သက်တော်စောင့် မိုးမှောင်

သက်တော်စောင့် မိုးမှောင်(စ/ဆုံး)
——————————-

“” မိုးမှောင် တဲ့….အဲ့နာမည်ကိုကျွန်မအရမ်းမုန်းတယ်….နာမည်ကိုလဲမုန်းတယ် အကောင်ကိုလဲမုန်းတယ်။ ဘယ့်နယ်တော် သူ့ကိုယ်သူ သက်တော်စောင့်လုပ်နေရတယ်ဆိုပြီး ကျွန်မဘယ်ကိုသွားသွား နောက်က တကောက်ကောက်လိုက်တယ်။ ….အိမ်ကိုသူရောက်လာပါပြီဆိုကထဲက ကျွန်မအတွက် အနေအစားမချောင်တော့ဘူး…မြို့မှာ day ပထမနှစ်သွားတက်နေတုန်း အိမ်ကိုဒီကောင်ရောက်လာတာ။ အဖေပြောတာတော့ ခြံထဲမှာ ကွမ်းရေလောင်းရင်းတွေ့လို့ ခေါ်မွေးထားတာတဲ့….သူ့တကိုယ်လုံးဟာ နက်ရွှဲနေသောအမွှေးများနဲ့ဖုံးအုပ်ထားပြီး စူးရှတဲ့မျက်လုံး၊နှာခေါင်းချွန်ချွန်နှင့်မို့ တရိစ္ဆာန်မချစ်တတ်တဲ့ ကျွန်မအဖို့ အတော်စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။
မိုးမှောင် နဲ့ကျွန်မ စတွေ့တုန်းက ဒီလိုရှင့်….ပထမနှစ်၄လတဖြတ်ဖြေပြီးလို့ အိမ်ပြန်လာတဲ့နေ့ကပေါ့……..
…ဟင်္သာတ ကနေ ဒူးရားကို လိုင်းကားနဲ့ပြန်လာခဲ့တယ်.. ရွာထိပ်ကိုရောက်တော့ လက်ဆွဲအိတ်နှစ်လုံးကိုလက်ကဆွဲ ကျေားပိုးအိတ်တလုံးကို မနိုင်မနင်း ကျောပိုးရင်း အိမ်ကိုပြန်လာခဲ့တယ် နေပူထဲမှာဆိုတော့ ချွေးဒီးဒီကျပြီး သေချင်စော်နံနေတဲ့အချိန်…..အဲ့ဒါ အိမ်ရှေ့ရောက်လို့ ခြံထဲလဲစဝင်ရော…..

ဝုတ်….ဝုတ်..
…ဂီးးးဂီးးး
…..အ…….အမလေး……

….အမေ့…..ဘယ်ကခွေးလဲ…….
….အား…..နာလိုက်တာ……

…ကျွန်မရဲ့ခြေသားလုံးတနေရာက ပူခနဲ ခံစားချက်နဲ့အတူ လန့်အော်လိုက်သည်။
…လှည့်ကြည့်လိုက်တော့ ၃လသားခန့်သော ခွေးမဲမဲလေးတကောင်က ကျွန်မကိုဆွဲပြီးသည်နှင့် စူးစူးဝါးဝါး ထိုးဟောင်နေသည်။

…ဟာ….ဟေ့…..မိုးမှောင်
….မလုပ်နဲ့ အဲ့ဒါ မင်းအမ မိခိုင်ကွ…..
……
…ဤသို့ပြောပြီး အိမ်ပေါ်မှဆင်းလာသောအဖေ့ရဲ့ အခြေနေကြောင့် ကျွန်မ အံသြသွားသည်….

…ဟဲ့…သမီး….ကိုက်မိသွားသေးလား

….အင်း…..သမီးခြေသားလုံးကို ကိုက်သွားတယ်…ဘယ်ကခွေးလဲ အဖေ

……အေး…အဲ့ဒါ အဖေမွေးထားတဲ့ခွေးလေး….သူ့နာမည်ကမိုးမှောင်….ခြံထဲမှာတွေ့တာနဲ့ ခေါ်မွေးထားတာကွဲ့…..မှန်းစမ်း အတော်နက်သွားလား…..

….ခွေးပေါက်လေးမို့ အစွယ်ရာခက်သေးသေးလေးရယ်ပါ…

…ကဲ…မိုးမှောင်…..
..အဲ့ဒါ ဒို့အိမ်သား မင်းအမပဲ….မှတ်ထား
…အဲ့လို မဆင်မခြင်လုပ်တာ အဖေမကြိုက်ဘူး….

…အိုင်…အိုင်……..အီ….အီ

….အမယ်….သကောင့်သားက အဖေလဲ အဲ့လိုပြောလိုက်ရော သူမဟုတ်တဲ့အတိုင်း အမြီးလေးတနှံ့နှံ့နဲ့ ကျွန်မခြေထောက်ကဒဏ်ရာကို လျှာနဲ့လာလျှက်တယ်တော့…..
…ဟွန်း အဖေ့ရှေ့မို့သာပေါ့….အဖေသာမရှိရင် ခြေထောက်နဲ့သိမ်းကန်လိုက်မှာ…..

…ဟားဟား…
….ဟုတ်ပြီ
..အဲ့လိုမှပေါ့ကွ….မောင်နှမတွေချစ်ချစ်ခင်ခင်နေကျ……လာသမီး…အိမ်ပေါ်မှာ နင်အမေစောင့်နေတယ်…..

…ဟုတ်ကဲ့အဖေ………..

…….အေမ…..

…ဟေ….ဘာလဲသမီး….ပြောလေ

….အဲ့ခွေးက ဘယ်လိုရောက်လာတာလဲ

…မိုးမှောင်ကိုပြောတာလားသမီး

…အင်းပေါ့….

….အမလေး……
…အဲ့ခွေးလေးကယ်လို့ နင့်အဖေကို ခုအချိန် နင်မြင်ရတယ်မှတ်…

…ရှင်….အဖေ ဘာဖြစ်လို့လဲ

ဒီလိုအေ့..
….တနေ့…နင့်အဖေခြံထဲမှာ
ကွမ်းရေလောင်းအသွား ရေထန်းပုံးနဲ့ ခြံထဲအဝင်မှာ ဒီခွေးလေးက ဘယ်ကနေဘယ်လိုရောက်လာတယ်မသိဘူး နင့်အဖေရှေ့ကို တအားပြေးဝင်ပြီး အကောင်တကောင်ကို ဝင်ဆွဲတော့တာပဲ….သေသေခြာခြာကြည့်လိုက်တော့ နင်အဖေကိုကိုက်ဖို့စောင့်နေတဲ့မြွေပွေးကြီးတကောင်တော့…….မသိပဲဆက်လှမ်းလိုက်ရင် နင့်အဖေတော့ မတွေးဝံ့စရာပါတော်…..အဲ့ခွေးလေးက မြွေခေါင်းကိုမိမိရရခဲထားချိန်မှာ နင့်အဖေက တန်ပိုးချွတ်ပြီးမြွေကိုရိုက်သက်လိုက်တယ်လေ…..ဒါ့ကြောင့် သူ့ရဲ့ကျေးဇူးရှင်ဆိုပြီး အိမ်ခေါ်မွေးထားတာပဲ…..

