ကျောက်ကြီးတောင်မှမိစ္ဆာပန်း

ကျောက်ကြီးတောင်မှမိစ္ဆာပန်း(စ/ဆုံး)
———————————-

ကျုပ်အဘ ကိုးကွယ်တဲ့ ဆရာတော်ကြီးက မွန်ပြည်နယ်ရှိ ကျောက်ကြီး
တောင်၌ အဓိဌာန်ပြု သီတင်းသုံးနေတာမို့ အဘက သိသိခြင်းပဲ လိုအပ်သော လှုဖွယ်ပစ္စည်းများ ခဲဘွယ်
ဘောဇဉ်များကိုယူ၍ ဆရာတော်ကြီးထံ နေရပ်လိပ်စာ စုံစမ်း၍
အရောက်သွားခဲ့လေတယ်ဗျ

ဆရာတော်ကြီး သီတင်းသုံးသော
တောင်အမည်မှာ ကျောက်ကြီးတောင်ဟု ခေါ်တွင်လေတယ်
ထိုအရပ်ဒေသ၌ ကျောက်ကြီးတောင်က အမြင့်ဆုံးတောင်စရင်း
ထဲ၌ ပါလေတယ်ဗျ။

အဘယ့်ကြောင့်ဆိုသော
ကျောက်ကြီးတောင်၏ အောက်၌
တောင်နှစ်လုံးခံနေသေးတယ်
ထိုတောင် နှစ်လုံးအား ကျော်ဖြတ်၍
တက်နိုင်မှသာလျှင် ‌ကျောက်ကြီး
တောင်ပေါ်သို့ ရောက်နိုင်မည်
ဖြစ်တယ်

ကျုပ်နဲ့ကျုပ်အစ်ကိုလဲ
အဘနောက်ကိုလိုက်၍ ဒုလ္လဘ၀တ် ကိုရင်ကြီး၀တ်ပြီး ထိုတောင်၌နေ၍
အဘနဲ့ ဆရာတော်ကြီး၏ ဝေယျာ
ဝေစ္စကိုပြုလုပ်လေတယ်။

ကျောက်ကြီးတောင်သည် တကယ့်
ကို ထူးခြားပြီ ဂန္ဓာရီ ဂဗ္ဘီရဆန်သော
အရာများ သဘာ၀လွန်ဖြစ်စဉ်များ
ဖြင့်လွှမ်းခြုံထားသော တောင်ကြီး
ဖြစ်လေတယ် တောကလဲ
အင်မတန်မှ ထူပျောလေတော့ တော၀က်စပါးကြီးမြွေ မျောက်
၀က်ဝံ သမင် ဂျီ ဆတ် အစရှိသော တောကောင်များ ကျတ်စားရာ‌နယ်မြေလဲဖြစ်တယ် တောင်ကြီးတစ်ခုလုံး၌လဲရှားပါးသော
မြန်မာ့ဆေးမြစ်စုံတို့ကလဲ
သူ့နေရာ၌သူ သဘာ၀ဆန်ဆန်
အလေ့ကျပေါက်ရောက်နေလေတယ်
ကျောက်ကြီးတောင်၏
တောင်အနောက်၌ နတ်ရေကန်ကြီးက ရှေးခေတ်ထဲကတည်ရှိသော
ရေကန်ကြီးဖြစ်တယ်

ရသေ့ဘုရားကိုလဲကျောက်သား
အတိဖြင့် ထုဆစ်ပူဇော်ထားပြီး
ထိုဘုရား၌ မည်သူမည်ဝါ
လာရောက်ပူဇော်ထားခြင်းမသိပဲ
သစ်သီးဆွမ်းအား အမြဲမပြတ်
တစ်နေ့တစ်မျိုး မရိုးအောင်
ဆပ်ကပ်ထားသည်ကိုလဲ တွေ့ရသည်

မြင်အပ် မမြင်အပ်ပရလောကသားများ အလွန်မှ အစွမ်းထက်သော ဘီလူးသဘက် သရဲ မိစ္ဆာကြီးများကိုလဲ မကြာခဏမြင်တွေ့ရပါသော်‌ကြောင့် တောင်အောက်၌
နေကျသော ကရင်လူမျိုး ရွာသားများပင် နေ့ခင်းဘတ်ဝါးခုတ်ရောင်းဖို့ ဝါးလာခုတ်ဖို့တောင်ပေါ်ကို
တက်လာပါကအနည်းဆုံး
လူအယောက်၃၀လောက်နွားလှည်းဆယ်စီးခန့် လောက် အဖော်
ပါမှသာလျှင် ‌တောင်ပေါ်သို့
ဝါးတက်ခုတ်ရဲကျတယ် ညဘတ်ဆို
မဆိုထားဘိနဲ့ နေ့ဘက်တောင်
အဲ့ဒီလောက် နယ်မြေကြမ်း
အစောင့်ရှောက်ကြီးသော
တောင်ကြီးဖြစ်လေတယ်။

