ကြုံရဆုံရဘုံဘဝ (သို့) မနန်းစံ(စ/ဆုံး)
—————————————
ကုန်းဘောင်အင်းကို ရောက်တော့ ညနေ၅နာရီ ထိုးလုပြီ။ဆောင်းတွင်းဆိုတော့
နေ့တာက တိုလွန်းသည်။ တနေကုန်နီးပါး ဆိုင်ကယ် စီးလာရ၍ ပီယ ပင်ပန်းနေပြီ။
“ဒီကနေ မြိုင်သာကို တော်တော် သွားရသေးလား ဦးလေး”
ဆိုင်ထဲက လူကြီးကို မေးကြည့်တော့ ၅မိုင်လောက် သွားရင်ရောက်ပြီဟု ဆိုသည်။
ခဏနား၍ သူ ခရီးဆက်လိုက်သည်။
တောရိပ် တောင်ရိပ်ကြောင့် ထင်သည်။
အမှောင်ထုက မြန်မြန် ကြီးစိုးလာသည်။
ခုခရီးကို သူလာခဲ့တာက ကျောင်းနေဖက် သူငယ်ချင်း ကျော်စွာ တို့ လင်မယားဆီ အလည်
လာခြင်းဖြစ်သည်။မြိုင်သာဘက်သို့ ပီယ တစ်ခေါက်မှ မရောက်ဖူး။”ငါ့အိမ်က ရွာထိပ်က
ဘုန်းကြီးကျောင်း နဲ့ မျက်နှာချင်းဆိုင်က ခြံ မင်းတန်းဝင်ခဲ့”သူငယ်ချင်း ကျော်စွာ ပြောတာကို
သူပြန်ကြားမိသည်။တစ်မိုင်လောက် မောင်းမိတော့ ရှေ့မှာ လူတစ်ယောက်က သူဆိုင်ကယ်ကို လက်ပြ၍တားနေသည်။
အနီးအနား ရောက်မှ မိန်းကလေးတစ်ယောက်ဖြစ်မှန်း ပီယ သိရသည်။
“ကျမ ဆိုင်ကယ် ကယ်ရီ ငှားချင်လို့ပါရှင်”
ထိုသို့ မိန်းကလေးကဆိုတော့
“ကျနော်က. ကယ်ရီသမားမဟုတ်ဘူးဗျ”
ဆိုပြီး ပြောပြောဆိုဆို ဆိုင်ကယ် ကိုမောင်းထွက်
လာသည်။ ဘာမှမပြောပဲ မိန်းကလေးက
ထိုနေရာမှာ ရပ်ကျန်ခဲ့သည်။
ကိုယ်မသိတဲ့ နယ်ပယ်မှာ ရှုပ်ရှုပ်ယှက်ယှက်
မလုပ်လို၍ မိန်းကလေးအား ပီယထားခဲ့သည်။
“ကျွတ်..ဒီအချိန်ကြီး မိန်းမသား တစ်ယောက်တည်း ဆိုတဲ့ အသိစိတ်ကြောင့်
ခပ်လှမ်းလှမ်းရောက်မှ ဆိုင်ကယ်ကို ပြန်လှည့်ပြီး
မိန်းကလေး အနားပြန်သွားလိုက်သည်။
“မင်းက ဘယ်သွားမှာလဲ”
“အစ်ကိုကရောဟင်”
မိန်းကလေးက အမေးကို အမေးနဲ့ပြန်တုန့်ပြန်သည်။
“ကျနော်က မြိုင်သာကို သွားမလို့”
“ကျမ လမ်းကြုံ လိုက်ပရစေ အစ်ကို ”
ပီယက ခေါင်းငြိမ့်ပြီး
“တက်”
ဆိုတော့ ပြုံးရောင်သန်းသွားတဲ့ကောင်မလေး
မျက်နှာကို ပီယကြည့်မိသည်။
ဟူးးး အလှလေးဟ
ဆိုပြီး စိတ်ထဲက မှတ်ချက်ချမိသည်။