….သြော်…ဒါ့ကြောင့် အဖေက အရမ်းဂရုစိုက်နေတာကိုး….
…..ဟွန်း….သမီးနဲ့ကိုများမောင်နှမတဲ့…..

….အဲ့ဒါတော့ပြောမနေနဲ့
….မိုးမှောင်ကလဲ သူ့သခင်မှ သူ့သခင်
…နင့်အဖေစကားကိုနားလည်သလားပဲ
…ဘာ ခိုင်းခိုင်း တသွေမတိမ်းလုပ်တယ်..
…တခြားမကြည့်နဲ့ ထမင်းကျွေးရင်တောင် နင့်အဖေကျွေးမှစားတာ အိမ်ခြံထဲကို ဘာကောင်မှအဝင်မခံဘူး…လူစိမ်းဝင်တာလဲမကြိုက်ဘူး…ညဘက်ဆိုရင် အိမ်တပါတ်လည်လှည့်ပြီး ကင်းစောင့်နေတာ…..

….ဘာပဲဖြစ်ဖြစ်အမေရာ….
…သမီးကတော့ ခွေးမချစ်ဘူး
…ပြီးတော့ သမီးနဲ့ကို မောင်နှမဆိုပြီး သမုတ်နေတာကိုလဲမကျေနပ်ဘူး…

….အလိုတော်….ကို့အဖေအသက်ကိုကယ်ထားတဲ့ခွေးကိုများ…..ပဲ့ပါသွားတာကျနေတာပဲ…..တခုတော့သတိပေးထားမယ်မိခိုင်…နင့်အဖေရှေ့မှာတော့ မိုးမှောင်ကို ကျိန်တာ ဆဲတာ ငေါက်တာငန်းတာသွားမလုပ်နဲ့….နင့်အဖေအကြောင်းနင်သိတယ်နော်…….

…ဟွန်းး
…ဒါဆို အဖေက ဒီခွေးကို သမီးထက်ပိုချစ်နေတယ်ဆိုပါတော့
…တော်ပြီ…တော်ပြီ….
…မုန်းတယ်……အဲ့ဒီ မိုးမှောင်ဆိုတဲ့ ခွေးကို မုန်းတယ်………………
….

…တိုတို ဆိုကျပါစို့…

……ဒီလိုနှင့် ဒုတိယ၄လတဖြတ်ပြန်တက်ဖို့ ကျောင်းကိုပြန်လာခဲ့ပါတယ်…..အထမနှစ်စာမေးပွဲပြီးတော့ ထုံးစံအတိုင်း လိုင်းကာနဲ့ပြန်လာခဲ့တယ်…..
…ရွာထိတ်ရောက်လို့ ကားပေါ်ကဆင်းလိုက်ချိန်မှာ….

…..ဝု…ဝု….
…အီ ..အီ…..အိုင်…အိုင်
…ဖြော….ဖရော…..
…အမလေး…..
…ဟဲ့ခွေး..ဒုက္ခပါပဲ…
……တောက်…..

..ဝါးးးဟားးးဟားးး
…ကျွန်မအဖြစ်ကိုကြည့်ပြီး ကားပေါ်ကလူငယ်တချို့ ဝါးလုံးကွဲအောင်ထရယ်ကျသည်…..

…ရယ်ဆို….ကျွန်မခါးစောင်းလောက်ရှိတဲ့ခွေးနက်ကြီးက ကျွန်မကားအောက်လဲရောက်ရော ပတတ်ယက်ပြီး ကျွန်မကို လာဖတ်တယ်…နှာခေါင်း ကလဲ ဟိုနမ်းဒီနမ်းနဲ့….စဉ်းစားကြည့် လက်ထဲမှာအထုတ်နှစ်ထုတ်ဆွဲထားတဲ့ကျွန်မ ဘယ်လိုမှ မဖယ်တတ်ပဲ ဖုတ်ထဲလဲကျသွားပါလေရော
……..ရှက်လိုက်တာတော်…..ဟို..အလိုက်ကန်းဆိုးမသိတဲ့ ကားဆရာကလဲ ကားကိုတော်တော်နဲ့မထွက်ပဲ ကျွန်မအဖြစ်ကို ရှုစားတော်မူနေကျတယ်……

….ဟာ…ဟဲ့သမီး….ဖုတ်ထဲမှာဘာထိုင်လုပ်နေတာလဲ……

….သား…မိုးမှောင်….မင်းအမရဲ့အထုတ်တွေကိုကူသယ်ချေဦး…….

…ဟင်……
…ဒါ…ဒါ….မိုး…မှောင်….
….သေနာကျ…….
…..
…ဒီတော့မှ ကျွန်မသတိထားမိတယ်…
…ကျွန်မကျောင်းတက်နေတဲ့၄လအတောအတွင်းမှာ ခွေးလားမြောက်လာတဲ့မိုးမှောင် ထွားကျိုင်းလိုပ်ပါဘိသနဲ့……..

…သေချင်းဆိုး…..ဒါနဲ့ဆို၂ခါရှိပြီ…
…ငါပြန်လာတိုင်း တခုခု အမြဲဒုက္ခပေးတဲ့ကောင်…

…တောက်…သွားစမ်း
…ငါ့နားမလာနဲ့…..အီးးဟီးးဟီးး

….ရှက်လွန်းလို့ ခြေထောက်စင်းပြီး ကျွန်မငိုချလိုက်တယ်…..ဒါကို ကားပေါ်ကနွားတအုပ်က လှောင်သွားသေးတယ်……

…အမ…..ကို့မောင်လေးက ချစ်လို့စတာကို ငိုရဘူးလေ…
…….တစ်…..တစ်..
……သွားလတ်အူးမြယ်…သက်လား
…ဝါးးဟားးဟား…..ဝူးးးဝေါ …..ပွမ်…ပွမ်

….ကားလဲထွက်သွားရော မောင်မင်းကြီးသားက ကျွန်မရဲ့အဝတ်အစားအထုပ်တထုပ်ကို ကိုက်ပြီး ရှေ့ကနေဦးဆောင်ပြီး ရွာထဲသို့ ပြန်သွားပါတော့တယ်တော်……

….အဲ့…လို အဲ့လိုတွေပေါ့…..
….မိုးမှောင်နဲ့ကျွန်မ….ဘယ်တော့မှ အကြောတဲ့မှာမဟုပ်ရခြင်းရဲ့ အလွဲတွေလေ…….

