ပုဂ္ဂိုလ်ထူး

“ပုဂ္ဂိုလ်ထူး”(စ/ဆုံး)

—————————

(၁)

 

ရာသက်ပန်ရွာ။

 

ရွာနာမည်ကဆန်းသော်လည်း ရွာကလေးကတော့ သမားရိုးကျရွာကလေး တစ်ရွာဖြစ်သည်။ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသတွင်တည်ရှိပြီး ရွာသူရွာသားများမှာ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း စိုက်ပျိုးကာအသက်မွေးကြသည်။ ရွာကလေးက အနည်းငယ်ခေါင်လံပြီး အေးချမ်းပြီးဆိတ်ငြိမ်သည့်ရွာကလေးဖြစ်သည်။

 

ရွာတွင် သတင်းနှင့်ပြန်ကြားရေးဟု အမည်ပေးထားခံရသည့် အရီးမှုံက ယခုမနက်ယာခင်းထဲသို့အလာ၊ ရွာထိပ်ရှိဇရပ်ကလေးတွင် လူကြီးတစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ရွာနှင့် အနီးအပါးရွာများတွင် အရီးမှုံမသိ မကျွမ်းသည့်လူဟူ၍မရှိ။ သို့သော် ထိုလူကြီးကိုတော့ အရီးမှုံ တစ်ခါမှ မတွေ့ဖူးသေးပေ၊ ခရီးသွားတစ်ယောက်ဖြစ်မည်ဟုထင်ပြီး အရီးမှုံလည်း မစပ်စုတော့ဘဲ ယာခင်းထဲသို့လာခဲ့သည်။

 

နေ့လည်ထမင်းစားနားချိန်ပြီးသည့်အခါ အရီးမှုံပြန်လာခဲ့သည်။ အရီးမှုံက အသက်ကြီးပြီမို့ နေ့တစ်ပိုင်းသာယာခင်းထဲတွင် လုပ်သည်။ ကျန်သည့်အလုပ်များကို အိမ်မှလူငယ်များနှင့်ချန်ထားခဲ့ပြီး တောင်းကလေးတစ်ခုရွက်ကာ ရွာသို့ပြန်လာခဲ့သည်။ ဇရပ်ကလေးပေါ်ကြည့်မိလိုက်သည့်အခါ မနက်ကတွေ့ခဲ့သည့် ထိုလူကြီးသည် တစ်ကိုယ်လုံး တဆတ်ဆတ်နှင့် တုန်နေပြီး နှုတ်မှလည်း တစ်ခုခုကိုရွတ်ဆိုနေပုံရသည်။ အရီးမှုံလည်းအလွန်အံ့ဩသွားမိသည်။ ယခုလိုမျိုးကိစ္စတော့ အရီးမှုံတို့က လက်လွတ်မခံနိုင်ပေ။ အခြားသူများထက်သတင်းဦးနေဖို့က အရေးကြီးသည်။ ရွာတွင် တစ်ခုခုဖြစ်လျှင် မည်သူမှမသိချင်နေပါစေ အရီးမှုံကအရင်ဆုံးသိရမည်ဟု ကြွေးကြော်ထားသူဖြစ်သောကြောင့် ယခုလည်း ဇရပ်ပေါ်သို့အပြေးတက်ခဲ့သည်။

 

ထိုလူကြီးမှာ ဆံပင်ကဂုတ်ထောက်နေကာ ဖွာလန်ကျဲနေသည်။ ဆံပင်အချို့ကလည်း ဖြူဆွတ်နေသည်။ ရှမ်းအကျီပင်နီအကျီကို ရင်ဘတ်ဖွင့်ဝတ်ထားပြီးနောက် ထိုအင်္ကျD အောက်တွင်အဖြူရောင်စွပ်ကျယ်ကိုဝတ်ဆင်ထားသည်။ ရင်ဘတ်တွင်လည်း ဆေးအနီများဖြင့် ဘာမှန်းမသိသည့်စာတွေရေးထိုးထားလေသည်။ အောက်က ရှမ်းဘောင်းဘီအပွကြီးကိုဝတ်ဆင်ထားပြီး လွယ်အိတ်အစုတ်တစ်လုံးကိုလည်း နံဘေးတွင်ချထားသေးသည်။ ဇရပ်လှေကားအတက်တွင် ကောက်ကွေးနေသည့် ဝါးအမြစ်ဆုံတောင်ဝှေးတစ်ခုကိုလဲထောင်ထားရာ ထိုတောင်ဝှေးမှာ သူသုံးသည့် တောင်ဝှေးဖြစ်လောက်သည်ဟု အရီးမှုံက ကောက်ချက်ချလိုက်သည်။

 

အရီးမှုံလည်း ကြောက်ကြောက်နှင့် အနားသို့တိုးကပ်သွားရာ ထိုလူကြီးက နှုတ်မှတစ်ခုခုကို ရွတ်ဆိုနေပြီး တဆတ်ဆတ်တုန်နေလေသည်။ အရီးမှုံက ထိုလူကြီးကိုသေချာအကဲခတ်လိုက်ပြီး ဘိုးတော်တစ်ပါးပါး၊ သူတော်စင်တစ်ဦးဦးဖြစ်မည် ဟုတွေးလိုက်မိသည်။ ထိုသို့တွေးလိုက်မိသည်နှင့် လက်အုပ်ကိုအလိုလိုချီလိုက်ကာ အနားသို့တိုးကပ်သွားသည်။

 

“အေး၊ သမီးတော်ကြီးလာပြီလား”

 

အရီးမှုံဘာပြောရမှန်းမသိသေးချေ။ ဘိုးတော်ကြီးက သူရောက်နေမှန်းကိုပင် တန်းသိနေချေပြီ။

 

“သမီးတော်ကြီးလာမယ်မှန်းသိလို့ အဘစောင့်နေတာကြာပြီ”

 

ထိုတော့မှ အရီးမှုံတစ်ယောက် ပါးစပ်ထဲရှိသည့်အတိုင်းပြောလိုက်မိသည်။

 

“ရှိ . . ရောက်ပါပြီ အဘ”

 

ထိုအခါ ထိုလူကြီးက အရီးမှုန်ကိုလှည့် ကြည့်လိုက်သည်။ သူ့မျက်လုံးများက နီကျင်ကျင်နှင့် ဂဏာမငြိမ်သလိုဖြစ်နေသည်။ ပြီးနောက်အရီးမှုံလက်ကို ဆတ်ခနဲ ဆွဲကိုင်လိုက်သည်။

 

“ပျောက်စေ . . ပျောက်စေ”

 

ထိုသို့ပြောပြီးနောက် လက်ကိုပြန်သိမ်းသွားကာ ထုံးစံအတိုင်းနှုတ်မှ တတွတ်တွတ်ရွတ်ဖတ်နေရာ အရီးမှုံလည်း ကြောက်လန့်ပြီး တုန်တုန်ယင်ယင်နှင့်ဖြစ်ကာ ဇရပ်ပေါ်မှပြန်ဆင်းလာခဲ့သည်။ အိမ်သို့ပြန်ရာလမ်းတစ်လျှောက်တွင်လည်း ထိုအဖြစ်ကို အသေအချာစဉ်းစားနေမိသည်။

 

“အင်း၊ ပျောက်စေ . . ပျောက်စေဆိုတော့ ငါ့ဆီကရောဂါတစ်ခုခုကို ကုသပေးလိုက်တာများလား”

 

အရီးမှုံကတွေးရင်း သူတို့အိမ်အောက်ရောက်လာခဲ့သည်။ ခြေတံရှည်အိမ်ကြီးကိုလှေကား ခုနစ် ထစ်ခန့်တက်ရသည်။ သို့သော် ယခုတော့ အရီးမှုံလှေကားတက်ရတာပေါ့ပါးနေသည်ဟု ခံစားရသည်။ ယခင်က နှစ်ရှည်လများခံစားနေရသည့် ဒူးနာရောဂါမှာ ထူးဆန်းစွာပျောက်ကင်းသွားခဲ့သည်။ အိမ်ပေါ်တက်ခါနီးတိုင်း လှေကားထစ်များကို ဖင်ကုန်းပြီးမနည်းတက်ရသော်လည်း ယခုတော့ပေါ့ပါးစွာဖြင့် တက်နိုင်လေရာ အရီးမှုံလည်း တွေးရင်းပျော်သွားတော့သည်။ စိတ်ထဲသေချာသွားစေရန် လှေကားအား လေးငါးခါလောက် တက်လိုက်ဆင်းလိုက်လုပ်ကြည့်ပြီးနောက် အိမ်အောက်လှေကားရှေ့တွင် ခါးထောက်ပြီး အောင်နိုင်သူအပြုံးနှင့် မာန်ပါပါပြုံးလိုက်တော့သည်။

 

“ဟုတ်ပြီ၊ ငါ့သတင်းကို ရွာထဲအရင်ဦးအောင်ဖြန့်ရမယ်”

 

ထိုသို့ပြောပြီးနောက် အိမ်ထဲမှထွက်ကာ ရွာထဲသို့အပြေးထွက်သွားလေတော့သည်။

 

(၂)

 

အရီးဒေါ်မှုံသတင်းက နှစ်နာရီပင်မကြာလိုက်ဘဲ တစ်ရွာလုံးသို့ တောမီးပမာ ပြန့်နှံ့သွားလေသည်။ ထို့နောက်တော့ရွာမှလူများက ဇရပ်ဆီသို့ တဖွဲဖွဲနှင့် ရောက်လာကြရာ ဇရပ်ကလေးမှာ လူအများဖြင့် ပြည့်လျှံသွားပြီး အချို့မှာဇရပ်အောက်တွင်ပင် မတ်တပ်ရပ်နေကြရသည်။ မကြာခင် သူကြီးရောက်လာသဖြင့် ရွာသားများက သူကြီးအား နေရာလုပ်ပေးလိုက်ကြသည်။

