အင်းလျားလမ်းက မကျွတ်လွတ်သူ

အင်းလျားလမ်းက မကျွတ်လွတ်သူ(စ/ဆုံး)

—————————————–

ရန်ကုန်မြို့၊ အင်းလျားလမ်းမှာရှိတဲ့ အိမ်တစ်အိမ်မှ ဆရာမကို ပင့်ဖိတ်ပါတယ် ..
ဆရာမလည်း သွားခဲ့ပေးပါတယ် .. သွားတဲ့ ကိစ္စက အကြောင်းတစ်ခုခုကြောင့် သွားတာပါ ..ပြောချင်တာက သွားပေးရတဲ့ ကိစ္စမဟုတ်ပါ ..
အဲ့ခြံထဲမှာ မထင်မှတ်ဘဲ မကျွတ်လွတ်တဲ့ လူကြီးတစ်ယောက်ကို တွေ့ခဲ့တာပါ ..
ဆရာမက အိမ်မှာ မကျွတ်တဲ့သူရှိတယ် .. ဒီအိမ်မှာ လက်ခံထားမှာလား.. အဲ့ဒီလူကြီးရဲ့ ပုံပန်းသဏ္ဍန်ကိုလည်း ပြောပြပေးလိုက်ပါတယ် ..

👉 အမျိုးတွေလား ..
👉 မိသားစုဝင်တွေလား .. လို့မေးပါတယ် ..

ဘာဖြစ်လို့မေးရတာလဲဆိုတော့ … အဲ့ဝိညာဉ်က သူကို ဒီအိမ်ကြီးကပါ မနှင်ပါနဲ့လို့ ပြောနေလို့ပါ ..

ဒါကြောင့် သေချာအောင် အိမ်ရှင်ကို ပြန်မေးရတာ ..
အိမ်ရှင်တွေကပြောပါတယ် .. ကျွန်မတို့မိသားစုထဲမှာ သေသွားတဲ့သူက အဲ့ပုံစံမရှိပါဘူး .. ကျွန်မတို့လည်း ဒီအိမ်နဲ့ဒီခြံကို ဝယ်ပြီး ပြောင်းလာတာ သုံးလပဲ ရှိပါသေးလို့ပြောတော့ ..
ဆရာမက သိလိုက်ပါပြီ .. အဲ့ဒီမကျွတ်လွတ်သောလူကြီးဟာ ပထမအိမ်ရှင်တွေထဲက တစ်ယောက်ဖြစ်ပါလိမ့်မယ် ..
သူ့ပုံစံက အလုပ်သမားပုံမဟုတ်ပါ ..
ဝိညာဉ်ဖြစ်ပေမယ့် လူ့ဘဝက လူရည်သန့်လူကြီးတစ်ယောက်မှန်း ခန့်မှန်းလို့ရပါတယ် ..
ဝပြီး အသားဖြူဖြူနဲ့ပါ .. ရုပ်ရည်သန့်ပြန့်ပါတယ် ..

အိမ်ရှင်မိသားစုတွေကလည်း သူ့အိမ်မှာ မကျွတ်လွတ်တဲ့သူရှိတယ်ဆိုတာ သိတော့ မထားချင်ဘူးပေါ့ ..

ဆရာမကို နှင်ပေးဖို့ပြောပါလေရော ..

အမှန်တော့ ဒီဝိညာဉ်ဟာ သူတို့မိသားစုထဲကဆိုရင် လိုအပ်တဲ့ ကောင်းမှုကုသိုလ်လုပ်ပေးပြီး ဆရာမက ကျွတ်လွတ်အောင်လုပ်ပေးချင်တာပါ ..
အဲ့ဒါဆို မိသားစုလည်း တာဝန်ကျေ .. သူလည်းကျွတ်လွတ် .. ဆရာမလည်း စိတ်ချမ်းသာတာပေါ့ ..

အခုတော့ အိမ်ပိုင်ရှင်တွေနဲ့ ဘာမှမပတ်သက်တော့ ဘယ်စိတ်ဝင်စားမှုရှိတော့မလဲ..
ကြောက်တာနဲ့ပဲအတင်းနှင်ဖို့ပဲ ပြောတော့တာပေါ့ ..

