက်ပြီ သူတို့ အနား တွင် ရှိသော လက်နက်များကို ယူကာ ဦးဖိုးဝေ နှင့် သူရိယအား တိုက်ခိုက်ရန် ထွက်သွားကြပါလေတော့သည် ။

    ▪️အခန်း-၆

  ဦးဖိုးဝေ နှင့် သူရိယ သည် ခြံကြီး အလယ် တွင် ရှိသော အိမ်ကြီး နှင့် နီးသထက် နီးလာသည် ၊ ထိုအချိန် သူတို့သွားသော လမ်း ရှေ့တွင် ပါးစပ်တွင် သွေးများ ရဲနေကာ ဒယိမ်း ဒယိုင်  နှင့် လက်နက်များကိုင်ကာ  လမ်းလျှောက်လာသော  အလောင်းကောင်များကို တွေ့ ရသည် ထိုအခါ ဦးဖိုးဝေသည် တချက်ပြုံးလိုက်ကာ

    “အော် စံတင် စံတင် ဒင်းက ပညာစံုတက်နေတာကို ကဲလူ‌ေလး သူရိယရေ ဒီဖုတ်ကောင်တွေကို မင်း ဘယ်လိုလုပ်မှလဲ “

” လွယ်ပါတယ် အဘရာ ”

    သူရိယသည် နဖူးတွင် လက်သီးဆုပ်ကို တည်လျက်

    “ဒီခြံထဲ မှာ ရှိသော အစိမ်း သရဲ ဖုတ်ပြိတ္တာ နာနာ ဘဝ များ အခုချက်ချင်းငါ့ ခြေ ဒူးထောက် လက်နောက်ပြန် ရောက်စေ”

    သူရိယ၏ စကားဆုံးသည် နှင့် လမ်းလျှောက်နေသော လူသေ အလောင်းများသည် ဦးဖိုးဝေ နှင့် သူရိယ ၏ အရှေ့တွင် စုပြုံက ဒူးထောက် ထိုင်လာကြပြီး လက်ကို နောက်သို့ ပြစ်ထားကြလေသည် ၊ ထို့နောက် သူရိယ သည် ဖုတ်ဝင်နေသော အလောင်ကောင်များကို စူးရဲ စွာကြည့်လိုက်ပြီး

    “ကဲ ဘယ်သူ ငါတို့ကို ရန်ပြုဝံ့လဲ လက်ရှိ မကောင်းတဲ့ ဘဝကနေ ဒီထက်ဆိုးတဲ့ ဘဝ ရောက်ချင်တဲ့သူရှိရင် ပြောစမ်း”

    သူရိယသည် မာထန်သော လေသံဖြစ်ပြောရာ ဖုတ်ဝင် နေသော အလောင်းများထဲမှ ရှေ့ဆုံးတွင် ရှိသော အလောင်းသည်း အသံမထွက်မှီ ပါးစပ်ကို  အားယူ ဖွင့်လိုက်ပြီး အံကို သံုး‌ေလးချင်မျှ အရင် ကြိတ်လိုက်ကာ

    “ငါ ငါတို့ကို စံတင်က ခိုင်းစားနေတာ  ငါတို့လဲ ဒီလို ဘဝ မှာ မနေချင်ဘူး အခုချိန်ထိ ငါတို ရဲ့ မိသားစုတွေ ဆီ မပြန်ရဘူး သူတို့အမျှတန်း ပေးနေချိန် နတ်တွေက ငါတို့ကို  လာပြောပေမဲ့ ငါတို့ သာဓုခေါ်လို့မရဘူး “

    “အေး ငါ မင်းတို့ကို ဒီကလွတ်အောင် လုပ်ပေးလို့ရတယ် မင်းတို့ ကတိတခုတော့ပေးရမယ် ‘

    ဖုတ်ဝင် အလောင်း၏ လေးပင်သော စကားသံ အဆုံးတွင် ဦးဖိုးဝေမှ ဖုတ်ဝင် နေသော အလောင်းများကို ကြည့်ပြီးပြောလိုက်၏ ၊ထိုအခါ ဖုတ်ဝင် နေသော အလောင်းကောင်များသည် သူတို့၏
ဦး‌ေခါင်းများကို တဆက်ဆက် ညိတ်လိုက်ကြပြီး  ဦးဖိုးဝေ ပြောသည့် စကားကို လက်ခံကြောင်းပြနေလေသည် ၊ ထိုအခါ ဦးဖိုးဝေသည် လက်အုပ်ကို ချီလိုက်ကာ