 

သူကြီး ဦးသန့်ဆိုသူက ထိုလူကြီးရှေ့တွင် ကျုံ့ကျုံ့ကလေးထိုင်ပြီးနောက် အသာအကဲခတ်ကြည့်နေလိုက်သည်။ ထိုစဉ် ထိုလူကြီးက မျက်လုံးပွင့်လာလေသည်။

 

“အိမ်း၊ ငါနဲ့တွေ့တာ မင်းတို့ရွာတော့ ကံကောင်းတာပဲဟေ့”

 

သူကြီးလည်း လက်အုပ်ချီပြီး ဘာပြောရမှန်းမသိ။

 

“တင်ပါ့ . . အဲ မဟုတ်ပါဘူး . . မှန်ပါ့”

 

ထိုအခါ ရွာသားများက တစ်ယောက်တစ်ပေါက်ပြောနေကြသည်။ ထိုလူကြီးက လွယ်အိတ်အစုတ်ကြီးထဲကို လက်နှိုက်ထည့်လိုက်ပြီးနောက် လက်သီးဆုပ်ကိုပြန်ထုတ်ယူ လိုက်သည်။ ထို့နောက် ထိုလက်သီးဆုပ်ကို သူ့ရှေ့ဇရပ်ကြမ်းပြင်ပေါ်တွင်ဖြေချလိုက်သည်။ ဆန်စေ့များက ဇရပ်ကြမ်းပြင်ပေါ်သို့ အပုံလိုက်ကျလာခဲ့သည်။

 

“မင်းတို့တစ်ရွာလုံးကို ဒီဆန်လက်တစ်ဆုပ်နဲ့ ဗိုက်ပူအောင်ကျွေးနိုင်မယ်ဆိုရင် မင်းတို့ယုံမလား”

 

သူကြီးရော ရွာသားများအားလုံး အံ့အားသင့်ကုန်ကြသည်။ ယုံသူမယုံသူများက ငြင်းခုန်ကုန်ကြသည်။ သူကြီးကတော့ လုံး၀မယုံပေ။

 

“ဟာ . . . အဘကိုတော့ စော်ကားတာမဟုတ်ပါဘူးဗျာ၊ ကျုပ်တို့ ရွာမှာလူက ရာချီရှိတာ၊ အဘဆန်လက်တစ်ဆုပ်နဲ့ ဗိုက်ပူအောင်ကျွေးဖို့ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်ဗျ”

 

“ဟား . . . ဟား”

 

ထိုလူကြီးက အာပေါင်အာရင်းသန်သန်နှင့် ရယ်မောလိုက်ရာ သူကြီးနှင့် ရွာသားများပင် အလွန်ထိတ်လန့်သွားကြသည်။

 

“မင်းတို့ မယုံရင် ယုံအောင်လုပ်ပြမယ်၊ သွား၊ အိုးသွားယူလာခဲ့ကြ”

 

သူကြီးကမယုံသော်လည်း စမ်းကြည့်ချင်သည်မို့ ရွာသားများကို အိုးတစ်လုံးသွားယူခိုင်းလိုက်သည်။ ထိုအခါ ရွာသားများက အလှူလုပ်သည့် အချိန်တစ်ဆယ်အိုးကြီးကို ထမ်းလာခဲ့ကြသည်။ ဘိုးတော်ကြီးက ထိုအိုးကြီးမြင်တော့ ဘိုးတော်ကြီးက ခေါင်းကိုခါရမ်းလိုက်သည်။

 

“အဲဒီလောက်ကြီးတာကြီး မလိုပါဘူးကွာ၊ ဆန်လေးလုံးအိုးဆိုရင်ရပါပြီ”

 

“ဆန်လေးလုံးအိုးနဲ့ ချက်ရင် တစ်ရွာလုံး ဘယ်လိုစားလောက်မှာလဲ အဘရဲ့”

 

သူကြီးက အထွန့်တက်လိုက်သည်။ ထိုအခါ သူကြီးကတော်က သူကြီးလက်ကိုကုတ်လိုက်သည်။

 

“အိုတော်၊ ရှင်ကလည်း ဒုံးဝေးလိုက်တာ၊ တန်ခိုးရှိတဲ့ဘိုးတော်ဆိုတော့ ဒီအိုးသေးသေးလေးကနေ မကုန်မခမ်းထွက်နိုင်အောင် လုပ်ပြမှာလားမှမသိတာ၊ ပုဂ္ဂိုလ်ထူးတွေကို မပြစ်မှားမိစေနဲ့နော်”

 

သူကြီးလည်း ဘာမှမပြောသာတော့။ ရွာသားတစ်ယောက်က ဆန်လေးလုံးချက် ဒန်အိုးနှင့် သစ်သားယောက်မတစ်ခုကိုယူလာခဲ့သည်။ မီးဖိုကို ဇရပ်ရှေ့တွင် ဖိုလိုက်ပြီးနောက် ဆန်ကိုအိုးထဲထည့်ကာ ရေထည့်လိုက်ကြသည်။ အချိန်က ညနေစောင်းနေပြီဖြစ်သော်လည်း ဇရပ်လေးဆီသို့ ရွာသားများက တဖွဲဖွဲရောက်လာနေကြသည်။

 

“ဟေ့ကောင်ရေ ဒါဘိုးတော်ကြီးက ချီးမြှင့်မည့် သိဒ္ဓိတင်ထားတဲ့ ဆန်ပြုတ်ဖြစ်မယ်ကွ”

 

“အေးကွ၊ အိုးကလည်း သေးသေးလေးဆိုတော့ တို့ကြားဖူးသလို၊ ခပ်လို့မကုန်၊ သောက်လို့မကုန်အောင် လုပ်ပြမယ်ထင်တယ်”

 

“အေးလေ၊ အရီးမှုံဆို ဒူးနာတာနှစ်တွေကြာနေပြီ ဘိုးတော်ကြီးလက်နဲ့ထိလိုက်တာနဲ့ တစ်ခါတည်း ယူပစ်သလို ပျောက်သွားတယ်မဟုတ်လား”

 

ဆန်ပြုတ်အပွက်ကိုရွာသူရွာသားများစောင့်ရင်း အမျိုးစုံပြောဆိုနေကြသည်။ မကြာခင် အိုးမှာပွက်တက်လာသည်။ ဘိုးတော်ကြီးက ယောက်မကိုယူလိုက်ပြီးနောက် ဆန်ပြုတ်ကိုမွှေနေသည်။ မွှေရင်း ပါးစပ်မှ တဖွဖွရွတ်နေလေသည်။ နောက်တော့ အမျိုးအမည်မသိသည့် သစ်ရွက်ခြောက်များကို လွယ်အိတ်အတွင်းမှ ထုတ်လိုက်ပြီးနောက် ဆန်ပြုတ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။

 

“ကဲ တန်းစီကြ”

 

ရွာသူရွာသားများ အလုအယက်တန်းစီကြသည်။ ဆန်ပြုတ်ကုန်သွားမှာစိုး၍ တစ်ယောက်နှင့်တစ်ယောက် တိုးဝှေ့လျှက် သူ့ထက်ငါဦးအောင်နေရာလုနေကြသည်။ လူတန်းကြီးက မညီမညာကြီးဖြစ်နေသည်။ ထိုလူတန်းရှေ့မှ သူကြီးက ဝင်ပြီးနေရာယူလိုက်သည်။ ရွာသားအချို့က မကျေနပ်ပေ။

 

“ဟေ့၊ ငါကသူကြီးနော်၊ ငါအရင်ဆုံးလုပ်မယ်”

 

သူကြီးနောက်မှ သူကြီးကတော်က ဝင်တိုးလိုက်သည်။ ထို့နောက် သူကြီးကတော်က ကျီးကန်းတောင်းမှောက်ဖြင့် ဟိုကြည့်ဒီကြည့် ကြည့်နေသေးသည်။

 

“ဟင်၊ ရှင့်သား ဘယ်ရောက်သွားလဲ၊ တယ် . . ဒီကောင်လေး တော်တော်ခက်တာပဲ”

 

သူကြီးကတော်က သူ့သားကိုနေရာပေးချင်သော်လည်း လူအုပ်ထဲမတွေ့သဖြင့် တဗြစ်တောက်တောက်လုပ်နေသေးသည်။ သို့သော် အနောက်မှရွာသားများက အော်ဟစ်နေကြပြီမို့ ငြိမ်နေလိုက်ရသည်။ ဘိုးတော်က ဆန်ပြုတ်အိုးကို ယောက်မနှင့်မွှေနေရင်း

 

“ကဲ ငါ့သားကြီး ဗိုက်ကိုလှန်လိုက်”

 

သူကြီးထူးဆန်းသွားကာ ဘိုးတော်ကိုကြောင်ကြည့်နေသည်။

 

“လှန်လို့ပြောနေတယ်လေ၊ မင်းအကျီကိုလှန်ခိုင်းတာ”

 

သူကြီးလည်း ဘာလုပ်ရမှန်းမသိသောကြောင့် ဘိုးတော်ကြီးခိုင်းသည့်အတိုင်း အကျီကို လှန်ပေးလိုက်မိသည်။ ထိုအခါ ဘိုးတော်ကြီးက ဘာမပြောညာမပြောနှင့် ယောက်မအပူကြီးကို သူကြီးဗိုက်တွင်ကပ်ထည့်လိုက်တော့သည်။

 

“အား . . .”

