၀က်သတ်သမားရဲ့ဝဋ်ကြွေး(စ/ဆုံး)

Unicode Version

၀က်သတ်သမားရဲ့ဝဋ်ကြွေး(စ/ဆုံး)
——————————————
‘ဒုတ်’
‘အင်း အွက် အွက်’
မနက်အရုဏ်ပင်မတက်သေးချေ။ကျွန်မတို့၏အိမ်ခေါင်းရင်းရှိ ဝက်သတ်ရုံမှ ဝက်တွေကိုရဲဒင်းဖြင့်ထုသည့်အသံ၊ဝက်တွေ၏မချိမဆံ့အော်ဟစ်ညည်းညူသံတို့နှင့်အတူ ကျွန်မတို့မိသားစုလည်း အိပ်ရာမှ နိုးထလာခဲ့ကြရပါသည်။
အဒီအသံတွေသည် နေ့စဉ်ကြားနေရသည်ဆိုပေမင့် ထုရိုက်သံ၊ဝက်တွေ၏သနားစဖွယ်အော်သံတွေက ကျွန်မတို့အတွက် အမြဲစိတ်မချမ်းသာစရာဖြစ်၍နေပါသည်။
အိပ်ရာမှနိုးသည့်နောက် ကျွန်မတို့လည်း မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီး မနက်စာအတွက် ထမင်းချက်ကြ၊ကျောင်းသွားဖို့ပြင်ဆင်ကြနှင့် ကိုယ်စီအလုပ်ရှုပ်၍နေပါတော့သည်။
အားလုံးပြင်ဆင်ပြီးသည့်နောက် မနက်စာစားသောက်ပြီး ကျောင်းသွားဖို့ရာ သူငယ်ချင်းဖြစ်သူ တိမ်လွှာနှင့်အတူထွက်လာခဲ့ပါသည်။
ယင်းသို့ထွက်လာရင်းမှ တိမ်လွှာက
“ဟဲ့ အေးသူ။ငါ့အဖေ ကုန်တင်ကုန်ချအလုပ်နားလိုက်ပြီ”
“ဟင် ဘာဖြစ်လို့လဲ”
“အရွယ်ရလာပြီလေ။ကုန်တင်ကုန်ချဘယ်လုပ်နိုင်တော့မလဲ”
“သြော် ဒါလည်း ဟုတ်သားပဲ။အခုသူဘာလုပ်နေတုံး”
တိမ်လွှာက ကျွန်မအမေးကိုချက်ချင်းမဖြေသေးဘဲ သက်ပြင်းရှည်ကြီးကိုချလိုက်သည်။
ပြီးနောက်မှ
“ဝက်သတ်ရုံမှာအလုပ်ဝင်နေတယ်”
“ဟယ်”
တိမ်လွှာ၏အဖြေကြောင့်လည်းအံ့သြသွားရပါသည်။
သို့သော် ထိုအလုပ်နှင့်ပတ်သက်၍ ကောင်း မကောင်းဆိုတာကတော့ဝေဖန်ပြမနေတော့ပါ။
သူမတို့စားဝတ်နေရေးအခက်အခဲကိုကျွန်မလည်းသိနေသည်မဟုတ်လား။
ပြီးတော့ ဤဝက်သတ်သည့်အလုပ်ကလည်း ဤရွာရှိ အခြားအလုပ်တွေထက် ဝင်ငွေပိုကောင်းနေသည်ပဲလေ။
ထို့နောက်ကျွန်မက
“အင်းပေါ့လေ။အဆင်ပြေရာပဲလုပ်ကြရတာပဲ”
ထိုမျှသာကျွန်မဆိုဖြစ်သည်။
ပြီးတော့ နှစ်ယောက်သားမည်သည့်စကားမှမဆိုဖြစ်ကြတော့ဘဲ ကျောင်းသို့သာဆက်လက်လျှောက်လာခဲ့ပါတော့သည်။
ဆိုရပါဦးမည်။
ကျွန်မတို့ရွာသည် အလွန်ခေါင်ပြီးလျှပ်စစ်မီးပင်မရှိသေးဘဲ ရေနံဆီမီးခွက်၊ဘတ္ထရီမီး၊အောက်လင်းဓာတ်မီးတို့ကိုသာ ညရေးညတာအတွက်အသုံးပြုကြရပါသည်။
ရွာတွင် မီးစက်ကြီးတစ်ခုရှိသေးပေမင့် တစ်ရက်လျှင် တစ်ရာကျပ်ပေးရသည်ဆိုတော့ တော်ရုံလူတွေလည်းမသုံးနိုင်ကြပါ။
ပြီးတော့ ရွာကလေးသည် မြို့နှင့်အတန်ငယ်အလှမ်းဝေးသလိုမြို့သို့သွားမည့်ကားလမ်းကလည်း ပြုပြင်ထားခြင်းမရှိသည်မို့ လမ်းကကြမ်းလွန်းလှပါသည်။
မိုးတွင်းကာလဆိုလျှင် အဲ့ဒီကားလမ်းသည် ရေတွေဖြင့်သာလွှမ်းနေသည်မို့ ကားလည်းမောင်း၍မရတော့ပါ။
(ယခုနောက်ပိုင်းတွင်တော့ မီးလည်းပုံမှန်ရရှိလာသလို၊ကားလမ်းလည်းကောင်းမွန်လာပါသည်။)
ထို့ကြောင့် မြို့သို့သွားလိုလျှင် ရထားကိုသာအားကိုးရပါသည်။
