လောဘမီးကြောင့်ဘဝသေသူ(စဆုံး)
——————————–
သူ့နာမည်က.မအေး..။
ရုပ်ရည်က.လှပပါတယ်.လူုချမ်းသာမိသားစုကပေါက်ဖွားလာတဲ့.တဦးတည်းသောသမီးတယောက်ပါ။အစစ.အရာရာ.ပြည့်စုံပါတယ်။
ဒါပေမဲ့.သူက.စိတ်ထားယုတ်ညံ့တယ်..။
အိမ်ထောင်၂ဆက်ကျပီး..ဒုတ်ိယအိမ်ထောင်က.ကုန်သွယ်လယ်ယာက.စာရေးကြီး.တယောက်ပါ။
မအေးက.သူ့ထက်သာမနာလို.
လူတကာအပေါ်မှာ.မလိုတမာစိတ်ကြီးမားလွန်းပါတယ်။
ရပ်ကွက်ထဲ.ဘယ်သူဘာလုပ်တယ်ဆိုတာ.မျက်စိထောက်ဒေါက်ကြည့်ပီး.
ဥပဒေနဲ့မလွတ်ကင်းရင်.မဖမ်းဖမ်းအောင်..ရဲသတင်းပေးတယ်။
တခြားသူဒုက္ခရောက်ရင်အားရဝမ်းသာရှိတယ်။.နာရေး ဆိုရင်.သနပ်ခါးအဖွေးသားနဲ့တဝါးဝါးတဟားဟားလုပ်ပီးရယ်မောတတ်တယ်။
မအေးဟာ.အောက်လမ်းလဲတတ်တယ်လို့ပြောကြတယ်။
သူ့ယောက်ျားက ို.မြို့ ပြောင်းပစ်တဲ့.အထက်လူကြီးကို..ဘယ်လို.လုပ်လဲဆိုရင်..သူရဲ့နေ့နာမ်အပင်ကိုစိုက်ပီး.အညွန့်ထွက်လာရင်.ချိုးချပီး..သေးနဲ့ပန်းတယ်..။မကြာခင်.အထက်လူကြီးက.မုန်ပုံးတွေ.လက်ဆောင် တွေနဲ့.လာတောင်းပန်.ပီး.သူ့ယောက်ျားလဲနယ်.မပြောင်းလိုက်ရဘူး။
ကျမတို့အိမ်က.အရင်တုံးက.ကျောက်စိမ်း.လုပ်ငန်း လုပ်ပါတယ်။
လိုင်စင်တွေမရှိသေးဘူး.။မှောင်ခို..သယ်ရတယ်.။မန်းလေးကိုရောက်ဖို့အဆင့်ဆင့်သယ်ရတယ်။
အိမ်ရောက်တာတနာရီမပြည့်ဘူး
ရဲသွားတိုင်လို့အဖမ်းခံခဲ့ရဖူးတယ်။
ဒါတောင်.အဖေနဲ့.မအေးက.မောင်နှမ. တဝမ်းကွဲ.တော်စပ်တယ် ။
အိမ်လာတဲ့ကျောက်သမားတွေကအစ.သူ့ကို..လာဘ်လာဘ.ထိုးရတယ်။
သူ.ဝယ်ခိုင်းတာမဝယ်ပေးရင်.ရဲတိုင်ပီးဖမ်းခိုင်းတယ်။ကျောက်စိမ်းလက်ကောက်တွေ.ကိုမရောင်းခင်.
ဆီစိမ်.ထားရတယ်။
အိုးလိုက်ကို.သူ့အိမ်မှာထားရတယ်။
အဲ့ထဲမှာ မှသူကြိုက်တာကို.ခိုးယူထားတယ်။
ပျောက်လို့ပြောရင်.
“အမလေး.မယူပေါင်တော်.သွေးပွက်ပွက်အန်သေရပါစေရဲ့”.ဆိုတဲ့စကားဟာ.သူ့ရဲ့လက်ကိုင်.စကားတခုပါ။..
ကာလဝိဘတ်.နောက်ပိုး တက်…ဆိုသလို..
မအေးဟာ..
အသည်းခြောက်ရောဂါ.ဖြစ်ပါတယ်.။
ရန်ကုန် တက်ပီး
အသည်းဆရာဝန်ကြီးနဲ့ပြတယ်။
ရောဂါဝေဒနာကြောင့်.မအေးရဲ့ရုပ်ရည်ဟာ.