 

သူကြီးအော်ဟစ်လိုက်သောကြောင့် ရွာသားများအကုန်ပြေးလာပြီး ဝိုင်းကြည့်နေသည်။ သူကြီးဗိုက်တွင် ဆန်ပြုတ်အရည်ပူပူလောင်သွားကာ အငွေ့များပင် တထောင်းထောင်းထနေသေးသည်။

 

“ကဲ ငါ့သားကြီး ဗိုက်ပူပြီလား”

 

“ပူ . . ပူပါတယ် အဘ”

 

“ပူရမယ်၊ ပူရမယ်၊ မပူနဲ့နော်၊ မင်းတို့တစ်ရွာလုံး ဗိုက်ပူရမယ် ဟုတ်ပြီလား၊ အခုဗိုက်ပူသွားပြီဆိုတော့ လိုရာဆုတစ်ခုတောင်းစမ်းကွာ”

 

သူကြီးလည်း ဗိုက်ကိုလက်နှင့်ပွတ်နေရင်းမှ ကပြာကယာ လက်အုပ်ချီမိလိုက်သည်။ ဆုတောင်းရန်စဉ်းစားနေလိုက်ပြီးနောက် တစ်ချက်ပြုံးလိုက်လေသည်။

 

“မှန်ပါဘိုးတော်ကြီး၊ ကျုပ်ဒီ ရာသက်ပန်ရွာမှာ ရာသက်ပန် သူကြီးဖြစ်ရပါလို၏ ဟိ ဟိ”

 

သူကြီးဆုတောင်းကိုကြားတော့ ရွာသားများက မဲ့ရွဲ့လိုက်ကြသည်။

 

“ပြည့်စေ၊ ပြည့်စေ ကဲလာနောက်တစ်ယောက်အလှည့်”

 

ရွာသားများမှာ တစ်ယောက်တစ်ခွန်းဖြစ်ကုန်ကြသည်။ သို့သော် အများစုကတော့ ဘိုးတော်ကြီး ဓါတ်ရိုက်ဓါတ်ဆင်လုပ်ပေးခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဆုတောင်းပြည့်ရင်နည်းလားဟု တွေးထင်ကုန်ကြသည်။

 

သူကြီးကတော်က အကျီလေးမပြီး ဗိုက်ကိုထိုးပေးလိုက်သည်။ ဘိုးတော်ကြီးက ခုနကအတိုင်း ယောက်မအပူဖြင့် ဗိုက်ကိုကပ်ပေးလိုက်ပြန်သည်။

 

“အောင်မယ်လေးတော့”

 

“ကဲ ဆုတောင်းစမ်း၊ သမီးတော်ကြီး”

 

“အဟင်း၊ ရာသက်ပန် ချမ်းသာကြွယ်၀သူဖြစ်ရပါလို၏”

 

သူကြီးကတော်ဆုကြားတော့ နောက်က အရီးဒေါ်မှုံက မျက်နှာမဲ့လိုက်သည်။ သူကြီးကတော်နှင့် အရီးမှုံမှာ သူ့ထက်ငါ သတင်းထူးသူအဖြစ်လုနေလေ့ရှိရာ တစ်ယောက်နှင့်တစ်ယောက် သိပ်ကြည့်မရကြ။ နောက်တစ်ခါ အရီးဒေါ်မှုံအလှည့်ဖြစ်သည်။ ဘိုးတော်ကြီးက ဗိုက်ပူအောင်လုပ်ပေးပြီးသော် ဆုတောင်းခိုင်းလေသည်။

 

“ရာသက်ပန် သူကြီးကတော်ထက် ပိုချမ်းသာသူဖြစ်ရပါလို၏”

 

သူကြီးကတော်မျက်နှာကြီး ဒေါသထွက်ပြီး နီမြန်းလာလေသည်။ အရီးမှုံကတော့ အောင်နိုင်သူအလား သွားကိုဖြီးနေ၏။

 

သို့နှင့် ဘိုးတော်ကြီးက တစ်ရွာလုံးအား ဗိုက်ပူအောင်လုပ်ပြီးဆုတွေတောင်းခိုင်းရာ ရာသက်ပန်ရွာကလေးမှာ ရာသက်ပန်ဆုများတောင်းကြသည်။ အချို့ကတစ်ယောက်နှင့် တစ်ယောက်စောင်းချိတ်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် အပြိုင်ဆုတောင်းကြသဖြင့် ရန်ပွဲများပင် ဖြစ်ကုန်ကြသည်။ သို့နှင့် တစ်ရွာလုံးနီးပါးကုန်တော့ နောက်ဆုံးအလှည့်ကျသူကို ဝိုင်းကြည့်လိုက်ကြသည့်အခါ သူကြီးဖြစ်နေပြန်သည်။

 

“ဟာ . . သူကြီး”

 

ရွာသားများအကုန် အံ့အားသင့်ကုန်ကြသည်။ သူကြီးကတော့ ပြုံးဖြီးဖြီးဖြင့်

 

“နောက်တစ်ခါလောက်ပဲ ထပ်ဆုတောင်းချင်ပါတယ် ဘိုးတော်ကြီး”

 

ဘိုးတော်ကြီးက ခေါင်းညိတ်လိုက်ပြီး ဗိုက်ကိုနောက်ထပ် ထပ်ကပ်ပေးလိုက်သည်။ သူကြီးဗိုက်တွင် အပူလောင်ရာကြီး နှစ်ခုဖြစ်သွားချေပြီ။

 

“ကဲဆုတောင်း”

 

သူကြီးက မျက်နှာကိုဖြီးထားသည်။

 

“ဟိုလေ . . စိတ်ထဲကပဲ တောင်းလို့မရဘူးလား”

 

ဘိုးတော်ကြီးက ခေါင်းခါလိုက်သည်။ သူကြီးက မတတ်နိုင်တော့ပေ။

 

“ရာသက်ပန် မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးလို လူ့စည်းစိမ်အပြည့် ခံစားရပါလို၏ ဟီး”

 

သူကြီးစကားကိုကြားလိုက်တော့ သူကြီးကတော်က ဆွေ့ဆွေ့ခုန်သွားတော့သည်။

 

“ကိုသန့် ရှင် . . ရှင်”

 

ထိုသို့ပြောပြီးနောက် အကျီကိုလှန်ပြီး ဘိုးတော်ရှေ့တွင် ဝင်ရပ်လိုက်သည်။

 

“ဘိုးတော်ကြီး ကျွန်မကိုလည်း နောက်တစ်ခါလောက် ဆုတောင်းခွင့်ပေးပါ”

 

သူကြီးကတော်ခိုင်းသည့်အတိုင်း ဘိုးတော်ကြီးက ထပ်လုပ်ပေးပြန်သည်။

 

“ကဲဆုတောင်း”

 

“ကျွန်မလင် သူကြီးကိုသန့်တစ်ယောက် နောက်ဘ၀တွေမှာ ရာသက်ပန် ယောက်ျားတစ်ထောင်ထံတွင် ခစားရသော မောင်းမဖြစ်ပါစေ”

 

ဘိုးတော်ကြီးက ခေါင်းတညိတ်ညိတ်နှင့်

 

“ပြည့်စေ”

 

ထိုအခါ သူကြီးလင်မယား ထသတ်ကြတော့သည်။ ရွာသားများက ဝိုင်းဆွဲကြရာ ဆန်ပြုတ်အိုးတိုက်မိပြီး အိုးမှာမှောက်ကျသွားတော့လေသည်။ ရွာသားအချို့က မကျေနပ်ကြပေ။ သူတို့လည်း နှစ်ခါလောက်တော့ ဆုတောင်းချင်သေးသည်။ သို့သော် ဘိုးတော်ကြီးက ဇရပ်ပေါ်ပြန်တက်သွားသည်မို့ အကုန်လုံး ဘာမှမတတ်နိုင်ကြတော့။ ဘိုးတော်ကြီးက ဇရပ်ပေါ်ရောက်သည်နှင့် လွယ်အိတ်ကိုကောက်လွယ်လိုက်သည်။ ထို့နောက် တောင်ဝှေးကြီးကို ကောက်ယူလိုက်လေသည်။

 

(၃)

 

“ဘိုးတော်ကြီးနေပါအုံး”

 

သူကြီးမျက်နှာမှာ သူကြီးကတော်လက်ချက်ဖြင့် ဖူးယောင်နေလျှက်ရှိသည်။ ဘိုးတော်ကြီးကိုဇရပ်ပေါ်မှ ပြန်မဆင်းနိုင်ရန်အတွက် ရွာသားများက ဝိုင်းပိတ်ထားကြသည်။

 

“ဘိုးတော်ကြီးနေပါအုံး၊ ကျွန်တော်တို့ရွာသားတွေက ဘိုးတော်ကြီးကို ကိုးကွယ်ချင်သေးလို့ပါ”

 

ဘိုးတော်ကြီးက ခေါင်းခါလိုက်သည်။

 

“မရဘူး၊ အဘက ခုနစ်ရက်သားသမီးတွေကို ကယ်တင်ရဦးမှာကွဲ့၊ အဘသွားမှဖြစ်မယ်”

 