ထိုတောင်ကြီး၌ ကျုပ်တို့မရောက်ခင်ထဲက တစ်ပါးထဲ သီတင်းသုံးနေသော ဆရာတော်ကြီး၏ သီလ
သမာဓိ ပညာကို အလွန်မှ ကြည်ညို
လေးစား၍မနေနိုင်အောင်ဖြစ်ရတယ်ဗျ

ဆရာတော်ကြီးက ကျုပ်တို့ကို
မိန့်ကြားတယ်ဗျ ဒီတောဒီတောင်၌
ရှိကျကုန်သောအစောင့်ရှောက်များကို မေတ္တာရပ်ခံပေးထားတယ်တဲ့
ကျုပ်တို့ တောထဲရောက်သွားတဲ့အခါ
တောကောင်ကြီးတွေနဲ့မတွေ့အောင်
တွေ့ပါကလဲ အန္တရယ်မပြုအောင်
လွတ်လွတ်လပ်လပ် ကိုယ့်ဒေသလို
သွားလာနိုင်ကြောင်းကို မိန့်တယ်ဗျ။

အဲ့လိုဆိုတော့ ကျုပ်ကနဂိုထဲက
စူးစမ်းလေ့လာ‌ချင်သူမို့
ကျုပ်အကြိုက်ဖြစ်ပြီပေါ့ဗျာ။

ကျုပ်တို့ရောက်နေတဲ့အချိန်ကလဲ
မိုးဦးကျချိန်ဖြစ်တာမို့
သစ်ခွပန်းများကလဲအလွန်ပေါဗျ
ရွာပြန်ရင်လက်ဆောင်
ပေးလို့ရအောင်လိုက်ရှာလို့ရတယ်
နောက်ပြီး မျှစ်တို့ ပဒတ်စာတို့ကလဲ
လွတ်ကိုပေါတာဗျ

ပဒတ်စာတွေဆို တောင်ဇောင်းတွေ၌
ပေါက်ရောက်နေတာ ပန်းတွေပွင့်
နေသလားမှတ်ရတယ် တူးမနိုင်ဘူးဗျ ကျုပ်တို့ညီအစ်ကိုလဲ ပလိုင်း
တစ်လုံးကိုယ်စီလွယ်ပြီး ဓားမ
တစ်ယောက်ချောင်းကိုင် ဝါးချွန်
တစ်ခုစီဖြင့် သစ်ခွရှာ ပဒတ်စာတူး
မျှစ်ချိုး မိုရှာ လုပ်နေကျတာ
တောင်ဆင်းတောင်တက်ကို မောလို့
မောမှန်းတောင်မသိဘူး ကိုယ့်အာရုံ
နဲ့ကိုယ်ဗျ ဒီလိုနဲ့လျောက်သွားနေလိုက်တာ ညနေ၅နာရီခွဲတဲ့အချိန်ကို
ရောက်ရှိလာပြီ”

ခဗျားတို့လဲ သိမှာပေါ့ တောင်ပေါ်ရဲ့
ဓလေ့က မိုးလင်းရင် အရင်လင်းပြီး
မိုးချုပ်ရင် နောက်ကျမှချုပ်တယ်
တောင်အောက်မှာ မှောင်စပြုပြီ
တောင်ပေါ်မှာလင်းထိန်နေဆဲမို့
ကျုပ်တို့ ညီအစ်ကိုလဲ သစ်ခွရှာ
ပဒတ်စာတူးရင် လျိုမြောင်းထဲသို့
ရောက်သွားတယ်ဗျ

ဖြစ်ချင်တော့ လျိုမြောင်းကြီးက
ကျောက်ကမ္ဘားကြီးလို မတ်စောက်
ကြီး ဝါးပင် နွယ်ပင်တွေကို ကိုင်ပြီး
အပေါ်တက်ရတာ ‌ခြေမကိုင်မိ
လက်မကိုင်မိလို့ ချော်ကျလို့ကတော့
လူမသေရင်တောင် ဖင်စုတ်သွား
မယ် လတ်တွေခြေတွေ ချိုးသွားနိုင်
တယ်ဗျ