    ” ဘုရား ဂုဏ်တော် ၊တရား ဂုဏ်တော၊ သံဃာ ဂုဏ်တော် တို့ကြိ ဦးထိပ်ပန်ဆင်၍  ဘုရားတပည်တော် ဖိုးဝေ အပယ်ဘုံသားများကို အမိန့်ပေးပါ‌ေ‌တာ့မည်ဘုရား ၊   ဘုရားတပည်တော်သည်  သမထတရားများ ၊ ရေကသိုဏ်း မီးကသိုဏ်း လေကသိုဏ်း နှင့်  လောကီအတက်များကို ကောင်းမွန်စွာ တက်မြောက်သည့် နေ့မှ စပြီး  သူများပစ္စည်းကို ခိုးယူချင်းက မပြုခဲ့ပါ  ဤမှန်ကန်သော သစ္စာတရားကြောင့် စံတင်ဆိုသည့် လူ့မိစ္ဆာ ချုပ်ထားသော ပရလောကသားများ၏ အနှောင်အဖွဲ့ ပြေပါစေသတည်း”

    ဦးဖိုးဝေ၏ သစွာ စကားဆုံးသော အခါ  သူတို့၏ မလှမ်းမကမ်းတွင် ရှိသော သရက်ပင်ကြီး ၏ ပင်စီမှ လူအရိုးများ တဖြည်းဖြည်း ထွက်လာပြီး မြေကြီးပေါ်သိူ့ ကျလာကာ  မီးလောက်ကျွမ်းသွားပြနောက်  ပြာမှုန့်များအဖြစ်ပြောင်းသွားလေသည် ၊ ထိုနည်းတူ ပရလောကသားများကို ချုပ်ထားသော နေရာများမှ အရိုးများ။ဆံပင်များသည် သူ့အလိုလို ထွက်ပေါ်လာပြီး မီးလောင်ကျွမ်းကုန်‌ေတာ့သည် ၊ ထိုအခါမှ ဖုတ်ဝင်နေသော အလောင်းများသည် ရုပ်သေးရုပ်များကြိုးပြတ်သည့်အလား  မြေပြင်ပေါ်သို့ လဲကျငြိမ်သက်သွားကြကုန်ပြီး  အရိပ်မဲများသည်လည်း  ခြံဝင်းအပြင်သို့ ဝမ်းမြောက်ဝမ်းသာ ရယ်‌ေမာ၍ ပြေးထွက်သွားကုန်ကြပါလေတော့သည် ။

    ▪️အခန်း-၇

    သူရှုံးပြီဆိုသည်ကို သိသော ဦးစံတင်သည် သူ၏သမီးလက်ကို ဆွဲ ၍ ခြေ‌ေစာင့်ပြီး မြေလျှိုးရန် ကြံစည်နေစဉ် သူ၏ ဘေးတွင် ရှိသော ကိုဇော်သည်  သူ၏ခါးတွင် အသင့်ဆောင်ထားသော  ဓားမြှောင်ကို ထုတ်ကာ ဦးစံတင်၏ လည်ပင်းကို ထုတ်ချင်းပေါက် ထိုးလိုက်ပါလေတော့သည် ၊  ဦးစံတင်သည် သူ၏ လည်ပင်းမှ ပန်းထွက်နေသော သွေးများကို လက်နှင့် ဖိပြီး ကိုဇော်အား မျက်လုံးပြူး၍ ကြည့်နေသလို ဦးစံတင် လက်ဆွဲထားသော သူ၏ သမီးမြကြည်သည်လည်း ဦးစံတင်ကိုကြောင်ငေးစွာ ကြည့်နေလေသည် ၊ ထို‌့‌ေနာက် ကိုဇော်သည် ဦးစံတင်ကိုင်နေကျ တောင်ဝှေးကို ယူလိုက်သည် ၊ မတ်တ်ရပ်လျက် သွေးများပန်းထွက်နေသော ဦးဆန်တင်၏ ခါးကို ခြေဖြစ်ကန်လိုက်ပြီး လဲကျသွားသော  ဦးစံတင်အား ရယ်မောပြီး နာနာကြီးကြီးကြည့်ကာ

    “ပြောဦးလေ ခွေးမသားကြီး မင်းကများ ငါ့အမေကို တိရစ္ဆာန် ဟုတ်လား မင်းကြောင့်  ငါညီမလေးသဲဖြူ ကို ငါတို့ကိုယ် တိုင် ရိုက်လို့ သေရာတာ  မင်းက ဒီလောက မှ မရှိသင့် တဲ့ ခွေးမျိုးပဲ သေစမ်း အဝိစီမှာနေပေတော့ “

    “ဟဲ့ ငဇော် နင်က ငါ့အဖေ ကိုသတ် “

    “ခွေးမ နင်လည်း မိစ္ဆာမပဲ  ဘာမှနားမလည်တဲ့ လူတွေကို ဒုက္ခပေးနေတာ နင်လည်းပါတယ်  နင့်ကို ချစ်မိလို့ ငါလည်း လူမိုက်ဖြစ်ရတယ် လူမိုက်တို့ရဲ့ သွားရာ လမ်းက ကဲဟာ ကဲဟာ”

    ကိုဇော်သည်  မြကြည်၏ ဦးခေါင်း နောက်စေ့ကို  တောင်ဝှေးနဲ့    အားကုန်လွှဲရိုက်လေရာ အသံပင်မထွက် နိုင်ပဲ လဲ ကျသွားလေတော့သည်

