၀ိညာဉ်မလေးရဲ့မာယာ

၀ိညာဉ်မလေးရဲ့မာယာ(စ/ဆုံး)

——————————

“ပွမ်”ပွမ်” ဝူး”ကျီ”

“ဟေ့ရောင် သီဟ အလုပ်တွေဘဲ ဇွတ်လုပ်မနေနဲ့ နားနားနေနေလုပ်ပါကွာ”

“မင်းကလဲကွာ ငါက လုပ်အားစိုက်ရတာလေ မင်းက ငွေအလုံးအရင်းနဲ့ စိုက်ထုပ်ပေးထားတာ ရတာကို ငါ့တ၀က်ပေးတာ ငါကြိုးစားလုပ်မှရမှာပေါ့ နောက်ပြီး မင်းက ငါ့ရဲ့ ကျေးဇူးရှင်ဘဲ မင်းလိုအပ်တာကို ငါကူညီပါမယ် ငါတို့မိသားစုကို မင်းက စောက်ရှောက်ပေးထားတော့ လုံးလ ဝီရိယ နဲ့ တာ၀န်ကျေအောင် လုပ်ရမှာပေါ့ ”

“ဟျောင့် အပိုတွေ ပြောမနေနဲ့ မင်းက ငါ့သူငယ်ချင်း မင်းမပြည့်စုံတာ ငါတာ၀န်လဲ မကင်းဘူး “အေ့ ဟေ့”

“သတိုး မင်းကတော့ ပိုက်ဆံလဲ ချမ်းသာတယ် သဘောလဲကောင်းတယ် ငါ့အတွက်တော့ မင်းက သူငယ်ချင်းကောင်းတယောက်ဘဲကွာ”

“ရော့ ဟေ့ရောင် ဒီနေ့ ပန်းရောင်းရတဲ့ ငွေထဲက တ၀က် ဆယ်သိန်း မင်းယူထားလိုက် ငါသောက်လို့ မဝသေးဘူး သွားသောက်လိုက်ဦးမယ် မင်းလိုက်ဦးမလား”

“ဟာ မင်းဟာက မှောင်တောင်နေပြီ သောက်ဦးမလို့လား မင်းမြိုထဲကို မပြန်နိုင်ဘဲနေမယ်”

“အေးကွာ သွားပြီ ဟျောင် မနက်မှ ငါလာတော့မယ်”

သီဟတယောက် သတိုးထွက်သွားတာကို ကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေသည်။ သတိုးက ချမ်းသာကြွယ်၀တဲ့ မိဘတွေရဲ့ တဦးတည်းသောသား ဖြစ်ပေမယ့် ဘ၀င်မမြင့်ဘူး သူငယ်ချင်းတွေကိုလဲ အရမ်းဂရုစိုက်တယ် ရုပ်ကလဲ ချောတော့ ပျိုတိုင်းက ကြိုက်ကြတယ်။

သတိုးကတော့ ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စား ဘီယာအရက်ကိုသာ နေတိုင်းမပြတ်သောက်နေတယ်၊ အရက်ဘယ်လောက်သောက်သောက် ဘယ်လောက်မူးမူး သူငယ်ချင်းဖြစ်တဲ့ သီဟနဲ့ သူရိနိကိုတော့ ဘယ်တော့မှ မမေ့ဘူး။

သီဟက သူငယ်ချင်းတွေထဲမှာ မရှိတဲ့သူဖြစ်တယ်၊ သူရိန်က အသင့်အတင့်ရှိပြီး အခုဆိုရင် ဒုရဲအုပ် သူရိန်လို့ ရဲသားများက သိနေကြတယ်၊ သူတို့သုံးယောက်ထဲမှာ ဘယ်သူက အချောဆုံးလို့ ပြောမရအောင် ရုပ်တွေက ချောကြတယ်၊ သူရိန်က ခန့်ပြီး ချောသလို သတိုးကမိန်းမချော ချောတယ်၊ သီဟကတော့ ရိုးရိုးလေးနဲ့ ချောတော့ ကျောင်းနေတုန်းက ပျိုတိုင်းစိတ်၀င်စားကြတဲ့ သူငယ်ချင်းသုံးယောက်ဖြစ်ခဲ့တယ်။