ကောင်မလေးက စွေ့ကနဲ့ ဆိုင်ကယ်နောက်
တက်ထိုင်လိုက်သည်။
“ရပြီ အစ်ကို ”
မှောင်မှာစိုးတာနဲ့ ပီယလည်း ဆိုင်ကယ် အရှိန်
မြှင့်ပြီး မောင်းလာခဲ့သည်။
နောက်က မိန်းကလေးက အသံမြှင့်ပြီး
“အစ်ကို ပြုတ်ကျမှာကြောက်လို့. နန်းစံ
အစ်ကို့ ခါးကို ဖတ်လိုက်မယ်နော်”
ပြောလည်းပြော ဖက်လည်းဖက် ကောင်မလေး က လုပ်တော့ ပီယ သွေးတွေ ဖျင်းကနဲ့ ဖြစ်သွားသည်။
ဟုတ်သည်လေ ပီယဆိုတဲ့ကောင်ကလည်း
ပုထုဇဉ် အကြီးစား အရိယာသူတော်စင်မှမဟုတ်တာ။
လှပတဲ့ သွေးမတော် သားမစပ် မိန်းမပျိုမျိုးနဲ့
ခုလို ထိထိတွေ့တွေ့ကြီး နေနေရတာကြီးကိုက
ပီယအတွက် အဆင်မပြေ။ မိန်းကလေးရဲ့ ကိုယ်သင်းရနံ့လား ဒါမှမဟုတ် သူမသုံးတဲ့
ရေမွှေး နံ့လားတော့မသိ သင်းသင်းလေးနှင့်
မွှေးပျံ့ နေတဲ့ ရနံ့လေးက သူ့နှာခေါင်းဝကို လာရောက် ကလူကျီစယ်နေသလို။တခါခါ
မိန်းကလေးရဲ့ ဆံနွယ်ရှည်ရှည်တွေက လေသင့်တိုင်း ဆိုင်ကယ် မောင်းနေတဲ့ သူ့မျက်နှာမှာ တဖျက်ဖျက် ရိုက်ခက်ရင်း မြူဆွယ်နေသလို။
“ဟာကြာ”
နုတ်က ရေရွတ်ရင်း သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ကို
ပီယ မောင်းထုတ်လိုက်သည်။
ထိုနောက် ဆိုင်ကယ်ကို အရှိန်လျှော့ပြီး
“မင်းက ဘာလုပ်တာလဲ ?
“နန်းစံကို မေးတာလားအစ်ကို”
ကောင်မလေးအမေးကို ပီယက ခေါင်းညိတ်ပြတော့
“နန်းစံက နေ့တိုင်း မြို့ပေါ်သွားပြီး အလုပ်လုပ်
တာပါအစ်ကို ခါတိုင်း ဒီလို မိုးမချုပ်ပါဘူး
ဒီနေ့ ကားအဆင်မပြေလို့ မိုးချုပ်သွားတာ”
ဘာအလုပ်လုပ်တာလဲ လို့ မေးမယ်ပြုပြီးမှ
ဒီလောက်စပ်စု၍မကောင်းဆိုပြီး ပီယ ဆက်မမေးမိ။
“အစ်ကိုကရော မြိုင်သာကို ဘာလုပ်လဲဟင်”
“ကျနော့် သူငယ်ချင်း ဆီ အလည်လာတာပါ
မနန်းစံ”
“နန်းစံလို့ပဲ ခေါ်ပါ အစ်ကိုရယ်”
နန်းစံဆိုတဲ့ နာမည်က ရိုးရိုးလေးနဲ့ ဆန်းတယ်
ဆိုပြီး တွေးရင်း ပီယ ပြုံးလိုက်သည်။
“ဘာပြုံးတာလဲ အစ်ကို”
နောက်က မိန်းကလေးက မေးတော့
“ကျနော် ပြုံးနေတာ နောက်ကနေ နန်းစံ သိတယ်”
“သိတာပေါ့”