…..အခုကျွန်မပြောတဲ့ထဲမှာ….ကျွန်မနဲ့ပတ်သပ်ပြီး မိုးမှောင်ရဲ့ ဒေါက်မကျိုးမှုတစိတ်တဒေသတွေဖြစ်ပါတယ်….လူနေရာလူနေ ခွေးနေရာခွေးနေပေါ့….ခုဟာက အဖေ ပစားပေးထားတိုင်း ဒင်းကအကုန်ယူပြီး ယောက်တက်နေတာ……နေရာတိုင်းမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့သဘောကို ကျွန်မလဲသိပါတယ်……အခုဟာက ခွေးမချစ်တတ်တဲ့ကျွန်မနဲ့ ဒေါက်မကျိုးသောမိုးမှောင်တို့ တအိမ်ထဲ အတူနေနေတာမို့လား……

…ပြောရဦးမယ်…..ဒင်းက ကျွန်မနဲ့သာအဆင်မပြေတာ….ကောင်းကွက်တွေတော့ တော်တော်များများရှိပါတယ်……

……မနက်၉နာရီထိုးလို့ ဘုန်းကြီးတွေဆွမ်းခံကြွလာရင် ဘုန်းကြီးတွေရှေ့ကနေ အူသံပေးပြီး ဗျို့ဟစ်ပေးနေကျ….မိုးမှောင်ရဲ့အူသံကြားတာနဲ့ ထမကြည့်နဲ့ ဆွမ်းခွက်ယူပြီး ခြံဝသာထွက်လိုက် ကျိန်းသေ ဆွမ်းခံကြွလာပြီ…..အဲ့လို ရွာဦးပေါက်ထိတ်ပေါက် ဗျို့ဟစ်ပြီးတာနဲ့ အဖေရှိတဲ့ခြံထဲကိုလိုက်သွားပြီး အဖေ့ကိုကြိုတယ်….အဖေပြန်မလာသေးမခြင်းစောင့်နေတာ…..ပြန်ရောက်လို့ မိသားစုတွေထမင်းစားကျပြီဆိုရင်လဲ သူ့အစာခွက်ရှေ့မှာငုတ်တုတ်ထိုင်ပြီးစောင့်နေတယ်….အစာတောင်းတာတို့ ရာပူ တာတို့မရှိဘူး….ထဲ့ပေးမှစားတယ်…
…..အဖေထမင်းမစရသေးချိန် သွားကျွေးလို့လဲ မရဘူးတော့….အဖေစားပြီးမှသူစားတာ….ဒါ့ကြောင့်လဲ အဖေက သဲသဲလှုပ်ဖြစ်နေတာထင်ရဲ့……ညဘက်ဆို သားအမိသားအဖသုံးယောက် အိပ်ခါနီး ဘုရားဝတ်တက်လေ့ရှိပါတယ်…ဝတ်ပြုပြီးလို့ ကြေးစည်ထုအမျှဝေရင် မိုးမှောင်အတွက်ပါထဲ့ဝေလေ့ရှိပါတယ်….အဲ့လိုအချိန်ကျ အသံဝါကြီးနဲ့လိုက်အူတာများ ကြက်သီးထလောက်ပါရဲ့…..

…ဒါတင်မကသေးဘူး……
….ကျွန်မနောက်ဆုံးနှစ်ဖြေပြီးတော့ အိမ်မှာ အလှူလုပ်ပါတယ် ကျွန်မက သီလရှင်လောင်း ….အကိုတဝမ်းကွဲ နှစ်ဝမ်းကွဲ မောင်ဝမ်းကွဲတွေက ကိုရင်လောင်း ပုဇင်းလောင်းတွေပေါ့….
…အဲ့ဒါ ရှဉ်လောင်းလှည့်တော့ သပိတ်ပိုက်ထားတဲ့အဖေ့အနားမှာ မိုးမှောင်ကကပ်လိုက်တယ်….ရွာထိပ်ကနတ်ကွန်းမှာ နတ်ပြနေတုန်း အဖေက အလေးသွားချင်တာနဲ့ ရွာထဲခဏပြန်သွားတာကို မိုးမှောင်မသိလိုက်ဘူး…..ရှင်လောင်းပြန်ထွက်တော့ သူ့သခင်ကိုမတွေ့တာနဲ့ လူတန်းကြီးရဲ့ထိတ်ကစောင့်ပြီး တဦးခြင်း စောင့်ကြည့်တယ်….မြင်းပေါ်ကကျွန်မလဲ မိုးမှောင်ရဲ့အဖြစ်ကိုကြည့်ပြီး ရယ်ချင်လိုက်တာ မနဲအောင့်ထားရတယ်…..
…..အဖေလဲ ရှင်လောင်းလှည့်တာကိုမမှီတော့တာနဲ့ ကျောင်းကပဲပြန်စောင့်နေလေရဲ့…..ဒါကို တရားနာနေတုန်း လူတွေထဲကို မိုးမှောင်အတင်းတိုးဝင်လာတယ်…..

…ဖြော….ဗြော….ဖရော…….
….
……ဟ…..
…ဟေ့….လုပ်…လုပ်ကျဦး..
….မိုးမှောင်….ဘာလာလုပ်တာလဲ….
…တရားနာနတောဟ…..ဒုက်ခပါပဲ….
…ဟေ့…ဒီခွေးကို မောင်းကျပါဦး….

…ဘယ်သူတွေဘာပြောပြော မိုးမှောင်ကဂရုမစိုက်ပဲ ရှေ့ဆုံးမှာ ရေစက်ခွက်ကိုင်ပြီး တရားနာနေတဲ့အဖေ့ဆီတန်းသွားပြီး…
…အဖေ့ ရင်ခွင်ထဲကို ခေါင်းထိုးဝင်တော့တာပဲ..

…အိုင်…အိုင်..
…အီ…အီ…ရွှီ….ရွှီ….

…အလို…သား….မိုးမှောင်…..
…ဘာဖြစ်လာတာလဲ……

…..အီ…အီ…..

…ဟား….ငါ့သားကတော့ကွာ
….အဖေ အိမ်ကို အလေးပြန်သွားတာပါကွ….
…အဖြစ်သဲလိုက်တာသားရယ်…..

….လူတယောက်နဲ့အပြန်အလှန်ပြောနေသလို အဖေနဲ့မိုးမှောင်ကိုကြည့်ပြီး ပုလ္လင်ပေါ်ကဘုန်းကြီးက….

..”.ဒါကာ ဘသန်း….ဘာဖြစ်တာလဲကွဲ့..”..

….တင်ပါ့…..ရှင်လောင်းလှည့်ရင်း တပည့်တော်ကိုမျက်ခြေပျက်သွားလို့ မိုးမှောင်လိုက်ရှာနေတာဘုရား….နတ်ပြနေတုန်း ဗိုက်နာလို့ အလေးပြန်သွားတာကို မိုးမှောင်မသိလိုက်ဘူး…အခုမှ တပည့်တော်ကိုတွေ့လို့ အတင်းဝင်လာပြီး ချွဲနေတာပါဘုရား…

…ဟေ……
…..ဖြစ်တတ်ရန်ကောကွယ်….
….အင်းး…သံယောဇဉ်.. ..သံယောဇဉ်…..
….ကဲ….တရားဆက်နာကျစို့..
…..ဒါကာမိုးမှောင်လဲ နားမလည်သော်ငြား…တရားကို အာရုံပြုပြီး ငြိမ်ငြိမ်လေးနေကွဲ့…..