နူတ်ခမ်းတွေမည်းအသားအရည်.ခန်းခြောက် လာပြီးသူ့ရုပ်ရည်ဟာပိုပြီးကြမ်းတမ်းကြောက်စရာကောင်းလာပါတော့တယ်
သူ့အတ္တကလဲတဖြည်းဖြည်းပိုကြီးထွားလာလိုက်တာ
သူ့ရောဂါနဲ့ထပ်တူပါပဲနောက်ဆုံး
သု့အဖေ.နာရေး မှာ.တောင်သူ့ယောက်ျား.ရုံးက.လူတွေအကူငွေ.ထည့်တာလဲ.မိခင်ကြီးကိုမပေးဘဲ.
ယူထားတယ် ။.သူ့အဖေကိုပေးတာ.သူ့ပိုက်ဆံပါတဲ့။
ရက်လည်မှာလဲတရားကိုကောင်းကောင်းမနာလို့.ဆရာ တော်ကြီးအဆဲခံရသေးတယ်။
အဲ့ည.မှာ..ပဲသူ့အမေဆီ.အမွေတောင်းပါတော့တယ်။.
သူ့အမေက.သူသေမှပေးမယ်ပြောလဲမရ.
ပြသနာတက်ပီး
(တော့ဆီဘယ်တော့မှမလာဘူး)ဆိုပီး.ပြန်ခဲ့တာ..
အဲ့ည.မှာပဲ..ရောဂါအသည်းအသန် ဖြစ်လို့
ဆေးရုံ ပို့ခဲ့ရတယ်။
သွေး..လိုလို့.ရပ်ကွက်ထဲ အလှူခံပါတယ်
ရက်က ွက်ကလဲလှူကြပါတယ်။
သူ့ခန္ဓာ ကသွေးကိုလက်မခံတော့ဘူး
သွေးကြောရှာမတွေ့လို့.
ခြေမျက်စိ နားကခွဲပီးသွေးသွင်းရတယ် ။
အင်္ကျိံလဲကြာလာတော့သွေးတွေနဲ့မို့မလဲနိူင်တော့ပဲ.ထမိန်.ရင်ရှား.ပေးရတော့တယ်။
မရတော့ဘူး.ဆိုတော့.သူ့ကိုအသက်မထွက်ခင်.အိမ်ကိုပြန်ခေါ်ခဲ့ကြတယ်။
ထမ်းစင် ပေါ်ကနေသူ့ကိုမပီးချတော့.ပါးစပ်
ထဲကနေ.သွေးတွေ.အတုံးလိုက်.အတစ်လိုက်
တဝေါဝေါနဲ့.အန်.လိုက်တာ..သွေးတွေ. ပုန်းအပြည့်။
သူ.ပြောပြော နေတဲ့.ကျိန်ပြောနေကြစကားကိုသွားသတိရမိတယ်။.နောက်ဆုံးတော့ဒေါ်အေးတယောက်သူတက်မက်ခဲ့တဲ့အရာရာကိုကျောခိုင်းခဲ့ရတာပါပဲ။
လူတယောက်အသက်ထွက်တာဒေါ်အေးကို.ကြည့်ပီးပထမဆုံးမြင်ဖူးတာ
ပထမဆုံး. ခြေထာက်တွေမလှူပ်တော့ဘူး။
ပိန်လိုက်ဖောင်းလိုက်ဗိုက်ကြီး ကလဲတဖြည်းဖြည်းနဲ့ ငြိမ်သွားပီ
နောက်.လက်တွေမလှုပ်တော့ဘူး..
ပါးစပ်ကတော့.တဟင်းဟင်းနဲ့.ငြီးငြူ..နေတဲ့အသံကြီးကကြောက်စရာအလွန်ကောင်းပါတယ်။ နောက်ဆုံး. ရင်ဘတ်နားပဲလှုပ်တော့တယ်။သူ့သားအငယ်ကိုစိတ်မချလို့.အကြာကြီးထိ.အသက်မထွက်နိူင်ရှာဘူး။
သူ.ဆုံးတော့.နေ့လည်ဘက်ကြီး.