အသံ လွင်လွင်လေးနှင့် ကောင်မလေးက
ပြန်ဖြေသည်၊၊
“ကျနော် နန်းစံ ဆိုတဲ့ နာမည်လေးကို သဘော
ကျလို့ပါဗျာ”
“ရှေ့နား ဆိုရောက်ပြီအစ်ကို”
မိန်းကလေးပြောတဲ့ ပတ်ဝန်းကျင်မှာလူနေအိမ်
ခြေမရှိ။ကုက္ကိုပင်ကြီးလား မန်ကျီးပင်ကြီးလား
တော့ သူမသိ၊မှောင်နေပြီလေ။
“နန်းစံက ဒီနားနေတာလား”
သူက တအံတသြမေးတော့ ကောင်လေး က
“ဟုတ်တယ်အစ်ကို နန်းစံတို့က ယာထဲမှာနေတာပါ”
ပီယ ဘာမှ ဆက်မမေးတော့ပဲ ဆိုင်ကယ် ကိုရပ်ပေးလိုက်သည်။
“ကျေးဇူးပါပဲ အစ်ကိုရယ် ”
“ရပါတယ် နန်းစံ နောက်နေ့ရောက်ရင်သာ
ထမင်းဖိတ်ကျွေးပါ”
ကောင်မလေးက သူပြောတာကို သဘောကျ
သလိုမျိုး တခစ်ခစ်နဲ့ ရယ်သည်။
“သွားတော့နော် အစ်ကို”
“အင်းပါ နန်းစံ”
ဆိုပြီး ဆိုင်ကယ်ကို ပီယမောင်းထွက်လာခဲ့သည်။
မကြာမီ မြိုင်သာက ကျော်စွာတို့ ခြံရှေ့ ပီယ
ရောက်သွားသည်။
“ကျော်စွာ ကျော်စွာ ”
“ဟာ ပီယ လာကွာ သူငယ်ချင်း မလာတော့
ဘူးကိုထင်တာကွာ ”
မြိုင်သာရောက်တော့ မီးတွေတောင် ထွန်းထားပြီ။
“သီတာရေ ဒီမှာ ပီယ ကြီး ရောက်လာပြီ။
ကျော်စွာ မိန်းမ သီတာက
“ကိုပီယ မှောင်မှရောက်တာဆိုတော့ လမ်းမှာ
ဆိုင်ကယ်ကြုံစီးတဲ့ ကောင်မလေး တစ်ယောက်
နဲ့များမတွေ့ခဲ့ဘူးလား”
“တွေ့ခဲ့တယ်ဗျ မသီတာဘယ်လိုသိလဲ”
ဆိုပြီး ပီယက တအံ့တဩမေးတော့
ကျော်စွာကပါ “မင်းဆိုင်ကယ်ပေါ်တင်လာတာ
နန်းစံဆိုတဲ့ ကောင်မလေး လှလှလေး မဟုတ်လား”
“မင်းတို့ ကဘာလို့သိနေတာလဲ”
လို့ မေးတော့ သီတာက
“မှောင်မှ မြိုင်သာကို လာတဲ့ ဒီနယ်ကမဟုတ်တဲ့
လူတိုင်းကို အဲကောင်မလေးက ဆိုင်ကယ်
တားစီးနေကျလေ ကိုပီယရဲ့”
လို့ပြောလာတဲ့ သီတာစကားကို ကြားတော့
“နန်းစံက မြို့ပေါ်ကိုနေ့တိုင်း အလုပ်လုပ် သွား
နေတာ အစ်ကိုရဲ့”ဆိုတဲ့ ကောင်မလေးစကား
ကိုပြန်တွေးမိပြီး ၊နယ်စိမ်းကလူတွေကို ဆိုင်ကယ်
တားစီးတယ်ဆိုတော့ နန်းစံဆိုတဲ့ မိန်းမလှလေးဟာ အပျော်မလေးများလား
ဆိုပြီး ပီယ ရောင်ရမ်း တွေးမိသည်၊၊
“ဒါဆို နန်းစံဆိုတဲ့ ကောင်မလေးက”