ထိုသို့ပြောလိုက်တော့ ရွာသားများက မသွားစေချင်ကြပေ။ သူတို့ဘိုးတော်ကြီးကိုအားကိုးချင်သေးသည်။ ဘိုးတော်ကြီး၏ အစွမ်းတွေကို တွေ့မြင်လိုသေးသည်။ ထို့ကြောင့် ဘိုးတော်ကြီးကို ဝိုင်းဆွဲထားကြသည်။ သူကြီးကိုယ်တိုင် ဘာဆုတောင်းရမလဲဟု စိတ်ထဲစဉ်းစားရင်း ဘိုးတော်ကြီးကိုမသွားစေလို၏ ခြေသလုံးကိုဖက်ထားရသည်။ သူတို့ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ဇရပ်အနီးသို့လှည်းတစ်စီး ရောက်လာလေသည်။ လှည်းပေါ်တွင် ယောက်ျား လေးယောက်ခန့်ပါပြီးနောက် ထိုယောက်ျားများက လှည်းပေါ်မှဆင်း၍ ဇရပ်ပေါ်သို့ တက်လာခဲ့ကြသည်။

 

ဘိုးတော်ကြီးနားအရောက်တွင် ထိုလူများက မတ်တပ်ရပ်လိုက်ကြသည်။ လက်အုပ်လည်း ချီထားလိုက်ကြသည်။

 

“ကဲ ဝိဇ္ဇာသခင်၊ ဝိဇ္ဇာမင်းခေါင် ဘိုးဘိုးပြောင်ကို တပည့်တော်တို့လာပင့်ပါသည်။ ဝိဇ္ဇာတိုင်းပြည်သို့ ပြန်လည်ကြွတော်မူပါ”

 

ထိုသို့ပြောသည့်အခါ သူကြီးမှာ ထိုလူများကို ဟန့်တားလေသည်။

 

“မရဘူး၊ ဘိုးဘိုးပြောင်ဟုတ်လား၊ အခုငါတို့ရွာကိုရောက်နေတာ ငါသွားခွင့်မပြုနိုင်ဘူး”

 

ထိုအခါ ထိုလူများက သူကြီးတို့ဆီမှာ ဘိုးဘိုးပြောင်ကို ဝိုင်းဆွဲကြသည်။ သူကြီးနှင့် ရွာသားများကလဲ ပြန်ဆွဲသည်။

 

“ကဲ အဘပြန်မယ်သားတို့၊ မဆွဲကြနဲ့တော့”

 

ထိုတော့မှ သူကြီးတို့အကုန်လုံး လက်လွှတ်လိုက်ကြသည်။ ယောက်ျားသုံးယောက်က ဘိုးဘိုးပြောင်ဆိုသူ ဘိုးတော်ကြီးအား လက်နှစ်ဖက်မှဆွဲ၍ လှည်းပေါ်သို့ခေါ်တင်သွားကြသည်။ ယောက်ျားတစ်ယောက်ကတော့ ဇရပ်ပေါ်ကျန်နေခဲ့သည်။

 

“ခင်ဗျားတို့တွေ ကျုပ်တို့အဘကို ခေါ်ထားပေးလို့ ကျေးဇူးတင်ပါတယ်၊ သူ့ကိုလိုက်ရှာနေတာ သုံးရက်လောက်ရှိပြီ”

 

သူကြီးက စိတ်တော့မကောင်းပေ။

 

“ဒါနဲ့ ခင် . . ခင်ဗျားတို့ကလည်း ဝိဇ္ဖာတွေပဲလား၊ ဝိဇ္ဇာတိုင်းပြည်ကို ပြန်ကြမလို့လား”

 

ထိုလူက သူကြီးစကားကိုကြားတော့ ပြုံးနေလေသည်။

 

“ဘာဝိဇ္ဇာမှလဲ မဟုတ်ဘူး၊ ဝိဇ္ဇာတိုင်းပြည်ကလည်း မဟုတ်ဘူး၊ ကျုပ်တို့က ညောင်ခါးရှည်ရွာက”

 

ထိုရွာမှာ သူတို့ရာသက်ပန်ရွာနှင့်အတန်ငယ်လှမ်းသည့်ရွာဖြစ်သည်။

 

“နေပါဦး၊ ဒါဆို ဘိုးတော်ကြီးက”

 

“ဟုတ်တယ်၊ သူက ကျုပ်တို့ရဲ့အဘ(အဖေ)ပဲ၊ ကျုပ်တို့အရမ်းအားထားရတဲ့ အဘပေ့ါဗျာ၊ လွန်ခဲ့တဲ့ သုံးနှစ်လောက်က စိတ်ဖောက်သွားပြီး ယဉ်ယဉ်လေးရူးနေတယ်ဆိုပါတော့ဗျာ၊ အရင်က သူက ဂမ္ဘီရတို့ ဝိဇ္ဇာတို့ သိပ်စိတ်ဝင်စားတာဗျ၊ အခုရူးသွားတော့လဲ သူ့ကိုယ်သူ ဘိုးတော်ဖြစ်နေတယ်ဆိုပြီး ထင်နေတာဗျ”

 

ထိုလူအပြောကိုကြားလိုက်သည့်အခါ သူကြီးဘာမှမပြောနိုင်တော့။ ရွာသားများအားလုံးလဲ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

 

“လွန်ခဲ့တဲ့ သုံးရက်လောက်က အိမ်ကလူတွေအလစ်မှာ ထွက်သွားတော့တာပဲ၊ ကျုပ်တို့လဲ ရွာအနီးအပါးလိုက်ရှာသေးတယ်၊ မတွေ့တာနဲ့တခြားရွာတွေကိုပါ လိုက်ရှာရင်း ရောက်လာကြတာပါ၊ ဒီက ရပ်ရွာလူကြီးတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျုပ်တို့အဘ အမှားလုပ်ထားတာရှိရင်လဲ ကျွန်တော်တောင်းပန်ပါတယ်ဗျ”

 

ထိုသို့ပြောကာ ထိုလူက ဇရပ်ပေါ်မှ ဆင်းသွားတော့သည်။ ထို့နောက်သူတို့လှည်းက တရွေ့ရွေ့ထွက်ခွာသွားလေသည်။ လှည်းပေါ်မှ ဘိုးတော်ကြီးက သူတို့ရွာသားတွေကိုလက်ပြရင်း နှုတ်ဆက်သွားသေးသည်။ သူကြီးလဲ ထိုတော့မှ သူ့အကျီကိုလှန်ကြည့်သည်။ ဗိုက်တွင်တော့ အပူလောင်ထားသည့် ဒဏ်ရာကြီးနှစ်ခုက နီရဲနေလေသည်။ ထို့နောက်ရွာသားများအားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကြောင်စီစီနှင့်ဖြစ်နေကြတော့သည်။

 

တစ်ရွာလုံး ဆန်လက်တစ်ဆုပ်နှင့် ဗိုက်ပူခဲ့ကြရသည်မဟုတ်ပါလား။

 

ပြီးပါပြီ။

 

ရှင်းလင်းချက်

 

မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေရန်မရည်ရွယ်ပါ သဒ္ဒါများလျှင် မှားတတ်ကြောင်းကိုသာ ရည်ညွှန်းပါသည်။ အရီးခင်မှုံ ခါးနာပျောက်သွားသည်ဆိုသည်မှာ စိတ်၏ယုံကြည်မှုကြောင့်ဖြစ်နိုင်ပါသည်။

 

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်

 

#အဂ္ဂဇော်

“ပုဂၢိဳလ္ထူး”(စ/ဆုံး)
—————————
(၁)

ရာသက္ပန္႐ြာ။

႐ြာနာမည္ကဆန္းေသာ္လည္း ႐ြာကေလးကေတာ့ သမား႐ိုးက်႐ြာကေလး တစ္႐ြာျဖစ္သည္။ ျမန္မာျပည္အလယ္ပိုင္း ေျမလတ္ေဒသတြင္တည္ရွိၿပီး ႐ြာသူ႐ြာသားမ်ားမွာ လယ္၊ ယာ၊ ကိုင္း၊ ကြၽန္း စိုက္ပ်ိဳးကာအသက္ေမြးၾကသည္။ ႐ြာကေလးက အနည္းငယ္ေခါင္လံၿပီး ေအးခ်မ္းၿပီးဆိတ္ၿငိမ္သည့္႐ြာကေလးျဖစ္သည္။

႐ြာတြင္ သတင္းႏွင့္ျပန္ၾကားေရးဟု အမည္ေပးထားခံရသည့္ အရီးမႈံက ယခုမနက္ယာခင္းထဲသို႔အလာ၊ ႐ြာထိပ္ရွိဇရပ္ကေလးတြင္ လူႀကီးတစ္ေယာက္ထိုင္ေနသည္ကို ေတြ႕လိုက္ရသည္။ သူတို႔႐ြာႏွင့္ အနီးအပါး႐ြာမ်ားတြင္ အရီးမႈံမသိ မကြၽမ္းသည့္လူဟူ၍မရွိ။ သို႔ေသာ္ ထိုလူႀကီးကိုေတာ့ အရီးမႈံ တစ္ခါမွ မေတြ႕ဖူးေသးေပ၊ ခရီးသြားတစ္ေယာက္ျဖစ္မည္ဟုထင္ၿပီး အရီးမႈံလည္း မစပ္စုေတာ့ဘဲ ယာခင္းထဲသို႔လာခဲ့သည္။