သီဟက ရန်ကုန်မြို့နဲ့ ငါးမိုင်ဝေးတဲ့ နေရာလေးမှာ သတိုး၀ယ်ပေးထားတဲ့ နေရာလေးမှာ ပန်းစိုက်ပြီးရောင်းတယ်၊ မြို့နဲ့ဝေးပေမယ့် လမ်းက ကျောက်လမ်းဖြစ်ပြီး ညီညာနေတဲ့အတွက် ကားနဲ့သွားလာရ လွယ်ကူတယ်၊ စိမ်းလန်းစိုပြည် နေတဲ့ လမ်းဘေးမှာ သစ်ပင်တွေစိုက်ထားတော့ အတွဲတွေ အတွက် ချိန်းတွေ့လို ကောင်းတဲ့ နေရာဖြစ်တယ် သစ်ပင်တန်းနောက်မှာ ချောင်းလေးကလဲ ရှိနေတယ် သာယာအေးချမ်းတဲ့နေရာလေးဖြစ်လို့ နေတော့ ချစ်သူရီးစားတွေအတွက် ဆိုင်ကယ်လေးနဲ့ လာပြီး အပမ်းဖြေချိန်းတွေကြတယ်။

သတိုးတယောက် ကားကို မောင်းလာရင်း ဘီယာလေးသောက်လိုက် အမြည်းလေးစားလိုက်နဲ့ အေးဆေးညင်သာစွာ မောင်းလာခဲ့တယ် မီးရောင်ကြောင့် လမ်းက မြင်နေရတယ် မနီးမဝေးတဲ့ နေရာမှာ မိန်းကလေးတယောက်ကားတားနေတာကို သတိုးသောက်နေရင်း မြင်နေရတယ် ။

မိန်းကလေးက တကိ်ုယ်လုံးရေတွေ ရွဲစိုနေပြီး လက်ကလေးလုပ်ကာ ကားတားနေတယ်၊ သတိုးတယောက် သေချာလှမ်းကြည့်လိုက်တော့ ကြောက်နေတဲ့ ပုံမဟုတ်ဘဲ စိတ်ဆိုးနေတဲ့ မျက်နှာနဲ့ ကားကို တားနေတယ် အနားရောက်တော့ ကားကို ရပ်ပေးလိုက်တယ်။

“ကျီ” ကျီ”

“ခင်များ ဘယ်သွားမှလဲ ကျွန်တော်လိုက်ပို့ပါမယ်”

“ဟုတ်ကဲ့ ကျေးဇူးပါပဲရှင့် ဒီမှာ ကားစောင့်နေတာ အတော်ကြာနေပြီ ကျွန်မကို လိုက်ပိုမယ့်ပြောတဲ့ အတွက် ကျေးဇူးတင်ပါတယ်”

“ရပါတယ်ဗျာ ကျွန်တော်က ဘာဘဲဖြစ်ဖြစ် ကူညီပေးတဲ့သူပါ “ကဲ့ပြောပါဦး အိမ်နဲ့ စိတ်ဆိုးလာတာလား ရေးကြီးသုတ်ပျာ နဲ့”

သတိုးပြောလိုက်တော့ မိန်းကလေးက ရီမောလိုက်သည်။

“ရှင်မေးပုံကလဲ ဒီနားမှာ လူနေအိမ်ရှိလို့လား” ဟုတ်တယ် ကျွန်မ စိတ်ဆိုးလာတာတော့ အမှန်ဘဲ ”

မိန်းကလေးသည် သတိုးအား သေချာကြည့်နေသည် သတိုးကတော့ ဘာကိုမှစိတ်မ၀င်စားဘဲ ကားကိုမောင်းထွက်လိုက်လေသည်။

သတိုးလဲ မိန်းကလေးကို ခေါ်ပြီး ကားကို ပုံမှန်မောင်းလာခဲ့တယ် ဘီယာလေးသောက်လိုက် အမြည်းလေးစားလိုက်နဲ့ ဘေးနားက ပါလာတဲ့ မိန်းကလေးကိုတောင် မကြည့်ဘဲ ဘီယာကိုသာ စိန်ပြေနပြေသောက်နေသည်။

“ရှင်က လူတမျိုးနော် ကျွန်မဘယ်သူလဲ ဘာလို့စိတ်ဆိုးလာတယ် ရေတွေဘာလို့ ရွဲနေလဲ မမေးတော့ဘူးလား”

သတိုးလဲ မိန်းကလေးကို သေချာကြည့်လိုက်တယ် ပန်းရောင်၀န်းဆက်လေးနဲ့ အတော်လှတဲ့ မိန်းကလေးဘဲ ရေစိုနေတော့ အတုတွေ အဖုတွေ မပါဘဲ အတိုင်းသားလှနေသည်။