“ဟုတ်တယ် သရဲမလေး”
ကျော်စွာအပြောကြောင့် ပီယ ပြူးတူးပြဲတဲ
ဖြစ်ရင်း”မဖြစ်နိူင်တာကွာ”
“ဟုတ်တယ် ကိုပီယ ရဲ့ နန်းစံဆိုတာ မြိုင်သာရွာလေးက ကောင်မလေး နေ့တိုင်း
မြို့ပေါ်တက်စျေးရောင်းနေတာ လွန်ခဲ့တဲ့
၅လလောက်ကမှ ကိုပီယ သူ့ကိုထားခဲ့တဲ့
အပင်ကြီး နား သူ့ကောင်လေးက ဓားနဲ့ထိုးလို့
သေသွားတာ တခြားနယ်က လူတွေဆို
ကိုပီယလို ဆိုင်ကယ် တားဆီးနေတာ အပင်ကြီး
နားရောက်တာနဲ့ ခြောက်လှန့်လွှတ်တာချည့်ပဲ
ကိုပီယကိုသာ ဘာမှမလုပ်လိုက်တာ။”
ကျော်စွာ လင်မယား သူ့ကို အကြောင်ရိုက်နေတာဆိုပြီး ပီယ သူတို့ မျက်နှာ
တွေကိုကြည့်မိသည်။
“ဟုတ်တယ်ကွ ကောင်မလေး က မကျွတ်မလွတ်ပဲ ခုလိုဖြစ်နေရှာတာ ကဲပါ
မင်းလည်း ပင်ပန်းလာပြီ ရေချိုးကွာ ထမင်းစား
ရအောင် မနက်ကျမှ မင်းယုံသွားအောင်
ငါလိုက်ပြမယ် ဟုတ်ပြီလား”
အိပ်ယာထဲ ရောက်သည်အထိ ပီယ အိပ်လို့မရ။
နန်းစံဆိုတဲ့ ကောင်မလေးရဲ့ အထိအတွေ့
အငွေ့အသက်ကို ပြန်သတိရနေမိသည်။
အိပ်ပျော်သွားပြန်တော့ နန်းစံက အိပ်မက်ထဲ
ထမင်းစား လာဖိတ်တာအစ်ကို ဆိုပြီး
သူ့ဆီ လာနေသေးသည်။
မနက်စာ စားပြီးတော့ ကျော်စွာက
“ကဲ ငါ့ကောင်ကြီး သိချင်နေတဲ့ အဖြေ ရှင်းသွား
အောင် သွားစို့”
ဆိုပြီး ၂ယောက်သားဆိုင်ကယ်စီး ထွက်ခဲ့သည်။
တော်တော်မောင်းမိတော့ မန်ကျည်းပင် ကြီးနား
ရောက်လာသည်။
“မင်းညက ကောင်မလေးကို ဒီနားထားခဲ့တာ
မို့လား”
“အေးဟုတ်တယ် ဒီနားပဲ”
ထိုအခါ ကျော်စွာက “အဲတာဆို ဟိုမှာကြည့်လေကွာ”
ကျော်စွာပြရာဆီ ပီယကြည့်မိတော့
အစိမ်းနုရောင် အုတ်ဂူ လေးပေါ်မှာ
ကွယ်လွန်သူ (မနန်းစံ)
အသက် ၂၂နှစ်
အုတ်ဂူ လေးကိုကြည့်ပြီး ပီယ မယုံသလို
ဖြစ်မိသည်။နန်းစံဆိုတဲ့ ကောင်မလေး နဲ့
ပြောခဲ့တာတွေတွေးပီး စိတ်မကောင်းလည်း
ဖြစ်မိသည်။နောက်တော့မှ ပီယ နှုတ်မှ
“ညီမလေး နန်းစံ ညီမလေးအတွက် ကျနော်
ကောင်းမှု့ ကုသိုလ်ပြုပေးပါ့မယ် ရောက်ရ ဘုံဘဝက သာဓုခေါ်ပါ ညီမလေးနန်းစံ”
ပီယ.12.12.2021-2:20pm