ေန႔လည္ထမင္းစားနားခ်ိန္ၿပီးသည့္အခါ အရီးမႈံျပန္လာခဲ့သည္။ အရီးမႈံက အသက္ႀကီးၿပီမို႔ ေန႔တစ္ပိုင္းသာယာခင္းထဲတြင္ လုပ္သည္။ က်န္သည့္အလုပ္မ်ားကို အိမ္မွလူငယ္မ်ားႏွင့္ခ်န္ထားခဲ့ၿပီး ေတာင္းကေလးတစ္ခု႐ြက္ကာ ႐ြာသို႔ျပန္လာခဲ့သည္။ ဇရပ္ကေလးေပၚၾကည့္မိလိုက္သည့္အခါ မနက္ကေတြ႕ခဲ့သည့္ ထိုလူႀကီးသည္ တစ္ကိုယ္လုံး တဆတ္ဆတ္ႏွင့္ တုန္ေနၿပီး ႏႈတ္မွလည္း တစ္ခုခုကို႐ြတ္ဆိုေနပုံရသည္။ အရီးမႈံလည္းအလြန္အံ့ဩသြားမိသည္။ ယခုလိုမ်ိဳးကိစၥေတာ့ အရီးမႈံတို႔က လက္လြတ္မခံႏိုင္ေပ။ အျခားသူမ်ားထက္သတင္းဦးေနဖို႔က အေရးႀကီးသည္။ ႐ြာတြင္ တစ္ခုခုျဖစ္လွ်င္ မည္သူမွမသိခ်င္ေနပါေစ အရီးမႈံကအရင္ဆုံးသိရမည္ဟု ေႂကြးေၾကာ္ထားသူျဖစ္ေသာေၾကာင့္ ယခုလည္း ဇရပ္ေပၚသို႔အေျပးတက္ခဲ့သည္။

ထိုလူႀကီးမွာ ဆံပင္ကဂုတ္ေထာက္ေနကာ ဖြာလန္က်ဲေနသည္။ ဆံပင္အခ်ိဳ႕ကလည္း ျဖဴဆြတ္ေနသည္။ ရွမ္းအက်ီပင္နီအက်ီကို ရင္ဘတ္ဖြင့္ဝတ္ထားၿပီးေနာက္ ထိုအက်ၤD ေအာက္တြင္အျဖဴေရာင္စြပ္က်ယ္ကိုဝတ္ဆင္ထားသည္။ ရင္ဘတ္တြင္လည္း ေဆးအနီမ်ားျဖင့္ ဘာမွန္းမသိသည့္စာေတြေရးထိုးထားေလသည္။ ေအာက္က ရွမ္းေဘာင္းဘီအပြႀကီးကိုဝတ္ဆင္ထားၿပီး လြယ္အိတ္အစုတ္တစ္လုံးကိုလည္း နံေဘးတြင္ခ်ထားေသးသည္။ ဇရပ္ေလွကားအတက္တြင္ ေကာက္ေကြးေနသည့္ ဝါးအျမစ္ဆုံေတာင္ေဝွးတစ္ခုကိုလဲေထာင္ထားရာ ထိုေတာင္ေဝွးမွာ သူသုံးသည့္ ေတာင္ေဝွးျဖစ္ေလာက္သည္ဟု အရီးမႈံက ေကာက္ခ်က္ခ်လိုက္သည္။

အရီးမႈံလည္း ေၾကာက္ေၾကာက္ႏွင့္ အနားသို႔တိုးကပ္သြားရာ ထိုလူႀကီးက ႏႈတ္မွတစ္ခုခုကို ႐ြတ္ဆိုေနၿပီး တဆတ္ဆတ္တုန္ေနေလသည္။ အရီးမႈံက ထိုလူႀကီးကိုေသခ်ာအကဲခတ္လိုက္ၿပီး ဘိုးေတာ္တစ္ပါးပါး၊ သူေတာ္စင္တစ္ဦးဦးျဖစ္မည္ ဟုေတြးလိုက္မိသည္။ ထိုသို႔ေတြးလိုက္မိသည္ႏွင့္ လက္အုပ္ကိုအလိုလိုခ်ီလိုက္ကာ အနားသို႔တိုးကပ္သြားသည္။

“ေအး၊ သမီးေတာ္ႀကီးလာၿပီလား”

အရီးမႈံဘာေျပာရမွန္းမသိေသးေခ်။ ဘိုးေတာ္ႀကီးက သူေရာက္ေနမွန္းကိုပင္ တန္းသိေနေခ်ၿပီ။

“သမီးေတာ္ႀကီးလာမယ္မွန္းသိလို႔ အဘေစာင့္ေနတာၾကာၿပီ”

ထိုေတာ့မွ အရီးမႈံတစ္ေယာက္ ပါးစပ္ထဲရွိသည့္အတိုင္းေျပာလိုက္မိသည္။

“ရွိ . . ေရာက္ပါၿပီ အဘ”

ထိုအခါ ထိုလူႀကီးက အရီးမႈန္ကိုလွည့္ ၾကည့္လိုက္သည္။ သူ႔မ်က္လုံးမ်ားက နီက်င္က်င္ႏွင့္ ဂဏာမၿငိမ္သလိုျဖစ္ေနသည္။ ၿပီးေနာက္အရီးမႈံလက္ကို ဆတ္ခနဲ ဆြဲကိုင္လိုက္သည္။

“ေပ်ာက္ေစ . . ေပ်ာက္ေစ”

ထိုသို႔ေျပာၿပီးေနာက္ လက္ကိုျပန္သိမ္းသြားကာ ထုံးစံအတိုင္းႏႈတ္မွ တတြတ္တြတ္႐ြတ္ဖတ္ေနရာ အရီးမႈံလည္း ေၾကာက္လန႔္ၿပီး တုန္တုန္ယင္ယင္ႏွင့္ျဖစ္ကာ ဇရပ္ေပၚမွျပန္ဆင္းလာခဲ့သည္။ အိမ္သို႔ျပန္ရာလမ္းတစ္ေလွ်ာက္တြင္လည္း ထိုအျဖစ္ကို အေသအခ်ာစဥ္းစားေနမိသည္။

“အင္း၊ ေပ်ာက္ေစ . . ေပ်ာက္ေစဆိုေတာ့ ငါ့ဆီကေရာဂါတစ္ခုခုကို ကုသေပးလိုက္တာမ်ားလား”

အရီးမႈံကေတြးရင္း သူတို႔အိမ္ေအာက္ေရာက္လာခဲ့သည္။ ေျခတံရွည္အိမ္ႀကီးကိုေလွကား ခုနစ္ ထစ္ခန႔္တက္ရသည္။ သို႔ေသာ္ ယခုေတာ့ အရီးမႈံေလွကားတက္ရတာေပါ့ပါးေနသည္ဟု ခံစားရသည္။ ယခင္က ႏွစ္ရွည္လမ်ားခံစားေနရသည့္ ဒူးနာေရာဂါမွာ ထူးဆန္းစြာေပ်ာက္ကင္းသြားခဲ့သည္။ အိမ္ေပၚတက္ခါနီးတိုင္း ေလွကားထစ္မ်ားကို ဖင္ကုန္းၿပီးမနည္းတက္ရေသာ္လည္း ယခုေတာ့ေပါ့ပါးစြာျဖင့္ တက္ႏိုင္ေလရာ အရီးမႈံလည္း ေတြးရင္းေပ်ာ္သြားေတာ့သည္။ စိတ္ထဲေသခ်ာသြားေစရန္ ေလွကားအား ေလးငါးခါေလာက္ တက္လိုက္ဆင္းလိုက္လုပ္ၾကည့္ၿပီးေနာက္ အိမ္ေအာက္ေလွကားေရွ႕တြင္ ခါးေထာက္ၿပီး ေအာင္ႏိုင္သူအၿပဳံးႏွင့္ မာန္ပါပါၿပဳံးလိုက္ေတာ့သည္။

“ဟုတ္ၿပီ၊ ငါ့သတင္းကို ႐ြာထဲအရင္ဦးေအာင္ျဖန႔္ရမယ္”

ထိုသို႔ေျပာၿပီးေနာက္ အိမ္ထဲမွထြက္ကာ ႐ြာထဲသို႔အေျပးထြက္သြားေလေတာ့သည္။

(၂)

အရီးေဒၚမႈံသတင္းက ႏွစ္နာရီပင္မၾကာလိုက္ဘဲ တစ္႐ြာလုံးသို႔ ေတာမီးပမာ ျပန႔္ႏွံ႔သြားေလသည္။ ထို႔ေနာက္ေတာ့႐ြာမွလူမ်ားက ဇရပ္ဆီသို႔ တဖြဲဖြဲႏွင့္ ေရာက္လာၾကရာ ဇရပ္ကေလးမွာ လူအမ်ားျဖင့္ ျပည့္လွ်ံသြားၿပီး အခ်ိဳ႕မွာဇရပ္ေအာက္တြင္ပင္ မတ္တပ္ရပ္ေနၾကရသည္။ မၾကာခင္ သူႀကီးေရာက္လာသျဖင့္ ႐ြာသားမ်ားက သူႀကီးအား ေနရာလုပ္ေပးလိုက္ၾကသည္။

သူႀကီး ဦးသန႔္ဆိုသူက ထိုလူႀကီးေရွ႕တြင္ က်ဳံ႕က်ဳံ႕ကေလးထိုင္ၿပီးေနာက္ အသာအကဲခတ္ၾကည့္ေနလိုက္သည္။ ထိုစဥ္ ထိုလူႀကီးက မ်က္လုံးပြင့္လာေလသည္။

“အိမ္း၊ ငါနဲ႔ေတြ႕တာ မင္းတို႔႐ြာေတာ့ ကံေကာင္းတာပဲေဟ့”