“မမေးတော့ပါဘူးဗျာ ကျုပ် သူများအကြောင်းစိတ်မ၀င်စားဘူး ”

“ကားကို ကြည့်မောင်း ဦးလေ ရှင်မမေးလဲ ကျွန်မက ပြောမှာဘဲ ပြောချင်နေတာ ”

“မိန်းကလေးက ပြောချင်မှတော့ ကျွန်တော်က နားထောင်ရတာ မပင်ပန်းပါဘူး ပြောပါ”

“ကျွန်မနာမည် ပန်းနုရောင်ပါ ကျွန်မ လူသက်လာတယ် ကျွန်မချစ်ရတဲ့ ကိုမင်းဆွေကို သက်ခဲ့တာ”

“ဘာ”

သတိုးတယောက် ရောင်ပြီး ထွက်သွားတယ် နာမည်နဲ့လိုက်အောင် ပန်ရောင်၀တ်ထားတဲ့ သူမက လူသက်လာတယ်တဲ့ ဘယ်လိုမှ မယုံနိင်ပေမယ့် ဆက်နားထောင်နေလိုက်တယ်”

“ဟုတ်တယ် ကျွန်မနဲ့ တနှစ်လောက် ချစ်သူဖြစ်ပြီး ယုံယုံကြည်ကြည်နဲ့ ဘ၀ကို ပုံပေးပြီးမှ သူက လက်မထက်နိုင်ဘူးတဲ့လေ ရှင်ညီမဆိုရင် ဘယ်လိုလုပ်မလဲ အဲ့တာ စကားများရန်ဖြစ်ကြရင်း ကျွန်မ သူကို ချောင်းထဲတွန်းချလိုက်တယ် သူက လက်ကို ဆွဲထားတော့ ကျွန်မပါ ကြသွားတယ် ကျွန်မက ရေကူးတက်တော့ ပြန်တက်လာခဲ့တယ် သူကတော့ပြန်ပေါ်မလာတော့ဘူး အခုလောက်ဆို ရေပေါ်တောင်ပေါ်နေလောက်ပြီ”

“အင်း မပန်းနုရောင် အဖြစ်ကလဲ သနားစရာပါလား အော်ဒါနဲ့ ကျွန်တော်ရဲတိုင်မှာကို မပန်းနုရောင် မစိုးရိမ်ဘူးလား၊ ဘယ်နေရာပိုပေးရမယ်ဆိုတာ မပြောသေးဘူးနော်”

“ဟိုလမ်းလေးထဲ ၀င်လိုက် အဲ့နားမှာ နှစ်ထပ်တိုက်တလုံးရှိတယ်”

သတိုးသေချာကြည့်လိုက်တော့ စျေးရော အိမ်တွေများကြားမှာ တိုက်လေးကို မြင်တော့ အဲ့ဆီမောင်းလာခဲ့တယ် တိုက်ရှေ့နားမှာ ရပ်ပေးလိုက်တယ် ပြီးတော့ မိန်းကလေးက စကားတခွန်းပြောလိုက်တယ်”

“ရှင်ရဲတိုင်လဲ ကျွန်မ ဂရုမစိုက်ပါဘူး တိုင်ချင်သပဆို တိုင်လိုက်ပေါ့ရှင်”

သတိုးလဲ ကားကို မောင်းပြီး ဘီယာဆိုင်ကို ဦးတည်မောင်းလာခဲ့တယ် စိတ်ထဲမှာလဲ ပန်းနုရောင်အကြောင်းကို သိချင်နေတယ် သငယ်ချင်းဖြစ်တဲ့ ဒုရဲအုပ် သူရိန်ကို ပြောရင်ကောင်းမလား ဘယ်သူမှ မပြောဘဲနေတာ ကောင်းမလားလို့ လားပေါင်းများစွာနဲ့ ကားမောင်းကို ဆက်မောင်းနေတယ်။

ဘီယာဆိုင်ရောက်တော့ ဘီယာထိုင်မသောက်ဘဲ ဘီယာကို ၀ယ်ပြီး သူရိန်အိမ်ကို မောင်းလာခဲ့တယ် ညကိုးနာရီတောင် ထိုးနေပေမယ့် သွားချင်တဲ့စိတ်က ပျင်းပြနေတော့ ထွက်လာခဲ့တယ်။