ကျုပ်တို့တွေ‌လဲ ဟိုကြည့်ဒီကြည့်
ကြည့်လျောက်ကြီးရင် မတ်စောက်ကြီးဖြစ်နေတဲ့ ကျောက်ကမ္ဘားကြီးရဲ့
အပေါ်ဇောင်းမှာဗျ ကြာညိုပန်းပမာ
အောက်ခြေက အညိုအရစ်နဲ့
အပေါ်က ကြာပန်းခိုင်ကြီးလို
ဖြူဖွေးနေတဲ့ ပန်းကြီးတစ်ပွင့်က
ကျုပ်တို့ရွာက အလှုမှာကျွေးတဲ့
ဟင်းထည့်တဲ့ ဇောက်ပန်းကန်လုံးကြီးလောက်ရှိတယ် ထူထူခြားခြား
ကျောက်ကမ္ဘားကြီးရဲ့ အပေါ်
ဇောင်းမှာ သူတစ်ပွင့်ထဲ ပေါက်နေတာ ကျုပ်တို့ညီအစ်ကိုတွေ
လျိုမြောင်းအောက်က ကြည့်တော့
ကျတ်သရေရှိပြီးလှလိုက်တာဗျ
သူ့နဲ့ငါလိုချင်စိတ်တွေက တဖွားဖွားနဲ့
ဖြစ်ပေါ်နေတာဗျို့”

ပန်းမကြိုက်တဲ့ ကျုပ်တောင်
အရမ်းလိုချင်သွားတယ်
ကျုပ်တို့ညီအစ်ကိုလဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
မရရအောင်တက်ခူးစွတ်ဖို့
ဆုံးဖြတ်ချက်ချလိုက်ပြီး
သင်္ကန်းကို သင်းပိုင်တိုတို၀တ်ပြီး
ကျောက်ကမ္ဘားကြီးကို ကုတ်ဖဲ့
တက်ချတာပေါ့ အန္တရယ်ကတော့
လွတ်များတာပေါ့ဗျာ ဒါပေမဲ့လဲ
ကိုကြိုက်တဲ့ တစ်ပွင့်သော
ပန်းကိုရဖို့ဆိုတော့လဲ စွန့်စားခန်းက
ဖွင့်ရတာပေါ့ဗျာ

ကျုပ်တို့ညီအစ်ကိုလဲ ကုတ်ဖဲ့တက်ရင်းက နောက်ဆုံးတော့လဲ
ပန်းပွင့်ကြီးအနားကို ရောက်ခဲ့ပြီပေါ့
အတူတူ ရောက်ခဲ့ပေမဲ့ ”

ကျုပ်အစ်ကိုက” လူလည်လုပ်ပြီး
ပန်းပွင့်ကြီးကို ရလိုမှု့ဖြင့်
ပြေးလုကာ ခူးချလိုက်တော့တယ်။

ဟာ ” ကျုပ်ပါးစပ်က ဟာဆိုတဲ့
အမေဋိတ်အသံပါထွက်သွားရတယ်
ဘာလို့လဲဆိုတော့” ပန်းကြီးကတာ
လှတာဗျ ခူးလိုက်တော့မှ
အနံ့ကြီးက ပုတ်အက်အက်အနံ့ကြီးဗျ”

ခ‌ဗျားတို့နားလည်အောင် ဥပမာပေး
ပြောပြရရင် ပုတ်ပွနေတဲ့လူသေ
မသာအနံ့ကြီးလို ညှီစို့စို့ပုတ်အက်အက်အနံ့ကြီးက တစ်ထောင်းထောင်းနဲ့ထွက်လာတာဗျ

ပိုလို့ထူးဆန်းတာက အဲ့ပန်းကြီးကို
ခူးလိုက်ဝောာ့ အနီးရှိသစ်ပင် နွယ်ပင်ကြီးတွေက လေမတိုက်ပဲ သိသိသာသာလှုတ်ခတ်လာသလို
အောက်လျိုမြောင်းထဲကလဲ
မိန်းကလေးတွေ ဟီးးးဟားးးး
နဲ့ အားရကျေနပ်နေတဲ့ ရယ်သံကြီးတွေကလဲ ပုဇဉ်းရင်ကွဲတွေ
အော်နေသလို ဆူညံ့လာတာဗျို့