…အိုင်….အိုင်……

…..ဤသို့ဖြင့် တရားပွဲဆုံးအောင် ဆက်သွားလိုက်ပါတယ်…..ထူးခြားတာက တရားပွဲပြီးသည့်အထိ မိုးမှောင်ရဲ့အနေအထားပါ….လူတွေကဲ့သို့ မျက်စိလေးမှိတ်ပြီး ဆောင့်ညှောင့်ထိုင်ပြီးနာပါတယ် ရေစက်ချအမျှဝေတော့လဲ အူသံဆွဲပြီး အမျှလိုက်ဝေခဲ့ပါတယ်……..အဲ့ဒီ့…အဲ့အချိန်ကစပြီး မိုးမှောင်ကို လူတွေ တော်တော် အံ့သြချီးမွန်းသွားကျတယ်….
…..အဖေကတော့ မိုးမှောင်အတွက် ဂုဏ်ယူမဆုံး တပြုံးပြုံးပေါ့တော်…..
….
ဒီလောက်ဆို မိုးမှောင်ရဲ့ကောင်းကွက်တွေကုန်ပြီလာ?

….ဘယ်ကုန်လိမ့်မတုန်း….အခုလို ကျွန်မပြောနေနိုင်တာ မိုးမှောင်ရဲ့ကောင်းမှုကြောင့်ပါ….
…ကျွန်မအသက်သခင်ဆိုရင်လဲ မမှားပါဘူး…ကျွန်မအနေနဲ့ မိုးမှောင်ပေးတဲ့အသက်နဲ့ ဆက်လက်ရှင်သန်နေရတာပါ။

….

“” တနေ့သောညနေမှာ””

…. ညစာအတွက်ထမင်းချက်ဖို့ မီးဖိုခန်းထဲကို ကျွန်မ ဝင်တော့…မီးဖိုထဲအှ. မိုးမှောင်ရောက်နေတယ်…
…..သူ့ပုံက တခုခုကိုရန်လိုနေတဲ့ပုံစံ….
…နှာခေါင်းကို တဖူးဖူး မှုတ်ရင်း တစုံတခုကိုအနံ့ခံလျှက်ရှိတယ်..

….ကျွန်မကိုလဲ အထဲမဝင်ဖို့ အတင်းထိုးဟောင်တယ်..

…ဝုတ်….ဝုတ်…..
…ဂီးးးး ဂါးး
…ဝူးးး.. ..

…ဘာလဲ မိုးမှောင်
…မီိးဖိုထဲဝင်ပြီး ဟင်းခိုးစားနေတာမို့လား…အခုချက်ခြင်းအပြင်ထွက်စမ်း…..

…ဝုတ်…ဝုတ်……
….ဂီးးးဂါးးး
…ကျွန်မမောင်းသော်လဲ ထွက်မသွားပဲ ကျွန်မကိုဟောင်လိုက် မီးဖိုထဲကိုဟောင်လိုက်ဖြင့် ပေနေသည်။

…တောက်….ဖယ်စမ်း….ငါ ထမင်းချက်ရဦးမယ်…သောက်ခွေးတွေ ရှုတ်ကိုရှုတ်တယ်……

….ကျွန်မလဲ စိတ်တိုတိုနဲ့ မိုးမှောင်ကိုကျော်ပြီး မီးဖိုထဲဝင်လိုက်စဉ်…

…ရှူးးးဖရူးးး

….ဟင်….
…..အားးးးးး မြွေ….မြွေကြီး…..
….အမလေး…….

….ဘယ်အချိန်မီဖိုထဲရောက်နေမှန်းမသိသော မြွေဟောက်ကြီးတကောင်က ကြောင်အိမ်အောက်မှထွက်လာပြီး ကျွန်မကိုပေါက်ဖို့ထွက်လာလေသည်…..

…..ဂါးးးး ဝုတ်…ဝုတ်
…ဖြော…..ဖရော……..
…..ခွီးးးရှူးးဖြီးးး
….ဖုန်းးး
…ဖြောင်းးးး

……အမလေး……ကယ်…ကယ်ကျပါ
…မြွေ…..မြွေ……..
…..
……ကျွန်မကိုပေါက်ရန်လျှောထွက်လာသောမြွေကြီးကို မိုးမှောင်က လျှင်မြန်တဲ့အရှိန်နဲ့ဝင်ခဲပြီး ခါရမ်းလိုက်သည်။ မိုးမှောင်ဝင်တိုးသည့်ဒဏ်ကြောင့် ကျွန်မလဲ မီးဖိုထံရံဘက်သို့လဲကျသွားသည်။

….ကျွန်မရဲ့အော်သံကြောင့် အနီးနားဝန်းကျင်မှ ရွာသားတချို့ တုတ်များဆွဲပြေးလာကြသည်…..သို့သော် မြွေကြီးကတော့ မိုးမှောင်လက်ချက်ဖြင့် ကိစ္စပြတ်သွားခဲ့ပါပြီ….ကံကောင်းတာက မိုးမှောင်ကို မြွေဟောက်ကြီး ပြန် မကိုက်မိလိုက်ခြင်းပင်ဖြစ်လေတော့၏။

……

……….** ဟုတ်ကဲ့.
….အခုလို ကျွန်မအသက်ကိုကယ်ခဲ့တဲ့မိုးမှောင်..
…..သခင့်မိသားစုအပေါ် သံယောဇဉ်ကြီးပြီး အသက်ပေးကာကွယ်တတ်တဲ့မိုးမှောင်
….နောက်ပြီး….တိရစ္ဆာန်တကောင်ဖြစ်သော်ငြား ဘာသာရေးအသိစိတ်ဓာတ်ရှိတဲ့မိုးမှောင်….ဒီလိုဒီလို အဘက်ဘက်ကပြည့်စုံတဲ့ ခွေးလိမ္မာကြီးကို ကျွန်မ ဘာ့ကြောင့် မုန်းနေရပါသနည်း………

….”””ဒါက ဒီလိုရှိပါတယ်”””