အဲ့တော့ဆရာမလည်း သူ့ကိုသနားပေမယ့် ဒီအိမ်ထဲက ထွက်ခွာသွားဖို့ အိမ်ရှင်က လက်မခံတဲ့အတွက်ကြောင့် နေခွင့်မရှိတဲ့အကြောင်း ပြောဆိုပြီး အမိန့်ထုတ်ရပါတယ် ..
အဲ့ချိန်မှာ သူက လက်အုပ်လေးချီပြီး မသွားချင်လို့ တောင်းပန်ပါတယ် ..
သနားဖို့လည်း ကောင်းလှပါတယ် ..
စိတ်ထဲကောင်းပါဘူး .. သတိသံဝေဂရစရာပါ ..

သူလူဖြစ်ခဲ့တုန်းက ဒီလောက်ဈေးကြီးတဲ့ အင်းလျားလမ်းလိုနေရာကြီးမှာ ခြံနဲ့ တိုက်နဲ့နေနိုင်ခဲ့တဲ့သူ ..
ဘယ်လောက်ချမ်းသာလာခဲ့လဲ စဉ်းစားကြည်ပါ ..
ဘဝပြောင်းတော့ သူကံမကောင်းစွာ မကျွတ်လွတ်ဘဲ အိမ်ကြီးမှာ စွဲပြီးနေနေရတယ် .
သူ့မိသားစုတွေကလည်း ဒီအဖြစ်ကို မသိတော့ သူ့ကိုလည်း ဘယ်လိုမှမကယ်နိုင်ခဲ့ဘူး ..
သူတို့တွေလည်း သူတို့ဘာသာသူတို့ သင့်တော်သလို ပြောင်းရွှေ့သွားကြပြီ ..
အဲ့တော့ မကျွတ်တဲ့သူကသာ သူစွဲလမ်းတဲ့ အိမ်ကြီးမှာ တစ်ယောက်တည်းနေကျန်ရစ်ခဲ့တာပေါ့ ..

နောက်ဝယ်တဲ့သူတွေကလည်း မိမိပိုင်အိမ်မှာ မကျွတ်တဲ့သူရှိနေတာ ဘယ်လက်ခံချင်ပါ့မလဲ ..
တစ်ချို့ဆိုရင် ကိုယ့်မိသားစုချင်းတောင် သေသွားလို့ ဘဝပြောင်းသွားရင် လက်မခံချင်တာ .. သူစိမ်းက ပိုဆိုးတပေါ့ ..
ထားလည်း မထားသင့်ဘူးပေါ့ .. လက်ရှိအိမ်ရှင် မထားချင်တာ သဘာဝကျပါတယ် ..

ကိုယ်ဆိုရင်လည်း ဒီလိုပဲဖြစ်မှာပလေ ..
ဒါကြောင့် မိမိတို့တစ်တွေလည်း အဲ့လိုဘဝမျိုးကို မရောက်ရှိအောင် အခုတည်းက စွဲလမ်းစိတ်တွေနဲ့ တခြားမရှိသင့်တဲ့ စိတ်တွေမရှိအောင် ကြိုးစားကြပါ ..
ကုသိုလ်တရာတွေ များများလုပ်ကြပါ ..
အားထုတ်ကြပါ ..

ဒါန ..
သီလ ..
ဘဝနာတွေ ပွားများရင်း မိမိတို့ရဲ့ ကျန်ရှိနေသေးတဲ့ အသက်ရှိနေသေးတဲ့ အသက်နဲ့ခန္ဓာတွဲရက်ရှိနေတဲ့ .. အချိန်တွေကို အကျိုးရှိစွာ ကုန်ဆုံးပါစေ …

အဲ့ဒီ မကျွတ်လွတ်တဲ့ ဝိညာဉ်ကို တခြားသော ဝိညာဉ်တွေ .. တစ္ဆေ .. သရဲကြီတွေ နှိပ်စက်အနိုင်ကျင့်ခြင်းမခံရအောင် သူတို့အိမ်နဲ့ သိပ်မဝေးလှတဲ့ သစ်ပင်ကြီးက ရုက္ခစိုးကြီးဆီမှာသေချာအပ်နှံပေးခဲ့ပါတယ် ..

ခုနှစ်ရက်သားသမီးအပေါင်းလည်း ကုသိုလ်တရားပွားများပြီး ကြိုးစားကျင့်ကြံနိုင်ကြပါစေ ..

#အကြားအမြင်ဆရာမကြီးဒေါ်ထားထားလွင်
#အဘအောင်မင်းခေါင်အဖွဲ့
#အင်းလျားလမ်းကမကျွတ်လွတ်သူ