ရွာနှင့်ခပ်လှမ်းလှမ်းနေရာတွင်ဘူတာရုံတစ်ခုရှိပါသည်။
အနှီဘူတာရုံသည် ခရီးသည်တွေ၊ဈေးသည်တွေနှင့်တကွကုန်တင်ကုန်ချလုပ်ကိုင်စားသောက်သူတွေဖြင့် အနည်းငယ်စည်စည်ကားကားရှိနေပါသည်။
ကျွန်မသူငယ်ချင်းတိမ်လွှာ၏ဖခင်ဦးဘိုလေးသည် ထိုဘူတာရုံတွင် ကုန်တင်၊ကုန်ချအလုပ်ဖြင့်အသက်မွေးဝမ်းကျောင်းပြု
လုပ်နေသူဖြစ်ပါသည်။
ယခုမူ အသက်အရွယ်ကြောင့် ထိုအလုပ်ကိုစွန့်လွှတ်ပြီး ဝက်သတ်သည့်အလုပ်ကိုပြောင်းလုပ်ချေပြီ။
ဆိုခဲ့ပြီးသည့်အတိုင်း ဤရွာတွင် ဝက်သတ်သည့်အလုပ်က အခြားအလုပ်အကိုင်တွေထက်ဝင်ငွေပိုမိုရရှိနေခြင်းပင်မဟုတ်ပါလား။
+++++++++++++++++++++++++++
နောက်တစ်နေ့ညနေစောင်းအချိန်ရောက်တော့ ဦးဘိုလေးတစ်ယောက် ရွာထဲမှဝက်တစ်ကောင်ဝယ်ပြီး ကြိုးနှင့်ဆွဲလာပါသည်။
ဝက်ကလည်း အော်ဟစ်ရင်း
အသည်းအသန်ရုန်းကန်နေသည်မို့ ဦးဘိုလေးလည်း ကြိုးကိုအတင်းဆောင့်ဆွဲကာ ဝက်သတ်ရုံထဲသို့ဆွဲခေါ်သွားပါသည်။
နောက်တစ်နေ့မနက်ရောက်တော့ ထုံးစံအတိုင်း အဲ့ထိဝက်သတ် ရုံမှ ဝက်တွေကိုထုရိုက်သည့်အသံ၊ဝက်တွေ၏အော်ဟစ်သံတို့ကိုနားမချမ်းသာဖွယ်ကြားရပြန်ပါသည်။
ရက်အနည်းငယ်ကြာလာခဲ့ပါသည်။
ဦးဘိုလေးသည်လည်း ညနေအချိန်ဆိုလျှင် ရွာထဲသို့ဝက်တွေလိုက်ဝယ်၊မနက်ဆိုလျှင် သတ်ဖြတ်၊ပြီးလျှင်ဝက်အသေကိုရေနွေးတည်ထားသည့်မိုးဗြဲဒယ်အိုးကြီးထဲထည့်ပြီး အမွှေးအမျှင်များကိုခြစ်၊သေချာဆေးကြောပြီးတောင်းထဲထည့်ကာ စက်ဘီးဖြင့် ဝက်သားဆိုင်များသို့လိုက်လံပို့ပါသည်။
ယင်းသို့ပြုလုပ်ရာ၌ အပြီးအစီး တစ်ရက်ကိုတစ်ထောင့်ငါးရာရရှိသည်ဟုသိရပါသည်။
ထိုခေတ်က ဆန်တစ်ပြည်လျှင် သုံးရာ၊လေးရာခန့်သာရှိချိန်၌သူ၏တစ်နေ့တာဝင်ငွေမှာ မိသားစုလေးယောက်အတွက် ကောင်းစွာလောက်ငှနိုင်ပါသည်။
တစ်ရက်တွင်တော့ကျွန်မနှင့်တိမ်လွှာသည်ကျောင်းသို့သွားရာ၌ လမ်းခုလတ်အရောက်တွင် ၎င်းက
“ဟဲ့။အေးသူ။ငါ့အဖေကို ဒီဝက်သတ်တဲ့အလုပ်ကို စွန့်လွှတ်ခိုင်းလိုက်တာကောင်းမယ်ထင်တယ်”
“ဟင် ဘာဖြစ်လို့လဲ”
တိမ်လွှာသက်ပြင်းချလိုက်ပါသည်။
ပြီးနောက်
“မနက်က ငါအဖေ့ဝက်သတ်ရုံကိုရောက်ခဲ့တယ်။အဖေခေါင်းမူးတော့ လမ်းသိပ်မလျှောက်နိုင်လို့ငါလိုက်ပို့တာလေ”
“အင်း အဲဒီတော့”
“အဖေက ဝက်ကိုမသတ်ခင် ရဲဆေးတင်တဲ့အနေနဲ့ အရက်ကိုပုလင်းခါးဝက်လောက်ကျိုးအောင်အရင်သောက်သေးတာ။ပြီးတော့ ဝက်ကိုရဲဒင်းနဲ့ထုသတ်တယ်။ဝက်ကမသေသေးတော့ ဓားနဲ့ဆက်ပြီးထိုးသတ်တယ်။လေးငါးချက်လောက်အထိပဲ။ဝက်ကလည်း နာလွန်းလို့အော်ဟစ်နေတာ။ငါလည်းဆက်မကြည့်ရဲတော့ဘဲအပြင်ထွက်လာခဲ့တော့တယ်။အဖေ့အလုပ်က အ ကုသိုလ်အရမ်းများလွန်းပါတယ်ဟယ်”
“သြော်။သူလည်းဘယ်လုပ်ချင်ပါ့မလဲ။မိသားစုစားဝတ်နေရေးအတွက်လုပ်ရတာပဲလေ”
“ဟုတ်တော့ဟုတ်ပါတယ်။ဒါပေမယ့် ဒါကြီးကတော့..”