    “ခွေးမ နင်က ငါ့ကို ရိုက်ဖို့ တောင်ဝှေးယူပေးနေကြ အခု အဲ့တောင်ဝှေးနဲ့ နင်ကို သတ်ပြီလေ သေစမ်း ခွေးမ “

    ကိုဇော်သည်  သေဆုံးနေသော ဦးစံတင်အလောင်းလည်ပင်း မှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး စောင့်ကြောင့် ထိုင်ကာ နေလေသည် ၊ မကြာလှသောအချိန်တွင် ဦးဖိုးဝေ နှင့် သူရိယသည် ကိုဇော် နှင့် မလှမ်းမကမ်းသို့ ရောက်လာ ကာ ဦးဖိုးဝေမှာ သေဆုံးနေသော ဦးစံတင်တို့သားအဖကို ကြည့်ကာ

    “အော် လူမိုက်တွေရဲ့ခေါင်းဆောင်  လူသားတွေကို မကောင်းတဲ့ ပညာတွေသုံးပြီး အကိုးကွယ်ခံချင်  ပြီးတော့  တပည်တွေ‌အပေါ် မလျော် ဩဇာသုံးပြီး အာဏာကို ယစ်မူးနေတဲ့ သူတယောက်ရဲ့ နိဂုန်းက အမြဲ ဒီလိုပဲဖြစ်မှာပဲ လူလေး”

    “အင်း အနီးဆုံးလူက ပြန်သတ်မယ် လို သူထင်‌ပုံမပေါ်ဘူးအဘ “

    ဦးဖိုးဝေ နှင့် သူရိယ စကားပြောနေစဉ် ကိုဇော်သည် သူ့လက်ထဲမှ ကိုင်ထားသော ဓားကို သူ၏ လည်ပင်းပေါ်တင်လိုက်ပြီး

    “ဆရာကြီး တရွာလုံးကို တောင်းပန်ပါတယ်လို့ပြောပေးပါ ဒီလူကြီးက ကျုပ်တို့ရွာတင်မကဘူး ကျုပ်တို့လို တောကျတဲ့ ရွာတွေ မှာ သူရဲ့ အစွယ်အပွားတွေ နဲ့ ဒုက္ခပေးထားတုန်းပါ အဲ့တာတွေကိုရှင်းပေးပြီး မိစ္ဆာ အငွေ့အသက်တွေ ကင်းအောင်လုပ်ပေးပါဆရာကြီး ကိုလင်း နဲ့ အမေ့ကို ကျနော် တောင်းပန်ပါတယ်လို့ပြောပေးပါ ကိုလင်းကို သေချာမှာပေးပါဆရာကြီး အမေ့ကို ကျုပ်အစားပိုပြီးစောင့်ရှောက်ပါလို့ ကျုပ်က လူမိုက်တို့သွားရမဲ့လမ်းကို သွားပြီ အားလုံးကို နုတ်ဆက်ခဲ့ပါတယ် “

    “ဟေ့ ဟေ့ ကိုဇော် အဲ့လို့ လုပ်စရာ မလို”

    ဦးဖိုးဝေ နှင့် သူရိယ ကိုဇော်အား အလျှင့်အမြန်  တားရန်ကြိုးစားပေမဲ ဦးစံတင်၏ သွေးများပေကျံနေသော ဓားပေါ်တွင် ကိုဇော်၏ သွေးများက ထပ်မန် စီးဆင်းသွားပါလေတော့သည်။

    ▪️အခန်း-၈

    ဦးဖိုးဝေ သည် ကိုဇော်အလောင်းမှ  ပွင့်နေသော  မျက်လုံး တစုံကို လက်နှင့် သပ်ကာ ပိတ်စေလိုက်ပြီး  သူရိယ ဘက်လှည့်ကာ

    “လူလေးရေ အဘတို့  ကိုဇော်ပြောတဲ့ မိစ္ဆာ အငွေ့အသက်တွေကို ဒီနယ်မှာ ကင်းစင်အောင် ပြုလုပ်ပေးလိုက်ကြတာပေါ့ကွယ် “

    ဦးဖိုးဝေ နှင့် သူရိယလည်း အိမ်ကြီးရှေ့ မြေကွက်လပ်တွင် သေဆုံးနေသော ဦစံတင်၊  မြကြည် နှင့် ကိုဇော်တို့၏ အလောင်းများကို ကျောခိုင်းကာ ဦးစံတင်၏ ခြံကျယ်ကြီးဆီမှာ ထွက်လိုက်ပါလေတော့သည် ။

    ▪️ဦးဖိုးဝေ နှင့် လူမိုက်တို့ သွားရာလမ်း သည်က ဤမျှသာ မကြာမီ ဦးဖိုးဝေ နှင့် မိစ္ဆာကင်းချိန် အမည်ရသော ဝတ္ထုဇတ်လမ်းလေးကို တင်ဆက်ပေးပါမည် ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ 🙏🙏🙏

စာရေးသူ📝မောင်တင်ဆန်းအားလေးစားလျက်