ချက်ခြင်း.ပုတ်စော်နံ လာတာ။ညနေ.၅နာရီ လောက်ကြာနီကန်မှာချက်ခြင်းသဂြိုလ်ရတယ်။(လောဘအပူတွေရဲ့လောင်မြိုက်ချက်ထင်ပါရဲ့။-)
ဆောင်းတွင်း လဲဆောင်းတွင်း.ဆိုတော့.မှောင်နေပီ။
မီးသဂြိုဟ် စက်ထဲထည့်ဖို့.အခေါင်းထဲကထုပ်တော.ကားလှူပ်ကားဆောင့်တာနဲ့.အခေါင်းထဲမှာသွေးတွေအပြည့်.မီးစက်ကမီးရောင်နဲ့.ကြောက်စရာ့ ကောင်းလွန်းလို့.အကို.ဝမ်းကွဲတစ်ယောက်..ညဆိုဘယ်မှာမထွက်တော့ဘူးတဲ့။ အဲ့အချိန် ကစစ်အုပ်ချုပ်ရေးကာလ.144ထုတ်ပြန်ကြေညာ ထားပေမဲ့လူသွားလူလာမပြတ်ကြဘူး။မအေးသေမှရပ်ကွက်ထဲ.နေဝင်ပြီဆိုတာနဲ့. ဘယ်သူမှလမ်းပေါ်မသွားကြတော့ဘူး။.တရပ်ကွက်လုံးတိတ်ဆိတ်နေတာခုချိန်ထိပြောစမှတ်တွင်တုံးဘဲ။.ရက်မလည်ခင်ထိ မီးရောင်ထိန်လင်းပီး.ဖဲရိုက် နေကြတော့လူမပြတ်ဘဲ.လူသံတွေကြားနေရတော့သိပ်မကြောက်သေးဘူး။.သူ့ညီမတွေနာရေးအိမ်လာပြီးညပြန်ရင်.
နောက်ကနေခြေသံတရှပ်ရှပ်.ခွေးတအူအူ
မသတီစရာကြွက်သေကောင်ပုတ်နံကြီးပေးပီးလိုက်ပို့လေ့ရှိတယ်။အဒေါ်ဝမ်းကွဲတွေကမကြောက်ဘဲ.မအေးရေ.လိုက်မပို့နဲ့တော့.ပြန်ပြန်ဆိုမှလှည့်ပြန်သွားတယ်။
သူ့အိမ်မှာသူ့အကြောင်းမပြောလိုက်နဲ့
ပြွက်သေကောင်ပုတ်နံ့ကြီးရရင်.မအေးရောက်လာလို့ဘဲ။
မအေးက.ကျမနဲ့အဒေါ်ဝမ်းကွဲဆိုတော့
တခါတလေအပြင်သွားတာတို့.အိမ်လာပီးစကားပြောတာတို့လုပ်တတ်တော့
အိမ်လာမှာလဲဆိုး.ကျမကလေးကိုလဲမအေးကချစ်တော့အခန်းထဲဝင်လာမှာ
စိုးလို့ညရောက်တာနဲ့.ကျမလုပ်တဲ့အလုပ်က.ပရိတ်ရေဖြန်းထားတယ်။. ကလေးကိုပရိတ်ရေတိုက် ထားတယ်.အခန်းထဲအိမ်ဝင်ပေါက်.နေရာစုံပရိတ်ရေဖြန်းထားတယ်☺ ☺ ။အဲ့လောက်ထိအောင်ကြောက်တာပါ။
ကိုယ်ကတော့အိမ်ထဲမှာနေပီးကြောက်နေတာ.သူကတော့သူမသေခင်စွဲလန်းရာသူ့အမေအိမ်ကိုရောက်နေရှာတယ်။သူ့အမေအိမ်က.ခြံဝင်းကျယ်တော့.နယ်စုံကအဝေးပြေးကားတွေရပ်နားခွင့်ငှါးထားတော့.ကားသမားအစုံလာကြတယ်။
အဲ့နေ့က.ညနက်မှ၂နာရီလောက်မှာကားတစီးဝင်လာတာ။ကားမီးရောင်နဲ့.ပက်လက်ကုလားထိုင်ခုံပေါ်မှာ.ထမိန်ရင်ရှားကြီးနဲ့ ဆံပင်ဖားလျားချရက်.ထိုင်နေတာတွေ့တယ်။သွေးတွေလဲပေလို့တဲ့။
ကားသမားက.နဂိုကတည်းက ခင်တဲ့သူဆိုတော့.အမမအိပ်သေးဘူးလယး
မချမ်းဘူးလား
ဘာလုပ်နေတာလဲ နူတ်ဆက်တယ်. သူကဘာမှပြန်မပြောဘဲ