တိမ်လွှာ့စကားမဆုံးခင် ကျွန်မက ကြားဖြတ်မေးလိုက်ပါသည်။
“ဒါဆိုနင့်အဖေကို အခြားဘာအလုပ်လုပ်စေချင်တာလဲ”
“ကောင်းရာကောင်းကြောင်းအလုပ်ပေါ့။ဒါပေမယ့်လွယ်မယ်မထင်ဘူး။ငါပဲကျောင်းထွက်ပြီး အလုပ်လုပ်ကျွေးရင်ကောင်းမလားမသိဘူး”
တိမ်လွှာ့အတွက်ကျွန်မသက်ပြင်းချမိပါသည်။
ယခုခေတ်က အမျိုးသမီးမဆိုထားနှင့်။အမျိုးသားတွေပင်အလုပ်အကိုင်ရှားပါးလွန်းလှသည်မဟုတ်လား။
သို့သော် ကျွန်မလည်း ကောင်း၏ဆိုး၏ တစ်ခွန်းမှမပြောတော့ဘဲ
“အင်းပေါ့လေ။အရင်ဆုံးနင့်အဖေနဲ့တော့တိုင်ပင်ကြည့်ပါဦး”ဟုသာပြောလိုက်ပါတော့သည်။
နောက်ရက်တွေတွင်လည်း ဦးဘိုလေးတစ်ယောက် ဝက်တွေကိုဝယ်မြဲလိုက်ဝယ်၊သတ်မြဲသတ်နေသည်မို့
တိမ်လွှာက သူမ၏စိတ်ကူးကို ဖခင်ဖြစ်သူအား မပြောဖြစ်လေသလား၊သို့မဟုတ် ညှိနှိုင်း၍မရသည်လားဆိုတာ သူမတို့သမီးဖနှစ်ယောက်သာ သိပါလိမ့်မည်။
တစ်ရက်တွင်တော့ ဦးဘိုလေးသည် အခြားရွာမှဝက်တစ်ကောင်အားဝယ်ပြီး ကြိုးဖြင့်ဆွဲလာခဲ့ပါသည်။
ဝက်ကလည်းအော်ဟစ်ပြီးရုန်းလေရာ ဦးဘိုလေးလည်း ကြိုးကိုခပ်တင်းတင်းပြန်ဆွဲပြီးခေါ်လာပါသည်။
သို့သော် တစ်နေရာသို့အရောက်တွင် ဝက်က ရုတ်ချည်းပြန်ရုန်းလေရာ ဦးဘိုလေးလည်းဟန်ချက်ပျက်သွားပြီး သစ်ငုတ်တစ်ခုအား ခြေမဖြင့်တိုက်မိကာ အဲ့ဒီခြေမ အနည်းငယ်ပဲ့သွားပါသည်။
ထို့ကြောင့် ဦးဘိုလေးလည်း ဒေါသဖြစ်ကာ အနှီဝက်အား လေး၊ငါး၊ဆယ်ချက်ခန့်ပိတ်ကန်ပြီး ဆက်လက်ဆွဲခေါ်လာခဲ့ပါသည်။
ဝက်သတ်ရုံသို့ရောက်တော့ ဝက်ကိုကြိုးသေချာချည်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့ပါသည်။
အိမ်သို့ရောက်သည့်အခါ၌ ရေမိုးချိုး၊အနာကိုဆေးထည့်၊ပြီးလျှင် ထမင်းစားပြီး ခပ်စောစောအိပ်ရာဝင်ပါသည်။
ရက်အနည်းငယ်ကြာလာခဲ့ပါသည်။
ဦးဘိုလေးသည် သူ၏အလုပ်အကိုင်ကို ပုံမှန်လုပ်ကိုင်နေသည်ဆိုပေမင့် သစ်ငုတ်ဖြင့်ထိုးမိသောအနာမှာမူ အညှော်ဝင်ကာ တတဖြည်းဖြည်းရင်းလာပြီး နောက်ဆုံး၌ အနာရှိန်တက်ကာ ဖျားပါလေတော့သည်။
ထို့ကြောင့် တိမ်လွှာလည်း ကျွန်မနှင့်အတူ ကျောင်းပင်မတက်နိုင်တော့ဘဲ ဖခင်ဦးဘိုလေးကိုသာ အနီးကပ်ပြုစုစောင့်ရှောက်နေရပါတော့သည်။
‘ဆေးခန်းသို့ပို့သင့်ကြောင်း’ကျွန်မကပြောသော်လည်း ‘ဖခင်က လက်မခံကြောင်း၊ဆေးမြီးတိုဖြင့်သာကုနေကြောင်း’တိမ်လွှာကပြန်ပြောသဖြင့် ကျွန်မလည်း မည်သို့မှပြန်မပြောဖြစ်တော့ပါ။
နောက်တစ်နေ့တွင်တော့ ကျွန်မကျောင်းမှပြန်လာချိန်၌ တိမ်လွှာတို့၏အိမ်ရှေ့သို့ရောက်ခိုက်
“အင်း အင်း အွက်’
အိမ်ထဲမှ ဝက်တစ်ကောင်၏မချိမဆံ့အော်ဟစ်သံကြောင့် ကျွန်မလည်း သူမတို့၏အိမ်ထဲသို့လှမ်စကြည့်လိုက်ရာ လူတွေစုပြုံနေသည်ကိုတွေ့ရပါသည်။