သူႀကီးလည္း လက္အုပ္ခ်ီၿပီး ဘာေျပာရမွန္းမသိ။

“တင္ပါ့ . . အဲ မဟုတ္ပါဘူး . . မွန္ပါ့”

ထိုအခါ ႐ြာသားမ်ားက တစ္ေယာက္တစ္ေပါက္ေျပာေနၾကသည္။ ထိုလူႀကီးက လြယ္အိတ္အစုတ္ႀကီးထဲကို လက္ႏႈိက္ထည့္လိုက္ၿပီးေနာက္ လက္သီးဆုပ္ကိုျပန္ထုတ္ယူ လိုက္သည္။ ထို႔ေနာက္ ထိုလက္သီးဆုပ္ကို သူ႔ေရွ႕ဇရပ္ၾကမ္းျပင္ေပၚတြင္ေျဖခ်လိုက္သည္။ ဆန္ေစ့မ်ားက ဇရပ္ၾကမ္းျပင္ေပၚသို႔ အပုံလိုက္က်လာခဲ့သည္။

“မင္းတို႔တစ္႐ြာလုံးကို ဒီဆန္လက္တစ္ဆုပ္နဲ႔ ဗိုက္ပူေအာင္ေကြၽးႏိုင္မယ္ဆိုရင္ မင္းတို႔ယုံမလား”

သူႀကီးေရာ ႐ြာသားမ်ားအားလုံး အံ့အားသင့္ကုန္ၾကသည္။ ယုံသူမယုံသူမ်ားက ျငင္းခုန္ကုန္ၾကသည္။ သူႀကီးကေတာ့ လုံး၀မယုံေပ။

“ဟာ . . . အဘကိုေတာ့ ေစာ္ကားတာမဟုတ္ပါဘူးဗ်ာ၊ က်ဳပ္တို႔ ႐ြာမွာလူက ရာခ်ီရွိတာ၊ အဘဆန္လက္တစ္ဆုပ္နဲ႔ ဗိုက္ပူေအာင္ေကြၽးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးထင္တယ္ဗ်”

“ဟား . . . ဟား”

ထိုလူႀကီးက အာေပါင္အာရင္းသန္သန္ႏွင့္ ရယ္ေမာလိုက္ရာ သူႀကီးႏွင့္ ႐ြာသားမ်ားပင္ အလြန္ထိတ္လန႔္သြားၾကသည္။

“မင္းတို႔ မယုံရင္ ယုံေအာင္လုပ္ျပမယ္၊ သြား၊ အိုးသြားယူလာခဲ့ၾက”

သူႀကီးကမယုံေသာ္လည္း စမ္းၾကည့္ခ်င္သည္မို႔ ႐ြာသားမ်ားကို အိုးတစ္လုံးသြားယူခိုင္းလိုက္သည္။ ထိုအခါ ႐ြာသားမ်ားက အလႉလုပ္သည့္ အခ်ိန္တစ္ဆယ္အိုးႀကီးကို ထမ္းလာခဲ့ၾကသည္။ ဘိုးေတာ္ႀကီးက ထိုအိုးႀကီးျမင္ေတာ့ ဘိုးေတာ္ႀကီးက ေခါင္းကိုခါရမ္းလိုက္သည္။

“အဲဒီေလာက္ႀကီးတာႀကီး မလိုပါဘူးကြာ၊ ဆန္ေလးလုံးအိုးဆိုရင္ရပါၿပီ”

“ဆန္ေလးလုံးအိုးနဲ႔ ခ်က္ရင္ တစ္႐ြာလုံး ဘယ္လိုစားေလာက္မွာလဲ အဘရဲ႕”

သူႀကီးက အထြန႔္တက္လိုက္သည္။ ထိုအခါ သူႀကီးကေတာ္က သူႀကီးလက္ကိုကုတ္လိုက္သည္။

“အိုေတာ္၊ ရွင္ကလည္း ဒုံးေဝးလိုက္တာ၊ တန္ခိုးရွိတဲ့ဘိုးေတာ္ဆိုေတာ့ ဒီအိုးေသးေသးေလးကေန မကုန္မခမ္းထြက္ႏိုင္ေအာင္ လုပ္ျပမွာလားမွမသိတာ၊ ပုဂၢိဳလ္ထူးေတြကို မျပစ္မွားမိေစနဲ႔ေနာ္”

သူႀကီးလည္း ဘာမွမေျပာသာေတာ့။ ႐ြာသားတစ္ေယာက္က ဆန္ေလးလုံးခ်က္ ဒန္အိုးႏွင့္ သစ္သားေယာက္မတစ္ခုကိုယူလာခဲ့သည္။ မီးဖိုကို ဇရပ္ေရွ႕တြင္ ဖိုလိုက္ၿပီးေနာက္ ဆန္ကိုအိုးထဲထည့္ကာ ေရထည့္လိုက္ၾကသည္။ အခ်ိန္က ညေနေစာင္းေနၿပီျဖစ္ေသာ္လည္း ဇရပ္ေလးဆီသို႔ ႐ြာသားမ်ားက တဖြဲဖြဲေရာက္လာေနၾကသည္။

“ေဟ့ေကာင္ေရ ဒါဘိုးေတာ္ႀကီးက ခ်ီးျမႇင့္မည့္ သိဒၶိတင္ထားတဲ့ ဆန္ျပဳတ္ျဖစ္မယ္ကြ”

“ေအးကြ၊ အိုးကလည္း ေသးေသးေလးဆိုေတာ့ တို႔ၾကားဖူးသလို၊ ခပ္လို႔မကုန္၊ ေသာက္လို႔မကုန္ေအာင္ လုပ္ျပမယ္ထင္တယ္”

“ေအးေလ၊ အရီးမႈံဆို ဒူးနာတာႏွစ္ေတြၾကာေနၿပီ ဘိုးေတာ္ႀကီးလက္နဲ႔ထိလိုက္တာနဲ႔ တစ္ခါတည္း ယူပစ္သလို ေပ်ာက္သြားတယ္မဟုတ္လား”

ဆန္ျပဳတ္အပြက္ကို႐ြာသူ႐ြာသားမ်ားေစာင့္ရင္း အမ်ိဳးစုံေျပာဆိုေနၾကသည္။ မၾကာခင္ အိုးမွာပြက္တက္လာသည္။ ဘိုးေတာ္ႀကီးက ေယာက္မကိုယူလိုက္ၿပီးေနာက္ ဆန္ျပဳတ္ကိုေမႊေနသည္။ ေမႊရင္း ပါးစပ္မွ တဖြဖြ႐ြတ္ေနေလသည္။ ေနာက္ေတာ့ အမ်ိဳးအမည္မသိသည့္ သစ္႐ြက္ေျခာက္မ်ားကို လြယ္အိတ္အတြင္းမွ ထုတ္လိုက္ၿပီးေနာက္ ဆန္ျပဳတ္အိုးထဲသို႔ ပစ္ထည့္လိုက္သည္။

“ကဲ တန္းစီၾက”

႐ြာသူ႐ြာသားမ်ား အလုအယက္တန္းစီၾကသည္။ ဆန္ျပဳတ္ကုန္သြားမွာစိုး၍ တစ္ေယာက္ႏွင့္တစ္ေယာက္ တိုးေဝွ႔လွ်က္ သူ႔ထက္ငါဦးေအာင္ေနရာလုေနၾကသည္။ လူတန္းႀကီးက မညီမညာႀကီးျဖစ္ေနသည္။ ထိုလူတန္းေရွ႕မွ သူႀကီးက ဝင္ၿပီးေနရာယူလိုက္သည္။ ႐ြာသားအခ်ိဳ႕က မေက်နပ္ေပ။

“ေဟ့၊ ငါကသူႀကီးေနာ္၊ ငါအရင္ဆုံးလုပ္မယ္”

သူႀကီးေနာက္မွ သူႀကီးကေတာ္က ဝင္တိုးလိုက္သည္။ ထို႔ေနာက္ သူႀကီးကေတာ္က က်ီးကန္းေတာင္းေမွာက္ျဖင့္ ဟိုၾကည့္ဒီၾကည့္ ၾကည့္ေနေသးသည္။

“ဟင္၊ ရွင့္သား ဘယ္ေရာက္သြားလဲ၊ တယ္ . . ဒီေကာင္ေလး ေတာ္ေတာ္ခက္တာပဲ”

သူႀကီးကေတာ္က သူ႔သားကိုေနရာေပးခ်င္ေသာ္လည္း လူအုပ္ထဲမေတြ႕သျဖင့္ တျဗစ္ေတာက္ေတာက္လုပ္ေနေသးသည္။ သို႔ေသာ္ အေနာက္မွ႐ြာသားမ်ားက ေအာ္ဟစ္ေနၾကၿပီမို႔ ၿငိမ္ေနလိုက္ရသည္။ ဘိုးေတာ္က ဆန္ျပဳတ္အိုးကို ေယာက္မႏွင့္ေမႊေနရင္း

“ကဲ ငါ့သားႀကီး ဗိုက္ကိုလွန္လိုက္”

သူႀကီးထူးဆန္းသြားကာ ဘိုးေတာ္ကိုေၾကာင္ၾကည့္ေနသည္။

“လွန္လို႔ေျပာေနတယ္ေလ၊ မင္းအက်ီကိုလွန္ခိုင္းတာ”

သူႀကီးလည္း ဘာလုပ္ရမွန္းမသိေသာေၾကာင့္ ဘိုးေတာ္ႀကီးခိုင္းသည့္အတိုင္း အက်ီကို လွန္ေပးလိုက္မိသည္။ ထိုအခါ ဘိုးေတာ္ႀကီးက ဘာမေျပာညာမေျပာႏွင့္ ေယာက္မအပူႀကီးကို သူႀကီးဗိုက္တြင္ကပ္ထည့္လိုက္ေတာ့သည္။

“အား . . .”