….ကျွန်မမှာ ကျောင်းတက်ရင်း ချစ်ကြိုက်ခဲ့တဲ့ ချစ်သူတဦးရှိပါတယ်။ သူ့နာမည်က ကိုစန်းမောင်… တရွာထဲအတူနေတဲ့ ရွာခံတယောက်ပါ။
….ရည်ရည်မွန်မွန် တည်တည်ကြည်ကြည်နဲ့ မိန်းခလေးတိုင်း အိမ်ထောင်ဖက်အဖြစ်စဉ်းစားမယ်ဆိုရင် လက်ခံနိုင်လောက်တဲ့အရည်အချင်းတွေ သူ့မှာရှိပါတယ် ကျွန်မအပေါ်မြတ်မြတ်နိုးနိုးချစ်သလို ကျွန်မကလဲ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ထားသူဖြစ်သည်။
ဒါပေမဲ့ ပြသနာရှိနေတာက ကိုစံမောင်ရဲ့အဖေနဲ့ ကျွန်မအဖေပါပဲ….မိဘတွေလက်ထပ်ထဲက ရန်ငြိုးရှိခဲ့ကျသတဲ့လေ….နေတာက ရွာအရှေ့ဖျားနဲ့အနောက်ဖျား နှစ်ဦးစလုံးလဲ စီးပွားရေးကောင်းကျပါတယ်။ အဖိုးလက်ထက်က အဖိုးရဲ့ညီကို ကရင်လက်နက်ကိုင် ကိုစန်းမောင်ရဲ့ဖိုးအေက အစိုးရသီတင်းပေးဆိုပြီးသက်ပြစ်ခဲ့ဖူးသည်။ နောက်ပိုင်း ကိုစန်းမောင်ရဲ့ဖိုးအေလဲ အဖမ်းခံရပြီး ကြိုးစင်တက်သွားခဲ့ရသည်။ ထို့ကြောင့် ရာဇဝင်နဲ့ချီပြီး မကြေခဲ့တဲ့ရန်ငြိုးနဲ့ မိသားနှစ်စုကြားမှာ ကျွန်မတို့နှစ်ဦးနီးစပ်ဖို့ဆိုတာ ခုထိစဉ်းစားလို့မရသေးခဲ့ပါ။ ဒါပေမဲ့ ကိုစန်းမောင်ကိုကျွန်မယုံတယ် သူ့မှာအကြံရှိလောက်တယ်…အနေအစားကျစ်လစ်မှုကြောင့် ကိုစန်းမောင်နဲ့ကျွန်မ ချစ်သူဖြစ်နေတာကို ကျွန်မရဲ့လူယုံ မိဆုံမှလွဲပြီး ဘယ်သူမှမသိခဲ့ပါချေ။

တနေ့ ကျွန်မဆီ မိဆုံရောက်လောလေသည်…..ကိုစန်းမောင်ပေးလိုက်သောစာခေါက်လေးကို လူလစ်ချိန် ကျွန်မကိုပေးထားခဲ့တယ်။

“” ခိုင်…ခုည ၁၀နာရီအချိန် ခိုင်တို့အိမ်နောက်ကိုအကိုလာမယ် အရေးကြီးတာပြောမလို့ ဆက်ဆက်ဆင်းလာခဲ့နော်”

….ကျွန်မရင်တွေအရမ်းခုန်သွားသည်…တခါမှခုလိုမချိန်းဖူးဘူးလေ……

….မတော်လို့မိသွားရင် ပြသနာကအကြီး ကြီ……

….ဒါ့ကြောင့် စိတ်ကိုအေးအေးထားပြီး အတက်နိုင်ဆုံး အိမ်သားတွေမသိအောင်တွေ့ဖို့ ဆုံးဖြတ်ခဲ့သည်။

****************************

……..ညသည်တိတ်ဆိတ်လွန်းလှသည်….
…..လက်မှနာရီကိုကြည့်လိုက်တော့ ၁၀နာရီထိုးရန်၃မိနစ်သာလိုတော့သည်….အပေါ်ထပ်မှ ပြူတင်းတံခါးကိုဖွင့်ပြီး အိမ်နောက်ဖေးသို့ကြည့်လိုက်သည်။

…ဟော….အကိုရောက်နေပြီ
…..အကို့ထံမှ အချက်ပြလာသော ဓာတ်မီးရောင်ဖျော့ဖျော့ကြောင့် ကျွန်မရင်တွေခုန်ပြီးခြေဖျားလက်ဖျားတွေအေးသွားသည်။ အဖေနဲ့အဖေကတော့ နှစ်ချိုက်စွာအိပ်မောကျလျှက်ရှိသည်။

…ထို့နောက် ခြေသံလုံအောင်သတိထားပြီး အိမ်အောက်သို့ဆင်းလိုက်သည်။

…..အိမ်အောက်ရောက်တော့ မိုးမှောင်က အမြီးနှံ့ပြီး နှာတရှူးရှူးမှုတ်နေသည်….

….ထိုအချိန်မှာ

….ချွတ်……

…ဟင်….အကို့ထံမှထွက်လာသောအသံ………သစ်ကိုင်းချောက်ကိုနင်းမိပုံရသည်….

…ဝုတ်…ဝုတ်….

…ဟင်…
…မိုးမှောင်…..မိုးမှောင်

….ဝုတ်…ဝုတ်…
…ဂီးးးဂီးးး
….ဖြော….ဖရော

…သွားပြီ…….ပြသနာတော့တက်ပါပြီ…

….အသံကြားရာဆီသို့ မိုးမှောင်တအားပြေးသွားပြီး အကို့ကို အတင်းဝင်ဆွဲလေတော့သည်……

…ဟေ့….
…ဘာဖြစ်တာလဲ….

….မိုးမှောင်…သား…ဘာတွေ့လို့လဲ….

…ဝုန်း…ဂလုံး…….

…ဟင်…..မိခိုင်…ဒီမှာဘာလုပ်နေတာလဲ….

…ဘာ…ဘာမဟုတ်ဘူးအဖေ…မိုးမှောင်ဟောင်နေလို့ဆင်းကြည့်တာပါ….

….သို့သော် ငယ်ရာမှကြီးလာသောအဖေက အကင်းပါးစွာ မိုးမောင်ဆီပြေးသွားပြီး မီးထိုးကြည့်လိုက်သည်။

….သား…မိုးမှောင်….
….တော်တော့…..

….အီ…အီ….
….ဝု…ဝု……

…ဟင်းဟင်း လက်စသပ်တော့ အောင်ဒင်ရဲ့သားကိုး……

….ဟေ့ကောင်…..အချုပ်ထဲမရောက်ချင်ရင် ခုချက်ခြင်းထွက်သွား…….
…..
…..ဟုတ်…ဟုတ်ကဲ့ ဦး…
…သွားပါ့မယ်…..
…အ….အီးးး

…အို…..အကို့ရဲ့ခြေထောက်မှာ သွေး သွေးတွေ……
….မိုးမှောင်…..နင်…နင်….ငါ့ချစ်သူကို သွေးထွက်အောင်လုပ်တယ်…..
…တောက်…..

…ကျွန်မအသံတွေ အပြင်သို့ထွက်ခွင့်မရှိပါ……

…ဘယ်လိုလဲ မိခိုင်….
…ဒီကောင်နဲ့နင်ကဘာလဲ…

…သ…သမီးနဲ့….ချစ်သူတွေပါ…

…ဘာ…..
…တောက်….
…ဒီ အမျိုးယုတ်မိသားစုနဲ့မှ ပတ်သပ်ရတယ်လို့…
…ငါ့အကြောင်းနင်သိတယ်နော်…
…နင့်အဖေ ဘသန်း…
…ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ်…….
….ဒီကောင်နဲ့ဆက်ပြီး ပတ်သပ်မယ်ဆိုရင် နင်တို့နှစ်ယောက်လုံးကိုသက်ပြီး ငါကိုယ်တိုင်ကြိုးစင်တက်မယ်….