“ဘယ်လိုဖြစ်တာပါလိမ့်။အိမ်ထဲမှာများဝက်ပေါ်နေတာလား”
ယင်းသို့ရေရွတ်ပြီး အိမ်ဝိုင်းထဲသို့ဝင်လိုက်ရာ ဝက်ပေါ်နေသည်ကိုမတွေ့ရပါ။
လူတွေကတော့ ဝိုင်းထဲတွင်ပြည့်လျက်ရှိနေပါသည်။
ထို့နောက် ကျွန်မလည်းထိုလူတွေကြားထဲတိုးဝင်ပြီးအိမ်ပေါ်သို့တက်လိုက်ရာ အိပ်ရာပေါ်တွင် လူးလှိမ့်ပြီး ဝက်တစ်ကောင်ကဲ့သို့အော်ဟစ်နေသည့်ဦးဘိုလေးအား တွေ့လိုက်ရပါသည်။
၎င်း၏ဘေးတွင် တိမ်လွှာတို့မောင်နှမတွေက တရှုံ့ရှုံ့ငိုလျက်ရှိနေပါသည်။
ယင်းအခိုက်တွင် အဆက်မပြတ် အော်ဟစ်နေသည့်ဦးဘိုလေးသည် ခေတ္တငြိမ်ကျသွားပါသည်။
ထိုအခါကျွန်မလည်း တိမ်လွှာ၏အနား ကပ်ထိုင်ပြီး မေးလိုက်ပါသည်။
“ဟဲ့။နင့်အဖေက ဘယ်လိုဖြစ်လို့ အခုလိုအော်နေရတာလဲ။သူ့မှာဝက်ရူးပြန်ရောဂါရှိနေလို့လား”
တိမ်လွှာခေါင်းခါပါသည်။
“မရှိဘူး။အခုဟာက အဖျားတက်ပြီးအော်နေတာ”
ပြောရင်းဖြင့်တိမ်လွှာက တရှုံ့ရှုံ့ငိုပြန်ပါသည်။
“ဆရာဝန်ကိုပြကြည့်ပြီးပြီလား”
“ပြကြည့်ပြီးပြီ။စောစောကပဲ ဆေးထိုးပေးပြီး ပြန်သွားတယ်။မသက်သာဘူးနဲ့တူပါတယ်”
ကျွန်မလည်း များစွာစိတ်မကောင်းဖြစ်မိပါသည်။
ယင်းအခိုက်တွင် ဦးဘိုလေးသည် လူးလှိမ့်ကာ ဝက်တစ်ကောင်ကဲ့သို့အော်နေပြန်ပါသည်။
“အင်း အင်း အွက်အွက်အွက်”
ယင်းသို့အတန်ကြာအောင်အော်ပြီးသည့်နောက် ပြန်ငြိမ်သွားပါသည်။
ပြီးနောက် လူးလှိမ့်ပြီး ပြန်အော်ပါသည်။
ယင်းသို့ လူးလှိမ့်ကာအော်လိုက်၊ပြန်ငြိမ်သွားလိုက်ဖြင့် အဆက်မပြတ်ပြုလုပ်နေရာမှ ညကိုးနာရီခန့်တွင်တော့ အပြီးတိုင်ငြိမ်ကျသွားပါတော့သည်။
ထိုအခါမှ လာရောက်ကြည့်ရှုသူတွေလည်း
ဦးဘိုလေး၏အလောင်းအားကြည့်၍သက်ပြင်းချကာ အိမ်သို့အသီးသီးပြန်သွားကြပါသည်။
ကျွန်မလည်းအိမ်သို့ပြန်ကာ ရေမိုးချိုး၊အဝတ်လဲ၊ထမင်းစားပြီးသည့်နောက် ရွာထဲမှအမျိုးသမီးကြီးအချို့နှင့်အတူ
တိမ်လွှာတို့မောင်နှမတွေ အားငယ်ကြောက်ရွံ့နေမည်စိုးသောကြောင့် တစ်ညတာစောင့်၍ပေးလိုက်ကြပါတော့သည်။
ဤအဖြစ်အပျက်သည် နှစ် နှစ်ဆယ်ကြာမြင့်ခဲ့ပြီဖြစ်ပေမင့် မျက်စိရှေ့မှာပင် ဖြစ်ပျက်ခဲ့သောကြောင့် အကြောင်းအကျိုးတိုက်ဆိုင်သည့်အခါတိုင်းတွင် ပြန်လည်အမှတ်ရမိလျက်ရှိနေပါတော့သည်။
အားလုံးအေးချမ်းပါစေ…။
#ဆရာဆွေ(တောင်တွင်း)

Zawgyi Version

၀က္သတ္သမားရဲ႕ဝဋ္ေၾကြး(စ/ဆံုး)
——————————————
‘ဒုတ္’
‘အင္း အြက္ အြက္’
မနက္အ႐ုဏ္ပင္မတက္ေသးေခ်။ကြၽန္မတို႔၏အိမ္ေခါင္းရင္းရွိ ဝက္သတ္႐ုံမွ ဝက္ေတြကိုရဲဒင္းျဖင့္ထုသည့္အသံ၊ဝက္ေတြ၏မခ်ိမဆံ့ေအာ္ဟစ္ညည္းညဴသံတို႔ႏွင့္အတူ ကြၽန္မတို႔မိသားစုလည္း အိပ္ရာမွ ႏိုးထလာခဲ့ၾကရပါသည္။