မျက်လုံး ပြူးကြည့်နေတာ။ခါတိုင်းနူတ်ဆက်ရင်ပြန်ပြောနေကြ.ဘာလို့မပြောတာလဲမသိဘူးဆိုပီးကားသမားလဲခရီးပန်းလာတာနဲ့ဆက်မပြောဘဲအိမ်ထဲဝင်ပီးဝင်အိပ်တာ.အိမ်ပြင်ကိုမအိပ်ခင်လှမ်းကြည့်နေတာ.ထိုင်နေတုံးဘဲ။ပင်ပန်းလို့နေ့လည်၁၂နာရကျော်လောက်မှနိုးတော့မျက်နှာသစ်ရင်း
မအေးအကြောင်းပြောမှ
မအေးသေတာသိရတော့.မျက်လုံး ပြူးတူးပြဲတဲ ဖြစ်ပီး.တက်သွားပီးသတိလစ်သွားတာ။
သတိရလဲအကြောက်လွန်ပီးကိုယ်တွေပူနေလဲ.ဘယ်လိုမှတားမရဘူး.။တွေးလေကြောက်လေတစိမ့်စိမ့်ခံစားရလို့.မနေချင်ဘူးမလာတော့ဘူးဆိုပီးဇွတ်ပြန်သွားတာ.ခုချိန်ထိ.ပြန်မလာရဲတော့ဘူး လေ။ဒီလိုနဲ့..ရက်လည်နေ့ကိုရောက်ခဲ့တယ်။
ကျန်ရစ်သူမိသားစုက.လိုလေသေးမရှိ.ကုသိုလ် အဖြာဖြာပြုပီး.အမျှဝေခဲ့တယ်.။
မအေး.အသက်ရှင်စဉ်ကာလ.က.အလှူ.အတန်းမရှိ.။
တွန့်တိုတာတရားလွန်တယ်။မဖြစ်မနေဘုန်းကြီးဆွမ်းကပ်တာတောင်မှ.၃ပါးပင့်ပီး.
ဧည့်သည်မဖိတ်..တခါးပိတ်ကြွေးတာ။
ပိုက်ဆံ ရှိပေမဲ့.သေတော့ဘာတခုမှယူသွားလို့မရဘူး။ဆွဲထားတဲ့ဆွဲကြိုးတွေ.လက်စွပ် တွေလဲသားသမီးတွေကအကုန်ချွတ်ယူထားကြတယ်။ဒါန.သီလနည်းခဲ့တော့.သူ့သေပြီးနောက်.ကျွတ်လွတ်ဖို့ဝေးပါတယ်။
ရက်လည်ညမှာ.
မီးကပျက်ရက်နဲ့တိုးတော့..အလွန်ခြောက်ခြားလွန်းတယ်။
တရပ်ကွက်လုံး တိတ်ဆိတ် လို့.။အိမ်တခါးတွေအားလုံးပိတ်ပီး.
ဘာသံများကြားရမလဲလို့.နားစွင့်ရင်း
အိပ်ပျော်အောင်အိပ်ခဲ့ရတယ်။
ညမှာ.ကျမတို့မျှော်လင့်သလို.သူ့အိမ်မှာ.မခြောက်လန့်ပေမဲ့.သူ့အမေ.အိမ်မှာ.ခြောက်လန့်ခဲ့တာလား။
နူတ်ဆက်တာလားမသိ။
မအေး.အမေ.ကသူ့သမီးကိုကြောက်လို့.ပရိတ်ခွေကိုအကျယ်ကြီးဖွင့်ထားတယ်တဲ့။
အဲ့တုန်းက.ကက်ဆက်.ခေတ်လေ..
ဖွင့်တိုင်း.ချောက်ခနဲ..မြည်ပြီး.ပိတ်ပိတ်သွားတာ။မီးဖိုချောင်ထဲက.ပန်းကန်တွေကျကွဲသံကြားလို့သွားကြည့်တာ.ဘာတခုမှအရာမယွင်း။အိမ်နောက်ဖေး.ရောက်တုန်း.အိမ်ရှေ့က.ရေပိုက်ကရေတွေထောင်ပန်းရော။
ရေဘားကိုသေချာပိတ်ထားလဲ.ထ.ထ.ပွင့်တယ်။.အိပ်နေတော့ခြေထောက်လာဆွဲတယ်ပြန်ရော
သူ့အမေတို့မှာတညလုံးတမှေးမှ
မအိပ်ရရှာပါဘူး။
ကျမတို့လဲသတင်းကြားတော့စပ်စုတာ.အဲ့အိမ်ရောက်သွားတယ်။
သူ့အမေက.ဖြစ်ကြောင်းကုန်စင်ပြောပြပီး
ငိုယိုနေတာ။
မနက်မိုးလင်းမှအခြောက်အလှန့်မရှိတော့တာတဲ့။
သူကတော့ရက်လည်ပြီးလဲ.မကျွတ်မလွတ်လို့.ဆက်ပီးအသံပေးခြောက်တုံး။တချို့စျေးသယ်တွေကအကြောင်းမသိတော့.