..ဟင်…အဖေ……
….အီးးဟီးးဟီးး

…မိုးမှောင်…..
…ခုချိန်ကစပြီး မိခိုင်ကိုမင်းလက်အပ်လိုက်ပြီ…..
…ဘယ်သွားသွား နောက်ကလိုက်….
…မိခိုင်အနားမှာပဲနေ….
….အဲ့အကောင်နဲ့မိခိုင်ကို ငါလုံးဝသဘောမတူဘူး….
…အေး…..အောင်သွယ်တော်တွေရှိရင်လဲ မှတ်လောက်အောင်ဆုံးမ……ဖြစ်လာမဲ့ပြသနာငါရှင်းမယ်……ကြားလား……

…အီ….အီ…….

……ထိုအချိန်မစပြီး မိုးမောင်တကောင် ကျွန်မအနားကမခွာတော့ပေ…..ဘယ်သွားသွား နောက်ကလိုက်သည်။
….အောင်သွယ်တော်မိဆုံလဲ ကျွန်မဆီမလာရဲတော့…..

….တခါ….ကျွန်မဆီလာပြီး အကိုပေးတဲ့စာကိုလာပို့ချိန် အကင်းပါးတဲ့မိုးမှောင်က လိုက်ဆွဲသဖြင့် ထမီကွင်းလုံးကျွတ်၍ ပြေးခဲ့ရဖူးသည်။

….ဒါ့ကြောင့် အခုအချိန်မှာ မိုးမှောင်ဟာ ကျွန်မရဲ့ အမုန်းတီးဆုံး အနှောက်အယှက်တကောင်ဖြစ်ခဲ့ရလေပြီ…..ဘယ်သွားသွား မိုးမှောင်ပါမှ အိမ်ကလွှတ်သည်။ မိုးမှောင်ပါရင် ၃၁ဘုံကို စရိတ်ခံပြီးတောင်လွှတ်မတဲ့လေ……ခွေးမို့သာပေါ့ လူသာဆို ကျွန်မကိုတောင်ရောင်းစားမလားမသိဘူး……..

“”” ခိုင်တို့ ဘာဆက်လုပ်ကျမလဲအကို…
…အခုတောင် ဘွဲ့ဖောင်ထုတ်ဖို့ဆိုပြီး ဟင်္သာတတက်လာရင်း အကိုနဲ့တွေ့ရတာ…….

….မပူနဲ့ခိုင်….အကိုလဲ ငွေစုနေပါပြီ…
…လာမဲ့သီတင်းကျွတ်လောက် ခိုင့်ကိုလာခိုးပြီး အဝေးတနေရာမှာ ဘဝတခုတည်ဆောက်ကျမယ်လေ….

…ဒါတော့ ဒါပေါ့….
…အခု အိမ်မှာနေရတာ အရင်လို မလွတ်လပ်ဘူး ဟို ခွေးနာမိုးမှောင်က ခိုင့်ကို မျက်ခြေပျက်မခံဘူး…..ခွေးသာဆိုတယ် ခိုင်ဘာလုပ်လုပ် သူသိတယ်…အဖေကလဲ သူ့ကို အာဏာကုန်လွှဲထားတာလေ….

…ဒီ့အတွက်မပူနဲ့ခိုင်…
..ရော့…ဒီဆေးဗူးလေးယူသွား…..
…မိုးမှောင်ကိုညဘက်အစာကျွေးရင် အမှုံ့ကြိတ်ပြီး တနေ့တလုံးထဲ့ကျွေး….

…ရှင်..
…ဘာဆေးလဲ အကို….အဆိပ်လား…

..မဟုတ်ဘူးခိုင်…ဒိုင်ယာဆီဖင် လို့ခေါ်တယ်….အိပ်ဆေးတမျိုးပေါ့…

…ဒီဆေးကိုပုံမှန်တိုက်ထားရင် ညဘက်မှာ အရင်လို နိုးနိုးကြားကြားမရှိတော့ဘူး….တလလောက်ဆို အတော်ခရီးရောက်သွားမှာ
…ဒါမှ ခင့်ကိုလာခိုးရင် ဒီကောင်ကြီး မနှောက်ယှက်နိုင်မှာ……

…ထို့နောက်….
…အကိုပေးသော ဆေးဗူးလေးကိုယူပြီး ကျွန်မသက်ပြင်းတချက်ချလိုက်မိလေတော့သည်။

….ဤသို့ဖြင့် တလခန့် ထဲ့ကျွေးလိုက်သောအခါ..အရင်က စူးရှထက်မြက်နေသော မိုးမှောင်ရဲ့မျက်လုံးတွေဟာ ရီဝေညိုမှိုင်းလျှက်ရှိသည်….သွတ်လက်မှုတွေဆိတ်သုန်းပြီး ဘိန်းစွဲနေတဲ့လူတယောက်လို ထုံထုံထိုင်းထိုင်းဖြစ်လာလေသည်။

…ပြောင်းလဲလာသော မိုးမှောင်ရဲ့အခြေနေကိုကြည့်ပြီး အဖေလဲမစဉ်းစားတတ်ပေ….
…ရောဂါတခုရှိနေပြီလို့တွက်ပြီး အားရှိမဲ့အစားအစာများကို တကူးတက လုပ်ကျွေးပါသည်။
…ဒါပေမဲ့ ဆေးစွဲနေသောမိုးမှောင်က ကျွန်မကျွေးတာကိုပဲ အာရုံကျနေတော့၏။

…တနေ့ ရွာထဲမှ ကြွက်သမား အုန်းကြည်တယောက် မြွေကြီးတကောင်ကို ထမ်းပြီးရွာထဲဝင်လာသည်။

..ဟေ့ အုန်းကြည်…ဘာကောင်တုံးကွ…

…ငန်းပုပ် ဦးလေးရေ…
..ကြွက်ကိုင်းမှာမိနေလို့ ရိုက်သက်လာတာ……

…ဒီအနီးနားမှာ ငန်းပုပ်သိုက်ရှိလောက်တယ်…ဒီကောင်ကအထီဗျ…..အမကျန်သေးတယ်…ညရေးညတာ အောက်ဆင်းရင် ခြေခင်းလက်ခင်းသတိထားကျဗျို့…..
…ဒီမြွေမျိုးက ဆေးမမှီဘူး

…အေး….
…မင်းမြွေငါ့ကိုရောင်းခဲ့….မိုးမှောင်ကို ပြုတ်တိုက်မလို့…ငါ့သား ခုတလော ကျန်းမာရေးမကောင်းလို့ကွ…..

..ယူလေ …….ဆန်၂ပြည်ပဲပေး…..

..အေး…အေး…
…အနှင်းရေ….အုန်းကြည်ကို ဆန်နှစ်ပြည်ချိန်ပေးလိုက်ဟေ့……..

……ထို့နောက် မြွေကြီးကို အရည်ဆုတ်၊ ဂျင်းနဲနဲထဲ့ပြီး မိုးမှောင်ကိုပြုတ်တိုက်လိုက်လေသည်။

…………………………………………..