အဒီအသံေတြသည္ ေန႔စဥ္ၾကားေနရသည္ဆိုေပမင့္ ထု႐ိုက္သံ၊ဝက္ေတြ၏သနားစဖြယ္ေအာ္သံေတြက ကြၽန္မတို႔အတြက္ အၿမဲစိတ္မခ်မ္းသာစရာျဖစ္၍ေနပါသည္။
အိပ္ရာမွႏိုးသည့္ေနာက္ ကြၽန္မတို႔လည္း မ်က္ႏွာသစ္၊ကိုယ္လက္သန႔္စင္ၿပီး မနက္စာအတြက္ ထမင္းခ်က္ၾက၊ေက်ာင္းသြားဖို႔ျပင္ဆင္ၾကႏွင့္ ကိုယ္စီအလုပ္ရႈပ္၍ေနပါေတာ့သည္။
အားလုံးျပင္ဆင္ၿပီးသည့္ေနာက္ မနက္စာစားေသာက္ၿပီး ေက်ာင္းသြားဖို႔ရာ သူငယ္ခ်င္းျဖစ္သူ တိမ္လႊာႏွင့္အတူထြက္လာခဲ့ပါသည္။
ယင္းသို႔ထြက္လာရင္းမွ တိမ္လႊာက
“ဟဲ့ ေအးသူ။ငါ့အေဖ ကုန္တင္ကုန္ခ်အလုပ္နားလိုက္ၿပီ”
“ဟင္ ဘာျဖစ္လို႔လဲ”
“အ႐ြယ္ရလာၿပီေလ။ကုန္တင္ကုန္ခ်ဘယ္လုပ္ႏိုင္ေတာ့မလဲ”
“ေၾသာ္ ဒါလည္း ဟုတ္သားပဲ။အခုသူဘာလုပ္ေနတုံး”
တိမ္လႊာက ကြၽန္မအေမးကိုခ်က္ခ်င္းမေျဖေသးဘဲ သက္ျပင္းရွည္ႀကီးကိုခ်လိုက္သည္။
ၿပီးေနာက္မွ
“ဝက္သတ္႐ုံမွာအလုပ္ဝင္ေနတယ္”
“ဟယ္”
တိမ္လႊာ၏အေျဖေၾကာင့္လည္းအံ့ၾသသြားရပါသည္။
သို႔ေသာ္ ထိုအလုပ္ႏွင့္ပတ္သက္၍ ေကာင္း မေကာင္းဆိုတာကေတာ့ေဝဖန္ျပမေနေတာ့ပါ။
သူမတို႔စားဝတ္ေနေရးအခက္အခဲကိုကြၽန္မလည္းသိေနသည္မဟုတ္လား။
ၿပီးေတာ့ ဤဝက္သတ္သည့္အလုပ္ကလည္း ဤ႐ြာရွိ အျခားအလုပ္ေတြထက္ ဝင္ေငြပိုေကာင္းေနသည္ပဲေလ။
ထို႔ေနာက္ကြၽန္မက
“အင္းေပါ့ေလ။အဆင္ေျပရာပဲလုပ္ၾကရတာပဲ”
ထိုမွ်သာကြၽန္မဆိုျဖစ္သည္။
ၿပီးေတာ့ ႏွစ္ေယာက္သားမည္သည့္စကားမွမဆိုျဖစ္ၾကေတာ့ဘဲ ေက်ာင္းသို႔သာဆက္လက္ေလွ်ာက္လာခဲ့ပါေတာ့သည္။
ဆိုရပါဦးမည္။
ကြၽန္မတို႔႐ြာသည္ အလြန္ေခါင္ၿပီးလွ်ပ္စစ္မီးပင္မရွိေသးဘဲ ေရနံဆီမီးခြက္၊ဘတၳရီမီး၊ေအာက္လင္းဓာတ္မီးတို႔ကိုသာ ညေရးညတာအတြက္အသုံးျပဳၾကရပါသည္။
႐ြာတြင္ မီးစက္ႀကီးတစ္ခုရွိေသးေပမင့္ တစ္ရက္လွ်င္ တစ္ရာက်ပ္ေပးရသည္ဆိုေတာ့ ေတာ္႐ုံလူေတြလည္းမသုံးႏိုင္ၾကပါ။
ၿပီးေတာ့ ႐ြာကေလးသည္ ၿမိဳ႕ႏွင့္အတန္ငယ္အလွမ္းေဝးသလိုၿမိဳ႕သို႔သြားမည့္ကားလမ္းကလည္း ျပဳျပင္ထားျခင္းမရွိသည္မို႔ လမ္းကၾကမ္းလြန္းလွပါသည္။
မိုးတြင္းကာလဆိုလွ်င္ အဲ့ဒီကားလမ္းသည္ ေရေတြျဖင့္သာလႊမ္းေနသည္မို႔ ကားလည္းေမာင္း၍မရေတာ့ပါ။
(ယခုေနာက္ပိုင္းတြင္ေတာ့ မီးလည္းပုံမွန္ရရွိလာသလို၊ကားလမ္းလည္းေကာင္းမြန္လာပါသည္။)
ထို႔ေၾကာင့္ ၿမိဳ႕သို႔သြားလိုလွ်င္ ရထားကိုသာအားကိုးရပါသည္။
႐ြာႏွင့္ခပ္လွမ္းလွမ္းေနရာတြင္ဘူတာ႐ုံတစ္ခုရွိပါသည္။
အႏွီဘူတာ႐ုံသည္ ခရီးသည္ေတြ၊ေဈးသည္ေတြႏွင့္တကြကုန္တင္ကုန္ခ်လုပ္ကိုင္စားေသာက္သူေတြျဖင့္ အနည္းငယ္စည္စည္ကားကားရွိေနပါသည္။