“ဝူး” ဝူး “ကျီ “ကျီ”

သတိုး ကားကို အမြန်မောင်းလာခဲ့တာ သူရိန်အိမ်ကို ခဏနဲ့ရောက်လာခဲ့တယ်၊ ကားကို ရပ်ပြီး ဘီယာများကို ကိုင်ကာ အိမ်ထဲ၀င်လိုက်တယ် ဆိုရင်ဘဲ သူရိန်က ၀မ်းသာအားရဖြစ်ကာ နေရာပေးထိုင်ခိုင်းလိုက်တယ်”

“ဟာ သတိုး ညရောက်နေတာကို ငါဆီလာတယ် ငါကူသောက်ပေးရမှာလား အတူတူ မသောက်ရတာ ကြာပြီကွာ”

“အေး ငါအခုလာတာ အရေးကြီးတယ် မင်းကိုလဲ တိုင်ပင်ချင်လို့ အကူညီလဲ လိုအပ်နေလို့

“ဘာအရေးကြီးတာလဲ ပြောလေကွာ ငါကူညီမှာပေါ့”

“အေးကွာ ဒီနေ့ မိန်းကလေးတယောက်က သူကိုယ်တိုင် သူချစ်သူကို သက်ခဲ့တယ် ငါကို ပြောပြတယ် ငါလဲ မယုံတ၀က် ယုံတ၀က်နဲ့မလို့ မင်းစုံစမ်းပေးပါလား ရဲတယောက် မဟုတ်ဘဲ ဒီအတိုင်း ကူညီပေးတဲ့ သဘောမျိုးနဲ့ ကူညီမယ်မဟုတ်လား”

“မင်းကလဲကွာ ငါကူညီမယ် မနက်ကြမှ စုံစမ်းကြတာပေါ့ အခုတော့ ပျော်ပျော်နေရအောင်ကွာ”

သူရိန်နဲ့ သတိုး သောက်ကြစားကြရင်းနဲ့ အိပ်ပျော်သွားကြတယ်၊ သတိုးနားထဲကို မပန်းနုရောင်ရဲ့ စကားတွေ ကြားနေရတယ် သတိုး စိတ်ဆွဲလမ်းပြီး ကြားနေရတယ်လို့ ထင်တယ် ဒါပေမယ့် သတိုးအိမ်မက်မက်နေတယ်ဆိုတာ သတိုးမသိခဲ့ပါ ၊ ပန်းနုရောင်က သတိုးရှေကနေ သတိုးအား စကားတွေနဲ့ သွေးတိုးစမ်းနေသည်။

“ရှင် ရဲစခန်းမတိုင်ရဲပါလား ကြည့်ရတာ သတ္တိမရှိဘူးထင်တယ် ကျွန်မကတော့ ရှင့်လို မကြောက်ဘူး ရှင်တိုင်ချင်ရင် တိုင်လိုက်ပါ . တိုင်လိုက်ပါ .တိုင်လိုက်ပါ ”

“အား “အား”

“ဟေ့ကောင် သတိုး မင်းဘာဖြစ်တာလဲ ”

“ငါအိမ်မက်မက်နေတာဘဲ တကယ်မဟုတ်ဘူးဟ မိုးတောင် လင်းနေပြီ လာကွာ ပန်းနုရောင်ရဲ့အိမ်ကို သွားရအောင်ကွာ”

သူရိန်နဲ့ သတိုးလဲ ကားနဲ့ ပန်းနုရောင် ဆင်းသွားတဲ့ အိမ်ကို ထွက်လာခဲ့တယ်၊ မကြာပါ အိမ်ရှေ့ရောက်လာတော့ တံခါးစောင့် က တံခါးဖွင့်ပေးတယ် အထဲထိမောင်းလာပြီး အိမ်အတွင်း၀င်ရန်ပြင်လိုက်တော့ လူကြီးတယောက်ထွက်လာတယ်။

“ဘာကိစ္စရှိလိုလဲ ငါတူတို့ ”

“ဒါနဲ့ မပန်းနုရောင် မရှိဘူးလား ”

“ဒါက ပန်းနုရောင် အိမ်တော့ မဟုတ်ဘူး ပန်းနုရောင်က အန်ကယ်သားရဲ့ ချစ်သူပါ ”

“အန်ကယ်သားက ဘယ်မှာလဲဗျ ”