လာအုံး..ခေါ်ရင်ဝင်သွားတာ။
အိမ်ပေါက်ဝ.ထိုင်စောင့်နေတာ.ထွက်မလာလို့အိမ်ထဲချောင်းကြည့်တာ.
မိန်းမတယောက်သွေးတွေနဲ့ထိုင်နေတာတွေ့ပီး
အော်တာ.
ကျမတို့လဲအပြေးသွားပီးမေးတော့.
သူ့ကိုစျေးသယ်လာအုံးခေါ်လို့သွားတာ.
ထွက်မလာနာကြာလို့ချောင်းကြည့်တော့
သွေးတွေပေလို့.ထိုင်နေတာကြောက်စရာကြီးမို့အော်တာပါတဲ့။
ခင်ဗျားမို့ဒီအိမ်ရှေ့လာရဲတာ.သူကသေပီးတာမကြာသေးဘူး။ပြောမှစျေးသည်ကြီးအမြှုတ်တွေထွက်ပီးတက်လို့.ပြုစုခဲ့ရသေးတယ်။
ဦးလေးတယောက်အိမ်မှာလဲ.ည.ကားမီးဖွင့်ပီး.
ဟွန်းတီးသံကြားလို့..သွားကြည့်တာ.ကားပေါ်မှာထိုင်ရက်ကြီးတွေ့လို့.အမျှဝေလဲမရဘူး.။
ဘုရားစာဆိုလဲမရဘူး။
သူပြန်ချင်တဲ့အချိန်.မှပျောက်သွားတယ်။
ကျမကတော့.လက်တွေ့မခြောက်ခံခဲ့ရပေမဲ့
အိပ်မက်တော့မက်တယ်။
အိမ်မက်ထဲမှာ.
အိမ်ဘေးက.အုပ်နရံမှာ.ကပ်နေတာ.ပါးတောင်ပြားနေတယ်။
ငါ့ကိုကယ်ပါအုံးတူမလေးရယ်.ဆိုပီး.
လက်လှမ်းတာ။
ကျမလဲဆွဲမလို့လုပ်ရင်း.
ဒေါ်လေး ကသေပီးသားမလား.ဆိုပီး.ထွက်ပြေး တာနဲ့လန့်နိုးလာတယ်။
သူမကျွတ်မလွတ်ဖြစ်နေတော့.
ကိုယ့်မိသားစု အပေါ်မှာမကောင်းမှန်းသိပေမဲ့.
စိတ်မကောင်းဘူး။
အိမ်ကြွတဲ့ဆရာတော်တပါးမေးကြည့်တော့
.ဘယ်လောက်ပဲကျန်ရစ်သူမိသားစုက
အမျှဝေ.ကုသိုလ် လုပ်ပါစေ.
သူ့ဝဋ်ကြွေးမကုန်မချင်း.သာဓုခေါ်လို့မရပါဘူး..တဲ့။
သူက.ကောင်းမှု့ထက်
မကောင်းမှု့များနေတော့.ဘယ်အချိန်မှအမျှသာဓုခေါ်နိူင်မယ်မသိဘူး။
သူ့သားသမီးတွေကတော့ရက်လည့်ဆွမ်းကြွေးပီး..နောက်ထပ်ကုသိုလ်ပြုသံမကြားရဘူး။
ဒါကြောင့်မသေခင်
စိတ်ထားလေးတွေကောင်းကောင်းထားပါ။မသေခင်.အလှူ.ဒါန.ပြုကြပါ။
သေ.သွားရင်.ကိုယ်ရှာဖွေသမျှထားခဲ့ရမှာဖြစ်ပြီး
ကိုယ်ပေးသမျှကိုယ်.ပြန်ရတယ်.ဆိုတာ.အသိတရားလေးလက်ကိုင်ထားနိုင်ရင်.ပြောပြရကျိုးနပ်ပါတယ်။..
.
.မှတ်ချက်.. ။..။.သူတပါးပစ္စည်းကို ဥစ္စာ
…အချောင်မယူချင်ပါနဲ့.။ပါးစပ်ကနေ.လွယ်လွယ်.ကျိန်.တွယ်မပြောကြပါနဲ့။