ကြၽန္မသူငယ္ခ်င္းတိမ္လႊာ၏ဖခင္ဦးဘိုေလးသည္ ထိုဘူတာ႐ုံတြင္ ကုန္တင္၊ကုန္ခ်အလုပ္ျဖင့္အသက္ေမြးဝမ္းေက်ာင္းျပဳ
လုပ္ေနသူျဖစ္ပါသည္။
ယခုမူ အသက္အ႐ြယ္ေၾကာင့္ ထိုအလုပ္ကိုစြန႔္လႊတ္ၿပီး ဝက္သတ္သည့္အလုပ္ကိုေျပာင္းလုပ္ေခ်ၿပီ။
ဆိုခဲ့ၿပီးသည့္အတိုင္း ဤ႐ြာတြင္ ဝက္သတ္သည့္အလုပ္က အျခားအလုပ္အကိုင္ေတြထက္ဝင္ေငြပိုမိုရရွိေနျခင္းပင္မဟုတ္ပါလား။
+++++++++++++++++++++++++++
ေနာက္တစ္ေန႔ညေနေစာင္းအခ်ိန္ေရာက္ေတာ့ ဦးဘိုေလးတစ္ေယာက္ ႐ြာထဲမွဝက္တစ္ေကာင္ဝယ္ၿပီး ႀကိဳးႏွင့္ဆြဲလာပါသည္။
ဝက္ကလည္း ေအာ္ဟစ္ရင္း
အသည္းအသန္႐ုန္းကန္ေနသည္မို႔ ဦးဘိုေလးလည္း ႀကိဳးကိုအတင္းေဆာင့္ဆြဲကာ ဝက္သတ္႐ုံထဲသို႔ဆြဲေခၚသြားပါသည္။
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ ထုံးစံအတိုင္း အဲ့ထိဝက္သတ္ ႐ုံမွ ဝက္ေတြကိုထု႐ိုက္သည့္အသံ၊ဝက္ေတြ၏ေအာ္ဟစ္သံတို႔ကိုနားမခ်မ္းသာဖြယ္ၾကားရျပန္ပါသည္။
ရက္အနည္းငယ္ၾကာလာခဲ့ပါသည္။
ဦးဘိုေလးသည္လည္း ညေနအခ်ိန္ဆိုလွ်င္ ႐ြာထဲသို႔ဝက္ေတြလိုက္ဝယ္၊မနက္ဆိုလွ်င္ သတ္ျဖတ္၊ၿပီးလွ်င္ဝက္အေသကိုေရေႏြးတည္ထားသည့္မိုးၿဗဲဒယ္အိုးႀကီးထဲထည့္ၿပီး အေမႊးအမွ်င္မ်ားကိုျခစ္၊ေသခ်ာေဆးေၾကာၿပီးေတာင္းထဲထည့္ကာ စက္ဘီးျဖင့္ ဝက္သားဆိုင္မ်ားသို႔လိုက္လံပို႔ပါသည္။
ယင္းသို႔ျပဳလုပ္ရာ၌ အၿပီးအစီး တစ္ရက္ကိုတစ္ေထာင့္ငါးရာရရွိသည္ဟုသိရပါသည္။
ထိုေခတ္က ဆန္တစ္ျပည္လွ်င္ သုံးရာ၊ေလးရာခန႔္သာရွိခ်ိန္၌သူ၏တစ္ေန႔တာဝင္ေငြမွာ မိသားစုေလးေယာက္အတြက္ ေကာင္းစြာေလာက္ငွႏိုင္ပါသည္။
တစ္ရက္တြင္ေတာ့ကြၽန္မႏွင့္တိမ္လႊာသည္ေက်ာင္းသို႔သြားရာ၌ လမ္းခုလတ္အေရာက္တြင္ ၎က
“ဟဲ့။ေအးသူ။ငါ့အေဖကို ဒီဝက္သတ္တဲ့အလုပ္ကို စြန႔္လႊတ္ခိုင္းလိုက္တာေကာင္းမယ္ထင္တယ္”
“ဟင္ ဘာျဖစ္လို႔လဲ”
တိမ္လႊာသက္ျပင္းခ်လိုက္ပါသည္။
ၿပီးေနာက္
“မနက္က ငါအေဖ့ဝက္သတ္႐ုံကိုေရာက္ခဲ့တယ္။အေဖေခါင္းမူးေတာ့ လမ္းသိပ္မေလွ်ာက္ႏိုင္လို႔ငါလိုက္ပို႔တာေလ”
“အင္း အဲဒီေတာ့”
“အေဖက ဝက္ကိုမသတ္ခင္ ရဲေဆးတင္တဲ့အေနနဲ႔ အရက္ကိုပုလင္းခါးဝက္ေလာက္က်ိဳးေအာင္အရင္ေသာက္ေသးတာ။ၿပီးေတာ့ ဝက္ကိုရဲဒင္းနဲ႔ထုသတ္တယ္။ဝက္ကမေသေသးေတာ့ ဓားနဲ႔ဆက္ၿပီးထိုးသတ္တယ္။ေလးငါးခ်က္ေလာက္အထိပဲ။ဝက္ကလည္း နာလြန္းလို႔ေအာ္ဟစ္ေနတာ။ငါလည္းဆက္မၾကည့္ရဲေတာ့ဘဲအျပင္ထြက္လာခဲ့ေတာ့တယ္။အေဖ့အလုပ္က အ ကုသိုလ္အရမ္းမ်ားလြန္းပါတယ္ဟယ္”
“ေၾသာ္။သူလည္းဘယ္လုပ္ခ်င္ပါ့မလဲ။မိသားစုစားဝတ္ေနေရးအတြက္လုပ္ရတာပဲေလ”
“ဟုတ္ေတာ့ဟုတ္ပါတယ္။ဒါေပမယ့္ ဒါႀကီးကေတာ့..”