ကျုပ်တို့ ညီအစ်ကိုလဲ ဘယ်ပြော
ကောင်းမလဲ အဘနဲ့ဆရာတော်ကြီး
ရှိတဲ့ တောင်ပေါ်က ဝါးကျောင်း
လေးဆီသို့ ကြောက်ကြောက်နဲ့
အားကုန်ပြေးတာ တစ်နာရီကျော်
လောက်အတက်အဆင်းလုပ်ရတဲ့
ကျောက်တောင်ကြီးကို ကျုပ်စိတ်
အထင် လေးလှမ်း ငါးလှမ်းလောက်
ပဲတက်လိုက်ရတယ်လို့ ထင်ရတယ်ဗျ တောင်ပေါ်ကိုခဏလေးပဲ
ပြန်ရောက်လာခဲ့တယ်။

တောင်ပေါ်ရောက်တော့ အဘနဲ့ဆရာတော်ကြီးက ကိုးထောင်ပြည့်
စေတီလေးဘေးက ဝါးကျောင်းလေးမှာ တရားအကြောင်းဆွေးနွေးနေကျတယ်ဗျ

ကျုပ်တို့ ပြာတာတာနဲ့ပြေးလာတာကို မြင်ဝောာ့ ဘာဖြစ်လာကျတာလဲလို့ မေးဝာယ်

ကျုပ်တို့ညီအစ်ကိုလဲ ဖြစ်ကြောင်း
ကုန်စင်ကို အဘနဲ့ဆရာတော်ကြီးကို
ပြောပြလိုက်တော့ ဆရာတော်ကြီးက ပြုံးပြီး မကြောက်ပါနဲ့ကွာ
မင်းတို့ ညီအစ်ကိုက ငယ်သေးတော့ မင်းတို့ကိုချစ်လို့ စတာနေမှာပါ
မင်းတို့မယုံရင် ရော့ ဟော့ဒီနံ့သာနီဖြင့် ထုဆစ်ထားတဲ့ နတ်သားရုပ်လေးကိုယူသွား မင်းတို့ကို
ဒီမိစ္ဆာတွေ နောက်တစ်ကြိမ် တကယ်
ခြောက်လှန့်ရင် သူ့ကူညီပေးလိုက်မယ်တဲ့

ကျုပ်လဲ “ဆရာတော်ကြီးဘုရား
ဒီနတ်ရုပ်လေးကဘာနတ်ရုပ်လေးလဲ
ဘုရားလို့လျောက်တော့
အဲ့ဒါ ဒီတော ဒီတောင်ကိုစောင့်တဲ့
တောင်စောင့်နတ်ရုပ်ထုလေးပါကွဲ့။

ကျုပ်တို့ “ညီအစ်ကိုလဲအားရ၀မ်းသာ
အဲ့အရုပ်လေးကိုယူကာ
အစောက ကြုံတွေ့ခဲ့တဲ့ ကျောက်
ကမ္ဘားကြီးနားကို
နောက်တစ်ခါပြန်သွားတော့
ထူးဆန်းလိုက်တာဗျာ အစောက
တွေ့ခဲ့တဲ့ မိစ္ဆာပန်းကြီးကိုလဲမတွေ့ရတော့ဘူး မိန်းကလေးတွေရယ်သံတွေ သစ်ပင်တွေလှုတ်ခတ်နေတာကိုမတွေ့ရတော့ပဲ သာယာတဲ့
ငှက်တေးသီသံများနဲ့ တစ်ထွာလောက်ရှိတဲ့ မျောက်လေးက သစ်ချသီးပင်ရဲ့ကိုင်းလေးကထိုင်ပြီး
ကျုပ်တို့ညီအစ်ကိုကြည့်နေတယ်ဗျ

ပိုလို့ထူးဆန်းတာက အစောက
ရှာရခတ်တဲ့သစ်ခွပန်းတွေက
ကျုပ်တို့အရှေ့က တောဒညှင်းသီး
အပင်ရဲ့ ဂွဆုံမှာ ဟိုဘက်တစ်ပင်
ဒီဘက်တစ်ပင် ပေါက်ရောက်နေတာကို ထူးဆန်းစွာတွေ့မြင်ရပါတော့
တယ်ဗျာ။
××××××××××××××××××××××

စာဖတ်သူများအား ကျေးဇူးအထူး
တင်ရှိပါသည်။
(ကပ္ပိယလေး ကြွက်ပုတ်)