ခုညကတော့ မောင်နဲ့ ကျွန်မ ဘဝသစ်ကိုထူထောင်တော့မဲ့ သီတင်းကျွတ်လပြည့်ညလေးဖြစ်ပါသည်။ အဝတ်စားကလွဲပြီး တန်ဘိုးရှိတာ ဘာယူမလာနဲ့တဲ့…….ထိုညမှာ မိုးမှောင်ကို ဆေး၃လုံးထဲ့ပြီးအစာကျွေးလိုက်တယ်…
…အစာကျွေးနေချိန်မှာ မိုးမှောင်ကိုကျွန်မ သတိပေးထားလိုက်တယ်။

“” မိုးမှောင်….အခုညဟာ နင့်ကို ငါ နောက်ဆုံး အစာကျွေးခြင်းပဲ အခုည ငါ့ချစ်သူနောက်ကို အပြီးလိုက်သွားပြီး ဘဝသစ်တခု ထူထောင်တော့မယ်…ငါတို့ကိုလုံးဝမနှောက်ယှက်ပါနဲ့….နှောက်ယှက်လို့ ပြသနာဖြစ်ရင် ငါ့ကိုယ်ငါ သက်သေပြစ်မယ်….ကြားလား””

….ဤသို့ ကျွန်မပြောလိုက်တော့ အစာစားနေတဲ့မိုးမှောင်ဟာ အစာဆက်မစားတော့ပဲ ရီဝေနေသောအကြည့်နဲ့ကျွန်မကိုမော့ကြည့်ပါတယ်…ပြီးတော့ အစာဆက်မစားပဲ ဖိနပ်ချွတ်မှာသွားအိပ်နေလေတော့သည်။

….ည၁၁နာရီသို့ရောက်သောအခါ…အိမ်နောက်ဖေးမှ အကို့ရဲ့အချက်ပြဓာတ်မီရောင်ကြောင့် အဝတ်အစားထုပ်ကိုယူပြီး အိမ်အောက်ဆင်းလိုက်သည်။

…အလို….ဖိနပ်ချွတ်တွင်မိုးမှောင်ကိုမတွေ့ရပေ…..ကျွန်မစကားကိုနားထောင်ပြီး ရှောင်ပေးတာဖြစ်မယ်ဟု စိတ်ထဲကကြိတ်ပြီး မိုးမှောင်ကို ပထမဆုံး ကျေးဇူးတင်လိုက်သည်။

….ထို့နောက် ခြေသံလုံအောင် သတိထားပြီး အိမ်နောက်ကိုထွက်လာခဲ့သည်။

…ကျွန်မတို့အိမ်နောက်ဖေးမှာ ချောက်တခုရှိပါတယ်…..ထိုချောက်ဆင်းလမ်းအတိုင်းဆင်းသွားရင် ကားလမ်းသို့ ကွေ့ပြီးတက်လို့ရတယ်…..အိမ်တွေမရှိတဲ့အတွက် ပိုပြီးအဆင်ပြေတာပေါ့…..

…..အဲ့နောက် အကိုရှိရာ ဝါးရုံဘက်သို့သွားရန်ပြင်လိုက်ချိန်မှာ…..

…ဖြီးးးဖူးးးရှူးးး

…ဟာ………အမလေး…..

…ဂီးးးးဝုတ်..ဝုတ်…….
….ဖြော….ဖရော……
…ဖောက်….
…ဂိန်…..ကိန်…..
..ဂါးးး ဂါးးးး
..ဖြော…ဖရော…………
…ဝုန်း……ဗြုန်းးး

…လရောင်အောက် ကျွန်မရဲ့မြင်ကွင်းထဲမှာ လူတယောက်နဲ့ခွေးတကောင်၏ ရုံးရင်းဆန်ခက်ဖြစ်နေတဲ့ပုံရိပ်များ…
…အမျိုးအမြည်မသိသော သတ္တဝါတကောင်၏အော်သံ…မာန်ဖီသံများနှင့်အတူ ချောက်ထဲသို့လိမ့်ကျသွားလေတော့၏…..
….ဟေ့….မိုးမှောင်….ဘာဖြစ်တာလဲ….
…ဝုန်း…
..ဂလုံး…..

…ဟင်….
…ငှက်ကြီးတောင်ဓားကိုဆွဲပြီးပြေးဆင်းလာသောအဖေ….
…သွားပြီ……ကျွန်မတို့မျှော်လင့်ချက်တွေပျက်စီးသွားပြီ…….အီးးဟီးးဟီးး

…….ဟေ့…ဘသန်း
…ငါ့သားဘယ်မလဲ…..
…ငါ့သားကိုပြန်အက်စမ်း

…..အိမ်ရှေ့သို့ ဓာတ်မီတဝင်းဝင်းနှင့်ရောက်လာသော ဦးအောင်ဒင်တို့လူတစု…..

….ဘာကြ…….
…လူဆိုရင် လူစကားပြောစမ်း အောင်ဒင်
…မင်းသားအမျိုးယုတ်ကိုငါက ဘာလုပ်ရအောင်လဲ……
…အေး…တွေ့ရင် သက်မလို့ ဆင်းလာတာကွ….ဘသန်းတဲ့ တသန်းထဲရှိတယ်…….

….အားး
…ကယ်ကျပါ….
…အဖေ……..သားကိုကယ်ပါဦး….

…ဟော….အဲ့ဒါငါ့သားအသံ….
….သား….မင်း…ဘယ်မှာလဲ…….

…..အသံကြားရာဆီသို့ အားလုံးသွားကြည့်လိုက်သောအခါ…ချောက်ကမ်းပါးတွင် တွဲလောင်းကြီးဖြစ်နေသော စန်းမောင်ကိုတွေ့လိုက်ရသည်…ပြုတ်ကျရင်မတွေးရဲစရာပါ ချောက်ထဲတွင် ဘဟက်ချွန်နေသော ကျူငုတ်များက ခါးစောင်းလောက်ရှိသည်။

….စန်းမှောင်အပေါ်ရောက်တော့ ရွာလူကြီးပါရောက်လာသည်။
….ဘာဖြစ်တာလဲဟေ့….

…ဘာဖြစ်လဲဆို ကျုပ်သမီးကို အောင်ဒင်ရဲ့သားကလာခိုးတာ….အဲ့ဒါ မိုးမှောင်နဲ့တွေ့ပြီး ကံကောင်းလို့ သချိုင်းကုန်းမရောက်တာပဲ လူကြီး…..

….ဘာကွ…..မင်းသမီးမြှူဆွယ်လို့ ငါ့သားကလာရတာကွ…….
….ဒါလဲ မင်းစနက်ကြောင့်နေမှာ…..