တိမ္လႊာ့စကားမဆုံးခင္ ကြၽန္မက ၾကားျဖတ္ေမးလိုက္ပါသည္။
“ဒါဆိုနင့္အေဖကို အျခားဘာအလုပ္လုပ္ေစခ်င္တာလဲ”
“ေကာင္းရာေကာင္းေၾကာင္းအလုပ္ေပါ့။ဒါေပမယ့္လြယ္မယ္မထင္ဘူး။ငါပဲေက်ာင္းထြက္ၿပီး အလုပ္လုပ္ေကြၽးရင္ေကာင္းမလားမသိဘူး”
တိမ္လႊာ့အတြက္ကြၽန္မသက္ျပင္းခ်မိပါသည္။
ယခုေခတ္က အမ်ိဳးသမီးမဆိုထားႏွင့္။အမ်ိဳးသားေတြပင္အလုပ္အကိုင္ရွားပါးလြန္းလွသည္မဟုတ္လား။
သို႔ေသာ္ ကြၽန္မလည္း ေကာင္း၏ဆိုး၏ တစ္ခြန္းမွမေျပာေတာ့ဘဲ
“အင္းေပါ့ေလ။အရင္ဆုံးနင့္အေဖနဲ႔ေတာ့တိုင္ပင္ၾကည့္ပါဦး”ဟုသာေျပာလိုက္ပါေတာ့သည္။
ေနာက္ရက္ေတြတြင္လည္း ဦးဘိုေလးတစ္ေယာက္ ဝက္ေတြကိုဝယ္ၿမဲလိုက္ဝယ္၊သတ္ၿမဲသတ္ေနသည္မို႔
တိမ္လႊာက သူမ၏စိတ္ကူးကို ဖခင္ျဖစ္သူအား မေျပာျဖစ္ေလသလား၊သို႔မဟုတ္ ညႇိႏႈိင္း၍မရသည္လားဆိုတာ သူမတို႔သမီးဖႏွစ္ေယာက္သာ သိပါလိမ့္မည္။
တစ္ရက္တြင္ေတာ့ ဦးဘိုေလးသည္ အျခား႐ြာမွဝက္တစ္ေကာင္အားဝယ္ၿပီး ႀကိဳးျဖင့္ဆြဲလာခဲ့ပါသည္။
ဝက္ကလည္းေအာ္ဟစ္ၿပီး႐ုန္းေလရာ ဦးဘိုေလးလည္း ႀကိဳးကိုခပ္တင္းတင္းျပန္ဆြဲၿပီးေခၚလာပါသည္။
သို႔ေသာ္ တစ္ေနရာသို႔အေရာက္တြင္ ဝက္က ႐ုတ္ခ်ည္းျပန္႐ုန္းေလရာ ဦးဘိုေလးလည္းဟန္ခ်က္ပ်က္သြားၿပီး သစ္ငုတ္တစ္ခုအား ေျခမျဖင့္တိုက္မိကာ အဲ့ဒီေျခမ အနည္းငယ္ပဲ့သြားပါသည္။
ထို႔ေၾကာင့္ ဦးဘိုေလးလည္း ေဒါသျဖစ္ကာ အႏွီဝက္အား ေလး၊ငါး၊ဆယ္ခ်က္ခန႔္ပိတ္ကန္ၿပီး ဆက္လက္ဆြဲေခၚလာခဲ့ပါသည္။
ဝက္သတ္႐ုံသို႔ေရာက္ေတာ့ ဝက္ကိုႀကိဳးေသခ်ာခ်ည္ခဲ့ၿပီး အိမ္သို႔ျပန္လာခဲ့ပါသည္။
အိမ္သို႔ေရာက္သည့္အခါ၌ ေရမိုးခ်ိဳး၊အနာကိုေဆးထည့္၊ၿပီးလွ်င္ ထမင္းစားၿပီး ခပ္ေစာေစာအိပ္ရာဝင္ပါသည္။
ရက္အနည္းငယ္ၾကာလာခဲ့ပါသည္။
ဦးဘိုေလးသည္ သူ၏အလုပ္အကိုင္ကို ပုံမွန္လုပ္ကိုင္ေနသည္ဆိုေပမင့္ သစ္ငုတ္ျဖင့္ထိုးမိေသာအနာမွာမူ အေညႇာ္ဝင္ကာ တတျဖည္းျဖည္းရင္းလာၿပီး ေနာက္ဆုံး၌ အနာရွိန္တက္ကာ ဖ်ားပါေလေတာ့သည္။
ထို႔ေၾကာင့္ တိမ္လႊာလည္း ကြၽန္မႏွင့္အတူ ေက်ာင္းပင္မတက္ႏိုင္ေတာ့ဘဲ ဖခင္ဦးဘိုေလးကိုသာ အနီးကပ္ျပဳစုေစာင့္ေရွာက္ေနရပါေတာ့သည္။
‘ေဆးခန္းသို႔ပို႔သင့္ေၾကာင္း’ကြၽန္မကေျပာေသာ္လည္း ‘ဖခင္က လက္မခံေၾကာင္း၊ေဆးၿမီးတိုျဖင့္သာကုေနေၾကာင္း’တိမ္လႊာကျပန္ေျပာသျဖင့္ ကြၽန္မလည္း မည္သို႔မွျပန္မေျပာျဖစ္ေတာ့ပါ။
ေနာက္တစ္ေန႔တြင္ေတာ့ ကြၽန္မေက်ာင္းမွျပန္လာခ်ိန္၌ တိမ္လႊာတို႔၏အိမ္ေရွ႕သို႔ေရာက္ခိုက္