သူႀကီးေအာ္ဟစ္လိုက္ေသာေၾကာင့္ ႐ြာသားမ်ားအကုန္ေျပးလာၿပီး ဝိုင္းၾကည့္ေနသည္။ သူႀကီးဗိုက္တြင္ ဆန္ျပဳတ္အရည္ပူပူေလာင္သြားကာ အေငြ႕မ်ားပင္ တေထာင္းေထာင္းထေနေသးသည္။

“ကဲ ငါ့သားႀကီး ဗိုက္ပူၿပီလား”

“ပူ . . ပူပါတယ္ အဘ”

“ပူရမယ္၊ ပူရမယ္၊ မပူနဲ႔ေနာ္၊ မင္းတို႔တစ္႐ြာလုံး ဗိုက္ပူရမယ္ ဟုတ္ၿပီလား၊ အခုဗိုက္ပူသြားၿပီဆိုေတာ့ လိုရာဆုတစ္ခုေတာင္းစမ္းကြာ”

သူႀကီးလည္း ဗိုက္ကိုလက္ႏွင့္ပြတ္ေနရင္းမွ ကျပာကယာ လက္အုပ္ခ်ီမိလိုက္သည္။ ဆုေတာင္းရန္စဥ္းစားေနလိုက္ၿပီးေနာက္ တစ္ခ်က္ၿပဳံးလိုက္ေလသည္။

“မွန္ပါဘိုးေတာ္ႀကီး၊ က်ဳပ္ဒီ ရာသက္ပန္႐ြာမွာ ရာသက္ပန္ သူႀကီးျဖစ္ရပါလို၏ ဟိ ဟိ”

သူႀကီးဆုေတာင္းကိုၾကားေတာ့ ႐ြာသားမ်ားက မဲ့႐ြဲ႕လိုက္ၾကသည္။

“ျပည့္ေစ၊ ျပည့္ေစ ကဲလာေနာက္တစ္ေယာက္အလွည့္”

႐ြာသားမ်ားမွာ တစ္ေယာက္တစ္ခြန္းျဖစ္ကုန္ၾကသည္။ သို႔ေသာ္ အမ်ားစုကေတာ့ ဘိုးေတာ္ႀကီး ဓါတ္႐ိုက္ဓါတ္ဆင္လုပ္ေပးျခင္းျဖစ္သည္ဟု ယုံၾကည္ေနၾကသည္။ ဟုတ္ဟုတ္ မဟုတ္ဟုတ္၊ ဆုေတာင္းျပည့္ရင္နည္းလားဟု ေတြးထင္ကုန္ၾကသည္။

သူႀကီးကေတာ္က အက်ီေလးမၿပီး ဗိုက္ကိုထိုးေပးလိုက္သည္။ ဘိုးေတာ္ႀကီးက ခုနကအတိုင္း ေယာက္မအပူျဖင့္ ဗိုက္ကိုကပ္ေပးလိုက္ျပန္သည္။

“ေအာင္မယ္ေလးေတာ့”

“ကဲ ဆုေတာင္းစမ္း၊ သမီးေတာ္ႀကီး”

“အဟင္း၊ ရာသက္ပန္ ခ်မ္းသာႂကြယ္၀သူျဖစ္ရပါလို၏”

သူႀကီးကေတာ္ဆုၾကားေတာ့ ေနာက္က အရီးေဒၚမႈံက မ်က္ႏွာမဲ့လိုက္သည္။ သူႀကီးကေတာ္ႏွင့္ အရီးမႈံမွာ သူ႔ထက္ငါ သတင္းထူးသူအျဖစ္လုေနေလ့ရွိရာ တစ္ေယာက္ႏွင့္တစ္ေယာက္ သိပ္ၾကည့္မရၾက။ ေနာက္တစ္ခါ အရီးေဒၚမႈံအလွည့္ျဖစ္သည္။ ဘိုးေတာ္ႀကီးက ဗိုက္ပူေအာင္လုပ္ေပးၿပီးေသာ္ ဆုေတာင္းခိုင္းေလသည္။

“ရာသက္ပန္ သူႀကီးကေတာ္ထက္ ပိုခ်မ္းသာသူျဖစ္ရပါလို၏”

သူႀကီးကေတာ္မ်က္ႏွာႀကီး ေဒါသထြက္ၿပီး နီျမန္းလာေလသည္။ အရီးမႈံကေတာ့ ေအာင္ႏိုင္သူအလား သြားကိုၿဖီးေန၏။

သို႔ႏွင့္ ဘိုးေတာ္ႀကီးက တစ္႐ြာလုံးအား ဗိုက္ပူေအာင္လုပ္ၿပီးဆုေတြေတာင္းခိုင္းရာ ရာသက္ပန္႐ြာကေလးမွာ ရာသက္ပန္ဆုမ်ားေတာင္းၾကသည္။ အခ်ိဳ႕ကတစ္ေယာက္ႏွင့္ တစ္ေယာက္ေစာင္းခ်ိတ္ၾကသည္။ တစ္ေယာက္ႏွင့္တစ္ေယာက္ အၿပိဳင္ဆုေတာင္းၾကသျဖင့္ ရန္ပြဲမ်ားပင္ ျဖစ္ကုန္ၾကသည္။ သို႔ႏွင့္ တစ္႐ြာလုံးနီးပါးကုန္ေတာ့ ေနာက္ဆုံးအလွည့္က်သူကို ဝိုင္းၾကည့္လိုက္ၾကသည့္အခါ သူႀကီးျဖစ္ေနျပန္သည္။

“ဟာ . . သူႀကီး”

႐ြာသားမ်ားအကုန္ အံ့အားသင့္ကုန္ၾကသည္။ သူႀကီးကေတာ့ ၿပဳံးၿဖီးၿဖီးျဖင့္

“ေနာက္တစ္ခါေလာက္ပဲ ထပ္ဆုေတာင္းခ်င္ပါတယ္ ဘိုးေတာ္ႀကီး”

ဘိုးေတာ္ႀကီးက ေခါင္းညိတ္လိုက္ၿပီး ဗိုက္ကိုေနာက္ထပ္ ထပ္ကပ္ေပးလိုက္သည္။ သူႀကီးဗိုက္တြင္ အပူေလာင္ရာႀကီး ႏွစ္ခုျဖစ္သြားေခ်ၿပီ။

“ကဲဆုေတာင္း”

သူႀကီးက မ်က္ႏွာကိုၿဖီးထားသည္။

“ဟိုေလ . . စိတ္ထဲကပဲ ေတာင္းလို႔မရဘူးလား”

ဘိုးေတာ္ႀကီးက ေခါင္းခါလိုက္သည္။ သူႀကီးက မတတ္ႏိုင္ေတာ့ေပ။

“ရာသက္ပန္ မႏၲေလး ၿမိဳ႕တည္နန္းတည္ မင္းတုန္းမင္းတရားႀကီးလို လူ႔စည္းစိမ္အျပည့္ ခံစားရပါလို၏ ဟီး”

သူႀကီးစကားကိုၾကားလိုက္ေတာ့ သူႀကီးကေတာ္က ေဆြ႕ေဆြ႕ခုန္သြားေတာ့သည္။

“ကိုသန႔္ ရွင္ . . ရွင္”

ထိုသို႔ေျပာၿပီးေနာက္ အက်ီကိုလွန္ၿပီး ဘိုးေတာ္ေရွ႕တြင္ ဝင္ရပ္လိုက္သည္။

“ဘိုးေတာ္ႀကီး ကြၽန္မကိုလည္း ေနာက္တစ္ခါေလာက္ ဆုေတာင္းခြင့္ေပးပါ”

သူႀကီးကေတာ္ခိုင္းသည့္အတိုင္း ဘိုးေတာ္ႀကီးက ထပ္လုပ္ေပးျပန္သည္။

“ကဲဆုေတာင္း”

“ကြၽန္မလင္ သူႀကီးကိုသန႔္တစ္ေယာက္ ေနာက္ဘ၀ေတြမွာ ရာသက္ပန္ ေယာက္်ားတစ္ေထာင္ထံတြင္ ခစားရေသာ ေမာင္းမျဖစ္ပါေစ”

ဘိုးေတာ္ႀကီးက ေခါင္းတညိတ္ညိတ္ႏွင့္

“ျပည့္ေစ”

ထိုအခါ သူႀကီးလင္မယား ထသတ္ၾကေတာ့သည္။ ႐ြာသားမ်ားက ဝိုင္းဆြဲၾကရာ ဆန္ျပဳတ္အိုးတိုက္မိၿပီး အိုးမွာေမွာက္က်သြားေတာ့ေလသည္။ ႐ြာသားအခ်ိဳ႕က မေက်နပ္ၾကေပ။ သူတို႔လည္း ႏွစ္ခါေလာက္ေတာ့ ဆုေတာင္းခ်င္ေသးသည္။ သို႔ေသာ္ ဘိုးေတာ္ႀကီးက ဇရပ္ေပၚျပန္တက္သြားသည္မို႔ အကုန္လုံး ဘာမွမတတ္ႏိုင္ၾကေတာ့။ ဘိုးေတာ္ႀကီးက ဇရပ္ေပၚေရာက္သည္ႏွင့္ လြယ္အိတ္ကိုေကာက္လြယ္လိုက္သည္။ ထို႔ေနာက္ ေတာင္ေဝွးႀကီးကို ေကာက္ယူလိုက္ေလသည္။