“မင်းဆွေ သားရေ လာပါဦးကွာ”

“ဟုတ် ဒယ်ဒီ သားကို ဘာပြောမလို့လဲ”

သတိုးလဲ ပန်းနုရောင်က သူအိမ်လို့ပြောပြီး အခု သူအိမ်မဟုတ်ဘူးလို့ အိမ်ထဲက လူတွေက ပြောနေပါလား ပန်းနုရောင်က သက်လို့ သေသွားပြီးဆိုတဲ့ ကိုမင်းဆွေက မသေဘဲ အသက်ရှင်နေတယ်၊ ဘယ်လိုဖြစ်တာလဲ သတိုးတယောက် နားမလည်နိုင်အောင် ဖြစ်နေလေသည်။

“ကိုမင်းဆွေနဲ့ မပန်းနုရောင် တွေဖြစ်ကြသေးလားဗျ ”

“ဟာ မတွေဖြစ်တာ တပတ်လောက်ရှိပါပြီ”

“သူက ဘယ်မှာနေတာလဲ ပြောပြပါလား ”

“သူက ကန်ကော်လမ်းထဲက အဆောင်မှာ ငှါးနေပါတယ် ”

“ကောင်ပါပြီး ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်”

သူရိန်သည် ရဲပီပီ မင်းဆွေကို လေ့လာကြည့်တော့ အမူရာတွေ ပျက်နေတယ် ၊ မသိချင်ရောင် ဆောင်ပြီး ကားနဲ့ ထွက်လာခဲ့တယ် လမ်းပေါ်ရောက်တော့ စခန်းကို ဖုန်းဆက်ပြီး ကိုမင်းဆွေကို စောင့်ကြည့်ဖို့ အကူညီတောင်းလိုက်တယ်။

ကန်ကော်လမ်းရောက်တော့ အဆောင်က တခုထဲရှိတယ် ဒါနဲ့ အဆောင်ထဲ၀င်ပြီး အဆောင်မူးကို နည်းနည်း မေးမြန်းလိုက်တယ်။

“ဒီမှာ ပန်းနုရောင်ဆိုတဲ့ မိန်းကလေး ရှိလား ”

“အင်း ဒီမှာတော့ နေတယ် မနေ့ညက သူပြန်မလာဘူး ”

“ဘယ်သွားလို့လဲ ပြောပြပါလား”

“မနေ့က သူချစ်သူ မင်းဆွေဆို့တဲ့ ကောင်လေးက ဆိုင်ကယ်နဲ့ခေါ်လိုပါသွားတယ် ခုထိပြန်မလာသေးဘူး ”

“ဟုတ်ကဲ့ ကျေးဇူးပါပဲ ကျွန်တော်တို့ကို ခွင့်ပြုပါဦးဗျာ ”

သူရိန်လဲ အမြန်ထွက်လာပြီး စခန်းကို ဖုန်းဆက်ပြီး မင်းဆွေကို ဖမ်းခိုင်းတော့ မင်းဆွေက ကားတစီးနဲ့ ထွက်ပြေးဖို့ ကြိုးစားပေမယ့် စောင့်ကြည့်နေတဲ့ ရဲများက ဖမ်းလိုက်တဲ့ အတွက် ပြေးမလွတ်ဘဲ မိတယ်လို့ စခန်းက ပြန်ပြောပြတယ်။

“သတိုးရေ မင်းဆွေက ၀င်ခံလို့ စခန်းက ချောင်းအနှံ လိုက်ရှာနေကြတယ် အဲ့ဆီကို လာခဲ့ပါလို့ ငါကို ပြောတယ် အဲ့ဆီသွားရအောင်ကွာ”

“အေး သွားကြတာပေါ့”

သတိုးနဲ့ သူရိန်လဲ ကားလမ်းဘေးက ချောင်းရှိရာကို အမြန်နှုန်းနဲ့ မောင်းလာခဲ့တယ် သတိုးစိတ်ထဲမှာတော့ သူမြင်ရကြားရတာတွေက ကုန်လွဲနေတော့ သိပ်ဘ၀င်မကျဘူးဖြစ်နေတယ်။

“ရောက်ပြီ သတိုးရေ”

“အေး ဟိုမှာ လူတွေ ဝိုင်းကြည့်နေကြတယ် သွားကြည့်ရအောင်ကွာ”