“အင္း အင္း အြက္’
အိမ္ထဲမွ ဝက္တစ္ေကာင္၏မခ်ိမဆံ့ေအာ္ဟစ္သံေၾကာင့္ ကြၽန္မလည္း သူမတို႔၏အိမ္ထဲသို႔လွမ္စၾကည့္လိုက္ရာ လူေတြစုၿပဳံေနသည္ကိုေတြ႕ရပါသည္။
“ဘယ္လိုျဖစ္တာပါလိမ့္။အိမ္ထဲမွာမ်ားဝက္ေပၚေနတာလား”
ယင္းသို႔ေရ႐ြတ္ၿပီး အိမ္ဝိုင္းထဲသို႔ဝင္လိုက္ရာ ဝက္ေပၚေနသည္ကိုမေတြ႕ရပါ။
လူေတြကေတာ့ ဝိုင္းထဲတြင္ျပည့္လ်က္ရွိေနပါသည္။
ထို႔ေနာက္ ကြၽန္မလည္းထိုလူေတြၾကားထဲတိုးဝင္ၿပီးအိမ္ေပၚသို႔တက္လိုက္ရာ အိပ္ရာေပၚတြင္ လူးလွိမ့္ၿပီး ဝက္တစ္ေကာင္ကဲ့သို႔ေအာ္ဟစ္ေနသည့္ဦးဘိုေလးအား ေတြ႕လိုက္ရပါသည္။
၎၏ေဘးတြင္ တိမ္လႊာတို႔ေမာင္ႏွမေတြက တရႈံ႕ရႈံ႕ငိုလ်က္ရွိေနပါသည္။
ယင္းအခိုက္တြင္ အဆက္မျပတ္ ေအာ္ဟစ္ေနသည့္ဦးဘိုေလးသည္ ေခတၱၿငိမ္က်သြားပါသည္။
ထိုအခါကြၽန္မလည္း တိမ္လႊာ၏အနား ကပ္ထိုင္ၿပီး ေမးလိုက္ပါသည္။
“ဟဲ့။နင့္အေဖက ဘယ္လိုျဖစ္လို႔ အခုလိုေအာ္ေနရတာလဲ။သူ႔မွာဝက္႐ူးျပန္ေရာဂါရွိေနလို႔လား”
တိမ္လႊာေခါင္းခါပါသည္။
“မရွိဘူး။အခုဟာက အဖ်ားတက္ၿပီးေအာ္ေနတာ”
ေျပာရင္းျဖင့္တိမ္လႊာက တရႈံ႕ရႈံ႕ငိုျပန္ပါသည္။
“ဆရာဝန္ကိုျပၾကည့္ၿပီးၿပီလား”
“ျပၾကည့္ၿပီးၿပီ။ေစာေစာကပဲ ေဆးထိုးေပးၿပီး ျပန္သြားတယ္။မသက္သာဘူးနဲ႔တူပါတယ္”
ကြၽန္မလည္း မ်ားစြာစိတ္မေကာင္းျဖစ္မိပါသည္။
ယင္းအခိုက္တြင္ ဦးဘိုေလးသည္ လူးလွိမ့္ကာ ဝက္တစ္ေကာင္ကဲ့သို႔ေအာ္ေနျပန္ပါသည္။
“အင္း အင္း အြက္အြက္အြက္”
ယင္းသို႔အတန္ၾကာေအာင္ေအာ္ၿပီးသည့္ေနာက္ ျပန္ၿငိမ္သြားပါသည္။
ၿပီးေနာက္ လူးလွိမ့္ၿပီး ျပန္ေအာ္ပါသည္။
ယင္းသို႔ လူးလွိမ့္ကာေအာ္လိုက္၊ျပန္ၿငိမ္သြားလိုက္ျဖင့္ အဆက္မျပတ္ျပဳလုပ္ေနရာမွ ညကိုးနာရီခန႔္တြင္ေတာ့ အၿပီးတိုင္ၿငိမ္က်သြားပါေတာ့သည္။
ထိုအခါမွ လာေရာက္ၾကည့္ရႈသူေတြလည္း
ဦးဘိုေလး၏အေလာင္းအားၾကည့္၍သက္ျပင္းခ်ကာ အိမ္သို႔အသီးသီးျပန္သြားၾကပါသည္။
ကြၽန္မလည္းအိမ္သို႔ျပန္ကာ ေရမိုးခ်ိဳး၊အဝတ္လဲ၊ထမင္းစားၿပီးသည့္ေနာက္ ႐ြာထဲမွအမ်ိဳးသမီးႀကီးအခ်ိဳ႕ႏွင့္အတူ
တိမ္လႊာတို႔ေမာင္ႏွမေတြ အားငယ္ေၾကာက္႐ြံ႕ေနမည္စိုးေသာေၾကာင့္ တစ္ညတာေစာင့္၍ေပးလိုက္ၾကပါေတာ့သည္။
ဤအျဖစ္အပ်က္သည္ ႏွစ္ ႏွစ္ဆယ္ၾကာျမင့္ခဲ့ၿပီျဖစ္ေပမင့္ မ်က္စိေရွ႕မွာပင္ ျဖစ္ပ်က္ခဲ့ေသာေၾကာင့္ အေၾကာင္းအက်ိဳးတိုက္ဆိုင္သည့္အခါတိုင္းတြင္ ျပန္လည္အမွတ္ရမိလ်က္ရွိေနပါေတာ့သည္။
အားလုံးေအးခ်မ္းပါေစ…။
#ဆရာေဆြ(ေတာင္တြင္း)