…..ဘာ…..ခွေးမသားအောင်ဒင်….
…ဒီပွဲမှာ မင်းနဲ့ငါ တဦးဦးသေမှအေးမှာ
….သွေးရဲရင် ဓားဆွဲလေကွာ….
…မင်းလို အမျိုးယုတ်ကို ငါ့လက်နဲ့သက်ပြမယ်…..ဟားးဟားးး

…ဟေ့ကောင်တွေ…..
…ငါတယောက်လုံးရှိနေတာတောင် ဘာဖြစ်နေတာလဲ….ပြောမရရင် နှစ်ယောက်လုံးကို ပစ်မှာနော်…….

….သြဇာကြီးသော ရွာလူကြီးက နှလုံးပြူးသေနက်ကို ဟန်ပါပါ ခလုတ်ဆွဲတင်လိုက်သည်။

…ထိုအချိန်မှာ ချောက်ထဲမှ ဖတ်တတ်လာသော သတ္တဝါတကောင်ရဲ့လှုတ်ရှားမှုကြောင့် မီးထိုးကြည့်လိုက်ကြသည်။

….ဟင်……
…မိုးမှောင်…………

…အီးးဟီးးဟီးး
…မလာနဲ့….အယုတ်တမာကောင်
…နင့်ကြောင့် ငါတို့ ချစ်သူနှစ်ဦးဝေးရတော့မယ်
….နင့်ကိုမုန်းတယ်
….နင်ဟာ ငါ့အတွက် အကုသိုလ်သေမင်းကောင်ပဲ……..
…ကျွန်မသေချင်တယ်…..ကျွန်မကိုသာ သက်လိုက်ကျပါတော့ရှင်….ဟီး….ဟီးး……..

….ဟင်….
…ခိုင်….ခိုင်လေး
….မ…ဟုတ်ဘူး…..
…မှားနေပြီ
….မိုးမှောင်မှာ အပြစ်မရှိဘူး
…..အကို့ကို မိုးမှောင်ကယ်လိုက်တာ……

…ဟေ
…ဟင်….
…ဘယ်လိုကွ
….မင်းကို ငါ့သားက ဘယ်လိုကယ်လိုက်တာလဲ…….

…..ဒီ…ဒီလိုပါ
…ခင်လေးအလာကို စောင့်နေတုန်း ကျွန်တော့နောက်ကို မြွေကြီးတကောင်ရောက်နေတာ မသိလိုက်ဘူး…..နှာမှုတ်သံကြားလို့ လှည့်ကြည့်လိုက်မှ ကျွန်တော့ကိုပေါက်ဖို့လုပ်နေတဲ့ ငန်းပုပ်ကြီးကိုမြင်လိုက်တာ……

…..အချိန်ကနောက်ကျသွားပြီလေ…..
…ငန်းပုပ်ကြီးက ကျွန်တော့ကို တအားပေါက်လိုက်ချိန်မှာ မိုးမှောင်က ခုန်ဝင်ပြီး အကိုက်ခံလိုက်တာ…..အဲ့နောက် ခွေးရော လူရော မြွေပါ ချောက်ထဲလိမ့်ကျတာ ကျွန်တော်က သစ်မြစ်တခုကိုဆွဲမိလို့ကျန်ခဲ့တာ…..ချေက်ထဲမှာလဲ ငန်းပုပ်ကြီးကို မိုးမှောင်တအားဖိကိုက်နေသံကြားလိုက်တယ်…….

…..ဟေ….ဒါ….ဒါဆို……..
….သား……မိုးမှောင်…..အဖေ့သားရယ်…..

….အီ….အီ…..ခွီးးခွီး….အွတ်…အွတ်

…….ကျွန်မနားတွေကန်းသွားလေပြီလား
…..ကျွန်မမျက်စိထဲမှာ မြွေဆိပ်တက်ပြီး အသက်ငင်နေသော မိုးမှောင်၏သနားစရာ ပုံရိပ်တွေ…….
…အမြုံဖြူတွေ တပွက်ပွက်အံရင်း အဖေ့ကိုမေ့ကြည့်လိုက် ကျွန်မမျက်နှာကိုကြည့်လိုက် ကိုစန်းမောင်ရဲ့မျက်နှာကိုကြည့်လိုက်ဖြင့် ထွက်ခါနီးအသက်ကို ဆွဲဆန့်နေလေသည်။

….သား…..အဖေ့သားကြီး ဘာဖြစ်ချင်တာလဲ……..အဖေ့ကိုပြောပါဦးသားရယ်……..ငါ့သားကြီးဆန္ဒကိုအဖေလိုက်လျောပါ့မယ်……..

…..
….အဖြေကရှင်းပြီးသားပါ ဘသန်း….
….မင်းလဲ သိမှာပါ
….မင်းသမီးနဲ့ ငါ့သားကို မိုးမှောင်က သဘောတူပေးဖို့ တောင်းဆိုနေတာကွ….

…..တိုတောင်းလှတဲ့လူ့ဘဝလေးမှာ မင်းရောငါပါ အဓိပ္ပါယ်မရှိတဲ့အာဃာတတွေကိုကျေအေးပြီး ခလေးတွေကိုခွင့်ပြုလိုက်ရအောင်…ဒါမှလဲ မင်းရဲ့သား မိုးမှောင် အသေဖြောင့်လိမ့်မယ် ဘသန်း။

….ကဲ မိုးမှောင်…..
…ငါ့သားဆန္ဒကို ငါ့ဘက်က လိုက်လျောပေးပါပြီကွာ….

…အေး…အေးပါကွာ
…..သား….အဖေ့သားရယ်…..
…အဖေ့ရင်တွေမချိတော့ဘူးသားရယ်…
….ငါ့သားဖြစ်စေချင်သလို မင်းအမနဲ့ စန်းမောင်ကို အဖေသဘောတူလိုက်ပါပြီသားရယ်….ငါ့သားကြီးသွားရမဲ့လမ်းကို စိတ်ချလက်ချသွားပါတော့ ခလေးရယ်…..
….အီးးးဟီးးဟီးးး

……ထိုအဖြစ်ကိုမြင်ရကြားလိုက်ရတော့
…ကျွန်မ ငိုချချင်မိတယ်…
…ဒါပေမဲ့…..ကျွန်မအသံတွေ ဆွံသွားတာလား….ကျွန်မ…..ဘယ်လိုမှ မခံစားနိုင်တော့ဘူး…..
…..ကျွန်မအဖေရဲ့အသက်၊ကျွန်မရဲ့အသက်၊ကျွန်မချစ်သူရဲ့အသက်ကို ကယ်ခဲ့တဲ့မိုးမှောင်…..

….မိုး…..မိုးမှောင်………
…..အီးးဟီးးဟီးး

….ဇာတ်ကျိုးကျသွားသော မိုးမှောင်ဆီပြေး၍ တအားဖက်လိုက်ပြီ….

….မောင်လေး…….
….မိုးမှောင်….
….ကျွန်မရဲ့မောင်လေး…… မိုး……မှောင်….
…အမကို ခွင့်လွှတ်ပါမောင်လေးရယ်……..

………အီးးးဟီးးဟီးးး..
…..အားးးးးးး

( ပြီးပါပြီ)

မောင်ဂေါ်လီ (ဟင်္သာတ)
#credit