(၃)

“ဘိုးေတာ္ႀကီးေနပါအုံး”

သူႀကီးမ်က္ႏွာမွာ သူႀကီးကေတာ္လက္ခ်က္ျဖင့္ ဖူးေယာင္ေနလွ်က္ရွိသည္။ ဘိုးေတာ္ႀကီးကိုဇရပ္ေပၚမွ ျပန္မဆင္းႏိုင္ရန္အတြက္ ႐ြာသားမ်ားက ဝိုင္းပိတ္ထားၾကသည္။

“ဘိုးေတာ္ႀကီးေနပါအုံး၊ ကြၽန္ေတာ္တို႔႐ြာသားေတြက ဘိုးေတာ္ႀကီးကို ကိုးကြယ္ခ်င္ေသးလို႔ပါ”

ဘိုးေတာ္ႀကီးက ေခါင္းခါလိုက္သည္။

“မရဘူး၊ အဘက ခုနစ္ရက္သားသမီးေတြကို ကယ္တင္ရဦးမွာကြဲ႕၊ အဘသြားမွျဖစ္မယ္”

ထိုသို႔ေျပာလိုက္ေတာ့ ႐ြာသားမ်ားက မသြားေစခ်င္ၾကေပ။ သူတို႔ဘိုးေတာ္ႀကီးကိုအားကိုးခ်င္ေသးသည္။ ဘိုးေတာ္ႀကီး၏ အစြမ္းေတြကို ေတြ႕ျမင္လိုေသးသည္။ ထို႔ေၾကာင့္ ဘိုးေတာ္ႀကီးကို ဝိုင္းဆြဲထားၾကသည္။ သူႀကီးကိုယ္တိုင္ ဘာဆုေတာင္းရမလဲဟု စိတ္ထဲစဥ္းစားရင္း ဘိုးေတာ္ႀကီးကိုမသြားေစလို၏ ေျခသလုံးကိုဖက္ထားရသည္။ သူတို႔႐ုန္းရင္းဆန္ခတ္ျဖစ္ေနစဥ္ ဇရပ္အနီးသို႔လွည္းတစ္စီး ေရာက္လာေလသည္။ လွည္းေပၚတြင္ ေယာက္်ား ေလးေယာက္ခန႔္ပါၿပီးေနာက္ ထိုေယာက္်ားမ်ားက လွည္းေပၚမွဆင္း၍ ဇရပ္ေပၚသို႔ တက္လာခဲ့ၾကသည္။

ဘိုးေတာ္ႀကီးနားအေရာက္တြင္ ထိုလူမ်ားက မတ္တပ္ရပ္လိုက္ၾကသည္။ လက္အုပ္လည္း ခ်ီထားလိုက္ၾကသည္။

“ကဲ ဝိဇၨာသခင္၊ ဝိဇၨာမင္းေခါင္ ဘိုးဘိုးေျပာင္ကို တပည့္ေတာ္တို႔လာပင့္ပါသည္။ ဝိဇၨာတိုင္းျပည္သို႔ ျပန္လည္ႂကြေတာ္မူပါ”

ထိုသို႔ေျပာသည့္အခါ သူႀကီးမွာ ထိုလူမ်ားကို ဟန႔္တားေလသည္။

“မရဘူး၊ ဘိုးဘိုးေျပာင္ဟုတ္လား၊ အခုငါတို႔႐ြာကိုေရာက္ေနတာ ငါသြားခြင့္မျပဳႏိုင္ဘူး”

ထိုအခါ ထိုလူမ်ားက သူႀကီးတို႔ဆီမွာ ဘိုးဘိုးေျပာင္ကို ဝိုင္းဆြဲၾကသည္။ သူႀကီးႏွင့္ ႐ြာသားမ်ားကလဲ ျပန္ဆြဲသည္။

“ကဲ အဘျပန္မယ္သားတို႔၊ မဆြဲၾကနဲ႔ေတာ့”

ထိုေတာ့မွ သူႀကီးတို႔အကုန္လုံး လက္လႊတ္လိုက္ၾကသည္။ ေယာက္်ားသုံးေယာက္က ဘိုးဘိုးေျပာင္ဆိုသူ ဘိုးေတာ္ႀကီးအား လက္ႏွစ္ဖက္မွဆြဲ၍ လွည္းေပၚသို႔ေခၚတင္သြားၾကသည္။ ေယာက္်ားတစ္ေယာက္ကေတာ့ ဇရပ္ေပၚက်န္ေနခဲ့သည္။

“ခင္ဗ်ားတို႔ေတြ က်ဳပ္တို႔အဘကို ေခၚထားေပးလို႔ ေက်းဇူးတင္ပါတယ္၊ သူ႔ကိုလိုက္ရွာေနတာ သုံးရက္ေလာက္ရွိၿပီ”

သူႀကီးက စိတ္ေတာ့မေကာင္းေပ။

“ဒါနဲ႔ ခင္ . . ခင္ဗ်ားတို႔ကလည္း ဝိဇၹာေတြပဲလား၊ ဝိဇၨာတိုင္းျပည္ကို ျပန္ၾကမလို႔လား”

ထိုလူက သူႀကီးစကားကိုၾကားေတာ့ ၿပဳံးေနေလသည္။

“ဘာဝိဇၨာမွလဲ မဟုတ္ဘူး၊ ဝိဇၨာတိုင္းျပည္ကလည္း မဟုတ္ဘူး၊ က်ဳပ္တို႔က ေညာင္ခါးရွည္႐ြာက”

ထို႐ြာမွာ သူတို႔ရာသက္ပန္႐ြာႏွင့္အတန္ငယ္လွမ္းသည့္႐ြာျဖစ္သည္။

“ေနပါဦး၊ ဒါဆို ဘိုးေတာ္ႀကီးက”

“ဟုတ္တယ္၊ သူက က်ဳပ္တို႔ရဲ႕အဘ(အေဖ)ပဲ၊ က်ဳပ္တို႔အရမ္းအားထားရတဲ့ အဘေပ့ါဗ်ာ၊ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္က စိတ္ေဖာက္သြားၿပီး ယဥ္ယဥ္ေလး႐ူးေနတယ္ဆိုပါေတာ့ဗ်ာ၊ အရင္က သူက ဂမၻီရတို႔ ဝိဇၨာတို႔ သိပ္စိတ္ဝင္စားတာဗ်၊ အခု႐ူးသြားေတာ့လဲ သူ႔ကိုယ္သူ ဘိုးေတာ္ျဖစ္ေနတယ္ဆိုၿပီး ထင္ေနတာဗ်”

ထိုလူအေျပာကိုၾကားလိုက္သည့္အခါ သူႀကီးဘာမွမေျပာႏိုင္ေတာ့။ ႐ြာသားမ်ားအားလုံးလဲ တိတ္ဆိတ္ၿငိမ္သက္သြားေလသည္။

“လြန္ခဲ့တဲ့ သုံးရက္ေလာက္က အိမ္ကလူေတြအလစ္မွာ ထြက္သြားေတာ့တာပဲ၊ က်ဳပ္တို႔လဲ ႐ြာအနီးအပါးလိုက္ရွာေသးတယ္၊ မေတြ႕တာနဲ႔တျခား႐ြာေတြကိုပါ လိုက္ရွာရင္း ေရာက္လာၾကတာပါ၊ ဒီက ရပ္႐ြာလူႀကီးေတြအားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။ က်ဳပ္တို႔အဘ အမွားလုပ္ထားတာရွိရင္လဲ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ဗ်”

ထိုသို႔ေျပာကာ ထိုလူက ဇရပ္ေပၚမွ ဆင္းသြားေတာ့သည္။ ထို႔ေနာက္သူတို႔လွည္းက တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားေလသည္။ လွည္းေပၚမွ ဘိုးေတာ္ႀကီးက သူတို႔႐ြာသားေတြကိုလက္ျပရင္း ႏႈတ္ဆက္သြားေသးသည္။ သူႀကီးလဲ ထိုေတာ့မွ သူ႔အက်ီကိုလွန္ၾကည့္သည္။ ဗိုက္တြင္ေတာ့ အပူေလာင္ထားသည့္ ဒဏ္ရာႀကီးႏွစ္ခုက နီရဲေနေလသည္။ ထို႔ေနာက္႐ြာသားမ်ားအားလုံး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ေၾကာင္စီစီႏွင့္ျဖစ္ေနၾကေတာ့သည္။

တစ္႐ြာလုံး ဆန္လက္တစ္ဆုပ္ႏွင့္ ဗိုက္ပူခဲ့ၾကရသည္မဟုတ္ပါလား။

ၿပီးပါၿပီ။

ရွင္းလင္းခ်က္

မည္သူတစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္ေစရန္မရည္႐ြယ္ပါ သဒၵါမ်ားလွ်င္ မွားတတ္ေၾကာင္းကိုသာ ရည္ၫႊန္းပါသည္။ အရီးခင္မႈံ ခါးနာေပ်ာက္သြားသည္ဆိုသည္မွာ စိတ္၏ယုံၾကည္မႈေၾကာင့္ျဖစ္ႏိုင္ပါသည္။

စာဖတ္သူတစ္ဦးတစ္ေယာက္ခ်င္းစီအား အစဥ္ေလးစားလွ်က္

#အဂၢေဇာ္