သတိုးနဲ့ သူရိန်လဲ အလောင်းနား ကပ်ကြည့်လိုက်တော့ သတိုး မယုံနိုင်စရာ အံဩစရာတွေနဲ့ မျက်တောင် မခက်ဘဲ ကြည့်နေတယ် ၊ဒါကိုမြင်တော့ သူရိန်က သတိုးကို လှမ်းမေးလိုက်တယ်။

“ဟျောင် သတိုး မင်းညက တွေခဲ့တာ ဒီမိန်းကလေးလားကွ”

“အေးဟုတ်တယ် ကွ ငါညတုန်းက တွေခဲ့တာ ဒီမိန်းကလေးဘဲ ရဲတိုင်ချင်တိုင်ပေါ့လို့တောင် စိန်ခေါ်လိုက်သေးတယ်”

“အေး မင်းပြောပြတဲ့ ကောင်မလေးက သူချစ်သူကို သက်ခဲတယ်လို ပြောပြတာရယ် ရဲတိုင်ချင်တိုင်ပါလို့ပြောတာရယ်က မသင်္ကာစရာဖြစ်နေတော့ မင်းနဲ့ သူ့အိမ်ကို သွားတော့ သေပြီဆိုတဲ့ သူချစ်သူက အသက်ရှင်နေတယ် မတွေတာ တပတ်လောက်ကြာပြီလို ပြောနေပေမယ့် အမူရာတွေ ပြတ်နေတာကို ငါတွေတယ်။

“သေချာအောင် အဆောင်ကို သွားမေးတော့ မနေ့က လာခေါ်သွားတယ်လို့ အဆောင်မူးက ပြောတော့ မင်းဆွေပြောတာတွေက လိမ်နေတယ်ဆိုတာ သိလိုက်တယ် ဒါကြောင့် သူကို စောင့်ကြည့်ဖို့ စခန်းကို အကူညီတောင်းလိုက်တာကွ”

“ငါနားမလည်တာ ဘာလို့ သူသက်ပါတယ်လို့ပြောလဲဆိုတာဘဲ”

“မိန်းကလေးက ပညာတက်ဘွဲ့ရတယောက်ဖြစ်တော့ သူကိုသူချစ်သူမင်းဆွေက သက်လို့သေရတာပါလို့ ပြောရင် မင်းယုံမှာလား နောက်ပြီး သူကသေပြီးသားလူတယောက်ဆိုတာ သိရင် မင်းက ကြောက်ပြေးမှာကို သူသိနေတယ် အဲ့တာဆို သူပြောချင်တာ ဘယ်ပြောလို့ရတော့မလဲ”

“အေး ဆက်ပြောပါဦး ငါနားလည်စတော့ပြုနေပြီ”

“အဲ့တာကြောင့် သူက မာယာသုံးပြီး သူကသက်ခဲ့တာပါ ရဲတိုင်ဖြစ်အောင် တိုင်ဖို့ စိန်ခေါ်သွားတာဘဲ ဒါမှလဲ မင်းက သူ့အကြောင်းစိတ်၀င်စားပြီး တခြားသူကို ပြောမှာလေ အခုငါကို ပြောတော့ ငါက မီးခိုးကြွက်လျှောက် လိုက်တော့ အမူ့ပေါ်သွားတာပေါ့”

“တကယ်ကို တော်တဲ့ ဝိညာဉ် မလေးက မင်းကို မာယာတွေသုံးပြီး လူသက်မူကို ဖော်ထုပ်ခိုင်းလိုက်တာဘဲ ”

“အေးကွာ သရဲဝိညာဉ် မယုံတဲ့ ငါတောင် တကယ်ကိုယ်တွေ့လိုကိတော့မှ ယုံကြည်တော့တယ် ”

သတိုးနဲ့ သူရိန်လဲ အလောင်းကို ရင်ခွဲရုံပို့ဖို့ ပြောပြီး ကားပေါ်တက်ကာ မြို့သို့ ပြန်မောင်းလာခဲ့တယ် သူတို့ကားကလေးကို ကြည့်ပြီး လက်ပြနှုတ်ဆက်နေတဲ့ ဝိညာဉ်လေးကိုတော့ နှစ်ယောက်စလုံး တယောက်မှ မမြင်ကြပါ ဝိညာဉ်မလေးသည် အပြုံးများနဲ့ ပြောက်ကွယ်သွားလေတော့သည်။

လေးစားစွာဖြင့် နယ်နမိတ်(ငမိုးရိပ်)